Part-20

306 75 28
                                    

Unicode

ကွေ့ကွေ့ကောက်ကောက်လမ်းလေးပေါ် ကားအဖြူလေးတစ်စီးက ခပ်ငြိမ့်ငြိမ့်လေးပြေးလွှားနေ၏။

မြို့ပြနဲ့အလှမ်းဝေးလာသည်နှင့်အမျှ ချထားတဲ့ကားမှန်ကတစ်ဆင့် တိုးဝင်လာတဲ့ လေညင်းတို့ဟာ လတ်ဆတ်မှုအပြည့်ဖြင့် ခံစားမိသူ၏စိတ်အစုံကို လန်းဆန်းသွားစေသည်။

နှစ်နာရီကျော် သုံးနာရီဝန်းကျင်မျှ ဖင်ပူအောင် မောင်းနှင်ရသည့်ခရီးပေမို့ ကျန်းကျယ်ဟန့်က စတီယာရင်ကိုကိုင်ရင်းကနေ တလှုပ်လှုပ်နှင့် ဂဏာမငြိမ်ဖြစ်နေရသည်။ ခါးရိုးနားက ညောင်းတောင်းတောင်းခံစားချက်ကြီးနှင့် တင်ပါးနားဆီက မသက်မသာခံစားချက်တို့ကြောင့် ဘေးဘက်ခုံနဲ့ အနောက်ခုံ​ေပါ် ကုလားသေကုလားမော အိပ်မောကျနေသည့် ကုန်းကျွင့်နှင့် စန်းလင်အာ့တို့နှစ်ယောက်ကို ဒေါသထွက်သွားမိတော့သည်။

သူကတော့ နာရီနဲ့ချီပြီး ပင်ပင်ပန်းပန်း ကားမောင်းနေရပေမဲ့ ဒင်းတို့နှစ်ယောက်ကတော့ ခရီးစကတည်းက sleeping beautyတွေဖြစ်သွားလိုက်ကြတာ ယခုအထိ တုတ်တုတ်မျှပင်မလှုပ်။

ယုတ်မာချင်စိတ်ပိစိကလေးဟာ ကျယ်ဟန့်ခေါင်းထဲဝင်ရောက်လာပြီး ​ခြေထောက်တွေကို လီဗာနဲ့ ဘရိတ်ခုံပေါ်တင်ရင်း နှစ်ချက် သုံးချက်မျှ ဟိုဟိုဒီဒီ ခပ်ဆတ်ဆတ်လေး ဖိနင်းပစ်လိုက်တော့...sleeping beautyနှစ်ယောက်သားခမျာ ငါးရံ့ပြာလူးသလို ဖုတ်လိုက်ဖုတ်လိုက်ဖြစ်သွားရ​တော့သည်။

"အာ့!"

"အိုက်  ယိုး ဝေါ်ထျန်း!"

.
.
.

ကြိုတင်တိုင်ပင်ထားခဲ့ကြသည့်အတိုင်း စန်းလင်အာ့က သူကမ္ဘာမြေပေါ်ပထမဆုံး ခြေချဖြစ်ခဲ့တဲ့ ကွင်းပြင်မှာပဲ ယာဥ်ပျံနဲ့အတူ နေခဲ့လိုက်ပြီး ကျန်တဲ့နှစ်ယောက်ကတော့ ကိုယ်စီရဲ့အိမ်တွေရှိရာဆီ ဆက်လက်ထွက်ခွာခဲ့လိုက်ကြ၏။

ပါလာတဲ့အထုပ်အပိုးအနည်းငယ်ကို နောက်ခန်းကနေ သယ်ချနေတုန်း အနားကိုအပြေးရောက်လာတဲ့ ကုန်းကျွင့်ရဲ့မိခင်။

"ကျွင့်ကျွင့်"

ရုပ်ရှင်ထဲကလို တစ်နယ်ကိုခရီးထွက်သွားရာကနေပြန်လာတဲ့ သားဖြစ်သူကို အပြေးအလွှားပွေ့ဖက်ကြိုဆိုတဲ့ နွေးထွေးချိုမြိန်တဲ့သားအမိမြင်ကွင်းကို တွေ့ကြုံရတော့မည်အထင်ဖြင်​့ နှုတ်ခမ်းလွှာလေးလှုပ်ရုံမျှ ပြုံးလိုက်မိတဲ့ ကျန်းကျယ်ဟန့်ရဲ့အပြုံးခပ်သေးသေးလေးဟာ 'ဖတ်'ခနဲ အသံကျယ်ကျယ်ကြောင့် တိုးလို့တန်းလန်းကြီးဖြစ်သွားရ၏။

302 (Completed)Where stories live. Discover now