•chapter-14•

876 104 2
                                    

•ကျောင်နားကcafeကိုထွက်ခဲ့•

စာကြည့်နေတုန်း၀င်လာတဲ့
Messageကြောင့်ဖွင့်ကြည့်မိတော့
ယွန်းဂီဆီကစာပင်။

သွားလို့ဖြစ်ပါ့မလား။
ဘာပဲဖြစ်ဖြစ်သွားလိုက်မည်။
အပြတ်ရှင်းစရာရှိတာလဲရှင်းရင်း၊
ကိုယ်လဲmove onလုပ်လို့ရတာပေါ့။

-royal camellia-

မတွေ့ရတာရက်ပိုင်းအတွင်း
ပါးဖောင်းဖောင်းလေးပိန်သွားသလို။
ဘာလို့စာတွေအရမ်းလုပ်နေတာလဲ
အသေးလေးရဲ့။အချိန်တန်
Min Groupဆက်ခံသူနဲ့ငြားမှာပဲဟာ။

"ဘာလို့ထိုင်ကြည့်နေတာလဲ
ထိုင်ကြည့်ဖို့ခေါ်တာဆိုရင်တော့
ကျွန်တော်ပြန်တော့မယ်"

ဒီလောက်ရင့်သီးနေပုံအရ
ထယ်ယောင်းကိုယုံမိတာမှားပြီထင်။

"မလောပါနဲ့ကွာ ငါပြောတာလေးနားထောင်ပါ
ပြီးမှမင်းစိတ်ကြိုက်ထွက်သားတာပဲဖြစ်ဖြစ်
လုပ်ပါ ငါမတားတော့ပါဘူး"

လူကိုဘာဖြစ်စေချင်နေတာလဲ မင်ယွန်းဂီ။

"ပြော"

"ငါ..ငါ"

"ယွန်းဂီ ကျွန်တော်အချိန်မရ-"

"ငါမင်းကိုသဘောကျလို့!"

"ဟမ်"

"သဘောကျတယ်!မဟုတ်ဘူး
ချစ်တယ် မင်းကိုချစ်တယ် အသေးလေး"

"ဗျာ!?"

-royal camellia-

၃လခန့်ကြာသော်..

"စာလဲမပြန် ဖုန်းလဲမကိုင်တာ
ဘာအချိုးလဲ ကင်ထယ်ယောင်း!"

"ဘာတွေလာပြောနေတာလဲ
အဲ့ဆေးလိပ်ကိုဆက်သောက်ရင်
လုံး၀အပြတ်ပဲလို့ပြောထားတယ်မလား"

"ဆေးလိပ်ကြောင့်ပြတ်တယ်??
‌အရေးမပါလိုက်တာကွာ"

"ဆေးလိပ်သောက်လို့ဆိုတာထက်
ငါ့စကားကိုအလေးမထားလို့ ပြတ်တယ်ကွာ"

'ပြတ်တယ်'ဆိုတာကိုမင်းမို့လို့
လွယ်လွယ်ပြောထွက်တယ်ကွာ။
ငါမင်းကိုဆုံးရှုံးရမှာဘယ်လောက်ကြောက်လဲ
သိရက်နဲ့။

"ငါမင်းကိုပြတ်မပေးနိုင်ဘူး
ဘာလုပ်ချင်လဲ"

"ဂရုမစိုက်ဘူး ငါ့ဘက်ကတော့ပြတ်ပြီပဲ"

royal camellia | taekook [com]Where stories live. Discover now