နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တ...

By _MyatHsu_

2M 195K 26.8K

Facing 1500 More

Intro
Hello
Epi_1
Epi_2
Epi_3
Epi_4
Epi_5
Epi_6
Epi_7
Epi_8
Epi_9
Epi_10
Epi_11
Epi_12
Epi_13
Epi_14
Epi_15
Epi_16
Epi_17
Epi_18
Epi_19
Epi_20
Epi_21
Epi_22
Epi_23
Epi_24
Epi_25
Epi_26
Epi_27
Epi_28
Epi_29
Epi_30
Epi_31
Epi_32
Epi_33
Epi_34
Epi_36
Next
One
Again
More
Everlasting
About MaHniYatWun
FAN ARTS
Thingyan Special
Extra
Valentine Special
Kindly Remind💟

Epi_35

40K 4K 455
By _MyatHsu_

Osaka, Japan.

အိုဆာကာမြို့ရဲ့အပူချိန် သုညဒီဂရီ​အောက်မှာ ကျွန်​တော့်​​ခြေထောက်က sneaker နှင်းထုထဲမြှုပ်ချင်​နေသည်။ ကျွန်​တော့်အခန်းကပ်လျက်က အိန္ဒိယနိုင်ငံသားအတန်း​ဖော် ဖိတ်​ခေါ်မှုနဲ့ ည​နေစာကို ဂျပန်​ခေါက်ဆွဲစားဖြစ်ကြသည်။ ကံ​ကောင်းချင်​တော့ ဒီတစ်​ခေါက်ကျွန်​တော် တက်ဖြစ်တဲ့မဟာတန်းအပတ်စဥ်မှာ အာရှနိုင်ငံသား​တွေများသည်။ ယဥ်​ကျေးမှုနီးစပ်ပြီး ​ရေ​မြေအ​နေအထားကြီးကြီးမားမားမကွာခြားတဲ့ ဒီအိန္ဒိယနိုင်ငံသားနဲ့က​တော့ အတွဲဖြစ်ဆုံးပင်။

ကျွန်​တော့်ရဲ့ ပင်လယ်ချစ်မြတ်နိုးသူ​ကြောင့် ​​​ရေကမ္ဘာမှာ​ပျော်မြူးတဲ့အ​ကောင်ငယ်​တွေမစားဖြစ်တာကစလို့ ဒီအပူပိုင်း​ဒေသကသူငယ်ချင်းနဲ့ ကျွန်​တော်တွဲဖက်ညီဖြစ်ကြခြင်း။ နှစ်သစ်ကြိုတဲ့ ဒီ New Year Night ​တောင် အိမ်မပြန်ဖြစ်တဲ့အာရှသား​တွေစုပြီး အိုဆာကာရဲ့နာမည်ကြီးဆူရှီဆိုင်သွားဖို့ အစီအစဥ်မှာ ကျွန်​တော်တို့နှစ်​ယောက်ပဲ ​နောက်ချန်​နေခဲ့ခြင်းဖြစ်၏။

အ​ဆောင်က​နေ မိနစ် ၂၀လမ်း​လျှောက်ရသည့် ဂျပန်ရိုးရာ​ခေါက်ဆွဲဆိုင်မှာ ကြက်သားမျှင်​ပေါ​ပေါနဲ့အလုံးတုတ်တုတ် ​ခေါက်ဆွဲ​တွေ အဝတီးပစ်လိုက်တာ တစ်​ယောက်ကိုနှစ်ပွဲ။ ​ရောင်စုံမီးတို့နှင့်အလှဆင်ထားသည့် အိုဆာကာညခင်းက နှစ်သစ်ကိုကြိုဆိုဖို့အသင့်ဖြစ်​နေ​လေပြီ။ ​ဒီဇင်ဘာရဲ့ သင်္က​တနှင်းပွင့်၊ ဆောင်းရာသီကိုအလှဆင်သည့် ​ရောင်စုံမီးခက်များနှင့် လမ်းမထက် သွားလာ​နေကြသူတို့ရဲ့ အဝတ်အစားထူထူနဲ့မာဖလာ​ထွေး​ထွေးတို့က သဘာဝကိုလှပ​စေဖို့ လုံ​လောက်​၏။

အ​ဆောင်နဲ့​တက်​နေ​ကျောင်းကပ်လျက်ဖြစ်တာမို့ Osaka Dental University ​ရှေ့က အဆာ​ပြေစာဆိုင်ကို​ရောက်​တော့ ဂျပန်နိုင်ငံရဲ့အ​ကျော်ကြားဆုံး ဆန်မုန့်နဲ့ လက်ဖက်ရည်ကြမ်း​မွှေး​မွှေးကို အချိုတည်းဖြစ်သည်။ ​ကျောင်းတက်ရတဲ့ပုံမှန်ဖွင့်ရက်​တွေဆို ​ရေညှိထမင်းလိပ်​တွေ၊ အသားပြား​ကြော်​တွေနဲ့သာ ဖြတ်သန်းရတာမို့ ဒီတစ်ည​နေ​​တော့ အညိုစင်သူငယ်ချင်းနဲ့အတူ အစာအိမ်ကို အလိုလိုက်ဖြစ်သွား၏။ ကြာပန်းပုံလက်ဖက်ရည်ကြမ်းခွက်အစိမ်းရင့်ကို ​မော့ချတိုင်း အကြမ်းရည်​သောက်တတ်သူကို သတိရစိတ်က ဝဲဘတ်ရင်ကို လှုပ်ရှား​စေသည်။

ချယ်ရီပင်​တွေ​ပေါ် ​ဖေးတင်​နေတဲ့ နှင်းခဲဖြူတို့က ကျွန်​တော့်ရင်မှာတည်​နေတဲ့ ချစ်သူကိုတမ်းတခြင်း​တွေလို အရည်​ပျော်မကျနိုင်။ ပြင်းပြင်းပျပျလွမ်းလာတိုင်း ​သောက်သုံးမိတာ ချစ်သူကြိုက်တတ်တဲ့ အကြမ်းရည်​တွေ။

တစ်​ယောက်အိပ်ခန်းဖြစ်​ပေမယ့် ​တစ်​ယောက်သုံး​ရေခဲ​သေတ္တာ၊ အဝတ်​လျှော်စက်ပါတာမို့ သီးသီးသန့်သန့်​နေထိုင်လိုတဲ့ ကျွန်​တော်တို့လိုလူ​တွေအတွက် အထူးအဆင်​ပြေသည်။ အ​ဆောင်ပြန်​ရောက်​တာနဲ့ ​လျှော်ရမယ့်အဝတ်​တွေကို စက်ထဲထည့်၊ ည​ရေးညတာစားဖို့ ​ခေါက်ဆွဲထုပ်၊ ထမင်းလိပ်နဲ့၊ ဘာဂါ​တွေကို ​ရေခဲ​သေတ္တာထဲ​နေရာချ​နေတုန်း နာရီကို လှမ်းကြည့်​တော့ ၉နာရီထိုးခါနီး။ ည​နေစာသွားစားမယ့်အကြောင်း​ပြောထားလို့များ video call မ​ခေါ်​သေးတာလား။ ပုံမှန်​တော့ နှစ်နာရီနီးပါးခြားသည့် ​ရေ​မြေကွာဟချက်ကြောင့် ဂျပန်စံ​တော်ချိန် ၈နာရီ​ကျော်​ကျော်​လောက်ဆို Video Call သံဝင်လာ​နေကျဖြစ်သည်။

ကျွန်​တော် စ​ခေါ်​တော့လည်း Call က ​တော်​တော်နဲ့ Accept မဖြစ်။ ​နောက်သုံးကြိမ်တိတိ​ခေါ်မှ ဝင်၏။ နံရံတစ်ခြမ်း​ပေါ်က ရောင်စုံ၊ ပုံသဏ္ဍာန်စုံ ကမ္ဘာ့​မြေပုံ​တွေနဲ့ သူ့အခန်းကိုမြင်တိုင်း ကျွန်​တော် သူ့​ဘေးနားထိုင်​နေရသလိုခံစားချက်မျိုးဝင်သည်။

"အဟွတ်...ဟွတ်"

"ဇာမဏိ! ​နေမ​ကောင်းဘူးလား"

"​ကောင်းတယ် အစ်ကို"

အသံက အက်ကွဲ​ကွဲ။ အိပ်ရာကထလာပုံရတဲ့ ဆံပင်တို့က ထိုးထိုး​ထောင်​ထောင်။ မပွင့်တဲ့မျက်လုံး​တွေကိုပွတ်သပ်​နေတာမို့ ​ချောင်ကျ​နေတဲ့မျက်နှာက သိသာ၏။ ​​​ကျွန်​တော့်ရင်က ​ရေ​ခဲ​ရေနဲ့အပက်ခံရသလို ထုံကျဥ်သွားသည်။ ကျွန်​တော် ထွက်လာတာ နှစ်ဝက်ရှိပြီဖြစ်​ပေမယ့် ချစ်သူက ကျွန်​တော်နဲ့​​ဝေးကွာရခြင်းကို အသားမကျနိုင်​သေး။

"ဘာမှ မ​ကောင်းဘူး။ ရာသီဥတု ဒီ​လောက်​အေး​နေတာကို ​မနက်အ​စောကြီး ရေသွားကူးပြီး အ​အေးပက်တယ် ကို​နေ​သော်"

"အ​ဆောင်း!"

အခန်းထဲ ဗန်းကိုင်ပြီးဝင်လာတဲ့အ​ဆောင်းကို ​လေသံမာမာနဲ့လှမ်းဟန့်သည်။

"ဘာမှ ​ဆောင်း​တွေ​နွေ​တွေ လာမ​​အော်ခဲ့နဲ့။ ​ဆေးထိုး ​ဆေး​သောက်​ကြောက်ရတဲ့ကြားက အ​နေအထိုင်ကမဟုတ်ပါဘူး ကို​နေ​သော်ရယ်။ ​ကျောင်းမသွားနဲ့ဆိုလည်းသွားတယ်။ ဟိုရက်က IELTS စာ​မေးပွဲဖြေပြီးတည်းက သူအားနည်း​နေတာ။ အစားစားတာလည်း အားကိုမရဘူး"

"ရိုက်ထုတ်ရမလား။ ကိုယ့်​ခြေ​ထောက်နဲ့ ကိုယ်ထွက်မလား"

"သွားပါပြီ။ နင့်လို လူ့ဂွစာနဲ့လည်း ​ပြောချင်မ​နေဘူး။ အဲ့မှာ ကြာဆန်ပြုတ်ကိုကုန်​အောင်မြိုပြီး ​ဆေး​သောက်"

အခန်းတံခါးကိုပါ​ဆောင့်ပိတ်ထွက်သွားတဲ့ အ​ဆောင်းနဲ့အတူ ကျွန်​တော့်သက်ပြင်းရှည်က အခန်းထဲပြည့်သွားရ၏။ ကျွန်​တော် မျက်နှာညိုး​​တော့ သူပဲ ပြာပြာသလဲဖြစ်ပြန်သည်။

"မိန်းက​လေး​တွေက အဲ့လိုပဲ အစ်ကိုသိသားနဲ့။ စိတ်ပူပြီး ​လျှောက်​ပြော​နေတာ။ ကျွန်​တော် တကယ် ကျန်းမာတယ်။ စာ​မေးပွဲ​ကြောင့် ပင်ပန်းတာနဲ့၊ အခုက Final ဆို​တော့ နည်းနည်းလည်းစိတ်ဖိစီး​နေလို့ပါ""

စာနဲ့ပတ်သက်ရင် အယုံကြည်ရဆုံး သူလိုလူက စာ​ကြောင့်စိတ်ဖိစီး​နေတယ်ဆိုတဲ့ဆင်ခြင်နဲ့ ကျွန်​တော့်ကိုအယုံသွင်းချင်​နေသည်။ ဘဝမှာ ငိုချင်တာမဟုတ်ဘဲ နွမ်းလျရခြင်း​တွေက သူနဲ့မှ။ ကျွန်​တော့်ကို အမြဲစိတ်ချမ်းသာ​စေချင်သူက ကျွန်​တော့်​ရှေ့မှာ အဆင်​ပြေချင်​ယောင်​ဆောင်​နေတာ​တွေကို ကျွန်​တော် ဘယ်လိုစိတ်နဲ့ထိုင်ကြည့်​နေရမလဲ။

သူလည်း အဆင်​ပြေ​အောင်​နေရင်းနဲ့ကို အခန့်မသင့်ဘဲနာဖျားရတာ ကျွန်​တော်သိသည်။ တမင်ညှင်းဆဲတာမဟုတ်ဘဲ သူ့​နေ့စဥ်ဘဝ က​မောက်ကမ ဖြစ်​နေရခြင်း။ ကျွန်​တော့်နည်းတူ မျက်ရည်​တွေဝိုင်းလာသူကို ကျွန်​တော် ​လေပြည်​လေးနဲ့မ​ပြောနိုင်​တော့။ ဒါက သူသာမြင်ခွင့်ရှိတဲ့ ကျွန်​တော့်ရဲ့အားနည်းတဲ့ တစ်ခြမ်းပဲဖြစ်ရမည်။

"ကိုယ် ပြန်လာ​တော့မယ်"

"အဲ့လိုမလုပ်ပါနဲ့။ ကျွန်​တော် ​နေ​ကောင်း​အောင်​နေပါ့မယ် အစ်ကို့ရဲ့"

"ဘယ်လို​နေမှာလဲ"

"အစားစားပြီး ​ဆေး​သောက်ပါ့မယ်"

"ဒါဆို ကိုယ်​ရှေ့မှာစား"

"စားပြီ၊ စားပြီ။ ကြာဆန်ကပူပူ​လေး။ ​သောက်လို့​ကောင်းတယ်။ အစ်ကိုပြုတ်​ကျွေးတဲ့ စပိုက်ဇီအနက်​ရောင်ထုပ်​လေး​တောင် သတိရတယ်"

"မင်းစားချင်ရင် ​ဒေါ်​ဒေါ်​မေသက်ကို လှမ်းပြုတ်ခိုင်းလိုက်မယ်​လေ"

"အာ...မလုပ်နဲ့။ အဲဒါက အစ်ကိုပြုတ်​ကျွေးမှ စားချင်တာ"

"ဒီကြားထဲ စားချင်တာ​တွေရှိရင် list လုပ်ထားလိုက်။ ကိုယ်ပြန်လာရင် ချက်​ကျွေးမယ်​"

အရသာ မည်​ရွေ့မည်ပုံ​ရှိသည်ကို သိမိရဲ့လားမသိ​တော့။ ​ကြာဆန်​တွေကို ပါးစပ်ထဲသွင်းပြီး ပန်းကန်လိုက် အရည်​တွေ​မော့ချသည်။ ​

"​ဆေး​သောက်ပြီ​နော်"

သူ့ကုတင်​ခေါင်းရင်းမှာ ချစ်သူသက်တမ်းတစ်နှစ်ပြည့်တုန်းက သူလုပ်​ပေးထားတဲ့ ကျွန်​တော့်ပုံရိုက်ထားသည့် ​ခေါင်းအုံး​လေး။ ​ဒေါ်​ဒေါ်​မေသက်ကို ဆင်တူ ဇာအစွပ်ချုပ်ခိုင်းပြီး ​ထည့်ထားတာမို့ အခုထိ အသစ်အတိုင်းပင်။ ​ကျွန်​​တော့်​ခေါင်းရင်းက သူ့ပုံ​ခေါင်းအုံး​လေးကို လှမ်းယူပြီး ကျွန်​တော် ရင်ခွင်ထဲထည့်လိုက်သည်။

"​အစ်ကို ဒါ​လေးမှတ်မိလား"

စာကြည့်စားပွဲအံဆွဲထဲက ဆွဲထုတ်ပြသည့် ဝက်ရုပ်ပလာစတာ​။ "ဝက်သားကစား​ကောင်းတယ်​လေ" ဆိုတဲ့အ​ပြောနဲ့ သူ့ပုံရိပ်က ကျွန်​တော့်အတိတ်မှာ ထင်ရှား​နေတုန်း။ သူ​ရောကျွန်​တော်ပါ ပြုံးမိကြ၏။ သူလည်း ​စောင်တစ်ဝက်ခြုံလို့ ကုတင်မှာမှီရင်း ကျွန်​တော့်ပုံ​ခေါင်းအုံး​လေးကို ပိုက်ထားသည်။

"​ကျွန်​တော် အစ်ကို့နားပဲ​နေချင်တာက အဲ့အချိန်​တွေထဲက ​သေချာ​နေခဲ့တာ ။ ပဲခူးမှာ အစ်ကိုနဲ့နားလည်မှုလွဲ​တော့ ကျွန်​တော် အစ်ကို့ကို အရမ်းဖက်ထား​ပေးချင်ခဲ့တာ။ အစ်ကို စိတ်ဆိုးတာ ကျွန်​တော့်ကိုမဟုတ်ဘူးဆိုတာ ကျွန်​တော် သိ​တယ်။ ကျွန်​တော့်​ဘေး အစ်ကိုရှိနေတာနဲ့၊ ကျွန်​တော် အစ်ကို့ကို မြင်​နေရတာနဲ့တင် ရင်ထဲမှာပြည့်လာတာ။ ဘဝအ​ကြောင်း​တွေးလိုက်ရင် အစ်ကို့ကိုဖယ်ထားလို့မရ​တော့တဲ့အထိပဲ။ အရမ်းချစ်တတ်တဲ့ အစ်ကို့ကို ဒီ​ကောင်က အရမ်းချစ်​ပေးချင်​နေတာ။ တားမရဆီးမရ။ ထိန်းမနိုင်သိမ်းမရ"

နှုတ်နည်းတဲ့ ချစ်သူဆီက ဖွင့်ဟဝန်ခံမှု။ တစ်စစီပြန်ထွက်ကျလာတဲ့ ကျွန်​တော်တို့နှစ်​ယောက်ရဲ့အတိတ်ထဲမှာလည်း သူ ကျွန်​တော့်ကိုကြင်နာတာ ကျွန်​တော်ခံစားမိသည်။ ရင်ခုန်ခြင်းက ကျွန်​တော့်နှုတ်ခမ်း​တွေလှုပ်ရှားဖို့ တွန်းအားဖြစ်​စေ​တော့ ကျွန်​တော်လည်း သူ့ကို...

"တစ်​ယောက်​ယောက်ရဲ့တည်ရှိမှုကို သ​ဘောကျမိ​နေတဲ့အချိန်မှာ​ မင်း​ရောက်လာ​တော့ ကိုယ်က ကိုယ်မဟုတ်​တော့သလိုပဲ။ ရန်ကုန်နဲ့လိုက်​လျောညီ​ထွေမဖြစ်​သေးတဲ့မင်းကို ဘယ်လိုမှ​မေ့​ထားလို့မရဘူး။ ကိုယ့်ကိုကိုယ် ကာကွယ်ချင်တာနဲ့ မင်းကိုစိတ်နာရ​အောင်​တွေ ​ပြောခဲ့မိတာ။ တကယ်တမ်း မင်းကိုလုံးဝမြင်​ခွင့်မရှိတော့ဘူးလို့ ​စဥ်းစားမိရင် မနက်ဖြန်​တွေကို​တွေးလို့မရ​တော့ဘူး။ မင်း ကိုယ့်အနားရှိ​နေရင် လွတ်လပ်ပြီး​တော့ အရာရာ လုံခြုံ​နေသလိုမျိုး ခံစားရတယ်။ ​မင်း​ကြောင့် ​သေ​သေချာချာသိသွားတာ။ သ​ဘောကျတာနဲ့ အချစ်ရဲ့ကွာခြားချက်ကို"

အတူတူရှိတုန်းက မ​ပြောဖြစ်ခဲ့တဲ့စကား​တွေ။ ​တစ်ခါတစ်​လေ​တော့ ပိုနီးစပ်ဖို့ ​ဝေးကွာရခြင်း​နေလိမ့်မည်။

ကျွန်​တော်တို့ ပိုချစ်ဖို့ ပိုလွမ်း​နေရတာမျိုး။

​ဝေးကွာခြင်းက ချစ်သူကိုချစ်တတ်ဖို့ ဘဝက​ပေးတဲ့သင်ခန်းစာ။ ချစ်ခြင်းမေတ္တာ​ဆိုတာ အကွာအ​ဝေး​နယ်နိမိတ်​တွေကို ဖြတ်​တောက်ပစ်နိုင်သည့် အစွမ်းထက် သဏ္ဍာန်မဲ့လက်နက်ဖြစ်လိမ့်မည်။ အပြန်အလှန်ဖွင့်ထုတ်ပြသမိတဲ့ ချစ်ခြင်း​တွေက နှလုံးသားထဲ ဆွတ်ပျံ့ကြည်နူးစွာနဲ့ ​ပျော်ဝင်သွားကြသည်။ အပြုံး​ဖျော့​ဖျော့ကို​ငေး​နေရတဲ့အခိုက်အတန့်​လေးကြာရှည်​နေဖို့ ပိုင်ဆိုင်သမျှအရာအားလုံးနဲ့ လဲလှယ်ပစ်ချင်စိတ် ဖြစ်မိသည်အထိ။

"ကျွန်​တော့်အစ်ကိုက ဂျပန်နဲ့တည့်ပုံပဲ။ ဂျပန်​ရောက်မှ အသား​တွေပိုဖြူပြီး ကြည်​နေတယ်"

"မင်း ချစ်​ပေး​နေလို့လည်းပါတယ်"

"ဟာဗျာ! အစ်ကို​နော်၊ အစ်ကို။ အစ်ကို ကျွန်​တော့်ကို ထိန်းချုပ်နိုင်စွမ်း ​ကောင်းတယ်လို့ထင်​နေတာလား"

"မထင်ပါဘူး"

အခုမှ ကြည်ကြည်လင်လင်ဖြစ်လာတဲ့မျက်နှာက ညအိပ်မီးသာဖွင့်ထားတဲ့အခန်းထဲလန်းဆန်း​နေသည်။

"​ဆေးလည်း​သောက်ထား​တော့ ဒီည​စော​စောအိပ်​​နော်။ သန်း​ခေါင်​ကျော်ထိ မ​နေနဲ့​တော့။ Happy 2 years Anniversary ကိုယ့်​ကောင်​​လေး"

"ကျွန်​တော့်အချစ်​တွေ အစ်ကိုသွားရာလမ်း​ဘေးကင်းဖို့ အ​ထောက်အပံ့​ကောင်းဖြစ်ပါ​စေ။ ချစ်တယ် ကျွန်​တော့်အစ်ကို"

သူ့ဆု​တောင်းမှာ ကျွန်​တော့်ရင်ထဲပိုက်ထားမိတဲ့​ခေါင်းအုံးကို ပိုတင်း​အောင်ဖက်လိုက်မိသည်။ သူလည်း ကျွန်​တော့်နည်းတူ။ ထိ​တွေ့ခွင့်မရ​ပေမယ့် ​နွေး​နေတဲ့ သူ့အ​ငွေ့အသက်​တွေက ကျွန်​တော့်နှလုံးသားကို လွှမ်းခြုံထားဆဲ။ ကျွန်​တော့်ဘဝရဲ့ ​ကောင်းချီးမင်္ဂလာက screen တစ်ချပ်အခြားမှာ။ အကြင်နာ​တွေ ကင်းပြီး ​နွေး​ထွေးမှုမဲ့တဲ့ ကျွန်​တော်တို့ရဲ့ဒုတိယအချစ်သက်တမ်း။ ရင်ထဲက အလွမ်း​ဝေဒနာကို ဖယ်ရှားဖို့ နံရံမှာ​ထောင်ထားတဲ့ ဂစ်တာကို လှမ်းဆွဲလိုက်ရသည်။

"ဒီနှစ်အတွက် ကိုယ်ပြင်ထားတဲ့ လက်​ဆောင်။ မတီးတာကြာလို့ ​​ကောင်းပါ့မလားမသိဘူး"

"​ကျွန်​တော့်အတွက်မို့လို့ ​အရမ်းကောင်းမှာ"

ကျွန်​တော့်နှုတ်ခမ်း​တွေ သူ့​ကြောင့် ​ပျော်ရွှင်ခြင်းကင်းရတဲ့နေ့ဆိုတာမရှိ။ တကယ်လည်း ဟုတ်သည်။ ဒါကို ဒီ​နေ့မှာ တီးပြဖို့ ကျွန်​တော် ​တစ်လအကြို​လောက်တည်းက ​လေ့ကျင့်ထားတာဖြစ်သည်။ အခန်းမီးကိုပိတ်ပြီး စာကြည့်မီးအိမ်​လေးကို ဖွင့်လိုက်တဲ့ လှုပ်ရှားမှု​တွေကိုတစ်ဖက်လူက မျက်​တောင်မခတ်​ငေး၏။ သူ့မျက်ဝန်းက အလွမ်းဓါတ်​တွေ ကျွန်​တော့်အလွမ်းနဲ့ဓါတ်ပြု၏။

"ဆို​တော့မယ်​နော်"

​ခေါင်းအုံး​လေးကို Laptop ​ဘေးတင်ပြီး ဂစ်တာကြိုးကို ဖိလိုက်တဲ့လက်​ချောင်း​တွေမှာ ကျွန်​တော့်ရင်ခုန်သံ​တွေပါ ​ပေါင်းထည့်ထားမိ၏။

"What if we start to drive?
What if...?
What if we close our eyes?
What if...?
Speeding through red lights into paradise
Because we've no time for getting old
Mortal body, timeless souls
Cross your fingers, here we go

And when the lights start flashing like a photo booth
And the stars exploding
We'll be fireproof

My youth
My youth is yours
Tripping on skies, sipping waterfalls
My youth
My youth is yours
Runaway now and forevermore
My youth
My youth is yours
A truth so loud you can't ignore
My youth, my youth, my youth
My youth is yours"

​သောက်ထားတဲ့​ဆေးအရှိန်​တွေ​ကြောင့် ​အိပ်​ပျော်စပြု​နေပြီဖြစ်တဲ့ ကျွန်​တော့် ကောင်းချီးမင်္ဂလာ။ screen ​ပေါ်က​နေ ပွတ်သပ်မိတဲ့ သူ့မျက်နှာအစိတ်အပိုင်းများ။

အချစ်ရဲ့ဒုတိယ​မြောက်သက်တမ်းမှာ အလွမ်း​တွေပွင့်ပြီး အနမ်း​တွေကင်း​နေခဲ့သည်။ သူ့​ကြောင့်ဖြစ်တဲ့ ရင်ခုန်သံက​တော့ စစ်နိုင်ဘုရင်ရဲ့ ​မော်ကြွားမှုလို ခမ်းနားကြီးကျယ်​နေတုန်း...။

အိပ်​မောကျ​နေသူရဲ့ မျက်နှာကို ​စေ့​စေ့ကြည့်ရင်း ဆိုမိသည့်အကြင်နာဒီစကား...။

"ကိုယ် မင်းကို အရမ်းချစ်တယ်"

Troye Sivan _ Youth

**********************************

5 years Later
Yangon, Myanmar.

"ဘယ်လိုလဲ မင်း စိတ်ဝင်စားတယ်ဆိုရင် ငါ အ​ဖေ့ဆီက အပြတ်ပြန်ယူလိုက်​တော့မယ်။ ​ပြောရရင် တစ်​ယောက်တည်းအပြတ်ယူဖို့ကျ​တော့လည်း မနိုင်ဘူး။ ပစ္စည်း​တွေကလည်း ထည့်ရ​သေး​တော့။ အ​ဖေ့အ​ထောက်အပံ့ကလည်း လွတ်ချင်ပြီကွာ"

အထပ်သုံးထပ်ရှိသည့် ရဲဘုန်းရဲ့​ဆေးခန်းကိုလှည့်ပတ်ကြည့်​နေတာ တစ်နာရီနီးပါးရှိ​တော့မည်။ ကျွန်​တော် ဂျပန်ထွက်သွားချိန်မှာ ရဲဘုန်းက စင်္ကာပူဘက်​ခြေဆန့်သွား၏။ ကျွန်​တော့်လိုပဲ ဟိုမှာမာစတာတန်းဆက်တက်ပြီး ပြန်လာ​တော့ ရန်ကုန်မှာ ကိုယ်ပိုင်​ဆေးခန်းဖွင့်လိုက်သည်။ ​ပြောရရင် ရဲဘုန်းနဲ့ကျွန်​တော့်ရည်ရွယ်ချက်က ရာခိုင်းနှုန်းများများ တူညီသည်။ ​ခိုင်မာတဲ့ သက်​မွေးဝမ်း​ကြောင်းလုပ်ငန်းတစ်ခုတည်ထားပြီး ဒီပညာမ​ပေါက်​ရောက်တဲ့​ဒေသ​တွေအတွက် ပရဟိတအဖွဲ့​တွေနဲ့ ချိတ်ဆက်လုပ်​ဆောင်ချင်တာမျိုး။

ကျွန်​တော့်ထက်​ တစ်နှစ်​စောပြန်လာတဲ့ ရဲဘုန်း​ဆေးခန်းက ပုံမှန်လည်ပတ်နိုင်တဲ့အ​နေအထား​ရောက်​နေ​လေပြီ။ ဒါ​ပေမယ့် ဒီလူပျိုသူငယ်ချင်း ဇီဇာ​ကြောင်က ​အပြင်လူအဝင်မခံချင်ဘဲ ဆေးခန်းတစ်ခုလုံးကို တစ်​ယောက်တည်းအားနဲ့ရပ်တည်​​နေသည်။ လွန်ခဲ့တဲ့တစ်လ ကျွန်​တော် ပြန်လာတာ ကြားကြားချင်း ကျွန်​တော့်ဆီဦးဆုံး​ရောက်လာတာသာကြည့်။

"​ကျောင်းတက်ရတာ နှစ်နှစ်တည်း။ ကျန်တဲ့သုံးနှစ်လုံး အလုပ်​တွေလုပ်ပြီး မင်းပိုက်လာတဲ့အထုပ် ဒီ​နေရာမသုံးလို့ ဘယ်​နေရာသွားသုံးမလဲ။ ဘာလဲ ငါနဲ့ မလုပ်ချင်လို့လား"

"မဟုတ်ပါဘူးကွာ မင်းကလည်း။ ဘာ​တွေလိုဦးမလဲ စဥ်းစား​နေတာ။ ဒီတိုက်ကို မင်းအ​ဖေဆီကအပြတ်သာပြန်ယူလိုက်​တော့။ ပစ္စည်း​တွေ​ရော၊ ​ဆေး​တွေ​ရော ထပ်ထည့်ကြမယ်။ တစ်ခု​တော့ရှိတယ်​နော်။ ငါတို့နှစ်​​ယောက်တည်းကအဆင်မ​ပြေဘူး။ ငါ ​နောက်ထပ် သုံး​နေရာ​လောက်​ဆေးခန်းထိုင်ချင်​သေးတယ်။ weekends ကိုလည်း ပရဟိတအဖွဲ့​တွေနဲ့ join ဖို့ ဖယ်ထားရမှာ"

"အဲ့အတွက်မပူနဲ့။ လူထပ်တိုးဖို့ ကမ်းလှမ်းထားပြီးသား။ စန္ဒာ​​​ဇော်ဝင်းက ​ဒေသန္တရကပြန်ရင် ​နေ့လယ်တစ်ပိုင်း တစ်ပတ်သုံးရက်ထိုင်​ပေးလိမ့်မယ်။ စီနီယာတန်းက အစ်ကိုတစ်​ယောက်၊ အစ်မတစ်​ယောက်လည်း ထပ်ဖြည့်ထားတယ်။ ​အေး​ဆေးပဲ။ မင်းလည်း​လောဘ​တွေကြီးလာတာ​နော်။ ငါ့​ဆေးခန်းကဝင်​ငွေ​ကောင်းပါတယ်ဟ။ မင်းအပြင်မှာထပ်ထိုင်စရာမလိုပါဘူး။ ပြီး​တော့ အခုက ဒီတိုက်တစ်ဝက် မင်းပိုင်ပြီပဲကို။ ဝင်​ငွေကလည်း လစာမဟုတ်ဘူး။ မင်းနဲ့ငါ တစ်ဝက်စီပဲ​လေ"

"မိသားစုက ကြီးလာပြီ​လေ။ အလုပ်ကိုတိုးလုပ်မှ"

"အပိုမ​ပြောနဲ့။ မင်းအ​မေကုမ္ပဏီ ဘရဏီလက်လွှဲယူပြီးတည်းက Top list ဝင်​နေတာ။ ယောက်ဖက သင်္ဘသား။ မင်း ဂျပန်မှာရှာလာတာ​တွေလည်းအထုပ်အထည်နဲ့ကို။ အလုပ်မလုပ်ဘဲ​နေရင်​တောင် စားမကုန်​သေးဘူး။ ဘရဏီဆိုမှ မဗိုက်ရဲ့ တတိယက​လေးက ဘာ​လေးတဲ့လဲ"

"မိန်းက​လေးလို့​ပြောတယ်"

"အ​ပေါ်ကအစ်ကိုနှစ်​ယောက်နဲ့ ညီမ​တစ်​ယောက်။ ဒုတိယ၊ တတိယ​နေ​သော်​တွေနဲ့ ဒုတိယဘရဏီ​တွေဖြစ်လာမှာ မြင်​ယောင်တယ်"

"ဘာ​တွေ မြင်တာလဲ"

"ဖြိုး​လေး!"

ကား​သော့ကို လက်ညိုးမှာလှည့်ပြီးဝင်လာတဲ့ ဖြိုး​လေးက အရင်​လို ပိန်ရှည်ရှည်မဟုတ်​တော့​ပေမယ့် မျက်နှာအမူအရာက လူငယ်ဆန်​နေတုန်း။ ကျွန်​တော်တို့အဖွဲ့ထဲ ချွန်ထွက်ပြီး စီးပွား​ရေးပညာရှင်ဖြစ်သွားတဲ့ ဖြိုး​လေးက အားလုံးထက်ပိုပြီး ကြွရွ​နေသည်။ ကျွန်​တော်တို့လို စတိုင်ပန်​နဲ့ ရှပ်ကိုကြယ်သီးအပြည့်တပ်ဝတ်ထားတာမျိုးမဟုတ်ဘဲ sweat shirts ​ပေါ်မှာ ဂျင်းကုတ်နဲ့ ripped ဂျင်း​ဘောင်းဘီမှာ ပလက်တီချိန်းကြိုးကတပ်ထား​သေးသည်။ ဖြိုး​လေးဝင်လာတဲ့ ကျွန်​တော်တို့ အဝန်းအဝိုင်းက လွန်ခဲ့တဲ့နှစ်​တွေကိုပင် ပြန်​ရောက်သွား​စေသလိုလို။

"ဘရဏီ့ဗိုက်အ​ကြောင်း​​ပြောနေတာ"

"​အေး! ​နေ​သော့်ယောက်ဖက ​ရေလည်စွမ်းတယ်​နော်။ သူတို့ယူတာပဲ ၆နှစ်အတွင်းကို က​လေးက ၂​ယောက်နဲ့တစ်ဗိုက်။ ဒါ​ပေမယ့် နှ​မြောစရာပဲ ​နောက်ဆို သူ့ရဲ့စံချိန်ကို ငါချိုးပစ်​တော့မှာ။ တစ်နှစ်ကိုတစ်​ယောက်နှုန်းနဲ့ အားမကုန်မချင်း​မွေးပစ်မယ်"

"နင် ဗိုက်ကြီးနိုင်ရင် နင့်ဘာသာနင်​မွေး"

ဝင်လာတဲ့ စန္ဒာ​ဇော်ဝင်းလက်ထဲမှာ ​ရွှေအို​ရောင်ဖိတ်စာကဒ်​တွေနဲ့ဖြစ်၏။

"သဲက ​မောင့်ကို ​ပြောရက်တာလား"

"ဒီ့ထက်​တောင်​ပြောရက်​သေးတယ်။ ​ယောက်ျားတစ်​ယောက်ယူဖို့အ​ရေးကို ဘာမှ မျက်နှာလွှဲထားလို့မရဘူး။ ဘာလုပ်လုပ် ငါမပါရင် မပြီးဘူး။ ဒီအပတ် ​ကျောင်းကျန်းမာ​ရေးကွင်းဆင်းဖို့​တွေရှိပါတယ်ဆိုမှ ဖိတ်စာကိစ္စ​လေး​တောင် ကိုယ့်ဘာသာမလုပ်နိုင်တာ က​လေး​တွေသာထွက်လာရင် ​တွေး​တောင်မ​တွေးရဲဘူး"

စန္ဒာ​ဇော်ဝင်း တင်းမာနေသ​လောက် ဖြိုး​လေးမျက်နှာကချိုအီ​နေသည်။ စိတ်​ကောက်​နေတဲ့သူကိုမှ လက်ဖဝါး​တွေကသွားသွားဆွဲပြီး ထုရိုက်​တော့လည်း တဟားဟား​အော်ရယ်​နေ၏။ အစအ​နောက်သန်​ပေမယ့် စန္ဒာ​ဇော်ဝင်းနဲ့မှ ​ခြေငြိမ်သွားတဲ့ဖြိုး​လေးကို ဒီသူငယ်ချင်းမကလည်း အ​ပေါ်ယံစိတ်ဆိုးပြ​နေတာ​တွေသိသာ၏။ ပြီး​တော့လည်း သူတို့ပဲ ​ခေါင်းချင်းဆိုင်ပြီး ဖိတ်စာ​ဝေမယ့်လူစာရင်းကို ​ဆွေး​နွေး​နေပြန်သည်။ ရဲဘုန်းက မျက်နှာမဲ့မဲ့နဲ့သက်ပြင်းမှုတ်သည်။ အချစ်ငှက်နှစ်​ကောင်ကို မျက်နှာလွှဲလိုက်ရတဲ့ကျွန်​တော့်ရင်လည်း ခါးသက်သက်နဲ့။

"သဘက်ခါကို မင်္ဂလာဝတ်စုံတိုင်း​တော့မယ်။ နင်တို့နှစ်​ယောက်လိုက်ခဲ့​နော်"

"ဘာလုပ်ဖို့လဲ"

ရဲဘုန်းပုံစံက ထိန်လန့်သွားဟန်။

"သတို့သားအရံလုပ်​ပေး​လေ။ နင်တို့အတွက်ပါ ဝတ်စုံကိုယ်တိုင်းယူဖို့"

"အာ...စိတ်အိုက်တယ်ဟာ မလုပ်ချင်ဘူး။ ​ဆေးခန်းကို ​နေ​သော်လည်းရှယ်ယာပါလိုက်ပြီမို့လို့ ပစ္စည်း​တွေထည့်ဖို့​ရော အလုပ်ကရှုပ်​တော့မှာ။ အဲ့ဘက်ကို အာရုံစိုက်လို့ရမှာမဟုတ်ဘူး"

"ဟာ! နင်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ​နေ​သော် နင်​ပြောဦး​လေ"

"​တခြားဟာ ဘာကူညီ​ပေးလို့ရတာရှိမလဲ။ ရှိရင် ငါနဲ့ရဲဘုန်း လုပ်​ပေးပါ့မယ်"

"နင်တို့ကလည်းဟာ။ ဘာမှမလိုဘူး။ သတို့သားအရန်လုပ်ဖို့ပါပဲဆို။ ငါစိတ်မ​ကောင်းဖြစ်​အောင်"

"သူ သ​ဘောကျမှာမဟုတ်ဘူး စန္ဒာ။ ငါလုပ်မယ်ဆိုရင် ဘာမှ​ပြောမှာမဟုတ်​ပေမယ့် သူ စိတ်မ​ကောင်းဖြစ်​နေရမှာမျိုး ငါမလုပ်ချင်ဘူး"

"အမယ်​လေး အမယ်​လေး! ခုထိ ရည်းစားဘဝက မကျွတ်​သေးတာ​တောင် မဏ္ဍပ်တိုင်​တွေချက်ပြချက်ပဲ။ ​တော်ပြီ မလုပ်နဲ့​တော့။ တခြားလူပဲရှာ​တော့မယ်"

"သဲကို ​မောင်​ပြောပါတယ်"

"သဲမှားတာ ​မောင်ရယ်"

ရဲဘုန်းလက်ထဲက ကူရှင် ဖြိုး​​လေးမျက်နှာဆီမိတ်ဆက်​တော့ ရဲဘုန်း​ဆေးခန်းက ရယ်သံ​တွေနဲ့နုပျိုသွားပြန်၏။

"ဖြိုး​လေး ငါ့ကို ကားတစ်စီး​ဝယ်ဖို့ စီစဥ်​​ပေးဦး"

"​အေး။ မင်းအခု နား​နေတုန်းမလား။ ငါ အားတဲ့​နေ့ လာ​ခေါ်မယ်​လေ။ အရင်မင်းစီး​နေကျ အ​ပေါ့​လေး​တွေပဲလား"

"နည်းနည်းအကြမ်းခံမယ့် အမြင့်ထဲကရှာ​ပေးကွာ။ ငယ်ငယ်တုန်းကလို အလှ​လေး​တွေ စီးလို့အဆင်မ​ပြေ​တော့ဘူး။ ခဏခဏလည်း မလဲနိုင်ဘူး"

"အင်း။ ငါ showroom ကို ဖုန်းဆက်ထားလိုက်မယ်။ ဒါနဲ့ မင်းအ​မေ​တောင် ငါ့ကို ခြံရှာထားခိုင်း​သေးတယ်​နော်။ RC တစ်ထပ်တိုက်ပါရင် ပို​ကောင်းတယ်​ပြော​နေတာ။ မင်းတို့ အိမ်​ပြောင်း​တော့မလို့လား"

ဖြိုး​လေးစကားကို ကျွန်​တော်ပြန်မ​ဖြေနိုင်။ အခု ရန်ကင်းကကွန်ဒိုဆိုတာ ​ဒက်ဒီ​နောက်ဆုံး​ခေါင်းချသွားတဲ့​နေရာမို့ ဒီထက်​ကောင်းတဲ့​နေရာ​တွေဝယ်နိုင်တာ​တောင် မာမီက အိမ်မ​ပြောင်းခဲ့ဘဲ။ ညီမ​​လေးတို့လင်မ​ယားကလည်း မာမီ့ကိုမထားခဲ့ချင်တာမို့ အခုအခန်း​အောက်ကတစ်ထပ်ကိုဝယ်လိုက်တာ တစ်နှစ်​တောင်မပြည့်​သေး။ ဖြိုး​လေးကို ခြံရှာခိုင်းတယ်ဆိုပြီး ကျွန်​တော်လည်း မသိရ။ မာမီ ဘာ​တွေလုပ်​နေတာလဲ။

####################

September 3.2021.(Friday)

🌻🌻🌻

Osaka, Japan.

အိုဆာကာၿမိဳ႕ရဲ႕အပူခ်ိန္ သုညဒီဂရီ​ေအာက္မွာ ကြၽန္​ေတာ့္​​ေျခေထာက္က sneaker ႏွင္းထုထဲျမႇဳပ္ခ်င္​ေနသည္။ ကြၽန္​ေတာ့္အခန္းကပ္လ်က္က အိႏၵိယႏိုင္ငံသားအတန္း​ေဖာ္ ဖိတ္​ေခၚမႈနဲ႔ ည​ေနစာကို ဂ်ပန္​ေခါက္ဆြဲစားျဖစ္ၾကသည္။ ကံ​ေကာင္းခ်င္​ေတာ့ ဒီတစ္​ေခါက္ကြၽန္​ေတာ္ တက္ျဖစ္တဲ့မဟာတန္းအပတ္စဥ္မွာ အာရွႏိုင္ငံသား​ေတြမ်ားသည္။ ယဥ္​ေက်းမႈနီးစပ္ၿပီး ​ေရ​ေျမအ​ေနအထားႀကီးႀကီးမားမားမကြာျခားတဲ့ ဒီအိႏၵိယႏိုင္ငံသားနဲ႔က​ေတာ့ အတြဲျဖစ္ဆုံးပင္။

ကြၽန္​ေတာ့္ရဲ႕ ပင္လယ္ခ်စ္ျမတ္ႏိုးသူ​ေၾကာင့္ ​​​ေရကမာၻမွာ​ေပ်ာ္ျမဴးတဲ့အ​ေကာင္ငယ္​ေတြမစားျဖစ္တာကစလို႔ ဒီအပူပိုင္း​ေဒသကသူငယ္ခ်င္းနဲ႔ ကြၽန္​ေတာ္တြဲဖက္ညီျဖစ္ၾကျခင္း။ ႏွစ္သစ္ႀကိဳတဲ့ ဒီ New Year Night ​ေတာင္ အိမ္မျပန္ျဖစ္တဲ့အာရွသား​ေတြစုၿပီး အိုဆာကာရဲ႕နာမည္ႀကီးဆူရွီဆိုင္သြားဖို႔ အစီအစဥ္မွာ ကြၽန္​ေတာ္တို႔ႏွစ္​ေယာက္ပဲ ​ေနာက္ခ်န္​ေနခဲ့ျခင္းျဖစ္၏။

အ​ေဆာင္က​ေန မိနစ္ ၂၀လမ္း​ေလွ်ာက္ရသည့္ ဂ်ပန္႐ိုးရာ​ေခါက္ဆြဲဆိုင္မွာ ၾကက္သားမွ်င္​ေပါ​ေပါနဲ႔အလုံးတုတ္တုတ္ ​ေခါက္ဆြဲ​ေတြ အဝတီးပစ္လိုက္တာ တစ္​ေယာက္ကိုႏွစ္ပြဲ။ ​ေရာင္စုံမီးတို႔ႏွင့္အလွဆင္ထားသည့္ အိုဆာကာညခင္းက ႏွစ္သစ္ကိုႀကိဳဆိုဖို႔အသင့္ျဖစ္​ေန​ေလၿပီ။ ​ဒီဇင္ဘာရဲ႕ သကၤ​တႏွင္းပြင့္၊ ေဆာင္းရာသီကိုအလွဆင္သည့္ ​ေရာင္စုံမီးခက္မ်ားႏွင့္ လမ္းမထက္ သြားလာ​ေနၾကသူတို႔ရဲ႕ အဝတ္အစားထူထူနဲ႔မာဖလာ​ေထြး​ေထြးတို႔က သဘာဝကိုလွပ​ေစဖို႔ လုံ​ေလာက္​၏။

အ​ေဆာင္နဲ႔​တက္​ေန​ေက်ာင္းကပ္လ်က္ျဖစ္တာမို႔ Osaka Dental University ​ေရွ႕က အဆာ​ေျပစာဆိုင္ကို​ေရာက္​ေတာ့ ဂ်ပန္ႏိုင္ငံရဲ႕အ​ေက်ာ္ၾကားဆုံး ဆန္မုန္႔နဲ႔ လက္ဖက္ရည္ၾကမ္း​ေမႊး​ေမႊးကို အခ်ိဳတည္းျဖစ္သည္။ ​ေက်ာင္းတက္ရတဲ့ပုံမွန္ဖြင့္ရက္​ေတြဆို ​ေရညႇိထမင္းလိပ္​ေတြ၊ အသားျပား​ေၾကာ္​ေတြနဲ႔သာ ျဖတ္သန္းရတာမို႔ ဒီတစ္ည​ေန​​ေတာ့ အညိဳစင္သူငယ္ခ်င္းနဲ႔အတူ အစာအိမ္ကို အလိုလိုက္ျဖစ္သြား၏။ ၾကာပန္းပုံလက္ဖက္ရည္ၾကမ္းခြက္အစိမ္းရင့္ကို ​ေမာ့ခ်တိုင္း အၾကမ္းရည္​ေသာက္တတ္သူကို သတိရစိတ္က ဝဲဘတ္ရင္ကို လႈပ္ရွား​ေစသည္။

ခ်ယ္ရီပင္​ေတြ​ေပၚ ​ေဖးတင္​ေနတဲ့ ႏွင္းခဲျဖဴတို႔က ကြၽန္​ေတာ့္ရင္မွာတည္​ေနတဲ့ ခ်စ္သူကိုတမ္းတျခင္း​ေတြလို အရည္​ေပ်ာ္မက်ႏိုင္။ ျပင္းျပင္းပ်ပ်လြမ္းလာတိုင္း ​ေသာက္သုံးမိတာ ခ်စ္သူႀကိဳက္တတ္တဲ့ အၾကမ္းရည္​ေတြ။

တစ္​ေယာက္အိပ္ခန္းျဖစ္​ေပမယ့္ ​တစ္​ေယာက္သုံး​ေရခဲ​ေသတၱာ၊ အဝတ္​ေလွ်ာ္စက္ပါတာမို႔ သီးသီးသန္႔သန္႔​ေနထိုင္လိုတဲ့ ကြၽန္​ေတာ္တို႔လိုလူ​ေတြအတြက္ အထူးအဆင္​ေျပသည္။ အ​ေဆာင္ျပန္​ေရာက္​တာနဲ႔ ​ေလွ်ာ္ရမယ့္အဝတ္​ေတြကို စက္ထဲထည့္၊ ည​ေရးညတာစားဖို႔ ​ေခါက္ဆြဲထုပ္၊ ထမင္းလိပ္နဲ႔၊ ဘာဂါ​ေတြကို ​ေရခဲ​ေသတၱာထဲ​ေနရာခ်​ေနတုန္း နာရီကို လွမ္းၾကည့္​ေတာ့ ၉နာရီထိုးခါနီး။ ည​ေနစာသြားစားမယ့္အေၾကာင္း​ေျပာထားလို႔မ်ား video call မ​ေခၚ​ေသးတာလား။ ပုံမွန္​ေတာ့ ႏွစ္နာရီနီးပါးျခားသည့္ ​ေရ​ေျမကြာဟခ်က္ေၾကာင့္ ဂ်ပန္စံ​ေတာ္ခ်ိန္ ၈နာရီ​ေက်ာ္​ေက်ာ္​ေလာက္ဆို Video Call သံဝင္လာ​ေနက်ျဖစ္သည္။

ကြၽန္​ေတာ္ စ​ေခၚ​ေတာ့လည္း Call က ​ေတာ္​ေတာ္နဲ႔ Accept မျဖစ္။ ​ေနာက္သုံးႀကိမ္တိတိ​ေခၚမွ ဝင္၏။ နံရံတစ္ျခမ္း​ေပၚက ေရာင္စုံ၊ ပုံသ႑ာန္စုံ ကမာၻ႔​ေျမပုံ​ေတြနဲ႔ သူ႔အခန္းကိုျမင္တိုင္း ကြၽန္​ေတာ္ သူ႔​ေဘးနားထိုင္​ေနရသလိုခံစားခ်က္မ်ိဳးဝင္သည္။

"အဟြတ္...ဟြတ္"

"ဇာမဏိ! ​ေနမ​ေကာင္းဘူးလား"

"​ေကာင္းတယ္ အစ္ကို"

အသံက အက္ကြဲ​ကြဲ။ အိပ္ရာကထလာပုံရတဲ့ ဆံပင္တို႔က ထိုးထိုး​ေထာင္​ေထာင္။ မပြင့္တဲ့မ်က္လုံး​ေတြကိုပြတ္သပ္​ေနတာမို႔ ​ေခ်ာင္က်​ေနတဲ့မ်က္ႏွာက သိသာ၏။ ​​​ကြၽန္​ေတာ့္ရင္က ​ေရ​ခဲ​ေရနဲ႔အပက္ခံရသလို ထုံက်ဥ္သြားသည္။ ကြၽန္​ေတာ္ ထြက္လာတာ ႏွစ္ဝက္ရွိၿပီျဖစ္​ေပမယ့္ ခ်စ္သူက ကြၽန္​ေတာ္နဲ႔​​ေဝးကြာရျခင္းကို အသားမက်ႏိုင္​ေသး။

"ဘာမွ မ​ေကာင္းဘူး။ ရာသီဥတု ဒီ​ေလာက္​ေအး​ေနတာကို ​မနက္အ​ေစာႀကီး ေရသြားကူးၿပီး အ​ေအးပက္တယ္ ကို​ေန​ေသာ္"

"အ​ေဆာင္း!"

အခန္းထဲ ဗန္းကိုင္ၿပီးဝင္လာတဲ့အ​ေဆာင္းကို ​ေလသံမာမာနဲ႔လွမ္းဟန္႔သည္။

"ဘာမွ ​ေဆာင္း​ေတြ​ေႏြ​ေတြ လာမ​​ေအာ္ခဲ့နဲ႔။ ​ေဆးထိုး ​ေဆး​ေသာက္​ေၾကာက္ရတဲ့ၾကားက အ​ေနအထိုင္ကမဟုတ္ပါဘူး ကို​ေန​ေသာ္ရယ္။ ​ေက်ာင္းမသြားနဲ႔ဆိုလည္းသြားတယ္။ ဟိုရက္က IELTS စာ​ေမးပြဲေျဖၿပီးတည္းက သူအားနည္း​ေနတာ။ အစားစားတာလည္း အားကိုမရဘူး"

"႐ိုက္ထုတ္ရမလား။ ကိုယ့္​ေျခ​ေထာက္နဲ႔ ကိုယ္ထြက္မလား"

"သြားပါၿပီ။ နင့္လို လူ႔ဂြစာနဲ႔လည္း ​ေျပာခ်င္မ​ေနဘူး။ အဲ့မွာ ၾကာဆန္ျပဳတ္ကိုကုန္​ေအာင္ၿမိဳၿပီး ​ေဆး​ေသာက္"

အခန္းတံခါးကိုပါ​ေဆာင့္ပိတ္ထြက္သြားတဲ့ အ​ေဆာင္းနဲ႔အတူ ကြၽန္​ေတာ့္သက္ျပင္းရွည္က အခန္းထဲျပည့္သြားရ၏။ ကြၽန္​ေတာ္ မ်က္ႏွာညိဳး​​ေတာ့ သူပဲ ျပာျပာသလဲျဖစ္ျပန္သည္။

"မိန္းက​ေလး​ေတြက အဲ့လိုပဲ အစ္ကိုသိသားနဲ႔။ စိတ္ပူၿပီး ​ေလွ်ာက္​ေျပာ​ေနတာ။ ကြၽန္​ေတာ္ တကယ္ က်န္းမာတယ္။ စာ​ေမးပြဲ​ေၾကာင့္ ပင္ပန္းတာနဲ႔၊ အခုက Final ဆို​ေတာ့ နည္းနည္းလည္းစိတ္ဖိစီး​ေနလို႔ပါ""

စာနဲ႔ပတ္သက္ရင္ အယုံၾကည္ရဆုံး သူလိုလူက စာ​ေၾကာင့္စိတ္ဖိစီး​ေနတယ္ဆိုတဲ့ဆင္ျခင္နဲ႔ ကြၽန္​ေတာ့္ကိုအယုံသြင္းခ်င္​ေနသည္။ ဘဝမွာ ငိုခ်င္တာမဟုတ္ဘဲ ႏြမ္းလ်ရျခင္း​ေတြက သူနဲ႔မွ။ ကြၽန္​ေတာ့္ကို အၿမဲစိတ္ခ်မ္းသာ​ေစခ်င္သူက ကြၽန္​ေတာ့္​ေရွ႕မွာ အဆင္​ေျပခ်င္​ေယာင္​ေဆာင္​ေနတာ​ေတြကို ကြၽန္​ေတာ္ ဘယ္လိုစိတ္နဲ႔ထိုင္ၾကည့္​ေနရမလဲ။

သူလည္း အဆင္​ေျပ​ေအာင္​ေနရင္းနဲ႔ကို အခန္႔မသင့္ဘဲနာဖ်ားရတာ ကြၽန္​ေတာ္သိသည္။ တမင္ညႇင္းဆဲတာမဟုတ္ဘဲ သူ႔​ေန႔စဥ္ဘဝ က​ေမာက္ကမ ျဖစ္​ေနရျခင္း။ ကြၽန္​ေတာ့္နည္းတူ မ်က္ရည္​ေတြဝိုင္းလာသူကို ကြၽန္​ေတာ္ ​ေလျပည္​ေလးနဲ႔မ​ေျပာႏိုင္​ေတာ့။ ဒါက သူသာျမင္ခြင့္ရွိတဲ့ ကြၽန္​ေတာ့္ရဲ႕အားနည္းတဲ့ တစ္ျခမ္းပဲျဖစ္ရမည္။

"ကိုယ္ ျပန္လာ​ေတာ့မယ္"

"အဲ့လိုမလုပ္ပါနဲ႔။ ကြၽန္​ေတာ္ ​ေန​ေကာင္း​ေအာင္​ေနပါ့မယ္ အစ္ကို႔ရဲ႕"

"ဘယ္လို​ေနမွာလဲ"

"အစားစားၿပီး ​ေဆး​ေသာက္ပါ့မယ္"

"ဒါဆို ကိုယ္​ေရွ႕မွာစား"

"စားၿပီ၊ စားၿပီ။ ၾကာဆန္ကပူပူ​ေလး။ ​ေသာက္လို႔​ေကာင္းတယ္။ အစ္ကိုျပဳတ္​ေကြၽးတဲ့ စပိုက္ဇီအနက္​ေရာင္ထုပ္​ေလး​ေတာင္ သတိရတယ္"

"မင္းစားခ်င္ရင္ ​ေဒၚ​ေဒၚ​ေမသက္ကို လွမ္းျပဳတ္ခိုင္းလိုက္မယ္​ေလ"

"အာ...မလုပ္နဲ႔။ အဲဒါက အစ္ကိုျပဳတ္​ေကြၽးမွ စားခ်င္တာ"

"ဒီၾကားထဲ စားခ်င္တာ​ေတြရွိရင္ list လုပ္ထားလိုက္။ ကိုယ္ျပန္လာရင္ ခ်က္​ေကြၽးမယ္​"

အရသာ မည္​ေ႐ြ႕မည္ပုံ​ရွိသည္ကို သိမိရဲ႕လားမသိ​ေတာ့။ ​ၾကာဆန္​ေတြကို ပါးစပ္ထဲသြင္းၿပီး ပန္းကန္လိုက္ အရည္​ေတြ​ေမာ့ခ်သည္။ ​

"​ေဆး​ေသာက္ၿပီ​ေနာ္"

သူ႔ကုတင္​ေခါင္းရင္းမွာ ခ်စ္သူသက္တမ္းတစ္ႏွစ္ျပည့္တုန္းက သူလုပ္​ေပးထားတဲ့ ကြၽန္​ေတာ့္ပုံ႐ိုက္ထားသည့္ ​ေခါင္းအုံး​ေလး။ ​ေဒၚ​ေဒၚ​ေမသက္ကို ဆင္တူ ဇာအစြပ္ခ်ဳပ္ခိုင္းၿပီး ​ထည့္ထားတာမို႔ အခုထိ အသစ္အတိုင္းပင္။ ​ကြၽန္​​ေတာ့္​ေခါင္းရင္းက သူ႔ပုံ​ေခါင္းအုံး​ေလးကို လွမ္းယူၿပီး ကြၽန္​ေတာ္ ရင္ခြင္ထဲထည့္လိုက္သည္။

"​အစ္ကို ဒါ​ေလးမွတ္မိလား"

စာၾကည့္စားပြဲအံဆြဲထဲက ဆြဲထုတ္ျပသည့္ ဝက္႐ုပ္ပလာစတာ​။ "ဝက္သားကစား​ေကာင္းတယ္​ေလ" ဆိုတဲ့အ​ေျပာနဲ႔ သူ႔ပုံရိပ္က ကြၽန္​ေတာ့္အတိတ္မွာ ထင္ရွား​ေနတုန္း။ သူ​ေရာကြၽန္​ေတာ္ပါ ၿပဳံးမိၾက၏။ သူလည္း ​ေစာင္တစ္ဝက္ၿခဳံလို႔ ကုတင္မွာမွီရင္း ကြၽန္​ေတာ့္ပုံ​ေခါင္းအုံး​ေလးကို ပိုက္ထားသည္။

"​ကြၽန္​ေတာ္ အစ္ကို႔နားပဲ​ေနခ်င္တာက အဲ့အခ်ိန္​ေတြထဲက ​ေသခ်ာ​ေနခဲ့တာ ။ ပဲခူးမွာ အစ္ကိုနဲ႔နားလည္မႈလြဲ​ေတာ့ ကြၽန္​ေတာ္ အစ္ကို႔ကို အရမ္းဖက္ထား​ေပးခ်င္ခဲ့တာ။ အစ္ကို စိတ္ဆိုးတာ ကြၽန္​ေတာ့္ကိုမဟုတ္ဘူးဆိုတာ ကြၽန္​ေတာ္ သိ​တယ္။ ကြၽန္​ေတာ့္​ေဘး အစ္ကိုရွိေနတာနဲ႔၊ ကြၽန္​ေတာ္ အစ္ကို႔ကို ျမင္​ေနရတာနဲ႔တင္ ရင္ထဲမွာျပည့္လာတာ။ ဘဝအ​ေၾကာင္း​ေတြးလိုက္ရင္ အစ္ကို႔ကိုဖယ္ထားလို႔မရ​ေတာ့တဲ့အထိပဲ။ အရမ္းခ်စ္တတ္တဲ့ အစ္ကို႔ကို ဒီ​ေကာင္က အရမ္းခ်စ္​ေပးခ်င္​ေနတာ။ တားမရဆီးမရ။ ထိန္းမႏိုင္သိမ္းမရ"

ႏႈတ္နည္းတဲ့ ခ်စ္သူဆီက ဖြင့္ဟဝန္ခံမႈ။ တစ္စစီျပန္ထြက္က်လာတဲ့ ကြၽန္​ေတာ္တို႔ႏွစ္​ေယာက္ရဲ႕အတိတ္ထဲမွာလည္း သူ ကြၽန္​ေတာ့္ကိုၾကင္နာတာ ကြၽန္​ေတာ္ခံစားမိသည္။ ရင္ခုန္ျခင္းက ကြၽန္​ေတာ့္ႏႈတ္ခမ္း​ေတြလႈပ္ရွားဖို႔ တြန္းအားျဖစ္​ေစ​ေတာ့ ကြၽန္​ေတာ္လည္း သူ႔ကို...

"တစ္​ေယာက္​ေယာက္ရဲ႕တည္ရွိမႈကို သ​ေဘာက်မိ​ေနတဲ့အခ်ိန္မွာ​ မင္း​ေရာက္လာ​ေတာ့ ကိုယ္က ကိုယ္မဟုတ္​ေတာ့သလိုပဲ။ ရန္ကုန္နဲ႔လိုက္​ေလ်ာညီ​ေထြမျဖစ္​ေသးတဲ့မင္းကို ဘယ္လိုမွ​ေမ့​ထားလို႔မရဘူး။ ကိုယ့္ကိုကိုယ္ ကာကြယ္ခ်င္တာနဲ႔ မင္းကိုစိတ္နာရ​ေအာင္​ေတြ ​ေျပာခဲ့မိတာ။ တကယ္တမ္း မင္းကိုလုံးဝျမင္​ခြင့္မရွိေတာ့ဘူးလို႔ ​စဥ္းစားမိရင္ မနက္ျဖန္​ေတြကို​ေတြးလို႔မရ​ေတာ့ဘူး။ မင္း ကိုယ့္အနားရွိ​ေနရင္ လြတ္လပ္ၿပီး​ေတာ့ အရာရာ လုံၿခဳံ​ေနသလိုမ်ိဳး ခံစားရတယ္။ ​မင္း​ေၾကာင့္ ​ေသ​ေသခ်ာခ်ာသိသြားတာ။ သ​ေဘာက်တာနဲ႔ အခ်စ္ရဲ႕ကြာျခားခ်က္ကို"

အတူတူရွိတုန္းက မ​ေျပာျဖစ္ခဲ့တဲ့စကား​ေတြ။ ​တစ္ခါတစ္​ေလ​ေတာ့ ပိုနီးစပ္ဖို႔ ​ေဝးကြာရျခင္း​ေနလိမ့္မည္။

ကြၽန္​ေတာ္တို႔ ပိုခ်စ္ဖို႔ ပိုလြမ္း​ေနရတာမ်ိဳး။

​ေဝးကြာျခင္းက ခ်စ္သူကိုခ်စ္တတ္ဖို႔ ဘဝက​ေပးတဲ့သင္ခန္းစာ။ ခ်စ္ျခင္းေမတၱာ​ဆိုတာ အကြာအ​ေဝး​နယ္နိမိတ္​ေတြကို ျဖတ္​ေတာက္ပစ္ႏိုင္သည့္ အစြမ္းထက္ သ႑ာန္မဲ့လက္နက္ျဖစ္လိမ့္မည္။ အျပန္အလွန္ဖြင့္ထုတ္ျပသမိတဲ့ ခ်စ္ျခင္း​ေတြက ႏွလုံးသားထဲ ဆြတ္ပ်ံ႕ၾကည္ႏူးစြာနဲ႔ ​ေပ်ာ္ဝင္သြားၾကသည္။ အၿပဳံး​ေဖ်ာ့​ေဖ်ာ့ကို​ေငး​ေနရတဲ့အခိုက္အတန္႔​ေလးၾကာရွည္​ေနဖို႔ ပိုင္ဆိုင္သမွ်အရာအားလုံးနဲ႔ လဲလွယ္ပစ္ခ်င္စိတ္ ျဖစ္မိသည္အထိ။

"ကြၽန္​ေတာ့္အစ္ကိုက ဂ်ပန္နဲ႔တည့္ပုံပဲ။ ဂ်ပန္​ေရာက္မွ အသား​ေတြပိုျဖဴၿပီး ၾကည္​ေနတယ္"

"မင္း ခ်စ္​ေပး​ေနလို႔လည္းပါတယ္"

"ဟာဗ်ာ! အစ္ကို​ေနာ္၊ အစ္ကို။ အစ္ကို ကြၽန္​ေတာ့္ကို ထိန္းခ်ဳပ္ႏိုင္စြမ္း ​ေကာင္းတယ္လို႔ထင္​ေနတာလား"

"မထင္ပါဘူး"

အခုမွ ၾကည္ၾကည္လင္လင္ျဖစ္လာတဲ့မ်က္ႏွာက ညအိပ္မီးသာဖြင့္ထားတဲ့အခန္းထဲလန္းဆန္း​ေနသည္။

"​ေဆးလည္း​ေသာက္ထား​ေတာ့ ဒီည​ေစာ​ေစာအိပ္​​ေနာ္။ သန္း​ေခါင္​ေက်ာ္ထိ မ​ေနနဲ႔​ေတာ့။ Happy 2 years Anniversary ကိုယ့္​ေကာင္​​ေလး"

"ကြၽန္​ေတာ့္အခ်စ္​ေတြ အစ္ကိုသြားရာလမ္း​ေဘးကင္းဖို႔ အ​ေထာက္အပံ့​ေကာင္းျဖစ္ပါ​ေစ။ ခ်စ္တယ္ ကြၽန္​ေတာ့္အစ္ကို"

သူ႔ဆု​ေတာင္းမွာ ကြၽန္​ေတာ့္ရင္ထဲပိုက္ထားမိတဲ့​ေခါင္းအုံးကို ပိုတင္း​ေအာင္ဖက္လိုက္မိသည္။ သူလည္း ကြၽန္​ေတာ့္နည္းတူ။ ထိ​ေတြ႕ခြင့္မရ​ေပမယ့္ ​ေႏြး​ေနတဲ့ သူ႔အ​ေငြ႕အသက္​ေတြက ကြၽန္​ေတာ့္ႏွလုံးသားကို လႊမ္းၿခဳံထားဆဲ။ ကြၽန္​ေတာ့္ဘဝရဲ႕ ​ေကာင္းခ်ီးမဂၤလာက screen တစ္ခ်ပ္အျခားမွာ။ အၾကင္နာ​ေတြ ကင္းၿပီး ​ေႏြး​ေထြးမႈမဲ့တဲ့ ကြၽန္​ေတာ္တို႔ရဲ႕ဒုတိယအခ်စ္သက္တမ္း။ ရင္ထဲက အလြမ္း​ေဝဒနာကို ဖယ္ရွားဖို႔ နံရံမွာ​ေထာင္ထားတဲ့ ဂစ္တာကို လွမ္းဆြဲလိုက္ရသည္။

"ဒီႏွစ္အတြက္ ကိုယ္ျပင္ထားတဲ့ လက္​ေဆာင္။ မတီးတာၾကာလို႔ ​​ေကာင္းပါ့မလားမသိဘူး"

"​ကြၽန္​ေတာ့္အတြက္မို႔လို႔ ​အရမ္းေကာင္းမွာ"

ကြၽန္​ေတာ့္ႏႈတ္ခမ္း​ေတြ သူ႔​ေၾကာင့္ ​ေပ်ာ္႐ႊင္ျခင္းကင္းရတဲ့ေန႔ဆိုတာမရွိ။ တကယ္လည္း ဟုတ္သည္။ ဒါကို ဒီ​ေန႔မွာ တီးျပဖို႔ ကြၽန္​ေတာ္ ​တစ္လအႀကိဳ​ေလာက္တည္းက ​ေလ့က်င့္ထားတာျဖစ္သည္။ အခန္းမီးကိုပိတ္ၿပီး စာၾကည့္မီးအိမ္​ေလးကို ဖြင့္လိုက္တဲ့ လႈပ္ရွားမႈ​ေတြကိုတစ္ဖက္လူက မ်က္​ေတာင္မခတ္​ေငး၏။ သူ႔မ်က္ဝန္းက အလြမ္းဓါတ္​ေတြ ကြၽန္​ေတာ့္အလြမ္းနဲ႔ဓါတ္ျပဳ၏။

"ဆို​ေတာ့မယ္​ေနာ္"

​ေခါင္းအုံး​ေလးကို Laptop ​ေဘးတင္ၿပီး ဂစ္တာႀကိဳးကို ဖိလိုက္တဲ့လက္​ေခ်ာင္း​ေတြမွာ ကြၽန္​ေတာ့္ရင္ခုန္သံ​ေတြပါ ​ေပါင္းထည့္ထားမိ၏။

"What if we start to drive?
What if...?
What if we close our eyes?
What if...?
Speeding through red lights into paradise
Because we've no time for getting old
Mortal body, timeless souls
Cross your fingers, here we go

And when the lights start flashing like a photo booth
And the stars exploding
We'll be fireproof

My youth
My youth is yours
Tripping on skies, sipping waterfalls
My youth
My youth is yours
Runaway now and forevermore
My youth
My youth is yours
A truth so loud you can't ignore
My youth, my youth, my youth
My youth is yours"

​ေသာက္ထားတဲ့​ေဆးအရွိန္​ေတြ​ေၾကာင့္ ​အိပ္​ေပ်ာ္စျပဳ​ေနၿပီျဖစ္တဲ့ ကြၽန္​ေတာ့္ ေကာင္းခ်ီးမဂၤလာ။ screen ​ေပၚက​ေန ပြတ္သပ္မိတဲ့ သူ႔မ်က္ႏွာအစိတ္အပိုင္းမ်ား။

အခ်စ္ရဲ႕ဒုတိယ​ေျမာက္သက္တမ္းမွာ အလြမ္း​ေတြပြင့္ၿပီး အနမ္း​ေတြကင္း​ေနခဲ့သည္။ သူ႔​ေၾကာင့္ျဖစ္တဲ့ ရင္ခုန္သံက​ေတာ့ စစ္ႏိုင္ဘုရင္ရဲ႕ ​ေမာ္ႂကြားမႈလို ခမ္းနားႀကီးက်ယ္​ေနတုန္း...။

အိပ္​ေမာက်​ေနသူရဲ႕ မ်က္ႏွာကို ​ေစ့​ေစ့ၾကည့္ရင္း ဆိုမိသည့္အၾကင္နာဒီစကား...။

"ကိုယ္ မင္းကို အရမ္းခ်စ္တယ္"

Troye Sivan _ Youth

**********************************

5 years Later
Yangon, Myanmar.

"ဘယ္လိုလဲ မင္း စိတ္ဝင္စားတယ္ဆိုရင္ ငါ အ​ေဖ့ဆီက အျပတ္ျပန္ယူလိုက္​ေတာ့မယ္။ ​ေျပာရရင္ တစ္​ေယာက္တည္းအျပတ္ယူဖို႔က်​ေတာ့လည္း မႏိုင္ဘူး။ ပစၥည္း​ေတြကလည္း ထည့္ရ​ေသး​ေတာ့။ အ​ေဖ့အ​ေထာက္အပံ့ကလည္း လြတ္ခ်င္ၿပီကြာ"

အထပ္သုံးထပ္ရွိသည့္ ရဲဘုန္းရဲ႕​ေဆးခန္းကိုလွည့္ပတ္ၾကည့္​ေနတာ တစ္နာရီနီးပါးရွိ​ေတာ့မည္။ ကြၽန္​ေတာ္ ဂ်ပန္ထြက္သြားခ်ိန္မွာ ရဲဘုန္းက စကၤာပူဘက္​ေျခဆန္႔သြား၏။ ကြၽန္​ေတာ့္လိုပဲ ဟိုမွာမာစတာတန္းဆက္တက္ၿပီး ျပန္လာ​ေတာ့ ရန္ကုန္မွာ ကိုယ္ပိုင္​ေဆးခန္းဖြင့္လိုက္သည္။ ​ေျပာရရင္ ရဲဘုန္းနဲ႔ကြၽန္​ေတာ့္ရည္႐ြယ္ခ်က္က ရာခိုင္းႏႈန္းမ်ားမ်ား တူညီသည္။ ​ခိုင္မာတဲ့ သက္​ေမြးဝမ္း​ေၾကာင္းလုပ္ငန္းတစ္ခုတည္ထားၿပီး ဒီပညာမ​ေပါက္​ေရာက္တဲ့​ေဒသ​ေတြအတြက္ ပရဟိတအဖြဲ႕​ေတြနဲ႔ ခ်ိတ္ဆက္လုပ္​ေဆာင္ခ်င္တာမ်ိဳး။

ကြၽန္​ေတာ့္ထက္​ တစ္ႏွစ္​ေစာျပန္လာတဲ့ ရဲဘုန္း​ေဆးခန္းက ပုံမွန္လည္ပတ္ႏိုင္တဲ့အ​ေနအထား​ေရာက္​ေန​ေလၿပီ။ ဒါ​ေပမယ့္ ဒီလူပ်ိဳသူငယ္ခ်င္း ဇီဇာ​ေၾကာင္က ​အျပင္လူအဝင္မခံခ်င္ဘဲ ေဆးခန္းတစ္ခုလုံးကို တစ္​ေယာက္တည္းအားနဲ႔ရပ္တည္​​ေနသည္။ လြန္ခဲ့တဲ့တစ္လ ကြၽန္​ေတာ္ ျပန္လာတာ ၾကားၾကားခ်င္း ကြၽန္​ေတာ့္ဆီဦးဆုံး​ေရာက္လာတာသာၾကည့္။

"​ေက်ာင္းတက္ရတာ ႏွစ္ႏွစ္တည္း။ က်န္တဲ့သုံးႏွစ္လုံး အလုပ္​ေတြလုပ္ၿပီး မင္းပိုက္လာတဲ့အထုပ္ ဒီ​ေနရာမသုံးလို႔ ဘယ္​ေနရာသြားသုံးမလဲ။ ဘာလဲ ငါနဲ႔ မလုပ္ခ်င္လို႔လား"

"မဟုတ္ပါဘူးကြာ မင္းကလည္း။ ဘာ​ေတြလိုဦးမလဲ စဥ္းစား​ေနတာ။ ဒီတိုက္ကို မင္းအ​ေဖဆီကအျပတ္သာျပန္ယူလိုက္​ေတာ့။ ပစၥည္း​ေတြ​ေရာ၊ ​ေဆး​ေတြ​ေရာ ထပ္ထည့္ၾကမယ္။ တစ္ခု​ေတာ့ရွိတယ္​ေနာ္။ ငါတို႔ႏွစ္​​ေယာက္တည္းကအဆင္မ​ေျပဘူး။ ငါ ​ေနာက္ထပ္ သုံး​ေနရာ​ေလာက္​ေဆးခန္းထိုင္ခ်င္​ေသးတယ္။ weekends ကိုလည္း ပရဟိတအဖြဲ႕​ေတြနဲ႔ join ဖို႔ ဖယ္ထားရမွာ"

"အဲ့အတြက္မပူနဲ႔။ လူထပ္တိုးဖို႔ ကမ္းလွမ္းထားၿပီးသား။ စႏၵာ​​​ေဇာ္ဝင္းက ​ေဒသႏၲရကျပန္ရင္ ​ေန႔လယ္တစ္ပိုင္း တစ္ပတ္သုံးရက္ထိုင္​ေပးလိမ့္မယ္။ စီနီယာတန္းက အစ္ကိုတစ္​ေယာက္၊ အစ္မတစ္​ေယာက္လည္း ထပ္ျဖည့္ထားတယ္။ ​ေအး​ေဆးပဲ။ မင္းလည္း​ေလာဘ​ေတြႀကီးလာတာ​ေနာ္။ ငါ့​ေဆးခန္းကဝင္​ေငြ​ေကာင္းပါတယ္ဟ။ မင္းအျပင္မွာထပ္ထိုင္စရာမလိုပါဘူး။ ၿပီး​ေတာ့ အခုက ဒီတိုက္တစ္ဝက္ မင္းပိုင္ၿပီပဲကို။ ဝင္​ေငြကလည္း လစာမဟုတ္ဘူး။ မင္းနဲ႔ငါ တစ္ဝက္စီပဲ​ေလ"

"မိသားစုက ႀကီးလာၿပီ​ေလ။ အလုပ္ကိုတိုးလုပ္မွ"

"အပိုမ​ေျပာနဲ႔။ မင္းအ​ေမကုမၸဏီ ဘရဏီလက္လႊဲယူၿပီးတည္းက Top list ဝင္​ေနတာ။ ေယာက္ဖက သဘၤသား။ မင္း ဂ်ပန္မွာရွာလာတာ​ေတြလည္းအထုပ္အထည္နဲ႔ကို။ အလုပ္မလုပ္ဘဲ​ေနရင္​ေတာင္ စားမကုန္​ေသးဘူး။ ဘရဏီဆိုမွ မဗိုက္ရဲ႕ တတိယက​ေလးက ဘာ​ေလးတဲ့လဲ"

"မိန္းက​ေလးလို႔​ေျပာတယ္"

"အ​ေပၚကအစ္ကိုႏွစ္​ေယာက္နဲ႔ ညီမ​တစ္​ေယာက္။ ဒုတိယ၊ တတိယ​ေန​ေသာ္​ေတြနဲ႔ ဒုတိယဘရဏီ​ေတြျဖစ္လာမွာ ျမင္​ေယာင္တယ္"

"ဘာ​ေတြ ျမင္တာလဲ"

"ၿဖိဳး​ေလး!"

ကား​ေသာ့ကို လက္ညိဳးမွာလွည့္ၿပီးဝင္လာတဲ့ ၿဖိဳး​ေလးက အရင္​လို ပိန္ရွည္ရွည္မဟုတ္​ေတာ့​ေပမယ့္ မ်က္ႏွာအမူအရာက လူငယ္ဆန္​ေနတုန္း။ ကြၽန္​ေတာ္တို႔အဖြဲ႕ထဲ ခြၽန္ထြက္ၿပီး စီးပြား​ေရးပညာရွင္ျဖစ္သြားတဲ့ ၿဖိဳး​ေလးက အားလုံးထက္ပိုၿပီး ႂကြ႐ြ​ေနသည္။ ကြၽန္​ေတာ္တို႔လို စတိုင္ပန္​နဲ႔ ရွပ္ကိုၾကယ္သီးအျပည့္တပ္ဝတ္ထားတာမ်ိဳးမဟုတ္ဘဲ sweat shirts ​ေပၚမွာ ဂ်င္းကုတ္နဲ႔ ripped ဂ်င္း​ေဘာင္းဘီမွာ ပလက္တီခ်ိန္းႀကိဳးကတပ္ထား​ေသးသည္။ ၿဖိဳး​ေလးဝင္လာတဲ့ ကြၽန္​ေတာ္တို႔ အဝန္းအဝိုင္းက လြန္ခဲ့တဲ့ႏွစ္​ေတြကိုပင္ ျပန္​ေရာက္သြား​ေစသလိုလို။

"ဘရဏီ့ဗိုက္အ​ေၾကာင္း​​ေျပာေနတာ"

"​ေအး! ​ေန​ေသာ့္ေယာက္ဖက ​ေရလည္စြမ္းတယ္​ေနာ္။ သူတို႔ယူတာပဲ ၆ႏွစ္အတြင္းကို က​ေလးက ၂​ေယာက္နဲ႔တစ္ဗိုက္။ ဒါ​ေပမယ့္ ႏွ​ေျမာစရာပဲ ​ေနာက္ဆို သူ႔ရဲ႕စံခ်ိန္ကို ငါခ်ိဳးပစ္​ေတာ့မွာ။ တစ္ႏွစ္ကိုတစ္​ေယာက္ႏႈန္းနဲ႔ အားမကုန္မခ်င္း​ေမြးပစ္မယ္"

"နင္ ဗိုက္ႀကီးႏိုင္ရင္ နင့္ဘာသာနင္​ေမြး"

ဝင္လာတဲ့ စႏၵာ​ေဇာ္ဝင္းလက္ထဲမွာ ​ေ႐ႊအို​ေရာင္ဖိတ္စာကဒ္​ေတြနဲ႔ျဖစ္၏။

"သဲက ​ေမာင့္ကို ​ေျပာရက္တာလား"

"ဒီ့ထက္​ေတာင္​ေျပာရက္​ေသးတယ္။ ​ေယာက္်ားတစ္​ေယာက္ယူဖို႔အ​ေရးကို ဘာမွ မ်က္ႏွာလႊဲထားလို႔မရဘူး။ ဘာလုပ္လုပ္ ငါမပါရင္ မၿပီးဘူး။ ဒီအပတ္ ​ေက်ာင္းက်န္းမာ​ေရးကြင္းဆင္းဖို႔​ေတြရွိပါတယ္ဆိုမွ ဖိတ္စာကိစၥ​ေလး​ေတာင္ ကိုယ့္ဘာသာမလုပ္ႏိုင္တာ က​ေလး​ေတြသာထြက္လာရင္ ​ေတြး​ေတာင္မ​ေတြးရဲဘူး"

စႏၵာ​ေဇာ္ဝင္း တင္းမာေနသ​ေလာက္ ၿဖိဳး​ေလးမ်က္ႏွာကခ်ိဳအီ​ေနသည္။ စိတ္​ေကာက္​ေနတဲ့သူကိုမွ လက္ဖဝါး​ေတြကသြားသြားဆြဲၿပီး ထု႐ိုက္​ေတာ့လည္း တဟားဟား​ေအာ္ရယ္​ေန၏။ အစအ​ေနာက္သန္​ေပမယ့္ စႏၵာ​ေဇာ္ဝင္းနဲ႔မွ ​ေျခၿငိမ္သြားတဲ့ၿဖိဳး​ေလးကို ဒီသူငယ္ခ်င္းမကလည္း အ​ေပၚယံစိတ္ဆိုးျပ​ေနတာ​ေတြသိသာ၏။ ၿပီး​ေတာ့လည္း သူတို႔ပဲ ​ေခါင္းခ်င္းဆိုင္ၿပီး ဖိတ္စာ​ေဝမယ့္လူစာရင္းကို ​ေဆြး​ေႏြး​ေနျပန္သည္။ ရဲဘုန္းက မ်က္ႏွာမဲ့မဲ့နဲ႔သက္ျပင္းမႈတ္သည္။ အခ်စ္ငွက္ႏွစ္​ေကာင္ကို မ်က္ႏွာလႊဲလိုက္ရတဲ့ကြၽန္​ေတာ့္ရင္လည္း ခါးသက္သက္နဲ႔။

"သဘက္ခါကို မဂၤလာဝတ္စုံတိုင္း​ေတာ့မယ္။ နင္တို႔ႏွစ္​ေယာက္လိုက္ခဲ့​ေနာ္"

"ဘာလုပ္ဖို႔လဲ"

ရဲဘုန္းပုံစံက ထိန္လန္႔သြားဟန္။

"သတို႔သားအရံလုပ္​ေပး​ေလ။ နင္တို႔အတြက္ပါ ဝတ္စုံကိုယ္တိုင္းယူဖို႔"

"အာ...စိတ္အိုက္တယ္ဟာ မလုပ္ခ်င္ဘူး။ ​ေဆးခန္းကို ​ေန​ေသာ္လည္းရွယ္ယာပါလိုက္ၿပီမို႔လို႔ ပစၥည္း​ေတြထည့္ဖို႔​ေရာ အလုပ္ကရႈပ္​ေတာ့မွာ။ အဲ့ဘက္ကို အာ႐ုံစိုက္လို႔ရမွာမဟုတ္ဘူး"

"ဟာ! နင္တို႔မွ မလုပ္ရင္ ဘယ္သူလုပ္မွာလဲ။ ​ေန​ေသာ္ နင္​ေျပာဦး​ေလ"

"​တျခားဟာ ဘာကူညီ​ေပးလို႔ရတာရွိမလဲ။ ရွိရင္ ငါနဲ႔ရဲဘုန္း လုပ္​ေပးပါ့မယ္"

"နင္တို႔ကလည္းဟာ။ ဘာမွမလိုဘူး။ သတို႔သားအရန္လုပ္ဖို႔ပါပဲဆို။ ငါစိတ္မ​ေကာင္းျဖစ္​ေအာင္"

"သူ သ​ေဘာက်မွာမဟုတ္ဘူး စႏၵာ။ ငါလုပ္မယ္ဆိုရင္ ဘာမွ​ေျပာမွာမဟုတ္​ေပမယ့္ သူ စိတ္မ​ေကာင္းျဖစ္​ေနရမွာမ်ိဳး ငါမလုပ္ခ်င္ဘူး"

"အမယ္​ေလး အမယ္​ေလး! ခုထိ ရည္းစားဘဝက မကြၽတ္​ေသးတာ​ေတာင္ မ႑ပ္တိုင္​ေတြခ်က္ျပခ်က္ပဲ။ ​ေတာ္ၿပီ မလုပ္နဲ႔​ေတာ့။ တျခားလူပဲရွာ​ေတာ့မယ္"

"သဲကို ​ေမာင္​ေျပာပါတယ္"

"သဲမွားတာ ​ေမာင္ရယ္"

ရဲဘုန္းလက္ထဲက ကူရွင္ ၿဖိဳး​​ေလးမ်က္ႏွာဆီမိတ္ဆက္​ေတာ့ ရဲဘုန္း​ေဆးခန္းက ရယ္သံ​ေတြနဲ႔ႏုပ်ိဳသြားျပန္၏။

"ၿဖိဳး​ေလး ငါ့ကို ကားတစ္စီး​ဝယ္ဖို႔ စီစဥ္​​ေပးဦး"

"​ေအး။ မင္းအခု နား​ေနတုန္းမလား။ ငါ အားတဲ့​ေန႔ လာ​ေခၚမယ္​ေလ။ အရင္မင္းစီး​ေနက် အ​ေပါ့​ေလး​ေတြပဲလား"

"နည္းနည္းအၾကမ္းခံမယ့္ အျမင့္ထဲကရွာ​ေပးကြာ။ ငယ္ငယ္တုန္းကလို အလွ​ေလး​ေတြ စီးလို႔အဆင္မ​ေျပ​ေတာ့ဘူး။ ခဏခဏလည္း မလဲႏိုင္ဘူး"

"အင္း။ ငါ showroom ကို ဖုန္းဆက္ထားလိုက္မယ္။ ဒါနဲ႔ မင္းအ​ေမ​ေတာင္ ငါ့ကို ၿခံရွာထားခိုင္း​ေသးတယ္​ေနာ္။ RC တစ္ထပ္တိုက္ပါရင္ ပို​ေကာင္းတယ္​ေျပာ​ေနတာ။ မင္းတို႔ အိမ္​ေျပာင္း​ေတာ့မလို႔လား"

ၿဖိဳး​ေလးစကားကို ကြၽန္​ေတာ္ျပန္မ​ေျဖႏိုင္။ အခု ရန္ကင္းကကြန္ဒိုဆိုတာ ​ဒက္ဒီ​ေနာက္ဆုံး​ေခါင္းခ်သြားတဲ့​ေနရာမို႔ ဒီထက္​ေကာင္းတဲ့​ေနရာ​ေတြဝယ္ႏိုင္တာ​ေတာင္ မာမီက အိမ္မ​ေျပာင္းခဲ့ဘဲ။ ညီမ​​ေလးတို႔လင္မ​ယားကလည္း မာမီ့ကိုမထားခဲ့ခ်င္တာမို႔ အခုအခန္း​ေအာက္ကတစ္ထပ္ကိုဝယ္လိုက္တာ တစ္ႏွစ္​ေတာင္မျပည့္​ေသး။ ၿဖိဳး​ေလးကို ၿခံရွာခိုင္းတယ္ဆိုၿပီး ကြၽန္​ေတာ္လည္း မသိရ။ မာမီ ဘာ​ေတြလုပ္​ေနတာလဲ။

####################

September 3.2021.(Friday)

🌻🌻🌻

Continue Reading

You'll Also Like

1.8K 132 16
Aura Book စာအုပ်တိုက် ကနေထုတ်ဝေခဲ့ပြီး Author Hsu Chi Ko နဲ့အတူ ဇာတ်လမ်းတို လေးပုဒ်ပါဝင်တဲ့ Clover စာအုပ်လေးပါ။ အဲ့ဒီ့ထဲက မမွန်ရေးသားခဲ့တဲ့ ဇာတ်လမ်း...
555K 37.3K 45
သျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တ...
40.3K 1.5K 20
ခ်ယ္ရီကႀကဳိး - Lundi Tiger
882K 49.1K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...