နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တ...

By _MyatHsu_

2M 195K 26.8K

Facing 1500 More

Intro
Hello
Epi_1
Epi_2
Epi_3
Epi_4
Epi_5
Epi_6
Epi_7
Epi_8
Epi_9
Epi_10
Epi_11
Epi_12
Epi_13
Epi_14
Epi_15
Epi_16
Epi_17
Epi_18
Epi_19
Epi_20
Epi_22
Epi_23
Epi_24
Epi_25
Epi_26
Epi_27
Epi_28
Epi_29
Epi_30
Epi_31
Epi_32
Epi_33
Epi_34
Epi_35
Epi_36
Next
One
Again
More
Everlasting
About MaHniYatWun
FAN ARTS
Thingyan Special
Extra
Valentine Special
Kindly Remind💟

Epi_21

36.3K 4.3K 1.4K
By _MyatHsu_

"ဖုန်းမကိုင်ဘူးလား"

"ဟုတ်။ အတန်းတက်​နေပြီလို့ စာပို့တယ်"

"ဒါဆို အိမ်ပြန်မလား"

"မပြန်​သေးဘူး။ ​ဆေးခန်းဘက်မှာသွားထိုင်​နေလိုက်မယ်။ အစ်ကိုလည်းအတန်းတက်ရမှာမလား"

"ကိုယ့်အတန်းက ၁၀နာရီမှပါ။ အခု ကန်တင်းသွားမှာ။ ကိုယ်နဲ့လိုက်ခဲ့"

"လိုက်လို့ရလား"

"ဘာမရစရာရှိလဲ"

ကိုထွဋ်ကိုထည့်မတွက်ရင် စီနီယာတန်းနဲ့လည်း ဇာမဏိရင်းနှီးပြီးသားပင်။ တကယ်တမ်း​တော့ ကိုထွဋ်ကိုလည်း ဖယ်ထားစရာမလို။ ဇာမဏိက ကျွန်​တော့်စိတ်နဲ့ပိတ်ထားတဲ့လျှို့ဝှက်တံခါးကို ဖွင့်မိခဲ့သူ သပ်သပ်ဖြစ်ရုံ။ ဒါက ကျွန်​တော့်နဲ့သာသက်ဆိုင်သည့်သီးခြားအခန်းငယ်။ ကန်တင်းထဲကို တွဲဝင်လာတဲ့ ကျွန်​တော်နဲ့ဇာမဏိကို ဦးဆုံးမြင်တာက ဖြိုး​လေး။

"​ဟေ့ အညာသား!"

ဦးကြိုနှုတ်ဆက်တာက စီနီယာ​အတန်း​ခေါင်း​ဆောင်။ တအံ့အသြ​ငေးကြည့်​နေရာက သတိဝင်သွားပုံရတဲ့ရဲဘုန်းကပဲ ​ခုံ​တွေဆွဲပြီး ​နေရာထိုင်ခင်းပြင်ဆင်​ပေးသည်။ ရဲဘုန်း​ဘေးလွတ်​နေတဲ့ခုံကိုဝင်လိုက်​တော့ ဇာမဏိက ကိုထွဋ်​ဘေးရောက်သွား၏။ ကန်တင်းထဲဝင်လာသည်မှအစ ထိုင်ခုံမှာထိုင်လိုက်သည့်အဆုံးထိ ကိုထွဋ်ကြည့်​နေတာ​တွေကို ကျွန်​တော် အပြုံး​ရေး​ရေးနဲ့တုန့်ပြန်လိုက်၏။ ကိုထွဋ်မျက်ခုံးတစ်ဖက်ပင့်တက်သွားပြီး ကျွန်​တော်ပြုံးလိုက်တာကို လှည့်ကြည့်တာက ဇာမဏိ။

"ကိုအညာသားက ဘယ်ကဘယ်လိုပါလာတာလဲ"

"မြတ်သူနဲ့အ​ဆောင်းဆီလိုက်လာတာ။ သူတို့က အတန်းတက်​နေပြီဆိုလို့"

"​​လာလိုက်တာ​ကောင်းတယ်။ ​ရောက်တုန်း ​အေး​ဆေး​နေကွာ။ ဘာမှာမလဲ မှာကြ​လေ။ မစားခဲ့ရ​သေးဘူးမလား"

စီနီယာ​ခေါင်း​ဆောင်က မီနူးကဒ်​တွေဆွဲပြီး ဇာမဏိ​နေထိုင်ရမခက်​အောင်ပြုမူ​နေ၏။

"ကျွန်​တော်တို့ စားခဲ့​သေးတယ်"

တစ်ဝိုင်းလုံးကအကြည့်​တွေ ကျွန်​တော့်ဆီ​ရောက်လာ၏။ ဘယ်ချိန်တည်းက ​တွေ့​နေကြလို့ နံနက်စာစားပြီးခဲ့တာလဲဆိုတာမျိုး ရဲဘုန်းအကြည့်​တွေကို ကျွန်​တော် မျက်စပစ်ပြလိုက်သည်။ ဇာမဏိတစ်​ယောက် စကား​တွေ​ရှောင်တိမ်း​ပေး​နေတာကို ကျွန်​တော်သိသည်။ ခုချိန်ထိ စကားတစ်ခွန်းမှဝင်မ​ပြော​သေးတဲ့ ကိုထွဋ်​ဘေးမှာ အ​နေကြပ်​နေတာကိုလည်း ကျွန်​တော်မြင်​နေရသည်။ ​ကျန်တဲ့လူ​တွေ သတိထားမိမှာမဟုတ်​ပေမယ့် ဒီလ​တွေအတွင်း ကျင့်သားရလာတဲ့ ဇာမဏိမျက်ဝန်း​တွေကို ကျွန်​တော်ဘာသာပြန်တတ်​နေ၏။ အ​နေကျဥ်းကြပ်​နေရတာ​တွေက ကျွန်​တော်တစ်​ယောက်နဲ့တင် လုံ​လောက်ပါပြီ။ ကျွန်​တော့်အတွက်က ထူးပြီး အသက်ရှုကြပ်​နေရတာမျိုးလို့ မထင်ရ​လောက်​အောင် အ​သွေးအသား​တွေထဲထိ ကျင့်သားရ​နေခဲ့ပြီးသား။ ကျွန်​တော့်အတွက်​ကြောင့်ဆို ဇာမဏိက ပို​တောင်မဖြစ်သင့်။

"လာရင်းနဲ့​လေ ဗိုက်ဆာလို့ဝင်စားခဲ့တာ။ ဇာမဏိအတွက် နို့တစ်ခွက်ပဲ ထပ်မှာ​ပေးလိုက်​တော့ ကို​ကျော်"

"အစ်ကို နို့ကဘာလုပ်ဖို့"

"မင်း​သောက်ဖို့​လေ"

"ဘာလို့ နို့"

"က​လေးက နို့​သောက်ရတယ်"

"ကျွန်​တော် က​လေးမဟုတ်ပါဘူး"

"ဘာမဟုတ်ရမှာလဲ။ ၁၈နှစ်ပြည့်ပြီးလို့လား"

"၆နှစ်မှ သူငယ်တန်းတက်တာ ၁၈နှစ်က ပြည့်ပြီးပြီ"

"ကိုယ်တို့နဲ့ဆို မင်းက​လေးပဲ အဲ့​တော့ သောက်ရမယ်"

ကျွန်​တော့်စကား​ကြောင့်ရှုံ့မဲ့မဲ့ဖြစ်သွားတဲ့ ဇာမဏိကိုဝိုင်းကြည့်ပြီး လက်ဖက်ရည်ဝိုင်းကရယ်သံ​တွေလွှမ်းလာသည်။ အတန်းမစခင် ​ကန်တင်းထဲ​ထပ်​ရောက်လာတာက စန္ဒာ​ဇော်ဝင်းတို့မိန်းက​လေးအဖွဲ့။

"ဟယ် ​ကြောင်လျှာသီး​မောင်​လေး ​ရောက်​နေတယ်"

အပြင်မှာသာ​တွေ့ခဲ့ရင် ​နယ်ပယ်မတူတဲ့ကျောင်းသားချင်းညီညွတ်ဖို့မလွယ်​ပေမယ့် ညီမ​လေးသူငယ်ချင်းအဖြစ်နဲ့လည်း ဇာမဏိက ကျွန်​တော်တို့ အတန်းကြီး​တွေကြားထဲ အငယ်​လေးလာဖြစ်​​နေသည်။ fund fair မှာတည်းက မျက်မှန်းတန်းမိထားတဲ့ စန္ဒာ​ဇော်ဝင်းက ကိုထွဋ်နဲ့ ဇာမဏိကြား ခုံတစ်လုံးဆွဲဝင်တိုးထိုင်သည်။ စန္ဒာ​ဇော်ဝင်းတို့ပါ​ရောက်လာတာမို့ ဝိုင်းက ပိုကျွတ်စံညံလာ၏။

"​နေ​သော် ကိုယ့်ဆီက lecture စာအုပ်ယူမလို့ဆို"

ဇာမဏိနဲ့ စန္ဒာ​ဇော်ဝင်းကို​ကျော်ပြီးထွက်လာတဲ့ ကိုထွဋ်အသံ။ ကျွန်​တော် ​ခေါင်းညိတ်ပြလိုက်တာနဲ့ ​နေရာက​နေ ထထွက်၏။ ဇာမဏိက ​​ကျောပိုးအိတ်ပင့်လွယ်လိုက်တဲ့ ကျွန်​တော့်ကို​ငေး​နေသည်။

"ကိုယ် တစ်ခါတည်း အတန်းတက်​တော့မှာ။ ရတယ်မလား"

"ကျွန်​တော် ဒီမှာပဲရှိ​နေမယ်"

"အို​ကေ။ အတန်းပြီးရင် ဖုန်းဆက်မယ်"

"ဘယ်တုန်းက အဲ့​လောက်ထိ ရင်းနှီးသွားကြတာလဲ"

ကန်တင်းကအထွက် ward ကိုဦးတည်တဲ့ ကျွန်​တော်နဲ့ကိုထွဋ်ရဲ့​ခြေလှမ်းတို့ ထပ်တူညီ​နေကြသည်။

"ဒီလိုပဲ။ ညီမ​လေးသူငယ်ချင်းဆို​တော့။ ကိုထွဋ် ​ပြောစရာရှိလို့လား"

"​ကိုယ်တို့က ပြောစရာရှိမှ ​ခေါ်ရမယ့်ဆက်ဆံ​ရေးဖြစ်​နေပြီလား ​နေ​သော်"

ကိုထွဋ်စကားက အ​အေးဓါတ်ပါသည်။ ကျွန်​တော့်အ​သွေးအသား​တွေထဲထိ စိမ့်​အေးသက်မှုမျိုးနဲ့ ထုံကျဥ်သွား၏။

"ကျွန်​တော်​ပြောတာ အဲ့သ​ဘောမဟုတ်ပါဘူး"

ရယ်သံ​တွေပီပြင်ရဲ့လား ကျွန်​တော်မသိ။

"​နေ​သော်​တောင် စိမ်းတတ်​နေပြီ"

ပြတ်ပြတ်​တောက်​တောက်​နေနိုင်တာ ဘယ်သူလဲလို့ ကျွန်​တော်လည်း​မေးကြည့်ချင်သည်။ အခု​တော့ မပီပြင်တဲ့အပြုံး​တွေကို နှုတ်ခမ်း​ပေါ်​ကောက်တင်ပြီး ရယ်သံ​တွေက ​ပျော်ရွှင်ခြင်းမဲ့၏။

"​နောက်ဆို ကျွန်​တော်တို့ တစ်နှစ်တစ်ခါ​တောင် ​တွေ့ဖြစ်ပါ့မလားမသိဘူး​။ ကိုထွဋ်က ဘွဲ့ရတာနဲ့ မန္တ​လေးပြန်မှာဆို​တော့"

ကိုထွဋ်မ​မေ့သင့်တဲ့အမှန်တရား​တွေ။ ​နောက်ပြီး ဒါက ကျွန်​တော့်ရင်ထဲအမြဲရှိ​နေတဲ့အကွာအ​ဝေး။ ward နဲ့ theatre ကို ခွဲထွက်တဲ့လမ်းဆုံမှာ မတိုင်ပင်ပါဘဲ နှစ်​ယောက်လုံး​ခြေစုံရပ်မိကြသည်။

"​နေ​သော် ကိုယ့်ကိုစိတ်ဆိုး​နေတာလား"

"ကျွန်​တော်က ဘာလို့။ မဆိုးပါဘူး ကိုထွဋ်ရ"

"​ကျောင်းပြီးရင် မန္တ​လေးလိုက်ခဲ့ပါလား"

​ ကျောပိုးအိတ်ကြိုးစတစ်ဖက်ကို ကျွန်​တော် အားကိုးတကြီးဖျစ်ညှစ်မိ၏။

"မန္တ​လေး Posting နဲ့"

"ကိုထွဋ်ပဲ ရန်ကုန်မှာဆက်​နေလို့မရဘူးလား"

"ကိုယ် အဖွားဆန္ဒကိုမငြင်းချင်ဘူး"

ရင်ဘတ်တစ်ခြမ်း​အောင့်မျက်သွားတဲ့​ဝေဒနာကို မသိကျိုးကျွံပြုဖို့ ကျွန်​တော် ​ခေါင်းငုံ့ရယ်လိုက်ရ၏။ သူ့မှာ​တော့ တာဝန်​တွေနဲ့ ကျွန်​တော်ကျ​တော့ မိသားစုကိုထားပစ်ခဲ့ဖို့...။

"ညီမ​လေးငယ်​သေးတယ် ကိုထွဋ်။ ကျွန်​တော် ရှိမှ။ မာမီလည်း အသက်ကြီးပြီ"

"တစ်ခါတစ်​လေလည်း ကိုယ့်ဆန္ဒကဘာလဲ ရှာ​ဖွေကြည့်ပါဦး ​နေ​သော်"

"ဖြစ်ချင်တာထက် ဖြစ်သင့်တာပဲလုပ်ရမယ်လို့ ကိုထွဋ် ​​ပြောဖူးတယ်မလား။ ကျွန်​တော် ကိုထွဋ်စကားနား​ထောင်ပါတယ်​"

Theatre ဘက်က ထွက်လာတဲ့ ပထမနှစ်​ကျောင်းသား​တွေ​ကြောင့် လမ်းဆုံက တခဏတာဆူညံသွား၏။ ​ခြေသံ​တွေ​နောက်မှာကပ်ပါသွားတဲ့ သက်ပြင်းချသံသဲ့သဲ့ကို ကျွန်​တော် ​မော့မကြည့်မိ။

"ကျွန်​တော် ဝင်​တော့မယ် ကိုထွဋ်"

"အင်း...။ ည​နေမှ​တွေ့မယ်"

​ကျောခိုင်းပြီးမှထွက်လာတဲ့နှုတ်ဆက်စကားကို ကျွန်​တော်တုံ့ပြန်ခြင်းမပြုနိုင်​တော့။ လမ်းခွဲတာမဟုတ်ဘဲ ဦးတည်ရာမတူ​တော့တဲ့ လမ်းဆုံက​နေ ကိုထွဋ်​ရော ကျွန်တော်​ရော ​နောက်လှည့်မကြည့်စတမ်း ​ကျောခိုင်းဖြစ်ကြ၏။

***********************************************

ဖုန်းဝင်​ပေမယ့် မကိုင်။ ကန်တင်း​ဘက်​ရောက်ခဲ့​ပေမယ့် မိန်းက​လေးတစ်​ယောက်၊ ​ယောက်ျား​လေးတစ်​ယောက်နဲ့ထွက်သွားသည်ဆို​တော့ အ​ဆောင်းနဲ့မြတ်သူလာ​ခေါ်သွားတာဖြစ်မည်။ ဒါဆို ရှာဖို့ကျန်တာ ward ထဲပဲရှိ​တော့သည်။ ​နေ့လယ်စာချိန်မို့ စင်္ကြံလမ်းက ရှင်းလင်းနေသည်။ practical ခန်း​တွေဘက် သွားဖို့လုပ်ပြီးမှ ရယ်သံ​တွေလျှံကျလာတဲ့ house surgeon ခန်းဘက်ကို ​ခြေလှမ်းလှည့်မိ၏။ pateint ခုံ​ပေါ်လှဲ​နေတဲ့ ဇာမဏိကို ငုံ့ကြည့်​နေတာက ကို​ကျော်။ အခန်း​ထောင့်မှာထိုင်​နေတဲ့ အ​ဆောင်းနဲ့မြတ်သူက ကျွန်​တော့်ကိုမြင်သွား၏။

"ကို​နေ​သော်..."

"အင်း ဘာလုပ်​နေကြတာလဲ"

"ဇာမဏိ သွားစွယ်ကိုတိ​ပေးမလို့"

"ကျစ်!"

ကျွန်​တော့်အသံ​ကြောင့် ကို​ကျော့်ပုခုံး​တွေပင်လှုပ်ခါသွားတာကို မြင်လိုက်ရသည်။

"အစ်ကို"

ဇာမဏိကို ငုံ့ကြည့်​နေရာက မတ်သွားတဲ့ကို​ကျော့်​ကြောင့် ဇာမဏိက ကျွန်​တော့်ကိုမြင်သွားသည်။

"ဘယ်သူတိခိုင်းတာလဲ"

ကျွန်​တော်ကိုယ်တိုင်​တောင်မထိန်းနိုင်ဘဲ အသံ​တွေမာကုန်သည်။ အ​ဆောင်းနဲ့မြတ်သူ ​နေရာကထလာ၏။

"ဟို ကို​နေ​သော်...အ​ဆောင်းတို့က"

ထမင်းစားပြန်လာသူ​တွေ​ဝင်လာတာ​ကြောင့် အ​ဆောင်းတို့စကားသံပြတ်သွားပြန်၏။

"ဒါဆိုလည်း လုပ်ကြ​လေ။ ကိုယ် ကန်တင်းသွားလိုက်ဦးမယ်။ ကို​ကျော် ကျွန်​တော် သွားပြီ"

"အစ်ကို...အစ်ကို ကျွန်​တော့်ကို​စောင့်ပါဦး"

"ဘာလဲ။ ​ပြောစရာရှိလို့လား"

​ခြေလှမ်း​တွေကိုအရှိန်မ​လျှော့ဘဲ သွား​နေတဲ့အတိုင်း ဇာမဏိတစ်​ယောက် ထပ်ကြပ်မကွာပါလာခဲ့သည်။

"အဲ့လို သွားကအစွယ်လိုချွန််​နေတာ မ​ကောင်းဘူး၊ ကြုံတုန်းတစ်ခါတည်းလုပ်ရင်လုပ်ဆိုတာနဲ့။ အစ်ကို မကြိုက်​လောက်ဘူးလို့ မစဥ်းစားလိုက်မိဘူး"

သိသိသာသာကြီးကိုပဲ ဇာမဏိကိုလျစ်လျူရှုထားလိုက်မိသည်။ ကျွန်​တော့်ကို​တောင် အသိမ​ပေးနိုင်ဘဲ လုပ်ရ​လောက်​အောင် ကျွန်​တော်တို့မရင်းနှီးခဲ့ဘူးလား။

"အစ်ကို!"

လက်ဖျံက​နေ လှမ်းဆွဲခံရတာမို့ လူက ​ရှေ့ဆက်မရ​တော့။ ကန်တင်းဘက်ကတက်လာတဲ့​ကျောင်းသား​တစ်သုတ်​ကြောင့် ဇာမဏိက ကျွန်​တော့်လက်ကိုမလွှတ်ဘဲ ကားပါကင်ဘက်ကို ချိုး​ကွေ့ပစ်သည်။

"ဘယ်လဲ ဇာမဏိ"

"အစ်ကို စိတ်ဆိုးသွားတယ်"

"ဖယ်စမ်းပါ!"

ကားပါကင်ဘက်က လူရှင်းတာမို့ ကျွန်​တော့်အသံကိုမထိန်းထားဖြစ်​တော့။

"ကျွန်​တော်ကိုယ်တိုင်လည်း အဲဒါက မလှဘူးထင်လို့။ အစ်ကို မကြိုက်ရင် မလုပ်​တော့ဘူး"

"ကိုယ် ကြိုက်စရာမလိုပါဘူး။ မင်းစိတ်နဲ့မင်း။ ဒီနယ်ပယ်ရဲ့ကျွမ်းကျင်သူတစ်​ယောက်လို့မသတ်မှတ်လို့​တောင် ကိုယ့်ကိုမ​​မေးခဲ့တာမလား"

"မဟုတ်တာ အစ်ကိုကလည်း။ အစ်ကို့ကို​မေးရ​လောက်​အောင် ကြီးကျယ်တဲ့ကိစ္စလို့လည်းမ​တွေးထားလို့ပါ"

"မသိဘူး။ ဖယ်​တော့"

"မဖယ်ဘူး။ အဲဒါကိုလည်း ဘယ်​တော့မှမလုပ်​တော့ဘူး။ အစ်ကိုစိတ်မဆိုးပါနဲ့"

"မဆိုးပါဘူး"

ကားနှစ်စီး​​ဘေးချင်းကပ်​နေတဲ့ကြားမျက်နှာချင်းဆိုင်ရပ်​နေကြတာမို့ ကျွန်​တော့်ထက် သိသိသာသာအရပ်မြင့်ချင်​နေတဲ့ ဇာမဏိဝင်သက်ထွက်သက်တို့က ကျွန်​တော့်မျက်နှာ​ပေါ်ပြန့်ကျဲကျ​နေသည်။ ရှပ်အနား​ကော်လံစွန်းတွေ​ပေါ် ဖြတ်​ပြေးလာတဲ့ ​မေလရဲ့​ပူတစ်ဝက်​အေးတစ်ဝက်​လေ​ပြေက ကျွန်​တော့်အနား​​ဝေ့ဝဲ​နေ၏။ ကျွန်​တော်သာ ​​ခြေတစ်လှမ်း​နောက်ကျခဲ့ရင် တိတိပပပုံသွင်းထားခြင်းခံရ​တော့မယ့် သွားစွယ်ချွန်တို့က နှုတ်ခမ်းပါးတို့ရဲ့ဖွင့်လှစ်မှု​အောက် လင်းလက်​နေကြသည်။ ပျိုမျစ်နုငယ်မှု၊ ကြည်လင်သန့်ရှင်းမှုတို့က အပြုံးရဲ့​နောက်ဆက်တွဲ ဝိ​သေသပုဒ်​တွေလို။

"​နောက်ဆို ဘာလုပ်လုပ် အစ်ကို့ကို​မေးမယ်"

ဆံပင်​တွေကိုခါပစ်ရင်း ကျွန်​တော်ရယ်​မောလိုက်၏။ ​ဒေါသဆိုတာမျိုး​တွေ ကျွန်​တော့်ကိုယ်​ပေါ်မြူတစ်မှုန်စာ​တောင် တွယ်ကပ်မ​နေနိုင်​အောင် သူစွမ်းနိုင်သည်။ မည်သူတစ်ဦးတစ်​ယောက်အ​ပေါ်မှာမှ မဖြစ်ဖူးတဲ့ ပူ​လောင်ရခြင်း​မျိုး​တွေလည်း သူနဲ့မှသာ ကျွန်​တော်ကျူးလွန်ခဲ့ဖူး၏။ ကျွန်​တော်က ​ဒေါသထွက်လွယ်သူတစ်​ယောက်မဖြစ်ခဲ့ဘဲ ဒီနှစ်​တွေအတွင်း မရှိခဲ့ဖူးတဲ့ ကျွန်​တော့်ရဲ့စိတ်သဏ္ဍာန်​တွေက သူ့လက်နဲ့ဆွဲထုတ်တဲ့ ​သွေး​ကြောမျှင်​တွေလို။ သူ့​ကြောင့်ဖြစ်ရတဲ့ စိတ်ရဲ့အစိုင်အခဲဆိုတာ​တွေက သူ့​ကြောင့်နဲ့သာ ပျယ်လွင့်တတ်မြဲ။ ကျွန်​တော် ဘာလုပ်လုပ် သူ​​ငေးကြည့်​နေတတ်တာကို ကျွန်​တော်ကျင့်သားရလာ၏။

စိတ်​နဲ့ချည်တဲ့ကြိုး​တွေက စိတ်နဲ့သာမြင်ရတဲ့​နှောင်ဖွဲ့မှုမျိုးနဲ့။

××××××××××××××××××××××××××××××××××

"ကျွန်​တော် အ​ဆောင်းတို့နဲ့ပဲပြန်လိုက်မယ် အစ်ကို"

"အင်း...ရတယ်မလား"

"အဆင်​ပြေပါတယ်"

​ကား​နောက်ခန်း​ပေါ်တင်ထားတဲ့ အဝတ်ထုပ်ကို ဇာမဏိဆွဲထုတ်​သွားအပြီး ကျွန်​တော်နဲ့ ကိုထွဋ် အကြည့်ချင်းဆုံသည်။

"​နေရာတကာမှာကို ​တွေ့​နေရတာပဲ"

ကိုထွဋ်ဆီက ကြားရခဲတဲ့စကားမို့ ကား​မောင်း​နေရင်းလှည့်ကြည့်မိရသည်။ ကျွန်​တော် လှည့်ကြည့်လိုက်တာကိုလည်း ကိုထွဋ်သိ၏။

"​​နေ​သော်က ရင်းနှီးမလွယ်တတ်ဘူးလို့ ကိုယ်သိထားတာ"

"ကျွန်​တော့်ပုံစံက အ​ချေကြီးတတ်တဲ့ပုံ​ပေါက်​နေလို့လား"

"​သေချာတာ​တော့ အဲ့​လိုပုံစံ​တွေက ​နေ​သော်ရင်းနှီးတတ်တဲ့စတိုင်ထဲမပါဘူး"

ကျွန်​တော် အသံထွက်သည်အထိ ရယ်ပစ်လိုက်၏။ ကိုထွဋ်က ဂရုမစိုက်ဘဲ စကားဆက်သည်။

"လူ​နေမှုဘဝနဲ့လိုက်​လျောညီ​ထွေမဖြစ်တဲ့ပုံစံ​တွေ"

"သား​ရေစိမ်းဖိနပ်​ကြောင့်​တော့မဟုတ်ဘူးမလား"

"တချို့​သောလူ​တွေရဲ့တည်ရှိမှုက ကိုယ့်အ​ရောင်အဝါ​တွေကို ​မှေးမှိန်​စေတယ်။ level တူမဟုတ်ရင်​ ကိုယ့်ကို​မှေးမှိန်စေတဲ့လူ​တွေအနားဘာလို့​နေမှာလဲ"

"ကျွန်​တော်က​ရော ကိုထွဋ်အတွက် ဘယ်လိုမျိုးလဲ"

ဩရှရှရယ်သံရဲ့​နောက်ဆက်တွဲအကြည့်​တွေက ကျွန်​တော့်အနား​​ရစ်ဝဲ​နေရင်း...

"​နေ​သော်က ကိုယ့်ကို bright ​ဖြစ်စေတဲ့လူ"

ကိုထွဋ်မမြင်နိုင်တဲ့ ကျွန်​တော့်နှုတ်ခမ်းတစ်ဖက်​ကော့တက်သွား၏။ ကိုထွဋ်က​တော့ သူ့အ​ဖြေသူ သ​ဘောကျ​နေသလိုမျိုး အပြုံး​တွေမရပ်ဘဲ ​ငေး​မော​နေခဲ့သည်။ ​​ကျွန်​တော့်အတွက်​တော့ ကိုထွဋ်ဆိုတာ ကျွန်​တော့်ဝိဥာဥ်ကို​မှောင်မိုက်​စေသူလို့ စွပ်စွဲရင် ကိုထွဋ်ပြုံး​နေနိုင်ပါဦးမလား။

**********************************************

"ကိုထွဋ်ပါလည်း လိုက်ခဲ့လို့ရရဲ့သားနဲ့"

"အစ်ကို စိတ်ကျဥ်းကြပ်​နေမှာမျိုး မလိုချင်ဘူး"

"ကိုယ် တကယ်ဘယ်လိုမှမ​နေ​တော့ပါဘူး"

"ကိုထွဋ်​ခေါင်​ကျော်က ကျွန်​တော့်ကို သ​ဘောမကျဘူး အစ်ကို"

သူလို ပတ်ဝန်းကျင်ရဲ့ဖြစ်ပျက်ခြင်း​တွေကို စိတ်မဝင်စားတတ်သူက ဤမျှ​လောက်လူအကဲခတ်တတ်​နေရခြင်းကို ကျွန်​တော်အံ့သြရသည်။ ပိုက်ထားတဲ့ခေါင်းအုံးကိုဗိုက်​အောက်ထိုးထည့်ပြီး ကုတင်​ပေါ်လှဲချပြီးမှ ဖုန်းကိုနားနားပိုကပ်လိုက်မိ၏။

"မင်းက ဘယ်လိုလုပ်သိ။ စကားလည်းမ​ပြောဖူးဘဲနဲ့"

"စိတ်က ခံစားရတယ်ဆိုတာရှိတာပဲ​လေ"

"​နောက်နှစ်ဆို ကိုယ့်ကို​တောင် ​ရောင်းစား​တော့မယ့်ပုံပဲ"

"အာ...အစ်ကို့ကို လုပ်စရာလား။ အစ်ကို ​အောက်ခဏ ဆင်းခဲ့ပါလား"

"ဘာလုပ်ဖို့လဲ။ ကိုယ် ​နောက် ၁၀မိနစ်​လောက်ဆို စာကြည့်တော့မှာ။ ည ၈နာရီ​ကျော်​နေပြီ"

"ခဏပဲ။ ကျွန်​တော် အစ်ကိုတို့တိုက်​အောက်​ရောက်​နေပြီ"

တိုက်​အောက်​ရောက်တာနဲ့ လက်ထဲခုန်ဝင်လာတာက ​ရေစက်​တွေသီး​နေတဲ့ chocolate bubble tea။

"ဘယ်လိုဖြစ်လို့ ဒီအချိန်ကြီး"

"ဒါမျိုးက အ​ကြွေးမထား​ကောင်းဘူးမလား။ အစ်ကိုက ကျွန်​တော့်ကို ချက်ချင်းလာကြို​ပေး​သေးတာပဲ"

"Myanma Plaza ထိသွားဝယ်လာတာ?"

"အစ်ကိုက Gong Cha ကဟာအကြိုက်ဆုံးမလား"

​လှေကားရဲ့ထိပ်ဆုံးအထစ်မှာဝင်ထိုင်တဲ့ ကျွန်​တော့်​​အောက်တစ်ဆင့်နိမ့်မှာထိုင်ပြီး ​မော့ကြည့်​မေး၏။

"ဆိုဒ်ကြီးတယ် မင်း​ရော​သောက်"

"အစိအစိ​လေး​တွေကို ကျင့်သားမရ​သေးဘူး။ အူယားတယ်"

"​သေပါပြီ။ bubble ​လို့ပဲ ​ပြောပါ။ ဘာလဲ အစိအစိ​တွေ"

"အစ်ကိုရယ်တာ တအားကြည့်​ကောင်းတယ်"

"မဖားနဲ့။ ​တော်ပြီ"

"​ရော်...အတည်​ပြောတာ။ ရယ်ရင်လည်းကြည့်​ကောင်းတယ်။ ဂျူတီကုတ်နဲ့လည်းကြည့်​ကောင်းတယ်"

Bubble ​တွေကို ဝါးမစားဘဲမြိုချပစ်​တော့ ​ချောကလက်အရသာ​ကိုပါ ​သေချာမသိ​တော့။ ​လှေကားမီးလုံးဝါကျင်ကျင်က ကျွန်​တော့်မျက်နှာအ​ရောင်​ပြောင်း​နေတာ​တွေကို သိသာ​စေမည်မထင်။ ​ရေခဲတုံး​တွေပါတဲ့ ဘာဘယ်တီးက ကျွန်​တော့်ကိုမ​အေးမြ​စေ။ ​အ​ရောင်အဝါ​တွေ ခွဲခြား​ကြေးဆို ကျွန်​တော့်စိတ်​တွေ ဒီလူ​ကြောင့် အ​ရောင်ရင့်ကုန်တာပဲဖြစ်မည်။ ညခင်းတဲ့ဖြတ်​လျှောက်တဲ့​လေ​ပြေကြားမှာ ရနံ့ကင်းတဲ့ရယ်သံ​တွေကို ကျွန်​တော် စားသုံးမိတုန်း...။

###########################

July 30.2021.(Friday)

********************************

ရပ်ဝန်းကို​စ​ရေးတည်းက မြတ်နိုးခွင့်​ရေးတဲ့အချိန်​တွေကို သတိရပါတယ်။ ဒါကို​ရေး​နေတဲ့တစ်ချိန်လုံး စာဖတ်သူ​တွေကို လွမ်းမိတယ်။ ဘယ်အချိန်မဆို အနား​မှာအတူရှိ​နေ​ပေးတာ​တွေအတွက် ​ကျေးဇူးအများကြီးတင်ရပါတယ်။ ကိုယ့်ကိုကိုယ်​ပျောက်ဆုံးသွားတိုင်း ဒီလူ​တွေဆီက​နေပဲ ကိုယ့်ကိုကိုယ်ပြန်ရှာ​တွေ့တယ်။ ဒီလူက ခင်ဗျားတို့ဖတ်ဖို့ စာ​တွေအများကြီး​ရေးချင်မိတယ်🧡

*********************************

"ဖုန္းမကိုင္ဘူးလား"

"ဟုတ္။ အတန္းတက္​ေနၿပီလို႔ စာပို႔တယ္"

"ဒါဆို အိမ္ျပန္မလား"

"မျပန္​ေသးဘူး။ ​ေဆးခန္းဘက္မွာသြားထိုင္​ေနလိုက္မယ္။ အစ္ကိုလည္းအတန္းတက္ရမွာမလား"

"ကိုယ့္အတန္းက ၁၀နာရီမွပါ။ အခု ကန္တင္းသြားမွာ။ ကိုယ္နဲ႔လိုက္ခဲ့"

"လိုက္လို႔ရလား"

"ဘာမရစရာရွိလဲ"

ကိုထြဋ္ကိုထည့္မတြက္ရင္ စီနီယာတန္းနဲ႔လည္း ဇာမဏိရင္းႏွီးၿပီးသားပင္။ တကယ္တမ္း​ေတာ့ ကိုထြဋ္ကိုလည္း ဖယ္ထားစရာမလို။ ဇာမဏိက ကြၽန္​ေတာ့္စိတ္နဲ႔ပိတ္ထားတဲ့လွ်ိဳ႕ဝွက္တံခါးကို ဖြင့္မိခဲ့သူ သပ္သပ္ျဖစ္႐ုံ။ ဒါက ကြၽန္​ေတာ့္နဲ႔သာသက္ဆိုင္သည့္သီးျခားအခန္းငယ္။ ကန္တင္းထဲကို တြဲဝင္လာတဲ့ ကြၽန္​ေတာ္နဲ႔ဇာမဏိကို ဦးဆုံးျမင္တာက ၿဖိဳး​ေလး။

"​ေဟ့ အညာသား!"

ဦးႀကိဳႏႈတ္ဆက္တာက စီနီယာ​အတန္း​ေခါင္း​ေဆာင္။ တအံ့အၾသ​ေငးၾကည့္​ေနရာက သတိဝင္သြားပုံရတဲ့ရဲဘုန္းကပဲ ​ခုံ​ေတြဆြဲၿပီး ​ေနရာထိုင္ခင္းျပင္ဆင္​ေပးသည္။ ရဲဘုန္း​ေဘးလြတ္​ေနတဲ့ခုံကိုဝင္လိုက္​ေတာ့ ဇာမဏိက ကိုထြဋ္​ေဘးေရာက္သြား၏။ ကန္တင္းထဲဝင္လာသည္မွအစ ထိုင္ခုံမွာထိုင္လိုက္သည့္အဆုံးထိ ကိုထြဋ္ၾကည့္​ေနတာ​ေတြကို ကြၽန္​ေတာ္ အၿပဳံး​ေရး​ေရးနဲ႔တုန္႔ျပန္လိုက္၏။ ကိုထြဋ္မ်က္ခုံးတစ္ဖက္ပင့္တက္သြားၿပီး ကြၽန္​ေတာ္ၿပဳံးလိုက္တာကို လွည့္ၾကည့္တာက ဇာမဏိ။

"ကိုအညာသားက ဘယ္ကဘယ္လိုပါလာတာလဲ"

"ျမတ္သူနဲ႔အ​ေဆာင္းဆီလိုက္လာတာ။ သူတို႔က အတန္းတက္​ေနၿပီဆိုလို႔"

"​​လာလိုက္တာ​ေကာင္းတယ္။ ​ေရာက္တုန္း ​ေအး​ေဆး​ေနကြာ။ ဘာမွာမလဲ မွာၾက​ေလ။ မစားခဲ့ရ​ေသးဘူးမလား"

စီနီယာ​ေခါင္း​ေဆာင္က မီႏူးကဒ္​ေတြဆြဲၿပီး ဇာမဏိ​ေနထိုင္ရမခက္​ေအာင္ျပဳမူ​ေန၏။

"ကြၽန္​ေတာ္တို႔ စားခဲ့​ေသးတယ္"

တစ္ဝိုင္းလုံးကအၾကည့္​ေတြ ကြၽန္​ေတာ့္ဆီ​ေရာက္လာ၏။ ဘယ္ခ်ိန္တည္းက ​ေတြ႕​ေနၾကလို႔ နံနက္စာစားၿပီးခဲ့တာလဲဆိုတာမ်ိဳး ရဲဘုန္းအၾကည့္​ေတြကို ကြၽန္​ေတာ္ မ်က္စပစ္ျပလိုက္သည္။ ဇာမဏိတစ္​ေယာက္ စကား​ေတြ​ေရွာင္တိမ္း​ေပး​ေနတာကို ကြၽန္​ေတာ္သိသည္။ ခုခ်ိန္ထိ စကားတစ္ခြန္းမွဝင္မ​ေျပာ​ေသးတဲ့ ကိုထြဋ္​ေဘးမွာ အ​ေနၾကပ္​ေနတာကိုလည္း ကြၽန္​ေတာ္ျမင္​ေနရသည္။ ​က်န္တဲ့လူ​ေတြ သတိထားမိမွာမဟုတ္​ေပမယ့္ ဒီလ​ေတြအတြင္း က်င့္သားရလာတဲ့ ဇာမဏိမ်က္ဝန္း​ေတြကို ကြၽန္​ေတာ္ဘာသာျပန္တတ္​ေန၏။ အ​ေနက်ဥ္းၾကပ္​ေနရတာ​ေတြက ကြၽန္​ေတာ္တစ္​ေယာက္နဲ႔တင္ လုံ​ေလာက္ပါၿပီ။ ကြၽန္​ေတာ့္အတြက္က ထူးၿပီး အသက္ရႈၾကပ္​ေနရတာမ်ိဳးလို႔ မထင္ရ​ေလာက္​ေအာင္ အ​ေသြးအသား​ေတြထဲထိ က်င့္သားရ​ေနခဲ့ၿပီးသား။ ကြၽန္​ေတာ့္အတြက္​ေၾကာင့္ဆို ဇာမဏိက ပို​ေတာင္မျဖစ္သင့္။

"လာရင္းနဲ႔​ေလ ဗိုက္ဆာလို႔ဝင္စားခဲ့တာ။ ဇာမဏိအတြက္ ႏို႔တစ္ခြက္ပဲ ထပ္မွာ​ေပးလိုက္​ေတာ့ ကို​ေက်ာ္"

"အစ္ကို ႏို႔ကဘာလုပ္ဖို႔"

"မင္း​ေသာက္ဖို႔​ေလ"

"ဘာလို႔ ႏို႔"

"က​ေလးက ႏို႔​ေသာက္ရတယ္"

"ကြၽန္​ေတာ္ က​ေလးမဟုတ္ပါဘူး"

"ဘာမဟုတ္ရမွာလဲ။ ၁၈ႏွစ္ျပည့္ၿပီးလို႔လား"

"၆ႏွစ္မွ သူငယ္တန္းတက္တာ ၁၈ႏွစ္က ျပည့္ၿပီးၿပီ"

"ကိုယ္တို႔နဲ႔ဆို မင္းက​ေလးပဲ အဲ့​ေတာ့ ေသာက္ရမယ္"

ကြၽန္​ေတာ့္စကား​ေၾကာင့္ရႈံ႕မဲ့မဲ့ျဖစ္သြားတဲ့ ဇာမဏိကိုဝိုင္းၾကည့္ၿပီး လက္ဖက္ရည္ဝိုင္းကရယ္သံ​ေတြလႊမ္းလာသည္။ အတန္းမစခင္ ​ကန္တင္းထဲ​ထပ္​ေရာက္လာတာက စႏၵာ​ေဇာ္ဝင္းတို႔မိန္းက​ေလးအဖြဲ႕။

"ဟယ္ ​ေၾကာင္လွ်ာသီး​ေမာင္​ေလး ​ေရာက္​ေနတယ္"

အျပင္မွာသာ​ေတြ႕ခဲ့ရင္ ​နယ္ပယ္မတူတဲ့ေက်ာင္းသားခ်င္းညီၫြတ္ဖို႔မလြယ္​ေပမယ့္ ညီမ​ေလးသူငယ္ခ်င္းအျဖစ္နဲ႔လည္း ဇာမဏိက ကြၽန္​ေတာ္တို႔ အတန္းႀကီး​ေတြၾကားထဲ အငယ္​ေလးလာျဖစ္​​ေနသည္။ fund fair မွာတည္းက မ်က္မွန္းတန္းမိထားတဲ့ စႏၵာ​ေဇာ္ဝင္းက ကိုထြဋ္နဲ႔ ဇာမဏိၾကား ခုံတစ္လုံးဆြဲဝင္တိုးထိုင္သည္။ စႏၵာ​ေဇာ္ဝင္းတို႔ပါ​ေရာက္လာတာမို႔ ဝိုင္းက ပိုကြၽတ္စံညံလာ၏။

"​ေန​ေသာ္ ကိုယ့္ဆီက lecture စာအုပ္ယူမလို႔ဆို"

ဇာမဏိနဲ႔ စႏၵာ​ေဇာ္ဝင္းကို​ေက်ာ္ၿပီးထြက္လာတဲ့ ကိုထြဋ္အသံ။ ကြၽန္​ေတာ္ ​ေခါင္းညိတ္ျပလိုက္တာနဲ႔ ​ေနရာက​ေန ထထြက္၏။ ဇာမဏိက ​​ေက်ာပိုးအိတ္ပင့္လြယ္လိုက္တဲ့ ကြၽန္​ေတာ့္ကို​ေငး​ေနသည္။

"ကိုယ္ တစ္ခါတည္း အတန္းတက္​ေတာ့မွာ။ ရတယ္မလား"

"ကြၽန္​ေတာ္ ဒီမွာပဲရွိ​ေနမယ္"

"အို​ေက။ အတန္းၿပီးရင္ ဖုန္းဆက္မယ္"

"ဘယ္တုန္းက အဲ့​ေလာက္ထိ ရင္းႏွီးသြားၾကတာလဲ"

ကန္တင္းကအထြက္ ward ကိုဦးတည္တဲ့ ကြၽန္​ေတာ္နဲ႔ကိုထြဋ္ရဲ႕​ေျခလွမ္းတို႔ ထပ္တူညီ​ေနၾကသည္။

"ဒီလိုပဲ။ ညီမ​ေလးသူငယ္ခ်င္းဆို​ေတာ့။ ကိုထြဋ္ ​ေျပာစရာရွိလို႔လား"

"​ကိုယ္တို႔က ေျပာစရာရွိမွ ​ေခၚရမယ့္ဆက္ဆံ​ေရးျဖစ္​ေနၿပီလား ​ေန​ေသာ္"

ကိုထြဋ္စကားက အ​ေအးဓါတ္ပါသည္။ ကြၽန္​ေတာ့္အ​ေသြးအသား​ေတြထဲထိ စိမ့္​ေအးသက္မႈမ်ိဳးနဲ႔ ထုံက်ဥ္သြား၏။

"ကြၽန္​ေတာ္​ေျပာတာ အဲ့သ​ေဘာမဟုတ္ပါဘူး"

ရယ္သံ​ေတြပီျပင္ရဲ႕လား ကြၽန္​ေတာ္မသိ။

"​ေန​ေသာ္​ေတာင္ စိမ္းတတ္​ေနၿပီ"

ျပတ္ျပတ္​ေတာက္​ေတာက္​ေနႏိုင္တာ ဘယ္သူလဲလို႔ ကြၽန္​ေတာ္လည္း​ေမးၾကည့္ခ်င္သည္။ အခု​ေတာ့ မပီျပင္တဲ့အၿပဳံး​ေတြကို ႏႈတ္ခမ္း​ေပၚ​ေကာက္တင္ၿပီး ရယ္သံ​ေတြက ​ေပ်ာ္႐ႊင္ျခင္းမဲ့၏။

"​ေနာက္ဆို ကြၽန္​ေတာ္တို႔ တစ္ႏွစ္တစ္ခါ​ေတာင္ ​ေတြ႕ျဖစ္ပါ့မလားမသိဘူး​။ ကိုထြဋ္က ဘြဲ႕ရတာနဲ႔ မႏၲ​ေလးျပန္မွာဆို​ေတာ့"

ကိုထြဋ္မ​ေမ့သင့္တဲ့အမွန္တရား​ေတြ။ ​ေနာက္ၿပီး ဒါက ကြၽန္​ေတာ့္ရင္ထဲအၿမဲရွိ​ေနတဲ့အကြာအ​ေဝး။ ward နဲ႔ theatre ကို ခြဲထြက္တဲ့လမ္းဆုံမွာ မတိုင္ပင္ပါဘဲ ႏွစ္​ေယာက္လုံး​ေျခစုံရပ္မိၾကသည္။

"​ေန​ေသာ္ ကိုယ့္ကိုစိတ္ဆိုး​ေနတာလား"

"ကြၽန္​ေတာ္က ဘာလို႔။ မဆိုးပါဘူး ကိုထြဋ္ရ"

"​ေက်ာင္းၿပီးရင္ မႏၲ​ေလးလိုက္ခဲ့ပါလား"

​ ေက်ာပိုးအိတ္ႀကိဳးစတစ္ဖက္ကို ကြၽန္​ေတာ္ အားကိုးတႀကီးဖ်စ္ညႇစ္မိ၏။

"မႏၲ​ေလး Posting နဲ႔"

"ကိုထြဋ္ပဲ ရန္ကုန္မွာဆက္​ေနလို႔မရဘူးလား"

"ကိုယ္ အဖြားဆႏၵကိုမျငင္းခ်င္ဘူး"

ရင္ဘတ္တစ္ျခမ္း​ေအာင့္မ်က္သြားတဲ့​ေဝဒနာကို မသိက်ိဳးကြၽံျပဳဖို႔ ကြၽန္​ေတာ္ ​ေခါင္းငုံ႔ရယ္လိုက္ရ၏။ သူ႔မွာ​ေတာ့ တာဝန္​ေတြနဲ႔ ကြၽန္​ေတာ္က်​ေတာ့ မိသားစုကိုထားပစ္ခဲ့ဖို႔...။

"ညီမ​ေလးငယ္​ေသးတယ္ ကိုထြဋ္။ ကြၽန္​ေတာ္ ရွိမွ။ မာမီလည္း အသက္ႀကီးၿပီ"

"တစ္ခါတစ္​ေလလည္း ကိုယ့္ဆႏၵကဘာလဲ ရွာ​ေဖြၾကည့္ပါဦး ​ေန​ေသာ္"

"ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာပဲလုပ္ရမယ္လို႔ ကိုထြဋ္ ​​ေျပာဖူးတယ္မလား။ ကြၽန္​ေတာ္ ကိုထြဋ္စကားနား​ေထာင္ပါတယ္​"

Theatre ဘက္က ထြက္လာတဲ့ ပထမႏွစ္​ေက်ာင္းသား​ေတြ​ေၾကာင့္ လမ္းဆုံက တခဏတာဆူညံသြား၏။ ​ေျခသံ​ေတြ​ေနာက္မွာကပ္ပါသြားတဲ့ သက္ျပင္းခ်သံသဲ့သဲ့ကို ကြၽန္​ေတာ္ ​ေမာ့မၾကည့္မိ။

"ကြၽန္​ေတာ္ ဝင္​ေတာ့မယ္ ကိုထြဋ္"

"အင္း...။ ည​ေနမွ​ေတြ႕မယ္"

​ေက်ာခိုင္းၿပီးမွထြက္လာတဲ့ႏႈတ္ဆက္စကားကို ကြၽန္​ေတာ္တုံ႔ျပန္ျခင္းမျပဳႏိုင္​ေတာ့။ လမ္းခြဲတာမဟုတ္ဘဲ ဦးတည္ရာမတူ​ေတာ့တဲ့ လမ္းဆုံက​ေန ကိုထြဋ္​ေရာ ကြၽန္ေတာ္​ေရာ ​ေနာက္လွည့္မၾကည့္စတမ္း ​ေက်ာခိုင္းျဖစ္ၾက၏။

***********************************************

ဖုန္းဝင္​ေပမယ့္ မကိုင္။ ကန္တင္း​ဘက္​ေရာက္ခဲ့​ေပမယ့္ မိန္းက​ေလးတစ္​ေယာက္၊ ​ေယာက္်ား​ေလးတစ္​ေယာက္နဲ႔ထြက္သြားသည္ဆို​ေတာ့ အ​ေဆာင္းနဲ႔ျမတ္သူလာ​ေခၚသြားတာျဖစ္မည္။ ဒါဆို ရွာဖို႔က်န္တာ ward ထဲပဲရွိ​ေတာ့သည္။ ​ေန႔လယ္စာခ်ိန္မို႔ စႀကႍလမ္းက ရွင္းလင္းေနသည္။ practical ခန္း​ေတြဘက္ သြားဖို႔လုပ္ၿပီးမွ ရယ္သံ​ေတြလွ်ံက်လာတဲ့ house surgeon ခန္းဘက္ကို ​ေျခလွမ္းလွည့္မိ၏။ pateint ခုံ​ေပၚလွဲ​ေနတဲ့ ဇာမဏိကို ငုံ႔ၾကည့္​ေနတာက ကို​ေက်ာ္။ အခန္း​ေထာင့္မွာထိုင္​ေနတဲ့ အ​ေဆာင္းနဲ႔ျမတ္သူက ကြၽန္​ေတာ့္ကိုျမင္သြား၏။

"ကို​ေန​ေသာ္..."

"အင္း ဘာလုပ္​ေနၾကတာလဲ"

"ဇာမဏိ သြားစြယ္ကိုတိ​ေပးမလို႔"

"က်စ္!"

ကြၽန္​ေတာ့္အသံ​ေၾကာင့္ ကို​ေက်ာ့္ပုခုံး​ေတြပင္လႈပ္ခါသြားတာကို ျမင္လိုက္ရသည္။

"အစ္ကို"

ဇာမဏိကို ငုံ႔ၾကည့္​ေနရာက မတ္သြားတဲ့ကို​ေက်ာ့္​ေၾကာင့္ ဇာမဏိက ကြၽန္​ေတာ့္ကိုျမင္သြားသည္။

"ဘယ္သူတိခိုင္းတာလဲ"

ကြၽန္​ေတာ္ကိုယ္တိုင္​ေတာင္မထိန္းႏိုင္ဘဲ အသံ​ေတြမာကုန္သည္။ အ​ေဆာင္းနဲ႔ျမတ္သူ ​ေနရာကထလာ၏။

"ဟို ကို​ေန​ေသာ္...အ​ေဆာင္းတို႔က"

ထမင္းစားျပန္လာသူ​ေတြ​ဝင္လာတာ​ေၾကာင့္ အ​ေဆာင္းတို႔စကားသံျပတ္သြားျပန္၏။

"ဒါဆိုလည္း လုပ္ၾက​ေလ။ ကိုယ္ ကန္တင္းသြားလိုက္ဦးမယ္။ ကို​ေက်ာ္ ကြၽန္​ေတာ္ သြားၿပီ"

"အစ္ကို...အစ္ကို ကြၽန္​ေတာ့္ကို​ေစာင့္ပါဦး"

"ဘာလဲ။ ​ေျပာစရာရွိလို႔လား"

​ေျခလွမ္း​ေတြကိုအရွိန္မ​ေလွ်ာ့ဘဲ သြား​ေနတဲ့အတိုင္း ဇာမဏိတစ္​ေယာက္ ထပ္ၾကပ္မကြာပါလာခဲ့သည္။

"အဲ့လို သြားကအစြယ္လိုခြၽန္္​ေနတာ မ​ေကာင္းဘူး၊ ႀကဳံတုန္းတစ္ခါတည္းလုပ္ရင္လုပ္ဆိုတာနဲ႔။ အစ္ကို မႀကိဳက္​ေလာက္ဘူးလို႔ မစဥ္းစားလိုက္မိဘူး"

သိသိသာသာႀကီးကိုပဲ ဇာမဏိကိုလ်စ္လ်ဴရႈထားလိုက္မိသည္။ ကြၽန္​ေတာ့္ကို​ေတာင္ အသိမ​ေပးႏိုင္ဘဲ လုပ္ရ​ေလာက္​ေအာင္ ကြၽန္​ေတာ္တို႔မရင္းႏွီးခဲ့ဘူးလား။

"အစ္ကို!"

လက္ဖ်ံက​ေန လွမ္းဆြဲခံရတာမို႔ လူက ​ေရွ႕ဆက္မရ​ေတာ့။ ကန္တင္းဘက္ကတက္လာတဲ့​ေက်ာင္းသား​တစ္သုတ္​ေၾကာင့္ ဇာမဏိက ကြၽန္​ေတာ့္လက္ကိုမလႊတ္ဘဲ ကားပါကင္ဘက္ကို ခ်ိဳး​ေကြ႕ပစ္သည္။

"ဘယ္လဲ ဇာမဏိ"

"အစ္ကို စိတ္ဆိုးသြားတယ္"

"ဖယ္စမ္းပါ!"

ကားပါကင္ဘက္က လူရွင္းတာမို႔ ကြၽန္​ေတာ့္အသံကိုမထိန္းထားျဖစ္​ေတာ့။

"ကြၽန္​ေတာ္ကိုယ္တိုင္လည္း အဲဒါက မလွဘူးထင္လို႔။ အစ္ကို မႀကိဳက္ရင္ မလုပ္​ေတာ့ဘူး"

"ကိုယ္ ႀကိဳက္စရာမလိုပါဘူး။ မင္းစိတ္နဲ႔မင္း။ ဒီနယ္ပယ္ရဲ႕ကြၽမ္းက်င္သူတစ္​ေယာက္လို႔မသတ္မွတ္လို႔​ေတာင္ ကိုယ့္ကိုမ​​ေမးခဲ့တာမလား"

"မဟုတ္တာ အစ္ကိုကလည္း။ အစ္ကို႔ကို​ေမးရ​ေလာက္​ေအာင္ ႀကီးက်ယ္တဲ့ကိစၥလို႔လည္းမ​ေတြးထားလို႔ပါ"

"မသိဘူး။ ဖယ္​ေတာ့"

"မဖယ္ဘူး။ အဲဒါကိုလည္း ဘယ္​ေတာ့မွမလုပ္​ေတာ့ဘူး။ အစ္ကိုစိတ္မဆိုးပါနဲ႔"

"မဆိုးပါဘူး"

ကားႏွစ္စီး​​ေဘးခ်င္းကပ္​ေနတဲ့ၾကားမ်က္ႏွာခ်င္းဆိုင္ရပ္​ေနၾကတာမို႔ ကြၽန္​ေတာ့္ထက္ သိသိသာသာအရပ္ျမင့္ခ်င္​ေနတဲ့ ဇာမဏိဝင္သက္ထြက္သက္တို႔က ကြၽန္​ေတာ့္မ်က္ႏွာ​ေပၚျပန္႔က်ဲက်​ေနသည္။ ရွပ္အနား​ေကာ္လံစြန္းေတြ​ေပၚ ျဖတ္​ေျပးလာတဲ့ ​ေမလရဲ႕​ပူတစ္ဝက္​ေအးတစ္ဝက္​ေလ​ေျပက ကြၽန္​ေတာ့္အနား​​ေဝ့ဝဲ​ေန၏။ ကြၽန္​ေတာ္သာ ​​ေျခတစ္လွမ္း​ေနာက္က်ခဲ့ရင္ တိတိပပပုံသြင္းထားျခင္းခံရ​ေတာ့မယ့္ သြားစြယ္ခြၽန္တို႔က ႏႈတ္ခမ္းပါးတို႔ရဲ႕ဖြင့္လွစ္မႈ​ေအာက္ လင္းလက္​ေနၾကသည္။ ပ်ိဳမ်စ္ႏုငယ္မႈ၊ ၾကည္လင္သန္႔ရွင္းမႈတို႔က အၿပဳံးရဲ႕​ေနာက္ဆက္တြဲ ဝိ​ေသသပုဒ္​ေတြလို။

"​ေနာက္ဆို ဘာလုပ္လုပ္ အစ္ကို႔ကို​ေမးမယ္"

ဆံပင္​ေတြကိုခါပစ္ရင္း ကြၽန္​ေတာ္ရယ္​ေမာလိုက္၏။ ​ေဒါသဆိုတာမ်ိဳး​ေတြ ကြၽန္​ေတာ့္ကိုယ္​ေပၚျမဴတစ္မႈန္စာ​ေတာင္ တြယ္ကပ္မ​ေနႏိုင္​ေအာင္ သူစြမ္းႏိုင္သည္။ မည္သူတစ္ဦးတစ္​ေယာက္အ​ေပၚမွာမွ မျဖစ္ဖူးတဲ့ ပူ​ေလာင္ရျခင္း​မ်ိဳး​ေတြလည္း သူနဲ႔မွသာ ကြၽန္​ေတာ္က်ဴးလြန္ခဲ့ဖူး၏။ ကြၽန္​ေတာ္က ​ေဒါသထြက္လြယ္သူတစ္​ေယာက္မျဖစ္ခဲ့ဘဲ ဒီႏွစ္​ေတြအတြင္း မရွိခဲ့ဖူးတဲ့ ကြၽန္​ေတာ့္ရဲ႕စိတ္သ႑ာန္​ေတြက သူ႔လက္နဲ႔ဆြဲထုတ္တဲ့ ​ေသြး​ေၾကာမွ်င္​ေတြလို။ သူ႔​ေၾကာင့္ျဖစ္ရတဲ့ စိတ္ရဲ႕အစိုင္အခဲဆိုတာ​ေတြက သူ႔​ေၾကာင့္နဲ႔သာ ပ်ယ္လြင့္တတ္ၿမဲ။ ကြၽန္​ေတာ္ ဘာလုပ္လုပ္ သူ​​ေငးၾကည့္​ေနတတ္တာကို ကြၽန္​ေတာ္က်င့္သားရလာ၏။

စိတ္​နဲ႔ခ်ည္တဲ့ႀကိဳး​ေတြက စိတ္နဲ႔သာျမင္ရတဲ့​ေႏွာင္ဖြဲ႕မႈမ်ိဳးနဲ႔။

××××××××××××××××××××××××××××××××××

"ကြၽန္​ေတာ္ အ​ေဆာင္းတို႔နဲ႔ပဲျပန္လိုက္မယ္ အစ္ကို"

"အင္း...ရတယ္မလား"

"အဆင္​ေျပပါတယ္"

​ကား​ေနာက္ခန္း​ေပၚတင္ထားတဲ့ အဝတ္ထုပ္ကို ဇာမဏိဆြဲထုတ္​သြားအၿပီး ကြၽန္​ေတာ္နဲ႔ ကိုထြဋ္ အၾကည့္ခ်င္းဆုံသည္။

"​ေနရာတကာမွာကို ​ေတြ႕​ေနရတာပဲ"

ကိုထြဋ္ဆီက ၾကားရခဲတဲ့စကားမို႔ ကား​ေမာင္း​ေနရင္းလွည့္ၾကည့္မိရသည္။ ကြၽန္​ေတာ္ လွည့္ၾကည့္လိုက္တာကိုလည္း ကိုထြဋ္သိ၏။

"​​ေန​ေသာ္က ရင္းႏွီးမလြယ္တတ္ဘူးလို႔ ကိုယ္သိထားတာ"

"ကြၽန္​ေတာ့္ပုံစံက အ​ေခ်ႀကီးတတ္တဲ့ပုံ​ေပါက္​ေနလို႔လား"

"​ေသခ်ာတာ​ေတာ့ အဲ့​လိုပုံစံ​ေတြက ​ေန​ေသာ္ရင္းႏွီးတတ္တဲ့စတိုင္ထဲမပါဘူး"

ကြၽန္​ေတာ္ အသံထြက္သည္အထိ ရယ္ပစ္လိုက္၏။ ကိုထြဋ္က ဂ႐ုမစိုက္ဘဲ စကားဆက္သည္။

"လူ​ေနမႈဘဝနဲ႔လိုက္​ေလ်ာညီ​ေထြမျဖစ္တဲ့ပုံစံ​ေတြ"

"သား​ေရစိမ္းဖိနပ္​ေၾကာင့္​ေတာ့မဟုတ္ဘူးမလား"

"တခ်ိဳ႕​ေသာလူ​ေတြရဲ႕တည္ရွိမႈက ကိုယ့္အ​ေရာင္အဝါ​ေတြကို ​ေမွးမွိန္​ေစတယ္။ level တူမဟုတ္ရင္​ ကိုယ့္ကို​ေမွးမွိန္ေစတဲ့လူ​ေတြအနားဘာလို႔​ေနမွာလဲ"

"ကြၽန္​ေတာ္က​ေရာ ကိုထြဋ္အတြက္ ဘယ္လိုမ်ိဳးလဲ"

ဩရွရွရယ္သံရဲ႕​ေနာက္ဆက္တြဲအၾကည့္​ေတြက ကြၽန္​ေတာ့္အနား​​ရစ္ဝဲ​ေနရင္း...

"​ေန​ေသာ္က ကိုယ့္ကို bright ​ျဖစ္ေစတဲ့လူ"

ကိုထြဋ္မျမင္ႏိုင္တဲ့ ကြၽန္​ေတာ့္ႏႈတ္ခမ္းတစ္ဖက္​ေကာ့တက္သြား၏။ ကိုထြဋ္က​ေတာ့ သူ႔အ​ေျဖသူ သ​ေဘာက်​ေနသလိုမ်ိဳး အၿပဳံး​ေတြမရပ္ဘဲ ​ေငး​ေမာ​ေနခဲ့သည္။ ​​ကြၽန္​ေတာ့္အတြက္​ေတာ့ ကိုထြဋ္ဆိုတာ ကြၽန္​ေတာ့္ဝိဥာဥ္ကို​ေမွာင္မိုက္​ေစသူလို႔ စြပ္စြဲရင္ ကိုထြဋ္ၿပဳံး​ေနႏိုင္ပါဦးမလား။

**********************************************

"ကိုထြဋ္ပါလည္း လိုက္ခဲ့လို႔ရရဲ႕သားနဲ႔"

"အစ္ကို စိတ္က်ဥ္းၾကပ္​ေနမွာမ်ိဳး မလိုခ်င္ဘူး"

"ကိုယ္ တကယ္ဘယ္လိုမွမ​ေန​ေတာ့ပါဘူး"

"ကိုထြဋ္​ေခါင္​ေက်ာ္က ကြၽန္​ေတာ့္ကို သ​ေဘာမက်ဘူး အစ္ကို"

သူလို ပတ္ဝန္းက်င္ရဲ႕ျဖစ္ပ်က္ျခင္း​ေတြကို စိတ္မဝင္စားတတ္သူက ဤမွ်​ေလာက္လူအကဲခတ္တတ္​ေနရျခင္းကို ကြၽန္​ေတာ္အံ့ၾသရသည္။ ပိုက္ထားတဲ့ေခါင္းအုံးကိုဗိုက္​ေအာက္ထိုးထည့္ၿပီး ကုတင္​ေပၚလွဲခ်ၿပီးမွ ဖုန္းကိုနားနားပိုကပ္လိုက္မိ၏။

"မင္းက ဘယ္လိုလုပ္သိ။ စကားလည္းမ​ေျပာဖူးဘဲနဲ႔"

"စိတ္က ခံစားရတယ္ဆိုတာရွိတာပဲ​ေလ"

"​ေနာက္ႏွစ္ဆို ကိုယ့္ကို​ေတာင္ ​ေရာင္းစား​ေတာ့မယ့္ပုံပဲ"

"အာ...အစ္ကို႔ကို လုပ္စရာလား။ အစ္ကို ​ေအာက္ခဏ ဆင္းခဲ့ပါလား"

"ဘာလုပ္ဖို႔လဲ။ ကိုယ္ ​ေနာက္ ၁၀မိနစ္​ေလာက္ဆို စာၾကည့္ေတာ့မွာ။ ည ၈နာရီ​ေက်ာ္​ေနၿပီ"

"ခဏပဲ။ ကြၽန္​ေတာ္ အစ္ကိုတို႔တိုက္​ေအာက္​ေရာက္​ေနၿပီ"

တိုက္​ေအာက္​ေရာက္တာနဲ႔ လက္ထဲခုန္ဝင္လာတာက ​ေရစက္​ေတြသီး​ေနတဲ့ chocolate bubble tea။

"ဘယ္လိုျဖစ္လို႔ ဒီအခ်ိန္ႀကီး"

"ဒါမ်ိဳးက အ​ေႂကြးမထား​ေကာင္းဘူးမလား။ အစ္ကိုက ကြၽန္​ေတာ့္ကို ခ်က္ခ်င္းလာႀကိဳ​ေပး​ေသးတာပဲ"

"Myanma Plaza ထိသြားဝယ္လာတာ?"

"အစ္ကိုက Gong Cha ကဟာအႀကိဳက္ဆုံးမလား"

​ေလွကားရဲ႕ထိပ္ဆုံးအထစ္မွာဝင္ထိုင္တဲ့ ကြၽန္​ေတာ့္​​ေအာက္တစ္ဆင့္နိမ့္မွာထိုင္ၿပီး ​ေမာ့ၾကည့္​ေမး၏။

"ဆိုဒ္ႀကီးတယ္ မင္း​ေရာ​ေသာက္"

"အစိအစိ​ေလး​ေတြကို က်င့္သားမရ​ေသးဘူး။ အူယားတယ္"

"​ေသပါၿပီ။ bubble ​လို႔ပဲ ​ေျပာပါ။ ဘာလဲ အစိအစိ​ေတြ"

"အစ္ကိုရယ္တာ တအားၾကည့္​ေကာင္းတယ္"

"မဖားနဲ႔။ ​ေတာ္ၿပီ"

"​ေရာ္...အတည္​ေျပာတာ။ ရယ္ရင္လည္းၾကည့္​ေကာင္းတယ္။ ဂ်ဴတီကုတ္နဲ႔လည္းၾကည့္​ေကာင္းတယ္"

Bubble ​ေတြကို ဝါးမစားဘဲၿမိဳခ်ပစ္​ေတာ့ ​ေခ်ာကလက္အရသာ​ကိုပါ ​ေသခ်ာမသိ​ေတာ့။ ​ေလွကားမီးလုံးဝါက်င္က်င္က ကြၽန္​ေတာ့္မ်က္ႏွာအ​ေရာင္​ေျပာင္း​ေနတာ​ေတြကို သိသာ​ေစမည္မထင္။ ​ေရခဲတုံး​ေတြပါတဲ့ ဘာဘယ္တီးက ကြၽန္​ေတာ့္ကိုမ​ေအးျမ​ေစ။ ​အ​ေရာင္အဝါ​ေတြ ခြဲျခား​ေၾကးဆို ကြၽန္​ေတာ့္စိတ္​ေတြ ဒီလူ​ေၾကာင့္ အ​ေရာင္ရင့္ကုန္တာပဲျဖစ္မည္။ ညခင္းတဲ့ျဖတ္​ေလွ်ာက္တဲ့​ေလ​ေျပၾကားမွာ ရနံ႔ကင္းတဲ့ရယ္သံ​ေတြကို ကြၽန္​ေတာ္ စားသုံးမိတုန္း...။

###########################

July 30.2021.(Friday)

********************************

ရပ္ဝန္းကို​စ​ေရးတည္းက ျမတ္ႏိုးခြင့္​ေရးတဲ့အခ်ိန္​ေတြကို သတိရပါတယ္။ ဒါကို​ေရး​ေနတဲ့တစ္ခ်ိန္လုံး စာဖတ္သူ​ေတြကို လြမ္းမိတယ္။ ဘယ္အခ်ိန္မဆို အနား​မွာအတူရွိ​ေန​ေပးတာ​ေတြအတြက္ ​ေက်းဇူးအမ်ားႀကီးတင္ရပါတယ္။ ကိုယ့္ကိုကိုယ္​ေပ်ာက္ဆုံးသြားတိုင္း ဒီလူ​ေတြဆီက​ေနပဲ ကိုယ့္ကိုကိုယ္ျပန္ရွာ​ေတြ႕တယ္။ ဒီလူက ခင္ဗ်ားတို႔ဖတ္ဖို႔ စာ​ေတြအမ်ားႀကီး​ေရးခ်င္မိတယ္🧡

*********************************

Continue Reading

You'll Also Like

571K 50.8K 41
အရိုင်းတုံးလေးနှယ် ခက်ပါဘိ။ အရိုင္းတံုးေလးႏွယ္ ခက္ပါဘိ။
287K 24.1K 74
အခ်စ္.....အမုန္း အချစ်.....အမုန်း ZawGyi+Unicode
566K 20.2K 51
🔞🔞 house slave s2စောင့်မျှော်နေကြလား ဒီတစ်ခါလူပြောင်းသွားပါပြီနော် relationshipဖြစ်ပြီကိုကိုရဲ့စည်းကမ်းတွေနဲ့ညီ့ကိုစည်းကမ်းတကျနေခိုင်းပြီးအပြစ်လုပ်...
1.8K 132 16
Aura Book စာအုပ်တိုက် ကနေထုတ်ဝေခဲ့ပြီး Author Hsu Chi Ko နဲ့အတူ ဇာတ်လမ်းတို လေးပုဒ်ပါဝင်တဲ့ Clover စာအုပ်လေးပါ။ အဲ့ဒီ့ထဲက မမွန်ရေးသားခဲ့တဲ့ ဇာတ်လမ်း...