လက်ထပ်လက်စွပ်ကလေး
Oleh Natpankalay
181K 26.4K 1.3K
#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~ Lebih Banyak
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32 Final Part
Part-25
3.4K 605 37
Oleh Natpankalay
Episode-25
“အွန်းလေးရယ် မငိုပါနဲ့တိတ်ပါတော့။ချန်းယောလ်လီ ဘာမှမဖြစ်ဘူးလို့ ဒေါက်တာကပြောသွားတယ်မလား။မကြာခင် နိုးလာမှာပါ”
သူဌေးကတော်ပတ်က သားဖြစ်သူကိုလည်းပူရ၊ အွန်းလေးကိုလည်းဖက်ကာနှစ်သိမ့်ပေးနေရသည်။ဘတ်ဟျွန်းက ဆေးရုံရောက်ကတည်းက ငိုတာလည်းမဟုတ်ဘဲ မျက်ရည်တွေပဲ တရစပ်ကျနေခဲ့တာဖြစ်သည်။ စကားအများအပြား ဆိုမနေပေမယ့်လည်း ဘတ်ဟျွန်း၏မျက်လုံးထဲတွင် ချန်းယောလ်အတွက် အတိုင်းအဆမဲ့စိုးရိမ်ပူပန်စိတ်တွေကို မြင်လိုက်ရသောကြောင့် သူဌေးကတော်ပတ်က ပြုံးမိပါသေးသည်။
“တောင်းပန်ပါတယ် မငိုတော့ပါဘူး။”
‘ငိုရင် အွန်းလေး ပင်ပန်းမှာစိုးလို့ပါ မေမေက. တိတ်..တိတ်..’
ဘတ်ဟျွန်းမျက်နှာပေါ်က မျက်ရည်စက်တွေကို သူဌေးကတော်ပတ်က လက်ဖြင့်သာသာလေးပွတ်သပ်ဖယ်ရှားပေးသည်။ ဘတ်ဟျွန်းမျက်နှာလေးကငိုမဲ့မဲ့။
“ဘတ်ဟျွန်းနီး..’
‘ဟင်..ကိုကို.. ကိုကိုသတိရလာပြီလား။”
ချန်းယောလ်၏တိုးဖွဖွခေါ်သံလည်းကြားရော ဘတ်ဟျွန်းခေါင်းလေးချာကနဲလှည့်ကာ ချန်းယောလ်အနား တန်းရောက်သွားသည်။ ခေါင်းကပတ်တီးဖြူဖြင့် ချန်းယောလ်က ပြုံးပြသည်။
“ဘတ်ဟျွန်းနီး ဘာမှမထိခိုက်ပါဘူးနော်။”
‘ဟင့်အင်း ကျွန်​တော်က ဘာမှမဖြစ်ပါဘူး။ကိုကိုချန်းယောလ်သာ ကျွန်တော့်ကြောင့်..’
‘ကဲ မျက်ရည်က ကျဦးမယ်.. တိတ်”
‘ဟုတ်။”
ချက်ချင်းပင်မျက်ရည်တွေဆွဲသုတ်သည့် ဘတ်ဟျွန်းကြောင့် သူဌေးကတော်ပတ်က မျက်စောင်းလေးခဲသည်။တစ်ချိန်လုံး မငိုပါနှင့် ပြောတုန်းက နားမထောင်သည့်ကလေးက ချန်းယောလ်စကားတစ်ခွန်းတည်းနှင့်တင် အေးရော။
“ချန်းယောလ်လီ သက်သာတယ်မလား။မေမေ ဒေါက်တာသွားခေါ်လိုက်မယ်နော်။”
‘ဟင့်အင်း မေမေ. ရပါတယ်။ကျွန်တော် တကယ်သက်သာတယ်။စောင့်နေပေးတာကြာပြီလား။မေမေ ပြန်နားရင် နားလိုက်လေ. ကျွန်တော် ဘတ်ဟျွန်းနဲ့အဆင်ပြေပါတယ်။”
နှစ်ယောက်တည်းရှိချင်လို့ အမေကို သွားစေချင်မှန်း ချန်းယောလ်မျက်လုံးလေးတွေက တောင်းဆိုနေတာမို့ သူဌေးကတော်ပတ်က ချန်းယောလ်ပါးလေးကို ဖွဖွလေးဆွဲညှစ်ပစ်လိုက်သေးသည်။
“ကောင်စုတ်လေး. မျက်စိရှေ့မှာတင် ချစ်ရတဲ့သူကို ကာကွယ်ပေးနိုင်တဲ့အထိ ရင့်ကျက်လာပြီ”
ချန်းယောလ်က ပါးချိုင့်တွေပေါ်အောင်ရယ်ပြသည်။သူဌေးကတော်ပတ် ထွက်သွားပြီးသည့်အချိန်မတော့ ချန်းယောလ်က သူ့လက်တစ်ဖက်ကို မြဲမြဲဆုပ်ကိုင်ထားသည့် ဘတ်ဟျွန်းလက်လေးကိုပြန်လည်ဆုပ်ကိုင်လာရင်း စိတ်သက်သာစေအောင် ပြုံးပြပြန်ပါသည်။
“မစိုးရိမ်ပါနဲ့ ဘတ်ဟျွန်းရဲ့။ကိုကိုက ဘာမှမဖြစ်ပါဘူး။ဘတ်ဟျွန်းဖြစ်မှသာ ကိုကိုကရင်ကျိူးရမှာ။”
ချန်းယောလ် နှစ်သိမ့်ပေမယ့်လည်း ဘတ်ဟျွန်းက တွေတွေဝေဝေ။
“ကိုကို့အနားမှာ ရှိရင် ကိုကိုထိခိုက်မှာစိုးတယ်။”
‘ဒါ ဘာစကားလဲ ဘတ်ဟျွန်း။ကိုကို့ဆီက ထွက်သွားမှာ ကိုကိုကပိုထိခိုက်မှာလို့ ပြောခဲ့တယ်မလား။”
ချန်းယောလ်မျက်နှာတင်းသွားတော့ ဘတ်ဟျွန်းမျက်နှာလေးပိုငယ်ကာ ပြာပြာသလဲ ဖြစ်သွားရပါတော့သည်။သူ့လက်ကို အုပ်မိုးကိုင်ထားသည့် ချန်းယောလ်ကလက်ကို ဘတ်ဟျွန်းကလက်နှစ်ဖက်ဖြင့် ပြန်လည်အုပ်ကိုင်လိုက်ကာ.
‘တောင်းပန်ပါတယ်။စိတ်မဆိုးပါနဲ့။ကိုကိုက ခုမှ သတိရလာတာ။စိတ်မဆိုးပါနဲ့နော်။”
ချန်းယောလ် သက်ပြင်းချရင်း ခေါင်းညိတ်ပြလိုက်သည်။ဘတ်ဟျွန်းသည် ဒီကိစ္စကို အတော်လေး အလေးနက်ထားကာ စိတ်ဆင်းရဲနေပုံရတာမို့ ထယ်ဂီဆိုသည့်ကောင်ကို သေသေချာချာစုံစမ်းဖို့ ချန်းယောလ် ဆုံးဖြတ်လိုက်သည်။ ပူပန်သောကများနေသည့် ဘတ်ဟျွန်းလေးကို ချန်းယောလ် မမြင်ချင်။
“လာပါဦး ကိုကို့အနားကို။”
‘အယ်..ရလို့လား ကိုကိုချန်းယောလ်.’
‘လာ..ရတယ်။”
ချန်းယောလ်က ဖြည်းဖြည်းချင်းတစ်ဘက်ကိုရွှေ့ပေးတော့ ဘတ်ဟျွန်းက လှုပ်တုပ်တုပ်လေးဖြင့် ချန်းယောလ်လူနာကုတင်ပေါ် ရောက်လာသည်။အဆင်သင့်ဖွင့်ပေးထားသည့် ချန်းယောလ်ရင်ခွင်ထဲတွင် ဘတ်ဟျွန်းက နေသားတကျ။
“ကိုကို့ခေါင်း ထိမိမယ်။”
‘မထိပါဘူး။စိတ်ချလက်ချအိပ် ငိုလွန်းလို့မျက်လုံးလေးတောင် ဖောင်းနေပြီ။ဘယ်လောက်တောင် ငိုထားတာလဲ ဘတ်ဟျွန်းနီးက.’
ညင်ညင်သာသာငုံ့ကာ မေးလာသည့် ချန်းယောလ်၏ ချိုမြမြအသံအောက် ဘတ်ဟျွန်းမျက်နှာလေးက နောက်ထပ်တဖန် မဲ့ခနဲ။
“ဟေ့.. ဟေ့ မငိုရဘူးနော်။ကိုကိုက ငိုစေချင်လို့မေးတာမဟုတ်ဘူး။”
‘ကိုကို့ကို လူနာတင်ကားလို့ ပြောတဲ့ဟာပေါ်တင်လာကတည်းကပဲ.ကျွန်တော် ငိုချင်လို့ငိုတာမဟုတ်ပါဘူး။မျက်ရည်က အလိုလိုကျနေတာ။ကျွန်တော်က ကိုကို တစ်ခုခုဖြစ်မှာစိုးလွန်းလို့ပါ။”
‘ဒါဆို ဘတ်ဟျွန်းလေးက ကိုကို့ကိုချစ်လို့ပေါ့”
‘ဟုတ်. ကျွန်တော်က အရင် ကိုကို့ကိုချစ်ခဲ့တာပါနော်။”
‘ဟုတ်ပါပြီ အတတ်လေးရယ်..’
ဘတ်ဟျွန်းကို ဖွဖွလေးသိမ်းဖက်လျက် ချန်းယောလ် ရင်ထဲသာသာယာယာ။အသာဖက်ထားပေးတော့ ကနဦးက လှုပ်စိစိ လုပ်နေသေးသည့် ဘတ်ဟျွန်းသည် များမကြာမီပင် မျက်တောင်လေးတွေစင်းလျက် အိပ်မောကျသွားပေတော့သည်။ ချန်းယောလ်မှာသာ အစကတည်းက သူ့ဆီရောက်လာခဲ့သည့် ဘတ်ဟျွန်းပုံစံလေးကိုပြန်တွေးရင်း၊စွန့်ပစ်ဖို့ ကြိုးစားခဲ့မိတာကို ပြန်တွေးရင်း နာကျင်ရသလို ဘတ်ဟျွန်းနှင့်ကြည်နူးရသည့်အချိန်များအတွက်လည်း ပျော်ရွှင်ခဲ့ရပုံကို ပြန်တွေးမိသည်။ တစ်ဆက်တည်း ပါးစပ်လေးပါ ဟကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီဖြစ်သည့် ဘတ်ဟျွန်း နဖူးလေးကို ငုံ့နမ်းလိုက်သည်။ ချန်းယောလ်အတွက်ကတော့ ဒီတစ်သက် နောင်အဆက်ဆက် တခြားသူမလို.. ဒီဘတ်ဟျွန်းလေးနဲ့သာ အသက်ရှည်ရှည် အနာကင်းကင်း..။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“မမက ဘတ်ဟျွန်းကိုတောင်းပန်တယ်နော်။စိတ်ရင်းနဲ့ပါ။တကယ်တော့ မမက ချန်းယောလ်နဲ့ ဘာမှမပတ်သက်ပါဘူး။”
ဟန်ဘီက သူ့ရှေ့တွင် ငြိမ်ငြိမ်လေးထိုင်ကာ သူပြောသမျှ နားထောင်ပေးနေသည့် ဘတ်ဟျွန်းကို ကြည့်ကာ ချစ်စနိုးပြုံးသည်။ ချန်းယောလ်ချစ်မြတ်နိုးတာလည်းမပြောပါနှင့်။ဘတ်ဟျွန်းသည် မြင်လိုက်သည်နှင့်ကို ချစ်မွှေးပါသည့်ကောင်လေးဖြစ်သည်။ မျက်နှာလေးကလည်း ချိုသည်။အသားအရည်လေးလည်းကောင်းသည်။ လက်ချောင်းရှည်ရှည်လေးတွေကလည်း လှသည်။ ယောကျာ်းတစ်ယောက်၏ မာန်ထည်ခြင်းမျိုးကိုလည်းတွေ့ရသည်။
“ရပါတယ် မမ။ မမနဲ့ ဟို ဂန်ထယ်ဟိုနဲ့ တစ်ခုခုပတ်သက်နေတာကိုတော့ ကျွန်တော်ရိပ်မိပါတယ်။”
ဟန်ဘီမျက်နှာ တစ်ချက်ပျက်သွားသည်။သို့ပေမယ့် ပြန်ပြုံးပြလာပြီး ဘာမှတော့မပြော။ခပ်လှမ်းလှမ်းတွင် ဖုန်းပြောနေသည့် ချန်းယောလ်က ဒီဘက်ကိုလည်းမကြာခဏလှမ်းလှမ်းကြည့်နေတာမြင်တော့  ပြုံးချင်မိသွားသေးသည်။ကြည့်ရတာ ဘတ်ဟျွန်းကို စိတ်မချဖြစ်နေပုံပင်။
“ဘတ်ဟျွန်းရဲ့ ကိုကိုချန်းယောလ်က မမတို့ကို ခဏခဏလှမ်းကြည့်နေတာမြင်လား။”
‘​ဗျာ..’
ဘတ်ဟျွန်းကယောင်တောင်တောင်လေးဖြင့် ချန်းယောလ်ကို လှမ်းကြည့်မိလိုက်သည်။ချန်းယောလ်က ချိုချိုသာသာ ပြုံးပြသည်ကို မြင်တော့ ဟန်ဘီကရယ်သည်။ခုနက တည်တင်းနေသည့်မျက်နှာထားက ခုလိုမျိုးမှမဟုတ်ဘဲလေ။ ဖုန်းပြောနေတာကို လက်စသတ်ပြီး ချန်းယောလ်က ဒီဘက်ကိုပြန်လျှောက်လာကာ ဘတ်ဟျွန်းဘေးကခုံတွင် ဝင်ထိုင်လာသည်။
“ဘယ်လိုလဲ ဘတ်ဟျွန်းနီး.. ဟန်ဘီနဲ့စကားပြောလို့ အဆင်ပြေရဲ့လား။”
‘ချန်းယောလ်ကလည်း အဆင်မပြေရအောင် တို့က ဘာတွေပြောမှာမို့လဲ”
ဟန်ဘီက ပြုံးစစဖြင့်သာ ပြောတော့ ချန်းယောလ်ရယ်ရင်းဖြင့် လက်ကာပြလိုက်ရသည်။
“မဟုတ်ပါဘူးဗျာ.ကိုယ်က စကားအဖြစ်ပြောလိုက်တာပါ”
‘ဟုတ်ပါပြီ။ရှင့်အသည်းလေးကို တော်တော်ချစ်နေမှန်းသိပါတယ်။ဒါဆို. ခွင့်ပြုဦးလေ. တို့ သွားစရာလေးလည်းရှိသေးလို့။ ပိတ်ရက်မှာ ကောင်းကောင်းပျော်ရွှင်ပါစေနော်။”
ဟန်ဘီက သူတို့ကိုနှုတ်ဆက်ပြီး ကော်ဖီဆိုင်လေးကနေ အရင်ပြန်သွားခဲ့သည်။ချန်းယောလ် ခေါင်းပတ်တီးဖြည်ပြီးသည့် နောက်တစ်ရက်ပဲ ချန်းယောလ်က ဟန်ဘီကိုဆက်သွယ်၍ ဘတ်ဟျွန်း စိတ်ရှင်းစေရန် ဆုံပေးခဲ့ခြင်းဖြစ်သည်။သူ့ကို သေသေချာချာ အလေးအနက်ထားသည်ကိုသိရတော့ ဘတ်ဟျွန်း​ ကျေနပ်ပျော်ရွှင်ရခြင်းတွေက သိမ်းမရဆည်းမရ။ သူ ချန်းယောလ်ကို သိပ်ချစ်လွန်းနေပြီဖြစ်သည်။
“ကဲ ဘတ်ဟျွန်းနီးရေ ကိုကိုတို့လည်း ပြန်ကြစို့။အိမ်ရောက်လို့ ဖေဖေနဲ့မေမေဆုံရင် ကိုယ်ပြောစရာရှိတယ်။”
‘ဟင် ဘာလဲ ကိုကိုချန်းယောလ်”
‘ခု မရဘူးလေ။ အိမ်ရောက်မှ Surprise..”
“စ…ပ ရိုက်.. အဲ့ဒါဘာကြီးလဲ။မုန့်လား။”
ချန်းယောလ် ဟက်ဟက်ပက်ပက်ပင်ရယ်မိတော့သည်။သူ့ကိုရယ်နေလို့ ဘတ်ဟျွန်းမျက်နှာလေးစူနေတာကို ချန်းယောလ်က ပါးလေးဆွဲညှစ်၏။ သူရယ်တာက လှောင်တာမဟုတ်။မပီကလာဖြင့် ဆိုလာသည့် စပရိုက်ဆိုသည့်အသံလေးရယ်၊ သူမသိတာကြားလိုက်တာနှင့် ထူးဆန်းသည့်မုန့်တစ်မျိုးလို့သာထင်ပြီး မျက်လုံးလေးတွေ လက်လာတတ်သည်ကြောင့်ရယ် ဖြစ်သည်။
“ဟုတ်ပါပြီ..လာ.. သွားစို့”
လူများကြားထဲလည်း ချန်းယောလ်က ဂရုမစိုက်ပါ။ ဘတ်ဟျွန်းလက်လေးကိုဆွဲလျက် ဆိုင်ထဲမှထွက်လာခဲ့တော့သည်။ အိမ်က မိဘနှစ်ပါးကို သူ ပြောစရာရှိကြောင်းကြိုပြောပြထားပြီးပြီမို့ ဖေဖေနှင့်မေမေကလည်း အိမ်မှာစောင့်နေပေလိမ့်မည်။ ကားမောင်းလာသည့်တစ်လျှောက်လုံးလည်း ချန်းယောလ်မျက်နှာက ပြုံးနေတာမို့ ဘတ်ဟျွန်းက တစ်လမ်းလုံးလည်း အကဲခတ်သည်။ကားပေါ်ကဆင်းတော့လည်း ဘတ်ဟျွန်းလက်ကိုတစ်လျှောက်လုံးဆွဲကာ အိမ်ထဲကိုဝင်သည်။
“ချန်းယောလ်လီတို့ ပြန်လာပြီလား။လာ…. လာ ထမင်း ခုပဲ ပြင်ဆင်ပြီးတာ။”
မိဘနှစ်ပါးက ဧည့်ခန်းမှာ မရှိ။ထမင်းစားခန်းတွင်ရောက်နေပြီဖြစ်သည်။ချန်းယောလ်နှင့် ဘတ်ဟျွန်းလည်း ဝင်ထိုင်လိုက်သည်။ ထမင်းဟင်းတွေခတ်ကာ သူဌေးကတော်ပတ်က ယောကျာ်းဖြစ်သူကိုအရင်ထည့်ပေးပြီးနောက် ဘတ်ဟျွန်းကို ထည့်ပေးသည်။ ခါတိုင်းဆို သားအရင်းထက် ဦးစားပေးနေတယ်တွေ ဘာတွေပြောကာရန်တွေ့မိမှာပေမယ့် ခု ချန်းယောလ်ကိုယ်တိုင်ကိုက ဘတ်ဟျွန်းလေးကို ဦးစားပေးချင်နေတာမို့ မျက်နှာက ကျေနပ်နေပါသည်။
“စားကြလေ. ဒီနေ့ မေမေကိုယ်တိုင် ချက်ထားတာတွေပါတယ်နော်။”
‘ငါ့မိန်းမလက်ရာမစားရတာကြာတော့ ငါတော့ ကျေနပ်တာပေါ့။”
ဥက္ကဌပတ်က ရယ်မောကာ ပြောတော့ သူဌေးကတော်က ပြုံးနေပေမယ့် ဟယ်ရီက တစ်ဖက်လှည့်ကာမသိမသာ မျက်နှာမဲ့သည်။ ပိုလိုက်တာဆိုသည့်သဘော။
“မစားခင် ကျွန်တော် စကားလေးအရင်ပြောလို့ရမလား”
‘အင်း. ရတယ်။ချန်းယောလ်လီက ဒီနေ့ငါတို့ကို သေချာအချိန်ပေးဖို့ ပြောထားတာဆိုတော့ အရေးကြီးကိစ္စရှိပုံပဲ။ ပြောပါ။”
‘ဟုတ်ကဲ့ အရေးကြီးပါတယ် ဖေဖေ။ ဘဝနှင့်ချီပြီးကိုအရေးကြီးတဲ့ကိစ္စပါ။”
အရေးကြီးကာ အလေးအနက်နှင့် ချန်းယောလ်ဟန်ပန်ကြောင့် အားလုံးက စိတ်ဝင်တစားဖြင့် ချန်းယောလ် စကားကိုစောင့်ဆိုင်းလာကြသည်။
“ကျွန်တော် ဘတ်ဟျွန်းကိုလက်ထပ်ချင်တယ်။”
ဘတ်ဟျွန်း နှုတ်ခမ်းနားရောက်နေသည့် ဟင်းရည်သောက်သည့် ဇွန်းလေးက ခလွမ်ခနဲအောက်ချသွားရသည်။ ပါးစပ်အဟောင်းသားလေးက ပြန်မပိတ်ရသေး။ချန်းယောလ်က ဘတ်ဟျွန်းကိုလှည့်ကြည့်ကာ ပြုံးသည်။
“လက်ထပ်ဖို့အစကတည်းကရည်ရွယ်ပြီးသားမို့ အချိန်ဆွဲမနေချင်တော့ဘူး။ကျွန်တော် ဘတ်ဟျွန်းနဲ့နီးချင်ပြီ။”
ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။ချန်းယောလ် ယုံကြည်ချက်တွေကတော့ဖြင့် ခိုင်ခိုင်ကြည်ကြည်။နောက်ဆုံးတော့ ဥက္ကဌပတ်က သက်ပြင်းချသည်။
“ဒီလိုမျိုး ဖြစ်လာဖို့ ငါဘယ်တုန်းကမှ တွေးတောင်တွေးမကြည့်ခဲ့ဖူးဘူး ချန်းယောလ်..ဒါပေမဲ့ မင်းလည်းအရွယ်ရောက်ပြီးသား ဖြစ်နေတဲ့အတွက် ငါမစွက်ဖက်ပါဘူး။ အွန်းလေးကိုလည်း ငါကချစ်ပါတယ်။မင်း အမေ သဘောကို မေးကြည့်ပေါ့။”
‘မေမေ.’
ချန်းယောလ်က မိခင်ဖြစ်သူကို အားကိုးတကြီးကြည့်လိုက်မိသည်။သူဌေးကတော်ပတ်က ခဏမျှ ချန်းယောလ်တို့ကို မကြည့်ဘဲ မျက်ဆံတွေရွေ့လျားလျက် ဟိုဟိုဒီဒီစဉ်းစားနေပုံရသည်။ပြီးတော့မှ မျက်လွှာပင်ကြည့်လာကာ ချန်းယောလ်၏အကြည့်တွေနှင့် ဆုံသည်။
“မေမေထင်ထားပြီးသားပါ။ဒီလောက်မြန်မယ်လို့မထင်ထားရုံတမယ်ပါပဲ။ ချန်းယောလ်လီ သဘောပါ.။မေမေ လက်ခံပါတယ်။”
‘ကျေးဇူးတင်ပါတယ်။တကယ်ကျေးဇူတင်ပါတယ် မေမေ။”
‘အွန်းလေးကရော သား ကိုကိုချန်းယောလ်ကို လက်ထပ်ချင်ရဲ့လား။”
သူဌေးကတော်ပတ်က ခုထိ အသိဝင်လာသေးပုံမရသည့် ဘတ်ဟျွန်းကိုလှမ်းမေးသည်။ဘတ်ဟျွန်း စိတ်တွေ ကယောင်ခြောက်ခြား။ ချန်းယောလ်နှင့်နီးစပ်ချင်တာပေါ့။ သူ့လောက် ချန်းယောလ်နှင့် နီးစပ်ချင်သည့်သူဘယ်သူရှိမှာလဲ။ ဒါပေမဲ့လက်ခံလိုက်လို့ တကယ်ပဲဖြစ်ရဲ့လား။အနာဂတ်ကို သေသေချာချာမသိရသေးဘဲ ဘယ်အချိန် ပျောက်ကွယ်ကာ ဒယ်ဂုံကို ပြန်သွားရမယ်မှန်းမသိသည့် ဘတ်ဟျွန်းက ချန်းယောလ်နဲ့လက်ထပ်ဖို့ လက်ခံလိုက်ရမှာလား။
“စိတ်ရင်းအတိုင်းပြောပါ ဘတ်ဟျွန်းနီး။ ကိုကိုကတော့ မင်းသာ အနားမရှိရင် အများကြီးနာကျင်ရမှာမို့.’
သူ့အတွေးတွေကိုသိနေသည့်နှယ် ချန်းယောလ်က လှည့်ပြောလာသည်။ချန်းယောလ်မျက်လုံးတွေထဲက တောင်းဆိုခြင်း၊ ချစ်ခြင်းတွေကို သူမြင်ပါသည်။
“ကိုကိုက မင်းတစ်သက်လုံး နောင်တမရအောင် ထားပေးဖို့ ယုံကြည်ချက်ရှိပါတယ်။ကိုကို့ကြောင့် ဘတ်ဟျွန်းလေး  ပျော်ရပါစေမယ်။ကိုကို့ကို လက်ထပ်မယ်မလားဟင်”
ဘတ်ဟျွန်း၏နန်းတော်က ဆရာတစ်ယောက်ပြောဖူးသည်။လူ့ဘဝသက်တမ်းတွေက တိုသည်။တိုသည့်အလျောက်နှင့် မလိုက်ဖက်စွာပင် အမှုပေါင်းများစွာကြုံရဆုံရတတ်သည်။ထိုလူ့ဘဝတိုတိုလေးတွင် ချစ်ရသည့်သူ မြတ်နိုးရသည့်သူများကို ကာကွယ်ပေးဖို့ အချိန်ပေးနိုင်ဖို့လည်း အရေးကြီးကြောင်းကို သတိရမိသည့်အခါ..
ချန်းယောလ်၏ လေးနက်ခြင်းတို့ထုပ်ပိုးထားသည့် ချစ်ခြင်းမေတ္တာအပြည့်ဖြင့် မျက်ဝန်းတွေကိုမြင်သည့်အခါ..
မျှော်လင့်တကြီးစောင့်စားနေသည့် ပြုံးနေသော ပါးချိုင်ခွင့်လေးထဲ ခြေစုံပစ်ဝင်လိုက်ဖို့သာ ဘတ်ဟျွန်း ဆန္ဒရှိလေတော့သည်။
“ကိုကို့ကို လက်ထပ်မယ်။”
******************************************
#With Heart
Just A Dreamer.
Zawgyi
Episode-25
“ဘတ်ဟျွန်းနီး..’
‘ဟုတ်။”
‘တောင်းပန်ပါတယ်။စိတ်မဆိုးပါနဲ့။ကိုကိုက ခုမှ သတိရလာတာ။စိတ်မဆိုးပါနဲ့နော်။”
‘လာ..ရတယ်။”
‘ဟုတ်ပါပြီ အတတ်လေးရယ်..’
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
‘​ဗျာ..’
‘ခု မရဘူးလေ။ အိမ်ရောက်မှ Surprise..”
“ဟုတ်ပါပြီ..လာ.. သွားစို့”
‘မေမေ.’
“ကိုကို့ကို လက်ထပ်မယ်။”
******************************************
#With Heart
Just A Dreamer.
Lanjutkan Membaca
Kamu Akan Menyukai Ini
64K 8.7K 34
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
298K 17.8K 62
[Complete] မဟူရာမြတ်မောင် + မြတ်ကုဋေကြွယ်မင်း ဤဇာတ်လမ်းထဲတွင်ပါဝင်သော အရာအားလုံးသည် စာရေးသူ၏ စိတ်ကူးယဉ်ပုံရိပ်သာ ဖြစ်ပါသည်။
52K 6K 33
သူမှတစ်ပါး သူမှလွှဲ၍ တခြားသောသူ တစ်စုံတစ်ယောက်အား ကျွန်တော်ချစ်ခင်နှစ်သက်ခြင်းမရှိခဲ့။ချစ်ခင်မြတ်နိုးခြင်းမရှိနိုင်တော့ပြီ။ သူတစ်ဦးကိုသာလျှင် သူ၏ဖြစ်...
774K 62.8K 32
တောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။