ညရောက်တော့ သွမ့်ရှန်က သူလေ့လာနေချိန်တွင် video chat ဖြင့် အစည်းအဝေးတစ်ခု ပြုလုပ်နေခဲ့သည်။ လင်းရှီက စာအုပ်မှ ကူးရေးနေပြီး သူ့ရှေ့က စားပွဲပေါ်တွင် ရှုပ်ပွလျက်ရှိသည်။ စာတစ်ကြောင်းရေးတိုင်း သူ့မျက်နှာသည် စာရွက်နှင့် နီးကပ်သွားလေ့ရှိသည်။
သွမ့်ရှန်က သူ့အား အကြည့်လေးတောင် ရွှေ့မလာဘဲ အမိန့်ကိုထုတ်လာသည်။
“ခေါင်းကို မော့ထား... မင်း ကန်းသွားချင်လို့လား”လင်းရှီက စားပွဲစွန်းလေးကို ဆုပ်ကိုင်ထားပြီး ပြန်မှီထိုင်လိုက်သည့် အချိန်တွင် laptop မှ တစ်စုံတစ်ယောက်၏ စကားပြောသံကို ကြားလိုက်ရသည်။
“မစ္စတာသွမ့် ခင်ဗျားကလေး အိမ်စာလုပ်တာကို စောင့်ကြည့်နေတာလား”
သွမ့်ရှန်က ပြန်ဖြေလိုက်ပြီး သူ့မျက်နှာက မထုံတက်သေးဖြစ်နေသည်။ “ငါ့ကလေးက ငါပြောတာ နားမထောင်ဘူး။ ငါ သူ့ကို လိုင်းတွေ ကူးခိုင်းနေတာလေ”
ဘယ်သူမဆို ကြည့်ရတာ အလွန်အံ့သြသွားပုံပေါ်သည်။ “မစ္စတာသွမ့်မှာ ကလေးတွေ ရှိနေပြီလား”
သွမ့်ရှန်၏ အသံက ပေါ့ပေါ့ပါးပါး ရှိနေဆဲဖြစ်ပြီး လင်းလက်နေသည့် သူ့မျက်လုံးတွေဟာ လင်းရှီဆီ ရောက်သွားသည်။
“အင်း... တခြားရက်တုန်းက လမ်းမပေါ်ကနေ တစ်ယောက် ကောက်လာခဲ့တာလေ”
လင်းရှီ : “…”
သူက နှာမှုတ်လိုက်ပြီး သူ့လက်ထဲက ဘောပင်ကို လှည့်နေရာမှ ရပ်လိုက်သည်။ သူ့လက်တွေက ရင်ဘတ်နားတစ်ဝိုက် ရောက်သွားပြီး မေးစေ့ကို မော့လိုက်ကာ ထိုင်ခုံကို မှီလိုက်သည်။ သူ့အသံကို ရှင်းလိုက်ပြီး “ဒယ်ဒီ!”
ထိုအရာကို အားလုံးဟာ ရှင်းရှင်းလင်းလင်း ကြားလိုက်ကြပြီး သူတို့မေးစေ့တွေ ပြုတ်ကျသွား လောက်သည်အထိ အံ့သြသွားခဲ့ကြသည်။ သွမ့်ရှန်ရဲ့ မျက်လုံးတွေဟာ နက်မှောင်သွားသည်။ သွမ့်ရှန်က laptop ကို ပိတ်လိုက်ပြီး သူ့ဆီ ကြည့်လာသည်။
“လင်းရှီ သမ်းနေပြန်ပြီလား”
လင်းရှီက အဝေးကို ထပ်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းတွေကို ဖိပိတ်လိုက်ပြီး အဝေးကို ကြည့်လိုက်ပြီး အောင်မြင်သည့်အပြုံးကို ဖုံးကွယ်လိုက်သည်။
“မဟုတ်ပါဘူး”
သွမ့်ရှန်က သူ့အစည်းအဝေးပြီးသည်နှင့် စာသင်နေခြင်းမှ ထွက်သွားသည်။ လင်းရှီက ချက်ချင်း ဘောပင်ကို ပစ်ထုတ်လိုက်ပြီး ထိုင်ခုံကို မှီလိုက်ကာ ဖုန်းထုတ်ပြီး နောက်တစ်ဖန် ဂိမ်းဆော့တော့သည်။
ခဏအကြာတွင် တံခါးအပြင်ဘက်တွင် ဘာမှလှုပ်ရှားမှု ရှိမနေကြောင်း သတိပြုလိုက်မိပြီး ထရပ်လိုက်သည်၊ သူအိပ်နိုင်အောင် သူ့အခန်းကို ပြန်သွားဖို့ စီစဥ်လိုက်သည်။
သူဗီရိုကို ဖြတ်သွားတဲ့အခါမှာ တံခါးက ပွင့်နေသည်ကို သတိပြုမိလိုက်သည်။ ကော်ဇော်ပေါ်မှာတော့ အနက်ရောင်ခရီးဆောင် သေတ္တာကို ဖွင့်ထားသည်။
လင်းရှီရဲ့ အကြည့်သည် ညာဘက်ရှိ အနောက်တိုင်းဝတ်စုံများနှင့် ရှပ်အင်္ကျီများအပေါ်သို့ ရောက်သွားသည်။
သူက ပိုမိုနက်မှောင်တဲ့ ရှပ်အင်္ကျီများကြားတွင် ချောကလက်ရောင်ကို ရိပ်ခနဲမြင်လိုက်ရပြီး သူ့ခြေလှမ်းတွေ ဒယီးဒယိုင်ဖြစ်သွားရသည်။
သူက ခိုးကြောင်ခိုးဝှက် ဝင်လာလိုက်သည်။
ဒီအိမ်က သွမ့်ရှန်အိမ်ပြီးတော့ ဗီရိုဟာလည်း သွမ့်ရှန်ဗီရိုပဲဖြစ်သည်။ လင်းရှီအရာတွေဟာ ဘယ်တော့မှ အထဲတွင် မရှိခဲ့ပါ။
သူက စျေးကြီးတဲ့ ရှပ်အင်္ကျီကို ဘေးကိုတွန်းမဖယ်ခင် တုံ့ဆိုင်နေခဲ့သည်။ ထိုအရာကို သေသေချာချာ မြင်ရသည်အထိ ချောကလက်ရောင် hoodie ကို ဖြေးဖြေးချင်း ဆွဲထုတ်နေခဲ့သည်။ လင်းရှီက မျက်တောင်ခတ်လိုက်ကာ အံ့သြမှုများ ရှိနေသည်။
သွမ့်ရှန်က ဘယ်တော့မှ hoodie တွေ မဝတ်ပေ။ ဒီအရာက သူ့ဟာပေ။ သူ ၁၆နှစ်တုန်းက သွမ့်ရှန်နေရာမှာ တစ်ကြိမ်အိပ်ခဲ့ဖူးသည်။ သူနိုးလာတဲ့ မနက်မှာတော့ သွမ့်ရှန်ရဲ့ ဂျာကင်တွေထဲက တစ်ခုကို အလစ်သုတ်သွားပြီ သူ့ကိုယ်ပိုင် hoodie ကိုတော့ ချန်ထားခဲ့သည်။
ဧည့်ခန်းထဲမှ ခြေလှမ်းတွေဟာ နီးသထက် နီးလာသည်။ သူတတ်နိုင်သမျှ အမြန်ဆုံး hoodie ကို ဗီရိုထဲ ထိုးထည့်လိုက်သည်။
ဒီအပြေးအလွှား လှုပ်ရှားမှုမှာ သွမ့်ရှန်ရဲ့ နက်တိုင်တွေကို မတော်တဆ ဆွဲယူလိုက်မိသည်။ သူက အလျင်အမြန် ငုံလိုက်ကာ နက်တိုင်ကို ကောက်ယူလိုက်ပြီး လုံးထွေး၍ သူ့အိတ်ကပ်ထဲ သိပ်ထည့်လိုက်သည်။
လင်းရှီမျက်လုံးထောင့်မှ တံခါးနားတွင် တစ်စုံတစ်ဦးကို မြင်လိုက်ရသည့်အခါ သူ့မျက်နှာဟာ ရဲသွားသည်။ သူက မလုံမလဲဖြင့် လှည့်လိုက်သည်။ “အဲ...အဲ့တော့ ခင်ဗျား ဘယ်ကို သွားမလို့လဲ”
“မနက်ဖြန်မနက်ကျရင် ငါ့မှာ လေကြောင်းခရီးစဥ် ရှိတယ်” သွမ့်ရှန်က ပြောလိုက်သည်။
လင်းရှီက “အို” လို့သာ ပြောခဲ့ပြီး အိတ်ကပ်ထဲသို့ သူ လက်တွေကို တိုးဖယ်နေသည်။ သူ့ခေါင်းကိုမော့၊ ရင်ဘတ်ကို မတ်ထားပြီး အပြင်သို့ ဖြေးညင်းစွာ လျှောက်သွားလိုက်သည်။
ခြေလှမ်း ၂လှမ်းပဲ လှမ်းရသေးသည်၊ သွမ့်ရှန်က သူ့ကိုရပ်ရန် ခေါ်လိုက်ပြီး သူ့အသံက အနည်းငယ် သတိပေးနေသည်။
“အပြင်မှာ တစ်ညလုံးနေဖို့ကို လုံးဝမစဥ်းစားနဲ့။ ငါ့လေကြောင်းခရီးစဥ်က ညနေ ၇နာရီ ပြန်ရောက်မှာ။ ငါပြန်လာတဲ့အခါမှာ မင်းကို အိမ်မှာပဲ မြင်ချင်တယ်”
လင်းရှီအသံက အနည်းငယ် တောင့်နေပြီး သူက စိတ်ဆိုးဆိုးနှင့် မကြားတကြား တုံ့ပြန်လိုက်သည်။ “သိပါပြီ”
အမှန်တကယ်က ဒီလိုစကားလုံးတွေဟာ လင်းရှီရဲ့ ဝေါဟာရထဲတွင် မပါပေ။ သွမ့်ရှန်က ခရီးဆောင်သေတ္တာနဲ့ ထွက်သွားတဲ့နောက် လင်းရှီက အိပ်ယာပေါ်မှ ခုန်ထွက်လိုက်ပြီး သူ့သူငယ်ချင်းတွေကို ဖုန်းဆက်ကာ နှိုးတော့သည်။
“နာရီဝက်နေရင် ငါတို့ ဘားမှာ တွေ့ကြမယ်”
လုလင်းရှင်းက ထိုင်လိုက်ပြီး သူခေါင်းကိုက်သလို ဖြစ်နေသည်။ “မနက်အစောကြီးပဲ ရှိသေးတယ် မင်း ငါတို့ကို အရူးလုပ်နေတာလား။ ဘားကမဖွင့်သေးဘူးလေ”
လင်းရှီက သူ့ရဲ့နှုတ်ခမ်းကို စိတ်မရှည်စွာဖြင့် ဖတ်ခနဲရိုက်လိုက်သည်။ “တကယ်လို့ မဖွင့်သေးဘူးဆိုလည်း ငါ့အတွက် သွားဖွင့်ပေးကွာ။ ငါတစ်နေ့လုံးစာ ကြိုတင်စာရင်းပေးဖို့ စီစဥ်ထားတယ်”
“အို၊ ကောင်းပြီလေ” သူက ဟာသနှောလိုက်သည်။ “ဘားမန်နေဂျာကို ငါ့အတွက် စာရွက်နဲ့ ဘောပင်ပြင်ဆင်ထားခိုင်းမယ်”
ဖုန်းချလိုက်ပြီးနောက် သူက ဖုန်းကို အိပ်ယာပေါ် ပစ်တင်လိုက်သည်။ သူ ကွင်းထိုးဖိနပ်စီးလိုက်ကာ ဆေးကြောသန့်စင်ဖို့ အဝတ်တွေကို ချွတ်လိုက်သည်။
လင်းရှီက စားပွဲပေါ် တင်ထားသည့် ပေါင်မုန့်မီးကင်ကို သူ့ပါးစပ်ထဲ ထည့်လိုက်ပြီး သွမ့်ရှန်ရဲ့ စာအုပ်ကိုပါ ကောက်ကိုင်လိုက်သည်။ သူက အဌားကားခေါ်လိုက်ပြီး ဘားဆီ တိုက်ရိုက်သွားလိုက်သည်။
သူ့ရဲ့ ဖုန်းခေါ်ဆိုမှုကြောင့် အိပ်ယာထဲမှ ဆွဲထုတ်ခံခဲ့ရသောချမ်းသာတဲ့ကလေးတွေ အားလုံးဟာ ပင်ပန်းနေသည့်မျက်နှာများနှင့် ဘားတွင် ထိုင်နေခဲ့ကြသည်။
လင်းရှီက သူ့လက်ထဲရှိ စာအုပ်ကို ဘားပေါ် ဆောင့်မချခင် သူတို့အကုန်လုံးကို နှိုးဖို့ တစ်ဦးချင်းစီရဲ့ ညို့သကြီးကို ကန်လိုက်သည်။
“ မြန်မြန်၊ ငါ့အတွက် ဒါကူးပေးစမ်းပါ”
Tuesday
20,7,2021