•chapter-19•

883 95 3
                                    

'သူအဆင်ပြေပြေမှရှိနေရဲ့လား'ဆိုတဲ့
မေးခွန်းကသာခေါင်းထဲထပ်နေတော့သည်။
အများကြ္ီးငိုနေမလား...။
မဟုတ်တာ၊ငါတို့ထယ်ယောင်းက
သိပ်သန်မာတာရယ်။

ခေါင်းထဲကသာ‌မုန်းပစ်လိုက်ပါလို့
ပြောနေပေမယ့်နှလုံးသားကတော့
သူ့အမုန်းကိုမခံယူချင်။ကိုယ့်ကိုစိတ်နာ
နေမှာပဲဆိုတဲ့အကြောင်းတွေးမိတာနဲ့
ရင်တွေစုတ်ဖြဲခံရသလို။

ဒီရောက်တာ၁လရှိပြီ။
သူအလုပ်တွေတော်တော်ကြိုးစားနေပြီး
ဟိုဘီဟျောင်းကလလဲတတ်နိုင်သမျှ
ကူညီပေးတာမို့အစီစဉ်တွေက
ချောချောမွတ်မွတ်။မချောမွတ်တာက
သူ့ကိုလွမ်းနေတဲ့စိတ်...။
အဆင်ပြေပြေရှိနေမှရမယ်..။
ငါပြန်လာတဲ့အခါကျအများကြီး
ထုရိုက်ပစ်လိုက်ပါ။ဒီလူကဆိုးတယ်မလား။
ဆိုးပေမယ့်မင်းကိုတော့အများကြီးချစ်တာပါ။
မင်းသိရင်ကောင်းမှာပဲ။

"ဂျောင်ကု...စုံစမ်းခိုင်းထားတာရပြီ"

ဟိုဘီဟျောင်းကိုသူ့အကြောင်းတွေ
စုံစမ်းခိုင်းထားတာမို့ဟျောင်းကသူ့လူတွေ
လွှတ်ကာအစွမ်းကုန်ထောက်လှမ်းပေးသည်။

"ဟုတ်လား သူအဆင်ပြေနေရဲ့လား ဟျောင်း"

"အခုတလောအဆင်‌ေြပနေတယ်ပြောရမယ်
အရင်ရက်တွေကဆိုတိုက်ခန်းအပြင်တောင်
မထွက်ဘူးတဲ့ အခုနောက်ပိုင်းတော့
ကျောင်းလဲသွားပြီးအဆင်ပြေနေတယ်"

"တော်သေးတာပေါ့"

သူအဆင်ပြေနေတယ်ဆိုတာလေးနဲ့တင်
၁လအတွင်းခံနိုင်ရည်ရှိခဲ့တာ။

ကိုယ်လဲအတတ်နိုင်ဆုံးအဆင်ပြေအောင်
နေနေတာမို့ အချစ်လဲအဲ့လိုလုပ်ရမယ်။
ဒီလူဆိုးကောင်ကအချစ်ကိုသေချာပေါက်
ပိုင်ဆိုင်နိုင်အောင်ကြိုးစားမှာမို့ အချစ်ကသာ
စောင့်နေပေးပါ...။

-royal camellia-

‌စိတ်နာရမယ်လို့တဖွဖွပြောနေပေမယ့်
အဲ့လူအကြောင်းပဲတွေးမိ‌ေနသည်။
နှလုံးသားရယ် မင်းကိုနာကျင်စေတဲ့လူကိုပဲ
ဘာလို့ခေါ်ခေါ်သွင်းနေတော့တာလဲ။
တစ်နှစ်တောင်ရှိပြီမလား။
သူတောင်ကိုယ့်ကိုမလိုချင်လို့ထွက်သွား
ပြီးပြီပဲ။ရင်ထဲကဒဏ်ရာတွေလဲကျက်သင့်ပြီ။

royal camellia | taekook [com]Where stories live. Discover now