302 (Completed)

By mochibae95

17.6K 2.5K 436

302(စန်းလင်အာ့)ဆိုတဲ့အရှုပ်ထုပ်လေး စီစဥ်တဲ့ ​ကျွင့်ကျွင့်နဲ့ ဟန့်ဟန့်လေးတို့ရဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေ... More

302 (intro)
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Hey jellyfish!
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Final
💙စျေးဗန်း💙

Part-10

349 81 9
By mochibae95

Unicode

"ဟယ်?? ဟိုဟာဘာကြီးလဲ?? မဟုတ်မှလွဲရော......"

မျက်စိရှေ့မှာမြင်နေရတဲ့ ထိုအရာဟာ
သေချာပေါက်ကို အာကာသယာဥ်ပျံတစ်ခုမှန်း သူမ အတပ်သိနေပါ၏။ မနက်ခင်းတုန်းက websiteတစ်ခုမှာကြည့်ဖြစ်ခဲ့တဲ့ ကွင်းပြင်ကျယ်ထဲက ထူးဆန်းတဲ့ချုိင့်ခွက်ကြီးအကြောင်းကို သူမ မတွေးမိဘဲ မနေနိုင်တော့...။

"မဟုတ်မှလွဲရော...ပျောက်နေတယ်ဆိုတဲ့ အဲဒီ့ယာဥ်ပျံများလား?"

မတိုင်မီက တစ်ယောက်တစ်ပေါက် စကားများထားတဲ့ နှစ်ယောက်သားကလဲ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘဲ သူမနည်းတူ ယာဥ်ပျံဆီကြည့်မိကြရင်း စိတ်ထဲကနေတော့ 'သွားပြီ' ဟု ပြိုင်တူတွေးလိုက်မိကြသည်။

အရင်ဆုံးအသိဝင်လာတာက အဒေါ်ကြီးလီ ကမ်းပေးခဲ့တဲ့ ဂဏန်းချဥ်စပ်ဘူးကို လက်ထဲကိုင်ထားပါတဲ့ ကျန်းကျယ်ဟန့်။ သူက ဘေးကကုန်းကျွင့်ကို တံတောင်နဲ့တိုက်လိုက်ပြီး လေသံနှိမ့်ကာ အလျင်စလို စကားဆိုလိုက်သည်။

"ဘာလုပ်နေတာလဲ မှန်တံခါးသွားပိတ်လေ"

အဒေါ်ကြီးလီကတော့ ဆိုဖာပေါ်ပြုံးတုံးတုံးနှင့် ထိုင်ချနှင့်ပြီး သမီးဖြစ်သူ၏ တအံ့တဩစကားကို ကြားဟန်တောင်မပေါ်ပါချေ။

ကုန်းကျွင့်ထက် ခြေလှမ်းမြန်နေခဲ့တဲ့ လီကျစ်ရှန်က သူမရဲ့မျက်မှန်ထူထူကို ပင့်ကာကိုင်ရင်းဖြင့် ဘေးခြံလွတ်ဆီ ဦးတည်နှင့်ပြီ။

အခြေအနေဟာ အရေးပေါ်ဖြစ်နေပြီမို့
ကျန်းကျယ်ဟန့်က လက်ထဲ ဂဏန်းချဥ်စပ်ဘူးတန်းလန်းဖြင့် လီကျစ်ရှန်ကိုအပြေးဆွဲရတော့သည်။ ကုန်းကျွင့်က မှန်တံခါးဆီပြေး ၊ ကျန်းကျယ်ဟန့်က လီကျစ်ရှန်ဆီပြေးရင်းဖြင့် အတော်လေး ယောက်ယက်ခတ်လို့သွားရသည်။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ စန်းလင်အာ့တစ်ယောက်ကလဲ ယာဥ်ပျံနောက်ကနေ ထွက်လာခဲ့ပြီး အရှေ့ကနှစ်ယောက်သားရဲ့ အရေးပေါ်အခြေအနေကို ချက်ချင်းနားလည်လိုက်၏။ သူက အရှေ့ကို ခပ်သွက်သွက်အပြေးလှမ်းလိုက်ပြီး ၊ မှန်တံခါးပိတ်ဖို့လုပ်နေတဲ့ ကုန်းကျွင့်ကို ကျော်ကာ...ကျန်းကျယ်ဟန့် လှမ်းဆွဲဖို့ကြိုးစားနေတဲ့ လီကျစ်ရှန်ရဲ့ရှေ့အရောက် ၊ သူမရဲ့နဖူးပြင်ဆီ ဖြောင်းခနဲမြည်အောင် ရိုက်ချလိုက်တော့သည်။

ဖြောင်း! ! !       ဂျိန်း! ! !

ဖြောင်းခနဲအသံနဲ့ တစ်ပြိုင်တည်းထွက်လာတဲ့ မှန်တံခါးဆွဲပိတ်သံ ခပ်ကျယ်ကျယ်ကြောင့် ဆိုဖာပေါ်က အဒေါ်ကြီးလီက ဘေးဘက်ဆီ အပြူးသားလှည့်ကြည့်လာတော့သည်။ သူမ မြင်နေရတာက နဖူးပြင်ကိုကိုင်ကာ ရှုံ့မဲ့မဲ့ဖြစ်နေပါသည့် သမီးဖြစ်သူနှင့် ၊ တစ်စုံတစ်ရာ အထိတ်တလန့်ဖြစ်နေဟန်ပေါ်သည့် ကောင်လေးသုံးယောက်။ စန်းလင်အာ့ရဲ့လက်သံထက် ကုန်းကျွင့်ရဲ့ ဂျိန်းခနဲတံခါးပိတ်သံက ပိုကျယ်ခဲ့သည်မို့ သမီးဖြစ်သူရဲ့ အခြေအနေကို သူမ နားမလည်နိုင်ဖြစ်သွားမည်မှာ သဘာဝကျပါ၏။

"ကျစ်ရှန်? ဘာဖြစ်ကြတာလဲ?"

နဖူးပြင်ဆီပွတ်ရင်းဖြင့် အူတူတူဖြစ်နေဆဲ လီကျစ်ရှန်ခမျာမှာတော့ စန်းလင်အာ့ရဲ့ memory blockခြင်းကိုခံလိုက်ရတာမို့ မတိုင်မှီကကိစ္စတစ်စုံတစ်ရာကိုမှ မမှတ်မိနိုင်ရှာတော့ပေ။ သူမက ပြန်ဖြေလာ၏။

"အာ? သမီးလဲမသိပါဘူး ရုတ်တရက်ကြီး နဖူးက စပ်ဖြင်းဖြင်းကြီးဖြစ်လာလို့...ခေါင်းထဲတောင် ထူပူသွားတာပဲ ဘာဖြစ်တာလဲမသိဘူး"

"ဟင်?"

စန်းလင်အာ့ကတော့ လီကျစ်ရှန်ရဲ့ နဖူးဆီ ရိုက်ရင်း မှတ်ဉာဏ်တချို့ကိုထုတ်ယူခဲ့ပါသည့် သူ့ရဲ့ညာဘက်လက်ဖဝါးကို ကွေးဆုတ်လိုက်ပြီး ၊ သူ့ထံမျက်ခုံးပင့်ကာကြည့်လာသည့် မျက်နှာချင်းဆိုင်က ကျန်းကျယ်ဟန့်အား ခေါင်းတစ်ချက်ငြိမ့်ပြလိုက်၏။ အထာပေါက်သွားဟန်ပေါ်တဲ့ ကျန်းကျယ်ဟန့်က ရုတ်တရက်တဟဲဟဲ ထ ရီလိုက်ရင်း အဒေါ်ကြီးလီအား စကားလမ်းကြောင်းလွှဲရတော့သည်။

"အာ အဟဲဟဲ...ဂဏန်းချဥ်စပ်ဟင်းက တကယ်မွှေးတာပဲဗျာ ကျွန်တော်တို့လဲ ဒီနေ့ နေ့လည်စာအတွက် ဟင်းမရှိတာနဲ့အတော်ပဲ...အန်တီ့ကို ကျေးဇူးတင်လိုက်တာ ဒါနဲ့ ဘာသောက်ကြမလဲဟင် အပူလား အအေးလား"

"ရတယ် သားတို့အဆင်ပြေတာသာလုပ်ပါကွယ်"

လီကျစ်ရှန်က နဖူးကိုကိုင်ရင်းဖြင့် ဆိုဖာဆီဝင်ထိုင်၏။ အဒေါ်ကြီးလီကတော့ ဣန္ဒြေမရသည့်သမီးဖြစ်သူအား စိတ်ထဲကနေသာ ဆူဆဲနေမိတော့သည်။

ကော်ဖီတစ်ခွက်ကို ဇိမ်ခံသောက်ရင်း
မကုန်နိုင်မခမ်းနိုင်တဲ့ အလ္လာပသလ္လာပ
တွေကို အမြှုတ်ထွက်မတတ် လေပစ်သွားပါတဲ့ အဒေါ်ကြီးလီဟာ နေ့လည်ခင်းထမင်းစားချိန်ကျော်တော့မှ ခဲဆွဲထားတဲ့ တင်ပါးကို ဆိုဖာကနေ ကြွတော့၏။ ဆံပင်ဂုတ်လောက်အရှည်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့မျက်နှာပေါ်က မှဲ့လေးတွေကြောင့် လီကျစ်ရှန်ကတော့ တစ်စုံတစ်ယောက်အား ပိုးစိုးနဲ့ပက်စက်ကို ပစ်ကြွေသွားရသည်။ သူမအတွက်တော့ ယောက်ျားတစ်ယောက်ကို အချိန်အကြာကြီး ပေါ်တင်ငေးကြည့်ဖူးသည်မှာ ဒီတစ်ကြိမ်ဟာ ပထမဆုံးသာဖြစ်ပါ၏။ ပြန်ခါနီးအထိ ကျန်းကျယ်ဟန့်ရဲ့မျက်နှာချောချောဆီက အကြည့်မခွာနိုင်တဲ့ လီကျစ်ရှန်ကို ကျန်းကျယ်ဟန့်ခန္ဓာကိုယ်ထဲ ရှိနေပါသည့် ကုန်းကျွင့်က သိပ်ပြီးသဘောမတွေ့လှ။

ဧည့်သည်နှစ်ယောက်ပြန်သွားတော့မှ
ကျန်းကျယ်ဟန့်က စန်းလင်အာ့ဆီ စကားစရတော့သည်။

"တော်သေးတာပေါ့...ငါတော့ လုံးဝသွားပြီထင်တာ...မင်းရဲ့အဲဒီ့လက်က တော်တော်အသုံးဝင်သားပဲ...မင်းသာ တစ်ခုခုမလုပ်ရင် ငါတို့တော့ဘာတွေဖြစ်ကုန်မလဲတောင်မသိဘူး ဒီတစ်ကြိမ်တော့ မင်းအရမ်းတော်တယ် စန်းလင်အာ့"

"လူကြီးမင်းတို့ရဲ့ကြိုးစားမှုတွေလဲ ပါပါတယ်...ကျွန်တော်တစ်ယောက်ထဲကြောင့်မဟုတ်ပါဘူး"

ကုန်းကျွင့်ကတော့ ဆိုဖာရှေ့က စားပွဲပေါ်မှာတင်ထားတဲ့ ဂဏန်းချဥ်စပ်ဘူးကိုဖွင့်ရင်းဖြင့် အနံ့ခံကာ စူးစမ်းလို့နေသည်။ နှာခေါင်းထဲ အလုံးအရင်းနဲ့တိုးဝင်လာတဲ့ ဟင်းခတ်မှုန့်အနံ့ ခပ်စူးစူးက စားဖိုမှူးပေါက်စဖြစ်တဲ့ ကုန်းကျွင့်ကို ရှုံ့မဲ့သွားစေ၏။

"အီး...ပြင်းလိုက်တဲ့အနံ့...အရသာလဲ ပြင်းမှာသေချာတယ် ခင်ဗျားမစားနဲ့တော့"

"ဟမ်? ဘာဆိုင်လို့လဲ ငါက ချဥ်ချဥ်စပ်စပ်လေးစားချင်နေတာ...မင်းက အစပ်လဲ တစ်ခါမှ မချက်ကျွေးဘဲနဲ့ သူများက စေတနာနဲ့စားဖို့ပေးတာကိုတောင် မစားနဲ့ဆိုပြီး လာပိတ်ပင်​ေနတာလား"

"ဒီမှာ ကျန်းအကိုကြီး...အနံ့ပြင်းတဲ့ဟင်းက သေချာပေါက်ကို အရသာလဲပြင်းမှာပဲ...အရသာပြင်းတဲ့ဟင်းတွေက ခန္ဓာကိုယ်အတွက်မကောင်းဘူး...နောက်ပြီး ခင်ဗျားကအခုကျွန်တော့်ခန္ဓာကိုယ်နဲ့ နေနေတာနော် ကျွန်တော်က မစားနဲ့ဆိုရင်"

"ကျစ်   ပေးစမ်းပါ...စားမှာပဲ"

ကုန်းကျွင့်စကားမဆုံးခင်မှာတင် ကျန်းကျယ်ဟန့်က သူ့လက်ထဲက ဂဏန်းချဥ်စပ်ဘူးကို ဆွဲလုပစ်လိုက်သည်။ အစပ်အရသာလေးတွေကို သူလွမ်းလှပါ၏။
ကုန်းကျွင့်ခန္ဓာကိုယ်ထဲ ရောက်ကတည်းက စားချင်တာစားခွင့်မရခဲ့ပေမဲ့ ဒီဂဏန်းချဥ်စပ်လေးကိုတော့ သူလုံးဝလက်​မလျှော့ချင်ပါ။ ထို့ကြောင့်.........

"မင်းဘာသာကြိုက်သလိုပြော...ငါက စားကိုစားမှာ   ဒါပဲ"

"အော     ခင်ဗျားက ဒီလိုလား...ရတယ်လေ"

ကုန်းကျွင့်ကရော လက်လျှော့မတဲ့လား။ သူက ကျန်းကျယ်ဟန့်ရဲ့အားနည်းချက်ကို မတုိင်မီရက်က သိပြီးခဲ့ပြီလေ။ ဒီတစ်ကြိမ်တော့ အဲဒီ့အားနည်းချက်ကို ကောင်းကောင်းအသုံးချပြီး အကြပ်ကိုင်ပစ်မည်ဟု ဆုံးဖြတ်လိုက်ရင်း ကုန်းကျွင့်က ကျန်းကျယ်ဟန့်ထံ စကားဆိုတော့သည်။

"စားချင်ရင်စား...ကြိုက်သလောက်သာစား...ခင်ဗျားစားလို့ပြီးတာနဲ့ ခင်ဗျားရဲ့ဒီဆံပင်ရှည်တွေ အကုန်ပြောင်ပြီပဲ"

"ဘာ!!!"

"ကျွန်တော် အကုန်ညှပ်ပစ်မှာ"

ကုန်းကျွင့်က ပြောပြောဆိုဆိုနဲ့ ဆိုဖာကနေ ဝုန်းခနဲထကာ ကျန်းကျယ်ဟန့်ရဲ့ စက်ခုံရှိရာဆီ ခြေဦးလှည့်တော့သည်။

"မင်း  ငါ့ဆံပင်တွေကို ထိရဲထိကြည့်နော်"

"ထိရဲတယ်   ထိရဲတယ်"

ဆိုဖာပေါ် ထိုင်ရက်ဖြစ်နေတဲ့ကျန်းကျယ်ဟန့်က စက်ခုံဆီ ခြေလှမ်းနေတဲ့ကုန်းကျွင့်ကို အတင်းကာရော ဆွဲရလွဲရတော့သည်။

"မင်း!"

"ဘာလို့ကျွန်တော့်ကို လာဆွဲနေတာလဲ...ခင်ဗျား စားမလို့ဆို? စားလေ"

စန်းလင်အာ့ကတော့ သူ့ရှေ့တောင်မရှောင် ဆွဲလားရမ်းလား လုပ်နေကြတဲ့
နှစ်ယောက်သားရဲ့အခြေအနေကို မကြည့်ရဲသည့်အလား မျက်နှာကိုဘေးဘက်ဆီ လှည့်ထားရင်း မျက်လုံးတွေကို အတင်းဖိကာ မှိတ်လို့ထား၏။

ကျန်းကျယ်ဟန့်တစ်ယောက် ထိုင်ရာကနေတောင် မထနိုင်ဘဲ မမှီမကမ်း လှမ်းဆွဲနေတဲ့ကြားကပင် ကုန်းကျွင့်ဟာ စက်ခုံဆီကကပ်ကြေးကို အောင်မြင်စွာလှမ်းယူနိုင်သွား၏။ ဆံစတွေကို မြှောက်ကိုင်ကာဖြင့် တကယ်ကြီးညှပ်ပစ်တော့မည့်ပုံပေါ်နေတဲ့ ကုန်းကျွင့်ကြောင့်...ကျန်းကျယ်ဟန့်ခမျာ ယူကြုံးမရစွာနဲ့ပဲ အော်ဟစ်ကာ စကားဆိုရတော့သည်။

"ေတာ်တော့ ေတာ်တော့...တကယ် ကလေးကလားနဲ့...
မစားရင်ရပြီမှတ်လား  မစားဘူးကွာ မစားဘူး...ကျေနပ်ပြီလား"

"ဟမ့်...ကျေ   နပ်   တယ်"

တစ်ဖက်လူကို 'ကလေးကလားနဲ့' ဟူသည့်အသုံးအနှုန်းနှင့် ပြောဆိုခဲ့ပါသည့် ကျန်းကျယ်ဟန့်ဟာ...ဆူဆူပုတ်ပုတ်မျက်နှာထားနဲ့ပဲ ဆောင့်ကာအောင့်ကာဖြင့် အခန်းထဲဝင်ချသွားတော့သည်။ သူကိုယ်တိုင်ရဲ့ အမူအရာက ကလေးကလားဆန်သွားခဲ့သည်ကိုတော့ သတိမူမိလိုက်ပုံ မပေါ်ပါချေ။ အောင်နိုင်သူ ကုန်းကျွင့်ကတော့ ခပ်ပြုံးပြုံးနဲ့ပဲ လက်ထဲက ကပ်ကြေးကို စက်ခုံပေါ် ပြန်တင်လိုက်၏။

"အဟမ်း...ဟန့်ဟန့်လေး စားချင်ရင် ဟောဒီ့က စားဖိုမှူးကြီးက အစပ်လေးခပ်ပေါ့ပေါ့ပါတဲ့ ဟင်းကောင်းကောင်းတွေကို လုပ်ကျွေးမှာပေါ့လို့...မိနစ်ပိုင်းလောက်ပဲ စောင့်နော်"

စိတ်ကောက်သွားတဲ့ ကျန်းကျယ်ဟန့်ကို ရွှတ်နောက်နောက် စကားတချို့လှမ်းအော်ပြောလိုက်ပြီးနောက် သူသည်လဲ ေန့လည်စာအတွက် မီးဖိုခန်းဆီ ဦးတည်ခဲ့လိုက်သည်။ ကုန်းကျွင့်က ဂဏန်းချဥ်စပ်ဘူးကိုလဲ ယူသွားဖို့မမေ့ပါချေ။ မကြာခင် အမှိုက်ပုံးထဲ ရောက်ရတော့မည့် ဂဏန်းချဥ်စပ်ခမျာလဲ ကုန်းကျွင့်လက်ထဲ မငြင်းဆန်နိုင်ရှာဘဲ ပါသွားရတော့သည်။

နှစ်ယောက်သားရဲ့လစ်လျူရှုခြင်းကို ခံခဲ့ရတဲ့ စန်းလင်အာ့ကတော့ မတုိင်မီက ဖိမှိတ်ထားတဲ့ မျက်လုံးတွေကို ဖြေးဖြေးချင်း ဖွင့်လိုက်ရင်းဖြင့် တစ်ကိုယ်တည်း တီးတိုးညည်းညူမိတော့၏။

"ဟင်း....ဒီပုံစံအတိုင်းသာ ဆက်လုပ်နေကြရင် ကလေးတွေအများကြီးထွက်လာတော့မှာပဲ"

သူက ခေါင်းကိုမော့လိုက်ရင်း ဧည့်ခန်းတစ်ခုလုံးဆီ မျက်လုံးဝေ့ကာကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ကို ချလိုက်သည်။

"ဟူး...ဒီအိမ်နဲ့တောင် ဆန့်ပါတော့မလား"















*******************************
Thanks for reading

302လေး ပြန်လာပါပြီ...ပြန်ရေးဖို့ motiအကြီးစားကြီး ပေးခဲ့တဲ့ ပုစိလေးကို တကယ်ကြီး ကျေးဇူးတင်ပါတယ်နော်...💙
ပုစိပြောသလို တကယ်ဖြစ်လာပါစေလို့ လဲ အမြဲတမ်းဆုတောင်းနေပါတယ်🥺

wallထဲမှာ 'THORN' ဆိုတဲ့ junzhe ficလေးတစ်ခုရှိပါတယ်လို့ ၊ completedဖြစ်ပြီးသားမို့ အချိန်ရရင် ဝင်ဖတ်ကြပါဦး​နော်💙

အကို့ကိုစောင့်ရင်း အလွမ်း​ပြေ ficလေးတွေဖတ်ရအောင် အတတ်နိုင်ဆုံးကြိုးစားပြီး ဆက်ရေးပါ့မယ်...အားလုံးပဲ Stay strongပါ​နော်💪💙💙

















Zawgyi

"ဟယ္?? ဟိုဟာဘာႀကီးလဲ?? မဟုတ္မွလြဲေရာ......"

မ်က္စိေရွ႕မွာျမင္ေနရတဲ့ ထိုအရာဟာ
ေသခ်ာေပါက္ကို အာကာသယာဥ္ပ်ံတစ္ခုမွန္း သူမ အတပ္သိေနပါ၏။ မနက္ခင္းတုန္းက websiteတစ္ခုမွာၾကည့္ျဖစ္ခဲ့တဲ့ ကြင္းျပင္က်ယ္ထဲက ထူးဆန်းတဲ့ချုိင့်ခွက်ကြီးအကြောင်းကို သူမ မေတြးမိဘဲ မေနနိုင္ေတာ့...။

"မဟုတ္မွလြဲေရာ...ေပ်ာက္ေနတယ္ဆိုတဲ့ အဲဒီ့ယာဥ္ပ်ံမ်ားလား?"

မတိုင္မီက တစ္ေယာက္တစ္ေပါက္ စကားမ်ားထားတဲ့ ႏွစ္ေယာက္သားကလဲ ဘာလုပ္လို႔လုပ္ရမွန္းမသိေတာ့ဘဲ သူမနည္းတူ ယာဥ္ပ်ံဆီၾကည့္မိၾကရင္း စိတ္ထဲကေနေတာ့ 'သြားၿပီ' ဟု ၿပိဳင္တူေတြးလိုက္မိၾကသည္။

အရင္ဆုံးအသိဝင္လာတာက အေဒၚႀကီးလီ ကမ္းေပးခဲ့တဲ့ ဂဏန္းခ်ဥ္စပ္ဘူးကို လက္ထဲကိုင္ထားပါတဲ့ က်န္းက်ယ္ဟန့္။ သူက ေဘးကကုန္းကြၽင့္ကို တံေတာင္နဲ႕တိုက္လိုက္ၿပီး ေလသံႏွိမ့္ကာ အလ်င္စလို စကားဆိုလိုက္သည္။

"ဘာလုပ္ေနတာလဲ မွန္တံခါးသြားပိတ္ေလ"

အေဒၚႀကီးလီကေတာ့ ဆိုဖာေပၚၿပဳံးတုံးတုံးႏွင့္ ထိုင္ခ်ႏွင့္ၿပီး သမီးျဖစ္သူ၏ တအံ့တဩစကားကို ၾကားဟန္ေတာင္မေပၚပါေခ်။

ကုန္းကြၽင့္ထက္ ေျခလွမ္းျမန္ေနခဲ့တဲ့ လီက်စ္ရွန္က သူမရဲ႕မ်က္မွန္ထူထူကို ပင့္ကာကိုင္ရင္းျဖင့္ ေဘးၿခံလြတ္ဆီ ဦးတည္ႏွင့္ၿပီ။

အေျခအေနဟာ အေရးေပၚျဖစ္ေနၿပီမို႔
က်န္းက်ယ္ဟန့္က လက္ထဲ ဂဏန္းခ်ဥ္စပ္ဘူးတန္းလန္းျဖင့္ လီက်စ္ရွန္ကိုအေျပးဆြဲရေတာ့သည္။ ကုန္းကြၽင့္က မွန္တံခါးဆီေျပး ၊ က်န္းက်ယ္ဟန့္က လီက်စ္ရွန္ဆီေျပးရင္းျဖင့္ အေတာ္ေလး ေယာက္ယက္ခတ္လို႔သြားရသည္။

တိုက္တိုက္ဆိုင္ဆိုင္ဆိုသလိုပဲ စန္းလင္အာ့တစ္ေယာက္ကလဲ ယာဥ္ပ်ံေနာက္ကေန ထြက္လာခဲ့ၿပီး အေရွ႕ကႏွစ္ေယာက္သားရဲ႕ အေရးေပၚအေျခအေနကို ခ်က္ခ်င္းနားလည္လိုက္၏။ သူက အေရွ႕ကို ခပ္သြက္သြက္အေျပးလွမ္းလိုက္ၿပီး ၊ မွန္တံခါးပိတ္ဖို႔လုပ္ေနတဲ့ ကုန္းကြၽင့္ကို ေက်ာ္ကာ...က်န္းက်ယ္ဟန့္ လွမ္းဆြဲဖို႔ႀကိဳးစားေနတဲ့ လီက်စ္ရွန္ရဲ႕ေရွ႕အေရာက္ ၊ သူမရဲ႕နဖူးျပင္ဆီ ေျဖာင္းခနဲျမည္ေအာင္ ရိုက္ခ်လိဳက္ေတာ့သည္။

ေျဖာင္း! ! !       ဂ်ိန္း! ! !

ေျဖာင္းခနဲအသံနဲ႕ တစ္ၿပိဳင္တည္းထြက္လာတဲ့ မွန္တံခါးဆြဲပိတ္သံ ခပ္က်ယ္က်ယ္ေၾကာင့္ ဆိုဖာေပၚက အေဒၚႀကီးလီက ေဘးဘက္ဆီ အျပဴးသားလွည့္ၾကည့္လာေတာ့သည္။ သူမ ျမင္ေနရတာက နဖူးျပင္ကိုကိုင္ကာ ရႈံ႕မဲ့မဲ့ျဖစ္ေနပါသည့္ သမီးျဖစ္သူႏွင့္ ၊ တစ္စုံတစ္ရာ အထိတ္တလန့္ျဖစ္ေနဟန္ေပၚသည့္ ေကာင္ေလးသုံးေယာက္။ စန္းလင္အာ့ရဲ႕လက္သံထက္ ကုန္းကြၽင့္ရဲ႕ ဂ်ိန္းခနဲတံခါးပိတ္သံက ပိုက်ယ္ခဲ့သည္မို႔ သမီးျဖစ္သူရဲ႕ အေျခအေနကို သူမ နားမလည္နိုင္ျဖစ္သြားမည္မွာ သဘာဝက်ပါ၏။

"က်စ္ရွန္? ဘာျဖစ္ၾကတာလဲ?"

နဖူးျပင္ဆီပြတ္ရင္းျဖင့္ အူတူတူျဖစ္ေနဆဲ လီက်စ္ရွန္ခမ်ာမွာေတာ့ စန္းလင္အာ့ရဲ႕ memory blockျခင္းကိုခံလိုက္ရတာမို႔ မတိုင္မွီကကိစၥတစ္စုံတစ္ရာကိုမွ မမွတ္မိနိုင္ရွာေတာ့ေပ။ သူမက ျပန္ေျဖလာ၏။

"အာ? သမီးလဲမသိပါဘူး ႐ုတ္တရက္ႀကီး နဖူးက စပ္ျဖင္းျဖင္းႀကီးျဖစ္လာလို႔...ေခါင္းထဲေတာင္ ထူပူသြားတာပဲ ဘာျဖစ္တာလဲမသိဘူး"

"ဟင္?"

စန္းလင္အာ့ကေတာ့ လီက်စ္ရွန္ရဲ႕ နဖူးဆီ ရိုက္ရင္း မွတ္ဉာဏ္တခ်ိဳ႕ကိုထုတ္ယူခဲ့ပါသည့္ သူ႕ရဲ႕ညာဘက္လက္ဖဝါးကို ေကြးဆုတ္လိုက္ၿပီး ၊ သူ႕ထံမ်က္ခုံးပင့္ကာၾကည့္လာသည့္ မ်က္ႏွာခ်င္းဆိုင္က က်န္းက်ယ္ဟန့္အား ေခါင္းတစ္ခ်က္ၿငိမ့္ျပလိုက္၏။ အထာေပါက္သြားဟန္ေပၚတဲ့ က်န္းက်ယ္ဟန့္က ႐ုတ္တရက္တဟဲဟဲ ထ ရီလိုက္ရင္း အေဒၚႀကီးလီအား စကားလမ္းေၾကာင္းလႊဲရေတာ့သည္။

"အာ အဟဲဟဲ...ဂဏန္းခ်ဥ္စပ္ဟင္းက တကယ္ေမႊးတာပဲဗ်ာ ကြၽန္ေတာ္တို႔လဲ ဒီေန႕ ေန႕လည္စာအတြက္ ဟင္းမရွိတာနဲ႕အေတာ္ပဲ...အန္တီ့ကို ေက်းဇူးတင္လိုက္တာ ဒါနဲ႕ ဘာေသာက္ၾကမလဲဟင္ အပူလား အေအးလား"

"ရတယ္ သားတို႔အဆင္ေျပတာသာလုပ္ပါကြယ္"

လီက်စ္ရွန္က နဖူးကိုကိုင္ရင္းျဖင့္ ဆိုဖာဆီဝင္ထိုင္၏။ အေဒၚႀကီးလီကေတာ့ ဣႏၵျေမရသည့္သမီးျဖစ္သူအား စိတ္ထဲကေနသာ ဆူဆဲေနမိေတာ့သည္။

ေကာ္ဖီတစ္ခြက္ကို ဇိမ္ခံေသာက္ရင္း
မကုန္နိုင္မခမ္းနိုင္တဲ့ အလႅာပသလႅာပ
ေတြကို အျမႇုတ္ထြက္မတတ္ ေလပစ္သြားပါတဲ့ အေဒၚႀကီးလီဟာ ေန႕လည္ခင္းထမင္းစားခ်ိန္ေက်ာ္ေတာ့မွ ခဲဆြဲထားတဲ့ တင္ပါးကို ဆိုဖာကေန ႂကြေတာ့၏။ ဆံပင္ဂုတ္ေလာက္အရွည္ေလးနဲ႕ ဆြဲေဆာင္မႈရွိတဲ့မ်က္ႏွာေပၚက မွဲ႕ေလးေတြေၾကာင့္ လီက်စ္ရွန္ကေတာ့ တစ္စုံတစ္ေယာက္အား ပိုးစိုးနဲ႕ပက္စက္ကို ပစ္ေႂကြသြားရသည္။ သူမအတြက္ေတာ့ ေယာက္်ားတစ္ေယာက္ကို အခ်ိန္အၾကာႀကီး ေပၚတင္ေငးၾကည့္ဖူးသည္မွာ ဒီတစ္ႀကိမ္ဟာ ပထမဆုံးသာျဖစ္ပါ၏။ ျပန္ခါနီးအထိ က်န္းက်ယ္ဟန့္ရဲ႕မ်က္ႏွာေခ်ာေခ်ာဆီက အၾကည့္မခြာနိုင္တဲ့ လီက်စ္ရွန္ကို က်န္းက်ယ္ဟန့္ခႏၶာကိုယ္ထဲ ရွိေနပါသည့္ ကုန္းကြၽင့္က သိပ္ၿပီးသေဘာမေတြ႕လွ။

ဧည့္သည္ႏွစ္ေယာက္ျပန္သြားေတာ့မွ
က်န္းက်ယ္ဟန့္က စန္းလင္အာ့ဆီ စကားစရေတာ့သည္။

"ေတာ္ေသးတာေပါ့...ငါေတာ့ လုံးဝသြားၿပီထင္တာ...မင္းရဲ႕အဲဒီ့လက္က ေတာ္ေတာ္အသုံးဝင္သားပဲ...မင္းသာ တစ္ခုခုမလုပ္ရင္ ငါတို႔ေတာ့ဘာေတြျဖစ္ကုန္မလဲေတာင္မသိဘူး ဒီတစ္ႀကိမ္ေတာ့ မင္းအရမ္းေတာ္တယ္ စန္းလင္အာ့"

"လူႀကီးမင္းတို႔ရဲ႕ႀကိဳးစားမႈေတြလဲ ပါပါတယ္...ကြၽန္ေတာ္တစ္ေယာက္ထဲေၾကာင့္မဟုတ္ပါဘူး"

ကုန္းကြၽင့္ကေတာ့ ဆိုဖာေရွ႕က စားပြဲေပၚမွာတင္ထားတဲ့ ဂဏန္းခ်ဥ္စပ္ဘူးကိုဖြင့္ရင္းျဖင့္ အနံ႕ခံကာ စူးစမ္းလို႔ေနသည္။ ႏွာေခါင္းထဲ အလုံးအရင္းနဲ႕တိုးဝင္လာတဲ့ ဟင္းခတ္မႈန့္အနံ႕ ခပ္စူးစူးက စားဖိုမႉးေပါက္စျဖစ္တဲ့ ကုန္းကြၽင့္ကို ရႈံ႕မဲ့သြားေစ၏။

"အီး...ျပင္းလိုက္တဲ့အနံ႕...အရသာလဲ ျပင္းမွာေသခ်ာတယ္ ခင္ဗ်ားမစားနဲ႕ေတာ့"

"ဟမ္? ဘာဆိုင္လို႔လဲ ငါက ခ်ဥ္ခ်ဥ္စပ္စပ္ေလးစားခ်င္ေနတာ...မင္းက အစပ္လဲ တစ္ခါမွ မခ်က္ေကြၽးဘဲနဲ႕ သူမ်ားက ေစတနာနဲ႕စားဖို႔ေပးတာကိုေတာင္ မစားနဲ႕ဆိုၿပီး လာပိတ္ပင္ေနတာလား"

"ဒီမွာ က်န္းအကိုႀကီး...အနံ႕ျပင္းတဲ့ဟင္းက ေသခ်ာေပါက္ကို အရသာလဲျပင္းမွာပဲ...အရသာျပင္းတဲ့ဟင္းေတြက ခႏၶာကိုယ္အတြက္မေကာင္းဘူး...ေနာက္ၿပီး ခင္ဗ်ားကအခုကြၽန္ေတာ့္ခႏၶာကိုယ္နဲ႕ ေနေနတာေနာ္ ကြၽန္ေတာ္က မစားနဲ႕ဆိုရင္"

"က်စ္   ေပးစမ္းပါ...စားမွာပဲ"

ကုန္းကြၽင့္စကားမဆုံးခင္မွာတင္ က်န္းက်ယ္ဟန့္က သူ႕လက္ထဲက ဂဏန္းခ်ဥ္စပ္ဘူးကို ဆြဲလုပစ္လိုက္သည္။ အစပ္အရသာေလးေတြကို သူလြမ္းလွပါ၏။ ကုန္းကြၽင့္ခႏၶာကိုယ္ထဲ ေရာက္ကတည္းက စားခ်င္တာစားခြင့္မရခဲ့ေပမဲ့ ဒီဂဏန္းခ်ဥ္စပ္ေလးကိုေတာ့ သူလုံးဝလက္မေလွ်ာ့ခ်င္ပါ။ ထို႔ေၾကာင့္.........

"မင္းဘာသာႀကိဳက္သလိုေျပာ...ငါက စားကိုစားမွာ   ဒါပဲ"

"ေအာ     ခင္ဗ်ားက ဒီလိုလား...ရတယ္ေလ"

ကုန္းကြၽင့္ကေရာ လက္ေလွ်ာ့မတဲ့လား။ သူက က်န္းက်ယ္ဟန့္ရဲ႕အားနည္းခ်က္ကို မတုိင်မီရက်က သိၿပီးခဲ့ၿပီေလ။ ဒီတစ္ႀကိမ္ေတာ့ အဲဒီ့အားနည္းခ်က္ကို ေကာင္းေကာင္းအသုံးခ်ၿပီး အၾကပ္ကိုင္ပစ္မည္ဟု ဆုံးျဖတ္လိုက္ရင္း ကုန္းကြၽင့္က က်န္းက်ယ္ဟန့္ထံ စကားဆိုေတာ့သည္။

"စားခ်င္ရင္စား...ႀကိဳက္သေလာက္သာစား...ခင္ဗ်ားစားလို႔ၿပီးတာနဲ႕ ခင္ဗ်ားရဲ႕ဒီဆံပင္ရွည္ေတြ အကုန္ေျပာင္ၿပီပဲ"

"ဘာ!!!"

"ကြၽန္ေတာ္ အကုန္ညွပ္ပစ္မွာ"

ကုန္းကြၽင့္က ေျပာေျပာဆိုဆိုနဲ႕ ဆိုဖာကေန ဝုန္းခနဲထကာ က်န္းက်ယ္ဟန့္ရဲ႕ စက္ခုံရွိရာဆီ ေျခဦးလွည့္ေတာ့သည္။

"မင္း  ငါ့ဆံပင္ေတြကို ထိရဲထိၾကည့္ေနာ္"

"ထိရဲတယ္   ထိရဲတယ္"

ဆိုဖာေပၚ ထိုင္ရက္ျဖစ္ေနတဲ့က်န္းက်ယ္ဟန့္က စက္ခုံဆီ ေျခလွမ္းေနတဲ့ကုန္းကြၽင့္ကို အတင္းကာေရာ ဆြဲရလြဲရေတာ့သည္။

"မင္း!"

"ဘာလို႔ကြၽန္ေတာ့္ကို လာဆြဲေနတာလဲ...ခင္ဗ်ား စားမလို႔ဆို? စားေလ"

စန္းလင္အာ့ကေတာ့ သူ႕ေရွ႕ေတာင္မေရွာင္ ဆြဲလားရမ္းလား လုပ္ေနၾကတဲ့
ႏွစ္ေယာက္သားရဲ႕အေျခအေနကို မၾကည့္ရဲသည့္အလား မ်က္ႏွာကိုေဘးဘက္ဆီ လွည့္ထားရင္း မ်က္လုံးေတြကို အတင္းဖိကာ မွိတ္လို႔ထား၏။

က်န္းက်ယ္ဟန့္တစ္ေယာက္ ထိုင္ရာကေနေတာင္ မထနိုင္ဘဲ မမွီမကမ္း လွမ္းဆြဲေနတဲ့ၾကားကပင္ ကုန္းကြၽင့္ဟာ စက္ခုံဆီကကပ္ေၾကးကို ေအာင္ျမင္စြာလွမ္းယူနိုင္သြား၏။ ဆံစေတြကို ျမႇောက္ကိုင္ကာျဖင့္ တကယ္ႀကီးညွပ္ပစ္ေတာ့မည့္ပုံေပၚေနတဲ့ ကုန္းကြၽင့္ေၾကာင့္...က်န္းက်ယ္ဟန့္ခမ်ာ ယူႀကဳံးမရစြာနဲ႕ပဲ ေအာ္ဟစ္ကာ စကားဆိုရေတာ့သည္။

"ေတာ်တော့ ေတာ်တော့...တကယ္ ကေလးကလားနဲ႕...
မစားရင္ရၿပီမွတ္လား  မစားဘူးကြာ မစားဘူး...ေက်နပ္ၿပီလား"

"ဟမ့္...ေက်   နပ္   တယ္"

တစ္ဖက္လူကို 'ကေလးကလားနဲ႕' ဟူသည့္အသုံးအႏႈန္းႏွင့္ ေျပာဆိုခဲ့ပါသည့္ က်န္းက်ယ္ဟန့္ဟာ...ဆူဆူပုတ္ပုတ္မ်က္ႏွာထားနဲ႕ပဲ ေဆာင့္ကာေအာင့္ကာျဖင့္ အခန္းထဲဝင္ခ်သြားေတာ့သည္။ သူကိုယ္တိုင္ရဲ႕ အမူအရာက ကေလးကလားဆန္သြားခဲ့သည္ကိုေတာ့ သတိမူမိလိုက္ပုံ မေပၚပါေခ်။ ေအာင္နိုင္သူ ကုန္းကြၽင့္ကေတာ့ ခပ္ၿပဳံးၿပဳံးနဲ႕ပဲ လက္ထဲက ကပ္ေၾကးကို စက္ခုံေပၚ ျပန္တင္လိုက္၏။

"အဟမ္း...ဟန့္ဟန့္ေလး စားခ်င္ရင္ ေဟာဒီ့က စားဖိုမႉးႀကီးက အစပ္ေလးခပ္ေပါ့ေပါ့ပါတဲ့ ဟင္းေကာင္းေကာင္းေတြကို လုပ္ေကြၽးမွာေပါ့လို႔...မိနစ္ပိုင္းေလာက္ပဲ ေစာင့္ေနာ္"

စိတ္ေကာက္သြားတဲ့ က်န္းက်ယ္ဟန့္ကို ႐ႊတ္ေနာက္ေနာက္ စကားတခ်ိဳ႕လွမ္းေအာ္ေျပာလိုက္ၿပီးေနာက္ သူသည္လဲ ေန့လည်စာအတွက် မီးဖိုခန္းဆီ ဦးတည္ခဲ့လိုက္သည္။ ကုန္းကြၽင့္က ဂဏန္းခ်ဥ္စပ္ဘူးကိုလဲ ယူသြားဖို႔မေမ့ပါေခ်။ မၾကာခင္ အမွိုက္ပုံးထဲ ေရာက္ရေတာ့မည့္ ဂဏန္းခ်ဥ္စပ္ခမ်ာလဲ ကုန္းကြၽင့္လက္ထဲ မျငင္းဆန္နိုင္ရွာဘဲ ပါသြားရေတာ့သည္။

ႏွစ္ေယာက္သားရဲ႕လစ္လ်ဴရႈျခင္းကို ခံခဲ့ရတဲ့ စန္းလင္အာ့ကေတာ့ မတုိင်မီက ဖိမွိတ္ထားတဲ့ မ်က္လုံးေတြကို ေျဖးေျဖးခ်င္း ဖြင့္လိုက္ရင္းျဖင့္ တစ္ကိုယ္တည္း တီးတိုးညည္းၫူမိေတာ့၏။

"ဟင္း....ဒီပုံစံအတိုင္းသာ ဆက္လုပ္ေနၾကရင္ ကေလးေတြအမ်ားႀကီးထြက္လာေတာ့မွာပဲ"

သူက ေခါင္းကိုေမာ့လိုက္ရင္း ဧည့္ခန္းတစ္ခုလုံးဆီ မ်က္လုံးေဝ့ကာၾကည့္လိုက္ၿပီးေနာက္ သက္ျပင္းတစ္ခ်က္ကို ခ်လိဳက္သည္။

"ဟူး...ဒီအိမ္နဲ႕ေတာင္ ဆန့္ပါေတာ့မလား"















*******************************
Thanks for reading

302ေလး ျပန္လာပါၿပီ...ျပန္ေရးဖို႔ motiအႀကီးစားႀကီး ေပးခဲ့တဲ့ ပုစိေလးကို တကယ္ႀကီး ေက်းဇူးတင္ပါတယ္ေနာ္...💙
ပုစိေျပာသလို တကယ္ျဖစ္လာပါေစလို႔ လဲ အၿမဲတမ္းဆုေတာင္းေနပါတယ္🥺

wallထဲမွာ 'THORN' ဆိုတဲ့ junzhe ficေလးတစ္ခုရွိပါတယ္လို႔ ၊ completedျဖစ္ၿပီးသားမို႔ အခ်ိန္ရရင္ ဝင္ဖတ္ၾကပါဦးေနာ္💙

အကို႔ကိုေစာင့္ရင္း အလြမ္းေျပ ficေလးေတြဖတ္ရေအာင္ အတတ္နိုင္ဆုံးႀကိဳးစားၿပီး ဆက္ေရးပါ့မယ္...အားလုံးပဲ Stay strongပါေနာ္💪💙💙



















Continue Reading

You'll Also Like

26.7K 6.2K 37
tk sinhala
108K 11.4K 57
"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើ...
150K 13.7K 25
Both Uni and Zawgyi အမွေကိုလောဘတက်တဲ့ဆွေမျိုးတွေရဲ့သွေးထိုးစကားကြောင့်ကျေးဇူးရှင်တွေကို ဒုက္ခ ရောက်စေမိတဲ့ပိုင်စိုးဆက်။အမှားတွေကိုပြင်ဖို့ဒုတိယအခွင့...
91.8K 4.3K 43
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...