နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တ...

Por _MyatHsu_

2M 195K 26.9K

Facing 1500 Mais

Intro
Hello
Epi_1
Epi_2
Epi_3
Epi_4
Epi_5
Epi_6
Epi_7
Epi_8
Epi_9
Epi_10
Epi_11
Epi_12
Epi_13
Epi_14
Epi_15
Epi_16
Epi_17
Epi_18
Epi_19
Epi_20
Epi_21
Epi_22
Epi_23
Epi_24
Epi_25
Epi_26
Epi_27
Epi_29
Epi_30
Epi_31
Epi_32
Epi_33
Epi_34
Epi_35
Epi_36
Next
One
Again
More
Everlasting
About MaHniYatWun
FAN ARTS
Thingyan Special
Extra
Valentine Special
Kindly Remind💟

Epi_28

37.1K 4.2K 513
Por _MyatHsu_

"အင်္ကျီက​တော်သားပဲ။ အစ်ကိုနဲ့ ပွမှာစိုး​နေတာ"

အဖြူ​ရောင်လည်ကတုံးနဲ့ ကြက်​သွေး​ရောင်ကွက်စိပ်ပုဆိုးက မ​နေ့ည​နေကမှ ဇာမဏိ​ပြေးဝယ်​ပေးထားတာဖြစ်သည်။ ​ဘောင်းဘီ​တွေချည်းထည့်လာမိတဲ့အကျိုးဆက်က ပွဲတက်ရမယ်ဆိုမှ ကတိုက်ကရိုက်စီစဥ်ထားရသည်။ ဆံပင်​တွေကို​တော့ လက်​ချောင်း​တွေနဲ့ပဲဖိသပ်ပြီး သပ်ရပ်​အောင်ပြင်ဆင်ထားလိုက်၏။ ဒီ​နေ့လည်း မနက်စာလက်ဖက်ရည်နဲ့ ပလာတာတစ်ချပ်ကို ​စောင့်ဆိုင်း​ကျွေးသူ​ကြောင့်ပဲ မဝင်ဝင်​အောင် မြိုချထားရခြင်းဖြင့် နံနက်ခင်းပြင်ဆင်မှု ပြီးဆုံးသွား၏။

"အခုချိန် ပိုက်ဆံထုတ်ဖို့ ဘဏ်နီးလား"

ကျွန်​တော့်စကား​ကြောင့် ဇာမဏိက ကုတင်​ဘေးဝင်ထိုင်သည်။

"အစ်ကို ဘာသုံးချင်လို့လဲ။ ကျွန်​တော့်ဆီကယူပါ အစ်ကိုရဲ့"

"ရုံးတက်လက်မှတ်ထိုးဖို့နဲ့ ဧည့်ခံပွဲအကျဥ်းရုံးပြင်ဆင်ဖို့အတွက် ဟိုဘက်အဖွားက သိန်းသုံးဆယ်​ပေးတယ်မလား"

"ဟုတ်တယ်​လေ အစ်ကို။ အညာမှာဧည့်ခံပွဲဆိုတာက လက်ဖက်ရည်နဲ့ကိတ်မုန့်ပဲ​ကျွေးတာဆို​တော့ ပိုက်ဆံအဲ့​​လောက်မကုန်ဘူး"

"ကိုယ် သိန်းငါးဆယ်​ပေးမယ်။ အဲ့ပိုက်ဆံနဲ့ပဲကုန်ကျစရိတ်သုံးပြီး ပိုတာ ဟိုဘက်ကို​ပေးလိုက်။ ဧည့်ခံပွဲမှာလည်း လက်ဖွဲ့​ငွေ၊ လက်ဖွဲ့ပစ္စည်းဘာတစ်ခုမှ လက်မခံခိုင်းနဲ့"

ဇာမဏိ မျက်ဝန်း​တွေက ပိုပို​မှေးကျဥ်းသွားတာ သိသာ၏။ နဖူးက​ချွေး​တွေကို လက်ခုံနဲ့သုတ်ရင်း ပင့်သက်တစ်ချက်ဖြည်းဖြည်းရှိုက်ရသည်။

"သိန်းသုံးဆယ်နဲ့ ညီမ​လေးကို တန်ဖိုးဖြတ်တာမျိုး လက်မခံနိုင်ဘူး။ ကိုယ် အဲ့ထက်ပို​ပေးနိုင်တယ်။ ဒါ ဟန်လုပ်ပြီးအ​ချေတွေကြီးပြတာလည်းမဟုတ်ဘူး။ ဒီပွဲက ကိုယ့်လက် ကိုယ့်​ခြေမဖြစ်နိုင်​ပေမယ့် ကိုယ့်အ​ထောက်အပံ့နဲ့ပဲ ညီမ​လေးမျက်နှာမငယ်ရ​အောင်လုပ်​ပေးချင်တာ"

ကျွန်​တော် ဇာမဏိမျက်နှာကို မကြည့်ရဲ​တော့။ ပထမနှစ်တည်းက မာမီ့ကုမ္ပဏီမှာဝင်ကူရင်းရထားတဲ့မုန့်ဖိုး​တွေ၊ လုပ်အားခ​တွေနဲ့ ဒီကြားထဲလည်းမာမီထည့်​ပေးထားတာ​တွေ​ပေါင်းရင် အ​ကောင့်ထဲတစ်ရာနီးပါး​လောက်ရှိမည်။ ပွဲကအကျဥ်းရုံးဖြစ်တဲ့အပြင် ကာလ​ဒေသအ​နေအထားနဲ့ကုန်ကျစရိတ်သိပ်မများ။ ပိုလျှံတာ​တွေကို သူတို့ဘက်ကိုပါ ပြန်အမ်းမည်။ ညီမ​လေးကို​တော့ တန်ဖိုးမဖြတ်နဲ့။ ကျွန်​တော်ကပဲ သူတို့ဘက်ကိုကိန်းဂဏန်းသတ်မှတ်ပစ်မည်။ ဒါက အရှုံးသမားတစ်​ယောက်ရဲ့​နောက်ဆုံးမာနလက်ကျန်လို့သမုတ်ရင်လည်း ကျွန်​တော်လက်ခံသည်။ အ​ကောင့်ထဲကျန်တဲ့​ငွေ​တွေကို​တော့ ရန်ကုန်မှာ​နေထိုင်စရိတ်အတွက် ​ခြေ​စောင့်လက်​စောင့်ထားရမယ်ဆိုတဲ့အ​ကြောင်းထိ​တော့ ဇာမဏိကိုမ​ပြောပြဖြစ်။

"တရားရုံးကို ၉ခွဲအမှီ​ရောက်ရမှာဆို​တော့ ​ငွေထုတ်ဖို့အချိန်မမှီ​လောက်ဘူး။ ကိုကြီးဆီမှာ ​အဲ့​လောက်ငွေသားရှိမယ်အစ်ကိုရဲ့။ အစ်ကို​နောက်မှ အ​ကောင့်က​နေပြန်လွှဲ​ပေးလိုက် အဆင်​ပြေလား"

ဒီ​လောက်ထိလိုက်​လျောတုန့်ပြန်လာဖို့ မ​မျှော်လင့်ထားမိ။ နားလည်​ပေးတတ်တာ​တွေသိ​ပေမယ့် ကျွန်​တော့်စကားအခွန်းတိုင်းကို ဖြည့်စည်း​ပေး​နေတဲ့အခါ အားနာခြင်းကလည်း ဒွန်တွဲရှိ​နေသည်။ ကျွန်​တော်​မော့ကြည့်လိုက်တာနဲ့...

"စိမ်းတဲ့စကား​တွေ တားမြစ်တယ်​နော် အစ်ကို"

"မင်းရှိ​နေ​ပေးလို့ ကိုယ်​ဖြေသာတာ"

အခု​တော့ ကျွန်​တော့်အမူအရာ​ပြောင်းလဲခြင်း​တွေမြင်တာနဲ့ ကျွန်​တော့်စိတ်အထိဖတ်နိုင်​နေသူရဲ့အပြုံးတို့က ​မိုးကုတ်စက်ဝိုင်းထဲပထမဆုံးဝင်​ရောက်လာတဲ့​ရောင်နီ​တွေလို ​တောက်ပလို့။ စကား​တွေမ​ပြောဖြစ်လည်း စိတ်ချင်းနားလည်​နေကြတဲ့ ဘာသာစကားမဲ့ဆက်သွယ်ခြင်း​​တွေနဲ့။

ခြံချင်းကပ်လျက်တစ်ထပ်တိုက်အိမ်ကို​ရောက်​တော့ အခန်းကျယ်တစ်ခန်းထဲ ကျွန်​တော့်ကိုတွန်းပို့သည်။ ခါးထိရှည်တဲ့ဆံနွယ်​တွေက မဖြီးမသင်ထားတာ​တောင် လှပစွာကျဆင်း​နေသည့်ပုံရိပ်​လေးက တံခါးဘက်ကို​ကျော​ပေးထား၏။ အဖြူခံ​ပေါ်မှာ ​ရွှေ​ရောင်ထိုးထားသည့်ချိတ်ဝမ်းဆက်​လေးနဲ့ ရိုးရိုးရှင်းရှင်းနုနယ်​နေသည့်ကိုယ်လုံး​လေး။ ကျွန်​တော့်နှလုံးသားနာကျင်ကိုက်ခဲမှုက တဆစ်ဆစ်။ ​နောက်ပို့ပစ်လိုက်တဲ့လက်နှစ်ဖက်က တင်း​နေ​အောင်ဆုပ်ထားတဲ့လက်သီးဆုပ်​တွေကို ညီမ​လေးမမြင်ပါ​စေနဲ့။

"ညီမ​လေး"

လှည့်ကြည့်လာတာက ချက်ချင်း။ ဆံပင်​တွေမရှင်းလင်းရ​သေး​ပေမယ့် မထူးမပါးမိတ်ကပ်ပါးပါးက ညီမ​လေးရဲ့လှပ​ချော​မော​နေတဲ့မျက်နှာ​လေး​ပေါ်အကျအန​နေရာယူပြီးဖြစ်၏။

"ကိုကို"

ညီမ​လေးလည်း အသံ​တွေတုန်​နေသည်။ ဖြစ်နိုင်ရင် လက်ဆွဲ​ခေါ်ထုတ်ပြီး ထွက်​ပြေးသွားချင်၏။ ဒါ​ပေမယ့် ဒါက ကျွန်​တော့်စိတ်​အတွက်သီးသန့်ဖြစ်​တဲ့ မိုက်ရူးရဲလုပ်ရပ်​တွေ။

"ဆံထုံးမထုံးဘူးဆို"

ငုံ့ကျသွားတဲ့​ခေါင်း​လေး​ကြောင့် ဆံနွယ်ရှည်​တွေပုခုံးတစ်ခြမ်း​ပေါ်ပြိုဆင်းကျ၏။ မှန်တင်ခုံ​ပေါ်ရှိ​နေတာ နှင်းဆီဖြူဖြူ​တွေ။ အရွယ်အစားမကြီးလွန်းဘဲ ပွင့်ငယ်​လေး​တွေအဖြစ်နဲ့ ဝင့်ကြွားလှပ​နေ၏။ အဆင်သင့်ရှိ​နေသည့် အညို​ရောင်သစ်သားဘီးနဲ့ ဆံပင်တွေကို ရှင်းလင်းဖြီးသင်​ပေးဖြစ်သည်။ ညီမ​လေးက ကျွန်​တော်ကျစ်​ပေးတဲ့ကျစ်ဆံမြီးကိုအကြိုက်ဆုံး။ အကြိမ်ကြိမ်အခါခါကျစ်​ပေးဖူးတဲ့ ငါးရိုးပုံစံက တုန်ချင်​နေတဲ့လက်​ချောင်း​တွေထဲ ​သေ​သေသပ်သပ်ပုံ​ပေါ်လာလို့ ​တော်​သေးသည်။ ပန်း​လေး​တွေဖူးပွင့်​နေတဲ့ အပင်ငယ်​လေးလို ဦး​ခေါင်းဖျားက​နေ ကျစ်ဆံမြီးဖျားထိ နှင်းဆီပွင့်ဖြူ​တွေကို ကလစ်အမဲ​လေး​တွေမ​ပေါ်​အောင် ခပ်ကျဲကျဲထိုးစိုက်​ပေးလိုက်၏။

"ကိုကို..."

အဆုံးသတ်ပြီးစီးသွားတဲ့ထုံးဖွဲ့မှုနဲ့ ညီမ​လေးတစ်ကိုယ်လုံးက ကျွန်​တော့်ရင်ခွင်ထဲပြိုကျတိုးဝင်လာသည်။ ရှိုက်သံ​တွေက သိပ်သိပ်သည်းသည်း။

"ညီမ​လေး မှားတယ် ကိုကိုရဲ့။ ညီမ​လေး ကို့ကိုအ​ပေါ် မလုပ်သင့်တာလုပ်ခဲ့မိတာ"

တုန်ရှိုက်​နေတဲ့ကိုယ်လုံးငယ်ကို ​ပွေ့ဖက်​ပေးထားရင်း ကျွန်​တော့်ရင်​ထဲလည်း မ​အေးချမ်း။

"ညီမ​လေးက ငယ်​သေးတယ်​လေ။ အမှားလုပ်မိနိုင်တာ​ပေါ့။ ကိုကိုကသာ ညီမ​လေး ပြည့်စုံ​အောင် မ​စောင့်​ရှောက်​ပေးနိုင်ခဲ့တာ"

လူငယ်သဘာဝ ရည်းစားထားပြီး လက်လွန်​ခြေလွန်ဖြစ်တတ်တာ​တွေအတွက် ကျွန်​တော်က​ဆေးပညာနယ်ပယ်ကလူတစ်​ယောက်ဖြစ်ပြီး ကိုယ့်ညီမ​လေးရဲ့အရှက်ကို​တောင် မကာကွယ်​ပေးနိုင်ခဲ့သူ။ တကယ်တမ်းတွက်ချက်ကြမယ်ဆိုရင် အပြစ်အရှိဆုံးသူကကျွန်​တော်။

"ကိုကိုက ဒီထက်ပိုပြီး ဘာလုပ်​ပေးနိုင်ဦးမှာလဲ ကိုကိုရဲ့။ ကိုကို့ဘက်က ပျက်ကွက်ခဲ့တာ မဟုတ်ပါဘူး။ ကိုကို​ပေးတဲ့​မေတ္တာ​တွေမလုံ​လောက်လို့လည်းမဟုတ်ဘူး။ ညီမ​လေး ဒီအတိုင်း ချစ်မိသွားတာ။ ညီမ​လေး သူနဲ့အတူတူ​ ဘဝကို​ရှေ့ဆက်ချင်မိသွားတာ ကိုကိုရယ်။ မာမီ့​ကြောင့်​ရော၊ ကိုကို့​ကြောင့်​ရော မဟုတ်ဘူး။ ညီမ​လေး​ကြောင့်ပဲ။ ညီမ​လေး ကိုယ်တိုင်​ကြောင့် ကိုကိုနဲ့မာမီ ရင်နာရအောင် လုပ်ခဲ့မိတာပါ"

ညီမ​လေးက ​ပြောလည်း​ပြောရင်း အသံ​တွေဝင်တဲ့ထိရှိုက်ရှိုက်ငို၏။ ညီမ​လေးသာ ​နောင်တရခဲ့ရင် ပြန်​ခေါ်သွားမယ်ဆိုတဲ့စကား​လုံး​တွေကို ကမ္ဘာ​​မြေက​တောင်ကြားနာခွင့်မရလိုက်။ တစ်ဖက်သတ်စည်းရုံးသိမ်းသည်းခံခဲ့ရသလားလို့ ​အမှား​ထောက်​တော့မယ့်​မေးခွန်း​တွေက အချစ်ဆိုတဲ့ဥပ​ဒေ​အောက်မှာ တရား​သေလွတ်​မြောက်သွားကြ၏။ ​​​တချို့​သော ​ရွေးချယ်ခြင်း​တွေက ရင်နာရတယ်ဆိုရင်​တောင် ဒါက ကံကြမ္မာသတ်မှတ်ပြီးသား ဘဝဆိုတဲ့အရာ​တွေဖြစ်လိမ့်မည်။ ​ရွေးချယ်ခွင့်​တွေကို ခြယ်လှယ်နိုင်ခွင့်မရှိမှ​တော့ ​ခြေချလိုက်တဲ့ ဘဝခရီးလမ်း အ​ကောင်းဆုံးဖြစ်​စေဖို့သာ...။

"ဘာ​တွေပဲဖြစ်လာဖြစ်လာ။ ညီမ​လေးက ကိုကို့ညီမ​လေး။ ညီမ​လေးဘဝရဲ့​ကောင်းခြင်းဆိုးခြင်းအားလုံးကို ညီမ​လေးနဲ့အတူတူရင်ဆိုင်​ပေး​နေမှာ။ ဘယ်​တော့မှ ညီမ​လေးတစ်​ယောက်တည်းလို့ မ​တွေးနဲ့။ ညီမ​လေးနားမှာ ကိုကိုအမြဲတမ်းရှိ​နေတယ်။ ညီမ​လေးပုခုံးရဲ့လွတ်​နေတဲ့ဘယ်ဘက်တစ်ခြမ်းက ကိုကို့​နေရာပဲ"

မျက်ရည်​တွေနဲ့လုံး​ထွေးသွားတဲ့မျက်နှာ​ပေါ်က ​ဆေးသား​တွေကို ကျွန်​တော့်လက်နှစ်ဖက်လုံးနဲ့သုတ်သင်သန့်ရှင်း​​ပေးလိုက်သည်။ ညီမ​လေးတစ်ဘဝလုံး ချစ်တဲ့သူလက်ကိုတွဲပြီး​ပျော်ရွှင်​ပါ​စေ​တော့။ အချစ်​ကြောင့်နာဖျားရခြင်းများကလည်း အစဥ်ထာဝရကင်း​ဝေးပါ​စေ။

အသိသက်​သေလူကြီး​နေရာမှာလက်မှတ်ထိုးလိုက်တဲ့ ကျွန်​တော့်လက်​ချောင်းတို့က ကိုက်ခဲမှုတို့​လျော့ပါး​နေ၏။ ဒက်ဒီ​ရော၊ မာမီပါ မရှိ​ပေးနိုင်တဲ့ကွက်လပ်တစ်ခုမှာ ကျွန်​တော့်နာမည်ကို​ရေးထိုးပြီး ညီမ​လေးရဲ့ဘဝတစ်ဆစ်ချိုးမှာ​တော့ ကျွန်​တော်က အုပ်ထိန်းသူအဖြစ်။ ​ဆိုင်သာဆိုင် မပိုင်​တော့တဲ့သံ​ယောဇဥ်​တွေကြားမှာ မေတ္တာဆိုတဲ့ဝန်ထုပ်ဝန်ပိုးတစ်ချို့ကို အကြိမ်ကြိမ်လွှတ်ချရင်း ကျွန်​တော့်နှလုံးသားဝိဥာဥ်ရှင်သန်နိုင်ပါဦးမလား။ ပြန်လည်လိမ်းခြယ်ထားတဲ့မိတ်ကပ်တို့နဲ့အသားကျစွာပဲ ညီမ​လေးမျက်နှာ​လေးက ကြည်လင်ဝင်းမွတ်​နေခဲ့သည်။ တစ်ဖက်လူရဲ့လက်​မောင်းကိုခိုတွဲကိုင်ထားတဲ့ ဘယ်ဘက်လက်သန်းကြွယ်မှာ ​ရွှေလက်စွပ်​မောင်းကွင်း​လေးတစ်ခု။ မပြည့်စုံမခမ်းနား​ပေမယ့် ​ပျော်​နေတာ​တွေကို အ​ဝေးကမြင်တာ​တောင် ခံစားရ​နေသည်။

တရားရုံးက​နေ ဧည့်ခံပွဲအထိ​တော့ ကျွန်​တော်မလိုက်ဖြစ်​တော့။ ဇာမဏိရဲ့မိဘ​တွေနဲ့ ကိုကြီးကပဲ ကျွန်​တော့်ဆန္ဒအတိုင်း​ငွေ​ကြေးကိစ္စစီစဥ်​ပေးပြီး လူကြီး​နေရာဝင်​ပေးကြသည်။ ကျွန်​တော် မျက်နှာလွှဲခဲပစ် လုပ်ဖို့မသင့်​ပေမယ့် မျက်နှာမသာမယာနဲ့ပွဲတက်လာတဲ့ သတို့သမီးအစ်ကိုလည်းမဖြစ်ချင်ပါ။ ​​ဒေါ်​ဒေါ်​မေသက်ကိုဆက်သွယ်ပြီးပဲ ဒီဘက်ကအကျိုးအ​ကြောင်းကို မာမီသိရှိ​စေနိုင်ဖို့ ​ပြောပြထားလိုက်ရ၏။

"အစ်ကို အခုထိ အဝတ်မလဲ​သေးဘူးလား"

"အင်း...လဲမလို့ပဲ"

တရားရုံးကပြန်​ရောက်ပြီးတည်းက ပြတင်း​ပေါက်​ဘောင်ကိုမှီရင်း ​တွေး​နေ​ငေး​နေလိုက်တာ ဇာမဏိလာ​ခေါ်မှပဲ ကျွန်​တော်အသိဝင်သည်။

"ဒီ​နေ့ရာသီဥတု​ကောင်း​တယ် အစ်ကိုရ။ ​အင်္ကျီလဲလိုက်ဦး။ ပြီးရင် ကျွန်​တော်နဲ့အပြင်သွားမယ်"

ဇာမဏိလာချ​ပေးသည့် တီရှပ်နဲ့အ​ပေါ်ဝတ်​တွေထပ်လိုက်ပြီး ကျွန်​တော့်အ​တွေး​တွေကို အခန်းကျဥ်း​လေးထဲလွှတ်ချပစ်ခဲ့လိုက်သည်။ မ​ကွေးကို​ရောက်​ရောက်ချင်း စီးလာကြတဲ့ အဖြူအနက်​ရော​မော်ဒယ်မြင့် DT ဆိုင်ကယ်အမြင့်​လေးက ​ဇာမဏိထိန်းချုပ်မှုနဲ့လေဟာနယ်ကိုထိုးခွင်းပြီး မ​ကွေးမြို့လမ်းမကြီး​တွေ​ပေါ် တရှပ်ရှပ်​ပြေးလွှား​နေခဲ့သည်။ ဆိုက်​ရောက်ရာအရပ်က ​ရေတသွင်သွင်စီး​နေသည့် ဧရာဝတီမြစ်ကမ်းနဖူး​ပေါ်။

"​ဆောင်းရာသီဆို​တော့ ​​ဟော့​ပေါ့စား​ကောင်းတာမလား အစ်ကို။ ဒါ မြတ်သူနဲ့အ​ဆောင်းတို့မိသားစုဆိုင်​​လေ။ အ​ဆောင်းတို့စီနီယာမြို့​ရောက်​နေတယ်ကြားလို့ သူတို့ကလည်း လာ​စေချင်​နေတာ"

မြစ်ကမ်း​ဘောင်မှာ ​လေသာ​ဆောင်ပုံစံဓနိမိုးနဲ့​ အတွင်းပိုင်းစားပွဲအသုံးအ​ဆောင်တို့က​တော့ မြန်မာမှုလက်ရာ​မြောက်ပစ္စည်း​တွေကို ​ဝင့်ဝင့်ကြွားကြွား​တွေ့နိုင်သည်။ မြန်မာဆန်သည့် ​ဟော့​ပေါ့ဆိုင်ပိုင်ရှင် အ​ဆောင်းတို့အစ်ကိုကြီးက ကျွန်​တော်တို့​ရောက်​နေမှန်းသိတာနဲ့ထွက်လာနှုတ်ဆက်၏။

ဧရာဝတီက ​နေ​ရောင်ခြည်ပက်ဖြန်းမှု​အောက်မှာ ပြဒါး​ရောင်လဲ့​နေ၏။ ​သဘာဝတရားရဲ့အေးချမ်းတိတ်ဆိတ်မှု​အောက်မှာ အိ​​​န္ဒြေကြီးစွာနဲ့ ခန့်ခန့်ထည်ထည်။ ဧရာဝတီရဲ့ကြီးမြတ်မှုကိုသယ်​ဆောင်လာတဲ့ လေပြည်တို့က သိက္ခာကြီးမားစွာ ရနံ့ကင်း​နေကြသည်။

"အစ်ကို အသား​တွေထည့်ဦး​လေ။ များများစား​နော်"

​ဟော့​ပေါ့ပူပူထက်​နွေးမြ​နေတဲ့ သူ့အပြုံး​တွေက ဂရုစိုက်ခြင်း​တွေပါ ထပ်​လောင်းအားဖြည့်ထား၏။ အရိပ်တကြည့်ကြည့် ဂရုစိုက်ခြင်း​တွေအတွက် ကျွန်​တော့်မှာ​ပေးနိုင်တာ ​ခေါင်းညိတ်ပြုံးပြရုံကလွဲလို့မရှိ​သေး။

"အစ်ကို့ကိုအမြဲ​ခေါ်လာချင်​နေခဲ့တဲ့​နေရာ"

ဝါဝင်း​နေတဲ့​နေကြာခင်းကြီး​ရှေ့မှာ ကျွန်​တော် အံ့သြမှင်သက်​နေရ၏။ ဇာမဏိ​ပြော​နေကျလိုပဲ မွန်းတည့်​နေမတိုင်မီ ​နေကြာခင်းက ​နေမင်းရှိရာ​ကောင်းကင်ကို ဦးလှည့်ထားကြရင်း ​​တောက်ပစွာ​မော်ကြွား​နေကြသည်။ သဘာဝ​တရားတို့ရဲ့ဆွဲ​ဆောင်မှုက ရင်သပ်ရှု​မောဖွယ်။ လက်တစ်ဖဝါးစာထက်ကြီးသည့် ​နေကြာတစ်ပွင့် ရိုးတံက​နေချိုးချခံလိုက်ရပြီး ကျွန်​တော့်နားရွက်ကြားထဲ ​နေရာကျလာသည်။ ကျွန်​တော့် မျက်နှာတည်ချင်သွားပြီး ဇာမဏိကိုကြည့်မိတာ စူးစူးစိုက်စိုက်။

"ဘာလုပ်တာလဲ"

"လှတယ် အစ်ကိုရဲ့"

ကြားရဖန်များလို့ မထူးဆန်း​တော့​ပေမယ့် နားရွက်ကြားလှုပ်ခတ်​နေတဲ့ ​နေကြာပွင့်က​တော့ အထူးအဆန်းဖြစ်​စေသည်။ ဖယ်ရှားဖို့ပြင်တဲ့လက်က ဖမ်းချုပ်ခံလိုက်ရ၏။

"ခဏ​လေးပါ"

"ကိုယ် ​ယောက်ျား​လေး​နော် ဇာမဏိ"

"သဘာဝတရားက ​ယောက်ျား၊ မိန်းမရယ်လို့ အဆင့်အတန်းမခွဲပါဘူး အစ်ကိုရဲ့။ အားလုံးက လူ​တွေသတ်မှတ်တဲ့ကန့်သတ်ချက်​တွေချည်းပဲ။ လူ​တွေသတ်မှတ်တာမို့ လူ​တွေကပဲ ချိုးဖျက်ပစ်နိုင်တယ်။ ဒီနား​လေးမှာရပ်။ ကျွန်​တော့်ကိုကြည့်"

​နေကြာအခင်းကြားထဲဆွဲချသွားပြီး ကျွန်​တော့်မျက်နှာထက်ကြီး​လောက်မည့် ​နေကြာပွင့်ကြီး​ဘေး မတ်တပ်ရပ်ခိုင်း​နေပြန်သည်။ အ​ရှေ့ကိုပြန်​ပြေးသွားပြီး ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်​နေသူကို ကျွန်​တော် ဒီအတိုင်းသာရပ်​ငေး​နေမိ​တော့၏။ ​​ပျော်ရွှင်ဖို့ ဓါတုဓါတ်ပြုမှု​တွေလိုအပ်မယ်ဆိုရင် ဇာမဏိက ကျွန်​တော်လိုအပ်​နေတဲ့ ​အောက်စီဂျင်ဖြစ်လိမ့်မည်။

မင်းလှခံတပ်...။

နီညို​ရောင်​အောက်ခံ​ပေါ်​ရွှေ​ရောင်​ဖောင်းကြွစာလုံး​တွေနဲ့ သမိုင်းဝင် ဒီ​နေရာ​ကို​ရောက်ဖို့ ဆိုင်ကယ်စီးလာတဲ့​တ​လျှောက်လုံး ဇာမဏိခါးကို တင်းတင်းဆုပ်ကိုင်လာခဲ့ရသည်။ ဧရာဝတီရဲ့ မြစ်ကမ်းနဖူး​ဘေး မ​ကွေးမြသလွန်နဲ့ တစ်ဖက်တစ်ချက်မှာရှိ​​နေတဲ့ ဒီ​နေရာကို​ရောက်ဖို့ မြစ်ကူးတံတားကြီးကိုဖြတ်ပြီး တစ်နာရီနီးပါး ဆိုင်ကယ်ခရီးနှင်လာခဲ့ရ၏။

နံရံ​တွေမှာနစ်မြှုပ်​နေတဲ့ သမိုင်း​ကြောင်း​တွေနဲ့ မင်းလှခံတပ်​ပေါ်ကမြင်​ရတဲ့ ဧရာဝတီက ရှု​ထောင့်​ပြောင်းလဲသွား၏။ ​လေ​အေးတဖြူးဖြူးနဲ့ ရိုးရှင်းတဲ့မြင်ကွင်းထဲ နစ်ဝင်မိသွားတာ အချိန်အ​တော်ကြာသည်။

"ပြန်ရ​အောင်​လေ အစ်ကို။ မြစ်​လေက​အေးတယ်"

"မြစ်ထဲ ဆင်းလို့မရဘူးလား"

"အန္တရာယ်များတယ် အစ်ကိုရဲ့"

"​ရေက​အေး​​နေမှာပဲ​"

"အစ်ကို ​ရေထဲဆင်းချင်တာဆိုရင်​တော့ သွားလို့ရတဲ့တစ်​နေရာရှိတယ်"

"ဘယ်လဲ"

"ဆားပွက်​ချောင်း"

သွားဖြစ်တဲ့​နေရာ​တွေက ​တောင်နဲ့​မြောက်တည်ရှိနေတာမို့ လမ်း​​ပေါ်ကြာချိန်ကပိုများသည်။ ရန်ကုန်မှာလို ကားလမ်း​တွေမကြပ်တာနဲ့တင် ကံ​ကောင်းမှုကြီးတစ်ရပ်​ဖြစ်၏။ ဆားပွက်​ချောင်းလို့​ခေါ်တဲ့ဒီ​နေရာက ​ဧရာဝတီလိုမကြီးကျယ်​ပေမယ့် သန့်ရှင်းကြည်စင်မှုက​တော့ အနှိုင်းမဲ့လို့တင်စားလို့ရသည်။ ပတ်ပတ်လည်မှာ​တော့ ​​ရွှေ​ရောင်တဝင်းဝင်းနဲ့ ​စေတီအဆူဆူတို့ကို ဖူး​မြော်နိုင်​သေးသည်။

ကြည်စိမ်း​အေး​နေတဲ့​ချောင်း​​ရေက ဘယ်​လောက်ထိစင်ကြယ်​နေသလဲဆို ​​ဒူးတစ်ဝက်နစ်တဲ့ထိ ​ရေတိုး​ခံ​နေရတဲ့ ​​အောက်ခံကြမ်းပြင်ကိုပင် ရှင်းရှင်းလင်းလင်းမြင်​နေရသည်။ အပူ​တွေက ​ချောင်း​ရေကြည်​အေးရဲ့တိုက်စားမှုထဲ​မျောပါသွားသလို ​အေးမြလန်းဆန်းလာ၏။ ​ဘောင်းဘီကို ဒူးအ​ပေါ်ထိ​ခေါက်တင်ပြီး ​ခြေလှမ်း​တွေ​ရှေ့တိုးဖြစ်သည်။ လွတ်လပ်တဲ့နယ်​မြေမှာ သံ​ယောဇဥ်​တွေလည်း ကင်း၏။ ​

ရေစက်​ရေမှုန်​တွေ ကျွန်​တော့်မျက်နှာ​ပေါ်​လွင့်စင်လာမှ မျက်လုံး​တွေကိုဖွင့်လိုက်မိသည်။ တရားခံက အညာ​မြေရဲ့မူပိုင်ရှင် အညာသားကျား​ပေါက်။

"ကျွန်​တော်ရှိ​နေတာ ​မေ့သွားမှာစိုးလို့"

ပြုံးစစမျက်နှာ​ပေးက သူကိုယ်တိုင်​တောင်သိ​လောက်မှာမဟုတ်တဲ့ ရုတ်တရတ်အပြုအမူ​တွေဖြစ်လိမ့်မည်။ လွင့်​မြောသွားပစ်လိုက်ဖို့​ပေမယ့် ရင်ခွင်ကိုလာချည်​နှောင်တဲ့ကြိုးတစ်စ...။

လက်ခုပ်အပြည့်​ရေ​တွေခပ်ယူပြီး မ​ဝေး​တော့တဲ့သူ့ဆီ လှမ်းပက်ပစ်လိုက်သည်။ ငြိမ်းချမ်း​နေတဲ့ ​ချောင်းနယ်​မြေက ကျွန်​တော်တို့နှစ်​ယောက်​ကြောင့် ရုန်းရင်းဆန်ခတ်လှုပ်ရှားကုန်၏။ ရယ်သံ​တွေပါ သဘာဝထဲ​ပြေးခုန်လွတ်​မြောက်သွားကြသည်။ ​ရေနဲ့တိုက်ခိုက်ခံလိုက်ရတဲ့အဝတ်အစားတို့က နှစ်​ယောက်လုံးကိုယ်​ပေါ်မှာ ကပ်ကပ်ရပ်ရပ်။

"အစ်ကို​တော့ ​အေး​တော့မှာပဲ။ အပြန်ဆိုင်ကယ်စီးရဦးမှာကို"

"မ​အေးပါဘူး။ ​ရေညှစ်ပစ်လိုက်မယ်"

​နေအလင်း​ရောင်မကျ​သေးတာမို့ ​လေထုက​နွေး​ထွေး​နေတုန်း။ ဒီဇင်ဘာကိုအံတုရ​လောက်​အောင်ထိ မရဲတာ​မို့ ကုန်း​မြေ​​ပေါ်ပြန်တက်​တော့မယ့်​ခြေလှမ်း​တွေက ကာစီးခံလိုက်ရ၏။ ​မျက်နှာချင်းဆိုင်မိသူရဲ့မျက်နှာမှာ ​ရေစက်မှုန်တို့တွဲလွဲခို​နေသည်။ ဆံပင်​တွေကိုသိမ်းလှန်ပြီး မျက်နှာကိုသုတ်ချလိုက်တာမို့ ကြည်ရှင်းသွား၏။ နီးကပ်မှုကရ​နေတဲ့ အပူလှိုင်း​ကြောင့် အ​အေးဓါတ်က ကျွန်​တော့်အပါးခိုကပ်မ​နေနိုင်။

"​ပျော်ရဲ့လား"

ကျွန်​တော် ​ခေါင်းညိတ်လိုက်တာက ပါးပြင်နှစ်ဖက် သူ့လက်ဖဝါးထဲကျ​ရောက်သွားဖို့ အဆင်သင့်ဖြစ်သွားသလိုပင်။ လက်​ချောင်း​တွေပွတ်သပ်တဲ့အတိုင်း ​ရေစက်​တွေပါသွားခဲ့သည်။ ထိခိုက်ပွန်းပဲ့သွားမှာစိုးသလိုမျိုး သူပြုမူပုံက တယုတယနိုင်၏။

"ဖက်ထားဦးမယ် အစ်ကိုရဲ့"

​ကျွန်​တော်တို့နှစ်​ယောက်မှာ သူအငယ်လား၊ ကျွန်​တော်အကြီးလားပင် ခွဲခြားမရ​တော့။ နစ်သထက်နစ်​အောင် ကျွန်​တော့်တစ်ကိုယ်လုံးကို သူ့ရင်ဘတ်ထဲသိမ်းကျုံး​ပွေ့ထည့်​နေသည်။ ရေစိုအဝတ်​တွေခံ​နေ​ပေမယ့် အ​နွေးဓါတ်ကတိုးသထက်တိုးလာမြဲ။ ​ကျောပြင်ကျယ်ကို ပြန်လည်ဖက်တွယ်​ပေးလိုက်တဲ့ ကျွန်​တော့်လက်တို့လည်း အားမ​လျော့။

"​မနက်တုန်းက​လေ အစ်ကို သွားလာ​နေတဲ့ပုံ​က သိပ်ကြည့်​ကောင်းတာ ကိုယ့်ကိုကိုယ်မသိဘူးမလား"

ကျွန်​တော် သူဖက်ထားတဲ့အတိုင်း ငြိမ်သက်​နေမိ၏။

"အဲ့ချိန်တည်းက အခု​လို​လေးဖက်ထားချင်​နေတာ"

သူ့စကားသံ​တွေက တိုးလျလျနဲ့သြရှ​နေ၏။ မျက်နှာ​သေနဲ့ကျွန်​တော့်ကိုလိုက်ကြည့်​နေမယ့်သူ့ပုံစံက ကျွန်​တော့်အာရုံထဲဝင်လာသည်။ ဖက်တွယ်ထားမှုက ပို ပို တင်းကြပ်လာရ၏။ ရင်ခုန်သံ​တွေ ယှက်နွယ်​နေမိကြတာ သူ​ရော ကျွန်​တော်​ရောသိသည်။ ဘယ်​တော့မှ ပြတ်​တောက်သွားမှာမဟုတ်တဲ့ ချည်​နှောင်မှု​တွေမှန်း ​သေချာခြင်း​တွေရှိ​နေ၏။

"ကိုယ်လည်း ကိုယ်လိုချင်တာကို ပြတ်ပြတ်သားသားသိပြီ"

"အစ်ကိုက ဘာလိုချင်လို့လဲ"

"အခု​တော့ မ​ပြောချင်​သေးဘူး"

"ကျွန်​တော် မ​လောပါဘူး"

စိုတစ်ဝက်​​ခြောက်တစ်ဝက် ဆံပင်ထိပ်ဦးက ​​နွေးခနဲဖြစ်သွားသည်။ ကျွန်​တော် အပြုံးက သူ့ဝဲဘတ်ရင်အုံထဲ ​ကြွေကျသွား၏။

ရင်ခုန်သံ​အ​နှောင်အဖွဲ့​တွေက တိတ်ဆိတ်​အေးချမ်းတဲ့နယ်​မြေ​ကို တက်သိမ်းပြီး ခြယ်လှယ်မင်းမူ​နေကြ၏...။

#######################

August 17.2021.(Tuesday)

🌼

​နေ​သော့်ကို ဇာမဏိဖက်ထား​ပေးတာမို့ ကိုယ့်လူတို့ကို ဆုဆုက ဖက်ထား​ပေးတယ်​နော်။

🌼🌼

"အက်ႌက​ေတာ္သားပဲ။ အစ္ကိုနဲ႔ ပြမွာစိုး​ေနတာ"

အျဖဴ​ေရာင္လည္ကတုံးနဲ႔ ၾကက္​ေသြး​ေရာင္ကြက္စိပ္ပုဆိုးက မ​ေန႔ည​ေနကမွ ဇာမဏိ​ေျပးဝယ္​ေပးထားတာျဖစ္သည္။ ​ေဘာင္းဘီ​ေတြခ်ည္းထည့္လာမိတဲ့အက်ိဳးဆက္က ပြဲတက္ရမယ္ဆိုမွ ကတိုက္က႐ိုက္စီစဥ္ထားရသည္။ ဆံပင္​ေတြကို​ေတာ့ လက္​ေခ်ာင္း​ေတြနဲ႔ပဲဖိသပ္ၿပီး သပ္ရပ္​ေအာင္ျပင္ဆင္ထားလိုက္၏။ ဒီ​ေန႔လည္း မနက္စာလက္ဖက္ရည္နဲ႔ ပလာတာတစ္ခ်ပ္ကို ​ေစာင့္ဆိုင္း​ေကြၽးသူ​ေၾကာင့္ပဲ မဝင္ဝင္​ေအာင္ ၿမိဳခ်ထားရျခင္းျဖင့္ နံနက္ခင္းျပင္ဆင္မႈ ၿပီးဆုံးသြား၏။

"အခုခ်ိန္ ပိုက္ဆံထုတ္ဖို႔ ဘဏ္နီးလား"

ကြၽန္​ေတာ့္စကား​ေၾကာင့္ ဇာမဏိက ကုတင္​ေဘးဝင္ထိုင္သည္။

"အစ္ကို ဘာသုံးခ်င္လို႔လဲ။ ကြၽန္​ေတာ့္ဆီကယူပါ အစ္ကိုရဲ႕"

"႐ုံးတက္လက္မွတ္ထိုးဖို႔နဲ႔ ဧည့္ခံပြဲအက်ဥ္း႐ုံးျပင္ဆင္ဖို႔အတြက္ ဟိုဘက္အဖြားက သိန္းသုံးဆယ္​ေပးတယ္မလား"

"ဟုတ္တယ္​ေလ အစ္ကို။ အညာမွာဧည့္ခံပြဲဆိုတာက လက္ဖက္ရည္နဲ႔ကိတ္မုန္႔ပဲ​ေကြၽးတာဆို​ေတာ့ ပိုက္ဆံအဲ့​​ေလာက္မကုန္ဘူး"

"ကိုယ္ သိန္းငါးဆယ္​ေပးမယ္။ အဲ့ပိုက္ဆံနဲ႔ပဲကုန္က်စရိတ္သုံးၿပီး ပိုတာ ဟိုဘက္ကို​ေပးလိုက္။ ဧည့္ခံပြဲမွာလည္း လက္ဖြဲ႕​ေငြ၊ လက္ဖြဲ႕ပစၥည္းဘာတစ္ခုမွ လက္မခံခိုင္းနဲ႔"

ဇာမဏိ မ်က္ဝန္း​ေတြက ပိုပို​ေမွးက်ဥ္းသြားတာ သိသာ၏။ နဖူးက​ေခြၽး​ေတြကို လက္ခုံနဲ႔သုတ္ရင္း ပင့္သက္တစ္ခ်က္ျဖည္းျဖည္းရႈိက္ရသည္။

"သိန္းသုံးဆယ္နဲ႔ ညီမ​ေလးကို တန္ဖိုးျဖတ္တာမ်ိဳး လက္မခံႏိုင္ဘူး။ ကိုယ္ အဲ့ထက္ပို​ေပးႏိုင္တယ္။ ဒါ ဟန္လုပ္ၿပီးအ​ေခ်ေတြႀကီးျပတာလည္းမဟုတ္ဘူး။ ဒီပြဲက ကိုယ့္လက္ ကိုယ့္​ေျခမျဖစ္ႏိုင္​ေပမယ့္ ကိုယ့္အ​ေထာက္အပံ့နဲ႔ပဲ ညီမ​ေလးမ်က္ႏွာမငယ္ရ​ေအာင္လုပ္​ေပးခ်င္တာ"

ကြၽန္​ေတာ္ ဇာမဏိမ်က္ႏွာကို မၾကည့္ရဲ​ေတာ့။ ပထမႏွစ္တည္းက မာမီ့ကုမၸဏီမွာဝင္ကူရင္းရထားတဲ့မုန္႔ဖိုး​ေတြ၊ လုပ္အားခ​ေတြနဲ႔ ဒီၾကားထဲလည္းမာမီထည့္​ေပးထားတာ​ေတြ​ေပါင္းရင္ အ​ေကာင့္ထဲတစ္ရာနီးပါး​ေလာက္ရွိမည္။ ပြဲကအက်ဥ္း႐ုံးျဖစ္တဲ့အျပင္ ကာလ​ေဒသအ​ေနအထားနဲ႔ကုန္က်စရိတ္သိပ္မမ်ား။ ပိုလွ်ံတာ​ေတြကို သူတို႔ဘက္ကိုပါ ျပန္အမ္းမည္။ ညီမ​ေလးကို​ေတာ့ တန္ဖိုးမျဖတ္နဲ႔။ ကြၽန္​ေတာ္ကပဲ သူတို႔ဘက္ကိုကိန္းဂဏန္းသတ္မွတ္ပစ္မည္။ ဒါက အရႈံးသမားတစ္​ေယာက္ရဲ႕​ေနာက္ဆုံးမာနလက္က်န္လို႔သမုတ္ရင္လည္း ကြၽန္​ေတာ္လက္ခံသည္။ အ​ေကာင့္ထဲက်န္တဲ့​ေငြ​ေတြကို​ေတာ့ ရန္ကုန္မွာ​ေနထိုင္စရိတ္အတြက္ ​ေျခ​ေစာင့္လက္​ေစာင့္ထားရမယ္ဆိုတဲ့အ​ေၾကာင္းထိ​ေတာ့ ဇာမဏိကိုမ​ေျပာျပျဖစ္။

"တရား႐ုံးကို ၉ခြဲအမွီ​ေရာက္ရမွာဆို​ေတာ့ ​ေငြထုတ္ဖို႔အခ်ိန္မမွီ​ေလာက္ဘူး။ ကိုႀကီးဆီမွာ ​အဲ့​ေလာက္ေငြသားရွိမယ္အစ္ကိုရဲ႕။ အစ္ကို​ေနာက္မွ အ​ေကာင့္က​ေနျပန္လႊဲ​ေပးလိုက္ အဆင္​ေျပလား"

ဒီ​ေလာက္ထိလိုက္​ေလ်ာတုန္႔ျပန္လာဖို႔ မ​ေမွ်ာ္လင့္ထားမိ။ နားလည္​ေပးတတ္တာ​ေတြသိ​ေပမယ့္ ကြၽန္​ေတာ့္စကားအခြန္းတိုင္းကို ျဖည့္စည္း​ေပး​ေနတဲ့အခါ အားနာျခင္းကလည္း ဒြန္တြဲရွိ​ေနသည္။ ကြၽန္​ေတာ္​ေမာ့ၾကည့္လိုက္တာနဲ႔...

"စိမ္းတဲ့စကား​ေတြ တားျမစ္တယ္​ေနာ္ အစ္ကို"

"မင္းရွိ​ေန​ေပးလို႔ ကိုယ္​ေျဖသာတာ"

အခု​ေတာ့ ကြၽန္​ေတာ့္အမူအရာ​ေျပာင္းလဲျခင္း​ေတြျမင္တာနဲ႔ ကြၽန္​ေတာ့္စိတ္အထိဖတ္ႏိုင္​ေနသူရဲ႕အၿပဳံးတို႔က ​မိုးကုတ္စက္ဝိုင္းထဲပထမဆုံးဝင္​ေရာက္လာတဲ့​ေရာင္နီ​ေတြလို ​ေတာက္ပလို႔။ စကား​ေတြမ​ေျပာျဖစ္လည္း စိတ္ခ်င္းနားလည္​ေနၾကတဲ့ ဘာသာစကားမဲ့ဆက္သြယ္ျခင္း​​ေတြနဲ႔။

ၿခံခ်င္းကပ္လ်က္တစ္ထပ္တိုက္အိမ္ကို​ေရာက္​ေတာ့ အခန္းက်ယ္တစ္ခန္းထဲ ကြၽန္​ေတာ့္ကိုတြန္းပို႔သည္။ ခါးထိရွည္တဲ့ဆံႏြယ္​ေတြက မၿဖီးမသင္ထားတာ​ေတာင္ လွပစြာက်ဆင္း​ေနသည့္ပုံရိပ္​ေလးက တံခါးဘက္ကို​ေက်ာ​ေပးထား၏။ အျဖဴခံ​ေပၚမွာ ​ေ႐ႊ​ေရာင္ထိုးထားသည့္ခ်ိတ္ဝမ္းဆက္​ေလးနဲ႔ ႐ိုး႐ိုးရွင္းရွင္းႏုနယ္​ေနသည့္ကိုယ္လုံး​ေလး။ ကြၽန္​ေတာ့္ႏွလုံးသားနာက်င္ကိုက္ခဲမႈက တဆစ္ဆစ္။ ​ေနာက္ပို႔ပစ္လိုက္တဲ့လက္ႏွစ္ဖက္က တင္း​ေန​ေအာင္ဆုပ္ထားတဲ့လက္သီးဆုပ္​ေတြကို ညီမ​ေလးမျမင္ပါ​ေစနဲ႔။

"ညီမ​ေလး"

လွည့္ၾကည့္လာတာက ခ်က္ခ်င္း။ ဆံပင္​ေတြမရွင္းလင္းရ​ေသး​ေပမယ့္ မထူးမပါးမိတ္ကပ္ပါးပါးက ညီမ​ေလးရဲ႕လွပ​ေခ်ာ​ေမာ​ေနတဲ့မ်က္ႏွာ​ေလး​ေပၚအက်အန​ေနရာယူၿပီးျဖစ္၏။

"ကိုကို"

ညီမ​ေလးလည္း အသံ​ေတြတုန္​ေနသည္။ ျဖစ္ႏိုင္ရင္ လက္ဆြဲ​ေခၚထုတ္ၿပီး ထြက္​ေျပးသြားခ်င္၏။ ဒါ​ေပမယ့္ ဒါက ကြၽန္​ေတာ့္စိတ္​အတြက္သီးသန္႔ျဖစ္​တဲ့ မိုက္႐ူးရဲလုပ္ရပ္​ေတြ။

"ဆံထုံးမထုံးဘူးဆို"

ငုံ႔က်သြားတဲ့​ေခါင္း​ေလး​ေၾကာင့္ ဆံႏြယ္ရွည္​ေတြပုခုံးတစ္ျခမ္း​ေပၚၿပိဳဆင္းက်၏။ မွန္တင္ခုံ​ေပၚရွိ​ေနတာ ႏွင္းဆီျဖဴျဖဴ​ေတြ။ အ႐ြယ္အစားမႀကီးလြန္းဘဲ ပြင့္ငယ္​ေလး​ေတြအျဖစ္နဲ႔ ဝင့္ႂကြားလွပ​ေန၏။ အဆင္သင့္ရွိ​ေနသည့္ အညိဳ​ေရာင္သစ္သားဘီးနဲ႔ ဆံပင္ေတြကို ရွင္းလင္းၿဖီးသင္​ေပးျဖစ္သည္။ ညီမ​ေလးက ကြၽန္​ေတာ္က်စ္​ေပးတဲ့က်စ္ဆံၿမီးကိုအႀကိဳက္ဆုံး။ အႀကိမ္ႀကိမ္အခါခါက်စ္​ေပးဖူးတဲ့ ငါး႐ိုးပုံစံက တုန္ခ်င္​ေနတဲ့လက္​ေခ်ာင္း​ေတြထဲ ​ေသ​ေသသပ္သပ္ပုံ​ေပၚလာလို႔ ​ေတာ္​ေသးသည္။ ပန္း​ေလး​ေတြဖူးပြင့္​ေနတဲ့ အပင္ငယ္​ေလးလို ဦး​ေခါင္းဖ်ားက​ေန က်စ္ဆံၿမီးဖ်ားထိ ႏွင္းဆီပြင့္ျဖဴ​ေတြကို ကလစ္အမဲ​ေလး​ေတြမ​ေပၚ​ေအာင္ ခပ္က်ဲက်ဲထိုးစိုက္​ေပးလိုက္၏။

"ကိုကို..."

အဆုံးသတ္ၿပီးစီးသြားတဲ့ထုံးဖြဲ႕မႈနဲ႔ ညီမ​ေလးတစ္ကိုယ္လုံးက ကြၽန္​ေတာ့္ရင္ခြင္ထဲၿပိဳက်တိုးဝင္လာသည္။ ရႈိက္သံ​ေတြက သိပ္သိပ္သည္းသည္း။

"ညီမ​ေလး မွားတယ္ ကိုကိုရဲ႕။ ညီမ​ေလး ကို႔ကိုအ​ေပၚ မလုပ္သင့္တာလုပ္ခဲ့မိတာ"

တုန္ရႈိက္​ေနတဲ့ကိုယ္လုံးငယ္ကို ​ေပြ႕ဖက္​ေပးထားရင္း ကြၽန္​ေတာ့္ရင္​ထဲလည္း မ​ေအးခ်မ္း။

"ညီမ​ေလးက ငယ္​ေသးတယ္​ေလ။ အမွားလုပ္မိႏိုင္တာ​ေပါ့။ ကိုကိုကသာ ညီမ​ေလး ျပည့္စုံ​ေအာင္ မ​ေစာင့္​ေရွာက္​ေပးႏိုင္ခဲ့တာ"

လူငယ္သဘာဝ ရည္းစားထားၿပီး လက္လြန္​ေျခလြန္ျဖစ္တတ္တာ​ေတြအတြက္ ကြၽန္​ေတာ္က​ေဆးပညာနယ္ပယ္ကလူတစ္​ေယာက္ျဖစ္ၿပီး ကိုယ့္ညီမ​ေလးရဲ႕အရွက္ကို​ေတာင္ မကာကြယ္​ေပးႏိုင္ခဲ့သူ။ တကယ္တမ္းတြက္ခ်က္ၾကမယ္ဆိုရင္ အျပစ္အရွိဆုံးသူကကြၽန္​ေတာ္။

"ကိုကိုက ဒီထက္ပိုၿပီး ဘာလုပ္​ေပးႏိုင္ဦးမွာလဲ ကိုကိုရဲ႕။ ကိုကို႔ဘက္က ပ်က္ကြက္ခဲ့တာ မဟုတ္ပါဘူး။ ကိုကို​ေပးတဲ့​ေမတၱာ​ေတြမလုံ​ေလာက္လို႔လည္းမဟုတ္ဘူး။ ညီမ​ေလး ဒီအတိုင္း ခ်စ္မိသြားတာ။ ညီမ​ေလး သူနဲ႔အတူတူ​ ဘဝကို​ေရွ႕ဆက္ခ်င္မိသြားတာ ကိုကိုရယ္။ မာမီ့​ေၾကာင့္​ေရာ၊ ကိုကို႔​ေၾကာင့္​ေရာ မဟုတ္ဘူး။ ညီမ​ေလး​ေၾကာင့္ပဲ။ ညီမ​ေလး ကိုယ္တိုင္​ေၾကာင့္ ကိုကိုနဲ႔မာမီ ရင္နာရေအာင္ လုပ္ခဲ့မိတာပါ"

ညီမ​ေလးက ​ေျပာလည္း​ေျပာရင္း အသံ​ေတြဝင္တဲ့ထိရႈိက္ရႈိက္ငို၏။ ညီမ​ေလးသာ ​ေနာင္တရခဲ့ရင္ ျပန္​ေခၚသြားမယ္ဆိုတဲ့စကား​လုံး​ေတြကို ကမာၻ​​ေျမက​ေတာင္ၾကားနာခြင့္မရလိုက္။ တစ္ဖက္သတ္စည္း႐ုံးသိမ္းသည္းခံခဲ့ရသလားလို႔ ​အမွား​ေထာက္​ေတာ့မယ့္​ေမးခြန္း​ေတြက အခ်စ္ဆိုတဲ့ဥပ​ေဒ​ေအာက္မွာ တရား​ေသလြတ္​ေျမာက္သြားၾက၏။ ​​​တခ်ိဳ႕​ေသာ ​ေ႐ြးခ်ယ္ျခင္း​ေတြက ရင္နာရတယ္ဆိုရင္​ေတာင္ ဒါက ကံၾကမၼာသတ္မွတ္ၿပီးသား ဘဝဆိုတဲ့အရာ​ေတြျဖစ္လိမ့္မည္။ ​ေ႐ြးခ်ယ္ခြင့္​ေတြကို ျခယ္လွယ္ႏိုင္ခြင့္မရွိမွ​ေတာ့ ​ေျခခ်လိုက္တဲ့ ဘဝခရီးလမ္း အ​ေကာင္းဆုံးျဖစ္​ေစဖို႔သာ...။

"ဘာ​ေတြပဲျဖစ္လာျဖစ္လာ။ ညီမ​ေလးက ကိုကို႔ညီမ​ေလး။ ညီမ​ေလးဘဝရဲ႕​ေကာင္းျခင္းဆိုးျခင္းအားလုံးကို ညီမ​ေလးနဲ႔အတူတူရင္ဆိုင္​ေပး​ေနမွာ။ ဘယ္​ေတာ့မွ ညီမ​ေလးတစ္​ေယာက္တည္းလို႔ မ​ေတြးနဲ႔။ ညီမ​ေလးနားမွာ ကိုကိုအၿမဲတမ္းရွိ​ေနတယ္။ ညီမ​ေလးပုခုံးရဲ႕လြတ္​ေနတဲ့ဘယ္ဘက္တစ္ျခမ္းက ကိုကို႔​ေနရာပဲ"

မ်က္ရည္​ေတြနဲ႔လုံး​ေထြးသြားတဲ့မ်က္ႏွာ​ေပၚက ​ေဆးသား​ေတြကို ကြၽန္​ေတာ့္လက္ႏွစ္ဖက္လုံးနဲ႔သုတ္သင္သန္႔ရွင္း​​ေပးလိုက္သည္။ ညီမ​ေလးတစ္ဘဝလုံး ခ်စ္တဲ့သူလက္ကိုတြဲၿပီး​ေပ်ာ္႐ႊင္​ပါ​ေစ​ေတာ့။ အခ်စ္​ေၾကာင့္နာဖ်ားရျခင္းမ်ားကလည္း အစဥ္ထာဝရကင္း​ေဝးပါ​ေစ။

အသိသက္​ေသလူႀကီး​ေနရာမွာလက္မွတ္ထိုးလိုက္တဲ့ ကြၽန္​ေတာ့္လက္​ေခ်ာင္းတို႔က ကိုက္ခဲမႈတို႔​ေလ်ာ့ပါး​ေန၏။ ဒက္ဒီ​ေရာ၊ မာမီပါ မရွိ​ေပးႏိုင္တဲ့ကြက္လပ္တစ္ခုမွာ ကြၽန္​ေတာ့္နာမည္ကို​ေရးထိုးၿပီး ညီမ​ေလးရဲ႕ဘဝတစ္ဆစ္ခ်ိဳးမွာ​ေတာ့ ကြၽန္​ေတာ္က အုပ္ထိန္းသူအျဖစ္။ ​ဆိုင္သာဆိုင္ မပိုင္​ေတာ့တဲ့သံ​ေယာဇဥ္​ေတြၾကားမွာ ေမတၱာဆိုတဲ့ဝန္ထုပ္ဝန္ပိုးတစ္ခ်ိဳ႕ကို အႀကိမ္ႀကိမ္လႊတ္ခ်ရင္း ကြၽန္​ေတာ့္ႏွလုံးသားဝိဥာဥ္ရွင္သန္ႏိုင္ပါဦးမလား။ ျပန္လည္လိမ္းျခယ္ထားတဲ့မိတ္ကပ္တို႔နဲ႔အသားက်စြာပဲ ညီမ​ေလးမ်က္ႏွာ​ေလးက ၾကည္လင္ဝင္းမြတ္​ေနခဲ့သည္။ တစ္ဖက္လူရဲ႕လက္​ေမာင္းကိုခိုတြဲကိုင္ထားတဲ့ ဘယ္ဘက္လက္သန္းႂကြယ္မွာ ​ေ႐ႊလက္စြပ္​ေမာင္းကြင္း​ေလးတစ္ခု။ မျပည့္စုံမခမ္းနား​ေပမယ့္ ​ေပ်ာ္​ေနတာ​ေတြကို အ​ေဝးကျမင္တာ​ေတာင္ ခံစားရ​ေနသည္။

တရား႐ုံးက​ေန ဧည့္ခံပြဲအထိ​ေတာ့ ကြၽန္​ေတာ္မလိုက္ျဖစ္​ေတာ့။ ဇာမဏိရဲ႕မိဘ​ေတြနဲ႔ ကိုႀကီးကပဲ ကြၽန္​ေတာ့္ဆႏၵအတိုင္း​ေငြ​ေၾကးကိစၥစီစဥ္​ေပးၿပီး လူႀကီး​ေနရာဝင္​ေပးၾကသည္။ ကြၽန္​ေတာ္ မ်က္ႏွာလႊဲခဲပစ္ လုပ္ဖို႔မသင့္​ေပမယ့္ မ်က္ႏွာမသာမယာနဲ႔ပြဲတက္လာတဲ့ သတို႔သမီးအစ္ကိုလည္းမျဖစ္ခ်င္ပါ။ ​​ေဒၚ​ေဒၚ​ေမသက္ကိုဆက္သြယ္ၿပီးပဲ ဒီဘက္ကအက်ိဳးအ​ေၾကာင္းကို မာမီသိရွိ​ေစႏိုင္ဖို႔ ​ေျပာျပထားလိုက္ရ၏။

"အစ္ကို အခုထိ အဝတ္မလဲ​ေသးဘူးလား"

"အင္း...လဲမလို႔ပဲ"

တရား႐ုံးကျပန္​ေရာက္ၿပီးတည္းက ျပတင္း​ေပါက္​ေဘာင္ကိုမွီရင္း ​ေတြး​ေန​ေငး​ေနလိုက္တာ ဇာမဏိလာ​ေခၚမွပဲ ကြၽန္​ေတာ္အသိဝင္သည္။

"ဒီ​ေန႔ရာသီဥတု​ေကာင္း​တယ္ အစ္ကိုရ။ ​အက်ႌလဲလိုက္ဦး။ ၿပီးရင္ ကြၽန္​ေတာ္နဲ႔အျပင္သြားမယ္"

ဇာမဏိလာခ်​ေပးသည့္ တီရွပ္နဲ႔အ​ေပၚဝတ္​ေတြထပ္လိုက္ၿပီး ကြၽန္​ေတာ့္အ​ေတြး​ေတြကို အခန္းက်ဥ္း​ေလးထဲလႊတ္ခ်ပစ္ခဲ့လိုက္သည္။ မ​ေကြးကို​ေရာက္​ေရာက္ခ်င္း စီးလာၾကတဲ့ အျဖဴအနက္​ေရာ​ေမာ္ဒယ္ျမင့္ DT ဆိုင္ကယ္အျမင့္​ေလးက ​ဇာမဏိထိန္းခ်ဳပ္မႈနဲ႔ေလဟာနယ္ကိုထိုးခြင္းၿပီး မ​ေကြးၿမိဳ႕လမ္းမႀကီး​ေတြ​ေပၚ တရွပ္ရွပ္​ေျပးလႊား​ေနခဲ့သည္။ ဆိုက္​ေရာက္ရာအရပ္က ​ေရတသြင္သြင္စီး​ေနသည့္ ဧရာဝတီျမစ္ကမ္းနဖူး​ေပၚ။

"​ေဆာင္းရာသီဆို​ေတာ့ ​​ေဟာ့​ေပါ့စား​ေကာင္းတာမလား အစ္ကို။ ဒါ ျမတ္သူနဲ႔အ​ေဆာင္းတို႔မိသားစုဆိုင္​​ေလ။ အ​ေဆာင္းတို႔စီနီယာၿမိဳ႕​ေရာက္​ေနတယ္ၾကားလို႔ သူတို႔ကလည္း လာ​ေစခ်င္​ေနတာ"

ျမစ္ကမ္း​ေဘာင္မွာ ​ေလသာ​ေဆာင္ပုံစံဓနိမိုးနဲ႔​ အတြင္းပိုင္းစားပြဲအသုံးအ​ေဆာင္တို႔က​ေတာ့ ျမန္မာမႈလက္ရာ​ေျမာက္ပစၥည္း​ေတြကို ​ဝင့္ဝင့္ႂကြားႂကြား​ေတြ႕ႏိုင္သည္။ ျမန္မာဆန္သည့္ ​ေဟာ့​ေပါ့ဆိုင္ပိုင္ရွင္ အ​ေဆာင္းတို႔အစ္ကိုႀကီးက ကြၽန္​ေတာ္တို႔​ေရာက္​ေနမွန္းသိတာနဲ႔ထြက္လာႏႈတ္ဆက္၏။

ဧရာဝတီက ​ေန​ေရာင္ျခည္ပက္ျဖန္းမႈ​ေအာက္မွာ ျပဒါး​ေရာင္လဲ့​ေန၏။ ​သဘာဝတရားရဲ႕ေအးခ်မ္းတိတ္ဆိတ္မႈ​ေအာက္မွာ အိ​​​ေျႏၵႀကီးစြာနဲ႔ ခန္႔ခန္႔ထည္ထည္။ ဧရာဝတီရဲ႕ႀကီးျမတ္မႈကိုသယ္​ေဆာင္လာတဲ့ ေလျပည္တို႔က သိကၡာႀကီးမားစြာ ရနံ႔ကင္း​ေနၾကသည္။

"အစ္ကို အသား​ေတြထည့္ဦး​ေလ။ မ်ားမ်ားစား​ေနာ္"

​ေဟာ့​ေပါ့ပူပူထက္​ေႏြးျမ​ေနတဲ့ သူ႔အၿပဳံး​ေတြက ဂ႐ုစိုက္ျခင္း​ေတြပါ ထပ္​ေလာင္းအားျဖည့္ထား၏။ အရိပ္တၾကည့္ၾကည့္ ဂ႐ုစိုက္ျခင္း​ေတြအတြက္ ကြၽန္​ေတာ့္မွာ​ေပးႏိုင္တာ ​ေခါင္းညိတ္ၿပဳံးျပ႐ုံကလြဲလို႔မရွိ​ေသး။

"အစ္ကို႔ကိုအၿမဲ​ေခၚလာခ်င္​ေနခဲ့တဲ့​ေနရာ"

ဝါဝင္း​ေနတဲ့​ေနၾကာခင္းႀကီး​ေရွ႕မွာ ကြၽန္​ေတာ္ အံ့ၾသမွင္သက္​ေနရ၏။ ဇာမဏိ​ေျပာ​ေနက်လိုပဲ မြန္းတည့္​ေနမတိုင္မီ ​ေနၾကာခင္းက ​ေနမင္းရွိရာ​ေကာင္းကင္ကို ဦးလွည့္ထားၾကရင္း ​​ေတာက္ပစြာ​ေမာ္ႂကြား​ေနၾကသည္။ သဘာဝ​တရားတို႔ရဲ႕ဆြဲ​ေဆာင္မႈက ရင္သပ္ရႈ​ေမာဖြယ္။ လက္တစ္ဖဝါးစာထက္ႀကီးသည့္ ​ေနၾကာတစ္ပြင့္ ႐ိုးတံက​ေနခ်ိဳးခ်ခံလိုက္ရၿပီး ကြၽန္​ေတာ့္နား႐ြက္ၾကားထဲ ​ေနရာက်လာသည္။ ကြၽန္​ေတာ့္ မ်က္ႏွာတည္ခ်င္သြားၿပီး ဇာမဏိကိုၾကည့္မိတာ စူးစူးစိုက္စိုက္။

"ဘာလုပ္တာလဲ"

"လွတယ္ အစ္ကိုရဲ႕"

ၾကားရဖန္မ်ားလို႔ မထူးဆန္း​ေတာ့​ေပမယ့္ နား႐ြက္ၾကားလႈပ္ခတ္​ေနတဲ့ ​ေနၾကာပြင့္က​ေတာ့ အထူးအဆန္းျဖစ္​ေစသည္။ ဖယ္ရွားဖို႔ျပင္တဲ့လက္က ဖမ္းခ်ဳပ္ခံလိုက္ရ၏။

"ခဏ​ေလးပါ"

"ကိုယ္ ​ေယာက္်ား​ေလး​ေနာ္ ဇာမဏိ"

"သဘာဝတရားက ​ေယာက္်ား၊ မိန္းမရယ္လို႔ အဆင့္အတန္းမခြဲပါဘူး အစ္ကိုရဲ႕။ အားလုံးက လူ​ေတြသတ္မွတ္တဲ့ကန္႔သတ္ခ်က္​ေတြခ်ည္းပဲ။ လူ​ေတြသတ္မွတ္တာမို႔ လူ​ေတြကပဲ ခ်ိဳးဖ်က္ပစ္ႏိုင္တယ္။ ဒီနား​ေလးမွာရပ္။ ကြၽန္​ေတာ့္ကိုၾကည့္"

​ေနၾကာအခင္းၾကားထဲဆြဲခ်သြားၿပီး ကြၽန္​ေတာ့္မ်က္ႏွာထက္ႀကီး​ေလာက္မည့္ ​ေနၾကာပြင့္ႀကီး​ေဘး မတ္တပ္ရပ္ခိုင္း​ေနျပန္သည္။ အ​ေရွ႕ကိုျပန္​ေျပးသြားၿပီး ဖုန္းတစ္လုံးနဲ႔အလုပ္ရႈပ္​ေနသူကို ကြၽန္​ေတာ္ ဒီအတိုင္းသာရပ္​ေငး​ေနမိ​ေတာ့၏။ ​​ေပ်ာ္႐ႊင္ဖို႔ ဓါတုဓါတ္ျပဳမႈ​ေတြလိုအပ္မယ္ဆိုရင္ ဇာမဏိက ကြၽန္​ေတာ္လိုအပ္​ေနတဲ့ ​ေအာက္စီဂ်င္ျဖစ္လိမ့္မည္။

မင္းလွခံတပ္...။

နီညိဳ​ေရာင္​ေအာက္ခံ​ေပၚ​ေ႐ႊ​ေရာင္​ေဖာင္းႂကြစာလုံး​ေတြနဲ႔ သမိုင္းဝင္ ဒီ​ေနရာ​ကို​ေရာက္ဖို႔ ဆိုင္ကယ္စီးလာတဲ့​တ​ေလွ်ာက္လုံး ဇာမဏိခါးကို တင္းတင္းဆုပ္ကိုင္လာခဲ့ရသည္။ ဧရာဝတီရဲ႕ ျမစ္ကမ္းနဖူး​ေဘး မ​ေကြးျမသလြန္နဲ႔ တစ္ဖက္တစ္ခ်က္မွာရွိ​​ေနတဲ့ ဒီ​ေနရာကို​ေရာက္ဖို႔ ျမစ္ကူးတံတားႀကီးကိုျဖတ္ၿပီး တစ္နာရီနီးပါး ဆိုင္ကယ္ခရီးႏွင္လာခဲ့ရ၏။

နံရံ​ေတြမွာနစ္ျမႇဳပ္​ေနတဲ့ သမိုင္း​ေၾကာင္း​ေတြနဲ႔ မင္းလွခံတပ္​ေပၚကျမင္​ရတဲ့ ဧရာဝတီက ရႈ​ေထာင့္​ေျပာင္းလဲသြား၏။ ​ေလ​ေအးတျဖဴးျဖဴးနဲ႔ ႐ိုးရွင္းတဲ့ျမင္ကြင္းထဲ နစ္ဝင္မိသြားတာ အခ်ိန္အ​ေတာ္ၾကာသည္။

"ျပန္ရ​ေအာင္​ေလ အစ္ကို။ ျမစ္​ေလက​ေအးတယ္"

"ျမစ္ထဲ ဆင္းလို႔မရဘူးလား"

"အႏၲရာယ္မ်ားတယ္ အစ္ကိုရဲ႕"

"​ေရက​ေအး​​ေနမွာပဲ​"

"အစ္ကို ​ေရထဲဆင္းခ်င္တာဆိုရင္​ေတာ့ သြားလို႔ရတဲ့တစ္​ေနရာရွိတယ္"

"ဘယ္လဲ"

"ဆားပြက္​ေခ်ာင္း"

သြားျဖစ္တဲ့​ေနရာ​ေတြက ​ေတာင္နဲ႔​ေျမာက္တည္ရွိေနတာမို႔ လမ္း​​ေပၚၾကာခ်ိန္ကပိုမ်ားသည္။ ရန္ကုန္မွာလို ကားလမ္း​ေတြမၾကပ္တာနဲ႔တင္ ကံ​ေကာင္းမႈႀကီးတစ္ရပ္​ျဖစ္၏။ ဆားပြက္​ေခ်ာင္းလို႔​ေခၚတဲ့ဒီ​ေနရာက ​ဧရာဝတီလိုမႀကီးက်ယ္​ေပမယ့္ သန္႔ရွင္းၾကည္စင္မႈက​ေတာ့ အႏႈိင္းမဲ့လို႔တင္စားလို႔ရသည္။ ပတ္ပတ္လည္မွာ​ေတာ့ ​​ေ႐ႊ​ေရာင္တဝင္းဝင္းနဲ႔ ​ေစတီအဆူဆူတို႔ကို ဖူး​ေျမာ္ႏိုင္​ေသးသည္။

ၾကည္စိမ္း​ေအး​ေနတဲ့​ေခ်ာင္း​​ေရက ဘယ္​ေလာက္ထိစင္ၾကယ္​ေနသလဲဆို ​​ဒူးတစ္ဝက္နစ္တဲ့ထိ ​ေရတိုး​ခံ​ေနရတဲ့ ​​ေအာက္ခံၾကမ္းျပင္ကိုပင္ ရွင္းရွင္းလင္းလင္းျမင္​ေနရသည္။ အပူ​ေတြက ​ေခ်ာင္း​ေရၾကည္​ေအးရဲ႕တိုက္စားမႈထဲ​ေမ်ာပါသြားသလို ​ေအးျမလန္းဆန္းလာ၏။ ​ေဘာင္းဘီကို ဒူးအ​ေပၚထိ​ေခါက္တင္ၿပီး ​ေျခလွမ္း​ေတြ​ေရွ႕တိုးျဖစ္သည္။ လြတ္လပ္တဲ့နယ္​ေျမမွာ သံ​ေယာဇဥ္​ေတြလည္း ကင္း၏။ ​

ေရစက္​ေရမႈန္​ေတြ ကြၽန္​ေတာ့္မ်က္ႏွာ​ေပၚ​လြင့္စင္လာမွ မ်က္လုံး​ေတြကိုဖြင့္လိုက္မိသည္။ တရားခံက အညာ​ေျမရဲ႕မူပိုင္ရွင္ အညာသားက်ား​ေပါက္။

"ကြၽန္​ေတာ္ရွိ​ေနတာ ​ေမ့သြားမွာစိုးလို႔"

ၿပဳံးစစမ်က္ႏွာ​ေပးက သူကိုယ္တိုင္​ေတာင္သိ​ေလာက္မွာမဟုတ္တဲ့ ႐ုတ္တရတ္အျပဳအမူ​ေတြျဖစ္လိမ့္မည္။ လြင့္​ေျမာသြားပစ္လိုက္ဖို႔​ေပမယ့္ ရင္ခြင္ကိုလာခ်ည္​ေႏွာင္တဲ့ႀကိဳးတစ္စ...။

လက္ခုပ္အျပည့္​ေရ​ေတြခပ္ယူၿပီး မ​ေဝး​ေတာ့တဲ့သူ႔ဆီ လွမ္းပက္ပစ္လိုက္သည္။ ၿငိမ္းခ်မ္း​ေနတဲ့ ​ေခ်ာင္းနယ္​ေျမက ကြၽန္​ေတာ္တို႔ႏွစ္​ေယာက္​ေၾကာင့္ ႐ုန္းရင္းဆန္ခတ္လႈပ္ရွားကုန္၏။ ရယ္သံ​ေတြပါ သဘာဝထဲ​ေျပးခုန္လြတ္​ေျမာက္သြားၾကသည္။ ​ေရနဲ႔တိုက္ခိုက္ခံလိုက္ရတဲ့အဝတ္အစားတို႔က ႏွစ္​ေယာက္လုံးကိုယ္​ေပၚမွာ ကပ္ကပ္ရပ္ရပ္။

"အစ္ကို​ေတာ့ ​ေအး​ေတာ့မွာပဲ။ အျပန္ဆိုင္ကယ္စီးရဦးမွာကို"

"မ​ေအးပါဘူး။ ​ေရညႇစ္ပစ္လိုက္မယ္"

​ေနအလင္း​ေရာင္မက်​ေသးတာမို႔ ​ေလထုက​ေႏြး​ေထြး​ေနတုန္း။ ဒီဇင္ဘာကိုအံတုရ​ေလာက္​ေအာင္ထိ မရဲတာ​မို႔ ကုန္း​ေျမ​​ေပၚျပန္တက္​ေတာ့မယ့္​ေျခလွမ္း​ေတြက ကာစီးခံလိုက္ရ၏။ ​မ်က္ႏွာခ်င္းဆိုင္မိသူရဲ႕မ်က္ႏွာမွာ ​ေရစက္မႈန္တို႔တြဲလြဲခို​ေနသည္။ ဆံပင္​ေတြကိုသိမ္းလွန္ၿပီး မ်က္ႏွာကိုသုတ္ခ်လိုက္တာမို႔ ၾကည္ရွင္းသြား၏။ နီးကပ္မႈကရ​ေနတဲ့ အပူလႈိင္း​ေၾကာင့္ အ​ေအးဓါတ္က ကြၽန္​ေတာ့္အပါးခိုကပ္မ​ေနႏိုင္။

"​ေပ်ာ္ရဲ႕လား"

ကြၽန္​ေတာ္ ​ေခါင္းညိတ္လိုက္တာက ပါးျပင္ႏွစ္ဖက္ သူ႔လက္ဖဝါးထဲက်​ေရာက္သြားဖို႔ အဆင္သင့္ျဖစ္သြားသလိုပင္။ လက္​ေခ်ာင္း​ေတြပြတ္သပ္တဲ့အတိုင္း ​ေရစက္​ေတြပါသြားခဲ့သည္။ ထိခိုက္ပြန္းပဲ့သြားမွာစိုးသလိုမ်ိဳး သူျပဳမူပုံက တယုတယႏိုင္၏။

"ဖက္ထားဦးမယ္ အစ္ကိုရဲ႕"

​ကြၽန္​ေတာ္တို႔ႏွစ္​ေယာက္မွာ သူအငယ္လား၊ ကြၽန္​ေတာ္အႀကီးလားပင္ ခြဲျခားမရ​ေတာ့။ နစ္သထက္နစ္​ေအာင္ ကြၽန္​ေတာ့္တစ္ကိုယ္လုံးကို သူ႔ရင္ဘတ္ထဲသိမ္းက်ဳံး​ေပြ႕ထည့္​ေနသည္။ ေရစိုအဝတ္​ေတြခံ​ေန​ေပမယ့္ အ​ေႏြးဓါတ္ကတိုးသထက္တိုးလာၿမဲ။ ​ေက်ာျပင္က်ယ္ကို ျပန္လည္ဖက္တြယ္​ေပးလိုက္တဲ့ ကြၽန္​ေတာ့္လက္တို႔လည္း အားမ​ေလ်ာ့။

"​မနက္တုန္းက​ေလ အစ္ကို သြားလာ​ေနတဲ့ပုံ​က သိပ္ၾကည့္​ေကာင္းတာ ကိုယ့္ကိုကိုယ္မသိဘူးမလား"

ကြၽန္​ေတာ္ သူဖက္ထားတဲ့အတိုင္း ၿငိမ္သက္​ေနမိ၏။

"အဲ့ခ်ိန္တည္းက အခု​လို​ေလးဖက္ထားခ်င္​ေနတာ"

သူ႔စကားသံ​ေတြက တိုးလ်လ်နဲ႔ၾသရွ​ေန၏။ မ်က္ႏွာ​ေသနဲ႔ကြၽန္​ေတာ့္ကိုလိုက္ၾကည့္​ေနမယ့္သူ႔ပုံစံက ကြၽန္​ေတာ့္အာ႐ုံထဲဝင္လာသည္။ ဖက္တြယ္ထားမႈက ပို ပို တင္းၾကပ္လာရ၏။ ရင္ခုန္သံ​ေတြ ယွက္ႏြယ္​ေနမိၾကတာ သူ​ေရာ ကြၽန္​ေတာ္​ေရာသိသည္။ ဘယ္​ေတာ့မွ ျပတ္​ေတာက္သြားမွာမဟုတ္တဲ့ ခ်ည္​ေႏွာင္မႈ​ေတြမွန္း ​ေသခ်ာျခင္း​ေတြရွိ​ေန၏။

"ကိုယ္လည္း ကိုယ္လိုခ်င္တာကို ျပတ္ျပတ္သားသားသိၿပီ"

"အစ္ကိုက ဘာလိုခ်င္လို႔လဲ"

"အခု​ေတာ့ မ​ေျပာခ်င္​ေသးဘူး"

"ကြၽန္​ေတာ္ မ​ေလာပါဘူး"

စိုတစ္ဝက္​​ေျခာက္တစ္ဝက္ ဆံပင္ထိပ္ဦးက ​​ေႏြးခနဲျဖစ္သြားသည္။ ကြၽန္​ေတာ္ အၿပဳံးက သူ႔ဝဲဘတ္ရင္အုံထဲ ​ေႂကြက်သြား၏။

ရင္ခုန္သံ​အ​ေႏွာင္အဖြဲ႕​ေတြက တိတ္ဆိတ္​ေအးခ်မ္းတဲ့နယ္​ေျမ​ကို တက္သိမ္းၿပီး ျခယ္လွယ္မင္းမူ​ေနၾက၏...။

#######################

August 17.2021.(Tuesday)

🌼

​ေန​ေသာ့္ကို ဇာမဏိဖက္ထား​ေပးတာမို႔ ကိုယ့္လူတို႔ကို ဆုဆုက ဖက္ထား​ေပးတယ္​ေနာ္။

🌼🌼

Continuar a ler

Também vai Gostar

1.8K 132 16
Aura Book စာအုပ်တိုက် ကနေထုတ်ဝေခဲ့ပြီး Author Hsu Chi Ko နဲ့အတူ ဇာတ်လမ်းတို လေးပုဒ်ပါဝင်တဲ့ Clover စာအုပ်လေးပါ။ အဲ့ဒီ့ထဲက မမွန်ရေးသားခဲ့တဲ့ ဇာတ်လမ်း...
862K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
884K 57.5K 54
Title : APo Hsu Genre : Own Creation / BL Tags : Romance Cover Artist : Moon U Author : Ya...
555K 37.3K 45
သျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တ...