Zawgyi Ver
အိမ္ေဖာ္အပ်ိဳေလးတစ္သိုက္က ေႁမြေပါက္စေလးကို ခိုးၾကည့္ၾကရာက အဖံုးကို လံုေအာင္ မပိတ္မိဘဲ သူ႔တစ္ကိုယ္စာ ဝင္ဆန္႔႐ုံ ဟေနတာေၾကာင့္ ေႁမြေပါက္ေလးက အျပင္ကို ခိုးထြက္ဖို႔ ေခါင္းေလးျပဴၿပီး ဟိုဟိုဒီဒီၾကည့္ကာ အျပင္ကို ခိုးထြက္လာတယ္။
သူ႔ရဲ႕ ရည္ရြယ္ခ်က္က သူ႔ေမေမဆီသြားဖို႔။
သူ႔အေတြးေလးနဲ႔ သူေပ်ာ္ကာ သူ႔ခမည္းေတာ္နဲ႔ ညတိုင္းသြားေနၾကလမ္းေလးကေန ေလွ်ာကနဲ ေလွ်ာကနဲ လာေနတယ္။
ေဟာ..ဟိုေ႐ွ႕က ေမေမ့အခန္းပဲ။
ေမာလိုက္တာ..ဟူး..။
သူ႔အေနနဲ႔ ပထမဆံုး အႀကိမ္ သူ႔ဘာသာေလွ်ာက္လာရတာျဖစ္လို႔ သူ႔ရဲ့ဝမ္းဗိုက္က အေရျပားႏုႏုေလးေတြေတာင္ နာက်င္ေနတယ္။
တံခါးအမႀကီးက ပိတ္ထားေတာ့ သူ႔ခဗ်ာ ဝင္လို႔မရတာေၾကာင့္ ေ႐ွ႕မွာတင္ ေခြေခြေလးမႈိင္ေနတယ္။
သူ သက္ပ်င္းေလးခ်လိုက္ခ်ိန္မွာပဲ ျပတင္းေပါက္ကို လွမ္းျမင္ေနရၿပီး အၾကံရသြားကာ ျပတင္းေပါက္ကို ကုတ္ကပ္တြန္႔လိမ္ၿပီး တြယ္တတ္လာတယ္။
အေပၚကိုေရာက္ေတာ့ သူေတာ္ေတာ္ေမာေနေပမယ့္ ေပ်ာ္သြားတယ္။ သူ႔စိတ္ထဲမွာေတာ့ Super Coffee ေၾကာ္ျငာထဲကလို အေမေရ သားလာၿပီ ဆိုၿပီး ေအာ္ေျပာေနမိတယ္။
ေပ်ာ္ေပ်ာ္ရြြင္ရြြင္နဲ႔ အခန္းထဲကို ဝင္သြားၿပီး အားရဝမ္းသာစြာနဲ႔ ကုတင္ေပၚကို တက္လိုက္တယ္။
ကုတင္ေပၚမွာ ပက္လက္အေနအထားနဲ႔ အိပ္ေပ်ာ္ေနတဲ့ ခ်မ္းေျမ့ေသာ္ရဲ႕အက်ႌေအာက္ထဲကို လွ်ိဳဝင္ကာ ေႁမြေပါက္စေလးက ခါတိုင္း သူလုပ္ေနၾကအတိုင္း ခ်ိဳခ်ိဳစို႔ဖို႔တြန္႔လိမ္တြန္႔လိမ္နဲ႔ ဝင္လိုက္တယ္။
ခ်မ္းေျမ့ေသာ္ ယားက်ိက်ိခံစားေနရတာေၾကာင့္ အိပ္ရင္းနဲ႔ သူ႔ရဲ႕ ရင္ဘတ္ကိုကုတ္ဖို႔အတြက္ လက္လွမ္းလိုက္တယ္။
ခ်က္ခ်င္းပဲ မ်က္လံုးေတြဝိုင္းစက္သြားရၿပီး အက်ႌကို လွန္ၾကည့္လိုက္ေတာ့ သူ႔ရင္ဘက္ေပၚက ေႁမြေပါက္စတစ္ေကာင္။
"အား...ေႁမြ ေႁမြ ကယ္ၾကပါဦး "
ေအာ္လည္းေအာ္ရင္း သူ႔ရင္ဘက္ေပၚကေႁမြေပါက္စေလးကို ယူကာ ၾကမ္းျပင္ေပၚ ပစ္ေပါက္ခ်လိုက္တယ္။
ေႁမြေပါက္စေလးက အရမ္းကိုနာက်င္သြားရၿပီး နံရံေထာင့္နားမွာ မခ်ိမဆန္႔နဲ႔ တြန္႔လိမ္ကာ ကပ္ေနတယ္။
ခ်မ္းေျမ့ေသာ္လည္းပဲ မ်က္လံုးစံုမွိတ္ကာ ကုန္းေအာ္ေနေတာ့တယ္။မၾကာခင္မွာပဲ ေႁမြမင္းသားေရာက္လာတယ္။
"ဘာျဖစ္တာလဲ ေသာ္ေသာ္ ကိုယ့္ကိုေျပာ"
"ဟို...ဟို..ဟိုမွာေႁမြ..ေႁမြ.. အီး...ကြၽန္ေတာ္ရင္ဘတ္ေပၚႀကီးတက္လာတာ"
ခ်မ္းေျမ့ေသာ္က ခ်မ္းဖ်ားတတ္ေနသူလို တဆတ္ဆတ္ တုန္ရီေနၿပီး ၾကက္သီးေတြထကာ ေခြၽးမ်ားလညး္္ရႊဲေနၿပီး နံရံေထာင့္ကို လက္ညိဳးထိုးျပကာ ငိုေနတယ္။
ေႁမြမင္းသားက နံရံေထာင့္က ေခြေနတဲ့ ေႁမြေပါက္စေလးကိုလည္းျမင္ေရာ မ်က္လံုးေတြပါျပာသြားတယ္။
ေႁမြေပါက္စေလးကို အျမန္ေကာက္ယူလိုက္ၿပီး ပံုမွန္ထက္ အနည္းငယ္က်ယ္တဲ့ေလသံနဲ႔
"သားသား...သားသား..."
ေႁမြေပါက္ေလးက နာက်င္ေနဟန္နဲ႔ အရင္လိုေခၚရင္ ဖ်ပ္ဖ်ပ္လူးမေနေတာ့ဘဲ သူ႔ရဲ႕အၿမီွးေလးကိုေတာင္ အားတင္းလႈပ္ေန႐ွာတယ္။ ခ်မ္းေျမ့ေသာ္မွာေတာ့
ေႁမြမင္းသားကိုၾကည့္ကာ နာမလည္ဟန္ျဖစ္ေနၿပီး ငိုေနတာေတာင္ ေမ့သြားတယ္။
ေႁမြမင္းသားက သူ႔ဘက္လွည့္လာၿပီး ေဒါသမီးေတြလွ်ံေနတဲ့ အၾကည့္ေတြနဲ႔ ၾကည့္ၿပီး အခန္းထဲက ထြက္သြားတယ္။
သမားေတာ္ႀကီးကို အျမန္ေခၚၿပီး ကေလးကို ၾကည့္ေပးခိုင္းရတယ္။
ေတာ္ေသးတာက ေႁမြေတြက အသက္ျပင္းၿပီး အ႐ိုးအလြယ္တကူမက်ိဳးတတ္တာေၾကာင့္ ဒဏ္ပဲျဖစ္သြားတယ္။
ေႁမြမင္းသားက ခ်မ္းေျမ့ေသာ္ရဲ႕ အခန္းထဲကို ျပန္ဝင္လာတယ္။
"မင္း အခုဘာလုပ္လိုက္တာလဲ မင္းသိလား..ဟမ္
ဒီကေလးက မင္းရဲ႕ ကေလး
ကိုယ့္ကေလးကိုယ္ ျပန္သတ္မိေတာ့မလို ျဖစ္သြားတယ္ဆိုတာ မင္းသိရဲ႕လား "
ေႁမြမင္းသားက မ်က္ဝန္းအိမ္၌ အရည္ၾကည္ေတြလဲ့ေနကာ စိတ္႐ွိတိုင္းေျပာခ်င္တာေတြကို မ်ိဳသိပ္ထားရသည့္ပံုေၾကာင့္ မ်က္လံုးေတြကရဲရဲနီေနတယ္။
"မင္းကြာ...ဒီလို ျဖစ္မွာစိုးလို႔ တစ္ခါေလာက္ေတာ့ ကိုယ့္ကေလးကို ၾကည့္ပါလို႔ေျပာတာကို......"
"သူက ဘာလို႔ ကြၽန္ေတာ့္ရင္ဘတ္ေပၚ ေရာက္ေနလည္း
အီးဟီး..ကြၽန္ေတာ္လည္းေၾကာက္တာေပါ့
ခင္ဗ်ားဘာသာ အစကတည္းက ေသခ်ာေခၚထားပါလား"
"သားသားက မင္းဆီကို လာခ်င္လြန္းလို႔ သူ႔အခန္းထဲကေန ဒီအထိ သူ႔တစ္ေယာက္တည္း ေရာက္ေအာင္လာခဲ့ရတာ
မင္းကသာ သူ႔ကို အသိအမွတ္မျပဳတာ
သူက မင္းကိုေတြ႕ဖို႔ဆိုရင္ ေပ်ာ္ေနတာပဲ
လသားအရြယ္ေလးနဲ႔ ေတာင္ မင္းကို သူ႔အေမမွန္း သိေနၿပီ
မင္းကေတာ့ အခုထိ အသိတရားမ႐ွိဘူး"
ေႁမြမင္းသားက ေလသံကို ေလ်ာ့ခ်လိုက္ၿပီး
"အင္းေလ မင္းက ငါတို႔သားအဖကို ခ်စ္မွမခ်စ္တာ"
ေႁမြမင္းသားက ေျပာၿပီး အခန္းထဲကထြက္သြားၿပီး တံခါးကို အသံျမည္ေအာင္ ေဆာင့္ပိတ္ထားခဲ့တယ္။
အခန္းထဲမွာေတာ့ ခ်မ္းေျမ့ေသာ္တစ္ေယာက္တည္း စိတ္မေကာင္းျဖစ္စြာ ခ်ံဳးပြဲခ်ငိုေနတယ္။
သူမွ သူ႔ကေလးမွန္းမသိတာပဲကို။
.
.
.
ေႁမြေပါက္စေလးက ေနမေကာင္းျဖစ္ေနစဥ္ကေတာ့ ေနထိပန္းေလးလိုပဲ ညိဳးငယ္ေနၿပီး ေနေလးေကာင္းလာတာနဲ႔ အမွ် ကေလးပီပီဟန္ခ်ီခ်ီပဲ ေရထိပန္းေလးလို လန္းဆန္းကာ ရႊင္ရႊင္ျမဴးျမဴး ျပန္ျဖစ္လာတယ္။
"သားသားေရ..."
ဒါေပမယ့္ ကေလးငယ္ဟာ အရင္ကဆို သူ႔ခမည္းေတာ္က သူ႔ေမေမဆီသြားဖို႔ ေခၚရင္ အျမဲတက္ႂကြေနေပမယ့္ အခုေတာ့ ေနရာကမေရြ႔ဘဲ မ်က္ႏွာငယ္ေလးနဲ႔ ၿငိမ္ေနတယ္။
"သားသားေရ ေမေမ့ဆီ သြားရေအာင္ေလ"
"သားသားက ေမေမ့ကို ေၾကာက္သြားတာလား
သူက သားသားမွန္းမသိလို႔ လုပ္လိုက္တာ
ကိုယ့္ေမေမကို မေၾကာက္ရဘူးေလကြာ
သားက လိမၼာပါတယ္ကြာ ခမည္းေတာ္နဲ႔ သြားရေအာင္ လာ.."
ေႁမြမင္းသားက အႀကိမ္ႀကိမ္အခါခါေခ်ာ့ေခၚမွ ၿငိမ္ၿငိမ္ေလးလိုက္ပါလာတယ္။
ေႁမြမင္းသားက အခန္းတံခါးကို ဖြင့္ဝင္လိုက္ၿပီး အိပ္ေပ်ာ္ေနတဲ့ ခ်မ္းေျမ့ေသာ္ရဲ႕ေဘးမွာ ဝင္လွဲလိုက္ကာ
သူတို႔ သားအဖညတိုင္း လုပ္ေနၾကအတိုင္းပဲ ခ်မ္းေျမ့ေသာ္ရဲ႕ အက်ႌကို လွန္ေပးလိုက္ၿပီး ႏို႔စို႔ခိုင္းတယ္။ ေႁမြေပါက္စေလးက အစကေတာ့ ျပဴးျပဴးေလးၾကည့္ကာ ေၾကာက္ေနေပမယ့္ သူ႔ခမည္းေတာ္က အတင္းတိုက္တြန္းေနတာေရာ သူ႔ေ႐ွ႕က အရသာ႐ွိတဲ့ စားစရာက ဆြဲေဆာင္ေနတာေၾကာင့္ သူ ဟန္မေဆာင္ႏိုင္ဘဲ စို႔လိုက္တယ္။
ခဏေလးအၾကာမွာေတာ့ ခ်မ္းေျမ့ေသာ္ရဲ႕ ခႏၶာကိုယ္က လႈပ္လာတာေၾကာင့္ ေႁမြေပါက္စေလးက လန္႔သြားတယ္။သူ႔ခမည္းေတာ္ကို ၾကည့္ေတာ့ သူ႔ကို ျပံဳးျပေနတာေၾကာင့္ ခမည္းေတာ္အားကိုးနဲ႔ ႏို႔ကိုပဲ ျပန္စို႔ေနလိုက္တယ္။
"ဒီကို ခမည္းေတာ္မပါဘဲ သားသားတစ္ေယာက္တည္း မလာရဘူးေနာ္ လာလို႔ရင္ အရင္တစ္ခါကလို ျဖစ္ၿပီး သားသား ႏို႔မစို႔ရေတာ့ဘူး"
ေဘးနားကေန ပြစိပြစိလႈပ္ရြလႈပ္ရြလုပ္ေနၾကတဲ့ သားအဖႏွစ္ေယာက္ေၾကာင့္ ခ်မ္းေျမ့ေသာ္ ႏိုးေနၿပီျဖစ္ေပမယ့္ အိပ္ခ်င္ေယာင္ပဲ ဟန္ေဆာင္ေနလိုက္တယ္။ သူ႔အက်ႌကိုလွန္လိုက္တာနဲ႔ ခႏၶာကိုယ္က ၾကက္သီးထလာၿပီး အသည္းေတာင္ေအးသြားသလို ခံစားေနရတယ္။
မၾကာခင္မွာဘဲ သူ႔ရင္ဘက္ေပၚကိုေရာက္လာတဲ့ ေအးစက္စက္အထိအေတြ႕နဲ႔ ေသးငယ္တဲ့ ပါးစပ္ေပါက္ေလးရဲ႕ထိေတြ႕မႈေၾကာင့္ ထိန္းခ်ဳပ္ေနတဲ့ၾကားက ခႏၶာကိုယ္ရဲ႕တုန္႔ျပန္မႈကို မခံႏိုင္စြာပဲ လႈပ္မိသြားတယ္။
ဘာမွမျဖစ္ဘူး င့ါမ်က္လံုးသာ မဖြင့္ရင္ ေႁမြဆိုတာကို ျမင္ရမွာ မဟုတ္ဘူး။ သူက ငါ့ကေလးပဲ...ငါဒါကို လုပ္ရမယ္။
သူ႔ကိုယ္သူ စိတ္ၿငိမ္ေအာင္လုပ္လိုက္ၿပီး ေႁမြေပါက္စေလး ႏို႔စို႔ဖို႔အတြက္ အေႏွာင့္အယွက္မျဖစ္ေအာင္ ျပန္အိပ္ခ်င္ေယာင္ေဆာင္လိုက္တယ္။
ဒီတစ္ခါမွာေတာ့ ေႁမြေပါက္စေလး ႏို႔စို႔လိုက္တာနဲ႔ ေရခဲကန္ထဲကို ျပဳတ္က်သူပမာ ရင္ထဲေအးကနဲ ျဖစ္သြားၿပီး အရမ္းကို စိတ္လႈပ္႐ွားေနမိတယ္။
ခဏအၾကာမွာေတာ့ ေနသားက်သြားၿပီး ရင္ထဲမွာ အမည္မေဖာ္ႏိုင္တဲ့ ၾကည္ႏူးမႈေလးကိုေတာင္ ခံစားေနရတယ္။ သူ႔ရင္ဘတ္ေပၚကိုအပိုင္စီးကာ အၿမီးေလးတလႈပ္လႈပ္နဲ႔ ႏို႔ခ်ိဳစို႔ေနတဲ့ ကေလးငယ္ကို သူ႔မ်က္လံုးေတြ ဖြင့္ၿပီးၾကည့္လိုက္ခ်င္ေပမယ့္ ေႁမြတစ္ေကာင္အျဖစ္ျမင္လိုက္ရရင္ သူ႔ရဲ႕စိတ္က လက္ခံႏိုင္မွာ မဟုတ္ေသးတဲ့အတြက္ ဒီအေျခအေနေလးက အရမ္းကို အဆင္ေျပပါတယ္။
ခဏၾကာေတာ့ ေႁမြေပါက္ေလးရဲ႕အၿမီးေလးက ၿငိမ္က်သြားၿပီး သူ႔အေပၚမွာပဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားတယ္။
ေႁမြမင္းသားက အိပ္ေပ်ာ္ေနတဲ့ ေႁမြေပါက္ေလးကို အသာခ်ီၿပီး အခန္းထဲက ထြက္သြားတယ္။
ခ်မ္းေျမ့ေသာ္ မလႈပ္မယွက္ ပက္လက္ႀကီးေန ေနရတာ ၾကာေနၿပီ ျဖစ္တဲ့အတြက္ တဖက္ကို ေစာင္းလိုက္တယ္။
သားသားအိပ္သြားတဲ့ ေနရာ သူ႔ရင္ဘက္ကို လက္နဲ႔ဖိရင္း သူ႔ရင္ထဲမွာ ဟာတာတာျဖစ္ၿပီးက်န္ခဲ့တယ္။
သူဟာ ေယာက်ာ္းေလးတစ္ေယာက္ျဖစ္ေနတာေတာင္မွ သူ႔ခႏၶာကိုယ္သူ႔အေသြးအသားထဲကေန သားသားကို တိုက္ဖို႔ႏို႔ရည္ေတြထြက္တယ္တဲ့လား။
မိခင္ေမတၱာဆိုတာ ဒါမ်ိဳးကိုေျပာတာထင္တယ္ ရင္ထဲတစ္မ်ိဳးႀကီးပဲ။
.
.
.
မယ္ေတာ္ႀကီးအဟိကုနရီက သူ႔ဆီကို အလည္လာတဲ့ ေႁမြမင္းသားနဲ႔ သူမရဲ႕ေျမးေတာ္ေလးကို ျမင္တာနဲ႔ သလြန္ေပၚ ေမွးစက္ေနရာက ထလာၿပီး ခ်က္ခ်င္းပဲျပံဳးရႊင္သြားတယ္။
"ေျမးေတာ္ေလးတို႔ အလည္လာၾကတာလား"
သူမက ေႁမြမင္းသားဆီက ေႁမြေပါက္စေလးကို လက္ညိဳးေလးနဲ႔တို႔လိုက္ၿပီး လက္ဝါးျဖန္႔လိုက္ေတာ့ ေႁမြေပါက္ေလးက သူမရဲ႕ အေပၚ တြယ္တတ္လာတာေၾကာင့္ သူမက ျပံဳးလိုက္တယ္။
"ေျမးေတာ္ဆီကို ခဏခဏအလည္လာခ်င္ေပမယ့္ အဖြားက အသက္ႀကီးၿပီဆိုေတာ့ အခုတေလာ မၾကာခဏ နာမက်န္းျဖစ္ေနတယ္"
သူမက ေႁမြမင္းသားကို ၾကည့္လိုက္ၿပီး
"သားေတာ္တို႔လည္း အဟိကုလနန္းေတာ္ကို ျပန္လာေနပါေတာ့ မယ္ေတာ္ ေျမးေတာ္ေလးနဲ႔ မခြဲခ်င္ေတာ့ဘူး သားေတာ္က ကိုယ့္ေနရပ္ကို ေမ့ၿပီး ဧည့္သြားဧည့္ျပန္ လုပ္ေနတယ္
ေဃာရဝိသနပုလဲကလည္း လက္ထဲျပန္ေရာက္ေနၿပီဆိုေတာ့ အဟိဂု႑ိကနဲ႔ ကိစၥကို အျမန္႐ွင္းၿပီး နန္းတတ္ဖို႔ကိစၥ လုပ္ၾကရမယ္"
"သားေတာ္ ဒီကို လာရတာက သားေတာ္ေလးေၾကာင့္ပါ မယ္ေတာ္
္ ေဃာရဝိသနပုလဲေၾကာင့္ လူ႔အသြင္ကိုမေျပာင္းႏိုင္မွာစိုးလို႔ မယ္ေတာ္ရဲ႕နတ္နန္း႐ွင္ကို ေႁမြနတ္ဘုရားဆီမွာ ေတာင္းပန္ပြဲ က်င္းပေပးဖို႔ပါ "
"စိတ္ခ်ပါ သားေတာ္
ေျမးေတာ္ေလးအတြက္ မယ္ေတာ္ လုပ္ေပးမယ္"
သူမက ေႁမြေပါက္စေလးကို ၾကည့္ကာ ပီတိျဖာေနေလရဲ႕။
"ဒါနဲ႔ ေျမးေတာ္ေလးက ဘယ္ႏွစ္လေလာက္႐ွိၿပီလဲ"
"ေျခာက္လသားအရြယ္႐ွိၿပီ မယ္ေတာ္ "
"ေျမးေတာ္ေလး တစ္ႏွစ္ျပည့္တဲ့ အခါက်ရင္ နာမည္ကင္ပြန္းတပ္ပြဲနဲ႔ ေမြးေန႔ေတာ္ကို တခမ္းတနားက်င္းပၾကတာေပါ့ "
.
.
.
တစ္ေနကုန္ အခန္းထဲေအာင္းေနရတာ ပ်င္းေနတာနဲ႔ပဲ အခန္းအျပင္ကိုထြက္လာခဲ့တယ္။ မေန႔ညကလည္း ဟိုသားအဖ သူ႔ဆီမလာၾကလို႔ ေစာင့္ရင္းနဲ႔ အိပ္ေပ်ာ္သြားတယ္။ ျခံထဲလမ္းေလွ်ာက္ထြက္ရင္း ေလညင္းေလးခံရေအာင္ ေအာက္ထပ္ကို ဆင္းလာခဲ့တယ္။ ေလွကားအဆင္းမွာပဲ ႐ွိေသးတယ္ ေအာက္ထပ္က ရယ္သံတခစ္ခစ္ကို ၾကားေနရတယ္။
ဘယ္ကေလး ကမ်ား ဒီေလာက္ရယ္ေနပါလိမ့္။
ေအာက္ထပ္ကိုေရာက္ေတာ့ အေစခံေကာင္မေလးေတြလက္ထဲက ဆံပင္ေကာက္ေကာက္ မ်က္လံုးေလးေတြက ဝိုင္းနက္ၿပီး အရည္လဲ့ေနကာ ပါးေဖာင္းေဖာင္းေလး ႏႈတ္ခမ္းစုစုဖူးဖူးပန္းေသြးေရာင္ေလးနဲ႔ ျဖဴေဖြးဥဖတ္ မထိရက္မတို႔ရက္စရာကေလးေလး။
အားပါးပါး...ဘယ္သူေမြးထားတဲ့ ကေလးမို႔ ဒီေလာက္ခ်စ္ဖို႔ေကာင္းေနရတာလဲ။
ရယ္ေနလိုက္တာမ်ား ႏႈတ္ခမ္းနားက အခ်ိဳင့္ေသးေသးေလးျဖစ္သြားတဲ့ အထိပဲ။ တစ္ခါ တစ္ခါ သူ႔ရဲ႕ေခါင္းေလးကို ေနာက္ကို လွန္လွန္ေမာ့ခ်လိုက္ၿပီး အားရပါးရ တခစ္ခစ္ရယ္ျပေနတယ္။
ရယ္ရတဲ့ အေၾကာင္းျပခ်က္ကလည္း အထူးတလည္ပါဘဲ သူ႔ေရွ႕က မိန္းကေလးက ႏွာေခ်ျပၿပီးျမဴေနတယ္။ ႏွာတစ္ခါေခ်ျပရင္ သူေလးက တစ္ခါရယ္ျပတယ္။ ၿပီးရင္ ေနာက္ထပ္တစ္ခါရယ္ဖို႔ကို ႏွာေခ်ျပတာကို ေစာင့္တယ္။
ကေလးက ႏွာေခ်ျပတာကို သေဘာက်တာတဲ့လား။
ခ်မ္းေျမ့ေသာ္က အူးယားစြာနဲ႔ ကေလးေလးအနားသြားလိုက္ေတာ့ ကေလးေလးက သူ႔ရဲ့ မ်က္ဝန္းနက္နက္ေလးေတြနဲ႔ ျပဴးၾကည့္ေနတယ္။
ကေလးရဲ႕ပါးေဖာင္းေဖာင္းေလးကို ဖြဖြဖဲ့လိုက္ၿပီး
"မင္းက ႏွာေခ်ျပတာကိုအဲ့ေလာက္ေတာင္ သေဘာက်တယ္ေပါ့ "
ကေလးေလးက စိုးရိမ္ေနတဲ့ မ်က္ဝန္းေလးေတြနဲ႔ သူ႔ကိုၾကည့္ေနကာ သူ႔ကို ေပြ႔ခ်ီထားတဲ့ မိန္းကေလးရဲ႕ ပုခံုးကို လက္ေပါက္စေလးေတြနဲ႔ ဆုပ္ကိုင္ထားတယ္။
"သူက ဘယ္သူ႔ကေလးေလးလဲ ခ်စ္စရာအရမ္းေကာင္းတာပဲ"
ထိုေကာင္မေလးေတြက မ်က္ႏွာပ်က္သြားၾကတယ္။
"ခဏေလာက္ ခ်ီလို႔ရလား ခ်ီခ်င္လို႔"
ထိုမိန္းကေလးတို႔က ျပံဳးျပၿပီး ကေလးကို သူ႔ရဲ႕လက္ထဲ ထည့္ေပးေတာ့ ကေလးငယ္က လက္ထဲေရာက္လိုက္တာနဲ႔ အသည္းအသန္ငိုေႂကြးေတာ့တယ္။
ကေလးေလးကို လႈပ္ျမဴၿပီး ေခ်ာ့ေပမယ့္ ကေလးကအငိုမတိတ္။
ထိုအခ်ိန္မွာပဲ မိန္းမလွတစ္ေယာက္က သူ႔လက္ထဲကေန ကေလးကို လာယူသြားတယ္။ကေလးက ခ်က္ခ်င္းပဲ အႏွီမိန္းမ လက္ထဲမွာ အငိုတိတ္သြားတယ္။
သူမက အေစခံ ေကာင္မေလးေတြကို ကေလးကို ငိုေအာင္ထားလို႔ ဆူေငါက္ေနတာေၾကာင့္ သူကပဲ ၾကားထဲကေနေတာင္းပန္လိုက္တယ္။
"ေတာင္းပန္ပါတယ္ သူတို႔ အျပစ္မဟုတ္ပါဘူး ကြၽန္ေတာ္ခ်ီလိုက္လို႔ ကေလးကငိုသြားတာ
တကယ္ေတာင္းပန္ပါတယ္ေနာ္
ဒါနဲ႔ ကေလးက အစ္မရဲ႕ကေလးလား အရမ္းခ်စ္ဖို႔ေကာင္းတာပဲေနာ္"
ခ်မ္းေျမ့ေသာ္ ကေလးငိုေနတာကိုပဲ အာရံုရေနတာေၾကာင့္ ထိုမိန္းကေလးကို ေသခ်ာ မၾကည့္မိလိုက္။ အခုမွ သတိထားမိတာက သူမကို ရင္းရင္းႏွီးႏွီးျမင္ဖူးေနတာပဲ။
"အာ..အစ္မက ဟိမဝႏၱာတုန္းက တစ္ေယာက္ ...."
"သားသား ဘာျဖစ္လို႔ ငိုေနတာလဲ"
ထိုအခ်ိန္မွာပဲ အသံတစ္သံေၾကာင့္ သူလွည့္ၾကည့္မိေတာ့ သူ႔ေ႐ွ႕ကေနျဖတ္ေလွ်ာက္လာေနတဲ့ ေႁမြမင္းသားက ထိုမိန္းမလက္ထဲက ကေလးကို ေပြ႕ခ်ီဖို႔လက္ကမ္းေပးေနတာပင္။
ထိုမိန္းမက ျပံဳးကာ ကေလးကို ပုခံုးေပၚတင္ကာ ေက်ာျပင္ကို ပြတ္သပ္ေပးရင္း
"သားသားရဲ႕ ေဖေဖဆီသြားမလား"
ထိုအခါမွ ကေလးက ေႁမြမင္းသားဘက္ကို လွည့္လာၿပီး လက္ေပးကာ သူ႔ကိုခ်ီခိုင္းတယ္။ ခ်မ္းေျမ့ေသာ္ သူ႔ေရွ႕မွာ ျမင္ေနရတာေတြကို မွင္သက္ကာ ေငးေမာေနမိတယ္။
သူ႔ေရွ႕က ဟိုလူ ခ်ီထားတဲ့ကေလးက သူေမြးထားတဲ့ကေလးလားလည္း သိခ်င္မိတယ္။
ဒါေပမယ့္ သူတို႔ သံုးေယာက္ကိုၾကည့္ရတာက ေပ်ာ္ရႊင္ဖြယ္ေကာင္းၿပီး ၿပီးျပည့္စံုတဲ့မိသားစု တစ္စုလိုပဲ။
ေႁမြမင္းသားက သူ႔ကို တစ္ခ်က္ပဲလွမ္းၾကည့္ၿပီး ကေလးကိုခ်ီကာ အေပၚထပ္ကိုျပန္တက္သြားတယ္။
ခ်မ္းေျမ့ေသာ္ကလည္း သူတို႔သားအဖရဲ႕အေနာက္ကေနလိုက္လာေတာ့ ကေလးေလးက ေႁမြမင္းသားရဲ႕ ပုခံုးေပၚမွာေခါင္းေလးတင္ လက္သီးဆုပ္ေလးကို ပါးစပ္နဲ႔စုပ္ၿပီး မ်က္လံုးဝိုင္းေလးေတြနဲ႔ မ်က္စိမလႊဲဘဲ အေနာက္က သူ လိုက္လာတာကို ၾကည့္ေနတယ္။
ကေလးထားတဲ့ အခန္းထဲေရာက္ေတာ့ ေႁမြမင္းသားက ခပ္က်ယ္က်ယ္ ပုခက္ပံုစံ အလံုပိတ္လုနီးပါး ႀကိမ္ျခင္းကို အဖံုးဖြင့္ကာ အတြင္းထဲမွာ အလြန္တစ္ရာမွႏူးညံ့အိစက္လွတဲ့ ေရႊဝါဂြမ္းနဲ႔ျပဳလုပ္ထားတဲ့ ေမြ႔ရာေပၚမွာ ကေလးငယ္ကို အိပ္စက္ေစတယ္။
ေႁမြမင္းသားက ကေလးကို အိပ္ရာမွာထားၿပီး ဒီဘက္လွည့္လိုက္တာနဲ႔ ခ်က္ခ်င္းပဲ ကေလးက ပက္လက္ကေန ဝမ္းလ်ားေမွာက္လိုက္တယ္။ ျခင္းကို အားျပဳၿပီး ဖင္ထိုင္ဖို႔ႀကိဳးစားေနတယ္။
မတ္တပ္ရပ္ရင္း ၾကက္ေသေသေနတဲ့ ခ်မ္းေျမ့ေသာ္ကို ေႁမြမင္းသားက မာေရေက်ာေရမ်က္ႏွာေပးနဲ႔ ဘာလဲဆိုတဲ့ပံုစံနဲ႔ ေမးဆတ္ျပတယ္။
"ဟို...ဟိုေလ"
ဒီလူ႔ မ်က္ႏွာေပးေၾကာင့္ ေမးစရာ စကားတို႔က ပါးစပ္ဖ်ားမွာတင္ ေပ်ာက္႐ွ။
ဒီကေလးက သူ႔ကေလးလားလို႔ ဘယ္လိုမ်ားေမးထြက္ေတာ့မွာလဲ။ တံေတြးတစ္ခ်က္ အသာမ်ိဳခ်ရင္း အားတင္းကာ
"အဲ့ကေလးေလးက.."
"ဟုတ္တယ္"
သူေမးတဲ့စကားေတာင္ မဆံုးေသးဘဲ ႀကိဳသိေနသလိုမ်ိဳး မ်က္ႏွာကို ဝင့္ကာ မထီသလိုေျဖတယ္။
ေျပာခ်င္တဲ့စကားက မ်က္ႏွာမွာ အထင္းသားေပၚေနတယ္။
"ဘာလဲ ဘာေျပာမလို႔လဲ အခုမွ လာၿပီး သားေတာ္ခ်င္ေနၿပီမလား။ အရင္ကေတာ့ သားကို တစ္ခါေတာင္ မၾကည့္ဘဲ ေၾကာက္တယ္ေလး ဘာေလးနဲ႔ အခု ခ်စ္စရာေကာင္းမွ ေပြ႔ခ်ီခ်င္ေနၿပီမလား" ဆိုတဲ့ပံုစံ ေအာင္ႏိုင္သူမ်က္ခြက္နဲ႔။
ေႁမြမင္းသားက အနည္းဆံုးေတာ့ ခ်မ္းေျမ့ေသာ္က သူနဲ႔ အရင္လို စကားအေခ်အတင္ေျပာ ရန္ျပန္္ျဖစ္ၿပီး "ဘာျဖစ္လဲ ငါေမြးထားတာပဲ ငါ့ကေလးပဲ " ဆိုတာေလာက္ေတာ့ျဖစ္လာမယ္ ထင္ထားေပမယ့္ ခ်မ္းေျမ့ေသာ္ကေတာ့ သူ႔အျပစ္ေၾကာင့္ ျဖစ္ရတာဆိုေတာ့ ဘာစကားသံမွ ထပ္ထြက္မလာဘဲ အက်ႌအနားစကိုပဲ က်စ္က်စ္ပါေအာင္ ဆုပ္ၿပီး ကေလးကို ခဏမွ်ေငးၾကည့္ၿပီး မ်က္ႏွာညိဳးငယ္စြာနဲ႔ အခန္းထဲကေနျပန္ထြက္သြားတယ္။
ထြက္သြားျပန္ေတာ့လည္း စိတ္မေကာင္းျဖစ္စြာ ေငးက်န္ေနခဲ့ရသူ။ တကယ္ေတာ့ ျပႆနာ အားလံုးရဲ႕အစက သူပင္ ျဖစ္ၿပီး ခ်မ္းေျမ့ေသာ္ကေတာ့ ျပႆနာၾကား ညႇပ္ခဲ့ရသူသာ။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ဆယ္ေက်ာ္က သူသာ ခ်မ္းေျမ့ေသာ္ကို မကိုက္ခဲ့ဘူး ဆိုရင္ ျပႆနာေတြျဖစ္လာခဲ့မွာ မဟုတ္။
အခန္းထဲျပန္ေရာက္တာနဲ႔ ကိုယ့္သားသမီးမွန္းေတာင္ ကိုယ္မသိတဲ့ သူ႔အျဖစ္ေၾကာင့္ ဝမ္းနည္းပက္လက္နဲ႔ ငိုပဲငိုႏိုင္ေတာ့တယ္။ ၿပီးေတာ့ ကေလးကလည္း သူ႔ကိုျမင္တာနဲ႔ ေၾကာက္ေနၿပီ။ အဲ့တုန္းက သူလုပ္လိုက္တာ ဘယ္ေလာက္ေတာင္မ်ား နာက်င္သြား႐ွာမလဲ။ ရင္ထဲ တဆစ္ဆစ္နဲ႔ ခံစားရခက္လိုက္တာ ဒီေလာက္ခ်စ္စရာေကာင္းတဲ့ ကိုယ့္သားကိုယ္ေတာင္ မေပြ႔ရမခ်ီရ မျမင္ရ မၾကင္ရ။
သူလည္း မိဘပဲကို ကေလးလည္း ခ်စ္တတ္တယ္ သူကိုယ္တိုင္ေမြးထားရတာ သူေၾကာက္တဲ့ေႁမြျဖစ္ေနလို႔သာ။ လူ႔အသြင္ေျပာင္းလို႔ရတယ္ဆိုတယ့္အေၾကာင္းေလးေတာ့ သူ႔ကိုေျပာျပသင့္ပါတယ္။
"အီး...အီး...အဲ..အဲ.."
သူ႔အေၾကာင္း သူေတြးၿပီး ယူက်ံဳးမရျဖစ္လြန္းလို႔ အားရပါးရ ေမြ႔ရာေပၚမွာ ထု႐ိုက္ရင္းငိုလိုက္တာ အိပ္ေပ်ာ္မွန္းမသိ အိပ္ေပ်ာ္သြားတယ္။
ေတာ္ေတာ္ၾကာ အိပ္ေပ်ာ္ေနရင္း နားထဲမွာ တံခါးကို တ 'ဘန္းဘန္း' လႈပ္ေနတဲ့ အသံေၾကာင့္ႏိုးတစ္ဝက္ အိပ္တစ္ဝက္ျဖစ္ေနတယ္။
အိပ္ခ်င္မူးတူးနဲ႔ အိပ္ရာက ထကာ ငိုထားလို႔ ဖုေဖာင္းေနတဲ့ သူ႔ရဲ႕ မ်က္လံုးေတြကို ပြတ္သပ္ရင္း အခန္းတံခါးကို ဖြင့္လိုက္တယ္။
သူ ထခုန္မတတ္ ေပ်ာ္လြန္းလို႔ အားရပါးရ ျပံဳးလိုက္တယ္။ အခန္းေ႐ွ႕မွာ ေလးဘက္ေထာက္ေနရာက သူ႔ကိုျမင္ေတာ့ ဖင္ခ်ထိုင္ၿပီး မ်က္လုံးဝိုင္းဝိုင္းေလးနဲ႔ သူ႔ကိုၾကည့္ေနတဲ့ ကေလးေလး။
ခ်မ္းေျမ့ေသာ္ ပတ္ဝန္းက်င္ေဘးဘီကို ၾကည့္လိုက္ၿပီး ဘယ္သူမွ ႐ွိမေနတာ ေသခ်ာေတာ့မွ ကေလးကို ဆတ္ကနဲေကာက္ေပြ႕ကာ အခန္းထဲေခၚလာၿပီး တံခါးကိုေသခ်ာပိတ္လိုက္တယ္။
ကေလးကို ေပါင္ေပၚတင္ကာ အားရပါးရ တ႐ွဳံ႕႐ွဳံ႕နမ္းရင္း မ်က္ရည္ေတြကလည္းက်ေနတယ္။ ဒီတစ္ခါေတာ့ ကေလးက လံုးဝမငို။
"သားသားက ေဖ့ေဖ့ဆီ တစ္ေယာက္ထဲ လာတာလား
အား...ခ်စ္စရာေကာင္းလိုက္တာ မြ..မြ"
ဒီေလာက္ ခ်စ္စရာေကာင္းတဲ့ ကေလးေလးကိုေနာ္ သူဘယ္လိုမ်ား လုပ္ရက္ခဲ့ပါလိမ့္။
"ေဖေဖက အရင္က သားသားမွန္းမသိလို႔ လုပ္လိုက္မိတာေနာ္ ေဖေဖ့ကို ခြင့္လြတ္ "
သူ႔ကိုယ္သူ ေဖေဖဆိုတဲ့ နာမ္စားကို သံုးေနက်လည္းမဟုတ္ အက်င့္လည္းမ႐ွိပါဘဲနဲ႔ စိတ္ထဲကေန အလိုအေလ်ာက္ထြက္က်လာတယ္။
ေဖေဖ တဲ့ ၾကည္ႏူးလိုက္တာေနာ္။
မ်က္စိေ႐ွ႕က ႏုႏုဖတ္ဖတ္ဥဥအက္အက္ မထိရက္ေလာက္ေအာင္ ခ်စ္ဖို႔ေကာင္းလိုက္တဲ့ ကေလးေလးက သူ႔ဝမ္းထဲက ထြက္လာၿပီး သူကိုယ္တိုင္ေမြးထားတဲ့ ကေလးေလးတဲ့လား။
ပါးေလးေတြကို လက္ညိဳးနဲ႔ တို႔ထိရင္း
"ၾကည့္ပါဦး ဘယ္သူေမြးထားတဲ့ သားသားေလးမို႔ အဲ့ေလာက္ခ်စ္ဖို႔ေကာင္းေနရတာလဲကြာ "
သားသားက သူ႔အနမ္းေတြၾကားကေန သူ႔ရဲ့ရင္ဘက္ကို လက္ေသးေသးေလးနဲ႔ လာကိုင္တယ္။ ၿပီးေတာ့ မခ်င့္မရဲေလး သူ႔ကိုၾကည့္ေနျပန္တယ္။
ခ်မ္းေျမ့ေသာ္က သူ႔သားရဲ႕ အျပဳအမူကို သေဘာတက် ျပံဳးလိုက္တယ္။
"သားသားက ခ်ိဳခ်ိဳေသာက္ခ်င္တာလား"
သူအျပင္ကို ထြက္ကာ ေဘးဘီကို တစ္ခ်က္ျပန္ၾကည့္ၿပီး တံခါးကို ေသခ်ာပိတ္လိုက္တယ္။
္ ကေလးကိုေပြ႔ကာ အိပ္ရာေပၚ ပက္လက္လွန္ၿပီး ခါတိုင္းပံုစံအတိုင္းပဲ ေနလိုက္တယ္။ ဒီအေနအထားက အရင္လို အဆင္မေျပတာေၾကာင့္ ခဏေနေတာ့ ေဘးကိုေစာင္းလိုက္တယ္။မၾကာခင္မွာပဲ သူတို႔ သားအဖႏွစ္ေယာက္လံုး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားေတာ့တယ္။ ထိုအခ်ိန္မွာပဲ အခန္းတံခါးပြင့္လာၿပီး သားအဖႏွစ္ေယာက္ကို ေစာင္လာျခံဳေပးၿပီး ျပံဳးျပံဳးႀကီး ၾကည့္ေနတဲ့ သူတစ္ေယာက္႐ွိေနပါေတာ့တယ္။
........................................................
Unicode Ver
အိမ်ဖော်အပျိုလေးတစ်သိုက်က မြွေပေါက်စလေးကို ခိုးကြည့်ကြရာက အဖုံးကို လုံအောင် မပိတ်မိဘဲ သူ့တစ်ကိုယ်စာ ဝင်ဆန့်ရုံ ဟနေတာကြောင့် မြွေပေါက်လေးက အပြင်ကို ခိုးထွက်ဖို့ ခေါင်းလေးပြူပြီး ဟိုဟိုဒီဒီကြည့်ကာ အပြင်ကို ခိုးထွက်လာတယ်။
သူ့ရဲ့ ရည်ရွယ်ချက်က သူ့မေမေဆီသွားဖို့။
သူ့အတွေးလေးနဲ့ သူပျော်ကာ သူ့ခမည်းတော်နဲ့ ညတိုင်းသွားနေကြလမ်းလေးကနေ လျှောကနဲ လျှောကနဲ လာနေတယ်။
ဟော..ဟိုရှေ့က မေမေ့အခန်းပဲ။
မောလိုက်တာ..ဟူး..။
သူ့အနေနဲ့ ပထမဆုံးအကြိမ် သူ့ဘာသာလျှောက်လာရတာဖြစ်လို့ သူ့ရဲ့ဝမ်းဗိုက်က အရေပြားနုနုလေးတွေတောင် နာကျင်နေတယ်။
တံခါးအမကြီးက ပိတ်ထားတော့ သူ့ခဗျာ ဝင်လို့မရတာကြောင့် ရှေ့မှာတင် ခွေခွေလေးမှိုင်နေတယ်။
သူ သက်ပျင်းလေးချလိုက်ချိန်မှာပဲ ပြတင်းပေါက်ကို လှမ်းမြင်နေရပြီး အကြံရသွားကာ ပြတင်းပေါက်ကို ကုတ်ကပ်တွန့်လိမ်ပြီး တွယ်တတ်လာတယ်။
အပေါ်ကိုရောက်တော့ သူတော်တော်မောနေပေမယ့် ပျော်သွားတယ်။ သူ့စိတ်ထဲမှာတော့ Super Coffee ကြော်ငြာထဲကလို အမေရေ သားလာပြီ ဆိုပြီး အော်ပြောနေမိတယ်။
ပျော်ပျော်ရွှင်ရွှင်နဲ့ အခန်းထဲကို ဝင်သွားပြီး အားရဝမ်းသာစွာနဲ့ ကုတင်ပေါ်ကို တက်လိုက်တယ်။
ကုတင်ပေါ်မှာ ပက်လက်အနေအထားနဲ့ အိပ်ပျော်နေတဲ့ ချမ်းမြေ့သော်ရဲ့အင်္ကျီ
အောက်ထဲကို လျှိုဝင်ကာ မြွေပေါက်စလေးက ခါတိုင်း သူလုပ်နေကြအတိုင်း ချိုချိုစို့ဖို့တွန့်လိမ်တွန့်လိမ်နဲ့ ဝင်လိုက်တယ်။
ချမ်းမြေ့သော် ယားကျိကျိခံစားနေရတာကြောင့် အိပ်ရင်းနဲ့ သူ့ရဲ့ ရင်ဘတ်ကိုကုတ်ဖို့အတွက် လက်လှမ်းလိုက်တယ်။
ချက်ချင်းပဲ မျက်လုံးတွေဝိုင်းစက်သွားရပြီး အင်္ကျီကို လှန်ကြည့်လိုက်တော့ သူ့ရင်ဘက်ပေါ်က မြွေပေါက်စတစ်ကောင်။
"အား...မြွေ မြွေ ကယ်ကြပါဦး "
အော်လည်းအော်ရင်း သူ့ရင်ဘက်ပေါ်ကမြွေပေါက်စလေးကို ယူကာ ကြမ်းပြင်ပေါ် ပစ်ပေါက်ချလိုက်တယ်။
မြွေပေါက်စလေးက အရမ်းကိုနာကျင်သွားရပြီး နံရံထောင့်နားမှာ မချိမဆန့်နဲ့ တွန့်လိမ်ကာ ကပ်နေတယ်။
ချမ်းမြေ့သော်လည်းပဲ မျက်လုံးစုံမှိတ်ကာ ကုန်းအော်နေတော့တယ်။မကြာခင်မှာပဲ မြွေမင်းသားရောက်လာတယ်။
"ဘာဖြစ်တာလဲ သော်သော် ကိုယ့်ကိုပြော"
"ဟို...ဟို..ဟိုမှာမြွေ..မြွေ.. အီး...ကျွန်တော်ရင်ဘတ်ပေါ်ကြီးတက်လာတာ"
ချမ်းမြေ့သော်က ချမ်းဖျားတတ်နေသူလို တဆတ်ဆတ် တုန်ရီနေပြီး ကြက်သီးတွေထကာ ချွေးများလည်းရွှဲနေပြီး နံရံထောင့်ကို လက်ညိုးထိုးပြကာ ငိုနေတယ်။
မြွေမင်းသားက နံရံထောင့်က ခွေနေတဲ့ မြွေပေါက်စလေးကိုလည်းမြင်ရော မျက်လုံးတွေပါပြာသွားတယ်။
မြွေပေါက်စလေးကို အမြန်ကောက်ယူလိုက်ပြီး ပုံမှန်ထက် အနည်းငယ်ကျယ်တဲ့လေသံနဲ့
"သားသား...သားသား..."
မြွေပေါက်လေးက နာကျင်နေဟန်နဲ့ အရင်လိုခေါ်ရင် ဖျပ်ဖျပ်လူးမနေတော့ဘဲ သူ့ရဲ့အမြှီးလေးကိုတောင် အားတင်းလှုပ်နေရှာတယ်။ ချမ်းမြေ့သော်မှာတော့
မြွေမင်းသားကိုကြည့်ကာ နာမလည်ဟန်ဖြစ်နေပြီး ငိုနေတာတောင် မေ့သွားတယ်။
မြွေမင်းသားက သူ့ဘက်လှည့်လာပြီး ဒေါသမီးတွေလျှံနေတဲ့ အကြည့်တွေနဲ့ ကြည့်ပြီး အခန်းထဲက ထွက်သွားတယ်။
သမားတော်ကြီးကို အမြန်ခေါ်ပြီး ကလေးကို ကြည့်ပေးခိုင်းရတယ်။
တော်သေးတာက မြွေတွေက အသက်ပြင်းပြီး အရိုးအလွယ်တကူမကျိုးတတ်တာကြောင့် ဒဏ်ပဲဖြစ်သွားတယ်။
မြွေမင်းသားက ချမ်းမြေ့သော်ရဲ့ အခန်းထဲကို ပြန်ဝင်လာတယ်။
"မင်း အခုဘာလုပ်လိုက်တာလဲ မင်းသိလား..ဟမ်
ဒီကလေးက မင်းရဲ့ ကလေး
ကိုယ့်ကလေးကိုယ် ပြန်သတ်မိတော့မလို ဖြစ်သွားတယ်ဆိုတာ မင်းသိရဲ့လား "
မြွေမင်းသားက မျက်ဝန်းအိမ်၌ အရည်ကြည်တွေလဲ့နေကာ စိတ်ရှိတိုင်းပြောချင်တာတွေကို မျိုသိပ်ထားရသည့်ပုံကြောင့် မျက်လုံးတွေကရဲရဲနီနေတယ်။
"မင်းကွာ...ဒီလို ဖြစ်မှာစိုးလို့ တစ်ခါလောက်တော့ ကိုယ့်ကလေးကို ကြည့်ပါလို့ပြောတာကို......"
"သူက ဘာလို့ ကျွန်တော့်ရင်ဘတ်ပေါ် ရောက်နေလည်း
အီးဟီး..ကျွန်တော်လည်းကြောက်တာပေါ့
ခင်ဗျားဘာသာ အစကတည်းက သေချာခေါ်ထားပါလား"
"သားသားက မင်းဆီကို လာချင်လွန်းလို့ သူ့အခန်းထဲကနေ ဒီအထိ သူ့တစ်ယောက်တည်း ရောက်အောင်လာခဲ့ရတာ
မင်းကသာ သူ့ကို အသိအမှတ်မပြုတာ
သူက မင်းကိုတွေ့ဖို့ဆိုရင် ပျော်နေတာပဲ
လသားအရွယ်လေးနဲ့ တောင် မင်းကို သူ့အမေမှန်း သိနေပြီ
မင်းကတော့ အခုထိ အသိတရားမရှိဘူး"
မြွေမင်းသားက လေသံကို လျော့ချလိုက်ပြီး
"အင်းလေ မင်းက ငါတို့သားအဖကို ချစ်မှမချစ်တာ"
မြွေမင်းသားက ပြောပြီး အခန်းထဲကထွက်သွားပြီး တံခါးကို အသံမြည်အောင် ဆောင့်ပိတ်ထားခဲ့တယ်။
အခန်းထဲမှာတော့ ချမ်းမြေ့သော်တစ်ယောက်တည်း စိတ်မကောင်းဖြစ်စွာ ချုံးပွဲချငိုနေတယ်။
သူမှ သူ့ကလေးမှန်းမသိတာပဲကို။
.
.
.
မြွေပေါက်စလေးက နေမကောင်းဖြစ်နေစဉ်ကတော့ နေထိပန်းလေးလိုပဲ ညိုးငယ်နေပြီး နေလေးကောင်းလာတာနဲ့ အမျှ ကလေးပီပီဟန်ချီချီပဲ ရေထိပန်းလေးလို လန်းဆန်းကာ ရွှင်ရွှင်မြူးမြူး ပြန်ဖြစ်လာတယ်။
"သားသားရေ..."
ဒါပေမယ့် ကလေးငယ်ဟာ အရင်ကဆို သူ့ခမည်းတော်က သူ့မေမေဆီသွားဖို့ ခေါ်ရင် အမြဲတက်ကြွနေပေမယ့် အခုတော့ နေရာကမရွေ့ဘဲ မျက်နှာငယ်လေးနဲ့ ငြိမ်နေတယ်။
"သားသားရေ မေမေ့ဆီ သွားရအောင်လေ"
"သားသားက မေမေ့ကို ကြောက်သွားတာလား
သူက သားသားမှန်းမသိလို့ လုပ်လိုက်တာ
ကိုယ့်မေမေကို မကြောက်ရဘူးလေကွာ
သားက လိမ္မာပါတယ်ကွာ ခမည်းတော်နဲ့ သွားရအောင် လာ.."
မြွေမင်းသားက အကြိမ်ကြိမ်အခါခါချော့ခေါ်မှ ငြိမ်ငြိမ်လေးလိုက်ပါလာတယ်။
မြွေမင်းသားက အခန်းတံခါးကို ဖွင့်ဝင်လိုက်ပြီး အိပ်ပျော်နေတဲ့ ချမ်းမြေ့သော်ရဲ့ဘေးမှာ ဝင်လှဲလိုက်ကာ
သူတို့ သားအဖညတိုင်း လုပ်နေကြအတိုင်းပဲ ချမ်းမြေ့သော်ရဲ့ အင်္ကျီကို လှန်ပေးလိုက်ပြီး နို့စို့ခိုင်းတယ်။ မြွေပေါက်စလေးက အစကတော့ ပြူးပြူးလေးကြည့်ကာ ကြောက်နေပေမယ့် သူ့ခမည်းတော်က အတင်းတိုက်တွန်းနေတာရော သူ့ရှေ့က အရသာရှိတဲ့ စားစရာက ဆွဲဆောင်နေတာကြောင့် သူ ဟန်မဆောင်နိုင်ဘဲ စို့လိုက်တယ်။
ခဏလေးအကြာမှာတော့ ချမ်းမြေ့သော်ရဲ့ ခန္ဓာကိုယ်က လှုပ်လာတာကြောင့် မြွေပေါက်စလေးက လန့်သွားတယ်။သူ့ခမည်းတော်ကို ကြည့်တော့ သူ့ကို ပြုံးပြနေတာကြောင့် ခမည်းတော်အားကိုးနဲ့ နို့ကိုပဲ ပြန်စို့နေလိုက်တယ်။
"ဒီကို ခမည်းတော်မပါဘဲ သားသားတစ်ယောက်တည်း မလာရဘူးနော် လာလို့ရင် အရင်တစ်ခါကလို ဖြစ်ပြီး သားသား နို့မစို့ရတော့ဘူး"
ဘေးနားကနေ ပွစိပွစိလှုပ်ရွလှုပ်ရွလုပ်နေကြတဲ့ သားအဖနှစ်ယောက်ကြောင့် ချမ်းမြေ့သော် နိုးနေပြီဖြစ်ပေမယ့် အိပ်ချင်ယောင်ပဲ ဟန်ဆောင်နေလိုက်တယ်။ သူ့အင်္ကျီ ကိုလှန်လိုက်တာနဲ့ ခန္ဓာကိုယ်က ကြက်သီးထလာပြီး အသည်းတောင်အေးသွားသလို ခံစားနေရတယ်။
မကြာခင်မှာဘဲ သူ့ရင်ဘက်ပေါ်ကိုရောက်လာတဲ့ အေးစက်စက်အထိအတွေ့နဲ့ သေးငယ်တဲ့ ပါးစပ်ပေါက်လေးရဲ့ထိတွေ့မှုကြောင့် ထိန်းချုပ်နေတဲ့ကြားက ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုကို မခံနိုင်စွာပဲ လှုပ်မိသွားတယ်။
ဘာမှမဖြစ်ဘူး င့ါမျက်လုံးသာ မဖွင့်ရင် မြွေဆိုတာကို မြင်ရမှာ မဟုတ်ဘူး။ သူက ငါ့ကလေးပဲ...ငါဒါကို လုပ်ရမယ်။
သူ့ကိုယ်သူ စိတ်ငြိမ်အောင်လုပ်လိုက်ပြီး မြွေပေါက်စလေး နို့စို့ဖို့အတွက် အနှောင့်အယှက်မဖြစ်အောင် ပြန်အိပ်ချင်ယောင်ဆောင်လိုက်တယ်။
ဒီတစ်ခါမှာတော့ မြွေပေါက်စလေး နို့စို့လိုက်တာနဲ့ ရေခဲကန်ထဲကို ပြုတ်ကျသူပမာ ရင်ထဲအေးကနဲ ဖြစ်သွားပြီး အရမ်းကို စိတ်လှုပ်ရှားနေမိတယ်။
ခဏအကြာမှာတော့ နေသားကျသွားပြီး ရင်ထဲမှာ အမည်မဖော်နိုင်တဲ့ ကြည်နူးမှုလေးကိုတောင် ခံစားနေရတယ်။ သူ့ရင်ဘတ်ပေါ်ကိုအပိုင်စီးကာ အမြီးလေးတလှုပ်လှုပ်နဲ့ နို့ချိုစို့နေတဲ့ ကလေးငယ်ကို သူ့မျက်လုံးတွေ ဖွင့်ပြီးကြည့်လိုက်ချင်ပေမယ့် မြွေတစ်ကောင်အဖြစ်မြင်လိုက်ရရင် သူ့ရဲ့စိတ်က လက်ခံနိုင်မှာ မဟုတ်သေးတဲ့အတွက် ဒီအခြေအနေလေးက အရမ်းကို အဆင်ပြေပါတယ်။
ခဏကြာတော့ မြွေပေါက်လေးရဲ့အမြီးလေးက ငြိမ်ကျသွားပြီး သူ့အပေါ်မှာပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်။
မြွေမင်းသားက အိပ်ပျော်နေတဲ့ မြွေပေါက်လေးကို အသာချီပြီး အခန်းထဲက ထွက်သွားတယ်။
ချမ်းမြေ့သော် မလှုပ်မယှက် ပက်လက်ကြီးနေ နေရတာ ကြာနေပြီ ဖြစ်တဲ့အတွက် တဖက်ကို စောင်းလိုက်တယ်။
သားသားအိပ်သွားတဲ့ နေရာ သူ့ရင်ဘက်ကို လက်နဲ့ဖိရင်း သူ့ရင်ထဲမှာ ဟာတာတာဖြစ်ပြီးကျန်ခဲ့တယ်။
သူဟာ ယောကျာ်းလေးတစ်ယောက်ဖြစ်နေတာတောင်မှ သူ့ခန္ဓာကိုယ်သူ့အသွေးအသားထဲကနေ သားသားကို တိုက်ဖို့နို့ရည်တွေထွက်တယ်တဲ့လား။
မိခင်မေတ္တာဆိုတာ ဒါမျိုးကိုပြောတာထင်တယ် ရင်ထဲတစ်မျိုးကြီးပဲ။
.
.
.
မယ်တော်ကြီးအဟိကုနရီက သူ့ဆီကို အလည်လာတဲ့ မြွေမင်းသားနဲ့ သူမရဲ့မြေးတော်လေးကို မြင်တာနဲ့ သလွန်ပေါ် မှေးစက်နေရာက ထလာပြီး ချက်ချင်းပဲပြုံးရွှင်သွားတယ်။
"မြေးတော်လေးတို့ အလည်လာကြတာလား"
သူမက မြွေမင်းသားဆီက မြွေပေါက်စလေးကို လက်ညိုးလေးနဲ့တို့လိုက်ပြီး လက်ဝါးဖြန့်လိုက်တော့ မြွေပေါက်လေးက သူမရဲ့ အပေါ် တွယ်တတ်လာတာကြောင့် သူမက ပြုံးလိုက်တယ်။
"မြေးတော်ဆီကို ခဏခဏအလည်လာချင်ပေမယ့် အဖွားက အသက်ကြီးပြီဆိုတော့ အခုတလော မကြာခဏ နာမကျန်းဖြစ်နေတယ်"
သူမက မြွေမင်းသားကို ကြည့်လိုက်ပြီး
"သားတော်တို့လည်း အဟိကုလနန်းတော်ကို ပြန်လာနေပါတော့ မယ်တော် မြေးတော်လေးနဲ့ မခွဲချင်တော့ဘူး သားတော်က ကိုယ့်နေရပ်ကို မေ့ပြီး ဧည့်သွားဧည့်ပြန် လုပ်နေတယ်
ဃောရဝိသနပုလဲကလည်း လက်ထဲပြန်ရောက်နေပြီဆိုတော့ အဟိဂုဏ္ဍိကနဲ့ ကိစ္စကို အမြန်ရှင်းပြီး နန်းတတ်ဖို့ကိစ္စ လုပ်ကြရမယ်"
"သားတော် ဒီကို လာရတာက သားတော်လေးကြောင့်ပါ မယ်တော်
ဃောရဝိသနပုလဲကြောင့် လူ့အသွင်ကိုမပြောင်းနိုင်မှာစိုးလို့ မယ်တော်ရဲ့နတ်နန်းရှင်ကို မြွေနတ်ဘုရားဆီမှာ တောင်းပန်ပွဲ ကျင်းပပေးဖို့ပါ "
"စိတ်ချပါ သားတော်
မြေးတော်လေးအတွက် မယ်တော် လုပ်ပေးမယ်"
သူမက မြွေပေါက်စလေးကို ကြည့်ကာ ပီတိဖြာနေလေရဲ့။
"ဒါနဲ့ မြေးတော်လေးက ဘယ်နှစ်လလောက်ရှိပြီလဲ"
"ခြောက်လသားအရွယ်ရှိပြီ မယ်တော် "
"မြေးတော်လေး တစ်နှစ်ပြည့်တဲ့ အခါကျရင် နာမည်ကင်ပွန်းတပ်ပွဲနဲ့ မွေးနေ့တော်ကို တခမ်းတနားကျင်းပကြတာပေါ့ "
.
.
.
တစ်နေကုန် အခန်းထဲအောင်းနေရတာ ပျင်းနေတာနဲ့ပဲ အခန်းအပြင်ကိုထွက်လာခဲ့တယ်။ မနေ့ညကလည်း ဟိုသားအဖ သူ့ဆီမလာကြလို့ စောင့်ရင်းနဲ့ အိပ်ပျော်သွားတယ်။ ခြံထဲလမ်းလျှောက်ထွက်ရင်း လေညင်းလေးခံရအောင် အောက်ထပ်ကို ဆင်းလာခဲ့တယ်။ လှေကားအဆင်းမှာပဲ ရှိသေးတယ် အောက်ထပ်က ရယ်သံတခစ်ခစ်ကို ကြားနေရတယ်။
ဘယ်ကလေး ကများ ဒီလောက်ရယ်နေပါလိမ့်။
အောက်ထပ်ကိုရောက်တော့ အစေခံကောင်မလေးတွေလက်ထဲက ဆံပင်ကောက်ကောက် မျက်လုံးလေးတွေက ဝိုင်းနက်ပြီး အရည်လဲ့နေကာ ပါးဖောင်းဖောင်းလေး နှုတ်ခမ်းစုစုဖူးဖူးပန်းသွေးရောင်လေးနဲ့ ဖြူဖွေးဥဖတ် မထိရက်မတို့ရက်စရာကလေးလေး။
အားပါးပါး...ဘယ်သူမွေးထားတဲ့ ကလေးမို့ ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲ။
ရယ်နေလိုက်တာများ နှုတ်ခမ်းနားက အချိုင့်သေးသေးလေးဖြစ်သွားတဲ့ အထိပဲ။ တစ်ခါ တစ်ခါ သူ့ရဲ့ခေါင်းလေးကို နောက်ကို လှန်လှန်မော့ချလိုက်ပြီး အားရပါးရ တခစ်ခစ်ရယ်ပြနေတယ်။
ရယ်ရတဲ့ အကြောင်းပြချက်ကလည်း အထူးတလည်ပါဘဲ သူ့ရှေ့က မိန်းကလေးက နှာချေပြပြီးမြူနေတယ်။ နှာတစ်ခါချေပြရင် သူလေးက တစ်ခါရယ်ပြတယ်။ ပြီးရင် နောက်ထပ်တစ်ခါရယ်ဖို့ကို နှာချေပြတာကို စောင့်တယ်။
ကလေးက နှာချေပြတာကို သဘောကျတာတဲ့လား။
ချမ်းမြေ့သော်က အူးယားစွာနဲ့ ကလေးလေးအနားသွားလိုက်တော့ ကလေးလေးက သူ့ရဲ့ မျက်ဝန်းနက်နက်လေးတွေနဲ့ ပြူးကြည့်နေတယ်။
ကလေးရဲ့ပါးဖောင်းဖောင်းလေးကို ဖွဖွဖဲ့လိုက်ပြီး
"မင်းက နှာချေပြတာကိုအဲ့လောက်တောင် သဘောကျတယ်ပေါ့ "
ကလေးလေးက စိုးရိမ်နေတဲ့ မျက်ဝန်းလေးတွေနဲ့ သူ့ကိုကြည့်နေကာ သူ့ကို ပွေ့ချီထားတဲ့ မိန်းကလေးရဲ့ ပုခုံးကို လက်ပေါက်စလေးတွေနဲ့ ဆုပ်ကိုင်ထားတယ်။
"သူက ဘယ်သူ့ကလေးလေးလဲ ချစ်စရာအရမ်းကောင်းတာပဲ"
ထိုကောင်မလေးတွေက မျက်နှာပျက်သွားကြတယ်။
"ခဏလောက် ချီလို့ရလား ချီချင်လို့"
ထိုမိန်းကလေးတို့က ပြုံးပြပြီး ကလေးကို သူ့ရဲ့လက်ထဲ ထည့်ပေးတော့ ကလေးငယ်က လက်ထဲရောက်လိုက်တာနဲ့ အသည်းအသန်ငိုကြွေးတော့တယ်။
ကလေးလေးကို လှုပ်မြူပြီး ချော့ပေမယ့် ကလေးကအငိုမတိတ်။
ထိုအချိန်မှာပဲ မိန်းမလှတစ်ယောက်က သူ့လက်ထဲကနေ ကလေးကို လာယူသွားတယ်။ကလေးက ချက်ချင်းပဲ အနှီမိန်းမ လက်ထဲမှာ အငိုတိတ်သွားတယ်။
သူမက အစေခံ ကောင်မလေးတွေကို ကလေးကို ငိုအောင်ထားလို့ ဆူငေါက်နေတာကြောင့် သူကပဲ ကြားထဲကနေတောင်းပန်လိုက်တယ်။
"တောင်းပန်ပါတယ် သူတို့ အပြစ်မဟုတ်ပါဘူး ကျွန်တော်ချီလိုက်လို့ ကလေးကငိုသွားတာ
တကယ်တောင်းပန်ပါတယ်နော်
ဒါနဲ့ ကလေးက အစ်မရဲ့ကလေးလား အရမ်းချစ်ဖို့ကောင်းတာပဲနော်"
ချမ်းမြေ့သော် ကလေးငိုနေတာကိုပဲ အာရုံရနေတာကြောင့် ထိုမိန်းကလေးကို သေချာ မကြည့်မိလိုက်။ အခုမှ သတိထားမိတာက သူမကို ရင်းရင်းနှီးနှီးမြင်ဖူးနေတာပဲ။
"အာ..အစ်မက ဟိမဝန္တာတုန်းက တစ်ယောက် ...."
"သားသား ဘာဖြစ်လို့ ငိုနေတာလဲ"
ထိုအချိန်မှာပဲ အသံတစ်သံကြောင့် သူလှည့်ကြည့်မိတော့ သူ့ရှေ့ကနေဖြတ်လျှောက်လာနေတဲ့ မြွေမင်းသားက ထိုမိန်းမလက်ထဲက ကလေးကို ပွေ့ချီဖို့လက်ကမ်းပေးနေတာပင်။
ထိုမိန်းမက ပြုံးကာ ကလေးကို ပုခုံးပေါ်တင်ကာ ကျောပြင်ကို ပွတ်သပ်ပေးရင်း
"သားသားရဲ့ ဖေဖေဆီသွားမလား"
ထိုအခါမှ ကလေးက မြွေမင်းသားဘက်ကို လှည့်လာပြီး လက်ပေးကာ သူ့ကိုချီခိုင်းတယ်။ ချမ်းမြေ့သော် သူ့ရှေ့မှာ မြင်နေရတာတွေကို မှင်သက်ကာ ငေးမောနေမိတယ်။
သူ့ရှေ့က ဟိုလူ ချီထားတဲ့ကလေးက သူမွေးထားတဲ့ကလေးလားလည်း သိချင်မိတယ်။
ဒါပေမယ့် သူတို့ သုံးယောက်ကိုကြည့်ရတာက ပျော်ရွှင်ဖွယ်ကောင်းပြီး ပြီးပြည့်စုံတဲ့မိသားစု တစ်စုလိုပဲ။
မြွေမင်းသားက သူ့ကို တစ်ချက်ပဲလှမ်းကြည့်ပြီး ကလေးကိုချီကာ အပေါ်ထပ်ကိုပြန်တက်သွားတယ်။
ချမ်းမြေ့သော်ကလည်း သူတို့သားအဖရဲ့အနောက်ကနေလိုက်လာတော့ ကလေးလေးက မြွေမင်းသားရဲ့ ပုခုံးပေါ်မှာခေါင်းလေးတင် လက်သီးဆုပ်လေးကို ပါးစပ်နဲ့စုပ်ပြီး မျက်လုံးဝိုင်းလေးတွေနဲ့ မျက်စိမလွှဲဘဲ အနောက်က သူ လိုက်လာတာကို ကြည့်နေတယ်။
ကလေးထားတဲ့ အခန်းထဲရောက်တော့ မြွေမင်းသားက ခပ်ကျယ်ကျယ် ပုခက်ပုံစံ အလုံပိတ်လုနီးပါး ကြိမ်ခြင်းကို အဖုံးဖွင့်ကာ အတွင်းထဲမှာ အလွန်တစ်ရာမှနူးညံ့အိစက်လှတဲ့ ရွှေဝါဂွမ်းနဲ့ပြုလုပ်ထားတဲ့ မွေ့ရာပေါ်မှာ ကလေးငယ်ကို အိပ်စက်စေတယ်။
မြွေမင်းသားက ကလေးကို အိပ်ရာမှာထားပြီး ဒီဘက်လှည့်လိုက်တာနဲ့ ချက်ချင်းပဲ ကလေးက ပက်လက်ကနေ ဝမ်းလျားမှောက်လိုက်တယ်။ ခြင်းကို အားပြုပြီး ဖင်ထိုင်ဖို့ကြိုးစားနေတယ်။
မတ်တပ်ရပ်ရင်း ကြက်သေသေနေတဲ့ ချမ်းမြေ့သော်ကို မြွေမင်းသားက မာရေကျောရေမျက်နှာပေးနဲ့ ဘာလဲဆိုတဲ့ပုံစံနဲ့ မေးဆတ်ပြတယ်။
"ဟို...ဟိုလေ"
ဒီလူ့ မျက်နှာပေးကြောင့် မေးစရာ စကားတို့က ပါးစပ်ဖျားမှာတင် ပျောက်ရှ။
ဒီကလေးက သူ့ကလေးလားလို့ ဘယ်လိုများမေးထွက်တော့မှာလဲ။ တံတွေးတစ်ချက် အသာမျိုချရင်း အားတင်းကာ
"အဲ့ကလေးလေးက.."
"ဟုတ်တယ်"
သူမေးတဲ့စကားတောင် မဆုံးသေးဘဲ ကြိုသိနေသလိုမျိုး မျက်နှာကို ဝင့်ကာ မထီသလိုဖြေတယ်။
ပြောချင်တဲ့စကားက မျက်နှာမှာ အထင်းသားပေါ်နေတယ်။
"ဘာလဲ ဘာပြောမလို့လဲ အခုမှ လာပြီး သားတော်ချင်နေပြီမလား။ အရင်ကတော့ သားကို တစ်ခါတောင် မကြည့်ဘဲ ကြောက်တယ်လေး ဘာလေးနဲ့ အခု ချစ်စရာကောင်းမှ ပွေ့ချီချင်နေပြီမလား" ဆိုတဲ့ပုံစံ အောင်နိုင်သူမျက်ခွက်နဲ့။
မြွေမင်းသားက အနည်းဆုံးတော့ ချမ်းမြေ့သော်က သူနဲ့ အရင်လို စကားအချေအတင်ပြော ရန်ပြန််ဖြစ်ပြီး "ဘာဖြစ်လဲ ငါမွေးထားတာပဲ ငါ့ကလေးပဲ " ဆိုတာလောက်တော့ဖြစ်လာမယ် ထင်ထားပေမယ့် ချမ်းမြေ့သော်ကတော့ သူ့အပြစ်ကြောင့် ဖြစ်ရတာဆိုတော့ ဘာစကားသံမှ ထပ်ထွက်မလာဘဲ အင်္ကျီ အနားစကိုပဲ ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကလေးကို ခဏမျှငေးကြည့်ပြီး မျက်နှာညိုးငယ်စွာနဲ့ အခန်းထဲကနေပြန်ထွက်သွားတယ်။
ထွက်သွားပြန်တော့လည်း စိတ်မကောင်းဖြစ်စွာ ငေးကျန်နေခဲ့ရသူ။ တကယ်တော့ ပြဿနာ အားလုံးရဲ့အစက သူပင် ဖြစ်ပြီး ချမ်းမြေ့သော်ကတော့ ပြဿနာကြား ညှပ်ခဲ့ရသူသာ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က သူသာ ချမ်းမြေ့သော်ကို မကိုက်ခဲ့ဘူး ဆိုရင် ပြဿနာတွေဖြစ်လာခဲ့မှာ မဟုတ်။
အခန်းထဲပြန်ရောက်တာနဲ့ ကိုယ့်သားသမီးမှန်းတောင် ကိုယ်မသိတဲ့ သူ့အဖြစ်ကြောင့် ဝမ်းနည်းပက်လက်နဲ့ ငိုပဲငိုနိုင်တော့တယ်။ ပြီးတော့ ကလေးကလည်း သူ့ကိုမြင်တာနဲ့ ကြောက်နေပြီ။ အဲ့တုန်းက သူလုပ်လိုက်တာ ဘယ်လောက်တောင်များ နာကျင်သွားရှာမလဲ။ ရင်ထဲ တဆစ်ဆစ်နဲ့ ခံစားရခက်လိုက်တာ ဒီလောက်ချစ်စရာကောင်းတဲ့ ကိုယ့်သားကိုယ်တောင် မပွေ့ရမချီရ မမြင်ရ မကြင်ရ။
သူလည်း မိဘပဲကို ကလေးလည်း ချစ်တတ်တယ်။ သူကိုယ်တိုင်မွေးထားရတာ သူကြောက်တဲ့မြွေဖြစ်နေလို့သာ။ လူ့အသွင်ပြောင်းလို့ရတယ်ဆိုတယ့်အကြောင်းလေးတော့ သူ့ကိုပြောပြသင့်ပါတယ်။
"အီး.....ဟီး..အဲ.."
သူ့အကြောင်း သူတွေးပြီး ယူကျုံးမရဖြစ်လွန်းလို့ အားရပါးရ မွေ့ရာပေါ်မှာ ထုရိုက်ရင်းငိုလိုက်တာ အိပ်ပျော်မှန်းမသိ အိပ်ပျော်သွားတယ်။
တော်တော်ကြာ အိပ်ပျော်နေရင်း နားထဲမှာ တံခါးကို တ 'ဘန်းဘန်း' လှုပ်နေတဲ့ အသံကြောင့်နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေတယ်။
အိပ်ချင်မူးတူးနဲ့ အိပ်ရာက ထကာ ငိုထားလို့ ဖုဖောင်းနေတဲ့ သူ့ရဲ့ မျက်လုံးတွေကို ပွတ်သပ်ရင်း အခန်းတံခါးကို ဖွင့်လိုက်တယ်။
သူ ထခုန်မတတ် ပျော်လွန်းလို့ အားရပါးရ ပြုံးလိုက်တယ်။ အခန်းရှေ့မှာ လေးဘက်ထောက်နေရာက သူ့ကိုမြင်တော့ ဖင်ချထိုင်ပြီး မျက်လုံးဝိုင်းဝိုင်းလေးနဲ့ သူ့ကိုကြည့်နေတဲ့ ကလေးလေး။
ချမ်းမြေ့သော် ပတ်ဝန်းကျင်ဘေးဘီကို ကြည့်လိုက်ပြီး ဘယ်သူမှ ရှိမနေတာ သေချာတော့မှ ကလေးကို ဆတ်ကနဲကောက်ပွေ့ကာ အခန်းထဲခေါ်လာပြီး တံခါးကိုသေချာပိတ်လိုက်တယ်။
ကလေးကို ပေါင်ပေါ်တင်ကာ အားရပါးရ တရှုံ့ရှုံ့နမ်းရင်း မျက်ရည်တွေကလည်းကျနေတယ်။ ဒီတစ်ခါတော့ ကလေးက လုံးဝမငို။
"သားသားက ဖေ့ဖေ့ဆီ တစ်ယောက်ထဲ လာတာလား
အား...ချစ်စရာကောင်းလိုက်တာ မွ..မွ"
ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးလေးကိုနော် သူဘယ်လိုများ လုပ်ရက်ခဲ့ပါလိမ့်။
"ဖေဖေက အရင်က သားသားမှန်းမသိလို့ လုပ်လိုက်မိတာနော် ဖေဖေ့ကို ခွင့်လွတ် "
သူ့ကိုယ်သူ ဖေဖေဆိုတဲ့ နာမ်စားကို သုံးနေကျလည်းမဟုတ် အကျင့်လည်းမရှိပါဘဲနဲ့ စိတ်ထဲကနေ အလိုအလျောက်ထွက်ကျလာတယ်။
ဖေဖေ တဲ့ ကြည်နူးလိုက်တာနော်။
မျက်စိရှေ့က နုနုဖတ်ဖတ်ဥဥအက်အက် မထိရက်လောက်အောင် ချစ်ဖို့ကောင်းလိုက်တဲ့ ကလေးလေးက သူ့ဝမ်းထဲက ထွက်လာပြီး သူကိုယ်တိုင်မွေးထားတဲ့ ကလေးလေးတဲ့လား။
ပါးလေးတွေကို လက်ညိုးနဲ့ တို့ထိရင်း
"ကြည့်ပါဦး ဘယ်သူမွေးထားတဲ့ သားသားလေးမို့ အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲကွာ "
သားသားက သူ့အနမ်းတွေကြားကနေ သူ့ရဲ့ရင်ဘက်ကို လက်သေးသေးလေးနဲ့ လာကိုင်တယ်။ ပြီးတော့ မချင့်မရဲလေး သူ့ကိုကြည့်နေပြန်တယ်။
ချမ်းမြေ့သော်က သူ့သားရဲ့ အပြုအမူကို သဘောတကျ ပြုံးလိုက်တယ်။
"သားသားက ချိုချိုသောက်ချင်တာလား"
သူအပြင်ကို ထွက်ကာ ဘေးဘီကို တစ်ချက်ပြန်ကြည့်ပြီး တံခါးကို သေချာပိတ်လိုက်တယ်။
ကလေးကိုပွေ့ကာ အိပ်ရာပေါ် ပက်လက်လှန်ပြီး ခါတိုင်းပုံစံအတိုင်းပဲ နေလိုက်တယ်။ ဒီအနေအထားက အရင်လို အဆင်မပြေတာကြောင့် ခဏနေတော့ ဘေးကိုစောင်းလိုက်တယ်။မကြာခင်မှာပဲ သူတို့ သားအဖနှစ်ယောက်လုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့တယ်။ ထိုအချိန်မှာပဲ အခန်းတံခါးပွင့်လာပြီး သားအဖနှစ်ယောက်ကို စောင်လာခြုံပေးပြီး ပြုံးပြုံးကြီး ကြည့်နေတဲ့ သူတစ်ယောက်ရှိနေပါတော့တယ်။