ငါတို့ မိသားစုရဲ့ အိုမီဂါလေး...

Fiery_Floria द्वारा

278K 40K 1.8K

Associated Title - [家有Omega初长成] / [My Family's Omega Has Just Grown Up] Author- 秋千在时 (Qiu Qian Zai Shi) Chapt... अधिक

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chaper 24 [Part 1]
Chapter 24 [Part 2]
Chapter 24 [Part 3]
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဖတ်ပေးပါ><
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41 (Part 1)
Chapter 41 (Part 2)
Chapter 42
Chapter 43
Chapter 44
Chapter 45

Chapter 9

5.2K 998 18
Fiery_Floria द्वारा

Please scroll down for Zawgyi ^^

(Unicode)

ကျိုးရှန့်မင်က ရုတ်တရက် ထိုသို့ထပြောသောအခါ ထုန်ရန့်တစ်ယောက် မျက်စိလည်သွားတော့သည်။ "ဟင်…ဘာကို"

ထုန်ရန့်၏ မျက်တောင်များမှာ မျက်ရည်များဖြင်စိုစွတ်ဆဲပင်ဖြစ်ပြီး မျက်လုံးလှလှလေးများမှာ မျက်ရည်ကြည်လွှာတစ်ထပ်ဖြင့် ဖုံးအုပ်ထားခြင်းခံထားရပြီး အနည်းငယ် အူကြောင်ကြောင်ရုပ်လေးပေါက်နေသော်လည်း ချစ်ဖို့ကောင်းနေသည့်အချက်ကိုတော့ ငြင်းပယ်၍မရပေ။ ကျိုးရှန့်မင်က မျက်ရည်များကို သုတ်ပေးလိုက်ပြီး
"မင်းရဲ့ pheromoneတွေကို သေချာမအုပ်ထားနိုင်ရင် အခုလက်ရှိ မထိန်းချုပ်နိုင်သေးတဲ့ပုံစံမျိုးနဲ့ဆို အန္တရာယ်ရှိတဲ့အခြေအနေတွေဖြစ်လာနိုင်တယ်လေ"

ထုန်ရန့်က တအံ့တဩမေးလိုက်သည်။
"အနံ့ထွက်နေလို့လား"

ကျိုးရှန့်မင်က ခေါင်းညိတ်ပြလိုက်ပြီး ထုန်ရန့်အနားအနည်းငယ်တိုးလာကာ နှာခေါင်းတစ်ချက်ရှုံ့၍ ပြောလိုက်သည်။
"စံပယ်ပန်းနံ့သင်းသင်းလေးလိုပဲ"

တစ်စုံတစ်ယောက်၏ pheromoneနံ့ကို ချီးမွမ်းလို၍ဖြစ်စေ ဝေဖန်လို၍ဖြစ်စေ ပြောဆိုခြင်းသည် အမှန်စင်စစ်တွင်တော့ မယဉ်ကျေးသည့်အပြုအမူတစ်ခုဟုဆိုနိုင်ပေရာ ထိုစကားပြောပြီးနောက် ကျိုးရှန့်မင် ချက်ချင်း ထုန်ရန့်၏ မျက်နှာအမူအရာကို  တစ်ချက်ကြည့်လိုက်သည်။

ပုံမှန်အားဖြင့် ကျိုးရှန့်မင်က ဤသို့သော စကားကိုပြီးစလွယ်ဝေဖန်တတ်သည့်လူမဟုတ်သော်လည်း ငိုနေတဲ့ကလေးလေးကို လက်ထဲပွေ့ထားရင်းဖြင့် အနံ့ချိုချိုမွှေးမွှေးလေးကိုရသောအခါ ထိုစကားမှာ မထိန်းနိုင်ပဲ အလိုလိုထွက်သွားခြင်းသာဖြစ်သည်။

ကံကောင်းစွာဖြင့် ထုန်ရန့်၏အာရုံက ထိုစကားကို အလွန်အကြူးအာရုံမစိုက်မိနေ၍သာတော်တော့သည်။
"မသိဘူးလေ…စံပယ်ပန်းနံ့?"

သူ၏sex glandများက Pheromoneများကို  ပုံမှန်အတိုင်း ပြန်ထုတ်နိုင်သည့်အခြေအျနအထိပြန်ကောင်းသွားသောအခါ သူလည်း သူ့အနံ့သူ အကြိမ်များစွာ ရဖူးပါသည်။ သို့သော် ဤကဲ့သို့ ဘာအနံ့ ဘာအနံ့ဟဟူ၍ တိတိကျကျကြီးတော့ မခန့်မှန်းနိုင်ခဲ့ပါ။

"ကျန်းတူး(江都)မှာ စံပယ်ပန်းက အဲ့လောက်မပေါဘူး" ကျိုးရှန့်မင်က ပြောလာသည်။ "တောင်ပိုင်းကမြို့တွေမှာကတော့ အများကြီး ပွင့်ကြတယ်"

"အိုး…အင့်"

ဒီတစ်ခါတော့ ထုန်ရန့်တစ်ယောက် ပါးစပ်ဟ၍ စကားပြောပြောချင်းပင် ကြို့ထိုးတော့သည်။ ထုန်ရန့်မှာ ရှက်လွန်းလို့ နားရွက်များသာမက လည်ပင်းစပ်များပါ ရဲတွတ်လာသည်။ သူ ကျိုးရှန့်မင်ကိုယ်ပေါ်တွင် ထိုင်နေရာမှ ဆင်းလိုက်ပြီး ကျိုးရှန့်မင်၏ မျက်နှာကိုကြည့်ရန် ရှက်ရွံ့နေခဲ့သောကြောင့် အိမ်စီးဖိနပ်များကို ငုံ့ကြည့်ရင်းဖြင့်သာ​ပြောလိုက်သည်။
"ဒါဆို ကျွန်တော်ရေချိုးတော့မယ်"

ကျိုးရှန့်မင်လည်း ထိုင်နေရာမှထလိုက်ပြီး
"ရေချိုးပြီးရင် ကိုယ့်အမေကို ဖုန်းခေါ်ဖို့မမေ့နဲ့နော်"

ထုန်ရန့်က အနည်းငယ် မရှင်းမလင်းဖြစ်သွားဟန်ဖြင့်မော့ကြည့်လာသည်။ ကျိုးရှန့်မင်က အိပ်ယာပေါ်တွင်ချထားသော ထုန်ရန့်၏ ဖုန်းကို ကောက်ယူလိုက်ပြီး screenကိုပြကာ
"မင်းခုနက ငိုနေတုန်း သူမင်းကို ဖုန်းခေါ်ထားတယ်"

"သူခေါ်တာကို မြင်လိုက်တာလား…ဘာလို့ ကျွန်တော့ကိုမပြောတာလဲ" ထုန်ရန့်က ကျိုးရှန့်မင်လက်ထဲကဖုန်းကိုယူကာ missed callနှစ်ခုကိုကြည့်လိုက်ရင်း ပြောလိုက်သည်။

ငိုနေလို့ ချော့နေတာတောင် မပြီးသေးသော်လည်း သူ့ကိုအပြစ်တင်လာပြန်သည်။ စိတ်ဆိုးနေဟန်ဖြင့် အပြစ်တင်နေတဲ့ ထုန်ရန့်က သူ့ကိုယ်သူ ဘယ်လိုမြင်မလဲ မသိနိုင်ပေမယ့် ကျိုးရှန့်မင် မျက်လုံးထဲတွင်တော့ လက်သည်းထုတ်ပြနေသော ကြောင်ပေါက်လေးတစ်ကောင်ထက်မပိုပေ။ လက်သည်း ညှပ်ခံထားရသည့် ကြောင်ပေါက်လေးနှင့်တောင် ပို၍တူသေးသည်။

ကျိုးရှန့်မင်၏စိတ်ထဲတွင် အတွေးများစုံ​နေ သော်လည်း မျက်နှာကတော့ တည်ငြိမ်သောအမူအရာဖြင့်
"တကယ်လို့ မင်းကငိုထားတဲ့ မျက်လုံးရဲရဲကြီးတွေနဲ့ ဖုန်းကိုင်လိုက်ရင် ကိုယ့်အမေက ကိုယ်မင်းကို အနိုင်ကျင့်နေတယ်ထင်သွားရင်ဘယ်လိုလုပ်မလဲ"

သူဘာလို့ ထုန်ရန့် ငိုတာကိုပဲ ခဏခဏ ထပ်တလဲလဲ ပြောနေတာလဲ။ ထုန်ရန့်မကျေမနပ်ဖြင့် ဖုန်းကို ကျိုးရှန့်မင်လက်ထဲသို့ ပစ်ပေါက်ပေးလိုက်ပြီး ရေချိုးခန်းထဲသို့သာ ဆောင့်ဆောင့်အောင့်အောင့် ဝင်သွားသည်။

သူရေချိုးခန်းထဲကထွက်လာတော့ ကျိုးရှန့်မင်အခန်းထဲမှာ မရှိတော့ချေ။ သို့သော် မထွက်သွားခင် ပြတင်းပေါက်လည်းပိတ်ပေးခဲ့ကာ လိုက်ကာလည်း ချပေးခဲ့သည်။ အခန်းမီးများလည်း ဖွင့်ပေးခဲ့ပြီး သူ့အတွက် အပူပေးစက်ပါ တစ်ခါတည်းဖွင့်ပေးခဲ့သေးသည်။ အစ်ကိုရှန့်မင်က တကယ်ကိုကောင်းတဲ့လူပဲဟု ထုန်ရန့်နောက်တစ်ခေါက်တွေးမိပြန်သည်။

အတန်ကြာငိုလိုက်ပြီးနောက် ခုနကလောက် သိပ်မခံစားရပါတော့ချေ။ အိမ်ကိုခွဲရလို့ ဝမ်းနည်းတဲ့ခံစားချက်ရော ကျိုးရှန့်မင်ရှေ့မှာ မထိန်းနိုင်လို့ငိုမိတာရော ဘာပဲဖြစ်ဖြစ် ရေချိုးစဉ်က ရေနွေးနွေးလေးများနှင့်အတူ မျောပါသွားပြီဖြစ်ကာ ငိုလိုက်ရ၍ အနည်းငယ် အိပ်ချင်စိတ်သာ ကျန်တော့သည်။

ဆံပင်လေမှုတ်ရင်းဖြင့် အိပ်ရာဆီသို့ လမ်းလျောက်သွားကာ ညအိပ်မီးအိမ်စင်ပေါ်တွင် တင်ထားသော လွယ်အိတ်အလွတ်ကို တစ်ချက်ကြည့်လိုက်သည်။ မျက်လုံးများမှာ အနည်းငယ် ဝါးနေဆဲဖြစ်သော်လည်း မနက်အတွက် မစီစဉ်ခင် လင်ယွဲ့ဟွာကို ဖုန်းခေါ်ရန်ဆုံးဖြတ်လိုက်သည်။

ဖုန်းက အားကုန်ခါနီးဖြစ်နေသောကြောင့် tabletဖြင့်သာခေါ်လိုက်သည်။ လင်ယွဲ့ဟွာက ချက်ချင်း ဖုန်းကိုင်လိုက်ကာ
"ထုန်ထုန်?"

"တောင်းပန်ပါတယ် အန်တီ၊ ကျွန်တော့ဖုန်းကို silentလုပ်ထားတော့ ဖုန်းခေါ်တာမသိလိုက်မိဘူး"

ဒါသူလိမ်လိုက်တာဟုပြော၍မရပါ။ အချက်အလက်အနည်းငယ်ကို ဖုံးကွယ်ထားခြင်းသာဖြစ်သည်။

လင်ယွဲ့ဟွာက ရယ်မောလျက်ဖြင့်ဆို၏။
"ရပါတယ်ကွယ်၊ အန်တီလည်း ခဏအလုပ်နားလို့ ဖုန်းခေါ်လိုက်တာ၊ ပြီး​တော့ မင်းမနက်ဖြန်ကျောင်းတတ်ရမှာလို့ မင်းက မင်းရဲ့အစ်ကိုရှန့်မင်ကိုပြောတာကိုလည်း အန်တီသတိရလိုက်တာမို့လို့ အဲ့အကြောင်းလည်းမေးမလို့ပေါ့။ မနက်ဖြန်အတွက် ပြင်ဆင်ပြီးပြီလား။ တစ်ခုခုပျောက်တာမျိုးရှိလား"

ထုန်ရန့်: "မနက်ဖြန်ကျောင်းရောက်မှ စာအုပ်တွေအကုန် ကျောင်းကထုတ်ပေးလိမ့်မယ်။ လိုအပ်တဲ့documentနည်းနည်း ယူသွားရုံပါပဲ။ ကျန်တာကအဆင်ပြေပါတယ်"

"ကောင်းတာပေါ့ကွယ်။ အဲ့မှာနေရတာရော တော်တော်လေးအသားကျနေပြီလား။ အချိန်ရှိရင် အန်တီတို့၏ ညစာလာစားပါလား။ မင်းကြိုက်တာဘာမဆို အန်တီချက်ကျွေးမှာပေါ့"

ထုန်ရန့် : "ဟုတ်ကဲ့ အန်တီ"

လင်ယွဲ့ဟွာက ခေတ္တရပ်သွား​ပြီး videoထဲမှမြင်နေရသည့် ထုန်ရန့်နောက်ကိုကြည့်ကာ
"ခုတင်ဘေးက စားပွဲပေါ်ကဘာကြီးလဲ"

ထုန်ရန့်က သူညအိပ်မီးအိပ်တင်ထားသည့် စင်ကိုသေချာမြင်နိုင်ရန် ကင်မရာကို တစ်ချက် ညှိလိုက်ပြီး
"ကျွန်တော့ ကျောင်းလွယ်အိတ်လေ"

"အိုး…"လင်ယွဲ့ဟွာကဆိုလာ၏။ "ကျိုးရှန့်မင်တစ်ယောက် လွယ်အိတ်ဘယ်နှအိတ်တောင် ဝယ်ထားတာပါလိမ့်?ဒီတစ်ခုက သူအန်တီ့ကို ပြဖူးတဲ့ဟာတွေနဲ့မတူဘူး…တံဆိပ်တောင်မတူဘူး"

"ဟင်?" ထုန်ရန့် အနည်းငယ် ကြောင်သွားရသည်။
"အစ်ကိုရှန့်မင်က ကျွန်တော့အတွက် ကျောင်းလွယ်အိတ်ဝယ်ထားတာလား"

လင်ယွဲ့ဟွာ​က ပြန်တွေးရင်းဖြင့်
"အရင်အပတ် ဘယ်နေ့ကပါလိမ့်…ထားပါတော့။ သူကအန်တီ့ကို လွယ်အိတ်ပုံတွေပြပြီး ဘာဝယ်ရင်ကောင်းမလဲ လာမေးတယ်လေ။ အစက အန်တီတောင် သူဘာလို့ ကျောင်းလွယ်အိတ်ဝယ်နေတာလဲဆိုပြီးတွေးနေတာ။ နောက်ဆုံးမှသူက မင်းနောက်အပတ် တနင်္ဂလာနေ့ကစပြီး ကျောင်းတတ်ရမယ်ဆိုတဲ့အကြောင်းပြောပြလာတာလေ"

"သူကအန်တီ့ကိုမေးရုံပဲမေးခဲ့တာ။ သိပ်မကြာခင်တုန်းက အန်တီ အိတ်ဆိုင်တစ်ဆိုင်ရောက်တော့ ဆိုင်ရှင်ကအန်တီ့ကိုဘာပြောပြတယ်ထင်လဲ" လင်ယွဲ့ဟွာက တစ်ခုခုကိုတွေးကာရယ်မောရင်းဖြင့်ပြောလာသည်။ "ကျိုးရှန့်မင်က သူ့တစ်သက်နဲ့သူ ဒီလိုမျိုး တစ်ခါမီမဝယ်ဖူးဘူးလေ။ အဲ့တော့ လက်အောက်ငယ်သားတစ်ယောက်ကို ကလေးတစ်ယောက်အတွက် ကျောင်းလွယ်အိတ်ဝယ်ခိုင်းတယ်တဲ့။ အဲ့တော့  ဆိုင်ရှင်ကလည်း လွယ်အိတ်ပုံစံ တချို့နဲ့ နမူနာပုံစံတွေကို ရုံးကိုသွားပို့ရတယ်တဲ့လေ။ သူကပြောသေးတယ်တဲ့…သူ့တစ်သက် လွယ်အိတ်ပုံစံတွေဒီလောက်များလိမ့်မယ်လို့တွေးတောင်မတွေးဖူးဘူးတဲ့။ ပြီး​တော့ အကုန်ဝယ်မယ်လို့တောင်ပြောလို့ ဆိုင်ရှင်က ဒီလောက်အများကြီးဝယ်ဖို့မလိုအပ်ပါဘူးဆိုပြီး brand ကောင်းကောင်းတချို့က်ိုပဲ ဝယ်ဖို့ပြောခဲ့ရပါတယ်တဲ့လေ။ သူရွေးပြီးမှ အန်တီ့ကို ဘာကကောင်းလဲလာမေးတာပဲ"

"အိုး…" ထုန်ရန့်တစ်ယောက် ဘာဆက်ပြောရမလဲ မသိဖြစ်သွားသည်။ "ကျွန်တော် အစ်ကို့ကို နောက်မှ မေးကြည့်လိုက်ပါ့မယ်"

"သူအိမ်ပြန်ရောက်နေပြီလား"

"ဟုတ်"

"ဒါဆိုဘာလို့ တစ်ခန်းထဲတူတူရှိမနေကြတာလဲ…သူမင်းကို အရင်ကလဲ အဲ့လိုပဲ ဂရုမစိုက်ဘူးလား" လင်ယွဲ့ဟွာကမေးလိုက်သည်။

ထိုအခါ ထုန်ရန့်အမြန်ရှင်းပြလိုက်ရ၏။
"မဟုတ်ပါဘူး…ခုနကလေးတင် ကျွန်တော့ကိုလာကြည့်သွားပါတယ်။ ကျွန်တော်ရေချိုးတော့ အစ်ကိုလည်း အပြင်ပြန်ထွက်သွားတာ"

"ကောင်းတယ် ကောင်းတယ်။ အစ်ကိုရှန့်မင်က နည်းနည်းပြောရဆိုရခက်တယ်ထင်ရပေမဲ့ မကြမ်းတမ်းပါဘူး။ ပြီး​တော့ မင်းကိုလည်း တော်တော်လေး ဂရုစိုက်ရှာပါတယ်" လင်ယွဲ့ဟွာက ဖုန်းမျက်နှာပြင်မှတဆင့် သူ့ကိုကြင်ကြင်နာနာကြည့်လာပြီး "အစတည်းက သူကမင်းကို သူ့အိမ်မှာလာနေဖို့နဲ့ သေချာဂရုစိုက်ပေးပါ့မယ်ဆိုပြီး ကတိပေးခဲ့တာလေ။ အဲ့တော့ သူသေချာပေါက်တာဝန်ကျေမှာပါ။ တကယ်လို့ မင်းမှာ ပူပန်ရတာတွေရှိရင် သူ့ကိုလည်းပြောပြဖို့ရှက်နေတယ်ဆိုရင်၊ ပြီး​တော့ မင်းအစ်ကိုနဲ့ အဖေကလည်း အလုပ်ရှုပ်တဲ့ဘူတွေဆိုတော့ တစ်ခုခုဆို အန်တီ့ကို ပြောပြလို့ရတယ်နော်"

လင်ယွဲ့ဟွာက သူငိုထားကြောင်းရိပ်မိသွားသည်ကို ထုန်ရန့် သတိထားမိလိုက်သည်။
သူခေါင်းညိတ်လိုက်ရင်းဖြင့် "ကျွန်တော်ပြောပါ့မယ်"

"ကိုကိုက မင်းကို အနိုင်မကျင့်ဘူးမလား"

"တစ်ခါမှ အနိုင်မကျင့်ပါဘူး။ ကျွန်တော့အပေါ် အရမ်းကောင်းပါတယ်"

လင်ယွဲ့ဟွာက ထုန်ရန့်၏ လိမ္မာသောပုံစံကို သဘောကျဟန်ဖြင့် ပို၍တောင် တောက်တောက်ပပ ပြုံးလိုက်သည်။

အနည်းငယ် ထပ်၍ စကားပြောကြပြီးနောက် လင်ယွဲ့ဟွာက "ဒါဆို မင်းလည်း စောစေယနားတော့လေ၊ အန်တီမနှောင့်ယှက်တော့ပါဘူး"

တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ပြီးနောက် ထုန်ရန့် tabletကို ချလိုက်ကာ မနက်ဖြန်အတွက် လွယ်အိတ်ပြင်ရန် စတင်လိုက်သည်။

လိုတာတွေအကုန်ကထည့်ပြီးသား အသင့်ပင်။ သတိပေးကဒ်ကလည်း လွယ်အိတ်တွင် ချိတ်ထားပြီးဖြစ်သည်။ ကျိုးရှန့်မင် လက်မှတ်ထိုးပေးရမယ့် စာရွက်အချို့သာ အပြင်မှာ ကျန်တော့သည်။

လက်ထပ်ပြီးတည်းက ကျိုးရှန့်မင်က ထုန်ရန့်၏ အုပ်ထိန်းသူဖြစ်လာသည်။ ထို့ကြောင့် ကျောင်းမှတ်တမ်းတွင် အုပ်ထိန်းသူနေရာ၌ ကျိုးရှန့်မင်၏ အမည်က အလိုအလျောက်ပြောင်းလဲပြီးသားဖြစ်သည်။ သို့ဖြစ်ရာ နောက်ပိုင်းတွင် အုပ်ထိန်းသူထံသို့ သတင်းပေးပို့မှုမှာ ကျိုးရှန့်မင်ထံသို့ တိုက်ရိုက် ပို့တော့မည်ဖြစ်သည်။

ထုန်ရန့်တစ်ယောက် ကျိုးရှန့်မင်ကို သွားရှာရန်ပြင်နေစဉ် ကျိုးရှန့်မင်က တံခါးခေါက်လာ၏။ ဒီတစ်ခါတော့ စားပွဲပေါ်တွင် အုန်းနို့ပူပူလေးနှင့် အာလူးထောင်းတစ်ခွက်ကို သယ်လာပြီး သွားတင်လိုက်သော ရွမ်ကွေ့ပါ ဘေးတွင် ပါလာသည်။

ကျိုးရှန့်မင်က အိပ်ရာဘေးကိုလျှောက်လာပြီး ထုန်ရန့်ကိုငုံ့ကြည့်ကာမေးလိုက်သည်။
"ထပ်မငိုထားဘူးမလား"

ထုန်ရန့် အလျင်အမြန် ငြင်းလိုက်သည်။
"ကျွန်တော် အဲ့လောက် အငိုမသန်ပါဘူး…ပုံမှန်ဆို မငိုပါဘူး"

ကျိုးရှန့်မင်က သူ့ အိပ်ရာပေါ်တွင်ဝင်ထိုင်လိုက်ရင်း
"လွန်ခဲ့တဲ့ နှစ်ရက်က ကျောင်းက e-mailပို့တယ်။ ဒီနေ့ မင်းပြန်လာပြီဆို​တော့ အခုတူတူဖတ်ကြတာပေါ့"

ကျောင်းဖွင့်ခါနီးတိုင်း အုပ်ထိန်းသူများထံသို့ပို့သော e-mailဆိုတာ ထုန်ရန့်သိထားပြီးဖြစ်သည်။ ကျောင်းဖွင့်ကြောင်း အကြောင်းကြားစာ ဖြစ်ပြီး ကျောင်းနှင့်အတူ ပူးပေါင်းရန် တောင်းဆိုခြင်းဖြစ်သည်။ သို့သော် ယခင်က ထုန်လိချင်နှင့် ထုန်ရန်းက နှုတ်ဖြင့်သာ အသိပေးခဲ့ကြပြီး သေချာ ဂရုမစိုက်ပေးနိုင်ကြပါ။

"ကျွန်တော်…"

"ဖုန်းပေး" ကျိုးရှန့်မင်က ပြောလိုက်သည်။

"အစ်ကို ကျွန်တော် ကျောင်းစည်းကမ်းလိုက်နာပါ့မယ်" ထုန်ရန့်က မပေးချင်ပုံဖြင့် အနည်းငယ် ရုန်းကန်ရန်ကြိုးစားလိုက်သည်။

"ဖုန်းပေး" ကျိုးရှန့်မင်က ထပ်ပြောလာ၏။ "မင်းရဲ့ screen timeနဲ့ website browsing လိုအပ်ချက်တွေကို ငါ ကန့်သတ်ဖို့လိုတယ်လေ"

ထုန်ရန့် စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကမ်းပေးလိုက်သည်။

သူကပေးချင်လို့ပေးတာတော့မဟုတ်ဘူးလေ။ သူ့အမူအရာကို ကျိုးရှန့်မင်ကလည်ူ မြင်ဖြစ်အောင်မြင်ပါသည်။ သို့သော် ကျိုးရှန့်မင် ကိုယ်တိုင်လည်း စိတ်ရှုပ်သွားရသည်။ သူက ကျောင်း၏ ညွှန်ကြားချက်များကို လိုက်နာနေရုံသာဖြစ်သည်။ "ကျောင်းသားတွေရဲ့ အကြောင်းပြချက်တွေနဲ့ အာမခံချက်တွေကို နားမယောင်မိပါစေနဲ့။ ဒါကို သေချာမှတ်ထားပေးပါ" ဟု ညွှန်ကြားချက်ထဲမှာ ပြောထားသည်။ သို့သော် သူနှင့် ထုန်ရန့်အကြားတွင် ဤသို့ လုပ်ရခြင်းမှာ အနည်းငယ်ထူးဆန်းနေသလိုပင်။ လုပ်သာလုပ်ရသော်လည်း စိတ်ထဲတွင် သက်သောင့်သက်သာမဖြစ်ပါချေ။

ဖုန်းထဲတွင် ပြင်စရာရှိတာပြင်ပြီးသောအခါ ထုန်ရန့်ထံသို့ ဖုန်းပြန်ပေးလိုက်သည်။ ထုန်ရန့် က စူပုပ်ပုပ်ဖြစ်နေဆဲပင်ဖြစ်သော်လည်း အလွန်အကျွံတော့ မဖော်ပြပါပေ။

ဖုန်းပြန်ယူပြီးနောက် "ကျေးဇူးတင်ပါတယ်" ဟုပင်ပြန်ပြောလာသေး၏၊

"စိတ်ဆိုးသွားသလား" ကျိုးရှန့်မင်က ဆက်၍သည်းမခံနိုင်တော့ပဲ မေးလိုက်သည်။

"မဆိုးပါဘူး" ထုန်ရန့် ဖုန်းထဲတွင် ဘာများ ပြောင်းသွားသလဲကြည့်ရင်းဖြင့် ဖြေလိုက်သည်။ ကျိုးရှန့်မင်က သူ့ကိုမေးလာသည်ကိုကြားသောအခါ ခေါင်းမော့ကြည့်လာ၍
"ဒီလိုကိစ္စမျိုးက ကျွန်တော် စိတ်ဆိုးလို့မှမရတာ၊ အစ်ကိုက အစ်ကိုလုပ်ရမယ့်ဟာကို လုပ်တာပဲလေ"

ထုန်ရန့်က ဉာဏ်ကောင်းလှပါသည်။ သို့သောါ ဤသို့ဖြေလိုက်ခြင်းက ကျိုးရှန့်မင်စိတ်ထဲတွင် သူ့ကို ထုန်ရန့်စိတ်ပျက်သွားပြီဟု အတွေးဝင်လာ၏။

ကျိုးရှန့်မင်က မသိမသာဖြင့် အနည်းငယ်တွန်းအားပေးသကဲ့သို့ဖြစ်သွားပြီး
"မင်းက စိတ်မဆိုးသင့်တာလား၊ မင်းကိုယ့်ကိုစိတ်မဆိုးတာလား"

"ကျွန်တော်စိတ်မဆိုးပါဘူး"

သို့သော် ထုန်ရန့်က ပြောနေရင်းဖြင့် ခေတ္တ ရပ်သွားပြီးမှ
"အစ်ကိုက ကျွန်တော့ကို ဒီထက်ပိုပြီး နည်းနည်းလေးဖြစ်ဖြစ် ယုံလိမ့်မယ်လို့ထင်ထားတာ…ကျွန်တော့ကို ယုံကြည်မယ်လို့လေ။ ကျွန်တော်က ကျောင်းစည်းကမ်းလိုက်နာပါမယ်လို့ပြောရင် သေချာပေါက်ကျွန်တော် စည်းကမ်းမဖောက်ဘူးဆိုတာကို ယုံမယ်လို့ထင်တာ"

ယုံကြည်မှုအကြောင်းပြောလာသောအခါ ထူန်ရန့်ကိစ္စများအားလုံးကို websiteမှ Q&Aများဖြင့်သာ အကုန်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ကျိုးရှန့်မင် သတိထားမိသွားသည်။

ထုန်ရန့်မှာ လူပျိုဖော်ဝင်စ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပင်ဖြစ်သော်လည်း သူသည် ကောင်းကောင်းမွန်မွန်ကို ကြီးပြင်းလာခဲ့သည်။ သူ့အရွယ် ကလေးတော်တော်များများထက်လည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သည်။

ဆယ်ကျော်သက်တိုင်း ပြဿနာကိုယ်စီရှိကြသော်လည်း ထုန်ရန့်၏ ပြဿနာမှာ တခြားကလေးများကဲ့သို့ အင်တာနက်စွဲလမ်းမှု ဒါမှမဟုတ် မဟုတ်မမှန်လိမ်ညာပြောဆိုခြင်းလည်း မဟုတ်ပါပေ။ ထို့ကြောင့် သူလည်း ထုန်ရန့်ကို သင်ပြဖို့ ပုံစံခွက်ထဲက နည်းလမ်းတွေအတိုင်း အားလုံးလိုက်မသုံးသင့်ပေ။

ကျောင်းတတ်ရမည်မှာ ထုန်ရန့်ဖြစ်သော်လည်း ကျိုးရှန့်မင်မှာ သူကိုယ်တိုင်က စာမေးပွဲဖြေရတော့မည့် ကျောင်းသားတစ်ယောက်ကဲ့သို့ခံစားလိုက်ရသည်။ အနည်းငယ် ပျာယာလျက်။ ပထမဆုံးအချက်မှာတင် ထုန်ရန့်က စိတ်ထဲသိပ်မထားသောကြောင့် အခြေအနေမဆိုးသွားခြင်းပင်။

အဆုံးတွင်တော့ သူက ထုန်ရန့်ကို သူ့ဒေါသကို မမြင်စေချင်သည့် လူကြီးတစ်ယောက်သာဖြစ်သည်။ ထို့နောက် ဆက်လက်၍ နှစ်ဦးသား ကျောင်းစည်းကမ်းများကို ဖတ်ကြသည်။

နောက်ဆုံးပိတ်အနေဖြင့် ထုန်ရန့်၏ ကာယ အတန်းကို ပျက်ရသည့် အကြောင်းပြချက်စာတွင် လက်မှတ်ထိုးလိုက်သည်။ ထို့နောက် ထုန်ရန့်က ရုတ်တရက် မေးလာသည်။
"အစ်ကို ကျွန်တော့အတွက် ကျောင်းလွယ်အိတ်ဝယ်ထားသေးတာလား"

"ဘာလို့မေးတာလဲ" ကျိုးရှန့်မင် လက်မှတ်ထိုးနေရင်း တုန့်ဆိုင်းသွား၏။ လက်မှတ်ထိုးပြီးနောက်  မတ်မတ် ပြန်ထိုင်လိုက်ကာ မငြင်းပဲ ဆက်ပြောလာသည်။
"မင်းမှာ ရှိပြီးပြီမလား"

"အန်တီ ပြောပြတာ" ထုန်ရန့် တောက်တောက်ပပပြုံးပြလိုက်ကာ
"ကျေးဇူးတင်ပါတယ် အစ်ကို"

ကျိုးရှန့်မင်စိတ်ထဲတွင် သူပြုံးလိုက်တိုင်း မျက်ဝန်းများက လခြမ်းကွေးပုံစံ ကွေးသွားတာကို မြင်လိုက်သောအခါ ထုန်ရန့်ကတော်တော် ချစ်ဖို့ကောင်းတာပဲဟု တွေးလိုက်မိသည်။

"ကျွန်တော့ကို အဲ့လွယ်အိတ်ပေးပါလား၊ အဲ့ဒါကိုသုံးမယ်လေ ဟိုအိတ်မသုံးတော့ဘူး"

ကျိုးရှန့်မင်က ထုန်ရန့် ဤသို့ပြောလာလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် ခေတ္တမျှ ကြောင်အမ်းအမ်း စိုက်ကြည့်နေပြီးမှ "ရတာပေါ့…မင်းဖို့ဝယ်ထားတာပဲလေ"

သူတို့ ကားဂိုထောင်ဆီသို့ လမ်းလျောက်လာခဲ့ကြပြီး သောကြာနေ့က ထုန်ရန့်ကို သူလိုက်ပို့ခဲ့သော ကား၏ နောက်ခန်းကို ဆွဲမဖွင့်လိုက်သည်။ ဘာ့ကြောင့်မှန်းမသိသော်လည်း သူစကား ပလ္လင်ခံလိုက်မိသည်။
"သောကြာနေ့က မင်းကျောင်းပြန်တတ်ရမယ့်အထိန်းအမှတ်နဲ့ မင်းကို ညစာလိုက်ကျွေးဖို့ စီစဉ်ထားတာ အစက"

ကားထဲတွင် လွယ်အိတ်တစ်လုံးတည်းသာမက ပစ္စည်းထည့်သည့် နေရာ၏အောက်ခြေတွင် လွယ်အိတ်သုံးလုံး နှင့် ထုပ်ပိုးထားသော အိတ်အကြီးကြီး တစ်ခုလည်းရှိပေသည်။ ထုန်ရန့်ဖွင့်ကြည့်လိုက်သောအခါ ထိုအိတ်ထဲတွင် မှတ်စုစာအုပ်များ ဘောပင်များ စသည်ဖြင့် ကျောင်းသုံး ပစ္စည်းအစုံအလင်ရှိပေသည်။

ကျိုးရှန့်မင် သူ့ကို အိမ်စာ ဘယ်လောက်များများ လုပ်စေချင်နေတာလဲ။

မဟုတ်သေးပါဘူး။ ထုန်ရန့် နောက်ဆုံး စာအုပ်ထဲတွင် အိမ်စာရေး၍ ထပ်ရသည်မှာ သုံးတန်းတုန်းကလား လေးတန်းတုန်းကလား…ကျိုးရှန့်မင်ဝယ်လာသော ဤစာအုပ်များမှာ ဖြစ်နိုင်တာက ရုံးများ လုပ်ငန်းများတွင်သာ သုံးကြတော့သည်။

ထုန်ရန့်စကားမပြောသည်ကို မြင်သောအခါ ကျိုးရှန့်မင်က "ကိုယ်မှားဝယ်ခဲ့လို့လား"

ထုန်ရန့် ခက်ခက်ခဲခဲ ပြန်ဖြေလိုက်သည် "မဟုတ်ပါဘူး"

ကျောင်းသုံးစာအုပ်တွေအပုံလိုက်မြင်ပြီး လန့်တာပြေရုံပဲရှိသေးသည်။ မမျှော်လင့်ပဲ လွယ်အိတ် တံဆိပ်ကို အကြည့်ရောက်သွားသောအခါ နှလုံးခုန်ပါရပ်မတက်ပင်။ တစ်လုံးကို ဘယ်လောက်များပေးရလိမ့်မလဲ စဉ်းစားရင် လင်ယွဲ့ဟွာပြောသွားသည့်စကားကို အမှတ်ရသွားသည်။
"သူကအကုန်လုံးကို ဝယ်မယ်လို့တောင်ပြောတာ"

ထုန်ရန့် မေ့တောင်မေ့လဲချင်လာသည်။

ငွေကြောင့်ဟု အထူးတလည်ပြော၍ မရသော်လည်း ကျိုးရှန့်မင်က သူ့ကိုစိတ်ရှုပ်ထွေးအောင်လုပ်နေသလိုပင်။

များသောအားဖြင့် သူသည် အလွန်ရင့်ကျက်သော လူကြီးတစ်ယောက်နှင့် တူမှန်းမသိတူနေသော်လည်း ထုန်ရန့် အမြင်တွင် ကျိုးရှန့်မင်သည် တစ်ခါတစ်လေတော့ လူကြီးများနှင့် မတူပဲ အနည်းကယ် ရှက်ပြာပြာနှင့် ဟုထင်ရသည်။ ကျိုးရှန့်မင်က သူ့ဘဝတွေတွေ့ဖူးသော လူကြီးများဖြစ်သည့် ထုန်လိချင်၊ ထုန်ရန့် သို့မဟုတ် ကျောင်းရှိ ဆရာများနှင့် မတူပဲ အနည်းငယ်တော့ ထူးခြားပါသည်။

ထုန်ရန့်စိတ်ထဲတွင် ကျိုးရှန့်မင်က အနည်းငယ် ရှက်ပြာပြာနိုင်သော်လည်း နှစ်သက်ဖွယ်ကောင်းသည့် ပုံစံဖြင့် ရှက်ပြာပြာနိုင်ခြင်းပင်။

"သဘောကျလား" ကျိုးရှန့်မင်က မေးလာသည်။

"သဘောကျတယ်" ထုန်ရန့်လည်း ပြန်ဖြေလိုက်၏။

•°•°•°•°•°•°•°•°•°•°•°•°•

(Zawgyi)

က်ိဳးရွန႔္မင္က ရုတ္တရက္ ထိုသို႔ထေျပာေသာအခါ ထုန္ရန႔္တစ္ေယာက္ မ်က္စိလည္သြားေတာ့သည္။ "ဟင္…ဘာကို"

ထုန္ရန႔္၏ မ်က္ေတာင္မ်ားမွာ မ်က္ရည္မ်ားျဖင္စိုစြတ္ဆဲပင္ျဖစ္ၿပီး မ်က္လံုးလွလွေလးမ်ားမွာ မ်က္ရည္ၾကည္လႊာတစ္ထပ္ျဖင့္ ဖံုးအုပ္ထားျခင္းခံထားရၿပီး အနည္းငယ္ အူေၾကာင္ေၾကာင္ရုပ္ေလး ေပါက္ေနေသာ္လည္း ခ်စ္ဖို႔ေကာင္းေနသၫ့္အခ်က္ကိုေတာ့ ျငင္းပယ္၍မရေပ။ က်ိဳးရွန႔္မင္က မ်က္ရည္မ်ားကို သုတ္ေပးလိုက္ၿပီး
"မင္းရဲ့ pheromoneေတြကို ေသခ်ာမအုပ္ထားႏိုင္ရင္ အခုလက္ရိွ မထိန္းခ်ဳပ္ႏိုင္ေသးတဲ့ပံုစံမ်ိဳးနဲ႔ဆို အႏၲရာယ္ရိွတဲ့အေျခအေနႂတြေဖစ္လာႏိုင္တယ္ေလ"

ထုန္ရန႔္က တအံ့တဩေမးလိုက္သည္။
"အနံ႔ထြက္ေနလို႔လား"

က်ိဳးရွန႔္မင္က ေခါင္းညိတ္ျပလိုက္ၿပီး ထုန္ရန႔္အနားအနည္းငယ္တိုးလာကာ ႏွာေခါင္းတစ္ခ်က္ရႈံ႔၍ ေျပာလိုက္သည္။
"စံပယ္ပန္းနံ႔သင္းသင္းေလးလိုပဲ"

တစ္စံုတစ္ေယာက္၏ pheromoneနံ႔ကို ခ်ီးမြမ္းလို၍ျဖစ္ေစ ေဝဖန္လို၍ျဖစ္ေစ ေျပာဆိုျခင္းသည္ အမွန္စင္စစ္တြင္ေတာ့ မယဉ္ေက်းသၫ့္အျပဳအမူတစ္ခုဟုဆိုႏိုင္ေပရာ ထိုစကားေျပာၿပီးေနာက္ က်ိဳးရွန႔္မင္ ခ်က္ခ်င္း ထုန္ရန႔္၏ မ်က္ႏွာအမူအရာကို  တစ္ခ်က္ၾကၫ့္လိုက္သည္။

ပံုမွန္အားျဖင့္ က်ိဳးရွန႔္မင္က ဤသို႔ေသာ စကားကိုၿပီးစလြယ္ေဝဖန္တတ္သၫ့္လူမဟုတ္ေသာ္လည္း ငိုေနတဲ့ကေလးေလးကို လက္ထဲေပြ့ထားရင္းျဖင့္ အနံ႔ခ်ိဳခ်ိဳေမႊးေမႊးေလးကိုရေသာအခါ ထိုစကားမွာ မထိန္းႏိုင္ပဲ အလိုလိုထြက္သြားျခင္းသာျဖစ္သည္။

ကံေကာင္းစြာျဖင့္ ထုန္ရန႔္၏အာရံုက ထိုစကားကို အလြန္အၾကဴးအာရံုမစိုက္မိေန၍သာေတာ္ေတာ့သည္။
"မသိဘူးေလ…စံပယ္ပန္းနံ႔?"

သူ၏sex glandမ်ားက Pheromoneမ်ားကို  ပံုမွန္အတိုင္း ျပန္ထုတ္ႏိုင္သၫ့္အေျခအ်နအထိျပန္ေကာင္းသြားေသာအခါ သူလည္း သူ႔အနံ႔သူ အႀကိမ္မ်ားစြာ ရဖူးပါသည္။ သို႔ေသာ္ ဤကဲ့သို႔ ဘာအနံ႔ ဘာအနံ႔ဟဟူ၍ တိတိက်က်ႀကီးေတာ့ မခန႔္မွန္းႏိုင္ခဲ့ပါ။

"က်န္းတူး(江都)မွာ စံပယ္ပန္းက အဲ့ေလာက္မေပါဘူး" က်ိဳးရွန႔္မင္က ေျပာလာသည္။ "ေတာင္ပိုင္းကၿမိဳ႔ေတြမွာကေတာ့ အမ်ားႀကီး ပြင့္ၾကတယ္"

"အိုး…အင့္"

ဒီတစ္ခါေတာ့ ထုန္ရန႔္တစ္ေယာက္ ပါးစပ္ဟ၍ စကားေျပာေျပာခ်င္းပင္ ႀကိဳ႔ထိုးေတာ့သည္။ ထုန္ရန႔္မွာ ရွက္လြန္းလို႔ နားရြက္မ်ားသာမက လည္ပင္းစပ္မ်ားပါ ရဲတြတ္လာသည္။ သူ က်ိဳးရွန႔္မင္ကိုယ္ေပၚတြင္ ထိုင္ေနရာမွ ဆင္းလိုက္ၿပီး က်ိဳးရွန႔္မင္၏ မ်က္ႏွာကိုၾကၫ့္ရန္ ရွက္ရြံ႔ေနခဲ့ေသာေၾကာင့္ အိမ္စီးဖိနပ္မ်ားကို ငံု႔ၾကၫ့္ရင္းျဖင့္သာ​ေျပာလိုက္သည္။
"ဒါဆို ကၽြန္ေတာ္ေရခ်ိဳးေတာ့မယ္"

က်ိဳးရွန႔္မင္လည္း ထိုင္ေနရာမွထလိုက္ၿပီး
"ေရခ်ိဳးၿပီးရင္ ကိုယ့္အေမကို ဖုန္းေခၚဖို႔မေမ့နဲ႔ေနာ္"

ထုန္ရန႔္က အနည္းငယ္ မရွင္းမလင္းျဖစ္သြားဟန္ျဖင့္ေမာ့ၾကၫ့္လာသည္။ က်ိဳးရွန႔္မင္က အိပ္ယာေပၚတြင္ခ်ထားေသာ ထုန္ရန္႔၏ ဖုန္းကို ေကာက္ယူလိုက္ၿပီး screenကိုျပကာ
"မင္းခုနက ငိုေနတုန္း သူမင္းကို ဖုန္းေခၚထားတယ္"

"သူေခၚတာကို ျမင္လိုက္တာလား…ဘာလို႔ ကၽြန္ေတာ့ကိုမေျပာတာလဲ" ထုန္ရန႔္က က်ိဳးရွန႔္မင္လက္ထဲကဖုန္းကိုယူကာ missed callႏွစ္ခုကိုၾကၫ့္လိုက္ရင္း ေျပာလိုက္သည္။

ငိုေနလို႔ ေခ်ာ့ေနတာေတာင္ မၿပီးေသးေသာ္လည္း သူ႔ကိုအျပစ္တင္လာျပန္သည္။ စိတ္ဆိုးေနဟန္ျဖင့္ အျပစ္တင္ေနတဲ့ ထုန္ရန႔္က သူ႔ကိုယ္သူ ဘယ္လိုျမင္မလဲ မသိႏိုင္ေပမယ့္ က်ိဳးရွန႔္မင္ မ်က္လံုးထဲတြင္ေတာ့ လက္သည္းထုတ္ျပေနေသာ ေၾကာင္ေပါက္ေလးတစ္ေကာင္ထက္မပိုေပ။ လက္သည္း ၫွပ္ခံထားရသၫ့္ ေၾကာင္ေပါက္ေလးႏွင့္ေတာင္ ပို၍တူေသးသည္။

က်ိဳးရွန႔္မင္၏စိတ္ထဲတြင္ အေတြးမ်ားစံု​ေန ေသာ္လည္း မ်က္ႏွာကေတာ့ တည္ၿငိမ္ေသာအမူအရာျဖင့္
"တကယ္လို႔ မင္းကငိုထားတဲ့ မ်က္လံုးရဲရဲႀကီးေတြနဲ႔ ဖုန္းကိုင္လိုက္ရင္ ကိုယ့္အေမက ကိုယ္မင္းကို အႏိုင္က်င့္ေနတယ္ထင္သြားရင္ဘယ္လိုလုပ္မလဲ"

သူဘာလို႔ ထုန္ရန႔္ ငိုတာကိုပဲ ခဏခဏ ထပ္တလဲလဲ ေျပာေနတာလဲ။ ထုန္ရန႔္မေက်မနပ္ျဖင့္ ဖုန္းကို က်ိဳးရွန႔္မင္လက္ထဲသို႔ ပစ္ေပါက္ေပးလိုက္ၿပီး ေရခ်ိဳးခန္းထဲသို႔သာ ေဆာင့္ေဆာင့္ေအာင့္ေအာင့္ ဝင္သြားသည္။

သူေရခ်ိဳးခန္းထဲကထြက္လာေတာ့ က်ိဳးရွန႔္မင္အခန္းထဲမွာ မရိွေတာ့ေခ်။ သို႔ေသာ္ မထြက္သြားခင္ ျပတင္းေပါက္လည္းပိတ္ေပးခဲ့ကာ လိုက္ကာလည္း ခ်ေပးခဲ့သည္။ အခန္းမီးမ်ားလည္း ဖြင့္ေပးခဲ့ၿပီး သူ႔အတြက္ အပူေပးစက္ပါ တစ္ခါတည္းဖြင့္ေပးခဲ့ေသးသည္။ အစ္ကိုရွန႔္မင္က တကယ္ကိုေကာင္းတဲ့လူပဲဟု ထုန္ရန႔္ေနာက္တစ္ေခါက္ေတြးမိျပန္သည္။

အတန္ၾကာငိုလိုက္ၿပီးေနာက္ ခုနကေလာက္ သိပ္မခံစားရပါေတာ့ေခ်။ အိမ္ကိုခဲြရလို႔ ဝမ္းနည္းတဲ့ခံစားခ်က္ေရာ က်ိဳးရွန႔္မင္ေရ႔ွမွာ မထိန္းႏိုင္လို႔ငိုမိတာေရာ ဘာပဲျဖစ္ျဖစ္ ေရခ်ိဳးစဉ္က ေရႏြေးေနြးေလးမ်ားႏွင့္အတူ ေမ်ာပါသြားၿပီျဖစ္ကာ ငိုလိုက္ရ၍ အနည္းငယ္ အိပ္ခ်င္စိတ္သာ က်န္ေတာ့သည္။

ဆံပင္ေလမႈတ္ရင္းျဖင့္ အိပ္ရာဆီသို႔ လမ္းေလ်ာက္သြားကာ ညအိပ္မီးအိမ္စင္ေပၚတြင္ တင္ထားေသာ လြယ္အိတ္အလြတ္ကို တစ္ခ်က္ၾကၫ့္လိုက္သည္။ မ်က္လံုးမ်ားမွာ အနည္းငယ္ ဝါးေနဆဲျဖစ္ေသာ္လည္း မနက္အတြက္ မစီစဉ္ခင္ လင္ယဲြ႔ဟြာကို ဖုန္းေခၚရန္ဆံုးျဖတ္လိုက္သည္။

ဖုန္းက အားကုန္ခါနီးျဖစ္ေနေသာေၾကာင့္ tabletျဖင့္သာေခၚလိုက္သည္။ လင္ယဲြ႔ဟြာက ခ်က္ခ်င္း ဖုန္းကိုင္လိုက္ကာ
"ထုန္ထုန္?"

"ေတာင္းပန္ပါတယ္ အန္တီ၊ ကၽြန္ေတာ့ဖုန္းကို silentလုပ္ထားေတာ့ ဖုန္းေခၚတာမသိလိုက္မိဘူး"

ဒါသူလိမ္လိုက္တာဟုေျပာ၍မရပါ။ အခ်က္အလက္အနည္းငယ္ကို ဖံုးကြယ္ထားျခင္းသာျဖစ္သည္။

လင္ယဲြ႔ဟြာက ရယ္ေမာလ်က္ျဖင့္ဆို၏။
"ရပါတယ္ကြယ္၊ အန္တီလည္း ခဏအလုပ္နားလို႔ ဖုန္းေခၚလိုက္တာ၊ ၿပီး​ေတာ့ မင္းမနက္ျဖန္ေက်ာင္းတတ္ရမွာလို႔ မင္းက မင္းရဲ့အစ္ကိုရွန႔္မင္ကိုေျပာတာကိုလည္း အန္တီသတိရလိုက္တာမို႔လို႔ အဲ့အေၾကာင္းလည္းေမးမလို႔ေပါ့။ မနက္ျဖန္အတြက္ ျပင္ဆင္ၿပီးၿပီလား။ တစ္ခုခုေပ်ာက္တာမ်ိဳးရိွလား"

ထုန္ရန႔္: "မနက္ျဖန္ေက်ာင္းေရာက္မွ စာအုပ္ေတြအကုန္ ေက်ာင္းကထုတ္ေပးလိမ့္မယ္။ လိုအပ္တဲ့documentနည္းနည္း ယူသြားရံုပါပဲ။ က်န္တာကအဆင္ေျပပါတယ္"

"ေကာင္းတာေပါ့ကြယ္။ အဲ့မွာေနရတာေရာ ေတာ္ေတာ္ေလးအသားက်ေနၿပီလား။ အခ်ိန္ရိွရင္ အန္တီတို႔၏ ညစာလာစားပါလား။ မင္းႀကိဳက္တာဘာမဆို အန္တီခ်က္ကၽြေးမွာေပါ့"

ထုန္ရန႔္ : "ဟုတ္ကဲ့ အန္တီ"

လင္ယဲြ႔ဟြာက ေခတၲရပ္သြား​ၿပီး videoထဲမျွမင္ေနရသၫ့္ ထုန္ရန႔္ေနာက္ကိုၾကၫ့္ကာ
"ခုတင္ေဘးက စားပဲြေပၚကဘာႀကီးလဲ"

ထုန္ရန႔္က သူညအိပ္မီးအိပ္တင္ထားသည့္ စင္ကိုေသခ်ာျမင္ႏိုင္ရန္ ကင္မရာကို တစ္ခ်က္ ၫွိလိုက္ၿပီး
"ကၽြန္ေတာ့ ေက်ာင္းလြယ္အိတ္ေလ"

"အိုး…"လင္ယဲြ႔ဟြာကဆိုလာ၏။ "က်ိဳးရွန႔္မင္တစ္ေယာက္ လြယ္အိတ္ဘယ္ႏွအိတ္ေတာင္ ဝယ္ထားတာပါလိမ့္?ဒီတစ္ခုက သူအန္တီ့ကို ျပဖူးတဲ့ဟာေတြနဲ႔မတူဘူး…တံဆိပ္ေတာင္မတူဘူး"

"ဟင္?" ထုန္ရန႔္ အနည္းငယ္ ေၾကာင္သြားရသည္။
"အစ္ကိုရွန႔္မင္က ကၽြန္ေတာ့အတြက္ ေက်ာင္းလြယ္အိတ္ဝယ္ထားတာလား"

လင္ယဲြ႔ဟြာ​က ျပန္ေတြးရင္းျဖင့္
"အရင္အပတ္ ဘယ္ေန့ကပါလိမ့္…ထားပါေတာ့။ သူကအန္တီ့ကို လြယ္အိတ္ပံုေတျြပၿပီး ဘာဝယ္ရင္ေကာင္းမလဲ လာေမးတယ္ေလ။ အစက အန္တီေတာင္ သူဘာလို႔ ေက်ာင္းလြယ္အိတ္ဝယ္ေနတာလဲဆိုၿပီးေတြးေနတာ။ ေနာက္ဆံုးမွသူက မင္းေနာက္အပတ္ တနဂၤလာေန့ကစၿပီး ေက်ာင္းတတ္ရမယ္ဆိုတဲ့အေၾကာင္းေျပာျပလာတာေလ"

"သူကအန္တီ့ကိုေမးရံုပဲေမးခဲ့တာ။ သိပ္မၾကာခင္တုန္းက အန္တီ အိတ္ဆိုင္တစ္ဆိုင္ေရာက္ေတာ့ ဆိုင္ရွင္ကအန္တီ့ကိုဘာေျပာျပတယ္ထင္လဲ" လင္ယဲြ႔ဟြာက တစ္ခုခုကိုေတြးကာရယ္ေမာရင္းျဖင့္ေျပာလာသည္။ "က်ိဳးရွန႔္မင္က သူ႔တစ္သက္နဲ႔သူ ဒီလိုမ်ိဳး တစ္ခါမီမဝယ္ဖူးဘူးေလ။ အဲ့ေတာ့ လက္ေအာက္ငယ္သားတစ္ေယာက္ကို ကေလးတစ္ေယာက္အတြက္ ေက်ာင္းလြယ္အိတ္ဝယ္ခိုင္းတယ္တဲ့။ အဲ့ေတာ့  ဆိုင္ရွင္ကလည္း လြယ္အိတ္ပံုစံ တခ်ိဳ႕နဲ႔ နမူနာပံုစံေတြကို ရံုးကိုသြားပို႔ရတယ္တဲ့ေလ။ သူကေျပာေသးတယ္တဲ့…သူ႔တစ္သက္ လြယ္အိတ္ပံုစံေတြဒီေလာက္မ်ားလိမ့္မယ္လို႔ေတြးေတာင္မေတြးဖူးဘူးတဲ့။ ၿပီး​ေတာ့ အကုန္ဝယ္မယ္လို႔ေတာင္ေျပာလို႔ ဆိုင္ရွင္က ဒီေလာက္အမ်ားႀကီးဝယ္ဖို႔မလိုအပ္ပါဘူးဆိုၿပီး brand ေကာင္းေကာင္းတခ်ိဳ႕က္ိုပဲ ဝယ္ဖို႔ေျပာခဲ့ရပါတယ္တဲ့ေလ။ သူေရြးၿပီးမွ အန္တီ့ကို ဘာကေကာင္းလဲလာေမးတာပဲ"

"အိုး…" ထုန္ရန႔္တစ္ေယာက္ ဘာဆက္ေျပာရမလဲ မသိျဖစ္သြားသည္။ "ကၽြန္ေတာ္ အစ္ကို႔ကို ေနာက္မွ ေမးၾကၫ့္လိုက္ပါ့မယ္"

"သူအိမ္ျပန္ေရာက္ေနၿပီလား"

"ဟုတ္"

"ဒါဆိုဘာလို႔ တစ္ခန္းထဲတူတူရိွမေနၾကတာလဲ…သူမင္းကို အရင္ကလဲ အဲ့လိုပဲ ဂရုမစိုက္ဘူးလား" လင္ယဲြ႔ဟြာကေမးလိုက္သည္။

ထိုအခါ ထုန္ရန႔္အျမန္ရွင္းျပလိုက္ရ၏။
"မဟုတ္ပါဘူး…ခုနကေလးတင္ ကၽြန္ေတာ့ကိုလာၾကၫ့္သြားပါတယ္။ ကၽြန္ေတာ္ေရခ်ိဳးေတာ့ အစ္ကိုလည္း အျပင္ျပန္ထြက္သြားတာ"

"ေကာင္းတယ္ ေကာင္းတယ္။ အစ္ကိုရွန႔္မင္က နည္းနည္းေျပာရဆိုရခက္တယ္ထင္ရေပမဲ့ မၾကမ္းတမ္းပါဘူး။ ၿပီး​ေတာ့ မင္းကိုလည္း ေတာ္ေတာ္ေလး ဂရုစိုက္ရွာပါတယ္" လင္ယဲြ႔ဟြာက ဖုန္းမ်က္ႏွာျပင္မွတဆင့္ သူ႔ကိုၾကင္ၾကင္နာနာၾကၫ့္လာၿပီး "အစတည္းက သူကမင္းကို သူ႔အိမ္မွာလာေနဖို႔နဲ႔ ေသခ်ာဂရုစိုက္ေပးပါ့မယ္ဆိုၿပီး ကတိေပးခဲ့တာေလ။ အဲ့ေတာ့ သူေသခ်ာေပါက္တာဝန္ေက်မွာပါ။ တကယ္လို႔ မင္းမွာ ပူပန္ရတာေတြရိွရင္ သူ႔ကိုလည္းေျပာျပဖို႔ရွက္ေနတယ္ဆိုရင္၊ ၿပီး​ေတာ့ မင္းအစ္ကိုနဲ႔ အေဖကလည္း အလုပ္ရႈပ္တဲ့ဘူေတြဆိုေတာ့ တစ္ခုခုဆို အန္တီ့ကို ေျပာျပလို႔ရတယ္ေနာ္"

လင္ယဲြ႔ဟြာက သူငိုထားေၾကာင္းရိပ္မိသြားသည္ကို ထုန္ရန႔္ သတိထားမိလိုက္သည္။
သူေခါင္းညိတ္လိုက္ရင္းျဖင့္ "ကၽြန္ေတာ္ေျပာပါ့မယ္"

"ကိုကိုက မင္းကို အႏိုင္မက်င့္ဘူးမလား"

"တစ္ခါမွ အႏိုင္မက်င့္ပါဘူး။ ကၽြန္ေတာ့အေပၚ အရမ္းေကာင္းပါတယ္"

လင္ယဲြ႔ဟြာက ထုန္ရန႔္၏ လိမၼာေသာပံုစံကို သေဘာက်ဟန္ျဖင့္ ပို၍ေတာင္ ေတာက္ေတာက္ပပ ႃပံုးလိုက္သည္။

အနည္းငယ္ ထပ္၍ စကားေျပာၾကၿပီးေနာက္ လင္ယဲြ႔ဟြာက "ဒါဆို မင္းလည္း ေစာေစယနားေတာ့ေလ၊ အန္တီမေနွာင့္ယွက္ေတာ့ပါဘူး"

တစ္ေယာက္ႏွင့္တစ္ေယာက္ ႏႈတ္ဆက္ၿပီးေနာက္ ထုန္ရန႔္ tabletကို ခ်လိုက္ကာ မနက္ျဖန္အတြက္ လြယ္အိတ္ျပင္ရန္ စတင္လိုက္သည္။

လိုတာေတြအကုန္ကထၫ့္ၿပီးသား အသင့္ပင္။ သတိေပးကဒ္ကလည္း လြယ္အိတ္တြင္ ခ်ိတ္ထားၿပီးျဖစ္သည္။ က်ိဳးရွန႔္မင္ လက္မွတ္ထိုးေပးရမယ့္ စာရြက္အခ်ိဳ႕သာ အျပင္မွာ က်န္ေတာ့သည္။

လက္ထပ္ၿပီးတည္းက က်ိဳးရွန႔္မင္က ထုန္ရန႔္၏ အုပ္ထိန္းသူျဖစ္လာသည္။ ထို႔ေၾကာင့္ ေက်ာင္းမွတ္တမ္းတြင္ အုပ္ထိန္းသူေနရာ၌ က်ိဳးရွန႔္မင္၏ အမည္က အလိုအေလ်ာက္ေျပာင္းလဲၿပီးသားျဖစ္သည္။ သို႔ျဖစ္ရာ ေနာက္ပိုင္းတြင္ အုပ္ထိန္းသူထံသို႔ သတင္းေပးပို႔မႈမွာ က်ိဳးရွန႔္မင္ထံသို႔ တိုက္ရိုက္ ပို႔ေတာ့မည္ျဖစ္သည္။

ထုန္ရန႔္တစ္ေယာက္ က်ိဳးရွန႔္မင္ကို သြားရွာရန္ျပင္ေနစဉ္ က်ိဳးရွန႔္မင္က တံခါးေခါက္လာ၏။ ဒီတစ္ခါေတာ့ စားပဲြေပၚတြင္ အုန္းႏို႔ပူပူေလးႏွင့္ အာလူးေထာင္းတစ္ခြက္ကို သယ္လာၿပီး သြားတင္လိုက္ေသာ ရြမ္ေကြ့ပါ ေဘးတြင္ ပါလာသည္။

က်ိဳးရွန႔္မင္က အိပ္ရာေဘးကိုေလ်ွာက္လာၿပီး ထုန္ရန႔္ကိုငံု႔ၾကၫ့္ကာေမးလိုက္သည္။
"ထပ္မငိုထားဘူးမလား"

ထုန္ရန႔္ အလ်င္အျမန္ ျငင္းလိုက္သည္။
"ကၽြန္ေတာ္ အဲ့ေလာက္ အငိုမသန္ပါဘူး…ပံုမွန္ဆို မငိုပါဘူး"

က်ိဳးရွန႔္မင္က သူ႔ အိပ္ရာေပၚတြင္ဝင္ထိုင္လိုက္ရင္း
"လြန္ခဲ့တဲ့ ႏွစ္ရက္က ေက်ာင္းက e-mailပို႔တယ္။ ဒီေန့ မင္းျပန္လာၿပီဆို​ေတာ့ အခုတူတူဖတ္ၾကတာေပါ့"

ေက်ာင္းဖြင့္ခါနီးတိုင္း အုပ္ထိန္းသူမ်ားထံသို႔ပို႔ေသာ e-mailဆိုတာ ထုန္ရန႔္သိထားၿပီးျဖစ္သည္။ ေက်ာင္းဖြင့္ေၾကာင္း အေၾကာင္းၾကားစာ ျဖစ္ၿပီး ေက်ာင္းႏွင့္အတူ ပူးေပါင္းရန္ ေတာင္းဆိုျခင္းျဖစ္သည္။ သို႔ေသာ္ ယခင္က ထုန္လိခ်င္ႏွင့္ ထုန္ရန္းက ႏႈတ္ျဖင့္သာ အသိေပးခဲ့ၾကၿပီး ေသခ်ာ ဂရုမစိုက္ေပးႏိုင္ၾကပါ။

"ကၽြန္ေတာ္…"

"ဖုန္းေပး" က်ိဳးရွန႔္မင္က ေျပာလိုက္သည္။

"အစ္ကို ကၽြန္ေတာ္ ေက်ာင္းစည္းကမ္းလိုက္နာပါ့မယ္" ထုန္ရန႔္က မေပးခ်င္ပံုျဖင့္ အနည္းငယ္ ရုန္းကန္ရန္ႀကိဳးစားလိုက္သည္။

"ဖုန္းေပး" က်ိဳးရွန႔္မင္က ထပ္ေျပာလာ၏။ "မင္းရဲ့ screen timeနဲ႔ website browsing လိုအပ္ခ်က္ေတြကို ငါ ကန႔္သတ္ဖို႔လိုတယ္ေလ"

ထုန္ရန႔္ စိတ္ပ်က္လက္ပ်က္ျဖင့္ ဖုန္းကမ္းေပးလိုက္သည္။

သူကေပးခ်င္လို႔ေပးတာေတာ့မဟုတ္ဘူးေလ။ သူ႔အမူအရာကို က်ိဳးရွန႔္မင္ကလည္ူ ျမင္ျဖစ္ေအာင္ျမင္ပါသည္။ သို႔ေသာ္ က်ိဳးရွန႔္မင္ ကိုယ္တိုင္လည္း စိတ္ရႈပ္သြားရသည္။ သူက ေက်ာင္း၏ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာေနရံုသာျဖစ္သည္။ "ေက်ာင္းသားေတြရဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ အာမခံခ်က္ေတြကို နားမေယာင္မိပါေစနဲ႔။ ဒါကို ေသခ်ာမွတ္ထားေပးပါ" ဟု ၫႊန္ၾကားခ်က္ထဲမွာ ေျပာထားသည္။ သို႔ေသာ္ သူႏွင့္ ထုန္ရန႔္အၾကားတြင္ ဤသို႔ လုပ္ရျခင္းမွာ အနည္းငယ္ထူးဆန္းေနသလိုပင္။ လုပ္သာလုပ္ရေသာ္လည္း စိတ္ထဲတြင္ သက္ေသာင့္သက္သာမျဖစ္ပါေခ်။

ဖုန္းထဲတြင္ ျပင္စရာရိွတာျပင္ၿပီးေသာအခါ ထုန္ရန႔္ထံသို႔ ဖုန္းျပန္ေပးလိုက္သည္။ ထုန္ရန႔္ က စူပုပ္ပုပ္ျဖစ္ေနဆဲပင္ျဖစ္ေသာ္လည္း အလြန္အကၽြံေတာ့ မေဖာ္ျပပါေပ။

ဖုန္းျပန္ယူၿပီးေနာက္ "ေက်းဇူးတင္ပါတယ္" ဟုပင္ျပန္ေျပာလာေသး၏၊

"စိတ္ဆိုးသြားသလား" က်ိဳးရွန႔္မင္က ဆက္၍သည္းမခံႏိုင္ေတာ့ပဲ ေမးလိုက္သည္။

"မဆိုးပါဘူး" ထုန္ရန႔္ ဖုန္းထဲတြင္ ဘာမ်ား ေျပာင္းသြားသလဲၾကၫ့္ရင္းျဖင့္ ေျဖလိုက္သည္။ က်ိဳးရွန႔္မင္က သူ႔ကိုေမးလာသည္ကိုၾကားေသာအခါ ေခါင္းေမာ့ၾကၫ့္လာ၍
"ဒီလိုကိစၥမ်ိဳးက ကၽြန္ေတာ္ စိတ္ဆိုးလို႔မွမရတာ၊ အစ္ကိုက အစ္ကိုလုပ္ရမယ့္ဟာကို လုပ္တာပဲေလ"

ထုန္ရန႔္က ဉာဏ္ေကာင္းလွပါသည္။ သို႔ေသာါ ဤသို႔ေျဖလိုက္ျခင္းက က်ိဳးရွန႔္မင္စိတ္ထဲတြင္ သူ႔ကို ထုန္ရန႔္စိတ္ပ်က္သြားၿပီဟု အေတြးဝင္လာ၏။

က်ိဳးရွန႔္မင္က မသိမသာျဖင့္ အနည္းငယ္တြန္းအားေပးသကဲ့သို႔ျဖစ္သြားၿပီး
"မင္းက စိတ္မဆိုးသင့္တာလား၊ မင္းကိုယ့္ကိုစိတ္မဆိုးတာလား"

"ကၽြန္ေတာ္စိတ္မဆိုးပါဘူး"

သို႔ေသာ္ ထုန္ရန႔္က ေျပာေနရင္းျဖင့္ ေခတၲ ရပ္သြားၿပီးမွ
"အစ္ကိုက ကၽြန္ေတာ့ကို ဒီထက္ပိုၿပီး နည္းနည္းေလးျဖစ္ျဖစ္ ယံုလိမ့္မယ္လို႔ထင္ထားတာ…ကၽြန္ေတာ့ကို ယံုၾကည္မယ္လို႔ေလ။ ကၽြန္ေတာ္က ေက်ာင္းစည္းကမ္းလိုက္နာပါမယ္လို႔ေျပာရင္ ေသခ်ာေပါက္ကၽြန္ေတာ္ စည္းကမ္းမေဖာက္ဘူးဆိုတာကို ယံုမယ္လို႔ထင္တာ"

ယံုၾကည္မႈအေၾကာင္းေျပာလာေသာအခါ ထူန္ရန႔္ကိစၥမ်ားအားလံုးကို websiteမွ Q&Aမ်ားျဖင့္သာ အကုန္ေျဖရွင္းႏိုင္မည္မဟုတ္ေၾကာင္း က်ိဳးရွန႔္မင္ သတိထားမိသြားသည္။

ထုန္ရန႔္မွာ လူပ်ိဳေဖာ္ဝင္စ ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္ပင္ျဖစ္ေသာ္လည္း သူသည္ ေကာင္းေကာင္းမြန္မြန္ကို ႀကီးျပင္းလာခဲ့သည္။ သူ႔အရြယ္ ကေလးေတာ္ေတာ္မ်ားမ်ားထက္လည္း ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ႏိုင္သည္။

ဆယ္ေက်ာ္သက္တိုင္း ျပႆနာကိုယ္စီရိွၾကေသာ္လည္း ထုန္ရန႔္၏ ျပႆနာမွာ တျခားကေလးမ်ားကဲ့သို႔ အင္တာနက္စဲြလမ္းမႈ ဒါမွမဟုတ္ မဟုတ္မမွန္လိမ္ညာေျပာဆိုျခင္းလည္း မဟုတ္ပါေပ။ ထို႔ေၾကာင့္ သူလည္း ထုန္ရန႔္ကို သင္ျပဖို႔ ပံုစံခြက္ထဲက နည္းလမ္းေတြအတိုင္း အားလံုးလိုက္မသံုးသင့္ေပ။

ေက်ာင္းတတ္ရမည္မွာ ထုန္ရန႔္ျဖစ္ေသာ္လည္း က်ိဳးရွန႔္မင္မွာ သူကိုယ္တိုင္က စာေမးပဲြေျဖရေတာ့မၫ့္ ေက်ာင္းသားတစ္ေယာက္ကဲ့သို႔ခံစားလိုက္ရသည္။ အနည္းငယ္ ပ်ာယာလ်က္။ ပထမဆံုးအခ်က္မွာတင္ ထုန္ရန႔္က စိတ္ထဲသိပ္မထားေသာေၾကာင့္ အေျခအေနမဆိုးသြားျခင္းပင္။

အဆံုးတြင္ေတာ့ သူက ထုန္ရန႔္ကို သူ႔ေဒါသကို မျမင္ေစခ်င္သၫ့္ လူႀကီးတစ္ေယာက္သာျဖစ္သည္။ ထို႔ေနာက္ ဆက္လက္၍ ႏွစ္ဦးသား ေက်ာင္းစည္းကမ္းမ်ားကို ဖတ္ၾကသည္။

ေနာက္ဆံုးပိတ္အေနျဖင့္ ထုန္ရန႔္၏ ကာယ အတန္းကို ပ်က္ရသၫ့္ အေၾကာင္းျပခ်က္စာတြင္ လက္မွတ္ထိုးလိုက္သည္။ ထို႔ေနာက္ ထုန္ရန႔္က ရုတ္တရက္ ေမးလာသည္။
"အစ္ကို ကၽြန္ေတာ့အတြက္ ေက်ာင္းလြယ္အိတ္ဝယ္ထားေသးတာလား"

"ဘာလို႔ေမးတာလဲ" က်ိဳးရွန႔္မင္ လက္မွတ္ထိုးေနရင္း တုန႔္ဆိုင္းသြား၏။ လက္မွတ္ထိုးၿပီးေနာက္  မတ္မတ္ ျပန္ထိုင္လိုက္ကာ မျငင္းပဲ ဆက္ေျပာလာသည္။
"မင္းမွာ ရိွၿပီးၿပီမလား"

"အန္တီ ေျပာျပတာ" ထုန္ရန႔္ ေတာက္ေတာက္ပပႃပံုးျပလိုက္ကာ
"ေက်းဇူးတင္ပါတယ္ အစ္ကို"

က်ိဳးရွန႔္မင္စိတ္ထဲတြင္ သူႃပံုးလိုက္တိုင္း မ်က္ဝန္းမ်ားက လျခမ္းေကြးပံုစံ ေကြးသြားတာကို ျမင္လိုက္ေသာအခါ ထုန္ရန႔္ကေတာ္ေတာ္ ခ်စ္ဖို႔ေကာင္းတာပဲဟု ေတြးလိုက္မိသည္။

"ကၽြန္ေတာ့ကို အဲ့လြယ္အိတ္ေပးပါလား၊ အဲ့ဒါကိုသံုးမယ္ေလ ဟိုအိတ္မသံုးေတာ့ဘူး"

က်ိဳးရွန႔္မင္က ထုန္ရန႔္ ဤသို႔ေျပာလာလိမ့္မည္ဟု မထင္မွတ္ထားေသာေၾကာင့္ ေခတၲမ်ွ ေၾကာင္အမ္းအမ္း စိုက္ၾကၫ့္ေနၿပီးမွ "ရတာေပါ့…မင္းဖို႔ဝယ္ထားတာပဲေလ"

သူတို႔ ကားဂိုေထာင္ဆီသို႔ လမ္းေလ်ာက္လာခဲ့ၾကၿပီး ေသာၾကာေန့က ထုန္ရန႔္ကို သူလိုက္ပို႔ခဲ့ေသာ ကား၏ ေနာက္ခန္းကို ဆဲြမဖြင့္လိုက္သည္။ ဘာ့ေၾကာင့္မွန္းမသိေသာ္လည္း သူစကား ပလႅင္ခံလိုက္မိသည္။
"ေသာၾကာေန့က မင္းေက်ာင္းျပန္တတ္ရမယ့္အထိန္းအမွတ္နဲ႔ မင္းကို ညစာလိုက္ကၽြေးဖို႔ စီစဉ္ထားတာ အစက"

ကားထဲတြင္ လြယ္အိတ္တစ္လံုးတည္းသာမက ပစၥည္းထၫ့္သၫ့္ ေနရာ၏ေအာက္ေျခတြင္ လြယ္အိတ္သံုးလံုး ႏွင့္ ထုပ္ပိုးထားေသာ အိတ္အႀကီးႀကီး တစ္ခုလည္းရိွေပသည္။ ထုန္ရန႔္ဖြင့္ၾကၫ့္လိုက္ေသာအခါ ထိုအိတ္ထဲတြင္ မွတ္စုစာအုပ္မ်ား ေဘာပင္မ်ား စသည္ျဖင့္ ေက်ာင္းသံုး ပစၥည္းအစံုအလင္ရိွေပသည္။

က်ိဳးရွန႔္မင္ သူ႔ကို အိမ္စာ ဘယ္ေလာက္မ်ားမ်ား လုပ္ေစခ်င္ေနတာလဲ။

မဟုတ္ေသးပါဘူး။ ထုန္ရန႔္ ေနာက္ဆံုး စာအုပ္ထဲတြင္ အိမ္စာေရး၍ ထပ္ရသည္မွာ သံုးတန္းတုန္းကလား ေလးတန္းတုန္းကလား…က်ိဳးရွန႔္မင္ဝယ္လာေသာ ဤစာအုပ္မ်ားမွာ ျဖစ္ႏိုင္တာက ရံုးမ်ား လုပ္ငန္းမ်ားတြင္သာ သံုးၾကေတာ့သည္။

ထုန္ရန႔္စကားမေျပာသည္ကို ျမင္ေသာအခါ က်ိဳးရွန႔္မင္က "ကိုယ္မွားဝယ္ခဲ့လို႔လား"

ထုန္ရန႔္ ခက္ခက္ခဲခဲ ျပန္ေျဖလိုက္သည္ "မဟုတ္ပါဘူး"

ေက်ာင္းသံုးစာအုပ္ေတြအပံုလိုက္ျမင္ၿပီး လန႔္တာေျပရံုပဲရိွေသးသည္။ မေမ်ွာ္လင့္ပဲ လြယ္အိတ္ တံဆိပ္ကို အၾကၫ့္ေရာက္သြားေသာအခါ ႏွလံုးခုန္ပါရပ္မတက္ပင္။ တစ္လံုးကို ဘယ္ေလာက္မ်ားေပးရလိမ့္မလဲ စဉ္းစားရင္ လင္ယဲြ႔ဟြာေျပာသြားသၫ့္စကားကို အမွတ္ရသြားသည္။
"သူကအကုန္လံုးကို ဝယ္မယ္လို႔ေတာင္ေျပာတာ"

ထုန္ရန႔္ ေမ့ေတာင္ေမ့လဲခ်င္လာသည္။

ေငြေၾကာင့္ဟု အထူးတလည္ေျပာ၍ မရေသာ္လည္း က်ိဳးရွန႔္မင္က သူ႔ကိုစိတ္ရႈပ္ေထြးေအာင္လုပ္ေနသလိုပင္။

မ်ားေသာအားျဖင့္ သူသည္ အလြန္ရင့္က်က္ေသာ လူႀကီးတစ္ေယာက္ႏွင့္ တူမွန္းမသိတူေနေသာ္လည္း ထုန္ရန္႔ အျမင္တြင္ က်ိဳးရွန႔္မင္သည္ တစ္ခါတစ္ေလေတာ့ လူႀကီးမ်ားႏွင့္ မတူပဲ အနည္းကယ္ ရွက္ျပာျပာႏွင့္ ဟုထင္ရသည္။ က်ိဳးရွန႔္မင္က သူ႔ဘဝေတြေတြ့ဖူးေသာ လူႀကီးမ်ားျဖစ္သၫ့္ ထုန္လိခ်င္၊ ထုန္ရန႔္ သို႔မဟုတ္ ေက်ာင္းရိွ ဆရာမ်ားႏွင့္ မတူပဲ အနည္းငယ္ေတာ့ ထူးျခားပါသည္။

ထုန္ရန႔္စိတ္ထဲတြင္ က်ိဳးရွန႔္မင္က အနည္းငယ္ ရွက္ျပာျပာႏိုင္ေသာ္လည္း ႏွစ္သက္ဖြယ္ေကာင္းသၫ့္ ပံုစံျဖင့္ ရွက္ျပာျပာႏိုင္ျခင္းပင္။

"သေဘာက်လား" က်ိဳးရွန႔္မင္က ေမးလာသည္။

"သေဘာက်တယ္" ထုန္ရန႔္လည္း ျပန္ေျဖလိုက္၏။

•°•°•°•°•°•°•°•°•°•°•°•°•

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

1.9M 121K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
283K 10.2K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
280K 21.1K 40
မင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် (Own Creation) Started Date 10.1.2022 Ended Date 18.5.2022 မင္းကိုခ်စ္တယ္ခ်စ္ပုံ...