royal camellia | taekook [com]

By dalia_yoonie

33.7K 2.9K 91

အချစ်ရူးနှင့်တော်၀င်ပန်း More

•chapter-1•
•chapter-2•
•chapter-3•
•chapter-4•
•chapter-5•
•chapter-6•
•chapter-7•
•chapter-8•
promo
•chapter-10•
•chapter-11•
•chapter-12•
•chapter-13•
•chapter-14•
•chapter-15•
[yoonmin special chapter]
•chapter-17•
TwT
•chapter-18•
•chapter-19•
•chapter-20•
•chapter-21•
•chapter-22•
•chapter-23•
Chapter-24 [fin]
ကျေးဇူးတင်လွှာ

•chapter-16•

901 101 13
By dalia_yoonie

နေရောင်ခြည်စူးစူးကြောင့်
ထယ်ယောင်းမျက်စိကြိမ်းကာနိုးလာခဲ့သည်။
ဘေးနားကအမူးသမားကတော့ ညက
ရေချိန်ကိုက်သွားသည်ထင်၊မနိုးသေး။

တစ်ကုတင်တည်းအိပ်တာက
ပုံမုန်လိုတောင်ဖြစ်နေပြီဆိုသော်ငြား
သူတို့အဆင့်မတက်သေးပါ။
နှစ်ယောက်လုံးအသက်မပြည့်သေးသည့်
အပြင် ဂျောင်ကုကထယ်ယောင်းအပေါ်
တအားတန်ဖိုးထားလွန်းပါသည်။

တော်၀င်ပန်းလေးကိုမခြွေရက်သေးပါ။
လူတွေအများကြီးရှေ့ သူ့အပိုင်လေးဟု
မသတ်မှတ်နိုင်ခင်အထိ ဒီပန်းလေးကို
မခြွေချင်ပါ။တော်၀င်‌ပန်းလေးရဲ့
တန်ဖိုးကိုသာမြှင့်တင်ပေးချင်သူပင်။

ထယ်ယောင်းလဲဂျောင်ကု၏သူ့အပေါ်
တန်ဖိုးထားမှုတွေကိုမြင်ပါသည်။
ဒါကြောင့်ဒီလူသားကိုအချစ်ပိုရသည်မလား။
ပုံမှန်ချိန်ဆို ထယ်ယောင်းကရှက်တတ်လွန်းလို့
ဂျောင်ကုအိပ်ပျော်နေတဲ့အချိန်သာ
မျက်နှာချောချောကို တစ်၀ကြီးငေးပစ်သည်။
ပုံမှန်အချိန်ဒီလိုသွားငေးကြည့်ပါလား။
မျောက်အုန်းသီးရတဲ့မျက်နှာကို
လူကိုစလိုက်မယ့်ဖြစ်ချင်း။

ရင်နင့်အောင်ပေမယ့် တခါတလေတော့့လဲ
ကိုင်ပေါက်ချင်မိသည်။အားချင်းမမျှလို့သာ။

"အိပ်နေတာလေးကိုကြည့်ပါအုံး
ကလေး‌ရုပ်လေးနဲ့...မသိတဲ့လူသာဆို
ဖြူဖြူစင်စင်လေးထင်နေမယ်
တကယ်တမ်း လူမိုက်ကောင် ဟွန့်
အမူးသမား..လူကိုစိတ်ပူအောင်သိပ်လုပ်တာပဲ"

ထယ်ယောင်းရဲ့တစ်ဖက်သတ်
စိတ်ကောက်မှုကိုတော့ အိပ်မောကျနေတဲ့
ဂျောင်ကုမသိရှာပါ။

အမူးသမားအတွက် အမူးပြေဟင်းချိုလေး
လုပ်ပေးချင်တာမို့ ထယ်ယောင်းထကာ
မနက်တိုင်းပြုလုပ်နေကျ မျက်နှာသစ်၊
သွားတိုက်တို့ကိုပြုကာ apronလေး
ကောက်၀တ်လိုက်သည်။
သူ့လက်ရာကအကောင်းကြီးမဟုတ်ပေမယ့်
အလယ်တန်းလောက်ထဲက
အိမ်တော်ထိန်းအန်တီကြီးရဲ့သင်ပြမှုကြောင့်
စားကောင်းတာထက်တော့ပိုသည်။

'ဟင်းချိုကြီးပဲဆို သူဗိုက်ဆာနေတော့မှာ
ကြက်ဥလိပ်လေးပါထပ်လုပ်မှပဲ'

အိပ်ခန်းထဲကနေ တအင်းအင်းနဲ့
အပျင်းကြောဆန့်သံတွေအရ
အမူးသမားနိုးလာပြီထင်။

"နိုးရင်လဲ မနက်စာလာစားချည်!"

ခဏနေတော့
ထယ်ယောင်းနောက်ကိုရောက်လာကာ
ခါးလေးကိုဖက်လို့ပုခုံးပေါ်မေးတင်၍
ငိုက်မြည်းနေပြန်သည်။

"ကဲ အမူးသမား ကျောင်းသွားရမယ်
မျက်နှာသွားသစ်ချည်"

"မောနင်း အသည်းလေး"

ကိုယ်ပြောတာတခြား သူပြန်ဖြေတာတခြား။

"ငါပြောတာရော ကြားရဲ့လား
‌မျက်နှာသစ်တော့ ဒါမှမဟုတ်လဲရေချိုး"

"အာဘွားပေးမှ ချိုး‌မယ် အာဘွား.."

"အမူးသမားကိုအာဘွားမပေးချင်ပါဘူး"

"မပေးလဲ ကိုယ့်ဟာကိုယ်ယူတယ်ကွာ"ဆိုပြီး
ပြွတ်စ်ခနဲနှုတ်ခမ်းကိုဖိနမ်းကာ
ရေချိူးခန်းထဲပြေး၀င်သွားသည်။
ရုတ်တရက်မို့ထယ်ယောင်းလဲ
ကြောင်တောင်တောင်လေးဖြစ်သွားသည်။

"ဟ ဒီကောင်ကတော့!"

-royal camellia-

ရေချိူးခန်းထဲရောက်တော့
ဂျောင်ကုကြည်နူးစွာပြုံးမိသည်။
နောက်တော့Mr.kimရဲ့စကားတွေကြောင့်
အပြုံးပြန်ပျောက်သွားသည်။

'ဟူး..အချစ်ရေ ကိုယ်တို့ဒီလိုလေး
နေ့တိုင်းနေနိုင်ဖို့ ခဏစောင့်ပေးပါ
ကိုယ်ပြန်လာခဲ့မယ်'

၁နှစ်အတွင်း ဘာမဟုတ်တဲ့ကောင်က
Kim Groupကို‌ေထာက်ပံ့ဖို့
ဘယ်လိုဖြစ်နိုင်မှာလဲလို့
ခင်ဗျားတွေးထားတယ်မလား။

ကျွန်တော်သာဖြစ်ချင်ရင်လေ

၁နှစ်မဟုတ်၁လနဲ့တင် ‌အေးဆေးလေး
ခင်ဗျားKim Groupကိုသိမ်းလို့တောင်ရတယ်။
ဘယ်သူ့ပေါ်မှအကြွေးမတင်ချင်လို့သာ။
'အစားကိုကုန်အောင်စား စကားကိုကုန်အောင်မပြောနဲ့'ဆိုတာကြားဖူးမှာပါ။

ကြည့်ရတာ 'ဝှက်ဖဲ'ကိုထုတ်သုံးဖို့
အချိန်ကောင်းပဲ။တော်၀င်ပန်းလေးကို
ချစ်ခဲ့ထဲကဒါ‌မျိုးတွေအတွက်ကျွန်တော့်မှာ
'ဝှက်ဖဲ'ဆိုတာရှိထားပြီးသား။

ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ကာ
unknown numberတစ်ခုကိုဆက်လိုက်သည်။

'ဟယ်လို ဘာများကူညီပေးရမလဲမသိဘူး'

"ငါပါ ဂျွန်ဂျောင်ကု"

'အော် အတော်ပဲရှင်
မဟုတ်တောင် CEOကဆက်သွယ်ဖို့လုပ်နေတာ'

"Mr.Jeonကိုဖုန်းလွှဲပေးပါ"

'ဟုတ်ကဲ့ရှင့်'

နောက်တော့'ဟယ်လို'ဆိုသော်
ယောင်္ကျားသံခပ်မာမာကိုကြားလိုက်ရသည်။

"ပြောစရာရှိတယ် ဘယ်နေ့အားမလဲ"

-royal camellia-

အရင်ကမတူသလိုမတန်သလို
ဂျောင်ကုကိုဆက်ဆံခဲ့တဲ့လူတွေလဲ
ထယ်ယောင်းအရှိန်အဝါကြောင့်
ဂျောင်ကုအပေါ်ကောင်း‌ေကာင်းဆက်ဆံ
လာကြသည်။ဂျောင်ကုကတော့သူတို့
ဘယ်လိုဆက်ဆံပါစေ ခေါင်းထဲပင်မရှိ။
သူသိတာ သူ့ချစ်သူလေးကိုချစ်ဖို့ရယ်၊
သူ့ချစ်သူလေးကိုမထိတထိစဖို့ရယ်။
တခါတလေ ထယ်ယောင်းကိုစမိလို့
ဗိုက်ခေါက်လိမ်ဆွဲခံရရင်တောင်
ပျော်ပျော်ကြီးအဆွဲခံတဲ့ ဒီလိုအချစ်ရူးပါလေ။

ဒီနေ့ ယွန်းဂီတို့အတွဲdateလုပ်သည်ဟုကြားသည်။သူလဲထယ်ယောင်းနဲ့မခွဲရခင်လေး
အမှတ်တရတစ်ခုခုလုပ‌်‌အုံးမည်ဟု
စဉ်းစားမိသည်။မထင်ရပေမယ့်
သူ့ထက်ကဗျာဆန်တတ်တဲ့ယွန်းဂီကိုပဲ
အားကိုးရပေမည်။ယွန်းဂီကလဲဂျီမင်း
အကြောင်းတွေသိချင်ရင်ဂျောင်ကုဆီလာရသလို
ဂျောင်ကုလဲထယ်ယောင်းနဲ့ပက်သက်လို့
သိချင်ရင်ယွန်းဂီဆီပြေးရသည်။
သူတို့နှစ်ယောက်က 'ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ'
ဆိုတဲ့စကားပုံရဲ့ဥပမာတစ်ခုလိုပင်။

"ယွန်းဂီနဲ့ဂျီမင်းတို့ပျော်နေတာပဲ
ယွန်းဂီရဲ့instagramမှာနှစ်ယောက်သား
ပုံတွေနဲ့ပြည့်နှပ်နေရော"

"အွန်း ငါလဲအခုပဲတွေးနေတာ အသည်းရဲ့
ငါတို့လဲdateဖြစ်ဖြစ်သွားရအောင်"

‌canteenကထိုင်နေကျနေရာလေးမှာပဲ
ကျောင်းမတက်ခင်အချိန်ကိုကုန်ဆုံးတတ်တဲ့
သူတို့နှစ်ယောက်။

"မဖြစ်လောက်ဘူးကွ ငါအခုပဲမင်းကိုပြောမလို့"

"ဟင် ဘာများလဲ"

"နောက်တပတ်ကျ ငါဆိုးလ်ခဏပြန်မလို့"

"ဟမ် ရုတ်တရက်ကြီး ထယ်ယောင်းရာ
အခုမှပြောရလား"

"‌ေ‌ဆာရီးကွာ ငါလဲမကြာခင်ကမှ
ပြန်မယ်လုပ်ထားတာ"

"အဲ့တာဆိုလဲဘယ်တတ်နိုင်မလဲ"

ထယ်ယောင်းဆိုးလ်ကိုရောက်နေတဲ့အချိန်
Mr.Kimကအတင်းအကြပ်စေ့စပ်ခိုင်းတာတော့
မလုပ်လောက်ဘူးမလား။

"စိတ်ဆိုးသွားတာလား
တောင်းပန်ပါတယ် ဂျောင်ကုရယ်
ငါဖြေရှင်းရမယ့်ပြသနာလေးရှိလို့"

"ဘာပြသနာလဲ"

"အဲ့တာက..."

"တူတူရင်ဆိုင်မယ်ပြောထားတယ်မလား
ငါ့ကိုပြောပြပါ"

တူတူရင်ဆိုင်မယ်ဆိုတဲ့ကတိကို
ငါကျမတည်နိုင်ပဲမင်းကိုဖိအားပေးမိနေတယ်။
တောင်းပန်ပါတယ်ကွာ။

"ငါ့အဖေကအဆက်အသွယ်လုပ်တယ်
ဆိုးလ်ကိုပြန်လာတော့တဲ့"

ထင်တဲ့အတိုင်းပါပဲလား။

"တကယ်တော့ မနေ့ကလဲလာတွေ့သေးတယ်
မင်းအိမ်ကိုပြန်မလာခင်နာရီပိုင်းအလိုက"

ဒါဆိုသူနဲ့တွေ့ပြီးထယ်ယောင်းဆီသွားခဲ့တာပေါ့။

"ဘာတွေပြောခဲ့လဲ"

"ဆိုးလ်မှာ Kim Groupကပြသနာတတ်နေတဲ့
အပြင်...ငါ့မိဘတွေ ငါ့မိဘတွေက
ကွာရှင်းလိုက်ပြီတဲ့လေ"

ဒီအကြောင်း‌ေတွအထိတော့Mr.Kimက
သူ့ကိုမပြောခဲ့တာမို့ ထယ်ယောင်းစကားကြောင့်
အံ့အားသင့်မိသည်။

"အဲ့နေ့ကအချစ်လဲပင်ပန်းနေခဲ့မှာကို
ကိုယ်ကအရက်တွေမူးပြီးပိုပင်ပန်းစေခဲ့တာပဲ
တောင်းပန်ပါတယ်"

မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ထယ်ယောင်းရဲ့
လက်ကလေးနှစ်ဖက်ကိုအုပ်ကိုက်ကာ
တောင်းပန်စကားဆိုမိသည်။

မိဘတွေကြောင့်စိတ်ပင်ပန်းနေရတာကို
သူပါထားသွားမယ်ဆိုရင်
ထယ်ယောင်းလေးခံနိုင်ရည်ရှိပါ့မလား။

-royal camellia-

အခုနောက်ပိုင်းchapterတွေ
အပိုင်းရှည်လာပါတယ်နော်။
ကိုယ့်ရဲ့ရေးနိုင်စွမ်းတိုးလာတယ်ပဲ
ပြောရမလား။ဒါနဲ့တို့wp bioက
my beloved jupitersဆိုတာ
ဘယ်သူ့ကိုပြောတယ်ထင်လဲ။

သေချာပေါက်ဒီစာဖတ်သူလေးတွေကိုပေါ့။
own nameလေးရှိသွားပြီနော်။
နောက်ဆိုစာဖတ်သူလေးတွေဆိုတာထက်
အဲ့လိုလေးခေါ်ဖြစ်မယ်ထင်တယ်။

-🪐✨-


တစ်ကုတင်တည်းအိပ်တာက

မခြွေချင်ပါ။တော်ဝင်‌ပန်းလေးရဲ့


ရင်နင့်အောင်ပေမယ့် တခါတလေတော့လဲ
ကိုင်ပေါက်ချင်မိသည်။အားချင်းမမျှလို့သာ။


ဂျောင်ကုမသိရှာပါ။

ကောက်ဝတ်လိုက်သည်။
အလယ်တန်းလောက်ထဲက




ခဏနေတော့
ငိုက်မြည်းနေပြန်သည်။

မျက်နှာသွားသစ်ချည်"

"မောနင်း အသည်းလေး"





ရေချိုးခန်းထဲပြေးဝင်သွားသည်။

"ဟ ဒီကောင်ကတော့!"

-royal camellia-

ရေချိုးခန်းထဲရောက်တော့

ကိုယ်ပြန်လာခဲ့မယ်'

Kim Groupကို‌ထောက်ပံ့ဖို့


အချိန်ကောင်းပဲ။တော်ဝင်ပန်းလေးကို



"ငါပါ ဂျွန်ဂျောင်ကု"

'အော် အတော်ပဲရှင်


'ဟုတ်ကဲ့ရှင့်'



-royal camellia-

ဂျောင်ကုအပေါ်ကောင်း‌ကောင်းဆက်ဆံ
လာကြသည်။ဂျောင်ကုကတော့သူတို့

စဉ်းစားမိသည်။မထင်ရပေမယ့်
အားကိုးရပေမည်။ယွန်းဂီကလဲဂျီမင်း



သူတို့နှစ်ယောက်။


"ဟင် ဘာများလဲ"


အခုမှပြောရလား"

ပြန်မယ်လုပ်ထားတာ"


မလုပ်လောက်ဘူးမလား။

"စိတ်ဆိုးသွားတာလား

"ဘာပြသနာလဲ"

"အဲ့တာက..."

ငါ့ကိုပြောပြပါ"

တောင်းပန်ပါတယ်ကွာ။





"ဘာတွေပြောခဲ့လဲ"


ဒီအကြောင်း‌တွေအထိတော့Mr.Kimက
အံ့အားသင့်မိသည်။

တောင်းပန်ပါတယ်"



-royal camellia-

ပြောရမလား။ဒါနဲ့တို့wp bioက


-🪐✨-








Continue Reading

You'll Also Like

1.2K 255 8
အရှင်ဟာသူဆိုက်ကပ်ချင်တဲ့ ဆိပ်ကမ်းမြို့လေးတစ်ခုဖြစ်ပြီး ဘယ်တော့မှထွက်ခွာမသွားချင်တဲ့ ဘူတာရုံလေးလည်းဖြစ်တယ်။ သူဟာဘတ်စ်ကားထဲက ခရီးသည်တစ်ယောက်သာဆို အရှင...
29.9K 2.5K 11
"𝘾𝙖𝙣'𝙩 𝙬𝙚 𝙗𝙚 𝙖𝙡𝙬𝙖𝙮𝙨 𝙩𝙤𝙜𝙚𝙩𝙝𝙚𝙧 𝙞𝙣 𝙩𝙝𝙞𝙨 𝙪𝙣𝙧𝙞𝙜𝙝𝙩𝙚𝙤𝙪𝙨 𝙘𝙮𝙘𝙡𝙚?" This is my first fanfiction and will include few...
14.1K 654 7
"I wish, I can find someone just like you.' 'Why not just me?' • 𝐆𝐱𝐆 • 𝐆!𝐏
1.4K 212 15
"ဝေးသွားလို့မဖြစ်ဘူးမောင်ရဲ့..မောင်နဲ့ဆိုပြီး မက်ထားတဲ့အိမ်မက်တွေ၊စိတ်ကူးတွေမှအများကြီး၊အဲ့တာကြောင့်မြန်မြန်ပြန်လာခဲ့ပါနော်၊ကျွန်တော်‌ကျိန်းသေစောင့်န...