တာဝန်မဲ့သောအီစတာကြက်ဥ ၀၁
နာရီအနည်းငယ် ကြာပြီးနောက် လင်းရှီက စိတ်ကျေနပ်မှုအချို့ဖြင့် မေးလိုက်သည်။ “အဲ့တော့ ခင်ဗျားက ကျွန်တော် တောင်းသမျှကို ပေးမယ်ပေါ့ ဟုတ်လား”သွမ့်ရှန်က သူ့ကို ကြည့်လာသည်။ “မင်း ဘာလိုချင်လို့လဲ”
လင်းရှီက စိတ်လှုပ်ရှားမှုနှင့် သူ့လက်တွေကို အတူတူ ပွတ်သပ်လိုက်သည်။ “ဆက်ကူးမရေးတော့လို့ရမလား”
သွမ့်ရှန်: “အပိုအနေနဲ့ ရန်ဖြစ်တဲ့အတွက် တောင်းပန်စာ စာလုံးရေ ၈၀၀၀ ကူးရေးရမယ်။ ရေးလို့ပြီးသွားပြီဆို ငါ့စားပွဲပေါ် တင်ထားလိုက်”
လင်းရှီ: “ခင်ဗျား အမေပဲ ကူးနေလိုက်။ ခင်ဗျားပြောတော့ မရေတွက်တော့ဘူးဆို”
သွမ့်ရှန်: “ကျိန်ဆဲတယ်။ တောင်းပန်စာက စာလုံးရေ ၁၀၀၀၀ ဖြစ်သွားပြီ”
လင်းရှီ: “…”
သွမ့်ရှန်: “ဒီလိုဆိုရင်ရော။ မင်း ကိုယ့်ကို တစ်ခါနမ်းရင် မင်းကူးရေးရတဲ့ အရေအတွက် တစ်ခုလျော့သွားမယ် ညီတူညီမျှပေါ့”
သွမ့်ရှန်: “သေချာတယ်။ အနမ်းတစ်ခုအတွက် စာလုံးတစ်လုံးပဲ”
လင်းရှီ: “…”
လင်းရှီ: “ ကျေးဇူးပြုပြီး ကျွန်တော့်ကို ယောကျ်ားလေး တစ်ယောက်အနေနဲ့ အပြစ်ပေးလို့ရမလား။ ကျွန်တော် တောင်းဆိုတာပါ။ တောင်းပန်စာ ရေးရတာထက် တင်ပါးမှာ အထွန်ခံရတာ ပိုခံရခက်တယ်”
တာဝန်မဲ့သောအီစတာကြက်ဥ ၀၂
ဒုတိယနေ့ သူနိုးလာတဲ့အခါ လင်းရှီက ကုတင်ပေါ်မှ ခုန်ချပြီး အဓိကအိပ်ခန်းတံခါးကို လက်သီးဖြင့် စတင်ထိုးတော့သည်။
“သွမ့်ရှန်၊ ခင်ဗျား ဒါကို ကျွန်တော့်အတွက် သန့်ရှင်းပေးတယ်! သွားသေလိုက် ခင်ဗျား ဘာကိုဆိုလိုတာလဲ၊ နက်တိုင်က ညစ်ပတ်နေရင် လွှတ်ပစ်လိုက်ဆို! ခင်ဗျား ထင်သမျှ တစ်ခုမှ မဟုတ်ဘူးလို့! ကျွန်တော်တစ်ခါမှ ခင်ဗျားရဲ့ ပထမနေရာက နက်တိုင်ကို ခိုးဖို့မကြိုးစားဖူးဘူး! Joan of Arc ထက်တောင် ပိုပြီး စွပ်စွဲခံနေရတယ်!!”
Saturday
31,7,2021~ ~ ~ ~ ~
Ray
Unexpected Marriage ကတော့ ပြီးသွားပြီပေါ့နော်။ အဲ့တာရဲ့အဆက် သွမ့်ရှန်နဲ့လင်းရှီရဲ့ အိမ်ထောင်ရေးဘဝအကြောင်းကို Spice of Love ဆိုပြီး acc ထဲမှာ Book သပ်သပ်နဲ့ တင်ပေးထားပါတယ်

YOU ARE READING
Unexpected Marriage
Short StoryChinese Title - 结婚 Author - 阿阮有酒 Genre - Slice of Life, Yaoi [U] သားတစ်ယောက်အဖေ (နောက်နေတာ) ကျောင်းကိုခုန်ကျော်နိုင်တဲ့ ဒုတိယမျိုးဆက်သစ် ချမ်းသာကြွယ်ဝ၊ အနိုင်ကျင့်သူကို သူ့လူမှ သင်ခန်းစာပေးခြင်းဖြစ်တယ်။ ဒီပုံပြင်လေးကတော့ သူတို့ရဲ့ အိမ်ထောင်သည်ဘဝအကြေ...