လက်ထပ်ပွဲက မမျှော်လင့်ဘဲ ဖြစ်လာခဲ့သည်။
လွန်ခဲ့သည့်နှစ်နှစ်က လင်းရှီရဲ့အဖိုးသည် ရုတ်တရက် သွေးလွှတ်ကြောကြီးသည့်ရောဂါ ရရှိခဲ့ပြီး ဆေးရုံပေါ်တွင်သာ နေခဲ့ရသည်။
နောက်သူ့စိတ်ပူပန်မှုကို ရပ်တန့်လို့မရတဲ့ တစ်ခုတည်းသောအရာကတော့ မွေးကတည်းက မိဘတွေမရှိတော့သည့် လင်းရှီပဲဖြစ်သည်။ ပျက်စီးနေသည့် ကောင်စုတ်လေးကို မိန်းကလေးတစ်ယောက်နှင့် လက်ထပ်ပေးခြင်းကသာ သူ့ရဲ့အကျင့်များကို ကောင်းမွန်လာစေလိမ့်မည်။
ဒီကောင်လေးကို ထိန်းချုပ်နိုင်မည့်သူနှင့် လက်ထပ်ပေးခြင်းကသာ အဘိုးလင်းကို အေးဆေးအနားယူနိုင်စေလိမ့်မည်။
လင်းရှီရဲ့အစ်ကို လင်းဟယ့်ဟာ ဆက်သွယ်မှုအချို့ကို ပြုလုပ်ခဲ့ပြီး လင်းရှီအား စာချုပ်ဖြင့်လက်ထပ်ရန် သွမ့်ရှန်ကို တောင်းပန်ခဲ့သည်။
နောက် အဘိုးလင်း ဆုံးသွားတော့မှ သူတို့ဟာ တရားဝင်ကွာရှင်းလိမ့်မည်။ လင်းရှီက ထိုသတင်းကြားလိုက်တဲ့အခါမှာ သူက ဘားထဲရှိ ဆိုဖာကနေ ခုန်လိုက်မိပြီး သူ့ရဲ့သောက်ထားသည့် ဦးဏှောက်က အံ့သြမှုကြောင့် တုန်လှုပ်နေသည်။
လင်းဟယ့်သည် ဖုန်းဆက်သွယ်ခြင်း၏ အဆုံးတွင်... “ဒါတကယ် ထူးဆန်းတယ်။ သူက သွမ့်ရှန်နားကို အမြဲလိုက်လေ့ရှိပြီး ငါ့ထက်တောင် ရင်းနှီးသေးတယ်။ သူကြီးလာပြီးနောက်မှာ သွမ့်ရှန်နဲ့ ဘာတွေဖြစ်ခဲ့လို့ အရမ်းကြောက်နေတာလဲ မသိဘူး”
သိသာလွန်းသည့် ခုခံမှုဟာ အချည်းနှီးပါပဲ။ လင်းရှီသည် အိမ်မှထွက်ပြေးရန် ပြင်ဆင်နေခဲ့သည်။ သို့သော် လမ်းခုလတ်တွင် သွမ့်ရှန်ရဲ့ တားဆီးခြင်းကို ခံလိုက်ရပြီး ပြည်သူ့ရေးရာ အစိုးရဌာနသို့ ခေါ်သွားခြင်း ခံခဲ့ရသည်။
ဒီအရာဟာ သူတို့နှစ်ယောက် အတူတူ တရားဝင်အိပ်ဖို့ ဖြစ်လာရသည့် အကြောင်းအရင်းပါပဲ။
သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ ဆက်ဆံရေးကို တခြားသူတွေကို ထုတ်ဖော်ပြသခြင်း မရှိခဲ့ပါ။ ထို့အပြင် လင်းရှီအား စာချုပ်များချုပ်ဆိုပြီး စာရွက်ပေါ်တွင် လက်မှတ်ထိုးဖို့ တွန်းအားပေးခဲ့သည်။

YOU ARE READING
Unexpected Marriage
Short StoryChinese Title - 结婚 Author - 阿阮有酒 Genre - Slice of Life, Yaoi [U] သားတစ်ယောက်အဖေ (နောက်နေတာ) ကျောင်းကိုခုန်ကျော်နိုင်တဲ့ ဒုတိယမျိုးဆက်သစ် ချမ်းသာကြွယ်ဝ၊ အနိုင်ကျင့်သူကို သူ့လူမှ သင်ခန်းစာပေးခြင်းဖြစ်တယ်။ ဒီပုံပြင်လေးကတော့ သူတို့ရဲ့ အိမ်ထောင်သည်ဘဝအကြေ...