Unicode
"Baby... ကလေးလေး! Baby!"
"ဗျာ ကိုကို...!
ကျွန်တော် ဒီမှာ..."
ရေချိုးခန်းထဲကနေ ကိုယ့်ခေါ်သံကြောင့် အလန့်တကြား ပြေးထွက်လာရင်း အသံပေးလာသည့် ကလေးငယ်ကို ကြည့်ကာ Xiao Zhan ဘာမှမစဥ်းစားနိုင်တော့ပဲ ကုတင်ပေါ်ကနေ အပြေးတပိုင်းဆင်းပြီး ထွေးပွေ့ထားလိုက်မိသည်။
Yibo ကတော့ ကိုကို့ရဲ့အော်ခေါ်သံနဲ့ အပြုအမူတို့ကြောင့် ဖတ်ထားတဲ့အတိုင်း တောင့်တောင့်ကြီးသာ ရပ်နေမိသည်။
"ကြောက်နေခဲ့တာ..."
လွတ်ထွက်သွားမည့်အလား တင်းကြပ်နေအောင် ဆွဲဖတ်ထားရင်း ပုခုံးပေါ်မျက်နှာအပ်ကာ ဆိုလာသော စကားတစ်ခွန်းက
'ကြောက်နေခဲ့တာ...' တဲ့လား...??
ကိုကိုရာ..........။
"ကိုကို...
ကျွန်တော် ဘယ်မှမသွားဘူးနော်...
ကျွန်တော် ကိုကို့အနားမှာပဲ အမြဲတမ်းရှိနေမှာ..."
ကိုကို့ကျောပြင်လေးကို Yibo လက်ကလေးနဲ့ ခပ်ဖွဖွပွတ်ပေးရင်းဆိုတော့ ပုခုံးထက်က ခေါင်းလေးက တဆက်ဆက် ငြိမ့်ပြလာတာကို ခံစားမိပါ၏။
ကျွန်တော် တကယ် ကြောက်နေခဲ့တာ...။
ကိုယ် နိုးလာတော့ ဘေးမှာ လစ်ဟာနေတဲ့ နေရာလေးက ကိုယ့်ဦးနှောက်ထဲကို အချက်ပေးသံတွေ အလုံးအရင်းနဲ့အတူ ဆူညံစေခဲ့တယ်။
ထိုအချိန် ဦးနှောက်ထဲ လုံးဝကို ဗလာဖြစ်သွားခဲ့ပေမယ့် 'Baby သာ ထွက်သွားခဲ့ရင်' ဆိုတဲ့ အသိကတော့ မုန်းစရာကောင်းလောက်အောင်ကို တွယ်ငြိနေခဲ့ပြန်တယ်...။
မယုံလို့တော့ မဟုတ်ဘူး။
မယုံရဲတာ...။
Baby ကိုတော့ မဟုတ်ဘူး။
ကိုယ့်ကိုယ်ကိုပဲ မယုံကြည်ရဲတာ...။
ပြီးတော့ ရုတ်တရက် ပြောင်းလဲသွားတတ်တဲ့ ကံကြမ္မာကိုရော.....။
"ကျွန်တော် နိုးတော့ ကိုကို အိပ်ပျော်နေတုန်းမို့ မနှိုး..."
"ကိုယ့်အနားမှာပဲရှိနေပေး..."
Yibo ပြောမယ့်စကားတွေက ကိုကို့ရဲ့စကားတစ်ခွန်းအောက်မှာပင် ခယပြိုလဲသွားရသည်။
"မနက်တိုင်း ကိုယ် အိပ်ယာနိုးရင် Baby မျက်နှာကိုပဲ အရင်ဆုံး မြင်ချင်တာ...
ကိုယ် မနိုးသေးရင်လည်း ထ,မသွားပဲ အနားမှာ ငြိမ်ငြိမ်လေးဆက်အိပ်နေပေး...
ကိုယ် အိပ်ယာနိုးတာနဲ့ Baby ကို Morning Kiss ပေးပြီး Good Morning လို့ အရင်ဦးဆုံး နှုတ်ဆက်မယ်...
ကိုယ့်အနားမှာပဲရှိနေတဲ့ Baby ရဲ့ အပြုအမူတစ်ခုချင်းစီတိုင်းကို မျက်တောင် မခတ်တမ်းလိုက်ကြည့်ချင်တယ်..."
ကိုကို့ရဲ့ယောကျာ်းပီသလှတဲ့ ဩရှရှအသံက Yibo ရဲ့ နားစည်ကနေတစ်ဆင့် နှလုံးသားထဲထိ တသိမ့်သိမ့်စီးဝင်၏။
'ကိုကိုက ပိုလိုက်တာ...' ဆိုပြီး Yibo အပြစ်မမြင်ရက်...။
ကိုကို့ရဲ့ခံစားချက်တွေကို Yibo နားလည်သည်မို့...
ပြီးနောက် တရားခံဟာ စင်စစ် ကိုယ်ပဲပေမို့....!!
"ကတိပေးပါတယ် ကိုကို...
နောက် ကိုကို့ကို သတိမပေးပဲ ဘယ်မှမသွားတော့ပါဘူး..."
"လိမ်မာလိုက်တာ ကိုကို့ကလေးလေးက..."
ဖတ်ထားရင်းနှင့်ပင် Yibo ခေါင်းကို လက်တစ်ဖက်နဲ့ လှမ်းဖွကာ ချီးကျူးစကားလေးပါ မမေ့မလျော့ တဆက်တည်းဆိုလာသည့် ကိုကို့ရဲ့နှုတ်ခမ်းလေးတွေက သဘောတကျ ပြုံးနေမည်ဖြစ်ကြောင်း ခံစားမှုအရသိပါသည်။
ကိုကို ပြုံးလိုက်တိုင်း ကိုယ်ပါ အလိုလို ပြုံးမိပေမယ့် မျက်ဝန်းထဲက အရည်ကြည်တွေကတော့ ဘာ့ကြောင့်မှန်းမသိ ရစ်သိုင်းနေပြန်သည်။
ကိုကိုနဲ့ပတ်သတ်လာလျှင် ပျော့ညံ့သွားတတ်သည့် ကိုယ့်ကိုယ့်ကို Yibo အားမလိုအားမရဖြစ်မိပါသည်။
စိတ်ချပါ ကိုကို...
ကျွန်တော် ကိုကို့အနားမှာပဲ တစ်သက်လုံးရှိနေမှာပါ.....။
ထွေးပွေ့ထားသည့် လက်ကလေးတွေ အနည်းငယ်ပြေလျော့လာချိန်မှာတော့ Yibo မျက်တောင်ပုတ်ခတ်လုပ်ကာ အရည်ကြည်တွေကို အမြန်ခမ်းခြောက်စေလိုက်သည်။
"ကိုကို နိုးလာရင် ရေချိုးဖို့ ပြင်ဆင်ပေးထားတယ်..."
Yibo ပြောတော့ ကိုကိုက Yibo ရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်လာရင်း...
"နောက်ဆို ဘာမှမလုပ်ပါနဲ့ ကလေးလေးရဲ့...
Baby ကိုကို့အနားမှာရှိနေရင်ကို အရာအားလုံး ပြည့်စုံနေပြီမို့..."
ကိုကိုက ထိုသို့သော စကားတွေနှင့်လည်း Yibo ရဲ့ နှလုံးသားကို ခြွေတတ်ပါသေးသည်။
"အခုတော့ မျက်နှာသစ် ရေချိုးလိုက်တော့ ကိုကို...
ကျွန်တော် အိမ်အောက်မှာ စောင့်နေမယ်..."
"ဘာလုပ်ဖို့လဲ...?
ကိုယ်နဲ့အတူတူ ရေလာချိုးလေ..."
ပြုံးတုံ့တုံ့ မျက်နှာထားနဲ့ ကိုကိုက Yibo ရဲ့လက်ကို ရေချိုးခန်းဆီ ဦးတည်ကာ တကယ်ပင် ဆွဲလာသည်မို့.....
"ဟို ကိုကို တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ချိုးပါ...
ကျွန်တော် မနက်စာပြင်ရဦးမယ်လေ..."
ထွက်ပြေးချင်နေတဲ့ ကောင်လေးကို နံရံနဲ့ကပ်လိုက်ကာ ဘေးတစ်ဖက်စီမှာ လက်နှစ်ဖက်ကို ထောက်ထားလိုက်ရင်း ပိတ်ထားလိုက်သည်။
"ကဲ... ဘာမှမလုပ်ပါနဲ့ဆို Baby ရယ်...
ဒီမှာ ကိုကို တစ်ယောက်လုံးရှိတယ်...
ကိုကို ချက်ကျွေးမှာပေါ့...
ရေကို နှစ်ယောက်အတူတူချိုးတော့ ရေလည်း တစ်ခါတည်း ချွေတာပြီးဖြစ်တယ်လေ မဟုတ်ဘူးလား...?"
ငြင်းမရတဲ့ အခြေအနေမို့ Yibo မျက်နှာလေးမှာလည်း တဖြေးဖြေး မှုန်လာတော့သည်။
"ရေချိုးရုံပဲ လို့ အာမခံနိုင်လား ကိုကို..."
Yibo မေးတော့ ကိုကိုက အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ အံ့ဩသွားဟန် မျက်ခုံးလေးပင့်ပြရင်း...
"ဟောဗျာ...
ရေချိုးခန်းထဲမှာ ရေမချိုးလို့ ဘာလုပ်ချင်သေးလို့လဲ ကိုယ့်ရဲ့ Baby လေးက... ဟင်?"
ကိုကို့ရဲ့စကားကြောင့် Yibo မျက်နှာတွေ တဖြေးဖြေး ပူလာပြီး နီရဲနေမှာလည်း မလွဲဧကန်ပင်...။
"ကိုကိုနော်... တော်ပြီဗျာ...
ကိုယ့်ဘာသာ တစ်ယောက်တည်းချိုး..."
မျက်နှာလေးနီကာ လက်ထဲကနေ အတင်းရုန်းလို့ ထွက်ပြေးသွားတဲ့ ကလေးလေးကို XZ မတားလိုတော့...။
ခေါင်းအသာရမ်းလျက် အသံထွက်သည်အထိ ရယ်လိုက်မိသည်။
မနက်စောစောက XZ မျက်နှာနှင့် အခု XZ မျက်နှာမှာ လုံးဝကို မအပ်စက်တော့ပါလေ...။
Baby စကားကို ကိုယ် ယုံကြည်သည်။
အရင်ကလည်း ယုံကြည်ခဲ့သည်။
အခုလည်း ယုံကြည်သည်။
နောင်လည်း ယုံကြည်နေဦးမှာပင်...။
Baby ဖြစ်နေလို့ကို ကိုယ် ယုံကြည်ဖို့ လုံလောက်လွန်းသည်လေ.....။
_______________
"ကို ကျွန်တော် ဒီအင်္ကျီနဲ့ ဘယ်လိုနေလဲ...?"
"ဒီအင်္ကျီက ကိုနဲ့ဆို အရမ်းလိုက်မှာ..."
"ဒီအင်္ကျီကလည်း ကျွန်တော်နဲ့ ကွက်တိပဲ..."
"ဒါလေး"
"ဒါလေးရော ထပ်ထည့်ပေး..."
Plaza တစ်ပတ်ပတ်ကာ ပါးစပ်ကလည်း မနား လက်ကိုလည်း အနားမပေးပဲ
ဟိုဟာလေးကိုလည်း သူ့ကိုယ်နဲ့ ကပ်ကြည့်လိုက် ဒီဟာလေးကိုလည်း ကိုယ့်ခန္ဓာကိုယ်နဲ့လာတိုင်းကြည့်လိုက်နဲ့ တွေ့သမျှအကုန်အိတ်ထဲထည့်ခိုင်းနေသော အဆိုးလေးအား ရှင်းချန်လည်း မနိုင်လို့ လွှတ်ထားလိုက်လေပြီ။
သူ လုပ်ချင်ရာလုပ်ရတော့ အဆိုးလေး မျက်နှာမှာ ရွှင်လို့လန်းလို့...
လူကလည်း တက်လို့ကြွလို့...။
ရှင်းချန် ဆိုသည်မှာလည်း အဆိုးလေး မျက်နှာ တစ်ချက်အပျက်မခံသူမို့ အဲ့ဒီလိုလေးမြင်နေရကို စိတ်ချမ်းသာနေတာကြောင့် ဘာမှမပြောပဲ ဒီအတိုင်း ပြုံးလျက်သာ ရပ်ကြည့်နေမိတော့သည်။
"ကို့ Duty Time ရောက်တော့မှာပဲ...
လာ လာ ပြန်ကြစို့...!"
ကိုယ် ဝယ်ပေးထားတဲ့ Rolex နာရီလေးကို တစ်ချက်မြှောက်ကြည့်ကာ ပိုက်ဆံကောင်တာဆီ အပြေးလေး ငွေသွားရှင်းရင်း ခပ်သွက်သွက်လှမ်းပြော၏။
'ကိုယ် ငွေရှင်းမယ်' ဆိုတာကိုလည်း ဒီကောင်လေးက လက်မခံဘူးလေ...။
'သူ့အတွက်ပါ ဝယ်ရင်း ကိုယ့်အတွက်လည်း ဝယ်ပေးချင်လို့ပါ' တဲ့...။
ဒီလိုဆိုတော့လည်း ကိုယ်က ဘာဆက်ပြောနိုင်မှာလဲ...?
အဆိုးလေး စိတ်ကြိုက်ပါပေါ့...။
အခုလည်းကြည့်...!
လာချင်တုန်းကတော့ အလုပ်လုပ်နေတာကို အတင်းကပ်ချွဲတာ ဘယ်ကောင်လေးလဲ...?
ပြန်ချင်တော့လည်း သူလေးပဲ ဇွတ်...!
"ကို့ လာလေ..."
ပြောပြောဆိုဆို ကိုယ့်လက်ကို လာကိုင်သော လက်တစ်ဖက်.....!
လက်တစ်ဖက်မှာ ဝန်ထမ်းမလေး ကမ်းပေးလာသော အထုတ်တွေကို ဆွဲကာ
ကျန်လက်တစ်ဖက်က ကိုယ့်လက်ကို တင်းနေအောင် ဆုပ်ကိုင်ရင်း မပြေးရုံတမယ် သွားနေသော ကောင်လေးကြောင့် ကိုယ်လည်း အနောက်ကနေ အမြန်လိုက်ရလေသည်။
အင်းးး ရင်ခုန်သံတွေကလည်း တဒိန်းဒိန်းပေါ့...။
လက်ချင်းတွဲကာ ဓာတ်လှေကားဆီ ပြေးနေကြတဲ့ ကောင်လေးနှစ်ယောက်ကို တစ်ချို့က ထူးဆန်းသလို လိုက်ကြည့်ကြပေမယ့် တစ်ချို့ကတော့ ပုံမှန်လူသွားလူလာတွေလိုပဲ ဘာမှမဖြစ်သလို လိုက်လည်းကြည့်မနေကြပါ။
တစ်ချို့ကျတော့လည်း အားကျတဲ့မျက်ဝန်းလေးတွေနဲ့ လိုက်ကြည့်ကြပါရဲ့...။
ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ ပတ်ဝန်းကျင် တစ်ချက်မှ လှည့်ကြည့်ခြင်းအလျဥ်းမရှိ... ဂရုလည်းမစိုက်ကြပါလေ...။
သူတို့ရဲ့အိမ်မက်တွေဆီ ၊ ရှေ့ဆက်မယ့် အနာဂတ်တွေဆီကို ပျော်ပျော်ပါးပါး လက်ချင်းတွဲလို့ လျှောက်လှမ်းနေကြသည့်အတိုင်း ဒီကမ္ဘာမှာ သူတို့နှစ်ယောက်တည်းရှိနေကြသည့်အလား နှစ်ယောက်စလုံးရဲ့မျက်နှာပေါ်မှာ အပြုံးပန်းတွေလည်း ဝေဆာနေခဲ့ကြသည်။
တစ်ယောက်တစ်နားမှာ တစ်ယောက်ရှိနေရင်ကို အရာရာပြည့်စုံနေပြီမို့ ဘယ်သူတွေကို ထပ်ပြီး ဂရုစိုက်နေစရာလိုဦးမှာလဲလေ...။
"ဟူးးး မောသွားတာပဲ..."
"အဆိုးလေးက စွတ်ပြေးတာကိုးကွ...
ကိုယ့် Duty က ဆယ်မိနစ်လောက် လိုပါသေးတယ်..."
ဓာတ်လှေကားတွေက ပြည့်နေတာမို့ ရိုးရိုးလှေကားကနေ လက်ချင်းတွဲလို့ ပြေးဆင်းလာခဲ့ကြသည်။
ပြေးနေတုန်းကတော့ ချစ်ရသူနဲ့ လက်ချင်းတွဲထားရလို့လားတော့မသိ...
နှစ်ယောက်စလုံး မောလို့မောမှန်းပင်မသိခဲ့ကြ...။
Car Parking ရောက်တော့မှ နှစ်ယောက်လုံး 'ဟော ဟဲ' လိုက်နေကြလေသည်။
"ကို့ Duty ကို အလေးထားလို့ပါဗျ...
ဆယ်မိနစ်လောက် အချိန်ရတာက တစ်ခုခုဝင်စားဖို့ပါခဗျ..."
အဆိုးလေးရဲ့ ချစ်စရာကောင်းတဲ့ စကားလေးကြောင့် ရှင်းချန်မှာ Heart ထိသွားရလေသည်။
"စကားတတ်တဲ့ အဆိုးလေးကို ချစ်လိုက်တာကွာ... မင်းလေးကို ချစ်ရလွန်းလို့ ကိုယ်လည်း ရူးတော့မယ်ထင်တယ်..."
"ဟိုးထား ကို...
ဒါနဲ့ Duty ချိန် တကယ် မမှီပဲနေလိမ့်မယ်..."
ဆွဲဖတ်ကာ နမ်းဖို့ပြင်နေသော ကို့ကြောင့် အကြောင်းသိစွာ ဟန့်တော့ မျက်နှာလေး ငယ်သွားလေသည်။
"မစားရရင် နေပါစေကွာ..."
"ကျွန်တော်ကတော့ ဗိုက်ဆာနေပြီ"
ပြောကာ ကားပေါ်တက်သွားတဲ့ ကောင်လေးကြောင့် ရှင်းချန်လည်း မအီမသာမျက်နှာနှင့်သာ ကားထဲ ဝင်ထိုင်လိုက်ရလေသည်။
ကားထဲရောက်တော့ 'ဖျက်ကနဲ' လာနမ်းသော ကောင်လေးကြောင့် ရှင်းချန် မျက်နှာမှာ ဟန်မဆောင်နိုင်တော့ပဲ တဖြေးဖြေး ပြန်ပြုံးလာလေတော့သည်။
"အဲ့လိုကြီး မနေနဲ့ ကြာရင် အိုသွားလိမ့်မယ်... ပြီးတော့ ရူးနေရင် ကျွန်တော်က ယောကျာ်းမတော်နိုင်ဘူးနော်...
အဲ့ဒီအစား ကျွန်တော့်ကို ပိုချစ်ပေး..."
အဆိုးလေး စကားကြောင့် ရှင်းချန် ကားစက်နှိုးနေရင်း သဘောတကျပြုံးလိုက်မိသည်။
"ဒါတော့ စိတ်ချပါဗျာ...
ကျွန်တော် ရှောင်ရှင်းချန်က ချစ်ရတဲ့အဆိုးလေး ရွှယ်ရန်ကို နှစ်ယောက်မရှိတဲ့ ချစ်ခြင်းမျိုးနဲ့ တစ်စက္ကန့်တိုင်းမှာ ပိုတိုးပြီး ချစ်ပေးပါ့မယ်ခဗျ..."
"ကျွန်တော် ကို့ကို ယုံတယ်..."
"ကိုလည်း ဒီအဆိုးလေးကို ခြွင်းချက်မရှိ ယုံကြည်တယ်..."
ပြည့်စုံသွားပြီ။
သူတို့ရဲ့ကမ္ဘာငယ်လေးမှာ တစ်ယောက်အနားမှာ တစ်ယောက်ရှိနေရင်ကို အရာရာပြည့်စုံနေခဲ့ပြီ။
အိမ်မက်တွေ...
ရည်မှန်းချက်တွေ...
ရှေ့ဆက်မယ့် အနာဂတ်တွေမှာ အဆိုးလေးနဲ့အတူတူသာဆိုရင် ဘယ်လိုအခက်အခဲမျိုးကိုမဆို ရှင်းချန် ရင်ဆိုင်နိုင်ပါသည်။
_______________
"အကို!"
ရှီးချန် အသံကြားရာကို လှည့်လိုက်တော့
'ချလပ်' ဆိုတဲ့ မြည်သံလေးနဲ့အတူ ကိုယ့်ကို ဓာတ်ပုံလှမ်းရိုက်လိုက်တဲ့ ကောင်လေး...။
မျက်နှာမှာလည်း ပြုံးလို့ပျော်လို့ပေါ့...။
"Ice cream နှစ်ခွက် ဒီမှာရပါပြီ"
ယောင်လေးကို အငမ်းလွန်နေတဲ့ ရှီးချန်တစ်ယောက် ဆိုင်ရှင်စကားကြားမှ အသိပြန်ဝင်လာပြီး ပိုက်ဆံအမြန်ရှင်းကာ ချစ်ရသူလေးဆီ အပြေးနှင်မိသည်။
"ဓာတ်ပုံရိုက်ရင် ခွင့်တောင်းရမယ်လေ ယောင်လေးရဲ့..."
ရှီးချန် စကားကြောင့် မုန့်ယောင် နှုတ်ခမ်းလေးဆူကာ...
"ကိုယ့်ချစ်သူကို ဓာတ်ပုံရိုက်ရင်လည်း ခွင်းတောင်းရမယ်ပေါ့..."
"ဒါပေါ့...
ဒါပေမယ့် ကိုယ့်ကို ဓာတ်ပုံခိုးရိုက်တဲ့လူက ချစ်ရတဲ့ယောင်လေးဖြစ်နေရင်တော့ ခွင့်တောင်းတာအစား တစ်ခြားတစ်ခုလုပ်ပေးရမယ်..."
"ဘယ်လိုမျိုးလဲ?"
မျက်လုံးလေးဝိုင်းကာ ပြန်မေးလာတဲ့ ကောင်းလေးကြောင့် ရှီးချန် လူရုပ်မာအပြုံး,ပြုံးလိုက်ကာ အနားကို ကပ်သွားလိုက်သည်။
"ဒီလို"
ပြောကာ ရုတ်တရက် ဖိကပ်ခံလိုက်ရတဲ့ နှုတ်ခမ်းလေးကြောင့် မုန့်ယောင် ပါးလေး တဖြေးဖြေးရဲတက်လာပေမယ့် မဖယ်ဖြစ်...။
ရှီးချန် လက်ထဲက ရေခဲမုန့်တွေကလည်း နေရောင်ခြည်ရဲ့ရက်စက်မှုကြောင့်ရော
သူတို့ရဲ့အရှေ့မှာ သူတို့ထက်ကို ချိုမြနေကြတဲ့ အတွဲကြောင့်ရော အားငယ်ကာ အရည်တွေအဖြစ် ပျော်ကျကုန်တော့သည်။
_______________
~~~5 Days later~~~
"Happy 2 months Anniversary ပါ ကိုကို..."
ကြားလိုက်ရသော အသံလေးနှင့်အတူ ရုတ်တရက် လင်းထိန်လာသည့် ခြံဝန်းကြီး...။
Xiao Zhan တစ်ယောက် အဖြူရောင်ဝတ်စုံအပြည့်နှင့် Cake ကလေးကို ကိုင်ကာ ချောချင်တိုင်းချောနေသော ကလေးလေးအား မှင်သက်စွာပင် ရပ်ကြည့်နေမိသည်။
မင်းလေး သိပ်ဆိုးတယ် Baby ရာ.....။
သူကို တစ်နေ့လုံး စိတ်ဆိုးချင်ယောင်ဆောင်ပြီး Bar တို့ Gym ဆိုင်တို့ကို အတင်းသွားခိုင်းတာက ဒါတွေ ပြင်ဆင်ဖို့တဲ့လား...?
ပြီးတော့ လေးလေးကပါ ရုတ်တရက် သွေးတိုးချင်ယောင်တွေ ဆောင်ပြီး ကိုယ့်ကို အချိန်ဆွဲထားတာတွေကရော...?
ကိုယ့်မှာတော့ အလုပ်ကို သိပ်မသွားတော့ပဲ Baby အနားမှာပဲကပ်နေလို့ မကြည်တော့ဘူးထင်ပြီး အလုပ်တွေ ကြိုးစားပြလိုက်ရတာ ကလေးငယ်ရာ...။
ကိုယ့်မှာ တကယ် လန့်သွားခဲ့တာ....!
"ဖယောင်းတိုင်လေး မှုတ်ဦးလေ ကိုကို..."
အတွေးလွန်နေတဲ့ ကိုယ့်ကို လှုပ်နှိုးလိုက်တာက Baby ရဲ့ ခပ်ရှရှအသံလေး.....။
"Baby ရာ....."
Xiao Zhan ထိုစကားမှလွဲ၍ ဘာမှမပြောတတ်တော့...။
Baby က ကိုယ့်ကိုကြည့်ကာ အနူးညံ့ဆုံး ပြုံးပြလာ၏။
"ကိုကို့အပေါ် ဟန်ဆောင်ခဲ့တာတွေအတွက် ကျွန်တော် တကယ်တောင်းပန်ပါတယ်..."
"မဟုတ်တာ Baby က ကိုယ့်တို့ရဲ့ Anni လေးအတွက် ပြင်ဆင်နေတယ်ဆိုတာ သိလိုက်ရတော့ အဲ့ဒါတွေအားလုံးကို စိတ်ထဲမထားတော့ပါဘူး"
"ဟုတ် ကိုကို...
ဖယောင်းတိုင်မီးလေး မှုတ်ဦး"
"Together"
Xiao Zhan စကားကို Baby က အပြုံးလေးနဲ့အတူ ခေါင်းငြိမ့်ပြရင်း ဖယောင်းတိုင်မီးလေးကို နှစ်ယောက်အတူတူ မှုတ်လိုက်ကြသည်။
"ကိုကို ဘာဆုတောင်းလဲ...?"
Yibo အမေးကို XZ က အပြုံးနုနုလေးတွေနှင့် ပြန်ဖြေ၏။
"ဘာတွေ ထပ်ပြီး ဆုတောင်းနေစရာလိုသေးလို့လဲ ကလေးလေးရဲ့...?
ကိုကို့အနားမှာ Baby တစ်ယောက်လုံးရှိနေတာပဲလေ..."
Xiao Zhan စကားကို Yibo က သွားလေးတွေပေါ်သည်အထိ သဘောတကျပြုံးသည်။
"ကျွန်တော် ဘာဆုတောင်းလိုက်လဲ...?
ကိုကို သိချင်လား...?"
"အင်း"
Yibo ရဲ့ အမေးကို ကိုကိုက တကယ် စိတ်ဝင်စားတဲ့ မျက်လုံးတွေနဲ့ ဖြေလာတာကြောင့် အားတက်သွားမိသည်။
Yibo အားတင်းပြီး ဆုတောင်းကို တစ်လုံးချင်းပြောပြလိုက်သည်။
"ကျွန်တော် ဆုတောင်းတာက.....
ကျွန်တော့်တို့ဘဝထဲကို ဝင်လာမယ့်.....
ကလေးလေးကို ကိုကိုနဲ့အတူတူ အကောင်းဆုံးကြိုဆိုပေးနိုင်ဖို့..."
"ဘယ်လို Baby?"
"ဟုတ်တယ် ကိုကို... ကျွန်တော့်ဗိုက်ထဲမှာ ကလေးသေးသေးလေးရှိနေပြီ..."
Baby က ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပြောနေသော်လည်း XZ မှာ တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သည်။
"မနောက်ပါနဲ့ Baby ရယ်...
ဒါက အရမ်းအန္တရာယ်များလွန်းတယ်လေ..."
Yibo ကိုကို့စကားကြောင့် ခေတ္တမျှတွေသွားမိသည်။
ဒီလို ပြောလိုက်ရင် ကိုကို ပျော်သွားမယ် လို့ ထင်ထားတာလေ...။
ကိုကို့ဘဝမှာ မိသားစုဆိုတာကိုပါ Yibo က ဖြည့်စည်းပေးချင်ခဲ့တာ...။
'မနောက်ပါဘူး' လို့ ပြောချင်ပေမယ့် ကိုယ့်လို ယောကျာ်းတစ်ယောက်ကို လက်ထပ်ခဲ့တဲ့ ကိုကိုက 'ကလေးမလိုချင်လို့များလား' လို့ တဆက်တည်း တွေးမိသွားတော့လည်း ထိုစကားကို မပြောဖြစ်။
ဒီအတိုင်းသာ Cake လေးကို ကိုင်ရင်း ငူငူကြီး မတ်တပ်ရပ်နေမိသည်။
Baby စိတ်ထဲဘာတွေတွေးနေလဲ ဆိုတာ သိနေတဲ့ XZ ကတော့ သက်ပြင်းအသာချလိုက်သည်။
"Baby ဒီမှာ ကိုယ့်ကိုကြည့်...
ဒီကိစ္စက အရမ်းအန္တရာယ်များတာ Baby လည်း သိတယ်မလား...
ကိုယ်လည်း စိတ်ပူသွားလို့ပါ Baby ရယ်...
Baby သာ တကယ် ကလေးလိုချင်တယ်ဆိုရင် ကိုယ်က မကန့်ကွက်ပါဘူး..."
"ကျွန်တော်က ကိုကို့အတွက် မိသားစုဆိုတဲ့ အသိုက်အမြုံလေးကို ဖန်တီးပေးချင်လို့ပါ..."
မျက်နှာငယ်လေးနဲ့ ခေါင်းလေးငုံ့ကာ ပြောလာတော့လည်း မနေနိုင်သူက ကိုယ်.....။
"Baby ရယ်...
ကိုယ့်မှာ ဒီကလေးလေးတစ်ယောက်တည်းကိုတောင် ချစ်လို့မဝသေးတာကို..."
"ချစ်လို့ဝသွားရင် ပလစ်သွားမယ်ပေါ့လေ..."
စိတ်ဆိုးသည်မဟုတ်ပဲ ပြုံးစစနဲ့ ပြန်မေးလာတဲ့ ကလေးငယ်ရဲ့ခေါင်းလေးကို XZ မနေနိုင်စွာ လှမ်းဖွလိုက်မိသည်။
"ကိုယ့်တို့ဘဝထဲနောက်ထပ်ဝင်လာမယ့် ကလေးလေးကို Baby ထပ်မလျော့တဲ့ အချစ်မျိုးနဲ့ ကိုကို ချစ်ပေးပါ့မယ်...
ပြီးတော့ မိသားစုအသိုက်အမြုံလေးကို ဖန်တီးပေးတော့မယ့် ဗိုက်ပူလေးကိုလည်း အများကြီးပိုပြီး ချစ်ပေးဦးမှာဗျားးး"
"ကိုကိုကတော့လေ.....
တကယ် ကျေးဇူးတင်ပါတယ် ကိုကို လက်ခံပေးတဲ့အတွက်"
"ကျေးဇူးတင်ရင် ဒီတစ်ခါ နောက်ဆုံးပဲလို့ ကတိပေး..."
"ဟုတ် ပေးတယ် ကိုကို..."
နှစ်ယောက်စလုံးအပြုံးတွေကြားထဲမှ မျက်ရည်တွေလည်း ဝိုင်းကြခဲ့ရသည်။
ကိတ်မုန့်တွေအတူခွဲရင်း ကင်မရာတွေနဲ့ မှတ်တမ်းတင်ကာ ပြုံးပျော်ခဲ့ကြသည်။
ဝိုင်နီတွေနဲ့အတူ မူးယစ်စေကာ
ထိုထက်ပို၍ ယစ်မူးစေသော ကိုကို့ရဲ့ 'Bae...' ဆိုတဲ့ ခေါ်သံနဲ့စ,တင်ကာ အပြာရောင်ကို လှပစွာဖန်တီးခဲ့ကြသည်။
ထိုနေ့ညက မေ့မရတဲ့ ညအဖြစ် အလှပဆုံး မှတ်ကျောက်တင်နိုင်ခဲ့ကြသည်။
ကဲ... ဘာတွေ ထပ်လိုဦးမှာလဲလေ.......။
_______________
~~~6 years later~~~
*ကတောင်*
(ကိုကို ကျွန်တော့်ကိုစောင့်ဦး Duty ပြီးတော့မယ်...)
ကားတံခါးကိုမှီကာ ပို့လာတဲ့ message လေးကိုကြည့်ရင်း အပြုံးဆိုသည်မှာလည်း XZ နှုတ်ခမ်းထက်မှာ Auto ဖြစ်စေသည်။
သားသားကို ကျောင်းသွားကြိုဖို့ သူ့ကို ခနစောင့်ခိုင်နေခြင်း။
ပြီးရင် မနေနိုင်စွာ သူကပဲ Duty အချိန်လွှဲပြီး ခနနေရင် (သွားကြစို့ ကိုကို) ဆိုတဲ့ message လေးရောက်လာတော့မည်။
*ကတောင်*
(သွားကြစို့ ကိုကို
ကျွန်တော် ထွက်လာနေပြီ)
မြင်လား မြင်လား??
ကျောင်းဖွင့်တဲ့ နေ့တိုင်း ဒီလိုပဲပေမို့ ကိုယ် လည်း အထာပေါက်နေပြီလေ...။
XZ လောလောဆယ် ထိုင်နေတတ်တဲ့ Gym ဆိုင်က ကျောင်းနဲ့နီးတာကြောင့် သူ့ကို စောင့်ပြီး အတူတူသွားကြိုဖို့ နေ့တိုင်း လှမ်းပြောတတ်သည်။
ခနနေတော့ ဆေးရုံထဲကနေ ခပ်သွက်သွက် ထွက်လာတဲ့ Duty cote အဖြူရောင်လေးနဲ့ ရှင်းသန့်နေတဲ့ ကောင်လေးကို XZ ဂုဏ်ယူစွာ ကြည့်ရင်း ကိုယ့်ကို မြင်စေရန် လက်လှမ်းပြလိုက်သည်။
ကောင်လေးက ကိုယ့်ကိုမြင်တော့ လက်လှမ်းပြကာ ပြုံးပြရင်း အနားကို အပြေးကလေးရောက်လာသည်။
"ကိုကို"
"ဗျ"
"ကျွန်တော့်ကို ဖက်ပါအုံး"
Baby စကားကို နာခံစွာ ခန္ဓာကိုယ်လေးကို ဆွဲဖတ်ထားပေးလိုက်ရင်း ခေါင်းလေးကိုလည်း ခပ်ဖွဖွပွတ်ပေးနေမိသည်။
"ကိုကို့ရဲ့ Baby လေးက ကိုကို့ဘဝမှာ ဂုဏ်အယူရဆုံး အထွေထွေခွဲစိတ်အထူးကု ဆရာဝန်လးပဲ..."
"ကိုကိုက ကျွန်တော့်ကို အမြဲတမ်း လန်းဆန်းတက်ကြွစေတဲ့ ကျွန်တော် တစ်ယောက်တည်းပိုင်တဲ့ အားဆေးလေးပဲ..."
"ဟားးး အတတ်လေးကွာ...
ဒီကိုကိုက Baby လေးအတွက် အမြဲတမ်း အားဆေးလေးဖြစ်ပေးနေမှာ..."
"သွားကြအောင်လေ သားသား ကျောင်းဆင်းလောက်ပြီ"
Yibo စကားကြောင့် ကိုကိုက မျက်နှာကို မဲ့လိုက်ကာ...
"ကိုယ်တို့ စကားပြောလို့ကောင်းနေရင် အရှုပ်ထုတ်လေးကပါလာပြီ..."
"ကိုကိုလည်း ကိုယ့်သားကို..."
Yibo မနိုင်စွာ ခေါင်းအသာရမ်းလို့ ရယ်လိုက်မိသည်။
ကိုကိုက ထိုကဲ့သို့ပင်...။
တစ်ခါတစ်လေ သားသား ကိုယ်တို့နှစ်ယောက်ကြားထဲ လာအိပ်တယ်ဆိုရင်
ခနနေ သားသားက ဘေးဘက်ရောက်သွားပြီး ကိုကိုက ကိုယ့်ကို လာဖတ်အိပ်တတ်သေးသည်။
အခုတော့ Yibo က အရင်ဦးစွာ ကိုကို့ဘက်က Driver seat ကားတံခါးကို သွားဖွင့်ပေးလိုက်တော့ ယုန်သွားတွေပေါ်သည်အထိ ပြန်ပြုံးပြလာသည်။
နှုတ်ခမ်းထက်က မှဲ့နက်ကလေးကတော့ နေရောင်အောက်မှာ ကိုကို့အပြုံးတွေကို ပိုတောက်ပနေအောင် ပံ့ပိုးပေးနေသယောင်...။
ကားထဲ မဝင်ခင် တံခါးဖွင့်ပေးထားတဲ့ ကိုယ့်ကို ခါးအနည်းငယ်ညွှတ်လို့ ခေါင်းလေးငုံ့သွားသေးသည်။
ကိုကို့ရဲ့အပြုအမူလေးကြောင့် Yibo ရဲ့အပြုံးတွေ ပိုပြီးတော့ အသက်ဝင်လာသလို အချစ်တွေလည်း ပိုတိုးလာရသည်။
ကျောင်းရှေ့ကို ကိုယ်တို့ရောက်သွားတော့ သားသားတို့ ကျောင်းဆင်းလာတာနှင့် အချိန်ကိုက် ကွက်တိပင်...။
"Daddy Dad"
"သားသား"
Duty cote ကြီး တလွှားလွှားနဲ့ သားသားကို ပြေးဖတ်တဲ့ Baby ကို ကြည့်ကာ XZ ကားကို မှီရပ်နေရင်း ပြုံးနေမိသည်။
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဖတ်ထားကြရင်း ခနကြာမှ ကိုယ့်ဘက်ကို လှည့်လာကြလေသည်။
"Daddy"
လုံးတုံး လုံးတုံးနဲ့ ကိုယ့်ဆီကို ပြေးလာတဲ့ သားသားကို XZ ချော်လဲမည်စိုးတာကြောင့် လှမ်းထိန်းပေးထားလိုက်သည်။
"ဝမ်လေးကလေ Daddy နဲ့ Dad ကို မြင်ရင် အရမ်းပျော်တာပဲ..."
သားသားနဲ့ အရပ်တူအောင် ဒူးတစ်ဖက်ထောက်ကာ ထိုင်ပေးတော့ သားသားရဲ့အသံလေးက နားစည်ကို ရိုက်ခတ်လာသည်။
အဖေနှစ်ယောက်ရှိနေသည့်တိုင် သားသားမှာ ထူးခြားတဲ့ခံစားချက်မျိုးရှိမနေစေရ...။
သားသား အကောင်းဆုံး ပြုစုပျိုးထောင်ပေးထားတာကြောင့်လည်း လိမ္မာရေးခြားရှိပြီး ချစ်စရာကောင်းလွန်းလှသည်။
"Daddy ကလည်း သားသားပျော်တာကို မြင်ရင် ပျော်ပါတယ်ဗျ"
"ဘာလို့ယဲ...?"
သားသားရဲ့ခေါင်းလေးစောင်းကာ မေးသံလေးအဆုံး XZ Baby ကို မျက်လုံးလှန်ကာ လှမ်းကြည့်လိုက်သည်။
"သားသားပျော်ရင် Baby လည်း ပျော်တယ်လေ... အဲ့ဒီတော့ Daddy လည်း ပျော်တာပေါ့..."
"ဟွန့် Daddy ကလည်း..."
ကိုကို့ရဲ့အဖြေကြောင့် သားသား စိတ်မကောင်းဖြစ်မည်ကို စိုးမိသော်လည်း သားသားကတော့ အမြဲတမ်း ကြားနေရတဲ့စကားလိုမျိုး ကျင့်သားရနေလေပြီ။
ဝမ်လေး ကျောင်းဆင်းချိန်တိုင်း ဖခင်နှစ်ယောက်စလုံးနဲ့ လာကြိုတတ်တဲ့ သူတို့မိသားစုလေးကို ကြည့်ကာ ကလေးတွေက အားကျတတ်ကြသေးသည်။
သားသားက ကျောင်းမှာ စာလည်းတော်ကာ သူတို့ကလေးတွေကြားထဲမှာ အမြဲတမ်း ဗိုလ်ဖြစ်နေတော့သည်။
"ကဲ... Daddy တို့ ပြန်ကြရအောင်
Baby က အင်္ကျီမလဲရသေးဘူး"
Daddy စကားကြောင့် ဝမ်လေး နှာခေါင်းလေးရှုံ့မိတော့ Daddy က ရယ်သည်။
ထို့နောက်တွင်တော့ ဝမ်လေးက Dad ဖွင့်ပေးတဲ့ ကားတံခါးလေးကြောင့် အနောက်ခန်းမှာထိုင် ၊ Dad ကတော့ Daddy ဖွင့်ပေးထားတဲ့ ကားတံခါးလေးကြောင့် Daddy ဘေးမှာ ထိုင် ၊ Daddy ကတော့ ကားမောင်းတဲ့နေရာမှာ ထိုင်ပြီး စံအိမ်သို့ ခရီးနှင်ရသည်ပေါ့...။
ဝမ်လေးကတော့ ကျောပိုးအိတ်လေးထဲက အရုပ်လေးနဲ့ အေးအေးဆေးဆေးပဲ ဆော့နေလိုက်တယ်...။
Daddy နဲ့ Dad က ဝမ်လေးထက်ကို ပိုပြီးတော့ကို တီတီတာတာတွေ ပြောနေကြတော့မှာလေ...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 4123 words 💞
နောက်ဆုံးတော့ Royal ရဲ့ Zhanyi Fanfiction လေးကို
အဆုံးထိရေးနိုင်ခဲ့ပြီ။ 🖤
အဆုံးထိ လိုက်ပါစီးမြောပေးကြတဲ့ Royal ရဲ့ အားဆေးလေးတွေကိုလည်း တကယ်ကျေးဇူးတင်ပါတယ်...။ 🤍
(ဒါနဲ့ ခင်ဗျားလေးတို့ ဝမ်လေးကလွဲရင် ကျန်တဲ့လူတွေအကုန် စိတ်ကြိုက် Oc နိုင်ပါပြီဗျာ...💘)
တဆက်တည်း *ကျေးဇူးတင်လွှာ* လေးကိုပါ ဖတ်ပေးသွားကြပါဦးလို့...။
(Wp က စာဖတ်သူလေးတွေကို Royal ဘက်က Fianl အထိရောက်အောင် ရေးသားပေးခဲ့တဲ့အတွက် အမောပြေအားဆေးလေးအဖြစ် vote လေးတွေ ment လေးတွေ မပေးခဲ့ချင်ကြဘူးဗျာ...
Fianl ရောက် အမှတ်တရလေးပေါ့...💞)
အစစအရာရာ အသွားအလာ ဂရုစိုက်ကြပါနော် ❤
💞 အားလုံးကို ချစ်ခင်လေးစားလျှက် 💞
Kroyalwhite💌💞🤍
Jul 13,Tue (Updated Day) 🖤✨
Zawgyi
"Baby... ကေလးေလး! Baby!"
"ဗ်ာ ကိုကို...!
ကြၽန္ေတာ္ ဒီမွာ..."
ေရခ်ိဳးခန္းထဲကေန ကိုယ့္ေခၚသံေၾကာင့္ အလန့္တၾကား ေျပးထြက္လာရင္း အသံေပးလာသည့္ ကေလးငယ္ကို ၾကည့္ကာ Xiao Zhan ဘာမွမစဥ္းစားနိုင္ေတာ့ပဲ ကုတင္ေပၚကေန အေျပးတပိုင္းဆင္းၿပီး ေထြးေပြ႕ထားလိုက္မိသည္။
Yibo ကေတာ့ ကိုကို႔ရဲ႕ေအာ္ေခၚသံနဲ႕ အျပဳအမူတို႔ေၾကာင့္ ဖတ္ထားတဲ့အတိုင္း ေတာင့္ေတာင့္ႀကီးသာ ရပ္ေနမိသည္။
"ေၾကာက္ေနခဲ့တာ..."
လြတ္ထြက္သြားမည့္အလား တင္းၾကပ္ေနေအာင္ ဆြဲဖတ္ထားရင္း ပုခုံးေပၚမ်က္ႏွာအပ္ကာ ဆိုလာေသာ စကားတစ္ခြန္းက
'ေၾကာက္ေနခဲ့တာ...' တဲ့လား...??
ကိုကိုရာ..........။
"ကိုကို...
ကြၽန္ေတာ္ ဘယ္မွမသြားဘူးေနာ္...
ကြၽန္ေတာ္ ကိုကို႔အနားမွာပဲ အၿမဲတမ္းရွိေနမွာ..."
ကိုကို႔ေက်ာျပင္ေလးကို Yibo လက္ကေလးနဲ႕ ခပ္ဖြဖြပြတ္ေပးရင္းဆိုေတာ့ ပုခုံးထက္က ေခါင္းေလးက တဆက္ဆက္ ၿငိမ့္ျပလာတာကို ခံစားမိပါ၏။
ကြၽန္ေတာ္ တကယ္ ေၾကာက္ေနခဲ့တာ...။
ကိုယ္ နိုးလာေတာ့ ေဘးမွာ လစ္ဟာေနတဲ့ ေနရာေလးက ကိုယ့္ဦးႏွောက္ထဲကို အခ်က္ေပးသံေတြ အလုံးအရင္းနဲ႕အတူ ဆူညံေစခဲ့တယ္။
ထိုအခ်ိန္ ဦးႏွောက္ထဲ လုံးဝကို ဗလာျဖစ္သြားခဲ့ေပမယ့္ 'Baby သာ ထြက္သြားခဲ့ရင္' ဆိုတဲ့ အသိကေတာ့ မုန္းစရာေကာင္းေလာက္ေအာင္ကို တြယ္ၿငိေနခဲ့ျပန္တယ္...။
မယုံလို႔ေတာ့ မဟုတ္ဘူး။
မယုံရဲတာ...။
Baby ကိုေတာ့ မဟုတ္ဘူး။
ကိုယ့္ကိုယ္ကိုပဲ မယုံၾကည္ရဲတာ...။
ၿပီးေတာ့ ႐ုတ္တရက္ ေျပာင္းလဲသြားတတ္တဲ့ ကံၾကမၼာကိုေရာ.....။
"ကြၽန္ေတာ္ နိုးေတာ့ ကိုကို အိပ္ေပ်ာ္ေနတုန္းမို႔ မႏွိုး..."
"ကိုယ့္အနားမွာပဲရွိေနေပး..."
Yibo ေျပာမယ့္စကားေတြက ကိုကို႔ရဲ႕စကားတစ္ခြန္းေအာက္မွာပင္ ခယၿပိဳလဲသြားရသည္။
"မနက္တိုင္း ကိုယ္ အိပ္ယာနိုးရင္ Baby မ်က္ႏွာကိုပဲ အရင္ဆုံး ျမင္ခ်င္တာ...
ကိုယ္ မနိုးေသးရင္လည္း ထ,မသြားပဲ အနားမွာ ၿငိမ္ၿငိမ္ေလးဆက္အိပ္ေနေပး...
ကိုယ္ အိပ္ယာနိုးတာနဲ႕ Baby ကို Morning Kiss ေပးၿပီး Good Morning လို႔ အရင္ဦးဆုံး ႏႈတ္ဆက္မယ္...
ကိုယ့္အနားမွာပဲရွိေနတဲ့ Baby ရဲ႕ အျပဳအမူတစ္ခုခ်င္းစီတိုင္းကို မ်က္ေတာင္ မခတ္တမ္းလိုက္ၾကည့္ခ်င္တယ္..."
ကိုကို႔ရဲ႕ေယာက်ာ္းပီသလွတဲ့ ဩရွရွအသံက Yibo ရဲ႕ နားစည္ကေနတစ္ဆင့္ ႏွလုံးသားထဲထိ တသိမ့္သိမ့္စီးဝင္၏။
'ကိုကိုက ပိုလိုက္တာ...' ဆိုၿပီး Yibo အျပစ္မျမင္ရက္...။
ကိုကို႔ရဲ႕ခံစားခ်က္ေတြကို Yibo နားလည္သည္မို႔...
ၿပီးေနာက္ တရားခံဟာ စင္စစ္ ကိုယ္ပဲေပမို႔....!!
"ကတိေပးပါတယ္ ကိုကို...
ေနာက္ ကိုကို႔ကို သတိမေပးပဲ ဘယ္မွမသြားေတာ့ပါဘူး..."
"လိမ္မာလိုက္တာ ကိုကို႔ကေလးေလးက..."
ဖတ္ထားရင္းႏွင့္ပင္ Yibo ေခါင္းကို လက္တစ္ဖက္နဲ႕ လွမ္းဖြကာ ခ်ီးက်ဴးစကားေလးပါ မေမ့မေလ်ာ့ တဆက္တည္းဆိုလာသည့္ ကိုကို႔ရဲ႕ႏႈတ္ခမ္းေလးေတြက သေဘာတက် ၿပဳံးေနမည္ျဖစ္ေၾကာင္း ခံစားမႈအရသိပါသည္။
ကိုကို ၿပဳံးလိုက္တိုင္း ကိုယ္ပါ အလိုလို ၿပဳံးမိေပမယ့္ မ်က္ဝန္းထဲက အရည္ၾကည္ေတြကေတာ့ ဘာ့ေၾကာင့္မွန္းမသိ ရစ္သိုင္းေနျပန္သည္။
ကိုကိုနဲ႕ပတ္သတ္လာလွ်င္ ေပ်ာ့ညံ့သြားတတ္သည့္ ကိုယ့္ကိုယ့္ကို Yibo အားမလိုအားမရျဖစ္မိပါသည္။
စိတ္ခ်ပါ ကိုကို...
ကြၽန္ေတာ္ ကိုကို႔အနားမွာပဲ တစ္သက္လုံးရွိေနမွာပါ.....။
ေထြးေပြ႕ထားသည့္ လက္ကေလးေတြ အနည္းငယ္ေျပေလ်ာ့လာခ်ိန္မွာေတာ့ Yibo မ်က္ေတာင္ပုတ္ခတ္လုပ္ကာ အရည္ၾကည္ေတြကို အျမန္ခမ္းေျခာက္ေစလိုက္သည္။
"ကိုကို နိုးလာရင္ ေရခ်ိဳးဖို႔ ျပင္ဆင္ေပးထားတယ္..."
Yibo ေျပာေတာ့ ကိုကိုက Yibo ရဲ႕မ်က္ႏွာကို လက္ႏွစ္ဖက္နဲ႕ အုပ္ကိုင္လာရင္း...
"ေနာက္ဆို ဘာမွမလုပ္ပါနဲ႕ ကေလးေလးရဲ႕...
Baby ကိုကို႔အနားမွာရွိေနရင္ကို အရာအားလုံး ျပည့္စုံေနၿပီမို႔..."
ကိုကိုက ထိုသို႔ေသာ စကားေတြႏွင့္လည္း Yibo ရဲ႕ ႏွလုံးသားကို ေႁခြတတ္ပါေသးသည္။
"အခုေတာ့ မ်က္ႏွာသစ္ ေရခ်ိဳးလိုက္ေတာ့ ကိုကို...
ကြၽန္ေတာ္ အိမ္ေအာက္မွာ ေစာင့္ေနမယ္..."
"ဘာလုပ္ဖို႔လဲ...?
ကိုယ္နဲ႕အတူတူ ေရလာခ်ိဳးေလ..."
ၿပဳံးတုံ႕တုံ႕ မ်က္ႏွာထားနဲ႕ ကိုကိုက Yibo ရဲ႕လက္ကို ေရခ်ိဳးခန္းဆီ ဦးတည္ကာ တကယ္ပင္ ဆြဲလာသည္မို႔.....
"ဟို ကိုကို တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ ခ်ိဳးပါ...
ကြၽန္ေတာ္ မနက္စာျပင္ရဦးမယ္ေလ..."
ထြက္ေျပးခ်င္ေနတဲ့ ေကာင္ေလးကို နံရံနဲ႕ကပ္လိုက္ကာ ေဘးတစ္ဖက္စီမွာ လက္ႏွစ္ဖက္ကို ေထာက္ထားလိုက္ရင္း ပိတ္ထားလိုက္သည္။
"ကဲ... ဘာမွမလုပ္ပါနဲ႕ဆို Baby ရယ္...
ဒီမွာ ကိုကို တစ္ေယာက္လုံးရွိတယ္...
ကိုကို ခ်က္ေကြၽးမွာေပါ့...
ေရကို ႏွစ္ေယာက္အတူတူခ်ိဳးေတာ့ ေရလည္း တစ္ခါတည္း ေခြၽတာၿပီးျဖစ္တယ္ေလ မဟုတ္ဘူးလား...?"
ျငင္းမရတဲ့ အေျခအေနမို႔ Yibo မ်က္ႏွာေလးမွာလည္း တေျဖးေျဖး မႈန္လာေတာ့သည္။
"ေရခ်ိဳး႐ုံပဲ လို႔ အာမခံနိုင္လား ကိုကို..."
Yibo ေမးေတာ့ ကိုကိုက အျပစ္ကင္းစင္တဲ့ မ်က္ႏွာေလးနဲ႕ အံ့ဩသြားဟန္ မ်က္ခုံးေလးပင့္ျပရင္း...
"ေဟာဗ်ာ...
ေရခ်ိဳးခန္းထဲမွာ ေရမခ်ိဳးလို႔ ဘာလုပ္ခ်င္ေသးလို႔လဲ ကိုယ့္ရဲ႕ Baby ေလးက... ဟင္?"
ကိုကို႔ရဲ႕စကားေၾကာင့္ Yibo မ်က္ႏွာေတြ တေျဖးေျဖး ပူလာၿပီး နီရဲေနမွာလည္း မလြဲဧကန္ပင္...။
"ကိုကိုေနာ္... ေတာ္ၿပီဗ်ာ...
ကိုယ့္ဘာသာ တစ္ေယာက္တည္းခ်ိဳး..."
မ်က္ႏွာေလးနီကာ လက္ထဲကေန အတင္း႐ုန္းလို႔ ထြက္ေျပးသြားတဲ့ ကေလးေလးကို XZ မတားလိုေတာ့...။
ေခါင္းအသာရမ္းလ်က္ အသံထြက္သည္အထိ ရယ္လိုက္မိသည္။
မနက္ေစာေစာက XZ မ်က္ႏွာႏွင့္ အခု XZ မ်က္ႏွာမွာ လုံးဝကို မအပ္စက္ေတာ့ပါေလ...။
Baby စကားကို ကိုယ္ ယုံၾကည္သည္။
အရင္ကလည္း ယုံၾကည္ခဲ့သည္။
အခုလည္း ယုံၾကည္သည္။
ေနာင္လည္း ယုံၾကည္ေနဦးမွာပင္...။
Baby ျဖစ္ေနလို႔ကို ကိုယ္ ယုံၾကည္ဖို႔ လုံေလာက္လြန္းသည္ေလ.....။
_______________
"ကို ကြၽန္ေတာ္ ဒီအကၤ်ီနဲ႕ ဘယ္လိုေနလဲ...?"
"ဒီအကၤ်ီက ကိုနဲ႕ဆို အရမ္းလိုက္မွာ..."
"ဒီအကၤ်ီကလည္း ကြၽန္ေတာ္နဲ႕ ကြက္တိပဲ..."
"ဒါေလး"
"ဒါေလးေရာ ထပ္ထည့္ေပး..."
Plaza တစ္ပတ္ပတ္ကာ ပါးစပ္ကလည္း မနား လက္ကိုလည္း အနားမေပးပဲ
ဟိုဟာေလးကိုလည္း သူ႕ကိုယ္နဲ႕ ကပ္ၾကည့္လိုက္ ဒီဟာေလးကိုလည္း ကိုယ့္ခႏၶာကိုယ္နဲ႕လာတိုင္းၾကည့္လိုက္နဲ႕ ေတြ႕သမွ်အကုန္အိတ္ထဲထည့္ခိုင္းေနေသာ အဆိုးေလးအား ရွင္းခ်န္လည္း မနိုင္လို႔ လႊတ္ထားလိုက္ေလၿပီ။
သူ လုပ္ခ်င္ရာလုပ္ရေတာ့ အဆိုးေလး မ်က္ႏွာမွာ ႐ႊင္လို႔လန္းလို႔...
လူကလည္း တက္လို႔ႂကြလို႔...။
ရွင္းခ်န္ ဆိုသည္မွာလည္း အဆိုးေလး မ်က္ႏွာ တစ္ခ်က္အပ်က္မခံသူမို႔ အဲ့ဒီလိုေလးျမင္ေနရကို စိတ္ခ်မ္းသာေနတာေၾကာင့္ ဘာမွမေျပာပဲ ဒီအတိုင္း ၿပဳံးလ်က္သာ ရပ္ၾကည့္ေနမိေတာ့သည္။
"ကို႔ Duty Time ေရာက္ေတာ့မွာပဲ...
လာ လာ ျပန္ၾကစို႔...!"
ကိုယ္ ဝယ္ေပးထားတဲ့ Rolex နာရီေလးကို တစ္ခ်က္ျမႇောက္ၾကည့္ကာ ပိုက္ဆံေကာင္တာဆီ အေျပးေလး ေငြသြားရွင္းရင္း ခပ္သြက္သြက္လွမ္းေျပာ၏။
'ကိုယ္ ေငြရွင္းမယ္' ဆိုတာကိုလည္း ဒီေကာင္ေလးက လက္မခံဘူးေလ...။
'သူ႕အတြက္ပါ ဝယ္ရင္း ကိုယ့္အတြက္လည္း ဝယ္ေပးခ်င္လို႔ပါ' တဲ့...။
ဒီလိုဆိုေတာ့လည္း ကိုယ္က ဘာဆက္ေျပာနိုင္မွာလဲ...?
အဆိုးေလး စိတ္ႀကိဳက္ပါေပါ့...။
အခုလည္းၾကည့္...!
လာခ်င္တုန္းကေတာ့ အလုပ္လုပ္ေနတာကို အတင္းကပ္ခြၽဲတာ ဘယ္ေကာင္ေလးလဲ...?
ျပန္ခ်င္ေတာ့လည္း သူေလးပဲ ဇြတ္...!
"ကို႔ လာေလ..."
ေျပာေျပာဆိုဆို ကိုယ့္လက္ကို လာကိုင္ေသာ လက္တစ္ဖက္.....!
လက္တစ္ဖက္မွာ ဝန္ထမ္းမေလး ကမ္းေပးလာေသာ အထုတ္ေတြကို ဆြဲကာ
က်န္လက္တစ္ဖက္က ကိုယ့္လက္ကို တင္းေနေအာင္ ဆုပ္ကိုင္ရင္း မေျပး႐ုံတမယ္ သြားေနေသာ ေကာင္ေလးေၾကာင့္ ကိုယ္လည္း အေနာက္ကေန အျမန္လိုက္ရေလသည္။
အင္းးး ရင္ခုန္သံေတြကလည္း တဒိန္းဒိန္းေပါ့...။
လက္ခ်င္းတြဲကာ ဓာတ္ေလွကားဆီ ေျပးေနၾကတဲ့ ေကာင္ေလးႏွစ္ေယာက္ကို တစ္ခ်ိဳ႕က ထူးဆန္းသလို လိုက္ၾကည့္ၾကေပမယ့္ တစ္ခ်ိဳ႕ကေတာ့ ပုံမွန္လူသြားလူလာေတြလိုပဲ ဘာမွမျဖစ္သလို လိုက္လည္းၾကည့္မေနၾကပါ။
တစ္ခ်ိဳ႕က်ေတာ့လည္း အားက်တဲ့မ်က္ဝန္းေလးေတြနဲ႕ လိုက္ၾကည့္ၾကပါရဲ႕...။
ဒါေပမယ့္ သူတို႔ႏွစ္ေယာက္ကေတာ့ ပတ္ဝန္းက်င္ တစ္ခ်က္မွ လွည့္ၾကည့္ျခင္းအလ်ဥ္းမရွိ... ဂ႐ုလည္းမစိုက္ၾကပါေလ...။
သူတို႔ရဲ႕အိမ္မက္ေတြဆီ ၊ ေရွ႕ဆက္မယ့္ အနာဂတ္ေတြဆီကို ေပ်ာ္ေပ်ာ္ပါးပါး လက္ခ်င္းတြဲလို႔ ေလွ်ာက္လွမ္းေနၾကသည့္အတိုင္း ဒီကမၻာမွာ သူတို႔ႏွစ္ေယာက္တည္းရွိေနၾကသည့္အလား ႏွစ္ေယာက္စလုံးရဲ႕မ်က္ႏွာေပၚမွာ အၿပဳံးပန္းေတြလည္း ေဝဆာေနခဲ့ၾကသည္။
တစ္ေယာက္တစ္နားမွာ တစ္ေယာက္ရွိေနရင္ကို အရာရာျပည့္စုံေနၿပီမို႔ ဘယ္သူေတြကို ထပ္ၿပီး ဂ႐ုစိုက္ေနစရာလိုဦးမွာလဲေလ...။
"ဟူးးး ေမာသြားတာပဲ..."
"အဆိုးေလးက စြတ္ေျပးတာကိုးကြ...
ကိုယ့္ Duty က ဆယ္မိနစ္ေလာက္ လိုပါေသးတယ္..."
ဓာတ္ေလွကားေတြက ျပည့္ေနတာမို႔ ရိုးရိုးေလွကားကေန လက္ခ်င္းတြဲလို႔ ေျပးဆင္းလာခဲ့ၾကသည္။
ေျပးေနတုန္းကေတာ့ ခ်စ္ရသူနဲ႕ လက္ခ်င္းတြဲထားရလို႔လားေတာ့မသိ...
ႏွစ္ေယာက္စလုံး ေမာလို႔ေမာမွန္းပင္မသိခဲ့ၾက...။
Car Parking ေရာက္ေတာ့မွ ႏွစ္ေယာက္လုံး 'ေဟာ ဟဲ' လိုက္ေနၾကေလသည္။
"ကို႔ Duty ကို အေလးထားလို႔ပါဗ်...
ဆယ္မိနစ္ေလာက္ အခ်ိန္ရတာက တစ္ခုခုဝင္စားဖို႔ပါခဗ်..."
အဆိုးေလးရဲ႕ ခ်စ္စရာေကာင္းတဲ့ စကားေလးေၾကာင့္ ရွင္းခ်န္မွာ Heart ထိသြားရေလသည္။
"စကားတတ္တဲ့ အဆိုးေလးကို ခ်စ္လိုက္တာကြာ... မင္းေလးကို ခ်စ္ရလြန္းလို႔ ကိုယ္လည္း ႐ူးေတာ့မယ္ထင္တယ္..."
"ဟိုးထား ကို...
ဒါနဲ႕ Duty ခ်ိန္ တကယ္ မမွီပဲေနလိမ့္မယ္..."
ဆြဲဖတ္ကာ နမ္းဖို႔ျပင္ေနေသာ ကို႔ေၾကာင့္ အေၾကာင္းသိစြာ ဟန့္ေတာ့ မ်က္ႏွာေလး ငယ္သြားေလသည္။
"မစားရရင္ ေနပါေစကြာ..."
"ကြၽန္ေတာ္ကေတာ့ ဗိုက္ဆာေနၿပီ"
ေျပာကာ ကားေပၚတက္သြားတဲ့ ေကာင္ေလးေၾကာင့္ ရွင္းခ်န္လည္း မအီမသာမ်က္ႏွာႏွင့္သာ ကားထဲ ဝင္ထိုင္လိုက္ရေလသည္။
ကားထဲေရာက္ေတာ့ 'ဖ်က္ကနဲ' လာနမ္းေသာ ေကာင္ေလးေၾကာင့္ ရွင္းခ်န္ မ်က္ႏွာမွာ ဟန္မေဆာင္နိုင္ေတာ့ပဲ တေျဖးေျဖး ျပန္ၿပဳံးလာေလေတာ့သည္။
"အဲ့လိုႀကီး မေနနဲ႕ ၾကာရင္ အိုသြားလိမ့္မယ္... ၿပီးေတာ့ ႐ူးေနရင္ ကြၽန္ေတာ္က ေယာက်ာ္းမေတာ္နိုင္ဘူးေနာ္...
အဲ့ဒီအစား ကြၽန္ေတာ့္ကို ပိုခ်စ္ေပး..."
အဆိုးေလး စကားေၾကာင့္ ရွင္းခ်န္ ကားစက္ႏွိုးေနရင္း သေဘာတက်ၿပဳံးလိုက္မိသည္။
"ဒါေတာ့ စိတ္ခ်ပါဗ်ာ...
ကြၽန္ေတာ္ ေရွာင္ရွင္းခ်န္က ခ်စ္ရတဲ့အဆိုးေလး ႐ႊယ္ရန္ကို ႏွစ္ေယာက္မရွိတဲ့ ခ်စ္ျခင္းမ်ိဳးနဲ႕ တစ္စကၠန့္တိုင္းမွာ ပိုတိုးၿပီး ခ်စ္ေပးပါ့မယ္ခဗ်..."
"ကြၽန္ေတာ္ ကို႔ကို ယုံတယ္..."
"ကိုလည္း ဒီအဆိုးေလးကို ႁခြင္းခ်က္မရွိ ယုံၾကည္တယ္..."
ျပည့္စုံသြားၿပီ။
သူတို႔ရဲ႕ကမၻာငယ္ေလးမွာ တစ္ေယာက္အနားမွာ တစ္ေယာက္ရွိေနရင္ကို အရာရာျပည့္စုံေနခဲ့ၿပီ။
အိမ္မက္ေတြ...
ရည္မွန္းခ်က္ေတြ...
ေရွ႕ဆက္မယ့္ အနာဂတ္ေတြမွာ အဆိုးေလးနဲ႕အတူတူသာဆိုရင္ ဘယ္လိုအခက္အခဲမ်ိဳးကိုမဆို ရွင္းခ်န္ ရင္ဆိုင္နိုင္ပါသည္။
_______________
"အကို!"
ရွီးခ်န္ အသံၾကားရာကို လွည့္လိုက္ေတာ့
'ခ်လပ္' ဆိုတဲ့ ျမည္သံေလးနဲ႕အတူ ကိုယ့္ကို ဓာတ္ပုံလွမ္းရိုက္လိုက္တဲ့ ေကာင္ေလး...။
မ်က္ႏွာမွာလည္း ၿပဳံးလို႔ေပ်ာ္လို႔ေပါ့...။
"Ice cream ႏွစ္ခြက္ ဒီမွာရပါၿပီ"
ေယာင္ေလးကို အငမ္းလြန္ေနတဲ့ ရွီးခ်န္တစ္ေယာက္ ဆိုင္ရွင္စကားၾကားမွ အသိျပန္ဝင္လာၿပီး ပိုက္ဆံအျမန္ရွင္းကာ ခ်စ္ရသူေလးဆီ အေျပးႏွင္မိသည္။
"ဓာတ္ပုံရိုက္ရင္ ခြင့္ေတာင္းရမယ္ေလ ေယာင္ေလးရဲ႕..."
ရွီးခ်န္ စကားေၾကာင့္ မုန့္ေယာင္ ႏႈတ္ခမ္းေလးဆူကာ...
"ကိုယ့္ခ်စ္သူကို ဓာတ္ပုံရိုက္ရင္လည္း ခြင္းေတာင္းရမယ္ေပါ့..."
"ဒါေပါ့...
ဒါေပမယ့္ ကိုယ့္ကို ဓာတ္ပုံခိုးရိုက္တဲ့လူက ခ်စ္ရတဲ့ေယာင္ေလးျဖစ္ေနရင္ေတာ့ ခြင့္ေတာင္းတာအစား တစ္ျခားတစ္ခုလုပ္ေပးရမယ္..."
"ဘယ္လိုမ်ိဳးလဲ?"
မ်က္လုံးေလးဝိုင္းကာ ျပန္ေမးလာတဲ့ ေကာင္းေလးေၾကာင့္ ရွီးခ်န္ လူ႐ုပ္မာအၿပဳံး,ၿပဳံးလိုက္ကာ အနားကို ကပ္သြားလိုက္သည္။
"ဒီလို"
ေျပာကာ ႐ုတ္တရက္ ဖိကပ္ခံလိုက္ရတဲ့ ႏႈတ္ခမ္းေလးေၾကာင့္ မုန့္ေယာင္ ပါးေလး တေျဖးေျဖးရဲတက္လာေပမယ့္ မဖယ္ျဖစ္...။
ရွီးခ်န္ လက္ထဲက ေရခဲမုန့္ေတြကလည္း ေနေရာင္ျခည္ရဲ႕ရက္စက္မႈေၾကာင့္ေရာ
သူတို႔ရဲ႕အေရွ႕မွာ သူတို႔ထက္ကို ခ်ိဳျမေနၾကတဲ့ အတြဲေၾကာင့္ေရာ အားငယ္ကာ အရည္ေတြအျဖစ္ ေပ်ာ္က်ကဳန္ေတာ့သည္။
_______________
~~~5 Days later~~~
"Happy 2 months Anniversary ပါ ကိုကို..."
ၾကားလိုက္ရေသာ အသံေလးႏွင့္အတူ ႐ုတ္တရက္ လင္းထိန္လာသည့္ ၿခံဝန္းႀကီး...။
Xiao Zhan တစ္ေယာက္ အျဖဴေရာင္ဝတ္စုံအျပည့္ႏွင့္ Cake ကေလးကို ကိုင္ကာ ေခ်ာခ်င္တိုင္းေခ်ာေနေသာ ကေလးေလးအား မွင္သက္စြာပင္ ရပ္ၾကည့္ေနမိသည္။
မင္းေလး သိပ္ဆိုးတယ္ Baby ရာ.....။
သူကို တစ္ေန႕လုံး စိတ္ဆိုးခ်င္ေယာင္ေဆာင္ၿပီး Bar တို႔ Gym ဆိုင္တို႔ကို အတင္းသြားခိုင္းတာက ဒါေတြ ျပင္ဆင္ဖို႔တဲ့လား...?
ၿပီးေတာ့ ေလးေလးကပါ ႐ုတ္တရက္ ေသြးတိုးခ်င္ေယာင္ေတြ ေဆာင္ၿပီး ကိုယ့္ကို အခ်ိန္ဆြဲထားတာေတြကေရာ...?
ကိုယ့္မွာေတာ့ အလုပ္ကို သိပ္မသြားေတာ့ပဲ Baby အနားမွာပဲကပ္ေနလို႔ မၾကည္ေတာ့ဘူးထင္ၿပီး အလုပ္ေတြ ႀကိဳးစားျပလိုက္ရတာ ကေလးငယ္ရာ...။
ကိုယ့္မွာ တကယ္ လန့္သြားခဲ့တာ....!
"ဖေယာင္းတိုင္ေလး မႈတ္ဦးေလ ကိုကို..."
အေတြးလြန္ေနတဲ့ ကိုယ့္ကို လႈပ္ႏွိုးလိုက္တာက Baby ရဲ႕ ခပ္ရွရွအသံေလး.....။
"Baby ရာ....."
Xiao Zhan ထိုစကားမွလြဲ၍ ဘာမွမေျပာတတ္ေတာ့...။
Baby က ကိုယ့္ကိုၾကည့္ကာ အႏူးညံ့ဆုံး ၿပဳံးျပလာ၏။
"ကိုကို႔အေပၚ ဟန္ေဆာင္ခဲ့တာေတြအတြက္ ကြၽန္ေတာ္ တကယ္ေတာင္းပန္ပါတယ္..."
"မဟုတ္တာ Baby က ကိုယ့္တို႔ရဲ႕ Anni ေလးအတြက္ ျပင္ဆင္ေနတယ္ဆိုတာ သိလိုက္ရေတာ့ အဲ့ဒါေတြအားလုံးကို စိတ္ထဲမထားေတာ့ပါဘူး"
"ဟုတ္ ကိုကို...
ဖေယာင္းတိုင္မီးေလး မႈတ္ဦး"
"Together"
Xiao Zhan စကားကို Baby က အၿပဳံးေလးနဲ႕အတူ ေခါင္းၿငိမ့္ျပရင္း ဖေယာင္းတိုင္မီးေလးကို ႏွစ္ေယာက္အတူတူ မႈတ္လိုက္ၾကသည္။
"ကိုကို ဘာဆုေတာင္းလဲ...?"
Yibo အေမးကို XZ က အၿပဳံးႏုႏုေလးေတြႏွင့္ ျပန္ေျဖ၏။
"ဘာေတြ ထပ္ၿပီး ဆုေတာင္းေနစရာလိုေသးလို႔လဲ ကေလးေလးရဲ႕...?
ကိုကို႔အနားမွာ Baby တစ္ေယာက္လုံးရွိေနတာပဲေလ..."
Xiao Zhan စကားကို Yibo က သြားေလးေတြေပၚသည္အထိ သေဘာတက်ၿပဳံးသည္။
"ကြၽန္ေတာ္ ဘာဆုေတာင္းလိုက္လဲ...?
ကိုကို သိခ်င္လား...?"
"အင္း"
Yibo ရဲ႕ အေမးကို ကိုကိုက တကယ္ စိတ္ဝင္စားတဲ့ မ်က္လုံးေတြနဲ႕ ေျဖလာတာေၾကာင့္ အားတက္သြားမိသည္။
Yibo အားတင္းၿပီး ဆုေတာင္းကို တစ္လုံးခ်င္းေျပာျပလိုက္သည္။
"ကြၽန္ေတာ္ ဆုေတာင္းတာက.....
ကြၽန္ေတာ့္တို႔ဘဝထဲကို ဝင္လာမယ့္.....
ကေလးေလးကို ကိုကိုနဲ႕အတူတူ အေကာင္းဆုံးႀကိဳဆိုေပးနိုင္ဖို႔..."
"ဘယ္လို Baby?"
"ဟုတ္တယ္ ကိုကို... ကြၽန္ေတာ့္ဗိုက္ထဲမွာ ကေလးေသးေသးေလးရွိေနၿပီ..."
Baby က ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးနဲ႕ ေျပာေနေသာ္လည္း XZ မွာ တည္တည္ၿငိမ္ၿငိမ္ပင္ျဖစ္သည္။
"မေနာက္ပါနဲ႕ Baby ရယ္...
ဒါက အရမ္းအႏၱရာယ္မ်ားလြန္းတယ္ေလ..."
Yibo ကိုကို႔စကားေၾကာင့္ ေခတၱမွ်ေတြသြားမိသည္။
ဒီလို ေျပာလိုက္ရင္ ကိုကို ေပ်ာ္သြားမယ္ လို႔ ထင္ထားတာေလ...။
ကိုကို႔ဘဝမွာ မိသားစုဆိုတာကိုပါ Yibo က ျဖည့္စည္းေပးခ်င္ခဲ့တာ...။
'မေနာက္ပါဘူး' လို႔ ေျပာခ်င္ေပမယ့္ ကိုယ့္လို ေယာက်ာ္းတစ္ေယာက္ကို လက္ထပ္ခဲ့တဲ့ ကိုကိုက 'ကေလးမလိုခ်င္လို႔မ်ားလား' လို႔ တဆက္တည္း ေတြးမိသြားေတာ့လည္း ထိုစကားကို မေျပာျဖစ္။
ဒီအတိုင္းသာ Cake ေလးကို ကိုင္ရင္း ငူငူႀကီး မတ္တပ္ရပ္ေနမိသည္။
Baby စိတ္ထဲဘာေတြေတြးေနလဲ ဆိုတာ သိေနတဲ့ XZ ကေတာ့ သက္ျပင္းအသာခ်လိဳက္သည္။
"Baby ဒီမွာ ကိုယ့္ကိုၾကည့္...
ဒီကိစၥက အရမ္းအႏၱရာယ္မ်ားတာ Baby လည္း သိတယ္မလား...
ကိုယ္လည္း စိတ္ပူသြားလို႔ပါ Baby ရယ္...
Baby သာ တကယ္ ကေလးလိုခ်င္တယ္ဆိုရင္ ကိုယ္က မကန့္ကြက္ပါဘူး..."
"ကြၽန္ေတာ္က ကိုကို႔အတြက္ မိသားစုဆိုတဲ့ အသိုက္အၿမဳံေလးကို ဖန္တီးေပးခ်င္လို႔ပါ..."
မ်က္ႏွာငယ္ေလးနဲ႕ ေခါင္းေလးငုံ႕ကာ ေျပာလာေတာ့လည္း မေနနိုင္သူက ကိုယ္.....။
"Baby ရယ္...
ကိုယ့္မွာ ဒီကေလးေလးတစ္ေယာက္တည္းကိုေတာင္ ခ်စ္လို႔မဝေသးတာကို..."
"ခ်စ္လို႔ဝသြားရင္ ပလစ္သြားမယ္ေပါ့ေလ..."
စိတ္ဆိုးသည္မဟုတ္ပဲ ၿပဳံးစစနဲ႕ ျပန္ေမးလာတဲ့ ကေလးငယ္ရဲ႕ေခါင္းေလးကို XZ မေနနိုင္စြာ လွမ္းဖြလိုက္မိသည္။
"ကိုယ့္တို႔ဘဝထဲေနာက္ထပ္ဝင္လာမယ့္ ကေလးေလးကို Baby ထပ္မေလ်ာ့တဲ့ အခ်စ္မ်ိဳးနဲ႕ ကိုကို ခ်စ္ေပးပါ့မယ္...
ၿပီးေတာ့ မိသားစုအသိုက္အၿမဳံေလးကို ဖန္တီးေပးေတာ့မယ့္ ဗိုက္ပူေလးကိုလည္း အမ်ားႀကီးပိုၿပီး ခ်စ္ေပးဦးမွာဗ်ားးး"
"ကိုကိုကေတာ့ေလ.....
တကယ္ ေက်းဇူးတင္ပါတယ္ ကိုကို လက္ခံေပးတဲ့အတြက္"
"ေက်းဇူးတင္ရင္ ဒီတစ္ခါ ေနာက္ဆုံးပဲလို႔ ကတိေပး..."
"ဟုတ္ ေပးတယ္ ကိုကို..."
ႏွစ္ေယာက္စလုံးအၿပဳံးေတြၾကားထဲမွ မ်က္ရည္ေတြလည္း ဝိုင္းၾကခဲ့ရသည္။
ကိတ္မုန့္ေတြအတူခြဲရင္း ကင္မရာေတြနဲ႕ မွတ္တမ္းတင္ကာ ၿပဳံးေပ်ာ္ခဲ့ၾကသည္။
ဝိုင္နီေတြနဲ႕အတူ မူးယစ္ေစကာ
ထိုထက္ပို၍ ယစ္မူးေစေသာ ကိုကို႔ရဲ႕ 'Bae...' ဆိုတဲ့ ေခၚသံနဲ႕စ,တင္ကာ အျပာေရာင္ကို လွပစြာဖန္တီးခဲ့ၾကသည္။
ထိုေန႕ညက ေမ့မရတဲ့ ညအျဖစ္ အလွပဆုံး မွတ္ေက်ာက္တင္နိုင္ခဲ့ၾကသည္။
ကဲ... ဘာေတြ ထပ္လိုဦးမွာလဲေလ.......။
_______________
~~~6 years later~~~
*ကေတာင္*
(ကိုကို ကြၽန္ေတာ့္ကိုေစာင့္ဦး Duty ၿပီးေတာ့မယ္...)
ကားတံခါးကိုမွီကာ ပို႔လာတဲ့ message ေလးကိုၾကည့္ရင္း အၿပဳံးဆိုသည္မွာလည္း XZ ႏႈတ္ခမ္းထက္မွာ Auto ျဖစ္ေစသည္။
သားသားကို ေက်ာင္းသြားႀကိဳဖို႔ သူ႕ကို ခနေစာင့္ခိုင္ေနျခင္း။
ၿပီးရင္ မေနနိုင္စြာ သူကပဲ Duty အခ်ိန္လႊဲၿပီး ခနေနရင္ (သြားၾကစို႔ ကိုကို) ဆိုတဲ့ message ေလးေရာက္လာေတာ့မည္။
*ကေတာင္*
(သြားၾကစို႔ ကိုကို
ကြၽန္ေတာ္ ထြက္လာေနၿပီ)
ျမင္လား ျမင္လား??
ေက်ာင္းဖြင့္တဲ့ ေန႕တိုင္း ဒီလိုပဲေပမို႔ ကိုယ္ လည္း အထာေပါက္ေနၿပီေလ...။
XZ ေလာေလာဆယ္ ထိုင္ေနတတ္တဲ့ Gym ဆိုင္က ေက်ာင္းနဲ႕နီးတာေၾကာင့္ သူ႕ကို ေစာင့္ၿပီး အတူတူသြားႀကိဳဖို႔ ေန႕တိုင္း လွမ္းေျပာတတ္သည္။
ခနေနေတာ့ ေဆး႐ုံထဲကေန ခပ္သြက္သြက္ ထြက္လာတဲ့ Duty cote အျဖဴေရာင္ေလးနဲ႕ ရွင္းသန့္ေနတဲ့ ေကာင္ေလးကို XZ ဂုဏ္ယူစြာ ၾကည့္ရင္း ကိုယ့္ကို ျမင္ေစရန္ လက္လွမ္းျပလိုက္သည္။
ေကာင္ေလးက ကိုယ့္ကိုျမင္ေတာ့ လက္လွမ္းျပကာ ၿပဳံးျပရင္း အနားကို အေျပးကေလးေရာက္လာသည္။
"ကိုကို"
"ဗ်"
"ကြၽန္ေတာ့္ကို ဖက္ပါအုံး"
Baby စကားကို နာခံစြာ ခႏၶာကိုယ္ေလးကို ဆြဲဖတ္ထားေပးလိုက္ရင္း ေခါင္းေလးကိုလည္း ခပ္ဖြဖြပြတ္ေပးေနမိသည္။
"ကိုကို႔ရဲ႕ Baby ေလးက ကိုကို႔ဘဝမွာ ဂုဏ္အယူရဆုံး အေထြေထြခြဲစိတ္အထူးကု ဆရာဝန္လးပဲ..."
"ကိုကိုက ကြၽန္ေတာ့္ကို အၿမဲတမ္း လန္းဆန္းတက္ႂကြေစတဲ့ ကြၽန္ေတာ္ တစ္ေယာက္တည္းပိုင္တဲ့ အားေဆးေလးပဲ..."
"ဟားးး အတတ္ေလးကြာ...
ဒီကိုကိုက Baby ေလးအတြက္ အၿမဲတမ္း အားေဆးေလးျဖစ္ေပးေနမွာ..."
"သြားၾကေအာင္ေလ သားသား ေက်ာင္းဆင္းေလာက္ၿပီ"
Yibo စကားေၾကာင့္ ကိုကိုက မ်က္ႏွာကို မဲ့လိုက္ကာ...
"ကိုယ္တို႔ စကားေျပာလို႔ေကာင္းေနရင္ အရႈပ္ထုတ္ေလးကပါလာၿပီ..."
"ကိုကိုလည္း ကိုယ့္သားကို..."
Yibo မနိုင္စြာ ေခါင္းအသာရမ္းလို႔ ရယ္လိုက္မိသည္။
ကိုကိုက ထိုကဲ့သို႔ပင္...။
တစ္ခါတစ္ေလ သားသား ကိုယ္တို႔ႏွစ္ေယာက္ၾကားထဲ လာအိပ္တယ္ဆိုရင္
ခနေန သားသားက ေဘးဘက္ေရာက္သြားၿပီး ကိုကိုက ကိုယ့္ကို လာဖတ္အိပ္တတ္ေသးသည္။
အခုေတာ့ Yibo က အရင္ဦးစြာ ကိုကို႔ဘက္က Driver seat ကားတံခါးကို သြားဖြင့္ေပးလိုက္ေတာ့ ယုန္သြားေတြေပၚသည္အထိ ျပန္ၿပဳံးျပလာသည္။
ႏႈတ္ခမ္းထက္က မွဲ႕နက္ကေလးကေတာ့ ေနေရာင္ေအာက္မွာ ကိုကို႔အၿပဳံးေတြကို ပိုေတာက္ပေနေအာင္ ပံ့ပိုးေပးေနသေယာင္...။
ကားထဲ မဝင္ခင္ တံခါးဖြင့္ေပးထားတဲ့ ကိုယ့္ကို ခါးအနည္းငယ္ၫႊတ္လို႔ ေခါင္းေလးငုံ႕သြားေသးသည္။
ကိုကို႔ရဲ႕အျပဳအမူေလးေၾကာင့္ Yibo ရဲ႕အၿပဳံးေတြ ပိုၿပီးေတာ့ အသက္ဝင္လာသလို အခ်စ္ေတြလည္း ပိုတိုးလာရသည္။
ေက်ာင္းေရွ႕ကို ကိုယ္တို႔ေရာက္သြားေတာ့ သားသားတို႔ ေက်ာင္းဆင္းလာတာႏွင့္ အခ်ိန္ကိုက္ ကြက္တိပင္...။
"Daddy Dad"
"သားသား"
Duty cote ႀကီး တလႊားလႊားနဲ႕ သားသားကို ေျပးဖတ္တဲ့ Baby ကို ၾကည့္ကာ XZ ကားကို မွီရပ္ေနရင္း ၿပဳံးေနမိသည္။
တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ဖတ္ထားၾကရင္း ခနၾကာမွ ကိုယ့္ဘက္ကို လွည့္လာၾကေလသည္။
"Daddy"
လုံးတုံး လုံးတုံးနဲ႕ ကိုယ့္ဆီကို ေျပးလာတဲ့ သားသားကို XZ ေခ်ာ္လဲမည္စိုးတာေၾကာင့္ လွမ္းထိန္းေပးထားလိုက္သည္။
"ဝမ္ေလးကေလ Daddy နဲ႕ Dad ကို ျမင္ရင္ အရမ္းေပ်ာ္တာပဲ..."
သားသားနဲ႕ အရပ္တူေအာင္ ဒူးတစ္ဖက္ေထာက္ကာ ထိုင္ေပးေတာ့ သားသားရဲ႕အသံေလးက နားစည္ကို ရိုက္ခတ္လာသည္။
အေဖႏွစ္ေယာက္ရွိေနသည့္တိုင္ သားသားမွာ ထူးျခားတဲ့ခံစားခ်က္မ်ိဳးရွိမေနေစရ...။
သားသား အေကာင္းဆုံး ျပဳစုပ်ိဳးေထာင္ေပးထားတာေၾကာင့္လည္း လိမၼာေရးျခားရွိၿပီး ခ်စ္စရာေကာင္းလြန္းလွသည္။
"Daddy ကလည္း သားသားေပ်ာ္တာကို ျမင္ရင္ ေပ်ာ္ပါတယ္ဗ်"
"ဘာလို႔ယဲ...?"
သားသားရဲ႕ေခါင္းေလးေစာင္းကာ ေမးသံေလးအဆုံး XZ Baby ကို မ်က္လုံးလွန္ကာ လွမ္းၾကည့္လိုက္သည္။
"သားသားေပ်ာ္ရင္ Baby လည္း ေပ်ာ္တယ္ေလ... အဲ့ဒီေတာ့ Daddy လည္း ေပ်ာ္တာေပါ့..."
"ဟြန့္ Daddy ကလည္း..."
ကိုကို႔ရဲ႕အေျဖေၾကာင့္ သားသား စိတ္မေကာင္းျဖစ္မည္ကို စိုးမိေသာ္လည္း သားသားကေတာ့ အၿမဲတမ္း ၾကားေနရတဲ့စကားလိုမ်ိဳး က်င့္သားရေနေလၿပီ။
ဝမ္ေလး ေက်ာင္းဆင္းခ်ိန္တိုင္း ဖခင္ႏွစ္ေယာက္စလုံးနဲ႕ လာႀကိဳတတ္တဲ့ သူတို႔မိသားစုေလးကို ၾကည့္ကာ ကေလးေတြက အားက်တတ္ၾကေသးသည္။
သားသားက ေက်ာင္းမွာ စာလည္းေတာ္ကာ သူတို႔ကေလးေတြၾကားထဲမွာ အၿမဲတမ္း ဗိုလ္ျဖစ္ေနေတာ့သည္။
"ကဲ... Daddy တို႔ ျပန္ၾကရေအာင္
Baby က အကၤ်ီမလဲရေသးဘူး"
Daddy စကားေၾကာင့္ ဝမ္ေလး ႏွာေခါင္းေလးရႈံ႕မိေတာ့ Daddy က ရယ္သည္။
ထို႔ေနာက္တြင္ေတာ့ ဝမ္ေလးက Dad ဖြင့္ေပးတဲ့ ကားတံခါးေလးေၾကာင့္ အေနာက္ခန္းမွာထိုင္ ၊ Dad ကေတာ့ Daddy ဖြင့္ေပးထားတဲ့ ကားတံခါးေလးေၾကာင့္ Daddy ေဘးမွာ ထိုင္ ၊ Daddy ကေတာ့ ကားေမာင္းတဲ့ေနရာမွာ ထိုင္ၿပီး စံအိမ္သို႔ ခရီးႏွင္ရသည္ေပါ့...။
ဝမ္ေလးကေတာ့ ေက်ာပိုးအိတ္ေလးထဲက အ႐ုပ္ေလးနဲ႕ ေအးေအးေဆးေဆးပဲ ေဆာ့ေနလိုက္တယ္...။
Daddy နဲ႕ Dad က ဝမ္ေလးထက္ကို ပိုၿပီးေတာ့ကို တီတီတာတာေတြ ေျပာေနၾကေတာ့မွာေလ...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 4123 words 💞
ေနာက္ဆုံးေတာ့ Royal ရဲ႕ Zhanyi Fanfiction ေလးကို
အဆုံးထိေရးနိုင္ခဲ့ၿပီ။ 🖤
အဆုံးထိ လိုက္ပါစီးေျမာေပးၾကတဲ့ Royal ရဲ႕ အားေဆးေလးေတြကိုလည္း တကယ္ေက်းဇူးတင္ပါတယ္...။ 🤍
(ဒါနဲ႕ ခင္ဗ်ားေလးတို႔ ဝမ္ေလးကလြဲရင္ က်န္တဲ့လူေတြအကုန္ စိတ္ႀကိဳက္ Oc နိုင္ပါၿပီဗ်ာ...💘)
တဆက္တည္း *ေက်းဇူးတင္လႊာ* ေလးကိုပါ ဖတ္ေပးသြားၾကပါဦးလို႔...။
(Wp က စာဖတ္သူေလးေတြကို Royal ဘက္က Fianl အထိေရာက္ေအာင္ ေရးသားေပးခဲ့တဲ့အတြက္ အေမာေျပအားေဆးေလးအျဖစ္ vote ေလးေတြ ment ေလးေတြ မေပးခဲ့ခ်င္ၾကဘူးဗ်ာ...
Fianl ေရာက္ အမွတ္တရေလးေပါ့...💞)
အစစအရာရာ အသြားအလာ ဂ႐ုစိုက္ၾကပါေနာ္ ❤
💞 အားလုံးကို ခ်စ္ခင္ေလးစားလွ်က္ 💞
Kroyalwhite💌💞🤍
Jul 13,Tue (Updated Day) 🖤✨