အခန်း(၉)

1.2K 205 5
                                    

လင်းရှီက ဆေးရုံမှ ထွက်လာခဲ့ပြီးနောက် သူက သွမ့်ရှန်ကားကို မရှာဘဲ ကားပါကင်တဝိုက်မှာ အပတ်အနည်းငယ် လမ်းလျှောက်နေခဲ့သည်။ သူက သွမ့်ရှန်ကို ဖုန်းခေါ်ခဲ့သည် သို့သော် ထိုလူကြီးရဲ့ ဖုန်းဟာ ဖွင့်မထားပေ။

ခဏလောက် ထိုနေရာမှာရပ်နေခဲ့သည်၊ နောက်ဆုံးမှာတော့ လင်းရှီက သူ့ကို ထားပြီး ထွက်သည်ဆိုသည့် အချက်ကို ဒေါသတကြီး လက်ခံလိုက်တော့သည်။

ဓာတ်လှေကားကို ခေါ်ကာ ပထမထပ်ဆီ ပြန်သွားပြီး အဓိကတံခါးပေါက်ကနေ လမ်းလျှောက်ထွက်ကာ လမ်းမပေါ်တက်ဖို့ ကြံလိုက်သည်။ အငှားကားတစ်စီး ခေါ်ပြီး ဘားဆီ သွားရန် စီစဥ်လိုက်ကာ ကားပါကင်မှ ထွက်လာလိုက်သည်။ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် သူ့ရှေ့မှ ကားဟွန်းသံ ကြားလိုက်ရသည်။

သူ သွမ့်ရှန်ကားကို မှတ်မိလိုက်ပြီး နောက်တံခါးကို ဖွင့်ရန် သွားလိုက်သည်။ ဒါပေမဲ့ သူတစ်စုံတစ်ခုကို မှတ်မိလိုက်တာကြောင့် နောက်မှတံခါးအစား ရှေ့မှတံခါးကိုပဲ ဖွင့်လိုက်သည်။

သူကားထဲ ဝင်လိုက်သည်။ သွမ့်ရှန်က သူ့ကို အနည်းငယ် စိုးရိမ်ပူပန်မှုဖြင့် စောင့်ကြည့်လာသည်။ “နောက်ကျနေပြီ။ မင်းက ငါ့ကို ဆေးရုံမှာပဲ စောင့်နေရအောင် အစီစဥ်ဆွဲနေတာလား။ အဲ့တော့ မင်းဘယ်ကို သွားနေတာလဲ”

လင်းရှီက မျက်နှာမော့ကာ ခံပြင်းနေဟန်ဖြင့် စွပ်စွဲလိုက်သည်။ “ကျွန်တော် ခင်ဗျားကို ဖုန်းခေါ်သေးတယ်။ ဒါပေမဲ့ ဖုန်းပိတ်ထားတယ်တဲ့။ အဲ့တော့ ခင်ဗျား ထွက်သွားပြီ ထင်လိုက်တာ”

“ငါ သွားယူစရာရှိလို့ ခဏထွက်သွားတာ” သွမ့်ရှန်က ပေါ့ပေါ့ပါးပါး လေသံဖြင့် ရှင်းပြလာသည်။ သူက မှီထိုင်လိုက်ပြီး အနက်ရောင်ဘူး သေးသေးလေးကို ကောက်ယူလိုက်ကာ လင်းရှီဆီ ပေးလာသည်။ “ယူထား”

လင်းရှီက တုံ့ဆိုင်းနေခဲ့သည်။ “ဒါက ဘာကြီးလဲ”

“လက်စွပ်” သွမ့်ရှန်က စတီယာတိုင် ကိုင်ထားသည့် သူ့လက်ချောင်းမှ လက်စွပ်ကို မြှောက်ပြလာသည်။ ကွင်းလေးကတော့ အလင်းကြောင့် အလင်းပြန်ကာ တလက်လက်တောက်ပနေသည်။

Unexpected Marriage Where stories live. Discover now