ထမုန်းထားα€₯ပေက္ခာပြု၍ [ထမုန္းထ...

By K_Royal_White

117K 6.4K 304

Zhanyi β€πŸ’š Fanfiction πŸ’› ( Myanmar πŸ‡²πŸ‡² ) This story is my 1st story.πŸ“Œ So, you can criticize on this writi... More

Characters Introduction
Intro
Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9 πŸ”žπŸ’₯
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Health
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
⚠ Attention ⚠
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31
Ep - 32
Ep - 33
Ep - 34
Ep - 35
Ep - 36
Ep - 37 Final
✨ Thanks you all ✨

Extra✨

2.1K 111 11
By K_Royal_White

Unicode

မနက်ခင်းနေရောင်ခြည်ဟာ ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဝင်ရောက်လာချိန် အခန်းတံခါးဖွင့်သံနှင့်အတူ ဝဝတုတ်တုတ် ခန္ဓာကိုယ်လေးနဲ့ ကလေးငယ်တစ်ဦးဟာလည်း မျက်လုံးလေးတွေကို လက်သေးသေးလေးနှစ်ဖက်နဲ့ အိပ်ရေးမဝဟန် ပွတ်ဆွဲလျက် ချစ်စရာကောင်းစွာ ဝင်ရောက်လာလေသည်။

"Daddy ထ ထ
Dad ထတော့
နေလုံးကြီး အခန်းထဲဝင်လာပြီလေ
ဝမ်လေးလည်း နိုးပြီ
ထ တော့..."

"ဟင် အင်းးး"

အသံထွက်ရုံမျှသာ အသိအမှတ်ပြုပြီးသည်နှင့် Dad ဘက်ကို ပိုတိုးလို့ဖက်ကာ ပြန်အိပ်သွားသော Daddy ကြောင့် ဝမ်လေးရဲ့မျက်နှာမှာ ဆူပုပ်သွားကာ နှုတ်ခမ်းလေးကလည်း တဖြေးဖြေး ဆူလာလေတော့သည်။

ခနနေတော့ အကြံရသွားဟန် ချက်ချင်းပြန်လန်းလာသော မျက်နှာလေးနဲ့အတူ Dad အိပ်နေသော ကုတင်တစ်ဖက်သို့သွားကာ အပေါ်ကိုရောက်အောင် အရင်တက်လိုက်သည်။

ထို့နောက် Dad ကို ဖက်ထားတဲ့ Daddy ရဲ့လက်ကို ဝမ်လေးရဲ့လက်သေးသေးလေးနှစ်ဖက်နဲ့ မရမကတွန်းဖယ်ကာ Dad ရင်ဘက်ပေါ်သို့ အကျအနခွထိုင်ထားလိုက်ရင်း မျက်နှာလေးကလည်း ပြုံးရွှင်နေတော့သည်။

"Dad ထတော့
ဦးဦးကျင်းရီတို့ပွဲသွားဖို့ နောက်ကျနေလိမ့်မယ်... Daddy က ဝမ်လေး နှိုးတာကို ပြန်အိပ်သွားတယ်ရယ် သိလား...?
ပွဲကိုသွားရင် Daddy ကို ခေါ်နဲ့!"

"ရှူးးး Baby အိပ်နေတယ်လေ သားသားရာ... ဆင်း အပေါ်ကနေ ကလေး မတက်ရဘူး"

ပါးစပ်ကလည်း ပြောရင်း Baby အပေါ်မှာ အကျအနခွထိုင်ထားတဲ့ အကောင်ပေါက်ကို XZ အိပ်နေရင်းနှင့်ပင် လက်နှစ်ဖက်နဲ့ 'ဆွေ့ကနဲ' ပွေ့ချီကာ ကုတင်အောက်သို့ 'အင့်ကနဲ' နေအောင် ချပေးလိုက်တော့ အကောင်ပေါက်က မျက်နှာငယ်လေးနဲ့ ပြန်မော့ကြည့်ရှာသည်။

ဘယ့်နှယ်... ညက Baby ပင်ပန်းထားတာကို အလိုက်မသိတဲ့ အကောင်ပေါက်က အပေါ်ကို တက်ထိုင်နေရတယ်လို့....!

ကုတင်ဘေးမှာ ကိုယ် ချထားတဲ့အတိုင်း စူပုပ်ပုပ်မျက်နှာနဲ့ မတ်တပ်ရပ်နေတဲ့ အကောင်ပေါက်က Dinner Party ကို မနက်ကတည်းကသွားချင်နေသော ပွဲကြိုက်လေးပါလေ...။

Baby ဆိုသည်မှာလည်း လူရှုပ်တာကို သိပ်သဘောကျတာမဟုတ်... ကိုယ်ကလည်း အလုပ်ကိစ္စကလွဲရင် လူများတာတွေ စကားများတာတွေ မလုပ်တတ်...!
ဒီအကောင်ပေါက်ကျမှ ဘယ်လိုတွေ မျိုးဆက်လိုက်သလဲ မပြောတတ်ပါလေ...။

Party လာဖိတ်တဲ့နေ့ကတည်းကဖင်တကြွကြွနဲ့မို့ မထ,မချင်း နှိုးနေမယ့် သားတော်မောင်အကြောင်းကို XZ သိနေခြင်းကြောင့် အပြင်းကြောတစ်ချက်ဆန့်ကာ အရင်ဆုံး ကုတင်ခေါင်းရင်းကို မှီလျက် ထိုင်နေလိုက်သည်။

"Daddy ဝမ်လေးကို မျက်နှာသစ်ပေး...
အသစ်လေးတွေ ဝတ်ရအောင် ရေရောချိုးမယ်လေ နော့!"

"အင်း အင်း ရေချိုးခန်းထဲ အရင်သွားနှင့်"

ကိုယ့်စကားကို ခေါင်းတဆက်ဆက်ငြိမ့်ပြကာ ခြေတံတုတ်တုတ်လေးတွေနဲ့ ရေချိုးခန်းထဲကို လုံးတုံးလုံးတုံးပြေးဝင်သွားတဲ့ အကောင်ပေါက်ကိုကြည့်ပြီး XZ ပြုံးမိသေးသည်။

ဘယ်လိုဟာလေးမှန်းကို မသိဘူး။

သားသား ဝင်သွားတာ သေချာမှ Baby ရဲ့နဖူးထက်ကို XZ အရင်ငုံ့နမ်းလိုက်သည်။ ပြီးနောက် ဆေးနီမကူပဲ ရဲစိုနေသော နှုတ်ခမ်းလေးကို ငုံထွေးလိုက်ရင်း မနက်ခင်းတစ်ခုကို အလှပဆုံး အစပြုမိသည်။

ဘယ်အချိန်ကတည်းကနိုးနေမှန်း မသိတဲ့ ကလေးငယ်က ကိုယ့်အပြုအမူကြောင့် ရယ်သွမ်းသွေးလျက် မျက်နှာကို လက်နဲ့အသာတွန်းဖယ်ရင်း ရှောင်နေလေတော့သည်။

"ကိုကို့ သားသား ရှိတယ်လေ...
ဖယ်တော့..."

"Good morning, my baby.
Give me morning kiss"

ကိုယ် ပြောတာတစ်ခြား သူ ပြောတာတစ်ခြား ဖြစ်နေပေမယ့် Yibo သဘောတကျရယ်လိုက်မိပါသေးသည်။

ကိုကိုက တစ်ခါတစ်လေ ဒီလိုလည်း ဆိုးတတ်သေးတယ် ဆိုတာကို ကျွန်တော် အသိဆုံးပေမို့.....။

_______________

"ကိုကိုးးး ကျွန်တော် မှာထားတဲ့ cake လေးကို လာကြည့်ပါဦး"

အိမ်ထဲကနေ ထွက်လာတဲ့ အသံစာစာလေးကြောင့် Party အတွက် စိတ်တိုင်းကျ ပြင်ဆင်ခိုင်းနေသော ဒေါက်တာကျိရန်တစ်ယောက် ချက်ချင်းလှည့်ကြည့်လာလေသည်။

"ကိုကိုး ဒီမှာလာကြည့် ကျွန်တော် မှာထားတဲ့ cake လေး"

လက်ဆွဲခေါ်ဆောင်သူအလိုတော်အရ လိုက်ပါသွားသူရဲ့မျက်နှာထက်မှာလည်း အပြုံးပန်းတွေ ဝေဆာနေခဲ့သည်။

ဟုတ်ပါသည်... ဒီနေ့က ဆေးရုံအုပ်ဖြစ်တဲ့ နှလုံးအထူးထုဆရာဝန်ကြီး ဒေါက်တာကျိရန် နဲ့ ဒေါက်တာလေး လန်ကျင်းရီတို့ရဲ့ တစ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်သာဖြစ်ပါသည်။

အစွာလေး နဲ့ ဆေးရုံအုပ်လူပျိုကြီးတို့ရဲ့ အချစ်ရေးကိစ္စဟာလည်း ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ပြီးနောက်
ဆေးရုံအုပ်ရဲ့ဂုဏ်သရေရှိ မျိုးရိုးသိက္ခာကို အရင်းတည်၍ မိဘများက သဘောမတူခဲ့ချေ။

သို့သော် တစ်သက်မှာတစ်ခါ ချစ်တတ်ခဲ့တဲ့ တည်ငြိမ်အေးဆေးတဲ့ လူပျိုကြီးကတော့ သူသိပ်ချစ်တဲ့ကောင်လေးကို လက်မလွှတ်ခဲ့ပါဘူး တဲ့...။

အခက်အခဲတွေကြားထဲကနေ လက်တွဲမဖြုတ်ပဲ အရာအားလုံးကို စွန့်လွှတ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကပင် မင်္ဂလာပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြသည်။

သေချာပေါက် ဆေးရုံအုပ်ရဲ့မိဘတွေကတော့ မင်္ဂလာပွဲကို မတက်ခဲ့ပေမယ့်လို့ပေါ့....!

လန်ကျင်းရီရဲ့မိဘတွေကတော့ သိပ်မဆိုးပေမယ့် 'ကိုယ်ရွေးချယ်တဲ့လမ်း ကိုယ်ဖြစ်ကိုယ်ခံ' စနစ်နဲ့ သဘောတူတယ်လည်း မဟုတ် ၊ သဘောမတူ ကန့်ကွက်တာမျိုးလည်း မရှိခဲ့ပါလေ...။

ပြန်ပြောင်းပြောရရင် ဝမ်းနည်းစရာတွေရှိခဲ့ပေမယ့်လည်း ချစ်သူရဲ့အနားမှာရှိနေရခြင်းကိုက ဘဝတစ်ခုလို့ ခံယူထားတဲ့ သူတို့နှစ်ယောက်အတွက်တော့ ထွေထူးပြီး ဝမ်းနည်းနေစရာမရှိခဲ့...။

"အင်း မင်းလေး မှာထားတဲ့ Cake မို့လို့လား မသိဘူး အရမ်းလှတယ်..."

ကျိရန်ရဲ့စကားအဆုံး သူ ကြားချင်တာ ကြားလိုက်ရတဲ့ ကောင်လေးရဲ့မျက်နှာမှာ ဝင်းပသွားတော့သည်။

သုံးထပ် Cake အဝိုင်းကြီးရဲ့အလယ်မှာ လက်စွပ်လေးနှစ်ကွင်းထပ်ထားတဲ့ ပုံစံလေးနဲ့ အသဲပုံကြားက နာမည်လေးတွေဟာလည်း ဆွဲထားတာ သေသေသပ်သပ်ရှိလှသည်။
စတော်ဘယ်ရီရောင် ကိတ်မုန့်ကြီးရဲ့ဘေးပတ်ပတ်လည်မှာလည်း တန်ဆာဆင်ထားတဲ့ နီရဲရဲ စတော်ဘယ်ရီသီးလေးတွေကြောင့် Cake ကြီးဟာ မွှေးကြိုင်လှပနေပြီး စားချင်စဖွယ်အတိပင်ဖြစ်နေလေသည်။
1 Year Anniversary ဆိုတဲ့ စာတန်းကြီးကလည်း Cake ရဲ့ တစ်ထပ်ချင်းစီတိုင်းမှာ လှပသေသပ်စွာနေရာယူနေ၏။

"ဟီးးး ကိုကိုး ကြိုက်ရင် ကျွန်တော် မှာရကျိုးနပ်တာပေါ့...
Cake က စားကောင်းမယ့်ပုံပဲနော် ကိုကိုး...
အခုကို ကြည့်နေရင်းနဲ့ စားချင်နေပြီ..."

ကြည့်ရင်း ကြည့်ရင်းနဲ့ Cake ကို စားချင်လာတာကြောင့် တံတွေးတစ်ချက်မျိုချကာ ကျင်းရီ အဖော်စပ်မိသည်။

"စားချင်ရင် စားလေကွာ
ထပ်မှာကြတာပေါ့..."

သရေယိုနေတဲ့သူကို အားပေးအားမြှောက်ပြုနေသလို အလိုလိုက်လွန်းတဲ့ ကိုကိုးကြောင့် ကျင်းရီ စိတ်ကျေနပ်သွားပေမယ့်လည်း Cake ကိုတော့ တကယ်မစားရက်...။

"တော်ပါပြီ ရေခဲသေတ္တာထဲပဲ ထည့်ထားလိုက်တော့မယ်...
မြင်ရင် စားချင်နေလိမ့်မယ်..."

လျှာတစ်ချက်သပ်ကာ ရေခဲသေတ္တာထဲထိုးထည့်ပြီးမှ အမျှင်မပျက်စွာ လှည့်ကြည့်မိသေးသည်။

ကျိရန်ကတော့ အစားပုပ်လေးကိုကြည့်ကာ ခေါင်းအသာခါလျက် ရယ်နေလေတော့သည်။

"ဆေးရုံအုပ် ပြင်ဆင်ထားတာလေးတွေ တစ်ချက်လာကြည့်ပါဦး"

"အေး အေး
လာ သွားကြည့်ရအောင်"

ဆေးရုံက Staff တွေ နဲ့ neurs လေးတွေ ၊ ဒေါက်တာပေါက်စလေးတွေရဲ့ စေတနာသန့်သန့်နဲ့ ဝိုင်းဝန်းပြင်ဆင်ပေးမှုကြောင့် Party ကျင်းပမယ့် အခမ်းအနားအပြင်အဆင်လေးဟာလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ အထက်တန်းဆန်ဆန်လှပနေတော့သည်။

"အားလုံး ခုလို ဝိုင်းဝန်းကူညီပေးကြတဲ့အတွက် ကျေးဇူးပါကွာ..."

ပြင်ဆင်ထားတာလေးကိုကြည့်ရင်း ကျိရန် ကျေးဇူးတင်စကားပြောတော့ ဝိုင်းဝန်းကူညီပေးကြတဲ့ neurs လေးတွေက ခေါင်းတစ်ခါခါနဲ့ မလိုအပ်ကြောင်း ပြောကြရှာသည်။

ညမှာ ကျင်းပရတော့မယ့် Party ပွဲလေးအတွက်လည်း သူတို့ အားလုံးဟာ Ready ဖြစ်နေကြလေပြီ။

_______________

"ကို့! မားက မနက်ဖြန်ကျရင် အိမ်ကို ထမင်းလာစားကြတဲ့...
သား ယောကျာ်းကိုရော ခေါ်ခဲ့တဲ့..."

"အဆိုးလေးက ဘာပြန်ဖြေလိုက်လဲ...?"

နေ့လည်စာစားနေရင်း ပြောလာတဲ့ အဆိုးလေးရဲ့စကားကြောင့် ရှင်းချန် ဘေးနားကရေခွက်ကို တစ်ချက်မော့သောက်ပြီး ပြန်မေးလိုက်သည်။

"ကို့သဘော လို့ ပြောခဲ့တယ်...
ပါပါးလည်း အိမ်မှာရှိတယ်လေ...
မားကတော့ အားလုံးကို ထမင်းလက်စုံ စားစေချင်တယ်ထင်တယ်...
ကျွန်တော့်ကို ပြောတော့ ဘေးမှာ ပါးပါး ရဲမှူးကြီးက သတင်းစာဖတ်ချင်ယောင်ဆောင်နေတာလေ ဟက်! သတင်းစာရွက်အပေါ်က ကျော်ပြီး ချောင်းကြည့်တယ် သိလား...?
ကျွန်တော်လည်း 'ကို့သဘော' ဆိုပြီး ချေထားခဲ့တယ်..."

တက်တက်ကြွကြွနဲ့ အိမ်သွားတုန်းကအကြောင်းကို ဖောက်သည်ပြန်ချနေသော အဆိုးလေး စကားကြောင့် ရှင်းချန် ပြုံးလျက်သာ စကားထောက်ပေးမိသည်။

"မားကရော ဘာပြန်ပြောလဲ...?"

"မားကတော့ ဘာပြောမလဲ ကိုရဲ့...
ရယ်နေတာပေါ့...
ပါးပါး မျက်နှာတော့ ရှုံ့မဲ့သွားမှာပဲ...
အဟားးး"

နှစ်ယောက်သား လူကြီးကို မလှောင်သင့်တာ သိပေမယ့် အကြောင်းသိသူတွေမို့ အသံထွက်သည်အထိ ရယ်လိုက်မိကြသည်။

အဆိုးလေးရဲ့ပါးပါးက သားရယ် သမက်ရယ် မိသားစုဝင်တွေနဲ့ အဆင်ပြေပြေနေချင်ပေမယ့် အားလုံးလေးစားရတဲ့ ရဲမှူးကြီး ဆိုတဲ့ ဟိတ်ဟန်ကြီးကြောင့် တစ်ခါတစ်လေ ဒီလိုကလေးဆန်မှုလေးနဲ့လည်း ကြုံတွေ့ရတတ်သေးသည်။

စကားမပြောချင်ဘူးလား ဆိုတော့လည်း မဟုတ် ၊ ဒါပေမယ့် တကယ်တမ်း စကားပြောကြမယ်ဟေ့ ဆိုကျတော့လည်း ခပ်တည်တည်နဲ့ တစ်လုံးနှစ်လုံးအပြင် ပိုပြောတတ်ခြင်းမရှိခဲ့....!

သူတို့ လက်ထပ်ပြီးတာတောင် ငါးနှစ်ရှိတော့မယ်...
အခုချိန်ထိ အထူးအဆန်းကြီးတစ်ခုလို နေရခက်နေဆဲဖြစ်တဲ့ ပါးပါးကို အပြစ်မတင်ရက်ကြပါလေ...။

အဆင်ပြေဖို့ ကြိုးစားချင်တဲ့စိတ်ရှိတာကိုက ကျေးဇူးတင်စရာကောင်းလွန်းနေသည် မဟုတ်ပါလား.....??

ခံစားချက်တွေကို ထုတ်ဖော်မပြသတတ်တဲ့ ပါးပါးက အခုလည်း ထမင်းစားဖိတ်ခိုင်းတာကို လူစားထိုးကာ မားကတစ်ဆင့်ပြောခိုင်းနေတာပဲကြည့်ပါတော့....!

"မင်းလေးကတော့ကွာ...
တကယ့်ကို အဆိုးလေးပဲ..."

"ဒီအဆိုးလေးကိုပဲ ကိုက ချစ်နေရတာ မဟုတ်လား...?"

"ဟားးး ဟုတ်ပဗျာ...
ဒီအဆိုးလေးကိုပဲ ကိုယ့်မှာ ချစ်မဝဖြစ်နေရတာ..."

လိပ်အဆိုးလေးကြောင့် ရှင်းချန် ထပ်ရယ်မိပြန်ပြီ။

"ကျွန်တော်ကလည်း ခင်ဗျားကြီးကို အများကြီးချစ်တာ ယုံ"

"ယုံပါ့ဗျာ ယုံပါ့...
ကိုက မင်းလေးဆိုရင်ကို ချွင်းချက်မရှိယုံကြည်ပြီးသား..."

အပြုံးတွေနဲ့အတူ ရင်ထဲက ကြည်နူးပီတိတွေနဲ့တင် ထမင်း ဆက်စားနေစရာ မလိုတော့လောက်အောက်ကို တစ်ယောက်အပြုံး တစ်ယောက်ကြည့်နေရတာနဲ့တင် နှစ်ယောက်စလုံး ဗိုက်ပြည့်သွားကြလေပြီ။

'အချစ်စွမ်းအား' ဆိုတာ ဒါမျိုးကို ပြောတာထင်၏။

________________

"မီးမီးလေးက ဂါဝန်လေးနဲ့ လှလိုက်တာကွာ..."

"Daddy ရဲ့ မီးမီးလေးက အလှဆုံးပဲ..."

ဂါဝန်အနီရဲရဲလေးပေါ်မှာ ဖဲပွင့်လေးတွေနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ သုံးနှစ်အရွယ် သမီးငယ်လေးက သူ့ကိုကြည့်ကာ ဘယ်လောက်လှကြောင်း ပြောနေကြတဲ့ Daddy နဲ့ ပါးပါး ကြောင့် တခ်ခ်ရယ်လျက် ဂါဝန်လေးကို လက်နှစ်ဖက်နဲ့ကိုင်ကာ ခုန်ပေါက်မြူးထူးနေတော့သည်။

ခါးလောက်ရှိတဲ့ ဆံနွယ်လေးတွေကို ကျစ်ထားကာ ဖဲကြိုးအနီလေးတွေနဲ့လည်း စီးပေးထားတာကြောင့် တစ်ကိုယ်လုံး နီစွေးနေပြီး ဖြူဖွေးနေတဲ့ အသားအရည်လေးနဲ့လည်း လိုက်ဖက်လွန်းလှသည်။

"အကို အင်္ကျီလဲတော့လေ..."

မီးမီးလေးနဲ့ စကားတီတီတာတာပြောကာ ရယ်မောနေသော အကို့ကို မုန့်ယောင် သတိလှမ်းပေးတော့ မီးမီးလေးရဲ့ ပါးဖောင်းဖောင်းလေးကို တစ်ချက်ဖိကပ်နမ်းကာ ခေါင်းငြိမ့်ပြလာသည်။

မိသားစုဆိုတဲ့ ကမ္ဘာငယ်လေးအဖြစ် ဘဝထဲကိုဝင်ရောက်လာတဲ့ မီးမီးလေးက မုန့်ယောင် အကို့ကို ဘယ်လောက်ထိ ချစ်ကြောင်း ချစ်သက်လက်ဆောင်လေးတစ်ခု ဆိုတာ မပြောလည်း သိပါစေလေ...။

ရှီးချန်လည်း ယောင်လေး ထုတ်ပေးထားတဲ့ နီအညိုပုပ်ရောင် Suit လေးကို လဲဝတ်လိုက်တော့ ယောင်လေးကလည်း ရိုးရာမပျက် အင်္ကျီကြယ်သီးလေးတွေကို တယုတယတပ်ပေးလာ၏။

ဒီလို အချိန်မျိုးဆို ရှီးချန် အမြဲတမ်း ရင်ခုန်ရစမြဲ။ ကြယ်သီးတပ်ပေးနေတဲ့ မျက်နှာလေးနုနုလေးကို ငုံ့မိုးကြည့်ကာ 'သူလေးက ငါ့အပိုင်ပါလား မီးမီးလေးရဲ့ပါးပါးပါလား' ဆိုတဲ့ အတွေးက သူ့ရင်ထဲကို ကြည်နူးမှုတွေ ဖြာစေပြီး ဘယ်တော့မှမရိုးနိုင်တဲ့ ခံစားချက်တွေကို ဒီအပြုအမူလေးက အမြဲပေးနေစမြဲ။
ရှင်းချန် သဘောအကျရဆုံး အမူအရာလေးဆိုလည်း မှားမည်မထင်ပါလေ...။

အားလုံးပြင်ဆင်ပြီးတာနဲ့ အိမ်အောက်ကို သူတို့သုံးယောက် ဆင်းလာကြတော့ ည 7:30 ရှိနေလေပြီ။

ဆေးရုံအုပ်နဲ့ Yibo ge ရဲ့ သူငယ်ချင်း ဒေါက်တာလေးတို့ရဲ့ Dinner Party ကို သွားကြဖို့ သုံးယောက်သား ပြင်ဆင်နေကြခြင်းဖြစ်သည်။

ဒီနှစ်တွေအတွင်း အားလုံးနဲ့ပတ်သတ်ရာ ပတ်သတ်ရာ လူတွေကိုလည်း fudanshi ဝါသနာအခံရှိတဲ့ မုန့်ယောင်နဲ့ ခင်မင်နေခဲ့ကြပြီလေ...။

အကိုကတော့ ကိုယ့်ဆန္ဒဟာသူ့ဆန္ဒလို့ပြောပြီး လိုက်လျောပေးခဲ့သည်။

မီးမီးလေးကို ကိုယ်တွေဘဝထဲခေါ်ဆောင်ပေးခဲ့တာကိုပဲ အကိုက ကျေးဇူးတင်လို့မဆုံးပါဘူးတဲ့လေ...။

အဲ့ဒီအချိန်တွေတုန်းက အကိုတစ်ယောက် ဝမ်းသာမျက်ရည်တွေပါကျခဲ့တာကို မှတ်မိပါသေးသည်။

အကို ပျော်ရင် ကိုယ်လည်း ပျော်တာမို့ အကို့ကိုကြည့်ရင်း ကိုယ်ပါ မျက်လည်ဝဲမိသည်အထိပင်။

အချိန်တွေက အကုန်မြန်လွန်းပါသည်။
မီးမီးလေးတောင် ကိုယ့်မျက်စိရှေ့တင် စကားတီတီတာတာလေးတွေ အများကြီးပြောတတ်တဲ့ သုံးနှစ်အရွယ် ချစ်စရာကောင်းတဲ့ ကောင်မလေးပင် ဖြစ်နေပြီလေ...။

"မီးမီး Daddy ဆီကိုလာ...
ယောင်လေးရေ ရောက်ပြီလေ"

"ဟမ် အင်း အကို"

ကိုယ် သတိပြန်ဝင်လာတော့ မီးမီးလေးတောင် သူ့ Daddy ဆီ ရောက်နေလေပြီ။

"ဘာတွေတွေးနေတာလဲ ဒီကောင်လေးကတော့..."

"ဟီးးး အတွေးလွန်သွားလို့ပါ အကိုရဲ့..."

"လာ ပွဲထဲဝင်ရအောင်"

"ဟုတ်"

လက်တစ်ဖက်က မီးမီးလေးကို ချီကာ လက်တစ်ဖက်က ကိုယ့်လက်ကို ဆွဲကိုင်ပြီး ပွဲထဲကိုဝင်သွားတဲ့ အကို့နောက်ကျောပုံစံက သိပ်ကို ကြည့်လို့ကောင်းလွန်းပါသည်လေ...။

ရှေ့ဆင့်နောက်ဆင့် ဝင်လာတာကတော့ ပြောင်လက်နေတဲ့ အနက်ရောင်ကားတစ်စီး...။

ကားထဲမှာတော့ ဟိုးအရင်ကနဲ့ခြားနားစွာ တီတီတာတာ စကားသံလေးတွေ ရယ်မောသံလေးတွေနဲ့ သာယာနေ၏။

ကားစက်ရပ်တော့ ဖင်တကြွကြွဖြစ်နေတဲ့ အနောက်က သားတော်မောင်ကို "သားသား Daddy ဆီကိုလာ..." ဆိုပြီး Xiao Zhan အရင် လှမ်းခေါ်ထားရသည်။

ထို့နောက် သားသားကိုချီကာ XZ တို့ ရိုးရာမပျက် ကားရဲ့တစ်ဖက်ခြမ်းကို ခြေလှမ်းကြဲကြီး လျှောက်သွားလိုက်ပြီး Baby ဆင်းလာဖို့ရန်အတွက် lover seat ကားတံခါးလေးကို ဖွင့်ပေးလိုက်သည်။

သားသားကို လက်တစ်ဖက်ကချီရင်း လက်တစ်ဖက်က ကိုယ်ထိုင်နေတဲ့ဘက်က တံခါးကို လာဖွင့်ပေးတဲ့ ကိုကိုဟာ သိပ်ကိုချောမောခန့်ညားလွန်းတဲ့ အမျိုးသားတစ်ယောက်.....။

ကိုယ့်အမျိုးသားကို ကိုယ်ပြန်ငမ်းရတာလောက် ရင်ခုန်စရာကောင်းတာ ဒီကမ္ဘာမှာ ရှိလောက်မည်မထင်ပါလေ...။

ကိုကိုကတော့ နှုတ်ခမ်းအောက်ကမှည့်နက်လေးနဲ့အတူ ခပ်ပြုံးပြုံးသာ ကိုယ့်အကြည့်တွေကို ပါရမီဖြည့်ပေးပါ၏။

ချောမောခန့်ညားလွန်းတဲ့ ကိုယ့်အမျိုးသားနဲ့ သူချီထားတဲ့ ကလေးက သူနဲ့ရတဲ့ ကိုယ့်သွေးသား ချစ်စရာကောင်းလွန်းတဲ့ သားသားပါတဲ့...။

ဒီလူသားဟာ တစ်ချိန်က ကိုယ့်ရဲ့အမုန်းတွေ ကိုယ့်ရဲ့အတ္တတွေနဲ့ အနိုင်လိုချင်ခဲ့ဖူးတဲ့ အမျိုးသားတစ်ယောက်ဆိုတာ အခုချိန်မှာတော့ ပုံပြင်သာသာ ဇာတ်လမ်းလေးတစ်ပုဒ်အဖြစ်သာ...။

အမုန်းတွေကို ဥပေက္ခာပြုပြီးတဲ့နောက် သိပ်ကိုလှပတဲ့အချစ်တွေကို ကျွန်တော် မြင်နိုင်ခဲ့ပြီ။

ကိုကိုက ကျွန်တော့်ရဲ့ဘဝ ၊ သားသားက ကျွန်တော့်ရဲ့ နှလုံးသည်းပွတ်ကလေး...။

"အဟမ်း ကိုယ် ရှက်လာပြီနော် ကောင်လေး..."

ငေးနေတာ အချိန်ဘယ်လောက်ကြာသွားသလဲမသိ ကိုကို့ရဲ့ချောင်းဟန့်သံနဲ့ သားသားရဲ့အပြုံးလို့ခေါ်မရတဲ့ အပြုံးလေးကို မြင်မှ ကိုယ်လည်း သတိပြန်ဝင်လာတော့သည်။

"ကျွန်တော့် အမျိုးသားက ကလေးကို လက်တစ်ဖက်ထဲနဲ့ ချီထားတဲ့ ပုံစံလေးကိုက သိပ်ကို Smart ကျ လွန်းတာကိုးဗျ"

"ဟားးး Baby ကတော့ကွာ..."

ရယ်လိုက်တဲ့အခါ ပေါ်လာတတ်တဲ့ ယုန်သွားလေးနှစ်ချောင်းနဲ့ ပါးချိုင့်လေးက ကိုယ် သိပ်မြတ်နိုးတဲ့ ကိုကို့ရဲ့မျက်နှာချောချောပေါ်က ဖြစ်တည်မှုလေးတွေ...။
ပြီးတော့ ကိုကို့ရဲ့အပြုံးတွေကို တန်ဆာဆင်ပေးတတ်တဲ့ နှုတ်ခမ်းအောက်က မှည့်နက်ကလေးအပါအဝင်ပေါ့...။

ကိုကိုက ခေါင်းလေးအသာမော့ကာ ရယ်တော့ အဲ့ဒီ ရယ်သံစည်းချက်လေးတွေကို မလွတ်တမ်း လိုက်နားထောင်ရတာဟာ ဒီကောင့်ရဲ့အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ။

"လာ Baby ပွဲက စနေပြီ..."

ရုတ်ချည်းဆိုသလို လက်ပေါ်ကျရောက်လာတဲ့ နွေးထွေးမှုတစ်ခုက ရင်ထဲကိုလည်း 'နွေးကနဲ' ဖြစ်သွားစေဖို့ ရည်ရွယ်လေသလား...?

ကလေးကို လက်တစ်ဖက်မှာချီကာ လက်တစ်ဖက်က ချစ်ရသူရဲ့လက်ကို ဆွဲရင်း ပွဲထဲကို ဝင်လာတဲ့ သူတို့ရဲ့မျက်နှာပေါ်မှာလည်း အသက်ဝင်လွန်းတဲ့ အပြုံးတွေ ၊ ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းတွေဟာလည်း သူတို့ရဲ့အချစ်ကို တစ်ခြားနည်းနဲ့ ကိုယ်စားပြုလိုက်တဲ့ အပြုအမူတွေလား.....?

သေချာတာတစ်ခုကတော့ ယုံကြည်မှုအပြည့်နဲ့ ထိုပုံရိပ်သည် ဘယ်တော့မှ မမေ့နိုင်မည့် ပန်းချီကားတစ်ချပ်လို မြင်သူတကာရင်ထဲမှာ စွဲသွားစေသည်။

သူတို့ ပွဲထဲကိုဝင်လာတော့ စီနီယာဒေါက်တာရှင်းချန်အတွဲတို့လည်း ရောက်နေပြီဖြစ်သည်။

ဆေးရုံအုပ်နဲ့စကားတွေပြောနေကြရင်း သူတို့မိသားစုကိုလည်း လှမ်းပြုံးပြနေကြသေးသည်။

"Hey! Yibo"

ကျင်းရီရဲ့ခေါ်သံကြောင့် Yibo လှမ်းကြည့်လိုက်တော့ ပွဲရဲ့နတ်သားလေးတစ်ပါးလို့ပြောစရာမလိုအောင် အဖြူရောင်ဝတ်စုံအပြည့်နဲ့ ကြည့်ကောင်းနေသော သူငယ်ချင်းကြီး...။

"Congratulations Bro"

"Thanks!
ဟာ ဒီကောင်လေးက ဘယ်သူ့တူလေးမို့
ဒီလောက် ချစ်စရာကောင်းနေပါလိမ့်"

ကျင်းရီက ကိုယ့်စကားကိုလည်း ပြန်ဖြေရင်း ကိုကို့လက်ပေါ်က သားသားရဲ့ပါးဖောင်းဖောင်းလေးကိုလည်း သွားဆွဲကာ စ,နေသေးသည်။

ထို့နောက် နှစ်ယောက်သား တစ်ယောက်နား အနား တစ်ယောက်ကပ်ကာ တိုးတိုးတိုးတိုးနဲ့ ဘာတွေပြောနေကြမှန်းမသိ ပြောနေကြရင်း လက်ညှိုးလေးတွေကိုလည်း ပါးစပ်ပေါ်မှာတင်ကာ 'Shuu' ဟူသော အမူအရာလေးတွေကိုလုပ်ရင်း အတိုင်ဖောက်ညီစွာ ရယ်နေကြသေးသည်။

သားသားက သူ့ဦးဦးကျင်းရီကိုတော့ ခင်တွယ်ရှာသည်။

"လာကြ ဒီဝိုင်းကို"

သားသားနဲ့ နှစ်ယောက်သား တီးတိုးစကားတွေပြောလို့ဝမှ ကိုယ်တွေကို နေရာချပေးဖို့သတိရသောလန်ကျင်းရီပါလေ...။

မြူးထူးရိပ်သမ်းနေတဲ့ မျက်နှာနဲ့ ပျော်ရွှင်နေတဲ့ သူငယ်ချင်းဖြစ်သူလန်ကျင်းရီကိုကြည့်ရင်း ကိုယ့်ကိုပါ အပျော်တွေ ကူးစက်နေသလို ခံစားနေရသည်။

"Yibo!"

"အာ စစ်ကျွေး လာလေ ဒီဝိုင်းကို"

အခုမှ ပွဲထဲကို ဝင်လာပုံရတဲ့ စစ်ကျွေးက ပါးစပ်ကလည်း လှမ်းခေါ်ရင်း ကိုယ်တွေထိုင်နေတဲ့ ဝိုင်းဘက်ကို လျှောက်လာလေသည်။

အင်းးးသေချာပေါက် သူ့ဘေးမှာ ကိုကို့ရဲ့လူယုံတော်လည်းပါလာတာပေါ့...။

"ဝမ်လေးလည်း ပါလာကိုးကွ
လာပါဦး ဦးဦးဆီကို..."

အနားကိုရောက်ရောက်ချင်း ဝမ်လေးကို တန်းခေါ်သော သူငယ်ချင်းကြောင့် Yibo မေးမယ့်မေးခွန်းတွေကို ပြန်မြိုချထားလိုက်ရသည်။

သားသားက လူချစ်လူခင်တော့ အတော်ပေါသည်ပြောရမည်။

ကိုကိုက သူ့လက်အောက်ကဆိုပြီး ဟိတ်ဟန်မရှိတတ်တာကြောင့် ဝမ်နင်ကောကလည်း စစ်ကျွေးလက်ထဲရောက်နေတဲ့ သားသားကို စ,ရင်း နောက်ရင်း ပေါ့ပေါ့ပါးပါးပဲရယ်မောနေကြလေသည်။

ဒီအတွဲလား...??

ဇာတ်လမ်းလေးကတော့...
အလုပ်ပဲကိုသိပြီး သစ္စာရှိတဲ့ လူရိုးကြီး ဝမ်နင် (ခေါ်) ယွီပင်း နဲ့ သိတတ်လိမ္မာတဲ့ ခပ်အေးအေးသမား စစ်ကျွေးနဲ့တွေ့ချိန်မှာတော့
တစ်ယောက်ကိုတစ်ယောက် ခံစားချက်တွေရှိနေသော်လည်း ဘယ်သူ့ဘက်ကမှစ,ခဲ့ခြင်းမရှိခဲ့တာကြောင့် အချိန်တွေ တော်တော်ကုန်သွားဖူးခဲ့သည်။

ခက်ခက်ခဲခဲ ချစ်သူတွေဖြစ်လာတော့လည်း မဖြောင့်ဖြူးတဲ့ခရီးလမ်း ကြမ်းတမ်းခဲ့သည်မှာ အမွေပြတ်စွန့်လွှတ်တာတွေပါ သတင်းစာတွေထဲပါလာလေသည်။

စစ်ကျွေးရဲ့မိဘတွေက ပညာဂုဏ်ကို သိပ်အလေးထားတဲ့သူတွေဖြစ်တာကြောင့် အချစ်ကိုရှာတွေ့သွားတဲ့ စစ်ကျွေးနဲ့ အကြီးအကျယ် စကားများခဲ့ကြသေးသည်။

နောက်တော့ ဘယ်လိုမှသဘောမတူပဲ Duty တွေထိ ချုပ်ချယ်တာတွေပါရှိလာတာကြောင့် ကိုကိုက အုပ်ထိန်းသူနေရာမှာနေပြီး ဝမ်နင်ကောဘက်က လိုက်ပြောပေးခဲ့တာတောင် သဘောတူမလိုလိုနဲ့ ခေါင်းမာနေဆဲဖြစ်တဲ့မိဘတွေကြောင့် ခိုးပြေးလာခဲ့ကြသော ထူးထူးခြားခြားအတွဲလေးပါလေ...။

ရုံးမှာပဲလက်မှတ်ထိုးထားကြပြီး လာမယ့် Anniversary မှာမှ ပွဲလေးကျင်းပမယ်လို့ စိတ်ကူးနေတဲ့ ဒီအတွဲက လောလောဆယ်မှာတော့ ဆေးရုံနဲ့လည်းနီး ယွီပင်းကောရဲ့ အလုပ်နဲ့လည်းနီးတဲ့ Condo တစ်ခုမှာ နှစ်ယောက်တစ်ကမ္ဘာတည်နေကြသည်။

6 နှစ်ဆိုတဲ့ကာလအတွင်းမှာ အရာအားလုံးနီးပါးဟာ တော်တော်များများ ပြောင်းလဲကုန်ကြလေပြီ။

အချစ်တွေနဲ့သာကြည့်ရင် ထိုအပြောင်းအလဲတွေဟာလည်း လှပနေပါလိမ့်မည်။

အားလုံးရဲ့မျက်နှာမှာလည်း ကိုယ်စီအပြုံးတွေနဲ့ဝေဆာနေကာ ဒီညရဲ့အလှကို ပိုသာယာစေဖို့ အားဖြည့်ပေးနေသယောင်ရှိသည်။

အချိန်တွေ တဖြေးဖြေးကုန်ဆုံးလာပြီးနောက်မှာတော့ ဆုတောင်းစကားတွေနဲ့အတူ Anniversary cake ကြီးကို ခွဲဖို့ အချိန်ကျလာရောက်လာတော့သည်။

ထိုအချိန်ကျမှ သိလိုက်ရသည်က သားသားဝမ်လေးရဲ့ "ဦးဦးကျင်းရီမွေးတဲ့ ကလေးလေးကို သားသား ထိန်းမှာနော်" အစချီတဲ့ လန်ကျင်းရီရဲ့ဆွဲဆောင်အားကောင်းမှုကြောင့် Party ကို လာဖို့ ဖင်တကြွကြွဖြစ်နေကြောင်း XZ နဲ့ YB တို့ လက်ခံလိုက်ရတော့သည်။

ပြောတုန်းကပြောထားပြီးမှ လူကြားထဲပြောချလာတဲ့ ဝမ်လေးရဲ့စကားကြောင့် ကျင်းရီရဲ့မျက်နှာမှာလည်း Strawberry ရောင် Cake ကြီးနဲ့အပြိုင် Strawberry ရောင်တွေ သမ်းကုန်လေတော့သည်။

ဆေးရုံအုပ်ကလည်း ရယ်နေပြီး တစ်ခြားဧည့်သည်တွေကပါ ကျင်းရီကို ဝိုင်းစ,နေကြတာကြောင့် 'တဟားဟား' ပွဲကျကုန်ကြသေးသည်။

သားသားကိုတော့ အတတ်ကလေးဆိုပြီး အားလုံးက ပို၍ပင် အာရုံစိုက်ခံလာကြတော့သည်။

Cake တွေခွဲပြီး စားကြသောက်ကြ သီချင်းဆိုကြနဲ့ ပျော်နေကြချိန် သားသားကတော့ သူ့ဦးဦးကျင်းရီ အနားကနေ မခွာတော့ပေ...။

'ကလေးလေးမွေးပေးပြီးရင် သားသားထိန်းမှာနော် သားသားရောပိုင်တယ်နော်' ဆိုပြီး ကျင်းရီအနားမှာ အတင်းလိုက်ကပ်ကာ ပူဆာနေတာကြောင့် Yibo တို့ပင် မနည်းချော့ပြီးခေါ်ထားရသည်။

ကျင်းရီနဲ့ဆေးရုံအုပ်ကတော့ စိတ်မဆိုးတဲ့အပြင် 'တကယ်မွေးပေးရင် ထိန်းမှာလား...?' တွေပါ မေးနေကြတာကြောင့်လည်း သားသားတစ်ယောက် သူတို့အနားက မခွာနိုင်တော့ခြင်းဖြစ်သည်။

ဒီကောင်လေး လူကဖြင့် အသက် 6 နှစ်ပဲရှိသေးတာကို ဘယ်တုန်းကဒီလောက် ကလေးချစ်တတ်သွားသလဲ မပြောတတ်ပါလေ...။

ပွဲကလည်း တဖြေးဖြေးအရှိန်မြင့်လာသလို ပွဲရဲ့အဓိကလူနှစ်ယောက် စုံတွဲသီချင်းဆိုလို့အပြီး နောက်ထပ် သီချင်းတက်ဆိုသူတွေရဲ့အသံတွေဟာလည်း လေထဲမှာ လွင့်ပျံနေဆဲ...။

ညရဲ့ကောင်းကင်ကြီးမှလည်း ဝိုင်းစက်နေတဲ့ လမင်းကြီးနဲ့အတူ အစွမ်းကုန်တောက်ပနေကြတဲ့ ကြယ်ကလေးတွေကြောင့် ညရဲ့အလှဟာ ပိုပြီးတော့ အသက်ဝင်နေလေသည်။

ချစ်ခြင်းမေတ္တာတွေနဲ့အသက်ဝင်နေတဲ့ ကမ္ဘာမြေပြင်ပေါ်က Party ပွဲလောက်တော့ မလှပပေမယ့်လို့ပေါ့...။

ချစ်ရသူရဲ့မျက်နှာကို ငေးကြည့်နေတဲ့ ချစ်ခြင်းမေတ္တာအပြည့်နဲ့ မျက်ဝန်းတွေ...
ချစ်သူရဲ့လက်ကို တွဲကိုင်ထားတဲ့ ခိုင်မြဲတဲ့သစ္စာတရားတွေ...
ကလေးချော့မြူသံတွေ...
ချစ်စရာကောင်းတဲ့ 'တခစ်ခစ်' ရယ်မောသံလေးတွေ...
အသက်ဝင်လွန်းတဲ့ အပြုံးတွေ...
အချိုသာဆုံး ရယ်မောသံတွေ...
ထပ်တူကျနေတဲ့ ရင်ခုန်သံတွေ.....
အချစ်နဲ့ ကြုံတွေ့လာတဲ့အခါ ပတ်ဝန်းကျင်က အရာအားလုံးဟာ လှပနေတော့တာပဲ...။

ကျွန်တော့်ဘေးမှာ ကျွန်တော့်လက်တစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားတဲ့ ကိုကိုရှိတယ်...
ကိုကို့အပေါ်မှာတော့ မိသားစုအသိုင်းအဝန်းလေးဖြစ်တဲ့ သားသားလေးရှိတယ်...။

ကိုကို့ကို ချစ်မြတ်နိုးမိတဲ့အတွက် ဘယ်တော့မှ နောင်တရမှာမဟုတ်သလို
သားသားလေးကို မွေးဖွားခဲ့ရခြင်းအတွက်လည်း ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။

ကျွန်တော် ကိုကို့ကို အရမ်းချစ်သလို ကိုကိုကလည်း ကျွန်တော့်ကို အရမ်းချစ်တယ်ဆိုတာ ခြွင်းချက်မရှိတဲ့ ယုံကြည်မှု...။

ရှာဖွေစမ်းသပ်နေစရာမလိုဘူး...
စကားတွေ အများကြီးပြောနေစရာမလိုဘူး...
ကိုကို ကျွန်တာ့်ဘက်ကို လှည့်ကြည့်လာတဲ့ မျက်ဝန်းတွေ ၊ အနူးညံ့ဆုံးပြုံးပြလာတဲ့ အပြုံးနုနုလေးတွေ ၊ နွေးထွေးနေဆဲ လက်တစ်စုံ ၊ စည်းချက်ကျနေတဲ့ ရင်ခုန်သံတွေနဲ့တင် ကျွန်တော့်ရဲ့ကမ္ဘာဟာ လုံလောက်တာထက်ကို ပိုနေပါပြီ။

အတွေးတွေနဲ့ငေးကြည့်နေတဲ့ ကိုယ့်မျက်နှာပေါ်ကို 'တခစ်ခစ်' ရယ်သံလေးနဲ့အတူ ကျရောက်လာတဲ့ နှုတ်ခမ်းသေးသေးနဲ့အပြိုင် တစ်ဖက်ပါးမှာလည်း 'နွေးကနဲ' ဖြစ်သွားတဲ့ ခံစားမှုလေး...။

ကြည်နူးမှုတွေနဲ့အပြိုင် တဖြေးဖြေး ရဲတက်လာတဲ့ ကျွန်တော့်ရဲ့မျက်နှာကို ငုံ့ကြည့်ကာ ပြောလာတဲ့ ကိုကို့ရဲ့ဩရှရှလေးကလည်း နားစည်ကနေတစ်ဆင့် နှလုံးသားထဲအထိ 'တသိမ့်သိမ့်' စီးဝင်လာတော့သည်။

"Baby ကို ကိုယ့်ဘဝရဲ့လက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့ခြင်းဟာ ကိုကို့ဘဝမှာဘယ်တော့မှ နောင်တမရတဲ့ လုပ်ရပ်တစ်ခုပဲ...
Baby ကို ပိုင်ဆိုင်ခွင့်ရလို့ ကိုယ်အရမ်းပျော်တယ်...
Baby က ကိုကို့ဘဝရဲ့မရှိမဖြစ် အသက်သွေးကြောလေး..."

ကြွေနေပြီးသားလူကို အခါခါထပ်ပြီး ခြွေနိုင်လွန်းတဲ့ ကျွန်တော့်ရဲ့ကိုကိုပါလေ.....။

💓💓💓💓💓💓💓💓💓💓💓💓💓💓

Updated _ 4745 words 💞

Suprise! ❤
လွမ်းလို့ Extra လေး လာရေးတာပါဗျာ 💛

အများကြီးတော့ မပြောတော့ဘူး
အားရှိတာတဲ့ အစားအစာတွေများများစားပါ
အိပ်ရေးဝဝအိပ်ပါဗျ
လေ့ကျင့်ခန်းတွေလည်း လုပ်ပေးပါ။

အဆင်ပြေသွားမှာပါ...
ကျွန်တော်တို့ ဖြတ်ကျော်နိုင်တယ်ဆိုတာ စိတ်ထဲမှာ ယုံကြည်ထားပါ။ 💖

အစစအရာရာအသွားအလာကျန်းမာရေးဂရုစိုက်ပါဗျ ❤

💞 အားလုံးကို ချစ်ခင်လေးစားလျှက် 💞

Kroyalwhite💌💞🤍

Jul 22,2021 THU (Updated Day) 🖤✨


Zawgyi

မနက္ခင္းေနေရာင္ျခည္ဟာ ျပတင္းေပါက္မွတစ္ဆင့္ အခန္းထဲသို႔ ဝင္ေရာက္လာခ်ိန္ အခန္းတံခါးဖြင့္သံႏွင့္အတူ ဝဝတုတ္တုတ္ ခႏၶာကိုယ္ေလးနဲ႕ ကေလးငယ္တစ္ဦးဟာလည္း မ်က္လုံးေလးေတြကို လက္ေသးေသးေလးႏွစ္ဖက္နဲ႕ အိပ္ေရးမဝဟန္ ပြတ္ဆြဲလ်က္ ခ်စ္စရာေကာင္းစြာ ဝင္ေရာက္လာေလသည္။

"Daddy ထ ထ
Dad ထေတာ့
ေနလုံးႀကီး အခန္းထဲဝင္လာၿပီေလ
ဝမ္ေလးလည္း နိုးၿပီ
ထ ေတာ့..."

"ဟင္ အင္းးး"

အသံထြက္႐ုံမွ်သာ အသိအမွတ္ျပဳၿပီးသည္ႏွင့္ Dad ဘက္ကို ပိုတိုးလို႔ဖက္ကာ ျပန္အိပ္သြားေသာ Daddy ေၾကာင့္ ဝမ္ေလးရဲ႕မ်က္ႏွာမွာ ဆူပုပ္သြားကာ ႏႈတ္ခမ္းေလးကလည္း တေျဖးေျဖး ဆူလာေလေတာ့သည္။

ခနေနေတာ့ အႀကံရသြားဟန္ ခ်က္ခ်င္းျပန္လန္းလာေသာ မ်က္ႏွာေလးနဲ႕အတူ Dad အိပ္ေနေသာ ကုတင္တစ္ဖက္သို႔သြားကာ အေပၚကိုေရာက္ေအာင္ အရင္တက္လိုက္သည္။

ထို႔ေနာက္ Dad ကို ဖက္ထားတဲ့ Daddy ရဲ႕လက္ကို ဝမ္ေလးရဲ႕လက္ေသးေသးေလးႏွစ္ဖက္နဲ႕ မရမကတြန္းဖယ္ကာ Dad ရင္ဘက္ေပၚသို႔ အက်အနခြထိုင္ထားလိုက္ရင္း မ်က္ႏွာေလးကလည္း ၿပဳံး႐ႊင္ေနေတာ့သည္။

"Dad ထေတာ့
ဦးဦးက်င္းရီတို႔ပြဲသြားဖို႔ ေနာက္က်ေနလိမ့္မယ္... Daddy က ဝမ္ေလး ႏွိုးတာကို ျပန္အိပ္သြားတယ္ရယ္ သိလား...?
ပြဲကိုသြားရင္ Daddy ကို ေခၚနဲ႕!"

"ရႉးးး Baby အိပ္ေနတယ္ေလ သားသားရာ... ဆင္း အေပၚကေန ကေလး မတက္ရဘူး"

ပါးစပ္ကလည္း ေျပာရင္း Baby အေပၚမွာ အက်အနခြထိုင္ထားတဲ့ အေကာင္ေပါက္ကို XZ အိပ္ေနရင္းႏွင့္ပင္ လက္ႏွစ္ဖက္နဲ႕ 'ေဆြ႕ကနဲ' ေပြ႕ခ်ီကာ ကုတင္ေအာက္သို႔ 'အင့္ကနဲ' ေနေအာင္ ခ်ေပးလိုက္ေတာ့ အေကာင္ေပါက္က မ်က္ႏွာငယ္ေလးနဲ႕ ျပန္ေမာ့ၾကည့္ရွာသည္။

ဘယ့္ႏွယ္... ညက Baby ပင္ပန္းထားတာကို အလိုက္မသိတဲ့ အေကာင္ေပါက္က အေပၚကို တက္ထိုင္ေနရတယ္လို႔....!

ကုတင္ေဘးမွာ ကိုယ္ ခ်ထားတဲ့အတိုင္း စူပုပ္ပုပ္မ်က္ႏွာနဲ႕ မတ္တပ္ရပ္ေနတဲ့ အေကာင္ေပါက္က Dinner Party ကို မနက္ကတည္းကသြားခ်င္ေနေသာ ပြဲႀကိဳက္ေလးပါေလ...။

Baby ဆိုသည္မွာလည္း လူရႈပ္တာကို သိပ္သေဘာက်တာမဟုတ္... ကိုယ္ကလည္း အလုပ္ကိစၥကလြဲရင္ လူမ်ားတာေတြ စကားမ်ားတာေတြ မလုပ္တတ္...!
ဒီအေကာင္ေပါက္က်မွ ဘယ္လိုေတြ မ်ိဳးဆက္လိုက္သလဲ မေျပာတတ္ပါေလ...။

Party လာဖိတ္တဲ့ေန႕ကတည္းကဖင္တႂကြႂကြနဲ႕မို႔ မထ,မခ်င္း ႏွိုးေနမယ့္ သားေတာ္ေမာင္အေၾကာင္းကို XZ သိေနျခင္းေၾကာင့္ အျပင္းေၾကာတစ္ခ်က္ဆန့္ကာ အရင္ဆုံး ကုတင္ေခါင္းရင္းကို မွီလ်က္ ထိုင္ေနလိုက္သည္။

"Daddy ဝမ္ေလးကို မ်က္ႏွာသစ္ေပး...
အသစ္ေလးေတြ ဝတ္ရေအာင္ ေရေရာခ်ိဳးမယ္ေလ ေနာ့!"

"အင္း အင္း ေရခ်ိဳးခန္းထဲ အရင္သြားႏွင့္"

ကိုယ့္စကားကို ေခါင္းတဆက္ဆက္ၿငိမ့္ျပကာ ေျခတံတုတ္တုတ္ေလးေတြနဲ႕ ေရခ်ိဳးခန္းထဲကို လုံးတုံးလုံးတုံးေျပးဝင္သြားတဲ့ အေကာင္ေပါက္ကိုၾကည့္ၿပီး XZ ၿပဳံးမိေသးသည္။

ဘယ္လိုဟာေလးမွန္းကို မသိဘူး။

သားသား ဝင္သြားတာ ေသခ်ာမွ Baby ရဲ႕နဖူးထက္ကို XZ အရင္ငုံ႕နမ္းလိုက္သည္။ ၿပီးေနာက္ ေဆးနီမကူပဲ ရဲစိုေနေသာ ႏႈတ္ခမ္းေလးကို ငုံေထြးလိုက္ရင္း မနက္ခင္းတစ္ခုကို အလွပဆုံး အစျပဳမိသည္။

ဘယ္အခ်ိန္ကတည္းကနိုးေနမွန္း မသိတဲ့ ကေလးငယ္က ကိုယ့္အျပဳအမူေၾကာင့္ ရယ္သြမ္းေသြးလ်က္ မ်က္ႏွာကို လက္နဲ႕အသာတြန္းဖယ္ရင္း ေရွာင္ေနေလေတာ့သည္။

"ကိုကို႔ သားသား ရွိတယ္ေလ...
ဖယ္ေတာ့..."

"Good morning, my baby.
Give me morning kiss"

ကိုယ္ ေျပာတာတစ္ျခား သူ ေျပာတာတစ္ျခား ျဖစ္ေနေပမယ့္ Yibo သေဘာတက်ရယ္လိုက္မိပါေသးသည္။

ကိုကိုက တစ္ခါတစ္ေလ ဒီလိုလည္း ဆိုးတတ္ေသးတယ္ ဆိုတာကို ကြၽန္ေတာ္ အသိဆုံးေပမို႔.....။

_______________

"ကိုကိုးးး ကြၽန္ေတာ္ မွာထားတဲ့ cake ေလးကို လာၾကည့္ပါဦး"

အိမ္ထဲကေန ထြက္လာတဲ့ အသံစာစာေလးေၾကာင့္ Party အတြက္ စိတ္တိုင္းက် ျပင္ဆင္ခိုင္းေနေသာ ေဒါက္တာက်ိရန္တစ္ေယာက္ ခ်က္ခ်င္းလွည့္ၾကည့္လာေလသည္။

"ကိုကိုး ဒီမွာလာၾကည့္ ကြၽန္ေတာ္ မွာထားတဲ့ cake ေလး"

လက္ဆြဲေခၚေဆာင္သူအလိုေတာ္အရ လိုက္ပါသြားသူရဲ႕မ်က္ႏွာထက္မွာလည္း အၿပဳံးပန္းေတြ ေဝဆာေနခဲ့သည္။

ဟုတ္ပါသည္... ဒီေန႕က ေဆး႐ုံအုပ္ျဖစ္တဲ့ ႏွလုံးအထူးထုဆရာဝန္ႀကီး ေဒါက္တာက်ိရန္ နဲ႕ ေဒါက္တာေလး လန္က်င္းရီတို႔ရဲ႕ တစ္ႏွစ္ျပည့္ မဂၤလာႏွစ္ပတ္လည္သာျဖစ္ပါသည္။

အစြာေလး နဲ႕ ေဆး႐ုံအုပ္လူပ်ိဳႀကီးတို႔ရဲ႕ အခ်စ္ေရးကိစၥဟာလည္း ဟိုးေလးတေၾကာ္ေၾကာ္ျဖစ္ခဲ့ၿပီးေနာက္
ေဆး႐ုံအုပ္ရဲ႕ဂုဏ္သေရရွိ မ်ိဳးရိုးသိကၡာကို အရင္းတည္၍ မိဘမ်ားက သေဘာမတူခဲ့ေခ်။

သို႔ေသာ္ တစ္သက္မွာတစ္ခါ ခ်စ္တတ္ခဲ့တဲ့ တည္ၿငိမ္ေအးေဆးတဲ့ လူပ်ိဳႀကီးကေတာ့ သူသိပ္ခ်စ္တဲ့ေကာင္ေလးကို လက္မလႊတ္ခဲ့ပါဘူး တဲ့...။

အခက္အခဲေတြၾကားထဲကေန လက္တြဲမျဖဳတ္ပဲ အရာအားလုံးကို စြန့္လႊတ္ၿပီး လြန္ခဲ့တဲ့ တစ္ႏွစ္ကပင္ မဂၤလာပြဲကို ေအာင္ေအာင္ျမင္ျမင္ က်င္းပနိုင္ခဲ့ၾကသည္။

ေသခ်ာေပါက္ ေဆး႐ုံအုပ္ရဲ႕မိဘေတြကေတာ့ မဂၤလာပြဲကို မတက္ခဲ့ေပမယ့္လို႔ေပါ့....!

လန္က်င္းရီရဲ႕မိဘေတြကေတာ့ သိပ္မဆိုးေပမယ့္ 'ကိုယ္ေ႐ြးခ်ယ္တဲ့လမ္း ကိုယ္ျဖစ္ကိုယ္ခံ' စနစ္နဲ႕ သေဘာတူတယ္လည္း မဟုတ္ ၊ သေဘာမတူ ကန့္ကြက္တာမ်ိဳးလည္း မရွိခဲ့ပါေလ...။

ျပန္ေျပာင္းေျပာရရင္ ဝမ္းနည္းစရာေတြရွိခဲ့ေပမယ့္လည္း ခ်စ္သူရဲ႕အနားမွာရွိေနရျခင္းကိုက ဘဝတစ္ခုလို႔ ခံယူထားတဲ့ သူတို႔ႏွစ္ေယာက္အတြက္ေတာ့ ေထြထူးၿပီး ဝမ္းနည္းေနစရာမရွိခဲ့...။

"အင္း မင္းေလး မွာထားတဲ့ Cake မို႔လို႔လား မသိဘူး အရမ္းလွတယ္..."

က်ိရန္ရဲ႕စကားအဆုံး သူ ၾကားခ်င္တာ ၾကားလိုက္ရတဲ့ ေကာင္ေလးရဲ႕မ်က္ႏွာမွာ ဝင္းပသြားေတာ့သည္။

သုံးထပ္ Cake အဝိုင္းႀကီးရဲ႕အလယ္မွာ လက္စြပ္ေလးႏွစ္ကြင္းထပ္ထားတဲ့ ပုံစံေလးနဲ႕ အသဲပုံၾကားက နာမည္ေလးေတြဟာလည္း ဆြဲထားတာ ေသေသသပ္သပ္ရွိလွသည္။
စေတာ္ဘယ္ရီေရာင္ ကိတ္မုန့္ႀကီးရဲ႕ေဘးပတ္ပတ္လည္မွာလည္း တန္ဆာဆင္ထားတဲ့ နီရဲရဲ စေတာ္ဘယ္ရီသီးေလးေတြေၾကာင့္ Cake ႀကီးဟာ ေမႊးႀကိဳင္လွပေနၿပီး စားခ်င္စဖြယ္အတိပင္ျဖစ္ေနေလသည္။
1 Year Anniversary ဆိုတဲ့ စာတန္းႀကီးကလည္း Cake ရဲ႕ တစ္ထပ္ခ်င္းစီတိုင္းမွာ လွပေသသပ္စြာေနရာယူေန၏။

"ဟီးးး ကိုကိုး ႀကိဳက္ရင္ ကြၽန္ေတာ္ မွာရက်ိဳးနပ္တာေပါ့...
Cake က စားေကာင္းမယ့္ပုံပဲေနာ္ ကိုကိုး...
အခုကို ၾကည့္ေနရင္းနဲ႕ စားခ်င္ေနၿပီ..."

ၾကည့္ရင္း ၾကည့္ရင္းနဲ႕ Cake ကို စားခ်င္လာတာေၾကာင့္ တံေတြးတစ္ခ်က္မ်ိဳခ်ကာ က်င္းရီ အေဖာ္စပ္မိသည္။

"စားခ်င္ရင္ စားေလကြာ
ထပ္မွာၾကတာေပါ့..."

သေရယိုေနတဲ့သူကို အားေပးအားျမႇောက္ျပဳေနသလို အလိုလိုက္လြန္းတဲ့ ကိုကိုးေၾကာင့္ က်င္းရီ စိတ္ေက်နပ္သြားေပမယ့္လည္း Cake ကိုေတာ့ တကယ္မစားရက္...။

"ေတာ္ပါၿပီ ေရခဲေသတၱာထဲပဲ ထည့္ထားလိုက္ေတာ့မယ္...
ျမင္ရင္ စားခ်င္ေနလိမ့္မယ္..."

လွ်ာတစ္ခ်က္သပ္ကာ ေရခဲေသတၱာထဲထိုးထည့္ၿပီးမွ အမွ်င္မပ်က္စြာ လွည့္ၾကည့္မိေသးသည္။

က်ိရန္ကေတာ့ အစားပုပ္ေလးကိုၾကည့္ကာ ေခါင္းအသာခါလ်က္ ရယ္ေနေလေတာ့သည္။

"ေဆး႐ုံအုပ္ ျပင္ဆင္ထားတာေလးေတြ တစ္ခ်က္လာၾကည့္ပါဦး"

"ေအး ေအး
လာ သြားၾကည့္ရေအာင္"

ေဆး႐ုံက Staff ေတြ နဲ႕ neurs ေလးေတြ ၊ ေဒါက္တာေပါက္စေလးေတြရဲ႕ ေစတနာသန့္သန့္နဲ႕ ဝိုင္းဝန္းျပင္ဆင္ေပးမႈေၾကာင့္ Party က်င္းပမယ့္ အခမ္းအနားအျပင္အဆင္ေလးဟာလည္း ရိုးရိုးရွင္းရွင္းေလးနဲ႕ အထက္တန္းဆန္ဆန္လွပေနေတာ့သည္။

"အားလုံး ခုလို ဝိုင္းဝန္းကူညီေပးၾကတဲ့အတြက္ ေက်းဇူးပါကြာ..."

ျပင္ဆင္ထားတာေလးကိုၾကည့္ရင္း က်ိရန္ ေက်းဇူးတင္စကားေျပာေတာ့ ဝိုင္းဝန္းကူညီေပးၾကတဲ့ neurs ေလးေတြက ေခါင္းတစ္ခါခါနဲ႕ မလိုအပ္ေၾကာင္း ေျပာၾကရွာသည္။

ညမွာ က်င္းပရေတာ့မယ့္ Party ပြဲေလးအတြက္လည္း သူတို႔ အားလုံးဟာ Ready ျဖစ္ေနၾကေလၿပီ။

_______________

"ကို႔! မားက မနက္ျဖန္က်ရင္ အိမ္ကို ထမင္းလာစားၾကတဲ့...
သား ေယာက်ာ္းကိုေရာ ေခၚခဲ့တဲ့..."

"အဆိုးေလးက ဘာျပန္ေျဖလိုက္လဲ...?"

ေန႕လည္စာစားေနရင္း ေျပာလာတဲ့ အဆိုးေလးရဲ႕စကားေၾကာင့္ ရွင္းခ်န္ ေဘးနားကေရခြက္ကို တစ္ခ်က္ေမာ့ေသာက္ၿပီး ျပန္ေမးလိုက္သည္။

"ကို႔သေဘာ လို႔ ေျပာခဲ့တယ္...
ပါပါးလည္း အိမ္မွာရွိတယ္ေလ...
မားကေတာ့ အားလုံးကို ထမင္းလက္စုံ စားေစခ်င္တယ္ထင္တယ္...
ကြၽန္ေတာ့္ကို ေျပာေတာ့ ေဘးမွာ ပါးပါး ရဲမႉးႀကီးက သတင္းစာဖတ္ခ်င္ေယာင္ေဆာင္ေနတာေလ ဟက္! သတင္းစာ႐ြက္အေပၚက ေက်ာ္ၿပီး ေခ်ာင္းၾကည့္တယ္ သိလား...?
ကြၽန္ေတာ္လည္း 'ကို႔သေဘာ' ဆိုၿပီး ေခ်ထားခဲ့တယ္..."

တက္တက္ႂကြႂကြနဲ႕ အိမ္သြားတုန္းကအေၾကာင္းကို ေဖာက္သည္ျပန္ခ်ေနေသာ အဆိုးေလး စကားေၾကာင့္ ရွင္းခ်န္ ၿပဳံးလ်က္သာ စကားေထာက္ေပးမိသည္။

"မားကေရာ ဘာျပန္ေျပာလဲ...?"

"မားကေတာ့ ဘာေျပာမလဲ ကိုရဲ႕...
ရယ္ေနတာေပါ့...
ပါးပါး မ်က္ႏွာေတာ့ ရႈံ႕မဲ့သြားမွာပဲ...
အဟားးး"

ႏွစ္ေယာက္သား လူႀကီးကို မေလွာင္သင့္တာ သိေပမယ့္ အေၾကာင္းသိသူေတြမို႔ အသံထြက္သည္အထိ ရယ္လိုက္မိၾကသည္။

အဆိုးေလးရဲ႕ပါးပါးက သားရယ္ သမက္ရယ္ မိသားစုဝင္ေတြနဲ႕ အဆင္ေျပေျပေနခ်င္ေပမယ့္ အားလုံးေလးစားရတဲ့ ရဲမႉးႀကီး ဆိုတဲ့ ဟိတ္ဟန္ႀကီးေၾကာင့္ တစ္ခါတစ္ေလ ဒီလိုကေလးဆန္မႈေလးနဲ႕လည္း ႀကဳံေတြ႕ရတတ္ေသးသည္။

စကားမေျပာခ်င္ဘူးလား ဆိုေတာ့လည္း မဟုတ္ ၊ ဒါေပမယ့္ တကယ္တမ္း စကားေျပာၾကမယ္ေဟ့ ဆိုက်ေတာ့လည္း ခပ္တည္တည္နဲ႕ တစ္လုံးႏွစ္လုံးအျပင္ ပိုေျပာတတ္ျခင္းမရွိခဲ့....!

သူတို႔ လက္ထပ္ၿပီးတာေတာင္ ငါးႏွစ္ရွိေတာ့မယ္...
အခုခ်ိန္ထိ အထူးအဆန္းႀကီးတစ္ခုလို ေနရခက္ေနဆဲျဖစ္တဲ့ ပါးပါးကို အျပစ္မတင္ရက္ၾကပါေလ...။

အဆင္ေျပဖို႔ ႀကိဳးစားခ်င္တဲ့စိတ္ရွိတာကိုက ေက်းဇူးတင္စရာေကာင္းလြန္းေနသည္ မဟုတ္ပါလား.....??

ခံစားခ်က္ေတြကို ထုတ္ေဖာ္မျပသတတ္တဲ့ ပါးပါးက အခုလည္း ထမင္းစားဖိတ္ခိုင္းတာကို လူစားထိုးကာ မားကတစ္ဆင့္ေျပာခိုင္းေနတာပဲၾကည့္ပါေတာ့....!

"မင္းေလးကေတာ့ကြာ...
တကယ့္ကို အဆိုးေလးပဲ..."

"ဒီအဆိုးေလးကိုပဲ ကိုက ခ်စ္ေနရတာ မဟုတ္လား...?"

"ဟားးး ဟုတ္ပဗ်ာ...
ဒီအဆိုးေလးကိုပဲ ကိုယ့္မွာ ခ်စ္မဝျဖစ္ေနရတာ..."

လိပ္အဆိုးေလးေၾကာင့္ ရွင္းခ်န္ ထပ္ရယ္မိျပန္ၿပီ။

"ကြၽန္ေတာ္ကလည္း ခင္ဗ်ားႀကီးကို အမ်ားႀကီးခ်စ္တာ ယုံ"

"ယုံပါ့ဗ်ာ ယုံပါ့...
ကိုက မင္းေလးဆိုရင္ကို ခြၽင္းခ်က္မရွိယုံၾကည္ၿပီးသား..."

အၿပဳံးေတြနဲ႕အတူ ရင္ထဲက ၾကည္ႏူးပီတိေတြနဲ႕တင္ ထမင္း ဆက္စားေနစရာ မလိုေတာ့ေလာက္ေအာက္ကို တစ္ေယာက္အၿပဳံး တစ္ေယာက္ၾကည့္ေနရတာနဲ႕တင္ ႏွစ္ေယာက္စလုံး ဗိုက္ျပည့္သြားၾကေလၿပီ။

'အခ်စ္စြမ္းအား' ဆိုတာ ဒါမ်ိဳးကို ေျပာတာထင္၏။

________________

"မီးမီးေလးက ဂါဝန္ေလးနဲ႕ လွလိုက္တာကြာ..."

"Daddy ရဲ႕ မီးမီးေလးက အလွဆုံးပဲ..."

ဂါဝန္အနီရဲရဲေလးေပၚမွာ ဖဲပြင့္ေလးေတြနဲ႕ ခ်စ္စရာေကာင္းလြန္းေနတဲ့ သုံးႏွစ္အ႐ြယ္ သမီးငယ္ေလးက သူ႕ကိုၾကည့္ကာ ဘယ္ေလာက္လွေၾကာင္း ေျပာေနၾကတဲ့ Daddy နဲ႕ ပါးပါး ေၾကာင့္ တခ္ခ္ရယ္လ်က္ ဂါဝန္ေလးကို လက္ႏွစ္ဖက္နဲ႕ကိုင္ကာ ခုန္ေပါက္ျမဴးထူးေနေတာ့သည္။

ခါးေလာက္ရွိတဲ့ ဆံႏြယ္ေလးေတြကို က်စ္ထားကာ ဖဲႀကိဳးအနီေလးေတြနဲ႕လည္း စီးေပးထားတာေၾကာင့္ တစ္ကိုယ္လုံး နီေစြးေနၿပီး ျဖဴေဖြးေနတဲ့ အသားအရည္ေလးနဲ႕လည္း လိုက္ဖက္လြန္းလွသည္။

"အကို အကၤ်ီလဲေတာ့ေလ..."

မီးမီးေလးနဲ႕ စကားတီတီတာတာေျပာကာ ရယ္ေမာေနေသာ အကို႔ကို မုန့္ေယာင္ သတိလွမ္းေပးေတာ့ မီးမီးေလးရဲ႕ ပါးေဖာင္းေဖာင္းေလးကို တစ္ခ်က္ဖိကပ္နမ္းကာ ေခါင္းၿငိမ့္ျပလာသည္။

မိသားစုဆိုတဲ့ ကမၻာငယ္ေလးအျဖစ္ ဘဝထဲကိုဝင္ေရာက္လာတဲ့ မီးမီးေလးက မုန့္ေယာင္ အကို႔ကို ဘယ္ေလာက္ထိ ခ်စ္ေၾကာင္း ခ်စ္သက္လက္ေဆာင္ေလးတစ္ခု ဆိုတာ မေျပာလည္း သိပါေစေလ...။

ရွီးခ်န္လည္း ေယာင္ေလး ထုတ္ေပးထားတဲ့ နီအညိုပုပ္ပုပ္ေရာင္ Suit ေလးကို လဲဝတ္လိုက္ေတာ့ ေယာင္ေလးကလည္း ရိုးရာမပ်က္ အကၤ်ီၾကယ္သီးေလးေတြကို တယုတယတပ္ေပးလာ၏။

ဒီလို အခ်ိန္မ်ိဳးဆို ရွီးခ်န္ အၿမဲတမ္း ရင္ခုန္ရစၿမဲ။ ၾကယ္သီးတပ္ေပးေနတဲ့ မ်က္ႏွာေလးႏုႏုေလးကို ငုံ႕မိုးၾကည့္ကာ 'သူေလးက ငါ့အပိုင္ပါလား မီးမီးေလးရဲ႕ပါးပါးပါလား' ဆိုတဲ့ အေတြးက သူ႕ရင္ထဲကို ၾကည္ႏူးမႈေတြ ျဖာေစၿပီး ဘယ္ေတာ့မွမရိုးနိုင္တဲ့ ခံစားခ်က္ေတြကို ဒီအျပဳအမူေလးက အၿမဲေပးေနစၿမဲ။
ရွင္းခ်န္ သေဘာအက်ရဆုံး အမူအရာေလးဆိုလည္း မွားမည္မထင္ပါေလ...။

အားလုံးျပင္ဆင္ၿပီးတာနဲ႕ အိမ္ေအာက္ကို သူတို႔သုံးေယာက္ ဆင္းလာၾကေတာ့ ည 7:30 ရွိေနေလၿပီ။

ေဆး႐ုံအုပ္နဲ႕ Yibo ge ရဲ႕ သူငယ္ခ်င္း ေဒါက္တာေလးတို႔ရဲ႕ Dinner Party ကို သြားၾကဖို႔ သုံးေယာက္သား ျပင္ဆင္ေနၾကျခင္းျဖစ္သည္။

ဒီႏွစ္ေတြအတြင္း အားလုံးနဲ႕ပတ္သတ္ရာ ပတ္သတ္ရာ လူေတြကိုလည္း fudanshi ဝါသနာအခံရွိတဲ့ မုန့္ေယာင္နဲ႕ ခင္မင္ေနခဲ့ၾကၿပီေလ...။

အကိုကေတာ့ ကိုယ့္ဆႏၵဟာသူ႕ဆႏၵလို႔ေျပာၿပီး လိုက္ေလ်ာေပးခဲ့သည္။

မီးမီးေလးကို ကိုယ္ေတြဘဝထဲေခၚေဆာင္ေပးခဲ့တာကိုပဲ အကိုက ေက်းဇူးတင္လို႔မဆုံးပါဘူးတဲ့ေလ...။

အဲ့ဒီအခ်ိန္ေတြတုန္းက အကိုတစ္ေယာက္ ဝမ္းသာမ်က္ရည္ေတြပါက်ခဲ့တာကို မွတ္မိပါေသးသည္။

အကို ေပ်ာ္ရင္ ကိုယ္လည္း ေပ်ာ္တာမို႔ အကို႔ကိုၾကည့္ရင္း ကိုယ္ပါ မ်က္လည္ဝဲမိသည္အထိပင္။

အခ်ိန္ေတြက အကုန္ျမန္လြန္းပါသည္။
မီးမီးေလးေတာင္ ကိုယ့္မ်က္စိေရွ႕တင္ စကားတီတီတာတာေလးေတြ အမ်ားႀကီးေျပာတတ္တဲ့ သုံးႏွစ္အ႐ြယ္ ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးပင္ ျဖစ္ေနၿပီေလ...။

"မီးမီး Daddy ဆီကိုလာ...
ေယာင္ေလးေရ ေရာက္ၿပီေလ"

"ဟမ္ အင္း အကို"

ကိုယ္ သတိျပန္ဝင္လာေတာ့ မီးမီးေလးေတာင္ သူ႕ Daddy ဆီ ေရာက္ေနေလၿပီ။

"ဘာေတြေတြးေနတာလဲ ဒီေကာင္ေလးကေတာ့..."

"ဟီးးး အေတြးလြန္သြားလို႔ပါ အကိုရဲ႕..."

"လာ ပြဲထဲဝင္ရေအာင္"

"ဟုတ္"

လက္တစ္ဖက္က မီးမီးေလးကို ခ်ီကာ လက္တစ္ဖက္က ကိုယ့္လက္ကို ဆြဲကိုင္ၿပီး ပြဲထဲကိုဝင္သြားတဲ့ အကို႔ေနာက္ေက်ာပုံစံက သိပ္ကို ၾကည့္လို႔ေကာင္းလြန္းပါသည္ေလ...။

ေရွ႕ဆင့္ေနာက္ဆင့္ ဝင္လာတာကေတာ့ ေျပာင္လက္ေနတဲ့ အနက္ေရာင္ကားတစ္စီး...။

ကားထဲမွာေတာ့ ဟိုးအရင္ကနဲ႕ျခားနားစြာ တီတီတာတာ စကားသံေလးေတြ ရယ္ေမာသံေလးေတြနဲ႕ သာယာေန၏။

ကားစက္ရပ္ေတာ့ ဖင္တႂကြႂကြျဖစ္ေနတဲ့ အေနာက္က သားေတာ္ေမာင္ကို "သားသား Daddy ဆီကိုလာ..." ဆိုၿပီး Xiao Zhan အရင္ လွမ္းေခၚထားရသည္။

ထို႔ေနာက္ သားသားကိုခ်ီကာ XZ တို႔ ရိုးရာမပ်က္ ကားရဲ႕တစ္ဖက္ျခမ္းကို ေျခလွမ္းႀကဲႀကီး ေလွ်ာက္သြားလိုက္ၿပီး Baby ဆင္းလာဖို႔ရန္အတြက္ lover seat ကားတံခါးေလးကို ဖြင့္ေပးလိုက္သည္။

သားသားကို လက္တစ္ဖက္ကခ်ီရင္း လက္တစ္ဖက္က ကိုယ္ထိုင္ေနတဲ့ဘက္က တံခါးကို လာဖြင့္ေပးတဲ့ ကိုကိုဟာ သိပ္ကိုေခ်ာေမာခန့္ညားလြန္းတဲ့ အမ်ိဳးသားတစ္ေယာက္.....။

ကိုယ့္အမ်ိဳးသားကို ကိုယ္ျပန္ငမ္းရတာေလာက္ ရင္ခုန္စရာေကာင္းတာ ဒီကမၻာမွာ ရွိေလာက္မည္မထင္ပါေလ...။

ကိုကိုကေတာ့ ႏႈတ္ခမ္းေအာက္ကမွည့္နက္ေလးနဲ႕အတူ ခပ္ၿပဳံးၿပဳံးသာ ကိုယ့္အၾကည့္ေတြကို ပါရမီျဖည့္ေပးပါ၏။

ေခ်ာေမာခန့္ညားလြန္းတဲ့ ကိုယ့္အမ်ိဳးသားနဲ႕ သူခ်ီထားတဲ့ ကေလးက သူနဲ႕ရတဲ့ ကိုယ့္ေသြးသား ခ်စ္စရာေကာင္းလြန္းတဲ့ သားသားပါတဲ့...။

ဒီလူသားဟာ တစ္ခ်ိန္က ကိုယ့္ရဲ႕အမုန္းေတြ ကိုယ့္ရဲ႕အတၱေတြနဲ႕ အနိုင္လိုခ်င္ခဲ့ဖူးတဲ့ အမ်ိဳးသားတစ္ေယာက္ဆိုတာ အခုခ်ိန္မွာေတာ့ ပုံျပင္သာသာ ဇာတ္လမ္းေလးတစ္ပုဒ္အျဖစ္သာ...။

အမုန္းေတြကို ဥေပကၡာျပဳၿပီးတဲ့ေနာက္ သိပ္ကိုလွပတဲ့အခ်စ္ေတြကို ကြၽန္ေတာ္ ျမင္နိုင္ခဲ့ၿပီ။

ကိုကိုက ကြၽန္ေတာ့္ရဲ႕ဘဝ ၊ သားသားက ကြၽန္ေတာ့္ရဲ႕ ႏွလုံးသည္းပြတ္ကေလး...။

"အဟမ္း ကိုယ္ ရွက္လာၿပီေနာ္ ေကာင္ေလး..."

ေငးေနတာ အခ်ိန္ဘယ္ေလာက္ၾကာသြားသလဲမသိ ကိုကို႔ရဲ႕ေခ်ာင္းဟန့္သံနဲ႕ သားသားရဲ႕အၿပဳံးလို႔ေခၚမရတဲ့ အၿပဳံးေလးကို ျမင္မွ ကိုယ္လည္း သတိျပန္ဝင္လာေတာ့သည္။

"ကြၽန္ေတာ့္ အမ်ိဳးသားက ကေလးကို လက္တစ္ဖက္ထဲနဲ႕ ခ်ီထားတဲ့ ပုံစံေလးကိုက သိပ္ကို Smart က် လြန္းတာကိုးဗ်"

"ဟားးး Baby ကေတာ့ကြာ..."

ရယ္လိုက္တဲ့အခါ ေပၚလာတတ္တဲ့ ယုန္သြားေလးႏွစ္ေခ်ာင္းနဲ႕ ပါးခ်ိဳင့္ေလးက ကိုယ္ သိပ္ျမတ္နိုးတဲ့ ကိုကို႔ရဲ႕မ်က္ႏွာေခ်ာေခ်ာေပၚက ျဖစ္တည္မႈေလးေတြ...။
ၿပီးေတာ့ ကိုကို႔ရဲ႕အၿပဳံးေတြကို တန္ဆာဆင္ေပးတတ္တဲ့ ႏႈတ္ခမ္းေအာက္က မွည့္နက္ကေလးအပါအဝင္ေပါ့...။

ကိုကိုက ေခါင္းေလးအသာေမာ့ကာ ရယ္ေတာ့ အဲ့ဒီ ရယ္သံစည္းခ်က္ေလးေတြကို မလြတ္တမ္း လိုက္နားေထာင္ရတာဟာ ဒီေကာင့္ရဲ႕အက်င့္တစ္ခုလိုျဖစ္ေနခဲ့ၿပီ။

"လာ Baby ပြဲက စေနၿပီ..."

႐ုတ္ခ်ည္းဆိုသလို လက္ေပၚက်ေရာက္လာတဲ့ ႏြေးေထြးမႈတစ္ခုက ရင္ထဲကိုလည္း 'ႏြေးကနဲ' ျဖစ္သြားေစဖို႔ ရည္႐ြယ္ေလသလား...?

ကေလးကို လက္တစ္ဖက္မွာခ်ီကာ လက္တစ္ဖက္က ခ်စ္ရသူရဲ႕လက္ကို ဆြဲရင္း ပြဲထဲကို ဝင္လာတဲ့ သူတို႔ရဲ႕မ်က္ႏွာေပၚမွာလည္း အသက္ဝင္လြန္းတဲ့ အၿပဳံးေတြ ၊ ယုံၾကည္မႈအျပည့္နဲ႕ ေျခလွမ္းေတြဟာလည္း သူတို႔ရဲ႕အခ်စ္ကို တစ္ျခားနည္းနဲ႕ ကိုယ္စားျပဳလိုက္တဲ့ အျပဳအမူေတြလား.....?

ေသခ်ာတာတစ္ခုကေတာ့ ယုံၾကည္မႈအျပည့္နဲ႕ ထိုပုံရိပ္သည္ ဘယ္ေတာ့မွ မေမ့နိုင္မည့္ ပန္းခ်ီကားတစ္ခ်ပ္လို ျမင္သူတကာရင္ထဲမွာ စြဲသြားေစသည္။

သူတို႔ ပြဲထဲကိုဝင္လာေတာ့ စီနီယာေဒါက္တာရွင္းခ်န္အတြဲတို႔လည္း ေရာက္ေနၿပီျဖစ္သည္။

ေဆး႐ုံအုပ္နဲ႕စကားေတြေျပာေနၾကရင္း သူတို႔မိသားစုကိုလည္း လွမ္းၿပဳံးျပေနၾကေသးသည္။

"Hey! Yibo"

က်င္းရီရဲ႕ေခၚသံေၾကာင့္ Yibo လွမ္းၾကည့္လိုက္ေတာ့ ပြဲရဲ႕နတ္သားေလးတစ္ပါးလို႔ေျပာစရာမလိုေအာင္ အျဖဴေရာင္ဝတ္စုံအျပည့္နဲ႕ ၾကည့္ေကာင္းေနေသာ သူငယ္ခ်င္းႀကီး...။

"Congratulations Bro"

"Thanks!
ဟာ ဒီေကာင္ေလးက ဘယ္သူ႕တူေလးမို႔
ဒီေလာက္ ခ်စ္စရာေကာင္းေနပါလိမ့္"

က်င္းရီက ကိုယ့္စကားကိုလည္း ျပန္ေျဖရင္း ကိုကို႔လက္ေပၚက သားသားရဲ႕ပါးေဖာင္းေဖာင္းေလးကိုလည္း သြားဆြဲကာ စ,ေနေသးသည္။

ထို႔ေနာက္ ႏွစ္ေယာက္သား တစ္ေယာက္နား အနား တစ္ေယာက္ကပ္ကာ တိုးတိုးတိုးတိုးနဲ႕ ဘာေတြေျပာေနၾကမွန္းမသိ ေျပာေနၾကရင္း လက္ညွိုးေလးေတြကိုလည္း ပါးစပ္ေပၚမွာတင္ကာ 'Shuu' ဟူေသာ အမူအရာေလးေတြကိုလုပ္ရင္း အတိုင္ေဖာက္ညီစြာ ရယ္ေနၾကေသးသည္။

သားသားက သူ႕ဦးဦးက်င္းရီကိုေတာ့ ခင္တြယ္ရွာသည္။

"လာၾက ဒီဝိုင္းကို"

သားသားနဲ႕ ႏွစ္ေယာက္သား တီးတိုးစကားေတြေျပာလို႔ဝမွ ကိုယ္ေတြကို ေနရာခ်ေပးဖို႔သတိရေသာလန္က်င္းရီပါေလ...။

ျမဴးထူးရိပ္သမ္းေနတဲ့ မ်က္ႏွာနဲ႕ ေပ်ာ္႐ႊင္ေနတဲ့ သူငယ္ခ်င္းျဖစ္သူလန္က်င္းရီကိုၾကည့္ရင္း ကိုယ့္ကိုပါ အေပ်ာ္ေတြ ကူးစက္ေနသလို ခံစားေနရသည္။

"Yibo!"

"အာ စစ္ေကြၽး လာေလ ဒီဝိုင္းကို"

အခုမွ ပြဲထဲကို ဝင္လာပုံရတဲ့ စစ္ေကြၽးက ပါးစပ္ကလည္း လွမ္းေခၚရင္း ကိုယ္ေတြထိုင္ေနတဲ့ ဝိုင္းဘက္ကို ေလွ်ာက္လာေလသည္။

အင္းးးေသခ်ာေပါက္ သူ႕ေဘးမွာ ကိုကို႔ရဲ႕လူယုံေတာ္လည္းပါလာတာေပါ့...။

"ဝမ္ေလးလည္း ပါလာကိုးကြ
လာပါဦး ဦးဦးဆီကို..."

အနားကိုေရာက္ေရာက္ခ်င္း ဝမ္ေလးကို တန္းေခၚေသာ သူငယ္ခ်င္းေၾကာင့္ Yibo ေမးမယ့္ေမးခြန္းေတြကို ျပန္ၿမိဳခ်ထားလိုက္ရသည္။

သားသားက လူခ်စ္လူခင္ေတာ့ အေတာ္ေပါသည္ေျပာရမည္။

ကိုကိုက သူ႕လက္ေအာက္ကဆိုၿပီး ဟိတ္ဟန္မရွိတတ္တာေၾကာင့္ ဝမ္နင္ေကာကလည္း စစ္ေကြၽးလက္ထဲေရာက္ေနတဲ့ သားသားကို စ,ရင္း ေနာက္ရင္း ေပါ့ေပါ့ပါးပါးပဲရယ္ေမာေနၾကေလသည္။

ဒီအတြဲလား...??

ဇာတ္လမ္းေလးကေတာ့...
အလုပ္ပဲကိုသိၿပီး သစၥာရွိတဲ့ လူရိုးႀကီး ဝမ္နင္ (ေခၚ) ယြီပင္း နဲ႕ သိတတ္လိမၼာတဲ့ ခပ္ေအးေအးသမား စစ္ေကြၽးနဲ႕ေတြ႕ခ်ိန္မွာေတာ့
တစ္ေယာက္ကိုတစ္ေယာက္ ခံစားခ်က္ေတြရွိေနေသာ္လည္း ဘယ္သူ႕ဘက္ကမွစ,ခဲ့ျခင္းမရွိခဲ့တာေၾကာင့္ အခ်ိန္ေတြ ေတာ္ေတာ္ကုန္သြားဖူးခဲ့သည္။

ခက္ခက္ခဲခဲ ခ်စ္သူေတြျဖစ္လာေတာ့လည္း မေျဖာင့္ျဖဴးတဲ့ခရီးလမ္း ၾကမ္းတမ္းခဲ့သည္မွာ အေမြျပတ္စြန့္လႊတ္တာေတြပါ သတင္းစာေတြထဲပါလာေလသည္။

စစ္ေကြၽးရဲ႕မိဘေတြက ပညာဂုဏ္ကို သိပ္အေလးထားတဲ့သူေတြျဖစ္တာေၾကာင့္ အခ်စ္ကိုရွာေတြ႕သြားတဲ့ စစ္ေကြၽးနဲ႕ အႀကီးအက်ယ္ စကားမ်ားခဲ့ၾကေသးသည္။

ေနာက္ေတာ့ ဘယ္လိုမွသေဘာမတူပဲ Duty ေတြထိ ခ်ဳပ္ခ်ယ္တာေတြပါရွိလာတာေၾကာင့္ ကိုကိုက အုပ္ထိန္းသူေနရာမွာေနၿပီး ဝမ္နင္ေကာဘက္က လိုက္ေျပာေပးခဲ့တာေတာင္ သေဘာတူမလိုလိုနဲ႕ ေခါင္းမာေနဆဲျဖစ္တဲ့မိဘေတြေၾကာင့္ ခိုးေျပးလာခဲ့ၾကေသာ ထူးထူးျခားျခားအတြဲေလးပါေလ...။

႐ုံးမွာပဲလက္မွတ္ထိုးထားၾကၿပီး လာမယ့္ Anniversary မွာမွ ပြဲေလးက်င္းပမယ္လို႔ စိတ္ကူးေနတဲ့ ဒီအတြဲက ေလာေလာဆယ္မွာေတာ့ ေဆး႐ုံနဲ႕လည္းနီး ယြီပင္းေကာရဲ႕ အလုပ္နဲ႕လည္းနီးတဲ့ Condo တစ္ခုမွာ ႏွစ္ေယာက္တစ္ကမၻာတည္ေနၾကသည္ေလ...။

6 ႏွစ္ဆိုတဲ့ကာလအတြင္းမွာ အရာအားလုံးနီးပါးဟာ ေတာ္ေတာ္မ်ားမ်ား ေျပာင္းလဲကုန္ၾကေလၿပီ။

အခ်စ္ေတြနဲ႕သာၾကည့္ရင္ ထိုအေျပာင္းအလဲေတြဟာလည္း လွပေနပါလိမ့္မည္။

အားလုံးရဲ႕မ်က္ႏွာမွာလည္း ကိုယ္စီအၿပဳံးေတြနဲ႕ေဝဆာေနကာ ဒီညရဲ႕အလွကို ပိုသာယာေစဖို႔ အားျဖည့္ေပးေနသေယာင္ရွိသည္။

အခ်ိန္ေတြ တေျဖးေျဖးကုန္ဆုံးလာၿပီးေနာက္မွာေတာ့ ဆုေတာင္းစကားေတြနဲ႕အတူ Anniversary cake ႀကီးကို ခြဲဖို႔ အခ်ိန္က်လာေရာက္လာေတာ့သည္။

ထိုအခ်ိန္က်မွ သိလိုက္ရသည္က သားသားဝမ္ေလးရဲ႕ "ဦးဦးက်င္းရီေမြးတဲ့ ကေလးေလးကို သားသား ထိန္းမွာေနာ္" အစခ်ီတဲ့ လန္က်င္းရီရဲ႕ဆြဲေဆာင္အားေကာင္းမႈေၾကာင့္ Party ကို လာဖို႔ ဖင္တႂကြႂကြျဖစ္ေနေၾကာင္း XZ နဲ႕ YB တို႔ လက္ခံလိုက္ရေတာ့သည္။

ေျပာတုန္းကေျပာထားၿပီးမွ လူၾကားထဲေျပာခ်လာတဲ့ ဝမ္ေလးရဲ႕စကားေၾကာင့္ က်င္းရီရဲ႕မ်က္ႏွာမွာလည္း Strawberry ေရာင္ Cake ႀကီးနဲ႕အၿပိဳင္ Strawberry ေရာင္ေတြ သမ္းကုန္ေလေတာ့သည္။

ေဆး႐ုံအုပ္ကလည္း ရယ္ေနၿပီး တစ္ျခားဧည့္သည္ေတြကပါ က်င္းရီကို ဝိုင္းစ,ေနၾကတာေၾကာင့္ 'တဟားဟား' ပြဲက်ကဳန္ၾကေသးသည္။

သားသားကိုေတာ့ အတတ္ကေလးဆိုၿပီး အားလုံးက ပို၍ပင္ အာ႐ုံစိုက္ခံလာၾကေတာ့သည္။

Cake ေတြခြဲၿပီး စားၾကေသာက္ၾက သီးခ်င္းဆိုၾကနဲ႕ ေပ်ာ္ေနၾကခ်ိန္ သားသားကေတာ့ သူ႕ဦးဦးက်င္းရီ အနားကေန မခြာေတာ့ေပ...။

'ကေလးေလးေမြးေပးၿပီးရင္ သားသားထိန္းမွာေနာ္ သားသားေရာပိုင္တယ္ေနာ္' ဆိုၿပီး က်င္းရီအနားမွာ အတင္းလိုက္ကပ္ကာ ပူဆာေနတာေၾကာင့္ Yibo တို႔ပင္ မနည္းေခ်ာ့ၿပီးေခၚထားရသည္။

က်င္းရီနဲ႕ေဆး႐ုံအုပ္ကေတာ့ စိတ္မဆိုးတဲ့အျပင္ 'တကယ္ေမြးေပးရင္ ထိန္းမွာလား...?' ေတြပါ ေမးေနၾကတာေၾကာင့္လည္း သားသားတစ္ေယာက္ သူတို႔အနားက မခြာနိုင္ေတာ့ျခင္းျဖစ္သည္။

ဒီေကာင္ေလး လူကျဖင့္ အသက္ 6 ႏွစ္ပဲရွိေသးတာကို ဘယ္တုန္းကဒီေလာက္ ကေလးခ်စ္တတ္သြားသလဲ မေျပာတတ္ပါေလ...။

ပြဲကလည္း တေျဖးေျဖးအရွိန္ျမင့္လာသလို ပြဲရဲ႕အဓိကလူႏွစ္ေယာက္ စုံတြဲသီခ်င္းဆိုလို႔အၿပီး ေနာက္ထပ္ သီခ်င္းတက္ဆိုသူေတြရဲ႕အသံေတြဟာလည္း ေလထဲမွာ လြင့္ပ်ံေနဆဲ...။

ညရဲ႕ေကာင္းကင္ႀကီးမွလည္း ဝိုင္းစက္ေနတဲ့ လမင္းႀကီးနဲ႕အတူ အစြမ္းကုန္ေတာက္ပေနၾကတဲ့ ၾကယ္ကေလးေတြေၾကာင့္ ညရဲ႕အလွဟာ ပိုၿပီးေတာ့ အသက္ဝင္ေနေလသည္။

ခ်စ္ျခင္းေမတၱာေတြနဲ႕အသက္ဝင္ေနတဲ့ ကမၻာေျမျပင္ေပၚက Party ပြဲေလာက္ေတာ့ မလွပေပမယ့္လို႔ေပါ့...။

ခ်စ္ရသူရဲ႕မ်က္ႏွာကို ေငးၾကည့္ေနတဲ့ ခ်စ္ျခင္းေမတၱာအျပည့္နဲ႕ မ်က္ဝန္းေတြ...
ခ်စ္သူရဲ႕လက္ကို တြဲကိုင္ထားတဲ့ ခိုင္ၿမဲတဲ့သစၥာတရားေတြ...
ကေလးေခ်ာ့ျမဴသံေတြ...
ခ်စ္စရာေကာင္းတဲ့ 'တခစ္ခစ္' ရယ္ေမာသံေလးေတြ...
အသက္ဝင္လြန္းတဲ့ အၿပဳံးေတြ...
အခ်ိဳသာဆုံး ရယ္ေမာသံေတြ...
ထပ္တူက်ေနတဲ့ ရင္ခုန္သံေတြ.....
အခ်စ္နဲ႕ ႀကဳံေတြ႕လာတဲ့အခါ ပတ္ဝန္းက်င္က အရာအားလုံးဟာ လွပေနေတာ့တာပဲ...။

ကြၽန္ေတာ့္ေဘးမွာ ကြၽန္ေတာ့္လက္တစ္ဖက္ကို ခပ္တင္းတင္း ဆုပ္ကိုင္ထားတဲ့ ကိုကိုရွိတယ္...
ကိုကို႔အေပၚမွာေတာ့ မိသားစုအသိုင္းအဝန္းေလးျဖစ္တဲ့ သားသားေလးရွိတယ္...။

ကိုကို႔ကို ခ်စ္ျမတ္နိုးမိတဲ့အတြက္ ဘယ္ေတာ့မွ ေနာင္တရမွာမဟုတ္သလို
သားသားေလးကို ေမြးဖြားခဲ့ရျခင္းအတြက္လည္း ဘယ္ေတာ့မွ ေနာင္တရမွာမဟုတ္ဘူး။

ကြၽန္ေတာ္ ကိုကို႔ကို အရမ္းခ်စ္သလို ကိုကိုကလည္း ကြၽန္ေတာ့္ကို အရမ္းခ်စ္တယ္ဆိုတာ ႁခြင္းခ်က္မရွိတဲ့ ယုံၾကည္မႈ...။

ရွာေဖြစမ္းသပ္ေနစရာမလိုဘူး...
စကားေတြ အမ်ားႀကီးေျပာေနစရာမလိုဘူး...
ကိုကို ကြၽန္တာ့္ဘက္ကို လွည့္ၾကည့္လာတဲ့ မ်က္ဝန္းေတြ ၊ အႏူးညံ့ဆုံးၿပဳံးျပလာတဲ့ အၿပဳံးႏုႏုေလးေတြ ၊ ႏြေးေထြးေနဆဲ လက္တစ္စုံ ၊ စည္းခ်က္က်ေနတဲ့ ရင္ခုန္သံေတြနဲ႕တင္ ကြၽန္ေတာ့္ရဲ႕ကမၻာဟာ လုံေလာက္တာထက္ကို ပိုေနပါၿပီ။

အေတြးေတြနဲ႕ေငးၾကည့္ေနတဲ့ ကိုယ့္မ်က္ႏွာေပၚကို 'တခစ္ခစ္' ရယ္သံေလးနဲ႕အတူ က်ေရာက္လာတဲ့ ႏႈတ္ခမ္းေသးေသးနဲ႕အၿပိဳင္ တစ္ဖက္ပါးမွာလည္း 'ႏြေးကနဲ' ျဖစ္သြားတဲ့ ခံစားမႈေလး...။

ၾကည္ႏူးမႈေတြနဲ႕အၿပိဳင္ တေျဖးေျဖး ရဲတက္လာတဲ့ ကြၽန္ေတာ့္ရဲ႕မ်က္ႏွာကို ငုံ႕ၾကည့္ကာ ေျပာလာတဲ့ ကိုကို႔ရဲ႕ဩရွရွေလးကလည္း နားစည္ကေနတစ္ဆင့္ ႏွလုံးသားထဲအထိ 'တသိမ့္သိမ့္' စီးဝင္လာေတာ့သည္။ 

"Baby ကို ကိုယ့္ဘဝရဲ႕လက္တြဲေဖာ္အျဖစ္ေ႐ြးခ်ယ္ခဲ့ျခင္းဟာ ကိုကို႔ဘဝမွာဘယ္ေတာ့မွ ေနာင္တမရတဲ့ လုပ္ရပ္တစ္ခုပဲ...
Baby ကို ပိုင္ဆိုင္ခြင့္ရလို႔ ကိုယ္အရမ္းေပ်ာ္တယ္...
Baby က ကိုကို႔ဘဝရဲ႕မရွိမျဖစ္ အသက္ေသြးေၾကာေလး..."

ေႂကြေနၿပီးသားလူကို အခါခါထပ္ၿပီး ေႁခြနိုင္လြန္းတဲ့ ကြၽန္ေတာ့္ရဲ႕ကိုကိုပါေလ.....။

💓💓💓💓💓💓💓💓💓💓💓💓💓💓

Updated _ 4745 words 💞

Suprise! ❤
လြမ္းလို႔ Extra ေလး လာေရးတာပါဗ်ာ 💛

အမ်ားႀကီးေတာ့ မေျပာေတာ့ဘူး
အားရွိတာတဲ့ အစားအစာေတြမ်ားမ်ားစားပါ
အိပ္ေရးဝဝအိပ္ပါဗ်
ေလ့က်င့္ခန္းေတြလည္း လုပ္ေပးပါ။

အဆင္ေျပသြားမွာပါ...
ကြၽန္ေတာ္တို႔ ျဖတ္ေက်ာ္နိုင္တယ္ဆိုတာ စိတ္ထဲမွာ ယုံၾကည္ထားပါ။ 💖

အစစအရာရာအသြားအလာက်န္းမာေရးဂ႐ုစိုက္ပါဗ် ❤

💞 အားလုံးကို ခ်စ္ခင္ေလးစားလွ်က္ 💞

Kroyalwhite💌💞🤍


Jul 22,2021 THU (Updated Day) 🖤✨


Continue Reading

You'll Also Like

238K 5.9K 52
⎯⎯⎯⎯⎯⎯⎯ ΰͺœβ€βž΄ 𝐅𝐄𝐄𝐋𝐒 π‹πˆπŠπ„ .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
669K 33.2K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader β”• 𝐈𝐧 𝐰𝐑𝐒𝐜𝐑, a powerful d...
2.2M 114K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader β”• 𝐈𝐧 𝐰𝐑𝐒𝐜𝐑, (y/n) dies and for some strange reason, reincarnates as a ...