အခန်း(၈)

1.1K 184 0
                                    

လမ်းခရီးမှာပဲ သူတို့နှစ်ယောက်ဟာ လင်းရှီရဲ့ အဘိုးကို စစ်ဆေးရန် သွမ့်မိသားစုဆေးရုံသို့ သွားခဲ့သည်။ သွမ့်ရှန်က ယဥ်ကျေးစွာ စကားအနည်းငယ်ပြောပြီးနောက် ထွက်သွားခဲ့သည်။ လင်းရှီက ကုတင်နားမှာ ထိုင်နေခဲ့ပြီး လင်းဟယ့်က ဗီဒီယိုဖြင့် ဖုန်းခေါ်ဆိုကာ အဘိုးလင်းနှင့် စကားပြောနိုင်ခဲ့သည်။

ခဏကြာပြီးနောက် အဘိုးအိုရဲ့ ငုတ်လျှိုးနေသည့် မျက်လုံးတွေဟာ ပင်ပန်းနေပုံပေါ်သည်။ ဖုန်းကလက်ထဲ ကိုင်ထားဆဲပါ၊ လင်းရှီက အခန်းထဲမှ ထွက်လာလိုက်သည်။ သူ့ဖုန်း ဗီဒီယိုက ဆက်သွားနေဆဲဖြစ်သည်။ သူ တုံ့ဆိုင်းနေခဲ့သည်၊ သူ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ဝန်းအပြင်ဘက် ခုံတန်းရှည်ပေါ်တွင် ထိုင်လိုက်ပြီး နားကြပ်ပလပ်တပ်ကို တပ်လိုက်သည်။ “အစ်ကို”

လင်းဟယ့်က မျက်လုံးတွေကို သူ့ရှေ့ရှိ ဖိုင်တွေဆီက ပြောင်းရွေ့လိုက်သည်။ “ဘာလဲ၊ မင်း ကျန်းယဲ့ကို ကိုယ်တစ်ခြမ်းစောင်းသွားတဲ့အထိ ရိုက်ခဲ့တာလား”

လင်းရှီက ဘာမှမပြောပေ။

“မဟုတ်ဘူးလား” လင်းဟယ့်က သူ့မေးစေ့ကို ပွတ်လိုက်ပြီး မြင်ရသည်မှာ စိတ်ပျက်လုနီးပါး ဖြစ်နေသည်။ “မင်းကဒ်ထဲမှာ ပိုက်ဆံမရှိတော့လို့လား”

လင်းရှီက သူ့အစ်ကိုကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ “လင်းဟယ့်၊ မင်းအကောင်းနဲ့ မလာနိုင်ဘူးလား”

“သေချာတယ်။ ငါလည်း လုပ်ချင်တာပေါ့” လင်းဟယ့်က သက်ပြင်းချလိုက်ပြီး “ငါ့ညီက မျှော်လင့်ချက် ကင်းမဲ့နေလို့ပဲ။ လွန်ခဲ့တဲ့ ၁၀နှစ် မင်းရဲ့အိမ်ခန်းဆရာမဆီ ဖုန်းခေါ်ပြီးတာနဲ့ မင်းအပေါ်ထားတဲ့ ငါ့ရဲ့မျှော်လင့်ချက် အကုန်လုံးကို စွန့်ပစ်လိုက်ပြီ”

လင်းရှီက တိတ်နေသည်။

“မင်း တကယ် ပိုက်ဆံပြတ်နေတာလား”
လင်းဟယ့်က သူ့ခြေထောက်ရှည်တွေကို ဆန့်ထုတ်လိုက်ပြီး ထိုင်ခုံနောက် မှီလိုက်သည်။ “ဒါဆို သွမ့်ရှန်ကို ပိုက်ဆံနည်းနည်း တောင်းလိုက်လေ။ ငါပြန်လာတဲ့အခါ ငါပြန်ပေးမယ်”

Unexpected Marriage Where stories live. Discover now