[Zawgyi]
ring! ring!
မင္းခရဲ႕ဖုန္းမွျမည္သံၾကား၍ ဖုန္းကိုင္ရန္ၾကည့္လိုက္ေတာ့ ေခၚဆိုသူက ကဗ်ာဦး။ သြန္းအုပ္၏မ်က္ႏွာက အေတာ္ေလး႐ႈံ့တြသြားသည္။
ဒီခ်ီးထုပ္မႏွင့္မင္းခတို႔ ေခၚတာ၊ေျပာတာမႀကိဳက္ပါဘူးဆိုမွ
ဖုန္းအဆက္အသြယ္ေတာင္ လာလုပ္ေနေသး၏။
မင္းခမသိေအာင္ ဖုန္းခ်ပစ္ဖို႔ စဥ္းစားမိလိုက္ေသာ္လည္း တစ္ဖက္က ဘာေျပာမလဲသိခ်င္ေသးတာမို႔ ဖုန္းကိုင္ၿပီး နားစြင့္ေနလိုက္သည္။
"ဟဲ့ ေနမင္းခ"
"....."
"ငါ ကေလာဘက္ကို လုပ္အားေပးလာဖို႔႐ွိတယ္။ ကိုႀကီးလည္းပါတယ္။ အဲ့ဒါ ငါတို႔ေမာင္ႏွမႏွစ္ေယာက္စလံုး နင့္အိမ္မွာတည္းမလို႔။ ကိုႀကီးက နင္နဲ႔
အတူတူအိပ္လို႔ရေပမယ့္ ငါ့အတြက္ကိုေတာ့
တစ္ခန္းသက္သက္ ေသခ်ာျပင္ထားလိုက္ဦး"
"......"
"ဟဲ့ ငါေျပာတာၾကားလား"
"ေနမင္းခက နင့္အခိုင္းအေစလား"
သြန္းအုပ္၏စကားသံက သူ႔ပံုမွန္အတိုင္း
ခပ္ျပတ္ျပတ္သာဆိုေသာ္လည္း ႐ုတ္တရက္မို႔ ကဗ်ာဦး လန္႔သြားရသည္။
သြန္းအုပ္စိုးပိုင္၏အသံကို မေမ်ွာ္လင့္ထားဘဲ
ၾကားလိုက္ရတာက သူမအတြက္ေတာ့ ေဆးရံုမ်ားမွာ ၾကားရတတ္သည့္ ဟိုအသံဒီအသံမ်ားထက္ပင္
ပို၍ရြံေၾကာက္ႀကီးး။
အဲ့က်က္သေရတံုးႏွင့္ သူမ၏ေရစက္ဆိုးကလည္း
ကုန္ပဲမကုန္ႏိုင္။
အကုန္သိသတင္းဌာနက သူမ၏အစ္ကို ေျပာျပထားသည့္ကိစၥေၾကာင့္ ဝင္ေနခဲ့သည့္ သနားစိတ္ပိစိေလးကေတာင္ ဒင္းအသံၾကားလိုက္ရရံုႏွင့္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္ကုန္သည္။
အျပစ္မ႐ွိဘဲ ေခ်ာက္ခ်ခံရလို႔ သနားတာက သက္သက္ျဖစ္သြားၿပီး ေရစက္ဆိုးေၾကာင့္ ထိုက်က္သတံုးကို ေမတၱာမထားႏိုင္တာကေတာ့ တကန္႔စီျဖစ္လို႔သြား၏။
"နင္က ေနမင္းခဖုန္းကို ဘာကိစၥယူကိုင္တာလဲ"
"အဟက္! ေနမင္းခကိုေတာင္ ငါပိုင္ေသးတာ။
သူ႔ဖုန္းကို ငါယူကိုင္တာက ဆန္းေနလား"
"နင္.."
"နင္ေတြငါေတြ လုပ္မေနနဲ႔။ နင့္ထက္ငါ အသက္အမ်ားႀကီး ႀကီးတယ္"
"....."
"နင္ဘယ္လိုမိန္းကေလးလဲ။ ေယာက်္ားေလးတစ္ေယာက္ အိ္မ္ကိုေတာင္ လာတည္းမယ္ေျပာရဲတယ္။ ကြၽတ္စ္..ကြၽတ္စ္
ပိုင္စိုးပိုင္နင္းကလည္း ဆက္ဆံခ်င္ေသး။ ဒါေပမယ့္
ခက္တာက နင္အဲ့လိုလုပ္ရမယ့္လူ အေရြးမွားေနတယ္"
"သြန္း အုပ္ စိုး ပိုင္!"
"ဘာ လဲ!"
"နင့္ရဲ႕ အရည္အဖက္မရစကားေတြကို နားေထာင္ဖို႔ ငါ့ဖုန္းေဘလ္ေတြ အကုန္ခံေနတာမဟုတ္ဘူး။
ဘယ္မွာလဲ ေနမင္းခ"
သြန္းအုပ္က ခနဲ႔တဲ့တဲ့ရယ္လိုက္ရင္း....
"သူမအားဘူး။ ငါ့အတြက္ မနက္စာျပင္ေပးေနတယ္။ နင္ေျပာခ်င္တဲ့ကိစၥ ၿပီးၿပီဆိုရင္ဖုန္းခ်လိုက္ေတာ့။
အက်ိဳးမဲ့ၿပီး အခ်ိန္ေတြကုန္တယ္"
"ငါကလည္း နင္နဲ႔တုဖက္ၿပီး စကားအရမ္းေျပာခ်င္တဲ့ပံုမ်ား ေပၚေနလို႔လား။ စကားေျပာတာ ႀကီးက်ယ္မေနနဲ႔။ နင့္လို ေယာင္ေျခာက္ဆယ္လည္းမဟုတ္လို႔ အားယားမေနဘူး။ Dutyလြတ္တုန္း ငါ့သူငယ္ခ်င္းဆီငါ ကိစၥ႐ွိလို႔ ဖုန္းေခၚရတာ။ က်စ္! သူ႔ကိုသာ ဖုန္းေပးလိုက္စမ္းပါဟာ။ ၾကားထဲကေန ဝင္႐ႈပ္မေနနဲ႔"
"နင္မအားဘူးသာ ေျပာေနတာ... မင္းခဆီ ဖုန္းေခၚၿပီး စကားေျပာဖို႔က် အခ်ိန္ေတြအရမ္းပိုေနတဲ့ပံုပဲ။ ဘာလဲ မင္းခကို ႀကိဳက္ေနတာလား"
သြန္းအုပ္၏စကားေၾကာင့္ ကဗ်ာဦး အနာေပၚတုတ္က်သလို ျဖစ္သြားၿပီး ေဒါသူပုန္ထသြားၿပီ။ ဖုန္းထဲမွာျဖစ္ေန၍သာ.. အျပင္မွာသာဆိုလ်ွင္ မမူးဘဲႏွင့္ရစ္ေနသည့္ သြန္းအုပ္ကို စိတ္တိုလြန္း၍ တစ္ခုခုလုပ္မိေနေလာက္ၿပီ။
"သြန္းအုပ္စိုးပိုင္!! နင္နဲ႔မဆိုင္တာေတြကို ဝင္ပါမေနဘဲ ေနမင္းခလက္ထဲကို ခုခ်က္ခ်င္း ဖုန္းလႊဲေပးလိုက္စမ္း!
ငါ အရမ္းယြေနလို႔ နင့္လင္ကို ဖုန္းေခၚေနတာမဟုတ္ဘူးဟဲ့။ တျခားကိစၥလည္း႐ွိလို႔ ဖုန္းေခၚေနတာ။ ငါ့လူနာေတြအတြက္ ေပးဖို႔လိုေနတဲ့ အခ်ိန္ေတြကိုေလ နင့္ရဲ႕အားယားေနတဲ့ အခ်ိန္ေတြ လာေပါင္းထည့္ေပးရင္ေတာင္ ငါ့အတြက္ အခ်ိန္ေတြမေလာက္ေသးဘူး။ နင္နားလည္လား"
ဖုန္းထဲကအသံကို နားေထာင္ရံုျဖင့္ အျပင္မွာလည္း ထိုခ်ီးထုပ္မ ေဒါသေၾကာင့္ ေစြ႔ေစြ႔ခုန္ေနေလာက္ၿပီဆိုတာကို သြန္းအုပ္ သိလိုက္သည္။
အနားကထိုင္ခံုေပၚ စိတ္ပ်က္လက္ပ်က္ျဖင့္ ထိုင္ခ်လိုက္ရင္း..
"နင္က ဆရာဝန္မလား။ ေဒါသေတြ သိပ္ထြက္မေနနဲ႔။
နင့္ရဲ႕႐ုပ္ကိုလန္႔ၿပီး လူနာေတြအေမာေဖာက္သြားဦးမယ္"
"နင္...နင္!"
သြန္းအုပ္စိုးပိုင္ဆိုသည့္ မေကာင္းဆိုးဝါးေကာင္ေၾကာင့္ ကဗ်ာဦး ေဒါသထြက္လြန္း၍ အသားမ်ားပင္ တဆက္ဆက္တုန္ေနၿပီ။ ထိုမသာေကာင္ကို ဘယ္လိုျပန္ေျပာလိုက္ရမွန္း စဥ္းစားမရေအာင္ ေဒါသထြက္ေနတုန္းမွာပဲ ဖုန္းထဲကေန
ၾကားလိုက္ရတာက...
"မင္းခ... မၿပီးေသးဘူးလားကြာ။ ဒီမွာ ကိုကိုက ဗိုက္အရမ္းဆာေနၿပီ"
"လာမယ္ဗ်ိဳ႕! ဒီမွာ ကိုကို႔အတြက္ ႐ွယ္ၾကယ္ဥေပါင္မုန္႔ပါ
ေၾကာ္ေနလို႔။ အခုမွ အစမ္းစလုပ္ဖူးတာမလို႔ နည္းနည္းေတာင္ တူးခ်င္သလိုျဖစ္သြားတယ္"
"ၿပီးေရာ.. ၿပီးေရာ။ ၿပီးခါက်ရင္ ကိုကို႔ကို အျပင္ကို လိုက္ပို႔ေပးရဦးမွာဆိုေတာ့ ျမန္ျမန္လုပ္ေနာ္.. ေဘဘီ "
"Yes, my man!! ဟားးးဟားးးးးး"
သြန္းအုပ္က ကဗ်ာဦးကို စိတ္ဆင္းရဲသြားေစခ်င္တာမို႔ ယုတ္မာသည့္အၾကံအစည္ျဖင့္ ထိုစကားမ်ားကိုေျပာေနခ်ိန္၌ ဖုန္းspeakerကို ဖြင့္ထားတာျဖစ္သည္။ မင္းခက ကဗ်ာဦးႏွင့္သူဖုန္းေျပာေနတာကို မၾကားတာမို႔ သူနည္းနည္းေလး ကညဳလိုက္တာႏွင့္ မင္းခရဲ႕ႏႈတ္ကေန တီတီတာတာ စကားလံုးမ်ားက ေဖာေဖာသီသီ ထြက္က်လာၿပီးသား။
သူတို႔ႏွစ္ဦး ကေျမာက္ကေျခာက္ ေျပာဆိုေနၾကသည့္ ပလီပလာစကားမ်ားအား အတိုင္းသားၾကားေနရသည့္ ကဗ်ာဦးကေတာ့ နားေထာင္ေနရင္းႏွင့္
ေတာ္ေတာ္ေအာ္ဂလီဆန္ေနၿပီ။
အတြဲေတြက အဲ့လိုပဲ ရြံဖို႔ေကာင္းတတ္တာလား? အဲ့လိုဆိုရင္ေတာင္ ဒီအတဲြကေတာ့ အဆိုးဆံုးျဖစ္လိမ့္မည္။
မင္းခ ေျပာျပတုန္းကေတာင္ သူမသိပ္မယံုခ်င္ခဲ့။
မင္းခ၏စိတ္ကိုေတာ့ အရင္ကတည္းက ရိပ္မိခဲ့ေသာ္လည္း ဒီက်က္သေရတံုးကိုေတာ့ အခုေလာက္ထိ ျဖစ္ပ်က္ေနလိမ့္မည္ဟု မထင္ထား။ သူမ မၾကား,ၾကားေအာင္ ဖုန္းSpeakerကိုေတာင္ တမင္ဖြင့္ထားျပလိုက္ေသးသည္။
သြန္းအုပ္ သက္သက္မဲ့ သူမအေပၚ ညစ္စုတ္ပတ္ေနတာကို သိတာေၾကာင့္ မင္းခလက္ထဲ ဖုန္းထည့္ေပးဖို႔ကို ဆက္မေျပာေတာ့။ ေနမင္းခႏွင့္ၿပီးမွ ဇယား႐ွင္းရမည္။
သြန္းအုပ္အား ႀကိတ္မႏိုင္ခဲမရျဖစ္ေနသည့္ ေဒါသကို ျမိဳခ်လ်က္ ဖုန္းမခ်ခင္အခ်ိန္ေလး၌ အံႀကိတ္သံျဖင့္ ေျပာျဖစ္ေအာင္ ေျပာလိုက္ေသးသည္။
"နင္ကေလ ေ-ာက္က်င့္တစ္စက္မွ မေကာင္းတဲ့ အယုတ္တမာေကာင္!"
တီ.......
ေျပာၿပီးၿပီးခ်င္း ဖုန္းခ်သြားသည့္ ကဗ်ာဦးေၾကာင့္ သြန္းအုပ္ ပါးစပ္ျပင္ၿပီးမွ ဘာမွမေျပာလိုက္ရေတာ့။ သို႔ေသာ္လည္း
ေက်နပ္သည္။
သူ႔ကို ဘယ္လိုပဲျမင္ျမင္.. မင္းခအနား ဘယ္သူမွ လာမကပ္နိုင္ဖို႔သာ အဓိကမို႔ မင္းခကိုလာဝဲေနသည့္ ခ်ီးထုပ္ေတြေရာ၊ အမႈိက္ထုပ္ေတြေရာကို
႐ွင္းလင္းပစ္ရမည့္တာဝန္ သူ႔မွာ႐ွိေနသည္။
-
-
"ကိုကို"
"ဘာလဲ"
"ဟင္ အသံႀကီးကလည္းး"
"ဟ! ဘာတုန္းး ငါက ဘာအသံနဲ႔ ေျပာရမွာတုန္း"
သြန္းအုပ္ရဲ႕မ်က္ႏွာက တည္ၿငိမ္တာထက္ပိုေန၍ မႈန္ကုပ္ကုပ္။ ခုနကေတာ့ ဗိုက္ဆာလို႔လွမ္းခြၽဲေနတာ သူမဟုတ္တဲ့အတိုင္း။ အျမဲလိုလို စကားေျပာလိုက္တိုင္း စိတ္မ႐ွည္လက္မ႐ွည္။ သူစိတ္မတိုတဲ့ေန႔ဆိုတာမ႐ွိ။
"ခုနကက် အဲ့လိုေလသံမဟုတ္ပါဘူး။ အေျပာင္းအလဲကလည္း ျမန္လိုက္တာ ခ်က္ခ်င္းပဲ"
"......"
သြန္းအုပ္က ဘာမွမေျပာ။ မၾကည္ၾကည့္တစ္ခ်က္ၾကည့္ၿပီး
စားစရာ႐ွိတာ ဆက္စားေနသည္။ မင္းခ၏စိတ္ထဲမွာသာ
ေအာင့္သက္သက္။
"ကိုကို႔"
"က်စ္! မင္းစားစရာ႐ွိတာ စားရင္လည္းစား။ စကားေျပာရင္လည္းေျပာ။ ဘာျဖစ္ေနတာလဲ တကိုကိုနဲ႔"
"ခုနက ဖုန္းေျပာေနသံ ၾကားမိသလားလို႔"
သြန္းအုပ္က မ်က္လံုးတစ္ခ်က္လွန္ၾကည့္သည္။ ၿပီးမွ
မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္ျဖင့္ မသိခ်င္ေယာင္ေဆာင္ မ်က္ႏွာလႊဲသြားရင္း...
"မလာပါဘူး။ မသိဘူး။ ဘယ္ကဖုန္းလာလို႔လဲ"
မင္းခက သြန္းအုပ္အား မသကၤာသလိုၾကည့္လိုက္သည္။ ဖုန္းကိုယူဖြင့္ၿပီး နည္းနည္းပါးပါး စစ္ၾကည့္လိုက္ေတာ့...
"ကဗ်ာဦး
Incoming7:56Min"
"ေျသာ္.. လက္စသတ္ေတာ႔ ကဗ်ာဦးနဲ႔ ဖုန္းခိုးေျပာေနတာပဲ။ ႐ွစ္မိနစ္နီးပါးေလာက္ ေျပာေနၾကတာဆိုေတာ့ ဘာကိစၥေတြမ်ား အႀကိတ္အနယ္ ေဆြးေႏြးေနၾကတာပါလိမ့္?"
"....."
သြန္းအုပ္က ဘုၾကည့္တစ္ခ်က္ ၾကည့္လိုက္ၿပီး
မနက္စာသာ ဆက္စားေနသည္။ ဘာမွျပန္မေျဖ။
မင္းခက သြန္းအုပ္ သဝန္ေၾကာင္တတ္မွန္းသိေန၍ စိတ္မဆိုးေသာ္လည္း စခ်င္တာမို႔...
"ကဗ်ာဦးက ကိုကို႔ကို ဘာေတြေျပာသြားတာလဲဟမ္။ ကြၽန္ေတာ့္ကို သတိရလို႔တဲ့လား"
"....."
"မဟုတ္ဘူးလား။ မဟုတ္ရင္ ဘာေတြေျပာသြားတာလဲလို႔"
သြန္းအုပ္က စိတ္တိုေအာင္ လာကလိေနသည့္ ျပံဳးစစမ်က္ႏွာေပးျဖင့္ မင္းခအား မ်က္လံုးေထာင့္ကပ္ကာ တစ္ခ်က္ေလာက္ျကည့္လိုက္ၿပီးမွ...
"ဒီမွာ လာတည္းဖို႔တ့ဲ။ သူ႔အစ္ကိုကလည္း ပါဦးမယ္။ ဘယ္ေလာက္ၾကာၾကာေနမွာလဲမသိဘူး။ အိမ္ပိုင္႐ွင္ကေတာင္ အိမ္မွာတည္းခိုင္း၊မတည္းခိုင္း မေသခ်ာဘဲ သူတို႔ကခပ္တည္တည္နဲ႔ အိပ္ဖို႔ေနရာေတာင္ စရံလာသတ္ေနတယ္"
"....."
"ေနမင္းခ.. ငါအဲ့လိုမ်ိဳး အိမ္မွာ လူေတြ႐ုတ္႐ုတ္,႐ုတ္႐ုတ္ကို မႀကိဳက္ဘူးေနာ္"
သြန္းအုပ္က မ်က္ေမွာင္ကုတ္လ်က္ စူပြပြေျပာေတာ့
မင္းခက သြန္းအုပ္အား ေဖ်ာင္းဖ်ဟန္ျဖင့္..
"လက္မခံလို႔ေကာင္းမလား ကိုကိုရ။ အယ္! ဒါနဲ႔ ေနပါဦး.. ကဗ်ာဦးကိုေရာ အဲ့လိုေတြ ေျပာလႊတ္လိုက္မိေသးလား"
"ေနမင္းခ"
"ဗ်ာ"
"အဲ့ရမ္းကုမဆီကလာတဲ့ ဖုန္းေလးကို ငါ တစ္ခါေလာက္ ကိုင္မိလိုက္တာ မင္းေတာ္ေတာ္ ေနမရထိုင္မရ ျဖစ္သြားတယ္လား"
"ဟာဗ်ာာ အဲ့လိုမဟုတ္ပါဘူး။ ကိုကိုက အျမဲတမ္း စကားေျပာလိုက္ရင္ ဘုကလန္႔ေလ။ ဟိုတစ္ေယာက္ကလည္း အသက္ႀကီးလာေလ ရန္ေတြ႔ေကာင္းလာေလဆိုေတာ့ ေတာ္ၾကာ
ႏွစ္ေယာက္သား စကားေတြဘာေတြ မ်ားေနမွာစိုးလို႔"
"မင့္ဟာမက အခ်ိဳးမေျပတာေလ။ စကားေျပာတာ.. တင္တင္စီးစီးနဲ႔။ မင္းက သူ႔ေယာက်္ားလား။ ဘာလုပ္ဘာလုပ္ဆိုၿပီး အေဝးႀကီးကေနလွမ္းၿပီး သူက အမိန္႔ေပးေနရေအာင္"
"•••"
"လူဝါးဝလို႔"
မင္းခကေတာ့ အသံမထြက္ေအာင္သာ ႀကိတ္ရယ္ေနရသည္။ အကိုေက်ာ္စြာႏွင့္ မေန႔ကတည္းက ဖုန္းဆက္ျဖစ္ၾကရင္း ေျပာၿပီးေနသည့္ကိစၥမို႔ ကဗ်ာဦး ဘာကိစၥေျပာဖို႔ ဖုန္းဆက္သည္ဆိုတာကို သူသိပါသည္။
တကယ္ဆို ရင္းႏွီးသည့္ အသိမိတ္ေဆြအားလံုးနီးပါး သိၿပီးေနၾကသည္အထိ သူတို႔ႏွစ္ေယာက္က တရားဝင္ျဖစ္ေနၿပီ။ ပတ္ဝန္းက်င္မွာ လူအျမင္မၾကည္စရာ
မျဖစ္ေအာင္ ထိန္းထိန္းသိမ္းသိမ္းေနၾကတာကလြဲလ်ွင္ တိတ္တိတ္ပုန္း ခ်စ္ႀကိဳက္ေနၾကတဲ့သူေတြလည္းမဟုတ္။
သူကိုယ္တိုင္လည္း ဘယ္သူပဲေမးလာလာ...
သူတို႔ၾကားကဆက္ဆံေရးကို အမွန္အတိုင္း ေျပာျပတတ္သလို သြန္းအုပ္ကလည္း စိတ္ၾကည္ရင္ၾကည္သလို မင္းခက သူ႔အပိုင္ျဖစ္ေၾကာင္း လူေတြေ႐ွ႕ တံဆိပ္ကပ္ျပေနသည့္လူ။
ဒါကိုေတာင္ ကဗ်ာဦးလို သူ႔သူငယ္ခ်င္းအရင္းႀကီးႏွင့္ ဘာေတြကိုၾကံဖန္ၿပီး သဝန္တိုေနမွန္းမသိ။
သြန္းအုပ္က ရယ္ခ်င္ပက္က်ိမ်က္ႏွာႏွင့္ မင္းခအား
သကၤာမကင္းသလို မ်က္ေမွာင္ၾကဳတ္လ်က္ စိုက္ၾကည့္လာသည္။ ထို႔ေနာက္ စိမ္းကားသည့္ေလသံျဖင့္...
"ငါမရွိတုန္း မင္းနဲ႔ အဲ့ဒီရမ္းကုမနဲ႔ မႀကိဳက္ခဲ့ၾကတာေတာ့ ေသခ်ာပါတယ္ေနာ္?"
"ဟားးးဟားးးး ကိုကိုတစ္ေယာက္ကေတာ့ ေပါက္ကရေတြ ေမးေတာ့မယ္ဗ်ာ။ ကဗ်ာဦးကို ကြၽန္ေတာ္ ႀကိဳက္ခ်င္မွျဖင့္ ဆယ္တန္းေျဖၿပီး သူဖြင့္ေျပာကတည္းက ေခါင္းညိတ္လိုက္ရံုပဲ"
"ဘာ!"
မင္းခ လႊတ္ခနဲ ေျပာမိၿပီးမွ ေနာင္တရသြားသည္။
ကဗ်ာဦးရဲ႕ သိကၡာကို ခ်လိုက္မိၿပီလား။ ေနာက္ၿပီး အဲ့ထက္အေရးႀကီးတာက ကိုကိုသာစိတ္ဆိုးသြားရင္....
"အဲ့ေတာ့ ငါကပထမဆံုးမဟုတ္ဘူးေပါ့"
"ဟမ္။ ကိုကိုက ဘာကိုေမးတာလဲ"
"မင္းကို.. မင္းကို အဲ့လိုေျပာတာေလ..."
"ဘယ္လိုလဲ။ ဘယ္လိုေျပာတာလဲ"
"•••"
ျပႆနာ႐ွာရစ္ဖို႔ ၾကံရြယ္ၿပီးကာမွ မင္းခက ျပံဳးစိစိျဖင့္ ႐ူးခ်င္ေယာင္ေဆာင္ၿပီး ျပန္ေမးေနတာမို႔ မ်က္ႏွာပူသြားရသည္။ ႐ွက္႐ွက္ျဖင့္ စားစရာ႐ွိတာကို ျမန္ျမန္ငံု႔စားဖို႔ျပင္ေတာ့ ပါးစပ္နားကို လာခြံ႔ေပးသည့္
ၾကက္ဥေပါင္မုန္႔ေၾကာ္ေလးတစ္ဖဲ့...
စိတ္မ႐ွည္စြာ မ်က္လံုးလွန္ၾကည့္လိုက္ေတာ့ မင္းခက
သူ႔အား ကေလးကို ထမင္းခြြံ႔သလိုပံုစံမ်ိဳး လာလုပ္ေနသည္။
"ဆက္ရစ္ဖို႔ ႐ွက္ေနရင္လည္း မရစ္နဲ႔ေတာ့။ ဒီမွာေနာ္... အခ်စ္ေတြ ထည့္ေၾကာ္ေပးထားတဲ့ ၾကက္ဥေပါင္မုန္႔ေၾကာ္။ ပါးစပ္ဟ။ အာာ..."
"ဘာလဲ။ ငါကေလးမဟုတ္ဘူး။ ငါ့ဘာသာစားတတ္တယ္"
"ပါးစပ္ဟပါဆိုဗ်ာ၊ အာာ..."
သြန္းအုပ္က ဆူေအာင့္ေအာင့္ျဖင့္ မင္းခခြြံ႔သည့္ ေပါင္မုန္႔ေၾကာ္ကို စားၿပီးသည့္ေနာက္.... သဝန္တိုရစ္ေတာ္မူခန္းကို ပိတ္သိမ္းသည့္အေနျဖင့္ မင္းခအား မ်က္လံုးႀကီးေစြၾကည့္ရင္း ၿငိမ္းခ်မ္းေရး ျပန္ေပးလိုက္ေတာ့သည္။
-
-
"အိမ္႐ွင္တို႔!"
အိမ္ေ႐ွ႕က ဧည့္သည္လာသံၾကား၍ စားရင္းေသာက္ရင္းကေန မင္းခက ျခံတံခါး ထဖြင့္ေပးလိုက္ေတာ့ ျမင္လိုက္ရသည့္ ဧည့္သည္က
ဇာနည့္အေမ...
"ေျသာ္.. အန္တီ။ အိမ္ထဲဝင္ပါဗ်"
အိမ္ေ႐ွ႕သို႔ မၾကည္မသာမ်က္ႏွာျဖင့္ ေရာက္လာကတည္းက
ဇာနည္ အိမ္ေပၚကဆင္းလာသည့္ကိစၥေၾကာင့္ လာျခင္းမွန္း မင္းခသိလိုက္သည္။ ပံုရိပ္ရဲ႕အိမ္ကို ေရာက္ေနတာကိုလည္း
သိထားေလာက္ၿပီ။
ထို႔ေၾကာင့္လည္း ဇာနည့္ဆရာလည္းျဖစ္၊ ပံုရိပ္ႏွင့္လည္း ရင္းႏွီးေနသည့္သူ႔ဆီ တန္းတန္းမတ္မတ္ေရာက္လာျခင္းပင္။
အိမ္ထဲေရာက္သည္ႏွင့္ ဇာနည့္အေမက အိမ္၏ေနရာစံုကို
ေဝ့ဝဲၿပီးၾကည့္လိုက္သည္။ တိုက္ႀကီးတာႀကီးမဟုတ္သည့္ မင္းခတို္႔ေနသည့္ ပ်ဥ္ႏွစ္ထပ္အိမ္က ထမင္းစားခန္းႏွင့္ ဧည့္ခန္းၾကား တသီးတသန္႔ႀကီး တံခါးျခားထားတာမ်ိဳးမ႐ွိ။ လိုက္ကာစကိုလည္း ေဘးကပ္ထားတာမို႔ ထမင္းစားခန္းထဲက သြန္းအုပ္ကိုလွမ္းျမင္ေနရသည္။
ဇာနည့္အေမ စိတ္ပ်က္စြာျဖင့္ ႏွာေခါင္း႐ွံု႔မိသည္။
အိမ္ထဲကိုဝင္လာသည့္ ဧည့္သည္ကိုပင္ သြန္းအုပ္က မ်က္လံုးတစ္ခ်က္ ေစြၾကည့္ေဖာ္မရ။ အေၾကာင္းမသိသူမ်ားကေတာ့ ဒီလိုမ်က္ႏွာေပး၊ ဒီလိုအခ်ိဳးႏွင့္လူအား ေယာက်္ားတစ္ေယာက္ကို ျဖားေယာင္းေသြးေဆာင္ၿပီး ထိုေယာက်္ား၏အိမ္ေပၚ
ကပ္ေနသူဟုေျပာလ်ွင္ ယံုမည္မထင္။
ဆရာကလည္း ထိုအတိုင္း။ တည္ၿငိမ္ေအးေဆးၿပီး ေယာက်္ားပီသလြန္းသည့္ ေထာင္ေထာင္ေမာင္းေမာင္းနွင္႔ လူက အခုလို...
ေတြးရင္း၊ေတြးရင္းႏွင့္ သိသိသာသာ ပ်က္ယြင္းလာသည့္
သူမ၏မ်က္ႏွာေပၚက အမူအရာတို႔ကို ျပန္ထိန္းလိုက္ရသည္။ စိတ္အရမ္း႐ႈပ္ေထြးေနေသာ္ျငား အတတ္ႏိုင္ဆံုး တညိၿငိမ္ဟန္ ျပန္ဖမ္းလိုက္ရင္း...
"အဟင္းး အေႏွာင့္အယွက္ေပးမိၿပီထင္တယ္။ ဆရာတို႔
စားတုန္းေသာက္တုန္းအခ်ိန္ေရာက္လာေတာ့ အားေတာင္နာတယ္"
"ဟုတ္ကဲ့.. ရပါတယ္။ ကြၽန္ေတာ္တို႔လည္း စားလို႔ ၿပီးေနပါၿပီ"
-
-
"သားငယ္ေလးရဲ႕ ပါပါးကလည္း သူ႔သားငယ္ အိမ္ကထြက္သြားကတည္းက ေန႔တိုင္းေသြးတိုးေနေတာ့တာxxxxx"
လာရင္းကိစၥကိုေျပာရန္ စကားလမ္းခင္းေပးလိုက္ကတည္းက
ဇာနည့္အေမက မနားတမ္းေျပာေတာ့သည္။ ဇာနည့္အေၾကာင္း ေျပာေန၍ထင္၏။ ပံုမွန္ဆို သူမ်ားအေၾကာင္း စိတ္မဝင္စားသည့္ သြန္းအုပ္က
လာနားေထာင္ေနသည္။ သို႔ေသာ္ျငား ဘာမွေတာ့
ဝင္မေျပာေသး။
"ကြၽန္မတို႔သားငယ္ေလးက အရင္ကအဲ့လိုမဟုတ္ဘူး ဆရာ"
"......"
"အရင္ကလည္း ဂ်စ္ကပ္ကပ္ေနတယ္ဆို္ေပမယ့္
အခုလိုမ်ိဳး ဆိုးတာေတာ့မဟုတ္ဘူး။ ဒီႏွစ္ထဲက်မွ
ထိန္းလို႔သိမ္းလို႔မနိုင္ေလာက္တဲ့အထိ ဆိုးလာတာ။ အရင္ကလိုမ်ိဳး ေယာက်္ားေလးပီပီသသ
ရန္ျဖစ္၊ေက်ာင္းေျပး လုပ္ေနတာကမွ တစ္မ်ိဳးေတာ္ေသးတယ္။ အခုက ေပါက္ေပါက္႐ွာ႐ွာ ေယာက်္ားေလးခ်င္း သြားႀကိဳက္ရသတဲ့။
အ႐ွက္႐ွိရေကာင္းမွန္းလည္း မသိေတာ့ဘူး။ မိဘေတြရဲ႕ ဂုဏ္သိကၡာကိုလည္း နည္းနည္းေလးေတာင္ ထည့္မတြက္။ ဆရာ့သူငယ္ခ်င္းကိုပဲ အခ်ိန္ျပည့္ သူ႔ေခါင္းထဲထည့္ၿပီး စြဲလမ္းေနတာကေလ.. မသိရင္ အပမွီေနသလားလို႔ေတာင္ ထင္ရတယ္။ ဒီၾကားထဲ အတုျမင္၊အတတ္သင္ကိစၥေတြ ကလည္း႐ွိေနေသးေတာ့...."
"အစ္မႀကီးေျပာတဲ့ အတုျမင္အတတ္သင္ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဇာနည္က ကြၽန္ေတာ္တို႔ကိုျမင္ၿပီး
ေဂးသြားတယ္လို႔ ေျပာခ်င္တာလား။ သူ႔ဆရာနဲ႔ကြၽန္ေတာ္က
အစ္မႀကီးရဲ႕သားကို နည္းေပးလမ္းျပေတြလုပ္ေနတယ္လို႔
ထင္တာလား။ အဲ့လိုလား?"
"ကိုသြန္းအုပ္~"
မင္းခက ဇာနည့္အေမကို အားနာသျဖင့္
အသံခပ္အုပ္အုပ္ျဖင့္ အရမ္းမေျပာမိေစရန္ တားေသာ္လည္း သြန္းအုပ္ကေတာ့ ဂ႐ုမစိုက္။
ဇာနည့္အေမက သြန္းအုပ္ေျပာသည့္စကားမ်ားအား
နားမလည္သလို ပံုစံဖမ္းရင္း..
"အစ္မေျပာတာ အဲ့လိုသေဘာမ်ိဳးေတြ ေရာက္သြားၿပီလား။ တကယ္ေတာ့ ငါ့ေမာင္ေျပာလိုက္တဲ့စကားကို အစ္မ သိပ္ေတာင္ နားမလည္ဘူးကြယ္"
သြန္းအုပ္က စိတ္ပ်က္စြာရယ္လိုက္ရင္း..
"အဟက္! အစ္မႀကီး လူလိုနားမလည္မွန္း သိသာပါတယ္။
ကိုယ့္သားကိုယ္မႏိုင္တာနဲ႔ပဲ သူမ်ားအိမ္ကုိ မနက္ေစာေစာစီးစီးေရာက္လာၿပီး ခႏိုးခနဲ႔ေတြ ေျပာေနကတည္းက အစ္မႀကီးရဲ႕ဥာဏ္ရည္ကို
ခန္႔မွန္းမိပါတယ္"
"နင္!" "ကိုသြန္းအုပ္.."
"အစ္မႀကီး အခုခ်ိန္မွာ ေရာက္ေနသင့္တာ ဒီအိမ္မဟုတ္ဘူး။
အစ္မႀကီးရဲ႕သားကို အိမ္ေပၚေခၚတင္ထားတဲ့ ဟိုေကာင့္အိမ္ကို လိုက္သြားရမွာ။ အစ္မႀကီးသားကို ဒီလိုေတြျဖစ္လာေအာင္ ေနမင္းခေရာ၊ကြၽန္ေတာ္ပါ ေျမႇာက္ထိုးပင့္ေကာ္မလုပ္ဖူးလို႔ မဆိုင္တဲ့သူေတြကို ပတ္ရမ္းမေနဘဲ ကာယကံ႐ွင္ေတြဆီကိုပဲ တိုက္႐ိုက္ႂကြလိုက္ပါ"
အားမနာတမ္းေျပာေနသည့္ သြန္းအုပ္ေၾကာင့္ မင္းခက မ်က္စိပ်က္မ်က္ႏွာပ်က္ ျဖစ္ေနရၿပီ။ တားလို႔လည္းမႏိုင္မည့္ ဦးေဒါသကို အေနာက္သို႔ဆြဲပို႔ေသာ္လည္း သြန္းအုပ္က တုပ္တုပ္မွမလႈပ္။
ေနာက္ဆံုး ဘာမႇဆက္မေျပာဖို႔အတြက္ အသနားခံၿပီး ေတာင္းပန္တိုးလ်ိွဳးစြာ ၾကည့္ေပးလိုက္ေတာ့မွ ေတာက္တစ္ခ်က္ေခါက္ၿပီး မ်က္ႏွာလႊဲသြား၏။
သြန္းအုပ္ကိုစိတ္ဆိုးေနၿပီျဖစ္သည့္ ဇာနည့္အေမအား
မင္းခက ေျပလည္ရာေျပလည္ေၾကာင္း ျပံဳးျပရင္း...
"အန္တီ့ကို အားနာလိုက္တာ။ ကိုသြန္းအုပ္က ဘာရယ္မဟုတ္ဘူး။ စိတ္မၾကည္ေနရင္ အဲ့လိုပဲ ေျပာတတ္လို႔"
"......"
"ဇာနည့္ကို အိမ္ျပန္လာေစခ်င္တာဆိုရင္ ကြၽန္ေတာ္ ဇာနည့္ကို နားထပ္ခ်ၾကည့္ေပးပါဦးမယ္"
"နားခ်မယ္ဆိုရင္လည္း ဟိုေကာင္ေလးကို အဓိက နားခ်လိုက္ပါ ဆရာ။ ဘာမွနားမလည္ေသးတဲ့ကေလးကို ခုေလာက္ႀကီးျဖစ္သြားတဲ့အထိေတာင္ ျဖားေယာင္းထားတာဆိုေတာ့ သားငယ္ကို လြယ္လြယ္နဲ႔ သူျပန္မလႊတ္ရင္ ဘယ္လိုလုပ္မလဲ"
မင္းခက သက္ျပင္းတစ္ခ်က္ခ်ရင္း...
"အရိပ္ကို ဘာလို႔ အခုလိုမ်ိဳး အန္တီထင္ေနရလဲေတာ့ ကြၽန္ေတာ္ ေသခ်ာမသိိေပမယ့္ အရိပ္က အန္တီတို႔ စြပ္စြဲေနသလို မဟုတ္တာကိုေတာ့ ကြၽန္ေတာ္
အာမခံေပးရဲပါတယ္။ အရိပ္က ကြၽန္ေတာ့္ညီအရင္း တစ္ေယာက္လိုပါပဲ။ သူ႔စိတ္ေနသေဘာထားကိုလည္း ကြၽန္ေတာ္ ေကာင္းေကာင္းနားလည္ပါတယ္။ စိတ္ခ်ပါ အန္တီ။ ဇာနည္က ကြၽန္ေတာ့္တပည့္ပါ။ သူ႔အတြက္ မေကာင္းမယ့္ကိစၥမ်ိဳးဆိုရင္ ကြၽန္ေတာ္လည္း
ဒီအတိုင္းၾကည့္မေနပါဘူး။ ဇာနည္ အိမ္ကိုျပန္ေရာက္လာဖို႔ ကြၽန္ေတာ္ အတတ္ႏိုင္ဆံုး ႀကိဳးစားေပးပါ့မယ္"
-
-
ဇာနည့္အေမ ျပန္သြားၿပီးတာေတာင္ စိတ္တိုမေျပေသးဘဲ မ်က္ေမွာင္ႀကီးၾကဳတ္လ်က္ မႈန္ကုပ္ေနသည့္ သြန္းအုပ္၏အနား မင္းခက တုိးကပ္၍ထိုင္လိုက္သည္။
စိတ္တိုေနသည့္လူ၏ ပါးျပင္အား ဖ်က္ခနဲနမ္းရန္ျပင္ေတာ့
မလိုလားစြာေခါင္းေ႐ွာင္ၿပီး မ်က္ႏွာလႊဲသြားသည္။
ထို႔ေနာက္ ခဏၾကာေအာင္ တစ္ေယာက္တည္း စိတ္ဆိုးေနၿပီးမွ...
"မင္းက ဘာမွမမွားပဲ ဘာလို႔ေအာက္က်ိဳ႕လိုက္ရတာလဲ။ အဲ့မိန္းမႀကီး သက္သက္မဲ့ ျပႆနာလာ႐ွာေနတာကိုေတာင္
ႏွင္မထုတ္ပဲ စကားလက္ခံေျပာေပးေနေသးတယ္။ မင္းက ခႏၱီပါရမီေတြျဖည့္ေနတဲ့ ဘုရားအေလာင္းမို႔လို႔လား။ ဘယ္သူက ႏိုဗယ္ဆုလာေပးမွာမို႔လို႔လဲ"
"ကိုကို"
"......"
"ေလာကမွာ ကိုယ့္ဘက္ကမွန္ေနတိုင္းလည္း
တစ္ဖက္ကို မွားေနပါတယ္ဆိုၿပီး မေတြးသင့္ဘူးေလ။
သူက ဇာနည့္အေမပဲ။ ဇာနည္ အခုလိုမ်ိဳး သူတို႔ေျပာစကား နားမေထာင္ဘဲ ထင္ရာစိုင္းေနေတာ့ သူတို႔လည္း အရမ္းစိတ္မေကာင္းျဖစ္ေနၾကမွာ။ ကြၽန္ေတာ္တို႔က နားလည္ေပးသင့္တယ္ေလ"
"....."
"သူက ငါတို႔ကို ႏွိမ္သလိုေၾကာသလို လာလုပ္ေနတာေလ။
ေယာက်္ားခ်င္းေတာ့ေရာ ဘာျဖစ္လဲ။ သူတို႔ကို
ဘာေတြထိခိုက္ေနလို႔ အဲ့လိုအခ်ိဳး လာခ်ိဳးရတာလဲ။ သူ႔သားက သူ႔ဘာသာမႊန္ေနတာ ငါတို႔ႏွစ္ေယာက္နဲ႔ ဘာဆိုင္လို႔လဲ"
"ကိုကိုကလည္းး"
"....."
"ပံုမွန္ထက္ နည္းနည္းေလာက္ ထူးျခားသြားရင္ေတာင္ ျပစ္ခ်က္လို႔ သတ္မွတ္တတ္တဲ့ ပတ္ဝန္းက်င္ႀကီးမွာ ကြၽန္ေတာ္တို႔က ေနေနရတာေလ။ ကြၽန္ေတာ္တို႔ုုအေနနဲ႔ ဒီလို႐ိုက္ခက္မႈေတြက အျမဲၾကံဳေနရမွာပဲ။ အဓိကက
ကိုယ့္ဘက္က ဘယ္သူ႔ကိုမွ အမွားမလုပ္ဘဲ
သိကၡာ႐ွိ႐ွိ။မွန္မွန္ကန္ကန္ ေနထိုင္ဖို႔ရယ္၊ ေနာက္ၿပီး ကိုယ့္အတြက္ အဆိပ္အေတာက္ျဖစ္ေစမယ့္
လူေတြနဲ႔စကားေတြကို လ်စ္လ်ဴ႐ႈတတ္ဖို႔ရယ္ပဲ လိုအပ္တာ။
ၿပီးေတာ့ ေတာ္ရံုကိစၥမ်ိဳးေတြက သည္းခံလိုက္ရံုနဲ႔ လြယ္လြယ္ေျပလည္သြားတတ္တာမ်ိဳးပဲမဟုတ္လား"
"......"
"ဇာနည့္မိဘေတြအေနနဲ႔က စိတ္တိုလည္းတိုခ်င္စရာပဲေလ။ ဇာနည့္လုပ္ရပ္ေတြက မွန္ေနတာမွမဟုတ္ပဲ။ ၿပီးေတာ့
ပံုရိပ္က အသိအမွတ္ျပဳမေပးတာေတာင္ ဇြတ္တရြတ္နဲ႔ လိုက္ၿပီးတြယ္ကပ္ေနတာ။ အဲ့ေကာင္ေလးက အရမ္းေခါင္းမာတယ္။ ဒီထက္ပိုၿပီး ဇာနည္
တဇြတ္ထိုးေတြလုပ္မလာခင္ ပံုရိပ္နဲ႔ ေဝးေဝးမွာထားၿပီး စိတ္ေျပာင္းေစဖို႔ ႀကိဳးစားၾကည့္တာ အေကာင္းဆံုးပဲေလ"
"....."
"ကြၽန္ေတာ္ ဇာနည့္ကို သူ႔အိမ္သူျပန္ဖို႔ နားခ်ေပးမယ္ ဆိုတာကေလ သူ႔မိဘေတြရဲ႕ ဆႏၵေၾကာင့္ဆိုတာထက္ ကိုယ့္တပည့္ကို ေကာင္းေစခ်င္တဲ့ ေစတနာေၾကာင့္ပါ ကိုကို"
"ေအးပါ။ မင္းပဲ ေတာ္ေတာ္စကားတတ္ေနလိုက္ေတာ့"
မင္းခက တရားျပလိုက္တာမို႔ သြန္းအုပ္စိတ္
ၿငိမ္းခ်မ္းေရးရသြားသည္။ မ်က္ႏွာကေတာ့
႐ွစ္ေခါက္ခ်ိဳးျဖင့္သာ။ ဘာမွဆက္ၿပီး
ေစာဒကမတက္ေတာ့ဘဲ အျပင္ထြက္ဖို႔အတြက္ ျပင္ဆင္ရန္ အိမ္ခန္းထဲသို႔ ဝင္သြားေတာ့၏။
******************tbc
10.June.22
[Unicode]
ring! ring!
မင်းခရဲ့ဖုန်းမှမြည်သံကြား၍ ဖုန်းကိုင်ရန်ကြည့်လိုက်တော့ ခေါ်ဆိုသူက ကဗျာဦး။ သွန်းအုပ်၏မျက်နှာက အတော်လေးရှုံ့တွသွားသည်။
ဒီချီးထုပ်မနှင့်မင်းခတို့ ခေါ်တာ၊ပြောတာမကြိုက်ပါဘူးဆိုမှ
ဖုန်းအဆက်အသွယ်တောင် လာလုပ်နေသေး၏။
မင်းခမသိအောင် ဖုန်းချပစ်ဖို့ စဉ်းစားမိလိုက်သော်လည်း တစ်ဖက်က ဘာပြောမလဲသိချင်သေးတာမို့ ဖုန်းကိုင်ပြီး နားစွင့်နေလိုက်သည်။
"ဟဲ့ နေမင်းခ"
"....."
"ငါ ကလောဘက်ကို လုပ်အားပေးလာဖို့ရှိတယ်။ ကိုကြီးလည်းပါတယ်။ အဲ့ဒါ ငါတို့မောင်နှမနှစ်ယောက်စလုံး နင့်အိမ်မှာတည်းမလို့။ ကိုကြီးက နင်နဲ့
အတူတူအိပ်လို့ရပေမယ့် ငါ့အတွက်ကိုတော့
တစ်ခန်းသက်သက် သေချာပြင်ထားလိုက်ဦး"
"......"
"ဟဲ့ ငါပြောတာကြားလား"
"နေမင်းခက နင့်အခိုင်းအစေလား"
သွန်းအုပ်၏စကားသံက သူ့ပုံမှန်အတိုင်း
ခပ်ပြတ်ပြတ်သာဆိုသော်လည်း ရုတ်တရက်မို့ ကဗျာဦး လန့်သွားရသည်။
သွန်းအုပ်စိုးပိုင်၏အသံကို မမျှော်လင့်ထားဘဲ
ကြားလိုက်ရတာက သူမအတွက်တော့ ဆေးရုံများမှာ ကြားရတတ်သည့် ဟိုအသံဒီအသံများထက်ပင်
ပို၍ရွံကြောက်ကြီးး။
အဲ့ကျက်သရေတုံးနှင့် သူမ၏ရေစက်ဆိုးကလည်း
ကုန်ပဲမကုန်နိုင်။
အကုန်သိသတင်းဌာနက သူမ၏အစ်ကို ပြောပြထားသည့်ကိစ္စကြောင့် ဝင်နေခဲ့သည့် သနားစိတ်ပိစိလေးကတောင် ဒင်းအသံကြားလိုက်ရရုံနှင့် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။
အပြစ်မရှိဘဲ ချောက်ချခံရလို့ သနားတာက သက်သက်ဖြစ်သွားပြီး ရေစက်ဆိုးကြောင့် ထိုကျက်သတုံးကို မေတ္တာမထားနိုင်တာကတော့ တကန့်စီဖြစ်လို့သွား၏။
"နင်က နေမင်းခဖုန်းကို ဘာကိစ္စယူကိုင်တာလဲ"
"အဟက်! နေမင်းခကိုတောင် ငါပိုင်သေးတာ။
သူ့ဖုန်းကို ငါယူကိုင်တာက ဆန်းနေလား"
"နင်.."
"နင်တွေငါတွေ လုပ်မနေနဲ့။ နင့်ထက်ငါ အသက်အများကြီး ကြီးတယ်"
"....."
"နင်ဘယ်လိုမိန်းကလေးလဲ။ ယောကျ်ားလေးတစ်ယောက် အိမ်ကိုတောင် လာတည်းမယ်ပြောရဲတယ်။ ကျွတ်စ်..ကျွတ်စ်
ပိုင်စိုးပိုင်နင်းကလည်း ဆက်ဆံချင်သေး။ ဒါပေမယ့်
ခက်တာက နင်အဲ့လိုလုပ်ရမယ့်လူ အရွေးမှားနေတယ်"
"သွန်း အုပ် စိုး ပိုင်!"
"ဘာ လဲ!"
"နင့်ရဲ့ အရည်အဖက်မရစကားတွေကို နားထောင်ဖို့ ငါ့ဖုန်းဘေလ်တွေ အကုန်ခံနေတာမဟုတ်ဘူး။
ဘယ်မှာလဲ နေမင်းခ"
သွန်းအုပ်က ခနဲ့တဲ့တဲ့ရယ်လိုက်ရင်း....
"သူမအားဘူး။ ငါ့အတွက် မနက်စာပြင်ပေးနေတယ်။ နင်ပြောချင်တဲ့ကိစ္စ ပြီးပြီဆိုရင်ဖုန်းချလိုက်တော့။
အကျိုးမဲ့ပြီး အချိန်တွေကုန်တယ်"
"ငါကလည်း နင်နဲ့တုဖက်ပြီး စကားအရမ်းပြောချင်တဲ့ပုံများ ပေါ်နေလို့လား။ စကားပြောတာ ကြီးကျယ်မနေနဲ့။ နင့်လို ယောင်ခြောက်ဆယ်လည်းမဟုတ်လို့ အားယားမနေဘူး။ Dutyလွတ်တုန်း ငါ့သူငယ်ချင်းဆီငါ ကိစ္စရှိလို့ ဖုန်းခေါ်ရတာ။ ကျစ်! သူ့ကိုသာ ဖုန်းပေးလိုက်စမ်းပါဟာ။ ကြားထဲကနေ ဝင်ရှုပ်မနေနဲ့"
"နင်မအားဘူးသာ ပြောနေတာ... မင်းခဆီ ဖုန်းခေါ်ပြီး စကားပြောဖို့ကျ အချိန်တွေအရမ်းပိုနေတဲ့ပုံပဲ။ ဘာလဲ မင်းခကို ကြိုက်နေတာလား"
သွန်းအုပ်၏စကားကြောင့် ကဗျာဦး အနာပေါ်တုတ်ကျသလို ဖြစ်သွားပြီး ဒေါသူပုန်ထသွားပြီ။ ဖုန်းထဲမှာဖြစ်နေ၍သာ.. အပြင်မှာသာဆိုလျှင် မမူးဘဲနှင့်ရစ်နေသည့် သွန်းအုပ်ကို စိတ်တိုလွန်း၍ တစ်ခုခုလုပ်မိနေလောက်ပြီ။
"သွန်းအုပ်စိုးပိုင်!! နင်နဲ့မဆိုင်တာတွေကို ဝင်ပါမနေဘဲ နေမင်းခလက်ထဲကို ခုချက်ချင်း ဖုန်းလွှဲပေးလိုက်စမ်း!
ငါ အရမ်းယွနေလို့ နင့်လင်ကို ဖုန်းခေါ်နေတာမဟုတ်ဘူးဟဲ့။ တခြားကိစ္စလည်းရှိလို့ ဖုန်းခေါ်နေတာ။ ငါ့လူနာတွေအတွက် ပေးဖို့လိုနေတဲ့ အချိန်တွေကိုလေ နင့်ရဲ့အားယားနေတဲ့ အချိန်တွေ လာပေါင်းထည့်ပေးရင်တောင် ငါ့အတွက် အချိန်တွေမလောက်သေးဘူး။ နင်နားလည်လား"
ဖုန်းထဲကအသံကို နားထောင်ရုံဖြင့် အပြင်မှာလည်း ထိုချီးထုပ်မ ဒေါသကြောင့် စွေ့စွေ့ခုန်နေလောက်ပြီဆိုတာကို သွန်းအုပ် သိလိုက်သည်။
အနားကထိုင်ခုံပေါ် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်ရင်း..
"နင်က ဆရာဝန်မလား။ ဒေါသတွေ သိပ်ထွက်မနေနဲ့။
နင့်ရဲ့ရုပ်ကိုလန့်ပြီး လူနာတွေအမောဖောက်သွားဦးမယ်"
"နင်...နင်!"
သွန်းအုပ်စိုးပိုင်ဆိုသည့် မကောင်းဆိုးဝါးကောင်ကြောင့် ကဗျာဦး ဒေါသထွက်လွန်း၍ အသားများပင် တဆက်ဆက်တုန်နေပြီ။ ထိုမသာကောင်ကို ဘယ်လိုပြန်ပြောလိုက်ရမှန်း စဉ်းစားမရအောင် ဒေါသထွက်နေတုန်းမှာပဲ ဖုန်းထဲကနေ
ကြားလိုက်ရတာက...
"မင်းခ... မပြီးသေးဘူးလားကွာ။ ဒီမှာ ကိုကိုက ဗိုက်အရမ်းဆာနေပြီ"
"လာမယ်ဗျို့! ဒီမှာ ကိုကို့အတွက် ရှယ်ကြယ်ဥပေါင်မုန့်ပါ
ကြော်နေလို့။ အခုမှ အစမ်းစလုပ်ဖူးတာမလို့ နည်းနည်းတောင် တူးချင်သလိုဖြစ်သွားတယ်"
"ပြီးရော.. ပြီးရော။ ပြီးခါကျရင် ကိုကို့ကို အပြင်ကို လိုက်ပို့ပေးရဦးမှာဆိုတော့ မြန်မြန်လုပ်နော်.. ဘေဘီ "
"Yes, my man!! ဟားးးဟားးးးးး"
သွန်းအုပ်က ကဗျာဦးကို စိတ်ဆင်းရဲသွားစေချင်တာမို့ ယုတ်မာသည့်အကြံအစည်ဖြင့် ထိုစကားများကိုပြောနေချိန်၌ ဖုန်းspeakerကို ဖွင့်ထားတာဖြစ်သည်။ မင်းခက ကဗျာဦးနှင့်သူဖုန်းပြောနေတာကို မကြားတာမို့ သူနည်းနည်းလေး ကညုလိုက်တာနှင့် မင်းခရဲ့နှုတ်ကနေ တီတီတာတာ စကားလုံးများက ဖောဖောသီသီ ထွက်ကျလာပြီးသား။
သူတို့နှစ်ဦး ကမြောက်ကခြောက် ပြောဆိုနေကြသည့် ပလီပလာစကားများအား အတိုင်းသားကြားနေရသည့် ကဗျာဦးကတော့ နားထောင်နေရင်းနှင့်
တော်တော်အော်ဂလီဆန်နေပြီ။
အတွဲတွေက အဲ့လိုပဲ ရွံဖို့ကောင်းတတ်တာလား? အဲ့လိုဆိုရင်တောင် ဒီအတွဲကတော့ အဆိုးဆုံးဖြစ်လိမ့်မည်။
မင်းခ ပြောပြတုန်းကတောင် သူမသိပ်မယုံချင်ခဲ့။
မင်းခ၏စိတ်ကိုတော့ အရင်ကတည်းက ရိပ်မိခဲ့သော်လည်း ဒီကျက်သရေတုံးကိုတော့ အခုလောက်ထိ ဖြစ်ပျက်နေလိမ့်မည်ဟု မထင်ထား။ သူမ မကြား,ကြားအောင် ဖုန်းSpeakerကိုတောင် တမင်ဖွင့်ထားပြလိုက်သေးသည်။
သွန်းအုပ် သက်သက်မဲ့ သူမအပေါ် ညစ်စုတ်ပတ်နေတာကို သိတာကြောင့် မင်းခလက်ထဲ ဖုန်းထည့်ပေးဖို့ကို ဆက်မပြောတော့။ နေမင်းခနှင့်ပြီးမှ ဇယားရှင်းရမည်။
သွန်းအုပ်အား ကြိတ်မနိုင်ခဲမရဖြစ်နေသည့် ဒေါသကို မြိုချလျက် ဖုန်းမချခင်အချိန်လေး၌ အံကြိတ်သံဖြင့် ပြောဖြစ်အောင် ပြောလိုက်သေးသည်။
"နင်ကလေ ေ-ာက်ကျင့်တစ်စက်မှ မကောင်းတဲ့ အယုတ်တမာကောင်!"
တီ.......
ပြောပြီးပြီးချင်း ဖုန်းချသွားသည့် ကဗျာဦးကြောင့် သွန်းအုပ် ပါးစပ်ပြင်ပြီးမှ ဘာမှမပြောလိုက်ရတော့။ သို့သော်လည်း
ကျေနပ်သည်။
သူ့ကို ဘယ်လိုပဲမြင်မြင်.. မင်းခအနား ဘယ်သူမှ လာမကပ်နိုင်ဖို့သာ အဓိကမို့ မင်းခကိုလာဝဲနေသည့် ချီးထုပ်တွေရော၊ အမှိုက်ထုပ်တွေရောကို
ရှင်းလင်းပစ်ရမည့်တာဝန် သူ့မှာရှိနေသည်။
-
-
"ကိုကို"
"ဘာလဲ"
"ဟင် အသံကြီးကလည်းး"
"ဟ! ဘာတုန်းး ငါက ဘာအသံနဲ့ ပြောရမှာတုန်း"
သွန်းအုပ်ရဲ့မျက်နှာက တည်ငြိမ်တာထက်ပိုနေ၍ မှုန်ကုပ်ကုပ်။ ခုနကတော့ ဗိုက်ဆာလို့လှမ်းချွဲနေတာ သူမဟုတ်တဲ့အတိုင်း။ အမြဲလိုလို စကားပြောလိုက်တိုင်း စိတ်မရှည်လက်မရှည်။ သူစိတ်မတိုတဲ့နေ့ဆိုတာမရှိ။
"ခုနကကျ အဲ့လိုလေသံမဟုတ်ပါဘူး။ အပြောင်းအလဲကလည်း မြန်လိုက်တာ ချက်ချင်းပဲ"
"......"
သွန်းအုပ်က ဘာမှမပြော။ မကြည်ကြည့်တစ်ချက်ကြည့်ပြီး
စားစရာရှိတာ ဆက်စားနေသည်။ မင်းခ၏စိတ်ထဲမှာသာ
အောင့်သက်သက်။
"ကိုကို့"
"ကျစ်! မင်းစားစရာရှိတာ စားရင်လည်းစား။ စကားပြောရင်လည်းပြော။ ဘာဖြစ်နေတာလဲ တကိုကိုနဲ့"
"ခုနက ဖုန်းပြောနေသံ ကြားမိသလားလို့"
သွန်းအုပ်က မျက်လုံးတစ်ချက်လှန်ကြည့်သည်။ ပြီးမှ
မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် မသိချင်ယောင်ဆောင် မျက်နှာလွှဲသွားရင်း...
"မလာပါဘူး။ မသိဘူး။ ဘယ်ကဖုန်းလာလို့လဲ"
မင်းခက သွန်းအုပ်အား မသင်္ကာသလိုကြည့်လိုက်သည်။ ဖုန်းကိုယူဖွင့်ပြီး နည်းနည်းပါးပါး စစ်ကြည့်လိုက်တော့...
"ကဗျာဦး
Incoming7:56Min"
"သြော်.. လက်စသတ်တော့ ကဗျာဦးနဲ့ ဖုန်းခိုးပြောနေတာပဲ။ ရှစ်မိနစ်နီးပါးလောက် ပြောနေကြတာဆိုတော့ ဘာကိစ္စတွေများ အကြိတ်အနယ် ဆွေးနွေးနေကြတာပါလိမ့်?"
"....."
သွန်းအုပ်က ဘုကြည့်တစ်ချက် ကြည့်လိုက်ပြီး
မနက်စာသာ ဆက်စားနေသည်။ ဘာမှပြန်မဖြေ။
မင်းခက သွန်းအုပ် သဝန်ကြောင်တတ်မှန်းသိနေ၍ စိတ်မဆိုးသော်လည်း စချင်တာမို့...
"ကဗျာဦးက ကိုကို့ကို ဘာတွေပြောသွားတာလဲဟမ်။ ကျွန်တော့်ကို သတိရလို့တဲ့လား"
"....."
"မဟုတ်ဘူးလား။ မဟုတ်ရင် ဘာတွေပြောသွားတာလဲလို့"
သွန်းအုပ်က စိတ်တိုအောင် လာကလိနေသည့် ပြုံးစစမျက်နှာပေးဖြင့် မင်းခအား မျက်လုံးထောင့်ကပ်ကာ တစ်ချက်လောက်ကြည့်လိုက်ပြီးမှ...
"ဒီမှာ လာတည်းဖို့တဲ့။ သူ့အစ်ကိုကလည်း ပါဦးမယ်။ ဘယ်လောက်ကြာကြာနေမှာလဲမသိဘူး။ အိမ်ပိုင်ရှင်ကတောင် အိမ်မှာတည်းခိုင်း၊မတည်းခိုင်း မသေချာဘဲ သူတို့ကခပ်တည်တည်နဲ့ အိပ်ဖို့နေရာတောင် စရံလာသတ်နေတယ်"
"....."
"နေမင်းခ.. ငါအဲ့လိုမျိုး အိမ်မှာ လူတွေရုတ်ရုတ်,ရုတ်ရုတ်ကို မကြိုက်ဘူးနော်"
သွန်းအုပ်က မျက်မှောင်ကုတ်လျက် စူပွပွပြောတော့
မင်းခက သွန်းအုပ်အား ဖျောင်းဖျဟန်ဖြင့်..
"လက်မခံလို့ကောင်းမလား ကိုကိုရ။ အယ်! ဒါနဲ့ နေပါဦး.. ကဗျာဦးကိုရော အဲ့လိုတွေ ပြောလွှတ်လိုက်မိသေးလား"
"နေမင်းခ"
"ဗျာ"
"အဲ့ရမ်းကုမဆီကလာတဲ့ ဖုန်းလေးကို ငါ တစ်ခါလောက် ကိုင်မိလိုက်တာ မင်းတော်တော် နေမရထိုင်မရ ဖြစ်သွားတယ်လား"
"ဟာဗျာာ အဲ့လိုမဟုတ်ပါဘူး။ ကိုကိုက အမြဲတမ်း စကားပြောလိုက်ရင် ဘုကလန့်လေ။ ဟိုတစ်ယောက်ကလည်း အသက်ကြီးလာလေ ရန်တွေ့ကောင်းလာလေဆိုတော့ တော်ကြာ
နှစ်ယောက်သား စကားတွေဘာတွေ များနေမှာစိုးလို့"
"မင့်ဟာမက အချိုးမပြေတာလေ။ စကားပြောတာ.. တင်တင်စီးစီးနဲ့။ မင်းက သူ့ယောကျ်ားလား။ ဘာလုပ်ဘာလုပ်ဆိုပြီး အဝေးကြီးကနေလှမ်းပြီး သူက အမိန့်ပေးနေရအောင်"
"•••"
"လူဝါးဝလို့"
မင်းခကတော့ အသံမထွက်အောင်သာ ကြိတ်ရယ်နေရသည်။ အကိုကျော်စွာနှင့် မနေ့ကတည်းက ဖုန်းဆက်ဖြစ်ကြရင်း ပြောပြီးနေသည့်ကိစ္စမို့ ကဗျာဦး ဘာကိစ္စပြောဖို့ ဖုန်းဆက်သည်ဆိုတာကို သူသိပါသည်။
တကယ်ဆို ရင်းနှီးသည့် အသိမိတ်ဆွေအားလုံးနီးပါး သိပြီးနေကြသည်အထိ သူတို့နှစ်ယောက်က တရားဝင်ဖြစ်နေပြီ။ ပတ်ဝန်းကျင်မှာ လူအမြင်မကြည်စရာ
မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနေကြတာကလွဲလျှင် တိတ်တိတ်ပုန်း ချစ်ကြိုက်နေကြတဲ့သူတွေလည်းမဟုတ်။
သူကိုယ်တိုင်လည်း ဘယ်သူပဲမေးလာလာ...
သူတို့ကြားကဆက်ဆံရေးကို အမှန်အတိုင်း ပြောပြတတ်သလို သွန်းအုပ်ကလည်း စိတ်ကြည်ရင်ကြည်သလို မင်းခက သူ့အပိုင်ဖြစ်ကြောင်း လူတွေရှေ့ တံဆိပ်ကပ်ပြနေသည့်လူ။
ဒါကိုတောင် ကဗျာဦးလို သူ့သူငယ်ချင်းအရင်းကြီးနှင့် ဘာတွေကိုကြံဖန်ပြီး သဝန်တိုနေမှန်းမသိ။
သွန်းအုပ်က ရယ်ချင်ပက်ကျိမျက်နှာနှင့် မင်းခအား
သင်္ကာမကင်းသလို မျက်မှောင်ကြုတ်လျက် စိုက်ကြည့်လာသည်။ ထို့နောက် စိမ်းကားသည့်လေသံဖြင့်...
"ငါမရှိတုန်း မင်းနဲ့ အဲ့ဒီရမ်းကုမနဲ့ မကြိုက်ခဲ့ကြတာတော့ သေချာပါတယ်နော်?"
"ဟားးးဟားးးး ကိုကိုတစ်ယောက်ကတော့ ပေါက်ကရတွေ မေးတော့မယ်ဗျာ။ ကဗျာဦးကို ကျွန်တော် ကြိုက်ချင်မှဖြင့် ဆယ်တန်းဖြေပြီး သူဖွင့်ပြောကတည်းက ခေါင်းညိတ်လိုက်ရုံပဲ"
"ဘာ!"
မင်းခ လွှတ်ခနဲ ပြောမိပြီးမှ နောင်တရသွားသည်။
ကဗျာဦးရဲ့ သိက္ခာကို ချလိုက်မိပြီလား။ နောက်ပြီး အဲ့ထက်အရေးကြီးတာက ကိုကိုသာစိတ်ဆိုးသွားရင်....
"အဲ့တော့ ငါကပထမဆုံးမဟုတ်ဘူးပေါ့"
"ဟမ်။ ကိုကိုက ဘာကိုမေးတာလဲ"
"မင်းကို.. မင်းကို အဲ့လိုပြောတာလေ..."
"ဘယ်လိုလဲ။ ဘယ်လိုပြောတာလဲ"
"•••"
ပြဿနာရှာရစ်ဖို့ ကြံရွယ်ပြီးကာမှ မင်းခက ပြုံးစိစိဖြင့် ရူးချင်ယောင်ဆောင်ပြီး ပြန်မေးနေတာမို့ မျက်နှာပူသွားရသည်။ ရှက်ရှက်ဖြင့် စားစရာရှိတာကို မြန်မြန်ငုံ့စားဖို့ပြင်တော့ ပါးစပ်နားကို လာခွံ့ပေးသည့်
ကြက်ဥပေါင်မုန့်ကြော်လေးတစ်ဖဲ့...
စိတ်မရှည်စွာ မျက်လုံးလှန်ကြည့်လိုက်တော့ မင်းခက
သူ့အား ကလေးကို ထမင်းခွံ့သလိုပုံစံမျိုး လာလုပ်နေသည်။
"ဆက်ရစ်ဖို့ ရှက်နေရင်လည်း မရစ်နဲ့တော့။ ဒီမှာနော်... အချစ်တွေ ထည့်ကြော်ပေးထားတဲ့ ကြက်ဥပေါင်မုန့်ကြော်။ ပါးစပ်ဟ။ အာာ..."
"ဘာလဲ။ ငါကလေးမဟုတ်ဘူး။ ငါ့ဘာသာစားတတ်တယ်"
"ပါးစပ်ဟပါဆိုဗျာ၊ အာာ..."
သွန်းအုပ်က ဆူအောင့်အောင့်ဖြင့် မင်းခခွံ့သည့် ပေါင်မုန့်ကြော်ကို စားပြီးသည့်နောက်.... သဝန်တိုရစ်တော်မူခန်းကို ပိတ်သိမ်းသည့်အနေဖြင့် မင်းခအား မျက်လုံးကြီးစွေကြည့်ရင်း ငြိမ်းချမ်းရေး ပြန်ပေးလိုက်တော့သည်။
-
-
"အိမ်ရှင်တို့!"
အိမ်ရှေ့က ဧည့်သည်လာသံကြား၍ စားရင်းသောက်ရင်းကနေ မင်းခက ခြံတံခါး ထဖွင့်ပေးလိုက်တော့ မြင်လိုက်ရသည့် ဧည့်သည်က
ဇာနည့်အမေ...
"သြော်.. အန်တီ။ အိမ်ထဲဝင်ပါဗျ"
အိမ်ရှေ့သို့ မကြည်မသာမျက်နှာဖြင့် ရောက်လာကတည်းက
ဇာနည် အိမ်ပေါ်ကဆင်းလာသည့်ကိစ္စကြောင့် လာခြင်းမှန်း မင်းခသိလိုက်သည်။ ပုံရိပ်ရဲ့အိမ်ကို ရောက်နေတာကိုလည်း
သိထားလောက်ပြီ။
ထို့ကြောင့်လည်း ဇာနည့်ဆရာလည်းဖြစ်၊ ပုံရိပ်နှင့်လည်း ရင်းနှီးနေသည့်သူ့ဆီ တန်းတန်းမတ်မတ်ရောက်လာခြင်းပင်။
အိမ်ထဲရောက်သည်နှင့် ဇာနည့်အမေက အိမ်၏နေရာစုံကို
ဝေ့ဝဲပြီးကြည့်လိုက်သည်။ တိုက်ကြီးတာကြီးမဟုတ်သည့် မင်းခတို့်နေသည့် ပျဉ်နှစ်ထပ်အိမ်က ထမင်းစားခန်းနှင့် ဧည့်ခန်းကြား တသီးတသန့်ကြီး တံခါးခြားထားတာမျိုးမရှိ။ လိုက်ကာစကိုလည်း ဘေးကပ်ထားတာမို့ ထမင်းစားခန်းထဲက သွန်းအုပ်ကိုလှမ်းမြင်နေရသည်။
ဇာနည့်အမေ စိတ်ပျက်စွာဖြင့် နှာခေါင်းရှုံ့မိသည်။
အိမ်ထဲကိုဝင်လာသည့် ဧည့်သည်ကိုပင် သွန်းအုပ်က မျက်လုံးတစ်ချက် စွေကြည့်ဖော်မရ။ အကြောင်းမသိသူများကတော့ ဒီလိုမျက်နှာပေး၊ ဒီလိုအချိုးနှင့်လူအား ယောကျ်ားတစ်ယောက်ကို ဖြားယောင်းသွေးဆောင်ပြီး ထိုယောကျ်ား၏အိမ်ပေါ်
ကပ်နေသူဟုပြောလျှင် ယုံမည်မထင်။
ဆရာကလည်း ထိုအတိုင်း။ တည်ငြိမ်အေးဆေးပြီး ယောကျ်ားပီသလွန်းသည့် ထောင်ထောင်မောင်းမောင်းနှင့် လူက အခုလို...
တွေးရင်း၊တွေးရင်းနှင့် သိသိသာသာ ပျက်ယွင်းလာသည့်
သူမ၏မျက်နှာပေါ်က အမူအရာတို့ကို ပြန်ထိန်းလိုက်ရသည်။ စိတ်အရမ်းရှုပ်ထွေးနေသော်ငြား အတတ်နိုင်ဆုံး တညိငြိမ်ဟန် ပြန်ဖမ်းလိုက်ရင်း...
"အဟင်းး အနှောင့်အယှက်ပေးမိပြီထင်တယ်။ ဆရာတို့
စားတုန်းသောက်တုန်းအချိန်ရောက်လာတော့ အားတောင်နာတယ်"
"ဟုတ်ကဲ့.. ရပါတယ်။ ကျွန်တော်တို့လည်း စားလို့ ပြီးနေပါပြီ"
-
-
"သားငယ်လေးရဲ့ ပါပါးကလည်း သူ့သားငယ် အိမ်ကထွက်သွားကတည်းက နေ့တိုင်းသွေးတိုးနေတော့တာxxxxx"
လာရင်းကိစ္စကိုပြောရန် စကားလမ်းခင်းပေးလိုက်ကတည်းက
ဇာနည့်အမေက မနားတမ်းပြောတော့သည်။ ဇာနည့်အကြောင်း ပြောနေ၍ထင်၏။ ပုံမှန်ဆို သူများအကြောင်း စိတ်မဝင်စားသည့် သွန်းအုပ်က
လာနားထောင်နေသည်။ သို့သော်ငြား ဘာမှတော့
ဝင်မပြောသေး။
"ကျွန်မတို့သားငယ်လေးက အရင်ကအဲ့လိုမဟုတ်ဘူး ဆရာ"
"......"
"အရင်ကလည်း ဂျစ်ကပ်ကပ်နေတယ်ဆိုပေမယ့်
အခုလိုမျိုး ဆိုးတာတော့မဟုတ်ဘူး။ ဒီနှစ်ထဲကျမှ
ထိန်းလို့သိမ်းလို့မနိုင်လောက်တဲ့အထိ ဆိုးလာတာ။ အရင်ကလိုမျိုး ယောကျ်ားလေးပီပီသသ
ရန်ဖြစ်၊ကျောင်းပြေး လုပ်နေတာကမှ တစ်မျိုးတော်သေးတယ်။ အခုက ပေါက်ပေါက်ရှာရှာ ယောကျ်ားလေးချင်း သွားကြိုက်ရသတဲ့။
အရှက်ရှိရကောင်းမှန်းလည်း မသိတော့ဘူး။ မိဘတွေရဲ့ ဂုဏ်သိက္ခာကိုလည်း နည်းနည်းလေးတောင် ထည့်မတွက်။ ဆရာ့သူငယ်ချင်းကိုပဲ အချိန်ပြည့် သူ့ခေါင်းထဲထည့်ပြီး စွဲလမ်းနေတာကလေ.. မသိရင် အပမှီနေသလားလို့တောင် ထင်ရတယ်။ ဒီကြားထဲ အတုမြင်၊အတတ်သင်ကိစ္စတွေ ကလည်းရှိနေသေးတော့...."
"အစ်မကြီးပြောတဲ့ အတုမြင်အတတ်သင်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဇာနည်က ကျွန်တော်တို့ကိုမြင်ပြီး
ဂေးသွားတယ်လို့ ပြောချင်တာလား။ သူ့ဆရာနဲ့ကျွန်တော်က
အစ်မကြီးရဲ့သားကို နည်းပေးလမ်းပြတွေလုပ်နေတယ်လို့
ထင်တာလား။ အဲ့လိုလား?"
"ကိုသွန်းအုပ်~"
မင်းခက ဇာနည့်အမေကို အားနာသဖြင့်
အသံခပ်အုပ်အုပ်ဖြင့် အရမ်းမပြောမိစေရန် တားသော်လည်း သွန်းအုပ်ကတော့ ဂရုမစိုက်။
ဇာနည့်အမေက သွန်းအုပ်ပြောသည့်စကားများအား
နားမလည်သလို ပုံစံဖမ်းရင်း..
"အစ်မပြောတာ အဲ့လိုသဘောမျိုးတွေ ရောက်သွားပြီလား။ တကယ်တော့ ငါ့မောင်ပြောလိုက်တဲ့စကားကို အစ်မ သိပ်တောင် နားမလည်ဘူးကွယ်"
သွန်းအုပ်က စိတ်ပျက်စွာရယ်လိုက်ရင်း..
"အဟက်! အစ်မကြီး လူလိုနားမလည်မှန်း သိသာပါတယ်။
ကိုယ့်သားကိုယ်မနိုင်တာနဲ့ပဲ သူများအိမ်ကို မနက်စောစောစီးစီးရောက်လာပြီး ခနိုးခနဲ့တွေ ပြောနေကတည်းက အစ်မကြီးရဲ့ဉာဏ်ရည်ကို
ခန့်မှန်းမိပါတယ်"
"နင်!" "ကိုသွန်းအုပ်.."
"အစ်မကြီး အခုချိန်မှာ ရောက်နေသင့်တာ ဒီအိမ်မဟုတ်ဘူး။
အစ်မကြီးရဲ့သားကို အိမ်ပေါ်ခေါ်တင်ထားတဲ့ ဟိုကောင့်အိမ်ကို လိုက်သွားရမှာ။ အစ်မကြီးသားကို ဒီလိုတွေဖြစ်လာအောင် နေမင်းခရော၊ကျွန်တော်ပါ မြှောက်ထိုးပင့်ကော်မလုပ်ဖူးလို့ မဆိုင်တဲ့သူတွေကို ပတ်ရမ်းမနေဘဲ ကာယကံရှင်တွေဆီကိုပဲ တိုက်ရိုက်ကြွလိုက်ပါ"
အားမနာတမ်းပြောနေသည့် သွန်းအုပ်ကြောင့် မင်းခက မျက်စိပျက်မျက်နှာပျက် ဖြစ်နေရပြီ။ တားလို့လည်းမနိုင်မည့် ဦးဒေါသကို အနောက်သို့ဆွဲပို့သော်လည်း သွန်းအုပ်က တုပ်တုပ်မှမလှုပ်။
နောက်ဆုံး ဘာမှဆက်မပြောဖို့အတွက် အသနားခံပြီး တောင်းပန်တိုးလျှိုးစွာ ကြည့်ပေးလိုက်တော့မှ တောက်တစ်ချက်ခေါက်ပြီး မျက်နှာလွှဲသွား၏။
သွန်းအုပ်ကိုစိတ်ဆိုးနေပြီဖြစ်သည့် ဇာနည့်အမေအား
မင်းခက ပြေလည်ရာပြေလည်ကြောင်း ပြုံးပြရင်း...
"အန်တီ့ကို အားနာလိုက်တာ။ ကိုသွန်းအုပ်က ဘာရယ်မဟုတ်ဘူး။ စိတ်မကြည်နေရင် အဲ့လိုပဲ ပြောတတ်လို့"
"......"
"ဇာနည့်ကို အိမ်ပြန်လာစေချင်တာဆိုရင် ကျွန်တော် ဇာနည့်ကို နားထပ်ချကြည့်ပေးပါဦးမယ်"
"နားချမယ်ဆိုရင်လည်း ဟိုကောင်လေးကို အဓိက နားချလိုက်ပါ ဆရာ။ ဘာမှနားမလည်သေးတဲ့ကလေးကို ခုလောက်ကြီးဖြစ်သွားတဲ့အထိတောင် ဖြားယောင်းထားတာဆိုတော့ သားငယ်ကို လွယ်လွယ်နဲ့ သူပြန်မလွှတ်ရင် ဘယ်လိုလုပ်မလဲ"
မင်းခက သက်ပြင်းတစ်ချက်ချရင်း...
"အရိပ်ကို ဘာလို့ အခုလိုမျိုး အန်တီထင်နေရလဲတော့ ကျွန်တော် သေချာမသိပေမယ့် အရိပ်က အန်တီတို့ စွပ်စွဲနေသလို မဟုတ်တာကိုတော့ ကျွန်တော်
အာမခံပေးရဲပါတယ်။ အရိပ်က ကျွန်တော့်ညီအရင်း တစ်ယောက်လိုပါပဲ။ သူ့စိတ်နေသဘောထားကိုလည်း ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်။ စိတ်ချပါ အန်တီ။ ဇာနည်က ကျွန်တော့်တပည့်ပါ။ သူ့အတွက် မကောင်းမယ့်ကိစ္စမျိုးဆိုရင် ကျွန်တော်လည်း
ဒီအတိုင်းကြည့်မနေပါဘူး။ ဇာနည် အိမ်ကိုပြန်ရောက်လာဖို့ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်"
-
-
ဇာနည့်အမေ ပြန်သွားပြီးတာတောင် စိတ်တိုမပြေသေးဘဲ မျက်မှောင်ကြီးကြုတ်လျက် မှုန်ကုပ်နေသည့် သွန်းအုပ်၏အနား မင်းခက တိုးကပ်၍ထိုင်လိုက်သည်။
စိတ်တိုနေသည့်လူ၏ ပါးပြင်အား ဖျက်ခနဲနမ်းရန်ပြင်တော့
မလိုလားစွာခေါင်းရှောင်ပြီး မျက်နှာလွှဲသွားသည်။
ထို့နောက် ခဏကြာအောင် တစ်ယောက်တည်း စိတ်ဆိုးနေပြီးမှ...
"မင်းက ဘာမှမမှားပဲ ဘာလို့အောက်ကျို့လိုက်ရတာလဲ။ အဲ့မိန်းမကြီး သက်သက်မဲ့ ပြဿနာလာရှာနေတာကိုတောင်
နှင်မထုတ်ပဲ စကားလက်ခံပြောပေးနေသေးတယ်။ မင်းက ခန္တီပါရမီတွေဖြည့်နေတဲ့ ဘုရားအလောင်းမို့လို့လား။ ဘယ်သူက နိုဗယ်ဆုလာပေးမှာမို့လို့လဲ"
"ကိုကို"
"......"
"လောကမှာ ကိုယ့်ဘက်ကမှန်နေတိုင်းလည်း
တစ်ဖက်ကို မှားနေပါတယ်ဆိုပြီး မတွေးသင့်ဘူးလေ။
သူက ဇာနည့်အမေပဲ။ ဇာနည် အခုလိုမျိုး သူတို့ပြောစကား နားမထောင်ဘဲ ထင်ရာစိုင်းနေတော့ သူတို့လည်း အရမ်းစိတ်မကောင်းဖြစ်နေကြမှာ။ ကျွန်တော်တို့က နားလည်ပေးသင့်တယ်လေ"
"....."
"သူက ငါတို့ကို နှိမ်သလိုကြောသလို လာလုပ်နေတာလေ။
ယောကျ်ားချင်းတော့ရော ဘာဖြစ်လဲ။ သူတို့ကို
ဘာတွေထိခိုက်နေလို့ အဲ့လိုအချိုး လာချိုးရတာလဲ။ သူ့သားက သူ့ဘာသာမွှန်နေတာ ငါတို့နှစ်ယောက်နဲ့ ဘာဆိုင်လို့လဲ"
"ကိုကိုကလည်းး"
"....."
"ပုံမှန်ထက် နည်းနည်းလောက် ထူးခြားသွားရင်တောင် ပြစ်ချက်လို့ သတ်မှတ်တတ်တဲ့ ပတ်ဝန်းကျင်ကြီးမှာ ကျွန်တော်တို့က နေနေရတာလေ။ ကျွန်တော်တို့အနေနဲ့ ဒီလိုရိုက်ခက်မှုတွေက အမြဲကြုံနေရမှာပဲ။ အဓိကက
ကိုယ့်ဘက်က ဘယ်သူ့ကိုမှ အမှားမလုပ်ဘဲ
သိက္ခာရှိရှိ။မှန်မှန်ကန်ကန် နေထိုင်ဖို့ရယ်၊ နောက်ပြီး ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေမယ့်
လူတွေနဲ့စကားတွေကို လျစ်လျူရှုတတ်ဖို့ရယ်ပဲ လိုအပ်တာ။
ပြီးတော့ တော်ရုံကိစ္စမျိုးတွေက သည်းခံလိုက်ရုံနဲ့ လွယ်လွယ်ပြေလည်သွားတတ်တာမျိုးပဲမဟုတ်လား"
"......"
"ဇာနည့်မိဘတွေအနေနဲ့က စိတ်တိုလည်းတိုချင်စရာပဲလေ။ ဇာနည့်လုပ်ရပ်တွေက မှန်နေတာမှမဟုတ်ပဲ။ ပြီးတော့
ပုံရိပ်က အသိအမှတ်ပြုမပေးတာတောင် ဇွတ်တရွတ်နဲ့ လိုက်ပြီးတွယ်ကပ်နေတာ။ အဲ့ကောင်လေးက အရမ်းခေါင်းမာတယ်။ ဒီထက်ပိုပြီး ဇာနည်
တဇွတ်ထိုးတွေလုပ်မလာခင် ပုံရိပ်နဲ့ ဝေးဝေးမှာထားပြီး စိတ်ပြောင်းစေဖို့ ကြိုးစားကြည့်တာ အကောင်းဆုံးပဲလေ"
"....."
"ကျွန်တော် ဇာနည့်ကို သူ့အိမ်သူပြန်ဖို့ နားချပေးမယ် ဆိုတာကလေ သူ့မိဘတွေရဲ့ ဆန္ဒကြောင့်ဆိုတာထက် ကိုယ့်တပည့်ကို ကောင်းစေချင်တဲ့ စေတနာကြောင့်ပါ ကိုကို"
"အေးပါ။ မင်းပဲ တော်တော်စကားတတ်နေလိုက်တော့"
မင်းခက တရားပြလိုက်တာမို့ သွန်းအုပ်စိတ်
ငြိမ်းချမ်းရေးရသွားသည်။ မျက်နှာကတော့
ရှစ်ခေါက်ချိုးဖြင့်သာ။ ဘာမှဆက်ပြီး
စောဒကမတက်တော့ဘဲ အပြင်ထွက်ဖို့အတွက် ပြင်ဆင်ရန် အိမ်ခန်းထဲသို့ ဝင်သွားတော့၏။
******************tbc
10.June.22