Volume 1
'မှော်ဝင်မှန်ရေ.. ငါ့ကိုကြည့်ပါ'
(Unicode)
တိတ်ဆိတ်ငြိမ်သက်သော ဆောင်းဦးရာသီ ညတစ်ည၏ စျာပနခန်းမဆောင် တစ်ခုထဲတွင် ရှင်ယဲ့တစ်ယောက် ထွင်းဖောက်မြင်နိုင်သည့် ခေါင်းတလားတစ်ခုဘေး၌ ရပ်လျက်ရှိနေသည်။ သူ၏ လက်ချောင်းများက ထိုအခေါင်း၏ အစွန်းပေါ်တွင် မြဲမြံစွာရှိနေ၏။ ညာဘက်လက်တစ်ခုလုံးမှာလည်း အအေးဒဏ်ကြောင့် တောင့်ခဲကာ ဘာခံစားမှုမှ ရှိမနေချေ။
သူ အခေါင်းထဲတွင် လှဲနေသော လူ၏ မျက်နှာကို စိုက်ကြည့်နေခဲ့သည်။ ထိုသူ၏ မျက်နှာသွင်ပြင်မှာ ရှင်ယဲ့နှင့် ငါးဆယ်ရာခိုင်နှုန်းလောက် ဆင်တူသည်။ သို့သော် အမြဲတမ်း အေးစက်စက်နိုင်သည့် ရှင်ယဲ့၏ မျက်နှာအမူအရာထက်တော့ ပိုပြီးနွေးထွေးလေသည်။
အကျင့်စရိုက်က မျက်နှာမှာပေါ်တယ် ဆိုတဲ့အတိုင်း ရှင်ရှော့က သူ၏ ရုပ်အသွင်အပြင်နဲ့လိုက်ဖက်အောင် နူးညံ့သိမ်မွေ့ကာ၊ စိတ်ကောင်းရှိပြီး၊ သည်းခံတတ်သော လူတစ်ယောက်ဖြစ်သည်။
သူက ရှင်ယဲ့၏ ညီလေးဖြစ်သည်။ ရှင်ယဲ့ထက် ငါးနှစ်ငယ်ကာ ဒီနှစ်မှ နှစ်ဆယ့်လေးနှစ်သာ ရှိသေးတာဖြစ်၏။ ယခုအချိန်မှာတော့ အေးအေးစက်စက် အခေါင်းအတွင်း၌သာ လှဲလျောင်းနေရလေသည်။ လူသူကင်းမဲ့တဲ့ စျာပနခန်းမကြီးထဲ ရပ်ရင်း စောင့်ကြည့်နေခဲ့သူမှာ ရှင်ယဲ့တစ်ယောက်သာဖြစ်သည်။
လွန်ခဲ့တဲ့ ကိုးနှစ်၊ သူတို့မိဘတွေ အက်စီးဒန့်ကြောင့် ဆုံးပါးသွားကတည်းက ရှင်ေရှာ့နဲ့ ရှင်ယဲ့တို့ တစ်ယောက်ကို တစ်ယောက် မှီခိုရင်း ရှင်သန်ခဲ့ကြသည်။ တစ်ယောက်ဟာ တစ်ယောက်ရဲ့ တစ်ဦးတည်းသော မိသားစုဝင်သာ ဖြစ်ခဲ့ကြသည်။
ဒါပေမဲ့ အခုတော့၊ ရှင်ရှော့ ကပါ သူ့ကို ထားသွားခဲ့လေသည်။
ရှင်ရှော့ ဆုံးပြီဆိုတဲ့ သတင်းကို ကြားတုန်းက၊ ရှင်ယဲ့ နိုင်ငံခြားကို အလုပ်ကိစ္စဖြင့် ရောက်နေခဲ့သည်။ သူ့ရဲ့ ငယ်ရွယ်ကျန်းမာတဲ့ ညီလေးက အခုလို သေဆုံးသွားသည်ဆိုတာကို ဘယ်လိုမှ မယုံကြည်နိုင်ခဲ့ပေ။
သူ့အလုပ်တွေအားလုံးကို လက်အောက်က ဝန်ထမ်းတွေကို ချက်ချင်းလွှဲပေးလိုက်ပြီး တရုတ်ကို ပြန်လာခဲ့သည်။ ထို့နောက် ကွယ်လွန်သူ၏ မိသားစုဝင်တစ်ယောက် အနေနှင့် ရှင်ရှော့ သေဆုံးမှုနှင့် ပတ်သက်ပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့လေသည်။ သို့သော် ရဲတွေကော ဆေးရုံကပါ ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးမှုဟူသည့် အဖြေတစ်ခုကိုသာ ပေးလာသည်။
ရှင်ရှော့ ဟာ ပေကျင်း တက္ကသိုလ်မှာ နောက်ဆုံးနှစ် M.Aစာတမ်းအတွက် ပြင်ဆင်နေခဲ့တာဖြစ်သည်။ နေ့တိုင်းလိုလို စာကြည့်တိုက်ထဲမှာသာ အချိန်ကုန်ဆုံးပြီး မည်သူနှင့်မှ ခိုက်ရန်ဖြစ်ပွားတာမျိုးလည်း မရှိခဲ့ဖူးချေ။ မှုခင်းဆေးဌာန၏ စုံစမ်းစစ်ဆေးမှုအရလည်း မူးယစ်ဆေးဝါး သုံးစွဲမှုကြောင ့်သေဆုံးခြင်းမဟုတ်သည်မှာ သေချာလေသည်။ အမှန်တကယ်ပင် ပြင်းထန်စွာ နှလုံးသွေးရပ်ပြီး သေဆုံးမှုသာ ဖြစ်လေသည်။
"ဒီလိုမျိုး ဘာလက္ခဏာမှမရှိဘဲ ကျန်းမာနေရာကနေ နှလုံးရပ်ပြီး ရုတ်တရက် သေဆုံးမှုတွေက အများကြီးရှိပါတယ်၊ မစ္စတာ ရှင်ယဲ့။ ကျွန်တော် ခင်ဗျားခံစားချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ ရှင်ရှော့က တကယ်ကို နှလုံးခုန်ရပ်ပြီး ဆုံးသွားတာပါ။ တစ်ခြားဘာအကြောင်းအရင်းမှ မရှိပါဘူး။"
ရဲအရာရှိ၏ အဖြေက ရှင်ယဲ့နားထဲတွင် ပဲ့တင်သံထပ်လို့နေခဲ့သည်။ ရှင်ယဲ့ အေးခဲနေသည့် လက်ကို ဆန့်ထုတ်လိုက်ကာ ရှင်ေရှာ့၏ မျက်နှာကို ဖြည်းညင်းစွာ ထိတွေ့လိုက်သည်။ သုဘရာဇာ၏ ကျွမ်းကျင်သည့် လက်ရာကြောင့် ရှင်ရှော့ဟာ အသက်ရှင်နေသကဲ့သို့ ပြုံးလျက်ရှိနေလေသည်။ အိပ်မက်လှလှလေးတစ်ခုကို မက်နေသကဲ့သို့ပင်။
ရှင်ယဲ့ မျက်နှာကို လွှဲလိုက်ကာ ပြတင်းပေါက် အပြင်ဘက်ရှိ ကြယ်များကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်ရည်များက သူ့ ညီလေး၏ ခန္ဓာကိုယ်ပေါ် ကျရောက်သွားမည်ကို စိုးရွံ့မိလေသည်။
အခုအချိန်ကစပြီး သူတစ်ယောက်တည်း ဖြစ်သွားချေပြီ။
ကြယ်ရောင်စုံတဲ့ ကောင်းကင်ကြီးကတော့ လူ့လောကကြီးရဲ့ ပူဆွေးသောကတွေကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ချေ။ လူသားတွေက ဘယ်လောက်ပဲ ဝမ်းနည်းပူဆွေးနေပါစေ၊ ကြယ်တွေကတော့ ဆက်လက်တောက်ပစမြဲပင်ဖြစ်သည်။ ရှင်ယဲ့ ကြယ်တွေကို ကြည့်နေရင်း အနည်းငယ် မူးဝေလာသလို ခံစားလာရသည်။ ထို့ကြောင့် သူ၏ အကောင်းစား ကုတ်အင်္ကျီကို ယူကာ
ကိုယ်ပေါ်တွင် လုံခြုံစွာ ပတ်လိုက်ပြီးနောက် ခန်းမထဲရှိ ခုံတစ်ခုံပေါ်တွင် ထိုင်လိုက်သည်။
ဆောင်းဦး၏ လေပြေများကြောင့် ထွက်ပေါ်လာသော သစ်ရွက်ခြောက်များ၏ တရှဲရှဲအသံက သုံးရက်လောက် အနားမယူရသေးသည့် ရှင်ယဲ့၏ မျက်လုံးများကို လေးလံစေကာ၊ တဖြည်းဖြည်း အိပ်မက်ကမ္ဘာထဲ ကျရောက်သွားအောင် ချော့သိပ်ပေးလေသည်။
အိပ်မက်ထဲတွင် သူ ရှင်ရှော့ နှင့် နောက်ဆုံးတွေ့ခဲ့သည့် အချိန်ကို ပြန်လည်ရောက်ရှိနေသည်။ ထိုအချိန်မှာ ရှင်ယဲ့က နိုင်ငံမှ ထွက်ခါနီးအချိန်ဖြစ်သည်။ ရှင်ေရှာ့က လက်ထဲတွင် ဖုန်းကို ကိုင်ထားပြီး ရုတ်တရက် ရှင်ယဲ့လက်ကိုဆွဲကာ တားလိုက်လေသည်။
"အစ်ကို..."
တံခါးရှေ့ရောက်နေသည့် ရှင်ယဲ့က သူ့ကို ပြန်လှည့်ကြည့်လာ၏။
ရှင်ရှော့၏ ဖုန်းစခရင်က ပွင့်လျက်ရှိနေလေသည်။ သူပုံမှန်အတိုင်းပဲ ပြုံးကာ ပြောလိုက်သည်။
"ခရီးလမ်း အဆင်ပြေပါစေ"
"ဒီတစ်ခေါက် ငါခရီးက ပြန်လာတဲ့အခါ မင်းရဲ့ M.A စာတမ်းလည်း အောင်အောင်မြင်မြင်နဲ့ ပြီးပါစေ"
ရှင်ယဲ့က ထုံးစံအတိုင်း သူ့ညီရှေ့မှာ မျက်နှာထားတည်တည်နဲ့ သန်မာသလိုနေပြပြီး၊ စာလုပ်ဖို့ကိုပဲ တိုက်တွန်းကာ၊ အမြန်ထွက်သွားခဲ့လေသည်။
အဲ့ဒီနောက်တွင်တော့ သူတို့ ဘယ်တော့မှ ထပ်မတွေ့နိုင်တော့ချေ။
နောက်ထပ် အေးစက်သည့် လေပြေများ တိုက်ခတ်လာချိန်မှာတော့ ရှင်ယဲ့ ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ကာ နာရီကို ချက်ချင်းကြည့်လိုက်သည်။ အချိန်မှာ မနက် ၁နာရီခွဲရှိနေပြီဖြစ်သည်။
သူ အိပ်မက်မက်ခဲသည်။ မက်လျှင်လည်း အိပ်မက်အသေးစိတ်အား မမှတ်မိချေ။ သို့သော် ယခုမက်ခဲ့သော အိပ်မက်ထဲက ပုံရိပ်များမှာ ပြန်ပေါ်လာခဲ့ကာ လှုပ်ရှားမှုတစ်ခုချင်းစီကို ထင်ရှားစွာ မှတ်မိနေလေသည်။
အိပ်မက်ထဲတွင် ရှင်ရှော့၏ ဘယ်ဘက်လက်က ဘောင်းဘီရှုံ့ကြိုးကို ဆွဲရင်း ဆော့နေသည်။ ထိုအချိန်တုန်းက ရှင်ယဲ့မှာ အလျင်လိုနေခဲ့ပြီး ထိုအဖြစ်အပျက်များကို ယခုအိပ်မက်မမက်ခင် အချိန်အထိ သတိမထားမိခဲ့ချေ။
သူငယ်ငယ်လေးကတည်းက၊ ရှင်ရှော့ သူ့ကို တစ်ခုခုပြောစရာရှိသော်လည်း မပြောရဲဘဲဖြစ်နေသည့် အချိန်တိုင်းတွင် ထိုကဲ့သို့ ဘောင်းဘီရှုံ့ကြိုးကို ဆွဲရင်း ဆော့တတ်သည့် အကျင့်ရှိလေသည်။
အဲ့ဒီအချိန်တုန်းက ရှင်ရှော့သူ့ကို နှုတ်ဆက်စကားသာ ပြောချင်ခဲ့တာ မဟုတ်သည်မှာ သေချာသည်။ သူ တစ်ခုခုပြောချင်တာ ရှိရမည်။ ဒါပေမဲ့ သူက ထွက်သွားဖို့ အလျင်လိုနေတော့ ပြောဖို့ တွေဝေနေခဲ့ကာ၊ နောက်ဆုံး မပြောဖို့သာ ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်သည်။ ရှင်ယဲ့ သေသချာချာ ချင့်ချိန်တွေးဆလိုက်ကာ ဖြစ်ရပ်တစ်ခုချင်းစီကို ပြန်လည် စဉ်းစားလိုက်သည်။
သူက မီးခိုးရင့်ရောင် ဆွယ်တာနှင့် အနက်ရောင် အိမ်နေရင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူ့ရဲ့ ဘယ်ဘက်လက်က ဘောင်းဘီရှုံ့ကြိုးကို ဆွဲနေခဲ့ပြီး ညာဘက်လက်ကတော့ ဖုန်းကို ကိုင်ထားသည်။ ဖုန်းscreen မှာလည်း ပွင့်လျက်ရှိေနသည်။ screenပေါ်တွင် ....
အနက်ရောင်နှင့်အဖြူရောင်အကွက်များရှိနေသော QR codeတစ်ခု!
အဲ့ဒီ ပုံရိပ်ကို ပြန်တွေးမိတော့ ရှင်ယဲ့ သဘောပေါက်သွားခဲ့သည်။ ထိုအချိန်တုန်းက ရှင်ရှော့က QR codeတစ်ခုကို ဖုန်းscreen ပေါ်တွင် ဖွင့်ထားခဲ့ပြီး သူ့ကို တစ်စုံတစ်ခုနဲ့ ပတ်သက်ပြီး ပြောပြချင်နေတာဖြစ်ရမည်။
သူ ချက်ချင်းပင် ထောင့်တစ်နေရမှာ ပစ်ထားခဲ့တဲ့ သူ့၏ လက်ဆွဲအိတ်ကို ယူလိုက်ပြီး ထိုထဲမှ အလုပ်နှင့် အေရးကြီးအကြောင်းအရာများ မှတ်သားသည့် မှတ်စုစာအုပ် တစ်အုပ်ကို ထုတ်လိုက်လေသည်။ ထို့နောက် အိပ်ကပ်ထဲမှ သုံးနေကျ ဘောပင်တစ်ချောင်းကို ယူလိုက်ကာ မှတ်ဉာဏ်ထဲက QR codeပုံကို ဖြည်းဖြည်းချင်း ပြန်စဉ်းစားရင်း စတင်ရေးဆွဲလိုက်၏။
ရှင်ယဲ့ဟာ ငယ်ငယ်ကတည်းက အံ့သြစရာကောင်းလောက်အာင် မှတ်ဉာဏ်ေကာင်းလေသည်။ ထို့အပြင် တက္ကသိုလ်မှာလည်း မှတ်ဉာဏ်အထူးပြု ရက်တိုသင်တန်းကို တက်ခဲ့သေးသည်။ Photographic မှတ်ဉာဏ်ဟု မဆိုနိုင်ေသာ်လည်း အတော်လေးနီးစပ်အောင် ဉာဏ်ကောင်းလေသည်။
နောက်ဆုံး လေးထောင့်ကွက်အား သေချာစွာ ဆွဲသားပြီး ပြီးနောက်၊ ရှင်ယဲ့ သူ၏ မျက်လုံးများကို မှိတ်လိုက်ကာ ဦးေနှာက်ထဲတွင် မှတ်ထားေသာ QR codeနှင့် သူဆွဲထားသော QR code နှစ်ခု တစ်ပုံစံတည်း တူမတူကို နှိုင်းယှဉ်ကြည့်လိုက်သည်။ နှစ်ခုလုံးတူညီသည်မှာ သေချာသောအခါမှ ဖုန်းကိုထုတ်ကာ ထို QR codeကို scanဖတ်လိုက်ေလသည်။
'တီး' ဆိုသည့် အသံနှင့်အတူ တစ်ခါမှ မမြင်ဖူးသည့် အနက်ရောင်နှင့်အဖြူရောင် စာမျက်နှာတစ်ခုက သူ၏ ဖုန်းပေါ်တွင် ပေါ်လာခဲ့သည်။ ညွှန်ကြားချက် စာတန်းတစ်ခုက screenပေါ်သို့ ကျရောက်လာသည်။
" ကစားသူ ရှင်ရှော့က သင့်ကို ကံကြမ္မာကို စိန်ခေါ်ခြင်း ဂိမ်းတွင် ပါဝင်ဖို့ ဖိတ်ေခါ်လိုက်ပါတယ်။
သင်လက်ခံပါသလား?
လက်ခံမယ် / လက်မခံဘူး"
ရှင်ရှော့က သူ့ရဲ စာတမ်းအောင်ဖို့ အရေးတကြီး ပြင်ဆင်နေရသည့် အချိန်မှာ ဂိမ်းဆော့ နေသည်တဲ့လား။ ဘယ်လိုမှ မဖြစ်နိုင်ေပ။ ထိုထက်ပို၍ သူနှင့်အတူ ဂိမ်းအကြောင်းနှင့် ပတ်သက်ပြီး ဘယ်ေတာ့မှ ဆွေးနွေးမှ မဟုတ်ချေ။
ထို ' ကံကြမ္မာကို စိန်ေခါ်ခြင်း ဂိမ်း' မှာ ပုံမှန် ရိုးရှင်းသော ဂိမ်းတစ်ခု မဖြစ်နိုင်ပေ။ တခြားလေးနက်သော အဓိပ္ပာယ်တစ်ခုခု ရှိရမည်။ သို့သော် ကျားဂူထဲမဝင်လျှင်၊ ဘယ်လိုလုပ် ကျားပေါက်လေးကို ရနိုင်မည်နည်း။ ရှင်ယဲ့ တွေဝေမနေဘဲ လက်ခံမယ်ကို ရွေးလိုက်သည်။
သူ၏ လက်ချောင်းကို screenပေါ်တွင် တင်လိုက်သည့် ချက်ချင်း သူ၏ လက်ေမာင်းမှာ အနက်ရောင်နှင့်အဖြူရောင် ပုံရိပ်များသို့ ပြောင်းလဲသွားသည်ကို ထိတ်လန့်စွာ
မြင်တွေ့လိုက်ရသည်။ သုံးဘက်မြင် 3Dပုံသဏ္ဌာန်များ လုံးဝ ပျောက်ဆုံးသွားပြီး ဘာမှမရှိတော့သလို ခံစားလိုက်ရကာ၊ 2Dပုံကားချပ်များကဲ့သို့ ပုံရိပ်များဖြစ်သွားခဲ့သည်။
ထို့နောက် ချက်ချင်းပင် ရှင်ယဲ့၏ ခန္ဓာကိုယ်နှင့်အတူ သူရှိနေသော နေရာတစ်ခုလုံးမှာလည်း 2Dပုံရိပ်များ အဖြစ်သို့ ပြောင်းလဲသွာလေသည်။ ခဏလောက် ရီဝေေဝ ခံစားရလိုက်ပြီးနောက်တွင် ရှင်ယဲ့မှာ စျာပနခန်းမဆီမှ အနက်ေရာင်နှင့်အဖြူေရာင် ကမ္ဘာတစ်ခုထဲသို့ ကျရောက်သွားကြောင်း သိလိုက်ရသည်။
ထို အနက်နှင့်အဖြူရောင် လွင်ပြင်ကြီးမှာ အဆုံးမရှိပေ။ သို့သော် သူ ဆယ်ပေပတ်လည် အကွာအဝေးလောက်ထိသာ ရွေ့လျားသွားလာလို့ရလေသည်။ ထို အဖြူအနက်အတုံးများနှင့် ရောထွေးနေသော လွင်ပြင်ကြီးမှာ အတော်လေး မျက်စိစူးစရာကောင်းနေသည်။ ထို့အပြင် အဆုံးကို မမြင်နိုင်လောက်အောင် ကျယ်ပြန့်လှလေသည်။
သို့သော် ရှင်ယဲ့မှာ သတ်မှတ်ထားသော နေရာအထိသာ သွားလာနိုင်ပေသည်။ ထိုအပြင်ဘက်သို့ ထွက်ဖို့ ကြိုးစားတိုင်း မမြင်နိုင်သည့် အကာအရံတစ်ခုက တားဆီးထားသည်။
"QR codeကမ္ဘာကနေ ကြိုဆိုပါတယ်။ 3D ဉာဏ်ရည်မြင့် လူသား၊ ရှင်ယဲ့"
အဖြူအနက် ကုဗတုံးတစ်ခုက တစ်နေရာမှ ထွက်ပေါ်လာပြီး လေပေါ်တွင်မြောလျက်ရှိနေသည်။ ထိုကုဗတုံးမှာ ပါးစပ်မရှိသော်လည်း ရှင်ယဲ့ သူစကားပြောသည်ကို
ကြားနိုင်လေသည်။ ထိုအရာ၏ အသံမှာ သူ့ညီလေး ရှင်ေရှာ့၏ ပဲ့တင်သံကဲ့သို့ အသံပင်ဖြစ်လေသည်။
ရှင်ယဲ့ ထို အဖြူအနက်ကုဗတုံးကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ အံ့ြသခြင်းလည်း မရှိ၊ တုန်လှုပ်ခြင်းလည်း မရှိသလို၊ ဘာမေးခွန်းမှလည်း မမေးချေ။
"သင်က တော်တော်တည်ငြိမ်တာပဲ" အဖြူအနက် ကုဗတုံး၏ ဘယ်ဘက် မျက်နှာပြင်ပေါ်က အကွက်ကိုးကွက်မှာ ၉၀ဒီဂရီလှည့်လျက်ရှိနေသည်။
" သွေးဖိအား ၁၁၆-၇၈၊ နှလုံးခုန်နှုန်း ၆၈ bpm။
သင်က တကယ်ကို လန့်လည်းမလန့် ကြောက်လည်းမကြောက်တာပဲ။ ပြီးတော့ တမင် တည်ငြိမ်ဟန်ဆောင်နေတာလည်း မဟုတ်ဘူး"
"ရောက်လာပြီဆိုမှတော့ စိတ်အေးအေးထားပြီး ရင်ဆိုင်ရတာပေါ့"
ရှင်ယဲ့ ပုံမှန်ပင် ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ နည်းနည်းလေးတော့ သိချင်စိတ်ဖြစ်မိတယ်မလား"
အဖြူအနက် ကုဗတုံး၏ အကွက်များက လျင်မြန်စွာ ရွေ့လျားလာလေသည်။
"အကြောက်တရားမရှိတဲ့ လူတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့မှာ တခြား ခံစားချက်တွေတော့ ရှိကြတာပဲ။
ဉပမာ စိတ်လှုပ်ရှားတာတို့၊ အံ့ြသတာတို့၊ မယုံသင်္ကာဖြစ်တာတို့ စသဖြင့် အများကြီး ရှိကြတယ်။ ဒါပေမဲ့ သင့်မှာတော့ ဘာခံစားချက်မှ ရှိမနေဘူး"
"အဲ့ဒါက င့ါရဲ့ ခံစားချက်တွေက သေဆုံးသွားလို့ ဘယ်အရာကမှ ငါ့ကို စိတ်လှုပ်ရှားအောင် မလုပ်နိုင်တော့တာကြောင့် ဖြစ်မယ်။ ဒီလွင်ပြင်ကျယ်ကြီးအကြောင်းက ငါ တကယ့်ကမ္ဘာမှာ သိထားသမျှအရာအားလုံးထက် ကျော်လွန်နေတယ်။ အဲ့ဒီတော့ရော ဘာဖြစ်လဲ?"
'ဘယ်လိုပဲဖြစ်ဖြစ် ရှင်ေရှာ့ကို အသက်ပြန်ရှင်အောင်လုပ်ပေးနိုင်တာမှ မဟုတ်ဘဲ' ရှင်ယဲ့ စိတ်ထဲတွင် ရေရွတ်လိုက်သည်။
"ဪ... အဲ့လိုလား?" အဖြူအနက် ကုဗတုံးက လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ သူ၏ ကုဗကွက်များက ရှင်ယဲ့ရှေ့တွင် ရက်စက်သော အပြုံးတစ်ခုကို ပုံဖော်ထားလေသည်။
"ငါထင်တာတော့ သင့်ရဲ့ ဝမ်းနည်းမှုတွေကို ဖိနှပ်ထားဖို့ အစွမ်းကုန်ကြိုးစားနေတယ်ထင်တာပဲ။ အဲ့တာ သူ့ကြောင့်မလား?"
အဖြူအနက် ကုဗတုံး၏ ပုံသဏ္ဌာန်မှာ စတင်ပြောင်းလဲလာပြီး၊ မျက်နှာတစ်ခုကို ပုံဖော်လာသည်။ အနက်ရောင်လိုင်းများကို အသုံးပြု၍ ရှင်ေရှာ့၏ ပုံကို ရေးဆွဲလိုက်လေသည်။
ရှင်ယဲ့ အသက်ဝဝရှူသွင်းလိုက်ကာ အသံကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
"ငါ ဒီကမ္ဘာထဲကို သူ့ရဲ့ QR codeကို scanဖတ်ပြီး ရောက်လာခဲ့တာ"
ရှင်ေရှာ့၏ သေဆုံးမှုက ဒီထူးဆန်းတဲ့ အဖြူအနက်လွင်ပြင်ကျယ်နဲ့ ပတ်သက်မှုရှိမရှိကို သူ မမေးခဲ့ချေ။ စကားအပြန်အလှန်ပြောရာကနေ ကိုယ့်ရဲ့ အားနည်းချက်ကို တစ်ဖက်လူ သိသွားစေနိုင်သည့် အခြေအနေမျိုးအား ရှောင်ရှားသင့်သည်ကို ရှင်ယဲ့သိသည်။ အကယ်၍ တစ်ဖက်လူက သိသွားခဲ့လျှင် ကိုယ့်ရဲ့ ခံစားချက်များကို ကြိုးကိုင်ချယ်လှယ်ခံရနိုင်သည်။
အခုအချိန်မှာ သူ ဒီကမ္ဘာနှင့် ပတ်သက်ပြီး ဘာတစ်ခုမှ မသိသေးချေ။ သူအစွမ်းကုန် တည်ငြိမ်အောင် ကြိုးစားကာ အချက်အလက်များကို လေ့လာစုဆောင်းရမည်။ ပြီးလျှင် ခွဲခြမ်းစိတ်ဖြာ၍ သုံးသပ်ရမည်။
အဖြူအနက်ကုဗတုံးက ရှင်ယဲ့ကို စက်ဝိုင်းပုံသဏ္ဌာန် ပတ်လည်လှည့်လာလေသည်။ အကွက်များမှာ လည်နေရင်း ရှင်ယဲ့နှင့် ပတ်သက်သည့် အချက်အလက်များကို ထုတ်ပေးလာ၏။ သူ၏ နှလုံးခုန်နှုန်း၊ သွေးဖိအား၊ အသက်ရှူနှုန်း၊ ခံစားချက် အတက်အကျများဖြစ်သည်။ ရှင်ယဲ့ ထိုအချက်အလက်များကို ခံစားချက်မဲ့စွာ ကြည့်လိုက်သည်။ သူ၏ ရှာဖွေတွေ့ရှိနိုင်စွမ်းအား အနည်းငယ်မှ အံ့ြသပုံမပြပေ။
"တော်တော် အကြောတင်းတဲ့ လူပါလား"
အဖြူအနက်ကုဗတုံးက ထိုသို့ပြောလိုက်ပြီးနောက် လှည့်နေရာကနေ ရပ်လိုက်သည်။ သူ၏ အသံမှာလည်း ငယ်ရွယ်တက်ကြွသည့် တက္ကသိုလ်ကျောင်းသားအသံမှ ရင့်ကျက်ပြီး နက်ရှိုင်းသည့် ရှင်ယဲ့၏ အသံသို့ ပြောင်းလဲသွားသည်။
" ကစားသူ ရှင်ယဲ့ ID x8205။ ကစားသူ ရှင်ရှော့ ID s7903၏ အချက်အလက်များကို scanဖတ်ပြီး QR code ကမ္ဘာထဲသို့ ဝင်ရောက်လာသည်။ ကျေးဇူးပြု၍ ညွှန်ကြားချက်များအတိုင်း အုပ်စု တစ်ခုကို ရွေးချယ်ပေးပါ။"
အဖြူအနက်ကုဗတုံး စကားပြောနေသည့် အချိန်မှာပဲ ရွေးချယ်စရာ နှစ်ခုက ပေါ်လာလေသည်။
a. ကံကြမ္မာကို လိုက်နာမည်
b. ကံကြမ္မာကို ဆန့်ကျင်မည်
ရှင်ယဲ့ အလျင်စလို မရွေးချယ်ပေ။ သူ အခုထိ သိရသည့် အကြောင်းအရာမှာ များများစားစားမရှိသေးချေ။
"ကစားမယ့် လူသစ်တွေအတွက် ရှင်းပြပေးတာမျိုးတွေ ရှိရမှာ မဟုတ်ဘူးလား? ကစားမယ့် သူတွေက ဘာကိုမှ သိခွင့်မရှိဘူးလား?"
"သင်မွေးလာတုန်းက မိဘတွေကို ရွေးချယ်ခွင့် ရှိခဲ့လို့လား? ရှင်သန်ဖို့အတွက် ယောကျာ်းအဖြစ် မွေးဖွားလာချင်တယ်၊ မိန်းမအဖြစ် မွေးဖွားလာချင်တယ်ဆိုပြီး ရွေးချယ်ခွင့်ရခဲ့လို့လား? ဘဝအဆုံးသတ်ကျရင်ရော၊ သေချင်းတရားကို ထိန်းချုပ်ခွင့် ရနိုင်လို့လား?
အဖြူအနက်ကုဗတုံးက ရှင်ယဲ့၏ အသံဖြင့် ခက်ထန်စွာ ပြောလေသည်။
"သင် ဒီဂိမ်းမှာ ပါဝင်မယ်ဆိုတဲ့ ရွေးချယ်မှုကို နှိပ်လိုက်ကတည်းက ကလေးတစ်ယောက် မြေကြီးပေါ် ကို ပြုတ်ကျလာသလိုပဲ။ လမ်းခရီးက ဘယ်လိုပဲ ဆူးငြောင့်ချိုင့်ခွက်တွေနဲ့ ပြည့်နေပါစေ၊ ရှေ့ဆက်သွားရမှာပဲ မဟုတ်ဘူးလား?"
"မှန်တာပေါ့"
ရှင်ယဲ့ ခေါင်းညိတ်လိုက်သည်။
"ငါ ဒီကမ္ဘာကို စရောက်လာကတည်းက သိခဲ့သင့်တာ။ ဒီနေရာက လူတွေ နားလည်နိုင်တဲ့ စွမ်းရည်တွေထက်ကို ကျော်လွန်နေပြီး၊ လူ့လောက ဉပဒေတေွနဲ့ ကိုယ်ကျင့်တရားတေွက ဒီမှာ အသုံးမဝင်ဘူး ဆိုတာကိုပဲ"
သူ ခေါင်းကို မော့ကြည့်လိုက်ပြီး ရွေးချယ်ရမည့် အရာများကို စိုက်ကြည့်နေလိုက်သည်။ ဒါပေမဲ့ သဲလွန်စ တစ်ခုတလေမှ ရှာမတေွ့ချေ။ ဖော်ပြထားသည့် စာလုံးများအရ ကံကြမ္မာကို လိုက်နာမည်က ပို၍ လွယ်ကူမည့်ပုံပေါ်သည်။
သို့သော် စိတ်မကောင်းစရာက၊ သူ မွေးဖွားလာကတည်းက ကံကြမ္မာရဲ့ မျက်နှာသာပေးခြင်းကို တစ်ခါမှ မခံရဖူးပေ။
အခေါင်းထဲတွင် ငြိမ်းချမ်းစွာ လှဲလျောင်းနေသော သူ့ညီလေး၏ ပုံရိပ်က ရှင်ယဲ့ စိတ်ထဲဝင်ရောက်လာခဲ့သည်။
"ငါ bကိုရွေးတယ်"
"တစ်ခါရွေးပြီးရင် ပြန်ပြောင်းလို့ မရဘူးနော်။ သင် သေချာလို့လား?"
အဖြူအနက်ကုဗတုံးက မေးလေသည်။
"သေချာတယ်"
ရှင်ယဲ့ တွေဝေခြင်း မရှိဘဲ ပြန်ဖြေလိုက်သည်။
အနက်ရောင် ကုဗတုံးပေါ်တွင် စာတန်းများ ပေါ်လာသည်။
' ကစားသူ x8205 သည် ကံကြမ္မာကို ဆန့်ကျင်သူများ အုပ်စုတွင် ပါဝင်လိုက်ပါသည်။
အုပ်စု၏ မူလ စွမ်းရည်: ကံကောင်းနှုန်း တန်ဖိုး 1%
ကိုယ်ပိုင် မူလ စွမ်းရည်: ထူးခြား စက္ခုအာရုံ၊ ပြန်လည်ရေးဆွဲနိုင်သည့် ဘောပင်( ထိုစွမ်းရည်များမှာ ကစားသူ၏ မူလ စွမ်းရည်များဖြစ်ပြီး ယခုအချိန်တွင် အသုံးပြု၍ မရနိုင်ပါ )
ထို စာကြောင်းများမှာ မကြာမီမှာပင် အဖြူအနက် QR codeတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ရှင်ယဲ့၏ ဖုန်း၌ ပေါ်လာခဲ့သည်။
ရှင်ယဲ့ ရုတ်တရက် သူ၏ မီးခိုးရောင် စတီးလ်ဖုန်းမှာ အနက်ရောင်တစ်ဝက် အဖြူရောင်တစ်ဝက် ဖုန်းအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ ချူဟယ်ဟန်ကျဲ့*မြစ်သကဲ့သို့ ဆန့်ကျင်ဘက် အုပ်စုနှစ်ဖက်ကို ပိုင်းခြားထားသလိုမျိုး ဖြစ်ပေါ်နေလေသည်။
"သတိပေးချက်: ကံကြမ္မာကို လိုက်နာကြသူများ အုပ်စုက ကံကောင်းနှုန်း တန်ဖိုး 99% ရှိပါတယ်"
အဖြူအနက် ကုဗတုံးက ပြောလေသည်။
"အမြင့်ဆုံးနံပါတ်ရအောင် အန်စာတုံး တစ်တံုးကို ပစ်ရမယ်ဆိုရင် ကံကြမ္မာကို လိုက်နာသူ အုပ်စုက လူတွေက အကြိမ်၁၀၀မှာ ၉၉ကြိမ်လောက်က နံပါတ်၆ကို ကျမှာဖြစ်တယ်။ သူတို့နဲ့ နှိုင်းယှဉ်ကြည့်ရင်ေတာ့ ကံကြမ္မာကို ဆန့်ကျင်တဲ့ အုပ်စုက လူတွေက အကြိမ်တစ်ရာမှာ တစ်ကြိမ်လာက်သာ နံပါတ်၆ကို ကျအောင်လုပ်နိုင်မှာ ဖြစ်တယ်။ ကံကြမ္မာဆိုတာ ထာဝရဘုရားတွေ စေလိုရာ အတိုင်းပဲ ဖြစ်လာတာပဲေလ။ သင် နောင်တရနေပြီလား?"
"နောင်တရစရာ အကြောင်းမရှိပါဘူး။ ရွေးချယ်လိုက်ပြီ ဆိုကတည်းက ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်သွားရမှာပဲ"
စာရေးသူ ပြောစရာရှိသည်: ဒါက Survival, fantasy novel typeပါ။ ရှင်ယဲ့က gong (seme)ပါ။ သူ့ညီက shou(uke) မဟုတ်ပါဘူး။ ညီအစ်ကိုအချင်းချင်း မပေးစားကြပါနဲ့။ ပြီးတော့ QR codeတစ်ခုကို ဆွဲဖို့ မခက်ပါဘူး အသေးစိတ်သိချင်ရင် Baidu( china google) မှာ ရှာလို့ရပါတယ်။ဇယားကွက်ပါတဲ့ စာရွက်နဲ့ဆိုရင် ဆွဲလို့အကောင်းဆုံးပါပဲ။
*[ ချူဟယ်ဟန်ကျဲ့ - ချူဘုရင် ရှန့်ယွီနဲ့ ဟန့်ဘုရင် လျိုပန်းက အဲ့ဒီမြစ်မှာ စစ်တိုက်ခဲ့တဲ့ သမိုင်းကို အစွဲပြုပြီး ခေါ်ထားတဲ့ မြစ်နာမည်ပါ။ chessဆိုတဲ့အဓိပ္ပာယ်လည်းရပြီး အဓိကက ဆန့်ကျင်ဘက်ဆိုတဲ့ သဘောကိုပြောချင်တာပါ။]
(Zawgyi)
Volume 1
'ေမွာ္ဝင္မွန္ေရ.. ငါ့ကိုၾကည့္ပါ'
Chapter 1_ QR code
တိတ္ဆိတ္ၿငိမ္သက္ေသာ ေဆာင္းဦးရာသီ ညတစ္ည၏ စ်ာပနခန္းမေဆာင္ တစ္ခုထဲတြင္ ရွင္ယဲ့တစ္ေယာက္ ထြင္းေဖာက္ျမင္ႏိုင္သည့္ ေခါင္းတလားတစ္ခုေဘး၌ ရပ္လ်က္ရွိေနသည္။ သူ၏ လက္ေခ်ာင္းမ်ားက ထိုအေခါင္း၏ အစြန္းေပၚတြင္ ၿမဲၿမံစြာရွိေန၏။ ညာဘက္လက္တစ္ခုလုံးမွာလည္း အေအးဒဏ္ေၾကာင့္ ေတာင့္ခဲကာ ဘာခံစားမႈမွ ရွိမေနေခ်။
သူ အေခါင္းထဲတြင္ လွဲေနေသာ လူ၏ မ်က္ႏွာကို စိုက္ၾကည့္ေနခဲ့သည္။ ထိုသူ၏ မ်က္ႏွာသြင္ျပင္မွာ ရွင္ယဲ့ႏွင့္ ငါးဆယ္ရာခိုင္ႏႈန္းေလာက္ ဆင္တူသည္။ သို႔ေသာ္ အၿမဲတမ္း ေအးစက္စက္ႏိုင္သည့္ ရွင္ယဲ့၏ မ်က္ႏွာအမူအရာထက္ေတာ့ ပိုၿပီးေႏြးေထြးေလသည္။
အက်င့္စ႐ိုက္က မ်က္ႏွာမွာေပၚတယ္ ဆိုတဲ့အတိုင္း ရွင္ေရွာ့က သူ၏ ႐ုပ္အသြင္အျပင္နဲ႔လိုက္ဖက္ေအာင္ ႏူးညံ့သိမ္ေမြ႕ကာ၊ စိတ္ေကာင္းရွိၿပီး၊ သည္းခံတတ္ေသာ လူတစ္ေယာက္ျဖစ္သည္။
သူက ရွင္ယဲ့၏ ညီေလးျဖစ္သည္။ ရွင္ယဲ့ထက္ ငါးႏွစ္ငယ္ကာ ဒီႏွစ္မွ ႏွစ္ဆယ့္ေလးႏွစ္သာ ရွိေသးတာျဖစ္၏။ ယခုအခ်ိန္မွာေတာ့ ေအးေအးစက္စက္ အေခါင္းအတြင္း၌သာ လွဲေလ်ာင္းေနရေလသည္။ လူသူကင္းမဲ့တဲ့ စ်ာပနခန္းမႀကီးထဲ ရပ္ရင္း ေစာင့္ၾကည့္ေနခဲ့သူမွာ ရွင္ယဲ့တစ္ေယာက္သာျဖစ္သည္။
လြန္ခဲ့တဲ့ ကိုးႏွစ္၊ သူတို႔မိဘေတြ အက္စီးဒန႔္ေၾကာင့္ ဆုံးပါးသြားကတည္းက ရွင္ေရွာ့နဲ႔ ရွင္ယဲ့တို႔ တစ္ေယာက္ကို တစ္ေယာက္ မွီခိုရင္း ရွင္သန္ခဲ့ၾကသည္။ တစ္ေယာက္ဟာ တစ္ေယာက္ရဲ႕ တစ္ဦးတည္းေသာ မိသားစုဝင္သာ ျဖစ္ခဲ့ၾကသည္။
ဒါေပမဲ့ အခုေတာ့၊ ရွင္ေရွာ့ ကပါ သူ႔ကို ထားသြားခဲ့ေလသည္။
ရွင္ေရွာ့ ဆုံးၿပီဆိုတဲ့ သတင္းကို ၾကားတုန္းက၊ ရွင္ယဲ့ ႏိုင္ငံျခားကို အလုပ္ကိစၥျဖင့္ ေရာက္ေနခဲ့သည္။ သူ႔ရဲ႕ ငယ္႐ြယ္က်န္းမာတဲ့ ညီေလးက အခုလို ေသဆုံးသြားသည္ဆိုတာကို ဘယ္လိုမွ မယုံၾကည္ႏိုင္ခဲ့ေပ။
သူ႔အလုပ္ေတြအားလုံးကို လက္ေအာက္က ဝန္ထမ္းေတြကို ခ်က္ခ်င္းလႊဲေပးလိုက္ၿပီး တ႐ုတ္ကို ျပန္လာခဲ့သည္။ ထို႔ေနာက္ ကြယ္လြန္သူ၏ မိသားစုဝင္တစ္ေယာက္ အေနႏွင့္ ရွင္ေရွာ့ ေသဆုံးမႈႏွင့္ ပတ္သက္ၿပီး လိုအပ္သည့္ စုံစမ္းစစ္ေဆးမႈေတြကို ျပဳလုပ္ခဲ့ေလသည္။ သို႔ေသာ္ ရဲေတြေကာ ေဆး႐ုံကပါ ႐ုတ္တရက္ ႏွလုံးရပ္ၿပီး ေသဆုံးမႈဟူသည့္ အေျဖတစ္ခုကိုသာ ေပးလာသည္။
ရွင္ေရွာ့ ဟာ ေပက်င္း တကၠသိုလ္မွာ ေနာက္ဆုံးႏွစ္ M.Aစာတမ္းအတြက္ ျပင္ဆင္ေနခဲ့တာျဖစ္သည္။ ေန႔တိုင္းလိုလို စာၾကည့္တိုက္ထဲမွာသာ အခ်ိန္ကုန္ဆုံးၿပီး မည္သူႏွင့္မွ ခိုက္ရန္ျဖစ္ပြားတာမ်ိဳးလည္း မရွိခဲ့ဖူးေခ်။ မႈခင္းေဆးဌာန၏ စုံစမ္းစစ္ေဆးမႈအရလည္း မူးယစ္ေဆးဝါး သုံးစြဲမႈေၾကာင ့္ေသဆုံးျခင္းမဟုတ္သည္မွာ ေသခ်ာေလသည္။ အမွန္တကယ္ပင္ ျပင္းထန္စြာ ႏွလုံးေသြးရပ္ၿပီး ေသဆုံးမႈသာ ျဖစ္ေလသည္။
"ဒီလိုမ်ိဳး ဘာလကၡဏာမွမရွိဘဲ က်န္းမာေနရာကေန ႏွလုံးရပ္ၿပီး ႐ုတ္တရက္ ေသဆုံးမႈေတြက အမ်ားႀကီးရွိပါတယ္၊ မစၥတာ ရွင္ယဲ့။ ကြၽန္ေတာ္ ခင္ဗ်ားခံစားခ်က္ကို နားလည္ပါတယ္။ ဒါေပမဲ့ ရွင္ေရွာ့က တကယ္ကို ႏွလုံးခုန္ရပ္ၿပီး ဆုံးသြားတာပါ။ တစ္ျခားဘာအေၾကာင္းအရင္းမွ မရွိပါဘူး။"
ရဲအရာရွိ၏ အေျဖက ရွင္ယဲ့နားထဲတြင္ ပဲ့တင္သံထပ္လို႔ေနခဲ့သည္။ ရွင္ယဲ့ ေအးခဲေနသည့္ လက္ကို ဆန႔္ထုတ္လိုက္ကာ ရွင္ေရွာ့၏ မ်က္ႏွာကို ျဖည္းညင္းစြာ ထိေတြ႕လိုက္သည္။ သုဘရာဇာ၏ ကြၽမ္းက်င္သည့္ လက္ရာေၾကာင့္ ရွင္ေရွာ့ဟာ အသက္ရွင္ေနသကဲ့သို႔ ၿပဳံးလ်က္ရွိေနေလသည္။ အိပ္မက္လွလွေလးတစ္ခုကို မက္ေနသကဲ့သို႔ပင္။
ရွင္ယဲ့ မ်က္ႏွာကို လႊဲလိုက္ကာ ျပတင္းေပါက္ အျပင္ဘက္ရွိ ၾကယ္မ်ားကို လွမ္းၾကည့္လိုက္သည္။ သူ၏ မ်က္ရည္မ်ားက သူ႔ ညီေလး၏ ခႏၶာကိုယ္ေပၚ က်ေရာက္သြားမည္ကို စိုး႐ြံ႕မိေလသည္။
အခုအခ်ိန္ကစၿပီး သူတစ္ေယာက္တည္း ျဖစ္သြားေခ်ၿပီ။
ၾကယ္ေရာင္စုံတဲ့ ေကာင္းကင္ႀကီးကေတာ့ လူ႔ေလာကႀကီးရဲ႕ ပူေဆြးေသာကေတြကို ဘယ္ေတာ့မွ နားလည္ႏိုင္မွာ မဟုတ္ေခ်။ လူသားေတြက ဘယ္ေလာက္ပဲ ဝမ္းနည္းပူေဆြးေနပါေစ၊ ၾကယ္ေတြကေတာ့ ဆက္လက္ေတာက္ပစၿမဲပင္ျဖစ္သည္။ ရွင္ယဲ့ ၾကယ္ေတြကို ၾကည့္ေနရင္း အနည္းငယ္ မူးေဝလာသလို ခံစားလာရသည္။ ထို႔ေၾကာင့္ သူ၏ အေကာင္းစား ကုတ္အက်ႌကို ယူကာ
ကိုယ္ေပၚတြင္ လုံၿခဳံစြာ ပတ္လိုက္ၿပီးေနာက္ ခန္းမထဲရွိ ခုံတစ္ခုံေပၚတြင္ ထိုင္လိုက္သည္။
ေဆာင္းဦး၏ ေလေျပမ်ားေၾကာင့္ ထြက္ေပၚလာေသာ သစ္႐ြက္ေျခာက္မ်ား၏ တရွဲရွဲအသံက သုံးရက္ေလာက္ အနားမယူရေသးသည့္ ရွင္ယဲ့၏ မ်က္လုံးမ်ားကို ေလးလံေစကာ၊ တျဖည္းျဖည္း အိပ္မက္ကမာၻထဲ က်ေရာက္သြားေအာင္ ေခ်ာ့သိပ္ေပးေလသည္။
အိပ္မက္ထဲတြင္ သူ ရွင္ေရွာ့ ႏွင့္ ေနာက္ဆုံးေတြ႕ခဲ့သည့္ အခ်ိန္ကို ျပန္လည္ေရာက္ရွိေနသည္။ ထိုအခ်ိန္မွာ ရွင္ယဲ့က ႏိုင္ငံမွ ထြက္ခါနီးအခ်ိန္ျဖစ္သည္။ ရွင္ေရွာ့က လက္ထဲတြင္ ဖုန္းကို ကိုင္ထားၿပီး ႐ုတ္တရက္ ရွင္ယဲ့လက္ကိုဆြဲကာ တားလိုက္ေလသည္။
"အစ္ကို..."
တံခါးေရွ႕ေရာက္ေနသည့္ ရွင္ယဲ့က သူ႔ကို ျပန္လွည့္ၾကည့္လာ၏။
ရွင္ေရွာ့၏ ဖုန္းစခရင္က ပြင့္လ်က္ရွိေနေလသည္။ သူပုံမွန္အတိုင္းပဲ ၿပဳံးကာ ေျပာလိုက္သည္။
"ခရီးလမ္း အဆင္ေျပပါေစ"
"ဒီတစ္ေခါက္ ငါခရီးက ျပန္လာတဲ့အခါ မင္းရဲ႕ M.A စာတမ္းလည္း ေအာင္ေအာင္ျမင္ျမင္နဲ႔ ၿပီးပါေစ"
ရွင္ယဲ့က ထုံးစံအတိုင္း သူ႔ညီေရွ႕မွာ မ်က္ႏွာထားတည္တည္နဲ႔ သန္မာသလိုေနျပၿပီး၊ စာလုပ္ဖို႔ကိုပဲ တိုက္တြန္းကာ၊ အျမန္ထြက္သြားခဲ့ေလသည္။
အဲ့ဒီေနာက္တြင္ေတာ့ သူတို႔ ဘယ္ေတာ့မွ ထပ္မေတြ႕ႏိုင္ေတာ့ေခ်။
ေနာက္ထပ္ ေအးစက္သည့္ ေလေျပမ်ား တိုက္ခတ္လာခ်ိန္မွာေတာ့ ရွင္ယဲ့ ႐ုတ္တရက္ မ်က္လုံးမ်ားကို ဖြင့္လိုက္ကာ နာရီကို ခ်က္ခ်င္းၾကည့္လိုက္သည္။ အခ်ိန္မွာ မနက္ ၁နာရီခြဲရွိေနၿပီျဖစ္သည္။
သူ အိပ္မက္မက္ခဲသည္။ မက္လွ်င္လည္း အိပ္မက္အေသးစိတ္အား မမွတ္မိေခ်။ သို႔ေသာ္ ယခုမက္ခဲ့ေသာ အိပ္မက္ထဲက ပုံရိပ္မ်ားမွာ ျပန္ေပၚလာခဲ့ကာ လႈပ္ရွားမႈတစ္ခုခ်င္းစီကို ထင္ရွားစြာ မွတ္မိေနေလသည္။
အိပ္မက္ထဲတြင္ ရွင္ေရွာ့၏ ဘယ္ဘက္လက္က ေဘာင္းဘီရႈံ႕ႀကိဳးကို ဆြဲရင္း ေဆာ့ေနသည္။ ထိုအခ်ိန္တုန္းက ရွင္ယဲ့မွာ အလ်င္လိုေနခဲ့ၿပီး ထိုအျဖစ္အပ်က္မ်ားကို ယခုအိပ္မက္မမက္ခင္ အခ်ိန္အထိ သတိမထားမိခဲ့ေခ်။
သူငယ္ငယ္ေလးကတည္းက၊ ရွင္ေရွာ့ သူ႔ကို တစ္ခုခုေျပာစရာရွိေသာ္လည္း မေျပာရဲဘဲျဖစ္ေနသည့္ အခ်ိန္တိုင္းတြင္ ထိုကဲ့သို႔ ေဘာင္းဘီရႈံ႕ႀကိဳးကို ဆြဲရင္း ေဆာ့တတ္သည့္ အက်င့္ရွိေလသည္။
အဲ့ဒီအခ်ိန္တုန္းက ရွင္ေရွာ့သူ႔ကို ႏႈတ္ဆက္စကားသာ ေျပာခ်င္ခဲ့တာ မဟုတ္သည္မွာ ေသခ်ာသည္။ သူ တစ္ခုခုေျပာခ်င္တာ ရွိရမည္။ ဒါေပမဲ့ သူက ထြက္သြားဖို႔ အလ်င္လိုေနေတာ့ ေျပာဖို႔ ေတြေဝေနခဲ့ကာ၊ ေနာက္ဆုံး မေျပာဖို႔သာ ဆုံးျဖတ္လိုက္တာ ျဖစ္ႏိုင္သည္။ ရွင္ယဲ့ ေသသခ်ာခ်ာ ခ်င့္ခ်ိန္ေတြးဆလိုက္ကာ ျဖစ္ရပ္တစ္ခုခ်င္းစီကို ျပန္လည္ စဥ္းစားလိုက္သည္။
သူက မီးခိုးရင့္ေရာင္ ဆြယ္တာႏွင့္ အနက္ေရာင္ အိမ္ေနရင္းေဘာင္းဘီကို ဝတ္ဆင္ထားသည္။ သူ႔ရဲ႕ ဘယ္ဘက္လက္က ေဘာင္းဘီရႈံ႕ႀကိဳးကို ဆြဲေနခဲ့ၿပီး ညာဘက္လက္ကေတာ့ ဖုန္းကို ကိုင္ထားသည္။ ဖုန္းscreen မွာလည္း ပြင့္လ်က္ရွိေနသည္။ screenေပၚတြင္ ....
အနက္ေရာင္ႏွင့္အျဖဴေရာင္အကြက္မ်ားရွိေနေသာ QR codeတစ္ခု!
အဲ့ဒီ ပုံရိပ္ကို ျပန္ေတြးမိေတာ့ ရွင္ယဲ့ သေဘာေပါက္သြားခဲ့သည္။ ထိုအခ်ိန္တုန္းက ရွင္ေရွာ့က QR codeတစ္ခုကို ဖုန္းscreen ေပၚတြင္ ဖြင့္ထားခဲ့ၿပီး သူ႔ကို တစ္စုံတစ္ခုနဲ႔ ပတ္သက္ၿပီး ေျပာျပခ်င္ေနတာျဖစ္ရမည္။
သူ ခ်က္ခ်င္းပင္ ေထာင့္တစ္ေနရမွာ ပစ္ထားခဲ့တဲ့ သူ႔၏ လက္ဆြဲအိတ္ကို ယူလိုက္ၿပီး ထိုထဲမွ အလုပ္ႏွင့္ ေအရးႀကီးအေၾကာင္းအရာမ်ား မွတ္သားသည့္ မွတ္စုစာအုပ္ တစ္အုပ္ကို ထုတ္လိုက္ေလသည္။ ထို႔ေနာက္ အိပ္ကပ္ထဲမွ သုံးေနက် ေဘာပင္တစ္ေခ်ာင္းကို ယူလိုက္ကာ မွတ္ဉာဏ္ထဲက QR codeပုံကို ျဖည္းျဖည္းခ်င္း ျပန္စဥ္းစားရင္း စတင္ေရးဆြဲလိုက္၏။
ရွင္ယဲ့ဟာ ငယ္ငယ္ကတည္းက အံ့ၾသစရာေကာင္းေလာက္အာင္ မွတ္ဉာဏ္ေကာင္းေလသည္။ ထို႔အျပင္ တကၠသိုလ္မွာလည္း မွတ္ဉာဏ္အထူးျပဳ ရက္တိုသင္တန္းကို တက္ခဲ့ေသးသည္။ Photographic မွတ္ဉာဏ္ဟု မဆိုႏိုင္ေသာ္လည္း အေတာ္ေလးနီးစပ္ေအာင္ ဉာဏ္ေကာင္းေလသည္။
ေနာက္ဆုံး ေလးေထာင့္ကြက္အား ေသခ်ာစြာ ဆြဲသားၿပီး ၿပီးေနာက္၊ ရွင္ယဲ့ သူ၏ မ်က္လုံးမ်ားကို မွိတ္လိုက္ကာ ဦးေႏွာက္ထဲတြင္ မွတ္ထားေသာ QR codeႏွင့္ သူဆြဲထားေသာ QR code ႏွစ္ခု တစ္ပုံစံတည္း တူမတူကို ႏႈိင္းယွဥ္ၾကည့္လိုက္သည္။ ႏွစ္ခုလုံးတူညီသည္မွာ ေသခ်ာေသာအခါမွ ဖုန္းကိုထုတ္ကာ ထို QR codeကို scanဖတ္လိုက္ေလသည္။
'တီး' ဆိုသည့္ အသံႏွင့္အတူ တစ္ခါမွ မျမင္ဖူးသည့္ အနက္ေရာင္ႏွင့္အျဖဴေရာင္ စာမ်က္ႏွာတစ္ခုက သူ၏ ဖုန္းေပၚတြင္ ေပၚလာခဲ့သည္။ ၫႊန္ၾကားခ်က္ စာတန္းတစ္ခုက screenေပၚသို႔ က်ေရာက္လာသည္။
" ကစားသူ ရွင္ေရွာ့က သင့္ကို ကံၾကမၼာကို စိန္ေခၚျခင္း ဂိမ္းတြင္ ပါဝင္ဖို႔ ဖိတ္ေခၚလိုက္ပါတယ္။
သင္လက္ခံပါသလား?
လက္ခံမယ္ / လက္မခံဘူး"
ရွင္ေရွာ့က သူ႔ရဲ စာတမ္းေအာင္ဖို႔ အေရးတႀကီး ျပင္ဆင္ေနရသည့္ အခ်ိန္မွာ ဂိမ္းေဆာ့ ေနသည္တဲ့လား။ ဘယ္လိုမွ မျဖစ္ႏိုင္ေပ။ ထိုထက္ပို၍ သူႏွင့္အတူ ဂိမ္းအေၾကာင္းႏွင့္ ပတ္သက္ၿပီး ဘယ္ေတာ့မွ ေဆြးေႏြးမွ မဟုတ္ေခ်။
ထို ' ကံၾကမၼာကို စိန္ေခၚျခင္း ဂိမ္း' မွာ ပုံမွန္ ႐ိုးရွင္းေသာ ဂိမ္းတစ္ခု မျဖစ္ႏိုင္ေပ။ တျခားေလးနက္ေသာ အဓိပၸာယ္တစ္ခုခု ရွိရမည္။ သို႔ေသာ္ က်ားဂူထဲမဝင္လွ်င္၊ ဘယ္လိုလုပ္ က်ားေပါက္ေလးကို ရႏိုင္မည္နည္း။ ရွင္ယဲ့ ေတြေဝမေနဘဲ လက္ခံမယ္ကို ေ႐ြးလိုက္သည္။
သူ၏ လက္ေခ်ာင္းကို screenေပၚတြင္ တင္လိုက္သည့္ ခ်က္ခ်င္း သူ၏ လက္ေမာင္းမွာ အနက္ေရာင္ႏွင့္အျဖဴေရာင္ ပုံရိပ္မ်ားသို႔ ေျပာင္းလဲသြားသည္ကို ထိတ္လန္႔စြာ
ျမင္ေတြ႕လိုက္ရသည္။ သုံးဘက္ျမင္ 3Dပုံသဏၭာန္မ်ား လုံးဝ ေပ်ာက္ဆုံးသြားၿပီး ဘာမွမရွိေတာ့သလို ခံစားလိုက္ရကာ၊ 2Dပုံကားခ်ပ္မ်ားကဲ့သို႔ ပုံရိပ္မ်ားျဖစ္သြားခဲ့သည္။
ထို႔ေနာက္ ခ်က္ခ်င္းပင္ ရွင္ယဲ့၏ ခႏၶာကိုယ္ႏွင့္အတူ သူရွိေနေသာ ေနရာတစ္ခုလုံးမွာလည္း 2Dပုံရိပ္မ်ား အျဖစ္သို႔ ေျပာင္းလဲသြာေလသည္။ ခဏေလာက္ ရီေဝေဝ ခံစားရလိုက္ၿပီးေနာက္တြင္ ရွင္ယဲ့မွာ စ်ာပနခန္းမဆီမွ အနက္ေရာင္ႏွင့္အျဖဴေရာင္ ကမာၻတစ္ခုထဲသို႔ က်ေရာက္သြားေၾကာင္း သိလိုက္ရသည္။
ထို အနက္ႏွင့္အျဖဴေရာင္ လြင္ျပင္ႀကီးမွာ အဆုံးမရွိေပ။ သို႔ေသာ္ သူ ဆယ္ေပပတ္လည္ အကြာအေဝးေလာက္ထိသာ ေ႐ြ႕လ်ားသြားလာလို႔ရေလသည္။ ထို အျဖဴအနက္အတုံးမ်ားႏွင့္ ေရာေထြးေနေသာ လြင္ျပင္ႀကီးမွာ အေတာ္ေလး မ်က္စိစူးစရာေကာင္းေနသည္။ ထို႔အျပင္ အဆုံးကို မျမင္ႏိုင္ေလာက္ေအာင္ က်ယ္ျပန႔္လွေလသည္။
သို႔ေသာ္ ရွင္ယဲ့မွာ သတ္မွတ္ထားေသာ ေနရာအထိသာ သြားလာႏိုင္ေပသည္။ ထိုအျပင္ဘက္သို႔ ထြက္ဖို႔ ႀကိဳးစားတိုင္း မျမင္ႏိုင္သည့္ အကာအရံတစ္ခုက တားဆီးထားသည္။
"QR codeကမာၻကေန ႀကိဳဆိုပါတယ္။ 3D ဉာဏ္ရည္ျမင့္ လူသား၊ ရွင္ယဲ့"
အျဖဴအနက္ ကုဗတုံးတစ္ခုက တစ္ေနရာမွ ထြက္ေပၚလာၿပီး ေလေပၚတြင္ေျမာလ်က္ရွိေနသည္။ ထိုကုဗတုံးမွာ ပါးစပ္မရွိေသာ္လည္း ရွင္ယဲ့ သူစကားေျပာသည္ကို
ၾကားႏိုင္ေလသည္။ ထိုအရာ၏ အသံမွာ သူ႔ညီေလး ရွင္ေရွာ့၏ ပဲ့တင္သံကဲ့သို႔ အသံပင္ျဖစ္ေလသည္။
ရွင္ယဲ့ ထို အျဖဴအနက္ကုဗတုံးကို တည္ၿငိမ္စြာ စိုက္ၾကည့္လိုက္သည္။ အံ့ၾသျခင္းလည္း မရွိ၊ တုန္လႈပ္ျခင္းလည္း မရွိသလို၊ ဘာေမးခြန္းမွလည္း မေမးေခ်။
"သင္က ေတာ္ေတာ္တည္ၿငိမ္တာပဲ" အျဖဴအနက္ ကုဗတုံး၏ ဘယ္ဘက္ မ်က္ႏွာျပင္ေပၚက အကြက္ကိုးကြက္မွာ ၉၀ဒီဂရီလွည့္လ်က္ရွိေနသည္။
" ေသြးဖိအား ၁၁၆-၇၈၊ ႏွလုံးခုန္ႏႈန္း ၆၈ bpm။
သင္က တကယ္ကို လန႔္လည္းမလန႔္ ေၾကာက္လည္းမေၾကာက္တာပဲ။ ၿပီးေတာ့ တမင္ တည္ၿငိမ္ဟန္ေဆာင္ေနတာလည္း မဟုတ္ဘူး"
"ေရာက္လာၿပီဆိုမွေတာ့ စိတ္ေအးေအးထားၿပီး ရင္ဆိုင္ရတာေပါ့"
ရွင္ယဲ့ ပုံမွန္ပင္ ျပန္ေျဖလိုက္သည္။
"ဒါေပမဲ့ နည္းနည္းေလးေတာ့ သိခ်င္စိတ္ျဖစ္မိတယ္မလား"
အျဖဴအနက္ ကုဗတုံး၏ အကြက္မ်ားက လ်င္ျမန္စြာ ေ႐ြ႕လ်ားလာေလသည္။
"အေၾကာက္တရားမရွိတဲ့ လူေတြကေတာ့ အမ်ားႀကီးရွိပါတယ္။ ဒါေပမဲ့ သူတို႔မွာ တျခား ခံစားခ်က္ေတြေတာ့ ရွိၾကတာပဲ။
ဉပမာ စိတ္လႈပ္ရွားတာတို႔၊ အံ့ၾသတာတို႔၊ မယုံသကၤာျဖစ္တာတို႔ စသျဖင့္ အမ်ားႀကီး ရွိၾကတယ္။ ဒါေပမဲ့ သင့္မွာေတာ့ ဘာခံစားခ်က္မွ ရွိမေနဘူး"
"အဲ့ဒါက င့ါရဲ႕ ခံစားခ်က္ေတြက ေသဆုံးသြားလို႔ ဘယ္အရာကမွ ငါ့ကို စိတ္လႈပ္ရွားေအာင္ မလုပ္ႏိုင္ေတာ့တာေၾကာင့္ ျဖစ္မယ္။ ဒီလြင္ျပင္က်ယ္ႀကီးအေၾကာင္းက ငါ တကယ့္ကမာၻမွာ သိထားသမွ်အရာအားလုံးထက္ ေက်ာ္လြန္ေနတယ္။ အဲ့ဒီေတာ့ေရာ ဘာျဖစ္လဲ?"
'ဘယ္လိုပဲျဖစ္ျဖစ္ ရွင္ေရွာ့ကို အသက္ျပန္ရွင္ေအာင္လုပ္ေပးႏိုင္တာမွ မဟုတ္ဘဲ' ရွင္ယဲ့ စိတ္ထဲတြင္ ေရ႐ြတ္လိုက္သည္။
"ဪ... အဲ့လိုလား?" အျဖဴအနက္ ကုဗတုံးက လႈပ္ရွားမႈကို ရပ္တန႔္လိုက္သည္။ သူ၏ ကုဗကြက္မ်ားက ရွင္ယဲ့ေရွ႕တြင္ ရက္စက္ေသာ အၿပဳံးတစ္ခုကို ပုံေဖာ္ထားေလသည္။
"ငါထင္တာေတာ့ သင့္ရဲ႕ ဝမ္းနည္းမႈေတြကို ဖိႏွပ္ထားဖို႔ အစြမ္းကုန္ႀကိဳးစားေနတယ္ထင္တာပဲ။ အဲ့တာ သူ႔ေၾကာင့္မလား?"
အျဖဴအနက္ ကုဗတုံး၏ ပုံသဏၭာန္မွာ စတင္ေျပာင္းလဲလာၿပီး၊ မ်က္ႏွာတစ္ခုကို ပုံေဖာ္လာသည္။ အနက္ေရာင္လိုင္းမ်ားကို အသုံးျပဳ၍ ရွင္ေရွာ့၏ ပုံကို ေရးဆြဲလိုက္ေလသည္။
ရွင္ယဲ့ အသက္ဝဝရႉသြင္းလိုက္ကာ အသံကို တည္ၿငိမ္ေအာင္ ႀကိဳးစားလိုက္သည္။
"ငါ ဒီကမာၻထဲကို သူ႔ရဲ႕ QR codeကို scanဖတ္ၿပီး ေရာက္လာခဲ့တာ"
ရွင္ေရွာ့၏ ေသဆုံးမႈက ဒီထူးဆန္းတဲ့ အျဖဴအနက္လြင္ျပင္က်ယ္နဲ႔ ပတ္သက္မႈရွိမရွိကို သူ မေမးခဲ့ေခ်။ စကားအျပန္အလွန္ေျပာရာကေန ကိုယ့္ရဲ႕ အားနည္းခ်က္ကို တစ္ဖက္လူ သိသြားေစႏိုင္သည့္ အေျခအေနမ်ိဳးအား ေရွာင္ရွားသင့္သည္ကို ရွင္ယဲ့သိသည္။ အကယ္၍ တစ္ဖက္လူက သိသြားခဲ့လွ်င္ ကိုယ့္ရဲ႕ ခံစားခ်က္မ်ားကို ႀကိဳးကိုင္ခ်ယ္လွယ္ခံရႏိုင္သည္။
အခုအခ်ိန္မွာ သူ ဒီကမာၻႏွင့္ ပတ္သက္ၿပီး ဘာတစ္ခုမွ မသိေသးေခ်။ သူအစြမ္းကုန္ တည္ၿငိမ္ေအာင္ ႀကိဳးစားကာ အခ်က္အလက္မ်ားကို ေလ့လာစုေဆာင္းရမည္။ ၿပီးလွ်င္ ခြဲျခမ္းစိတ္ျဖာ၍ သုံးသပ္ရမည္။
အျဖဴအနက္ကုဗတုံးက ရွင္ယဲ့ကို စက္ဝိုင္းပုံသဏၭာန္ ပတ္လည္လွည့္လာေလသည္။ အကြက္မ်ားမွာ လည္ေနရင္း ရွင္ယဲ့ႏွင့္ ပတ္သက္သည့္ အခ်က္အလက္မ်ားကို ထုတ္ေပးလာ၏။ သူ၏ ႏွလုံးခုန္ႏႈန္း၊ ေသြးဖိအား၊ အသက္ရႉႏႈန္း၊ ခံစားခ်က္ အတက္အက်မ်ားျဖစ္သည္။ ရွင္ယဲ့ ထိုအခ်က္အလက္မ်ားကို ခံစားခ်က္မဲ့စြာ ၾကည့္လိုက္သည္။ သူ၏ ရွာေဖြေတြ႕ရွိႏိုင္စြမ္းအား အနည္းငယ္မွ အံ့ၾသပုံမျပေပ။
"ေတာ္ေတာ္ အေၾကာတင္းတဲ့ လူပါလား"
အျဖဴအနက္ကုဗတုံးက ထိုသို႔ေျပာလိုက္ၿပီးေနာက္ လွည့္ေနရာကေန ရပ္လိုက္သည္။ သူ၏ အသံမွာလည္း ငယ္႐ြယ္တက္ႂကြသည့္ တကၠသိုလ္ေက်ာင္းသားအသံမွ ရင့္က်က္ၿပီး နက္ရႈိင္းသည့္ ရွင္ယဲ့၏ အသံသို႔ ေျပာင္းလဲသြားသည္။
" ကစားသူ ရွင္ယဲ့ ID x8205။ ကစားသူ ရွင္ေရွာ့ ID s7903၏ အခ်က္အလက္မ်ားကို scanဖတ္ၿပီး QR code ကမာၻထဲသို႔ ဝင္ေရာက္လာသည္။ ေက်းဇူးျပဳ၍ ၫႊန္ၾကားခ်က္မ်ားအတိုင္း အုပ္စု တစ္ခုကို ေ႐ြးခ်ယ္ေပးပါ။"
အျဖဴအနက္ကုဗတုံး စကားေျပာေနသည့္ အခ်ိန္မွာပဲ ေ႐ြးခ်ယ္စရာ ႏွစ္ခုက ေပၚလာေလသည္။
a. ကံၾကမၼာကို လိုက္နာမည္
b. ကံၾကမၼာကို ဆန႔္က်င္မည္
ရွင္ယဲ့ အလ်င္စလို မေ႐ြးခ်ယ္ေပ။ သူ အခုထိ သိရသည့္ အေၾကာင္းအရာမွာ မ်ားမ်ားစားစားမရွိေသးေခ်။
"ကစားမယ့္ လူသစ္ေတြအတြက္ ရွင္းျပေပးတာမ်ိဳးေတြ ရွိရမွာ မဟုတ္ဘူးလား? ကစားမယ့္ သူေတြက ဘာကိုမွ သိခြင့္မရွိဘူးလား?"
"သင္ေမြးလာတုန္းက မိဘေတြကို ေ႐ြးခ်ယ္ခြင့္ ရွိခဲ့လို႔လား? ရွင္သန္ဖို႔အတြက္ ေယာက်ာ္းအျဖစ္ ေမြးဖြားလာခ်င္တယ္၊ မိန္းမအျဖစ္ ေမြးဖြားလာခ်င္တယ္ဆိုၿပီး ေ႐ြးခ်ယ္ခြင့္ရခဲ့လို႔လား? ဘဝအဆုံးသတ္က်ရင္ေရာ၊ ေသခ်င္းတရားကို ထိန္းခ်ဳပ္ခြင့္ ရႏိုင္လို႔လား?
အျဖဴအနက္ကုဗတုံးက ရွင္ယဲ့၏ အသံျဖင့္ ခက္ထန္စြာ ေျပာေလသည္။
"သင္ ဒီဂိမ္းမွာ ပါဝင္မယ္ဆိုတဲ့ ေ႐ြးခ်ယ္မႈကို ႏွိပ္လိုက္ကတည္းက ကေလးတစ္ေယာက္ ေျမႀကီးေပၚ ကို ျပဳတ္က်လာသလိုပဲ။ လမ္းခရီးက ဘယ္လိုပဲ ဆူးေျငာင့္ခ်ိဳင့္ခြက္ေတြနဲ႔ ျပည့္ေနပါေစ၊ ေရွ႕ဆက္သြားရမွာပဲ မဟုတ္ဘူးလား?"
"မွန္တာေပါ့"
ရွင္ယဲ့ ေခါင္းညိတ္လိုက္သည္။
"ငါ ဒီကမာၻကို စေရာက္လာကတည္းက သိခဲ့သင့္တာ။ ဒီေနရာက လူေတြ နားလည္ႏိုင္တဲ့ စြမ္းရည္ေတြထက္ကို ေက်ာ္လြန္ေနၿပီး၊ လူ႔ေလာက ဉပေဒေတြနဲ႔ ကိုယ္က်င့္တရားေတြက ဒီမွာ အသုံးမဝင္ဘူး ဆိုတာကိုပဲ"
သူ ေခါင္းကို ေမာ့ၾကည့္လိုက္ၿပီး ေ႐ြးခ်ယ္ရမည့္ အရာမ်ားကို စိုက္ၾကည့္ေနလိုက္သည္။ ဒါေပမဲ့ သဲလြန္စ တစ္ခုတေလမွ ရွာမေတြ႕ေခ်။ ေဖာ္ျပထားသည့္ စာလုံးမ်ားအရ ကံၾကမၼာကို လိုက္နာမည္က ပို၍ လြယ္ကူမည့္ပုံေပၚသည္။
သို႔ေသာ္ စိတ္မေကာင္းစရာက၊ သူ ေမြးဖြားလာကတည္းက ကံၾကမၼာရဲ႕ မ်က္ႏွာသာေပးျခင္းကို တစ္ခါမွ မခံရဖူးေပ။
အေခါင္းထဲတြင္ ၿငိမ္းခ်မ္းစြာ လွဲေလ်ာင္းေနေသာ သူ႔ညီေလး၏ ပုံရိပ္က ရွင္ယဲ့ စိတ္ထဲဝင္ေရာက္လာခဲ့သည္။
"ငါ bကိုေ႐ြးတယ္"
"တစ္ခါေ႐ြးၿပီးရင္ ျပန္ေျပာင္းလို႔ မရဘူးေနာ္။ သင္ ေသခ်ာလို႔လား?"
အျဖဴအနက္ကုဗတုံးက ေမးေလသည္။
"ေသခ်ာတယ္"
ရွင္ယဲ့ ေတြေဝျခင္း မရွိဘဲ ျပန္ေျဖလိုက္သည္။
အနက္ေရာင္ ကုဗတုံးေပၚတြင္ စာတန္းမ်ား ေပၚလာသည္။
' ကစားသူ x8205 သည္ ကံၾကမၼာကို ဆန႔္က်င္သူမ်ား အုပ္စုတြင္ ပါဝင္လိုက္ပါသည္။
အုပ္စု၏ မူလ စြမ္းရည္: ကံေကာင္းႏႈန္း တန္ဖိုး 1%
ကိုယ္ပိုင္ မူလ စြမ္းရည္: ထူးျခား စကၡဳအာ႐ုံ၊ ျပန္လည္ေရးဆြဲႏိုင္သည့္ ေဘာပင္( ထိုစြမ္းရည္မ်ားမွာ ကစားသူ၏ မူလ စြမ္းရည္မ်ားျဖစ္ၿပီး ယခုအခ်ိန္တြင္ အသုံးျပဳ၍ မရႏိုင္ပါ )
ထို စာေၾကာင္းမ်ားမွာ မၾကာမီမွာပင္ အျဖဴအနက္ QR codeတစ္ခုအျဖစ္သို႔ ေျပာင္းလဲသြားကာ ရွင္ယဲ့၏ ဖုန္း၌ ေပၚလာခဲ့သည္။
ရွင္ယဲ့ ႐ုတ္တရက္ သူ၏ မီးခိုးေရာင္ စတီးလ္ဖုန္းမွာ အနက္ေရာင္တစ္ဝက္ အျဖဴေရာင္တစ္ဝက္ ဖုန္းအျဖစ္သို႔ ေျပာင္းလဲသြားသည္ကို ေတြ႕လိုက္ရသည္။ ခ်ဴဟယ္ဟန္က်ဲ႕*ျမစ္သကဲ့သို႔ ဆန႔္က်င္ဘက္ အုပ္စုႏွစ္ဖက္ကို ပိုင္းျခားထားသလိုမ်ိဳး ျဖစ္ေပၚေနေလသည္။
"သတိေပးခ်က္: ကံၾကမၼာကို လိုက္နာၾကသူမ်ား အုပ္စုက ကံေကာင္းႏႈန္း တန္ဖိုး 99% ရွိပါတယ္"
အျဖဴအနက္ ကုဗတုံးက ေျပာေလသည္။
"အျမင့္ဆုံးနံပါတ္ရေအာင္ အန္စာတုံး တစ္တံုးကို ပစ္ရမယ္ဆိုရင္ ကံၾကမၼာကို လိုက္နာသူ အုပ္စုက လူေတြက အႀကိမ္၁၀၀မွာ ၉၉ႀကိမ္ေလာက္က နံပါတ္၆ကို က်မွာျဖစ္တယ္။ သူတို႔နဲ႔ ႏႈိင္းယွဥ္ၾကည့္ရင္ေတာ့ ကံၾကမၼာကို ဆန႔္က်င္တဲ့ အုပ္စုက လူေတြက အႀကိမ္တစ္ရာမွာ တစ္ႀကိမ္လာက္သာ နံပါတ္၆ကို က်ေအာင္လုပ္ႏိုင္မွာ ျဖစ္တယ္။ ကံၾကမၼာဆိုတာ ထာဝရဘုရားေတြ ေစလိုရာ အတိုင္းပဲ ျဖစ္လာတာပဲေလ။ သင္ ေနာင္တရေနၿပီလား?"
"ေနာင္တရစရာ အေၾကာင္းမရွိပါဘူး။ ေ႐ြးခ်ယ္လိုက္ၿပီ ဆိုကတည္းက ဆုံးျဖတ္ခ်က္ ခိုင္ခိုင္မာမာနဲ႔ ေရွ႕ဆက္သြားရမွာပဲ"
စာေရးသူ ေျပာစရာရွိသည္: ဒါက Survival, fantasy novel typeပါ။ ရွင္ယဲ့က gong (seme)ပါ။ သူ႔ညီက shou(uke) မဟုတ္ပါဘူး။ ညီအစ္ကိုအခ်င္းခ်င္း မေပးစားၾကပါနဲ႔။ ၿပီးေတာ့ QR codeတစ္ခုကို ဆြဲဖို႔ မခက္ပါဘူး အေသးစိတ္သိခ်င္ရင္ Baidu( china google) မွာ ရွာလို႔ရပါတယ္။ဇယားကြက္ပါတဲ့ စာ႐ြက္နဲ႔ဆိုရင္ ဆြဲလို႔အေကာင္းဆုံးပါပဲ။
*[ ခ်ဴဟယ္ဟန္က်ဲ႕ - ခ်ဴဘုရင္ ရွန္႔ယြီနဲ႔ ဟန္႔ဘုရင္ လ်ိဳပန္းက အဲ့ဒီျမစ္မွာ စစ္တိုက္ခဲ့တဲ့ သမိုင္းကို အစြဲျပဳၿပီး ေခၚထားတဲ့ ျမစ္နာမည္ပါ။ chessဆိုတဲ့အဓိပၸာယ္လည္းရၿပီး အဓိကက ဆန႔္က်င္ဘက္ဆိုတဲ့ သေဘာကိုေျပာခ်င္တာပါ။]