"မငိုပါနဲ့ဟာ။ နင်ငိုတော့ ငါပါဝမ်းနည်းလာပြီ"
ပန်ကာလက်တံတွေရဲ့ တဖျတ်ဖျတ်ခတ်သံနဲ့အတူ ထွက်ပေါ်နေတဲ့ ရှိုက်သံတိုးတိုး။ အခန်းထောင့်စားပွဲမှာထိုင်နေတဲ့ရဲဘုန်းက ငြိမ်သက်ရင်း သူ့ရှေ့ကမြင်ကွင်းကိုကြည့်နေသည်။ အသံတိုးတိုးနဲ့ မျက်ရည်တွေတွေကျနေတဲ့ စန္ဒာဇော်ဝင်းဘေးမှာတော့ ဖြိုးလေးကမျက်စိမျက်နှာပျက်နေ၏။ ဖြိုးလေးလက်တွေက စန္ဒာဇော်ဝင်းမျက်နှာကို ထိဖို့မရဲစွာနဲ့ ကို့ရိုးကားယား။
ရဲဘုန်းက ကျွန်တော့်ကိုမြင်တော့ လက်မအောက်စိုက်ပြသည်။ ကျွန်တော် အသံမထွက်ဘဲ ရဲဘုန်းဘေးဝင်ထိုင်လိုက်၏။ house ဆင်းမှ ခုံနံပါတ်ရှေ့ဆင့်နောက်ဆင့်ဖြစ်နေတဲ့ စန္ဒာဇော်ဝင်းက ကျွန်တော်တို့သုံးယောက်နဲ့တတွဲတွဲဖြစ်ချိန်ပိုများလာသည်။ ဒီနေ့ဆို ဖြိုးလေးနဲ့ စန္ဒာဇော်ဝင်း night duty။ ကျွန်တော်နဲ့ ရဲဘုန်း off။
"၅နှစ်ဟ။ ၅နှစ်ဆိုတဲ့အချိန်က မလုံလောက်ခဲ့တာလား။ ငါ့မှာ သူပဲရှိတာ သူသိရဲ့သားနဲ့"
စန္ဒာဇော်ဝင်းအသံက အားဖျော့လွန်းနေသည်။ စိတ်ဆိုးဒေါသဖြစ်တာမဟုတ်ဘဲ နှမြောတသယူကျုံးမရပုံစံ။
"နင့်မှာဘာလို့သူပဲရှိမှာလဲ။ ငါရှိတယ်။ ငါတင်မဟုတ်ဘူး။ ရဲဘုန်းရော နေသော်ရော။ ငါတို့ရှိတယ်။ တန်ဖိုးမသိတဲ့ကောင် နင် မယူခင် လမ်းခွဲလိုက်ရတာပဲ ကောင်းတယ်"
ဖြိုးလေးက တစ်ရှူးတစ်စဆွဲပြီး မျက်ရည်တွေထဲနစ်နေတဲ့ စန္ဒာဇော်ဝင်းမျက်နှာပေါ် ဖိဖိဖွဖွလှမ်းသုတ်ပေးသည်။ ကျွန်တော်နဲ့ရဲဘုန်း မျက်ခုံးတွေမြင့်တက်သွားပြီး အကြည့်ချင်းဆုံမိကြ၏။ ဒီရက်တွေထဲ စန္ဒာဇော်ဝင်းရည်းစားက နောက်တစ်ယောက်ပဲရသလိုလို သတင်းသဲ့သဲ့ကြားမိပေမယ့် အခုတော့ တကယ်ပဲအကွဲအပြဲနဲ့အဆုံးသတ်ဇာတ်သိမ်းသွားပုံရသည်။ ကိုယ့်သူငယ်ချင်းမျက်ရည်ကျတာမြင်တော့ ကျွန်တော့်ရင်ထဲလည်းနွမ်းသွားသည်။
စန္ဒာဇော်ဝင်းတစ်ယောက် လက်ကောက်ဝတ်က အသည်းပုံတက်တူးငယ်ကိုပွတ်သပ်ငုံ့ကြည့်၏။ အပြုံးတွေက ဒဏ်ရာတွေကြောင့် ပြိုလဲနေကြသည်။ ဝေဒနာကြောင့် ဝိုင်းစက်စက်မျက်ဝန်းတွေအရောင်ဖျော့နေ၏။ နှုတ်လမ်းလှလှတို့လည်း အရင်လိုဖူးသစ်မနေ။
"ဆင်တူတက်တူးတွေထိုးခဲ့တော့ရော နားလည်မှုတွေရှိလာနိုင်တာမဟုတ်ပါဘူး။ ငါဖျက်ပစ်မှာသိလား"
"ဖျက်စရာမလိုပါဘူး။ ပိုလှတဲ့ပုံစံတစ်ခု အစားထိုးလိုက်ရင်ပြီးတာပဲ"
ဖြိုးလေးလက်က စန္ဒာဇော်ဝင်းလက်ကိုသွားဆုပ်ကိုင်သည်။ လေသံက ဖြိုးဘေးဆီက တစ်ကြိမ်မှမကြားဖူးခဲ့တဲ့ တည်ကြည်ခြင်းနဲ့။ ဒီကောင် ဘာတွေဖြစ်နေတာလဲ ကိုယ့်ကိုကိုယ်သိရဲ့လား။
"ငါ ဒီဇိုင်းဆွဲပြီး ငါ့ဦးလေးဆိုင်မှာ လိုက်လုပ်ပေးမယ် ငါကိုယ်တိုင်။ နင်မငိုနဲ့တော့"
အဲ့ဘက်အပိုင်းတွေကတော့ ဖြိုးလေးအကျွမ်းကျွင်ဆုံးပင်။ ဦးလေးတွေ၊ ဝမ်းကွဲအစ်ကိုတွေ အားလုံးက အသက်အရွယ်တစ်ခုရှိနေပေမယ့် လူငယ်တွေစိတ်ဝင်စားတဲ့နယ်ပယ်အစုံမှာ စီးပွားရေးချဲ့ထားနိုင်သူတွေ။ ဖြိုးလေးဆွဲပေးရင်တော့ ဒီဇိုင်းကအတော်လှလိမ့်မည်။ သူ့လက်မောင်းနဲ့ခြေထောက်တွေမှာထိုးထားတဲ့တက်တူးတွေဆို သူကိုယ်တိုင်ဆွဲတဲ့သူ့ဦးလေးလက်ရာတွေ။ အသက်ဝင်ကြွရွနေတဲ့ပုံတွေကြောင့် ကျွန်တော်တောင် တစ်ခါတစ်လေ သူတို့ studio ကိုသွားလည်ဖူးသည်။
"ဘာစားချင်လဲ။ ငါဝယ်ကျွေးမယ်"
ဖြိုးလေးမေးတော့ စန္ဒာဇော်ဝင်းကခေါင်းခါသည်။ ကျွန်တော် ward ထဲက ကလေးလူနာတွေနဲ့ နပန်းလုံးနေတည်းက စန္ဒာဇော်ဝင်းငိုနေခဲ့ပုံရသည်။ ဖြူတဲ့မျက်နှာမှာ မိတ်ကပ်လည်းမကျန်တော့။ နှာခေါင်းထိပ်ဖျားတွေရဲနေပြီး တကယ်ကိုသနားစဖွယ်။ ဖြိုးလေးတစ်ယောက် စန္ဒာဇော်ဝင်းကို အတော်ကရုဏာသက်နေပုံရသည်။ ရန်တွေဖြစ်ပြီး တိုးခဲ့ကြတဲ့သံယောဇဥ်တွေလား။
"နေသော်နဲ့ ရဲဘုန်းက ပြန်တော့မှာ။ သူတို့နဲ့လိုက်သွားပြီး တစ်ခုခုစားကြမယ်လေ။ မာလာရှမ်းကော ဘယ်လိုလဲ ။ နင်အရမ်းကြိုက်တာ"
တတွတ်တွတ်ချော့တဲ့ ဖြိုးလေးစကားတွေကြောင့် စန္ဒာဇော်ဝင်းမျက်ရည်တွေ ခြောက်သွေ့နေလေပြီ။ နောက်ဆုံး မာလာရှမ်းကောနဲ့သဘောတူညီညွတ်သွားကြ၏။
"အစ်ကို..."
ကားပါကင်မှာရောက်နှင့်နေသူက အနားမရောက်ခင်တည်းက လက်လှမ်းပြသည်။ နှစ်သစ်ကူးပြီးနောက်ရက်တည်းက ကျွန်တော့်ကား ညီမလေးတို့ကိုပေးထားလိုက်ပြီဖြစ်တဲ့ကျွန်တော့်ကို သူ လာကြိုတတ်သည်။ ဒီနေ့ ရဲဘုန်းကားနဲ့ပြန်ဖို့စီစဥ်ထားပြီးမှ။ အပြင်အဝတ်အစားပေါ့ပေါ့ပါးပါးနဲ့ အပြုံးတွေလွင့်နေသူကြောင့် ကျွန်တော် စန္ဒာဇော်ဝင်းကို အားနာသွားရသည်။ မသိမသာငဲ့ကြည့်တော့ စန္ဒာဇော်ဝင်းက ဘာမှမဖြစ်ခဲ့သူလို ရယ်မောနေသည်။
"အခုထိ ဘာမှလည်း မစားရသေးဘူးနော်"
"မနက်ဖြန် မနက် duty off ရင် oriental house ကို လာခဲ့။ ငါတို့နှစ်ယောက် စောင့်နေမယ်။ ရဲဘုန်းရော"
ရဲဘုန်းကခေါင်းညိတ်ပြသည်။ စန္ဒာဇော်ဝင်းက လက်မထောင်ပြီး...
"အေး...ငါကြိုက်တယ်၊ ငါ ကြိုက်တယ်"
ယောက်ျားလေးသူငယ်ချင်းတွေမို့ လုပ်ပေးနိုင်တာက မုန့်ဝယ်ကျွေးတာပဲ ရှိသည်။ စန္ဒာဇော်ဝင်းကိုပဲ အစဥ်တစိုက်ငေးနေတဲ့ ဖြိုးလေးက ပြုံးစစနဲ့ စန္ဒာဇော်ဝင်းလှုပ်ရှားမှုတွေကို ငေးကြည့်၏။ ကျွန်တော်တို့တွေ လမ်းခွဲထွက်လိုက်ကြတာက ကားပါကင်မှာတင်။
"အစ်ကို နေကောင်းရဲ့လား"
"ကောင်းပါတယ်"
"မျက်နှာမလန်းဘူး။ ဗိုက်ဆာနေလို့လား။ ဘာစားမလဲ"
"မစားချင်သေးဘူး။ ပြည်လမ်းက ပတ်ပြန်ရအောင်။ ကိုယ် အင်းလျားခဏဝင်ချင်တယ်"
အင်းလျားရောက်တော့လည်း ကားပေါ်ကမဆင်းဘဲ လှုပ်ရှားသွားလာနေသမျှကိုသာ ငေးနေဖြစ်သည်။ ဇန်နဝါရီရဲ့ ညနေဦးက အေးလုလု။ မိုးကုတ်စက်ဝိုင်းတစ်ဖက်ကို ထွက်ခွာတော့မယ့် ကျနေရောင်ခြည်က လိမ္မော်ရောင်ခြယ်နေသည်။ အင်းလျားကန်စောင်းက မြက်ခင်းနုတို့ လေပြည်သွေးရာကို ယိမ်းနေကြသည်။ သဘာဝရဲ့ငြိမ်းချမ်းခြင်းထဲမှာ ပျော်ရွှင်ခြင်းရဲ့ရယ်သံတို့ ပေါင်းစပ်ဓါတ်ပြုနေ၏။
"စန္ဒာဇော်ဝင်းလေ..."
တွဲထားတဲ့လက်တွေကို တင်းတင်းဆုပ်ရင်း ကျွန်တော် စကားစဖြစ်၏။ ကျွန်တော့်လက်ချောင်းတွေက သူ့လက်ဖဝါးထဲနစ်နေသည်။ အနောက်ခန်းမှာဆင်းထိုင်ကြတာမို့ ကျွန်တော့်ပုခုံးစွန်းကိုထိကပ်သွားအောင် သူအနားတိုးလာသည်။
"သူ့ချစ်သူနဲ့ပြတ်သွားတာ။ အထက်တန်းတည်းကတွဲလာခဲ့ကြတာဆိုတော့ တော်တော်လေး စိတ်ထိခိုက်မှုများတယ်"
"အဲ့ဒါကြောင့် အစ်ကိုပါ စိတ်မကောင်းဖြစ်နေတာလား"
"သူ့ကောင်လေးကို ဘယ်လောက်ချစ်လဲ ကိုယ်တို့လည်း သိခဲ့မြင်ခဲ့ဖူးတော့ သူ့ကိုသနားတာပါ။ တွေးမိတာက တခြား"
"ကျွန်တော်ကတော့ ရှင်းတယ်နော်။ အစ်ကိုမဟုတ်တဲ့ ဘယ်သူ့ကိုမှစိတ်ထဲထည့်လို့မရဘူး"
"ကိုယ် ဘာပြောသေးလို့လဲ"
"အစ်ကို မပြောပေမယ့် သိထားစေချင်လို့။ ရေစက်တွေပြတ်တယ်ဆိုတာ နှစ်ဖက်စလုံးက လက်လျှော့လိုက်ကြလို့ပါ။ ကျွန်တော်ကတော့ အစ်ကိုပြတ်ရင်တောင် လိုက်တွယ်ကပ်နေမှာပဲ။ ကျွန်တော့် ရူးသွပ်မှုတွေထဲမှာ အစ်ကိုက ထိပ်ဆုံး"
ပြတ်သားတိကျတဲ့နှုတ်ထွက်စကားတွေက ကျွန်တော့်ကမ်းပါးကိုတိုက်စားတဲ့ ပင်လယ်ဒီရေတွေလို...။
ရှည်ပေမယ့်မသွယ်တဲ့ သူ့လက်ချောင်းတွေကို ယှက်သွယ်ထားရင်းပဲ သွေးကြောတွေစိမ်းနေတဲ့ သူ့လက်ခုံကို ကျွန်တော့်နှုတ်ခမ်းတွေနဲ့ဖိကပ်ပစ်လိုက်သည်။
"အစ်ကိုနော်...အစ်ကို...။ ကျွန်တော့်သမာဓိကို စမ်းသပ်နေတာမလား"
မချိတင်ကဲဖြစ်သွားသည့် သူ့အသံ။ ကျွန်တော့်တစ်ကိုယ်လုံးက သူ့ရင်ဘတ်ထဲ ဆွဲယူခံလိုက်ရ၏။ သူ့ ရင်ခွင်ကျယ်တယ်ဆိုတိုင်း ကျွန်တော့်ကိုဆွဲဆွဲထည့်နေတော့သည်။
"သူများက သူများ။ ကျွန်တော်တို့က ကျွန်တော်တို့။ ဘယ်တော့မှ ပုံစံတူအဆုံးသတ်တွေဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော်က လောဘကြီးတယ် အစ်ကိုရဲ့။ သူများတွေအားကျရလောက်တဲ့အထိ အစ်ကိုနဲ့ချစ်သွားမှာ"
ကျွန်တော့်ဆံပင်တွေထဲ အသက်ရှုသံနွေးနွေးတို့ဖြတ်ပြေးနေကြသည်။ သူ့မျက်နှာကို ကျွန်တော်မော့မကြည့်ရဲ။ တည်ကြည်နေတဲ့ သူ့မျက်နှာကိုမြင်ရရင် ကျွန်တော် စိတ်ထိန်းနိုင်မှာမဟုတ်။ အထိန်းအကွပ်မဲ့ရတာက ရငိခုန်သံတွေနဲ့တင် လုံလောက်နေပါပြီ။
"မနက်ဖြန်ပိတ်ရက် အစ်ကိုအချိန်ရလား"
"ဘယ်အချိန်လဲ။ ဟိုကောင်တွေနဲ့ မနက်စာစားပြီးရင် ဆေးခန်းထိုင်ရမယ်။ ပုံမှန်လိုပဲ ညနေ ၆နာရီမှ အိမ်ပြန်ရမှာ"
"ဒါဆို ညနေ အိမ်မပြန်ခင် ကျွန်တော်နဲ့တစ်နေရာ သွားရအောင်"
"ဘယ်ကိုလဲ"
"မနက်ဖြန်ရောက်မှ သိရမယ်ဆိုရင် အစ်ကိုစောင့်နိုင်လား"
သူက တကယ် အဲ့လိုလူ။ ကျွန်တော့်ဆန္ဒတွေကို ရှေ့တန်းတင်ထားတတ်တဲ့သူ။ သူ မပြောချင်ပေမယ့် ကျွန်တော်သိချင်တယ်ဆို သူပြောပြမှာ။ သူ အခုမပြောချင်သေးမှတော့ ကျွန်တော်ကလည်း သူ့ဆန္ဒတိုင်းအတွက် ပါရမီဖြည့်ချင်သူအဖြစ်နဲ့။
"ကိုယ် စောင့်မယ်"
ဒီတစ်ညနေခင်းလည်း ကျွန်တော်တို့ရင်ခုန်သံများ ထပ်တူညီ...။
အပြုံးတွေနဲ့ လိုက်လျောကြင်နာပေးတတ်တဲ့မျက်ဝန်းတို့က ကျွန်တော်မလွတ်မြောက်ချင်တဲ့သံသရာ...။
*****************************
ပုဇွန်တောင်ရဲ့ညခင်းထဲတိုးဝင်လိုက်တော့ တစ်နေကုန်တောင့်တင်းထားသမျှ ပြေလျော့ရသည်။ ကျွန်တော့် ကျောပိုးအိတ်အနီရဲရဲက သူ့ပုခုံးတစ်ဖက်ပေါ်ပါသွား၏။ လူတွေရှုပ်နေတဲ့ ပလက်ဖောင်းလမ်းကိုအကြောင်းပြပြီး ကျွန်တော့်လက်ကိုတွဲထားတာလည်း မလွှတ်။ ကားတောင်ယူမလာဘဲ လာကြိုတာကိုကြည့်ရင် သူတစ်ယောက်တည်း အရင်လာကြည့်ထားပုံလည်းရသည်။
"ဘယ်ကိုသွားနေတာလဲ"
"သွားနေတာက မရောက်သေးဘူး။ အစ်ကိုဗိုက်ဆာပြီမလား။ ဘာစားမလဲ"
သူခေါ်သွားမယ့်နေရာကို သိချင်ပေမယ့် တစ်နေကုန်ရှုပ်ထားတဲ့အလုပ်တွေကြောင့် ဗိုက်ကဟာနေပြီ။ ဝင်ထိုင်လိုက်ကြတာ ဖက်ထုပ်ဆိုင်တစ်ဆိုင်။ ဖက်ထုပ်ချိုချဥ်ကြော်အပြင် လမ်းမှာမြင်သမျှအကင်တွေ၊ အထောင်းတွေပါ ကျွန်တော့်ဗိုက်ထဲရောက်ကုန်တော့ လူက လေးချင်သွားသည်။ ခြေလှမ်းကိုမသယ်ချင်တော့တဲ့ ကျွန်တော့်ကိုငဲ့ကြည့်ပြီး သူ ရယ်နေသည်။
"မရောက်သေးဘူးလား"
"ရောက်ပြီ အစ်ကိုရဲ့"
အပြာရောင်ဖျော့ဖျော့လဲ့နေတဲ့ ဆိုင်အတွင်းခန်းက ကျွန်တော့်ကိုမှင်သက်သွားစေသည်။ မှန်ရေကန်တို့ထဲမှာရှိနေကြတဲ့ ရေညှိရေမှော်ပင်ငယ်တွေ၊ ခရုခွံငယ်ခုံးထဲကထွက်နေတဲ့ ပူစီဖောင်းသေးသေးတွေက ရေမျက်နှာပြင်ပေါ်လွတ်ထွက်လာကြသည်။ ရေကြည်ကြည်မှာပျော်နေကြတာက အရောင်သွေးစုံတဲ့ ငါးအမျိုးမျိုး။ သူခေါ်လာတာ အလှမွေးငါးဆိုင်အကြီးကြီး။
"အစ်ကို လာကြည့်..."
ရွှေရာင်၊ အဝါရောင်၊ အနီရောင် ပုံသဏ္ဍာန်ကွဲ၊ မျိုးစိတ်မတူသည့် ငါးပေါက်ကလေးတွေကနေ ကလေးငယ်တစ်ကိုယ်စာလောက်ရှိသည့် ငါးအကြီးတွေထိရှိသည်။ ဂဏန်းပေါက်လေးတွေနဲ့ လိပ်ပိစိလေးတွေကို ရေစပ်စပ်ရှိတဲ့မှန်ကန်ထဲထည့်ထားတာလည်းတွေ့သည်။
"ဘယ်ဟာယူမလဲ"
"ကိုယ့်ကို ဝယ်ပေးမလို့လား"
"ဟုတ်တယ်လေ။ စိတ်ဖိစီးမှုတွေလျော့အောင် ဒီလိုလေးတွေ မွေးပေးတာကကောင်းတယ်တဲ့။ ခွေးတို့ကြောင်တို့ကျ အမွှေးကျွတ်တာဘာညာနဲ့ လူကြီးတွေနဲ့အဆင်မပြေလောက်ဘူး။ အလုပ်လည်းရှုပ်မယ်။ အဲ့ဒါကြောင့် ဒါလေးတွေဝယ်ပေးမယ်နော်။ အစ်ကိုကြိုက်တာရွေး။ ဘယ်နှကောင်ဖြစ်ဖြစ်။ ငါးကန်ဘာညာရော အကုန်ဝယ်ပေးမယ်"
"ငါးကန်တွေကြည့်ချင်ရင် ဒီဘက်မှာပါ"
ဆိုင်ရှင်က အပြုံးချိုချိုနဲ့ကြိုဆို၏။
"ကျွန်တော်တို့ ဆက်စပ်ပစ္စည်းတွေလည်းယူမယ်"
ရုတ်တရတ်မို့ ကျွန်တော် ဘာမှမကြည့်တတ်ဘဲ ဇာမဏိကပဲ အကုန်ရွေးပေးသည်။ ရေညှိပင်အတုလေးတွေ ကန်အောက်ခြေမှာခင်းသည့် အလှဆင်ကျောက်တွေနဲ့ အောက်စီဂျင်ပိုက်တွေအထိ။ ငါးကိုတော့ ကျွန်တော့်စိတ်ကြိုက်သာရွေးခိုင်း၏။
"ဒါလေး..."
"ဒါ ကြိုက်တာလား"
"အင်း...လုံးလုံးဖောင်းဖောင်းလေး ချစ်စရာကောင်းတယ်"
အနီရောင်ဗိုက်ပူပူငါးလေးတွေက ဘာအမျိုးအစားလဲတော့ ကျွန်တော်မသိ။ ရွေးဖြစ်လိုက်တာ ရွှေရောင်တစ်ကောင်၊ အနီရောင်တစ်ကောင်။ အမြီးလေးတွေခတ်ပြီးရေထဲမှာကူးနေတာကိုကြည့်ရင်း ကျွန်တော်ပျော်လာသည်။
"ဆယ်ကောင်လောက် ယူပါလား အစ်ကို"
"တော်ပြီ။ နှစ်ကောင်ပဲ။ ကိုယ် တစ်ခါမှမမွေးဖူးတော့ သေသွားမှာစိုးတယ်"
"ဒါဆို ငါးကန်ဆိုဒ်ကိုရော ရွေးပါဦး။ ငါးကနှစ်ကောင်တည်းပေမယ့် အလှဆင်ပစ္စည်းတွေထည့်ဦးမှာနော် အစ်ကို"
နောက်လည်း သဘောကျရင်ထပ်ဝယ်ထည့်ရအောင် ရွေးဖြစ်လိုက်တာ သုံးပေငါးကန်။ နှစ်ကောင် လွတ်လွတ်လပ်လပ်နေရတာပေါ့။
"အယ်...သားတို့ ဘာတွေလဲ"
ဇာမဏိ မလာတဲ့ငါးကန်နဲ့ ကျွန်တော့်လက်ထဲက အထုပ်အပိုးတွေကိုကြည့်ပြီး ဒေါ်ဒေါ်မေသက်က တအံ့တဩ။ မာမီပါ အိပ်ခန်းထဲကထွက်လာပြီး စူးစမ်းလာ၏။ ပစ္စည်းတွေဆင်နေတဲ့ ဇာမဏိအတွက် အကြမ်းရည်ကိုလည်း မာမီကိုယ်တိုင်ထည့်ပေးလာသည်။
ဧည့်ခန်းထဲက နံရံထောင့်လွတ်မှာ သစ်သားခုံတစ်ခုနဲ့ ရေထည့်ပြီး ပလတ်စတစ်အိတ်ထဲက နှစ်ကောင်ကိုလွှတ်ပေးလိုက်သည်။ အောက်စီဂျင်ပိုက်က မီးလုံးပါတာမို့ ပလပ်ထိုးခလုတ်ဖွင့်လိုက်တော့ ကန်ရေပြင်က ပြာလဲ့သွား၏။ ရေပူဖောင်းတက်နေတဲ့နားကရေညှိပင်စိမ်းစိမ်းတွေကယိမ်းလို့။ အောက်ခင်းကျောက်ခဲလေးတွေက မီးရောင်ကြောင့် နဂိုအရောင်ကနေသွေဖယ်သွားပြီး ငါးကန်ကအရောင်မျိုးစုံနဲ့ လှပနေတော့၏။ မာမီနဲ့ ဒေါ်ဒေါ်မေသက်တောင် မတ်တပ်ရပ်ပြီး တကြည့်ကြည့်။
"ထမင်းစားသွားနော် သား"
"မစားတော့ဘူး ဒေါ်ဒေါ်။ အစ်ကို ပင်ပန်းနေမှာ။ ကျွန်တော် ပြန်လိုက်တော့မယ်။ ကျွန်တော့်ကို ခွင့်ပြုပါဦး"
ရောက်ကာစကလို အရီးတွေဘာတွေလည်း မခေါ်တော့ဘဲ လူကြီးတွေနဲ့အလိုက်သင့်ဖြစ်နေတော့ ကျွန်တော်ပြုံးရပြန်၏။ တံခါးပိတ်လိုက်တာနဲ့ မမြင်ရတော့တဲ့ ကျောပြင်က ကျွန်တော့်အမြင်မှာ စွဲထင်ကျန်နေတုန်းပင်။ ရင်ခုန်သံတွေဖြစ်နေတာလည်း ကြည်ကြည်နူးနူး။
"ငါးစာကို အများကြီးမကျွေးနဲ့ အစ်ကို သိလား။ အစာလွန်ရင်လည်း သေတတ်တယ်"
"အဲ့လိုရှိတာလား"
"ဟုတ်တယ်"
ညပိုင်းရေချိုးပြီး အေးစိမ့်သွားတာမို့ စောင်ပုံထဲကွေးဝင်ရင်း ဖုန်းကိုပုခုံးနဲ့ညှပ်ထားရသည်။ သူပြန်သွားတာနဲ့ ခဏနား၊ စာကြည့်ပြီး ညစာတစ်ထပ်စားလိုက်သေး၏။ လူကပင်ပန်းပေမယ့် အိပ်ချင်စိတ်မကပ်သေးတာ ရွှင်နေတဲ့စိတ်ကြောင့်ဖြစ်မည်။
"မနက်ဖြန် ကျောင်းသွားမှာလား"
"နေ့လယ်မှသွားမယ် အစ်ကို။ အခုက ကျောင်းမှာ ပျော်ပွဲရွှင်ပွဲတွေချည်းပဲ။ စာမေးပွဲနားနီးမှစာကပ်သင်မှာ"
"ကျူရှင်ကရော"
"ကျူရှင်က အပ်ထားပေမယ့် အတန်းမစသေးဘူး အစ်ကိုရ"
"စာကိုတော့ ဂရုစိုက်နော်။ ကိုယ့်နောက်ပဲလိုက်နေရလို့ မင်းစာလုပ်ချိန်တွေပဲ့နေတာ"
"မဟုတ်တာ။ အစ်ကို့ကိုမပြောဖြစ်လို့။ တကယ်က အစ်ကို့ကြောင့် စာပိုလုပ်ဖြစ်နေတယ်"
"ဘာဆိုင်လို့လဲ"
"အများကြီးဆိုင်တယ်။ အရင်ကအတိုင်းဆိုရင်တောင် ဒီလောက်ကြိုးစားဖြစ်မှာ မဟုတ်ဘူး။ အခုက ကျွန်တော်တစ်ယောက်တည်းမဟုတ်တော့ဘူးလေ။ ကျွန်တော် ဘာလုပ်လုပ် အစ်ကို့နာမည်ကိုပါ သက်ရောက်မှာ။ ကျွန်တော် မကောင်းတာလုပ်ရင်...အဲ့ဒါ ရပ်ဝန်းနေသော် ရည်းစားပေါ့။ ဆိုးလိုက်တာ နေသော်က ဘာကြည့်ကြိုက်လဲ မသိဘူး အဲ့လိုလာမှာ။ ကျွန်တော် ကောင်းတာလုပ်မယ်ဆိုရင်...နေသော်က လူအကဲခတ်တော်လိုက်တာ သူ့ကောင်လေးက သိပ်တော်ဆိုပဲ အဲ့လိုပြောကြမှာပေါ့ အစ်ကိုရ မဟုတ်ဘူးလား"
ကျွန်တော့်ရယ်သံတွေ ထိန်းမနိုင်သိမ်းမရ။ ဒီစကားတတ်တဲ့ကောင်လေးက ကျွန်တော့်ကို နည်းအမျိုးမျိုး၊ စကားအမျိုးမျိုးနဲ့ချည်နှောင်တုပ်ယူနေသည်။ ကျွန်တော်တော့ သူ့ရဲ့ရိုးရှင်းစွာပြုစားတတ်တဲ့နယ်မြေထဲက မလွတ်မြောက်နိုင်တော့။
"ဇာမဏိ"
"ဟုတ်"
"အရာရာတိုင်းအတွက်...ချစ်တယ်"
ပြန်ဖြေသံမဲ့၏။ ကျွန်တော့်နှလုံးသား လှိုက်ခုန်တက်ကြွနေခဲ့သည်။
"ဇာမဏိ!"
"အစ်ကို အိပ်တော့မှာလား"
"မအိပ်ချင်သေးဘူး"
"အောက် ခဏဆင်းလာမလား"
ဘာလို့လဲ မေးခွန်းမထုတ်ဖြစ်။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ကိုတွေ့ချင်နေသည်။ ဖုန်းချလိုက်ပြီးတာနဲ့ အပြင်ကိုထွက်လာဖြစ်သည်။ ညအိပ်ဝတ်စုံတစ်ထပ်တည်းမို့ ဆောင်းရာသီရဲ့မင်းမူနေမှုအောက်မှာ လူကချမ်းတုန်သွားသည်။
လှေကားအောက်ဆုံးမှာ မတ်တပ်ရပ်နေတဲ့ပုံရိပ်က ကျွန်တော်လာရာကို မော့ကြည့်နေသည်။ အောက်ဆုံးထပ်ရဲ့ လှေကားအကွယ်အောက်ကို ခိုဝင်လိုက်တဲ့ ကျွန်တော်တို့နှစ်ယောက်ကို မည်သူမှမမြင်နိုင်တော့။ အလင်းပျပျလေးက သူ့မျက်နှာကောက်ကြောင်းတွေကို ထိတွေ့ဖို့လုံလောက်နေ၏။
"အစ်ကို"
နီးစပ်လွန်းနေတဲ့ သူ့ပါးပြင်နှစ်ဖက်ကို ကျွန်တော်လက်နှစ်ဖက်လုံးနဲ့ အုပ်ကိုင်ထားမိသည်။ ကျွန်တော့်ကျောပြင်က နံရံနဲ့ဖိကပ်နေပြီး တစ်ကိုယ်လုံး သူငုံ့မိုးထားတာမို့ လွတ်မြောက်ရာလမ်းမရှိ။ အေးစက်စက်နှုတ်ခမ်းလွှာတို့က ကျွန်တော့်အနမ်းကြောင့် ပူနွေးသွားလိမ့်မည်။
"အစ်ကိုဗျာ..."
အားမလိုအားမရနိုင်လှတဲ့အသံနဲ့ ကျွန်တော့်ကိုဖက်တွယ်ထား၏။ ပါးပြင်တွေထဲ ဖိစိုက်နမ်းတတ်တာကို သူနှစ်သက်သည်။ ဘယ်ညာပါးပြင်နှစ််ဖက်လုံးပေါ် သူ့အကြင်နာအနမ်းတွေ တရှိုက်မတ်မတ်။
"ချစ်တယ်။ ကိုယ့်ကောင်လေးကို ကိုယ် အရမ်းချစ်တယ်"
ဖွင့်ဟဝန်ခံနေရင်း ကျွန်တော့်မှာ မတင်းတိမ်နိုင်တော့သလို။ ကျောပြင်ကျယ်ကို တင်းတင်းဖက်တွယ်ထားမိ၏။
ကျွန်တော့်ပါးပြင်ပေါ်က သူ့အနမ်းတွေ ဆောင်းညတာထက် ကြာရှည်သွားသလို။ အပြုံးတွေနဲ့ပြုစားလိုက် ကျွန်တော်က သူ့ရင်ခွင်ထဲ မွန်းကြပ်လိုက်နဲ့...။
ရိုးရှင်းစွာပြုစားပါ...မင်းအပြုံးသာ ကိုယ့်ကမ္ဘာ...။
#######################
August 22.2021.(Sunday)
🌼
"မငိုပါနဲ႔ဟာ။ နင္ငိုေတာ့ ငါပါဝမ္းနည္းလာၿပီ"
ပန္ကာလက္တံေတြရဲ႕ တဖ်တ္ဖ်တ္ခတ္သံနဲ႔အတူ ထြက္ေပၚေနတဲ့ ရႈိက္သံတိုးတိုး။ အခန္းေထာင့္စားပြဲမွာထိုင္ေနတဲ့ရဲဘုန္းက ၿငိမ္သက္ရင္း သူ႔ေရွ႕ကျမင္ကြင္းကိုၾကည့္ေနသည္။ အသံတိုးတိုးနဲ႔ မ်က္ရည္ေတြေတြက်ေနတဲ့ စႏၵာေဇာ္ဝင္းေဘးမွာေတာ့ ၿဖိဳးေလးကမ်က္စိမ်က္ႏွာပ်က္ေန၏။ ၿဖိဳးေလးလက္ေတြက စႏၵာေဇာ္ဝင္းမ်က္ႏွာကို ထိဖို႔မရဲစြာနဲ႔ ကို႔႐ိုးကားယား။
ရဲဘုန္းက ကြၽန္ေတာ့္ကိုျမင္ေတာ့ လက္မေအာက္စိုက္ျပသည္။ ကြၽန္ေတာ္ အသံမထြက္ဘဲ ရဲဘုန္းေဘးဝင္ထိုင္လိုက္၏။ house ဆင္းမွ ခုံနံပါတ္ေရွ႕ဆင့္ေနာက္ဆင့္ျဖစ္ေနတဲ့ စႏၵာေဇာ္ဝင္းက ကြၽန္ေတာ္တို႔သုံးေယာက္နဲ႔တတြဲတြဲျဖစ္ခ်ိန္ပိုမ်ားလာသည္။ ဒီေန႔ဆို ၿဖိဳးေလးနဲ႔ စႏၵာေဇာ္ဝင္း night duty။ ကြၽန္ေတာ္နဲ႔ ရဲဘုန္း off။
"၅ႏွစ္ဟ။ ၅ႏွစ္ဆိုတဲ့အခ်ိန္က မလုံေလာက္ခဲ့တာလား။ ငါ့မွာ သူပဲရွိတာ သူသိရဲ႕သားနဲ႔"
စႏၵာေဇာ္ဝင္းအသံက အားေဖ်ာ့လြန္းေနသည္။ စိတ္ဆိုးေဒါသျဖစ္တာမဟုတ္ဘဲ ႏွေျမာတသယူက်ဳံးမရပုံစံ။
"နင့္မွာဘာလို႔သူပဲရွိမွာလဲ။ ငါရွိတယ္။ ငါတင္မဟုတ္ဘူး။ ရဲဘုန္းေရာ ေနေသာ္ေရာ။ ငါတို႔ရွိတယ္။ တန္ဖိုးမသိတဲ့ေကာင္ နင္ မယူခင္ လမ္းခြဲလိုက္ရတာပဲ ေကာင္းတယ္"
ၿဖိဳးေလးက တစ္ရႉးတစ္စဆြဲၿပီး မ်က္ရည္ေတြထဲနစ္ေနတဲ့ စႏၵာေဇာ္ဝင္းမ်က္ႏွာေပၚ ဖိဖိဖြဖြလွမ္းသုတ္ေပးသည္။ ကြၽန္ေတာ္နဲ႔ရဲဘုန္း မ်က္ခုံးေတြျမင့္တက္သြားၿပီး အၾကည့္ခ်င္းဆုံမိၾက၏။ ဒီရက္ေတြထဲ စႏၵာေဇာ္ဝင္းရည္းစားက ေနာက္တစ္ေယာက္ပဲရသလိုလို သတင္းသဲ့သဲ့ၾကားမိေပမယ့္ အခုေတာ့ တကယ္ပဲအကြဲအၿပဲနဲ႔အဆုံးသတ္ဇာတ္သိမ္းသြားပုံရသည္။ ကိုယ့္သူငယ္ခ်င္းမ်က္ရည္က်တာျမင္ေတာ့ ကြၽန္ေတာ့္ရင္ထဲလည္းႏြမ္းသြားသည္။
စႏၵာေဇာ္ဝင္းတစ္ေယာက္ လက္ေကာက္ဝတ္က အသည္းပုံတက္တူးငယ္ကိုပြတ္သပ္ငုံ႔ၾကည့္၏။ အၿပဳံးေတြက ဒဏ္ရာေတြေၾကာင့္ ၿပိဳလဲေနၾကသည္။ ေဝဒနာေၾကာင့္ ဝိုင္းစက္စက္မ်က္ဝန္းေတြအေရာင္ေဖ်ာ့ေန၏။ ႏႈတ္လမ္းလွလွတို႔လည္း အရင္လိုဖူးသစ္မေန။
"ဆင္တူတက္တူးေတြထိုးခဲ့ေတာ့ေရာ နားလည္မႈေတြရွိလာႏိုင္တာမဟုတ္ပါဘူး။ ငါဖ်က္ပစ္မွာသိလား"
"ဖ်က္စရာမလိုပါဘူး။ ပိုလွတဲ့ပုံစံတစ္ခု အစားထိုးလိုက္ရင္ၿပီးတာပဲ"
ၿဖိဳးေလးလက္က စႏၵာေဇာ္ဝင္းလက္ကိုသြားဆုပ္ကိုင္သည္။ ေလသံက ၿဖိဳးေဘးဆီက တစ္ႀကိမ္မွမၾကားဖူးခဲ့တဲ့ တည္ၾကည္ျခင္းနဲ႔။ ဒီေကာင္ ဘာေတြျဖစ္ေနတာလဲ ကိုယ့္ကိုကိုယ္သိရဲ႕လား။
"ငါ ဒီဇိုင္းဆြဲၿပီး ငါ့ဦးေလးဆိုင္မွာ လိုက္လုပ္ေပးမယ္ ငါကိုယ္တိုင္။ နင္မငိုနဲ႔ေတာ့"
အဲ့ဘက္အပိုင္းေတြကေတာ့ ၿဖိဳးေလးအကြၽမ္းကြၽင္ဆုံးပင္။ ဦးေလးေတြ၊ ဝမ္းကြဲအစ္ကိုေတြ အားလုံးက အသက္အ႐ြယ္တစ္ခုရွိေနေပမယ့္ လူငယ္ေတြစိတ္ဝင္စားတဲ့နယ္ပယ္အစုံမွာ စီးပြားေရးခ်ဲ႕ထားႏိုင္သူေတြ။ ၿဖိဳးေလးဆြဲေပးရင္ေတာ့ ဒီဇိုင္းကအေတာ္လွလိမ့္မည္။ သူ႔လက္ေမာင္းနဲ႔ေျခေထာက္ေတြမွာထိုးထားတဲ့တက္တူးေတြဆို သူကိုယ္တိုင္ဆြဲတဲ့သူ႔ဦးေလးလက္ရာေတြ။ အသက္ဝင္ႂကြ႐ြေနတဲ့ပုံေတြေၾကာင့္ ကြၽန္ေတာ္ေတာင္ တစ္ခါတစ္ေလ သူတို႔ studio ကိုသြားလည္ဖူးသည္။
"ဘာစားခ်င္လဲ။ ငါဝယ္ေကြၽးမယ္"
ၿဖိဳးေလးေမးေတာ့ စႏၵာေဇာ္ဝင္းကေခါင္းခါသည္။ ကြၽန္ေတာ္ ward ထဲက ကေလးလူနာေတြနဲ႔ နပန္းလုံးေနတည္းက စႏၵာေဇာ္ဝင္းငိုေနခဲ့ပုံရသည္။ ျဖဴတဲ့မ်က္ႏွာမွာ မိတ္ကပ္လည္းမက်န္ေတာ့။ ႏွာေခါင္းထိပ္ဖ်ားေတြရဲေနၿပီး တကယ္ကိုသနားစဖြယ္။ ၿဖိဳးေလးတစ္ေယာက္ စႏၵာေဇာ္ဝင္းကို အေတာ္က႐ုဏာသက္ေနပုံရသည္။ ရန္ေတြျဖစ္ၿပီး တိုးခဲ့ၾကတဲ့သံေယာဇဥ္ေတြလား။
"ေနေသာ္နဲ႔ ရဲဘုန္းက ျပန္ေတာ့မွာ။ သူတို႔နဲ႔လိုက္သြားၿပီး တစ္ခုခုစားၾကမယ္ေလ။ မာလာရွမ္းေကာ ဘယ္လိုလဲ ။ နင္အရမ္းႀကိဳက္တာ"
တတြတ္တြတ္ေခ်ာ့တဲ့ ၿဖိဳးေလးစကားေတြေၾကာင့္ စႏၵာေဇာ္ဝင္းမ်က္ရည္ေတြ ေျခာက္ေသြ႕ေနေလၿပီ။ ေနာက္ဆုံး မာလာရွမ္းေကာနဲ႔သေဘာတူညီၫြတ္သြားၾက၏။
"အစ္ကို..."
ကားပါကင္မွာေရာက္ႏွင့္ေနသူက အနားမေရာက္ခင္တည္းက လက္လွမ္းျပသည္။ ႏွစ္သစ္ကူးၿပီးေနာက္ရက္တည္းက ကြၽန္ေတာ့္ကား ညီမေလးတို႔ကိုေပးထားလိုက္ၿပီျဖစ္တဲ့ကြၽန္ေတာ့္ကို သူ လာႀကိဳတတ္သည္။ ဒီေန႔ ရဲဘုန္းကားနဲ႔ျပန္ဖို႔စီစဥ္ထားၿပီးမွ။ အျပင္အဝတ္အစားေပါ့ေပါ့ပါးပါးနဲ႔ အၿပဳံးေတြလြင့္ေနသူေၾကာင့္ ကြၽန္ေတာ္ စႏၵာေဇာ္ဝင္းကို အားနာသြားရသည္။ မသိမသာငဲ့ၾကည့္ေတာ့ စႏၵာေဇာ္ဝင္းက ဘာမွမျဖစ္ခဲ့သူလို ရယ္ေမာေနသည္။
"အခုထိ ဘာမွလည္း မစားရေသးဘူးေနာ္"
"မနက္ျဖန္ မနက္ duty off ရင္ oriental house ကို လာခဲ့။ ငါတို႔ႏွစ္ေယာက္ ေစာင့္ေနမယ္။ ရဲဘုန္းေရာ"
ရဲဘုန္းကေခါင္းညိတ္ျပသည္။ စႏၵာေဇာ္ဝင္းက လက္မေထာင္ၿပီး...
"ေအး...ငါႀကိဳက္တယ္၊ ငါ ႀကိဳက္တယ္"
ေယာက္်ားေလးသူငယ္ခ်င္းေတြမို႔ လုပ္ေပးႏိုင္တာက မုန္႔ဝယ္ေကြၽးတာပဲ ရွိသည္။ စႏၵာေဇာ္ဝင္းကိုပဲ အစဥ္တစိုက္ေငးေနတဲ့ ၿဖိဳးေလးက ၿပဳံးစစနဲ႔ စႏၵာေဇာ္ဝင္းလႈပ္ရွားမႈေတြကို ေငးၾကည့္၏။ ကြၽန္ေတာ္တို႔ေတြ လမ္းခြဲထြက္လိုက္ၾကတာက ကားပါကင္မွာတင္။
"အစ္ကို ေနေကာင္းရဲ႕လား"
"ေကာင္းပါတယ္"
"မ်က္ႏွာမလန္းဘူး။ ဗိုက္ဆာေနလို႔လား။ ဘာစားမလဲ"
"မစားခ်င္ေသးဘူး။ ျပည္လမ္းက ပတ္ျပန္ရေအာင္။ ကိုယ္ အင္းလ်ားခဏဝင္ခ်င္တယ္"
အင္းလ်ားေရာက္ေတာ့လည္း ကားေပၚကမဆင္းဘဲ လႈပ္ရွားသြားလာေနသမွ်ကိုသာ ေငးေနျဖစ္သည္။ ဇန္နဝါရီရဲ႕ ညေနဦးက ေအးလုလု။ မိုးကုတ္စက္ဝိုင္းတစ္ဖက္ကို ထြက္ခြာေတာ့မယ့္ က်ေနေရာင္ျခည္က လိေမၼာ္ေရာင္ျခယ္ေနသည္။ အင္းလ်ားကန္ေစာင္းက ျမက္ခင္းႏုတို႔ ေလျပည္ေသြးရာကို ယိမ္းေနၾကသည္။ သဘာဝရဲ႕ၿငိမ္းခ်မ္းျခင္းထဲမွာ ေပ်ာ္႐ႊင္ျခင္းရဲ႕ရယ္သံတို႔ ေပါင္းစပ္ဓါတ္ျပဳေန၏။
"စႏၵာေဇာ္ဝင္းေလ..."
တြဲထားတဲ့လက္ေတြကို တင္းတင္းဆုပ္ရင္း ကြၽန္ေတာ္ စကားစျဖစ္၏။ ကြၽန္ေတာ့္လက္ေခ်ာင္းေတြက သူ႔လက္ဖဝါးထဲနစ္ေနသည္။ အေနာက္ခန္းမွာဆင္းထိုင္ၾကတာမို႔ ကြၽန္ေတာ့္ပုခုံးစြန္းကိုထိကပ္သြားေအာင္ သူအနားတိုးလာသည္။
"သူ႔ခ်စ္သူနဲ႔ျပတ္သြားတာ။ အထက္တန္းတည္းကတြဲလာခဲ့ၾကတာဆိုေတာ့ ေတာ္ေတာ္ေလး စိတ္ထိခိုက္မႈမ်ားတယ္"
"အဲ့ဒါေၾကာင့္ အစ္ကိုပါ စိတ္မေကာင္းျဖစ္ေနတာလား"
"သူ႔ေကာင္ေလးကို ဘယ္ေလာက္ခ်စ္လဲ ကိုယ္တို႔လည္း သိခဲ့ျမင္ခဲ့ဖူးေတာ့ သူ႔ကိုသနားတာပါ။ ေတြးမိတာက တျခား"
"ကြၽန္ေတာ္ကေတာ့ ရွင္းတယ္ေနာ္။ အစ္ကိုမဟုတ္တဲ့ ဘယ္သူ႔ကိုမွစိတ္ထဲထည့္လို႔မရဘူး"
"ကိုယ္ ဘာေျပာေသးလို႔လဲ"
"အစ္ကို မေျပာေပမယ့္ သိထားေစခ်င္လို႔။ ေရစက္ေတြျပတ္တယ္ဆိုတာ ႏွစ္ဖက္စလုံးက လက္ေလွ်ာ့လိုက္ၾကလို႔ပါ။ ကြၽန္ေတာ္ကေတာ့ အစ္ကိုျပတ္ရင္ေတာင္ လိုက္တြယ္ကပ္ေနမွာပဲ။ ကြၽန္ေတာ့္ ႐ူးသြပ္မႈေတြထဲမွာ အစ္ကိုက ထိပ္ဆုံး"
ျပတ္သားတိက်တဲ့ႏႈတ္ထြက္စကားေတြက ကြၽန္ေတာ့္ကမ္းပါးကိုတိုက္စားတဲ့ ပင္လယ္ဒီေရေတြလို...။
ရွည္ေပမယ့္မသြယ္တဲ့ သူ႔လက္ေခ်ာင္းေတြကို ယွက္သြယ္ထားရင္းပဲ ေသြးေၾကာေတြစိမ္းေနတဲ့ သူ႔လက္ခုံကို ကြၽန္ေတာ့္ႏႈတ္ခမ္းေတြနဲ႔ဖိကပ္ပစ္လိုက္သည္။
"အစ္ကိုေနာ္...အစ္ကို...။ ကြၽန္ေတာ့္သမာဓိကို စမ္းသပ္ေနတာမလား"
မခ်ိတင္ကဲျဖစ္သြားသည့္ သူ႔အသံ။ ကြၽန္ေတာ့္တစ္ကိုယ္လုံးက သူ႔ရင္ဘတ္ထဲ ဆြဲယူခံလိုက္ရ၏။ သူ႔ ရင္ခြင္က်ယ္တယ္ဆိုတိုင္း ကြၽန္ေတာ့္ကိုဆြဲဆြဲထည့္ေနေတာ့သည္။
"သူမ်ားက သူမ်ား။ ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔။ ဘယ္ေတာ့မွ ပုံစံတူအဆုံးသတ္ေတြျဖစ္လာမွာ မဟုတ္ဘူး။ ကြၽန္ေတာ္က ေလာဘႀကီးတယ္ အစ္ကိုရဲ႕။ သူမ်ားေတြအားက်ရေလာက္တဲ့အထိ အစ္ကိုနဲ႔ခ်စ္သြားမွာ"
ကြၽန္ေတာ့္ဆံပင္ေတြထဲ အသက္ရႈသံေႏြးေႏြးတို႔ျဖတ္ေျပးေနၾကသည္။ သူ႔မ်က္ႏွာကို ကြၽန္ေတာ္ေမာ့မၾကည့္ရဲ။ တည္ၾကည္ေနတဲ့ သူ႔မ်က္ႏွာကိုျမင္ရရင္ ကြၽန္ေတာ္ စိတ္ထိန္းႏိုင္မွာမဟုတ္။ အထိန္းအကြပ္မဲ့ရတာက ရငိခုန္သံေတြနဲ႔တင္ လုံေလာက္ေနပါၿပီ။
"မနက္ျဖန္ပိတ္ရက္ အစ္ကိုအခ်ိန္ရလား"
"ဘယ္အခ်ိန္လဲ။ ဟိုေကာင္ေတြနဲ႔ မနက္စာစားၿပီးရင္ ေဆးခန္းထိုင္ရမယ္။ ပုံမွန္လိုပဲ ညေန ၆နာရီမွ အိမ္ျပန္ရမွာ"
"ဒါဆို ညေန အိမ္မျပန္ခင္ ကြၽန္ေတာ္နဲ႔တစ္ေနရာ သြားရေအာင္"
"ဘယ္ကိုလဲ"
"မနက္ျဖန္ေရာက္မွ သိရမယ္ဆိုရင္ အစ္ကိုေစာင့္ႏိုင္လား"
သူက တကယ္ အဲ့လိုလူ။ ကြၽန္ေတာ့္ဆႏၵေတြကို ေရွ႕တန္းတင္ထားတတ္တဲ့သူ။ သူ မေျပာခ်င္ေပမယ့္ ကြၽန္ေတာ္သိခ်င္တယ္ဆို သူေျပာျပမွာ။ သူ အခုမေျပာခ်င္ေသးမွေတာ့ ကြၽန္ေတာ္ကလည္း သူ႔ဆႏၵတိုင္းအတြက္ ပါရမီျဖည့္ခ်င္သူအျဖစ္နဲ႔။
"ကိုယ္ ေစာင့္မယ္"
ဒီတစ္ညေနခင္းလည္း ကြၽန္ေတာ္တို႔ရင္ခုန္သံမ်ား ထပ္တူညီ...။
အၿပဳံးေတြနဲ႔ လိုက္ေလ်ာၾကင္နာေပးတတ္တဲ့မ်က္ဝန္းတို႔က ကြၽန္ေတာ္မလြတ္ေျမာက္ခ်င္တဲ့သံသရာ...။
*****************************
ပုဇြန္ေတာင္ရဲ႕ညခင္းထဲတိုးဝင္လိုက္ေတာ့ တစ္ေနကုန္ေတာင့္တင္းထားသမွ် ေျပေလ်ာ့ရသည္။ ကြၽန္ေတာ့္ ေက်ာပိုးအိတ္အနီရဲရဲက သူ႔ပုခုံးတစ္ဖက္ေပၚပါသြား၏။ လူေတြရႈပ္ေနတဲ့ ပလက္ေဖာင္းလမ္းကိုအေၾကာင္းျပၿပီး ကြၽန္ေတာ့္လက္ကိုတြဲထားတာလည္း မလႊတ္။ ကားေတာင္ယူမလာဘဲ လာႀကိဳတာကိုၾကည့္ရင္ သူတစ္ေယာက္တည္း အရင္လာၾကည့္ထားပုံလည္းရသည္။
"ဘယ္ကိုသြားေနတာလဲ"
"သြားေနတာက မေရာက္ေသးဘူး။ အစ္ကိုဗိုက္ဆာၿပီမလား။ ဘာစားမလဲ"
သူေခၚသြားမယ့္ေနရာကို သိခ်င္ေပမယ့္ တစ္ေနကုန္ရႈပ္ထားတဲ့အလုပ္ေတြေၾကာင့္ ဗိုက္ကဟာေနၿပီ။ ဝင္ထိုင္လိုက္ၾကတာ ဖက္ထုပ္ဆိုင္တစ္ဆိုင္။ ဖက္ထုပ္ခ်ိဳခ်ဥ္ေၾကာ္အျပင္ လမ္းမွာျမင္သမွ်အကင္ေတြ၊ အေထာင္းေတြပါ ကြၽန္ေတာ့္ဗိုက္ထဲေရာက္ကုန္ေတာ့ လူက ေလးခ်င္သြားသည္။ ေျခလွမ္းကိုမသယ္ခ်င္ေတာ့တဲ့ ကြၽန္ေတာ့္ကိုငဲ့ၾကည့္ၿပီး သူ ရယ္ေနသည္။
"မေရာက္ေသးဘူးလား"
"ေရာက္ၿပီ အစ္ကိုရဲ႕"
အျပာေရာင္ေဖ်ာ့ေဖ်ာ့လဲ့ေနတဲ့ ဆိုင္အတြင္းခန္းက ကြၽန္ေတာ့္ကိုမွင္သက္သြားေစသည္။ မွန္ေရကန္တို႔ထဲမွာရွိေနၾကတဲ့ ေရညႇိေရေမွာ္ပင္ငယ္ေတြ၊ ခ႐ုခြံငယ္ခုံးထဲကထြက္ေနတဲ့ ပူစီေဖာင္းေသးေသးေတြက ေရမ်က္ႏွာျပင္ေပၚလြတ္ထြက္လာၾကသည္။ ေရၾကည္ၾကည္မွာေပ်ာ္ေနၾကတာက အေရာင္ေသြးစုံတဲ့ ငါးအမ်ိဳးမ်ိဳး။ သူေခၚလာတာ အလွေမြးငါးဆိုင္အႀကီးႀကီး။
"အစ္ကို လာၾကည့္..."
ေ႐ႊရာင္၊ အဝါေရာင္၊ အနီေရာင္ ပုံသ႑ာန္ကြဲ၊ မ်ိဳးစိတ္မတူသည့္ ငါးေပါက္ကေလးေတြကေန ကေလးငယ္တစ္ကိုယ္စာေလာက္ရွိသည့္ ငါးအႀကီးေတြထိရွိသည္။ ဂဏန္းေပါက္ေလးေတြနဲ႔ လိပ္ပိစိေလးေတြကို ေရစပ္စပ္ရွိတဲ့မွန္ကန္ထဲထည့္ထားတာလည္းေတြ႕သည္။
"ဘယ္ဟာယူမလဲ"
"ကိုယ့္ကို ဝယ္ေပးမလို႔လား"
"ဟုတ္တယ္ေလ။ စိတ္ဖိစီးမႈေတြေလ်ာ့ေအာင္ ဒီလိုေလးေတြ ေမြးေပးတာကေကာင္းတယ္တဲ့။ ေခြးတို႔ေၾကာင္တို႔က် အေမႊးကြၽတ္တာဘာညာနဲ႔ လူႀကီးေတြနဲ႔အဆင္မေျပေလာက္ဘူး။ အလုပ္လည္းရႈပ္မယ္။ အဲ့ဒါေၾကာင့္ ဒါေလးေတြဝယ္ေပးမယ္ေနာ္။ အစ္ကိုႀကိဳက္တာေ႐ြး။ ဘယ္ႏွေကာင္ျဖစ္ျဖစ္။ ငါးကန္ဘာညာေရာ အကုန္ဝယ္ေပးမယ္"
"ငါးကန္ေတြၾကည့္ခ်င္ရင္ ဒီဘက္မွာပါ"
ဆိုင္ရွင္က အၿပဳံးခ်ိဳခ်ိဳနဲ႔ႀကိဳဆို၏။
"ကြၽန္ေတာ္တို႔ ဆက္စပ္ပစၥည္းေတြလည္းယူမယ္"
႐ုတ္တရတ္မို႔ ကြၽန္ေတာ္ ဘာမွမၾကည့္တတ္ဘဲ ဇာမဏိကပဲ အကုန္ေ႐ြးေပးသည္။ ေရညႇိပင္အတုေလးေတြ ကန္ေအာက္ေျခမွာခင္းသည့္ အလွဆင္ေက်ာက္ေတြနဲ႔ ေအာက္စီဂ်င္ပိုက္ေတြအထိ။ ငါးကိုေတာ့ ကြၽန္ေတာ့္စိတ္ႀကိဳက္သာေ႐ြးခိုင္း၏။
"ဒါေလး..."
"ဒါ ႀကိဳက္တာလား"
"အင္း...လုံးလုံးေဖာင္းေဖာင္းေလး ခ်စ္စရာေကာင္းတယ္"
အနီေရာင္ဗိုက္ပူပူငါးေလးေတြက ဘာအမ်ိဳးအစားလဲေတာ့ ကြၽန္ေတာ္မသိ။ ေ႐ြးျဖစ္လိုက္တာ ေ႐ႊေရာင္တစ္ေကာင္၊ အနီေရာင္တစ္ေကာင္။ အၿမီးေလးေတြခတ္ၿပီးေရထဲမွာကူးေနတာကိုၾကည့္ရင္း ကြၽန္ေတာ္ေပ်ာ္လာသည္။
"ဆယ္ေကာင္ေလာက္ ယူပါလား အစ္ကို"
"ေတာ္ၿပီ။ ႏွစ္ေကာင္ပဲ။ ကိုယ္ တစ္ခါမွမေမြးဖူးေတာ့ ေသသြားမွာစိုးတယ္"
"ဒါဆို ငါးကန္ဆိုဒ္ကိုေရာ ေ႐ြးပါဦး။ ငါးကႏွစ္ေကာင္တည္းေပမယ့္ အလွဆင္ပစၥည္းေတြထည့္ဦးမွာေနာ္ အစ္ကို"
ေနာက္လည္း သေဘာက်ရင္ထပ္ဝယ္ထည့္ရေအာင္ ေ႐ြးျဖစ္လိုက္တာ သုံးေပငါးကန္။ ႏွစ္ေကာင္ လြတ္လြတ္လပ္လပ္ေနရတာေပါ့။
"အယ္...သားတို႔ ဘာေတြလဲ"
ဇာမဏိ မလာတဲ့ငါးကန္နဲ႔ ကြၽန္ေတာ့္လက္ထဲက အထုပ္အပိုးေတြကိုၾကည့္ၿပီး ေဒၚေဒၚေမသက္က တအံ့တဩ။ မာမီပါ အိပ္ခန္းထဲကထြက္လာၿပီး စူးစမ္းလာ၏။ ပစၥည္းေတြဆင္ေနတဲ့ ဇာမဏိအတြက္ အၾကမ္းရည္ကိုလည္း မာမီကိုယ္တိုင္ထည့္ေပးလာသည္။
ဧည့္ခန္းထဲက နံရံေထာင့္လြတ္မွာ သစ္သားခုံတစ္ခုနဲ႔ ေရထည့္ၿပီး ပလတ္စတစ္အိတ္ထဲက ႏွစ္ေကာင္ကိုလႊတ္ေပးလိုက္သည္။ ေအာက္စီဂ်င္ပိုက္က မီးလုံးပါတာမို႔ ပလပ္ထိုးခလုတ္ဖြင့္လိုက္ေတာ့ ကန္ေရျပင္က ျပာလဲ့သြား၏။ ေရပူေဖာင္းတက္ေနတဲ့နားကေရညႇိပင္စိမ္းစိမ္းေတြကယိမ္းလို႔။ ေအာက္ခင္းေက်ာက္ခဲေလးေတြက မီးေရာင္ေၾကာင့္ နဂိုအေရာင္ကေနေသြဖယ္သြားၿပီး ငါးကန္ကအေရာင္မ်ိဳးစုံနဲ႔ လွပေနေတာ့၏။ မာမီနဲ႔ ေဒၚေဒၚေမသက္ေတာင္ မတ္တပ္ရပ္ၿပီး တၾကည့္ၾကည့္။
"ထမင္းစားသြားေနာ္ သား"
"မစားေတာ့ဘူး ေဒၚေဒၚ။ အစ္ကို ပင္ပန္းေနမွာ။ ကြၽန္ေတာ္ ျပန္လိုက္ေတာ့မယ္။ ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး"
ေရာက္ကာစကလို အရီးေတြဘာေတြလည္း မေခၚေတာ့ဘဲ လူႀကီးေတြနဲ႔အလိုက္သင့္ျဖစ္ေနေတာ့ ကြၽန္ေတာ္ၿပဳံးရျပန္၏။ တံခါးပိတ္လိုက္တာနဲ႔ မျမင္ရေတာ့တဲ့ ေက်ာျပင္က ကြၽန္ေတာ့္အျမင္မွာ စြဲထင္က်န္ေနတုန္းပင္။ ရင္ခုန္သံေတြျဖစ္ေနတာလည္း ၾကည္ၾကည္ႏူးႏူး။
"ငါးစာကို အမ်ားႀကီးမေကြၽးနဲ႔ အစ္ကို သိလား။ အစာလြန္ရင္လည္း ေသတတ္တယ္"
"အဲ့လိုရွိတာလား"
"ဟုတ္တယ္"
ညပိုင္းေရခ်ိဳးၿပီး ေအးစိမ့္သြားတာမို႔ ေစာင္ပုံထဲေကြးဝင္ရင္း ဖုန္းကိုပုခုံးနဲ႔ညႇပ္ထားရသည္။ သူျပန္သြားတာနဲ႔ ခဏနား၊ စာၾကည့္ၿပီး ညစာတစ္ထပ္စားလိုက္ေသး၏။ လူကပင္ပန္းေပမယ့္ အိပ္ခ်င္စိတ္မကပ္ေသးတာ ႐ႊင္ေနတဲ့စိတ္ေၾကာင့္ျဖစ္မည္။
"မနက္ျဖန္ ေက်ာင္းသြားမွာလား"
"ေန႔လယ္မွသြားမယ္ အစ္ကို။ အခုက ေက်ာင္းမွာ ေပ်ာ္ပြဲ႐ႊင္ပြဲေတြခ်ည္းပဲ။ စာေမးပြဲနားနီးမွစာကပ္သင္မွာ"
"က်ဴရွင္ကေရာ"
"က်ဴရွင္က အပ္ထားေပမယ့္ အတန္းမစေသးဘူး အစ္ကိုရ"
"စာကိုေတာ့ ဂ႐ုစိုက္ေနာ္။ ကိုယ့္ေနာက္ပဲလိုက္ေနရလို႔ မင္းစာလုပ္ခ်ိန္ေတြပဲ့ေနတာ"
"မဟုတ္တာ။ အစ္ကို႔ကိုမေျပာျဖစ္လို႔။ တကယ္က အစ္ကို႔ေၾကာင့္ စာပိုလုပ္ျဖစ္ေနတယ္"
"ဘာဆိုင္လို႔လဲ"
"အမ်ားႀကီးဆိုင္တယ္။ အရင္ကအတိုင္းဆိုရင္ေတာင္ ဒီေလာက္ႀကိဳးစားျဖစ္မွာ မဟုတ္ဘူး။ အခုက ကြၽန္ေတာ္တစ္ေယာက္တည္းမဟုတ္ေတာ့ဘူးေလ။ ကြၽန္ေတာ္ ဘာလုပ္လုပ္ အစ္ကို႔နာမည္ကိုပါ သက္ေရာက္မွာ။ ကြၽန္ေတာ္ မေကာင္းတာလုပ္ရင္...အဲ့ဒါ ရပ္ဝန္းေနေသာ္ ရည္းစားေပါ့။ ဆိုးလိုက္တာ ေနေသာ္က ဘာၾကည့္ႀကိဳက္လဲ မသိဘူး အဲ့လိုလာမွာ။ ကြၽန္ေတာ္ ေကာင္းတာလုပ္မယ္ဆိုရင္...ေနေသာ္က လူအကဲခတ္ေတာ္လိုက္တာ သူ႔ေကာင္ေလးက သိပ္ေတာ္ဆိုပဲ အဲ့လိုေျပာၾကမွာေပါ့ အစ္ကိုရ မဟုတ္ဘူးလား"
ကြၽန္ေတာ့္ရယ္သံေတြ ထိန္းမႏိုင္သိမ္းမရ။ ဒီစကားတတ္တဲ့ေကာင္ေလးက ကြၽန္ေတာ့္ကို နည္းအမ်ိဳးမ်ိဳး၊ စကားအမ်ိဳးမ်ိဳးနဲ႔ခ်ည္ေႏွာင္တုပ္ယူေနသည္။ ကြၽန္ေတာ္ေတာ့ သူ႔ရဲ႕႐ိုးရွင္းစြာျပဳစားတတ္တဲ့နယ္ေျမထဲက မလြတ္ေျမာက္ႏိုင္ေတာ့။
"ဇာမဏိ"
"ဟုတ္"
"အရာရာတိုင္းအတြက္...ခ်စ္တယ္"
ျပန္ေျဖသံမဲ့၏။ ကြၽန္ေတာ့္ႏွလုံးသား လႈိက္ခုန္တက္ႂကြေနခဲ့သည္။
"ဇာမဏိ!"
"အစ္ကို အိပ္ေတာ့မွာလား"
"မအိပ္ခ်င္ေသးဘူး"
"ေအာက္ ခဏဆင္းလာမလား"
ဘာလို႔လဲ ေမးခြန္းမထုတ္ျဖစ္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း သူ႔ကိုေတြ႕ခ်င္ေနသည္။ ဖုန္းခ်လိုက္ၿပီးတာနဲ႔ အျပင္ကိုထြက္လာျဖစ္သည္။ ညအိပ္ဝတ္စုံတစ္ထပ္တည္းမို႔ ေဆာင္းရာသီရဲ႕မင္းမူေနမႈေအာက္မွာ လူကခ်မ္းတုန္သြားသည္။
ေလွကားေအာက္ဆုံးမွာ မတ္တပ္ရပ္ေနတဲ့ပုံရိပ္က ကြၽန္ေတာ္လာရာကို ေမာ့ၾကည့္ေနသည္။ ေအာက္ဆုံးထပ္ရဲ႕ ေလွကားအကြယ္ေအာက္ကို ခိုဝင္လိုက္တဲ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို မည္သူမွမျမင္ႏိုင္ေတာ့။ အလင္းပ်ပ်ေလးက သူ႔မ်က္ႏွာေကာက္ေၾကာင္းေတြကို ထိေတြ႕ဖို႔လုံေလာက္ေန၏။
"အစ္ကို"
နီးစပ္လြန္းေနတဲ့ သူ႔ပါးျပင္ႏွစ္ဖက္ကို ကြၽန္ေတာ္လက္ႏွစ္ဖက္လုံးနဲ႔ အုပ္ကိုင္ထားမိသည္။ ကြၽန္ေတာ့္ေက်ာျပင္က နံရံနဲ႔ဖိကပ္ေနၿပီး တစ္ကိုယ္လုံး သူငုံ႔မိုးထားတာမို႔ လြတ္ေျမာက္ရာလမ္းမရွိ။ ေအးစက္စက္ႏႈတ္ခမ္းလႊာတို႔က ကြၽန္ေတာ့္အနမ္းေၾကာင့္ ပူေႏြးသြားလိမ့္မည္။
"အစ္ကိုဗ်ာ..."
အားမလိုအားမရႏိုင္လွတဲ့အသံနဲ႔ ကြၽန္ေတာ့္ကိုဖက္တြယ္ထား၏။ ပါးျပင္ေတြထဲ ဖိစိုက္နမ္းတတ္တာကို သူႏွစ္သက္သည္။ ဘယ္ညာပါးျပင္ႏွစ္္ဖက္လုံးေပၚ သူ႔အၾကင္နာအနမ္းေတြ တရႈိက္မတ္မတ္။
"ခ်စ္တယ္။ ကိုယ့္ေကာင္ေလးကို ကိုယ္ အရမ္းခ်စ္တယ္"
ဖြင့္ဟဝန္ခံေနရင္း ကြၽန္ေတာ့္မွာ မတင္းတိမ္ႏိုင္ေတာ့သလို။ ေက်ာျပင္က်ယ္ကို တင္းတင္းဖက္တြယ္ထားမိ၏။
ကြၽန္ေတာ့္ပါးျပင္ေပၚက သူ႔အနမ္းေတြ ေဆာင္းညတာထက္ ၾကာရွည္သြားသလို။ အၿပဳံးေတြနဲ႔ျပဳစားလိုက္ ကြၽန္ေတာ္က သူ႔ရင္ခြင္ထဲ မြန္းၾကပ္လိုက္နဲ႔...။
႐ိုးရွင္းစြာျပဳစားပါ...မင္းအၿပဳံးသာ ကိုယ့္ကမာၻ...။
#######################
August 22.2021.(Sunday)
🌼