Bite Your Fingertips [Myanmar...
Af XiaMiaoMiao1
196K 40K 2.9K
Eng Title :Bite Your Fingertips Short Title :BYFA lternate Title :咬上你指尖 Author :Su... Mere
Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9.1
Chapter - 9.2
Chapter - 10.1
Chapter - 10.2
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15.1
Chapter - 15.2
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Happy Thindingyut Full Moon Day
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 63
Chapter - 61
Hello All my Dear
Chapter - 62
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 29
1.9K 498 82
Af XiaMiaoMiao1
[UNICODE]
စာ​မေးပွဲ ​ဖြေဆိုလို့ ပြီးသွား​သောအခါ အခန်းထဲမှ ​ကျောင်းသားများသည် ဆရာယဲ့အလာကို ​စောင့်​နေကြသည်။
"ဒီ​မေးခွန်းကို ငါ​ဖြေလာတာ အကုန်ကို မှား​နေတယ်ကွာ... စိတ်ပျက်တယ်"
ဖန်းကျိချီသည် ​မေးခွန်းစာရွက်ကို လက်ထဲတွင် ကိုင်ထားပြီး ​ဒေါသထွက်​နေသံဖြင့် ဆက်​ပြောလိုက်သည်​။
"အကုန်ပြီးသွာပြီဆို​ပေမဲ့ကွာ... သင်္ချာလည်း ငါ​ကောင်း​ကောင်း မ​ဖြေနိုင်လိုက်ဖူး၊ ဟူး... အဆင့်​တွေက​တော့ကွာ ​မြင်​ယောင်​နေပါ​သေးတယ် တော်​တော်​လေးကို စုတ်ပြတ်သတ်​နေ​မှာ..."
အကိုမုန်သည် အပြာ​ရောင် Pepsi ဗူးကို​ဖောက်လိုက်ပြီး၊ ပါးစပ်ထဲသို့ ​လောင်းထည့်လိုက်ကာ ​ဖန်းကျိချီကို ​စောင်းငဲ့ကြည့်လိုက်ရင်း ​ပြောလိုက်သည်။
"Lee လိုမှပဲ...၊ ငါဆိုပုစ္ဆာကြီးနှစ်ပုဒ်​တောင် မ​ဖြေနိုင်ဘူး၊ အားမှမနာကွာ 1 မှတ်ဖိုး​လောက် မ​ဖြေနိုင်တဲ့သူက ငါ့​ရှေ့တည့်တည့်မှာလာပြီး ညည်းညူပြ​နေရတယ်လို့!၊ Fuck ပဲကွာ.."
အကိုမုန်သည် ဖန်းကျိချီကိုဆဲဆို​​နေရင်း မတ်တတ်ကပင် ​နောက်ထပ် Pepsi တစ်ကျိုက်​ကို မော့​သောက်လိုက်ပြန်သည်။ ထို့​နောက် စကား​ပြောလိုက်သည်။
"ငါဆို... သင်္ချာနဲ့ Physics ​ကို ​ဖြေတုန်းကဆိုရင် အမှန် ရွေးချယ်ရတဲ့ ​မေးခွန်းရောက်​တော့ မတွက်တတ်​တော့တာနဲ့... ​ဒီတိုင်းကံကိုအားကိုးပြီး ကြုံရာကျပန်း​ဖြေခဲ့လိုက်တာ...၊ ဒါ​တောင်မှ မမိုက်ပါဘူးကွာ... ငါက မျက်စိကိုမှိတ်ပြီး ခဲဖျက်ကို ပစ်ချမလို့ဟာကို...  ပြီးရင်ကျတဲ့ အ​ဖြေ​ပေါ် မှာ အမှန်ခြစ်လိုက်မယ်​ပေါ့၊ ဒါ​ပေမဲ့ အခန်း​စောင့်ဆရာက ငါ့​ဘေးနား အကြာကြီးမတ်တပ်ရပ်​နေလို့ အချိန်အ​တော်ကြာ​အောင် ​စောင့်လိုက်ရ​သေးတယ်၊ သူထွက်သွားမှ ငါ့မှာ ပျာပျာ, ပျာပျာနဲ့ အ​ဖြေကို မြန်မြန်ဖြည့်လိုက်ရ​တော့တယ်"
ဖန်းကျိချီသည် သူ့ပါးစပ်ကို လက်ဖဝါးဖြင့် အုပ်လိုက်ပြီး ပုခုံးများလှုက်ခါသွားသည်အထိ ရီ​မောလိုက်​တော့သည်။
ကျန်းယဲ့ရှန်သည် အကိုမုန် စိတ်​လက်ပေါ့ပါးသွား​စေရန်အတွက် ဝင်​ပြောလိုက်သည်။
"အကိုမုန် ဘာမှမဖြစ်ဘူး စိုးရိမ်မ​နေနဲ့၊ မင်းမှာ အ​ဖြေမှန်ဖို့အတွက် 25% ​တောင်အခွင့်အ​ရေး ရှိတယ်...၊ မင်းသာ ကံ​ကောင်းရင် အကုန်လုံး​တောင် မှန်ချင်မှန်​နေအုံးမှာ..."
အကိုမုန်က ပြန်​ဖြေလိုက်သည်။
"မစိုးရိမ်ပါဘူးကွာ... ဒီတိုင်းကြုံကြိုက်လို့ ပြန်​ပြောပြတာ...!"
အကိုမုန်သည် ချက်ချင်းဆိုသလို အခြား​ခေါင်းစဥ်တစ်ခုကို ​ပြောင်းလိုက်ရင်း...။
"ငါ မင်းတို့ကို ​ပြောရအုံးမယ်"
အကိုမုန်သည် ​ပြောခါနီးဆဲဆဲ... လုရှီးနှင့် ချူယုက အခန်းထဲဝင်လာသည်ကို ​တွေ့​လိုက်ရသောအခါ လက်ယပ်​၍ခေါ်လိုက်ပြီး...။
"ပန်းပွင့်​လေး, လုရှန် လာ..လာ မြန်မြန်၊ ငါ မင်းတို့ကို ​ပြောပြစရာရှိတယ်..."
ချူယုသည် အ​ပြေး​လေး ​လျှောက်သွားလိုက်၏။
"ဘာ​ပြောမလို့လဲ...?"
အကိုမုန်သည် စကားမ​ပြောခင် ​ချောင်းနှစ်ချက်ဟန့်၍ လည်​ချောင်းရှင်းလိုက်ကာ...၊ သူ၏ အမူအရာက  ထူးဆန်းသွားခဲ့ရပြီး...။
"စာ​မေးပွဲ​ဖြေတုန်းက ငါ့​ရှေ့မှာ ဘယ်သူထိုင်တယ်လို့ မင်းတို့ထင်သလဲ...?"
သူတို့အားလုံးသည် တစ်​ယောက်မျက်နှာတစ်​ယောက်ကြည့်လိုက်ကြရင်း၊ အကိုမုန်ဘက်သို့ ပြန်လှည့်ကာ ပုံပြင်တစ်ပုဒ်ကို စိတ်ဝင်တစားနားထောင်နေရသကဲ့သို့ ​ပြိုင်တူမေးလိုက်ကြသည်။
"ဘယ်သူ ထိုင်​​တာလဲ...?"
အကိုမုန်သည် သူ့​ခေါင်း​နောက်ကို လက်ဖြင့်တစ်ချက်မျှကုတ်လိုက်သည်။ ဤ 1.8m အရပ်ရှည်​သော ကိုအရှည်ကြီးသည် အနည်းငယ်ရှက်​သွေးဖျန်းသွားခဲ့ရပြီး...။
"ဒါက... ဟီဟီး၊ ​နောက်ဆုံးတစ်​ခေါက်တုန်းက စ​တော်ဘယ်ရီသီးပုံပါတဲ့ လက်ကိုင်ပုဝါ​ကို... ပေးလိုက်တဲ့တစ်​ယောက်ကွာ..."
ကျန်းယဲ့ရှန်သည် မအံ့သြပဲ မ​နေနိုင်​တော့​​ပေ...။
"အာာာ... Fuck ပဲ၊ ယုံ​တောင် မယုံနိုင်ဘူး... မင်းတို့​နောက်တစ်ကြိမ် ပြန်​တွေ့ကြပြန်ပြီ​ပေါ့!"
အကိုမုန်၏ အပြုံးသည် ပို၍ ​တောက်ပသထက် ​တောက်ပလာရကာ...။
"ဟုတ်ပါ့... ဟုတ်ပါ့၊ ​သူမက ငါ့ထက် အဆင့်ပို​ကောင်းတယ်ကွ၊ စာ​မေးပွဲ​မဖြေ​ခင်တုန်း​ကတောင် သူမက ငါ့ကို​မေး​သေးလာတယ်၊ 'စာ​မေးပွဲမှာ မ​ဖြေနိုင်တဲ့ ​မေးခွန်းရှိရင် သူ့ဆီက ကူးချချင် ကူးချ​လေတဲ့'၊ ငါက ဘယ်လိုလုပ် လက်ခံရက်ပါ့မလဲကွာ..."
ချူယုသည် နားမလည်နိုင်စွာ​မေးလိုက်၏။
"မင်းက ဘာလို့ ဒီ​လိုအခွင့်​အ​ရေး​ကောင်းကို လက်မခံလိုက်ရတာလဲ..."
​ပြော​နေရင်းတန်းလန်း တစ်ခုခုကို ​တွေးမိလိုက်ကာ...။
"အာ... ငါသိပြီ၊ အကိုမုန်က ဒီ​လောက် ရိုးသားတာ ဒီလိုမရိုးမသား စာကူးချတဲ့အလုပ်ကို ဘယ်လက်ခံပါ့မလဲ... ဟုတ်တယ်မလား?"
အကိုမုန်သည် သူ့လက်ကို ခါယမ်းပြလိုက်ရင်း...။
"ပန်းပွင့်​လေး... မင်းကလည်း မ​တွေးတတ်လိုက်တာကွာ...၊ ငါသာ သူမ စာပြတာကို ခိုးချလိုက်ရင် ဘယ်လိုလုပ်ပြီး သူမစိတ်ထဲမှာ ငါ့ကို အထင်ကြီးနိုင်ပါတော့အုံးမလဲ...၊ နည်းနည်းပါးပါး ဦး​နှောက်​​လေး သုံးပြီး​တော့ စဥ်းစားကြည့်အုံး​လေကွာ..."
ချူယုသည် နှစ်စက္ကန့်​လောက် အ​သေအချာ​လေး ​တွေး​ကြည့်လိုက်၏။
ထိုအခါမှသာ တကယ်ကြီးကို နားလည်သ​ဘော​ပေါက်သွားခဲ့ရ​တော့သည်။
"အာ... ငါသိပြီ အကိုမုန်၊ မင်း ချစ်_____"
ချူယုစကား​ပြောလို့ မပြီး​သေးခင်အချိန်မှာပင် အကိုမုန်က သူ့ပါစပ်ကို လက်ဖဝါးဖြင့် လှမ်းပိတ်လိုက်သည်။
"တိုးတိုး​ပြော သူများ​တွေ ကြားကုန်မယ်..."
ချူယုက ခပ်မြန်မြန်​ခေါင်းညိမ့်ပြလိုက်​သောအခါမှသာ အကိုမုန်က သူ့လက်ကို ဖယ်​ပေး​​လေတော့၏။
ချူယုသည် သူ့​လေသံကို တိုးနိုင်သမျှတိုးလိုက်ကာ...၊ ​ခေါင်း​လေးကိုငုံ့ကာ ခန္ဓါကိုယ်​လေးကို ​ရှေ့သို့ကိုင်းလိုက်ရင်း... ပြောလိုက်သည်။
"အကိုမုန်... မင်း တကယ်ကြီး ​ကောင်မ​လေး တစ်​ယောက်ကို အချစ်စစ်နဲ့ ချစ်မိသွားပြီ​ပေါ့!"
အကိုမုန်က ပြန်​ဖြေမလို့ လုပ်​နေတုန်းမှာပင် လူတစ်​ယောက်က အခန်းတံခါးဝမှ​နေပြီး လှမ်း​အော်​ပြောလာ၏။
"ဆရာယဲ့ လာ​နေပြီ!!!"
လူတိုင်းသည် ဝရုန်းသုန်းကားနှင့် ကိုယ့်​နေရာအသီးသီးသို့ ​အ​ပြေးအလွှား ပြန်သွားထိုင်ကြ၏။
ဆရာယဲ့က အခန်းထဲသို့ ​ရောက်လာသည်ဆိုရင်ပဲ လူတိုင်းက တိတ်ဆိတ်စွာပင်၊ သူတို့၏ ထိုင်ခုံအသီးသီး၌ ​စော​စောက အ​ခြေအ​နေနှင့် လားလားမျှမဆိုင်စွာ ညိမ်ညိမ်သက်သက်​​လေး ထိုင်​နေကြသည်။
ဆရာယဲ့သည် ​ကျေနပ်အားရသည့်​လေသံဖြင့် ခုံ​ပေါ်တွင် လက်တစ်ဖက်တင်ကာ မတ်တပ်ရပ်​နေရင်း စကား​ပြောလာသည်။
"အခု ဆရာတို့လက်ထဲမှာ မင်းတို့ရဲ ​ဖြေလွှာစာရွက်​တွေ အကုန်​ရောက်လာခဲ့ပြီ...၊ ဒီ​နေ့ည အပြီးစစ်ပြီးသွားရင် မနက်ဖြန်ချက်ချင်း ရလာ​ဒ်​တွေကို ​ပြောပြ​ပေးမယ်၊ မင်းတို့လည်း စာ​မေးပွဲ ​ဖြေထားရတာဆို​တော့ ဒီ​နေ့​တော့ စိတ်လွတ် ကိုယ်လွတ်နားလိုက်ကြအုံး၊ ဒါ​ပေမဲ့ ဆရာတစ်ခုကြို​ပြောထားချင်တာက​တော့ အဆင့်မ​ကောင်းတဲ့ ​ကျောင်းသား​တွေကို... မိဘ ​​ခေါ်​တွေ့သင့်ရင် ​ခေါ်​တွေ့ရမှာ​နော်...၊ဒီလိုလုပ်မယ်ဆိုတဲ့ အ​ကြောင်းအရင်းကလည်း မင်းတို့ကို ​တော်လာ​စေချင်လို့ဆိုတာ မင်းတို့ နားလည်ထားကြ.. ဟုတ်ပြီလား...?"
ဆရာယဲ့သည် အရင်လို ဆုံးမစကားများကို များများစားစား မ​ချွေနိုင်​တော့ပဲ ခပ်မြန်မြန်ပင် စကားစကိုဖြတ်ကာ အခန်းထဲမှ ခပ်သွက်သွက် ထွက်သွားခဲ့၏။
အခန်းတစ်ခုလုံးသည် ရုတ်တရက်ကြီး ပြန်လည်လို့ ဆူညံလာခဲ့၏။
အကိုမုန်သည် သူ၏​လေသံ အကျယ်ကြီးဖြင့် ဘက်စကတ်
ဘော ကစားရန်အတွက် သူနှင့် ဘယ်သူလိုက်ပြီး ကစားချင်သလဲဟု လှမ်း​အော်ပြီး ​မေး​နေ​လေ၏။
ချူယုသည် သူ့​ကျောပိုးအိတ်ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ထို့​နောက် ​မေးခွန်းစာရွက်နှစ်ရွက်ကို ထုတ်ယူပြီးဖတ်​လိုက်၏။ ခဏလောက်ကြာမှ စာ​​မေးပွဲ​ဖြေလို့ ပြီးသွားခဲ့ပြီဆိုတာကို သတိရမိသွားပြီး ​မေးခွန်းစာရွက်များကို ​ကျောပိုးအိတ်အတွင်းသို့ ချက်ချင်းထိုးထည့်လိုက်၏။
ချူယု၏ ဖြစ်ပျက်​​နေပုံများကို မြင်​လိုက်သောအခါ လုရှီးက ​မေးလိုက်သည်။
"မင်း ဒီ​နေ့ည ဘာလုပ်မှာလည်း"
ချူယုသည် စဥ်းစားလိုက်ပြီး...။
"ငါ ရုပ်ပြကာတွန်းစာအုပ်ဖတ်ရင် ​ကောင်းမလား မသိဘူး...?၊ ငါ သူတို့ကို မဖတ်ဖြစ်တာ 3 ပါတ်​တောင်ရှိပြီ၊ ငါမဖတ်ပဲ ပစ်ထားလို့ သူတို့​တွေ ဘယ်​လောက်​တောင်မှ အထီးကျန်ဆန်​နေလိုက်မလဲ... မင်း​တွေးကြည့်စမ်း"
လုရှီး   "အွန်း..."
လုရှီးသည် ​ခေါင်းတစ်ချက် ငြိမ့်လိုက်ရင်း...။
လုရှီး   "ငါ ည​နေစာ သွားစား​တော့မလို့!"
ချူယုသည် အပြင်ဘက်သို့ လမ်း​လျှောက်ထွက်သွားသည့်လူများကို တစ်ချက်ကြည့်လိုက်ရင်း၊ လုရှီးဘက်သို့ ပြန်လှည့်ကြည့်လိုက်​သောအခါ... သူ့လက်ထဲတွင် ဘာခဲတံမှ မကိုင်ထားသည်ကို သတိထားမိသွား၏။ ထို့​ကြောင့် စိတ်ထဲတွင် ​တွေးလိုက်မိသည်။
'လက်ထဲမှာ ခဲတံမကိုင်ထားဘူးဆို​တော့...၊ မင်းက ဒီည စာမလုပ်​တော့ဘူး​ပေါ့​​လေ...'
လုရှီးနှင့် စကားအနည်းငယ် ​ပြော​နေလိုက်ပြီး​နောက် ချူယုသည် အိပ်ခန်းဆီသို့... လက်ထဲတွင် ​ကျောပိုးအိတ်ကို ပိုက်လျက် ​နှေး​ကွေး​သော ​ခြေလှမ်းများဖြင့်ပြန်လာခဲ့သည်။ လုရှီးကမူ ကန်တင်းဘက်သို့ ထွက်သွားခဲ့၏။
အိပ်ခန်းထဲသို့​ရောက်​​သောအခါ ချူယုသည် ရုပ်ပြကာတွန်းစာအုပ်တစ်အုပ်ကို ဆွဲယူလိုက်ပြီး​နောက် ကုတင်​ပေါ်တွင် တက်အိပ်ကာဖတ်​နေလိုက်သည်။
စာမျက်နှာ အချို့ဖတ်လို့ပြီးသွား​သော်လည်း ချူယု၏ စိတ်ထဲတွင် စာအုပ်ထဲသို့ စျာန်မဝင်နိုင်ပဲ သူ့​ခေါင်းထဲတွင် စာ​မေးပွဲ အ​ကြောင်းအရာများဖြင့် ပြည့်နှက်လို့​နေ၏။
စာ​မေးပွဲ​ဖြေဆိုလို့ပြီးသွား​သောအခါတွင် သူ့ကိုယ်သူအပြစ်ရှိသလိုခံစား​နေရ၏။ လုရှီးက သူ့ကိုဘယ်လိုပဲ သင်ကြားပြသ​ပေး​ပေး သူကိုယ်တိုင်ကကြိုးစား သင်ယူမှ ရမည်ကို သူသ​ဘော​ပေါက်ပါသည်။
ချူယုသည် ရုပ်ပြကာတွန်းစာအုပ်ကို ​ဘေးသို့ချလိုက်ပြီး ကုတင်​ပေါ်မှဆင်းကာ၊ ​​ကော​ဇော​ပေါ်သို့ ထိုင်ချလိုက်၏။ ထို့​နောက် ကုတင်​၏ဘေး​ဘောင်ကို မှီကာ ဆက်​တွေး​နေလိုက်သည်။
အကယ်၍ စာ​မေးပွဲရလဒ်သည် သူ​မျှော်မှန်းထားသလို ဖြစ်မလာခဲ့ပါက၊ ဖြစ်နိုင်ပါ့မလား မသိ​ပေမဲ့ သူမငိုဖို့ဆုံးဖြတ်ထားသည်။
ဒီတစ်​ခေါက် သူ​မျှော်မှန်းထားသလို ဖြစ်မလာပါက၊ ​နောက်ထပ်တစ်​ခေါက် ထပ်ပြီးကြိုးခွင့်ရှိ​သေးသည် မဟုတ်လား...?။
မည်သည့်နည်းလမ်းနှင့်မဆို သူဟာ သူ့​မေ​မေကို၊ 'သူဟာ အရမ်း​တော်​ကြောင်း... မည်သည့်ကိစ္စကိုမဆို လုပ်နိုင်​ကြောင်း' ပြသ​ပေးရမည်ဖြစ်၏။
ထိုသို့​တွေးလိုက်ရင်း ရုပ်ပြကာတွန်းစာအုပ်ကို ပြန်​ကောက်ကိုင်ပြီး ဖတ်​နေလိုက်​တော့သည်။
သူ့စိတ်ရှုတ်​ထွေးမှုများဟာ ​မကြာခင်အချိန်မှာပဲ ပြေ​ပျောက်သွားခဲ့ပြီး စာအုပ်ထဲစျာန်ဝင်သွားခဲ့၏။ အချိန်ဘယ်​လောက်​ ကြာသွားခဲ့ပြီလဲ ဆိုသည်​ကိုတော့သူမသိ၊ အခန်းတံခါး ​ခေါက်သံ နှစ်ချက်ကို ကြားလိုက်ရ​သောအခါမှသာ လက်​တွေ့​လောကကို သတိရမိ​တော့သည်။
ချူယုသည် ဘာမှစဥ်းစားမ​နေပဲ... မတ်တပ်ထလာလိုက်ပြီး၊ အခန်းတံခါးကို ဖွင့်​​ပေးလိုက်သည်။
ထို့​နောက် အခန်းတံခါး​ရှေ့တွင် မတ်တပ်ရပ်​နေသည့် လူကို ​တွေ့လိုက်​ရသောအခါ၊ မူး​မေ့သတိလစ်လဲကျသွားရမတတ် ဖြစ်သွားခဲ့ပြီး ခပ်မြန်မြန်ပင် ​ပြောလိုက်၏။
"ခဏလေး...၊ ငါ့ကို ငါးမိနစ်​လောက်​ အချိန်​ပေးအုံး!!!"
တံခါးသည် 'ဒုန်း' ကနဲမြည်သံနှင့်အတူ လျှင်မြန်စွာ ပြန်ပိတ်သွားခဲ့သည်။
ချူယုသည် သူ၏ ရှုပ်ပွ​နေ​သော ဆံပင်များကို လက်ဖြင့်သပ်၍ ပြုပြင်လိုက်ရင်း အခန်းထဲသို့ ​ဝေ့ဝဲပြီး ကြည့်လိုက်၏။
သူသည် မ​​လျှော်ရ​သေး​သော အဝတ်များကို အဝတ်​လျှော်ခြင်း​​ထောင်းထဲသို့ ပစ်ထည့်လိုက်ရင်း၊ စားပွဲ​ပေါ်နှင့် စားပွဲခုံ​အောက်တွင် ရှုပ်ပွ ဖွာလန်ကျဲ​နေ​သော ပစ္စည်းများကို လက်နှစ်ဖက်ဖြင့် ​ပွေ့ပိုက်ကာ ယူလိုက်ပြီး အံ့ဆွဲထဲသို့ ပစ်ထည့်လိုက်ကာ ထိုအံဆွဲကို အလျှင်အမြန်ပိတ်လိုက်၏။ ပစ်စလက်ခတ် ချွတ်ထား​သော ဖိနပ်များကို ဖိနပ်စင်​ပေါ်သို့ အစီအရီ​ကောက်တင်လိုက်ပြီး​နောက်၊  အုံးလက်စ ​ခေါင်းအုံးကိုလည်း နံရံကပ် ဘီရိုထဲသို့ ပစ်ထည့်လိုက်ပြီး.. ဗီရိုတံခါး​ပိတ်ပစ်လိုက်သည်။
ချူယု အခန်းတစ်ခုလုံးကိုသာမက ရေချိုးခန်းကိုပါ မကျန် အကုန်​ပြောင်စင်​အောင် သိမ်းဆည်းလိုက်ပြီး ​နောက်မှသာ အခန်းတံခါးကို ဖွင့်​ပေးလိုက်၏။
"ဝင်လာလို့ရပြီ..."
လုရှီးသည် အခန်းထဲသို့ဝင်လာခဲ့၏။
မျက်လုံးမကစားပဲ ဒီတိုင်းကြည့်မည်ဆိုရင်​တောင်... တစ်ဝက်တစ်ပျက်ပွင့်​နေ​သော အံဇွဲထဲမှ တိုလီမုတ်စများကို မြင်​နေရ​ပေသည်။ ထိုမျှသာမက​သေး နံရံကပ်ဘီရို၏ တံခါးကြားတွင် တစ်ဝက်တစ်ပျက် ထွက်ကျ​နေ​သော အိပ်ယာခင်း အပိုင်းအစများကိုလည်း ​သေ​သေချာချာ မကြည့်ရပါပဲ...၊ မျက်လုံး ​ထောင့်စွန်းမှ မြင်နိုင်​ပေသည်။
လုရှီးသည် ဘာစကားမှမ​ပြောပဲ ရုပ်ပြကာတွန်းစာအုပ်ချထား​သော ​ကော​​ဇော​ပေါ်တွင် ထိုင်လိုက်ကာ၊ ​ကုတင်ကိုမှီလိုက်ပြီး ​ခေါင်းကို​မော့လျက် ချူယုကို ​ပြောလိုက်သည်။
"အတူတူဖတ်ကြမလား...?"
"​ဟုတ်...!"
ချူယုသည် စိတ်လိုလက်ရ သ​ဘောတူလိုက်ပြီး၊ လုရှီးကို​မေးလိုက်သည်။
"ဘယ်လို စာအုပ်မျိုးကို ဖတ်ချင်လဲ? ​ပြောပြ​လေ... ငါမင်းကို ​​ရွေးပေးမယ်"
"မင်းအကြိုက်ဆုံး တစ်အုပ်ကိုပဲ ယူလိုက်ပါ"
ချူယုသည် ဘာစကားမှ ထပ်ပြီး ​ပြောမ​နေ​တော့ပဲ လုရှီးလက်ထဲသို့ စာအုပ်တစ်အုပ်ထည့်​ပေးလိုက်ကာ ​ဘေးတွင်ကပ်ထိုင်လိုက်ပြီး အတူတူ ဖတ်​နေလိုက်သည်။
ချူယုက ဘာစကားမှ မ​ပြောလာသလို၊ လုရှီးသည်လည်း ဘာစကားမှ ပြောမလာခြင်းမရှိဘဲ...၊ တိတ်တဆိတ်သာ ကာတွန်းစာအုပ်ကို ဖတ်​နေကြ​သဖြင့် အခန်းတစ်ခုလုံးက တိတ်ဆိတ်လို့​နေ၏။
အချိန်ခဏလောက်ကြာသောအခါတွင် ချူယု၏ မျက်လုံးများသည် တဖြေးဖြေးချင်း ​လေးလံလို့လာခဲ့ရ၏။
ချူယုသည် လွန်ခဲ့​သော သုံးပါတ်​လောက်ကတည်းက စာ​မေးပွဲ​ဖြေဆိုဖို့အတွက် စိတ်​တွေ​ကော, လူ​တွေ​ကောပင်ပန်းထားခဲ့ရာ၊ ယခုလိုစာ​မေးပွဲ ​ဖြေဆိုပြီးသွား​သောအချိန်တွင် စိတ်မပင်ပန်း​တော့​သော်လည်း၊ လူက​​တော့ နွမ်းနယ်လို့နေ၏။
စိတ်ကလည်း ​ပေါ့ပါး​​နေသဖြင့် မျက်လုံးများကလည်း တဖြေးဖြေးချင်း ​မှေး​မှေးလာခဲ့ရသည်။
လုရှီးသည် ဘယ်ဘယ်ဒူးတစ်ချောင်းကို ​ထောင်ထားကာ၊ ထိုဒူး​ခေါင်းပေါ်တွင် ရုပ်ပြကာတွန်းစာအုပ်ကို တင်ထားပြီး တစ်​ရွက်ချင်းစီ... ခပ်​ဖြေး​ဖြေးချင်း လှန်​နေရာမှ သူ့ဘယ်ဘက် ပုခုံး​ပေါ်တွင် ​လေးလံလာသလို ခံစားလိုက်ရ၏။
ချူယုသည် မျက်လုံးများကို မှိတ်လျက်ဖြင့်၊ သူ့​ခေါင်းကို လုရှီး၏ ပုခုံး​ပေါ်တွင်ထား​သော​ကြောင့် သူ၏ ဆံပင်​ပျော့​ပျော့​လေးများသည် လုရှီး၏ လည်ပင်းကို ထိ​ကပ်နေကြသည်။
ချူယုထံမှ အသက်ရှူသံ ​ဖြေး​ဖြေးမှန်မှန်ကို ကြားရ​သောအခါ လုရှီးသည် သူ့လက်ထဲတွင်ကိုင်ထား​သော ရုပ်ပြကာတွန်းစာအုပ်ကို ဆက်မဖတ်​တော့ပဲ၊ ​ဘေးနားတွင် သာသာ​လေး ချထားလိုက်ကာ၊ သူကိုယ်တိုင်ကလည်း ချူယု၏ ​ခေါင်း​ပေါ်သို့ မှီလိုက်ရင်း ညိမ်ညိမ်သက်သက်​လေး အိပ်လိုက်​တော့သည်။
***
​နောက်တစ်​နေ့ မနက်ခင်း​စော​စောတွင်မူ ချူယုသည် အနက်​ရောင်ကြက်ဖြင့် စွပ်ပြုတ်လုပ်ထား​သော ဟင်းရည်ကို အပြာ​ရောင် ဒို​ရေမွန်အပူခံခွက်ထဲသို့ ထည့်လာလိုက်ပြီး အခန်းထဲသို့ ​ဝင်လာ​သောအခါတွင် ဖန်းကျိချီ၏ အ​မောတစ်​ကော နှုတ်ဆက်သံကို ကြားလိုက်ရသည်။
"ပန်းပွင့်​လေး... ပန်းပွင့်​လေး၊ မျက်ခမ်းစပ်​တွေ လှုပ်ရင် ကံမ​ကောင်းတတ်ဘူးဆိုတာကို... မင်း ကြာဖူးတယ်မလား...?"
"အင်း... ကြားဖူးတယ်​လေ၊ ဘာဖြစ်လို့လဲ?"
ဖန်းကျိချီသည် မျက်စိပျက်မျက်နှာပျက်ဖြင့်​ ​ပြောလာ၏။
"လာစမ်းပါကွာ... မြန်မြန်၊ မြန်မြန်လာပြီး​တော့ ငါ့​​နောက်​ကျောကို သုံးချက်ထု​ပေးစမ်းပါ၊ ပြီးရင် 'မင်နဲ့ငါမ​ခေါ်​တော့ဘူး... ရန်ဖြစ်ထားတယ်လို့' ​ပြောစမ်းပါ၊ ကျိန်း​ကျေသွား​အောင်...၊ မနက်တည်းက ငါ့မျက်ခမ်း​တွေ လှုပ်​နေတာ...၊ မဟုတ်မှလွဲ​ရော ငါ့အဆင့်​တွေ အရမ်းများ ကျသွားမလား မသိဘူး... လုပ်ကြပါအုံး၊ ငါတကယ်စိတ်ပူ​နေပြီ"
ချူယုက ​မေးလိုက်သည်။
"သာသာ​လေး ထုရမှာလား...?"
"ခပ်ပြင်းပြင်း​လေးသာ ထုချလိုက်ကွာ..."
ချူယုကလည်း အမှန်တစ်ကယ်ပင် ဖန်းကျိချီ စကားကို နား​ထောင်လိုက်ပြီး 'ဘုန်း, ဘုန်း , ဘုန်း' ဆို​သော အသံအကျယ်ကြီး မြည်​အောင်ကို ထုချလိုက်သည်။ ဘယ်​လောက်​တောင် အားပြင်းလိုက်သလဲ ဆိုရင်ဖြင့် ဖန်းကျိချီမှာမူ 'အွတ်' ခနဲ​တောင် ဖြစ်သွားရ၏။
လီဟွားသည် ဖန်းကျိချီကို မျက်လုံးလှန်ကာ ကြည့်လိုက်ပြီး​နောက်...။
"တွဲဖက် အတန်း​ခေါင်း​ဆောင်လုပ်​နေပြီး​တော့ ဒီ​လောက်​တောင် ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိဘူး၊ အဆင့်​တွေကဖြင့် ဆရာယဲ့ လက်ထဲ​တောင် ​ရောက်​နေ​လောက်ပြီ၊ ဒီလို လုပ်လိုက်ရုံ​လေးနဲ့ ​လေထဲက​နေ​တော့ သူ့အလိုလို အဆင့်​တွေက​တော့ ပြန်ပြီး​တော့ မချိန်းသွား​လေ​ကောင်း..."
ဖန်းကျိချီက မ​ကျေနပ်စွာ ပြန်​ပြောလိုက်သည်။
"ဘယ်သူက​ကော အဆင့်​တွေ​ပြောခါနီး စိတ်မလှုပ်ရှားပဲ နေလို့လဲ...?"
ဖန်းကျိချီသည် ​ပြော​နေရင်းတန်းလန်းပင် ​စိတ်​တွေပိုဆိုးလာခဲ့ရကာ...။
"မင်းလည်း စာ​မေးပွဲ မ​ဖြေခင်တုန်းက တန်ခိုးရှင်​တွေကို ကန်​တော့ပြီး ဆု​တောင်း​နေသေးတယ်မလား...၊ ငါလည်း အဲ့လိုပဲ အတူတူပဲ​ပေါ့ကွ!"
ဖန်းကျိချီ စကား​​ပြောလို့အပြီးတွင် အခန်းအပြင်ဘက်မှ လူတစ်​ယောက်သည် ​အော်ကြီးဟစ်ကျယ် စကား​​ပြောရင်း ဝင်လာခဲ့၏။
"ဟား... ဟား... ဟား....၊ ကွမ်ရိယမ် မင်းသာ အ​ဖေ​နေရာကို ရာထူးတိုးသွားခဲ့ရင် ငါ့​ရော အလိုလို​နေရင်း ဦး​လေး​နေရာကို ​ရောက်သွားမှာမလား...?၊ ငါ တစ်ကယ်ကို စိတ်​လေတယ်ကွာ...၊
မင်း ကြို​ပြောထားအုံး​နော်... မင်း ရဲ့သားကို၊ ငါက ဦး​လေး မဖြစ်ချင်ဘူးလို့၊ ​တော်ကြာ မဆီးမဆိုင် နှစ်သစ်ကူး​ရောက်ရင် အန်​ပေါင်း ​ပေး​နေရမှဖြင့်၊
ဒါ​​ပေမဲ့ကွာ... တစ်ချို့လူ​တွေက ​မွေးကတည်းက ချမ်သာလာပြီးသားမလား...?၊ သူတို့​တွေအတွက်က​တော့ ​နေ့တိုင်းက နှစ်သစ်ကူး ဖြစ်ချင်ဖြစ်​နေမှာ​ပေါ့... အဟက်၊ ​ကျောင်းကို​တောင် အပိုင်ဝယ်ခိုင်းရတယ်လို့ကွာ...၊ ငါသာဆို ဘယ်​လောက်ချမ်းသာ ချမ်းသာ၊ အဲ့လိုမလုပ်ခိုင်းဘူးကွ"
ကွမ်ရိယမ်သည် အသံကိုတိုးပြီး ​ပြောလိုက်သည်။
"အသံကို ​လျော့​ပြော... ခုချိန်ထိ စာ​မေးပွဲ ရလ​ဒ်က မ​သေချာ​သေးဘူး"
ခုဏက အသံကျယ်ကျယ်ဖြင့် ​ပြော​နေသော လူသည် ပို၍ပင် အသံကိုထပ်ကျယ်လိုက်ကာ...။
"ဟ ကွမ်ရိယမ်၊ မင်း ဘယ်လိုဖြစ်​နေတာလဲ ​ကြောက်​နေတာလား...?၊ မင်းက တစ်ချို့လူ​တွေက သူ့တို့​ပြောစကားကို သူတို့တည်​အောင် လုပ်နိုင်မယ်လို့ ထင်​နေတာလား...?"
ထို​​အော်ကြီးဟစ်ကျယ်လူသည် ချူယုကို မြင်သွား​သောအခါ လည်​ချောင်းတစ်ချက်ရှင်းလိုက်ပြီး၊ အသံကို ထပ်ကျယ်လိုက်ရင်း ချူယုကို ​ပြောလိုက်သည်။
"​ဟေး... ​ကျောင်းရဲ့ပန်းပွင့်​လေး ဆိုသူ​လေး...၊ မင်းကို ငါက​ကော အ​ဖေလို့​ခေါ်ဖို့ လို​သေးလား..? ​ပြောပါအုံးကွ"
ဖန်းကျိချီ၏ မျက်နှာသည် မဲ​မှောင်သွားပြီး မတ်တပ်ထရပ်လိုက်သည်။ ချူယုသည် သူ့ကို တားလိုက်ရင်း...။
"စိတ်​လျှော့...၊ အဆင့်​တွေမကြာခင် ထွက်လာ​တော့မှာ၊ အဲ့ခါမှ ငါတို့​တွေ ​ပျော်​ပျော်ကြီး သူတို့ရဲ့ မျက်နှာအမူအရာ​တွေကို ​​သေချာ... အဝကြည့်ကြတာ​ပေါ့!"
ချူယုသည် ခဏလောက် ရပ်လိုက်ကာ ပြုံးပြလိုက်ရင်း...။
"ငါ ​ကောင်း​ကောင်း လုပ်နိုင်ခဲ့ပါတယ်"
ချူယုသည် ယခုလို အ​ခြေအ​နေ​ကြောင့် သူ့အ​ပေါ်စိတ်ရင်းနှင့် ဆက်ဆံ​သော လူများကို ကွဲကွဲပြားပြား သိလိုက်ရ​ပေသည်။ ထို့​ကြောင့် သူသည် သူ့သူငယ်ချင်း​တွေကို စိတ်ထဲမှ​နေပြီး လှိုက်လှိုက်လှဲလှဲ ​ကျေးဇူးတင်မိပသည်။
ခဏ​လောက်အကြာတွင် ဆရာယဲ့သည် အခန်းထဲသို့​ရောက်လာခဲ့ပြီး အတန်းထဲမှ လူတိုင်းကို ​ဝေ့ဝဲပြီးကြည့်လိုက်၏။
လုရှီးသည် ယ​နေ့အတန်းသို့ လာရာတွင်​နောက်ကျ​နေပြီး၊ ဆရာယဲ့​ရောက်ပြီး ခဏ​လောက်​​နေမှသာ ​ရောက်လာခဲ့သည်။
ဆရာယဲ့က ​တစ်ချက်မျှ အတန်းကို ​ဝေ့ကြည့်လိုက်ပြီးမေးလိုက်သည်။
"အတန်းထဲ လူစုံကြပြီမလား...?"
ဆရာယဲ့၏ မျက်လုံးများသည် နီရဲ​လို့နေပြီး မ​နေ့ညက တစ်ညလုံး မအိပ်ပဲ အလုပ်များခဲ့ရဟန်တူ၏။
"မ​နေ့ညက ဆရာ မင်းတို့ရဲ့​ဖြေလွှာတွေကို တစ်ညလုံးနီးပါ ထိုင်စစ်​နေခဲ့တာ၊ ခု​တောင် လမ်းတစ်​လျှောက် မင်းတို့ရဲ့ အဆင့်စာရွက်​တွေကို ကိုင်လာရင်း စိတ်လှုပ်ရှား​နေတာ...၊ တစ်ချို့လူ​တွေက တရုတ်စာ ဘာသာရပ်ကို ​ဖြေထားတာများ ​တော်​တော်​လေးကို ဖြစ်တတ်ကဆန်း နိုင်လွန်းတယ်၊ တစ်ချို့​ကျောင်းသား​တွေဆိုရင် ကဗျာ ရှစ်ပုဒ်​ရေးထားတာ​တောင်၊ စာလုံး​ရေက 70 ​​လောက်ပဲရှိတယ်၊ ဒီလို​ကျောင်းသား​တွေကို ဆရာက ​သေ​သေချာ​ချာ​လေး ​လေ့လာ​စေချင်တာ...၊ ဒီလိုအ​ခြေအ​နေကိုကြည်ပြီး ဘာသာရပ်သင်တဲ့ ဆရာကို ​ပြောင်းသင့်ရင် ​ပြောင်းရမှာ... အဲ့ကိစ္စ ဆရာစဥ်းစား​နေတုန်းပဲ..."
အကိုမုန်သည် သူ၏ ခုံကို လက်ဖဝါးဖြင့် တဘုတ်ဘုတ်
မြည်အောင် ပုတ်လိုက်ပြီးနောက်...။
"ဆရာယဲ့ ကျွန်​တော်တို့က အဆင့်​တွေကို သိချင်လှပါပြီဗျို့!၊ ဆရာသာ အဆင့်​တွေ မ​​​ကြေငြာသေးဘူးဆိုရင် ကျွန်​တော်နှလုံးခုန်သံက မြန်လွန်းအားကြီးပြီး ​သေသွားရပါ​တော့မယ်ဗျို့!"
ဆရာယဲ့သည် အကိုမုန် စကားကို ကြားလိုက်​သောအခါ အနည်းငယ် ပြုံးလိုက်ပြီး​နောက်...။
"​ကောင်းပြီ​လေ ဒါဆိုလဲ ဆရာက ​လော်ကျားရှန် ​သေသွားမှာကို မကြည့်ရက်လို့၊ ခုပဲ အဆင့်​တွေကို ​ကြေညာ​ပေး​တော့မယ်"
အခန်းတစ်ခုလုံးသည် လုံးဝကို တိတ်ဆိတ်ငြိမ်သက်သွားရ​တော့သည်။
ချူယုသည် လက်သီးကို ကျစ်ကျစ်ပါ​အောင် ဆုပ်ထားလိုက်ပြီး အသက်ရှူရပ်ရမတတ်ဖြစ်​နေခဲ့သည်။
လီဟွားက လက်ထဲတွင် ​ဘောပင်ကို လှည့်​နေလျက်ဖြင့် အသံတိုးလိုက်ပြီး ကျန်းယဲ့ရှန်နား ကပ်​ပြောလိုက်သည်။
"အမှတ်စာရင်း ထွက်ခါနီး ဆိုရင်ကွာ ရှူးရှူး​ပေါက်ချင်တာလိုလို... အီးအီးပါချင်တာလိုလိုနဲ့​နေရထိုင်ရခက်လိုက်တာကွာ.."
ကျန်းယဲ့ရှန်သည် ဘာမှ ပြန်မ​ပြော​သော်လည်း လက်ထဲက အံစာတုန်းကို​တော့ အသဲအသန်လှည့်​နေ၏။
ဆရာယဲ့က ​ပြောလာသည်။
"လုရှီး ​ကျောင်းသား​​ပေါင်း 400 ​ကျော်မှာ အဆင့် (1), တရုတ်စာ ဘာသာရပ်က​တော့ Grade - B, ကျန်တဲ့ ဘာသာရပ်က​တော့ Grade - A"
​ကျောင်းသားအားလုံးသည် လုရှီးဆီသို့ လှည့်ကြည့်လာကြ၏။ သူတို့အားလုံး၏ စိတ်ထဲတွင် လုရှီး အဆင် 1 ရတာက​တော့ မထူးဆန်းဘူးဟု ​တွေး​နေကြသည်။ လုရှီး အဆင့် 2 သည်ဆိုတာကမှ ထူးဆန်း​နေ​အုံးမည်ဖြစ်သည်။
အခန်းထဲရှိ လူတစ်​ယောက်က တိုးတိုး​လေး ဆိုလာ၏။
"ဒီလို အဆင့်မျိုးရနိုင်တာ လူမှ ဟုတ်သေးရဲ့လား​နော်...၊ လူအ​ရေခွံ့ခြုံထားတဲ့ စက်ရုပ်များလား မသိဘူး ​တော်လိုက်တာ..."
ထိုနည်းတူစွာ လုရှီးကို သူ၏ Idol အဖြစ် သတ်မှတ်ထားသူ ကျန်းယဲ့ရှန်ကလည်း ဆိုလာသည်။
"ငါတို့ရဲ့ လုရှန်က​တော့ အမြဲကို လုရှန်ဖြစ်​နေတုန်းပဲကွာ..."
လုရှီးသည် သူ၏ ရီပို့ကဒ် ကိုသွားယူရာတွင် မျက်နှာအမူအရာ တစ်ချက်​ပြောင်းလဲသွားခြင်းမရှိပဲ အေး​​​ဆေးဖြစ်​နေ၏။
ဆရာယဲ့က ရီပို့ကဒ်ကို အဆင့်များအလိုက် တဆင့်ချင်း ​အော်​ပြောလာ၏။
"ရန်ယွီချန်း"
"ကျန်းယဲ့ရှန်"
"ဖန်းကျိချီ"
အခြားလူများ၏ နာမည်ကို တစ်​ယောက်ပြီးတစ်ယောက် ​အစဥ်လိုက် အ​ခေါ်ခံ​နေရသည်ကို နား​ထောင်​ရင်း၊ ချူယု၏ ရင်အစုံသည်လည်း တဖြေးဖြေးချင်း တင်းကျပ်လာခဲ့ရသည်။
​နောက်ဆုံးတွင်​တော့ ဆရာယဲ့သည် ချူယု အဆင့်ကို ​ပြောလာခဲ့၏။
"ချူယု အဆင့် 199၊ အင်္ဂလိပ်ရမှတ် 148...၊  အင်္ဂလိပ်တစ်ဘာသာတည်းအတွက်ပဲ ​ပြောမယ်ဆိုရင်​တော့... ချူယုက တစ်​ကျောင်းလုံးမှာ ဒုတိယ အမှတ်အများဆုံးပဲ"
ဆရာယဲ့သည် ချူယု၏ ရမှတ်ကို ​ကြေငြာရာတွင် အနည်းငယ်​တော့ စိတ်လှုပ်ရှားမိ၏။
သူသည် ချူယု၏ ရမှတ်ကို မြင်မြင်ချင်းတွင် မယုံကြည်နိုင်သဖြင့် အင်္ဂလိပ်ဆရာကို​တောင် သွားပြီး​တော့ ​မေးခဲ့ရ​သေးသည်။
အင်္ဂလိပ်ဆရာက ဆရာယဲ့အား ​ပြောပြလာခဲ့သည်မှာ...။
"​ကျောင်းသားချူယုက မူလာတန်းက​နေ အလယ်တန်းအထိ International School မှာတက်ခဲ့ရလို့များလားမသိဘူး၊ ​Essay ​ရေးတဲ့​နေရာမှာ​တော့ ​တော်​​တော်​လေးကို​ကောင်းတာ...၊ တစ်ခုပဲ မူကြိုက​​လေးလို လက်​ရေးမျိုးဖြစ်​နေတာက​တော့ ​တော်​တော်​လေးကို ဆိုးတယ် ဆရာယဲ့ ​ရေ..."
အင်္ဂလိပ်ဆရာသည် စကားကို ဟာသာ​နှော၍ ​ပြောလိုက်​သော်လည်း၊ သူ့မျက်လုံးများထဲတွင် ပီတိဖြစ်​နေ​​သော အရိပ်အ​ယောင်များကို​တော့ ဖုံးဖိ၍မရ​ချေ...။
ချူယုသည် ဆရာယဲ့ထံမှ အဆင့်​ကြေငြာသံ ကြားရ​သော်အခါ ​​ကြောင်ပြီး ထိုင်​နေမိသည်။
သူ၏ခုံ​နောက်မှ​နေ၍ လုရှီးက သူ့အား ​ခေါ်ပြီးသတိ​ပေးလာ​သောအခါမှသာ ရီပို့ကဒ်သွားယူဖို့ သတိရလိုက်မိ၏။
​ဆရာယဲ့က စင်​ပေါ်မှ​နေပြီး ချူယုအား ရီပို့ကဒ် ကမ်း​ပေးလာရင်းဖြင့် နူးညံ့စွာ ​ပြောလာခဲ့သည်။
"ဒီတစ်​ခေါက် ဆရာ့ကို မင်း တကယ် အံ့သြသွား​အောင် လုပ်နိုင်လိုက်တာပဲ"
"ဆရာယဲ့ကို ကျေးဇူးတင်ပါတယ် ခင်ဗျ"
ချူယုသည် သူ၏ ရီပို့ကဒ်ကို ယူလာခဲ့ပြီး သူ့​နေရာသို့ ​ရောက်​သောအခါ ​တောင့်​တောင့်ကြီး ထိုင်ချလိုက်သည်။
ကျန်းယဲ့ရှန်နှင့် လီဟွားသည် တစ်ပြိုက်နက်တည်းဆိုသလို ​​ခေါင်းလှည့်ကြည့်လာကြပြီး၊ ကျန်းယဲ့ရှန်သည် ယခုမှသာ စိတ်သက်သာရာ ရသွားပုံဖြင့် သက်ပြင်းတစ်ချက်ချလိုက်ရင်း...။
"​ကျောင်းရဲ့ပန်းပွင့်​လေး... မင်းက အရမ်းကို အံ့သြဖို့​ကောင်းတာပဲကွာ..."
ချူယုသည် ဘာစကားမှ ပြန်မ​ပြောနိုင်​သေးပဲ့ သူ့ရီပို့ကဒ်တွင် ​ရေးထား​သော အဆင့် 199 ဆိုသည့် ဂဏန်းကိုကြည့်ကာ...၊ အိမ်မက်, မက်​နေသလို ခံစားရ၏။
ချူယုသည် ​တွေးလိုက်မိသည်။
'မဟုတ်ဘူး... ဒီ​လောက်က​လေးနဲ့ ငါအိမ်မက်, မက်​နေမသင့်ဘူး၊ ငါရည်မှန်းချက်က ဒီ့ထက်ပိုကြီးတယ်၊ ငါ့ရည်မှန်းချက်အတိုင်း ငါ ဖြစ်​အောင်လုပ်ရမယ်'
လီဟွားသည် တိုးတိုး, တိုးတိုးဖြင့် ချူယုဘက်သို့ ​​ခေါင်း​လေးငဲ့ကာ ​ပြောလိုက်သည်။
"ခုမှပဲ ငါ့စိတ်ထဲက အလုံးကြီးပြုတ်ကျသွား​တော့တယ်ကွာ...၊ မှန်တာ​ပြောရရင် မင်းအဆင့်​ကြေငြာတုန်းက... ငါ့အဆင့်​ကြေငြာတာထက်ကို ပိုပြီး ရင်ခုန်​နေသေးတယ်၊ ငါအခု ကွမ်ရိယမ်ရဲ့ မျက်နှာ ဘယ်လို​​ဖြစ်​နေသလဲဆိုတာ ခန့်မှန်းကြည့်ရုံနဲ့တင် ​တော်​တော်​လေးကို ရီဖို့​ကောင်း​နေပြီ၊ ဆရာယဲ့က မင်းအင်္ဂလိပ်အမှတ် ​ပြောတုန်းကဆို အဲ့​ခွေးလို​ကောင်​တောင်... မ​​ပြောနဲ့ ငါ​ကိုက အရမ်း စိတ်လှုပ်ရှားသွားတာ...၊ ပြီး​တော့ ဟို​ကောင် သူ့​ဘေးနား အတူတူထိုင်တဲ့ ​ဟောင်ဖွာ ​ဟောင်ဖွာနဲ့​ကောင်၊ သူ့ရုပ်ဆိုးပန်းဆိုး ပုံနဲ့လိုက်လိုက် ဦး​လေး အရမ်းဖြစ်ချင်​နေတဲ့​ကောင်​လေ...၊ မင်းအဆင့် ကြားကြားချင်းတုံးကဆိုရင် မျက်နှာတစ်ခုလုံး မဲ​မှောင်သွားတာပဲကွာ...၊ မင်း ဒီအခွင့်အ​ရေးကို အသုံးချပြီး ​သေချာ​ပေါက် သူတို့ကို ဒူး​ထောက်ခိုင်းလိုက်၊ ပြီးရင် တစ်​ယောက်ကိုက အ​ဖေလို့​ခေါ်ခိုင်း...၊ ​ဟော...​နောက်တစ်​ယောက်ကိုက ဦး​လေးလို့ ​ခေါ်ခိုင်း​ ဟ ဟ $ရမ်း​ကျေနပ်ဖို့​ကောင်းတယ်ကွာ..."
ချူယုသည် ယခု​​​လော​​လောလတ်လတ်တွင် ကွမ်ရိယမ် ​အ​ကြောင်းကို မစဥ်းစားနိုင်​သေးဘဲ လုရှီးဘက်သို့ လှည့်လိုက်ကာ...။
"ငါ....ငါ...."
"အင်း..."
ချူယုသည် ဘာစကား​ပြောလို့ ​ပြောရမှန်းမသိဖြစ်လို့​နေ၏။
လုရှီးသည် ချူယု၏ မျက်လုံးများထဲသို့ ​ငေးကြည့်​နေရင်း၊ အနည်းငယ် ပြုံး​ယောင်သမ်းကာ  နူးညံ့​သော ​လေသံ​လေးဖြင့် ​ပြောလိုက်သည်။
"ငါ့ရဲ့ မျက်ရည်အိတ် ​ပေါက်စ​လေး...၊ ပင်ပန်းသွားခဲ့ရပြီ..."
လုရှီးက ထိုသို့​ပြောလိုက်​သောအခါ ဘာအ​ကြောင်း​ကြောင့်လဲ​​တော့ သူမသိရ​​ပေမဲ့၊ သူ့မျက်လုံးများက နီရဲလို့လာခဲ့ရကာ ရုတ်တရက်ကြီး ငိုချင်လာမိသည်။
သူသည် ဘာစကားကိုမှ ပြန်မ​ပြောနိုင်​ချေ...။
ခဏ​လောက်ကြာ​မှာသာ ဘာစကားမှ ​ပြောမ​နေ​တော့ပဲ မျက်လုံးများ ​မှေးပိတ်သွားသည်အထိ ပြုံးပြလိုက်သည်။
ပထမဆုံး အတန်းနားချိန်သို့ ​​ရောက်​ရောက်ချင်းမှာပင် အကိုမုန်သည် သူ၏ ​ခြေလှမ်းကျဲကြီးများဖြင့် ချူယုထံသို့ အလျှင်အမြန်​လျှောက်လာခဲ့ပြီး၊ ချူယု၏ ပုခုံးကို ဆုပ်ကိုင်လိုက်ကာ အားရပါးရလှုပ်ယမ်းလိုက်ပြီး​နောက် ​ပြောလိုက်သည်။
"ပန်းပွင့်​လေး... မင်းအရမ်း​တော်တာပဲကွာ...၊ ​နောက်ဆုံးဘိတ် အဆင့်က​နေ ချက်ချင်းကို အဆင့် 200 အတွင်းဝင်​အောင် ​ဖြေနိုင်တယ်ဆို​တော့... $ ရမ်းမိုက်တယ်၊ ငါအစတည်းက ​ပြောခဲ့သားပဲ... မင်းဦး​နှောက်က ဝက်ဦး​နှောက်မဟုတ်ပါး ဆိုတာကို...၊  ငါ မင်းအတွက် အရမ်းဂုဏ်ယူမိတယ် ပန်းပွင့်​လေးရာ..."
ဖန်းကျိချီသည်လည်း ​နေရာမှာပင် ​သေသွားရမတတ် အံ့သြသွားခဲ့ရ၏။
"ငါ့မှာ မင်းအဆင့် ကြားကြားချင်းတုန်းကဆိုရင်၊ ​သေသွားတဲ့ ငါ့အဖွားနဲ့​တောင် တမလွန်မှာ ​တွေ့ရ​တော့မယ်ထင်နေတာ...၊ ငါရှင်သန်လာတဲ့ အသက် 17 နှစ်အတွင်းမှာ တစ်ခါမှ ဒီ​လောက်ထိ မအံ့သြဖူးဘူးကွာ..."
ချူယုသည် ယခုချိန်အထိ အကိုမုန်က သူ့ကို အားပြင်းပြင်းဖြင့် ပုခုံးကို ဆုပ်ကိုင်ခြင်းခံထားရသော်​လည်း၊ နာကျင်​မ​နေနိုင်​တော့ပဲ ပြုံးပြလိုက်ကာ...။
"ငါလည်း မင်းတို့လိုပဲ စဥ်းစား​နေတာ...၊ ဘာ​ကြောင့် ငါ့က ဒီ​လောက်ထိ ​တော်ရတာလဲဆိုပြီး..."
အကိုမုန်သည် သ​ဘောကျစွာ ရီ​​မောလိုက်၏။
"ငါ​ပြောခဲ့သားပဲ... ​ကျောင်းရဲ့ပန်းပွင့်​လေးက လုပ်နိုင်မှာပါဆိုတာကို...၊ ဒါ​ပေမဲ့ ဒီထက်ပိုကြိုးစားရမယ်... ဒါကခုမှ အစပဲရှိ​သေးတာ မင်းရဲ့ လုပ်နိုင်းစွမ်း​တွေကို မ​လျော့ချပစ်လိုက်နဲ့ ဒါမှ တစ်ချို့လူ​တွေ သူတို့ကိုယ် သူတို့ အထင်ကြီး​နေတာ​တွေ ​လျော့သွားမှာ..."
သူသည် ​ပြော​နေရင်း တန်းလန်း သက်ပြင်းချလိုက်ရင်း...။
"တစ်ချို့လူ​တွေက ​သူတို့ ပြောစကားအတိုင်း တည်မယ်မထင်ပါဘူးကွာ...၊ င​ကြောက်လို​ကောင်​တွေက မင်း​ရှေ့မှာ ဒူး​ထောက်ပြီး အ​ဖေ​လို့လာ​ခေါ်မယ် မထင်ဘူးကွ"
အကိုမုန်သည် ​ခေါင်းကို လှည့်ကြည့်လိုက်ရင်း ကွမ်ရိယမ်ကိုရှာလိုက်၏။
"​ခွေးလို​ကောင် ကွမ်ရိယမ်က ဘယ်ကိုထွက်သွားရတာတုန်း!?၊ ငါတို့ သူ့ကိုရှာပြီး အ​ဖေလို့ ​ခေါ်ခိုင်းရင်း မ​ကောင်းဘူးလား...?"
ချူယုသည် ထိုကိစ္စကို ​ခေါင်းထဲသို့ မထည့်​ချေ...။
ယခုအချိန်၌ သူ့​ခေါင်းထဲတွင် ပြည့်​နေသည်မှာ သူ့မေမေ ကို ဖုန်း​ခေါ်ဆိုပြီး သူ့အဆင့်တက်​ကြောင်းကို ကြွားဝါ​၍ ပြောဆိုလို​နေခြင်းဖြစ်သည်။
သု့​မေ​မေသည် ​နေ့လည်ခင်းနှင့် ညပိုင်းတွင်သာ ခဏ တဖြုတ်လောက် အား​တတ်သည်။ ထို့​ကြောင့် သူသည် ​နေ့လည်ခင်းမှာပဲ ဆက်လိုက်ရမလား ...၊ ဒါမှမဟုတ် ညဘက်​ရောက်သည်အထိ ​စောင့်ပြီးမှ ​အေး​​အေး​ဆေး​ဆေး ဆက်လိုက်ရမလားဆိုပြီး စိတ်ထဲ ဇ​ဝေဇဝါဖြစ်​နေ၏။ အမှန်တိုင်း​ပြောရလျှင် ချက်ချင်းပင် သူ့​​မေ​မေကို ဖုန်းဆက်ပြီး ​ပြောပြချင်​နေမိသည်။
ထိုအချိန်တွင် အခန်းတံခါးဝမှ ဆရာတစ်​ယောက်က​ပေါ်လာပြီး လှမ်း​အော်၍ ​ပြောလာ၏။
"ချူယု"
ချူယုက လှည့်ကြည့်လိုက်​သောအခါ...။
"ဆရာနဲ့အတူ ရုံးခန်းကို ခဏ​လောက် လိုက်ခဲ့ပါအုံး!"
​{T/N _ မူရင်းစာ​ရေးသူ၏ အ​ရေးအသားအတိုင်း အတတ်နိုင်ဆုံး တူညီ​အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ တစ်စုံတစ်ရာ လွဲမှားခဲ့ပါက ဘာသာပြန်သူ၏ အမှားသာဖြစ်ပါသည်။}
[ZAWGYI]
"ဘာ​ပြောမလို့လဲ...?"
"ဘယ်သူ ထိုင်​​တာလဲ...?"
"ဆရာယဲ့ လာ​နေပြီ!!!"
လုရှီး   "အွန်း..."
စာမျက်နှာ အချို့ဖတ်လို့ပြီးသွား​သော်လည်း ချူယု၏ စိတ်ထဲတွင် စာအုပ်ထဲသို့ ဈာန်မဝင်နိုင်ပဲ သူ့​ခေါင်းထဲတွင် စာ​မေးပွဲ အ​ကြောင်းအရာများဖြင့် ပြည့်နှက်လို့​နေ၏။
"ဝင်လာလို့ရပြီ..."
"အတူတူဖတ်ကြမလား...?"
"​ဟုတ်...!"
***
ချူယုက ​မေးလိုက်သည်။
"သာသာ​လေး ထုရမှာလား...?"