Chapter-24 [fin]

1.8K 81 2
                                    

'ခွပ်'ခနဲပါးစောင်ပေါ်ရောက်လာတဲ့လက်သီးကြောင့်ပါးစပ်ထဲငံကျိကျိအရသာပင်ခံစားရသည်။ဟုတ်ပါရဲ့။နှစ်ပိုင်းလောက်အစရှာမရအောင်ပျောက်သွားပြီးမှညီအရင်းလို
ဥထားရတဲ့သူ့သူငယ်ချင်းကိုအတင်းလက်ထပ်ယူမှတော့ယွန်းဂီစိတ်ဆိုးတာလဲဖြစ်သင့်ပါ၏။
စိတ်ဆိုးတာထက်တောင်ပိုမှာပေါ့။

"ငါ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်တဲ့
ခွေးလိုကောင်!'

"ယွန်းဂီ..."

"၀င်မပါနဲ့ ထယ်ယောင်း
အမှတ်မရှိဘူးလား မင်းကရော"

"စကားနဲ့ပြောယွန်းဂီ ငါ့အိမ်မှာရှုပ်ရှုပ်ရှပ်ရှပ်တွေ
မမြင်ချင်ဘူး..."

တောက်တချက်ခေါက်ကာယွန်းဂီကဆိုဖာပေါ်
ထိုင်သည်။ဂျီမင်းကတော့ရောက်လာထဲက
ဘာတခွန်းမှမပြောပဲကုပ်ကုပ်လေးသာထိုင်
နေသည်။နှစ်ဖက်လုံးနှင့်သိနေသည့်ကြားလူမို့
နေရခက်လှသည်။

"ထယ်ယောင်းပြောသလိုစကားနဲ့ပဲရှင်းကြပါကွာ ငါလဲကြားထဲကနေဘယ်လိုလုပ်ပေးရမလဲမသိတော့ပါဘူး"

ယွန်းဂီကပြန်ထကာ ဂျောင်ကုကိုလက်ညိုးထိုးလို့

"မင်းသိလား အကုန်လုံးမော်ကြည့်နေရတဲ့ ကင်ထယ်ယောင်းဆိုတာကောင်က မင်းကြောင့် အခန်းအောင်းပြီးရင်ကွဲနာကျခဲ့ရတာ! စိတ်ရောဂါရမတတ်ဖြစ်လို့ဆရာ၀န်နဲ့ပါပြခဲ့ရတာ!မင်းကတော့ အခုမှဘာချောင်ကနေမှန်းမသိပေါ်လာပြီး အတင်းလက်ထပ်ယူမယ်ပေါ့ ဟုတ်လား!"

"မင်ယွန်းဂီ"

"မဟုတ်ဘူး ငါအဆင်ပြေတယ် မတားနဲ့
ထိုးစမ်းပါ ယွန်းဂီ ကျွန်တော်တောင်းပန်ဖို့တောင်မရဲပါဘူး ဒါပေမယ့် တောင်းပန်ပါရစေ ခွင့်လွှတ်ဖို့ကိုလဲမျှော်မမှန်းထားပါဘူး စကားထက်လက်တွေ့ပဲပြတော့မှာမို့ ဒီတခါတော့စောင့်ကြည့်ပေးပါ ခင်ဗျားသူငယ်ချင်းဒုတိယအကြိမ်နာကျင်ရတယ်ဆိုတာရှိလာမှာမဟုတ်လို့"

ယွန်းဂီကခါးထောက်ခေါင်းမော့လို့သက်ပြင်းရှည်တစ်ခုချသည်။

"အေး ကောင်းပြီလေ စကားကြီးစကားကျယ်တွေပြောပြီးမှ ထယ်ယောင်းမင်း‌ေကြာင့်မျက်ရည်ကျတာထပ်မြင်ရရင် မင်းကိုငါအရှင်မထားဘူးမှတ် ဂျီမင်း လာ ကိုယ်တို့ပြန်မယ်"

royal camellia | taekook [com]Where stories live. Discover now