•chapter-10•

1.1K 114 7
                                    

ဘူဆန်ရောက်တာ၁လကျော်ပြီဆိုသော်ငြား
မိဘတွေကအဆက်အသွယ်မလုပ်ခဲ့။
ဘယ်လိုပဲဂရုမစိုက်ပါစေ
သာကြောင်းမာကြောင်းလေးတော့
မေးသင့်သည်မဟုတ်ပါလား။
ထားပါတော့။ငယ်ငယ်ထဲကဒီလိုတွေနဲ့
နေသားကျပြီးသားပဲ။

တခါတလေတော့စိတ်အားငယ်မိပေမယ့်
ဘေးနာမှာရှိပေးတဲ့ဂျောင်ကုကြောင့်
စိတ်သက်သာရာရပါသည်။
သူရင်ဖွင့်သမျှကိုမငြီးမငြူနားထောင်ပေးသည်၊
သွားချင်တဲ့နေရာတွေကိုလိုက်ပို့ပေးသည်။
သူနဲ့ဂျောင်ကုကသူငယ်ချင်းအမည်ခံထားသည့်
ချစ်သူရည်းစားတွေလိုပင်။
(Friends with benefitsလိုမျိုးပေါ့:3)

ဖက်တာဘာညာအသာထား
မနမ်းရုံတမယ်အခြေအနေတွေထိပင်
ခဏခဏရောက်ဖူးပါသည်။
အခုဆိုယွန်းဂီပင်သိနေပြီ။
သူတို့ရဲ့ဆက်ဆံရေးက‌‌ပြောပြစရာမလိုပဲကို
ဘေးလူတွေသိတဲ့အထိသိသာနေတာလား။

ထယ်‌ေယာင်းမှာဂျောင်ကုတိုက်ခန်းကိုလဲ
သူ့အိမ်သူ့ရာသဖွယ်ချောင်းပေါက်မတတ်
ရောက်သည်။အခုလဲဂျောင်ကုကုတင်ပေါ်
တက်ထိုင်ကာဂိမ်‌းဆော့နေခြင်း။
ငယ်ကျွန်ကြီးဂျောင်ကုခမျာတော့
ထယ်ယောင်းဖွထားတာတွေ
လိုက်ရှင်းရတာပေါ့။

ချစ်တော့လဲအပြစ်မမြင်ရက်။

'အလိုလိုက်ထားတော့သိပ်ဆိုးတာပဲကွာ'

သုံးနာရီလောက်ဂိမ်းဆော့ပြီးအကြာမှာတော့
အကြောတွေဘာတွေဆန့်ကာဂျောင်ကုကို
မျက်နှာချိုလေးသွေးရှာသည်။

"ကဲ သခင်လေး ဂိမ်းဆော့လို့၀ပြီလားခင်ဗျ"

"ဟီး..."

စပ်ဖြီးဖြီးရုပ်လေးကိုအသည်းယားလွန်းလို့
တရှုံ့ရှုံ့နမ်းလိုက်ချင်သည်။

ကုတင်ပေါ်သို့တစောင်းထိုင်ကာ
မျက်ရိုး‌တွေကိုညှင်ညှင်သာသာနှိပ်ပေးသည်။

"အဲ့လောက်ကြီးဂိမ်းဆော့ရင်
မျက်ရိုးတွေကိုက်မယ် အသည်းလေးရဲ့"

"ကိုက်ပါ့စေ နှိပ်ပေးမယ့်
ဂျောင်ကုရှိတာပဲဟာ"

အဆိုးလေးကပုခုံးပေါ်ခေါင်းမှီလို့ချွဲပြန်သည်။

ပိုင်ဆိုင်ချင်လွန်းလို့ရူးတော့မှာပဲ။
ဒီတိုင်းခိုးပြေးလိုက်ရမလား။

royal camellia | taekook [com]Where stories live. Discover now