[Zawgyi]
Amsterdam
(Capital City of Netherlands)
ဒီကိုေရာက္ကတည္းက ျမန္မာျပည္ကလူေတြနဲ႔ အဆက္အသြယ္သိပ္မလုပ္ျဖစ္။ ဇာနည္တို႔က စာေတြ ဘာေတြလွမ္းပို႔လည္း သူကမွ စိတ္ကူးရသည့္အခ်ိန္ စာျပန္ျဖစ္ေသးသည္။ မင္းခကေတာ့ ဝင္ေတာင္မဖတ္။
ဒီေရာက္ၿပီး တစ္လေလာက္ၾကာေတာ့ မင္းခက
စာၾကည့္တိုက္တစ္ခုမွာ အလုပ္ရသည္။
မလာခင္ကတည္းက စီစဥ္ထားသည့္အတိုင္း
သူကေတာ့ ဓာတ္ပံုပညာအား ဆက္ေလ့လာျဖစ္သည္။ အခ်ိန္ပိုင္းအလုပ္တစ္ခုလုပ္ဖို႔ မင္းခကို တိုင္ပင္ၾကည့္ေတာ့ အတင္းအၾကပ္ မတားျမစ္ေသာ္လည္း မ်က္စိမ်က္ႏွာပ်က္ေနတာမို႔ သေဘာေတာ္အတိုင္း သူ႔လုပ္စာသာ ထိုင္စားေနလိုက္ေတာ့၏။
အမ္စတာဒမ္မွာ အတည္တက်ေနျဖစ္ဖို႔ အေျခက်ၿပီဟု မဆိုနိူင္ေသးေသာ္လည္း အနည္ထိုင္စေတာ့ ျပဳေနၿပီ။ ပိုက္ဆံကအဓိကမို႔ ပိုက္ဆံအလံုအေလာက္႐ွိေနသည့္ သူတို႔အတြက္ အခက္အခဲသိပ္မေတြ႔ရ။ တစ္ခုပဲ... မင္းခအတြက္က ဘာသာစကားအခက္အခဲ
သိပ္မႀကီးလွေသာ္လည္း သူ႔အဖို႔ကေတာ့ foreigner တစ္ေယာက္ေယာက္နဲ႔ ေသခ်ာစကားေျပာျဖစ္ဖို႔ကိုပင္ မလြယ္ကူစြာ ႐ုန္းကန္ေနရဆဲ။
ေနရထိုင္ရတာကေတာ့ အဆင္ေျပသည္။ ရာသီဥတုလည္း သာယာ၏။ တခ်ိဳ႕အားလပ္ရက္မ်ား၌ ႏွစ္ေယာက္အတူတူ စက္ဘီးစီးၿပီးေတာ့ လည္ပတ္စားေသာက္ျဖစ္ၾကသည္။ ေနာက္ၿပီး နယ္သာလန္ႏိုင္ငံက လိင္တူလက္ထပ္ခြင့္လည္း တရားဝင္ေပးထားၿပီးသားမို႔ ျမန္မာျပည္မွာလို ပတ္ဝန္းက်င္ေဘးပတ္လည္က မ်က္လံုးႏွင့္ပါးစပ္မ်ားကို ဂ႐ုစိုက္ဆင္ျခင္ေနဖို႔လည္း သိပ္မလို။
ဒီေန႔အဖို႔ေတာ႔ သြန္းအုပ္သြားစရာမ႐ွိ။ မင္းခက အလုပ္သြားတာမို႔ သူတစ္ေယာက္တည္း အိမ္မွာ
ပ်င္းရိေျခာက္ေသြ႔စြာျဖင့္ က်န္ခဲ့ရသည္။
လုပ္စရာရယ္လို႔လည္း မယ္မယ္ရရမ႐ွိတာမို႔ အားအားယားယား ဖုန္းထိုင္သံုးေနလိုက္၏။
ring........
Facebookသံုးရင္း ခဏၾကာေတာ့ ဝင္လာသည့္
Messenger Callတစ္ခု။
ဇာနည္*
တန္းမကိုင္ေသးဘဲ ခပ္ၾကာၾကာၾကည့္ေနလိုက္သည္။ ထိုခ်ာတိတ္ ဘာစကားေတြ မ်ားဦးမည္မသိ။ လူေလးက ဂ်စ္ကန္ကန္ေပမယ့္ သူတို႔ကိုေတာ့ တကယ္ခင္႐ွာသည္။
မကိုင္မခ်င္း အဆက္မျပတ္ေခၚေနတာမို႔ ေနာက္ဆံုး၌ သူ႔ဘက္က လက္ေလ်ွာ့ေပးလိုက္ေတာ့....
"Congratulations!!! ဦးပိုင္။ မဂၤလာ႐ွိတဲ့ ေန႔ေကာင္းရက္ျမတ္မွာ ေပ်ာ္ရႊင္ႏိုင္ပါေစ! ဟားဟားး"
သြန္းအုပ္ မ်က္ေမွာင္ကုတ္သြားသည္။ ဖုန္းထဲကတဆင့္ ၾကားေနရသည့္ ဇာနည့္စကားသံကို နားေထာင္ရံုႏွင့္ သြန္းအုပ္သိလိုက္၏။
က်စ္! ဒီေကာင္ေတာ့ ေတာ္ေတာ္မူးရြဲေနၿပီ။
"မင္းမူးေနရင္လည္း တျခားနိုင္ငံမွာ လူအိပ္ခ်ိန္မွန္းမသိ၊ ေန႔လည္စာစားခ်ိန္မွန္းမသိနဲ႔ ဖုန္းလွမ္းဆက္ၿပီး ေႏွာင့္ယွက္မေနနဲ႔။ အလိုက္ကမ္းဆိုးမသိတတ္တာလည္း ေတာ္ရံုပဲေကာင္းတယ္"
"ဦးပိုင္ကလည္းးး သားက ဦးပိုင္တို႔ကို သတင္းေကာင္း ေျပာျပမလို႔ပါဆို"
ဇာနည္က မူးေၾကာင္႐ူးေၾကာင္ျဖင့္ ကညဳတုတု
သံ႐ွည္ဆြဲၿပီး ခြၽဲေျပာလိုက္တာမို႔ ဇာနည့္မ်က္ႏွာကို မျမင္ရတာေတာင္ သြန္းအုပ္ကေတာ့ စိတ္ပ်က္လက္ပ်က္ ျဖစ္သြားရသည္။ ဒီေကာင္ အူျမဴးေနတာလား။
ဒါမွမဟုတ္ အသည္းကြဲေနတာလား။
သြန္းအုပ္ ဇာနည့္အား တစ္ခုခုေမးရန္ျပင္လိုက္စဥ္မွာပင္ ဇာနည့္ဆီက ေနာက္ဆက္တြဲထြက္လာသည့္ စကားက...
"လြန္းမိုးသားနဲ႔ ပံုရိပ္သြင္။ အဟက္! နာမည္ႏွစ္ခုနဲ႔ ဦးပိုင္ရဲ႕ညီေလ"
"••••"
"အဲ့ဒီလူယုတ္မာႀကီး မ႐ွိေတာ႔ဘူး"
"••••"
ခံစားခ်က္က စူးခနဲ ေအာင့္ခနဲ။
နာၾကားမ်ား မွားသလား။
မ႐ွိေတာ့ဘူးဆိုတာက ဘာကိုဆိုလိုခ်င္တာလဲ။
သူတို႔မသိတဲ့ေနရာတစ္ခုခုကို ထြက္သြားတာလား။
ေလာကႀကီးထဲကေန ေပ်ာက္ကြယ္သြားတာကို ေျပာတာလား။
အေျဖေသခ်ာေအာင္ ျပန္မေမးခင္ လႈပ္႐ွားေနသည့္စိတ္ေၾကာင့္ တံေတြးတစ္ခ်က္ ၿမိဳခ်မိသည္။
"သူက ဘာလို႔မ႐ွိတာလဲ။ ဘယ္သြားလို႔လဲ"
သိလိုေဇာကိုဖံုးဖိလ်က္ ဂ႐ုမစိုက္သလို ေအးစက္စက္ ေမးလိုက္မိျခင္းက ရင္ထဲကစိုးရိမ္စိ္တ္ကို လူသိမခံပဲ ကြယ္ဝွက္လိုသည့္ ဆႏၵေၾကာင့္သာ။
"ေသသြားတာေလ ဦးပိုင္ရဲ႕။ ဦးပိုင္တို႔အားလံုးအရမ္းမုန္းတဲ့
ဦးပိုင္ရဲ႕ညီက ေသသြားတာေလ"
"•••"
"ဟားးးဟားးးးးး Congratulations ဦးပိုင္။ ဦးပိုင္တို႔ေတြကေတာ့ လြတ္လြတ္လပ္လပ္ ေပ်ာ္လို႔ရၿပီ။
အဲ့ဒီလူယုတ္မာက ဦးပိုင္တို႔ကို ဒုကၡမေပးႏိုင္ေတာ့ဘူး။ ေကာင္းတယ္... အဲ့လိုေသသြားေတာ့လည္း ေအးတာပဲ"
"•••"
ေသြး႐ူးေသြးတန္းႏွင့္ ဇာနည္ေျပာေနသည့္ စကားေတြကို သြန္းအုပ္ ဘာမွမတံု႔ျပန္ႏိုင္။ ေအာက္ႏႈတ္ခမ္းသားကို နာနာဖိကိုက္လ်က္ မ်က္ရည္က်မလာမိေအာင္ ထိန္းေနရသည္။
သူ ပံုရိပ္သြင္ကို အရမ္းမုန္းတာပါ။ ဘာျဖစ္လို႔
အခု မေပ်ာ္ႏိုင္ရတာလဲ။ အဲ့ဒီအစား ဘာလို႔မ်ား
ရင္ထဲမွာ နာက်င္လာရတာလဲ။
"ဟားးးး မိုက္တယ္ဗ်ာ။ လူေသတာကို ဒီေလာက္ထိ ေပ်ာ္ဖို႔ေကာင္းလိမ့္မယ္လို႔ တစ္ခါမွမေတြးခဲ့ဖူးဘူး"
"ဇာနည္"
ဇာနည္က စိတ္လြတ္ေနသည္။ ခံစားခ်က္ႏွင့္
ဆန္႔က်င္ဘက္စကားေတြေျပာၿပီး သူ႔စိတ္သူေျဖသိမ့္ေနပံုရ၏။ ပံုရိပ္အေပၚ ဇာနည္ ဘယ္ေလာက္ထိခ်စ္လဲ သူအသိဆံုး။
"ဦးပိုင္ရဲ႕ညီက မေကာင္းဘူးဗ်ာ။ ကြၽန္ေတာ္ေစာင့္ေနမွာ သိသိႀကီးနဲ႔ လုပ္ခ်သြားတာ။ ကြၽန္ေတာ္... ကြၽန္ေတာ္က
သူေပ်ာ္ေအာင္ထားႏိူင္ဖို႔ ႀကိဳးစားပါ့မယ္ဆိုတာကို
ခဏခဏ ကတိေပးထားရဲ႕သားနဲ႔"
"•••"
"အဲ့အ႐ူးကေလ ဆရာ့စကားမွမဟုတ္ရင္ ဘယ္သူေျပာတာမွ ဂ႐ုမစိုက္ဘူး။ ကြၽန္ေတာ့္ကိုဆို ပိုၿပီးေ-ာက္ဂ႐ုမစိုက္ဘူး။ ကြၽန္ေတာ္ အဲ့ေလာက္တဖြဖြေတာင္းဆိုေနတာကိုေတာင္ သူထားသြားရက္တယ္ ဦးပိုင္"
"•••"
"ဘယ္လိုလုပ္မလဲ။ ကြၽန္ေတာ္လည္း ႐ူးေတာ့မယ္ထင္တယ္"
"••••"
"အကိုမ႐ွိေတာ့ရင္ သူ႔အတြက္ေရာ၊ အားလံုးအတြက္ပါ ေအးခ်မ္းသြားလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ထားခဲ့တာ။ ဒါေပမယ့္ေလ"
"••••"
"အခု အခု... ကြၽန္ေတာ့္ရင္ေတြ အရမ္းပူေနတယ္ ဦးပိုင္။ ဦးပိုင္.. ကြၽန္ေတာ္ ဘာလုပ္ရမလဲဟင္။ ကြၽန္ေတာ္ တကယ္႐ူးေတာ့မွာ။ အကို႔လိုမဟုတ္ဘဲ
တကယ္သြက္သြက္ခါေအာင္ ႐ူးသြားေတာ့မွာ"
"•••"
"ကြၽန္ေတာ္..."
ဖုန္းကို တိခနဲပိတ္ခ်ၿပီးေတာ့ ေဘးကိုခ်ထားလိုက္သည္။
ဇာနည့္စကားမ်ားကို ဆက္နားမေထာင္ခ်င္။
ဟားးးးး
ေနာက္ဆံုးက်ေတာ့ အႏိုင္ပိုင္းၿပီး အရင္ထြက္သြားၿပီ။
အၾကာႀကီး မုန္းေနခ်င္ေသးတာကိုေတာင္ ခြင့္မေပး။
လုပ္ခ်င္ရာေတြ လုပ္ၿပီးေတာ့၊ သူမ်ားေတြရဲ႕ရင္ထဲ ဒဏ္ရာေတြထည့္ေပးခဲ့ၿပီးေတာ့ သူကေတာ့
လြတ္လမ္း႐ွာၿပီး ထြက္ေျပးတတ္လိုက္တာ။
သူ႔အေဖေပးသြားခဲ့တဲ့ ႐ွား႐ွားပါးပါးအေမြက သူ႔စိတ္ေတြပင္ပန္းေအာင္ အမ်ိဳးမ်ိဳးစြမ္းႏိုင္လြန္းလိုက္တာ။
---------------
"ပံုရိပ္သြင္ ဆံုးသြားၿပီတဲ့"
"ေျသာ္..."
မင္းခဆီက ခပ္တိုးတိုး အာေမဋိတ္သံတစ္ခုကလြဲ၍
ဘယ္လိုအေမးစကားမ်ိဳးမွ ထပ္မၾကားရတာေၾကာင့္ သြန္းအုပ္လွည့္ၾကည့္လိုက္ေတာ့ မင္းခက ဘာမွမခံစားရသလို ဖတ္လက္စစာအုပ္ကေန အၾကည့္တစ္ခ်က္မလႊဲ။
"မင္းခ"
"ဗ်ာ"
"မင္းၾကည့္ရတာ စိတ္မဝင္စားသလိုပဲ။ နည္းနည္းပါးပါးေတာင္ စိတ္မေကာင္းမျဖစ္ဘူးလား?"
"ကိုယ္တစ္ခါမွမသိခဲ့ဖူးတဲ့ လူတစ္ေယာက္ရဲ႕ ေသဆံုးျခင္းအတြက္ ဘာျဖစ္လို႔မ်ား ကြၽန္ေတာ့္အေနနဲ႔ ဝမ္းနည္းေနဖို႔ လိုအပ္တာလဲ ကိုကို"
"မင္းခ~"
အံ့ျသတုန္လႈပ္စြာျဖင့္ ေခၚမိသည့္ သြန္းအုပ္၏အသံက အနည္းငယ္ အက္ကြဲေနလိမ့္မည္ထင္၏။ မင္းခကိုလည္း
အျပစ္တင္လို႔မရ၊ သူကိုယ္တိုင္လည္း ကိုယ့္စိတ္ကိုယ္ေတာင္
သေဘာမက်ႏွင့္ ဘာဆက္ေျပာရမွန္း မသိေအာင္ ျဖစ္သြားရသည္။
အသက္႐ႈဖို႔ေတာင္ေမ့ၿပီး မင္းခကိုသာ မွင္သက္စြာ ၾကည့္ေနမိ၏။ မင္းခက သြန္းအုပ္ သူ႔အား
မလႈပ္မယွက္ျဖင့္ မ်က္စိပ်က္မ်က္ႏွွာပ်က္ စိုက္ၾကည့္ေနတာကို သိလိုက္တာမို႔ ခပ္သဲ့သဲ့ရယ္ရင္း စာအုပ္ကိုပိတ္လိုက္သည္။ သြန္းအုပ္၏ေဘးသြားထိုင္ကာ သြန္းအုပ္၏နဖူးအား သူ႔ႏႈတ္ခမ္းျဖင့္ ခပ္ဖြဖြဖိကပ္နမ္းလိုက္ရင္း...
"ကိုကို စိတ္မေကာင္းျဖစ္ေနမွာ ကြၽန္ေတာ္သိပါတယ္။
ကိုကို ျပန္ခ်င္တယ္မလား။ ကြၽန္ေတာ္ ျပန္ဖို႔အတြက္ မျဖစ္ျဖစ္ေအာင္ စီစဥ္ၿပီးေတာ့ ျပန္လိုက္ပို႔ေပးမယ္ေလ"
"မျပန္ဘူး"
"ဟင္။ ကိုကို႔မ်က္ႏွာမေကာင္းေတာ့ သူ႔ေနာက္ဆံုးခရီးကို လိုက္ပို႔ခ်င္မယ္ထင္လို႔"
"မသြားေတာ့ဘူး။ အခုခ်ိန္မွ သြားလို႔လည္း ဘာထူးလာမွာမို႔လို႔လဲ။ ဟိုေရာက္ရင္ မင္းလည္း စိတ္အေႏွာင့္အယွက္ ျဖစ္ေနရမယ္ေလ"
"အင္းပါ။ ကိုကို႔သေဘာ"
သြန္းအုပ္ သက္ျပင္းရွည္ႀကီးခ်မိသည္။ ဘာစကားမွလည္း ဆက္ေျပာခ်င္စိတ္မ႐ွိေတာ့။ စားပြဲေပၚက ေရဘူးကိုယူ၍ ေသာက္လိုက္ေသာ္လည္း ရင္ထဲက အပူေတြကေတာ့ ျငိမ္ေအးမသြား။
မင္းခကလည္း အလိုက္တသိျဖင့္ ၿငိမ္ၿငိမ္သက္သက္။
"Sorry! ကိုကို။ ကြၽန္ေတာ္ ေခါင္းနည္းနည္းမၾကည္လို႔ ေလသံမာသြားတယ္။ ကြၽန္ေတာ္ အိပ္ႏွင့္ေတာ့မယ္။ ဒီညေတာ့ ကိုကို႔ကို မေစာင့္ေတာ့ဘူးေနာ္။ ျဖစ္တယ္မလား"
"အင္း.. ေခါင္းမၾကည္ရင္ ေဆးေလးဘာေလးေသာက္ၿပီးမွ အိပ္ဦး"
"ဟုတ္"
-
-
ညတစ္နာရီေက်ာ္မွ အိပ္ခန္းထဲသို႔ ဝင္လာျဖစ္သည္။
ႏြမ္းလ်လ်စိတ္က အိပ္ခ်င္စိတ္ေတြကို ေႏွာင့္ယွက္ေနပံုရ၏။
အိပ္ခ်ိန္ေက်ာ္ေနၿပီမို႔ အိပ္ခန္းထဲသာ ဝင္လာခဲ့ရေသာ္လည္း အိပ္ေပ်ာ္ႏိုင္မွာမဟုတ္တာက ေသခ်ာေနသည္။
ေက်ာေပးကာ တစ္ဖက္လွည့္ၿပီး အိပ္ေနသည့္ မင္းခအား
ခပ္မွိန္မွိန္အလင္းေရာင္ျဖင့္ ၾကည့္လိုက္မိေတာ့ တသိမ့္သိမ့္လႈပ္႐ွားေနသည့္ ေက်ာျပင္။
"မင္းခ.. ဒီဘက္လွည့္စမ္း။ ငိုေနတာလား။ ေနမေကာင္းဘူးလား"
စိုးရိမ္စြာျဖင့္ ေျပာလည္းေျပာ.. ဒီဘက္ကိုလည္း
ဆြဲလွည့္လိုက္ေတာ့ နီရဲမို႔အစ္ေနတဲ့ မ်က္လံုးေတြ။ ေအာက္ႏႈတ္ခမ္းသားကို ဖိကိုက္ၿပီးေတာ့ အသံမထြက္ေအာင္ ႀကိတ္ငိုေန၏။ သူသိသြားတဲ့အထိ အငိုမရပ္ေသး။
တကယ္... ဒီကေလးေလးကေတာ့ေလ။
ဘာမွဆက္မေမးဘဲ ဖက္ထားေပးေတာ့ သူ႔ရင္ခြင္ ခပ္က်ဥ္းက်ဥ္းထဲ တိုးေဝွ့ဝင္လာၿပီး ႐ႈိက္၍၊႐ႈိက္၍ ဆက္ငိုသည္။ ငိုေနရင္းႏွင့္လည္း...
"ေတာင္းပန္ပါတယ္။ ကိုကို႔ကို ေတာင္းပန္ပါတယ္"
"......"
"က်.. ကြၽန္ေတာ္က ေလးသက္ကို သတိရလို႔ငိုေနတာ"
"အင္းပါ ဟုတ္ပါၿပီ။ ကိုကိုက ဘာေျပာလို႔လဲ"
မင္းခက ဆက္ငိုေနမိဆဲ။
"ေတာင္းပန္ပါတယ္။ ေလးသက္ကို သတိရလို႔ငိုမိသြားတာ။ ေနာက္မငိုေတာ့ပါဘူး"
"ငိုပါ.. မင္းစိတ္ေတြေပါ့သြားတဲ့အထိ ငို။ ေလးသက္ကို သတိရလို႔ငိုတာမလား။ အားရပါးရ ငိုပစ္လိုက္။ ကိုကိုနားလည္တယ္။ မင္းစိတ္ကို မင္းထက္ပိုၿပီး နားလည္ပါတယ္"
"•••"
"အရမ္းနာက်င္ေနမွန္းသိတာမလို႔ ကိုကို႔ကိုအားမနာပဲငို"
--------------
အငိုသန္တဲ့ ကေလးမလို႔
ကိုကိုက ေခ်ာ့ေပးရမွာေပါ့။
ကိုကို႔ကို အားမနာတမ္းငို၊
တစ္ခါေလာက္ပဲျဖစ္ျဖစ္
မင္းကိုယ္မင္း သနားၿပီးေတာ့ငို။
-------------------
ေန႔စြဲမ်ားက တစ္ရက္ၿပီးတစ္ရက္ ေျပာင္းလဲသြားသည္။ ေလာကႀကီးက ပံုမွန္လို လည္ပတ္ေနဆဲ။ လူေတြဟာ အရင္လို ကိုယ္စီအလုပ္မ်ားေနၾကဆဲ။
တစ္ခါတရံမွာ ဝမ္းနည္းစိတ္ပ်က္စရာ ေန႔ရက္ေတြကို ၿငီးျငဴရင္းနဲ႔ပဲ ၿပီးဆံုးေအာင္ ျဖတ္ေက်ာ္ေနၾကရသလို တခ်ိဳ႕အခ်ိန္ေတြ၌ ေပ်ာ္ရႊင္မႈတို႔ႏွင့္ အတိအပ
ျပည့္စံုေနတာမ်ိဳးလည္း ၾကံဳေတြ႔ရတတ္ျပန္သည္။
မင္းခႏွင့္သြန္းအုပ္တို႔၏ ဘဝျဖတ္သန္းမႈသည္လည္း ထိုအတိုင္း။ သြန္းအုပ္က မင္းခအား မၾကည္မလင္ျဖင့္ လက္သီးတျပင္ျပင္ လုပ္ေနတတ္သည့္ အခ်ိန္မ်ားလည္း႐ွိသလို အပ်ိဳႀကီးလည္းမဟုတ္ဘဲ ပြစိပြစိလုပ္ႏိုင္လြန္းသည့္ မင္းခ၏ ဆူပူဆံုးမသံမ်ားအား နားစည္ကြဲလုမတတ္ သြန္းအုပ္ ႀကိတ္မွိတ္နားေထာင္ေပးရသည့္ ရက္မ်ားလည္း႐ွိ၏။
ေယာက်္ားသားႏွစ္ဦး၏ အိမ္ေထာင္ေရးက ထင္ထားတာထက္ ႐ိုး႐ွင္းခဲ့သည္။ ဒါကလည္း တစ္ဦးအေပၚတစ္ဦးထားသည့္ ေမတၱာ၊ နားလည္မႈ၊ ေလးစားမႈ၊ ယံုၾကည္မႈႏွင့္ ခ်စ္ျခင္းတရားတို႔ေၾကာင့္ အဆင္ေျပေခ်ာေမြ႔ခဲ့ျခင္း။ ႏွစ္ဦးသားအား ခိုင္ျမဲေအာင္ ခ်ည္ေႏွာင္ဖို႔အတြက္ ကေလးေလးေတြလည္း မလိုအပ္ခဲ့။ စာခ်ဳပ္စာတမ္းႏွင့္ လူအမ်ားအသိအမွတ္ျပဳမႈေတြဟာ အပိုသက္သက္။
ႏွစ္အေတာ္ၾကာသည္အထိ အမ္စတာဒမ္မွာပဲ ေနျဖစ္ခဲ့ၾကသည္။ ျမန္မာျပည္သို႔ လံုးဝမျပန္ျဖစ္။ မနက္ဆိုလ်ွင္ မင္းခက ေစာေစာထၿပီး မနက္စာ ႀကိဳျပင္ထားသည္။ ၿပီးလ်ွင္ သြန္းအုပ္ႏွင့္ မနက္စာအတူစား၊ သြန္းအုပ္အား မနက္ခင္းအာဘြားတစ္ခ်က္ေပးၿပီးေတာ့ သူ႔အလုပ္႐ွိရာသို႔သြားသည္။
မေတာင္းသည့္အေႂကြးေတြကို အရမ္းျပန္ဆပ္ခ်င္သည့္ မင္းခက သြန္းအုပ္ဆီကေခ်းလာတဲ့ အေႂကြးေတြေက်ၿပီးသည့္ ေနာက္ပိုင္းမွာလည္း
full time jobေရာ၊ part time jobေတြကိုပါ ေလာဘတႀကီးလုပ္ၿပီး စီးပြားေရးေသာင္းက်န္းေနခဲ့သည္။
သြန္းအုပ္ကေတာ့ မင္းခမ႐ွိခ်ိန္ အိမ္မွာက်န္ခဲ့ၿပီး လုပ္စရာ႐ွိသည့္ အိမ္အလုပ္မ်ားအား စိတ္ကူးရလ်ွင္ ေတာက္တိုမယ္ရ လုပ္ေနတတ္သည္။
အေပ်ာ္တမ္းဓာတ္ပံုသမားမို႔ မ်ားေသာအားျဖင့္ကေတာ့ အိတ္တစ္လံုးႏွင့္ ကင္မရာတစ္လံုးကိုလြယ္ၿပီး ဟိုဟိုဒီဒီ ေလ်ွာက္ပတ္ေနျဖစ္၏။ စိတ္ပါသည့္အခ်ိန္ ၾကံဳႀကိဳက္တာႏွင့္တိုးလ်ွင္လည္း ၿပိဳင္ပြဲေတြမွာ ဝင္ၿပိဳင္ျဖစ္သည္။
ရံဖန္ရံခါမွာေတာ့ မင္းခ႐ွိေနမည့္ စာၾကည့္တိုက္ကိုသြားၿပီး စာဖတ္ျဖစ္သည္။ ဆယ္တန္းမေအာင္ခဲ့ေသာ္လည္း ဒီဘာသာစကားေတြႏွင့္ ရင္းႏွီးကြၽမ္းဝင္ေနၿပီျဖစ္တာမို႔ အခက္အခဲမရွိေတာ့။
သြန္းအုပ္အား အလုပ္လက္မဲ့ဟု သတ္မွတ္လို႔မရေသာ္လည္း ဝင္ေငြကေတာ့ ပံုမွန္မ႐ွိ။ သို႔ေသာ္လည္း ဒါကျပႆနာမဟုတ္။ လုပ္ေကြၽးမယ့္ ေယာက်္ားငယ္ငယ္ေလးကို ယူထားတာမို႔ ထိုေယာက်္ား၏လုပ္စာကိုပဲ အိမ္ဦးခန္းမွာထိုင္ၿပီး အားမနာတမ္းစားေနျဖစ္သည္။
ႏွစ္ေယာက္စလံုး အားလပ္သည့္ရက္မ်ား၌ အမ္စတာဒမ္ၿမိဳ႕အႏွံ႔ေလ်ွာက္လည္ျဖစ္သည္။ ဒီေရာက္ေတာ့မွ မင္းခက ခ်ိစ႔္ေရာဂါထေန၏။
ဘယ္ေနရာေရာက္ေရာက္ နမူနာအျမည္းေကြၽးသည့္ ခ်ိစ့္မ်ားအား အလကားလိုက္စားေနရတာကို အေတာ္ေလး သေဘာေခြ႔ေနသည္။
အမ္စတာဒမ္႐ွိ ေပါမ်ားလြန္းသည့္ ပြဲေတာ္ေပါင္းစံုအား
သြန္းအုပ္လြတ္မသြားေစရန္ အလုပ္မအားေနလ်ွင္ေတာင္
မင္းခက လိုက္ပို႔ေပးတတ္သည္။ ညသန္းေခါင္မွ သြန္းအုပ္က ပ်င္းသည္ ထေျပာလ်ွင္လည္း စက္ဘီးတစ္စီးဆြဲ... သူ႔ကိုတင္ေခၚၿပီး လမ္းက်ဥ္းေလးေတြထဲ လိုက္ပို႔ေပးတတ္ျပန္သည္။ ကမာၻမပတ္ျဖစ္ေသာ္လည္း တူးေျမာင္းလွလွေတြၾကားက ေရေပၚပန္းပြဲေတာ္ကိုေတာ့ အျမဲတမ္းေခၚသြားေပးတတ္သည္။
အမ်ားႀကီးအလိုလိုက္ေပးသည့္ မင္းခက အရက္နံ႔ရလ်ွင္ေတာ့ ေက်ာင္းဆရာေဟာင္းပီပီ ပြစိပြစိဆူတတ္သည္။ တစ္ခါတေလေလး အရက္ခိုးေသာက္တာမိတိုင္း "ေနာက္တစ္ခါေသာက္ရင္ ခ်ဥ္ေစာ္နံတဲ့အထိ ပစ္ထားမယ္" ေျပာၿပီးေတာ့လည္း မူးၿပီးအန္တိုင္း ႏွာေခါင္း႐ႈံ့ၿပီး သန္႔႐ွင္းေရးလုပ္ေပးျမဲျဖစ္သည္။
အတိတ္ကိုေမ့ေနတဲ့အထိ ႏွစ္ေယာက္တည္းနဲ႔တစ္ကမာၻ တည္ေဆာက္ေနမိသည္ဟု သတ္မွတ္ႏိုင္သည္။ အဆင္မေျပသည့္ ရက္အခ်ိဳ႕လည္း႐ွိေပမယ့္ သူတို႔အတြက္ေတာ့ ထိုေန႔ရက္ဟာလည္း ဘာနဲ႔မွမလဲႏိုင္ေအာင္ တန္ဖိုးထားစရာျဖစ္ခဲ့တာေတာ့ ေသခ်ာပါ၏။
ရံဖန္ရံခါ ကေတာက္ကဆ ျဖစ္ၾကသည္။
တစ္ခါတေလ အကဲပိုအခ်စ္စမ္းၾက၏။
တစ္ေယာက္က အဆင္မေျပလ်ွင္ က်န္တစ္ဦးက
ႏွစ္သိမ့္ေပးသည္။ မၾကာခဏဆိုသလို တစ္ေယာက္တစ္ျပန္ သဝန္တိုေနၾကျပန္ေသး၏။
ဒီလိုနဲ႔တစ္ရက္....
ေနာက္တစ္ပတ္....
ထပ္ၿပီးေတာ့ တစ္နွစ္....
တစ္ရက္ၿပီးတစ္ရက္၊ တစ္ႏွစ္ၿပီးတစ္ႏွစ္ ကုန္လြန္သြားခဲ့ၿပီး ဆယ္စုႏွစ္ေတြခ်ီလို႔ ၾကာသြားၿပီးတဲ့အခ်ိန္။
-
-
-
ရန္ကုန္ၿမိဳ႕(ျမန္မာႏိုင္ငံ)
ေဆးရံုအထူးခန္းတစ္ခုက လူနာကုတင္ေပၚ ျဖဴေဖ်ာ့စြာ လဲေလ်ာင္းေနသည့္ လူနာဦးေလးႀကီးတစ္ေယာက္႐ွိသည္။ ထိုလူႀကီး၏နံေဘး၌ ဘုရားစာတတြတ္တြတ္ ရြတ္ဆိုလ်က္ သူငယ္ခ်င္းျဖစ္သူ ျပန္လည္က်န္းမာလာဖို႔
ဆုေတာင္းေႁခြေနသည့္ ဆရာဝန္မႀကီး တစ္ေယာက္လည္း႐ွိသည္။
ဆုေတာင္းလို႔သာ ေတာင္းေနေသာ္လည္း သူမ၏ ဆုေတာင္းေတြကို ဘုရားကျဖည့္ေပးမွာ မဟုတ္မွန္းကိုလည္း ထိုအမ်ိဳးသမီးႀကီးက သိပါသည္။ သိသိရက္ႏွင့္ပဲ ဆုေတာင္းမိတာကလည္း သူမအတြက္ ဘုရားမွတစ္ပါး
ယံုၾကည္အားကိုးစရာမ႐ွိတာမို႔။
ကေလးဘဝကတည္းက တဖက္သတ္ခ်စ္ခဲ့ရသည့္သူ။ သူမ၏ ဘဝတစ္ေလ်ွာက္လံုး ရင္ထဲက႐ွိသမ်ွ အခ်စ္ေတြအားလံုးကို ပံုေအာၿပီး ခ်စ္လာရသည့္သူ။
သူမကို ျပန္မခ်စ္ခဲ့သည့္ ထိုသူငယ္ခ်င္း၏ ေနာက္ဆံုးေန႔ရက္တို႔က တျဖည္းျဖည္း နီးကပ္လာခဲ့ၿပီ။
အျမဲတေစ ေတာက္ပေလးနက္ေနခဲ့သည့္ မ်က္ဝန္းတို႔ကို မွိတ္ထားသည္။ အေရာင္ရင့္ရင့္ ႏႈတ္ခမ္းသားတို႔က
ယခုမူျဖဴေဖ်ာ့ေဖ်ာ့။ အျမဲတမ္း ၾကည့္လို႔မဝႏိုင္ခဲ့ရသည့္ ျပည့္တင္းတင္းမ်က္ႏွာက ေရာဂါဒဏ္ေၾကာင့္ အမ်ားႀကီး
ေခ်ာင္က်သြားၿပီ။
တကယ္ဆို အသက္ေျခာက္ဆယ္ေက်ာ္ဆိုတာ ငယ္ေသးတာပဲမလား။ သူမနဲ႔မဟုတ္ေပမယ့္လည္း သူခ်စ္တဲ့သူနဲ႔အတူ ေနာက္ထပ္အခ်ိန္ေတြအၾကာႀကီး ေပ်ာ္ေနတာကိုၾကည့္ရင္း အိုမင္းသြားခ်င္ခဲ့သည္။ သို႔ေသာ္လည္း ကံတရားက ရက္စက္လြန္းပါသည္။
ေဒၚကဗ်ာဦးက က်လုဆဲဆဲ မ်က္ရည္တို႔ကိုထိန္းရင္း...
"ေနမင္းခ~"
"......"
"ထပ္ၿပီးေတာ့ နင္အိပ္ေပ်ာ္သြားတာ ႏွစ္ရက္႐ွိေနျပန္ၿပီ"
"......"
"လူဆိုးေကာင္! နင္ဟာေလ အျမဲတမ္းငါ့ကို စိတ္ဆင္းရဲေအာင္ အရမ္းလုပ္တာပဲ။ တစ္မ်ိဳးၿပီးတစ္မ်ိဳး မ႐ိုးရဘူး"
ေဒၚကဗ်ာဦးက ဦးမင္းခ၏ဆံပင္တခ်ိဳ႕ကို သပ္တင္ေပးေနရင္းက တိုးဖြဖြစကားမ်ားအား တစ္ကိုယ္တည္းေျပာေနမိသည္။
"နင္အခုလို အိပ္ေနတာကို ငါမႀကိဳက္ပါဘူးဟယ္"
"နင္ႀကိဳက္ေအာင္ဆိုၿပီး ေနမေကာင္းျဖစ္ေနတဲ့လူက ထကျပေနရဦးမွာလား။ အနားလာၿပီး ပြစိပြစိနဲ႔။
ေတာ္ၾကာ ႏိုးလာခါက်ရင္ နင့္ျမင္ၿပီး ထပ္ေမ့ခ်င္သြားမယ္။ ဘာလဲ.. အသက္ႀကီးလာလည္း ဥာဏ္ရည္ကမီမလာဘူး။ ဆရာဝန္တစ္ေယာက္လုပ္ေနၿပီး လူနာအေပၚ မသိတတ္လိုက္တာ"
အခန္းထဲကိုဝင္လာရင္း ခပ္အုပ္အုပ္အသံျဖင့္ ဆူေနျပန္သည့္ ဦးသြန္းအုပ္စိုးပိုင္။
ေဒၚကဗ်ာဦးက တစ္ခုခုျပန္ေျပာရန္ ပါးစပ္ျပင္ၿပီးမွ
ဦးမင္းခကို တစ္ခ်က္လွမ္းၾကည့္ရင္း ျပန္ၿမိဳသိပ္လိုက္သည္။ ေဆးရံုခန္းထဲမွာမို႔ ဒင္းလိုက်က္သေရတံုးႏွင့္ စကားမမ်ားခ်င္။
သူမကိုသာ လာဆူေနၿပီး ဒီလူက သူကိုယ္တိုင္လည္း ဘာမွမထူး။ အရြယ္အုိၿပီး ဆံပင္ေတြသာ ေျပာက္တိေျပာက္က်ား ျဖဴလာသည္။ လူကေတာ့ (သူမ၏အျမင္၌) ၾကည္ညိဳစရာ ႐ွိမလာ။ ႐ုပ္မျမင္ရလ်ွင္ ကြယ္ရာမွာ ေမတၱာထားေပးႏိုင္ေသာ္လည္း သူ႔မ်က္ႏွာ ျမင္လိုက္လ်ွင္ေတာ့ ေစတနာပါေပ်ာက္သြားသည္။
သူမလို အရြယ္တူေခ်ာေခ်ာေမာေမာ မိန္းကေလးကိုေတာ့ စိတ္မဝင္စားခဲ့ပဲဲ ဘဝတေလ်ွာက္လံုး ဒီလို အိုမင္းရြတ္တြေနသည့္ အသက္ႀကီးႀကီး၊ပါးစပ္ေပါက္ဆိုးဆိုး ေယာက်္ားႀကီးကိုသာ တန္းတန္းစြဲခ်စ္ခဲ့သည့္ ကုတင္ေပၚက လူနာေကာင္ကိုလည္း တစ္ခါတစ္ခါ အျမင္ကပ္လြန္းသျဖင့္ စိတ္႐ွိတိုင္းထု႐ိုက္ပစ္လိုက္ခ်င္သည္။ မလုပ္ရက္၍သာ။
ဦးသြန္းအုပ္က ေျပာခ်င္ရာေျပာၿပီးသည့္ေနာက္ သတိေမ့ေနသည့္ လူနာကို သန္႔႐ွင္းေရးလုပ္ေပးရန္ျပင္ေနၿပီ။ ေဒၚကဗ်ာဦးကို အဖက္လုပ္ဖို႔ေနေနသာသာ ႐ွိသည္ဟုပင္ သေဘာမထားေတာ့။
အကူnurseက ေဆာင္ရြက္ေပးရမည့္ ကိစၥေတြဆိုေသာ္လည္း ဇီဇာေၾကာင္လြန္းသည့္ ဦးသြန္းအုပ္က သူ႔ခင္ပြန္း လူနာဦးမင္းခႏွင့္ ပတ္သက္သမ်ွကို သူ႔လက္သူ႔ေျခခ်ည္း လုပ္ေပးခ်င္တာမို႔ အားလံုးကလႊတ္ထားရျခင္းသာ။
အဝတ္အစားေတြလဲ၊ ေရပတ္တိုက္ေပးဖို႔ ျပင္ခ်ိန္က်မွ...
"နင္ၾကည့္ရဲၿပီး မင္းခက ႐ွက္ဖို႔သတိမကပ္ေနရင္ေတာင္ ငါကေတာ့ ငါ့လူရဲ႕ခႏၶာကိုယ္ကို ဘယ္သူ႔ကိုမွျပဖို႔ ၾကည္ျဖဴမေနဘူး"
"အမေလးဟယ္.. စကားေျပာတာ လူပါးဝေနလိုက္တာ။ ထြက္ေပးမယ္.. ထြက္ေပးမယ္"
ဒီအသက္အရြယ္ေတြပဲ ေရာက္ေနၿပီ။ အခုခ်ိန္ထိ သူမကိုျမင္တိုင္း ရည္းစားလုဖက္လိုမ်ိဳး သေဘာထားၿပီး ႏွိပ္ကြပ္ေနတတ္သည့္ ဦးသြန္းအုပ္အား အျမင္ကပ္လြန္း၍ ခပ္တိုးတိုးရန္ျပန္ေတြ႔ၿပီးေနာက္ ေဒၚကဗ်ာဦးတစ္ေယာက္ အခန္းျပင္သို႔ ထြက္လာေပးလိုက္သည္။
-
-
ခဏၾကာေတာ့ လူနာကိုေရာ၊လူနာ႐ွင္ကိုပါ
သံေယာဇဥ္မျပတ္ႏိုင္သျဖင့္ အခန္းထဲသို႔ ေဒၚကဗ်ာဦး ျပန္ဝင္လာခဲ့သည္။
တံခါးကို အသံမထြက္ေအာင္ ခပ္တိုးတိုးဖြင့္ၿပီး ဝင္လာလာခ်င္း ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္
ရင္ထဲမွာ ေလးလံတင္းက်ပ္ေနသည့္ၾကားက
ေဒၚကဗ်ာဦး ျပံဳးမိ၏။
လက္ေတြ႔သာ မျမင္ရလ်ွင္ ဘယ္သူမွယံုခ်င္မွာမဟုတ္ေပ။
အခ်ိန္တိုင္းလို မ်က္ႏွာကမႈန္ကုပ္ၿပီး ထစ္ခနဲ႐ွိ စိတ္တိုေနတတ္သည့္ထိုလူက လူနာခင္ပြန္း၏ လက္သည္းေျခသည္းမ်ားကိုေတာ့ စိတ္႐ွည္လက္႐ွည္ႏွင့္ လွီးျဖတ္ေပးေနတာမ်ား တယုတယ။
အျမဲတေစ လူတကာအေပၚ အထက္စီးကေန ဆက္ဆံတတ္သည့္ မာနႀကီးႀကီးထိုလူက သူ႔ခင္ပြန္းျဖစ္သူ၏ ေဝယ်ာကိစၥအားလံုးကိုေတာ့
မၿငီးမျငဴျပဳစုေဆာင္ရြက္ေပးေနက်မို႔
အေတာ္ေလးေတာင္ ကြၽမ္းက်င္ေနခဲ့ၿပီ။
တစ္ခ်က္တစ္ခ်က္ လုပ္လက္စအလုပ္ကိုရပ္၍ အိပ္ေပ်ာ္(သတိေမ့)ေနသူ၏မ်က္ႏွာကို ေတြေတြႀကီး ၾကည့္ေနတတ္ျပန္ေသးသည့္သူက ကိုယ့္စိတ္ကိုယ္လည္း အမ်ားႀကီးျပင္ဆင္ထားၿပီးပံုရ၏။ မင္းခ၏ေရာဂါအေၾကာင္း သိခ်ိန္ကစလို႔ အခုခ်ိန္ထိ အတည္ၿငိမ္ဆံုးလူကို ျပပါဆိုလ်ွင္ ထိုလူပင္။
အေပါက္ဝတြင္ရပ္ၿပီး ၾကည့္ေနသည့္ ေဒၚကဗ်ာဦးကို
လွမ္းျမင္ေတာ့ ဦးသြန္းအုပ္က တစ္ခုခုေျပာရန္ ျပင္လိုက္သည္။ သို႔ေသာ္လည္း ေဒၚကဗ်ာဦးက ခုနကႏွင့္ လံုးဝျခားနားစြာ လူႀကီးဆန္ဆန္ ေအးေအးေဆးေဆး ျပံဳးျပေနတာမို႔ ဘာမွမေျပာေတာ့ဘဲ မူလအတိုင္း ဦးမင္းခကိုသာ ျပန္ၾကည့္ေနလိုက္၏။
ေဒၚကဗ်ာဦးက ဦးသြန္းအုပ္တို႔အနား သြားရပ္လိုက္ၿပီးေနာက္
ဦးသြန္းအုပ္ၾကည့္ေနသည့္ လူကိုပင္ သူမလည္း အတူၾကည့္ေနျဖစ္ရင္း....
"သြန္းအုပ္စိုးပိုင္"
"......."
"နင္လည္း ပင္ပန္းေနၿပီ။ ဒီေန႔တစ္ညေလာက္ျဖစ္ျဖစ္ နားလိုက္ဦး။ ေနမင္းခကို ငါေစာင့္ေပးမယ္"
"မပင္ပန္းဘူး"
"ေခါင္းမမာစမ္းပါနဲ႔ဟာ"
"......"
"သြန္းအုပ္စိုးပိုင္"
"ငါ့နာမည္အ႐ွည္ႀကီးကိုေခၚေနတာ မေမာဘူးလား"
"ဘုေဘာက္ေတြ ျပန္ေျပာမေနနဲ႔။ ငါစကားအေကာင္းေျပာမလို႔"
"....."
"သြန္းအုပ္"
"......"
"နင့္စိတ္ကိုနင္ ျပင္ဆင္ထားမွန္းသိေပမယ့္ တစ္ခါေလာက္ျဖစ္ျဖစ္ စိတ္ထဲ႐ွိတဲ့အတိုင္း ငိုခ်ပစ္လိုက္ပါလား။ နင့္ကိုငါ မနာလိုေပမယ့္ ဒီေန႔တစ္ရက္အတြက္ နင့္ရဲ႕သူငယ္ခ်င္းေကာင္းျဖစ္ေပးမယ္။ ႐ုပ္တည္ႀကီးနဲ႔ ဟန္ေဆာင္ေနမယ့္အစား စိတ္သက္သာရာရေအာင္ ၿပိဳလဲပစ္လိုက္ေလ"
ေဒၚကဗ်ာဦး၏စကားမ်ားေၾကာင့္ သြန္းအုပ္က
ခပ္ယဲ့ယဲ့ျပံဳးမိရင္း....
"ငါက ဘာလို႔ျပိဳလဲရမွာလဲ။ မင္းခက ငါ့ကို အၿပီးထားခဲ့မွာလည္း မဟုတ္ပဲနဲ႔"
"....."
မ်က္ရည္စတို႔ ခိုသီေနသည့္ မ်က္ဝန္းတို႔က မင္းခကိုသာ ၾကည့္ေနခဲ့သည္။ သို႔ေသာ္လည္း သူ ျပံဳးေနခဲ့ျပန္သည္။
ေျပာလို႔ဆိုလို႔ေကာင္းသည့္သူမဟုတ္၍ ေဒၚကဗ်ာဦး ဆက္မေျပာေတာ့။ စိတ္ေလ်ွာ့ကာ သက္ျပင္းတစ္ခ်က္ခ်ရင္း..
"သြန္းအုပ္.."
"......."
"......"
"ေျပာေလ... ဘာေျပာဖို႔ေခၚတာလဲ"
နာမည္ေခၚၿပီးမွ ဘာစကားမွမေျပာဘဲ ေတြေနသည့္ ေဒၚကဗ်ာဦးေၾကာင့္...
"နင္ေျပာစရာမ႐ွိရင္လည္း အျပင္ျပန္ထြက္ေတာ့"
"ေက်းဇူးပါ"
"ဘာထျဖစ္တာလဲ"
"ေက်းဇူးပါ.. မင္းခကို အမ်ားႀကီး ျပန္ခ်စ္ေပးခဲ့ၿပီးေတာ့ ေနာက္ဆံုးအခ်ိန္ထိ သူ႔ကိုေပ်ာ္ရႊင္ေစခဲ့လို႔"
ဦးသြန္းအုပ္က မျပံဳးတံု႔ျပံဳးတံု႔ျပံဳးမိရင္း မ်က္ႏွာလႊဲလိုက္သည္။ ေအးစက္စက္ လက္ဖဝါးတစ္ဖက္အား သူ႔လက္ႏွစ္ဖက္တို႔ျဖင့္ ေႏြးေထြးေအာင္ ေထြးဆုပ္ေပးထားလိုက္ရင္း...
"ေက်းဇူးတင္စရာ ဘာလိုလို႔လဲ။ သူ႔ကိုခ်စ္ဖို႔နဲ႔
ေပ်ာ္ရႊင္ေစဖို႔ဆိုတာ ငါအသက္႐ွင္ေနရျခင္းရဲ႕ အေၾကာင္းျပခ်က္ပဲဟာ"
---------------------
"ကြၽန္ေတာ္ မင္းခကို အိမ္ပဲျပန္ေခၚသြားခ်င္တယ္"
ေဆးရံုအုပ္ျဖစ္သည့္ ဦးေက်ာ္စြာက သက္ျပင္းတစ္ခ်က္ခ်ရင္း...
"ငါ့ညီရဲ႕စိတ္ကို နားလည္ေပမယ့္ ဒီမွာက ေဆးဝါးပစၥည္းကိရိယာကအစ အသင့္႐ွိေတာ့..."
"ဒီမွာဆက္ေနရင္ သူကေနျပန္ေကာင္းလာမွာလား"
"အဲ့လိုေတာ့လည္း မဟုတ္ဘူးေလ"
"အဲ့ဒါဆို အိမ္ပဲျပန္ေခၚသြားမယ္။ ကြၽန္ေတာ္ကိုယ္တိုင္ ေသခ်ာေစာင့္ေ႐ွာက္ေပးႏိုင္တယ္"
"ဟို.."
ဦးေက်ာ္စြာက ဇြတ္တရြတ္ေခါင္းမာေနသည့္
ဦးသြန္းအုပ္အား နားခ်ရခက္ေနသည္။ အားကိုး႐ွာၿပီး ညီမျဖစ္သူကို လွမ္းၾကည့္လိုက္ေတာ့ ေဒၚကဗ်ာဦးကလည္း သက္ျပင္း႐ႈိက္ရင္း မ်က္ႏွာလႊဲသြား၏။
ဘယ္သူပဲ ဘယ္လိုနားခ်ခ် နားေထာင္ဖို႔အစီအစဥ္မ႐ွိသည့္ ဦးသြန္းအုပ္၏ဆႏၵကိုသာ လိုက္ေလ်ာဖို႔ ဦးေက်ာ္စြာ ဆံုးျဖတ္ခ်က္ခ်လိုက္ရသည္။
"ေကာင္းၿပီေလ... ငါ့ညီသေဘာပါ"
----------------------
"ညေနက်ရင္ မင္းဘာစာအုပ္ဖတ္ခ်င္လဲ။ ေရမိုးခ်ိဳးၿပီးတာနဲ႔
ကိုကိုဖတ္ျပမယ္ေလ။ ပရိတ္ႀကီး၁၁သုတ္ အနက္အဓိပါၸယ္ ဖတ္ျပရမလား။ ႐ွင္ဆႏၵာဓိကရဲ႕ တရားစာအုပ္ေတြ ဖတ္ျပရမလား"
"......"
ဦးမင္းခက အသာေခါင္းခါျပတာမို႔ ဦးသြန္းအုပ္လည္း ေနာက္တစ္နည္း စဥ္းစားၾကည့္လိုက္သည္။
"ဟုတ္တယ္.. ဘုရားစာေတြခ်ည္း ရြတ္ဖတ္ျပေနရင္ တရားေပါက္ၿပီး နိဗၺာန္ေရာက္သြားေနလိမ့္ဦးမယ္။
အဲ့ထိလိုက္လာဖို႔ဆိုရင္ေတာ့ ကိုကို႔လိုလူအတြက္
နည္းနည္းခက္ခဲမယ္ထင္တယ္ ဟားးးး"
"....."
"အပ်င္းေျပေအာင္ သီခ်င္းဆိုျပရမလား။ ဟိုသီခ်င္းေလ.. နည္းနည္းေလးေတာ့ လြဲေနတယ္ဆိုတဲ့သီခ်င္း။ ျမဴးတာထဲမွာဆို အခုေခတ္သီခ်င္းေတြေတာ့မရေပမယ့္ အဲ့သီခ်င္းေတာ့ ကိုကို ေသခ်ာရတယ္။ ဆိုျပရမလား"
ခြဲရခါနီးခ်ိန္တိုင္း နႈတ္မဆက္ျဖစ္ေအာင္ စကားလမ္းေၾကာင္းေတြ လႊဲေျပာတတ္သည့္ကိုကိုက ငယ္ငယ္တုန္းက အက်င့္ေတြမေပ်ာက္ေသး။
သူျပံဳးေအာင္ ေပ်ာ္ျပေနသည့္ ကိုကို႔အား သနားလြန္း၍
ရင္ထဲမွာ ဆို႔လာသည္။ ဘယ္အရာမွမျမဲတာမို႔ ေသရမွာကို မေၾကာက္ေသာ္လည္း ကိုကို႔ကိုတစ္ေယာက္တည္း ထားခဲ့ရမွာကိုေတာ့ သူစိတ္မခ်ႏိုင္။
သူမ႐ွိေတာ့ရင္
မနက္ပိုင္း ဘုရားသြားခ်ိန္တိုင္း ဘယ္သူကလိုက္ပို႔မွာလဲ။
သူမ႐ွိေတာ့ရင္
ဒီမ်က္ႏွာေၾကာတင္းတင္း၊အေျပာဆိုးဆိုးနဲ႔ ဦးေလးႀကီးကို ဘယ္သူကမ်ားသည္းခံၿပီး ေဝယ်ာဝစၥေတြလုပ္ေပးမွာလဲ။သူမ႐ွိေတာ့ရင္
အရက္ေတြခိုးခိုးေသာက္တတ္တဲ့ ဂ်စ္ကန္ကန္အမူးသမားကို
ဘယ္သူက အဝတ္အစားလဲ၊ထမင္းခြံ႔ေကြၽးမွာလဲ။
သူမ႐ွိေတာ့တဲ့အခ်ိန္က်ရင္..
သူ ကိုကို႔အနားမွာ မ႐ွိေပးႏိုင္ေတာ့တဲ့ အခ်ိန္ေရာက္ရင္..
လူေတြေ႐ွ႕ ရင္ဖြင့္ဖို႔ကို ဝန္ေလးလြန္းတဲ့ မာနခဲကိုကိုက တစ္ေယာက္တည္း မငိုပဲနဲ႔ ႀကိတ္ခံစားေနေတာ့မွာ။
ကိုကိုက
သူမ႐ွိေတာ့တဲ့ အခါက်ရင္ေလ......
-
"ေတာင္း ပန္ ပါ တယ္ ကိုကို~"
သူ႔ကိုလွမ္းၾကည့္ေနရင္းက မင္းခက ခပ္တိုးတိုးဆိုလာသည္။
ေလ်ွာက္ေတြးေနမိမွာစိုး၍ ေရာက္တက္ရာရာစကားမ်ားကို ေျပာေပးေနေသာ္လည္း မင္းခက ပို၍ဝမ္းနည္လာသည့္ပံု။
"ကြၽန္ ေတာ္ က တိ မ တည္ ခဲ႔ ဘူး~"
"မဟုတ္တာ။ မင္းက ကတိတည္တာထက္ကို အမ်ားႀကီးပိုတာပါ"
သူ႐ွိရာ ေဆြးေဆြးေျမ့ေျမ့ ေငးၾကည့္ေနရင္းကေန
မင္းခက တစ္ဖက္သို႔ မ်က္ႏွာလႊဲသြားသည္။
ငိုေနၿပီဆိုတာကို သိလိုက္တာမို႔ မင္းခအနား အျမန္သြားကာ မင္းခ၏ မ်က္ရည္မ်ားအား သုတ္ဖယ္ေပးလိုက္ရင္း...
"မငိုရဘူးေလကြာ။ ေခါင္းေတြပိုကိုက္မွာေပါ့... ကေလးေလးလည္း မဟုတ္ေတာ့ဘဲ မင္းက တအားေျပာရတာပဲ။ ေနမေကာင္းထပ္ျဖစ္ရင္ ကိုကိုက ထပ္ၿပီးစိတ္ပူရဦးမယ္"
"ကိုကို~"
အရင္တုန္းက အားကိုးဖြယ္ရာ အားအင္အျပည့္ျဖင့္ ႏူးညံ့လြန္းသည့္ ျသ႐ွ႐ွေခၚသံတို႔က ယခုမူ တိုးေဖ်ာ့ေနၿပီး ဝမ္းနည္းအားငယ္စြာ....
"ငို ခ်င္ ေန ရင္ ငို လိုက္ ပါ လား~
ကို ကို စိတ္ တင္း ထား ေန ရ မွန္း သိ တယ္~"
ဦးသြန္းအုပ္က ခပ္သြမ္းသြမ္းရယ္လိုက္ရင္း ဦးမင္းခ၏ ႏွာေခါင္းထိပ္ဖ်ားအား ဖြဖြေလးျဖစ္ညႇစ္လိုက္သည္။ ထို႔ေနာက္ မ်က္ခံုးေလးအသာပင့္ကာ ျပံဳးတံု႔တံု႔ျဖင့္ စိုက္ၾကည့္လာရင္း..
"ကိုကို႔ကို မင္းလိုမ်ိဳး အငိုသန္တဲ့ကေလးႀကီး
မွတ္ေနလား ဟမ္။ မင္း ကိုကိုရဲ႕အသည္းႏွလံုးက ေက်ာက္ခဲႀကီးလိုမာတာ မသိဘူးလား"
"......"
"မင္းခ~"
"....."
မ်က္ရည္မ်ားဝိုင္းလ်က္ ျပန္ေမာ့ၾကည့္ေနသည့္ မင္းခ၏ နဖူးအား ငံု႔မိုး၍နမ္းလိုက္ၿပီးမွ စကားကိုဆက္ေျပာသည္။
"ဝမ္းမနည္းရဘူး။ ကိုကို႔ကို စိတ္မခ်တာလည္း မ႐ွိရဘူး။
မင္းထင္ထားတာထက္ ကိုကိုက အမ်ားႀကီးသန္မာတာမလို႔
မင္းက ေနာက္ဆံမတင္းဘဲ သြားႏွင့္ရမယ္"
"....."
"အခ်ိန္တစ္ခုေရာက္တဲ့ထိ ကိုကို မင္းဆီလိုက္အလာကို
ေကာင္းတဲ့ေနရာတစ္ခုကေန ေစာင့္ေနေပးရမယ္။ ကံတရားက ႐ွင္ကြဲနဲ႔ပဲ လာခြဲခြဲ၊ ေသကြဲနဲ႔ပဲ လာၿပီးျခားျခား... ကိုကိုက မျဖစ္ျဖစ္တဲ့နည္းနဲ႔ မင္း႐ွိတဲ့အရပ္ကို အေရာက္လိုက္လာခဲ့မွာ။ အဲ့ဒါေၾကာင့္ေလ အၿပီးသတ္ ေဝးရေတာ့မယ့္ပံုစံမ်ိဳးနဲ႔ ကိုကို႔ကို ႏႈတ္မဆက္ရဘူး"
စကားကိုခဏရပ္ကာ ခပ္ဖြဖြတစ္ခ်က္ရယ္လိုက္ရင္း...
"အားငယ္ၿပီး ဝမ္းနည္းေနခြင့္လည္း မေပးဘူး"
"......"
"ၾကားတယ္ေနာ္။ ဒါက မင္းရဲ႕ တစ္ဦးတည္းေသာ သခင္ေခ်ာေခ်ာႀကီးရဲ႕ အမိန္႔ပဲ"
"ကို ကို က ေတာ့ ဗ်ာ~"
ဦးသြန္းအုပ္က ရႊတ္ေနာက္ေနာက္ေျပာလိုက္ေတာ့မွ ဦးမင္းခက ခပ္ေဖ်ာ့ေဖ်ာ့ ရယ္ျပံဳးလာသည္။
သို႔ေသာ္လည္း စကားအမ်ားႀကီး ေျပာလိုက္တာမို႔ ပင္ပန္းသြားပံုရသည့္ ဦးမင္းခက ၾကာၾကာမရယ္ျပံဳးႏိုင္။ မ်က္လံုးေလး အသာျပန္မွိတ္လ်က္ အသက္ကိုအားယူ၍ ႐ႈိက္ေနရသည္။
ဦးသြန္းအုပ္က ဦးမင္းခေ႐ွ႕ မ်က္ရည္မက်မိေစရန္ ေအာက္ႏႈတ္ခမ္းကို ခပ္တင္းတင္း ဖိကိုက္ထားလိုက္သည္။ မ်က္ရည္ေတြဝဲလာသည္ ဆိုဦးေတာ့.. သူမငိုမိဖို႔ ဆံုးျဖတ္ထား၏။ ခုနက သူေျပာခဲ့သလိုပဲ~
ဒါဟာ သူတို႔ႏွစ္ဦးၾကား အဆံုးသတ္လမ္းခြဲျခင္းမဟုတ္ဟု ခံယူထားတာမို႔ သူမငိုမိဖို႔ ထိန္းထားရမည္။
ဝမ္းနည္းလြယ္သည့္ ေကာင္ေလးကို သူ႔မ်က္ရည္ေတြေၾကာင့္ ပိုၿပီးစိတ္မပူေစခ်င္။ သံေယာဇဥ္ႀကီးလြန္းသည့္ ေကာင္ေလးအား သူ႔ပူေဆြးမႈေတြေၾကာင့္ ထြက္ခြာဖို႔ မေတြေဝေစခ်င္။ ခ်စ္ရသည့္လူအတြက္ သူဟာ ဝန္ထုပ္ဝန္ပိုးတစ္ခု ျဖစ္မေနေစခ်င္။
"မင္းခေလး"
"....."
"ကိုကို႔အတြက္ စိတ္ပူမေနနဲ႔ေတာ့ေနာ္"
"....."
သူ႔လက္တစ္ဖက္ကို လာေရာက္ဆုပ္ကိုင္ေပးထားသည့္ ခပ္ေႏြးေႏြးလက္တစ္စံုအား က်န္ေနေသးသေလာက္ အားအင္ေလးနွင့္ ဦးမင္းခ ျပန္လည္ဆုပ္ကိုင္လိုက္သည္။ ေမာဟိုက္ေနသည့္ၾကားက အားယူကာျပံဳးျပရင္း....
"ကြၽန္ ေတာ္ က ေလ..".
"အင္း...ကိုကိုနားေထာင္ေနတယ္"
" ကို ကို႔ ကို... အ ရမ္း ခ်စ္ တာ~"
"အင္း.. ကိုကိုေရာပဲ။ မင္းကို အရမ္းခ်စ္တာ"
------------------
႐ိုးေျမက်ဆိုတဲ့ အခ်စ္မ်ိဳးနဲ႔
မင္းတစ္ဘဝလံုးမွာ ကိုကို႔တစ္ေယာက္တည္းကိုပဲ အသက္ထက္ဆံုး ခ်စ္ေပးသြားခဲ့တဲ့အတြက္
ကိုကိုေလ မင္းကို....
----------------------
သံုးႏွစ္ေက်ာ္ၾကာၿပီးေနာက္....
-
-
"ဇာနည္! မင္း ဇာနည္မလား"
"ဦးပိုင္~"
"......"
"ဦးပိုင္ တစ္ေယာက္တည္းလား။ ဘယ္ကိုလာတာလဲ"
"အင္း။ ေဆးခန္းလာျပတာ"
အသက္ေလးဆယ္ေက်ာ္ ငါးဆယ္ဝန္းက်င္
ႂကြယ္ဝသည့္ လုပ္ငန္း႐ွင္တစ္ဦးမွန္း သိသာလွစြာ ဇာနည္(ဦးဇာနည္)က ခံ့ညားေနသည္။
သူ႔ကိုျမင္ေတာ့ ဇာနည္က အလြန္ဝမ္းသာသြားပံုေပၚသည္။ သို႔ေသာ္လည္း တည္တည္ၿငိမ္ၿငိမ္သာ။ ငယ္ငယ္တုန္းကလို
ရႊတ္ေနာက္ေနာက္ဟန္ပန္မ်ိဳး လံုးဝမေတြ႔ရေတာ့။
မျမင္ရတာၾကာၿပီျဖစ္သည့္ ႏွစ္ေတြအတြင္း ဒီေကာင္ေလး အမ်ားႀကီးေျပာင္းလဲသြားခဲ့ၿပီပဲ။
ဦးဇာနည္က ဦးသြန္းအုပ္၏ ေဘးဘီဝဲယာသို႔
ေဝ့ဝဲၾကည့္ရင္း တစ္စံုတေယာက္ကို႐ွာေနသည္။
ဦးဇာနည္ ႐ွာေနသည့္သူကိုသိသည့္ ဦးသြန္းအုပ္က ခပ္ယဲ့ယဲ့ျပံဳးရင္း....
"႐ွာမေနနဲ႔.. မင္းရဲ႕ဆရာ ဆံုးသြားၿပီ"
"ဗ်ာ?"
ဆရာဆံုးသြားသည့္အေၾကာင္းကို အျပံဳးေဖ်ာ့ေဖ်ာ့ျဖင့္ တည္ၿငိမ္စြာေျပာျပလာသည့္ ဦးပိုင္က အရင္ကထက္ အမ်ားႀကီးပိုၿပီး ရင့္က်က္ေနၿပီ။ ေအးခ်မ္းေနသည့္ မ်က္ဝန္းတို႔က သူ႔လို အတိတ္ထဲမွာ နစ္ျမဳပ္ေနမည့္ ပံုစံမ်ိဳးမေပၚ။
"ဆရာက ဘယ္လိုျဖစ္တာလဲ"
"ဦးေႏွာက္မွာအက်ိတ္"
"ေျသာ္...."
"မင္းမိဘေတြေရာ? ႐ွိၾကေသးတယ္မလား"
"မာမားကေတာ့ ဆံုးသြားၿပီေလ။ ပါးပါးကေတာ့ ႐ွိေသးေပမယ့္ အသက္လည္း အရမ္းႀကီးေနၿပီဆိုေတာ့ တေ႐ွာင္ေ႐ွာင္ပဲေပါ့"
"တျခားမိသားစုဝင္ေတြနဲ႔ အဆင္ေျပတယ္မလား"
"ဟုတ္.. ေျပေအာင္ေနေနပါတယ္"
စကားသံတို႔က ထိုမ်ွသာ။ ဦးဇာနည္လည္း ဘာဆက္ေမးရမွန္း မသိသလို ဦးသြန္းအုပ္လည္း ဘယ္လိုစကားမ်ိဳး ဆက္ေျပာသင့္လဲဆိုတာမသိ။
အခ်ိန္ခဏၾကာသည္အထိ ႏွစ္ဦးသားၾကား တိတ္ဆိတ္သြားၿပီးမွ ဦးသြန္းအုပ္က တျခားစကားလမ္းတစ္ခုကိုေျပာင္းၿပီး ေၾကာင္းဖို႔ရန္ ေတြးမိရင္း....
"မင္း အိမ္ေထာင္က်သြားတယ္လို႔ ၾကားလိုက္ေသးတယ္။ မင္းရဲ႕အမ်ိဳးသမီးေရာ။ ေနာက္ၿပီး သားသမီးေတြဘာေတြ.."
"သူနဲ႔က အိမ္ေထာင္သက္တစ္ႏွစ္မွာပဲ ကြာ႐ွင္းလိုက္တာ ဦးပိုင္"
"ဟမ္?"
ဦးသြန္းအုပ္က စိတ္မေကာင္းဟန္အၾကည့္တို႔ျဖင့္ ၾကည့္လာေတာ့ ဦးဇာနည္က ခပ္ေပါ့ေပါ့ ရယ္သြမ္းေသြးလိုက္ရင္း....
"အဲ့လိုမ်ိဳး သနားရိပ္ေတြ သန္းေနတဲ့မ်က္လံုးေတြနဲ့ မၾကည့္ပါနဲ႔ဗ်ာ။ ကြာ႐ွင္းလိုက္တယ္ဆိုတာကလည္း
ႏွစ္ဦးႏွစ္ဖက္စလံုး အဆင္ေျပသြားေအာင္လို႔။ အဲ့ဒါနဲ႔ ပတ္သက္ၿပီးေတာ့လည္း ကြၽန္ေတာ္ေတာ့ တစ္ခါမွ စိတ္မေကာင္းမျဖစ္ခဲ႔ဖူးပါဘူး"
"မင္း သူ႔ကိုမခ်စ္ဘူးလား"
"မခ်စ္ဘူး။ အိမ္ကို ထပ္ၿပီးမလြန္ဆန္ခ်င္လို႔ လက္္ထပ္ခဲ့ရံုပဲ"
"မင္းကလည္း ဆိုးလိုက္တာ။ မိန္းကေလးကို အားနာစရာႀကီး"
"ကြၽန္ေတာ့္နွလံုးသားက အကို႔ဆီမွာပါသြားေတာ့ ဘယ္သူ႔ကိုမ်ား ထပ္ခ်စ္ႏိုင္ပါေတာ့မလဲ ဦးပိုင္"
"....."
ဦးသြန္းအုပ္က စိတ္မေကာင္းစြာျဖင့္ ၾကည့္မိေနဆဲ။ လူကဲခတ္ကြၽမ္းသည့္ ဦးဇာနည္က သူ႔ဦးပိုင္
စိတ္မေကာင္းျဖစ္သြားမွန္းသိတာမို႔ စိတ္အေျပာင္းအလဲျဖစ္ေစဖို႔ ရည္ရြယ္လိုက္ၿပီး...
"ဘယ္ဆိုးလို႔လဲ။ ကြၽန္ေတာ္တို႔ ဦးပိုင္ေတာင္
ဂ႐ုဏာစိတ္ေတြ ႀကီးမားလာၿပီ"
"အရင္တုန္းကေတာ့ ငါက အၾကင္နာတရားမ႐ွိတဲ့
လူယုတ္မာႀကီးေပါ့?"
"ဟားးးးးဟားးး အဲ့လိုေျပာတာ မဟုတ္ပါဘူးဗ်ာ။ ဦးပိုင္ကေတာ့ေလ တကယ္ပါပဲ"
ဦးသြန္းအုပ္က ရန္ေတြ႔ဟန္ျပန္ေျပာလိုက္ေတာ့
ဦးဇာနည္က သေဘာက်စြာရယ္ေနတာမို႔ ဦးသြန္းအုပ္လည္း မသိမသာ ျပံဳးမိပါသည္။
-
-
တစ္နာရီနီးပါးေလာက္ ဟိုေရာက္ဒီေရာက္စကားမ်ား ေျပာၿပီးေနာက္ ဦးဇာနည္က ဦးသြန္းအုပ္အား
သူ႔ကားျဖင္႔ အိမ္သို႔ျပန္လိုက္ပို႔ရန္ျပင္သည္။
အရင္ကႏွင့္ လံုးဝမတူပဲ အလြန္တိတ္ဆိတ္သြားသည့္
ဦးသြန္းအုပ္က တစ္လမ္းလံုးလည္း ၿငိမ္ၿငိမ္သက္သက္သာ လိုက္ပါလာ၏။ ဦးဇာနည္ကလည္း ထိုအတိုင္းသာ...
အိမ္ေ႐ွ႕သို႔အေရာက္ ဦးသြန္းအုပ္က ကားေပၚကဆင္း၍ အိမ္ထဲျပန္ဝင္မည့္အခ်ိန္မွ ဦးဇာနည္က....
"ဦးပိုင္"
"....."
"အကို႔ကို ဆရာ ေမ့သြားတာ တကယ္ပဲလား"
အျမဲတမ္း အေျဖသိခ်င္ခဲ့ရသည့္ ေမးခြန္းကို ဦးဇာနည္ ေမးလိုက္သည္။
အ႐ိုး႐ွင္းဆံုး အေျဖကအသင့္႐ွိပါလ်က္ ျပန္ေျဖဖို႔က်မွ ခက္ခဲေနခဲ့၏။ ဦးသြန္းအုပ္က မိနစ္ပိုင္းေလာက္ၾကာေအာင္ ျပန္ေျဖရန္ ေတြေဝေနၿပီးမွ...
"ငါမသိဘူး။ ငါတို႔ႏွစ္ေယာက္စလံုး အဲ့ဒီအေၾကာင္းကို မေဆြးေႏြးခဲ့ျဖစ္ဘူး"
--------------------
အိမ္ထဲသို႔ျပန္ေရာက္သည္ႏွင့္ dreambedေပၚ
ႏြမ္းလ်စြာ ဝင္လွဲလိုက္သည္။
ပင္ပန္းသည္။ ခက္ခဲလြန္းသည္။ တစ္ေယာက္တည္းမို႔ ျဖတ္သန္းရသည့္ ေန႔ရက္မ်ားက သူ႔အတြက္ အဓိပါၸယ္မဲ့ေနသည္။
နံရံမွာခ်ိတ္ဆြဲထားသည့္ ဓာတ္ပံုထဲက ေကာင္ေလးကို လွမ္းၾကည့္လိုက္ေတာ့ ခါတိုင္းလိုပဲ ျပံဳးျပေနျပန္သည္။ ဒီအျပံဳးႏုႏုတို႔ကို ထိေတြ႔ခြင့္ရဖို႔ ဘယ္ေလာက္ ေစာင့္ရဦးမွာပါလိမ့္။ သိပ္ေတာ့ မၾကာေတာ့ဘူးထင္ပါသည္။
-
-
ညစာအတြက္ ဝယ္လာသည့္ စြပ္ျပဳတ္တစ္ပန္းကန္ကို ကုန္ေအာင္ေသာက္လိုက္ၿပီးေတာ့ ေခ်းမ်ားမေနပဲ ေသာက္ရမည့္ေဆးမ်ားကို ေရနဲ႔ေမ်ွာခ်လိုက္သည္။
အရင္လို ေနမေကာင္းမခ်င္း ေခ်ာ့ေမာ့ၿပီး ေဆးတိုက္ေနမည့္သူက အနားမွာမ႐ွိေပးနိုင္တာမို႔ သူ႔ကိုယ္သူဂ႐ုမစိုက္လ်ွင္ ထိုေကာင္ေလးက စိတ္မခ်ျဖစ္ေနလိမ့္ဦးမည္။
အေထြအထူးလည္း လုပ္စရာမ႐ွိ၍ အိပ္ခန္းထဲသို႔သာ ဝင္လိုက္ေတာ့သည္။ ဒီေန႔အဖို႔ ေရမိုးလည္းမခ်ိဳးျဖစ္။ အရင္ကလို သူေရခ်ိဳးဖို႔ ပ်င္းေနသည့္အခါတိုင္း ညစ္ပတ္သည္ဟု ပြစိပြစိႏွင့္ လိုက္ဆူမည့္သူမ႐ွိတာမို႔ နားပူေတာ့ သက္သာသည္။ သို႔ေသာ္လည္း ထိုပူညံပူညံ
အသံကိုပဲ လြမ္းရပါသည္။
အိပ္မေပ်ာ္၍ အိပ္ရာေဘး႐ွိ ေရဒီယိုက ခလုတ္ေလးကို လွမ္းဖြင့္လိုက္ေတာ့ အႀကိမ္တစ္ရာမက နားေထာင္လည္း ဘယ္ေတာ့မွ ႐ိုးမသြားႏိုင္မည့္ သီခ်င္းေဟာင္းတစ္ပုဒ္က အိပ္္ခန္းေလးထဲ၌ ခပ္တိုးတိုး လြင့္ပ်ံ႕လာသည္။
-
-
"တံုျပန္မွာကို~မတံု႔ျပန္မွာကို~ပူပင္ေန႐ိုးမ႐ွိပါ~
ဘဝေပးက တစ္လမ္းသြားပါပဲ~မင္းသိေစဖို႔ရာ~
ကိုယ့္အမည္ဟာ~ၿငိမ္းခ်မ္းေရးနိမိတ္ပဲ~
ကိုယ့္ရင္မွာ~ေလာကအသက္ပါတယ္~
ကိုယ့္အျပင္မွာ ေျပမယ္~ညႇင္းမယ္~ေလမုန္တိုင္းထန္မယ္~
႐ူးမေလာက္ခ်စ္ၿပီး~ခ်စ္သေလာက္႐ူးတဲ့~
ႏွလံုးသားရဲ႕~ နယ္ပယ္ကလာ~
ေလညာအရပ္ကအခ်စ္~ေလညာအရပ္က အခ်စ္~
တိုက္ေနခဲ့~တိုက္ေနဆဲ~
ေနာက္မ်ားလည္း ~တိုက္ေနဦးမွာပဲ~"
----------------
အတိတ္တေလ်ွာက္လံုး ခ်စ္ခဲ့ရသလို
ပစၥဳပၸန္မွာလည္း ျမတ္ႏိုးေနရဆဲခ်စ္သူအတြက္...
ေနာင္အနာဂတ္ သံသရာေတြအထိ
ဒီခ်စ္ျခင္းေမတၱာမ်ားကို
သယ္ေဆာင္ယူသြားခြင့္သာ ႐ွိခဲ့မယ္ဆိုရင္ေလ...။ ။
****************
11.June.22
[Unicode]
Amsterdam
(Capital City of Netherlands)
ဒီကိုရောက်ကတည်းက မြန်မာပြည်ကလူတွေနဲ့ အဆက်အသွယ်သိပ်မလုပ်ဖြစ်။ ဇာနည်တို့က စာတွေ ဘာတွေလှမ်းပို့လည်း သူကမှ စိတ်ကူးရသည့်အချိန် စာပြန်ဖြစ်သေးသည်။ မင်းခကတော့ ဝင်တောင်မဖတ်။
ဒီရောက်ပြီး တစ်လလောက်ကြာတော့ မင်းခက
စာကြည့်တိုက်တစ်ခုမှာ အလုပ်ရသည်။
မလာခင်ကတည်းက စီစဉ်ထားသည့်အတိုင်း
သူကတော့ ဓာတ်ပုံပညာအား ဆက်လေ့လာဖြစ်သည်။ အချိန်ပိုင်းအလုပ်တစ်ခုလုပ်ဖို့ မင်းခကို တိုင်ပင်ကြည့်တော့ အတင်းအကြပ် မတားမြစ်သော်လည်း မျက်စိမျက်နှာပျက်နေတာမို့ သဘောတော်အတိုင်း သူ့လုပ်စာသာ ထိုင်စားနေလိုက်တော့၏။
အမ်စတာဒမ်မှာ အတည်တကျနေဖြစ်ဖို့ အခြေကျပြီဟု မဆိုနိူင်သေးသော်လည်း အနည်ထိုင်စတော့ ပြုနေပြီ။ ပိုက်ဆံကအဓိကမို့ ပိုက်ဆံအလုံအလောက်ရှိနေသည့် သူတို့အတွက် အခက်အခဲသိပ်မတွေ့ရ။ တစ်ခုပဲ... မင်းခအတွက်က ဘာသာစကားအခက်အခဲ
သိပ်မကြီးလှသော်လည်း သူ့အဖို့ကတော့ foreigner တစ်ယောက်ယောက်နဲ့ သေချာစကားပြောဖြစ်ဖို့ကိုပင် မလွယ်ကူစွာ ရုန်းကန်နေရဆဲ။
နေရထိုင်ရတာကတော့ အဆင်ပြေသည်။ ရာသီဥတုလည်း သာယာ၏။ တချို့အားလပ်ရက်များ၌ နှစ်ယောက်အတူတူ စက်ဘီးစီးပြီးတော့ လည်ပတ်စားသောက်ဖြစ်ကြသည်။ နောက်ပြီး နယ်သာလန်နိုင်ငံက လိင်တူလက်ထပ်ခွင့်လည်း တရားဝင်ပေးထားပြီးသားမို့ မြန်မာပြည်မှာလို ပတ်ဝန်းကျင်ဘေးပတ်လည်က မျက်လုံးနှင့်ပါးစပ်များကို ဂရုစိုက်ဆင်ခြင်နေဖို့လည်း သိပ်မလို။
ဒီနေ့အဖို့တော့ သွန်းအုပ်သွားစရာမရှိ။ မင်းခက အလုပ်သွားတာမို့ သူတစ်ယောက်တည်း အိမ်မှာ
ပျင်းရိခြောက်သွေ့စွာဖြင့် ကျန်ခဲ့ရသည်။
လုပ်စရာရယ်လို့လည်း မယ်မယ်ရရမရှိတာမို့ အားအားယားယား ဖုန်းထိုင်သုံးနေလိုက်၏။
ring........
Facebookသုံးရင်း ခဏကြာတော့ ဝင်လာသည့်
Messenger Callတစ်ခု။
ဇာနည်*
တန်းမကိုင်သေးဘဲ ခပ်ကြာကြာကြည့်နေလိုက်သည်။ ထိုချာတိတ် ဘာစကားတွေ များဦးမည်မသိ။ လူလေးက ဂျစ်ကန်ကန်ပေမယ့် သူတို့ကိုတော့ တကယ်ခင်ရှာသည်။
မကိုင်မချင်း အဆက်မပြတ်ခေါ်နေတာမို့ နောက်ဆုံး၌ သူ့ဘက်က လက်လျှော့ပေးလိုက်တော့....
"Congratulations!!! ဦးပိုင်။ မင်္ဂလာရှိတဲ့ နေ့ကောင်းရက်မြတ်မှာ ပျော်ရွှင်နိုင်ပါစေ! ဟားဟားး"
သွန်းအုပ် မျက်မှောင်ကုတ်သွားသည်။ ဖုန်းထဲကတဆင့် ကြားနေရသည့် ဇာနည့်စကားသံကို နားထောင်ရုံနှင့် သွန်းအုပ်သိလိုက်၏။
ကျစ်! ဒီကောင်တော့ တော်တော်မူးရွဲနေပြီ။
"မင်းမူးနေရင်လည်း တခြားနိုင်ငံမှာ လူအိပ်ချိန်မှန်းမသိ၊ နေ့လည်စာစားချိန်မှန်းမသိနဲ့ ဖုန်းလှမ်းဆက်ပြီး နှောင့်ယှက်မနေနဲ့။ အလိုက်ကမ်းဆိုးမသိတတ်တာလည်း တော်ရုံပဲကောင်းတယ်"
"ဦးပိုင်ကလည်းးး သားက ဦးပိုင်တို့ကို သတင်းကောင်း ပြောပြမလို့ပါဆို"
ဇာနည်က မူးကြောင်ရူးကြောင်ဖြင့် ကညုတုတု
သံရှည်ဆွဲပြီး ချွဲပြောလိုက်တာမို့ ဇာနည့်မျက်နှာကို မမြင်ရတာတောင် သွန်းအုပ်ကတော့ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ ဒီကောင် အူမြူးနေတာလား။
ဒါမှမဟုတ် အသည်းကွဲနေတာလား။
သွန်းအုပ် ဇာနည့်အား တစ်ခုခုမေးရန်ပြင်လိုက်စဉ်မှာပင် ဇာနည့်ဆီက နောက်ဆက်တွဲထွက်လာသည့် စကားက...
"လွန်းမိုးသားနဲ့ ပုံရိပ်သွင်။ အဟက်! နာမည်နှစ်ခုနဲ့ ဦးပိုင်ရဲ့ညီလေ"
"••••"
"အဲ့ဒီလူယုတ်မာကြီး မရှိတော့ဘူး"
"••••"
ခံစားချက်က စူးခနဲ အောင့်ခနဲ။
နာကြားများ မှားသလား။
မရှိတော့ဘူးဆိုတာက ဘာကိုဆိုလိုချင်တာလဲ။
သူတို့မသိတဲ့နေရာတစ်ခုခုကို ထွက်သွားတာလား။
လောကကြီးထဲကနေ ပျောက်ကွယ်သွားတာကို ပြောတာလား။
အဖြေသေချာအောင် ပြန်မမေးခင် လှုပ်ရှားနေသည့်စိတ်ကြောင့် တံတွေးတစ်ချက် မြိုချမိသည်။
"သူက ဘာလို့မရှိတာလဲ။ ဘယ်သွားလို့လဲ"
သိလိုဇောကိုဖုံးဖိလျက် ဂရုမစိုက်သလို အေးစက်စက် မေးလိုက်မိခြင်းက ရင်ထဲကစိုးရိမ်စိတ်ကို လူသိမခံပဲ ကွယ်ဝှက်လိုသည့် ဆန္ဒကြောင့်သာ။
"သေသွားတာလေ ဦးပိုင်ရဲ့။ ဦးပိုင်တို့အားလုံးအရမ်းမုန်းတဲ့
ဦးပိုင်ရဲ့ညီက သေသွားတာလေ"
"•••"
"ဟားးးဟားးးးးး Congratulations ဦးပိုင်။ ဦးပိုင်တို့တွေကတော့ လွတ်လွတ်လပ်လပ် ပျော်လို့ရပြီ။
အဲ့ဒီလူယုတ်မာက ဦးပိုင်တို့ကို ဒုက္ခမပေးနိုင်တော့ဘူး။ ကောင်းတယ်... အဲ့လိုသေသွားတော့လည်း အေးတာပဲ"
"•••"
သွေးရူးသွေးတန်းနှင့် ဇာနည်ပြောနေသည့် စကားတွေကို သွန်းအုပ် ဘာမှမတုံ့ပြန်နိုင်။ အောက်နှုတ်ခမ်းသားကို နာနာဖိကိုက်လျက် မျက်ရည်ကျမလာမိအောင် ထိန်းနေရသည်။
သူ ပုံရိပ်သွင်ကို အရမ်းမုန်းတာပါ။ ဘာဖြစ်လို့
အခု မပျော်နိုင်ရတာလဲ။ အဲ့ဒီအစား ဘာလို့များ
ရင်ထဲမှာ နာကျင်လာရတာလဲ။
"ဟားးးး မိုက်တယ်ဗျာ။ လူသေတာကို ဒီလောက်ထိ ပျော်ဖို့ကောင်းလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး"
"ဇာနည်"
ဇာနည်က စိတ်လွတ်နေသည်။ ခံစားချက်နှင့်
ဆန့်ကျင်ဘက်စကားတွေပြောပြီး သူ့စိတ်သူဖြေသိမ့်နေပုံရ၏။ ပုံရိပ်အပေါ် ဇာနည် ဘယ်လောက်ထိချစ်လဲ သူအသိဆုံး။
"ဦးပိုင်ရဲ့ညီက မကောင်းဘူးဗျာ။ ကျွန်တော်စောင့်နေမှာ သိသိကြီးနဲ့ လုပ်ချသွားတာ။ ကျွန်တော်... ကျွန်တော်က
သူပျော်အောင်ထားနိူင်ဖို့ ကြိုးစားပါ့မယ်ဆိုတာကို
ခဏခဏ ကတိပေးထားရဲ့သားနဲ့"
"•••"
"အဲ့အရူးကလေ ဆရာ့စကားမှမဟုတ်ရင် ဘယ်သူပြောတာမှ ဂရုမစိုက်ဘူး။ ကျွန်တော့်ကိုဆို ပိုပြီးေ-ာက်ဂရုမစိုက်ဘူး။ ကျွန်တော် အဲ့လောက်တဖွဖွတောင်းဆိုနေတာကိုတောင် သူထားသွားရက်တယ် ဦးပိုင်"
"•••"
"ဘယ်လိုလုပ်မလဲ။ ကျွန်တော်လည်း ရူးတော့မယ်ထင်တယ်"
"••••"
"အကိုမရှိတော့ရင် သူ့အတွက်ရော၊ အားလုံးအတွက်ပါ အေးချမ်းသွားလိမ့်မယ်လို့ ကျွန်တော်ထင်ထားခဲ့တာ။ ဒါပေမယ့်လေ"
"••••"
"အခု အခု... ကျွန်တော့်ရင်တွေ အရမ်းပူနေတယ် ဦးပိုင်။ ဦးပိုင်.. ကျွန်တော် ဘာလုပ်ရမလဲဟင်။ ကျွန်တော် တကယ်ရူးတော့မှာ။ အကို့လိုမဟုတ်ဘဲ
တကယ်သွက်သွက်ခါအောင် ရူးသွားတော့မှာ"
"•••"
"ကျွန်တော်..."
ဖုန်းကို တိခနဲပိတ်ချပြီးတော့ ဘေးကိုချထားလိုက်သည်။
ဇာနည့်စကားများကို ဆက်နားမထောင်ချင်။
ဟားးးးး
နောက်ဆုံးကျတော့ အနိုင်ပိုင်းပြီး အရင်ထွက်သွားပြီ။
အကြာကြီး မုန်းနေချင်သေးတာကိုတောင် ခွင့်မပေး။
လုပ်ချင်ရာတွေ လုပ်ပြီးတော့၊ သူများတွေရဲ့ရင်ထဲ ဒဏ်ရာတွေထည့်ပေးခဲ့ပြီးတော့ သူကတော့
လွတ်လမ်းရှာပြီး ထွက်ပြေးတတ်လိုက်တာ။
သူ့အဖေပေးသွားခဲ့တဲ့ ရှားရှားပါးပါးအမွေက သူ့စိတ်တွေပင်ပန်းအောင် အမျိုးမျိုးစွမ်းနိုင်လွန်းလိုက်တာ။
---------------
"ပုံရိပ်သွင် ဆုံးသွားပြီတဲ့"
"သြော်..."
မင်းခဆီက ခပ်တိုးတိုး အာမေဋိတ်သံတစ်ခုကလွဲ၍
ဘယ်လိုအမေးစကားမျိုးမှ ထပ်မကြားရတာကြောင့် သွန်းအုပ်လှည့်ကြည့်လိုက်တော့ မင်းခက ဘာမှမခံစားရသလို ဖတ်လက်စစာအုပ်ကနေ အကြည့်တစ်ချက်မလွှဲ။
"မင်းခ"
"ဗျာ"
"မင်းကြည့်ရတာ စိတ်မဝင်စားသလိုပဲ။ နည်းနည်းပါးပါးတောင် စိတ်မကောင်းမဖြစ်ဘူးလား?"
"ကိုယ်တစ်ခါမှမသိခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့ သေဆုံးခြင်းအတွက် ဘာဖြစ်လို့များ ကျွန်တော့်အနေနဲ့ ဝမ်းနည်းနေဖို့ လိုအပ်တာလဲ ကိုကို"
"မင်းခ~"
အံ့သြတုန်လှုပ်စွာဖြင့် ခေါ်မိသည့် သွန်းအုပ်၏အသံက အနည်းငယ် အက်ကွဲနေလိမ့်မည်ထင်၏။ မင်းခကိုလည်း
အပြစ်တင်လို့မရ၊ သူကိုယ်တိုင်လည်း ကိုယ့်စိတ်ကိုယ်တောင်
သဘောမကျနှင့် ဘာဆက်ပြောရမှန်း မသိအောင် ဖြစ်သွားရသည်။
အသက်ရှုဖို့တောင်မေ့ပြီး မင်းခကိုသာ မှင်သက်စွာ ကြည့်နေမိ၏။ မင်းခက သွန်းအုပ် သူ့အား
မလှုပ်မယှက်ဖြင့် မျက်စိပျက်မျက်နှာပျက် စိုက်ကြည့်နေတာကို သိလိုက်တာမို့ ခပ်သဲ့သဲ့ရယ်ရင်း စာအုပ်ကိုပိတ်လိုက်သည်။ သွန်းအုပ်၏ဘေးသွားထိုင်ကာ သွန်းအုပ်၏နဖူးအား သူ့နှုတ်ခမ်းဖြင့် ခပ်ဖွဖွဖိကပ်နမ်းလိုက်ရင်း...
"ကိုကို စိတ်မကောင်းဖြစ်နေမှာ ကျွန်တော်သိပါတယ်။
ကိုကို ပြန်ချင်တယ်မလား။ ကျွန်တော် ပြန်ဖို့အတွက် မဖြစ်ဖြစ်အောင် စီစဉ်ပြီးတော့ ပြန်လိုက်ပို့ပေးမယ်လေ"
"မပြန်ဘူး"
"ဟင်။ ကိုကို့မျက်နှာမကောင်းတော့ သူ့နောက်ဆုံးခရီးကို လိုက်ပို့ချင်မယ်ထင်လို့"
"မသွားတော့ဘူး။ အခုချိန်မှ သွားလို့လည်း ဘာထူးလာမှာမို့လို့လဲ။ ဟိုရောက်ရင် မင်းလည်း စိတ်အနှောင့်အယှက် ဖြစ်နေရမယ်လေ"
"အင်းပါ။ ကိုကို့သဘော"
သွန်းအုပ် သက်ပြင်းရှည်ကြီးချမိသည်။ ဘာစကားမှလည်း ဆက်ပြောချင်စိတ်မရှိတော့။ စားပွဲပေါ်က ရေဘူးကိုယူ၍ သောက်လိုက်သော်လည်း ရင်ထဲက အပူတွေကတော့ ငြိမ်အေးမသွား။
မင်းခကလည်း အလိုက်တသိဖြင့် ငြိမ်ငြိမ်သက်သက်။
"Sorry! ကိုကို။ ကျွန်တော် ခေါင်းနည်းနည်းမကြည်လို့ လေသံမာသွားတယ်။ ကျွန်တော် အိပ်နှင့်တော့မယ်။ ဒီညတော့ ကိုကို့ကို မစောင့်တော့ဘူးနော်။ ဖြစ်တယ်မလား"
"အင်း.. ခေါင်းမကြည်ရင် ဆေးလေးဘာလေးသောက်ပြီးမှ အိပ်ဦး"
"ဟုတ်"
-
-
ညတစ်နာရီကျော်မှ အိပ်ခန်းထဲသို့ ဝင်လာဖြစ်သည်။
နွမ်းလျလျစိတ်က အိပ်ချင်စိတ်တွေကို နှောင့်ယှက်နေပုံရ၏။
အိပ်ချိန်ကျော်နေပြီမို့ အိပ်ခန်းထဲသာ ဝင်လာခဲ့ရသော်လည်း အိပ်ပျော်နိုင်မှာမဟုတ်တာက သေချာနေသည်။
ကျောပေးကာ တစ်ဖက်လှည့်ပြီး အိပ်နေသည့် မင်းခအား
ခပ်မှိန်မှိန်အလင်းရောင်ဖြင့် ကြည့်လိုက်မိတော့ တသိမ့်သိမ့်လှုပ်ရှားနေသည့် ကျောပြင်။
"မင်းခ.. ဒီဘက်လှည့်စမ်း။ ငိုနေတာလား။ နေမကောင်းဘူးလား"
စိုးရိမ်စွာဖြင့် ပြောလည်းပြော.. ဒီဘက်ကိုလည်း
ဆွဲလှည့်လိုက်တော့ နီရဲမို့အစ်နေတဲ့ မျက်လုံးတွေ။ အောက်နှုတ်ခမ်းသားကို ဖိကိုက်ပြီးတော့ အသံမထွက်အောင် ကြိတ်ငိုနေ၏။ သူသိသွားတဲ့အထိ အငိုမရပ်သေး။
တကယ်... ဒီကလေးလေးကတော့လေ။
ဘာမှဆက်မမေးဘဲ ဖက်ထားပေးတော့ သူ့ရင်ခွင် ခပ်ကျဉ်းကျဉ်းထဲ တိုးဝှေ့ဝင်လာပြီး ရှိုက်၍၊ရှိုက်၍ ဆက်ငိုသည်။ ငိုနေရင်းနှင့်လည်း...
"တောင်းပန်ပါတယ်။ ကိုကို့ကို တောင်းပန်ပါတယ်"
"......"
"ကျ.. ကျွန်တော်က လေးသက်ကို သတိရလို့ငိုနေတာ"
"အင်းပါ ဟုတ်ပါပြီ။ ကိုကိုက ဘာပြောလို့လဲ"
မင်းခက ဆက်ငိုနေမိဆဲ။
"တောင်းပန်ပါတယ်။ လေးသက်ကို သတိရလို့ငိုမိသွားတာ။ နောက်မငိုတော့ပါဘူး"
"ငိုပါ.. မင်းစိတ်တွေပေါ့သွားတဲ့အထိ ငို။ လေးသက်ကို သတိရလို့ငိုတာမလား။ အားရပါးရ ငိုပစ်လိုက်။ ကိုကိုနားလည်တယ်။ မင်းစိတ်ကို မင်းထက်ပိုပြီး နားလည်ပါတယ်"
"•••"
"အရမ်းနာကျင်နေမှန်းသိတာမလို့ ကိုကို့ကိုအားမနာပဲငို"
--------------
အငိုသန်တဲ့ ကလေးမလို့
ကိုကိုက ချော့ပေးရမှာပေါ့။
ကိုကို့ကို အားမနာတမ်းငို၊
တစ်ခါလောက်ပဲဖြစ်ဖြစ်
မင်းကိုယ်မင်း သနားပြီးတော့ငို။
-------------------
နေ့စွဲများက တစ်ရက်ပြီးတစ်ရက် ပြောင်းလဲသွားသည်။ လောကကြီးက ပုံမှန်လို လည်ပတ်နေဆဲ။ လူတွေဟာ အရင်လို ကိုယ်စီအလုပ်များနေကြဆဲ။
တစ်ခါတရံမှာ ဝမ်းနည်းစိတ်ပျက်စရာ နေ့ရက်တွေကို ငြီးငြူရင်းနဲ့ပဲ ပြီးဆုံးအောင် ဖြတ်ကျော်နေကြရသလို တချို့အချိန်တွေ၌ ပျော်ရွှင်မှုတို့နှင့် အတိအပ
ပြည့်စုံနေတာမျိုးလည်း ကြုံတွေ့ရတတ်ပြန်သည်။
မင်းခနှင့်သွန်းအုပ်တို့၏ ဘဝဖြတ်သန်းမှုသည်လည်း ထိုအတိုင်း။ သွန်းအုပ်က မင်းခအား မကြည်မလင်ဖြင့် လက်သီးတပြင်ပြင် လုပ်နေတတ်သည့် အချိန်များလည်းရှိသလို အပျိုကြီးလည်းမဟုတ်ဘဲ ပွစိပွစိလုပ်နိုင်လွန်းသည့် မင်းခ၏ ဆူပူဆုံးမသံများအား နားစည်ကွဲလုမတတ် သွန်းအုပ် ကြိတ်မှိတ်နားထောင်ပေးရသည့် ရက်များလည်းရှိ၏။
ယောကျ်ားသားနှစ်ဦး၏ အိမ်ထောင်ရေးက ထင်ထားတာထက် ရိုးရှင်းခဲ့သည်။ ဒါကလည်း တစ်ဦးအပေါ်တစ်ဦးထားသည့် မေတ္တာ၊ နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုနှင့် ချစ်ခြင်းတရားတို့ကြောင့် အဆင်ပြေချောမွေ့ခဲ့ခြင်း။ နှစ်ဦးသားအား ခိုင်မြဲအောင် ချည်နှောင်ဖို့အတွက် ကလေးလေးတွေလည်း မလိုအပ်ခဲ့။ စာချုပ်စာတမ်းနှင့် လူအများအသိအမှတ်ပြုမှုတွေဟာ အပိုသက်သက်။
နှစ်အတော်ကြာသည်အထိ အမ်စတာဒမ်မှာပဲ နေဖြစ်ခဲ့ကြသည်။ မြန်မာပြည်သို့ လုံးဝမပြန်ဖြစ်။ မနက်ဆိုလျှင် မင်းခက စောစောထပြီး မနက်စာ ကြိုပြင်ထားသည်။ ပြီးလျှင် သွန်းအုပ်နှင့် မနက်စာအတူစား၊ သွန်းအုပ်အား မနက်ခင်းအာဘွားတစ်ချက်ပေးပြီးတော့ သူ့အလုပ်ရှိရာသို့သွားသည်။
မတောင်းသည့်အကြွေးတွေကို အရမ်းပြန်ဆပ်ချင်သည့် မင်းခက သွန်းအုပ်ဆီကချေးလာတဲ့ အကြွေးတွေကျေပြီးသည့် နောက်ပိုင်းမှာလည်း
full time jobရော၊ part time jobတွေကိုပါ လောဘတကြီးလုပ်ပြီး စီးပွားရေးသောင်းကျန်းနေခဲ့သည်။
သွန်းအုပ်ကတော့ မင်းခမရှိချိန် အိမ်မှာကျန်ခဲ့ပြီး လုပ်စရာရှိသည့် အိမ်အလုပ်များအား စိတ်ကူးရလျှင် တောက်တိုမယ်ရ လုပ်နေတတ်သည်။
အပျော်တမ်းဓာတ်ပုံသမားမို့ များသောအားဖြင့်ကတော့ အိတ်တစ်လုံးနှင့် ကင်မရာတစ်လုံးကိုလွယ်ပြီး ဟိုဟိုဒီဒီ လျှောက်ပတ်နေဖြစ်၏။ စိတ်ပါသည့်အချိန် ကြုံကြိုက်တာနှင့်တိုးလျှင်လည်း ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖြစ်သည်။
ရံဖန်ရံခါမှာတော့ မင်းခရှိနေမည့် စာကြည့်တိုက်ကိုသွားပြီး စာဖတ်ဖြစ်သည်။ ဆယ်တန်းမအောင်ခဲ့သော်လည်း ဒီဘာသာစကားတွေနှင့် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်တာမို့ အခက်အခဲမရှိတော့။
သွန်းအုပ်အား အလုပ်လက်မဲ့ဟု သတ်မှတ်လို့မရသော်လည်း ဝင်ငွေကတော့ ပုံမှန်မရှိ။ သို့သော်လည်း ဒါကပြဿနာမဟုတ်။ လုပ်ကျွေးမယ့် ယောကျ်ားငယ်ငယ်လေးကို ယူထားတာမို့ ထိုယောကျ်ား၏လုပ်စာကိုပဲ အိမ်ဦးခန်းမှာထိုင်ပြီး အားမနာတမ်းစားနေဖြစ်သည်။
နှစ်ယောက်စလုံး အားလပ်သည့်ရက်များ၌ အမ်စတာဒမ်မြို့အနှံ့လျှောက်လည်ဖြစ်သည်။ ဒီရောက်တော့မှ မင်းခက ချိစ့်ရောဂါထနေ၏။
ဘယ်နေရာရောက်ရောက် နမူနာအမြည်းကျွေးသည့် ချိစ့်များအား အလကားလိုက်စားနေရတာကို အတော်လေး သဘောခွေ့နေသည်။
အမ်စတာဒမ်ရှိ ပေါများလွန်းသည့် ပွဲတော်ပေါင်းစုံအား
သွန်းအုပ်လွတ်မသွားစေရန် အလုပ်မအားနေလျှင်တောင်
မင်းခက လိုက်ပို့ပေးတတ်သည်။ ညသန်းခေါင်မှ သွန်းအုပ်က ပျင်းသည် ထပြောလျှင်လည်း စက်ဘီးတစ်စီးဆွဲ... သူ့ကိုတင်ခေါ်ပြီး လမ်းကျဉ်းလေးတွေထဲ လိုက်ပို့ပေးတတ်ပြန်သည်။ ကမ္ဘာမပတ်ဖြစ်သော်လည်း တူးမြောင်းလှလှတွေကြားက ရေပေါ်ပန်းပွဲတော်ကိုတော့ အမြဲတမ်းခေါ်သွားပေးတတ်သည်။
အများကြီးအလိုလိုက်ပေးသည့် မင်းခက အရက်နံ့ရလျှင်တော့ ကျောင်းဆရာဟောင်းပီပီ ပွစိပွစိဆူတတ်သည်။ တစ်ခါတလေလေး အရက်ခိုးသောက်တာမိတိုင်း "နောက်တစ်ခါသောက်ရင် ချဉ်စော်နံတဲ့အထိ ပစ်ထားမယ်" ပြောပြီးတော့လည်း မူးပြီးအန်တိုင်း နှာခေါင်းရှုံ့ပြီး သန့်ရှင်းရေးလုပ်ပေးမြဲဖြစ်သည်။
အတိတ်ကိုမေ့နေတဲ့အထိ နှစ်ယောက်တည်းနဲ့တစ်ကမ္ဘာ တည်ဆောက်နေမိသည်ဟု သတ်မှတ်နိုင်သည်။ အဆင်မပြေသည့် ရက်အချို့လည်းရှိပေမယ့် သူတို့အတွက်တော့ ထိုနေ့ရက်ဟာလည်း ဘာနဲ့မှမလဲနိုင်အောင် တန်ဖိုးထားစရာဖြစ်ခဲ့တာတော့ သေချာပါ၏။
ရံဖန်ရံခါ ကတောက်ကဆ ဖြစ်ကြသည်။
တစ်ခါတလေ အကဲပိုအချစ်စမ်းကြ၏။
တစ်ယောက်က အဆင်မပြေလျှင် ကျန်တစ်ဦးက
နှစ်သိမ့်ပေးသည်။ မကြာခဏဆိုသလို တစ်ယောက်တစ်ပြန် သဝန်တိုနေကြပြန်သေး၏။
ဒီလိုနဲ့တစ်ရက်....
နောက်တစ်ပတ်....
ထပ်ပြီးတော့ တစ်နှစ်....
တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားခဲ့ပြီး ဆယ်စုနှစ်တွေချီလို့ ကြာသွားပြီးတဲ့အချိန်။
-
-
-
ရန်ကုန်မြို့(မြန်မာနိုင်ငံ)
ဆေးရုံအထူးခန်းတစ်ခုက လူနာကုတင်ပေါ် ဖြူဖျော့စွာ လဲလျောင်းနေသည့် လူနာဦးလေးကြီးတစ်ယောက်ရှိသည်။ ထိုလူကြီး၏နံဘေး၌ ဘုရားစာတတွတ်တွတ် ရွတ်ဆိုလျက် သူငယ်ချင်းဖြစ်သူ ပြန်လည်ကျန်းမာလာဖို့
ဆုတောင်းခြွေနေသည့် ဆရာဝန်မကြီး တစ်ယောက်လည်းရှိသည်။
ဆုတောင်းလို့သာ တောင်းနေသော်လည်း သူမ၏ ဆုတောင်းတွေကို ဘုရားကဖြည့်ပေးမှာ မဟုတ်မှန်းကိုလည်း ထိုအမျိုးသမီးကြီးက သိပါသည်။ သိသိရက်နှင့်ပဲ ဆုတောင်းမိတာကလည်း သူမအတွက် ဘုရားမှတစ်ပါး ယုံကြည်အားကိုးစရာမရှိတာမို့။
ကလေးဘဝကတည်းက တဖက်သတ်ချစ်ခဲ့ရသည့်သူ။ သူမ၏ ဘဝတစ်လျှောက်လုံး ရင်ထဲကရှိသမျှ အချစ်တွေအားလုံးကို ပုံအောပြီး ချစ်လာရသည့်သူ။
သူမကို ပြန်မချစ်ခဲ့သည့် ထိုသူငယ်ချင်း၏ နောက်ဆုံးနေ့ရက်တို့က တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ။
အမြဲတစေ တောက်ပလေးနက်နေခဲ့သည့် မျက်ဝန်းတို့ကို မှိတ်ထားသည်။ အရောင်ရင့်ရင့် နှုတ်ခမ်းသားတို့က
ယခုမူဖြူဖျော့ဖျော့။ အမြဲတမ်း ကြည့်လို့မဝနိုင်ခဲ့ရသည့် ပြည့်တင်းတင်းမျက်နှာက ရောဂါဒဏ်ကြောင့် အများကြီး
ချောင်ကျသွားပြီ။
တကယ်ဆို အသက်ခြောက်ဆယ်ကျော်ဆိုတာ ငယ်သေးတာပဲမလား။ သူမနဲ့မဟုတ်ပေမယ့်လည်း သူချစ်တဲ့သူနဲ့အတူ နောက်ထပ်အချိန်တွေအကြာကြီး ပျော်နေတာကိုကြည့်ရင်း အိုမင်းသွားချင်ခဲ့သည်။ သို့သော်လည်း ကံတရားက ရက်စက်လွန်းပါသည်။
ဒေါ်ကဗျာဦးက ကျလုဆဲဆဲ မျက်ရည်တို့ကိုထိန်းရင်း...
"နေမင်းခ~"
"......"
"ထပ်ပြီးတော့ နင်အိပ်ပျော်သွားတာ နှစ်ရက်ရှိနေပြန်ပြီ"
"......"
"လူဆိုးကောင်! နင်ဟာလေ အမြဲတမ်းငါ့ကို စိတ်ဆင်းရဲအောင် အရမ်းလုပ်တာပဲ။ တစ်မျိုးပြီးတစ်မျိုး မရိုးရဘူး"
ဒေါ်ကဗျာဦးက ဦးမင်းခ၏ဆံပင်တချို့ကို သပ်တင်ပေးနေရင်းက တိုးဖွဖွစကားများအား တစ်ကိုယ်တည်းပြောနေမိသည်။
"နင်အခုလို အိပ်နေတာကို ငါမကြိုက်ပါဘူးဟယ်"
"နင်ကြိုက်အောင်ဆိုပြီး နေမကောင်းဖြစ်နေတဲ့လူက ထကပြနေရဦးမှာလား။ အနားလာပြီး ပွစိပွစိနဲ့။
တော်ကြာ နိုးလာခါကျရင် နင့်မြင်ပြီး ထပ်မေ့ချင်သွားမယ်။ ဘာလဲ.. အသက်ကြီးလာလည်း ဉာဏ်ရည်ကမီမလာဘူး။ ဆရာဝန်တစ်ယောက်လုပ်နေပြီး လူနာအပေါ် မသိတတ်လိုက်တာ"
အခန်းထဲကိုဝင်လာရင်း ခပ်အုပ်အုပ်အသံဖြင့် ဆူနေပြန်သည့် ဦးသွန်းအုပ်စိုးပိုင်။
ဒေါ်ကဗျာဦးက တစ်ခုခုပြန်ပြောရန် ပါးစပ်ပြင်ပြီးမှ
ဦးမင်းခကို တစ်ချက်လှမ်းကြည့်ရင်း ပြန်မြိုသိပ်လိုက်သည်။ ဆေးရုံခန်းထဲမှာမို့ ဒင်းလိုကျက်သရေတုံးနှင့် စကားမများချင်။
သူမကိုသာ လာဆူနေပြီး ဒီလူက သူကိုယ်တိုင်လည်း ဘာမှမထူး။ အရွယ်အိုပြီး ဆံပင်တွေသာ ပြောက်တိပြောက်ကျား ဖြူလာသည်။ လူကတော့ (သူမ၏အမြင်၌) ကြည်ညိုစရာ ရှိမလာ။ ရုပ်မမြင်ရလျှင် ကွယ်ရာမှာ မေတ္တာထားပေးနိုင်သော်လည်း သူ့မျက်နှာ မြင်လိုက်လျှင်တော့ စေတနာပါပျောက်သွားသည်။
သူမလို အရွယ်တူချောချောမောမော မိန်းကလေးကိုတော့ စိတ်မဝင်စားခဲ့ပဲ ဘဝတလျှောက်လုံး ဒီလို အိုမင်းရွတ်တွနေသည့် အသက်ကြီးကြီး၊ပါးစပ်ပေါက်ဆိုးဆိုး ယောကျ်ားကြီးကိုသာ တန်းတန်းစွဲချစ်ခဲ့သည့် ကုတင်ပေါ်က လူနာကောင်ကိုလည်း တစ်ခါတစ်ခါ အမြင်ကပ်လွန်းသဖြင့် စိတ်ရှိတိုင်းထုရိုက်ပစ်လိုက်ချင်သည်။ မလုပ်ရက်၍သာ။
ဦးသွန်းအုပ်က ပြောချင်ရာပြောပြီးသည့်နောက် သတိမေ့နေသည့် လူနာကို သန့်ရှင်းရေးလုပ်ပေးရန်ပြင်နေပြီ။ ဒေါ်ကဗျာဦးကို အဖက်လုပ်ဖို့နေနေသာသာ ရှိသည်ဟုပင် သဘောမထားတော့။
အကူnurseက ဆောင်ရွက်ပေးရမည့် ကိစ္စတွေဆိုသော်လည်း ဇီဇာကြောင်လွန်းသည့် ဦးသွန်းအုပ်က သူ့ခင်ပွန်း လူနာဦးမင်းခနှင့် ပတ်သက်သမျှကို သူ့လက်သူ့ခြေချည်း လုပ်ပေးချင်တာမို့ အားလုံးကလွှတ်ထားရခြင်းသာ။
အဝတ်အစားတွေလဲ၊ ရေပတ်တိုက်ပေးဖို့ ပြင်ချိန်ကျမှ...
"နင်ကြည့်ရဲပြီး မင်းခက ရှက်ဖို့သတိမကပ်နေရင်တောင် ငါကတော့ ငါ့လူရဲ့ခန္ဓာကိုယ်ကို ဘယ်သူ့ကိုမှပြဖို့ ကြည်ဖြူမနေဘူး"
"အမလေးဟယ်.. စကားပြောတာ လူပါးဝနေလိုက်တာ။ ထွက်ပေးမယ်.. ထွက်ပေးမယ်"
ဒီအသက်အရွယ်တွေပဲ ရောက်နေပြီ။ အခုချိန်ထိ သူမကိုမြင်တိုင်း ရည်းစားလုဖက်လိုမျိုး သဘောထားပြီး နှိပ်ကွပ်နေတတ်သည့် ဦးသွန်းအုပ်အား အမြင်ကပ်လွန်း၍ ခပ်တိုးတိုးရန်ပြန်တွေ့ပြီးနောက် ဒေါ်ကဗျာဦးတစ်ယောက် အခန်းပြင်သို့ ထွက်လာပေးလိုက်သည်။
-
-
ခဏကြာတော့ လူနာကိုရော၊လူနာရှင်ကိုပါ
သံယောဇဉ်မပြတ်နိုင်သဖြင့် အခန်းထဲသို့ ဒေါ်ကဗျာဦး ပြန်ဝင်လာခဲ့သည်။
တံခါးကို အသံမထွက်အောင် ခပ်တိုးတိုးဖွင့်ပြီး ဝင်လာလာချင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့်
ရင်ထဲမှာ လေးလံတင်းကျပ်နေသည့်ကြားက
ဒေါ်ကဗျာဦး ပြုံးမိ၏။
လက်တွေ့သာ မမြင်ရလျှင် ဘယ်သူမှယုံချင်မှာမဟုတ်ပေ။
အချိန်တိုင်းလို မျက်နှာကမှုန်ကုပ်ပြီး ထစ်ခနဲရှိ စိတ်တိုနေတတ်သည့်ထိုလူက လူနာခင်ပွန်း၏ လက်သည်းခြေသည်းများကိုတော့ စိတ်ရှည်လက်ရှည်နှင့် လှီးဖြတ်ပေးနေတာများ တယုတယ။
အမြဲတစေ လူတကာအပေါ် အထက်စီးကနေ ဆက်ဆံတတ်သည့် မာနကြီးကြီးထိုလူက သူ့ခင်ပွန်းဖြစ်သူ၏ ဝေယျာကိစ္စအားလုံးကိုတော့
မငြီးမငြူပြုစုဆောင်ရွက်ပေးနေကျမို့
အတော်လေးတောင် ကျွမ်းကျင်နေခဲ့ပြီ။
တစ်ချက်တစ်ချက် လုပ်လက်စအလုပ်ကိုရပ်၍ အိပ်ပျော်(သတိမေ့)နေသူ၏မျက်နှာကို တွေတွေကြီး ကြည့်နေတတ်ပြန်သေးသည့်သူက ကိုယ့်စိတ်ကိုယ်လည်း အများကြီးပြင်ဆင်ထားပြီးပုံရ၏။ မင်းခ၏ရောဂါအကြောင်း သိချိန်ကစလို့ အခုချိန်ထိ အတည်ငြိမ်ဆုံးလူကို ပြပါဆိုလျှင် ထိုလူပင်။
အပေါက်ဝတွင်ရပ်ပြီး ကြည့်နေသည့် ဒေါ်ကဗျာဦးကို
လှမ်းမြင်တော့ ဦးသွန်းအုပ်က တစ်ခုခုပြောရန် ပြင်လိုက်သည်။ သို့သော်လည်း ဒေါ်ကဗျာဦးက ခုနကနှင့် လုံးဝခြားနားစွာ လူကြီးဆန်ဆန် အေးအေးဆေးဆေး ပြုံးပြနေတာမို့ ဘာမှမပြောတော့ဘဲ မူလအတိုင်း ဦးမင်းခကိုသာ ပြန်ကြည့်နေလိုက်၏။
ဒေါ်ကဗျာဦးက ဦးသွန်းအုပ်တို့အနား သွားရပ်လိုက်ပြီးနောက်
ဦးသွန်းအုပ်ကြည့်နေသည့် လူကိုပင် သူမလည်း အတူကြည့်နေဖြစ်ရင်း....
"သွန်းအုပ်စိုးပိုင်"
"......."
"နင်လည်း ပင်ပန်းနေပြီ။ ဒီနေ့တစ်ညလောက်ဖြစ်ဖြစ် နားလိုက်ဦး။ နေမင်းခကို ငါစောင့်ပေးမယ်"
"မပင်ပန်းဘူး"
"ခေါင်းမမာစမ်းပါနဲ့ဟာ"
"......"
"သွန်းအုပ်စိုးပိုင်"
"ငါ့နာမည်အရှည်ကြီးကိုခေါ်နေတာ မမောဘူးလား"
"ဘုဘောက်တွေ ပြန်ပြောမနေနဲ့။ ငါစကားအကောင်းပြောမလို့"
"....."
"သွန်းအုပ်"
"......"
"နင့်စိတ်ကိုနင် ပြင်ဆင်ထားမှန်းသိပေမယ့် တစ်ခါလောက်ဖြစ်ဖြစ် စိတ်ထဲရှိတဲ့အတိုင်း ငိုချပစ်လိုက်ပါလား။ နင့်ကိုငါ မနာလိုပေမယ့် ဒီနေ့တစ်ရက်အတွက် နင့်ရဲ့သူငယ်ချင်းကောင်းဖြစ်ပေးမယ်။ ရုပ်တည်ကြီးနဲ့ ဟန်ဆောင်နေမယ့်အစား စိတ်သက်သာရာရအောင် ပြိုလဲပစ်လိုက်လေ"
ဒေါ်ကဗျာဦး၏စကားများကြောင့် သွန်းအုပ်က
ခပ်ယဲ့ယဲ့ပြုံးမိရင်း....
"ငါက ဘာလို့ပြိုလဲရမှာလဲ။ မင်းခက ငါ့ကို အပြီးထားခဲ့မှာလည်း မဟုတ်ပဲနဲ့"
"....."
မျက်ရည်စတို့ ခိုသီနေသည့် မျက်ဝန်းတို့က မင်းခကိုသာ ကြည့်နေခဲ့သည်။ သို့သော်လည်း သူ ပြုံးနေခဲ့ပြန်သည်။
ပြောလို့ဆိုလို့ကောင်းသည့်သူမဟုတ်၍ ဒေါ်ကဗျာဦး ဆက်မပြောတော့။ စိတ်လျှော့ကာ သက်ပြင်းတစ်ချက်ချရင်း..
"သွန်းအုပ်.."
"......."
"......"
"ပြောလေ... ဘာပြောဖို့ခေါ်တာလဲ"
နာမည်ခေါ်ပြီးမှ ဘာစကားမှမပြောဘဲ တွေနေသည့် ဒေါ်ကဗျာဦးကြောင့်...
"နင်ပြောစရာမရှိရင်လည်း အပြင်ပြန်ထွက်တော့"
"ကျေးဇူးပါ"
"ဘာထဖြစ်တာလဲ"
"ကျေးဇူးပါ.. မင်းခကို အများကြီး ပြန်ချစ်ပေးခဲ့ပြီးတော့ နောက်ဆုံးအချိန်ထိ သူ့ကိုပျော်ရွှင်စေခဲ့လို့"
ဦးသွန်းအုပ်က မပြုံးတုံ့ပြုံးတုံ့ပြုံးမိရင်း မျက်နှာလွှဲလိုက်သည်။ အေးစက်စက် လက်ဖဝါးတစ်ဖက်အား သူ့လက်နှစ်ဖက်တို့ဖြင့် နွေးထွေးအောင် ထွေးဆုပ်ပေးထားလိုက်ရင်း...
"ကျေးဇူးတင်စရာ ဘာလိုလို့လဲ။ သူ့ကိုချစ်ဖို့နဲ့
ပျော်ရွှင်စေဖို့ဆိုတာ ငါအသက်ရှင်နေရခြင်းရဲ့ အကြောင်းပြချက်ပဲဟာ"
---------------------
"ကျွန်တော် မင်းခကို အိမ်ပဲပြန်ခေါ်သွားချင်တယ်"
ဆေးရုံအုပ်ဖြစ်သည့် ဦးကျော်စွာက သက်ပြင်းတစ်ချက်ချရင်း...
"ငါ့ညီရဲ့စိတ်ကို နားလည်ပေမယ့် ဒီမှာက ဆေးဝါးပစ္စည်းကိရိယာကအစ အသင့်ရှိတော့..."
"ဒီမှာဆက်နေရင် သူကနေပြန်ကောင်းလာမှာလား"
"အဲ့လိုတော့လည်း မဟုတ်ဘူးလေ"
"အဲ့ဒါဆို အိမ်ပဲပြန်ခေါ်သွားမယ်။ ကျွန်တော်ကိုယ်တိုင် သေချာစောင့်ရှောက်ပေးနိုင်တယ်"
"ဟို.."
ဦးကျော်စွာက ဇွတ်တရွတ်ခေါင်းမာနေသည့်
ဦးသွန်းအုပ်အား နားချရခက်နေသည်။ အားကိုးရှာပြီး ညီမဖြစ်သူကို လှမ်းကြည့်လိုက်တော့ ဒေါ်ကဗျာဦးကလည်း သက်ပြင်းရှိုက်ရင်း မျက်နှာလွှဲသွား၏။
ဘယ်သူပဲ ဘယ်လိုနားချချ နားထောင်ဖို့အစီအစဉ်မရှိသည့် ဦးသွန်းအုပ်၏ဆန္ဒကိုသာ လိုက်လျောဖို့ ဦးကျော်စွာ ဆုံးဖြတ်ချက်ချလိုက်ရသည်။
"ကောင်းပြီလေ... ငါ့ညီသဘောပါ"
----------------------
"ညနေကျရင် မင်းဘာစာအုပ်ဖတ်ချင်လဲ။ ရေမိုးချိုးပြီးတာနဲ့
ကိုကိုဖတ်ပြမယ်လေ။ ပရိတ်ကြီး၁၁သုတ် အနက်အဓိပါ္ပယ် ဖတ်ပြရမလား။ ရှင်ဆန္ဒာဓိကရဲ့ တရားစာအုပ်တွေ ဖတ်ပြရမလား"
"......"
ဦးမင်းခက အသာခေါင်းခါပြတာမို့ ဦးသွန်းအုပ်လည်း နောက်တစ်နည်း စဉ်းစားကြည့်လိုက်သည်။
"ဟုတ်တယ်.. ဘုရားစာတွေချည်း ရွတ်ဖတ်ပြနေရင် တရားပေါက်ပြီး နိဗ္ဗာန်ရောက်သွားနေလိမ့်ဦးမယ်။
အဲ့ထိလိုက်လာဖို့ဆိုရင်တော့ ကိုကို့လိုလူအတွက်
နည်းနည်းခက်ခဲမယ်ထင်တယ် ဟားးးး"
"....."
"အပျင်းပြေအောင် သီချင်းဆိုပြရမလား။ ဟိုသီချင်းလေ.. နည်းနည်းလေးတော့ လွဲနေတယ်ဆိုတဲ့သီချင်း။ မြူးတာထဲမှာဆို အခုခေတ်သီချင်းတွေတော့မရပေမယ့် အဲ့သီချင်းတော့ ကိုကို သေချာရတယ်။ ဆိုပြရမလား"
ခွဲရခါနီးချိန်တိုင်း နှုတ်မဆက်ဖြစ်အောင် စကားလမ်းကြောင်းတွေ လွှဲပြောတတ်သည့်ကိုကိုက ငယ်ငယ်တုန်းက အကျင့်တွေမပျောက်သေး။
သူပြုံးအောင် ပျော်ပြနေသည့် ကိုကို့အား သနားလွန်း၍
ရင်ထဲမှာ ဆို့လာသည်။ ဘယ်အရာမှမမြဲတာမို့ သေရမှာကို မကြောက်သော်လည်း ကိုကို့ကိုတစ်ယောက်တည်း ထားခဲ့ရမှာကိုတော့ သူစိတ်မချနိုင်။
သူမရှိတော့ရင်
မနက်ပိုင်း ဘုရားသွားချိန်တိုင်း ဘယ်သူကလိုက်ပို့မှာလဲ။
သူမရှိတော့ရင်
ဒီမျက်နှာကြောတင်းတင်း၊အပြောဆိုးဆိုးနဲ့ ဦးလေးကြီးကို ဘယ်သူကများသည်းခံပြီး ဝေယျာဝစ္စတွေလုပ်ပေးမှာလဲ။သူမရှိတော့ရင်
အရက်တွေခိုးခိုးသောက်တတ်တဲ့ ဂျစ်ကန်ကန်အမူးသမားကို
ဘယ်သူက အဝတ်အစားလဲ၊ထမင်းခွံ့ကျွေးမှာလဲ။
သူမရှိတော့တဲ့အချိန်ကျရင်..
သူ ကိုကို့အနားမှာ မရှိပေးနိုင်တော့တဲ့ အချိန်ရောက်ရင်..
လူတွေရှေ့ ရင်ဖွင့်ဖို့ကို ဝန်လေးလွန်းတဲ့ မာနခဲကိုကိုက တစ်ယောက်တည်း မငိုပဲနဲ့ ကြိတ်ခံစားနေတော့မှာ။
ကိုကိုက
သူမရှိတော့တဲ့ အခါကျရင်လေ......
-
"တောင်း ပန် ပါ တယ် ကိုကို~"
သူ့ကိုလှမ်းကြည့်နေရင်းက မင်းခက ခပ်တိုးတိုးဆိုလာသည်။
လျှောက်တွေးနေမိမှာစိုး၍ ရောက်တက်ရာရာစကားများကို ပြောပေးနေသော်လည်း မင်းခက ပို၍ဝမ်းနည်လာသည့်ပုံ။
"ကျွန် တော် က တိ မ တည် ခဲ့ ဘူး~"
"မဟုတ်တာ။ မင်းက ကတိတည်တာထက်ကို အများကြီးပိုတာပါ"
သူရှိရာ ဆွေးဆွေးမြေ့မြေ့ ငေးကြည့်နေရင်းကနေ
မင်းခက တစ်ဖက်သို့ မျက်နှာလွှဲသွားသည်။
ငိုနေပြီဆိုတာကို သိလိုက်တာမို့ မင်းခအနား အမြန်သွားကာ မင်းခ၏ မျက်ရည်များအား သုတ်ဖယ်ပေးလိုက်ရင်း...
"မငိုရဘူးလေကွာ။ ခေါင်းတွေပိုကိုက်မှာပေါ့... ကလေးလေးလည်း မဟုတ်တော့ဘဲ မင်းက တအားပြောရတာပဲ။ နေမကောင်းထပ်ဖြစ်ရင် ကိုကိုက ထပ်ပြီးစိတ်ပူရဦးမယ်"
"ကိုကို~"
အရင်တုန်းက အားကိုးဖွယ်ရာ အားအင်အပြည့်ဖြင့် နူးညံ့လွန်းသည့် သြရှရှခေါ်သံတို့က ယခုမူ တိုးဖျော့နေပြီး ဝမ်းနည်းအားငယ်စွာ....
"ငို ချင် နေ ရင် ငို လိုက် ပါ လား~
ကို ကို စိတ် တင်း ထား နေ ရ မှန်း သိ တယ်~"
ဦးသွန်းအုပ်က ခပ်သွမ်းသွမ်းရယ်လိုက်ရင်း ဦးမင်းခ၏ နှာခေါင်းထိပ်ဖျားအား ဖွဖွလေးဖြစ်ညှစ်လိုက်သည်။ ထို့နောက် မျက်ခုံးလေးအသာပင့်ကာ ပြုံးတုံ့တုံ့ဖြင့် စိုက်ကြည့်လာရင်း..
"ကိုကို့ကို မင်းလိုမျိုး အငိုသန်တဲ့ကလေးကြီး
မှတ်နေလား ဟမ်။ မင်း ကိုကိုရဲ့အသည်းနှလုံးက ကျောက်ခဲကြီးလိုမာတာ မသိဘူးလား"
"......"
"မင်းခ~"
"....."
မျက်ရည်များဝိုင်းလျက် ပြန်မော့ကြည့်နေသည့် မင်းခ၏ နဖူးအား ငုံ့မိုး၍နမ်းလိုက်ပြီးမှ စကားကိုဆက်ပြောသည်။
"ဝမ်းမနည်းရဘူး။ ကိုကို့ကို စိတ်မချတာလည်း မရှိရဘူး။
မင်းထင်ထားတာထက် ကိုကိုက အများကြီးသန်မာတာမလို့
မင်းက နောက်ဆံမတင်းဘဲ သွားနှင့်ရမယ်"
"....."
"အချိန်တစ်ခုရောက်တဲ့ထိ ကိုကို မင်းဆီလိုက်အလာကို
ကောင်းတဲ့နေရာတစ်ခုကနေ စောင့်နေပေးရမယ်။ ကံတရားက ရှင်ကွဲနဲ့ပဲ လာခွဲခွဲ၊ သေကွဲနဲ့ပဲ လာပြီးခြားခြား... ကိုကိုက မဖြစ်ဖြစ်တဲ့နည်းနဲ့ မင်းရှိတဲ့အရပ်ကို အရောက်လိုက်လာခဲ့မှာ။ အဲ့ဒါကြောင့်လေ အပြီးသတ် ဝေးရတော့မယ့်ပုံစံမျိုးနဲ့ ကိုကို့ကို နှုတ်မဆက်ရဘူး"
စကားကိုခဏရပ်ကာ ခပ်ဖွဖွတစ်ချက်ရယ်လိုက်ရင်း...
"အားငယ်ပြီး ဝမ်းနည်းနေခွင့်လည်း မပေးဘူး"
"......"
"ကြားတယ်နော်။ ဒါက မင်းရဲ့ တစ်ဦးတည်းသော သခင်ချောချောကြီးရဲ့ အမိန့်ပဲ"
"ကို ကို က တော့ ဗျာ~"
ဦးသွန်းအုပ်က ရွှတ်နောက်နောက်ပြောလိုက်တော့မှ ဦးမင်းခက ခပ်ဖျော့ဖျော့ ရယ်ပြုံးလာသည်။
သို့သော်လည်း စကားအများကြီး ပြောလိုက်တာမို့ ပင်ပန်းသွားပုံရသည့် ဦးမင်းခက ကြာကြာမရယ်ပြုံးနိုင်။ မျက်လုံးလေး အသာပြန်မှိတ်လျက် အသက်ကိုအားယူ၍ ရှိုက်နေရသည်။
ဦးသွန်းအုပ်က ဦးမင်းခရှေ့ မျက်ရည်မကျမိစေရန် အောက်နှုတ်ခမ်းကို ခပ်တင်းတင်း ဖိကိုက်ထားလိုက်သည်။ မျက်ရည်တွေဝဲလာသည် ဆိုဦးတော့.. သူမငိုမိဖို့ ဆုံးဖြတ်ထား၏။ ခုနက သူပြောခဲ့သလိုပဲ~
ဒါဟာ သူတို့နှစ်ဦးကြား အဆုံးသတ်လမ်းခွဲခြင်းမဟုတ်ဟု ခံယူထားတာမို့ သူမငိုမိဖို့ ထိန်းထားရမည်။
ဝမ်းနည်းလွယ်သည့် ကောင်လေးကို သူ့မျက်ရည်တွေကြောင့် ပိုပြီးစိတ်မပူစေချင်။ သံယောဇဉ်ကြီးလွန်းသည့် ကောင်လေးအား သူ့ပူဆွေးမှုတွေကြောင့် ထွက်ခွာဖို့ မတွေဝေစေချင်။ ချစ်ရသည့်လူအတွက် သူဟာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်မနေစေချင်။
"မင်းခလေး"
"....."
"ကိုကို့အတွက် စိတ်ပူမနေနဲ့တော့နော်"
"....."
သူ့လက်တစ်ဖက်ကို လာရောက်ဆုပ်ကိုင်ပေးထားသည့် ခပ်နွေးနွေးလက်တစ်စုံအား ကျန်နေသေးသလောက် အားအင်လေးနှင့် ဦးမင်းခ ပြန်လည်ဆုပ်ကိုင်လိုက်သည်။ မောဟိုက်နေသည့်ကြားက အားယူကာပြုံးပြရင်း....
"ကျွန် တော် က လေ..".
"အင်း...ကိုကိုနားထောင်နေတယ်"
" ကို ကို့ ကို... အ ရမ်း ချစ် တာ~"
"အင်း.. ကိုကိုရောပဲ။ မင်းကို အရမ်းချစ်တာ"
------------------
ရိုးမြေကျဆိုတဲ့ အချစ်မျိုးနဲ့
မင်းတစ်ဘဝလုံးမှာ ကိုကို့တစ်ယောက်တည်းကိုပဲ အသက်ထက်ဆုံး ချစ်ပေးသွားခဲ့တဲ့အတွက်
ကိုကိုလေ မင်းကို....
----------------------
သုံးနှစ်ကျော်ကြာပြီးနောက်....
-
-
"ဇာနည်! မင်း ဇာနည်မလား"
"ဦးပိုင်~"
"......"
"ဦးပိုင် တစ်ယောက်တည်းလား။ ဘယ်ကိုလာတာလဲ"
"အင်း။ ဆေးခန်းလာပြတာ"
အသက်လေးဆယ်ကျော် ငါးဆယ်ဝန်းကျင်
ကြွယ်ဝသည့် လုပ်ငန်းရှင်တစ်ဦးမှန်း သိသာလှစွာ ဇာနည်(ဦးဇာနည်)က ခံ့ညားနေသည်။
သူ့ကိုမြင်တော့ ဇာနည်က အလွန်ဝမ်းသာသွားပုံပေါ်သည်။ သို့သော်လည်း တည်တည်ငြိမ်ငြိမ်သာ။ ငယ်ငယ်တုန်းကလို
ရွှတ်နောက်နောက်ဟန်ပန်မျိုး လုံးဝမတွေ့ရတော့။
မမြင်ရတာကြာပြီဖြစ်သည့် နှစ်တွေအတွင်း ဒီကောင်လေး အများကြီးပြောင်းလဲသွားခဲ့ပြီပဲ။
ဦးဇာနည်က ဦးသွန်းအုပ်၏ ဘေးဘီဝဲယာသို့
ဝေ့ဝဲကြည့်ရင်း တစ်စုံတယောက်ကိုရှာနေသည်။
ဦးဇာနည် ရှာနေသည့်သူကိုသိသည့် ဦးသွန်းအုပ်က ခပ်ယဲ့ယဲ့ပြုံးရင်း....
"ရှာမနေနဲ့.. မင်းရဲ့ဆရာ ဆုံးသွားပြီ"
"ဗျာ?"
ဆရာဆုံးသွားသည့်အကြောင်းကို အပြုံးဖျော့ဖျော့ဖြင့် တည်ငြိမ်စွာပြောပြလာသည့် ဦးပိုင်က အရင်ကထက် အများကြီးပိုပြီး ရင့်ကျက်နေပြီ။ အေးချမ်းနေသည့် မျက်ဝန်းတို့က သူ့လို အတိတ်ထဲမှာ နစ်မြုပ်နေမည့် ပုံစံမျိုးမပေါ်။
"ဆရာက ဘယ်လိုဖြစ်တာလဲ"
"ဦးနှောက်မှာအကျိတ်"
"သြော်...."
"မင်းမိဘတွေရော? ရှိကြသေးတယ်မလား"
"မာမားကတော့ ဆုံးသွားပြီလေ။ ပါးပါးကတော့ ရှိသေးပေမယ့် အသက်လည်း အရမ်းကြီးနေပြီဆိုတော့ တရှောင်ရှောင်ပဲပေါ့"
"တခြားမိသားစုဝင်တွေနဲ့ အဆင်ပြေတယ်မလား"
"ဟုတ်.. ပြေအောင်နေနေပါတယ်"
စကားသံတို့က ထိုမျှသာ။ ဦးဇာနည်လည်း ဘာဆက်မေးရမှန်း မသိသလို ဦးသွန်းအုပ်လည်း ဘယ်လိုစကားမျိုး ဆက်ပြောသင့်လဲဆိုတာမသိ။
အချိန်ခဏကြာသည်အထိ နှစ်ဦးသားကြား တိတ်ဆိတ်သွားပြီးမှ ဦးသွန်းအုပ်က တခြားစကားလမ်းတစ်ခုကိုပြောင်းပြီး ကြောင်းဖို့ရန် တွေးမိရင်း....
"မင်း အိမ်ထောင်ကျသွားတယ်လို့ ကြားလိုက်သေးတယ်။ မင်းရဲ့ အမျိုးသမီးရော။ နောက်ပြီး သားသမီးတွေ ဘာတွေ.."
"သူနဲ့က အိမ်ထောင်သက်တစ်နှစ်မှာပဲ ကွာရှင်းလိုက်တာ ဦးပိုင်"
"ဟမ်?"
ဦးသွန်းအုပ်က စိတ်မကောင်းဟန်အကြည့်တို့ဖြင့် ကြည့်လာတော့ ဦးဇာနည်က ခပ်ပေါ့ပေါ့ ရယ်သွမ်းသွေးလိုက်ရင်း....
"အဲ့လိုမျိုး သနားရိပ်တွေ သန်းနေတဲ့မျက်လုံးတွေနဲ့ မကြည့်ပါနဲ့ဗျာ။ ကွာရှင်းလိုက်တယ်ဆိုတာကလည်း
နှစ်ဦးနှစ်ဖက်စလုံး အဆင်ပြေသွားအောင်လို့။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တော့ တစ်ခါမှ စိတ်မကောင်းမဖြစ်ခဲ့ဖူးပါဘူး"
"မင်း သူ့ကိုမချစ်ဘူးလား"
"မချစ်ဘူး။ အိမ်ကို ထပ်ပြီးမလွန်ဆန်ချင်လို့ လက်ထပ်ခဲ့ရုံပဲ"
"မင်းကလည်း ဆိုးလိုက်တာ။ မိန်းကလေးကို အားနာစရာကြီး"
"ကျွန်တော့်နှလုံးသားက အကို့ဆီမှာပါသွားတော့ ဘယ်သူ့ကိုများ ထပ်ချစ်နိုင်ပါတော့မလဲ ဦးပိုင်"
"....."
ဦးသွန်းအုပ်က စိတ်မကောင်းစွာဖြင့် ကြည့်မိနေဆဲ။ လူကဲခတ်ကျွမ်းသည့် ဦးဇာနည်က သူ့ဦးပိုင်
စိတ်မကောင်းဖြစ်သွားမှန်းသိတာမို့ စိတ်အပြောင်းအလဲဖြစ်စေဖို့ ရည်ရွယ်လိုက်ပြီး...
"ဘယ်ဆိုးလို့လဲ။ ကျွန်တော်တို့ ဦးပိုင်တောင်
ဂရုဏာစိတ်တွေ ကြီးမားလာပြီ"
"အရင်တုန်းကတော့ ငါက အကြင်နာတရားမရှိတဲ့
လူယုတ်မာကြီးပေါ့?"
"ဟားးးးးဟားးး အဲ့လိုပြောတာ မဟုတ်ပါဘူးဗျာ။ ဦးပိုင်ကတော့လေ တကယ်ပါပဲ"
ဦးသွန်းအုပ်က ရန်တွေ့ဟန်ပြန်ပြောလိုက်တော့
ဦးဇာနည်က သဘောကျစွာရယ်နေတာမို့ ဦးသွန်းအုပ်လည်း မသိမသာ ပြုံးမိပါသည်။
-
-
တစ်နာရီနီးပါးလောက် ဟိုရောက်ဒီရောက်စကားများ ပြောပြီးနောက် ဦးဇာနည်က ဦးသွန်းအုပ်အား
သူ့ကားဖြင့် အိမ်သို့ပြန်လိုက်ပို့ရန်ပြင်သည်။
အရင်ကနှင့် လုံးဝမတူပဲ အလွန်တိတ်ဆိတ်သွားသည့်
ဦးသွန်းအုပ်က တစ်လမ်းလုံးလည်း ငြိမ်ငြိမ်သက်သက်သာ လိုက်ပါလာ၏။ ဦးဇာနည်ကလည်း ထိုအတိုင်းသာ...
အိမ်ရှေ့သို့အရောက် ဦးသွန်းအုပ်က ကားပေါ်ကဆင်း၍ အိမ်ထဲပြန်ဝင်မည့်အချိန်မှ ဦးဇာနည်က....
"ဦးပိုင်"
"....."
"အကို့ကို ဆရာ မေ့သွားတာ တကယ်ပဲလား"
အမြဲတမ်း အဖြေသိချင်ခဲ့ရသည့် မေးခွန်းကို ဦးဇာနည် မေးလိုက်သည်။
အရိုးရှင်းဆုံး အဖြေကအသင့်ရှိပါလျက် ပြန်ဖြေဖို့ကျမှ ခက်ခဲနေခဲ့၏။ ဦးသွန်းအုပ်က မိနစ်ပိုင်းလောက်ကြာအောင် ပြန်ဖြေရန် တွေဝေနေပြီးမှ...
"ငါမသိဘူး။ ငါတို့နှစ်ယောက်စလုံး အဲ့ဒီအကြောင်းကို မဆွေးနွေးခဲ့ဖြစ်ဘူး"
--------------------
အိမ်ထဲသို့ပြန်ရောက်သည်နှင့် dreambedပေါ်
နွမ်းလျစွာ ဝင်လှဲလိုက်သည်။
ပင်ပန်းသည်။ ခက်ခဲလွန်းသည်။ တစ်ယောက်တည်းမို့ ဖြတ်သန်းရသည့် နေ့ရက်များက သူ့အတွက် အဓိပါ္ပယ်မဲ့နေသည်။
နံရံမှာချိတ်ဆွဲထားသည့် ဓာတ်ပုံထဲက ကောင်လေးကို လှမ်းကြည့်လိုက်တော့ ခါတိုင်းလိုပဲ ပြုံးပြနေပြန်သည်။ ဒီအပြုံးနုနုတို့ကို ထိတွေ့ခွင့်ရဖို့ ဘယ်လောက် စောင့်ရဦးမှာပါလိမ့်။ သိပ်တော့ မကြာတော့ဘူးထင်ပါသည်။
-
-
ညစာအတွက် ဝယ်လာသည့် စွပ်ပြုတ်တစ်ပန်းကန်ကို ကုန်အောင်သောက်လိုက်ပြီးတော့ ချေးများမနေပဲ သောက်ရမည့်ဆေးများကို ရေနဲ့မျှောချလိုက်သည်။
အရင်လို နေမကောင်းမချင်း ချော့မော့ပြီး ဆေးတိုက်နေမည့်သူက အနားမှာမရှိပေးနိုင်တာမို့ သူ့ကိုယ်သူဂရုမစိုက်လျှင် ထိုကောင်လေးက စိတ်မချဖြစ်နေလိမ့်ဦးမည်။
အထွေအထူးလည်း လုပ်စရာမရှိ၍ အိပ်ခန်းထဲသို့သာ ဝင်လိုက်တော့သည်။ ဒီနေ့အဖို့ ရေမိုးလည်းမချိုးဖြစ်။ အရင်ကလို သူရေချိုးဖို့ ပျင်းနေသည့်အခါတိုင်း ညစ်ပတ်သည်ဟု ပွစိပွစိနှင့် လိုက်ဆူမည့်သူမရှိတာမို့ နားပူတော့ သက်သာသည်။ သို့သော်လည်း ထိုပူညံပူညံ
အသံကိုပဲ လွမ်းရပါသည်။
အိပ်မပျော်၍ အိပ်ရာဘေးရှိ ရေဒီယိုက ခလုတ်လေးကို လှမ်းဖွင့်လိုက်တော့ အကြိမ်တစ်ရာမက နားထောင်လည်း ဘယ်တော့မှ ရိုးမသွားနိုင်မည့် သီချင်းဟောင်းတစ်ပုဒ်က အိပ်ခန်းလေးထဲ၌ ခပ်တိုးတိုး လွင့်ပျံ့လာသည်။
-
-
"တုံပြန်မှာကို~မတုံ့ပြန်မှာကို~ပူပင်နေရိုးမရှိပါ~
ဘဝပေးက တစ်လမ်းသွားပါပဲ~မင်းသိစေဖို့ရာ~
ကိုယ့်အမည်ဟာ~ငြိမ်းချမ်းရေးနိမိတ်ပဲ~
ကိုယ့်ရင်မှာ~လောကအသက်ပါတယ်~
ကိုယ့်အပြင်မှာ ပြေမယ်~ညှင်းမယ်~လေမုန်တိုင်းထန်မယ်~
ရူးမလောက်ချစ်ပြီး~ချစ်သလောက်ရူးတဲ့~
နှလုံးသားရဲ့~ နယ်ပယ်ကလာ~
လေညာအရပ်ကအချစ်~လေညာအရပ်က အချစ်~
တိုက်နေခဲ့~တိုက်နေဆဲ~
နောက်များလည်း ~တိုက်နေဦးမှာပဲ~"
----------------
အတိတ်တလျှောက်လုံး ချစ်ခဲ့ရသလို
ပစ္စုပ္ပန်မှာလည်း မြတ်နိုးနေရဆဲချစ်သူအတွက်...
နောင်အနာဂတ် သံသရာတွေအထိ
ဒီချစ်ခြင်းမေတ္တာများကို
သယ်ဆောင်ယူသွားခွင့်သာ ရှိခဲ့မယ်ဆိုရင်လေ...။ ။
****************
11.June.22