•chapter-16•

897 101 13
                                    

နေရောင်ခြည်စူးစူးကြောင့်
ထယ်ယောင်းမျက်စိကြိမ်းကာနိုးလာခဲ့သည်။
ဘေးနားကအမူးသမားကတော့ ညက
ရေချိန်ကိုက်သွားသည်ထင်၊မနိုးသေး။

တစ်ကုတင်တည်းအိပ်တာက
ပုံမုန်လိုတောင်ဖြစ်နေပြီဆိုသော်ငြား
သူတို့အဆင့်မတက်သေးပါ။
နှစ်ယောက်လုံးအသက်မပြည့်သေးသည့်
အပြင် ဂျောင်ကုကထယ်ယောင်းအပေါ်
တအားတန်ဖိုးထားလွန်းပါသည်။

တော်၀င်ပန်းလေးကိုမခြွေရက်သေးပါ။
လူတွေအများကြီးရှေ့ သူ့အပိုင်လေးဟု
မသတ်မှတ်နိုင်ခင်အထိ ဒီပန်းလေးကို
မခြွေချင်ပါ။တော်၀င်‌ပန်းလေးရဲ့
တန်ဖိုးကိုသာမြှင့်တင်ပေးချင်သူပင်။

ထယ်ယောင်းလဲဂျောင်ကု၏သူ့အပေါ်
တန်ဖိုးထားမှုတွေကိုမြင်ပါသည်။
ဒါကြောင့်ဒီလူသားကိုအချစ်ပိုရသည်မလား။
ပုံမှန်ချိန်ဆို ထယ်ယောင်းကရှက်တတ်လွန်းလို့
ဂျောင်ကုအိပ်ပျော်နေတဲ့အချိန်သာ
မျက်နှာချောချောကို တစ်၀ကြီးငေးပစ်သည်။
ပုံမှန်အချိန်ဒီလိုသွားငေးကြည့်ပါလား။
မျောက်အုန်းသီးရတဲ့မျက်နှာကို
လူကိုစလိုက်မယ့်ဖြစ်ချင်း။

ရင်နင့်အောင်ပေမယ့် တခါတလေတော့့လဲ
ကိုင်ပေါက်ချင်မိသည်။အားချင်းမမျှလို့သာ။

"အိပ်နေတာလေးကိုကြည့်ပါအုံး
ကလေး‌ရုပ်လေးနဲ့...မသိတဲ့လူသာဆို
ဖြူဖြူစင်စင်လေးထင်နေမယ်
တကယ်တမ်း လူမိုက်ကောင် ဟွန့်
အမူးသမား..လူကိုစိတ်ပူအောင်သိပ်လုပ်တာပဲ"

ထယ်ယောင်းရဲ့တစ်ဖက်သတ်
စိတ်ကောက်မှုကိုတော့ အိပ်မောကျနေတဲ့
ဂျောင်ကုမသိရှာပါ။

အမူးသမားအတွက် အမူးပြေဟင်းချိုလေး
လုပ်ပေးချင်တာမို့ ထယ်ယောင်းထကာ
မနက်တိုင်းပြုလုပ်နေကျ မျက်နှာသစ်၊
သွားတိုက်တို့ကိုပြုကာ apronလေး
ကောက်၀တ်လိုက်သည်။
သူ့လက်ရာကအကောင်းကြီးမဟုတ်ပေမယ့်
အလယ်တန်းလောက်ထဲက
အိမ်တော်ထိန်းအန်တီကြီးရဲ့သင်ပြမှုကြောင့်
စားကောင်းတာထက်တော့ပိုသည်။

'ဟင်းချိုကြီးပဲဆို သူဗိုက်ဆာနေတော့မှာ
ကြက်ဥလိပ်လေးပါထပ်လုပ်မှပဲ'

royal camellia | taekook [com]Where stories live. Discover now