Part-15

329 75 27
                                    

Unicode

"! ! !"

"! ! !"

ရှူထုတ်လိုက်တဲ့လေတွေက နှစ်ယောက်သားရဲ့ နှာခေါင်းဝမှာ ဝေ့ဝဲလို့နေပြီး ရေအိုင်ပမာ ရွှမ်းစိုတောက်လဲ့သည့်မျက်ဝန်းနှစ်စုံဟာလဲ အကြည့်ချင်း ကွက်တိ စုံလို့နေ၏။

ကျန်းကျယ်ဟန့်က ကုန်းကျွင့်ရဲ့ပခုံးတွေကို လက်နဲ့တွန်းဖယ်ရင်း အိပ်ရာပေါ်ကနေ ထထိုင်လိုက်သည်။ သူက သူ့ရဲ့နှုတ်ခမ်းပါးကို လက်ချောင်းတွေနဲ့ ခပ်ဖွဖွထိလိုက်ပြီး.......

"မင်းငါ့ကို နမ်းလိုက်တာလား?"

"........."

ကုန်းကျွင့်က စက္ကန့်ပိုင်းလောက် ဦးနှောက်ကို ခပ်မြန်မြန်အလုပ်ပေးလိုက်ပြီး အူကြောင်​ကြောင်အထာ ဖမ်းကာဖြင့် စကားဆိုသည်။

"အမ်? ကျွန်တော်က ဘာလို့ဒီရောက်နေတာလဲ?"

"ဘာ? မင်းကငါ့ကို ပြန်မေးနေတာလား?"

"ဒီအခန်းထဲမှာ ခင်ဗျားနဲ့ကျွန်တော်ပဲ ရှိတာလေ...ခင်ဗျားကိုမမေးလို့ ဘယ်သူ့ကိုမေးရမှာလဲ"

"မင်း! !"

ခုတင်ဘေးက ကုန်းကျွင့်ကတော့ မတ်တပ်ရပ်အနေအထားနဲ့ပဲ အူကြောင်ကြောင်ဇာတ်ရုပ်ကို ဆက်သရုပ်ဆောင်တော့သည်။

"ခဏလေး...ကျွန်တော်တို့ နမ်းမိသွားတာလား?"

"မင်းကိုငါ အဲ့ဒါမေးနေတာလေ...မင်းငါ့ကို နမ်းလိုက်တာလားလို့"

"ကြံကြီးစည်ရာဗျာ"

"မင်းနမ်းနေလို့ ငါလန့်နိုးတာလေ...မဟုတ်ဘူးလား"

"ကျွန်တော်ဖြင့် ဒီအခန်းထဲကိုဘယ်လိုရောက်နေမှန်းတောင်မသိဘူး...ဟောဒီကဟန့်ဟန့်လေးကို နမ်းမိမနမ်းမိဆိုတာက ဘယ်လိုဖြစ်ပြီး မှတ်မိပါ့မလဲလို့"

"အဓိပ္ပါယ်မရှိတာမပြောနဲ့...မင်းရဲ့အခန်းကနေ ငါ့အခန်းအထိ ကူးလာပြီးခါမှ ဒီကိုဘယ်လိုရောက်နေမှန်းမသိဘူးဆိုတဲ့စကားက အဓိပ္ပာယ်တစ်စက်မှ ရှိမနေဘူးနော်"

"ဟန့်ဟန့်လေးကတော့ လုပ်ပြီ...
တကယ်မသိတာပါဆို  အဲ  တစ်ခုတော့ရှိတယ်"

302 (Completed)Where stories live. Discover now