"Say Cheese...Yep, its so pretty"
Capture မိသွားတဲ့ပုံရိပ်ရှင်ကို ပုံရိပ်သေဖမ်းယူပေးလိုက်တော့ ဆံပင်ငွေရောင်၊ မျက်လုံးပြာလဲ့လဲ့လေးတွေနဲ့ ရှေ့ကစုံတွဲက သဘောတကျဖြစ်နေကြသည်။ ကျွန်တော့်လည်ပင်းမှာချိတ်ထားတဲ့ Canon ကို ချပြီး သူတို့ရဲ့ပန်းသီးတစ်ခြမ်းပဲ့ထဲပါ လေးငါးပုံ ထပ်ရိုက်ပေးလိုက်၏။
"Thank you Taw"
"It's ok Steve"
ကျွန်တော့်နာမည် နေသော်လည်း သူတို့ရဲ့ပြင်သစ်သံဝဲဝဲနဲ့အဖျားစွတ်ခေါ်တဲ့အင်္ဂလိပ်သံထဲ "တော်" ဆိုပြီးဖြစ်နေရခြင်း။ Sule Square ကနေ မြို့တော်ခန်းမတောက်လျှောက် ခြေကျင်လျှောက်ပြီး ဓါတ်ဖမ်းလိုက် ငေးလိုက်နဲ့ သိချင်တာရှိမှ ဘေးကပါလာတဲ့ ကျွန်တော့်ဘက်လှည့်၏။ တီရှပ်အဖြူ၊ ဂျင်းပန်အတိုဝတ်ထားတာတောင်မေလရဲ့နွေက အပူတပြင်းနဲ့ ကျွန်တော်တို့ကိုယ်တွင်းကစွမ်းအားတွေကို ဆုပ်ယူနေလေသည်။ နဖူးကကျတဲ့ချွေးစက လည်တိုင်တွေထိ လျှောလျှောဆင်းသလို၊ ကျောပိုးအိတ်လွယ်ထားတဲ့ကျောပြင်ကလည်း ရေအိုင်ငယ်လိုနစ်နေ၏။ ဟာဝိုင်အီရှပ်ဆင်တူ ကွာတားဘောင်းဘီတိုတိုနဲ့စုံတွဲကတော့ အချစ်ရနံ့တွေကြောင့်အေးမြနေကြသလား။ မနှစ်က မာမီ့ကုမ္ပဏီမှာ ကျွန်တော် အချိန်ပိုင်း guide လုပ်ပေးခဲ့တဲ့ မာမီတို့အရွယ်တန်း ပြင်သစ်လင်မယားက Steve အဖေနဲ့အမေဖြစ်နေခဲ့သည်။ ဒီနှစ် Steve အိမ်ထောင်ပြုပြီး မြန်မာနိုင်ငံကို ပျားရည်လမင်းလာလုပ်ချိန် ကျွန်တော့်ကို ဘိုင်နိမ်းတပ်ပြီး guide လုပ်ဖို့ တောင်းဆိုလာ၏။ ဆေးခန်း၊ အိမ်နဲ့ ညီမလေးသင်တန်းကြားပြေးလွှားနေတဲ့ ပျင်းရိခြောက်သွေ့ဖွယ် ကျွန်တော့်နွေနေ့များကို ရန်ကုန်မြို့ပြ ယဥ်ကျေးမှုထဲပေါင်းထည့်ရတော့သည်။
ချစ်ခြင်းကကူးစက်ပျံ့နှံ့တတ်သော ဂုဏ်သတ္တိရှိသလားမသိ။ ချစ်ခင်ကြင်နာကြတဲ့ Steve တို့စုံတွဲနောက် တကောက်ကောက်လိုက်ရခြင်းက ကျွန်တော့်ခြေလှမ်းတွေကို တက်ကြွနေစေသည်။ မနက်ဆို ညီမလေးကို ရေကူးသင်တန်းပို့ပြီး Steve တို့တည်းတဲ့ဟိုတယ်ကို ကျွန်တော်ကိုယ်တိုင်ကားမောင်းသွားကြို၊ စရောက်တဲ့ရက်တော့ ရွှေတိဂုံနဲ့ ဗိုလ်ချုပ်ဈေးမှာတင် အချိန်ဖြုန်းကြ၏။ နောက်ရက်တွေ ဗိုလ်တထောင်ဘုရားနဲ့ ကမ်းနားတောက်လျှောက်လှည့်ရင်း မော်တင်ကိုပတ်သည်။ ဒီသုံးရက်မြောက်နေ့မှာတော့ ဆူးလေတခွင် ပြဲပြဲစင်၏။ Steve က ကျွန်တော့်ထက် ၃နှစ်ကြီးပေမယ့် ရွယ်တူလိုဖြစ်တာမို့ သွားလာပြောဆိုရတာ သူတို့အတွက်လည်း သက်သောင့်သက်သာဖြစ်ပုံရသည်။
"ဘယ်လိုလဲ သား။ Steve တို့နဲ့ အဆင်ပြေရဲ့လား"
ရေခဲရေအေးကို မော့သောက်ရင်း မာမီ့ကိုလက်ထောင်ပြရသည်။ မာမီနဲ့ ညီမလေးက တစ်နေကုန် ချွေးသက်တွေကြားနစ်လာတဲ့ ကျွန်တော့်ကိုကြည့်ပြီး ပြုံးကြ၏။
"အဆင်ပြေလွန်းလို့ မာမီ။ ပုဂံ ညောင်ဦး အင်းလေးသွားဖို့ကို ကျွန်တော့်ကို မရမကခေါ်နေတာ။ သဘက်ခါကျောင်းဖွင့်တော့မှာမလို့ လိုက်မရတာကို မနညိးပြောယူရတယ်"
"ကျောင်းစဖွင့်ဖွင့်ချင်းဆို အတန်းချိန်မများဘူးမလား။ သား အဆင်ပြေရင် လိုက်သွားပေးလိုက်ပါ။ သူတို့က သားကိုအတော်သဘောကျတာ။ by name တပ်ခေါ်တာပဲကြည့်"
"လွတ်လို့မရတဲ့အတန်းချိန်တွေက ရှေ့ဆုံးရောက်နေလို့ မာမီ။ ပိတ်ရက်ကို နောက်ဆေးခန်းတစ်ခုလိုက်ထိုင်ဖို့ ဆရာဝင်းထွန်းကလည်း ခေါ်ထားတယ်။ ဆရာကတော်ရုံလူခေါ်တာမဟုတ်တော့ လက်လွှတ်ခံလို့မဖြစ်ဘူး မဟုတ်ရင် သား လိုက်ပေးပါတယ်"
"သားက Dentist ဖြစ်ဖို့ပဲ စိတ်အားထက်သန်နေပြီပေါ့"
"Dental တက်မှတော့ Dentist ပဲလုပ်ရတော့မှာပေါ့ မာမီ။ ဒါ ဖြစ်သင့်တာပဲမဟုတ်ဘူးလား"
"မာမီ့ကုမ္ပဏီကိုများ လွှဲပြောင်းယူချင်စိတ်ရှိမလားလို့ပါ။ ကျောင်းပိတ်ရက်တိုင်း guide လုပ်ပြီးသွားလာနေရတာကို သားပိုပျော်သလားလို့လေ"
မုန့်ဖိုးရတော့ ဘယ်မပျော်ဘဲရှိပါ့မလဲ။ ဆယ်တန်းဖြေပြီးတည်းက သင်တန်းတွေတက်ရင်း မာမီ့ကုမ္ပဏီမှာ အချိန်ပိုင်း tour guide ဝင်လုပ်၊ အင်္ဂလိပ် skill တိုးတက်တာရော၊ ကိုယ့်နိုင်ငံသားမဟုတ်တဲ့ လူမျိုးခြားတွေဆီကတွေ့မြင်ရတဲ့ မတူညီတဲ့ယဥ်ကျေးမှု လေယူလေသိမ်းတွေကြားမှာ ဆယ်ကျော်သက်အရွယ်ရဲ့ စူးစမ်းမှုအပြည့်မျိုးနဲ့ ပျော်ရွှင်ရခြင်း။ မာမီကလည်း မုန့်ဖိုးကို ဒေါ်လာနဲ့ပေးတော့ ညီမလေးလိုချင်တာရှိ၊ စားချင်တာရှိ ချက်ချင်းဝယ်ပေးနိုင်တဲ့အနေအထားမျိုးကို ခုံမင်ခဲ့ရသည်။ ဆေးခန်းထိုင်မလိုက်ရသေးတဲ့ တတိယနှစ်အထိ ရပ်ဝန်းနေသော်အတွက် ပိတ်ရက်ဆိုတာ မာမီ့ကုမ္ပဏီဖြစ်ခဲ့ရသည်။ ဒါက ငွေရှာနိုင်တဲ့အခြေအနေတစ်ခုကို သဘောကျတာ၊ ပျော်မွေ့တာမျိုးနဲ့ ဒီ career ကို တစ်သက်တာလျှောက်လှမ်းချင်သလားမေးရင်တော့ Stethoscope ကို ကိုယ်နဲ့မဆိုင်တဲ့ပစ္စည်းတစ်ခုလို အဝေးကပဲလှမ်းကြည့်ဖို့တော့ စိတ်တောင်မကူးဖူး။ ဒါပေမယ့် မာမီ့စကားက မာမီ့သဘောထားတစ်စိတ်တစ်ပိုင်းမို့ ကျွန်တော် ချက်ချင်းငြင်းချက်မထုတ်ဖြစ်။ ကျွန်တော်တို့မောင်နှမနှစ်ယောက်စားဝတ်နေရေး၊ မိသားစုသုံးယောက်ဘဝကို လိုလေသေးမရှိ ဦးဆောင်နေရတဲ့ မာမီ့မျက်နှာပေါ်က မျှော်လင့်ရိပ်...လူမသိသူမသိ သက်ပြင်းဖွဖွချတတ်နေမိတာကိုတောင် ကျွန်တော့်ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေက အလေ့အကျင့်ရနေတတ်လောက်ပြီ။
"အစ်ကို"
"ဟင်...အင်း"
ကုတင်ပေါ် ပက်လက်လှန်လဲရင်း ဖုန်းကိုင်ထားပေမယ့် စိတ်က မာမီနဲ့စကားပြောခဲ့တဲ့ဧည့်ခန်းမှာကျန်နေခဲ့တုန်း။
"ကျွန်တော်ပြောတာ ကြားလိုက်လား"
ဒီရက်ပိုင်းတွေထဲ ကျင့်သားရလာပြီဖြစ်တဲ့ ဖုန်းထဲကဒီအသံ။ သင်္ကြန်ပြီးတည်းက ဇာတိပြန်သွားသူက ဘာတွေဓါတ်ကျလဲမသိဘဲ ကျွန်တော့်ဆီဖုန်းခေါ်ဆိုမပြတ်တာ ဒီနေ့အထိ။ အညာမှာသာတဲ့နေ၊ သောင်တွေပေါ်နေတဲ့ဧရာဝတီ၊ စပါးတွေဝါတဲ့အကြောင်း၊ သူ့အသံနဲ့တင်ချိုနေတဲ့သရက်သီးရနံ့၊ သူ့ဆိုင်ကယ်လေး မင်းလှခံတပ်သွားရင်း လမ်းဘေးမှာရပ်သွားတဲ့အကြောင်းအထိ ကျွန်တော်က သူ့တစ်နေ့တာတွေရေးမှတ်ခံနေရတဲ့ ဒိုင်ယာရီစာမျက်နှာတွေလို။ "အစ်ကိုနဲ့ဖုန်းပြောနေချိန်ဆို ကျွန်တော် ရန်ကုန်မှာရှိနေသလိုခံစားရတယ်" ပြောလာပြန်တော့လည်း ကျွန်တော့်တစ်နေ့တာကို သူနဲ့ဖုန်းပြောချိန်တွေထဲ မှတ်တမ်းတင်သွင်းရပြန်သည်။ အခု သူနဲ့ကျွန်တော်အခြေအနေကဘာလဲဆိုရင် ရန်ဖြစ်ပြီး ပိုနီးကပ်သွားတဲ့ဆက်ဆံရေးတစ်ခုလို။
"ပင်ပန်းလာတာလား ဒီနေ့"
တိတ်ဆိတ်နေမိတာကိုလည်း သူ့ဘာသာ အဖြေထုတ်သည်။
"နည်းနည်း...။ မင်း ပြောလိုက်တာ အဲဒါလား"
"မဟုတ်ဘူး။ ကျွန်တော် ပြန်လာတော့မယ်လို့"
"ဘယ်တော့လဲ"
"သဘက်ခါ။ ပြန်လာရင် မရယ်နဲ့နော်။ ကျွန်တော် အသားပိုညိုသွားတယ်"
"ဘယ်တုန်းကဖြူလို့လဲ"
"မဖြူပေမယ့် အခုက ကော်ဖီရောင်ကို colour tone ထပ်မြင့်သွားတာ။ အဲဒါအငယ်ကောင်ကြောင့်။ မလိုက်ချင်တာကို အတင်း သူဂုံးနှိုက်တဲ့ဆီလိုက်ခိုင်းလို့"
ဂျစ်တီးဂျစ်ကန်ဖြစ်နေတဲ့အသံကြောင့် ကျွန်တော်ပိုရယ်မိသည်။
"မရယ်နဲ့ဆို အစ်ကိုရာ"
"ဟ ကိုယ့်ပါးစပ်နဲ့ကိုယ်ရယ်တာတောင် မင်းခွင့်ပြုချက်ယူရဦးမှာလား"
"အဲ့လိုတော့ မဟုတ်ဘူးလေ။ ဒါပေမယ့် အစ်ကိုနဲ့အပြင်ထွက်ရင် ကျွန်တော်ညိုလာတာကြီးက သိသာနေတော့မှာ"
"ကိုယ်နဲ့ ဘယ်သွားမလို့လဲ မင်းက"
"ဟာ! ဘာလဲ အခုတည်းကမေ့ပစ်လိုက်တာလား။ ပြန်လာရင် ကျွန်တော်နဲ့အတူတူ Gym လိုက်ကစားမယ်ဆို။ ဂီတာတီးလည်းသင်ပေးမှာဆို"
အသံကအားကြိုးမာန်တက်။ သူ ကျွန်တော့်အပေါ်အားနာနေတုန်း ကျွန်တော်မှန်းဆမိသည်။ ကျွန်တော့်ဖြစ်တည်မှုက သူ့အပေါ်သက်ရောက်ခြင်းမရှိကြောင်း ကျွန်တော်နဲ့နီးကပ်နေပြရင်း သက်သေပြဖို့ ကြိုးစားနေခြင်း။ ကျွန်တော့်အိတ်ကပ်ထဲ ပိတောက်တစ်ခတ်ထိုးစိုက်ပေးခဲ့တဲ့ညကနေစပြီး သူ့ကြောင့် ကျွန်တော့်စိတ်တွေမလုံခြုံရခြင်းမျိုး မဖြစ်ရလေအောင် သူပြုမူ၏။ တကယ်လည်း ဒီအပြူအမူတွေက ကျွန်တော်ဖုံးကွယ်ထားတဲ့အခြမ်းကို သူသိနေပါလားဆိုသည့် ကသိကအောက်ဖြစ်ရခြင်းများမှ လျော့ပါးစေသည်။ အသက်ငယ်ပေမယ့် သူ့ရဲ့လူ့သဘော၊ လူ့မနောကိုကိုင်တွယ်တတ်ပုံက အထင်ကြီးချင်စရာကောင်း၏။
"ဟေ့ ကိုယ့်သင်တန်းကြေးက များတယ်နော်"
"တောင်းသလောက်ပေးမယ်။ ဘာဘယ်တီးပါ အစစ်ဝယ်တိုက်ဦးမှာ"
ဧည့်ခန်းထဲကျန်ခဲ့တဲ့စိတ်က ခုမှကိုယ်မှာလာကပ်သည်။ Air con က လေအေးအေးနဲ့ ကျွန်တော့်အတွေးတွေပေါ့ပါးနေ၏။ စကားတွေက ရှေ့ရောက်လိုက်၊ နောက်ပြန်လျှောက်လိုက်နဲ့။ နောက်ဆုံး အိပ်မောမကျခင်မှတ်မိလိုက်တာက Good Night ဆိုသည့်အသံတိုးတိုး။
****************************************************
"အစ်ကို ကျွန်တော် ကားကြီးဝင်းမှာ" လို့ဖုန်းဆက်လာတာက ကျွန်တော်တို့ မဆက်သွယ်ဖြစ်သည့်တစ်ရက်ကျော် နောက်တစ်နေ့မနက်ခင်းမှာ။ ဒီနေ့က ကျွန်တော်တို့ second semester ရဲ့ ပထမဆုံး ကျောင်းဖွင့်ရက်။ ကျောင်းဖွင့်ရက်စောတဲ့ ဆေးတက္ကသိုလ်များရဲ့ ကျောင်းဖွင့်ရက်က မေလ ဒုတိယအပတ်မှာစသည်။ "ရန်ကင်းကို တက္ကစီခ ၁၅၀၀၀ တောင်းတာ ပုံမှန်ပဲလား"လို့ လှမ်းမေးတော့ ကျွန်တော် ကျောင်းသွားဖို့ပြင်ဆင်နေတုန်းအချိန်။ အညာသားနဲ့ အဝေးပြေးကားဝင်းရဲ့အငှားကားယဥ်ကျေးမှုနဲ့က တောသားမြို့ရောက် ဟုတ်တော့ဟုတ်နေပါပြီ။
"မင်းတို့ကို အကြိုပို့လုပ်နေကျ ကားရော"
"အဆောင်းတို့က ဒီနေ့ကျောင်းစတက်ရမယ်ဆိုလို့လေ အစ်ကို။ ကျွန်တော့်ကိုလာကြိုရင် သပ်သပ်ကြီးဖြစ်နေမှာ"
အချိန်က မနက် ၆နာရီခွဲကျော်ကျော်။ ဒီနေ့ ကျွန်တော့်မနက်ပိုင်းအတန်းက ၁၀နာရီမှစမည်။
"ကိုယ် လာခေါ်ပေးမယ်"
"အစ်ကို အတန်းတက်ဖို့ရော"
"၁၀နာရီမှ"
နံနက်ခင်း မြို့ပြင်အထွက်ယာဥ်ကြောက ရှင်းလင်းနေသည်။ သန်းခေါင်ကျော်ကရွာထားတဲ့ မိုးပြေးတစ်ဖြိုက်ကြောင့် ရန်ကုန်မြို့ကအပူလျော့နေ၏။ Arrival ခုံတန်းမှာ ကျောပိုးအိတ်တင်ထားပြီး ဂိတ်ဝကိုမတ်တပ်ရပ်ငေးနေသူရဲ့ပုံရိပ်က ကျွန်တော့်မြင်ကွင်းထဲထင်းခနဲ။ သူပြောသလို အသားပိုညိုသွားတာမှန်ပေမယ့် မြင့်မားနေတဲ့အရပ်ကြောင့်ရော၊ ၃လလောက် train ခံခဲ့ရတဲ့ body structure ကြောင့်ရော ပုံစံက ကြည့်ကောင်းတဲ့ဘက်ကို အလေးသာနေသည်။ ကြီးကောင်ကြီးမားပုံနဲ့မလိုက်မဖက် ကျွန်တော့်ကိုမြင်တာနဲ့ လက်နှစ်ဖက်လုံးဝှေ့ယမ်းရယ်ပြ၏။ အညာနွေကြောင့်ပဲ မင်သေသေတည်နေတတ်တဲ့ သူ့အကြောချဥ်တွေပြေသွားသလား။
"အစ်ကို တကယ်လာတယ်"
"၁၅၀၀၀ ခွဲပေး"
"မနက်စာအရင်သွားစားမယ်လေ။ အစ်ကို အချိန်ရသေးတယ်မလား"
"Cool! အများကြီးရတယ်"
"အစ်ကိုဘာစားမလဲ"
"မုန့်ဟင်ခါး"
"မုန့်ဟင်းခါးတစ်ပွဲ၊ ပဲပလာတစ်ပွဲ၊ ချိုစိမ့်တစ်ခွက်နဲ့ ကော်ဖီခါးခါး"
ပထမဆုံးအကြိမ်အတူတူစားမယ့် နံနက်စာပေမယ့် ကျွန်တော် ကော်ဖီကြိုက်ကြောင်းအမှတ်တမဲ့ပြောမိတဲ့ ဖုန်းပြောချိန်တွေကို သူအမှတ်ထားကြောင်းပြသည်။
"ကျွန်တော့်ကို ကော်ဖီတစ်ဝက်တိုက်နော်"
"သောက်ချင်ရင် ကိုယ့်အတွက်ကိုယ်မှာလေ"
"လက်ဖက်ရည်တစ်ဝက်၊ ကော်ဖီတစ်ဝက် အဲ့လိုမျှသောက်မယ်လေ။ အစ်ကိုလည်း မျက်စိမကျယ်တော့ဘူး"
"တစ်ခွက်လောက်နဲ့ဘာမှမဖြစ်ပါဘူး။ တစ်ခွက်တစ်လေတွေများရင် ဘေးဖြစ်မယ်လို့ မပြောနဲ့"
အဲ့လိုပိတ်ပြောလိုက်မှ လက်နှစ်ဖက်မြှောက်ပြ၏။ တကယ် ဒီမကွေးအညာသားက ဟိုမန္တလေးအညာသားထက်ဆိုးသည်။ ကိုထွဋ်က ကျွန်တော့်ကို ကော်ဖီလုံးဝမသောက်ခိုင်းတာပေမယ့် ဒီအညာသားကတော့ give and take တွေသိပ်လုပ်သည်။ တစ်ခါတစ်လေ ကိုယ်အကြီးလား၊ သူအကြီးလား မသဲကွဲ။
"မလာသေးဘူးလား"
ဖြိုးလေးရဲ့ ဆူဆောင့်ဆောင့်အသံ ဖုန်းထဲကထွက်လာတော့ ကျွန်တော်တို့ နံနက်စာစားနေတုန်း။
"လာနေပြီ။ အတန်းချိန် မတိုင်ခင်ရောက်မှာ"
"ငါတို့ ကန်တင်းမှာနော်။ ကိုထွဋ်တို့ရော ရောက်နေပြီ။ မင်းကိုမေးနေတယ်"
"ကိုထွဋ်ကလား?"
ကော်ဖီကိုမော့အသောက်နဲ့တိုက်ဆိုင်သွားတဲ့ ရှေ့ကမျက်ဝန်းတစ်စုံက ကျွန်တော့်ဆီတည့်တည့်ရောက်၏။ ပဲခူးကို short trip သွားပြီးတည်းက မတွေ့ဖြစ်ခဲ့တာ သင်္ကြန်ကို ကိုထွဋ်တို့ခရီးစဥ် ဂေါ်ရန်ဂျီကျွန်းသို့ရွှေ့သွားတာလည်းပါသည်။ ဂေါ်ရန်ဂျီကအပြန်ကို မန္တလေးတိုက်ရိုက်တက်သွားကြောင်း စာတိုမက်ဆေ့ချ်တစ်စောင်က လွန်ခဲ့တဲ့သုံးပတ်နီးပါးက နောက်ဆုံးဆက်သွယ်ခဲ့မှု။ ဝေးကွာခြင်းက ကျွန်တော်တို့နှစ်ယောက်ကြားအစဥ်မြဲတည်ရှိနေတဲ့ မညီမျှခြင်းရဲ့နောက်ထပ်အမည်တစ်ခုလို ကျွန်တော်က ဒီပုစ္ဆာမေးခွန်းကိုမြင်တိုင်း အဖြေမရှာတတ်တဲ့ကျောင်းသားတစ်ယောက်ရဲ့ တွန့်ဆုတ်မှုမျိုးနဲ့။
"ကျွန်တော် အစ်ကိုတို့ကျောင်းလိုက်ခဲ့မယ်"
ရုံးတက်ချိန်ဖြစ်သွားတဲ့ ယာဥ်ကြောက ဘီးတစ်ရွေ့စာတောင်မရတော့။ ကူရှင်မှာ ခပ်လျော့လျော့မှီထိုင်ရင်း ပြောလာတဲ့မျက်ဝန်းတွေကို ကျွန်တော်မမြင်ရ။ တည်သွားတဲ့ပုံစံက နဂိုမူလအော်ရီဂျင်နယ်ဗားရှင်းကို ပြန်ရောက်သွားတဲ့အညာသားပုံစံ။
"ဒီနေ့အတန်းချိန်က လေးနာရီထိရှိတာ"
"ရတယ်။ ကျောင်းရောက်ရင် မြတ်သူနဲ့အဆောင်းဆီသွားမှာ။ အစ်ကို့နားမနေပါဘူး"
လိုက်ပါမယ်ဆိုနေသူကိုမှ အတင်းကာရော အိမ်ပြန်ပို့ထားခဲ့လို့မဖြစ်။ တကယ်က မလိုက်စေချင်။ ဇာမဏိရှေ့ ကိုထွဋ်နဲ့မျက်နှာချင်းဆိုင်ဖို့ဆိုတာ ကျွန်တော်ရင်မဆိုင်ချင်သေးတဲ့အရာ။ သူ့ရှေ့မှာ ကိုထွဋ်အပေါ်ခံစားချက်မရှိပုံ လုပ်ယူဟန်ဆောင်ပြနေမယ့် ကျွန်တော့်ကို ဇာမဏိဘယ်လိုထင်မလဲဆိုတာတွေလည်း အတွေးမချော်ချင်တော့။ တစ်ချိန်မှာကြုံတွေ့ရမယ့် ကိစ္စရဲ့ တစ်နေ့နေ့ကို ဒီနေ့လို့ပဲမှတ်ယူထားရတော့မည်။
############################
July 15. 2021.(Thursday)
************************************
"Say Cheese...Yep, its so pretty"
Capture မိသြားတဲ့ပုံရိပ္ရွင္ကို ပုံရိပ္ေသဖမ္းယူေပးလိုက္ေတာ့ ဆံပင္ေငြေရာင္၊ မ်က္လုံးျပာလဲ့လဲ့ေလးေတြနဲ႔ ေရွ႕ကစုံတြဲက သေဘာတက်ျဖစ္ေနၾကသည္။ ကြၽန္ေတာ့္လည္ပင္းမွာခ်ိတ္ထားတဲ့ Canon ကို ခ်ၿပီး သူတို႔ရဲ႕ပန္းသီးတစ္ျခမ္းပဲ့ထဲပါ ေလးငါးပုံ ထပ္႐ိုက္ေပးလိုက္၏။
"Thank you Taw"
"It's ok Steve"
ကြၽန္ေတာ့္နာမည္ ေနေသာ္လည္း သူတို႔ရဲ႕ျပင္သစ္သံဝဲဝဲနဲ႔အဖ်ားစြတ္ေခၚတဲ့အဂၤလိပ္သံထဲ "ေတာ္" ဆိုၿပီးျဖစ္ေနရျခင္း။ Sule Square ကေန ၿမိဳ႕ေတာ္ခန္းမေတာက္ေလွ်ာက္ ေျခက်င္ေလွ်ာက္ၿပီး ဓါတ္ဖမ္းလိုက္ ေငးလိုက္နဲ႔ သိခ်င္တာရွိမွ ေဘးကပါလာတဲ့ ကြၽန္ေတာ့္ဘက္လွည့္၏။ တီရွပ္အျဖဴ၊ ဂ်င္းပန္အတိုဝတ္ထားတာေတာင္ေမလရဲ႕ေႏြက အပူတျပင္းနဲ႔ ကြၽန္ေတာ္တို႔ကိုယ္တြင္းကစြမ္းအားေတြကို ဆုပ္ယူေနေလသည္။ နဖူးကက်တဲ့ေခြၽးစက လည္တိုင္ေတြထိ ေလွ်ာေလွ်ာဆင္းသလို၊ ေက်ာပိုးအိတ္လြယ္ထားတဲ့ေက်ာျပင္ကလည္း ေရအိုင္ငယ္လိုနစ္ေန၏။ ဟာဝိုင္အီရွပ္ဆင္တူ ကြာတားေဘာင္းဘီတိုတိုနဲ႔စုံတြဲကေတာ့ အခ်စ္ရနံ႔ေတြေၾကာင့္ေအးျမေနၾကသလား။ မႏွစ္က မာမီ့ကုမၸဏီမွာ ကြၽန္ေတာ္ အခ်ိန္ပိုင္း guide လုပ္ေပးခဲ့တဲ့ မာမီတို႔အ႐ြယ္တန္း ျပင္သစ္လင္မယားက Steve အေဖနဲ႔အေမျဖစ္ေနခဲ့သည္။ ဒီႏွစ္ Steve အိမ္ေထာင္ျပဳၿပီး ျမန္မာႏိုင္ငံကို ပ်ားရည္လမင္းလာလုပ္ခ်ိန္ ကြၽန္ေတာ့္ကို ဘိုင္နိမ္းတပ္ၿပီး guide လုပ္ဖို႔ ေတာင္းဆိုလာ၏။ ေဆးခန္း၊ အိမ္နဲ႔ ညီမေလးသင္တန္းၾကားေျပးလႊားေနတဲ့ ပ်င္းရိေျခာက္ေသြ႕ဖြယ္ ကြၽန္ေတာ့္ေႏြေန႔မ်ားကို ရန္ကုန္ၿမိဳ႕ျပ ယဥ္ေက်းမႈထဲေပါင္းထည့္ရေတာ့သည္။
ခ်စ္ျခင္းကကူးစက္ပ်ံ႕ႏွံ႔တတ္ေသာ ဂုဏ္သတၱိရွိသလားမသိ။ ခ်စ္ခင္ၾကင္နာၾကတဲ့ Steve တို႔စုံတြဲေနာက္ တေကာက္ေကာက္လိုက္ရျခင္းက ကြၽန္ေတာ့္ေျခလွမ္းေတြကို တက္ႂကြေနေစသည္။ မနက္ဆို ညီမေလးကို ေရကူးသင္တန္းပို႔ၿပီး Steve တို႔တည္းတဲ့ဟိုတယ္ကို ကြၽန္ေတာ္ကိုယ္တိုင္ကားေမာင္းသြားႀကိဳ၊ စေရာက္တဲ့ရက္ေတာ့ ေ႐ႊတိဂုံနဲ႔ ဗိုလ္ခ်ဳပ္ေဈးမွာတင္ အခ်ိန္ျဖဳန္းၾက၏။ ေနာက္ရက္ေတြ ဗိုလ္တေထာင္ဘုရားနဲ႔ ကမ္းနားေတာက္ေလွ်ာက္လွည့္ရင္း ေမာ္တင္ကိုပတ္သည္။ ဒီသုံးရက္ေျမာက္ေန႔မွာေတာ့ ဆူးေလတခြင္ ၿပဲၿပဲစင္၏။ Steve က ကြၽန္ေတာ့္ထက္ ၃ႏွစ္ႀကီးေပမယ့္ ႐ြယ္တူလိုျဖစ္တာမို႔ သြားလာေျပာဆိုရတာ သူတို႔အတြက္လည္း သက္ေသာင့္သက္သာျဖစ္ပုံရသည္။
"ဘယ္လိုလဲ သား။ Steve တို႔နဲ႔ အဆင္ေျပရဲ႕လား"
ေရခဲေရေအးကို ေမာ့ေသာက္ရင္း မာမီ့ကိုလက္ေထာင္ျပရသည္။ မာမီနဲ႔ ညီမေလးက တစ္ေနကုန္ ေခြၽးသက္ေတြၾကားနစ္လာတဲ့ ကြၽန္ေတာ့္ကိုၾကည့္ၿပီး ၿပဳံးၾက၏။
"အဆင္ေျပလြန္းလို႔ မာမီ။ ပုဂံ ေညာင္ဦး အင္းေလးသြားဖို႔ကို ကြၽန္ေတာ့္ကို မရမကေခၚေနတာ။ သဘက္ခါေက်ာင္းဖြင့္ေတာ့မွာမလို႔ လိုက္မရတာကို မနညိးေျပာယူရတယ္"
"ေက်ာင္းစဖြင့္ဖြင့္ခ်င္းဆို အတန္းခ်ိန္မမ်ားဘူးမလား။ သား အဆင္ေျပရင္ လိုက္သြားေပးလိုက္ပါ။ သူတို႔က သားကိုအေတာ္သေဘာက်တာ။ by name တပ္ေခၚတာပဲၾကည့္"
"လြတ္လို႔မရတဲ့အတန္းခ်ိန္ေတြက ေရွ႕ဆုံးေရာက္ေနလို႔ မာမီ။ ပိတ္ရက္ကို ေနာက္ေဆးခန္းတစ္ခုလိုက္ထိုင္ဖို႔ ဆရာဝင္းထြန္းကလည္း ေခၚထားတယ္။ ဆရာကေတာ္႐ုံလူေခၚတာမဟုတ္ေတာ့ လက္လႊတ္ခံလို႔မျဖစ္ဘူး မဟုတ္ရင္ သား လိုက္ေပးပါတယ္"
"သားက Dentist ျဖစ္ဖို႔ပဲ စိတ္အားထက္သန္ေနၿပီေပါ့"
"Dental တက္မွေတာ့ Dentist ပဲလုပ္ရေတာ့မွာေပါ့ မာမီ။ ဒါ ျဖစ္သင့္တာပဲမဟုတ္ဘူးလား"
"မာမီ့ကုမၸဏီကိုမ်ား လႊဲေျပာင္းယူခ်င္စိတ္ရွိမလားလို႔ပါ။ ေက်ာင္းပိတ္ရက္တိုင္း guide လုပ္ၿပီးသြားလာေနရတာကို သားပိုေပ်ာ္သလားလို႔ေလ"
မုန္႔ဖိုးရေတာ့ ဘယ္မေပ်ာ္ဘဲရွိပါ့မလဲ။ ဆယ္တန္းေျဖၿပီးတည္းက သင္တန္းေတြတက္ရင္း မာမီ့ကုမၸဏီမွာ အခ်ိန္ပိုင္း tour guide ဝင္လုပ္၊ အဂၤလိပ္ skill တိုးတက္တာေရာ၊ ကိုယ့္ႏိုင္ငံသားမဟုတ္တဲ့ လူမ်ိဳးျခားေတြဆီကေတြ႕ျမင္ရတဲ့ မတူညီတဲ့ယဥ္ေက်းမႈ ေလယူေလသိမ္းေတြၾကားမွာ ဆယ္ေက်ာ္သက္အ႐ြယ္ရဲ႕ စူးစမ္းမႈအျပည့္မ်ိဳးနဲ႔ ေပ်ာ္႐ႊင္ရျခင္း။ မာမီကလည္း မုန္႔ဖိုးကို ေဒၚလာနဲ႔ေပးေတာ့ ညီမေလးလိုခ်င္တာရွိ၊ စားခ်င္တာရွိ ခ်က္ခ်င္းဝယ္ေပးႏိုင္တဲ့အေနအထားမ်ိဳးကို ခုံမင္ခဲ့ရသည္။ ေဆးခန္းထိုင္မလိုက္ရေသးတဲ့ တတိယႏွစ္အထိ ရပ္ဝန္းေနေသာ္အတြက္ ပိတ္ရက္ဆိုတာ မာမီ့ကုမၸဏီျဖစ္ခဲ့ရသည္။ ဒါက ေငြရွာႏိုင္တဲ့အေျခအေနတစ္ခုကို သေဘာက်တာ၊ ေပ်ာ္ေမြ႕တာမ်ိဳးနဲ႔ ဒီ career ကို တစ္သက္တာေလွ်ာက္လွမ္းခ်င္သလားေမးရင္ေတာ့ Stethoscope ကို ကိုယ္နဲ႔မဆိုင္တဲ့ပစၥည္းတစ္ခုလို အေဝးကပဲလွမ္းၾကည့္ဖို႔ေတာ့ စိတ္ေတာင္မကူးဖူး။ ဒါေပမယ့္ မာမီ့စကားက မာမီ့သေဘာထားတစ္စိတ္တစ္ပိုင္းမို႔ ကြၽန္ေတာ္ ခ်က္ခ်င္းျငင္းခ်က္မထုတ္ျဖစ္။ ကြၽန္ေတာ္တို႔ေမာင္ႏွမႏွစ္ေယာက္စားဝတ္ေနေရး၊ မိသားစုသုံးေယာက္ဘဝကို လိုေလေသးမရွိ ဦးေဆာင္ေနရတဲ့ မာမီ့မ်က္ႏွာေပၚက ေမွ်ာ္လင့္ရိပ္...လူမသိသူမသိ သက္ျပင္းဖြဖြခ်တတ္ေနမိတာကိုေတာင္ ကြၽန္ေတာ့္ကိုယ္တြင္းအဂၤါအစိတ္အပိုင္းေတြက အေလ့အက်င့္ရေနတတ္ေလာက္ၿပီ။
"အစ္ကို"
"ဟင္...အင္း"
ကုတင္ေပၚ ပက္လက္လွန္လဲရင္း ဖုန္းကိုင္ထားေပမယ့္ စိတ္က မာမီနဲ႔စကားေျပာခဲ့တဲ့ဧည့္ခန္းမွာက်န္ေနခဲ့တုန္း။
"ကြၽန္ေတာ္ေျပာတာ ၾကားလိုက္လား"
ဒီရက္ပိုင္းေတြထဲ က်င့္သားရလာၿပီျဖစ္တဲ့ ဖုန္းထဲကဒီအသံ။ သၾကၤန္ၿပီးတည္းက ဇာတိျပန္သြားသူက ဘာေတြဓါတ္က်လဲမသိဘဲ ကြၽန္ေတာ့္ဆီဖုန္းေခၚဆိုမျပတ္တာ ဒီေန႔အထိ။ အညာမွာသာတဲ့ေန၊ ေသာင္ေတြေပၚေနတဲ့ဧရာဝတီ၊ စပါးေတြဝါတဲ့အေၾကာင္း၊ သူ႔အသံနဲ႔တင္ခ်ိဳေနတဲ့သရက္သီးရနံ႔၊ သူ႔ဆိုင္ကယ္ေလး မင္းလွခံတပ္သြားရင္း လမ္းေဘးမွာရပ္သြားတဲ့အေၾကာင္းအထိ ကြၽန္ေတာ္က သူ႔တစ္ေန႔တာေတြေရးမွတ္ခံေနရတဲ့ ဒိုင္ယာရီစာမ်က္ႏွာေတြလို။ "အစ္ကိုနဲ႔ဖုန္းေျပာေနခ်ိန္ဆို ကြၽန္ေတာ္ ရန္ကုန္မွာရွိေနသလိုခံစားရတယ္" ေျပာလာျပန္ေတာ့လည္း ကြၽန္ေတာ့္တစ္ေန႔တာကို သူနဲ႔ဖုန္းေျပာခ်ိန္ေတြထဲ မွတ္တမ္းတင္သြင္းရျပန္သည္။ အခု သူနဲ႔ကြၽန္ေတာ္အေျခအေနကဘာလဲဆိုရင္ ရန္ျဖစ္ၿပီး ပိုနီးကပ္သြားတဲ့ဆက္ဆံေရးတစ္ခုလို။
"ပင္ပန္းလာတာလား ဒီေန႔"
တိတ္ဆိတ္ေနမိတာကိုလည္း သူ႔ဘာသာ အေျဖထုတ္သည္။
"နည္းနည္း...။ မင္း ေျပာလိုက္တာ အဲဒါလား"
"မဟုတ္ဘူး။ ကြၽန္ေတာ္ ျပန္လာေတာ့မယ္လို႔"
"ဘယ္ေတာ့လဲ"
"သဘက္ခါ။ ျပန္လာရင္ မရယ္နဲ႔ေနာ္။ ကြၽန္ေတာ္ အသားပိုညိဳသြားတယ္"
"ဘယ္တုန္းကျဖဴလို႔လဲ"
"မျဖဴေပမယ့္ အခုက ေကာ္ဖီေရာင္ကို colour tone ထပ္ျမင့္သြားတာ။ အဲဒါအငယ္ေကာင္ေၾကာင့္။ မလိုက္ခ်င္တာကို အတင္း သူဂုံးႏႈိက္တဲ့ဆီလိုက္ခိုင္းလို႔"
ဂ်စ္တီးဂ်စ္ကန္ျဖစ္ေနတဲ့အသံေၾကာင့္ ကြၽန္ေတာ္ပိုရယ္မိသည္။
"မရယ္နဲ႔ဆို အစ္ကိုရာ"
"ဟ ကိုယ့္ပါးစပ္နဲ႔ကိုယ္ရယ္တာေတာင္ မင္းခြင့္ျပဳခ်က္ယူရဦးမွာလား"
"အဲ့လိုေတာ့ မဟုတ္ဘူးေလ။ ဒါေပမယ့္ အစ္ကိုနဲ႔အျပင္ထြက္ရင္ ကြၽန္ေတာ္ညိဳလာတာႀကီးက သိသာေနေတာ့မွာ"
"ကိုယ္နဲ႔ ဘယ္သြားမလို႔လဲ မင္းက"
"ဟာ! ဘာလဲ အခုတည္းကေမ့ပစ္လိုက္တာလား။ ျပန္လာရင္ ကြၽန္ေတာ္နဲ႔အတူတူ Gym လိုက္ကစားမယ္ဆို။ ဂီတာတီးလည္းသင္ေပးမွာဆို"
အသံကအားႀကိဳးမာန္တက္။ သူ ကြၽန္ေတာ့္အေပၚအားနာေနတုန္း ကြၽန္ေတာ္မွန္းဆမိသည္။ ကြၽန္ေတာ့္ျဖစ္တည္မႈက သူ႔အေပၚသက္ေရာက္ျခင္းမရွိေၾကာင္း ကြၽန္ေတာ္နဲ႔နီးကပ္ေနျပရင္း သက္ေသျပဖို႔ ႀကိဳးစားေနျခင္း။ ကြၽန္ေတာ့္အိတ္ကပ္ထဲ ပိေတာက္တစ္ခတ္ထိုးစိုက္ေပးခဲ့တဲ့ညကေနစၿပီး သူ႔ေၾကာင့္ ကြၽန္ေတာ့္စိတ္ေတြမလုံၿခဳံရျခင္းမ်ိဳး မျဖစ္ရေလေအာင္ သူျပဳမူ၏။ တကယ္လည္း ဒီအျပဴအမူေတြက ကြၽန္ေတာ္ဖုံးကြယ္ထားတဲ့အျခမ္းကို သူသိေနပါလားဆိုသည့္ ကသိကေအာက္ျဖစ္ရျခင္းမ်ားမွ ေလ်ာ့ပါးေစသည္။ အသက္ငယ္ေပမယ့္ သူ႔ရဲ႕လူ႔သေဘာ၊ လူ႔မေနာကိုကိုင္တြယ္တတ္ပုံက အထင္ႀကီးခ်င္စရာေကာင္း၏။
"ေဟ့ ကိုယ့္သင္တန္းေၾကးက မ်ားတယ္ေနာ္"
"ေတာင္းသေလာက္ေပးမယ္။ ဘာဘယ္တီးပါ အစစ္ဝယ္တိုက္ဦးမွာ"
ဧည့္ခန္းထဲက်န္ခဲ့တဲ့စိတ္က ခုမွကိုယ္မွာလာကပ္သည္။ Air con က ေလေအးေအးနဲ႔ ကြၽန္ေတာ့္အေတြးေတြေပါ့ပါးေန၏။ စကားေတြက ေရွ႕ေရာက္လိုက္၊ ေနာက္ျပန္ေလွ်ာက္လိုက္နဲ႔။ ေနာက္ဆုံး အိပ္ေမာမက်ခင္မွတ္မိလိုက္တာက Good Night ဆိုသည့္အသံတိုးတိုး။
****************************************************
"အစ္ကို ကြၽန္ေတာ္ ကားႀကီးဝင္းမွာ" လို႔ဖုန္းဆက္လာတာက ကြၽန္ေတာ္တို႔ မဆက္သြယ္ျဖစ္သည့္တစ္ရက္ေက်ာ္ ေနာက္တစ္ေန႔မနက္ခင္းမွာ။ ဒီေန႔က ကြၽန္ေတာ္တို႔ second semester ရဲ႕ ပထမဆုံး ေက်ာင္းဖြင့္ရက္။ ေက်ာင္းဖြင့္ရက္ေစာတဲ့ ေဆးတကၠသိုလ္မ်ားရဲ႕ ေက်ာင္းဖြင့္ရက္က ေမလ ဒုတိယအပတ္မွာစသည္။ "ရန္ကင္းကို တကၠစီခ ၁၅၀၀၀ ေတာင္းတာ ပုံမွန္ပဲလား"လို႔ လွမ္းေမးေတာ့ ကြၽန္ေတာ္ ေက်ာင္းသြားဖို႔ျပင္ဆင္ေနတုန္းအခ်ိန္။ အညာသားနဲ႔ အေဝးေျပးကားဝင္းရဲ႕အငွားကားယဥ္ေက်းမႈနဲ႔က ေတာသားၿမိဳ႕ေရာက္ ဟုတ္ေတာ့ဟုတ္ေနပါၿပီ။
"မင္းတို႔ကို အႀကိဳပို႔လုပ္ေနက် ကားေရာ"
"အေဆာင္းတို႔က ဒီေန႔ေက်ာင္းစတက္ရမယ္ဆိုလို႔ေလ အစ္ကို။ ကြၽန္ေတာ့္ကိုလာႀကိဳရင္ သပ္သပ္ႀကီးျဖစ္ေနမွာ"
အခ်ိန္က မနက္ ၆နာရီခြဲေက်ာ္ေက်ာ္။ ဒီေန႔ ကြၽန္ေတာ့္မနက္ပိုင္းအတန္းက ၁၀နာရီမွစမည္။
"ကိုယ္ လာေခၚေပးမယ္"
"အစ္ကို အတန္းတက္ဖို႔ေရာ"
"၁၀နာရီမွ"
နံနက္ခင္း ၿမိဳ႕ျပင္အထြက္ယာဥ္ေၾကာက ရွင္းလင္းေနသည္။ သန္းေခါင္ေက်ာ္က႐ြာထားတဲ့ မိုးေျပးတစ္ၿဖိဳက္ေၾကာင့္ ရန္ကုန္ၿမိဳ႕ကအပူေလ်ာ့ေန၏။ Arrival ခုံတန္းမွာ ေက်ာပိုးအိတ္တင္ထားၿပီး ဂိတ္ဝကိုမတ္တပ္ရပ္ေငးေနသူရဲ႕ပုံရိပ္က ကြၽန္ေတာ့္ျမင္ကြင္းထဲထင္းခနဲ။ သူေျပာသလို အသားပိုညိဳသြားတာမွန္ေပမယ့္ ျမင့္မားေနတဲ့အရပ္ေၾကာင့္ေရာ၊ ၃လေလာက္ train ခံခဲ့ရတဲ့ body structure ေၾကာင့္ေရာ ပုံစံက ၾကည့္ေကာင္းတဲ့ဘက္ကို အေလးသာေနသည္။ ႀကီးေကာင္ႀကီးမားပုံနဲ႔မလိုက္မဖက္ ကြၽန္ေတာ့္ကိုျမင္တာနဲ႔ လက္ႏွစ္ဖက္လုံးေဝွ႔ယမ္းရယ္ျပ၏။ အညာေႏြေၾကာင့္ပဲ မင္ေသေသတည္ေနတတ္တဲ့ သူ႔အေၾကာခ်ဥ္ေတြေျပသြားသလား။
"အစ္ကို တကယ္လာတယ္"
"၁၅၀၀၀ ခြဲေပး"
"မနက္စာအရင္သြားစားမယ္ေလ။ အစ္ကို အခ်ိန္ရေသးတယ္မလား"
"Cool! အမ်ားႀကီးရတယ္"
"အစ္ကိုဘာစားမလဲ"
"မုန္႔ဟင္ခါး"
"မုန္႔ဟင္းခါးတစ္ပြဲ၊ ပဲပလာတစ္ပြဲ၊ ခ်ိဳစိမ့္တစ္ခြက္နဲ႔ ေကာ္ဖီခါးခါး"
ပထမဆုံးအႀကိမ္အတူတူစားမယ့္ နံနက္စာေပမယ့္ ကြၽန္ေတာ္ ေကာ္ဖီႀကိဳက္ေၾကာင္းအမွတ္တမဲ့ေျပာမိတဲ့ ဖုန္းေျပာခ်ိန္ေတြကို သူအမွတ္ထားေၾကာင္းျပသည္။
"ကြၽန္ေတာ့္ကို ေကာ္ဖီတစ္ဝက္တိုက္ေနာ္"
"ေသာက္ခ်င္ရင္ ကိုယ့္အတြက္ကိုယ္မွာေလ"
"လက္ဖက္ရည္တစ္ဝက္၊ ေကာ္ဖီတစ္ဝက္ အဲ့လိုမွ်ေသာက္မယ္ေလ။ အစ္ကိုလည္း မ်က္စိမက်ယ္ေတာ့ဘူး"
"တစ္ခြက္ေလာက္နဲ႔ဘာမွမျဖစ္ပါဘူး။ တစ္ခြက္တစ္ေလေတြမ်ားရင္ ေဘးျဖစ္မယ္လို႔ မေျပာနဲ႔"
အဲ့လိုပိတ္ေျပာလိုက္မွ လက္ႏွစ္ဖက္ေျမႇာက္ျပ၏။ တကယ္ ဒီမေကြးအညာသားက ဟိုမႏၲေလးအညာသားထက္ဆိုးသည္။ ကိုထြဋ္က ကြၽန္ေတာ့္ကို ေကာ္ဖီလုံးဝမေသာက္ခိုင္းတာေပမယ့္ ဒီအညာသားကေတာ့ give and take ေတြသိပ္လုပ္သည္။ တစ္ခါတစ္ေလ ကိုယ္အႀကီးလား၊ သူအႀကီးလား မသဲကြဲ။
"မလာေသးဘူးလား"
ၿဖိဳးေလးရဲ႕ ဆူေဆာင့္ေဆာင့္အသံ ဖုန္းထဲကထြက္လာေတာ့ ကြၽန္ေတာ္တို႔ နံနက္စာစားေနတုန္း။
"လာေနၿပီ။ အတန္းခ်ိန္ မတိုင္ခင္ေရာက္မွာ"
"ငါတို႔ ကန္တင္းမွာေနာ္။ ကိုထြဋ္တို႔ေရာ ေရာက္ေနၿပီ။ မင္းကိုေမးေနတယ္"
"ကိုထြဋ္ကလား?"
ေကာ္ဖီကိုေမာ့အေသာက္နဲ႔တိုက္ဆိုင္သြားတဲ့ ေရွ႕ကမ်က္ဝန္းတစ္စုံက ကြၽန္ေတာ့္ဆီတည့္တည့္ေရာက္၏။ ပဲခူးကို short trip သြားၿပီးတည္းက မေတြ႕ျဖစ္ခဲ့တာ သၾကၤန္ကို ကိုထြဋ္တို႔ခရီးစဥ္ ေဂၚရန္ဂ်ီကြၽန္းသို႔ေ႐ႊ႕သြားတာလည္းပါသည္။ ေဂၚရန္ဂ်ီကအျပန္ကို မႏၲေလးတိုက္႐ိုက္တက္သြားေၾကာင္း စာတိုမက္ေဆ့ခ်္တစ္ေစာင္က လြန္ခဲ့တဲ့သုံးပတ္နီးပါးက ေနာက္ဆုံးဆက္သြယ္ခဲ့မႈ။ ေဝးကြာျခင္းက ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားအစဥ္ၿမဲတည္ရွိေနတဲ့ မညီမွ်ျခင္းရဲ႕ေနာက္ထပ္အမည္တစ္ခုလို ကြၽန္ေတာ္က ဒီပုစာၦေမးခြန္းကိုျမင္တိုင္း အေျဖမရွာတတ္တဲ့ေက်ာင္းသားတစ္ေယာက္ရဲ႕ တြန္႔ဆုတ္မႈမ်ိဳးနဲ႔။
"ကြၽန္ေတာ္ အစ္ကိုတို႔ေက်ာင္းလိုက္ခဲ့မယ္"
႐ုံးတက္ခ်ိန္ျဖစ္သြားတဲ့ ယာဥ္ေၾကာက ဘီးတစ္ေ႐ြ႕စာေတာင္မရေတာ့။ ကူရွင္မွာ ခပ္ေလ်ာ့ေလ်ာ့မွီထိုင္ရင္း ေျပာလာတဲ့မ်က္ဝန္းေတြကို ကြၽန္ေတာ္မျမင္ရ။ တည္သြားတဲ့ပုံစံက နဂိုမူလေအာ္ရီဂ်င္နယ္ဗားရွင္းကို ျပန္ေရာက္သြားတဲ့အညာသားပုံစံ။
"ဒီေန႔အတန္းခ်ိန္က ေလးနာရီထိရွိတာ"
"ရတယ္။ ေက်ာင္းေရာက္ရင္ ျမတ္သူနဲ႔အေဆာင္းဆီသြားမွာ။ အစ္ကို႔နားမေနပါဘူး"
လိုက္ပါမယ္ဆိုေနသူကိုမွ အတင္းကာေရာ အိမ္ျပန္ပို႔ထားခဲ့လို႔မျဖစ္။ တကယ္က မလိုက္ေစခ်င္။ ဇာမဏိေရွ႕ ကိုထြဋ္နဲ႔မ်က္ႏွာခ်င္းဆိုင္ဖို႔ဆိုတာ ကြၽန္ေတာ္ရင္မဆိုင္ခ်င္ေသးတဲ့အရာ။ သူ႔ေရွ႕မွာ ကိုထြဋ္အေပၚခံစားခ်က္မရွိပုံ လုပ္ယူဟန္ေဆာင္ျပေနမယ့္ ကြၽန္ေတာ့္ကို ဇာမဏိဘယ္လိုထင္မလဲဆိုတာေတြလည္း အေတြးမေခ်ာ္ခ်င္ေတာ့။ တစ္ခ်ိန္မွာႀကဳံေတြ႕ရမယ့္ ကိစၥရဲ႕ တစ္ေန႔ေန႔ကို ဒီေန႔လို႔ပဲမွတ္ယူထားရေတာ့မည္။
############################
July 15. 2021.(Thursday)
************************************