'ယွန်းဂီနဲ့လက်တွဲလျှောက်ချင်လို့'ဆိုပြီး
ပူဆာထားတဲ့အသေးလေးကြောင့်
ကားအသစ်ကြီးကိုချောင်ထိုးခဲ့ကာ
မျက်နှာချင်းဆိုင်ကအသေးလေးတို့အိမ်သို့
မြန်မြန်လေးပြေးသွားလိုက်သည်။
"ဟယ်လို ကိုယ်မင်းတို့အိမ်ရှေ့ရောက်နေပြီ"
'ဟုတ်ဟုတ် ကျွန်တော်အခုထွက်ခဲ့မယ်'
Officially'ကိုယ်'လို့သုံးခွင့်ရပြီမို့
အဲ့လိုသုံးတိုင်းလဲအကြီးကြီးကျေနပ်ကာ
တစ်ယောက်တည်းရှက်သွေးတွေဖြာနေတဲ့
ယွန်းဂီပါလေ။တခါမှရည်းစားဆိုတာမျိုး
မရှိဖူးတာမို့ ခံစားချက်အသစ်တွေလဲရကာ
စိတ်တွေလဲလှုပ်ရှားရသည်။
သူကသာပုံမှန်ထက်ပိုပြီးကောင်းကောင်းကန်းကန်းေတွ
ပြင်ဆင်လာသော်လဲ အသေးလေးမှာတော့
ခါတိုင်းပုံစံအတိုင်း hoodieအဝါနှင့်
ဂျင်းအနုလေး။သို့ေသာ်ချစ်ဖို့ေကာင်းတဲ့လူကဘယ်လိုပဲနေနေချစ်ဖို့ကောင်းသည်ဆိုတဲ့အတိုင်း
ယွန်းဂီမျက်လုံးထဲမှာတော့ ဂျီမင်းဟာ
ချစ်စရာအကောင်းဆုံးလူသားလေးပင်။
"ဘာလို့အဲ့ကြည့်နေတာလဲ
ကျွန်တော့်ပုံစံတမျိုးဖြစ်နေလို့လားဟင်"
"ချစ်ဖို့ကောင်းလို့"
"အာ..."
"သွားရအောင်လေ"
"အွန်း.."
ယွန်းဂီဘက်ကပဲစပြီး
အသေးလေးရဲ့လက်ကိုဆွဲလိုက်သည်။
ခပ်ကြီးကြီးhoodieအောက်မှာမြုပ်နေတဲ့
လက်ဖောင်းဖောင်းလေးရဲ့နွေးထွေးမှုကြောင့်
ယွန်းဂီနှလုံးသားလေးပါနွေးခနဲဖြစ်သွားရသည်။
တွဲခဲ့တာ၂လကျော်ပြီဆိုသော်ငြား
အထိအတွေ့သေးသေးလေးကပင်
နှစ်ယောက်လုံးကိုရှက်သွေးဖြာစေတုန်း။
သူတို့ရဲ့first dateလေးမှာကို
ချစ်စရာကောင်းတဲ့နေရာလေးတွေမှာ
ကုန်ဆုံးဖို့ဆုံးဖြတ်ထားသည်။
တညလုံးgoogleမှာအချိန်ဖြုန်းကာ
ယွန်းဂီရှာထားရခြင်းပင်။
ပထမဆုံးအနေနဲ့bosu book street
စာကြည့်တိုက်မှာသူလိုချင်တဲ့စာအုပ်မရှိလို့
ခဏခဏငြီးတွားနေတဲ့အသေးလေးကြောင့်
ဒီနေရာလေးကိုယွန်းဂီရွေးချယ်ထားခြင်း။
နောက်တော့Jeonpo cafe street
စာအုပ်၀ယ်ပီးတဲ့အချိန်ဆိုနေ့လည်လောက်
ရောက်ပြီမို့ကောင်လေးဗိုက်ဆာလောက်ပြီလေ။
ဒါ့ကြောင့်ဒီနေရာလေးကိုရွေးဖြစ်ခြင်း။
အတွဲတွေတော်တော်လာဖြစ်တဲ့နေရာလေးဟု
သိရသည်။လမ်းတစ်လျှောက်
cafeလှလှလေးတွေရှိကာအဆင်ပြေတဲ့
ဆိုင်လေးမှာ၀င်ထိုင်မည်ဟုစိတ်ကူးထားသည်။
ညနေစောင်းရင်တော့
ဂျောင်ကုrecommendပေးထားတဲ့
Haeundaeသို့သွားမည်။
ကမ်းခြေမှာလမ်းလျှောက်ပြီးတဲ့အခါ
စားသောက်ဆိုင်ကောင်းကောင်းမှာ
အသေးလေးကိုညစာ၀ယ်ကျွေးမည်။
ဒါကတော့ယွန်းဂီချထားတဲ့တနေ့တာplanပင်။
"ဘတ်စ်ကားနဲ့သွားလို့အဆင်ပြေတယ်မလား"
"ပြေတာပေါ့ ဒါနဲ့ကျွန်တော်တို့ဘယ်သွားမှာလဲ"
"ရောက်ရင်သိမှာပေါ့ ကိုယ့်လက်ကိုဆွဲပြီးသာ
လိုက်ခဲ့ တနေကုန်ပျော်စေရမယ်လို့
အာမခံတယ်"
အေးစက်တယ်ထင်ရပေမယ့်တကယ်တမ်း
မင်ယွန်းဂီဆိုတာကဗျာအဆန်တတ်ဆုံး
လူသားဖြစ်ကြောင်းဂျီမင်းသဘောပေါက်သွားသည်။ဒီလူကိုရွေးချယ်မိတာလုံး၀
နောင်တမရပါလေ။
-royal camellia-
[bosu book street]
"ဝါး bosu book streetပဲ!
ဒီကိုလာမယ်ဆိုပြီးမရောက်ဖြစ်တာ
ကျွန်တော်လာချင်နေမှန်းဘယ်လိုသိလဲ"
"Hyperလေးကိုချစ်မှတော့
Dateတဲ့အခါစာအုပ်ဆိုင်မပါမဖြစ်ပဲလေ"
"အာ...ယွန်းဂီကအရမ်းတော်တာပဲ"
မျက်လုံးလေးတွေမှိတ်ကျသွားတဲ့အထိ
သူပြုံးနေပြန်သည်။အဲ့အပြုံးေလးကို
မြင်ချင်လွန်းလို့သူသေချာplanချထားတာ။
ပတ်ဂျီမင်းပျော်ရင်ရပြီ။အဲ့တာmain point။
သူလိုချင်တဲ့စာအုပ်လေးေတွရှာတွေ့လို့
ပျော်နေတာများ။ဒီလူကိုပါအပျော်တွေ
ကူးစက်ေစသည်။
-royal camellia-
[jeonpo cafe street]
"ဘူဆန်သားကျွန်တော်တောင်
ဒီနေရာမရောက်ဖူးဘူး"
"တကယ်ကြီးလား"
"ဟုတ်တယ်လေ ကျွန်တော်ကစာတွေနဲ့ပဲ
လုံးပန်းနေတာ ဒီလိုနေရာမျိုးကို
ဘယ်လာဖြစ်ပါ့မလဲဗျ"
အသေးလေးကတကယ့်အဖြူထည်လေးပါဆို။
"ဗိုက်ဆာနေပြီမလား ဂျီမင်း"
"အွန်း!"
"ကိုယ်ကောင်းတဲ့ဆိုင်လေးတွေ့ထားတယ်
မင်းလဲကြိုက်လောက်မှာ"
ယွန်းဂီခေါ်လာတဲ့ဆိုင်လေးက
သေးသေးလေးနှင့်တကယ်ချစ်စရာလေးပင်။
၀င်လိုက်တာနှင့်ကော်ဖီနံ့လေးသင်းလို့ရယ်။
အပင်ပုစိလေးတွေကိုလဲနေရာတကျ
စိုက်ထားသေးသည်။
ယွန်းဂီကတော့black coffeeတစ်ခွက်နှင့်သာ
ဟိုငေးဒီငေး။အဲ့ပုံစံကတအားစတိုင်ကျလွနး်လို့
ခင်ဗျားကိုဘယ်သူမှမမြင်အောင်
သိမ်းထားချင်လာပြီ။ဟိုဘက်ဝိုင်းက
အစ်မကြီးတွေငေးနေတာမသိဘူးလားလို့။
ဒီလိုပဲဘာလုပ်လုပ်မိုက်နေတော့မှာလား။
"ဟေး ဆူပုတ်နေတာပဲ
ဘာတွေအလိုမကျလို့လဲ အသေးလေး"
ယွန်းဂီကိုကြည့်နေတဲ့အစ်မကြီးတွေဝိုင်းကို
မေးငေါ့ပြလိုက်တော့မှသဘောပေါက်သွားပုံ
ပေါ်သည်။သွားဖုံးတွေပေါ်တဲ့အထိ
ဟက်ဟက်ပက်ပက်သူရယ်သည်။
အား...ကုတ်ဖဲ့လိုက်တော့မှာနော်။
"အဲ့တာသ၀န်တိုနေတာပေါ့ ဟုတ်လား"
"...."
မျက်နှာချင်းဆိုင်ထိုင်နေရာကနေထကာ
သူ့ဘေး၀င်ထိုင်လို့ခါးကိုဖက်သည်။
ယွန်းဂီနဲ့ဒီလောက်နီးနီးကပ်ကပ်မနေဘူးတာမို့
မျက်နှာတွေနီကာခါးလေးကလဲမတ်လို့။
ကျန်တဲ့လက်တစ်ဖက်နဲ့ဆံပင်လေးတွေကို
သပ်ပေးပြန်တာကြောင့် ရင်အခုန်လွန်ပြီး
ရှုးတော့မည်။ဟိုအစ်မကြီးတွေလဲ
မျက်လုံးမျက်ဆံပြူးနှင့်သဘောပေါက်ကာ
ယွန်းဂီကိုထပ်မကြည့်တော့ပေ။
နောက်တစ်ခါမင်ယွန်းဂီကိုသ၀န်မတိုရဲတော့ပေ။
နှလုံးပါရပ်သွားလိမ့်မည်။
-royal camellia-
[Haeundae Beach]
ကမ်းခြေရောက်ပြီဆိုတာနဲ့
လှစ်ခနဲပြေးထွက်သွားတဲ့အသေးလေး။
ဒီကလေးနှယ်မှောက်ယက်တွေလဲကုန်တော့မှာပဲ။
"ဂျီမင်း!တအားမပြေးနဲ့ ချော်လဲမယ်"
"ဟုတ်!!"
'ဟုတ်'ဆိုပြီးလှည့်တောင်မကြည့်ပဲ
ဆက်ပြေးသည်။
ပြောမရဆိုမရလေးကွယ်။
တအားဆိုးတာပဲ။
ချုပ်နမ်းလိုက်ရင် ငိုသွားမလားမသိ။
"ဟေး ရေထဲမဆင်းနဲ့နော်
အ၀တ်အစားအပိုမပါဘူး ဖျားမယ်!!"
"ဟုတ်ကဲ့!!"
စကားတော့နားထောင်သား
ကမ်းစပ်လေးမှာပဲဆော့ရှာသည်။
ဆော့နေတဲ့ကလေးကိုခပ်လှမ်းလှမ်းမှာ
ထိုင်ငေးနေတာတော့ယွန်းဂီ။
ပြီးရင် ဒီကလေးပင်ပန်းပြီး
အိပ်ချင်နေတော့မှာပဲ။
နေ၀င်ချိန်လေးမို့ပန်းနုရောင်သမ်းနေတဲ့
ကောင်းကင်ကြီးအောက်၀ယ်
ရေဆော့နေတဲ့အလှလေး။
အမိအရဓာတ်ပုံရိုက်ယူလိုက်သည်။
Wallpaperအသစ်လေးပေါ့။
နာရီ၀က်လောက်ရှိပြီမို့
ခြေထောက်တွေရေအကြာကြီးအစိုခံရင်
အအေးမိမှာစိုး၍ပြန်ခေါ်ရသည်။
"ဂျီမင်း...ခဏနေမှောင်တော့မယ်လေ
လာတော့"
"လာပြီဗျ"
"ဆော့လို့၀ပြီလား အသေးလေး"
"ဟီး"
"ညစာ၀ယ်ကျွေးမယ် လာ"
သူ့အသိတစ်ယောက်ဖွင့်ထားတဲ့ဆိုင်က
ဒီနေရာနဲ့သိပ်မဝေးတာမို့ ကောင်လေးလက်ကို
ဆွဲကာခြေကျင်ပဲလျှောက်သွားလိုက်သည်။
တစ်လမ်းလုံးလဲစကားများတဲ့ကောင်လေးရဲ့
အသံဆာဆာလေးတွေချည်းပြည့်နှပ်လို့။
-royal camellia-
ညစာလဲစားပြီးတော့ အိမ်ပြန်ရတော့မည်။
ဘတ်စ်ကားနဲ့ဆိုဒီကလေးပိုပင်ပန်းမှာမို့
Taxiငှားလိုက်ရသည်။
Taxiပေါ်မှာလဲတစ်လမ်းသူ့ပုခုံးပေါ်မှီ၍
အိပ်လာသည်။ပင်ပန်းနေရောပေါ့။
အိမ်ရောက်ပြီမို့မနိုးရက်ပဲနိုးရတော့သည်။
"အသေးလေး ထတော့ အိမ်ရောက်ပြီ"
နောက်ဆုံးတော့လဲ ထိုကလေးကို
ယွန်းဂီကပဲပွေ့ချီကာ အိမ်ရှေ့ထိ
ခေါ်သွားလိုက်ရတော့သည်။
ခြံရှေ့ရောက်တော့လူခေါ်ဘဲလ်တီးလိုက်ရာ
ခပ်ပိန်ပိန်အမျိုးသမီးတစ်ယောက်ထွက်လာသည်။
"ဂျီမင်းကိုလာပို့တာပါဗျ"
"အော် ကောင်လေးကယွန်းဂီဖြစ်မယ်
အိမ်ရှေ့ထိလိုက်ပို့ပေးတာကျေးဇူပါကွယ်"
"ဟုတ်ကဲ့"
"အန်တီကဂျီမင်းအမေပါ
ဂျီမင်းပြောပြောနေကျမို့ ကောင်လေးကို
မမြင်ဖူးပဲရင်းနီးနေတာ"
အသေးလေးကမိဘတွေကို
သူ့အကြောင်းပြောပြသည်လား။
"အိမ်ထဲ၀င်ပါအုံး ကောင်လေးရေ"
"မ၀င်တော့ဘူး အန်တီ ကျွန်တော့်အိမ်လဲ
ဒီရှေ့မှာဆိုတော့..သွားလိုက်ပါအုံးမယ်ဗျ"
"အော် ဟုတ်ပါပြီကွယ်"
ဖော်ရွေတဲ့အသေးလေးရဲ့အမေကြောင့်
ယွန်းဂီစိတ်သက်သာရာရသွားသည်။
တနေကုန်အသေးလေးနှင့်တူတူရှိခဲ့ရတာမို့
ဒီညတော့အိပ်မက်တွေလှဦးမှာပင်။
-royal camellia-
ညမှရေးရတာအကျင့်ဖြစ်နေတာ..
ဒါနဲ့coverအသစ်လေးကိုသတိထားမိကြလား
လိုက်ရောလိုက်လားဟင်။
ဒါလီကတော့ကိုယ်လုပ်ထားတာလေး
ပြန်ပြန်ကြည့်ပြီးသဘောကျနေတာ ဟီး♡︎
သူကသာပုံမှန်ထက်ပိုပြီးကောင်းကောင်းကန်းကန်းတွေ
ဂျင်းအနုလေး။သို့သော်ချစ်ဖို့ကောင်းတဲ့လူကဘယ်လိုပဲနေနေချစ်ဖို့ကောင်းသည်ဆိုတဲ့အတိုင်း
"ချစ်ဖို့ကောင်းလို့"
"အာ..."
"သွားရအောင်လေ"
"အွန်း.."
ယွန်းဂီဘက်ကပဲစပြီး
သိရသည်။လမ်းတစ်လျှောက်
ညနေစောင်းရင်တော့
Haeundaeသို့သွားမည်။
အာမခံတယ်"
နောင်တမရပါလေ။
-royal camellia-
[bosu book street]
"ဝါး bosu book streetပဲ!
သူပြုံးနေပြန်သည်။အဲ့အပြုံးလေးကို
သူလိုချင်တဲ့စာအုပ်လေးတွေရှာတွေ့လို့
ပျော်နေတာများ။ဒီလူကိုပါအပျော်တွေ
ကူးစက်စေသည်။
-royal camellia-
[jeonpo cafe street]
ဒီနေရာမရောက်ဖူးဘူး"
"တကယ်ကြီးလား"
ဘယ်လာဖြစ်ပါ့မလဲဗျ"
"အွန်း!"
စိုက်ထားသေးသည်။
ဟိုငေးဒီငေး။အဲ့ပုံစံကတအားစတိုင်ကျလွန်းလို့
သိမ်းထားချင်လာပြီ။ဟိုဘက်ဝိုင်းက
"ဟေး ဆူပုတ်နေတာပဲ
"...."
ရှုးတော့မည်။ဟိုအစ်မကြီးတွေလဲ
-royal camellia-
[Haeundae Beach]
"ဟုတ်!!"
ဆက်ပြေးသည်။
ပြောမရဆိုမရလေးကွယ်။
တအားဆိုးတာပဲ။
"ဟေး ရေထဲမဆင်းနဲ့နော်
"ဟုတ်ကဲ့!!"
စကားတော့နားထောင်သား
အိပ်ချင်နေတော့မှာပဲ။
ရေဆော့နေတဲ့အလှလေး။
လာတော့"
"လာပြီဗျ"
"ဟီး"
"ညစာဝယ်ကျွေးမယ် လာ"
-royal camellia-
Taxiငှားလိုက်ရသည်။
အိပ်လာသည်။ပင်ပန်းနေရောပေါ့။
"ဟုတ်ကဲ့"
"အန်တီကဂျီမင်းအမေပါ
အသေးလေးကမိဘတွေကို
"အော် ဟုတ်ပါပြီကွယ်"
-royal camellia-
လိုက်ရောလိုက်လားဟင်။