Zaw
ေဆးရုံဝတ္စုံဝတ္ဆင္ထားေသာ အမ်ိဳးသမီးတစ္ဦးသည္ အျပင္ဘက္သို႔ ကိုယ္တစ္ပိုင္း ထုတ္လၽွက္ ျပတင္းေပါက္ေဘာင္ေပၚတြင္ ထိုင္ေနသည္။
သူမ၏ေရွ႕မွာေတာ့ သူမကို ဆြဲထားခ်င္စိတ္ရွိမေနပုံရေသာ အမ်ိဳးသားတစ္ေယာက္ရပ္ေနသည္။
ရႊီႏ်န္ သည္ ထို သူတို႔ႏွင့္ အေတာ္ နီးကပ္ေသာေနရာတြင္ ရွိေနေသာေၾကာင့္ ထိုႏွစ္ေယာက္ ေျပာေနေသာ စကားမ်ားကို ရွင္းရွင္းလင္းလင္း ၾကားေနရသည္။
အမ်ိဳးသားက အရင္စကားစသည္။
သူ႔အသံက တည္ၿငိမ္ေအးခ်မ္းကာ ယဥ္ေက်းသိမ္ေမြ႕ၿပီး တစ္ဖက္လူကို ေလးေလးနက္နက္ ႏွင့္ အနည္းငယ္ ဆြဲေဆာင္သိမ္းသြင္း ခ်င္ေနသည္ကို ၾကားရသည္။
"အေတြးမ်ားမေနပဲ ကိုယ့္ကိုယ္ကို ဒီထဲမွာပဲ ႏွစ္ျမဳပ္မထားခ်င္စမ္းပါနဲ႔၊ အေျခအေနက ျဖစ္ၿပီးသြားၿပီပဲေလ ။ မင္း ဒီကေန ခုန္ခ်ရင္ေတာင္ သူမင္းကို လာေတြ႕မွာမဟုတ္ဘူး။ ဒီလိုလုပ္လို႔ ဘာအက်ိဳးရွိမွာလဲ"
"ကၽြန္မက သူ႔အတြက္ မေကာင္းခဲ့လို႔လား။ ကၽြန္မသူ႔ကို အရမ္းခ်စ္တယ္။ ကၽြန္မေျပာင္းလဲပါ့မယ္။ကၽြန္မကိုကူညီၿပီး သူ႔ကို ေတာင္းပန္ေပးပါ၊ သူ႔ကို ေျဖာင္းျဖေပးပါ"
အမ်ိဳးသမီး၏အသံသည္ ခံစားခ်က္တို႔ျဖင့္ ျပည့္ေနၿပီး မ်က္ရည္က်လုနီးပါးျဖစ္သည္။ သူမေျပာေသာ စကားလုံးတို႔မွာလည္း အဆက္အစပ္မရွိေခ်။
အမ်ိဳးသားသည္ အနည္းငယ္ အဆင္မေျပျဖစ္လာကာ အကူညီမဲ့သလို ခံစားလိုက္ရသည္။
သူက သူ႔မ်က္မွန္ကို ပင့္တင္လိုက္ၿပီးေနာက္ သက္ျပင္းခ်လိုက္သည္။
"ေျပာ ၊ မင္းေငြ ဘယ္ေလာက္ လိုခ်င္ သလဲဆိုတာ တိတိက်က်သာေျပာလိုက္"
အမ်ိဳးသမီးက ဆို႔နင့္သြားကာ ရုတ္တရတ္ သူမမ်က္ႏွာကို ကာလိုက္ၿပီး စငိုေတာ့သည္။
အမ်ိဳးသားက သူမငိုသည္ကို ေခတၱၾကည့္ေနၿပီးေနာက္ ေနာက္ဆုံးမွာ စိတ္မရွည္ ျဖစ္လာသည္။
"မင္း ဘာမွမေျပာဘူးဆိုရင္လည္း ငါျပန္လိုက္ေတာ့မယ္။ ငါမင္းကို ခ်က္ (check) မေပးခင္ ဒါေနာက္ဆုံး ပမာဏပဲ။ အားလုံးက မင္းအေပၚ မူတည္တယ္။"
သူကေျပာၿပီးေနာက္ ေနာက္လွည့္ကာ ထြက္သြားဖို႔ျပင္သည္။
ခုေလးတင္ ငိုေနေသာ အမ်ိဳးသမီးသည္ ေနာက္ တစ္စကၠန္႔အၾကာတြင္ ခ်က္ခ်င္း အငိုရပ္သြားကာ ျပတင္းေပါက္ေပၚမွ ခုန္ဆင္းၿပီ အမ်ိဳးသား၏ ေဘာင္းဘီစကို ဆြဲထားေလသည္။
"မသြား...မသြားပါနဲ႔"
အမ်ိဳးသမီးသည္ အရမ္းငိုထားသည္မို႔ အသက္ရႉရ ခက္ပုံေပါက္ေနသည္။
အမ်ိဳးသားက သူမကို တည္တည္ၿငိမ္ၿငိမ္ ငုံ႔ၾကည့္ကာ ခဏအၾကာ၌ မဆိုင္းမတြေျပာသည္။ ေျပာသည္။
"မင္း စိတ္ဆုံးျဖတ္ၿပီးၿပီလား"
"သူ႔ကို ေတြ႕ ...ေတြ႕ခြင့္ေပးပါ...."
အမ်ိဳးသမီး၏မ်က္ႏွာတြင္ မ်က္ရည္စီးေၾကာင္းႀကီး ရွိေနၿပီး သူမ၏ အမူအယာမွာ အမွန္တကယ္ လက္မွိုင္ခ်ျခင္းႏွင့္ ဝမ္းနည္းျခင္း တို႔ျဖင့္ ျပည့္ေနခဲ့သည္။
"တစ္ခါေလာက္ပါပဲ......"
အမ်ိဳးသားသည္ ထိုကိစၥကို တခ်ိန္တစ္ခုၾကာေအာင္ထိ စဥ္းစားခဲ့ၿပီး တည္ၾကည္ ေလးနက္စြာေျပာလိုက္သည္။
"ဒါဆိုရင္ေတာ့ မင္း ဒီတိုင္း ခုန္ခ်လိုက္တာကမွ ပိုေကာင္းလိမ့္ဦးမယ္"
"Pfft!"
ရႊီႏ်န္ မထိန္းႏိုင္ဘဲ အသံထြက္လိုက္မိသည္။
အမ်ိဳးသမီး : "......."
ရႊီႏ်န္ လက္ႏွစ္ဖက္ေရွ႕ကိုဆန္႔ကာ သူ႔ ပုခုံးကို လႈပ္ယမ္းလ်က္ အေႏွာင့္အယွက္မျပဳလိုေၾကာင္း ၿငိမ္းခ်မ္းေရးအမူအယာ (placating gesture) လုပ္လိုက္ကာ
"ေတာင္းပန္ပါတယ္....ေတာင္းပန္ပါတယ္။ ခင္ဗ်ားတို႔ ဆက္ေျပာၾကပါ။ ဆက္ေျပာၾကပါ"
ဟု ေျပာလိုက္သည္။
ေနာက္တစ္ေန႔ ေန႔လည္မွာေတာ့ ရႊီႏ်န္ က သူ႔မိခင္ကို မေန႔ညက အေၾကာင္းကို ဟာသ တစ္ခုအျဖစ္ ျပန္ေျပာျပေတာ့
ထိုအခ်ိန္ ေရေသာက္ေနတဲ့ လီဖန္ မွာ သီးမလိုေတာင္ျဖစ္သြားခဲ့သည္။
ေဘးကုတင္ႏွစ္ခုမွ အိမ္နီးခ်င္း အမ်ိဳးသမီး ႏွစ္ဦးသည္လည္း ထိုအေၾကာင္းနာေထာင္ၿပီးေနာက္ သူတို႔၏နားမ်ား တုန္ခါသြားခဲ့ၿပီး ထိုအေၾကာင္းကို စကားစျမည္ ေျပာၾကေတာ့သည္။
"အဲ့ဒီအမ်ိဳးသမီးက ပိုက္ဆံေတြ ပိုၿပီး လိုခ်င္ေနတာ"
သက္လတ္ပိုင္း အိမ္ရွင္မက 'ငါအားလုံးကို သိတယ္' ဆိုေသာ ပုံစံျဖင့္ ေျပာသည္။
"သူမ လတိုင္း ဒီေလာက္အမ်ားႀကီးရတယ္လို႔ ငါၾကားတယ္။"
သူမက လၽွို႔လၽွို႔ဝွက္ဝွက္ ဟန္ျဖင့္ သူမ၏ လက္ေခ်ာင္းမ်ားျဖင့္ တစ္ဆယ္ ပုံစံ လုပ္ျပသည္။
လီဖန္ သူမ မ်က္ခုံးကို ပင့္လိုက္မိသည္။
"အဲ့ေလာက္ေတာင္?"
အခန္းထဲရွိ အျခားအမ်ိဳးသမီးကလည္း မနာလိုေသာ ခ်ဥ္တူးတူး အသံျဖင့္ ျပန္ေျပာသည္။
"တကယ္လား?.....အဲ့ဒီအမ်ိဳးသမီးက ဘာလုပ္ခဲ့လဲဆိုတာေတာ့ ငါေသခ်ာမသိေပမယ့္ ၊အဲ့ဒီ သၾကားေဖေဖ(Sugar daddy) ကေတာ့ ပိုက္ဆံရာ အာဏာပါ အမ်ားႀကီး ရွိတယ္တဲ့ "
ရႊီႏ်န္ သည္ တခဏၾကာ အသံတိတ္သြားၿပီးေနာက္ ရုတ္တရတ္ ျပဳံုးလိုက္ကာ ေပါ့ေပါ့ပါးပါးေျပာလိုက္သည္။
"သၾကားကေလးေလး တစ္ေယာက္ ျဖစ္ရတာလည္း ဒီေလာက္မဆိုးဘူးပဲ... အမ္း"
ေနာက္ထပ္ ရက္အနည္းငယ္အတြင္းမွာ ထို ဇာတ္လမ္းထဲမွ အမ်ိဳးသမီးကို ရႊီႏ်န္ ထပ္ မေတြ႕ရေတာ့ေခ်။
သူသည္ ေန႔တိုင္း ေက်ာင္းကေန အျမန္ျပန္လာတတ္ၿပီး မိခင္ျဖစ္သူ ေက်ာက္ကပ္ေဆးေနခ်ိန္တြင္း အနားမွာေနသည္။ သူမအတြက္ ေဆးဝယ္သည္၊ သူမအတြက္ အစားအေသာက္ျပင္ဆင္ေပးသည့္ အျပင္ ေရေသခ်ာမခ်ိဳးႏိုင္ေသးသည့္ သူမကို ကိုယ္လက္ သန္႔ရွင္းရာတြင္ ကူညီေပးသည္။
ေဆးရုံေလွ်ာက္လမ္းတြင္ အေတြ႕ရဆုံး ျမင္ကြင္းမွာ ရႊီႏ်န္ရဲ႕ အဲ့ဒီ ပုံရိပ္ေတြပဲ ျဖစ္သည္။
ဒီေတာအတြင္း ေငြေတြကို ေရလို သုံးခဲ့ရေပမယ့္ ထို ကိစၥနဲ႔ ပတ္သတ္ၿပီး စိတ္ဆင္းရဲဖို ဒါမွမဟုတ္ ဝမ္းနည္းဖို႔အတြက္ေတာင္ သူ႔မွာ အခ်ိန္မရွိခဲ့ေပ။
သို႔ေသာ္ လီဖန္၏ က်န္းမာေရးကမူ အရင္အတိုင္းပဲျဖစ္ကာ ပိုၿပီးေကာင္းမြန္လာမႈ မရွိေသးေပ။
ေဒါက္တာယန္လည္း ရႊီႏ်န္ကို ႏွစ္သိမ့္ဖို႔ နည္းလမ္း မစဥ္းစားတတ္ေတာ့ေခ်။
"ဒီေဆးက နည္းနည္းပိုၿပီး ေစ်းႀကီးေပမယ့္ သူ႔ရဲ႕ အာနိသင္က အရင္တစ္ခုထက္ေကာင္း....."
ေဒါက္တာယန္ က စကားစကို ရုတ္တရတ္ရပ္တန္႔ လိုက္သည္။ သူက ရႊီႏ်န္ဝယ္လာတဲ့ မန္ထို ႏွစ္လုံးကို အနည္းငယ္ မႏွစ္သက္သည့္ပုံျဖင့္ ၾကည့္လိုက္သည္။
"မင္း တစ္ေန႔လုံးကိုမွ ဒီဟာကိုပဲ စားတာလား"
ရႊီႏ်န္က တစ္ကိုက္ ကိုက္လိုက္ၿပီး အျပစ္ကင္းစြာျဖင့္ ေျပာသည္။
"အမ္း... ဒါကဗိုက္ျပည့္တယ္ေလ..... ၊အာ..ေနပါဦး ခုနက ေဒါက္တာေျပာတဲ့ ေျပာင္းေသာက္ရမယ့္ ေဆးက ဘာေဆးလဲ"
"....."
ေဒါက္တာယန္ အသက္ျပင္းျပင္းရႈလိုက္ၿပီး သူရဲ႕ အိတ္ကပ္ထဲမွ ေငြအ
တခ်ိဳ႕ထုတ္လုိက္သည္။
"သြားၿပီး စားစရာနည္းနည္း ဝယ္လာခဲ့၊ ျပန္လာမွ မင္းကို ေဆးအေၾကာင္း အေသးစိတ္ ေျပာျပမယ္"
ရႊီနင္ စကၠန္႔အတန္ၾကာ ေတြေဝေနၿပီးေနာက္ ေက်းဇူးတင္စြာနဲ႔ ျပဳံးလိုက္သည္။ ေနာက္ဆုံးမွာေတာ့ ေဒါက္တာယန္၏ စကားကို နားေထာင္လိုက္ၿပီး ေငြကို လက္ခံလိုက္သည္။
Note:placating gestures ပုံကို media မွာ ေဖာ္ျပထားပါတယ္။
_____________
Uni
ဆေးရုံဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် အပြင်ဘက်သို့ ကိုယ်တစ်ပိုင်း ထုတ်လျှက် ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်နေသည်။
သူမ၏ရှေ့မှာတော့ သူမကို ဆွဲထားချင်စိတ်ရှိမနေပုံရသော အမျိုးသားတစ်ယောက်ရပ်နေသည်။
ရွှီနျန် သည် ထို သူတို့နှင့် အတော် နီးကပ်သောနေရာတွင် ရှိနေသောကြောင့် ထိုနှစ်ယောက် ပြောနေသော စကားများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
အမျိုးသားက အရင်စကားစသည်။
သူ့အသံက တည်ငြိမ်အေးချမ်းကာ ယဉ်ကျေးသိမ်မွေ့ပြီး တစ်ဖက်လူကို လေးလေးနက်နက် နှင့် အနည်းငယ် ဆွဲဆောင်သိမ်းသွင်း ချင်နေသည်ကို ကြားရသည်။
"အတွေးများမနေပဲ ကိုယ့်ကိုယ်ကို ဒီထဲမှာပဲ နှစ်မြုပ်မထားချင်စမ်းပါနဲ့၊ အခြေအနေက ဖြစ်ပြီးသွားပြီပဲလေ ။ မင်း ဒီကနေ ခုန်ချရင်တောင် သူမင်းကို လာတွေ့မှာမဟုတ်ဘူး။ ဒီလိုလုပ်လို့ ဘာအကျိုးရှိမှာလဲ"
"ကျွန်မက သူ့အတွက် မကောင်းခဲ့လို့လား။ ကျွန်မသူ့ကို အရမ်းချစ်တယ်။ ကျွန်မပြောင်းလဲပါ့မယ်။ကျွန်မကိုကူညီပြီး သူ့ကို တောင်းပန်ပေးပါ၊ သူ့ကို ဖြောင်းဖြပေးပါ"
အမျိုးသမီး၏အသံသည် ခံစားချက်တို့ဖြင့် ပြည့်နေပြီး မျက်ရည်ကျလုနီးပါးဖြစ်သည်။ သူမပြောသော စကားလုံးတို့မှာလည်း အဆက်အစပ်မရှိချေ။
အမျိုးသားသည် အနည်းငယ် အဆင်မပြေဖြစ်လာကာ အကူညီမဲ့သလို ခံစားလိုက်ရသည်။
သူက သူ့မျက်မှန်ကို ပင့်တင်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။
"ပြော ၊ မင်းငွေ ဘယ်လောက် လိုချင် သလဲဆိုတာ တိတိကျကျသာပြောလိုက်"
အမျိုးသမီးက ဆို့နင့်သွားကာ ရုတ်တရတ် သူမမျက်နှာကို ကာလိုက်ပြီး စငိုတော့သည်။
အမျိုးသားက သူမငိုသည်ကို ခေတ္တကြည့်နေပြီးနောက် နောက်ဆုံးမှာ စိတ်မရှည် ဖြစ်လာသည်။
"မင်း ဘာမှမပြောဘူးဆိုရင်လည်း ငါပြန်လိုက်တော့မယ်။ ငါမင်းကို ချက် (check) မပေးခင် ဒါနောက်ဆုံး ပမာဏပဲ။ အားလုံးက မင်းအပေါ် မူတည်တယ်။"
သူကပြောပြီးနောက် နောက်လှည့်ကာ ထွက်သွားဖို့ပြင်သည်။
ခုလေးတင် ငိုနေသော အမျိုးသမီးသည် နောက် တစ်စက္ကန့်အကြာတွင် ချက်ချင်း အငိုရပ်သွားကာ ပြတင်းပေါက်ပေါ်မှ ခုန်ဆင်းပြီ အမျိုးသား၏ ဘောင်းဘီစကို ဆွဲထားလေသည်။
"မသွား...မသွားပါနဲ့"
အမျိုးသမီးသည် အရမ်းငိုထားသည်မို့ အသက်ရှူရ ခက်ပုံပေါက်နေသည်။
အမျိုးသားက သူမကို တည်တည်ငြိမ်ငြိမ် ငုံ့ကြည့်ကာ ခဏအကြာ၌ မဆိုင်းမတွပြောသည်။ ပြောသည်။
"မင်း စိတ်ဆုံးဖြတ်ပြီးပြီလား"
"သူ့ကို တွေ့ ...တွေ့ခွင့်ပေးပါ...."
အမျိုးသမီး၏မျက်နှာတွင် မျက်ရည်စီးကြောင်းကြီး ရှိနေပြီး သူမ၏ အမူအယာမှာ အမှန်တကယ် လက်မှိုင်ချခြင်းနှင့် ဝမ်းနည်းခြင်း တို့ဖြင့် ပြည့်နေခဲ့သည်။
"တစ်ခါလောက်ပါပဲ......"
အမျိုးသားသည် ထိုကိစ္စကို တချိန်တစ်ခုကြာအောင်ထိ စဉ်းစားခဲ့ပြီး တည်ကြည် လေးနက်စွာပြောလိုက်သည်။
"ဒါဆိုရင်တော့ မင်း ဒီတိုင်း ခုန်ချလိုက်တာကမှ ပိုကောင်းလိမ့်ဦးမယ်"
"Pfft!"
ရွှီနျန် မထိန်းနိုင်ဘဲ အသံထွက်လိုက်မိသည်။
အမျိုးသမီး : "......."
ရွှီနျန် လက်နှစ်ဖက်ရှေ့ကိုဆန့်ကာ သူ့ ပုခုံးကို လှုပ်ယမ်းလျက် အနှောင့်အယှက်မပြုလိုကြောင်း ငြိမ်းချမ်းရေးအမူအယာ (placating gesture) လုပ်လိုက်ကာ
"တောင်းပန်ပါတယ်....တောင်းပန်ပါတယ်။ ခင်ဗျားတို့ ဆက်ပြောကြပါ။ ဆက်ပြောကြပါ"
ဟု ပြောလိုက်သည်။
နောက်တစ်နေ့ နေ့လည်မှာတော့ ရွှီနျန် က သူ့မိခင်ကို မနေ့ညက အကြောင်းကို ဟာသ တစ်ခုအဖြစ် ပြန်ပြောပြတော့
ထိုအချိန် ရေသောက်နေတဲ့ လီဖန် မှာ သီးမလိုတောင်ဖြစ်သွားခဲ့သည်။
ဘေးကုတင်နှစ်ခုမှ အိမ်နီးချင်း အမျိုးသမီး နှစ်ဦးသည်လည်း ထိုအကြောင်းနာထောင်ပြီးနောက် သူတို့၏နားများ တုန်ခါသွားခဲ့ပြီး ထိုအကြောင်းကို စကားစမြည် ပြောကြတော့သည်။
"အဲ့ဒီအမျိုးသမီးက ပိုက်ဆံတွေ ပိုပြီး လိုချင်နေတာ"
သက်လတ်ပိုင်း အိမ်ရှင်မက 'ငါအားလုံးကို သိတယ်' ဆိုသော ပုံစံဖြင့် ပြောသည်။
"သူမ လတိုင်း ဒီလောက်အများကြီးရတယ်လို့ ငါကြားတယ်။"
သူမက လျှို့လျှို့ဝှက်ဝှက် ဟန်ဖြင့် သူမ၏ လက်ချောင်းများဖြင့် တစ်ဆယ် ပုံစံ လုပ်ပြသည်။
လီဖန် သူမ မျက်ခုံးကို ပင့်လိုက်မိသည်။
"အဲ့လောက်တောင်?"
အခန်းထဲရှိ အခြားအမျိုးသမီးကလည်း မနာလိုသော ချဉ်တူးတူး အသံဖြင့် ပြန်ပြောသည်။
"တကယ်လား?.....အဲ့ဒီအမျိုးသမီးက ဘာလုပ်ခဲ့လဲဆိုတာတော့ ငါသေချာမသိပေမယ့် ၊အဲ့ဒီ သကြားဖေဖေ(Sugar daddy) ကတော့ ပိုက်ဆံရာ အာဏာပါ အများကြီး ရှိတယ်တဲ့ "
ရွှီနျန် သည် တခဏကြာ အသံတိတ်သွားပြီးနောက် ရုတ်တရတ် ပြုုံးလိုက်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"သကြားကလေးလေး တစ်ယောက် ဖြစ်ရတာလည်း ဒီလောက်မဆိုးဘူးပဲ... အမ်း"
နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ ထို ဇာတ်လမ်းထဲမှ အမျိုးသမီးကို ရွှီနျန် ထပ် မတွေ့ရတော့ချေ။
သူသည် နေ့တိုင်း ကျောင်းကနေ အမြန်ပြန်လာတတ်ပြီး မိခင်ဖြစ်သူ ကျောက်ကပ်ဆေးနေချိန်တွင်း အနားမှာနေသည်။ သူမအတွက် ဆေးဝယ်သည်၊ သူမအတွက် အစားအသောက်ပြင်ဆင်ပေးသည့် အပြင် ရေသေချာမချိုးနိုင်သေးသည့် သူမကို ကိုယ်လက် သန့်ရှင်းရာတွင် ကူညီပေးသည်။
ဆေးရုံလျှောက်လမ်းတွင် အတွေ့ရဆုံး မြင်ကွင်းမှာ ရွှီနျန်ရဲ့ အဲ့ဒီ ပုံရိပ်တွေပဲ ဖြစ်သည်။
ဒီတောအတွင်း ငွေတွေကို ရေလို သုံးခဲ့ရပေမယ့် ထို ကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ဆင်းရဲဖို ဒါမှမဟုတ် ဝမ်းနည်းဖို့အတွက်တောင် သူ့မှာ အချိန်မရှိခဲ့ပေ။
သို့သော် လီဖန်၏ ကျန်းမာရေးကမူ အရင်အတိုင်းပဲဖြစ်ကာ ပိုပြီးကောင်းမွန်လာမှု မရှိသေးပေ။
ဒေါက်တာယန်လည်း ရွှီနျန်ကို နှစ်သိမ့်ဖို့ နည်းလမ်း မစဉ်းစားတတ်တော့ချေ။
"ဒီဆေးက နည်းနည်းပိုပြီး စျေးကြီးပေမယ့် သူ့ရဲ့ အာနိသင်က အရင်တစ်ခုထက်ကောင်း....."
ဒေါက်တာယန် က စကားစကို ရုတ်တရတ်ရပ်တန့် လိုက်သည်။ သူက ရွှီနျန်ဝယ်လာတဲ့ မန်ထို နှစ်လုံးကို အနည်းငယ် မနှစ်သက်သည့်ပုံဖြင့် ကြည့်လိုက်သည်။
"မင်း တစ်နေ့လုံးကိုမှ ဒီဟာကိုပဲ စားတာလား"
ရွှီနျန်က တစ်ကိုက် ကိုက်လိုက်ပြီး အပြစ်ကင်းစွာဖြင့် ပြောသည်။
"အမ်း... ဒါကဗိုက်ပြည့်တယ်လေ..... ၊အာ..နေပါဦး ခုနက ဒေါက်တာပြောတဲ့ ပြောင်းသောက်ရမယ့် ဆေးက ဘာဆေးလဲ"
"....."
ဒေါက်တာယန် အသက်ပြင်းပြင်းရှုလိုက်ပြီး သူရဲ့ အိတ်ကပ်ထဲမှ ငွေအ
တချို့ထုတ်လိုက်သည်။
"သွားပြီး စားစရာနည်းနည်း ဝယ်လာခဲ့၊ ပြန်လာမှ မင်းကို ဆေးအကြောင်း အသေးစိတ် ပြောပြမယ်"
ရွှီနင် စက္ကန့်အတန်ကြာ တွေဝေနေပြီးနောက် ကျေးဇူးတင်စွာနဲ့ ပြုံးလိုက်သည်။ နောက်ဆုံးမှာတော့ ဒေါက်တာယန်၏ စကားကို နားထောင်လိုက်ပြီး ငွေကို လက်ခံလိုက်သည်။