"နောက်လည်း လာလည်နော်။ ဘယ်မှလည်းလိုက်မပို့ရ။ ဖွယ်ဖွယ်ရာရာလည်း ချက်မကျွေးနိုင်လိုက်ဘူး"
"မဟုတ်တာ။ ကျွန်တော်က တကူးတကကြီး လူကြီးတွေကိုနှောင့်ယှက်မိသလိုဖြစ်လို့တောင် အားနာနေတာပါ"
"အခုတော့ ရပ်ဆွေရပ်မျိုးဖြစ်ပြီပဲ။ အားနာရမယ့်လူတွေမဟုတ်တော့ဘူး။ ကိုငယ့်ကိုလည်း စောင့််ရှောက်ပေးပါဦးနော်။ သူက ပေါင်းသင်းဆက်ဆံရေးညံ့တယ်"
ဇာမဏိ ကိုလတ်တို့လင်မယားက ဒီနေ့နံနက်စာဝိုင်းမှာ တူယှဥ်တွဲလို့ ဧည့်ခံကြသည်။ မရီးအလတ်က ရန်ကုန်သူမို့ လေယူလေသိမ်းက သွက်လက်၏။ တစ်ပတ်လျှိုဆံထိုးမှာ ဝေနေတဲ့စံပယ်တွေနဲ့ သနပ်ခါးပါးကွက်ကြားရဲ့သင်းပျံ့ပျံ့ရနံ့တို့ကြောင့် ရန်ကုန်သူရဲ့ဟန်ပန် မရှိတော့။ ပြန်မယ့်နေ့ကျမှပဲ ကျွန်တော့်မှာ ထမင်းဝိုင်းသေချာထိုင်ဖြစ်တဲ့အတွက် မျက်နှာလည်းပူရ၏။ ဇာမဏိမိဘနှစ်ပါးနဲ့ကိုကြီးတို့လင်မယားက ကျွန်တော်တို့မနိုးခင်တည်းက အလှူပွဲစီစဥ်ရဖို့ရှိတာမို့ အရုဏ်ဦးတည်းက ထွက်သွားကြသည်။ ကျွန်တော့်မှာ မျက်နှာချင်းဆိုင်ပြီးတောင် ကျေးဇူးတင်စကားမဆိုလိုက်ရ။
ကောက်ညှင်းပေါင်းပူပူနဲ့ တို့ဖူးကြော် လက်ဖက်ရည်အတွဲအဖက်က ဆောင်းမနက်ခင်းနဲ့ ပနံသင့်နေခဲ့၏။
"ရန်ကုန်ရောက်ရင် ကျွန်တော် ဧည့်ခံပါရစေ"
"ရန်ကုန်ကတော့ လာဦးမှာ မောင်လေး။ ကိုလတ် Scania တွေလာကြည့်ရမှာ"
ကျွန်တော့်နားထဲရှုပ်ထွေးသွား၏။ Scania ဆိုတာ အဝေးပြေးခရီးသွားကားတွေမလား။ ကျွန်တော့်ပုံစံကိုကြည့်ပြီး ကိုလတ်အမျိုးသမီးက နားလည်မှုနဲ့ပြုံးသည်။
"မောင်လေးတို့စီးလာတဲ့ ခရီးသွားကားတွေက ကိုလတ်လုပ်ငန်းတွေလေ"
ကြွားနေတာမျိုးမဟုတ်။ ကျွန်တော်နားမလည်လိုက်သည့်အပိုင်းကို ရှင်းပြခြင်းမျိုးဖြင့် မျက်နှာအမူအရာတို့က ရိုးရှင်းကြသည်။
"အဲ့ဒါ အစီးရေထပ်တိုးဖို့လုပ်ထားဖို့ စီစဥ်ထားတာတွေလာလုပ်ရမှာ"
ပြည်တွင်းမှာနာမည်ရထားသည့် ခရီးသည်တင်အဝေးပြေးကားကြီးတွေ။ ကိုလတ်လုပ်ငန်းတွေဆိုသည့်စကားနောက်မှာ ဘယ်လောက်ကြီးသည့်စီးပွားရေးလဲဆိုတာ ကျွန်တော်သိရှိလိုက်၏။ ဒါ့ကြောင့် ရန်ကုန်ကထွက်လာဖို့ ဇာမဏိဖုန်းဆက်တော့ သူပိုင်နိုင်သည့်နယ်ပယ်အပေါ်ပြောဆိုလိုက်ပုံမျိုး ကျွန်တော်ခံစားရခြင်း။ လုပ်ငန်းကြီးကို ဦးဆောင်နေသူဆိုပေမယ့် ကိုလတ်တို့စုံတွဲက ဟိတ်ဟန်လည်းမရှိ။ ကိုကြီးက မိဘတွေရဲ့လုပ်ငန်းဖြစ်တဲ့ ဆန်စက်၊ဆီစက်တွေကိုလက်လွှဲယူထားသည်။ အလှူမင်္ဂလာပွဲတက်နေရာတိုင်း၊ အလွှာတိုင်းမှာတွေ့ရတဲ့ ကိုလေးတို့အပိုင် ဖိနပ်ချုပ်လုပ်ငန်း။ ကိုလတ်က ခရီးသည်တင်အဝေးပြေးကားတွေနဲ့လုပ်ငန်းချဲ့ထွင်နေသူ။
ရင်ထဲမှာဖိဖိစီးစီးရှိလာသမျှက အထင်မြင်သေးခဲ့တာမဟုတ်ဘဲ ကျွန်တော် ဇာမဏိအပေါ် မှားယွင်းစွာဆက်ဆံမိခဲ့တာတွေအတွက်။ အပေါ်ယံအခွံတွေနဲ့ အဆင့်အတန်းတွေကိုသတ်မှတ်တတ်ခဲ့တာမဟုတ်ဘဲ သူ့ဘက်မှာမပြည့်စုံဘူးလို့ မှတ်ထင်ထားမိခဲ့တာတွေ။
ပေါ်ပေါ်ထင်ထင်မနေတတ်သူတွေမို့ အလယ်အလတ်တန်းဆိုင်ကယ်တစ်စီးနဲ့ ကိုလတ်တို့ ဈေးဝယ်ထွက်သွားမှပဲ ကျွန်တော့်နံနက်စာမြိုကျတော့သည်။
"ကိုကို စားကောင်းရဲ့လား"
"ကောင်းတယ်။ ညီလေးရော အတူတူမစားဘူးလား"
ရောက်စတည်းက ကျွန်တော့်ကိုမြင်ရင် ပြုံးပြုံးပြတတ်တဲ့ ဇာမဏိညီလေး။
"သားက အမေတို့နဲ့စားပြီးတာကြာပေါ့"
အပြုံးနောက်ကပ်ပါနေတဲ့ သားစွယ်ချွန်ကြောင့် ကျွန်တော့်မှာ ရင်းနှီးလွယ်သွားရ၏။ ဒီကလေးက ဇာမဏိတို့ ကိုကြီးတို့နဲ့မတူဘဲ မျက်နှာချိုသည်။ ရှစ်တန်းသာဆိုသည် ဇာမဏိညီလေးရဲ့အရပ်က ကျွန်တော့်ရင်ဘတ်ကိုမှီလုနီးပါးရှိ၏။
"နာမည် ဘယ်လိုခေါ်လဲ"
"ဂါမဏိ"
ကောက်ညှင်းပေါင်းကို လက်ဖက်ရည်နဲ့ပင်မြိုချလိုက်ရသည်။ ဒီညီအစ်ကိုတွေက တကယ်ကိုစိတ်ဝင်စားဖို့ကောင်းသည်။ ညီအစ်ကိိုချည်းပဲ ငါးယောက်မွေးထုတ်နိုင်တဲ့ ဇာမဏိအမေနဲ့အဖေရဲ့ အစွမ်းအစကလည်း အံ့မခန်းပင်။
"ဒါဆို ကိုကြီးတွေ နာမည်ကရော"
"ကိုကြီးနာမည်က သံမဏိလေ။ ကိုလတ်က နေမဏိ။ ကိုလေးကျမှ နေ့နံမကိုက်လို့ဆိုလား ထွန်းအောင်ကျော်ြဖစ်သွားတာ။ ပြီးတော့ ကိုငယ် ဇာမဏိနဲ့ သားက ဂါမဏိ"
နာမည်နဲ့မျက်နှာတွေကိုတွဲမြင်မိတော့ ကျွန်တော် ရယ်မိ၏။ ရုပ်တည်တည်၊ မင်သေသေမျက်နှာတွေနဲ့ နာမည်တွေက တကယ်ကိုလိုက်ဖက်မှုရှိခြင်း။ စကားနည်းပေမယ့် လုပ်ကိုင်ရမယ့်ကိစ္စတွေကို တည်တည်ငြိမ်ငြိမ်ဖြေရှင်းတတ်ပုံတွေကိုလည်း ဒီရက်တွေအတွင်း အမှတ်တမဲ့မြင်တွေ့ရင်းနှီးပြီးဖြစ်၏။
ကိုကြီးတို့လင်မယားက ဒီအိမ်မှာပဲ မိဘတွေနဲ့နေပြီး ကိုလတ်က ဘေးအိမ်ကပ်လျက်။ ကိုလေးကတော့ ဖိနပ်ခုံဝိုင်းထဲမှာပဲ တစ်ထပ်ခွဲတိုက်လေးနဲ့နေတာကို ကျွန်တော်မြင်တွေ့ပြီးဖြစ်သည်။
"ကိုငယ်က လူ့ဂွစာကြီးမလား ကိုကို"
"ဘာဖြစ်လို့လဲ"
"သူ့ပစ္စည်းတွေကိုင်တာမကြိုက်ဘူး။ သူစိတ်မဝင်စားရင် ဘာကိုမှလှည့်မကြည့် သိလည်းမသိတတ်ဘူး။ စကားဆိုလည်း မေးတစ်ခွန်းပြောတစ်ခွန်း။ အမေကတော့ပြောတယ် ငယ်ငယ်တည်းကစာကျက်များပြီး လွတ်သွားတာတဲ့"
လူ့ဂွစာဆိုတာကတော့ အမှန်ပင်။ ကျွန်တော်နဲ့သူ စသိတော့ ဘယ်လောက်တောင်နားလည်မှုတွေလွဲပြီး ကို့ရို့ကားယားနိုင်ခဲ့ရသလဲ။ ရန်ကုန်နဲ့မကျွမ်းဝင်သေးတဲ့သူရယ်၊ အတွေးများတတ်တဲ့ကျွန်တော်ရယ်။ ကိုယ်တိုင်တောင် သတိမထားမိခင်လေးမှာ ကျွန်တော်က သူနဲ့အနီးဆုံးထိ ပတ်သက်ဆက်နွယ်ခဲ့ရခြင်း။ တစ်နှစ်ဆိုတဲ့မျက်တောင်တစ်ခတ်စာအချိန်အတွင်း ကျွန်တော်တို့ကြား အဖြစ်အပျက်တွေက မရေမတွက်နိုင်အောင်ပင်။
"ဂါမဏိ!"
"ဗျာ"
ဂါမဏိ ပုခုံးနှစ်ဖက်တုန်တက်သွားတာများ။ လှေကားပေါ်က ဆင်းလာသူက ပြန်ရမယ့်နေ့မှ အိပ်ရာထနောက်ကျနေ၏။ တကယ်တော့ ဒီရက်တွေ ကျွန်တော့်အတွက်ပြေးလွှားပေးနေရတာနဲ့တင် သူပင်ပန်းနေလိမ့်မည်။ မျက်နှာလေးငယ်ပြနေတဲ့ ဂါမဏိကို ကျွန်တော်ကြိတ်ရယ်လိုက်မိသည်။ ဂါမဏိကလည်း လူလည်လေး။ ဇာမဏိ ဝင်ထိုင်တာနဲ့ အမူအရာကကျိုးကျိုးနွံနွံဖြစ်သွား၏။
"ကိုလေးက ဖိနပ်ခုံကို လာခဲ့ဦးပြောထားတာ။ သားမေ့နေလို့။ ကိုငယ်တို့ ကားဂိတ်မဆင်းခင် ပြန်လာခဲ့မယ်နော်"
ပြောပြီး ပြေးထွက်သွားတာ လှစ်ခနဲ။
"အစ်ကို ဘာဖြစ်လို့လဲ။ စားမကောင်းဘူးလား။ မစားတတ်ရင် တခြားဟာသွားစားမလား"
"စားကောင်းတယ်။ ကောင်းညှင်းပေါင်းမစားရတာ ကြာနေပြီ"
"တစ်ခုခုတော့ ဖြစ်နေတယ်မလား။ ဘာဖြစ်လို့လဲ။ ကျွန်တော့်ကိုပြော"
ကျွန်တော် ခေါင်းသာခါပြနိုင်၏။ ဇာမဏိက ကျွန်တော်တစ်ခါမှမတွေးထင်ဖူးတဲ့နေရာတစ်ခုက တန်ဖိုးရှိတဲ့ဖြစ်တည်မှုမျိုးနဲ့။ သူ့အပေါ် အားနာတာတွေ၊ မမျှော်လင့်မိခဲ့တာတွေနဲ့ ရင်ဘတ်ထဲလေးလံရခြင်းမှာ။
"ကျွန်တော့်ကို မပြောရင် အစ်ကို ဘယ်သူ့ကိုပြောမှာလဲ။ အထင်တွေလွဲပြီး အနေဝေးသွားမှာတွေ ကျွန်တော်ကြောက်တယ်လို့ ပြောထားတယ်မလား အစ်ကိုရဲ့"
"ဇာမဏိ"
"ကျွန်တော် နားထောင်နေတယ်"
"ကိုလေးတို့ လင်မယားက အဝေးပြေးကားတွေပိုင်တာနော်"
"ဝန်ထုပ်ဝန်ပိုးဖြစ်သွားတာလား"
သူသိရပြန်ပြီ။ မုန့်မစားသေးဘဲ ကျွန်တော်ငှဲ့ပေးတဲ့ အကြမ်းရည်ကို နှစ်နှစ်ခြိုက်ခြိုက်သောက်နေ၏။
"ကျွန်တော့်လုပ်ငန်းတွေမှ မဟုတ်တာ အစ်ကို။ ကျွန်တော်က လောလောဆယ် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ကောင်။
အစ်ကိုပဲစဥ်းစားကြည့်။ ယောက်ျားလေးချင်းအတူတူကို သူတို့ကကျောင်းပြီးအောင်မတက်ပေမယ့် ၁၅နှစ်၊ ၁၆နှစ်လောက်တည်းက ငွေရှာနိုင်နေပြီ။ ကျွန်တော် Roll1 ဖြစ်တော့ရော ဘာဖြစ်သေးလဲ။ အစ်ကိုတွေအထောက်အပံ့ကိုမှီခိုပြီး ကျောင်းတက်နေရတာပဲလေ။ ဒါကိုယောက်ျားမာနလို့ပဲ ပြောချင်ပြော။ ကျွန်တော့်ဘဝကို ကျွန်တော့်လက် ကျွန်တော့်ခြေပဲဖြစ်ချင်တာ။ သူတို့ပိုင်ဆိုင်သမျှက ကျွန်တော်နဲ့ ဘာမှမဆိုင်လို့ အစ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စရာမလိုပါဘူး"
သူပြောလိုက်တော့လည်း တွက်ချက်ရမယ့်ကိန်းဂဏန်းတန်ဖိုးတွေက သုညနောက်အနုတ်ဘက်ကိုရောက်သွားသလိုပင်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုရင့်ကျက်နေတာတွေကပဲ ကျွန်တော့်စိုးရိမ်သောကတွေကို အမြဲဖယ်ရှားပေးနိုင်နေရခြင်း။
မိုးသက်မုန်တိုင်းတွေရဲ့အလွန် မိုးသောက်ရောင်ခြယ်ရဲ့ လေပြည်တွေကို ကျွန်တော် သူ့နာမည်ပေးမည်။
**********************************
စမ်းချောင်းမြို့နယ်ထဲပါဝင်တဲ့ ငါးလွှာက တိုက်ခန်းတံခါးရှေ့ ကျွန်တော် သက်ပြင်းတွေခြွေမိတာအကြိမ်ကြိမ်။ရေချိုးခန်း၊ အိမ်သာတွဲလျက်နဲ့ အိပ်ခန်းနေရာကိုကန့်ထားတဲ့အခန်းကျဥ်း။ နံရံဆေးသားတို့က မှိန်လွင့်ရုံမက ကွာကျနေတာလည်းရှိသည်။ ငါးလွှာဖြစ်တာမို့ လေဝင်လေထွက်တော့ကောင်း၏။ ဒီနေရာလေးက မိဘမရှိတော့တဲ့ ပြည့်လျှံအောင်ရဲ့ တစ်ခုတည်းသောပိုင်ဆိုင်မှု။ အသစ်စက်စက်မောင်နှံတို့ ဆွေမျိုးနီးစပ်လူကြီးတွေဆီ ဆွေပြမျိုးပြသွားနေကြတုန်း ကျွန်တော် ရန်ကုန်ရောက်ရောက်ချင်း ဇာမဏိကိုလိုက်ပို့ခိုင်းပြီး ဖြိုးလေးနဲ့ ရဲဘုန်းကိုပါချောဆွဲလာရသည်။
ကျွန်တော့်ကိုပါမျက်နှာချင်းမဆိုင်တော့တဲ့မာမီ့ကြောင့် စိတ်မကောင်းနေတာတွေသိလည်း ကျွန်တော် လုပ်ပေးစရာရှိတာတော့လုပ်ပေးရဦးမည်။ ကျွန်တော့်ထောက်ပံ့မှု မပြည့်စုံနိုင်ပေမယ့် ညီမလေး ဘဝသစ်အတွက် လက်တစ်ဆစ်စာအထောက်အပံ့လေးဖြစ်ရင်ပဲ ကျွန်တော်ကျေနပ်၏။
အိပ်ခန်းထောင့်မှာ သေတ္တာတစ်လုံးနဲ့စာကြည့်စားပွဲအပု။ တစ်ယောက်အိပ်ဖျာကြမ်းပေါ်မှာ မြင်ရတဲ့မွေ့ရာပါးပါး။ ထမင်းစားပန်းကန်းတစ်ချပ်နဲ့ ရေသန့်ဘူးပေါ်မှောက်တင်ထားသည့် ရေခွက်တစ်ခွက်။ အရာရာပြည့်စုံနေခဲ့ရတဲ့ ညီမလေးရဲ့ ခြေရာလက်ရာတို့ ဒီနေရာမှာရှိနေခဲ့မလား။
"နံရံတွေက ဆေးပြန်တင်လိုက်ရင် အသစ်အတိုင်းဖြစ်သွားမှာ။ ငွေကြေးဘာညာရော ဘာမှစိတ်ပူမနေနဲ့ နေသော်"
ရဲဘုန်းက သူ့ဦးလေးအိမ်ဆောက်ပစ္စည်းဆိုင်ကို ဖုန်းဆက်ပြီး မကြာခင်ဘဲ ပစ္စည်းတွေရောက်ချလာသည်။ ဆေးအဟောင်းတွေကိုခြစ်ချ၊ ဆေးအသစ်ပြန်သုတ်ပြီး နံရံကပ် wallpaper တွေပါအပိုဆောင်းအလှဆင်ပေးကြသည်။ လူအင်အားအနည်းငယ်နဲ့ စုပေါင်းလုပ်လိုက်တော့ ရဲဘုန်းပြောတဲ့အတိုင်း နေထိုင်ထားသည့်ပုံစံမရှိဘဲ အသစ်အတိုင်းဖြစ်သွား၏။
"ရေခဲသေတ္တာနဲ့ ဆိုဖာဆက်တီက ငါလက်ဖွဲ့မယ်"
ဖြိုးလေးက နဖူးကချွေးတွေကို သပ်ချရင်းပြောသည်။
"ကုတင်နဲ့ စာကြည့်စားပွဲက ကျွန်တော့်လက်ဆောင်နော် အစ်ကို"
ရေသန့်တစ်ဘူးဖောက်လို့ကမ်းပေးရင်းဆိုတဲ့စကားက အေးအေးမြမြ။
"ဟဲ့ ဘာတွေပေးနေကြတာလဲ"
အထုပ်တွေဆွဲပြီးရောက်လာတဲ့ စန္ဒာဇော်ဝင်းကိုမြင်တော့ အံ့အားသင့်သွားရတာက ကျွန်တော်နဲ့ရဲဘုန်း။
"နင်က ဘယ်လိုလုပ်"
ဖြိုးလေးက လက်ထောင်ပြီးစပ်ဖြဲဖြဲ။
"အပြင်ထွက်မစားချင်တော့လို့ အလှူရှင်ရှာလိုက်တာ"
"နင်တို့ လက်ဖွဲ့ပေးနေတာဆို ငါ့ညီမလေးအတွက် ငါက အဝတ်လျှော်စက်နော်။ မိန်းကလေးတွေအတွက် အဝတ်လျှော်စက်ကအသက်ပဲ။ မဖြစ်မရှိလိုတယ်"
သူငယ်ချင်းတွေရဲ့ ခွဲတမ်းချဝေနေမှုတွေကို ကျွန်တော်မငြင်းနိုင်။ ကပျက်ကချော်တွေလုပ်တတ်တဲ့ စန္ဒဇော်ဝင်းရဲ့ လေးနက်မှုတွေကို တွေ့မြင်ခဲ့ရတဲ့နှစ်တွေကြောင့် အယုံအကြည်ရှိနေသည်။ အတန်းထဲမှာ လူ ၈၀ ကျော်။ တကယ်တမ်း ကျွန်တော် အရေးကြုံရင် ပြေးလာတတ်တဲ့ ဒီသူငယ်ချင်းသုံးယောက်က ကျွန်တော့်ဘဝအတွက်။
စန္ဒာဇော်ဝင်းလက်ထဲက ဒံပေါက်ထုပ်တွေကို ပြေးယူပြီး ကြမ်းပြင်မှာပဲ စက္ကူခင်းလိုက်ကြသည်။
"ဒါနဲ့ ဘယ်လိုလုပ်မလဲ ကြောင်လျှာသီးမောင်လေးရောက်နေမှန်းမသိလို့ လေးယောက်စာပဲပါတယ်"
"ကျွန်တော့်အတွက် မပါဘူးတဲ့အစ်ကို။ အစ်ကို ဘာစားချင်လဲ။ ကျွန်တော်တို့နှစ်ယောက် ကြေးအိုးသွားစားကြမလား"
ဒီတစ်ခါတော့ စန္ဒာဇော်ဝင်းလက်က ဇာမဏိလက်မောင်းပေါ် ထိထိမိမိ။
"ငါ့အလှည့်ကျ ရှက်ရတယ်။ နင့်အလှည့်ကျ နင်ကနော်။ ငါ ခေါက်ပစ်ချင်တယ်"
"နင် သူ့ကိုမခေါက်ခင် နင်အရင်အတွယ်ခံရမှာနော် စန္ဒာဇော်ဝင်း"
အဓိပ္ပါယ်ပါတဲ့ ဖြိုးလေးစကားကို အကင်းပါးတဲ့ စန္ဒာဇော်ဝင်းကဒက်ခနဲ။ ဒံပေါက်ထဲက အသားကောင်းမကောင်း ခေါင်းငုံ့ရှာနေတဲ့ ဇာမဏိကတော့ မမြင်။ စန္ဒာဇော်ဝင်းရဲ့ ကာလာတင်ထားတဲ့မျက်ဝန်းတို့က ကျွန်တော်နဲ့ ဇာမဏိဆီမှာ ခေါက်တုံ့ခေါက်ပြန်။
"ဟဲ့ တကယ်..."
မေးခွန်းပါတဲ့ အကြည့်တွေအတွက် ကျွန်တော့်မှာတုန့်ပြန်စရာအပြုံးသာဖြစ်၏။ ကျွန်တော့်ရှေ့ရောက်လာတဲ့ အသားတုံးထူထူနဲ့ ဒံပေါက်ဘူးထဲက အသားတွေကိုလွှာပြီး ဇာမဏိစားမယ့်ဇွန်းထဲထည့်ပေးလိုက်သည်။
"ကိုယ် နွှာပေးမယ်"
စန္ဒာဇော်ဝင်းက မျက်ဖြူစိုက်ဟန်တွေလုပ်ပြတော့ ဖြိုးလေးရော ရဲဘုန်းပါရယ်တော့သည်။ ကျွန်တော်တို့ဖြစ်ပျက်နေတာတွေကိုမသိဘဲ အူကြောင်ကြောင်ဖြစ်နေသူက ဇာမဏိတစ်ယောက်တည်း။
"ငါ ထင်တာ နင်က...။ ထားလိုက်ပါ ဘာဖြစ်ဖြစ် ငါ ဖန်ပေ့ချ်ထောင်မှာနော် နေသော်"
"မလုပ်နဲ့။ မလိုတဲ့လူတွေဝင်ရှုပ်ရင် ငါ ဒေါသထိန်းနိုင်မယ်မထင်ဘူး"
"အမယ်လေးနော် နင်တအား..."
"ဘာတွေပြောနေတာလဲဟင် အစ်ကို"
"ဘာမှမဟုတ်ဘူး။ ကျောင်းကိစ္စ။ အဲ့လိုမဖဲ့နဲ့ လက်တွေပေကုန်မယ်ဆို။ ကိုယ်လုပ်ပေးမယ်"
စင်ဂယ်နှစ်ကောင်နဲ့ ဘဲရှိမကြင်ရတဲ့ သူငယ်ချင်းသုံးယောက်ဆီက မျက်စောင်းတို့ဒိုင်းခနဲ။ အကဲပိုတာမဟုတ်ဘဲ အငယ်တွေနဲ့ပတ်သက်ရင် ကျွန်တော်ကိုက မနေတတ်ခြင်း။ အဲ့လူက ဇာမဏိဖြစ်နေတဲ့အခါ ကျွန်တော့် ဂရုစိုက်ချင်စိတ်များ တိုးလို့ဖြစ်နေရသည်။ ကျွန်တော် အယုံကြည်ရဆုံး ဒီသူငယ်ချင်းတွေရှေ့တော့ ဖုံးကွယ်ထိန်းချုပ်မနေချင်တော့။ အနာဂတ်ကိုတွေးမိရင် ကျွန်တော့်မှာ ရင်ဆိုင်ပစ်လိုက်ဖို့ သတ္တိတွေလည်း သူပဲပေးထားတာမဟုတ်လား။
*****************************
ဒုတိယအကြိမ်ခြေချမိတာဖြစ်ပေမယ့် ဒီတစ်ခါလည်း သက်ပြင်းမောတွေက မပါမဖြစ်။ လှေကားထစ်တွေကိုနင်းဖြတ်လာတည်းက ရယ်သံတွေ ကြားနေခဲ့ပြီးသား။ မာမီ့ကို ကန်တော့ဖို့ လာကြပေမယ့် အတွေ့မခံတဲ့မာမီ့ကြောင့် ညီမလေးစိတ်ဆင်းရဲမှာ ကြောက်နေခဲ့ခြင်းက အခုလိုရယ်သံတွေနဲ့ ပျော်နေတာကို ခံစားမိတဲ့အသိကြောင့်တော့ လေးနေတဲ့ခြေလှမ်းတွေအနည်းငယ်ပေါ့သွားသည်။
"ကိုကို ရောက်ပြီလား"
"အင်း...ညီမလေး"
ဝါနှစ်နေတဲ့ သနပ်ခါးအပြည့်နဲ့ ပါးဖောင်းဖောင်းနှစ်ဖက်။ ခြေတွေလက်တွေထိ ဝါဝါဝင်းစေရတဲ့တရားခံက ကျောက်ပျဥ်နားမှာ ပုဆိုးတိုတိုနဲ့ဆောင့်ကြောင့်ထိုင်နေတုန်း။ ညီမပေးထားရတဲ့ အစ်ကိုတစ်ယောက်ရဲ့တင်းထားရတဲ့မာန်နဲ့ ကျွန်တော့်ကို ယောက်ဖတော်ထားရသူကလည်း စေ့စေ့မော့မကြည့်ရဲနေသလို။
အဝတ်အစားအသုံးအဆောင်တွေပို့ထားပေးပြီးပေမယ့် ကျန်တဲ့မိတ်ကပ်အလှပြင်ပစ္စည်းတွေကို ညီမလေးတို့ ပြန်ရောက်ပြီးအခြေအနေကြည့်ရင်းနဲ့မှ လာပေးခြင်းဖြစ်သည်။ ကျွန်တော့်လက်ထဲကမိတ်ကပ်ပစ္စည်းအိတ်က သနပ်ခါးနံ့သင်းသင်းအောက်မှာ ဖုံးလွှမ်းခံလိုက်ရသလိုပင်။ အခုတော့ ပန်းနုရောင်ခြယ်တိုက်ခန်းကျဥ်းလေးက ကျွန်တော်တို့ထည့်သွင်းပေးထားတဲ့ အခုခေတ်ရဲ့လူနေမှုအသုံးအဆောင်အပြည့်အစုံနဲ့ ကြင်ခါစမောင်နှံတို့ရဲ့အချစ်တို့ကြောင့်ရော မြင်ကာစကလို အေးစက်မနေတော့။
"ကိုကိုလာတာနဲ့အတော်ပဲ။ ညနေစာ တစ်ခါတည်းစားသွားပါလား။ ကိုပြည့်ကိုယ်တိုင်ချက်ပေးထားတာ။ ငါးကြော်နဲ့ မျှစ်ကိုငရုတ်သီးစိမ်းထည့်ကြော်ထားတာ"
"ညီမလေးတို့ပဲစားပါ။ ကိုကို အိမ်ပြန်ရောက်မှစားတော့မယ်"
"ကိုပြည့်က မစားနိုင်ဘူး ကိုကိုရဲ့။ ခုတလော ထမင်းဟင်းနံ့ရတာနဲ့ သူကအန်နေတာ။ ထမင်းဟင်းချက်တာတောင် mask တပ်ထားရလို့ အဲ့မှာ ကိုကိုဝယ်ထည့်ပေးထားတဲ့ ဓါတ်ဆားတွေတိုက်နေရတယ်"
ဒါ ကျွန်တော်ကြားဖူးတဲ့ မိန်းမကိုသိပ်ချစ်တဲ့ ယောက်ျားတွေ ကိုယ်ဝန်ဒဏ်အစားခံပေးတယ်ဆိုတာလား။ မိန်းမကို သိပ်ချစ်မှပဲဖြစ်တတ်တယ်လို့ပြောကြတာတွေကို ကျွန်တော် ယုံကြည်တတ်ခြင်းမရှိခဲ့။ အခုတော့ ဝရန်တာမှာ အဝတ်တွေလှန်းနေတဲ့ကျောပြင်ကို တစ်လှည့်ငေးရင်း ထမင်းမြိန်မြိန်စားလို့ ပျော်နေပုံရတဲ့ညီမလေးကြောင့် ကျွန်တော့် မယုံကြည်ခြင်းတွေကို စွန့်ပစ်ရတော့မည်ထင်သည်။
"ကိုကို့ကို ပြရဦးမယ်"
အိပ်ခန်းထဲကပြန်ထွက်လာတဲ့ ညီမလေးလက်ထဲမှာ black and white ဓါတ်ပုံတစ်ပုံ။ အနက်ရောင်များများနဲ့ အလုံးအထည်မပေါ်တဲ့ ဓါတ်ပုံလေးကို ကျွန်တော့်လက်ထဲထိုးပေးရင်း ညီမလေးက ထမင်းပြန်စားဖို့တောင် မေ့သွားပုံရသည်။ ဒါ ကျွန်တော်တို့ဘဝတွေထဲကိုဝင်လာမယ့် နောက်ထပ်လူသားအကောင်အထည်လေးရဲ့ပုံ။
"သူလေးက ဘယ်နှပတ်ရှိပြီတဲ့လဲ"
"တစ်လကျော်ပြီ ကိုကို"
ကျွန်တော်တို့ စကားဝိုင်းထဲဝင်မလာတဲ့ ယောက်ဖက ဝရန်တာကနေပဲ လှမ်းငေးနေသည်။ Intern ဆင်းနေပြီဖြစ်တဲ့လူက ရုံးကိစ္စ၊ အိမ်ကိစ္စနဲ့ပင်ပန်းပါလိမ့်မည်။ ကျောင်းနားပစ်လိုက်ရတဲ့ ညီမလေးအကြောင်း ခေါင်းထဲဝင်လာတော့ သွေးမတော်စပ်တဲ့ပတ်သက်မှုကို ကရုဏာမသက်နိုင်။
"ကိုကို ပြန်တော့မယ်နော်"
"နေပါဦး ကိုကိုရ။ ရောက်တာမကြာသေးဘဲနဲ့"
"ဒီရက်တွေ night duty ဆက်သွားလို့ သေချာမနားရသေးဘူး။ နောက်မှ အေးအေးဆေးဆေးထပ်လာမယ်လေ ညီမလေးရဲ့။ ကိုယ့်ကိုကိုယ် ဂရုစိုက်နော်"
"ဟုတ် ကိုကို"
"ကိုယ် ပြန်မယ်"
"ဟုတ်ကဲ့ ဘရဏီ့ကိုစိတ်ချပါ ကိုနေသော်"
မတော်ချင်ပေမယ့် ဆက်နွယ်သွားရတဲ့ရေစက်တွေကြောင့် ကျွန်တော်က ရုတ်တရတ်ဆန်တဲ့ဒီအပြောင်းအလဲကို လက်ခံနိုင်ဖို့ ကြိုးစားနေရဆဲ။ ကျွန်တော့်ဘက်က မာမာထန်ထန်တွေသာလုပ်မိရင် ညီမလေးအပေါ် သက်ရောက်မှုတွေမဖြစ်လာဘူးလို့ မပြောနိုင်။ လူထဲက လူအဖြစ်ရှင်သန်ရဖို့ တကယ်လွယ်ကူသည့်အရာမဟုတ်။
တိုက်အောက်ဆုံးရောက်လို့ လမ်းမကိုခြေမချခင် ကားကိုမှီရပ်နေသူကို ကျွန်တော် ငေးမိ၏။ ဒုတိယနှစ်ရောက်တဲ့အထိ ဖွံ့ဖြိုးမှုမရပ်နိုင်သေးတဲ့သူ့ကို ကျွန်တော် ဩချနေရပြီ။ ရန်ကုန်လေထုနဲ့ အလိုက်သင့်ဖြစ်နေပြီဖြစ်တဲ့ သူ့ကိုယ်မှာ ညနေခင်းရဲ့ တက်ကြွမှုတွေနဲ့။ တစ်နေကုန် အတန်းတွေဆက်လာတာတောင် ကျွန်တော့်နောက်လိုက်လာရတဲ့ သူ့ပုံစံကပင်ပန်းသည့်ပုံမပေါ်။ ကျွန်တော်ရပ်ကြည့်နေတာမြင်သွားတော့ တိုက်အရိပ်အောက်ထဲ ခိုဝင်လာခဲ့သည်။
"စကားတွေအများကြီး ပြောခဲ့ရရဲ့လား အစ်ကို"
လမ်းအဆုံးမှာရှိသည့် တိုက်မို့ မှောင်အရိပ်ကများသည်။ အလင်းသဲ့သဲ့နဲ့မြင်ရတဲ့ သူ့မျက်နှာက ကျွန်တော်နိုးထရတော့မယ် နံနက်ခင်းလို။ ကျယ်ပြန့်တဲ့ရင်ခွင်ပေါ် ကျွန်တော်မှီချပစ်လိုက်မိ၏။ ရုတ်တရတ်မို့ သူတောင့်တင်းသွားတာကို ခံစားရသည်။
"တစ်ခုခုဖြစ်လာတာလား အစ်ကို။ ကျွန်တော့်ကိုပြောပါဦး"
"ဘာမှမဖြစ်ပါဘူး"
"ဟုတ်ရဲ့လား"
မျက်နှာကို ငုံ့ကြည့်ဖို့ကြိုးစားနေတာမို့ ခါးကို လက်နှစ်ဖက်လုံးနဲ့ တင်းတင်းဖက်ထားလိုက်မိသည်။
"ဒီတိုင်းပဲ ကိုယ် ပင်ပန်းလို့။ ခဏနားချင်တာ"
အဲ့လိုပြောလိုက်မှ ပုခုံးတွေကို သိုင်းဖက်လာ၏။
"ခဏမဟုတ်ဘူး။ အကြာကြီး နားလည်းရတယ်နော်။ ဒီကောင်ကို အစ်ကို လုပ်ချင်တာလုပ်ပစ်လိုက်"
ဒီဇင်ဘာအအေးဓါတ်က သူ့စကားကြောင့် ရှက်ဝဲဝဲနဲ့ ပြေးထွက်သွား၏။ ကျွန်တော့်ကိုပွေ့ဖက်ပေးထားတဲ့အထဲ လုံခြုံမှုတွေပါ ပါသည်။
နွေးထွေးခြင်းက စကားလုံးတွေမှာပါ တည်ရှိကြောင်း ကျွန်တော် သူ့ကြောင့်နဲ့ သိခွင့်ရ၏။
#########################
August 19.2021.(Thursday)
🌼
မနက်ဖြန် ဆက်တွေ့ကြမယ်ဗျာ❤
🌼🌼
"ေနာက္လည္း လာလည္ေနာ္။ ဘယ္မွလည္းလိုက္မပို႔ရ။ ဖြယ္ဖြယ္ရာရာလည္း ခ်က္မေကြၽးႏိုင္လိုက္ဘူး"
"မဟုတ္တာ။ ကြၽန္ေတာ္က တကူးတကႀကီး လူႀကီးေတြကိုေႏွာင့္ယွက္မိသလိုျဖစ္လို႔ေတာင္ အားနာေနတာပါ"
"အခုေတာ့ ရပ္ေဆြရပ္မ်ိဳးျဖစ္ၿပီပဲ။ အားနာရမယ့္လူေတြမဟုတ္ေတာ့ဘူး။ ကိုငယ့္ကိုလည္း ေစာင့္္ေရွာက္ေပးပါဦးေနာ္။ သူက ေပါင္းသင္းဆက္ဆံေရးညံ့တယ္"
ဇာမဏိ ကိုလတ္တို႔လင္မယားက ဒီေန႔နံနက္စာဝိုင္းမွာ တူယွဥ္တြဲလို႔ ဧည့္ခံၾကသည္။ မရီးအလတ္က ရန္ကုန္သူမို႔ ေလယူေလသိမ္းက သြက္လက္၏။ တစ္ပတ္လွ်ိဳဆံထိုးမွာ ေဝေနတဲ့စံပယ္ေတြနဲ႔ သနပ္ခါးပါးကြက္ၾကားရဲ႕သင္းပ်ံ႕ပ်ံ႕ရနံ႔တို႔ေၾကာင့္ ရန္ကုန္သူရဲ႕ဟန္ပန္ မရွိေတာ့။ ျပန္မယ့္ေန႔က်မွပဲ ကြၽန္ေတာ့္မွာ ထမင္းဝိုင္းေသခ်ာထိုင္ျဖစ္တဲ့အတြက္ မ်က္ႏွာလည္းပူရ၏။ ဇာမဏိမိဘႏွစ္ပါးနဲ႔ကိုႀကီးတို႔လင္မယားက ကြၽန္ေတာ္တို႔မႏိုးခင္တည္းက အလႉပြဲစီစဥ္ရဖို႔ရွိတာမို႔ အ႐ုဏ္ဦးတည္းက ထြက္သြားၾကသည္။ ကြၽန္ေတာ့္မွာ မ်က္ႏွာခ်င္းဆိုင္ၿပီးေတာင္ ေက်းဇူးတင္စကားမဆိုလိုက္ရ။
ေကာက္ညႇင္းေပါင္းပူပူနဲ႔ တို႔ဖူးေၾကာ္ လက္ဖက္ရည္အတြဲအဖက္က ေဆာင္းမနက္ခင္းနဲ႔ ပနံသင့္ေနခဲ့၏။
"ရန္ကုန္ေရာက္ရင္ ကြၽန္ေတာ္ ဧည့္ခံပါရေစ"
"ရန္ကုန္ကေတာ့ လာဦးမွာ ေမာင္ေလး။ ကိုလတ္ Scania ေတြလာၾကည့္ရမွာ"
ကြၽန္ေတာ့္နားထဲရႈပ္ေထြးသြား၏။ Scania ဆိုတာ အေဝးေျပးခရီးသြားကားေတြမလား။ ကြၽန္ေတာ့္ပုံစံကိုၾကည့္ၿပီး ကိုလတ္အမ်ိဳးသမီးက နားလည္မႈနဲ႔ၿပဳံးသည္။
"ေမာင္ေလးတို႔စီးလာတဲ့ ခရီးသြားကားေတြက ကိုလတ္လုပ္ငန္းေတြေလ"
ႂကြားေနတာမ်ိဳးမဟုတ္။ ကြၽန္ေတာ္နားမလည္လိုက္သည့္အပိုင္းကို ရွင္းျပျခင္းမ်ိဳးျဖင့္ မ်က္ႏွာအမူအရာတို႔က ႐ိုးရွင္းၾကသည္။
"အဲ့ဒါ အစီးေရထပ္တိုးဖို႔လုပ္ထားဖို႔ စီစဥ္ထားတာေတြလာလုပ္ရမွာ"
ျပည္တြင္းမွာနာမည္ရထားသည့္ ခရီးသည္တင္အေဝးေျပးကားႀကီးေတြ။ ကိုလတ္လုပ္ငန္းေတြဆိုသည့္စကားေနာက္မွာ ဘယ္ေလာက္ႀကီးသည့္စီးပြားေရးလဲဆိုတာ ကြၽန္ေတာ္သိရွိလိုက္၏။ ဒါ့ေၾကာင့္ ရန္ကုန္ကထြက္လာဖို႔ ဇာမဏိဖုန္းဆက္ေတာ့ သူပိုင္ႏိုင္သည့္နယ္ပယ္အေပၚေျပာဆိုလိုက္ပုံမ်ိဳး ကြၽန္ေတာ္ခံစားရျခင္း။ လုပ္ငန္းႀကီးကို ဦးေဆာင္ေနသူဆိုေပမယ့္ ကိုလတ္တို႔စုံတြဲက ဟိတ္ဟန္လည္းမရွိ။ ကိုႀကီးက မိဘေတြရဲ႕လုပ္ငန္းျဖစ္တဲ့ ဆန္စက္၊ဆီစက္ေတြကိုလက္လႊဲယူထားသည္။ အလႉမဂၤလာပြဲတက္ေနရာတိုင္း၊ အလႊာတိုင္းမွာေတြ႕ရတဲ့ ကိုေလးတို႔အပိုင္ ဖိနပ္ခ်ဳပ္လုပ္ငန္း။ ကိုလတ္က ခရီးသည္တင္အေဝးေျပးကားေတြနဲ႔လုပ္ငန္းခ်ဲ႕ထြင္ေနသူ။
ရင္ထဲမွာဖိဖိစီးစီးရွိလာသမွ်က အထင္ျမင္ေသးခဲ့တာမဟုတ္ဘဲ ကြၽန္ေတာ္ ဇာမဏိအေပၚ မွားယြင္းစြာဆက္ဆံမိခဲ့တာေတြအတြက္။ အေပၚယံအခြံေတြနဲ႔ အဆင့္အတန္းေတြကိုသတ္မွတ္တတ္ခဲ့တာမဟုတ္ဘဲ သူ႔ဘက္မွာမျပည့္စုံဘူးလို႔ မွတ္ထင္ထားမိခဲ့တာေတြ။
ေပၚေပၚထင္ထင္မေနတတ္သူေတြမို႔ အလယ္အလတ္တန္းဆိုင္ကယ္တစ္စီးနဲ႔ ကိုလတ္တို႔ ေဈးဝယ္ထြက္သြားမွပဲ ကြၽန္ေတာ့္နံနက္စာၿမိဳက်ေတာ့သည္။
"ကိုကို စားေကာင္းရဲ႕လား"
"ေကာင္းတယ္။ ညီေလးေရာ အတူတူမစားဘူးလား"
ေရာက္စတည္းက ကြၽန္ေတာ့္ကိုျမင္ရင္ ၿပဳံးၿပဳံးျပတတ္တဲ့ ဇာမဏိညီေလး။
"သားက အေမတို႔နဲ႔စားၿပီးတာၾကာေပါ့"
အၿပဳံးေနာက္ကပ္ပါေနတဲ့ သားစြယ္ခြၽန္ေၾကာင့္ ကြၽန္ေတာ့္မွာ ရင္းႏွီးလြယ္သြားရ၏။ ဒီကေလးက ဇာမဏိတို႔ ကိုႀကီးတို႔နဲ႔မတူဘဲ မ်က္ႏွာခ်ိဳသည္။ ရွစ္တန္းသာဆိုသည္ ဇာမဏိညီေလးရဲ႕အရပ္က ကြၽန္ေတာ့္ရင္ဘတ္ကိုမွီလုနီးပါးရွိ၏။
"နာမည္ ဘယ္လိုေခၚလဲ"
"ဂါမဏိ"
ေကာက္ညႇင္းေပါင္းကို လက္ဖက္ရည္နဲ႔ပင္ၿမိဳခ်လိုက္ရသည္။ ဒီညီအစ္ကိုေတြက တကယ္ကိုစိတ္ဝင္စားဖို႔ေကာင္းသည္။ ညီအစ္ကိိုခ်ည္းပဲ ငါးေယာက္ေမြးထုတ္ႏိုင္တဲ့ ဇာမဏိအေမနဲ႔အေဖရဲ႕ အစြမ္းအစကလည္း အံ့မခန္းပင္။
"ဒါဆို ကိုႀကီးေတြ နာမည္ကေရာ"
"ကိုႀကီးနာမည္က သံမဏိေလ။ ကိုလတ္က ေနမဏိ။ ကိုေလးက်မွ ေန႔နံမကိုက္လို႔ဆိုလား ထြန္းေအာင္ေက်ာ္ျဖစ္သြားတာ။ ၿပီးေတာ့ ကိုငယ္ ဇာမဏိနဲ႔ သားက ဂါမဏိ"
နာမည္နဲ႔မ်က္ႏွာေတြကိုတြဲျမင္မိေတာ့ ကြၽန္ေတာ္ ရယ္မိ၏။ ႐ုပ္တည္တည္၊ မင္ေသေသမ်က္ႏွာေတြနဲ႔ နာမည္ေတြက တကယ္ကိုလိုက္ဖက္မႈရွိျခင္း။ စကားနည္းေပမယ့္ လုပ္ကိုင္ရမယ့္ကိစၥေတြကို တည္တည္ၿငိမ္ၿငိမ္ေျဖရွင္းတတ္ပုံေတြကိုလည္း ဒီရက္ေတြအတြင္း အမွတ္တမဲ့ျမင္ေတြ႕ရင္းႏွီးၿပီးျဖစ္၏။
ကိုႀကီးတို႔လင္မယားက ဒီအိမ္မွာပဲ မိဘေတြနဲ႔ေနၿပီး ကိုလတ္က ေဘးအိမ္ကပ္လ်က္။ ကိုေလးကေတာ့ ဖိနပ္ခုံဝိုင္းထဲမွာပဲ တစ္ထပ္ခြဲတိုက္ေလးနဲ႔ေနတာကို ကြၽန္ေတာ္ျမင္ေတြ႕ၿပီးျဖစ္သည္။
"ကိုငယ္က လူ႔ဂြစာႀကီးမလား ကိုကို"
"ဘာျဖစ္လို႔လဲ"
"သူ႔ပစၥည္းေတြကိုင္တာမႀကိဳက္ဘူး။ သူစိတ္မဝင္စားရင္ ဘာကိုမွလွည့္မၾကည့္ သိလည္းမသိတတ္ဘူး။ စကားဆိုလည္း ေမးတစ္ခြန္းေျပာတစ္ခြန္း။ အေမကေတာ့ေျပာတယ္ ငယ္ငယ္တည္းကစာက်က္မ်ားၿပီး လြတ္သြားတာတဲ့"
လူ႔ဂြစာဆိုတာကေတာ့ အမွန္ပင္။ ကြၽန္ေတာ္နဲ႔သူ စသိေတာ့ ဘယ္ေလာက္ေတာင္နားလည္မႈေတြလြဲၿပီး ကို႔႐ို႕ကားယားႏိုင္ခဲ့ရသလဲ။ ရန္ကုန္နဲ႔မကြၽမ္းဝင္ေသးတဲ့သူရယ္၊ အေတြးမ်ားတတ္တဲ့ကြၽန္ေတာ္ရယ္။ ကိုယ္တိုင္ေတာင္ သတိမထားမိခင္ေလးမွာ ကြၽန္ေတာ္က သူနဲ႔အနီးဆုံးထိ ပတ္သက္ဆက္ႏြယ္ခဲ့ရျခင္း။ တစ္ႏွစ္ဆိုတဲ့မ်က္ေတာင္တစ္ခတ္စာအခ်ိန္အတြင္း ကြၽန္ေတာ္တို႔ၾကား အျဖစ္အပ်က္ေတြက မေရမတြက္ႏိုင္ေအာင္ပင္။
"ဂါမဏိ!"
"ဗ်ာ"
ဂါမဏိ ပုခုံးႏွစ္ဖက္တုန္တက္သြားတာမ်ား။ ေလွကားေပၚက ဆင္းလာသူက ျပန္ရမယ့္ေန႔မွ အိပ္ရာထေနာက္က်ေန၏။ တကယ္ေတာ့ ဒီရက္ေတြ ကြၽန္ေတာ့္အတြက္ေျပးလႊားေပးေနရတာနဲ႔တင္ သူပင္ပန္းေနလိမ့္မည္။ မ်က္ႏွာေလးငယ္ျပေနတဲ့ ဂါမဏိကို ကြၽန္ေတာ္ႀကိတ္ရယ္လိုက္မိသည္။ ဂါမဏိကလည္း လူလည္ေလး။ ဇာမဏိ ဝင္ထိုင္တာနဲ႔ အမူအရာကက်ိဳးက်ိဳးႏြံႏြံျဖစ္သြား၏။
"ကိုေလးက ဖိနပ္ခုံကို လာခဲ့ဦးေျပာထားတာ။ သားေမ့ေနလို႔။ ကိုငယ္တို႔ ကားဂိတ္မဆင္းခင္ ျပန္လာခဲ့မယ္ေနာ္"
ေျပာၿပီး ေျပးထြက္သြားတာ လွစ္ခနဲ။
"အစ္ကို ဘာျဖစ္လို႔လဲ။ စားမေကာင္းဘူးလား။ မစားတတ္ရင္ တျခားဟာသြားစားမလား"
"စားေကာင္းတယ္။ ေကာင္းညႇင္းေပါင္းမစားရတာ ၾကာေနၿပီ"
"တစ္ခုခုေတာ့ ျဖစ္ေနတယ္မလား။ ဘာျဖစ္လို႔လဲ။ ကြၽန္ေတာ့္ကိုေျပာ"
ကြၽန္ေတာ္ ေခါင္းသာခါျပႏိုင္၏။ ဇာမဏိက ကြၽန္ေတာ္တစ္ခါမွမေတြးထင္ဖူးတဲ့ေနရာတစ္ခုက တန္ဖိုးရွိတဲ့ျဖစ္တည္မႈမ်ိဳးနဲ႔။ သူ႔အေပၚ အားနာတာေတြ၊ မေမွ်ာ္လင့္မိခဲ့တာေတြနဲ႔ ရင္ဘတ္ထဲေလးလံရျခင္းမွာ။
"ကြၽန္ေတာ့္ကို မေျပာရင္ အစ္ကို ဘယ္သူ႔ကိုေျပာမွာလဲ။ အထင္ေတြလြဲၿပီး အေနေဝးသြားမွာေတြ ကြၽန္ေတာ္ေၾကာက္တယ္လို႔ ေျပာထားတယ္မလား အစ္ကိုရဲ႕"
"ဇာမဏိ"
"ကြၽန္ေတာ္ နားေထာင္ေနတယ္"
"ကိုေလးတို႔ လင္မယားက အေဝးေျပးကားေတြပိုင္တာေနာ္"
"ဝန္ထုပ္ဝန္ပိုးျဖစ္သြားတာလား"
သူသိရျပန္ၿပီ။ မုန္႔မစားေသးဘဲ ကြၽန္ေတာ္ငွဲ႔ေပးတဲ့ အၾကမ္းရည္ကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ေသာက္ေန၏။
"ကြၽန္ေတာ့္လုပ္ငန္းေတြမွ မဟုတ္တာ အစ္ကို။ ကြၽန္ေတာ္က ေလာေလာဆယ္ ဘာပိုင္ဆိုင္မႈမွမရွိတဲ့ေကာင္။
အစ္ကိုပဲစဥ္းစားၾကည့္။ ေယာက္်ားေလးခ်င္းအတူတူကို သူတို႔ကေက်ာင္းၿပီးေအာင္မတက္ေပမယ့္ ၁၅ႏွစ္၊ ၁၆ႏွစ္ေလာက္တည္းက ေငြရွာႏိုင္ေနၿပီ။ ကြၽန္ေတာ္ Roll1 ျဖစ္ေတာ့ေရာ ဘာျဖစ္ေသးလဲ။ အစ္ကိုေတြအေထာက္အပံ့ကိုမွီခိုၿပီး ေက်ာင္းတက္ေနရတာပဲေလ။ ဒါကိုေယာက္်ားမာနလို႔ပဲ ေျပာခ်င္ေျပာ။ ကြၽန္ေတာ့္ဘဝကို ကြၽန္ေတာ့္လက္ ကြၽန္ေတာ့္ေျခပဲျဖစ္ခ်င္တာ။ သူတို႔ပိုင္ဆိုင္သမွ်က ကြၽန္ေတာ္နဲ႔ ဘာမွမဆိုင္လို႔ အစ္ကို ဝန္ထုပ္ဝန္ပိုးျဖစ္စရာမလိုပါဘူး"
သူေျပာလိုက္ေတာ့လည္း တြက္ခ်က္ရမယ့္ကိန္းဂဏန္းတန္ဖိုးေတြက သုညေနာက္အႏုတ္ဘက္ကိုေရာက္သြားသလိုပင္။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဒီလိုရင့္က်က္ေနတာေတြကပဲ ကြၽန္ေတာ့္စိုးရိမ္ေသာကေတြကို အၿမဲဖယ္ရွားေပးႏိုင္ေနရျခင္း။
မိုးသက္မုန္တိုင္းေတြရဲ႕အလြန္ မိုးေသာက္ေရာင္ျခယ္ရဲ႕ ေလျပည္ေတြကို ကြၽန္ေတာ္ သူ႔နာမည္ေပးမည္။
**********************************
စမ္းေခ်ာင္းၿမိဳ႕နယ္ထဲပါဝင္တဲ့ ငါးလႊာက တိုက္ခန္းတံခါးေရွ႕ ကြၽန္ေတာ္ သက္ျပင္းေတြေႁခြမိတာအႀကိမ္ႀကိမ္။ေရခ်ိဳးခန္း၊ အိမ္သာတြဲလ်က္နဲ႔ အိပ္ခန္းေနရာကိုကန္႔ထားတဲ့အခန္းက်ဥ္း။ နံရံေဆးသားတို႔က မွိန္လြင့္႐ုံမက ကြာက်ေနတာလည္းရွိသည္။ ငါးလႊာျဖစ္တာမို႔ ေလဝင္ေလထြက္ေတာ့ေကာင္း၏။ ဒီေနရာေလးက မိဘမရွိေတာ့တဲ့ ျပည့္လွ်ံေအာင္ရဲ႕ တစ္ခုတည္းေသာပိုင္ဆိုင္မႈ။ အသစ္စက္စက္ေမာင္ႏွံတို႔ ေဆြမ်ိဳးနီးစပ္လူႀကီးေတြဆီ ေဆြျပမ်ိဳးျပသြားေနၾကတုန္း ကြၽန္ေတာ္ ရန္ကုန္ေရာက္ေရာက္ခ်င္း ဇာမဏိကိုလိုက္ပို႔ခိုင္းၿပီး ၿဖိဳးေလးနဲ႔ ရဲဘုန္းကိုပါေခ်ာဆြဲလာရသည္။
ကြၽန္ေတာ့္ကိုပါမ်က္ႏွာခ်င္းမဆိုင္ေတာ့တဲ့မာမီ့ေၾကာင့္ စိတ္မေကာင္းေနတာေတြသိလည္း ကြၽန္ေတာ္ လုပ္ေပးစရာရွိတာေတာ့လုပ္ေပးရဦးမည္။ ကြၽန္ေတာ့္ေထာက္ပံ့မႈ မျပည့္စုံႏိုင္ေပမယ့္ ညီမေလး ဘဝသစ္အတြက္ လက္တစ္ဆစ္စာအေထာက္အပံ့ေလးျဖစ္ရင္ပဲ ကြၽန္ေတာ္ေက်နပ္၏။
အိပ္ခန္းေထာင့္မွာ ေသတၱာတစ္လုံးနဲ႔စာၾကည့္စားပြဲအပု။ တစ္ေယာက္အိပ္ဖ်ာၾကမ္းေပၚမွာ ျမင္ရတဲ့ေမြ႕ရာပါးပါး။ ထမင္းစားပန္းကန္းတစ္ခ်ပ္နဲ႔ ေရသန္႔ဘူးေပၚေမွာက္တင္ထားသည့္ ေရခြက္တစ္ခြက္။ အရာရာျပည့္စုံေနခဲ့ရတဲ့ ညီမေလးရဲ႕ ေျခရာလက္ရာတို႔ ဒီေနရာမွာရွိေနခဲ့မလား။
"နံရံေတြက ေဆးျပန္တင္လိုက္ရင္ အသစ္အတိုင္းျဖစ္သြားမွာ။ ေငြေၾကးဘာညာေရာ ဘာမွစိတ္ပူမေနနဲ႔ ေနေသာ္"
ရဲဘုန္းက သူ႔ဦးေလးအိမ္ေဆာက္ပစၥည္းဆိုင္ကို ဖုန္းဆက္ၿပီး မၾကာခင္ဘဲ ပစၥည္းေတြေရာက္ခ်လာသည္။ ေဆးအေဟာင္းေတြကိုျခစ္ခ်၊ ေဆးအသစ္ျပန္သုတ္ၿပီး နံရံကပ္ wallpaper ေတြပါအပိုေဆာင္းအလွဆင္ေပးၾကသည္။ လူအင္အားအနည္းငယ္နဲ႔ စုေပါင္းလုပ္လိုက္ေတာ့ ရဲဘုန္းေျပာတဲ့အတိုင္း ေနထိုင္ထားသည့္ပုံစံမရွိဘဲ အသစ္အတိုင္းျဖစ္သြား၏။
"ေရခဲေသတၱာနဲ႔ ဆိုဖာဆက္တီက ငါလက္ဖြဲ႕မယ္"
ၿဖိဳးေလးက နဖူးကေခြၽးေတြကို သပ္ခ်ရင္းေျပာသည္။
"ကုတင္နဲ႔ စာၾကည့္စားပြဲက ကြၽန္ေတာ့္လက္ေဆာင္ေနာ္ အစ္ကို"
ေရသန္႔တစ္ဘူးေဖာက္လို႔ကမ္းေပးရင္းဆိုတဲ့စကားက ေအးေအးျမျမ။
"ဟဲ့ ဘာေတြေပးေနၾကတာလဲ"
အထုပ္ေတြဆြဲၿပီးေရာက္လာတဲ့ စႏၵာေဇာ္ဝင္းကိုျမင္ေတာ့ အံ့အားသင့္သြားရတာက ကြၽန္ေတာ္နဲ႔ရဲဘုန္း။
"နင္က ဘယ္လိုလုပ္"
ၿဖိဳးေလးက လက္ေထာင္ၿပီးစပ္ၿဖဲၿဖဲ။
"အျပင္ထြက္မစားခ်င္ေတာ့လို႔ အလႉရွင္ရွာလိုက္တာ"
"နင္တို႔ လက္ဖြဲ႕ေပးေနတာဆို ငါ့ညီမေလးအတြက္ ငါက အဝတ္ေလွ်ာ္စက္ေနာ္။ မိန္းကေလးေတြအတြက္ အဝတ္ေလွ်ာ္စက္ကအသက္ပဲ။ မျဖစ္မရွိလိုတယ္"
သူငယ္ခ်င္းေတြရဲ႕ ခြဲတမ္းခ်ေဝေနမႈေတြကို ကြၽန္ေတာ္မျငင္းႏိုင္။ ကပ်က္ကေခ်ာ္ေတြလုပ္တတ္တဲ့ စႏၵေဇာ္ဝင္းရဲ႕ ေလးနက္မႈေတြကို ေတြ႕ျမင္ခဲ့ရတဲ့ႏွစ္ေတြေၾကာင့္ အယုံအၾကည္ရွိေနသည္။ အတန္းထဲမွာ လူ ၈၀ ေက်ာ္။ တကယ္တမ္း ကြၽန္ေတာ္ အေရးႀကဳံရင္ ေျပးလာတတ္တဲ့ ဒီသူငယ္ခ်င္းသုံးေယာက္က ကြၽန္ေတာ့္ဘဝအတြက္။
စႏၵာေဇာ္ဝင္းလက္ထဲက ဒံေပါက္ထုပ္ေတြကို ေျပးယူၿပီး ၾကမ္းျပင္မွာပဲ စကၠဴခင္းလိုက္ၾကသည္။
"ဒါနဲ႔ ဘယ္လိုလုပ္မလဲ ေၾကာင္လွ်ာသီးေမာင္ေလးေရာက္ေနမွန္းမသိလို႔ ေလးေယာက္စာပဲပါတယ္"
"ကြၽန္ေတာ့္အတြက္ မပါဘူးတဲ့အစ္ကို။ အစ္ကို ဘာစားခ်င္လဲ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ေၾကးအိုးသြားစားၾကမလား"
ဒီတစ္ခါေတာ့ စႏၵာေဇာ္ဝင္းလက္က ဇာမဏိလက္ေမာင္းေပၚ ထိထိမိမိ။
"ငါ့အလွည့္က် ရွက္ရတယ္။ နင့္အလွည့္က် နင္ကေနာ္။ ငါ ေခါက္ပစ္ခ်င္တယ္"
"နင္ သူ႔ကိုမေခါက္ခင္ နင္အရင္အတြယ္ခံရမွာေနာ္ စႏၵာေဇာ္ဝင္း"
အဓိပၸါယ္ပါတဲ့ ၿဖိဳးေလးစကားကို အကင္းပါးတဲ့ စႏၵာေဇာ္ဝင္းကဒက္ခနဲ။ ဒံေပါက္ထဲက အသားေကာင္းမေကာင္း ေခါင္းငုံ႔ရွာေနတဲ့ ဇာမဏိကေတာ့ မျမင္။ စႏၵာေဇာ္ဝင္းရဲ႕ ကာလာတင္ထားတဲ့မ်က္ဝန္းတို႔က ကြၽန္ေတာ္နဲ႔ ဇာမဏိဆီမွာ ေခါက္တုံ႔ေခါက္ျပန္။
"ဟဲ့ တကယ္..."
ေမးခြန္းပါတဲ့ အၾကည့္ေတြအတြက္ ကြၽန္ေတာ့္မွာတုန္႔ျပန္စရာအၿပဳံးသာျဖစ္၏။ ကြၽန္ေတာ့္ေရွ႕ေရာက္လာတဲ့ အသားတုံးထူထူနဲ႔ ဒံေပါက္ဘူးထဲက အသားေတြကိုလႊာၿပီး ဇာမဏိစားမယ့္ဇြန္းထဲထည့္ေပးလိုက္သည္။
"ကိုယ္ ႏႊာေပးမယ္"
စႏၵာေဇာ္ဝင္းက မ်က္ျဖဴစိုက္ဟန္ေတြလုပ္ျပေတာ့ ၿဖိဳးေလးေရာ ရဲဘုန္းပါရယ္ေတာ့သည္။ ကြၽန္ေတာ္တို႔ျဖစ္ပ်က္ေနတာေတြကိုမသိဘဲ အူေၾကာင္ေၾကာင္ျဖစ္ေနသူက ဇာမဏိတစ္ေယာက္တည္း။
"ငါ ထင္တာ နင္က...။ ထားလိုက္ပါ ဘာျဖစ္ျဖစ္ ငါ ဖန္ေပ့ခ်္ေထာင္မွာေနာ္ ေနေသာ္"
"မလုပ္နဲ႔။ မလိုတဲ့လူေတြဝင္ရႈပ္ရင္ ငါ ေဒါသထိန္းႏိုင္မယ္မထင္ဘူး"
"အမယ္ေလးေနာ္ နင္တအား..."
"ဘာေတြေျပာေနတာလဲဟင္ အစ္ကို"
"ဘာမွမဟုတ္ဘူး။ ေက်ာင္းကိစၥ။ အဲ့လိုမဖဲ့နဲ႔ လက္ေတြေပကုန္မယ္ဆို။ ကိုယ္လုပ္ေပးမယ္"
စင္ဂယ္ႏွစ္ေကာင္နဲ႔ ဘဲရွိမၾကင္ရတဲ့ သူငယ္ခ်င္းသုံးေယာက္ဆီက မ်က္ေစာင္းတို႔ဒိုင္းခနဲ။ အကဲပိုတာမဟုတ္ဘဲ အငယ္ေတြနဲ႔ပတ္သက္ရင္ ကြၽန္ေတာ္ကိုက မေနတတ္ျခင္း။ အဲ့လူက ဇာမဏိျဖစ္ေနတဲ့အခါ ကြၽန္ေတာ့္ ဂ႐ုစိုက္ခ်င္စိတ္မ်ား တိုးလို႔ျဖစ္ေနရသည္။ ကြၽန္ေတာ္ အယုံၾကည္ရဆုံး ဒီသူငယ္ခ်င္းေတြေရွ႕ေတာ့ ဖုံးကြယ္ထိန္းခ်ဳပ္မေနခ်င္ေတာ့။ အနာဂတ္ကိုေတြးမိရင္ ကြၽန္ေတာ့္မွာ ရင္ဆိုင္ပစ္လိုက္ဖို႔ သတၱိေတြလည္း သူပဲေပးထားတာမဟုတ္လား။
*****************************
ဒုတိယအႀကိမ္ေျခခ်မိတာျဖစ္ေပမယ့္ ဒီတစ္ခါလည္း သက္ျပင္းေမာေတြက မပါမျဖစ္။ ေလွကားထစ္ေတြကိုနင္းျဖတ္လာတည္းက ရယ္သံေတြ ၾကားေနခဲ့ၿပီးသား။ မာမီ့ကို ကန္ေတာ့ဖို႔ လာၾကေပမယ့္ အေတြ႕မခံတဲ့မာမီ့ေၾကာင့္ ညီမေလးစိတ္ဆင္းရဲမွာ ေၾကာက္ေနခဲ့ျခင္းက အခုလိုရယ္သံေတြနဲ႔ ေပ်ာ္ေနတာကို ခံစားမိတဲ့အသိေၾကာင့္ေတာ့ ေလးေနတဲ့ေျခလွမ္းေတြအနည္းငယ္ေပါ့သြားသည္။
"ကိုကို ေရာက္ၿပီလား"
"အင္း...ညီမေလး"
ဝါႏွစ္ေနတဲ့ သနပ္ခါးအျပည့္နဲ႔ ပါးေဖာင္းေဖာင္းႏွစ္ဖက္။ ေျခေတြလက္ေတြထိ ဝါဝါဝင္းေစရတဲ့တရားခံက ေက်ာက္ပ်ဥ္နားမွာ ပုဆိုးတိုတိုနဲ႔ေဆာင့္ေၾကာင့္ထိုင္ေနတုန္း။ ညီမေပးထားရတဲ့ အစ္ကိုတစ္ေယာက္ရဲ႕တင္းထားရတဲ့မာန္နဲ႔ ကြၽန္ေတာ့္ကို ေယာက္ဖေတာ္ထားရသူကလည္း ေစ့ေစ့ေမာ့မၾကည့္ရဲေနသလို။
အဝတ္အစားအသုံးအေဆာင္ေတြပို႔ထားေပးၿပီးေပမယ့္ က်န္တဲ့မိတ္ကပ္အလွျပင္ပစၥည္းေတြကို ညီမေလးတို႔ ျပန္ေရာက္ၿပီးအေျခအေနၾကည့္ရင္းနဲ႔မွ လာေပးျခင္းျဖစ္သည္။ ကြၽန္ေတာ့္လက္ထဲကမိတ္ကပ္ပစၥည္းအိတ္က သနပ္ခါးနံ႔သင္းသင္းေအာက္မွာ ဖုံးလႊမ္းခံလိုက္ရသလိုပင္။ အခုေတာ့ ပန္းႏုေရာင္ျခယ္တိုက္ခန္းက်ဥ္းေလးက ကြၽန္ေတာ္တို႔ထည့္သြင္းေပးထားတဲ့ အခုေခတ္ရဲ႕လူေနမႈအသုံးအေဆာင္အျပည့္အစုံနဲ႔ ၾကင္ခါစေမာင္ႏွံတို႔ရဲ႕အခ်စ္တို႔ေၾကာင့္ေရာ ျမင္ကာစကလို ေအးစက္မေနေတာ့။
"ကိုကိုလာတာနဲ႔အေတာ္ပဲ။ ညေနစာ တစ္ခါတည္းစားသြားပါလား။ ကိုျပည့္ကိုယ္တိုင္ခ်က္ေပးထားတာ။ ငါးေၾကာ္နဲ႔ မွ်စ္ကိုင႐ုတ္သီးစိမ္းထည့္ေၾကာ္ထားတာ"
"ညီမေလးတို႔ပဲစားပါ။ ကိုကို အိမ္ျပန္ေရာက္မွစားေတာ့မယ္"
"ကိုျပည့္က မစားႏိုင္ဘူး ကိုကိုရဲ႕။ ခုတေလာ ထမင္းဟင္းနံ႔ရတာနဲ႔ သူကအန္ေနတာ။ ထမင္းဟင္းခ်က္တာေတာင္ mask တပ္ထားရလို႔ အဲ့မွာ ကိုကိုဝယ္ထည့္ေပးထားတဲ့ ဓါတ္ဆားေတြတိုက္ေနရတယ္"
ဒါ ကြၽန္ေတာ္ၾကားဖူးတဲ့ မိန္းမကိုသိပ္ခ်စ္တဲ့ ေယာက္်ားေတြ ကိုယ္ဝန္ဒဏ္အစားခံေပးတယ္ဆိုတာလား။ မိန္းမကို သိပ္ခ်စ္မွပဲျဖစ္တတ္တယ္လို႔ေျပာၾကတာေတြကို ကြၽန္ေတာ္ ယုံၾကည္တတ္ျခင္းမရွိခဲ့။ အခုေတာ့ ဝရန္တာမွာ အဝတ္ေတြလွန္းေနတဲ့ေက်ာျပင္ကို တစ္လွည့္ေငးရင္း ထမင္းၿမိန္ၿမိန္စားလို႔ ေပ်ာ္ေနပုံရတဲ့ညီမေလးေၾကာင့္ ကြၽန္ေတာ့္ မယုံၾကည္ျခင္းေတြကို စြန္႔ပစ္ရေတာ့မည္ထင္သည္။
"ကိုကို႔ကို ျပရဦးမယ္"
အိပ္ခန္းထဲကျပန္ထြက္လာတဲ့ ညီမေလးလက္ထဲမွာ black and white ဓါတ္ပုံတစ္ပုံ။ အနက္ေရာင္မ်ားမ်ားနဲ႔ အလုံးအထည္မေပၚတဲ့ ဓါတ္ပုံေလးကို ကြၽန္ေတာ့္လက္ထဲထိုးေပးရင္း ညီမေလးက ထမင္းျပန္စားဖို႔ေတာင္ ေမ့သြားပုံရသည္။ ဒါ ကြၽန္ေတာ္တို႔ဘဝေတြထဲကိုဝင္လာမယ့္ ေနာက္ထပ္လူသားအေကာင္အထည္ေလးရဲ႕ပုံ။
"သူေလးက ဘယ္ႏွပတ္ရွိၿပီတဲ့လဲ"
"တစ္လေက်ာ္ၿပီ ကိုကို"
ကြၽန္ေတာ္တို႔ စကားဝိုင္းထဲဝင္မလာတဲ့ ေယာက္ဖက ဝရန္တာကေနပဲ လွမ္းေငးေနသည္။ Intern ဆင္းေနၿပီျဖစ္တဲ့လူက ႐ုံးကိစၥ၊ အိမ္ကိစၥနဲ႔ပင္ပန္းပါလိမ့္မည္။ ေက်ာင္းနားပစ္လိုက္ရတဲ့ ညီမေလးအေၾကာင္း ေခါင္းထဲဝင္လာေတာ့ ေသြးမေတာ္စပ္တဲ့ပတ္သက္မႈကို က႐ုဏာမသက္ႏိုင္။
"ကိုကို ျပန္ေတာ့မယ္ေနာ္"
"ေနပါဦး ကိုကိုရ။ ေရာက္တာမၾကာေသးဘဲနဲ႔"
"ဒီရက္ေတြ night duty ဆက္သြားလို႔ ေသခ်ာမနားရေသးဘူး။ ေနာက္မွ ေအးေအးေဆးေဆးထပ္လာမယ္ေလ ညီမေလးရဲ႕။ ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ေနာ္"
"ဟုတ္ ကိုကို"
"ကိုယ္ ျပန္မယ္"
"ဟုတ္ကဲ့ ဘရဏီ့ကိုစိတ္ခ်ပါ ကိုေနေသာ္"
မေတာ္ခ်င္ေပမယ့္ ဆက္ႏြယ္သြားရတဲ့ေရစက္ေတြေၾကာင့္ ကြၽန္ေတာ္က ႐ုတ္တရတ္ဆန္တဲ့ဒီအေျပာင္းအလဲကို လက္ခံႏိုင္ဖို႔ ႀကိဳးစားေနရဆဲ။ ကြၽန္ေတာ့္ဘက္က မာမာထန္ထန္ေတြသာလုပ္မိရင္ ညီမေလးအေပၚ သက္ေရာက္မႈေတြမျဖစ္လာဘူးလို႔ မေျပာႏိုင္။ လူထဲက လူအျဖစ္ရွင္သန္ရဖို႔ တကယ္လြယ္ကူသည့္အရာမဟုတ္။
တိုက္ေအာက္ဆုံးေရာက္လို႔ လမ္းမကိုေျခမခ်ခင္ ကားကိုမွီရပ္ေနသူကို ကြၽန္ေတာ္ ေငးမိ၏။ ဒုတိယႏွစ္ေရာက္တဲ့အထိ ဖြံ႕ၿဖိဳးမႈမရပ္ႏိုင္ေသးတဲ့သူ႔ကို ကြၽန္ေတာ္ ဩခ်ေနရၿပီ။ ရန္ကုန္ေလထုနဲ႔ အလိုက္သင့္ျဖစ္ေနၿပီျဖစ္တဲ့ သူ႔ကိုယ္မွာ ညေနခင္းရဲ႕ တက္ႂကြမႈေတြနဲ႔။ တစ္ေနကုန္ အတန္းေတြဆက္လာတာေတာင္ ကြၽန္ေတာ့္ေနာက္လိုက္လာရတဲ့ သူ႔ပုံစံကပင္ပန္းသည့္ပုံမေပၚ။ ကြၽန္ေတာ္ရပ္ၾကည့္ေနတာျမင္သြားေတာ့ တိုက္အရိပ္ေအာက္ထဲ ခိုဝင္လာခဲ့သည္။
"စကားေတြအမ်ားႀကီး ေျပာခဲ့ရရဲ႕လား အစ္ကို"
လမ္းအဆုံးမွာရွိသည့္ တိုက္မို႔ ေမွာင္အရိပ္ကမ်ားသည္။ အလင္းသဲ့သဲ့နဲ႔ျမင္ရတဲ့ သူ႔မ်က္ႏွာက ကြၽန္ေတာ္ႏိုးထရေတာ့မယ္ နံနက္ခင္းလို။ က်ယ္ျပန္႔တဲ့ရင္ခြင္ေပၚ ကြၽန္ေတာ္မွီခ်ပစ္လိုက္မိ၏။ ႐ုတ္တရတ္မို႔ သူေတာင့္တင္းသြားတာကို ခံစားရသည္။
"တစ္ခုခုျဖစ္လာတာလား အစ္ကို။ ကြၽန္ေတာ့္ကိုေျပာပါဦး"
"ဘာမွမျဖစ္ပါဘူး"
"ဟုတ္ရဲ႕လား"
မ်က္ႏွာကို ငုံ႔ၾကည့္ဖို႔ႀကိဳးစားေနတာမို႔ ခါးကို လက္ႏွစ္ဖက္လုံးနဲ႔ တင္းတင္းဖက္ထားလိုက္မိသည္။
"ဒီတိုင္းပဲ ကိုယ္ ပင္ပန္းလို႔။ ခဏနားခ်င္တာ"
အဲ့လိုေျပာလိုက္မွ ပုခုံးေတြကို သိုင္းဖက္လာ၏။
"ခဏမဟုတ္ဘူး။ အၾကာႀကီး နားလည္းရတယ္ေနာ္။ ဒီေကာင္ကို အစ္ကို လုပ္ခ်င္တာလုပ္ပစ္လိုက္"
ဒီဇင္ဘာအေအးဓါတ္က သူ႔စကားေၾကာင့္ ရွက္ဝဲဝဲနဲ႔ ေျပးထြက္သြား၏။ ကြၽန္ေတာ့္ကိုေပြ႕ဖက္ေပးထားတဲ့အထဲ လုံၿခဳံမႈေတြပါ ပါသည္။
ေႏြးေထြးျခင္းက စကားလုံးေတြမွာပါ တည္ရွိေၾကာင္း ကြၽန္ေတာ္ သူ႔ေၾကာင့္နဲ႔ သိခြင့္ရ၏။
#########################
August 19.2021.(Thursday)
🌼
မနက္ျဖန္ ဆက္ေတြ႕ၾကမယ္ဗ်ာ❤
🌼🌼