Part-26

316 69 8
                                    

Unicode

"ငါ့ရဲ့ဟန့်ဟန့်လေးဆီ သွားလိုက်ဦးမယ်"

"အဲဒီ့လူကြီးမင်းက အခု သူအိမ်မှာရှိမနေဘူးလေ"

ဘေးဘက်ကထွက်လာတဲ့စကားသံကြောင့် ခြေတံရှည်တွေ ရပ်တန့်သွားရသည်။

"ဟမ်? မင်းကဘယ်လိုသိတာလဲ"

"ကျွန်တော်မနက်တုန်းက အဲ့လူကြီးမင်းရဲ့အိမ်ကိုတစ်ခေါက်ရောက်ခဲ့ပြီးပြီဗျ...ဖုန်းlocationအတိုင်း လိုက်လိုက်ရုံနဲ့ နေရာကိုအတိအကျသိရတယ်လေ"

"အဲ့တော့ အခုသူကအိမ်မှာမရှိဘူးဆိုတော့ ဘယ်နေရာမှာရှိနေတာလဲ"

ကုန်းကျွင့်ရဲ့မေးခွန်းအတွက် စန်းလင်အာ့က မျက်မှောင်ကိုကျုံ့ရင်း အဖြေရှာဖွေနေ၏။ သူ့ရဲ့မျက်လုံးအိမ်ထဲက အနက်ရောင်မျက်ဆံဟာ တစ်ချက်တစ်ချက်မှာ အပြာရောင်အလင်းပြောက်တစ်ချို့ လက်ခနဲလက်ခနဲထွက်လာနေပြီး ဆယ်စက္ကန့်နီးပါးမျှရှိသည့် အချိန်တိုလေးအရောက်မှာတင် စန်းလင်အာ့က တစ်စုံတစ်ခုကိုရေရွတ်လာတော့သည်။

"ဒီကွင်းပြင်ရဲ့ တောင်ဘက်  ၁မိုင်လောက်အကွာမှာ"

"တောင်ဘက်  ၁မိုင်?"

တစ်ဖက်ရဲ့စကားကို ပြန်လည်ရေရွတ်လိုက်မိရင်း ခပ်မြန်မြန်တွေးတောအဖြေရှာလိုက်ပြီးနောက် အလှလေးရှိနေမယ့်နေရာကို ကုန်းကျွင့်ခန့်မှန်းလိုက်နိုင်သွား၏။

"ဟန့်ဟန့်က ကစားကွင်းမှာရှိနေတာထင်တယ်...သူ့အိမ်မှာ ကလေးမလေးတစ်ယောက်ရှိတယ်...သေချာပေါက်ကို ကစားကွင်းမှာရှိနေတာပဲဖြစ်ရမယ် ကျေးဇူး စန်းလင်အာ့...ငါ လိုက်သွားလိုက်ဦးမယ်"

.
.
.

နေမင်းကြီးပျောက်ကွယ်သွားပြီမို့ ကောင်းကင်ကြီးက တဖြေးဖြေး အလင်းရောင်လျော့နည်းစပြုလာလေပြီ။

သိပ်မကြာလိုက်ခင်မှာတင် အမှောင်ထုဟာ ဟိုမှဒီမှ ချဥ်းနင်းဝင်ရောက်လာတော့သည်။

ပို၍ပိုကာ စည်စည်ကားကားဖြစ်လာတဲ့ ကစားကွင်းကြီးသည်လဲ နေရာအနှံ့ရှိ ရောင်စုံမီးသီးအစုံအလင်ကြောင့် ပိုပြီးအသက်ဝင်လာရ၏။

302 (Completed)Where stories live. Discover now