Part-28

416 68 5
                                    

Unicode

"ဘာမှအများကြီးမတွေးပါနဲ့...ကျွန်တော့်ကို ခေါင်းလေးတစ်ချက်ပဲညိတ်ပြီး အဖြေပေးပါ...အဲဒါဆို ကျန်တာအားလုံးအဆင်ပြေ​ေစရမယ်လို့ ကျွန်တော်ကတိပေးပါတယ် ကျွန်တော့်ကိုယုံနော်"

"ငါ..."

"ဟန့်ဟန့် ဘာတွေကိုစိုးရိမ်နေလဲဆိုတာ ကျွန်တော်ကောင်းကောင်းသိတာမို့ ၊ အဲဒီအခက်အခဲတွေအားလုံးကို ကျွန်တော်ဖြေရှင်းနိုင်တာမို့ ဘာမှတွေးပူမနေနဲ့တော့နော်...ကျေးဇူးပြုပြီး ကျွန်တော့်ကိုသဘောကျနေတာကိုမရပ်တန့်လိုက်ပါနဲ့"

"....."

ရင်ခုန်သံတွေမြန်နေဆဲအလှလေးဟာ ကုန်းကျွင့်ရဲ့ရင်ခွင်ထဲမှာ မလှုပ်မယှက်ရှိနေဆဲ။ ကုန်းကျွင့်က သူ့ရဲ့ ဆုံးဖြတ်ချက်ခိုင်မာနေပြီးသားဖြစ်တဲ့တည်ကြည်လေးနက်လှတဲ့မျက်နှာထားကို အလှလေးထံ ပြသနိုင်ဖို့အရေး ပွေ့ဖက်ထားရာကနေ အနည်းငယ်မျှ ခွာပေးလိုက်၏။

"ဟန့်ဟန့် ကျွန်တော့်ကိုယုံပေးမယ်မှတ်လားဟင်?"

"ငါ......အင်း"

ရှက်ရွံ့တွေဝေနေသည့်တိုင် မဝံ့မရဲခေါင်းညိတ်ကာအဖြေပြုလာသည့် ဒီအလှလေးကို ကုန်းကျွင့်အသည်းယားလွန်းလို့ရူးရပါတော့မည်။ အသည်းယားလွန်းလို့ ၊ ပျော်ရွှင်လွန်းလို့ အလှလေးကို အရိုးတွေကျိုးကြေလုမတတ်ပွေ့ဖက်လိုက်မိတော့ အလှလေးက အားပိစိလေးသုံးကာရုန်းဖယ်သည်။

"အရမ်း  မဖက်နဲ့လေ"

ကုန်းကျွင့်က အပြုံးတစ်ပွင့်နဲ့အတူ နာခံစွာဖြင့် အလှလေးရဲ့ခန္ဓာကိုယ်ကိုလွှတ်ပေးလိုက်၏။ သူကဆိုသည်။

"ဒါဆို ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်သဘောကျနေကြတဲ့ဆက်ဆံရေးတစ်ခုဖြစ်သွားပြီပေါ့နော်"

အလှလေးက ခေါင်းကိုခပ်ဖြေးဖြေးငုံ့ချကာဖြင့် ကုန်းကျွင့်ရဲ့မျက်လုံးတွေဆီကနေအကြည့်လွှဲလိုက်ပြီး တိုးလျစွာအဖြေပြန်ပြု၏။

"အင်း"

အသံက အနည်းငယ်ဆောင့်ခနဲထွက်လာသည်မို့ အလှလေး အရှက်သည်းနေသေးမှန်း ကုန်းကျွင့်သိလိုက်သည်။

302 (Completed)Where stories live. Discover now