"သားကြီးတို့ ငါ ဘာရလာလဲသိလား"
Ward ထဲဝင်လာတဲ့ ဖြိုးလေးမျက်နှာက မှိုရတာထက်ရွှင်နေသည်။
"ယောက်ျားရလာလို့လား"
"မစော်ကားနဲ့ အရိုင်းစိုင်း!"
ရဲဘုန်းကထောက်တော့ ဖြိုးလေးက လက်သီးလက်မောင်းတန်းပြီး အော်သည်။
"ဘာရလာတယ်ဆိုတာပဲ အရင်ပြောကြည့်ပါဦး"
"ဒီမှာလေ ဒီမှာကြည့်"
ဖြိုးလေးမြူးနေသလောက် ကျွန်တော်တစ်ချက်ကြည့်ပြီး report တွေဆက်ရေးနေလိုက်သည်။
"EDM King ကြီးက ရင်တောင်မခုန်ဘူးပေါ့လေ။ ဒါ ရိုးရိုးလက်မှတ်မဟုတ်ဘူးနော် new year countdown ပွဲကိုမှ VIP တန်း စပွန်ဆာရလာတာ"
(EDM _ Electric Dance Music)
ဖြိုးလေးက လက်မှတ်တွေကို ကျွန်တော့်မျက်နှာရှေ့ ယမ်းခါပြ၏။ December 31 မှာလုပ်မယ့် 808 EDM ပွဲ။ အရင်ကတော့ EDM ပွဲဆို လက်မှတ်ဝယ်တဲ့အချိန်ကစပြီး မလွတ်တမ်း အားပေးကြမ်းခဲ့တဲ့ ကျွန်တော့်ကို အတွင်းသိအဆင်းသိတွေက EDM King ဆိုပြီးစနောက်တတ်ကြသည်။ အခုတော့ လက်မှတ်တွေ ကျွန်တော့်မျက်စိရှေ့ ဝေ့ဝဲနေတာတောင် ကျွန်တော် မလှုပ်မယှက်နဲ့မို့ ရဲဘုန်းပင် စူးစူးစမ်းစမ်းဖြစ်သွားသည်။
"မင်းအကြိုက်ဆုံးပွဲမလား နေသော်။ တခြားလုပ်စရာရှိလို့လား"
"မရှိပါဘူး။ ဒီအတိုင်းပဲ ငါ စိတ်မပါလို့"
"ဟာ! စိတ်မပါလို့ မရဘူးနော်။ ဒါ မင်းရဲ့အီစီကလီကောင်ငယ်လေး ဝယ်ခိုင်းထားလို့ ငါ့မှာ အသည်းအသန်ပြန်ရှာဝယ်ထားရတာ"
"ဇာမဏိ ဝယ်ခိုင်းတာလား"
ကျွန်တော့်လက်ထဲရှိနေတဲ့ ဘောပင်က စားပွဲပေါ်လိမ့်ဆင်းသွား၏။
"အေးလေ။ ဘယ်သူရှိသေးလို့လဲ။ အခုရက်တွေ အစ်ကိုအရမ်းပင်ပန်းနေတာ တစ်ခုခုလုပ်ပေးချင်တယ် အစ်ကိုက ဘာကြိုက်တတ်လဲမေးလို့လေ။ EDM ပွဲကြိုက်တယ်ဆိုတော့ သူမသိတာနဲ့ ငါပဲအကုန်ရှင်းပြ ပြီးလည်းပြီးရော လက်မှတ်တန်းဝယ်ခိုင်းတော့တာပဲ။ ငါနဲ့ရဲဘုန်းအတွက်ပါ လေးယောက်စာ"
"ဘယ်လိုလဲ သွားမယ်မလား"
ရဲဘုန်းက ပုခုံးကိုလှမ်းဖက် မေး၏။
"ဝယ်ပြီးမှတော့ သွားရတော့မှာပေါ့"
"တော်ရုံပဲအပိုပြော။ ရည်းစားမဖြစ်သေးတဲ့ ရည်းစားလေးကဝယ်ပေးလို့ သွားရင်သွားတယ်ပေါ့။ ရပ်ဝန်းနေသော်တောင် အပိုတွေလုပ်တတ်နေပြီ"
အပိုဆိုလည်း အပိုပေါ့။ သွားစေချင်လို့တောင် တိုးတိုးတိတ်တိတ်စီစဥ်ပေးထားသူရဲ့စေတနာတွေကို ကျွန်တော်က ဘယ်လိုများလျစ်လျူရှုနိုင်မှာတဲ့လဲ။
***************************
သဘာဝကပဲ ခွဲခွာရခြင်းကိုသိတတ်သလား။ နှစ်တစ်နှစ်ကိုနှုတ်ဆက်ရမယ့် ဒီဇင်ဘာရဲ့နောက်ဆုံးနေ့ရက်မို့ ရာသီဥတုက အပူလျော့လျော့နဲ့ ညိုးရော်ချင်နေသည်။ မာမီတို့ staff party အတွက် မန်နေဂျာကိုစိုးနဲ့လိုက်ပြီး ဝန်ထမ်းတွေကို လက်ဆောင်ပေးမည့်ပစ္စည်းတွေဝယ်တာနဲ့တင် တစ်နေကုန်။ အိမ်ပြန်ရောက် ရေမိုးချိုးပြီးထွက်လာတော့ တိုက်ရှေ့ကားထိုးထားပြီး စောင့်နေသူကိုတွေ့ရသည်။
"သုဝဏ္ဏဘက်ကို မင်းသေချာသိမှာမဟုတ်ဘူး။ ကိုယ်မောင်းမယ်"
ကားသော့လှမ်းယူပြီး အနက်ရောင်တီရှပ်လက်ပြတ်နဲ့ ripped jeans ဝတ်လာတဲ့ ကျွန်တော်က ခြေဆုံးခေါင်းဆုံးအပြန်ပြန်အလှန်လှန်အကြည့်ခံလိုက်ရ၏။
"ဘာဖြစ်လို့လဲ"
"ဆောင်းရာသီကြီး မအေးဘူးလား အစ်ကိုရဲ့။ လက်ရှည်လေးဝတ်ပါလား"
"ကွင်းထဲရောက်ရင် အရမ်းပူတာ။ အေးလည်း ခဏပဲ"
ဖြေရှင်းချက်ကို အပြည့်အဝကျေနပ်ပုံမရပေမယ့် ဘာမှမပြော။ ပေါ်နေတဲ့လက်မောင်းသားတွေကိုလှမ်းကြည့်ပြီး ရုပ်ကမကျေမလည်နဲ့။ ကျွန်တော်အခု သဝန်တိုခံနေရတာလား။ အညာမြေပေါ် ကြီးပြင်းလာသူဖြစ်ပေမယ့် အတိုအပြတ်တွေ မဝတ်တတ်တဲ့သူကတော့ ထုံးစံအတိုင်း တီရှပ်ကိုအပေါ်ထပ်တစ်ထည်တင်ထားသေး၏။ မီးခိုးရောင် ဂျင်းကုတ်က မှုန်မှိုင်းနေပေမယ့် ပုခုံးကျယ်ကျယ်၊ အရပ်ရှည်ရှည်နဲ့ သူ့ပုံစံက လူကြားထဲထင်ရှားနေတုန်းပင်။
The One Entertainment Park ကို ရောက်တော့ ပွဲစဖို့မလိုတော့။ အရင်ရောက်နှင့်နေတဲ့ ဖြိုးလေးနဲ့ ရဲဘုန်းကို ဖုန်းဆက်ရ၏။ ဖြိုးလေးက ကျွန်တော်နဲ့ဇာမဏိလက်ကိုဆွဲပြီး PhotoBooth ပေါ်ဇွတ်တင်သည်။ နှစ်ယောက်တည်း ဓါတ်ပုံမရိုက်ဖူးတာမို့ ကျွန်တော် ကို့ရို့ကားယားဖြစ်နေသလောက် ဇာမဏိလက်တစ်ဖက်က ကျွန်တော့်ပုခုံးပေါ်ရောက်လာတာ အေးအေးဆေးဆေး။ ရဲဘုန်းလက်ထဲတောင် သူ့ဖုန်းလှမ်းပေးပြီး ဓါတ်ဖမ်းခိုင်းလိုက်သေးသည်။ ကဲ လုပ်ချတော့။
လက်မှတ်က VIP တန်းမို့ စင်ပေါ်ရောက်တာနဲ့ service ပေးထားတဲ့ beer tower တွေကြား ရဲဘုန်းနဲ့ဖြိုးလေး ခေါင်းစိုက်သွားသည်။ ကွင်းတစ်ခုလုံးက လူငယ်တွေရဲ့ တက်ကြွငယ်ရွယ်ခြင်းများကြောင့် နွေးနွေးထွေးထွေး။ လေထုကိုလွှမ်းခြုံလာတဲ့ ဂီတသံတွေက အမှောင်ထုဖုံးအုပ်ထားတဲ့ ကောင်းကင်ပေါ်ထိ ပြေးခုန်တက်ကုန်သည်။ ကြမ်းတစ်လှည့်၊ နုတစ်လှည့် တေးဂီတက လူတစ်ကိုယ်လုံးကိုဆွဲကိုင်ပြီး အာကာသ space ထဲပစ်လွှတ်လိုက်သလိုပင်။
"အဆင်ပြေရဲ့လား"
ဒီလို ဆူညံမြူးကြွတဲ့နေရာကို ပထမဆုံးလာရောက်ခြင်းဖြစ်တဲ့သူရဲ့နားနား လက်ဖဝါးအုပ်ပြီးကပ်မေးလိုက်ရသည်။ အဖြေမလာခင် သံစဥ်ထဲခုန်ကျသွားတဲ့အပြုံးပွင့်က ပွဲကိုထောက်ပံ့ထားတဲ့အလင်းရောင်တို့ကြား လက်ခနဲ။
"အရမ်းပြေတယ်။ ကျွန်တော့်ကို စိတ်မပူနဲ့။ အစ်ကို စိတ်လွတ်ကိုယ်လွတ်နေ"
နားရွက်ဖျားထဲဝင်လာတဲ့ စကားလုံးတွေကြောင့် ကျွန်တော့်တစ်ကိုယ်လုံး စီးချက်တွေနဲ့ ပိုမိုလွင့်မျောသွား၏။ ဘီယာတွေမပါဘဲတောင် ကျွန်တော့်ပျော်ရွှင်ခြင်းများ ရီဝေပျံ့လွင့်ကုန်သည်။ အပြင်းစားထိဖို့အာရုံမရတာမို့ ရဲဘုန်းအပိုဆောင်းဝယ်လာတဲ့ စပိုင်တွေက ကျွန်တော်နဲ့ ဇာမဏိအတွက်ဖြစ်သွားသည်။ ပျော်ရွှင်ခြင်းရဲ့ ကူးစက်တတ်တဲ့ ဂုဏ်သတ္တိကြောင့် တော်တန်ရုံ အရည်တွေရှောင်တတ်တဲ့ ဇာမဏိလက်ထဲမှာတောင် စပိုင်တစ်လုံးနဲ့။ သူလွတ်မြောက်ခွင့်ပေးထားတဲ့ အပြုံးတို့က အိပ်တန်းမပြန်တော့။ ကျွန်တော်တို့လို ခုန်ပေါက်နေတာမျိုးမဟုတ်ဘဲ တည်ငြိမ်စွာနဲ့ စီးမျောနေတဲ့ သူ့မျက်နှာတစ်ခြမ်းက ရောင်စုံမီးတဖျတ်ဖျတ်အောက်မှာ ကျွန်တော် အကြည့်တွေမလွှဲနိုင်။
ဂီတနဲ့ရေတွက်တဲ့ နာရီလက်တံတို့ပေါ်မှာ လွတ်လပ်ခြင်းများ မြူးထူးပျော်ပါးနေကြသည်။
ပွဲချိန်တစ်ဝက်လောက်မှာ ဖြိုးလေးနဲ့ ရဲဘုန်းက ကွင်းပြင်ဘက်ကို ဆင်းသွား၏။ မွန်းကြပ်ခဲ့သမျှအရာအားလုံးက သံစဥ်နဲ့ဖျော်တဲ့ အချိုပွဲထဲပျော်ကျကုန်သည်။ ဒီခဏတာမှာ သွေးကြောမျှင်တွေထဲ တိုးဝင်နေတဲ့ DJ သံကလွဲလို့ ဘာမှမရှိ။ ၁၂နာရီကို ရွေ့လျားနေတဲ့ စက္ကန့်တံတို့နဲ့ နှစ်သစ်ကိုကြိုဆိုဖို့ CountDown စရေတော့မည်။
"ကိုဖြိုးလေးတို့နား သွားမလား"
"သွားမယ်လေ"
ဇာမဏိက ကျွန်တော့်လက်ဖဝါးတစ်ဖက်ကို လှမ်းဆွဲပြီး VIP စင်ရဲ့ လှေကားကနေပြေးဆင်းသည်။ အောက်ဆုံးလှေကားထစ်ကိုနင်းဖြတ်တော့မယ့် ကျွန်တော့်ခြေလှမ်းတွေက ဒူးထောက်ကျောပေးလာသူရဲ့ ဆွဲယူခြင်းနဲ့ ခြေထောက်နှစ်ဖက် သူ့ပုခုံးပေါ်ခွလျက်ပါသွားသည်။
"ဇာမဏိ!"
Alcohol ဓါတ်အနည်းဆုံး စပိုင်ကပဲ ကျွန်တော့်ဦးနှောက်တွေကို မူးဝေသွားစေသလား။ ကျွန်တော် အလန့်တကြားနဲ့ သူမြှောက်တင်ဆုပ်ကိုင်ပေးထားတဲ့ လက်နှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ကိုင်ထားမိတော့၏။ ခေါင်းမော့ပြီး ပြုံးပြတဲ့သူ့မျက်နှာကို အပေါ်စီးကမြင်ရသည့် ခံစားချက်။ ကျွန်တော့်နှလုံးသားက ရင်ဘတ်ထဲကနေ ပေါက်ကွဲထွက်လာတော့မလိုပင်။
ကျွန်တော့်ကို ပုခုံးပေါ်ထမ်းတင်ထားသည့်အတိုင်း ဖြိုးလေးနဲ့ရဲဘုန်းနားကို လမ်းလျှောက်သွား၏။ ဖြိုးလေးနဲ့ရဲဘုန်းလည်း သောက်ထားသမျှတွေ အံ့သြခြင်းနဲ့မျောပါသွားပုံရသည်။ ကျွန်တော့်ကိုချီပိုးထားသူကတော့ ဘာကိုမှ ဂရုမစိုက်သလို။ ပြောရရင် ဒီလိုနေရာမှာ ဒီလိုမျိုးပြုမူတာက ကျွန်တော်တို့ပဲရှိကြတာမဟုတ်လို့ အထူးအဆန်းတော့မဖြစ်။ မရိုးသားစွာခုန်ပေါက်နေတဲ့ ကျွန်တော်ရင်ခုန်သံတို့ကမှ ပျော်ရွှင်ခြင်းနဲ့မြူးထူးနေခြင်း။
လက်ချောင်းတွေချင်း အပြန်အလှန်ယှက်သွယ်ဆုပ်ကိုင်ထားလို့ ကျွန်တော် သူ့အပြုအမူအားလုံးအတွက် နေသားတကျပင်။ DJ artist ရဲ့ နှစ်သစ်ကိုကြိုဆိုသည့် countdown ရေတွက်သံ စတင်နေပေမယ့် ကျွန်တော့်စိတ်တစ်ခုလုံးကို ဆွဲဆောင်ထားတာက ကျွန်တော့်ကို ထမ်းပိုထားသူဆီမှာသာ။ အခုချိန် သူနဲ့သာမျက်နှာချင်းဆိုင်လိုက်ရရင် ကျွန်တော် ဘာလုပ်မိမလဲ ကိုယ့်ကိုကိုယ်တောင်မသိတော့။ ရင်ခုန်သံတွေ တချက်ချက်က နှစ်သစ်ကိုကြိုဆိုသည့် countdown ကိန်းဂဏန်းတွေလို...။
"3...2...1... Happy New Year!"
ကောင်းကင်ယံထိပျံတက်သွားသည့် အသံလှိုင်း။ မီးပန်းတွေဖျောခနဲ ကောင်းကင်ပေါ် လုယက်ခုန်တက်ကြသည်။ ပြန်ကြွေကျလာတဲ့ မီးပန်းမီးပွင့်တို့နဲ့ တဖျက်ဖျက်ခတ်နေတဲ့ မျက်တောင်တိုတိုတို့ကို ကျွန်တော်မြင်ရ၏။ မီးရှူးမီးပန်းတို့က သူ့ပုခုံးပေါ်ကနေ ကြည့်ခွင့်ရတာမို့ ပိုနီးကပ်စွာနဲ့ လှပနေကြတာများလား။
သေချာတယ် သူ့အပြုံးတွေနဲ့ ပြိုင်ရွေးခိုင်းရင်တော့ သက်မဲ့ဝတ္ထုတို့ရဲ့အလှတရားတွေ မှေးမှိန်ကုန်တော့မှာ...။
Countdown ပြီးတာနဲ့ ဖြိုးလေးနဲ့ရဲဘုန်းက night out ဆက်သွားဖို့ နေရာပြောင်းသည်။ photobooth မှာ ကြိတ်ကြိတ်တိုးနေကြသည့် လူတွေနဲ့ ကွင်းထဲမှာ လူတစ်စတစ်စကျဲပါးချိန်ထိစောင့်ပြီးမှ သူနဲ့ကျွန်တော် ကားရပ်ထားရာဆီ လျှောက်လာကြ၏။ တိတ်ဆိတ်မှုက အေးစိမ့်စိမ့်လေပြည်တို့ကိုပါ သယ်ဆောင်လာသည်။ ငါးနာရီလောက် ခုန်ပေါက်လှုပ်ရှားခဲ့တာ ကျွန်တော် မဟုတ်သလို။
နှစ််သစ်ရဲ့လေပြည်တို့က အကာအကွယ်လွတ်နေသည့် ကျွန်တော့်လက်မောင်းသားတို့ကို တိုးတိုက်နေ၏။ ကျွန်တော် လက်မောင်းတို့ကိုလက်ဖဝါးနှစ်ဖက်နဲ့ပွတ်နေတုန်း မီးခိုးရောင်ဂျက်ကက်လေး ပုခုံးပေါ် ရောက်လာသည်။ ကွင်းထဲကနေ ကားရပ်ထားရာဆီသွားသည့်တစ်လျှောက်လုံး ကျွန်တော့်တို့နှစ်ယောက်ကြား အထူးတလည် ငြိမ်သက်တိတ်ဆိတ်နေကြသည်။ နှစ်သစ်ရဲ့ရာသီဦးက အေးမြခြောက်သွေ့လို့။
ကားတံတားဖွင့်တော့မယ့် ကျွန်တော့်လက်တွေတားဆီးခံလိုက်ရတာ ရုတ်တရတ်။
"စကားပြောကြရအောင် အစ်ကို"
လူသူရှင်းလင်းနေတဲ့ ညချမ်းက လမ်းမီးတိုင်မှိန်မှိန်တို့နဲ့ အလင်းသဲ့သဲ့ကလေးသာရှိသည်။ ကျွန်တော်တို့ကားရပ်ထားရာက ထောင့်ဘက်အကျဆုံးနဲ့ အပင်တွေအုပ်ဆိုင်းနေသည့်နေရာမှာ။ ဒီနေရာမှာ လှုပ်ရှားရုန်းကန်နေသည့်အရာဆိုလို့ ကျွန်တော်ရဲ့ရင်ခုန်သံတွေသာရှိမည်။ ကားနောက်ဖုံးကိုဖွင့်ပြီး ကျွန်တော်ထိုင်လိုက်ပေမယ့် ဇာမဏိက မျက်နှာချင်းဆိုင်လို့ မတ်တပ်ရပ်နေဆဲ။ ကားကိုမှီပြီးလက်ထောက်လိုက်တော့ ကျွန်တော်က သူ့လက်မောင်းနဲ့ကားကြားမှာ အပိတ်ခံရသလိုဖြစ်သွားသည်။ မှောင်ရိပ်ကျနေတဲ့ သူ့မျက်လုံးတို့က ရီဝေဝေ။
"ကျွန်တော်ပြောတာ သေချာနားထောင်ပေးနော် အစ်ကို။ ကျွန်တော် ရည်းစားထားတော့မှာ"
ရုတ်တရတ်ဆန်လွန်း၏။ သစ်ရွက်တွေဝေ့ဝဲသွားခိုက်နဲ့ကြုံတာမို့ ဂျာကင်ရင်ဘတ်နှစ်စကို ကျွန်တော်စုကိုင်ဆွဲယူလိုက်ရသည်။
"တကယ်တော့ ကျွန်တော် အချိန်တွေယူပြီး ဒီထက်ပိုယုံကြည်ရအောင် သက်သေပြချင်သေးတာ။ ဒီကြားထဲ ပတ်သက်ဆက်နွယ်နေတဲ့အဖြစ်အပျက်တွေကြောင့်လည်း ကျွန်တော် ထိန်းပါတယ်။ ကိုယ့်ကိုကိုယ် ဆုံးမနေရင်းနဲ့ကို လွတ်ထွက်သွားတာ။ ဒီအခြေအနေအတိုင်းဆက်နေရင်လည်း ရတယ်။ ဒါပေမယ့် ကျွန်တော် တန်ဖိုးထားချင်တယ်။ တချို့ ခံစားချက်နဲ့ဆိုင်တဲ့စကားတွေကို ရှောင်ပြီးပြောဆိုနေရတာထက် ပွင့်ပွင့်လင်းလင်းနဲ့ အတည်တကျ နေရာယူပြီးတရားဝင်သက်ဆိုင်ချင်တယ်။ အဲ့ဒါကြောင့် အစ်ကိုရော ကျွန်တော်နဲ့ရည်းစားလုပ်ဖို့ အဆင်သင့်ဖြစ်ရဲ့လား"
"ဟမ်!"
ကျွန်တော် ကြောင်ငေးငေးဖြစ်သွားတော့ သူ့မျက်နှာက အားမလိုအားမရ။
"ကိုယ်နဲ့လား"
"ကျွန်တော်က လူဘယ်နှယောက်လောက်နဲ့ အီစီကလီလုပ်နေတယ်ထင်လို့လဲ အစ်ကိုရဲ့။ အစ်ကိုနဲ့ မဟုတ်လို့ ဘယ်သူနဲ့ဖြစ်ရဦးမှာလဲ"
ဒီတစ်နေ့တည်းနဲ့ သူနဲ့ကျွန်တော်ကြားအမှတ်တရဖြစ်စရာတွေများလွန်းလို့ ကျွန်တော့်ဦးနှောက်ရဲ့တုန့်ပြန်နိုင်မှု စွမ်းရည်တွေပင် ကျဆင်းခဲ့ပုံရသည်။ ခြေဖျားလက်ဖျားတွေလည်း အေးစက်ပြီး ရင်ထဲမှာလှုပ်ရှားနေရခြင်းက ဘယ်တုန်းကမှမဖြစ်ဖူးတာမျိုး။
ကျွန်တော့်ပါးပြင်တစ်ဖက်ကို အုပ်ကိုင်လာတဲ့ သူ့လက်ချောင်းထိပ်တို့ကလည်း ထပ်တူညီအေးစက်လို့။ သူလည်း ကျွန်တော့်လိုပဲ ရင်တွေခုန်တာ ခံစားမိနေသည်။
"ချစ်တယ် အစ်ကိုရဲ့။ ကျွန်တော် ဒီစကားကို မပြောဘဲထပ်နေရရင် ရူးသွားလိမ့်မယ်။ ချစ်..."
ရီဝေဝေဖမ်းစားနေတဲ့မျက်ဝန်းတွေနဲ့ ချစ်ခွန်းတွေခြွေနေတဲ့နှုတ်ခမ်းပါး။ ရင်ခုန်သံတွေ အတိုင်းအဆမဲ့အောင် သူရည်ရွယ်ချက်ရှိရှိပြုမူနေတာလား။ လှုပ်ရှားနေတဲ့နှုတ်ခမ်းတွေကို ကျွန်တော့်အနမ်းနဲ့ချိတ်ပိတ်လိုက်တာ ကျွန်တော်ကိုယ်တိုင်တောင် မစဥ်းစားမိခင်။ ဖျတ်ခနဲ ထိစပ်ရုံ အနမ်းတစ်ပွင့်။ သူ ကြောင်ငေးသွား၏။ ဒါက ရင်ခုန်သံတွေ ပြန့်ကျဲစေမှုအတွက် ကျွန်တော်ပေးတဲ့အပြစ်ဒဏ်။
"ကိုယ်လည်း မင်းကောင်လေးလုပ်ဖို့ အဆင်သင့်ဖြစ်တာ ကြာပါပြီ"
အခုမှ အပြုံးတွေခပ်ပြီး အသက်ဝင်လာတဲ့နှုတ်ခမ်းထောင့်စွန်းတွေ။ ကျွန်တော့်ကို ရင်ခွင်ထဲဆွဲသွင်းပစ်လိုက်တော့ လှုပ်ရှားရုန်းကန်နေတဲ့ရင်ခုန်သံတွေ ထိစပ်သွားကြ၏။
"ကျွန်တော် စိုးရိမ်နေတာ အစ်ကို။ ဘာလို့ချစ်တာလဲမေးရင် ကျွန်တော့်မှာ အစ်ကိုဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်ကလွဲပြီး မရှိဘူး။ အနေနီးလို့အထင်မှားတာ စွပ်စွဲရအောင်လည်း အနေမနီးခင်တည်းက အစ်ကို့နားရှိချင်ခဲ့တာတွေကို သက်သေပြလို့မရဘူး။ ဒါပေမယ့် ဒီထက်မြိုသိပ်နေရရင်လည်း ဒီကောင်ရူးသွားဖို့ပဲရှိတော့တယ်။ ချစ်တယ် အစ်ကိုရဲ့"
နိမ့်ချည်မြင့်ချည်ရုန်းကန်နေတဲ့ သူ့ရင်ဘတ်က စကားလုံးတွေ ကျွန်တော့်ရင်ဘတ်ဆီပြေးထွက်လာကြသည်။
"ကိုယ့်ဘဝမှာ စွဲလန်းစိတ်ကို မေတ္တာနဲ့ရောထွေးခဲ့တာတွေရှိတာ မင်းသိပါတယ်။ သံယောဇဥ်တွေမြဲချင်တာ မင်းနဲ့မှ။ ကိုယ် မင်းကို အမြဲအားနာနေခဲ့တာ။ ကိုယ့်ရဲ့ မလုံခြုံတဲ့စိတ်တွေနဲ့ မင်းအပေါ် ရင့်သီးခဲ့မိတာတွေအတွက်။ ပြီးတော့ မင်းကိုအမြဲပြောပြချင်နေခဲ့တဲ့ အမှန်တရားတစ်ခုရှိတယ်။ ကိုယ် သူ့ကိုဘယ်တုန်းကမှ မနမ်းခဲ့ဘူး။ အဲ့တုန်းက ပဲခူးမှာ မင်းနေရာကကြည့်လိုက်ရင် အဲ့လိုထင်နိုင်ပေမယ့် ကိုယ်မလုပ်ခဲ့ဘူး။ ဒါကိုရှင်းပြထားတာ တစ်ချိန်ချိန် ကိုယ်တို့ကြားအက်ကြောင်းတွေထင်လာမှ ဒါတွေက တရားခံဖြစ်နေမှာဆိုးလို့"
"ကျွန်တော်က အစ်ကို့ကို သိမ်ငယ်စေမယ့်ကောင်လား အစ်ကိုရယ်"
"မင်းက ကိုယ့်ကိုစောင့်ရှောက်ပေးနိုင်ဆုံးလူပါ။ ဒါပေမယ့် တစ်ချိန်ချိန် မင်း ပြန်တွေးပြီး ဝမ်းနည်းရမှာမျိုးတွေ ကိုယ်မလိုချင်ဘူး။ ဖြစ်လာခဲ့ရင် ကိုယ့်ကိုကိုယ် မုန်းမိမှာ"
"ရော်...ငယ်တဲ့အချိန် ဖြစ်တဲ့ ပိစိကွစိခံစားချက်လေးတွေကိုတွေးပြီး ကျွန်တော်က ကိုယ့်ကိုကိုယ် roll မချဘူးနော်။ အစ်ကိုက အရမ်းချစ်တဲ့ကောင်ဆိုပြီး စိတ်ကြီးဝင်မယ့်လူ။ ကိုယ့်ကိုကိုယ် မုန်းဖို့ပြောမယ့်အစား မင်းကို ချစ်တယ်လို့ပြောပါလား"
ရင်ခွင်ထဲကဆွဲခွာပြီး မျက်လုံးတွေကို တေ့ဆိုင်ကြည့်ပုံက ဂျစ်တူးတူးနိုင်၏။ မဖြေမချင်း ကျွန်တော့်ကို မလွတ်ပေးတော့မလိုမျိုး။ ကျွန်တော်ရယ်တော့ သူပါပြုံးသည်။
"ချစ်တယ်"
"ဘယ်သူကလဲ"
"ကိုယ်က..."
"ဘယ်သူ့ကိုတုန်း အစ်ကိုရဲ့"
"မင်းကို...မင်းကို! ကိုယ့်ရှေ့က မင်းကို"
ကျွန်တော် အသံထွက်သည်အထိ ရယ်ပစ်လိုက်၏။ လူကြီးရှက်တော့ရယ်ဆိုသလိုပဲ အခုမှ အရွယ်ရောက်တဲ့လူပျိုပေါက်လေးလို ကျွန်တော့်မှာ သူ့စကားတွေကြောင့် ကာရန်မညီတဲ့ရင်ခုန်သံတွေနဲ့။ ဦးတည်ရာပြောင်းသွားတဲ့ သူ့မျက်ဝန်းတွေက ကျွန်တော့်ဘယ်ဘက်မေးရိုးအစပ်ပေါ်က မှဲ့စက်မှိန်လေးပေါ်မှာဖြစ်သည်။
"ကျွန်တော် နမ်းမယ်နော်"
မှဲ့စက်ရှိရာကို ဖွဖွဖိပွတ်ပြီး ပါးပြင်ထဲနစ်ဝင်လာတဲ့ အကြင်နာတစ်ပွင့်။ ကျွန်တော် သူ့အင်္ကျီရင်ဘတ်ကိုဆွဲပြီး အားယူလိုက်ရသည်။ ကျေနပ်ပီတိဝေသွားတဲ့ မျက်ဝန်းနက်တွေနဲ့ ကျွန်တော့်မျက်နှာကို တစိမ့်စိမ့်စိုက်ကြည့်ပြန်၏။ ကျွန်တော့်ရှက်ရွံ့မှုတွေက ရယ်သံတွေအဖြစ်သာ အသွင်ပြောင်းနိုင်တော့သည်။
"ကိုယ်လည်း မင်းကို..."
လည်တိုင်ကနေဆွဲယူပြီး ကျွန်တော့်အနမ်းက သူ့နှုတ်ခမ်းတွေပေါ်မှာ။ သူ့ထက်စောပြီး အောက်စီဂျင်ကိုရှူရှိုက်ခဲ့တာ သူလုပ်သမျှ ရှက်နေဖို့မဟုတ်ဘူး။ ဒီနေရာမှာတော့ ဘဝရဲ့စီနီယာတစ်ယောက်အနေနဲ့ ချစ်သူရည်းစားတွေရဲ့တကယ့်အနမ်းအစစ်ကို ကျွန်တော် သင်ပြပေးလိုက်၏။
နှစ်ယောက်လုံးအတွက် ဦးဆုံးအနမ်းတွေမို့ လှုပ်ရှားမှုမရှိ ဖိကပ်ထိစပ်ရုံပါပဲ။ ကြင်နာမိကြတာ ရယ်သံလေးတွေအထိ...။
******************************
မျက်လုံးတွေဖွင့်လိုက်တာနဲ့ နှုတ်ခမ်းတွေကွေးတက်သွား၏။ လိုက်ကာစကြားက မှိန်ပျပျနေအလင်းရောင်လေးက ရင်ထဲလှိုက်ဖိုလှုပ်ရှားနေတာတွေကို အားပေးအားမြှောက်လုပ်နေသည်။ ညက အိမ်ပြန်နောက်ကျခဲ့ပေမယ့် နိုးလာတော့လည်း အစောကြီး။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျပစ်လိုက်ရင် အိပ်မက်တွေဖြစ်သွားတော့မှာ စိုးသလိုမျိုး။
ခြေထောက်တွေကို လေထဲကန်ထုတ်ပစ်ပြီး ကျွန်တော် ရယ်မိပြန်သည်။ ရင်ဘတ်ထဲဖက်ထားမိတဲ့ ခေါင်းအုံးကိုလည်း အသည်းတယားယားနဲ့ ကိုက်ပစ်လိုက်၏။ ရည်းစားရသွားတဲ့ ခံစားချက်ကြီးက ဘယ်လိုမှန်းမသိ။ အူကို လေတိုးနေသလို တလှပ်လှပ်နဲ့။ ဘာမှမဟုတ်ဘဲလည်း ရယ်ချင်နေသည်။ မနက်ငါးနာရီခွဲဆို သူ အိပ်ရာထတတ်ပေမယ့် မနေ့ညက အိမ်ပြန်နောက်ကျလို့ နိုးမှနိုးပါ့မလား။ စာတစ်စောင်ပို့ဖို့ သူ့ contact ဖွင့်တာတောင် ကျွန်တော့်မှာ သူအနီးကပ် စိုက်ကြည့်နေသလို ခံစားချက်ကြီးနဲ့။
_အိပ်တုန်းလား။
စာတစ်စောင် ပြန်ဝင်လာတာက ချက်ချင်း။
_တရေးမှကို မအိပ်ရသေးတာ အစ်ကိုရဲ့
_ဘာဖြစ်လို့လဲ နေလို့မကောင်းဘူးလား
_အစ်ကို ကျွန်တော့်ကောင်လေးဖြစ်သွားတာ ပျော်နေလို့
အညာသား စကားတတ်ကြီး။ ဘယ်အချိန် ဘယ်လိုခြွေရမလဲ သူပဲသိ။ တကူးတကလုပ်ယူနေတာမဟုတ်ဘဲ သူ့ရဲ့မူပိုင် ရိုးရှင်းပွင့်လင်းမှုတွေနဲ့ ခြွေယူနေတာ ဒီကိုးတောင်ကျားက။
_အိပ်မပျော်တော့ဘူးဆို လမ်းလျှောက်ကြမလား။ အင်းလျားမှာ
_သွားမယ်လေ အစ်ကို။ ဆင်းလာခဲ့။ ကျွန်တော် စောင့်နေမယ်
စာမပြန်တော့ဘဲ အားကစားဝတ်စုံပြေးထုတ်၊ မျက်နှာသစ်နဲ့ ကျွန်တော့်နံနက်ခင်း အလုပ်ရှုပ်သွား၏။ အပြင်မှာ နေတောင် သေချာမထွက်လာသေး။
"သား အစောကြီးနိုးနေတယ်။ ညကလည်း အိမ်ပြန်နောက်ကျတယ်မလား"
အရုဏ်ဆွမ်းကပ်ပြီးထွက်လာတဲ့ ဒေါ်ဒေါ်မေသက်က အံ့သြတကြီးမေးလာ၏။ အခုဆို ကျွန်တော့်ကိုပါ ဥပေက္ခာပြုထားချင်တဲ့မာမီ့ကြောင့် ဒေါ်ဒေါ်မေသက်တစ်ယောက် ကျွန်တော်တို့အိမ်မှာပဲနေဖြစ်တော့သည်။ ကျွန်တော့်ရဲ့မတည်နိုင်တဲ့ မျက်နှာက ဒေါ်ဒေါ်မေသက်ကို မျက်နှာချိုသွေးလို့ ပြုံးပြမိသည်။ တကယ်က နှုတ်ခမ်းတွေတည်တင်းထားလို့မရတော့တာ မနေ့ညတည်းက။
"သား အိပ်မပျော်လို့ အင်းလျားမှာ လမ်းသွားလျှောက်ဦးမယ် ဒေါ်ဒေါ်။ မနက်စာမလုပ်နဲ့တော့။ သားဝယ်လာခဲ့မယ်"
"ဒါဆို သားမာမီစားချင်တယ်ပြောနေတဲ့ အာလူးပူတီနှစ်ပွဲနဲ့ လက်ဖက်ရည် ချိုပေါ့ကျလေးဝယ်ခဲ့ပါ"
"ဟုတ် သား ၇နာရီမကျော်ခင် ပြန်လာခဲ့မယ်"
ဇန်နဝါရီရဲ့ လတ်လတ်ဆတ်ဆတ် လေပြည်ဦးက ကျွန်တော့်အပျော်တွေကို ဖေးကူနေသည်။ တိုက်အောက်ဆုံးမှာ နံရံကိုမှီပြီး စောင့်နေတဲ့လူပုံသဏ္ဍာန်ကို မြင်တာနဲ့ သွေးကြောမျှင်တွေပါ နိုးနိုးကြားကြားဖြစ်ကုန်သည်။ နံနက်ခင်း ဦးဆုံးမြင်ရတဲ့အပြုံးနုနုက အမြင်နဲ့တင် ချိုလို့။
"ကားနဲ့သွားပြီးမှ လမ်းလျှောက်မလား အစ်ကို"
"ကားမယူတော့ဘူး။ လမ်းပဲလျှောက်ကြမယ်"
အိမ်ရာဝင်းကိုကျော်တာနဲ့ ဘောင်းဘီအိတ်ထဲက ကျွန်တော့်လက်တစ်ဖက် သူ့လက်ဖဝါးထဲပါသွားသည်။ လက်ချောင်းတွေကြားထဲယှက်သွယ်ဆုပ်ကိုင်ရတာကို သူသဘောကျပုံရ၏။ နှစ်သစ်နံနက်ခင်း လူသူရှင်းလင်းနေပေမယ့် ကျွန်တော် ပတ်ဝန်းကျင်ကို စူးစမ်းပြီး မဝံ့မရဲဖြစ်ရသည်။
"လူတွေရှိနေမယ်"
"ညကသောင်းကျန်းထားလို့ အိပ်ကောင်းနေကြတာ။ ဘယ်သူမှမရှိဘူး"
တွဲထားတဲ့လက်ကနေ သူ့ဘက်ကိုကပ်သွားအောင် ဆွဲယူသေးသည်။
"ရည်းစားထားတာ ဘာလုပ်ဖို့လဲ သိလား အစ်ကို"
"ဘာလုပ်ဖို့တဲ့လဲ"
"နှစ်ယောက်အတူတူရှိနေရင် လက်ကလေးကိုင်ထားဖို့ပေါ့ အစ်ကိုရဲ့"
မှတ်သားလောက်စရာ သူ့စကား။
မှတ်သားထားဖို့ထက် ပူးပေါင်းဆောင်ရွက်ဖို့သာ လိုပါသည်။
JustinBieber_ Boyfriend
#########################
August 20.2021.(Friday)
🌼
"သားႀကီးတို႔ ငါ ဘာရလာလဲသိလား"
Ward ထဲဝင္လာတဲ့ ၿဖိဳးေလးမ်က္ႏွာက မႈိရတာထက္႐ႊင္ေနသည္။
"ေယာက္်ားရလာလို႔လား"
"မေစာ္ကားနဲ႔ အ႐ိုင္းစိုင္း!"
ရဲဘုန္းကေထာက္ေတာ့ ၿဖိဳးေလးက လက္သီးလက္ေမာင္းတန္းၿပီး ေအာ္သည္။
"ဘာရလာတယ္ဆိုတာပဲ အရင္ေျပာၾကည့္ပါဦး"
"ဒီမွာေလ ဒီမွာၾကည့္"
ၿဖိဳးေလးျမဴးေနသေလာက္ ကြၽန္ေတာ္တစ္ခ်က္ၾကည့္ၿပီး report ေတြဆက္ေရးေနလိုက္သည္။
"EDM King ႀကီးက ရင္ေတာင္မခုန္ဘူးေပါ့ေလ။ ဒါ ႐ိုး႐ိုးလက္မွတ္မဟုတ္ဘူးေနာ္ new year countdown ပြဲကိုမွ VIP တန္း စပြန္ဆာရလာတာ"
(EDM _ Electric Dance Music)
ၿဖိဳးေလးက လက္မွတ္ေတြကို ကြၽန္ေတာ့္မ်က္ႏွာေရွ႕ ယမ္းခါျပ၏။ December 31 မွာလုပ္မယ့္ 808 EDM ပြဲ။ အရင္ကေတာ့ EDM ပြဲဆို လက္မွတ္ဝယ္တဲ့အခ်ိန္ကစၿပီး မလြတ္တမ္း အားေပးၾကမ္းခဲ့တဲ့ ကြၽန္ေတာ့္ကို အတြင္းသိအဆင္းသိေတြက EDM King ဆိုၿပီးစေနာက္တတ္ၾကသည္။ အခုေတာ့ လက္မွတ္ေတြ ကြၽန္ေတာ့္မ်က္စိေရွ႕ ေဝ့ဝဲေနတာေတာင္ ကြၽန္ေတာ္ မလႈပ္မယွက္နဲ႔မို႔ ရဲဘုန္းပင္ စူးစူးစမ္းစမ္းျဖစ္သြားသည္။
"မင္းအႀကိဳက္ဆုံးပြဲမလား ေနေသာ္။ တျခားလုပ္စရာရွိလို႔လား"
"မရွိပါဘူး။ ဒီအတိုင္းပဲ ငါ စိတ္မပါလို႔"
"ဟာ! စိတ္မပါလို႔ မရဘူးေနာ္။ ဒါ မင္းရဲ႕အီစီကလီေကာင္ငယ္ေလး ဝယ္ခိုင္းထားလို႔ ငါ့မွာ အသည္းအသန္ျပန္ရွာဝယ္ထားရတာ"
"ဇာမဏိ ဝယ္ခိုင္းတာလား"
ကြၽန္ေတာ့္လက္ထဲရွိေနတဲ့ ေဘာပင္က စားပြဲေပၚလိမ့္ဆင္းသြား၏။
"ေအးေလ။ ဘယ္သူရွိေသးလို႔လဲ။ အခုရက္ေတြ အစ္ကိုအရမ္းပင္ပန္းေနတာ တစ္ခုခုလုပ္ေပးခ်င္တယ္ အစ္ကိုက ဘာႀကိဳက္တတ္လဲေမးလို႔ေလ။ EDM ပြဲႀကိဳက္တယ္ဆိုေတာ့ သူမသိတာနဲ႔ ငါပဲအကုန္ရွင္းျပ ၿပီးလည္းၿပီးေရာ လက္မွတ္တန္းဝယ္ခိုင္းေတာ့တာပဲ။ ငါနဲ႔ရဲဘုန္းအတြက္ပါ ေလးေယာက္စာ"
"ဘယ္လိုလဲ သြားမယ္မလား"
ရဲဘုန္းက ပုခုံးကိုလွမ္းဖက္ ေမး၏။
"ဝယ္ၿပီးမွေတာ့ သြားရေတာ့မွာေပါ့"
"ေတာ္႐ုံပဲအပိုေျပာ။ ရည္းစားမျဖစ္ေသးတဲ့ ရည္းစားေလးကဝယ္ေပးလို႔ သြားရင္သြားတယ္ေပါ့။ ရပ္ဝန္းေနေသာ္ေတာင္ အပိုေတြလုပ္တတ္ေနၿပီ"
အပိုဆိုလည္း အပိုေပါ့။ သြားေစခ်င္လို႔ေတာင္ တိုးတိုးတိတ္တိတ္စီစဥ္ေပးထားသူရဲ႕ေစတနာေတြကို ကြၽန္ေတာ္က ဘယ္လိုမ်ားလ်စ္လ်ဴရႈႏိုင္မွာတဲ့လဲ။
***************************
သဘာဝကပဲ ခြဲခြာရျခင္းကိုသိတတ္သလား။ ႏွစ္တစ္ႏွစ္ကိုႏႈတ္ဆက္ရမယ့္ ဒီဇင္ဘာရဲ႕ေနာက္ဆုံးေန႔ရက္မို႔ ရာသီဥတုက အပူေလ်ာ့ေလ်ာ့နဲ႔ ညိဳးေရာ္ခ်င္ေနသည္။ မာမီတို႔ staff party အတြက္ မန္ေနဂ်ာကိုစိုးနဲ႔လိုက္ၿပီး ဝန္ထမ္းေတြကို လက္ေဆာင္ေပးမည့္ပစၥည္းေတြဝယ္တာနဲ႔တင္ တစ္ေနကုန္။ အိမ္ျပန္ေရာက္ ေရမိုးခ်ိဳးၿပီးထြက္လာေတာ့ တိုက္ေရွ႕ကားထိုးထားၿပီး ေစာင့္ေနသူကိုေတြ႕ရသည္။
"သုဝဏၰဘက္ကို မင္းေသခ်ာသိမွာမဟုတ္ဘူး။ ကိုယ္ေမာင္းမယ္"
ကားေသာ့လွမ္းယူၿပီး အနက္ေရာင္တီရွပ္လက္ျပတ္နဲ႔ ripped jeans ဝတ္လာတဲ့ ကြၽန္ေတာ္က ေျခဆုံးေခါင္းဆုံးအျပန္ျပန္အလွန္လွန္အၾကည့္ခံလိုက္ရ၏။
"ဘာျဖစ္လို႔လဲ"
"ေဆာင္းရာသီႀကီး မေအးဘူးလား အစ္ကိုရဲ႕။ လက္ရွည္ေလးဝတ္ပါလား"
"ကြင္းထဲေရာက္ရင္ အရမ္းပူတာ။ ေအးလည္း ခဏပဲ"
ေျဖရွင္းခ်က္ကို အျပည့္အဝေက်နပ္ပုံမရေပမယ့္ ဘာမွမေျပာ။ ေပၚေနတဲ့လက္ေမာင္းသားေတြကိုလွမ္းၾကည့္ၿပီး ႐ုပ္ကမေက်မလည္နဲ႔။ ကြၽန္ေတာ္အခု သဝန္တိုခံေနရတာလား။ အညာေျမေပၚ ႀကီးျပင္းလာသူျဖစ္ေပမယ့္ အတိုအျပတ္ေတြ မဝတ္တတ္တဲ့သူကေတာ့ ထုံးစံအတိုင္း တီရွပ္ကိုအေပၚထပ္တစ္ထည္တင္ထားေသး၏။ မီးခိုးေရာင္ ဂ်င္းကုတ္က မႈန္မႈိင္းေနေပမယ့္ ပုခုံးက်ယ္က်ယ္၊ အရပ္ရွည္ရွည္နဲ႔ သူ႔ပုံစံက လူၾကားထဲထင္ရွားေနတုန္းပင္။
The One Entertainment Park ကို ေရာက္ေတာ့ ပြဲစဖို႔မလိုေတာ့။ အရင္ေရာက္ႏွင့္ေနတဲ့ ၿဖိဳးေလးနဲ႔ ရဲဘုန္းကို ဖုန္းဆက္ရ၏။ ၿဖိဳးေလးက ကြၽန္ေတာ္နဲ႔ဇာမဏိလက္ကိုဆြဲၿပီး PhotoBooth ေပၚဇြတ္တင္သည္။ ႏွစ္ေယာက္တည္း ဓါတ္ပုံမ႐ိုက္ဖူးတာမို႔ ကြၽန္ေတာ္ ကို႔႐ို႕ကားယားျဖစ္ေနသေလာက္ ဇာမဏိလက္တစ္ဖက္က ကြၽန္ေတာ့္ပုခုံးေပၚေရာက္လာတာ ေအးေအးေဆးေဆး။ ရဲဘုန္းလက္ထဲေတာင္ သူ႔ဖုန္းလွမ္းေပးၿပီး ဓါတ္ဖမ္းခိုင္းလိုက္ေသးသည္။ ကဲ လုပ္ခ်ေတာ့။
လက္မွတ္က VIP တန္းမို႔ စင္ေပၚေရာက္တာနဲ႔ service ေပးထားတဲ့ beer tower ေတြၾကား ရဲဘုန္းနဲ႔ၿဖိဳးေလး ေခါင္းစိုက္သြားသည္။ ကြင္းတစ္ခုလုံးက လူငယ္ေတြရဲ႕ တက္ႂကြငယ္႐ြယ္ျခင္းမ်ားေၾကာင့္ ေႏြးေႏြးေထြးေထြး။ ေလထုကိုလႊမ္းၿခဳံလာတဲ့ ဂီတသံေတြက အေမွာင္ထုဖုံးအုပ္ထားတဲ့ ေကာင္းကင္ေပၚထိ ေျပးခုန္တက္ကုန္သည္။ ၾကမ္းတစ္လွည့္၊ ႏုတစ္လွည့္ ေတးဂီတက လူတစ္ကိုယ္လုံးကိုဆြဲကိုင္ၿပီး အာကာသ space ထဲပစ္လႊတ္လိုက္သလိုပင္။
"အဆင္ေျပရဲ႕လား"
ဒီလို ဆူညံျမဴးႂကြတဲ့ေနရာကို ပထမဆုံးလာေရာက္ျခင္းျဖစ္တဲ့သူရဲ႕နားနား လက္ဖဝါးအုပ္ၿပီးကပ္ေမးလိုက္ရသည္။ အေျဖမလာခင္ သံစဥ္ထဲခုန္က်သြားတဲ့အၿပဳံးပြင့္က ပြဲကိုေထာက္ပံ့ထားတဲ့အလင္းေရာင္တို႔ၾကား လက္ခနဲ။
"အရမ္းေျပတယ္။ ကြၽန္ေတာ့္ကို စိတ္မပူနဲ႔။ အစ္ကို စိတ္လြတ္ကိုယ္လြတ္ေန"
နား႐ြက္ဖ်ားထဲဝင္လာတဲ့ စကားလုံးေတြေၾကာင့္ ကြၽန္ေတာ့္တစ္ကိုယ္လုံး စီးခ်က္ေတြနဲ႔ ပိုမိုလြင့္ေမ်ာသြား၏။ ဘီယာေတြမပါဘဲေတာင္ ကြၽန္ေတာ့္ေပ်ာ္႐ႊင္ျခင္းမ်ား ရီေဝပ်ံ႕လြင့္ကုန္သည္။ အျပင္းစားထိဖို႔အာ႐ုံမရတာမို႔ ရဲဘုန္းအပိုေဆာင္းဝယ္လာတဲ့ စပိုင္ေတြက ကြၽန္ေတာ္နဲ႔ ဇာမဏိအတြက္ျဖစ္သြားသည္။ ေပ်ာ္႐ႊင္ျခင္းရဲ႕ ကူးစက္တတ္တဲ့ ဂုဏ္သတၱိေၾကာင့္ ေတာ္တန္႐ုံ အရည္ေတြေရွာင္တတ္တဲ့ ဇာမဏိလက္ထဲမွာေတာင္ စပိုင္တစ္လုံးနဲ႔။ သူလြတ္ေျမာက္ခြင့္ေပးထားတဲ့ အၿပဳံးတို႔က အိပ္တန္းမျပန္ေတာ့။ ကြၽန္ေတာ္တို႔လို ခုန္ေပါက္ေနတာမ်ိဳးမဟုတ္ဘဲ တည္ၿငိမ္စြာနဲ႔ စီးေမ်ာေနတဲ့ သူ႔မ်က္ႏွာတစ္ျခမ္းက ေရာင္စုံမီးတဖ်တ္ဖ်တ္ေအာက္မွာ ကြၽန္ေတာ္ အၾကည့္ေတြမလႊဲႏိုင္။
ဂီတနဲ႔ေရတြက္တဲ့ နာရီလက္တံတို႔ေပၚမွာ လြတ္လပ္ျခင္းမ်ား ျမဴးထူးေပ်ာ္ပါးေနၾကသည္။
ပြဲခ်ိန္တစ္ဝက္ေလာက္မွာ ၿဖိဳးေလးနဲ႔ ရဲဘုန္းက ကြင္းျပင္ဘက္ကို ဆင္းသြား၏။ မြန္းၾကပ္ခဲ့သမွ်အရာအားလုံးက သံစဥ္နဲ႔ေဖ်ာ္တဲ့ အခ်ိဳပြဲထဲေပ်ာ္က်ကုန္သည္။ ဒီခဏတာမွာ ေသြးေၾကာမွ်င္ေတြထဲ တိုးဝင္ေနတဲ့ DJ သံကလြဲလို႔ ဘာမွမရွိ။ ၁၂နာရီကို ေ႐ြ႕လ်ားေနတဲ့ စကၠန္႔တံတို႔နဲ႔ ႏွစ္သစ္ကိုႀကိဳဆိုဖို႔ CountDown စေရေတာ့မည္။
"ကိုၿဖိဳးေလးတို႔နား သြားမလား"
"သြားမယ္ေလ"
ဇာမဏိက ကြၽန္ေတာ့္လက္ဖဝါးတစ္ဖက္ကို လွမ္းဆြဲၿပီး VIP စင္ရဲ႕ ေလွကားကေနေျပးဆင္းသည္။ ေအာက္ဆုံးေလွကားထစ္ကိုနင္းျဖတ္ေတာ့မယ့္ ကြၽန္ေတာ့္ေျခလွမ္းေတြက ဒူးေထာက္ေက်ာေပးလာသူရဲ႕ ဆြဲယူျခင္းနဲ႔ ေျခေထာက္ႏွစ္ဖက္ သူ႔ပုခုံးေပၚခြလ်က္ပါသြားသည္။
"ဇာမဏိ!"
Alcohol ဓါတ္အနည္းဆုံး စပိုင္ကပဲ ကြၽန္ေတာ့္ဦးေႏွာက္ေတြကို မူးေဝသြားေစသလား။ ကြၽန္ေတာ္ အလန္႔တၾကားနဲ႔ သူေျမႇာက္တင္ဆုပ္ကိုင္ေပးထားတဲ့ လက္ႏွစ္ဖက္ကိုတင္းတင္းၾကပ္ၾကပ္ကိုင္ထားမိေတာ့၏။ ေခါင္းေမာ့ၿပီး ၿပဳံးျပတဲ့သူ႔မ်က္ႏွာကို အေပၚစီးကျမင္ရသည့္ ခံစားခ်က္။ ကြၽန္ေတာ့္ႏွလုံးသားက ရင္ဘတ္ထဲကေန ေပါက္ကြဲထြက္လာေတာ့မလိုပင္။
ကြၽန္ေတာ့္ကို ပုခုံးေပၚထမ္းတင္ထားသည့္အတိုင္း ၿဖိဳးေလးနဲ႔ရဲဘုန္းနားကို လမ္းေလွ်ာက္သြား၏။ ၿဖိဳးေလးနဲ႔ရဲဘုန္းလည္း ေသာက္ထားသမွ်ေတြ အံ့ၾသျခင္းနဲ႔ေမ်ာပါသြားပုံရသည္။ ကြၽန္ေတာ့္ကိုခ်ီပိုးထားသူကေတာ့ ဘာကိုမွ ဂ႐ုမစိုက္သလို။ ေျပာရရင္ ဒီလိုေနရာမွာ ဒီလိုမ်ိဳးျပဳမူတာက ကြၽန္ေတာ္တို႔ပဲရွိၾကတာမဟုတ္လို႔ အထူးအဆန္းေတာ့မျဖစ္။ မ႐ိုးသားစြာခုန္ေပါက္ေနတဲ့ ကြၽန္ေတာ္ရင္ခုန္သံတို႔ကမွ ေပ်ာ္႐ႊင္ျခင္းနဲ႔ျမဴးထူးေနျခင္း။
လက္ေခ်ာင္းေတြခ်င္း အျပန္အလွန္ယွက္သြယ္ဆုပ္ကိုင္ထားလို႔ ကြၽန္ေတာ္ သူ႔အျပဳအမူအားလုံးအတြက္ ေနသားတက်ပင္။ DJ artist ရဲ႕ ႏွစ္သစ္ကိုႀကိဳဆိုသည့္ countdown ေရတြက္သံ စတင္ေနေပမယ့္ ကြၽန္ေတာ့္စိတ္တစ္ခုလုံးကို ဆြဲေဆာင္ထားတာက ကြၽန္ေတာ့္ကို ထမ္းပိုထားသူဆီမွာသာ။ အခုခ်ိန္ သူနဲ႔သာမ်က္ႏွာခ်င္းဆိုင္လိုက္ရရင္ ကြၽန္ေတာ္ ဘာလုပ္မိမလဲ ကိုယ့္ကိုကိုယ္ေတာင္မသိေတာ့။ ရင္ခုန္သံေတြ တခ်က္ခ်က္က ႏွစ္သစ္ကိုႀကိဳဆိုသည့္ countdown ကိန္းဂဏန္းေတြလို...။
"3...2...1... Happy New Year!"
ေကာင္းကင္ယံထိပ်ံတက္သြားသည့္ အသံလႈိင္း။ မီးပန္းေတြေဖ်ာခနဲ ေကာင္းကင္ေပၚ လုယက္ခုန္တက္ၾကသည္။ ျပန္ေႂကြက်လာတဲ့ မီးပန္းမီးပြင့္တို႔နဲ႔ တဖ်က္ဖ်က္ခတ္ေနတဲ့ မ်က္ေတာင္တိုတိုတို႔ကို ကြၽန္ေတာ္ျမင္ရ၏။ မီးရႉးမီးပန္းတို႔က သူ႔ပုခုံးေပၚကေန ၾကည့္ခြင့္ရတာမို႔ ပိုနီးကပ္စြာနဲ႔ လွပေနၾကတာမ်ားလား။
ေသခ်ာတယ္ သူ႔အၿပဳံးေတြနဲ႔ ၿပိဳင္ေ႐ြးခိုင္းရင္ေတာ့ သက္မဲ့ဝတၳဳတို႔ရဲ႕အလွတရားေတြ ေမွးမွိန္ကုန္ေတာ့မွာ...။
Countdown ၿပီးတာနဲ႔ ၿဖိဳးေလးနဲ႔ရဲဘုန္းက night out ဆက္သြားဖို႔ ေနရာေျပာင္းသည္။ photobooth မွာ ႀကိတ္ႀကိတ္တိုးေနၾကသည့္ လူေတြနဲ႔ ကြင္းထဲမွာ လူတစ္စတစ္စက်ဲပါးခ်ိန္ထိေစာင့္ၿပီးမွ သူနဲ႔ကြၽန္ေတာ္ ကားရပ္ထားရာဆီ ေလွ်ာက္လာၾက၏။ တိတ္ဆိတ္မႈက ေအးစိမ့္စိမ့္ေလျပည္တို႔ကိုပါ သယ္ေဆာင္လာသည္။ ငါးနာရီေလာက္ ခုန္ေပါက္လႈပ္ရွားခဲ့တာ ကြၽန္ေတာ္ မဟုတ္သလို။
ႏွစ္္သစ္ရဲ႕ေလျပည္တို႔က အကာအကြယ္လြတ္ေနသည့္ ကြၽန္ေတာ့္လက္ေမာင္းသားတို႔ကို တိုးတိုက္ေန၏။ ကြၽန္ေတာ္ လက္ေမာင္းတို႔ကိုလက္ဖဝါးႏွစ္ဖက္နဲ႔ပြတ္ေနတုန္း မီးခိုးေရာင္ဂ်က္ကက္ေလး ပုခုံးေပၚ ေရာက္လာသည္။ ကြင္းထဲကေန ကားရပ္ထားရာဆီသြားသည့္တစ္ေလွ်ာက္လုံး ကြၽန္ေတာ့္တို႔ႏွစ္ေယာက္ၾကား အထူးတလည္ ၿငိမ္သက္တိတ္ဆိတ္ေနၾကသည္။ ႏွစ္သစ္ရဲ႕ရာသီဦးက ေအးျမေျခာက္ေသြ႕လို႔။
ကားတံတားဖြင့္ေတာ့မယ့္ ကြၽန္ေတာ့္လက္ေတြတားဆီးခံလိုက္ရတာ ႐ုတ္တရတ္။
"စကားေျပာၾကရေအာင္ အစ္ကို"
လူသူရွင္းလင္းေနတဲ့ ညခ်မ္းက လမ္းမီးတိုင္မွိန္မွိန္တို႔နဲ႔ အလင္းသဲ့သဲ့ကေလးသာရွိသည္။ ကြၽန္ေတာ္တို႔ကားရပ္ထားရာက ေထာင့္ဘက္အက်ဆုံးနဲ႔ အပင္ေတြအုပ္ဆိုင္းေနသည့္ေနရာမွာ။ ဒီေနရာမွာ လႈပ္ရွား႐ုန္းကန္ေနသည့္အရာဆိုလို႔ ကြၽန္ေတာ္ရဲ႕ရင္ခုန္သံေတြသာရွိမည္။ ကားေနာက္ဖုံးကိုဖြင့္ၿပီး ကြၽန္ေတာ္ထိုင္လိုက္ေပမယ့္ ဇာမဏိက မ်က္ႏွာခ်င္းဆိုင္လို႔ မတ္တပ္ရပ္ေနဆဲ။ ကားကိုမွီၿပီးလက္ေထာက္လိုက္ေတာ့ ကြၽန္ေတာ္က သူ႔လက္ေမာင္းနဲ႔ကားၾကားမွာ အပိတ္ခံရသလိုျဖစ္သြားသည္။ ေမွာင္ရိပ္က်ေနတဲ့ သူ႔မ်က္လုံးတို႔က ရီေဝေဝ။
"ကြၽန္ေတာ္ေျပာတာ ေသခ်ာနားေထာင္ေပးေနာ္ အစ္ကို။ ကြၽန္ေတာ္ ရည္းစားထားေတာ့မွာ"
႐ုတ္တရတ္ဆန္လြန္း၏။ သစ္႐ြက္ေတြေဝ့ဝဲသြားခိုက္နဲ႔ႀကဳံတာမို႔ ဂ်ာကင္ရင္ဘတ္ႏွစ္စကို ကြၽန္ေတာ္စုကိုင္ဆြဲယူလိုက္ရသည္။
"တကယ္ေတာ့ ကြၽန္ေတာ္ အခ်ိန္ေတြယူၿပီး ဒီထက္ပိုယုံၾကည္ရေအာင္ သက္ေသျပခ်င္ေသးတာ။ ဒီၾကားထဲ ပတ္သက္ဆက္ႏြယ္ေနတဲ့အျဖစ္အပ်က္ေတြေၾကာင့္လည္း ကြၽန္ေတာ္ ထိန္းပါတယ္။ ကိုယ့္ကိုကိုယ္ ဆုံးမေနရင္းနဲ႔ကို လြတ္ထြက္သြားတာ။ ဒီအေျခအေနအတိုင္းဆက္ေနရင္လည္း ရတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ တန္ဖိုးထားခ်င္တယ္။ တခ်ိဳ႕ ခံစားခ်က္နဲ႔ဆိုင္တဲ့စကားေတြကို ေရွာင္ၿပီးေျပာဆိုေနရတာထက္ ပြင့္ပြင့္လင္းလင္းနဲ႔ အတည္တက် ေနရာယူၿပီးတရားဝင္သက္ဆိုင္ခ်င္တယ္။ အဲ့ဒါေၾကာင့္ အစ္ကိုေရာ ကြၽန္ေတာ္နဲ႔ရည္းစားလုပ္ဖို႔ အဆင္သင့္ျဖစ္ရဲ႕လား"
"ဟမ္!"
ကြၽန္ေတာ္ ေၾကာင္ေငးေငးျဖစ္သြားေတာ့ သူ႔မ်က္ႏွာက အားမလိုအားမရ။
"ကိုယ္နဲ႔လား"
"ကြၽန္ေတာ္က လူဘယ္ႏွေယာက္ေလာက္နဲ႔ အီစီကလီလုပ္ေနတယ္ထင္လို႔လဲ အစ္ကိုရဲ႕။ အစ္ကိုနဲ႔ မဟုတ္လို႔ ဘယ္သူနဲ႔ျဖစ္ရဦးမွာလဲ"
ဒီတစ္ေန႔တည္းနဲ႔ သူနဲ႔ကြၽန္ေတာ္ၾကားအမွတ္တရျဖစ္စရာေတြမ်ားလြန္းလို႔ ကြၽန္ေတာ့္ဦးေႏွာက္ရဲ႕တုန္႔ျပန္ႏိုင္မႈ စြမ္းရည္ေတြပင္ က်ဆင္းခဲ့ပုံရသည္။ ေျခဖ်ားလက္ဖ်ားေတြလည္း ေအးစက္ၿပီး ရင္ထဲမွာလႈပ္ရွားေနရျခင္းက ဘယ္တုန္းကမွမျဖစ္ဖူးတာမ်ိဳး။
ကြၽန္ေတာ့္ပါးျပင္တစ္ဖက္ကို အုပ္ကိုင္လာတဲ့ သူ႔လက္ေခ်ာင္းထိပ္တို႔ကလည္း ထပ္တူညီေအးစက္လို႔။ သူလည္း ကြၽန္ေတာ့္လိုပဲ ရင္ေတြခုန္တာ ခံစားမိေနသည္။
"ခ်စ္တယ္ အစ္ကိုရဲ႕။ ကြၽန္ေတာ္ ဒီစကားကို မေျပာဘဲထပ္ေနရရင္ ႐ူးသြားလိမ့္မယ္။ ခ်စ္..."
ရီေဝေဝဖမ္းစားေနတဲ့မ်က္ဝန္းေတြနဲ႔ ခ်စ္ခြန္းေတြေႁခြေနတဲ့ႏႈတ္ခမ္းပါး။ ရင္ခုန္သံေတြ အတိုင္းအဆမဲ့ေအာင္ သူရည္႐ြယ္ခ်က္ရွိရွိျပဳမူေနတာလား။ လႈပ္ရွားေနတဲ့ႏႈတ္ခမ္းေတြကို ကြၽန္ေတာ့္အနမ္းနဲ႔ခ်ိတ္ပိတ္လိုက္တာ ကြၽန္ေတာ္ကိုယ္တိုင္ေတာင္ မစဥ္းစားမိခင္။ ဖ်တ္ခနဲ ထိစပ္႐ုံ အနမ္းတစ္ပြင့္။ သူ ေၾကာင္ေငးသြား၏။ ဒါက ရင္ခုန္သံေတြ ျပန္႔က်ဲေစမႈအတြက္ ကြၽန္ေတာ္ေပးတဲ့အျပစ္ဒဏ္။
"ကိုယ္လည္း မင္းေကာင္ေလးလုပ္ဖို႔ အဆင္သင့္ျဖစ္တာ ၾကာပါၿပီ"
အခုမွ အၿပဳံးေတြခပ္ၿပီး အသက္ဝင္လာတဲ့ႏႈတ္ခမ္းေထာင့္စြန္းေတြ။ ကြၽန္ေတာ့္ကို ရင္ခြင္ထဲဆြဲသြင္းပစ္လိုက္ေတာ့ လႈပ္ရွား႐ုန္းကန္ေနတဲ့ရင္ခုန္သံေတြ ထိစပ္သြားၾက၏။
"ကြၽန္ေတာ္ စိုးရိမ္ေနတာ အစ္ကို။ ဘာလို႔ခ်စ္တာလဲေမးရင္ ကြၽန္ေတာ့္မွာ အစ္ကိုျဖစ္ေနလို႔ဆိုတဲ့အေၾကာင္းျပခ်က္ကလြဲၿပီး မရွိဘူး။ အေနနီးလို႔အထင္မွားတာ စြပ္စြဲရေအာင္လည္း အေနမနီးခင္တည္းက အစ္ကို႔နားရွိခ်င္ခဲ့တာေတြကို သက္ေသျပလို႔မရဘူး။ ဒါေပမယ့္ ဒီထက္ၿမိဳသိပ္ေနရရင္လည္း ဒီေကာင္႐ူးသြားဖို႔ပဲရွိေတာ့တယ္။ ခ်စ္တယ္ အစ္ကိုရဲ႕"
နိမ့္ခ်ည္ျမင့္ခ်ည္႐ုန္းကန္ေနတဲ့ သူ႔ရင္ဘတ္က စကားလုံးေတြ ကြၽန္ေတာ့္ရင္ဘတ္ဆီေျပးထြက္လာၾကသည္။
"ကိုယ့္ဘဝမွာ စြဲလန္းစိတ္ကို ေမတၱာနဲ႔ေရာေထြးခဲ့တာေတြရွိတာ မင္းသိပါတယ္။ သံေယာဇဥ္ေတြၿမဲခ်င္တာ မင္းနဲ႔မွ။ ကိုယ္ မင္းကို အၿမဲအားနာေနခဲ့တာ။ ကိုယ့္ရဲ႕ မလုံၿခဳံတဲ့စိတ္ေတြနဲ႔ မင္းအေပၚ ရင့္သီးခဲ့မိတာေတြအတြက္။ ၿပီးေတာ့ မင္းကိုအၿမဲေျပာျပခ်င္ေနခဲ့တဲ့ အမွန္တရားတစ္ခုရွိတယ္။ ကိုယ္ သူ႔ကိုဘယ္တုန္းကမွ မနမ္းခဲ့ဘူး။ အဲ့တုန္းက ပဲခူးမွာ မင္းေနရာကၾကည့္လိုက္ရင္ အဲ့လိုထင္ႏိုင္ေပမယ့္ ကိုယ္မလုပ္ခဲ့ဘူး။ ဒါကိုရွင္းျပထားတာ တစ္ခ်ိန္ခ်ိန္ ကိုယ္တို႔ၾကားအက္ေၾကာင္းေတြထင္လာမွ ဒါေတြက တရားခံျဖစ္ေနမွာဆိုးလို႔"
"ကြၽန္ေတာ္က အစ္ကို႔ကို သိမ္ငယ္ေစမယ့္ေကာင္လား အစ္ကိုရယ္"
"မင္းက ကိုယ့္ကိုေစာင့္ေရွာက္ေပးႏိုင္ဆုံးလူပါ။ ဒါေပမယ့္ တစ္ခ်ိန္ခ်ိန္ မင္း ျပန္ေတြးၿပီး ဝမ္းနည္းရမွာမ်ိဳးေတြ ကိုယ္မလိုခ်င္ဘူး။ ျဖစ္လာခဲ့ရင္ ကိုယ့္ကိုကိုယ္ မုန္းမိမွာ"
"ေရာ္...ငယ္တဲ့အခ်ိန္ ျဖစ္တဲ့ ပိစိကြစိခံစားခ်က္ေလးေတြကိုေတြးၿပီး ကြၽန္ေတာ္က ကိုယ့္ကိုကိုယ္ roll မခ်ဘူးေနာ္။ အစ္ကိုက အရမ္းခ်စ္တဲ့ေကာင္ဆိုၿပီး စိတ္ႀကီးဝင္မယ့္လူ။ ကိုယ့္ကိုကိုယ္ မုန္းဖို႔ေျပာမယ့္အစား မင္းကို ခ်စ္တယ္လို႔ေျပာပါလား"
ရင္ခြင္ထဲကဆြဲခြာၿပီး မ်က္လုံးေတြကို ေတ့ဆိုင္ၾကည့္ပုံက ဂ်စ္တူးတူးႏိုင္၏။ မေျဖမခ်င္း ကြၽန္ေတာ့္ကို မလြတ္ေပးေတာ့မလိုမ်ိဳး။ ကြၽန္ေတာ္ရယ္ေတာ့ သူပါၿပဳံးသည္။
"ခ်စ္တယ္"
"ဘယ္သူကလဲ"
"ကိုယ္က..."
"ဘယ္သူ႔ကိုတုန္း အစ္ကိုရဲ႕"
"မင္းကို...မင္းကို! ကိုယ့္ေရွ႕က မင္းကို"
ကြၽန္ေတာ္ အသံထြက္သည္အထိ ရယ္ပစ္လိုက္၏။ လူႀကီးရွက္ေတာ့ရယ္ဆိုသလိုပဲ အခုမွ အ႐ြယ္ေရာက္တဲ့လူပ်ိဳေပါက္ေလးလို ကြၽန္ေတာ့္မွာ သူ႔စကားေတြေၾကာင့္ ကာရန္မညီတဲ့ရင္ခုန္သံေတြနဲ႔။ ဦးတည္ရာေျပာင္းသြားတဲ့ သူ႔မ်က္ဝန္းေတြက ကြၽန္ေတာ့္ဘယ္ဘက္ေမး႐ိုးအစပ္ေပၚက မွဲ႔စက္မွိန္ေလးေပၚမွာျဖစ္သည္။
"ကြၽန္ေတာ္ နမ္းမယ္ေနာ္"
မွဲ႔စက္ရွိရာကို ဖြဖြဖိပြတ္ၿပီး ပါးျပင္ထဲနစ္ဝင္လာတဲ့ အၾကင္နာတစ္ပြင့္။ ကြၽန္ေတာ္ သူ႔အက်ႌရင္ဘတ္ကိုဆြဲၿပီး အားယူလိုက္ရသည္။ ေက်နပ္ပီတိေဝသြားတဲ့ မ်က္ဝန္းနက္ေတြနဲ႔ ကြၽန္ေတာ့္မ်က္ႏွာကို တစိမ့္စိမ့္စိုက္ၾကည့္ျပန္၏။ ကြၽန္ေတာ့္ရွက္႐ြံ႕မႈေတြက ရယ္သံေတြအျဖစ္သာ အသြင္ေျပာင္းႏိုင္ေတာ့သည္။
"ကိုယ္လည္း မင္းကို..."
လည္တိုင္ကေနဆြဲယူၿပီး ကြၽန္ေတာ့္အနမ္းက သူ႔ႏႈတ္ခမ္းေတြေပၚမွာ။ သူ႔ထက္ေစာၿပီး ေအာက္စီဂ်င္ကိုရႉရႈိက္ခဲ့တာ သူလုပ္သမွ် ရွက္ေနဖို႔မဟုတ္ဘူး။ ဒီေနရာမွာေတာ့ ဘဝရဲ႕စီနီယာတစ္ေယာက္အေနနဲ႔ ခ်စ္သူရည္းစားေတြရဲ႕တကယ့္အနမ္းအစစ္ကို ကြၽန္ေတာ္ သင္ျပေပးလိုက္၏။
ႏွစ္ေယာက္လုံးအတြက္ ဦးဆုံးအနမ္းေတြမို႔ လႈပ္ရွားမႈမရွိ ဖိကပ္ထိစပ္႐ုံပါပဲ။ ၾကင္နာမိၾကတာ ရယ္သံေလးေတြအထိ...။
******************************
မ်က္လုံးေတြဖြင့္လိုက္တာနဲ႔ ႏႈတ္ခမ္းေတြေကြးတက္သြား၏။ လိုက္ကာစၾကားက မွိန္ပ်ပ်ေနအလင္းေရာင္ေလးက ရင္ထဲလႈိက္ဖိုလႈပ္ရွားေနတာေတြကို အားေပးအားေျမႇာက္လုပ္ေနသည္။ ညက အိမ္ျပန္ေနာက္က်ခဲ့ေပမယ့္ ႏိုးလာေတာ့လည္း အေစာႀကီး။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ပစ္လိုက္ရင္ အိပ္မက္ေတြျဖစ္သြားေတာ့မွာ စိုးသလိုမ်ိဳး။
ေျခေထာက္ေတြကို ေလထဲကန္ထုတ္ပစ္ၿပီး ကြၽန္ေတာ္ ရယ္မိျပန္သည္။ ရင္ဘတ္ထဲဖက္ထားမိတဲ့ ေခါင္းအုံးကိုလည္း အသည္းတယားယားနဲ႔ ကိုက္ပစ္လိုက္၏။ ရည္းစားရသြားတဲ့ ခံစားခ်က္ႀကီးက ဘယ္လိုမွန္းမသိ။ အူကို ေလတိုးေနသလို တလွပ္လွပ္နဲ႔။ ဘာမွမဟုတ္ဘဲလည္း ရယ္ခ်င္ေနသည္။ မနက္ငါးနာရီခြဲဆို သူ အိပ္ရာထတတ္ေပမယ့္ မေန႔ညက အိမ္ျပန္ေနာက္က်လို႔ ႏိုးမွႏိုးပါ့မလား။ စာတစ္ေစာင္ပို႔ဖို႔ သူ႔ contact ဖြင့္တာေတာင္ ကြၽန္ေတာ့္မွာ သူအနီးကပ္ စိုက္ၾကည့္ေနသလို ခံစားခ်က္ႀကီးနဲ႔။
_အိပ္တုန္းလား။
စာတစ္ေစာင္ ျပန္ဝင္လာတာက ခ်က္ခ်င္း။
_တေရးမွကို မအိပ္ရေသးတာ အစ္ကိုရဲ႕
_ဘာျဖစ္လို႔လဲ ေနလို႔မေကာင္းဘူးလား
_အစ္ကို ကြၽန္ေတာ့္ေကာင္ေလးျဖစ္သြားတာ ေပ်ာ္ေနလို႔
အညာသား စကားတတ္ႀကီး။ ဘယ္အခ်ိန္ ဘယ္လိုေႁခြရမလဲ သူပဲသိ။ တကူးတကလုပ္ယူေနတာမဟုတ္ဘဲ သူ႔ရဲ႕မူပိုင္ ႐ိုးရွင္းပြင့္လင္းမႈေတြနဲ႔ ေႁခြယူေနတာ ဒီကိုးေတာင္က်ားက။
_အိပ္မေပ်ာ္ေတာ့ဘူးဆို လမ္းေလွ်ာက္ၾကမလား။ အင္းလ်ားမွာ
_သြားမယ္ေလ အစ္ကို။ ဆင္းလာခဲ့။ ကြၽန္ေတာ္ ေစာင့္ေနမယ္
စာမျပန္ေတာ့ဘဲ အားကစားဝတ္စုံေျပးထုတ္၊ မ်က္ႏွာသစ္နဲ႔ ကြၽန္ေတာ့္နံနက္ခင္း အလုပ္ရႈပ္သြား၏။ အျပင္မွာ ေနေတာင္ ေသခ်ာမထြက္လာေသး။
"သား အေစာႀကီးႏိုးေနတယ္။ ညကလည္း အိမ္ျပန္ေနာက္က်တယ္မလား"
အ႐ုဏ္ဆြမ္းကပ္ၿပီးထြက္လာတဲ့ ေဒၚေဒၚေမသက္က အံ့ၾသတႀကီးေမးလာ၏။ အခုဆို ကြၽန္ေတာ့္ကိုပါ ဥေပကၡာျပဳထားခ်င္တဲ့မာမီ့ေၾကာင့္ ေဒၚေဒၚေမသက္တစ္ေယာက္ ကြၽန္ေတာ္တို႔အိမ္မွာပဲေနျဖစ္ေတာ့သည္။ ကြၽန္ေတာ့္ရဲ႕မတည္ႏိုင္တဲ့ မ်က္ႏွာက ေဒၚေဒၚေမသက္ကို မ်က္ႏွာခ်ိဳေသြးလို႔ ၿပဳံးျပမိသည္။ တကယ္က ႏႈတ္ခမ္းေတြတည္တင္းထားလို႔မရေတာ့တာ မေန႔ညတည္းက။
"သား အိပ္မေပ်ာ္လို႔ အင္းလ်ားမွာ လမ္းသြားေလွ်ာက္ဦးမယ္ ေဒၚေဒၚ။ မနက္စာမလုပ္နဲ႔ေတာ့။ သားဝယ္လာခဲ့မယ္"
"ဒါဆို သားမာမီစားခ်င္တယ္ေျပာေနတဲ့ အာလူးပူတီႏွစ္ပြဲနဲ႔ လက္ဖက္ရည္ ခ်ိဳေပါ့က်ေလးဝယ္ခဲ့ပါ"
"ဟုတ္ သား ၇နာရီမေက်ာ္ခင္ ျပန္လာခဲ့မယ္"
ဇန္နဝါရီရဲ႕ လတ္လတ္ဆတ္ဆတ္ ေလျပည္ဦးက ကြၽန္ေတာ့္အေပ်ာ္ေတြကို ေဖးကူေနသည္။ တိုက္ေအာက္ဆုံးမွာ နံရံကိုမွီၿပီး ေစာင့္ေနတဲ့လူပုံသ႑ာန္ကို ျမင္တာနဲ႔ ေသြးေၾကာမွ်င္ေတြပါ ႏိုးႏိုးၾကားၾကားျဖစ္ကုန္သည္။ နံနက္ခင္း ဦးဆုံးျမင္ရတဲ့အၿပဳံးႏုႏုက အျမင္နဲ႔တင္ ခ်ိဳလို႔။
"ကားနဲ႔သြားၿပီးမွ လမ္းေလွ်ာက္မလား အစ္ကို"
"ကားမယူေတာ့ဘူး။ လမ္းပဲေလွ်ာက္ၾကမယ္"
အိမ္ရာဝင္းကိုေက်ာ္တာနဲ႔ ေဘာင္းဘီအိတ္ထဲက ကြၽန္ေတာ့္လက္တစ္ဖက္ သူ႔လက္ဖဝါးထဲပါသြားသည္။ လက္ေခ်ာင္းေတြၾကားထဲယွက္သြယ္ဆုပ္ကိုင္ရတာကို သူသေဘာက်ပုံရ၏။ ႏွစ္သစ္နံနက္ခင္း လူသူရွင္းလင္းေနေပမယ့္ ကြၽန္ေတာ္ ပတ္ဝန္းက်င္ကို စူးစမ္းၿပီး မဝံ့မရဲျဖစ္ရသည္။
"လူေတြရွိေနမယ္"
"ညကေသာင္းက်န္းထားလို႔ အိပ္ေကာင္းေနၾကတာ။ ဘယ္သူမွမရွိဘူး"
တြဲထားတဲ့လက္ကေန သူ႔ဘက္ကိုကပ္သြားေအာင္ ဆြဲယူေသးသည္။
"ရည္းစားထားတာ ဘာလုပ္ဖို႔လဲ သိလား အစ္ကို"
"ဘာလုပ္ဖို႔တဲ့လဲ"
"ႏွစ္ေယာက္အတူတူရွိေနရင္ လက္ကေလးကိုင္ထားဖို႔ေပါ့ အစ္ကိုရဲ႕"
မွတ္သားေလာက္စရာ သူ႔စကား။
မွတ္သားထားဖို႔ထက္ ပူးေပါင္းေဆာင္႐ြက္ဖို႔သာ လိုပါသည္။
JustinBieber _ Boyfriend
#########################
August 20.2021.(Friday)
🌼