•chapter-22•

1K 102 0
                                    

"လုံး၀ပဲ ဖေဖေ ကျွန်တော်
ဂျွန်ဂျောင်ကုကိုလုံး၀လက်မထပ်ဘူး"

"ဘာလို့လဲ
မင်းတို့ပဲသိပ်ချစ်ခဲ့ကြတာမဟုတ်ဘူးလားကွ
ပြီးတော့ ဂျွန်‌ဂျောင်ကုကသိပ်အောင်မြင်တဲ့
လူတစ်ယောက်ဖြစ်နေပြီနော် ဥစ္စာပေါရုပ်ချော
ဂျွန်ဂျောင်ကုကိုငမ်းငမ်းတက်လိုချင်နေသူတွေမှ
အများကြီးရယ် စိတ်ကူးမမှားနဲ့ ထယ်ယောင်း"

"အဲ့လိုလူတွေထဲမှာကျွန်တော်မပါဘူး ဖေဖေ
သူနဲ့ကျွန်တော့်ရဲ့ဇာတ်လမ်‌းတွေကပြီးခဲ့ပြီ
လွန်ခဲ့တဲ့တစ်နှစ်ကသူကျွန်တော့်ကိုထားခဲ့
ပြီးကတည်းကပဲ...."

"ဟူး..မင်းကိုမပြောပြချင်ပေမယ့်
ပြောပြရ‌တော့မယ်ထင်တယ်.."

Mr.Kimလဲသူနဲ့ဂျောင်ကုကြားက
သဘောတူညီမှုကိုထယ်ယောင်းအား
ပြောပြလိုက်တော့သည်။ဒီလိုဆို
ထယ်ယောင်းကဂျောင်ကုကိုပြန်လက်ခံမည်
အထင်နှင့်။ထယ်ယောင်းကအတော်လေး
အံ့ဩသွားပုံရကာရင်ဘက်ကိုလက်နဲ့
ဖိလျက်။

ဒါဆို သူ့ကိုစိတ်ကုန်သွားလို့ထားခဲ့တာ
မဟုတ်ဘူးပဲ။သို့သော်အခုမှဒါတွေသိရလို့လဲ
ဂျောင်ကုသူ့ကိုထားသွားသည်ဆိုသော
အမှန်တရားကပြောင်းလဲမသွားပါ။
ပြသနာတွေတူတူရင်ဆိုင်ပါ့မယ်ကတိပေးထား
လျက်နဲ့ကတိဖျက်သည့်ဂျောင်ကုကို
ထယ်ယောင်းပြန်လက်မခံချင်။
ကတိမတည်တဲ့လူကိုမုန်းတယ်လို့
ပြောထားပါလျက်နဲ့ကွာ။

"ဖေဖေဘယ်လိုတောင်လုပ်ရက်တာလဲ
ထားပါ ဘာပဲဖြစ်ဖြစ်ကျွန်တော်သူ့နဲ့
လက်ထပ်မှာမဟုတ်ဘူး ဖေဖေကိုယ်တိုင်
ဖျက်ခဲ့တဲ့ကြိုးကိုပြန်ဆက်ဖို့မကြိုးစားပါနဲ့
သွားခွင့်ပြုပါအုံး ကျွန်တော်နားချင်ပြီ"

တောက်!ပြောရဆိုရခက်လိုက်တဲ့ဒီကောင်ကွာ။
ဂျွန်ဂျောင်ကုကမင်းအဖေရော
Kim Groupကြီးရောကောင်းစားမယ့်
ငွေတွင်းကွ...။

"နေအုံး.."

Mr.Kim၏ဟန့်တားမှုကြောင့်
ထွက်သွားတော့မည့်ထယ်ယောင်း
လှည့်ကြည့်သည်။

"‌မင်းဘိုးဘွားတွေတည်ထောင်ခဲ့တဲ့
KIM Groupကိုမကယ်တင်ချင်ဘူးလား"

royal camellia | taekook [com]Where stories live. Discover now