royal camellia | taekook [com]
By dalia_yoonie
33.7K 2.9K 91
အချစ်ရူးနှင့်တော်၀င်ပန်း More
•chapter-1•
•chapter-2•
•chapter-3•
•chapter-4•
•chapter-5•
•chapter-6•
•chapter-7•
•chapter-8•
promo
•chapter-11•
•chapter-12•
•chapter-13•
•chapter-14•
•chapter-15•
[yoonmin special chapter]
•chapter-16•
•chapter-17•
TwT
•chapter-18•
•chapter-19•
•chapter-20•
•chapter-21•
•chapter-22•
•chapter-23•
Chapter-24 [fin]
ကျေးဇူးတင်လွှာ
•chapter-10•
1.1K 114 7
By dalia_yoonie
ဘူဆန်ရောက်တာ၁လကျော်ပြီဆိုသော်ငြား
မိဘတွေကအဆက်အသွယ်မလုပ်ခဲ့။
ဘယ်လိုပဲဂရုမစိုက်ပါစေ
သာကြောင်းမာကြောင်းလေးတော့
မေးသင့်သည်မဟုတ်ပါလား။
ထားပါတော့။ငယ်ငယ်ထဲကဒီလိုတွေနဲ့
နေသားကျပြီးသားပဲ။
တခါတလေတော့စိတ်အားငယ်မိပေမယ့်
ဘေးနာမှာရှိပေးတဲ့ဂျောင်ကုကြောင့်
စိတ်သက်သာရာရပါသည်။
သူရင်ဖွင့်သမျှကိုမငြီးမငြူနားထောင်ပေးသည်၊
သွားချင်တဲ့နေရာတွေကိုလိုက်ပို့ပေးသည်။
သူနဲ့ဂျောင်ကုကသူငယ်ချင်းအမည်ခံထားသည့်
ချစ်သူရည်းစားတွေလိုပင်။
(Friends with benefitsလိုမျိုးပေါ့:3)
ဖက်တာဘာညာအသာထား
မနမ်းရုံတမယ်အခြေအနေတွေထိပင်
ခဏခဏရောက်ဖူးပါသည်။
အခုဆိုယွန်းဂီပင်သိနေပြီ။
သူတို့ရဲ့ဆက်ဆံရေးက‌‌ပြောပြစရာမလိုပဲကို
ဘေးလူတွေသိတဲ့အထိသိသာနေတာလား။
ထယ်‌ေယာင်းမှာဂျောင်ကုတိုက်ခန်းကိုလဲ
သူ့အိမ်သူ့ရာသဖွယ်ချောင်းပေါက်မတတ်
ရောက်သည်။အခုလဲဂျောင်ကုကုတင်ပေါ်
တက်ထိုင်ကာဂိမ်‌းဆော့နေခြင်း။
ငယ်ကျွန်ကြီးဂျောင်ကုခမျာတော့
ထယ်ယောင်းဖွထားတာတွေ
လိုက်ရှင်းရတာပေါ့။
ချစ်တော့လဲအပြစ်မမြင်ရက်။
'အလိုလိုက်ထားတော့သိပ်ဆိုးတာပဲကွာ'
သုံးနာရီလောက်ဂိမ်းဆော့ပြီးအကြာမှာတော့
အကြောတွေဘာတွေဆန့်ကာဂျောင်ကုကို
မျက်နှာချိုလေးသွေးရှာသည်။
"ကဲ သခင်လေး ဂိမ်းဆော့လို့၀ပြီလားခင်ဗျ"
"ဟီး..."
စပ်ဖြီးဖြီးရုပ်လေးကိုအသည်းယားလွန်းလို့
တရှုံ့ရှုံ့နမ်းလိုက်ချင်သည်။
ကုတင်ပေါ်သို့တစောင်းထိုင်ကာ
မျက်ရိုး‌တွေကိုညှင်ညှင်သာသာနှိပ်ပေးသည်။
"အဲ့လောက်ကြီးဂိမ်းဆော့ရင်
မျက်ရိုးတွေကိုက်မယ် အသည်းလေးရဲ့"
"ကိုက်ပါ့စေ နှိပ်ပေးမယ့်
ဂျောင်ကုရှိတာပဲဟာ"
အဆိုးလေးကပုခုံးပေါ်ခေါင်းမှီလို့ချွဲပြန်သည်။
ပိုင်ဆိုင်ချင်လွန်းလို့ရူးတော့မှာပဲ။
ဒီတိုင်းခိုးပြေးလိုက်ရမလား။
"ညနေတောင်စောင်းတော့မယ်
မမှောင်ခင်အိမ်ပြန်တော့လေ"
"ဘာလဲ မင်းကငါ့ကိုနှင်နေတာလား"
"အဟား မဟုတ်ရပါဘူးကွာ
ယွန်းဂီတို့ဦးငယ်တို့စိတ်ပူနေမှာစိုးလို့ပါ"
"ထားလိုက်ကွာ ငါဒီနေ့ဒီမှာအိပ်မယ်"
ထိန်းချုပ်ထားရတဲ့စိတ်တွေကို
လှုပ်မနှိုးပါနဲ့လား ကောက်ကွေးလေးရယ်။
(ဂျွန်ဂျောင်ကုနှင့်nicknameပေါင်းတစ်သိန်း)
"အိမ်ကလူတွေစိတ်ပူနေမှာပေါ့ကွ"
"ငါဖုန်းဆက်ပြီးပြောလိုက်ရင်ဖြစ်တာပဲဟာ
နော် နော်"
"ပြောမရတော့လဲ သဘောပါကွာ..."
ပြောမရဆိုမရတဲ့အခါ တင်လုံးလုံးလေးကို
နာနာရိုက်ပစ်လိုက်ချင်သည်။ခက်တာ‌က
ဒါလေးကသူ့အပိုင်မဟုတ်သေး။
-royal camellia-
[12:00 PM]
"ဂျောင်ကုသိလား ငါမင်းကိုစစတွေ့ထဲက
အမြင်ကပ်ခဲ့တာ"
"ဟုတ်လား ငါကလဲမင်းကိုစတွေ့ထဲက
ဖက်နမ်းပစ်ချင်နေတာ"
"တကယ်လဲနမ်းခဲ့တာပဲဟာ!"
အခုအခြေအနေကိုပြောရမယ်‌ဆိုရင်တော့ဖြင့်
ဂျောင်ကုရင်ခွင်ထဲတစ်ကိုယ်လုံးရောက်နေတဲ့
ထယ်ယောင်းနှင့်ခါးသိမ်သိမ်လေးကို
ဖက်ထားတဲ့ဂျောင်ကု။
နှစ်နှစ်ခြိုက်ခြိုက်အိပ်‌ေမာကျနေတဲ့အချိန်
'ဂျောင်ကုရေ ငါအိပ်‌မပျော်လို့'ဆိုတဲ့
လေသံတိုးတိုးလေးကြောင့်ရင်ခွင်ထဲ
ထည့်ကာစကားပြော‌ပေးနေရခြင်း။
"ဟင်း...အချိုးမပြေတဲ့မျက်နှာနဲ့မာနကြီးတဲ့
ကောင်လေးကို ဘာလို့ချစ်မိသွားပါလိမ့်"
"နောင်တတွေရနေပြီပေါ့ ဟုတ်လား"
"ကြည့် ‌ငါသာနောင်တရရင် ဒီလိုရင်ခွင်ထဲ
ထည့်ထားပါ့မလား အိမ်တောင်ခေါ်မှာ
မဟုတ်ဘူး"
"ဟီး အဲ့တုန်းကဆိုလေ မင်းလက်က
တက်တူးတွေကြောင့် မင်းကိုလူဆိုးလူမိုက်လို့
ထင်ခဲ့တာ.."
"ဟုတ်လား အခုရော"
"အခုလဲတူတူပဲ ငါ့ကိုရင်တွေခုန်အောင်
တအားလုပ်တဲ့လူဆိုးကောင်"
"မင်းလဲငါ့ကိုချစ်တယ်မလား ဘာလို့
အဆင့်မတက်ချင်ရတာလဲ"
"ငါကြောက်တယ် ဂျောင်ကုရဲ့
မင်းနဲ့ငါချစ်သူတွေဖြစ်သွားရင်
ရင်ဆိုင်ရမည့်အခက်အခဲတွေအများကြီး...၊
ငါကျော်ဖြတ်နိုင်မယ်လို့ယုံကြည်ချက်မရှိဘူး"
"‌တစ်ယောက်နဲ့တစ်ယောက်ချစ်နေရင်
အဲ့တာတွေကဘာအရေးပါလို့လဲ အချစ်ရယ်
ကိုယ်မင်းကိုပိုင်ဆိုင်ချင်လို့ရူးတော့မယ်"
'ကိုယ်'ဆိုတဲ့အသုံးအနှုန်းကြောင့်
ထယ်ယောင်းနှလုံးသားလေးမှာလဲ
ပေါက်ထွက်မတတ်‌ခုန်လို့။
အဲ့လိုတွေမမြူဆွယ်ပါနဲ့လား
ငါခံနိုင်ရည်မရှိဘူး။
ဘာမှမစဉ်းစားပဲ မင်းရင်ခွင်ထဲ
တိုး၀င်မိလိမ့်မယ်။
မင်းနာကျင်မှာမလိုလားလို့ပါ ဂျောင်ကုရယ်။
"မင်းသိလား ထယ်..
မင်းကိုစချစ်မိထဲက ငါဘာကိုမှဂရုစိုက်ခဲ့တာ
မဟုတ်ဘူး အဆင့်အတန်းကွာခြားမှုတွေရော
ရင်ဆိုင်ရမယ့်ဆူးခင်းလမ်းတွေရော...
ငါတို့နှလုံးသားတွေသာထပ်တူကျနေရင်
ဘာကိုစိတ်ပူစရာလိုလို့လဲ ဖြစ်လာသမျှ
ငါတို့တူတူရင်ဆိုင်လို့ရနေတာပဲ"
မဟုတ်ဘူး ဂျောင်ကု။
ငါ့မိဘတွေအကြောင်း ငါအသိဆုံး။
Mr.Kim,ငါ့အဖေက လွယ်လွယ်နဲ့
ငါတို့ကိုလွှတ်ပေးမယ်ထင်လို့လား။
အဆိုးဆုံးကမင်းကိုပါထိခိုက်လာမှာ။
တစ်ခါပိုင်ဆိုင်ပြီးရင် ငါမင်းကို
လက်လွှတ်နိုင်မယ်မထင်ဘူး ဂျွန်ဂျောင်ကု။
အဲ့အခါကျ ငါ့ရင်တွေကွဲမှာ။
"ဟေးဟေး ဘာလို့ငိုရတာလဲ
မင်းအဆင်သင့်မဖြစ်သေးရင်
ငါအဆင်ပြေပါတယ်"
"ဟင်"
သူ့ကိုယ်သူသတိမထားမိခင်မှာတင်
မျက်ရည်တွေကျ‌နေခဲ့တာ...။
အတွေးနဲ့တင် ငါဒီလောက်ပျော့ညံ့နေရင်
တကယ်ကြုံတွေ့ရတဲ့အခါကျ
ဘယ်လိုလုပ်ရပါ့။
"ကိုယ့်ကိုကြည့် ဘာမှစိုးရိမ်မနေပဲ
ကိုယ့်ကိုပဲကြည့်နေပေးပါလား"
"..."
"ကိုယ်မင်‌းသေလောက်အောင်ချစ်တယ်
အဲ့တာကိုပဲသိထားပေး မင်းကိုမင်း
ဖိအားပေးစရာမလိုဘူး"
မင်းအဲ့လိုတွေပြောလေ ငါမင်းကို
တွယ်တာလာလေလေပဲ။
-royal camellia-
နားမယ်ဆိုကာမှ ရေးချင်စိတ်တွေပေါ်လာလို့ပါ:(
အချိုတွေ အချိုတွေ...ဒီအပိုင်းလုံး၀အချိုနော်။
ဒါလေးကromanceသက်သက်ဟုတ်ဘူးနော်😌
Dramaတွေပါတယ်ရှင့် မကြာခင်လာမှာ။
Plot twistလေးတွေပေါ့:33
နေသားကျပြီးသားပဲ။
စိတ်သက်သာရာရပါသည်။
ဖက်တာဘာညာအသာထား
ခဏခဏရောက်ဖူးပါသည်။
ထယ်‌ယောင်းမှာဂျောင်ကုတိုက်ခန်းကိုလဲ
ထယ်ယောင်းဖွထားတာတွေ
လိုက်ရှင်းရတာပေါ့။
"ဟီး..."
ဂျောင်ကုရှိတာပဲဟာ"
"အဟား မဟုတ်ရပါဘူးကွာ
နော် နော်"
-royal camellia-
[12:00 PM]
အမြင်ကပ်ခဲ့တာ"
ဖက်နမ်းပစ်ချင်နေတာ"
"တကယ်လဲနမ်းခဲ့တာပဲဟာ!"
ဖက်ထားတဲ့ဂျောင်ကု။
နှစ်နှစ်ခြိုက်ခြိုက်အိပ်‌မောကျနေတဲ့အချိန်
မဟုတ်ဘူး"
ထင်ခဲ့တာ.."
"ဟုတ်လား အခုရော"
အဆင့်မတက်ချင်ရတာလဲ"
ငါခံနိုင်ရည်မရှိဘူး။
တိုးဝင်မိလိမ့်မယ်။
"မင်းသိလား ထယ်..
မဟုတ်ဘူး ဂျောင်ကု။
ငါအဆင်ပြေပါတယ်"
"ဟင်"
မျက်ရည်တွေကျ‌နေခဲ့တာ...။
ဘယ်လိုလုပ်ရပါ့။
"..."
ဖိအားပေးစရာမလိုဘူး"
တွယ်တာလာလေလေပဲ။
-royal camellia-
Continue Reading
You'll Also Like
1.2M 52.1K 98
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1.5K 215 15
"ဝေးသွားလို့မဖြစ်ဘူးမောင်ရဲ့..မောင်နဲ့ဆိုပြီး မက်ထားတဲ့အိမ်မက်တွေ၊စိတ်ကူးတွေမှအများကြီး၊အဲ့တာကြောင့်မြန်မြန်ပြန်လာခဲ့ပါနော်၊ကျွန်တော်‌ကျိန်းသေစောင့်န...
11K 627 29
Taekook Day လေးမှာ အမှတ်တရအဖြစ်နဲ့ရော သာသာရဲ့ 7ပုဒ်မြောက် drama ဆန်ဆန်ficလေးတစ်ပုဒ်ကို စိတ်ကူးလေးဖြင့်အကောင်းဆုံးပုံဖော်ထားပါတယ်။ ʟᴏᴠᴇ ᴍᴇ ᴀɢᴀɪɴ ဆိုတဲ...
2.3K 201 19
လူတစ်ယောက်ကိုရင်ခုန်နေမိတာကိုအချစ်လို့ခေါ်သလား? အဲ့ဒီလူပျော်​​နေတာကို​မြင်ရင်ကိုယ်ပါပျော်တာကိုရောအချစ်လို့ဆိုနိုင်သလား? ထိုလူ့ရဲ့အပြုံးတွေကိုပဲအမြဲမ...