villain system

נכתב על ידי phyothuthutun

53.4K 4.3K 188

Hello host ကျွန်တော်တို့ ရဲ့system spaceမှကြိုဆိုပါတယ် Hello....hello hostကျွန်တော့်ကိုတွေ့ရဲ့လား အင်းမင်းကစက... עוד

0.1
1.1
1.2
1.3
1.4
1.5(zawgyi)
1.6
1.7
1.8
1.9
space
2.1
2.2
Attention
2.3
2.4
2.5
2.6
2.7
2.8
2.9
2.11
2.12
space
3.1
3.2
3.3
3.4
3.5
3.6
3.7
3.8
3.9
3.10
3.11
3.12(End)
announcement
space
4.1
4.2
4.3
4.4
4.5
4.6
4.7
4.8
4.9
4.10
4.11(the end)
space
5.1

2.10

899 87 3
נכתב על ידי phyothuthutun

Unicode

သူမကြည့်လိုက်တော့ မျိုးနွယ်စုခေါင်းဆောင်လို့ထင်ရတဲ့ လူတစ်ယောက်က သူမကို ကြည့်ရင်း လက်ခုပ်တီးနေတာပင်
အတိအကျပြောရရင် သူမဒီနေရာကိုရောက်ကတည်းက သူကြည့်နေတာဖြစ်သည်
သူမ သူ့ကိုရင်းနှီးသလို ခံစားရတာကြောင့်
သူမမှတ်ညာဏ်တွေထဲ မွှေနှောက်နေတုန်း

ရင်းနှီးတဲ့အသံတစ်ခုပေါ်ထွက်လာတယ်

......ကျွန်တော်တို့ထပ်တွေ့ကြပြန်ပီနော်
မိန်းကလေး......

"ယင်းလန် နည်းနည်းတော့အံသြသွားမိသည်
ဒီလုလင်ပျို က အစကတည်းကသူမ မိန်းကလေးမှန်းရိပ်မိသည်ပေါ့
ပီးတော့ သူမ ရိပ်ခနဲမြင်လိုက်ရတာက
လုလင်ပျို ထွက်လာတာနဲ့ အခုန ခေါင်းဆောင်ရဲ့မျက်ဝန်းတွေက
နူးညံ့သွားသလိုလို
သူမခေါင်းထဲမှာ အတွေးပေါင်းစုံဝင်ရောက်လာတော့သည်"

'host ဘာတွေတွေးနေတာလဲ ကျတော်ကြားရတယ်နော် '

'ဟမ်....ငါဘာတွေးလို့လဲ ဒါမူလယင်းလန်ရဲ့အတွေးတွေနေမှာ ငါက အဲ့လို တွေမတွေးတတ်ဘူး'
(ဒါဒါလေးတို့ဘာပြောလည်းသိတယ်ဟုတ်)

.....ကျွန်တော် ယင်းလန်ကို ခြောက်လှန့်ဖို့မရည်ရွယ်ပါဘူး.......

'ရှောင်း ဘာလို့ ဒီဇာတ်ကောင်တွေအကုန်လုံးကငါ့နာမည်ကိုသိနေကြတာလဲ
ငါက ကျသူတို့နာမည်တစ်ခုမှမသိရဘူး
မတရားဘူး နော် ရှောင်း'

'အဲ့ဒါကလည်း ဇာတ်ကြောင်းနဲ့သက်ဆိုင်နေပါတယ် host'

'နင်ပြောပြလို့ရမလား ငါသိပ်မရှင်းလို့....
ငါ့ဘာသာရှာရမှာ ဟုတ်တယ်ဟုတ်'

ယင်းလန် ရှောင်းကိုမေးနေတုန်း ခေါင်းဆောင်က သူ့ရဲ့လူကို

......လာကြစမ်း မင်းတို့မမလေးရဲ့ မြင်းကို
တင်းကုပ်ကိုခေါ်သွားပီး ကောင်းကောင်း
ပြုစုလိုက်......

သူ့စကားအဆုံး သူမရဲ့မြင်းကို လူတစ်ယောက်ကလာခေါ်သွားတော့တယ်

.....ယင်းလန် ကျွန်တော်တို့ရဲ့ အိမ်ထဲကိုကြွပါ
ကျွန်တော့်မှာ ယင်းလန်ကိုပြောစရာတွေရှိနေတယ်.......

သူမ ခေါင်းဆောင်ရဲ့စကားကိုနာခံလိုက်တယ် သူမသိချင်တဲ့အရာတွေ ရှိတယ်လေ

သူမဝင်လိုက်တာနဲ့တွေ့လိုက်ရတာက
နံရံမှာ ချိတ်ဆွဲထားတဲ့ပန်းချီကားချပ်တွေကိုပင်
ပန်းချီတွေကအမျိုးအစားစုံလှသည်
သူမအကြည့်ရောက်သွားသည်က မိန်းမပျိုတစ်ယောက်ရဲ့ပန်းချီပင်
သူမရဲ့ပုံစံ က သူမမှတ်ညာဏ်ထဲက သူမရဲ့အမေနဲ့တူသည် မဟုတ် သူမအမေရဲ့ပုံတူပင်

သူမရဲ့စိတ်ဝင်စားမူကိုနောက်ထပ်ဆွဲဆောင်သွားတာက
အခန်းရဲ့ ထိပ်ဆုံးနေရာမှာတည်ရှိနေတဲ့
စားပွဲပေါ်က ဆွဲလက်စ ပန်းချီကားချပ်ကိုပင်
ပန်းချီကားက မိန်းကလေးတစ်ယောက်ရဲ့ပုံတူကိုရေးဆွဲထားခြင်းဖြစ်ပီး
စတင်ရေးဆွဲတာမကြာသေး

........ယင်းလန် မင်းက အကို့ရဲ့ညီမလေးပါ
အရင်းမဟုတ်ပေမယ့် မင်းက အကို့ရဲ့ညီမပါပဲ.......

ယင်းလန် နည်းနည်းတော့အံ့သြသွားပေမယ့်
သူ့ရဲ့ ဆက်ပြောမယ့်စကားတွေကိုနားထောင်နေလိုက်သည်

.....ညီမလေး မှာပုံမှန်မဟုတ်တဲ့စွမ်းရည်တွေရှိနေတယ်မလား အကို့မှာလည်းရှိတယ်
အကိုတို့မျိုးနွယ်က ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းကရှိခဲ့ကြတယ်
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က မျိုးနွယ်စုအတွင်းမှာ တိုက်ပွဲလေးတစ်ခုဖြစ်ပွားခဲ့တယ်
အကိုတို့မျိုးနွယ်ရဲ့ခေါင်းဆောင်က ဖြောင့်မတ်တည်ကြည်တယ် သူက အကိုတို့မျိုးနွယ်
ကိုငြိမ်းငြိမ်းချမ်းချမ်းနေစေချင်တယ်
ဒါပေမယ့် မျိုးနွယ်စုထဲက တိုက်ခိုက်ရေးကျွမ်းကျင်တဲ့လူတချို့က သူတို့မှာရှိတဲ့အစွမ်းကိုအသုံးချပီး နိုင်ငံတွေကိုသိမ်းပိုက်စေချင်တယ် အဲ့ဒီ့မှာ သဘောထားကွဲလွဲပီး
တိုက်ပွဲတွေဖြစ်ကြတယ်
အကိုတို့မိဘတွေက ကျန်တဲ့သူတွေကိုခေါ်ယူပီး တစ်နေရာပီးတစ်နေရာ ပြောင်းရွေ့နေထိုင်ခဲ့ကြတယ်
ညီမလေးရဲ့မေမေ အကို့ရဲ့ဒေါ်လေးကို
သေပီလို့ထင်မှတ်ခဲ့ကြတယ်
နောက်တော့ ဒေါ်လေးက အကို့ရဲ့မိဘတွေကို
သူအသက်ရှင်ကြောင်းစာနဲ့အသိပေးခဲ့တယ်
သိပ်မကြာခင်မှာပဲ ယွဲ့ရဲ့ရှင်ဘုရင်နဲ့လက်ထပ်
သွားတယ်လို့ သတင်းကြားရပီး အကိုတို့နဲ့ အဆက်အသွယ်ပျက်သွားခဲ့တယ်
လွန်ခဲ့တဲ့တစ်နှစ်လောက်ကမှ ညီမလေး
ရဲ့အကြောင်းနဲ့ ဒေါ်လေး ​သေ သွားတဲ့အကြောင်းကြားခဲ့ရတယ်
ယင်းလန် အကိုစိတ်မကောင်းပါဘူး
အကိုသာစောသိခဲ့မယ်ဆိုရင် ဒေါ်လေးရော
ညီမလေးပါ ဒီလိုမျိုးတွေကြုံခဲ့ရမှာမဟုတ်လောက်ဘူး.......

......ယင်းလန် မှာအကိုရှိသလို မိသားစုပါရှိနေတာကိုသိရတော့ မပြောပြတတ်အောင်ဝမ်းသာမိတယ်
ဒါပေမယ့်အကို တို့ကိုပြောပြခွင့်ရခဲ့မယ်ဆိုရင်တောင် အမေကပြောပြခဲ့မှာမဟုတ်လောက်ဘူး
ဒါကြောင့် အကို့အပြစ်လို့ ပြောလို့မရပါဘူးလေ
ညီမလေးသိချင်တာက ရှေ့က လူတွေက
ဒဏ်ရာတော်တော်ပြင်းထန်တယ်နော်
သူတို့တွေကလဲ.......

........အင်း အဲ့ဒါကိုရှင်းပြရမယ်ဆိုရင်တော့
အကိုတို့ တစ်နေရာပီးတစ်နေရာ ပြောင်းရွေ့နေထိုင်ခဲ့ပီးနောက် မျိုးနွယ်စုတွင်းကလူတွေ
တဖြည်းဖြည်းနဲ့ နာမကျန်းဖြစ်လာကြပီး
သူတို့ရဲ့စွမ်းအားတွေပျောက်ဆုံးသွားခဲ့တယ်
အခုလက်ရှိမှာ အကိုနဲ့ချွန်းကလွဲပီး
ကျန်တဲ့သူတွေအကုန်လုံးက သာမန် အတိုင်းပဲ အတိုက်အခိုက်တော့ကျွမ်းကျင်ကြပေမယ်ပေါ့
ညီ​မလေးရဲ့တီးခတ်မူကိုသူတို့နားလည်ရတာက အဲ့ဒါကြောင့်လေ တခြားသူတွေသာဆိုရင်
သူတို့ဒဏ်ရာရနေတာကို ဒီလိုလုပ်ရလားဆိုပီး ဒေါသထွက်ကြမှာသေချာတယ်.......

မိုရဲ့ပြောစကားကြောင့် ယင်းလန်နည်းနည်းတော့ပြုံးမိသွားသည်

........ညီမလေးဒီကိုလာတာက ဒီအကြောင်းအရာတွေကိုမေးဖို့ချည်းသက်သက်တော့ မဟုတ်လောက်ဘူး
ထင်တယ်.....

........ဟုတ်တယ် ယင်းလန်သိချင်တာက
ယင်းလန်ရဲ့စွမ်းအားကိစ္စအပြင်
ယွဲ့တိုင်းပြည်ရဲ့ဝမ်ရယ် သူကရော
ယင်းလန်တို့လို ဒီမျိုးနွယ်စုကပဲလား
ဆိုတာကိုပါ........

........ဝမ်ရယ်က အကိုတို့လို လူမျိုးပဲတော့မှန်တယ် ဒါပေမယ့် အကိုတို့မျိုးနွယ်ကတော့ မဟုတ်ဘူး သူ့လိုမျိုးက တစ်ရာမှာတစ်ယောက်လောက်ပဲရှိတယ် လန်အာရဲ့
လန်အာကသူ့အကြောင်းမေးမြန်းနေတယ်ဆိုတော့........

........ယင်းလန် သိချင်တာက အတည်ပြုဖို့သက်သက်ပါ ဘာရည်ရွယ်ချက်မှမရှိဘူးရယ်
အကို ယွဲ့တိုင်းပြည်နဲ့တိုက်ဖို့ မဟာမိတ်တွေများယူထားသေးသလား........

.........အကိုတို့က အေးအေးချမ်းချမ်းပဲနေချင်တဲ့အတွက် အကိုတို့ကိုဒီနေရာက ထွက်သွားစေဖို့မစေခိုင်းဘူးဆိုရင်တော့ မတိုက်ပါဘူး
စေခိုင်းမယ်ဆိုရင်တော့ အကိုတို့က ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ တိုက်ရမှာပေါ့လေ
စစ်ကူမလိုပါဘူး.........

'host ဘာလို့ စစ်ကူအကြောင်းမေးနေတာလဲ
မူလဇာတ်ကြောင်းအတိုင်းသွားမလို့လား'

'ရှောင်း နင်မစဥ်းစားမိဘူးလား မူလဇာတ်ကြောင်းမှာလည်း အကိုက စစ်ကူမတောင်းခဲ့လောက်ဘူးယွဲ့ကိုသိမ်းပိုက်ချင်လို့ သူတို့က
တမင်သက်သက် ဝင်တိုက်ခဲ့တာဖြစ်မယ်
အခုလည်းသူတို့က လုပ်အုံးမှာပဲ'

'အာ့ဆို hostက ဘယ်လိုစဥ်းစားထားလဲ'

'အခုတော့ငါနန်းတော်ကိုပြန်လိုက်မယ်
ပီးတော့ အချိန်ကိုစောင့်ပီး နန်းတွင်းကလူတွေကို နားချရမယ်
တကယ်လို့ စစ်ပွဲဖြစ်လာမယ်ဆိုရင်တောင်
သတိကြီးကြီးထားပီး ဖြစ်နိုင်ရင်
အကိုတို့နဲ့ပေါင်းတိုက်ထုတ်ပစ်ရမယ်
ရန်သူအစစ်ကို'

......လန်အာ ဘာကိုစဥ်းစားမိလို့လဲ......

......အကို ယင်းလန်ပြောတာကိုသေချာနားထောင်ပါ
စစ်ပဲဲဖစ်လာပီဆိုရင် ကြားထဲက အမြတ်ထုတ်တဲ့သူ တွေကိုတိုက်ထုတ်ပစ်ဖို့
ယွဲ့ရဲ့ရဲမက်တွေနဲ့ပူးပေါင်းချင်ပူးပေါင်းရလိမ့်မယ် ပီးတော့ ဒီကြားထဲ ဂရုစိုက်ပါ
အကို့ကို လုပ်ကြံဖို့ချောင်းနေကြလိမ့်မယ်......

.........ကောင်းပီ လန်အာ အကိုဂရုစိုက်ပါ့မယ်
လန်အာလည်းနန်းတော်ထဲမှာမပျော်ရင် အချိန်မရွေးလာခဲ့ပါ......

.......ဟုတ်ကဲ့ပါ........

ယင်းလန် သူမအကိုနဲ့စကားပြောပီးလို့နှုတ်ဆက်နေတုန်း ပတ်ဝန်းကျင်က
ရုတ်ချည်းအပူချိန်ထိုးကျသွားတာမို့

.......ဝမ်ရယ်က ရန်သူ တွေရှိတဲ့နေရာကို
သဘောကျပုံရတယ်ထင်တယ်.......

........ကိုယ်တော့်အပိုင်ကိုပြန်လာခေါ်တာ
ဘာလဲ ခွင့်တောင်းဖို့လိုအပ်လို့လား.......

.........ဒီနေရာမှာ ဝမ်ရယ်နဲ့သက်ဆိုင်တဲ့သူမရှိပါဘူး အကုန်လုံးက ကျွန်တော်နဲ့သက်ဆိုင်တဲ့သူတွေပါပဲ ဝမ်ရယ်အမှတ်မှားတာဖြစ်ပါလိမ့်မယ်......

......ယင်းလန် ကိုယ်တော်မင်းကိုလာခေါ်တာ
နန်းတွင်းထဲက ခိုးထွက်ရုံမက အပြစ်တစ်ခုကျူးလွန်ထားသေးတာ
ကိုယ်တော်မင်းကိုဘယ်လိုအုပစ်ပေးရမလဲ......

......ဝမ်ရယ် ယင်းလန်က ကျွန်တော့ညီမလေးပါ သူ့အကိုရှိရာကိုလာတာ အပြစ်မဟုတ်ပါဘူး ပေးမယ်ဆိုရင်တောင် ကျွန်တော့ကိုပေးပါ ပီးတော့ ယင်းလန်က ဝမ်ရယ်ကိုယ်ဆိုင်လာခေါ်ရလောက်တဲ့အထိ မပျော့ညံ့ပါဘူး
ပို့​မယ်ဆိုရင်တောင် သူ့အကို​ဖြစ်တဲ့ကျတော်ပို့ပေးလို့ရပါတယ်.......

တစ်ယောက်တစ်ခွန်း အချေအတင် နဲ့
တင်းမာနေတာကြောင့်ယင်းလန်ခမျာ
ဘာလုပ်ရမယ်မှန်းမသိတော့

နောက်ဆုံး တစ်ချိန်လုံးပဲဲကည့်ပရိတ်သက်လုပ်​နေတဲ့ ချွန်းက

........မို လန်အာ့ကိုဝမ်ရယ်နဲ့ပဲထည့်ပေးလိုက်ပါ လန်အာက သာမန်မှမဟုတ်ဘဲ စိတ်မပူပါနဲ့.......

......အကို ရပါတယ် ညီမပြောတာကိုပဲ နားထောင်ပါ ဝမ်ရယ်နဲ့ပဲပြန်လိုက်သွားပါ့မယ်.......

ဒါဒါလေးတို့ရေဆောရီးပါ
နှစ်ရက်ခြားပြောပီး ကြာသွားပြန်ပီ
သူသူအရင်ကတော့ စာရေးဖို့ရာညဘက်ကိုအချိန်ပေးရေးလို့ရတယ်
အခုက ညဘက်လဲစောစောစီးစီးအိပ်နေတော့
မရေးဖြစ်ဘူး
အခုမှတင်လိုက်ရတယ်
ဖတ်ပေးကြပါအုံးနော်
😍😍😍😍😍😍😍😘😘😘😘😘😘😘

Zawgyi



မိန်းကလေး......

နူးညံ့သွားသလိုလို




မတရားဘူး နော် ရှောင်း'




ပြုစုလိုက်......





စတင်ရေးဆွဲတာမကြာသေး




သူတို့တွေကလဲ.......



ထင်တယ်.....

ဆိုတာကိုပါ........



စစ်ကူမလိုပါဘူး.........




ရန်သူအစစ်ကို'


စစ်ပဲဖစ်လာပီဆိုရင် ကြားထဲက အမြတ်ထုတ်တဲ့သူ တွေကိုတိုက်ထုတ်ပစ်ဖို့


.......ဟုတ်ကဲ့ပါ........


သဘောကျပုံရတယ်ထင်တယ်.......




ပို့​မယ်ဆိုရင်တောင် သူ့အကိုစ်ြတဲ့ကျတော်ပို့ပေးလို့ရပါတယ်.......


နောက်ဆုံး တစ်ချိန်လုံးပဲကည့်ပရိတ်သက်လုပ်​နေတဲ့ ချွန်းက



မရေးဖြစ်ဘူး
အခုမှတင်လိုက်ရတယ်
ဖတ်ပေးကြပါအုံးနော်
😍😍😍😍😍😍😍😘😘😘😘😘😘😘

המשך קריאה

You'll Also Like

225K 35.1K 92
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
196K 705 24
its all in the title babes 😋
270K 7.8K 133
"𝑻𝒉𝒆𝒓𝒆'𝒔 𝒓𝒆𝒂𝒍𝒍𝒚 𝒏𝒐 𝒘𝒂𝒚 𝒐𝒇 𝒘𝒊𝒏𝒏𝒊𝒏𝒈 𝒊𝒇 𝒊𝒏 𝒕𝒉𝒆𝒊𝒓 𝒆𝒚𝒆𝒔 𝒚𝒐𝒖'𝒍𝒍 𝒂𝒍𝒘𝒂𝒚𝒔 𝒃𝒆 𝒂 𝒅𝒖𝒎𝒃 𝒃𝒍𝒐𝒏𝒅𝒆."