Unicode
"ကျန်းအကိုကြီး...ရေပိုက်က ဘာဖြစ်တာလဲမသိဘူး ရေမကျ...အား! ! ! ဘယ်သူကြီးလဲ"
သူကပြောပြောဆိုဆိုနဲ့ ဆပ်ပြာမြှုတ်ဖွှေးေဖွှးတွေပေနေတဲ့လက်နဲ့ပဲ ခန္ဓာကိုယ်ကို ကမန်းကတန်း ကာလိုက်မိသည်။ မိမိခန္ဓာကိုယ်မဟုတ်ပါသော်ငြား လက်ရှိကျန်းကျယ်ဟန့်ရဲ့ခန္ဓာ
ကိုယ်ကိုလဲ တခြားအမျိုးသမီးရဲ့မျက်လုံးထဲ အချိန်ခဏလေးတောင် ေပးမကြည့်နိုင်ပါ။ ထို့ကြောင့် သူက ဧည့်ခန်းက လူသုံးယောက်ကို ကျောပေးကာရပ်လိုက်ပြီး မတိုင်မီက စကားကို နောက်တစ်ကြိမ်ထပ်ပြောပါ၏။
"ရေပိုက်....ရေမလာတော့လို့"
"ငါအခုလာခဲ့မယ် မင်းအထဲအရင်ပြန်ဝင်နှင့်လိုက်....အန်တီ ကျွန်တော် တံခါးရှေ့ထိ လိုက်ပို့မယ်နော်"
ကျန်းကျယ်ဟန့်ရဲ့ စကားသံကိုကြားတော့မှ ပြူးပြူးပြဲပြဲဖြစ်နေခဲ့တဲ့စပ်စုစိန်အဒေါ်ကြီးလဲ အသိဝင်လာပြီး အင်းအင်းအဲအဲလုပ်တော့သည်။
ကျန်းကျယ်ဟန့်က တံခါးကိုဖွင့်ပေးလိုက်ပြီး သူမကိုအခန်းပြင်ထွက်စေလိုက်၏။ သူမကတော့ စပ်စုကြောပြတ်သေးပုံမပေါ်ပါချေ။ ပြုံးပြနှုတ်ဆက်ပြီး တံခါးပြန်ပိတ်တော့မည့် ကျန်းကျယ်ဟန့်ထံ သူမက ခပ်လောလောအမေးဆိုပါ၏။
"သားနာမည်က ကုန်းကျွင့်မဟုတ်လား"
ကျန်းကျယ်ဟန့်က စိတ်ထဲကနေ မကျေမချမ်းရေရွတ်မိလိုက်ပေမဲ့ နှုတ်ကနေတော့ 'ဟုတ်ကဲ့'ဟုသာ ခေါင်းငြိမ့်ရင်းဖြေမိလိုက်သည်။ ဒီအမျိုးသမီး တော်တော်ကြီးကို လွန်နေပြီမဟုတ်ပါလား။ အရင်ကလိုသာဆို လူမုန်းခံပြီး ဘုကလန့်တွေချည်းသာ ပြောပစ်မိမည်ဖြစ်ပေမဲ့ အခုအခြေအနေက အရင်ကနဲ့ကွာခြားနေသည်မို့ စကားတောင်သိပ်မမှားရဲ။
ထိုအမျိုးသမီးက တအံ့တဩမျက်နှာနဲ့
ဇဝေဇဝါစကားကိုဆိုလာသည်။
"ခုနတုန်းက ဟိုကလေးဆီကနေ သားကို ကျန်းမျိုးရိုးနဲ့ လှမ်းခေါ်လိုက်တာကြားမိလိုက်တယ်...သားက ကုန်းမျိုးရိုးမဟုတ်ဘူးလား"
"ကျန်းမျိုးရိုးနဲ့ ခေါ်လိုက်တာလား...
မဟုတ်ပါဘူး အန်တီနားကြားလွဲတာဖြစ်မှာပါ..ကျွန်တော်တောင်မကြားမိဘူး"
သူက ကိုးရို့ကားယားပြုံးကာဆိုလိုက်တော့ စပ်စုစိန်အဒေါ်ကြီးက မယုံသက် ာဖြင့် ကြည့်လာသေး၏။
"နားကြားလွဲတယ်လား...သေချာပေါက်
ကျန်းအကိုကြီးလို့ခေါ်လိုက်တာပါ"
"အဲဒါဆို အန်တီ..နောက်မှပဲထပ်ပြီး
စကားပြောကြတာပေါ့နော်..ကျွန်တော် ရေပိုက်သွားကြည့်ရဦးမှာမို့လို့"
"အေးအေး နောက်ရက်လာလည်ဦးမယ်
နော်"
တံခါးပိတ်ချလိုက်ပြီးသည်အထိ ခပ်သဲ့
သဲ့ကြားလိုက်ရတဲ့ အဒေါ်ကြီးရဲ့စကား
သံကြောင့် ကျန်းကျယ်ဟန့်က မျက်နှာ
ကိုမဲ့လိုက်မိသည်။
"ဟူး...တော်တော်စပ်စုလိုက်တဲ့အဒေါ်ကြီး"
.
"ရေပိုက်က တစ်ခုခုပိတ်နေတာလားဘာလား...ေရကဒီလိုတတောက်
တောက်ပဲကျတော့တယ်"
ရေစိုရက်နဲ့နေတာ အချိန်ကြာနေခဲ့တာကြောင့် ချမ်းစိမ့်စပြုလာတဲ့ကုန်းကျွင့်က မေးရိုက်သံနဲ့ စကားဆိုလိုက်သည်။
ကျန်းကျယ်ဟန့်က အမှန်အတိုင်းဝန်ခံရလျှင် သူလဲဘာမှရေရေရာရာမလုပ်တတ်ပါချေ။ ထို့ကြောင့် ပိုက်ပြင်ဆရာကိုဖုန်းဆက်ခေါ်ရုံအပြင် တခြားရွေး
ချယ်စရာမရှိတော့။ သူက ရေချိုးခန်းကနေ ပြန်ထွက်ဖို့ဦးတည်လိုက်ချိန် အခန်းဝကနေ အထဲကိုအကဲခတ်နေတဲ့ စန်းလင်အာ့ကိုတွေ့လိုက်ရသည်။
"အဲဒါက ပျက်သွားတာလား"
မတုိင်မီကာလအတွင်းမှာ စန်းလင်အာ့က သူတို့မျက်စိရှေ့မှာတင် ရုပ်ရှင်ဆန်ဆန်လုပ်ရပ်တွေကို လုပ်ပြခဲ့ဖူးသည်မဟုတ်ပါလား။ ထပ်ပေါင်းပြောရပါလျှင် ဒင်းလေးက ဘယ်ဂြိုလ်ကမှန်းမသိ ရောက်လာတဲ့ ဂြိုလ်သားတစ်ကောင်ဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်တစ်ချို့က လူသားတွေနဲ့ တစ်နည်း
တစ်ဖုံကွာခြားနေနိုင်သည်။ ကုန်းကျွင့်က ထိုအချက်တွေကို တစ်စက်မျှ မမေ့လျော့သေးပါ။ သူက စန်းလင်အာ့ထံ စကားဆိုလိုက်သည်။
"မင်းပြန်ပြင်နိုင်မလား...တစ်ချက်လာ
ကြည့်ကြည့်ဦး"
သို့ပေမဲ့လဲ စန်းလင်အာ့က ရေမရောတဲ့
ဂြိုလ်သားစစ်စစ်လေးမို့ ရေပိုက်ကိုတောင် သေချာမမြင်ဖူးရှာဘဲ ဟိုကိုင်
ဒီကိုင် ဟိုကြည့်ဒီကြည့်သာ လုပ်ပေးနိုင်
ပါ၏။ ဂြိုလ်သားက ဂြိုလ်သား ပိုက်ပြင်သမားက ပိုက်ပြင်သမား..သက်
သက်စီမို့ နောက်ဆုံးတော့ ကုန်းကျွင်ရော ကျန်းကျယ်ဟန့်ရောက စန်းလင်အာ့ကို ဧည့်ခန်းသာ ပြန်လွှတ်လိုက်ရပြီး ပိုက်ပြင်သမားကို ခေါ်ရတဲ့ကိန်းဆိုက်တော့သည်။
"မင်းခေါင်းကဆပ်ပြာတွေကို ဘေစင်ကရေနဲ့ပဲဖြစ်ဖြစ် ဆေးလိုက်တော့...
အရမ်းကြာနေရင် နေမကောင်းဖြစ်လိမ့်
မယ်...ငါ့ခန္ဓာကိုယ်က နေမကောင်းဖြစ်ပြီဆို အချိန်အရမ်းကြာတတ်တယ်"
ကိုယ်တိုင်ကလဲ အရမ်းချမ်းနေပြီမို့
ကုန်းကျွင့်က နာခံစွာနဲ့ပဲ မီးဖိုခန်းဘေစင်ဆီ ထွက်သွားလိုက်တော့သည်။
.
.
.
"ဟတ်ချိုး!"
မနက်ခင်းလေးက ကုန်းကျွင့်ရဲ့နှာချေသံနဲ့ စတင်ခဲ့သည်။ ဧည့်ခန်းဆိုဖာပေါ်မှာ အိပ်နေတဲ့စန်းလင်အာ့က အသံကြောင့် ချက်ချင်းကုန်းရုန်းထလိုက်ပြီး ကုန်းကျွင့်ရဲ့အခန်းဆီဝင်ခဲ့လိုက်သည်။ မနက်စောစော ရေချိုးလေ့ရှိတဲ့ ကျန်းကျယ်ဟန့်ကတော့ အခုချိန် ရေချိုးခန်းထဲမှာပဲ ရှိနေလိမ့်ဦးမည်ဖြစ်သည်။
စောင်ခြုံထဲကွေးနေတဲ့ ကုန်းကျွင့်က
နှာတရှုံ့ရှုံ့နဲ့ မျက်လုံးတွေကိုမှိတ်လို့ထား၏။ မျက်ခုံးတွေကို ခပ်တင်းတင်းကျုံ့ထားပုံအရဆိုလျှင် ခေါင်းကိုက်ဝေဒနာပါ ခံစားနေရပြီဖြစ်ကြောင်းသိနိုင်သည်။ ဆံသားပျော့ခွေခွေတွေက ခေါင်းအုံးဖြူဖြူနဲ့ ပါးပြင်နုနုပေါ် ယှက်ခွေကျလို့နေ၏။ အမှတ်တမဲ့ကြည့်လိုက်ပါလျှင် စောင်ပုံထဲက အမွှေးပွ
ကြောင်လေးတစ်ကောင်နှင့်ပင် ဆင်တူလှေပသည်။
အိပ်ရာဘေးမှာ မတ်တပ်ဝင်ရပ်လိုက်ရုံ
နှင့်ပင် စန်းလင်အာ့က ကုန်းကျွင့်ရဲ့
ခန္ဓာကိုယ်က အပူချိန်ကို ခံစားမိနိုင်ပါ၏။ သူက စောင်ကိုလှန်ဖယ်လိုက်ပြီး ဘေးမှာအသာဝင်ထိုင်လိုက်သည်။ မျက်လုံးမဖွင့်နိုင်ပေမဲ့ တခြားသူရဲ့တည်ရှိမှုကိုခံစားမိတဲ့ ကုန်းကျွင့်က ဘေးကလူကို ကျန်းကျယ်ဟန့်လို့ ယူဆမိသွားပုံရ၏။ သူကခပ်တိုးတိုးညည်း
ညူလာတော့သည်။
"အိုက်ယား...ကျွန်တော်ခေါင်းတွေအရမ်းကိုက်နေတယ် ကျန်းအကိုကြီး"
"........"
စန်းလင်အာ့ကတော့ ကုန်းကျွင့်ရဲ့ခေါင်းဆီစူးစိုက်ကြည့်ရင်း နှုတ်ဆိတ်နေခဲ့သည်။
"ကျွန်တော် ခေါင်းတောင်မထူနိုင်တော့
ဘူး...ခင်ဗျားကျွန်တော့်ခေါင်းကို နည်းနည်းလောက် နှိပ်ပေးနိုင်မလား"
"........"
"ခင်ဗျားခန္ဓာကိုယ်အကြောင်း ခင်ဗျားသိသလို ကျွန်တော့်ခန္ဓာကိုယ်အကြောင်းလဲ ကျွန်တော်သိပါတယ်...
ကျွန်တော့်ရဲ့အဲဒီ့လက်တွေက ဟင်းချက်လဲကောင်းသလိုကိုက်ခဲတဲ့ဝေဒနာတွေကိုလဲ ရှင်းပေးနိုင်တဲ့ ဆေးလက်တွေဗျ...မားဆို ကိုယ်လက်ကိုက်ခဲတိုင်း ကျွန်တော့်ကိုနှိပ်ခိုင်းနေကျ"
"........."
"ကျွန်တော့်လက်နဲ့ ထိရင်ကို ရောဂါက
တစ်ဝက်လောက်သက်သာတာ"
"........."
"နော်...နှိပ်ပေးပါလား လောလောဆယ်
ကျွန်တော့်လက်တွေက ခင်ဗျားဆီရောက်နေတာလေ လုပ်ပါ ကျွန်တော်ခေါင်းတွေအရမ်းကိုက်နေလို့"
"........."
"ကျန်းအကိုကြီးရယ်...နှိပ်ပေးပါလို့
ကျွန်တော့်ကို သနားပါဦး"
ဖြောင်း! ! !
(ဟုတ်ပါတယ်...သင် ကြားတာမမှားပါဘူး...အဲဒါနဖူးကို ဖြတ်ရိုက်လိုက်တဲ့အသံပါ)
"အား! မင်း! စန်းလင်အာ့! ! !"
လက်သံပြောင်ပြောင်ကြောင့် နဖူးက
စပ်ဖြင်းလှတဲ့နာကျင်မှုနဲ့အတူ ဒေါသက ထောင်းခနဲ။
ကုန်းကျွင့်က နဖူးကိုကိုင်ရင်း မျက်လုံး
ဖွင့်လိုက်မိတော့ အပြစ်ကင်းတဲ့မျက်နှာ
ထားနဲ့ သူ့ကိုကြည့်နေပါသည့်စန်းလင်
အာ့ကို တွေ့လိုက်ရသည်။ မိမိနဖူးကိုရိုက်တဲ့ တရားခံကို မျက်စိရှေ့လက်ပူးလက်ကြပ်မိနေမှတော့...ထရိုက်ပစ်ဖို့ပဲ
လိုတော့သည်မဟုတ်ပါလား။ ကုန်းကျွင့်က လှဲနေရာကနေ ရှူးရှူးရှဲရှဲနဲ့ ထလိုက်တော့ စန်းလင်အာ့ကလဲ အလန့်တကြားဖြစ်သွားပြီး ခပ်ဝေးဝေးကိုနောက်
ဆုတ်လိုက်မိသည်။
"မင်း!...နေမကောင်းတဲ့လူကိုလာရိုက်ရ
လား...မင်းရဲ့ဂြိုလ်ကိုမင်းပြန်မေ့သွား
တဲ့အထိ ငါပြန်ရိုက်ပြမယ် အဲ့နားမှာပဲနေ..မပြေးနဲ့"
စန်းလင်အာ့က သူ့အန္တရာယ်သူမသိ
လောက်အောင်အထိ တုံးအ မနေတာမို့...အခန်းထဲကနေ ချက်ချင်းကိုပြေးထွက်ပါတော့သည်။
"ကျွန်တော့်ကို ဘာမှမလုပ်ပါနဲ့...လူကြီးမင်း အထင်လွဲနေပြီ"
ညဝတ်အက်ျီအပြာစင်းကိုဝတ်ရင်း...
ပျော့ပျောင်းနေသည့်တိုင် အိပ်ရာထခါစမို့ ပုံမကျပန်းမကျဖြစ်လို့နေပါသည့် ဆံပင်ကေနဲ့ ဒေါသပုန်ထနေတဲ့ကုန်းကျွင့်က စန်းလင်အာ့ကို ရိုက်ရဖို့အရေး အပီအပြင်ကြိုးပမ်းလို့နေသည်။
ဧည့်ခန်းဆိုဖာတွေပေါ် တက်နင်းရင်း
လိုက်ရတဲ့အခါလဲရှိသလို...။
ကျန်းကျယ်ဟန့်ရဲ့ mannequinကို သုံးလေးခါလောက် ဝိုင်းကြီးပတ်ပတ်ဒူ
ဝေဝေလှည့်ရင်း မမောတမ်းပြေး လိုက်
ရတဲ့အခါလဲ ရှိပါ၏။
သို့ပေမဲ့ သူသတိမထားမိဘဲ မေ့လျော့နေခဲ့သည့်အရာတစ်ခုရှိနေသည်။
.
"ဘာတွေဖြစ်နေကြတာလဲ"
ရေမိုးချိုးပြီးလို့ အဝတ်အစားသေသေ
သပ်သပ်လဲပြီးသွားတဲ့ ကျန်းကျယ်ဟန့်
က စိုထိုင်းထိုင်းဆံစတွေကို သဘက်တစ်ထည်နဲ့ ပွတ်သုတ်ရင်း သူ့ရဲ့အခန်းထဲက ထွက်လာသည်။ အခန်းပြင်ရောက်တော့မကြီးမငယ်နှင့် တဒုန်းဒုန်းပြေးလွှားနေပါသည့် ကုန်းကျွင့်နဲ့ စန်းလင်အာ့ကိုမြင်ပြီး အမေးမဆိုဘဲမနေနိုင်တော့ပေ။ ဒင်းလေးတို့က သူ့အိမ်ကို ကစားကွင်းလို့များ ထင်မှတ်နေကြလေသလား။
*******************************
Thanks for reading
Please vote & comment!
မနေ့က updateပျက်ကွက်သွားမိလို့
စောင့်နေတဲ့သူလေးတွေကို တကယ်အားနာမိပါတယ်...မနက်ဖြန်ကျရင် အပိုင်းဆက်လေးကို ပုံမှန်အတိုင်း
updateပေးပါ့မယ်နော်
စန်းလင်အာ့လေးကို ချစ်ပေးကြတဲ့သူ
တစ်ယောက်ချင်းစီတိုင်းကို တကယ်ကျေးဇူးတင်ပါတယ်ရှင့်
Stay strong💪💙💙
Zawgyi
"က်န္းအကိုႀကီး...ေရပိုက္က ဘာျဖစ္တာလဲမသိဘူး ေရမက်...အား! ! ! ဘယ္သူႀကီးလဲ"
သူကေျပာေျပာဆိုဆိုနဲ႕ ဆပ်ပြာမြှုတ်ဖွှေးေဖွှးတွေပေနေတဲ့လက်နဲ့ပဲ ခႏၶာကိုယ္ကို ကမန္းကတန္း ကာလိုက္မိသည္။ မိမိခႏၶာကိုယ္မဟုတ္ပါေသာ္ျငား လက္ရွိက်န္းက်ယ္ဟန့္ရဲ႕ခႏၶာ
ကိုယ္ကိုလဲ တျခားအမ်ိဳးသမီးရဲ႕မ်က္လုံးထဲ အခ်ိန္ခဏေလးေတာင္ ေပးမကြည့်နိုင်ပါ။ ထို႔ေၾကာင့္ သူက ဧည့္ခန္းက လူသုံးေယာက္ကို ေက်ာေပးကာရပ္လိုက္ၿပီး မတိုင္မီက စကားကို ေနာက္တစ္ႀကိမ္ထပ္ေျပာပါ၏။
"ေရပိုက္....ေရမလာေတာ့လို႔"
"ငါအခုလာခဲ့မယ္ မင္းအထဲအရင္ျပန္ဝင္ႏွင့္လိုက္....အန္တီ ကြၽန္ေတာ္ တံခါးေရွ႕ထိ လိုက္ပို႔မယ္ေနာ္"
က်န္းက်ယ္ဟန့္ရဲ႕ စကားသံကိုၾကားေတာ့မွ ျပဴးျပဴးၿပဲၿပဲျဖစ္ေနခဲ့တဲ့စပ္စုစိန္အေဒၚႀကီးလဲ အသိဝင္လာၿပီး အင္းအင္းအဲအဲလုပ္ေတာ့သည္။
က်န္းက်ယ္ဟန့္က တံခါးကိုဖြင့္ေပးလိုက္ၿပီး သူမကိုအခန္းျပင္ထြက္ေစလိုက္၏။ သူမကေတာ့ စပ္စုေၾကာျပတ္ေသးပုံမေပၚပါေခ်။ ၿပဳံးျပႏႈတ္ဆက္ၿပီး တံခါးျပန္ပိတ္ေတာ့မည့္ က်န္းက်ယ္ဟန့္ထံ သူမက ခပ္ေလာေလာအေမးဆိုပါ၏။
"သားနာမည္က ကုန္းကြၽင့္မဟုတ္လား"
က်န္းက်ယ္ဟန့္က စိတ္ထဲကေန မေက်မခ်မ္းေရ႐ြတ္မိလိုက္ေပမဲ့ ႏႈတ္ကေနေတာ့ 'ဟုတ္ကဲ့'ဟုသာ ေခါင္းၿငိမ့္ရင္းေျဖမိလိုက္သည္။ ဒီအမ်ိဳးသမီး ေတာ္ေတာ္ႀကီးကို လြန္ေနၿပီမဟုတ္ပါလား။ အရင္ကလိုသာဆို လူမုန္းခံၿပီး ဘုကလန့္ေတြခ်ည္းသာ ေျပာပစ္မိမည္ျဖစ္ေပမဲ့ အခုအေျခအေနက အရင္ကနဲ႕ကြာျခားေနသည္မို႔ စကားေတာင္သိပ္မမွားရဲ။
ထိုအမ်ိဳးသမီးက တအံ့တဩမ်က္ႏွာနဲ႕
ဇေဝဇဝါစကားကိုဆိုလာသည္။
"ခုနတုန္းက ဟိုကေလးဆီကေန သားကို က်န္းမ်ိဳးရိုးနဲ႕ လွမ္းေခၚလိုက္တာၾကားမိလိုက္တယ္...သားက ကုန္းမ်ိဳးရိုးမဟုတ္ဘူးလား"
"က်န္းမ်ိဳးရိုးနဲ႕ ေခၚလိုက္တာလား...
မဟုတ္ပါဘူး အန္တီနားၾကားလြဲတာျဖစ္မွာပါ..ကြၽန္ေတာ္ေတာင္မၾကားမိဘူး"
သူက ကိုးရို႔ကားယားၿပဳံးကာဆိုလိုက္ေတာ့ စပ္စုစိန္အေဒၚႀကီးက မယုံသက္ ာျဖင့္ ၾကည့္လာေသး၏။
"နားၾကားလြဲတယ္လား...ေသခ်ာေပါက္
က်န္းအကိုႀကီးလို႔ေခၚလိုက္တာပါ"
"အဲဒါဆို အန္တီ..ေနာက္မွပဲထပ္ၿပီး
စကားေျပာၾကတာေပါ့ေနာ္..ကြၽန္ေတာ္ ေရပိုက္သြားၾကည့္ရဦးမွာမို႔လို႔"
"ေအးေအး ေနာက္ရက္လာလည္ဦးမယ္
ေနာ္"
တံခါးပိတ္ခ်လိဳက္ၿပီးသည္အထိ ခပ္သဲ့
သဲ့ၾကားလိုက္ရတဲ့ အေဒၚႀကီးရဲ႕စကား
သံေၾကာင့္ က်န္းက်ယ္ဟန့္က မ်က္ႏွာ
ကိုမဲ့လိုက္မိသည္။
"ဟူး...ေတာ္ေတာ္စပ္စုလိုက္တဲ့အေဒၚႀကီး"
.
"ေရပိုက္က တစ္ခုခုပိတ္ေနတာလားဘာလား...ေရကဒီလိုတတောက်
ေတာက္ပဲက်ေတာ့တယ္"
ေရစိုရက္နဲ႕ေနတာ အခ်ိန္ၾကာေနခဲ့တာေၾကာင့္ ခ်မ္းစိမ့္စျပဳလာတဲ့ကုန္းကြၽင့္က ေမးရိုက္သံနဲ႕ စကားဆိုလိုက္သည္။
က်န္းက်ယ္ဟန့္က အမွန္အတိုင္းဝန္ခံရလွ်င္ သူလဲဘာမွေရေရရာရာမလုပ္တတ္ပါေခ်။ ထို႔ေၾကာင့္ ပိုက္ျပင္ဆရာကိုဖုန္းဆက္ေခၚ႐ုံအျပင္ တျခားေ႐ြး
ခ်ယ္စရာမရွိေတာ့။ သူက ေရခ်ိဳးခန္းကေန ျပန္ထြက္ဖို႔ဦးတည္လိုက္ခ်ိန္ အခန္းဝကေန အထဲကိုအကဲခတ္ေနတဲ့ စန္းလင္အာ့ကိုေတြ႕လိုက္ရသည္။
"အဲဒါက ပ်က္သြားတာလား"
မတုိင်မီကာလအတွင်းမှာ စန္းလင္အာ့က သူတို႔မ်က္စိေရွ႕မွာတင္ ႐ုပ္ရွင္ဆန္ဆန္လုပ္ရပ္ေတြကို လုပ္ျပခဲ့ဖူးသည္မဟုတ္ပါလား။ ထပ္ေပါင္းေျပာရပါလွ်င္ ဒင္းေလးက ဘယ္ၿဂိဳလ္ကမွန္းမသိ ေရာက္လာတဲ့ ၿဂိဳလ္သားတစ္ေကာင္ျဖစ္ၿပီး သူ႕ရဲ႕စြမ္းေဆာင္ရည္တစ္ခ်ိဳ႕က လူသားေတြနဲ႕ တစ္နည္းတစ္ဖုံကြာျခားေနနိုင္သည္။ ကုန္းကြၽင့္က ထိုအခ်က္ေတြကို တစ္စက္မွ် မေမ့ေလ်ာ့ေသးပါ။ သူက စန္းလင္အာ့ထံ စကားဆိုလိုက္သည္။
"မင္းျပန္ျပင္နိုင္မလား...တစ္ခ်က္လာ
ၾကည့္ၾကည့္ဦး"
သို႔ေပမဲ့လဲ စန္းလင္အာ့က ေရမေရာတဲ့
ၿဂိဳလ္သားစစ္စစ္ေလးမို႔ ေရပိုက္ကိုေတာင္ ေသခ်ာမျမင္ဖူးရွာဘဲ ဟိုကိုင္ဒီကိုင္ ဟိုၾကည့္ဒီၾကည့္သာ လုပ္ေပးနိုင္ပါ၏။ ၿဂိဳလ္သားက ၿဂိဳလ္သား ပိုက္ျပင္သမားက ပိုက္ျပင္သမား..သက္သက္စီမို႔ ေနာက္ဆုံးေတာ့ ကုန္းကြၽင္ေရာ က်န္းက်ယ္ဟန့္ေရာက စန္းလင္အာ့ကို ဧည့္ခန္းသာ ျပန္လႊတ္လိုက္ရၿပီး ပိုက္ျပင္သမားကို ေခၚရတဲ့ကိန္းဆိုက္ေတာ့သည္။
"မင္းေခါင္းကဆပ္ျပာေတြကို ေဘစင္ကေရနဲ႕ပဲျဖစ္ျဖစ္ ေဆးလိုက္ေတာ့...
အရမ္းၾကာေနရင္ ေနမေကာင္းျဖစ္လိမ့္
မယ္...ငါ့ခႏၶာကိုယ္က ေနမေကာင္းျဖစ္ၿပီဆို အခ်ိန္အရမ္းၾကာတတ္တယ္"
ကိုယ္တိုင္ကလဲ အရမ္းခ်မ္းေနၿပီမို႔
ကုန္းကြၽင့္က နာခံစြာနဲ႕ပဲ မီးဖိုခန္းေဘစင္ဆီ ထြက္သြားလိုက္ေတာ့သည္။
.
.
.
"ဟတ္ခ်ိဳး!"
မနက္ခင္းေလးက ကုန္းကြၽင့္ရဲ႕ႏွာေခ်သံနဲ႕ စတင္ခဲ့သည္။ ဧည့္ခန္းဆိုဖာေပၚမွာ အိပ္ေနတဲ့စန္းလင္အာ့က အသံေၾကာင့္ ခ်က္ခ်င္းကုန္း႐ုန္းထလိုက္ၿပီး ကုန္းကြၽင့္ရဲ႕အခန္းဆီဝင္ခဲ့လိုက္သည္။ မနက္ေစာေစာ ေရခ်ိဳးေလ့ရွိတဲ့ က်န္းက်ယ္ဟန့္ကေတာ့ အခုခ်ိန္ ေရခ်ိဳးခန္းထဲမွာပဲ ရွိေနလိမ့္ဦးမည္ျဖစ္သည္။
ေစာင္ၿခဳံထဲေကြးေနတဲ့ ကုန္းကြၽင့္က
ႏွာတရႈံ႕ရႈံ႕နဲ႕ မ်က္လုံးေတြကိုမွိတ္
လို႔ထား၏။ မ်က္ခုံးေတြကို ခပ္တင္းတင္းက်ဳံ႕ထားပုံအရဆိုလွ်င္ ေခါင္းကိုက္ေဝဒနာပါ ခံစားေနရၿပီျဖစ္ေၾကာင္းသိနိုင္သည္။ ဆံသားေပ်ာ့ေခြေခြေတြက ေခါင္းအုံးျဖဴျဖဴနဲ႕ ပါးျပင္ႏုႏုေပၚ ယွက္ေခြက်လိဳ႕ေန၏။ အမွတ္တမဲ့ၾကည့္လိုက္ပါလွ်င္ ေစာင္ပုံထဲက အေမႊးပြ
ေၾကာင္ေလးတစ္ေကာင္ႏွင့္ပင္ ဆင္တူလွေပသည်။
အိပ္ရာေဘးမွာ မတ္တပ္ဝင္ရပ္လိုက္႐ုံ
ႏွင့္ပင္ စန္းလင္အာ့က ကုန္းကြၽင့္ရဲ႕
ခႏၶာကိုယ္က အပူခ်ိန္ကို ခံစားမိနိုင္ပါ၏။ သူက ေစာင္ကိုလွန္ဖယ္လိုက္ၿပီး ေဘးမွာအသာဝင္ထိုင္လိုက္သည္။ မ်က္လုံးမဖြင့္နိုင္ေပမဲ့ တျခားသူရဲ႕တည္ရွိမႈကိုခံစားမိတဲ့ ကုန္းကြၽင့္က ေဘးကလူကို က်န္းက်ယ္ဟန့္လို႔ ယူဆမိသြားပုံရ၏။ သူကခပ္တိုးတိုးညည္း
ၫူလာေတာ့သည္။
"အိုက္ယား...ကြၽန္ေတာ္ေခါင္းေတြအရမ္းကိုက္ေနတယ္ က်န္းအကိုႀကီး"
"........"
စန္းလင္အာ့ကေတာ့ ကုန္းကြၽင့္ရဲ႕ေခါင္းဆီစူးစိုက္ၾကည့္ရင္း ႏႈတ္ဆိတ္ေနခဲ့သည္။
"ကြၽန္ေတာ္ ေခါင္းေတာင္မထူနိုင္ေတာ့
ဘူး...ခင္ဗ်ားကြၽန္ေတာ့္ေခါင္းကို နည္းနည္းေလာက္ ႏွိပ္ေပးနိုင္မလား"
"........"
"ခင္ဗ်ားခႏၶာကိုယ္အေၾကာင္း ခင္ဗ်ားသိသလို ကြၽန္ေတာ့္ခႏၶာကိုယ္အေၾကာင္းလဲ ကြၽန္ေတာ္သိပါတယ္...ကြၽန္ေတာ့္ရဲ႕အဲဒီ့လက္ေတြက ဟင္းခ်က္လဲေကာင္းသလိုကိုက္ခဲတဲ့ေဝဒနာေတြကိုလဲ ရွင္းေပးနိုင္တဲ့ ေဆးလက္ေတြဗ်...မားဆို ကိုယ္လက္ကိုက္ခဲတိုင္း ကြၽန္ေတာ့္ကိုႏွိပ္ခိုင္းေနက်"
"........."
"ကြၽန္ေတာ့္လက္နဲ႕ ထိရင္ကို ေရာဂါက
တစ္ဝက္ေလာက္သက္သာတာ"
"........."
"ေနာ္...ႏွိပ္ေပးပါလား ေလာေလာဆယ္
ကြၽန္ေတာ့္လက္ေတြက ခင္ဗ်ားဆီေရာက္ေနတာေလ လုပ္ပါ ကြၽန္ေတာ္ေခါင္းေတြအရမ္းကိုက္ေနလို႔"
"........."
"က်န္းအကိုႀကီးရယ္...ႏွိပ္ေပးပါလို႔
ကြၽန္ေတာ့္ကို သနားပါဦး"
ေျဖာင္း! ! !
(ဟုတ္ပါတယ္...သင္ ၾကားတာမမွားပါဘူး...အဲဒါနဖူးကို ျဖတ္ရိုက္လိုက္တဲ့အသံပါ)
"အား! မင္း! စန္းလင္အာ့! ! !"
လက္သံေျပာင္ေျပာင္ေၾကာင့္ နဖူးက
စပ္ျဖင္းလွတဲ့နာက်င္မႈနဲ႕အတူ ေဒါသက ေထာင္းခနဲ။
ကုန္းကြၽင့္က နဖူးကိုကိုင္ရင္း မ်က္လုံး
ဖြင့္လိုက္မိေတာ့ အျပစ္ကင္းတဲ့မ်က္ႏွာထားနဲ႕ သူ႕ကိုၾကည့္ေနပါသည့္စန္းလင္အာ့ကို ေတြ႕လိုက္ရသည္။ မိမိနဖူးကိုရိုက္တဲ့ တရားခံကို မ်က္စိေရွ႕လက္ပူးလက္ၾကပ္မိေနမွေတာ့...ထရိုက္ပစ္ဖို႔ပဲလိုေတာ့သည္မဟုတ္ပါလား။ ကုန္းကြၽင့္က လွဲေနရာကေန ရႉးရႉးရွဲရွဲနဲ႕ ထလိုက္ေတာ့ စန္းလင္အာ့ကလဲ အလန့္တၾကားျဖစ္သြားၿပီး ခပ္ေဝးေဝးကိုေနာက္ဆုတ္လိုက္မိသည္။
"မင္း!...ေနမေကာင္းတဲ့လူကိုလာရိုက္ရ
လား...မင္းရဲ႕ၿဂိဳလ္ကိုမင္းျပန္ေမ့သြား
တဲ့အထိ ငါျပန္ရိုက္ျပမယ္ အဲ့နားမွာပဲေန..မေျပးနဲ႕"
စန္းလင္အာ့က သူ႕အႏၱရာယ္သူမသိ
ေလာက္ေအာင္အထိ တုံးအ မေနတာမို႔...အခန္းထဲကေန ခ်က္ခ်င္းကိုေျပးထြက္ပါေတာ့သည္။
"ကြၽန္ေတာ့္ကို ဘာမွမလုပ္ပါနဲ႕...လူႀကီးမင္း အထင္လြဲေနၿပီ"
ညဝတ္အက္်ီအျပာစင္းကိုဝတ္ရင္း...
ေပ်ာ့ေပ်ာင္းေနသည့္တိုင္ အိပ္ရာထခါစမို႔ ပုံမက်ပန္းမက်ျဖစ္လို႔ေနပါသည့္ ဆံပင္ေကနဲ႕ ေဒါသပုန္ထေနတဲ့ကုန္းကြၽင့္က စန္းလင္အာ့ကို ရိုက္ရဖို႔အေရး အပီအျပင္ႀကိဳးပမ္းလို႔ေနသည္။
ဧည့္ခန္းဆိုဖာေတြေပၚ တက္နင္းရင္း
လိုက္ရတဲ့အခါလဲရွိသလို...။
က်န္းက်ယ္ဟန့္ရဲ႕ mannequinကို သုံးေလးခါေလာက္ ဝိုင္းႀကီးပတ္ပတ္ဒူ
ေဝေဝလွည့္ရင္း မေမာတမ္းေျပး လိုက္
ရတဲ့အခါလဲ ရွိပါ၏။
သို႔ေပမဲ့ သူသတိမထားမိဘဲ ေမ့ေလ်ာ့ေနခဲ့သည့္အရာတစ္ခုရွိေနသည္။
.
"ဘာေတြျဖစ္ေနၾကတာလဲ"
ေရမိုးခ်ိဳးၿပီးလို႔ အဝတ္အစားေသေသ
သပ္သပ္လဲၿပီးသြားတဲ့ က်န္းက်ယ္ဟန့္
က စိုထိုင္းထိုင္းဆံစေတြကို သဘက္တစ္ထည္နဲ႕ ပြတ္သုတ္ရင္း သူ႕ရဲ႕အခန္းထဲက ထြက္လာသည္။ အခန္းျပင္ေရာက္ေတာ့မႀကီးမငယ္ႏွင့္ တဒုန္းဒုန္းေျပးလႊားေနပါသည့္ ကုန္းကြၽင့္နဲ႕ စန္းလင္အာ့ကိုျမင်ၿပီး အေမးမဆိုဘဲမေနနိုင္ေတာ့ေပ။ ဒင္းေလးတို႔က သူ႕အိမ္ကို ကစားကြင္းလို႔မ်ား ထင္မွတ္ေနၾကေလသလား။
*******************************
Thanks for reading
Please vote & comment!
မေန႕က updateပ်က္ကြက္သြားမိလို႔
ေစာင့္ေနတဲ့သူေလးေတြကို တကယ္အားနာမိပါတယ္...မနက္ျဖန္က်ရင္ အပိုင္းဆက္ေလးကို ပုံမွန္အတိုင္း
updateေပးပါ့မယ္ေနာ္
စန္းလင္အာ့ေလးကို ခ်စ္ေပးၾကတဲ့သူ
တစ္ေယာက္ခ်င္းစီတိုင္းကို တကယ္ေက်းဇူးတင္ပါတယ္ရွင့္
Stay strong💪💙💙