•chapter-23•

1.2K 100 2
                                    

"မဖြစ်နိုင်တာ ဂျောင်ကုလေ?"

"ဟုတ်တယ် ဂျီမင်း ကိုယ်လဲလုံးဝမထင်ထားဘူး"

မပြောမဆိုနှင့်ပျောက်သွားသည့်အပြင်
ပြန်ပေါ်လာတော့လဲသူ့သဘောတိုင်းတွေ
လုပ်နေသဖြင့်ဂျီမင်းဂျောင်ကုကို
တော်တော်လေးစိတ်ဆိုးမိသည်။
ခါတိုင်းလဲသူတဇွတ်ထိုးလုပ်တတ်တာ
သိပေမယ့်လက်ခံပေးလို့ရသေးသည်။
အခုလိုသူများတကာကိုရှယ်ယာနဲ့သိမ်းပြီး
အတင်းလက်ထပ်တာကြီးကတော့မဖြစ်သင့်။

"ဂျောင်ကုကိုတွေ့ရမယ် ယွန်းဂီ
ကျွန်တော်ကိုယ်တိုင်မေးချင်တယ် သူ့ကို"

"ကောင်းပြီ မဟုတ်တောင်ကိုယ်လဲ
ဆိုးလ်ကိုသွားဖို့လုပ်နေတာ နောက်အပတ်"

"ထယ်ယောင်းရော ဘယ်လိုနေလဲ"

"သူကတော့အဆင်ပြေတယ်ပြောနေတာပဲ
လိမ်နေတာအသိသာကြီး အဲ့ကောင်ကလေ
အမြဲတမ်းတစ်ယောက်တည်းကြိတ်ကြိတ်
ခံစားတတ်တဲ့ကောင်"

တောက်တခေါက်ခေါက်နှင့်ယူကျူံးမရဖြစ်
နေသည့်ယွန်းဂီကိုဘယ်လိုနှစ်သိမ့်ရမလဲတောင်
မသိတော့ပါချေ။ဂျောင်ကုလုပ်ရပ်တွေက
မှားမှန်းသိပေမယ့်အကြောင်းပြချက်
ခိုင်ခိုင်မာမာရှိပါလိမ့်မည်ဟုဂျီမင်းယုံသည်။

-royal camellia-

"ဂျောင်ကု...ထ ထ အိမ်ပြန်မယ်
Barပိတ်တော့မယ်ကွ"

"ဟျောင်း...."

ကြည့်ရတာ‌ဟိုကောင်လေးကသူ့ကို
ခါးခါးသီးသီးဖြစ်နေသည်ထင်ပါ့။
ထူမရတဲ့အထိသောက်ထားပုံအရ
တော်ရုံအသည်းကွဲတာတော့မဟုတ်။
သူထိုင်‌နေတဲ့စားပွဲဝိုင်းကြီးပေါ်တွင်လဲ
ခပ်ပြင်းပြင်းwineပုလင်းတွေနှင့်ပွသလဲလို့။
Barပိတ်ခါနီးပြီမို့waiterကောင်လေးက
သူ့ကိုဖုန်းဆက်သဖြင့်ရောက်ချလာရခြင်း။

"ညီလေး နည်းနည်းကူပါဦးကွာ"

မူးရူးနေသည့်ဂျောင်ကုကိုသူတစ်ယောက်ထဲ
ဘယ်လိုမှမနိုင်တာမို့အကူအညီတောင်းရပြန်သည်။အော်..ဒုက္ခ..ဒုက္ခ။

"ဟျောင်း...ကျွန်တော့်ထယ်ယောင်းက..
ထယ်..‌ယောင်းက..ကျွန်တော့်ကို
မုန်းသွားပြီထင်တယ်.."

royal camellia | taekook [com]Where stories live. Discover now