Part-7

353 82 14
                                    

Unicode

"ဘာတွေဖြစ်နေကြတာလဲ"

အိမ်ကြီးရှင်ရဲ့ အော်ငေါက်သံကြောင့်
ပြေးလွှားနေတဲ့နှစ်ယောက်သား တုန့်ခနဲရပ်သွားကြသည်။ ဆူပုတ်ပုတ်ဖြစ်နေတဲ့ကုန်းကျွင့်ကတော့ လိုက်ကာစနား ကျုံ့ကျုံ့လေး ကပ်နေတဲ့ စန်းလင်အာ့ကို အခဲမကျေချင်သေး။ ထို့ကြောင့် သူ့ရဲ့မတရားခံရမှုကို ကျန်းကျယ်ဟန့်ထံတိုင်ကြားပါတော့သည်။

"အဲ့ကောင်ကျွန်တော့်နဖူးကိုအရင်လာရိုက်တာ...မနေ့ကအအေးမိသွားလို့
​ဖျားချင်သလိုဖြစ်ပြီး ေခါင်းတွေကိုက်နေပါတယ်ဆို သူကျွန်တော့်ကိုဘလိုင်းကြီးလာရိုက်တာ"

ကျန်းကျယ်ဟန့်က အခန်းထောင့်မှာ
ရှိနေတဲ့ စန်းလင်အာ့ဆီအကြည့်ပို့မိတော့ ဟိုက သနားကမားမျက်နှာထားလေးနဲ့ခေါင်းခါပြရှာသည်။ မျက်နှာပေါ် ကပိုကရိုကျလာတဲ့ ဆံနွယ်စတွေကို
လက်နဲ့ ဖြစ်သလိုသပ်တင်လိုက်ပြီးနောက်ကုန်းကျွင့်က လက်ကောက်ဝတ်က အက်ျီလက်နားကို တံတောင်အထိ မ တင်ကာ စကားဆိုပြန်၏။

"ကျွန်တော် သူ့ကိုပြန်ရိုက်ရမှကိုကျေနပ်မှာ...ကျန်းအကိုကြီး သူ့ကိုဆွဲထားပေး"

မတိုင်မီထဲက မကြည်မလင်ဖြစ်နေတဲ့ကျန်းကျယ်ဟန့်ရဲ့မျက်နှာက ကုန်းကျွင့်ရဲ့ ထိုစကားကိုကြားလိုက်တော့ ပိုလို့ပင် ပုပ်သိုးသွားရတော့သည်။

"ကျန်းအကိုကြီး ကျန်းအကိုကြီးနဲ့ မခေါ်နဲ့စမ်း...မင်းနဲ့ငါ အသက်ကတစ်နှစ်ပဲကွာတာ"

"ဟုတ်ပါပြီ...ဟန့်ဟန့်လေးရယ် ကျေးဇူးပြုပြီး သူ့ကိုဝိုင်းဖမ်းပေးပါလို့"

ရွဲ့သလိုစကားပြန်လာတဲ့ ကုန်းကျွင့်ကို
ကျန်းကျယ်ဟန့်က မျက်စောင်းခဲကာ
မကျေမနပ်ကြည့်လိုက်ပြီး သနားစရာ
စန်းလင်အာ့ထံ အမေးဆိုမိလိုက်သည်။

"မင်းကဘာလို့သွားရိုက်တာလဲ"

"ဟင့်အင်း ကျွန်တော်ရိုက်တာမဟုတ်ဘူး"

ကုန်းကျွင့် တင်းပြီလေ။ ဒါက ဗြောင်လိမ်နေတာ မဟုတ်ဘူးလား။

"ဘာ? မင်းကိုငါတကယ်လုပ်ပြီ"

ခေါင်းသုတ်လက်စသဘက်ကို ဂုတ်ပေါ်
လွှားတင်လိုက်ပြီးနောက်...ခြေကားယားလက်ကားယားနဲ့ စန်းလင်အာ့ဆီလှမ်းဖို့ပြင်နေတဲ့ကုန်းကျွင့်ကို ကျန်းကျယ်ဟန့်က ခါးကနေ ဆွဲကာထိန်းလိုက်ရတော့သည်။

302 (Completed)Where stories live. Discover now