တဖြေးဖြေး ညရောက်လာခဲ့သည်။ လင်းရှီက သူ့ဖုန်းမှ အချိန်ကို စစ်ဆေးလိုက်ပြီး ပြန်ရန်စပြင်တော့သည်။ လုလင်းရှင်းက ဘားနောက်မှာ ကော့တေးစပ်နေကာ အနားကပ်လာပြီး...
“မစ္စတာလင်း မပြန်ခင်လေး သောက်မသွားချင်ဘူးလား”
“No, မသောက်ချင်ပါဘူး” လင်းရှီက မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကိုတွန်းထုတ်လိုက်ကာ... “ငါ့ နားအရမ်းမကပ်နဲ့။ အရက်နံ့ရနေလိမ့်မယ်”
လုလင်းရှင်းရဲ့ မျက်ခုံးတွေ မြင့်တက်သွားသည်။
“မကြာသေးခင်က မင်းအစ်ကို ပြောင်းလဲသွားပြီလား။ ကြည့်ရတာမင်းအ ပေါ် ပုံမှန်ထက် ပိုတင်းကျပ်နေသလိုဘဲ”
လင်းရှီက သူ့ကို စောင်းကြည့်လာပြီး ထိုအကြောင်း ပြောမည့်အချိန်တွင် တံခါးမှ ဆူညံသံက ပေါက်ထွက်လာသည်။
လူငယ် ခေါင်းဆောင်ကျန်းက လူ၃ယောက်နဲ့အတူ ဘားဆီ လျှောက်သွားပြီး သူ့ကြည့်ရသည်မှာ မကျေမနပ်ဖြစ်နေပုံ ရှိသည်။ သူ့မျက်လုံးတွေက လင်းရှီနှင့် သူ့သူငယ်ချင်းအပေါ် ကျရောက်လာပြီး သူ့လျှာဖြင့် ချက်ခနဲမြည်စေလိုက်သည်။
“ကောင်းပါတယ်၊ ကောင်းပါတယ်။ နေ့အချိန်ကြီး venue ကို ဘယ်သူက ကြိုစာရင်းပေးထားတာလဲ ဆိုပြီး ငါက အံ့သြနေခဲ့တာ။ အဲ့တော့ အဲ့ဒီသူက မင်းပေါ့”
ချမ်းသာတဲ့လူငယ်လေးတွေမှာလည်း သူတို့ရဲ့ လူမှုရေးအသိုင်းအဝိုင်းတွေ ရှိကြပါသည်။ လင်းရှီရဲ့သူငယ်ချင်းတွေဟာ ကျန်းယဲ့နဲ့ တစ်ခါမှ မတွေ့ဘူးပါ။
လင်းရှီက အေးစက်စက် ရယ်လိုက်ပြီး သူ့အသံကို မြှင့်ပြောလာသည်။ “ငါ့ venue က ခွေးတွေအတွက် ဖွင့်ထားမှန်း မသိခဲ့ဘူး”
ကျန်းယဲ့မျက်နှာက ခက်ထန်နေပြီး ဘားဆီ လျှောက်လာခဲ့သည်။ သူက လင်းရှီနား ဖြတ်သွားသောအခါ စိန်ခေါ်သလို ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်လိုက်သည်။
လင်းရှီက ဘေးစောင်းသွားပြီး သူ့အိတ်ကပ်ထဲမှ တစ်စုံတစ်ခုဟာ ပြုတ်ကျသွားခဲ့သည်။ သူအောက်ကို ငုံ့ကြည့်တဲ့အခါမှာ ထိုအရာက သူအိတ်ကပ်ထဲကို သိပ်ထည့်ခဲ့သည့် သွမ့်ရှန်ရဲ့ နက်တိုင်ဖြစ်နေခဲ့သည်။

YOU ARE READING
Unexpected Marriage
Short StoryChinese Title - 结婚 Author - 阿阮有酒 Genre - Slice of Life, Yaoi [U] သားတစ်ယောက်အဖေ (နောက်နေတာ) ကျောင်းကိုခုန်ကျော်နိုင်တဲ့ ဒုတိယမျိုးဆက်သစ် ချမ်းသာကြွယ်ဝ၊ အနိုင်ကျင့်သူကို သူ့လူမှ သင်ခန်းစာပေးခြင်းဖြစ်တယ်။ ဒီပုံပြင်လေးကတော့ သူတို့ရဲ့ အိမ်ထောင်သည်ဘဝအကြေ...