ပဲ့ကိုင်ရှင်မလေး
By LibraLibra97
59.4K 3.6K 81
"ငယ်လေး ဘယ်လောက်ဆိုးဆိုးမမကအပြုံးမပျက်ပါဘူးကွယ်" More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၄)
အပိုင်း(၁၅)
ဇာတ်သိမ်းပိုင်း
အပိုင်း(၁၃)
3.5K 217 4
By LibraLibra97
"ငယ်လေး......ထတော့လေ
ငယ်လေး......"
မိုးစက်ချိုကုတင်မှာတင်ပါးလွှဲထိုင်ပြီးလမင်းငယ်ကိုနှိုးနေလေသည်၊၊ကုတင်အောက်မှာခွလုံးနဲ့ခေါင်းအုံးပြုတ်ကျနေတာမို့မိုးစက်ချိုခါးလေးကိုင်းပြီးကောက်ကာတင်လိုက်လေသည်၊၊
အရင်လိုငယ်လေးဆိုတဲ့နူးညံ့တဲ့ခေါ်သံလေးကြောင့်လမင်းငယ်မျက်လုံးကိုလက်ဖြင့်အသာပွတ်ပြီးထထိုင်လိုက်နေသည်၊၊လမင်းငယ်မျက်လုံးတွေအသာဖွင့်ပြီးမိုးစက်ချိုကိုပြုံးပြနေလေသည်၊၊
မိုးစက်ချိုအသဲယားတာမို့လမင်းငယ်နှာခေါင်းလေးကိုညစ်လိုက်ပြီး
"မမ အလုပ်သွားတော့မယ်
ခုံပေါ်ကအုပ်ဆောင်းမှာကြက်သားကြော်နဲ့ကန်စွန်းရွက်ကြော်ထားတယ်"
လမင်းငယ်ခေါင်းလေးညိမ့်ပြီးနှုတ်ခမ်းလေးဆူပြလေသည်၊၊
မိုးစက်ချိုလည်းစချင်တာမို့
"မနမ်းချင်ပါဘူး.....
မျက်နှာမှမသစ်ရသေးတာ"
လမင်းငယ်ချက်ချင်းမျက်နှာကြီးဆူပုတ်ကာ
"အင်း.....ရွံတယ်ဆိုလည်းမနမ်းနဲ့
အရင်ကကျသူများအိပ်နေတာတောင်ခိုးနမ်းပြီးတော့များ...."
မိုးစက်ချိုသဘောကျပြီးရယ်နေတော့သည်၊၊
"မမကစတာပါကွာ
နှုတ်ခမ်းကြီးဆူမနေနဲ့"ပြောပြီးလမင်းငယ်အနားတိုးလာလေသည်၊၊
ကောက်စိန်လေးကရှောင်လိုက်ပြီး
"မနမ်းနဲ့"
မိုးစက်ချိူကလည်းအတင်းရအောင်လိုက်နမ်းလေသည်၊၊ဒါတောင်လမင်းငယ်ကရုန်းနေသေးမို့မနည်းဖက်ကာနမ်းရသည်၊၊
မိုးစက်ချို လမင်းငယ်ပါးလေးနှစ်ဖက်ကိုဆွဲပြီး
"ကောက်စိန်လေးရယ်.....
စိတ်ကောက်ပြေပါတော့
မမကိုရယ်ပြပါလား နော်....."
"အာ.....လွှတ်တော့ရယ်ပြမယ်
ပါးဆွဲရင်သရေကျတယ် လွှတ်"လမင်းငယ်စကားတွေလုံးထွေးကာပြောလေသည်၊၊
မိုးစက်ချိုလမင်းငယ်စကားကြောင့်ခွက်ထိုးခွက်လှန်ရယ်ပြီးလွှတ်လိုက်လေသည်၊၊
လမင်းငယ်တချက်နှုတ်ခမ်းလေးတွန့်ချိုးကာပြုံးပြပြီး
"ရပြီလား"ဆိုကာပြောလေသည်၊၊မိုးစက်ချိုကတော့သူ့ကလေးကိုကြည့်ကာသဘောတွေကျနေလေသည်၊၊
လမင်းငယ်နှုတ်ခမ်းလေးဆူပြီး
"မမ.....ငယ်လေးညနေကျခွေသွားဝယ်ချင်တယ်
ပြီးတော့အကင်လည်းစားချင်တယ်"
"ခွေကဘာလုပ်မှာလဲငယ်လေးရယ်
ဖုန်းထဲကကြည့်လို့ရတာပဲ"လမင်းငယ်ဆံနွယ်လေးတွေကိုနားထဲညှပ်ကာပြောလေသည်၊၊
လမင်းငယ်ထပ်ပြီး
"ဖုန်းနဲ့ကအားမရလို့ပါဆို"
ဒါနဲ့ပဲမိုးစက်ချိုအိတ်ထဲက၁ထောင်တန်၃ရွက်ထုတ်ကာ"အိမ်မှာလည်းမုန့်တွေရှိတယ် ဒါလောက်တယ်မလားငယ်လေး"ဆိုကာလမင်းငယ်လက်ထဲထည့်ပေးလေသည်၊၊
လမင်းငယ်ပြုံးပြီး
"လောက်ပါတယ်မမရဲ့.....ဟီး"
"သေချာဂရုစိုက်ဦးနော်
တံခါးတွေသေချာပိတ်နော်ငယ်လေး"မိုးစက်ချိုလမင်းငယ်ကိုမှာပြီးအခန်းမှထွက်ဖို့ပြင်လေသည်၊၊
လမင်းငယ်ကလည်း
"စိတ်ချပါမမရယ် ဒီနားလေးတင်"
မိုးစက်ချိုခေါင်းညိမ့်ပြီး
"ကဲ.....မမအလုပ်သွားပြီ
ငယ်လေးရေမိုးချိုးပြီးစားလိုက်နော် ကန်စွန်းရွက်ကကြာရင်မဲပြီးစားမကောင်းဘဲနေမယ်"ဆိုကာလက်ပြပြီးထွက်သွားလေသည်၊၊
မိုးစက်ချိုထွက်သွားတော့လမင်းငယ်လည်းရေချိုးအင်္ကျီဝတ်ပြီးမနက်စာစားဖို့ပြင်လေသည်၊၊အုပ်ဆောင်းကိုဖွင့်ပြီးထမင်းခူးလိုက်သည်၊၊ကြက်ကြော်ထားတဲ့ဆီလေးဆမ်းပြီးဆားလေးဖြူးလိုက်လေသည်၊၊ပြီးတော့ထိုင်ကာစားလေသည်၊၊
ပန်းကန်ဆေးလက်ဆေးပြီးပုံနေတဲ့အဝတ်ခြင်းကိုယူကာမီးပူတိုက်ဖို့ပြင်လေသည်၊၊ပျင်းတာမို့မီးပူတိုက်ရင်းစကားပြောဖို့ယွန်းရတီကိုvideo callခေါ်လိုက်လေသည်၊၊
"ဟဲ့ ဘာလဲ"
လမင်းငယ်မီးပူတိုက်ရင်းဖြင့်
"ငါမနေ့ကသူနဲ့လမ်းခွဲလိုက်တယ်
မမနဲ့လည်းငါအဆင်ပြေသွားပြီသိလား"
"တွေ့လား.....ခုလိုပြတ်ပြတ်သားသားဆုံးဖြတ်တာဘယ်လောက်ကောင်းလဲ
နင့်ကိုတော့တကယ်အားကျတယ်သိလား
နင်ကအချစ်ခံလူတန်းစားဆိုတော့....."
ယွန်းရတီအရုပ်တွေတစ်ရုပ်ပြီးတစ်ရုပ်ပြောင်းနေတာမို့လမင်းငယ်မျက်စိနှောက်တာနဲ့
"ငယွန်းမ.....effect တွေဘာတွေလုပ်မနေနဲ့
မသိရင်နင့်ကိုအပြင်မမြင်ဖူးတာကျနေတာပဲ"
လမင်းငယ်ပြောတော့မှယွန်းရတီငြိမ်လိုက်ပြီးမျက်စောင်းတွေထိုးနေလေသည်၊၊
လမင်းငယ် ယွန်းရတီကိုရယ်ပြီး
"ဒါနဲ့နင်ရောဟိုအမကြီးကိုငေးပဲငေးကြည့်နေတော့မှာလား"
ယွန်းရတီမျက်နှာငယ်လေးဖြင့်
"ဒါပေါ့ဟာ ဘယ်တတ်နိုင်မလဲ
ဆိုင်မှာထိုင်ကြည့်ရုံကလွဲဘာမှမှမတတ်နိုင်တာ
ဒါပဲကျေနပ်ပါတယ်ဟာ"
ယွန်းရတီနဲ့အားလူးဖုတ်ရင်းမီးပူတိုက်တာမပျင်းရဘဲပြီးသွားလေသည်၊၊မိုးစက်ချိုဘောင်းဘီအိတ်ထဲက၅၀၀တွေ့တာမို့မီးပူနဲ့သေချာဖိပြီးယူလိုက်လေသည်၊၊ညနေလောက်ကျဆန်ဆေးပြီးညစာအတွက်ထမင်းတည်လေသည်၊၊
၆နာရီခွဲတော့လမင်းငယ်ခွေထွက်ဝယ်လေသည်၊၊သရဲကားနဲ့ကိုရီးယားကားစိတ်ကြိုက်ရွေးဝယ်လေသည်၊၊နောက်ပြီးအကင်စားချင်တာမို့လမ်းထိပ်ကအဒေါ်ကြီးဆီဝင်ကာဝယ်လေသည်၊၊
အိမ်ပြန်ရောက်တော့တစ်ယောက်တည်းမို့သရဲကားတွေမကြည့်ရဲတာနဲ့ကိုရီးယားကားသာကြည့်ရင်းစားလေသည်၊၊
ခဏကြာတော့မိုးစက်ချိုခြံတခါးဖွင့်သံနဲ့အတူ
"ငယ်လေးရေ....."ဆိုတဲ့ခေါ်သံပါကြားရလေသည်၊၊ဒါနဲ့ပဲလမင်းငယ်ကြည့်လက်စကိုရပ်ထားလိုက်ပြီးမိုးစက်ချိုကိုပြေးကြိုလေသည်၊၊
"မမ ခေါ်နေတာကြာလှပြီ
ငယ်လေးဇာတ်ကားထဲမျှောနေတယ်ပေါ့ဟုတ်လား"
လမင်းငယ်ပြုံးစိစိဖြင့်
"ဟီး.....
ဒါနဲ့ဒီနေ့ငယ်လေးလေပုံနေတဲ့အဝတ်တွေမီးပူအကုန်တိုက်ထားတယ်သိလား"
မိုးစက်ချိုရေသောက်ပြီး
"လိမ္မာတာပေါ့
ဘယ်သူကလေးလေးလဲပြောပါဦး"
"မသိဘူးလေ....."
မိုးစက်ချိုလမင်းငယ်ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုဆွဲညစ်လိုက်ပြီး
"မမ ကလေးလေးပေါ့
ဘယ်သူကလေးဖြစ်ရမှာလဲ ဒါတောင်သိဘူးလား ဟမ်...."
လမင်းငယ်အတင်းရုန်းပြီး
"ပါးကိုမဆွဲပါနဲ့
သရေကျပါတယ်ဆိုမမကလည်း....."
မိုးစက်ချိုပြုံးပြီး
"ကျူပ်မဆွဲခင်တည်းကရှင်အိပ်တိုင်းသရေကျတာပါနော်.......ခုထိကိုကျတုန်း"
လမင်းငယ်မျက်နှာကြီးဆူပုတ်ပြီးဧည့်ခန်းကိုထွက်သွားလေသည်၊၊ပါးစပ်ကလည်းပွစိပွစိပြောပြီးTVပြန်ကြည့်နေလေသည်၊၊
မိုးစက်ချိုလည်းဧည့်ခန်းကိုလိုက်လာပြီး
"ငယ်လေးညစာစားပြီးပြီလား"
လမင်းငယ်ပြန်မဖြေဘဲTVသာဆက်ကြည့်နေလေသည်၊၊
မိုးစက်ချိုလမင်းငယ်ဘေးထိုင်လိုက်ပြီး
"မမကချစ်လို့စတာကိုကလေးလေးကလည်း
လက်ဖက်ထမင်းသုတ်လိုက်မယ် မမတို့တူတူစားတာပေါ့နော်.....နော်ကလေးလေး"
အဲ့တော့မှလမင်းငယ်
"ဗိုက်ဆာနေပြီ
ရေမြန်မြန်ချိုးပြီးလုပ်ပေးတော့"
မိုးစက်ချိုလမင်းငယ်ပါးလေးကိုရွှတ်ခနဲနမ်းသွားပြီးထွက်သွားလေသည်၊၊လမင်းငယ်ကတော့ရုတ်တရတ်မို့ပါးစပ်အဟောင်းသားနဲ့ကျန်ခဲ့လေသည်၊၊
"ငယ်လေးရေ.....လာစားတော့
ရပြီ"
လမင်းငယ်လည်းဧည့်ခန်းကနေလှမ်းပြီး
"မမ ဒီကိုလာခဲ့ပါလား
TVကြည့်ရင်းတူတူစားရအောင် ပြီးရင်လည်းသရဲကားတူတူကြည့်ပေးဦး"
မိုးစက်ချိုလည်းလှမ်းပြီး
"ဒါဆိုလည်းပန်းကန်နဲ့ရေဘူးတွေလာယူဦး"
လမင်းငယ်မြန်မြန်ပြေးပြီးကူမလေသည်၊၊ဒါနဲ့ပဲတူတူTVကြည့်ရင်းစားကြလေသည်၊၊ကျောင်းသားအချစ်ကားလေးဖြစ်တာမို့ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းလေသည်၊၊
စားသောက်ပြီးသွားတော့မိုးစက်ချိုပန်းကန်တွေယူပြီးမီးဖိုချောင်ထဲဝင်ကာဆေးလေသည်၊၊ပြီးတော့ပြန်ထွက်လာပြီးလက်သုတ်ပဝါကိုလမင်းငယ်လက်ထဲထည့်ပေးလေသည်၊၊
လမင်းငယ်ပြုံးပြီး
"သုတ်ပြီးပြီမမ"
မိုးစက်ချိုမျက်ခုံးလေးတွေတွန့်ချိုးသွားပြီး
"ဘယ်တုန်းကသုတ်လိုက်တာ"
"ခုနကပဲအင်္ကျီနဲ့သုတ်လိုက်တာ"ဆိုကာလမင်းငယ်သူ့အင်္ကျီကိုဆွဲကာပြောလေသည်၊၊
မိုးစက်ချိုချက်ချင်းလမင်းငယ်နားရွက်လေးကိုဆွဲလိမ်ရင်း"ပါးစပ်ကိုအင်္ကျီနဲ့သုတ်ရမယ်လို့ဘယ်သူပြောထားလဲ"ပြောလေသည်၊၊
"အား......
နာတယ်မမ" လမင်းငယ်အော်လေသည်၊၊
မိုးစက်ချိုလွှတ်မပေးဘဲ
"နောက်တစ်ခါလုပ်ဦးမလား.....ဟမ်"
လမင်းငယ်လည်း
"အား.....နောက်မလုပ်တော့ပါဘူးမမ
နာတယ် လွှတ်ပါ"
မိုးစက်ချိုလွှတ်ပေးလိုက်လေသည်၊၊လမင်းငယ်ကတော့နီရဲသွားတဲ့သူ့နားရွက်လေးကိုလက်နဲ့အသာကိုင်ကာာညည်းလေနေသည်၊၊
မိုးစက်ချိုလမင်းငယ်ကိုကြည့်ပြီး
"စည်းကမ်းကိုမရှိဘူး.....
ချစ်ပေမဲ့စည်းနဲ့ပဲထားမှာ
မလိုက်နာရင်တော့နာပြီသာမှတ်လမင်းငယ်"
လမင်းငယ်နှုတ်ခမ်းလေးဆူပြီး
"ဟုတ်"
ဒါနဲ့ပဲလမင်းငယ် မိုးစက်ချိုလည်းဘေးမှာရှိနေတာမို့သရဲကားစကြည့်လေသည်၊၊အကြောက်ဆုံးကသရဲဖြစ်ပေမဲ့အကြိုက်ဆုံးကလည်းသရဲကားဖြစ်လေသည်၊၊
သရဲထွက်လာတာမို့လမင်းငယ်လက်လေးတွေကာရင်းလက်ချောင်းကြားတွေကနေခိုးကြည့်လေသည်၊၊မိုးစက်ချိုကတော့မကြောက်တာမို့ဘေးမှာအော်လိုက်လက်တွေကာလိုက်အလုပ်ရှုပ်နေတဲ့လမင်းငယ်ကိုကြည့်ကာရယ်လေသည်၊၊
သရဲကားပြီးတော့TVတွေအကုန်ပိတ်ပြီးအိပ်ဖို့ပြင်လေသည်၊၊လမင်းငယ်မအိပ်ရဲတာမို့ခေါင်းအုံးနဲ့ခွလုံးကိုအမြန်ယူပြီးမိုးစက်ချိုအခန်းထဲပြေးဝင်လာသည်၊၊ပြီးတော့မိုးစက်ချိုကုတင်ပေါ်ခုန်တက်လိုက်လေသည်၊၊
မိုးစက်ချိုလမင်းငယ်ကိုကြည့်ပြီး
"ဟော.....အဲ့တာဘာဖြစ်ရတာတုန်း"
လမင်းငယ်တစ်ယောက်မိုးစက်ချိုကိုခွကျော်ပြီးထောင့်ထဲကိုဝင်ကာ
"ငယ်လေးမအိပ်ရဲလို့မမ"
မိုးစက်ချိုရယ်ပြီး
"ငကြောက်လေး"
လမင်းငယ် မိုးစက်ချိုကိုကြည့်ပြီးဟန်မပျက်ပြန်ထိန်းကာ
"မကြောက်ဘူး ဘယ်သူကကြောက်လို့လဲ
ငယ်လေးကစေတနာနဲ့မမကြောက်နေမှာစိုးလို့"
မိုးစက်ချိုသူ့ကလေးကိုကြည့်ပြီးပြုံးကာ
"ဟုတ်ပါပြီ
ကဲ.....လာအိပ်ရအောင်"
လမင်းငယ်ခွလုံးကိုဖက်ကာလှဲလိုက်လေသည်၊၊မိုးစက်ချိုသူ့ကလေးဖက်ထားတဲ့ခွလုံးကိုအတင်းဆွဲယူပြီးဘေးမှာထားလိုက်လေသည်၊၊
"မမ ငယ်လေးကခွလုံးမပါရင်မအိပ်တတ်ဘူးလေ"
မိုးစက်ချိုကလည်း
"မမတစ်ယောက်လုံးရှိတာကိုခွလုံးလိုသေးလို့လား"
အဲ့လိုပြောတော့မှလမင်းငယ်သဘောကျသွားပြီးမိုးစက်ချိုရင်ခွင်ထဲတိုးဝင်ကာဖက်ထားလိုက်တော့သည်၊၊
Continue Reading
You'll Also Like
904K 60.6K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)
997K 32.6K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်
1.2M 64.4K 51
91K 2.4K 24
ရိုးသားကြိုးစားသည့် ကျေးတောသူမလေး"စံပယ်မွှေး"နှင့် မြန်မာ့TopTenစာရင်း၀င် CEOလေး"နေဂုဏ်မာန်"တို့တွေ့ဆုံကြတဲ့အခါမှာ.. 🌼အသက်၉နှစ်ကွာတဲ့သူတို့နှစ်ယောက်...