[Zawgyi]
သြန္းအုပ္တို႔စကားဝိုင္းက ေခတၱမွ်တိတ္ဆိတ္သြားသည္။ ကိစၥအမွန္ကိုသိလိုက္ရၿပီးေနာက္မွာေတာင္ သြန္းအုပ္
ဘာလို႔ခုေလာက္ထိ တည္ၿငိမ္ေနနိုင္ရသလဲ မင္းခ နားမလည္နိုင္။
တကယ္ဆို ေဒၚေလးသီရိကိုခြင့္လႊတ္ၿပီး
တူဝရီးႏွစ္ေယာက္ ဖက္ငိုၾကတာပဲျဖစ္ျဖစ္၊
ၾကည္ၾကည္ႏူးႏူး ျပံဳးရယ္သြားၾကတာပဲျဖစ္ျဖစ္
တစ္ခုခုေတာ့ ျဖစ္သင့္သည္မလား။
ေဒၚသီရိကေတာ့ စိတ္ဓာတ္က်သြားၿပီ။
သားေလးတင္မက သြန္းေလးကပါ သူမကို ခြင့္မလႊတ္ေပးနိုင္ၾကေတာ့ဘူးလား။ ျဖစ္ခဲ့သမွ် အရာအားလုံးတို႔အတြက္ ျမသားကိုလည္း အျပစ္မတင္ရက္တာမို႔ တျခားဘယ္သူ႕ကို အျပစ္ဖို႔ရမလဲ မသိေတာ့။
သြန္းအုပ္ကေတာ့ မလႈပ္မယွက္သာ။
ထူးထူးျခားျခားႀကီး တုန္လႈပ္သြားပုံလည္းမရသလို ေဒၚသီရိကိုလည္း စိတ္ဝင္စားပုံပင္မျပ။ ႏွစ္ဆယ့္သုံးႏွစ္လုံးလုံး ဒီအေဒၚကို စိတ္နာေနခဲ့တာမို႔
အခုအခ်ိန္မွာေတာ့ ေပ်ာက္ဖို႔မလြယ္သည့္ စိတ္အမာ႐ြတ္ႀကီးတစ္ခုလို ျဖစ္သြားၿပီထင္သည္။
ဘာပဲျဖစ္ျဖစ္ မထူးေတာ့။ ေျပာသည့္အတူတူ
ေျပာျပစရာ ဘာမွမက်န္ေတာ့ေအာင္ ေျပာျပလိုက္ဖို႔ ဆံုးျဖတ္လိုက္သည္။ ဒီတူေလးႏွစ္ေယာက္စလံုးကို စိတ္မခ်တာမို႔ သူမ၏ ေနာက္ဆံုးအခ်ိန္မတိုင္ခင္ မွာစရာ႐ွိတာေတြ မွာခဲ့ရမည္။ သူတို႔ေလးေတြအခ်င္းခ်င္း အဆင္ေျပေျပ႐ွိေနတာသာ ျမင္ခြင့္ရခဲ့လ်ွင္ေတာ့ သူမ ေသေပ်ာ္ပါၿပီ။
"သြန္းေလး"
"......"
"လူႀကီးေတြကို မုန္းေနရင္ေတာင္ သြန္းေလးရဲ႕
ညီေလးကိုေတာ့ မမုန္းလိုက္နဲ႔ေနာ္"
"ဟားးးဟားးး ဘာလဲ ေမလြန္း? ကြၽန္ေတာ္က အဲ့ဒီမ်ိဳးမစစ္ေကာင္နဲ႔ ျပန္ဆံုတဲ့အခါက်ရင္ ညီေလးဆိုၿပီး ေျပးဖက္ေပးတာမ်ိဳးကို ေမလြန္းကျမင္ခ်င္တာလား"
"....."
"sorry!ေမလြန္း။ ကြၽန္ေတာ့္ဘဝမွာ အဲ့ေကာင္ကိုအမုန္းဆံုး"
"သြန္းေလး"
"အဲ့ေကာင္အေၾကာင္းကို ေမလြန္းတို႔အားလံုးသိတာထက္ ကြၽန္ေတာ္က ပိုသိတာမလို႔ ကြၽန္ေတာ့္ကို လာေျဖာင္းဖ်မေနပါနဲ႔!"
ေဒၚသီရိက သက္ျပင္းတစ္ခ်က္ရွိုက္ရင္း...
"သားေလးက သနားဖို႔ေကာင္းပါတယ္ သြန္းေလးရယ္။ ေမလြန္း သူ႔ကို ျခံေ႐ွ႕ကေန ႏွင္ထုတ္ခဲ့တုန္းကဆို ငယ္ငယ္ေလးပဲ႐ွိခဲ့ေသးတာ.. ေနာက္ၿပီး"
"ေမလြန္းတို႔ကိစၥေတြ ကြၽန္ေတာ္စိတ္မဝင္စားဘူး။
အဲ့ေကာင္ ဘယ္ေလာက္ဇာတ္နာခဲ့ပါတယ္ဆိုတဲ့
သူ႔ေနာက္ေၾကာင္းေတြကိုလည္း ကြၽန္ေတာ္မသိခ်င္ဘူး"
"ဘယ္သူမွန္းေတာင္မသိဘဲ ဘာလို႔အဲ့ေလာက္ထိ မုန္းေနရတာလဲ သြန္းေလး"
သြန္းအုပ္က ေဒၚသီရိအား ခပ္စိမ္းစိမ္းၾကည့္လိုက္ရင္း...
"ေမလြန္းသိေနတယ္ဆိုရင္လည္း အနားေခၚထားၿပီး ကိုယ္ဖိရင္ဖိ ေစာင့္ေ႐ွာက္ေပးေနလိုက္ေလ။ ဒီမွာေတာ့ သူ႔အေၾကာင္းေတြကို စာလာဖြဲ႔ျပမေနပါနဲ႔။ အဲ့ေကာင္က ဘယ္သူဘယ္ဝါျဖစ္ေၾကာင္းေတြကိုပါ ေမလြန္း ဆက္ၿပီးစကား႐ွည္ေနမယ္ဆိုရင္ ကြၽန္ေတာ္
ေမလြန္းကို ပိုမုန္းမိလိမ့္မယ္"
"သြန္းေလး~" "ကိုကို႔"
ေဒၚသီရိ ဘာမွပင္ ဆက္မေျပာႏိုင္ေတာ့။
ကိုယ့္မ်က္ႏွာကို ေသခ်ာေစ့ေစ့ၾကည့္ၿပီး စိမ္းကားစြာေျပာေနသည့္ သြန္းအုပ္၏ စကားလံုးမ်ားကို ခံႏိုင္ရည္မ႐ွိစြာ ေခါင္းကိုငံု႔ခ်လိုက္ရသည္။
မ်က္ရည္မ်ားက အတားအဆီးမဲ့ စီးက်လာ၏။
မင္းခကေတာ့ ေတာ္ေတာ္မ်က္ႏွာပူေနၿပီ။
ကိုကိုက စိတ္ႀကီးလြန္းသည္။ ေဒၚေလးလည္း
ေတာ္ေတာ္စိတ္မေကာင္းျဖစ္ေနရၿပီ။ သို႔ေသာ္လည္း ဝင္မေျပာရဲ။ ေဒၚေလးသီရိႏွင့္ ျမသားဆိုသည့္ အမ်ိဳးသမီးႀကီးက ကိုကိုမုန္းမယ္ဆိုလည္း မုန္းခ်င္စရာပဲမို႔ အခုလို ကိုကိုစိတ္နာေနတာက ကို္ကို႔အျပစ္ေတာ့မဟုတ္။
တစ္ခုေတာ့ ကိုကိုလြန္သည္။ ဘာအျပစ္မွမ႐ွိသည့္ မိုးသားအား ဘာေၾကာင့္မ်ား ခါးခါးသီးသီး မုန္းတီးေနရပါသနည္း။ တကယ္ဆို မိုးသားက ေတာ္ေတာ္သနားဖို႔ ေကာင္းခဲ့သည္။ အခုေတာ့ အဆင္ေျပေနၿပီထင္ပါသည္။ ေဒၚေလးကလည္း ေစာင့္ေ႐ွာက္ေပးေနပံုရ၏။
ေဒၚသီရိက မ်က္ရည္မ်ားကိုျပန္ထိန္းၿပီး
သက္ျပင္းတစ္ခ်က္ ႐ႈိက္လိုက္ကာ စကားေျပာရန္ အားယူလိုက္သည္။ ထို႔ေနာက္...
"ခ်က္ခ်င္းႀကီးေတာ့ သြန္းေလးလည္း ေမလြန္းကို နားလည္မေပးႏိုင္ဘူးထင္တယ္"
"....."
သြန္းအုပ္က စကားမျပန္။
ေဒၚသီရိ ခပ္ေဖ်ာ့ေဖ်ာ့သာ ျပံဳးလိုက္ရင္း...
"အင္းပါ။ သြန္းေလးလည္း အခ်ိန္ယူရဦးမွာေပါ့။ ေမလြန္းေတာင္းဆိုတာေတြ မ်ားသြားၿပီထင္တယ္"
"....."
"မင္းခ.. ေဒၚေလးျပန္လိုက္ဦးမယ္ေနာ္"
"စားေသာက္ၿပီးမွ ျပန္ပါလား ေဒၚေလး။
ေဒၚေလးလာမယ္ဆိုလို႔ ခြင့္ေတာင္ယူထားလိုက္တာ"
"ေနပါေစ.. ေဒၚေလးလည္း သြန္းေလးနဲ႔ေတြ႔ရၿပီးၿပီပဲ"
ေဒၚသီရိက သြန္းအုပ္ကိုျပန္ၾကည့္ရင္း....
"သြန္းေလး... ေမလြန္းျပန္ေတာ့မယ္"
သြန္းအုပ္က အၾကည့္လႊဲထားရင္းႏွင့္ပင္...
"ဂ႐ုစိုက္ဦး.. ေမလြန္း တအားပိန္သြားတယ္"
ရင္ထဲထိလႈပ္ခက္သြားသည့္ ၾကည္ႏူးစိတ္ေၾကာင့္
ေဒၚသီရိ ငိုခ်မိေတာ့မတတ္။ တကယ္ဆို သြန္းေလးက သူမကို ခ်စ္႐ွာပါသည္။
------------------
လက္ထဲတြင္စာအုပ္ကိုင္၍ စာဖတ္ေနေသာ္လည္း
မင္းခ၏အေတြးမ်ားက မနက္က ေဒၚသီရိႏွင့္သြန္းအုပ္တို႔ ေျပာၾကသည့္ မိုးသားဆီသို႔သာ ေရာက္ေနမိသည္။
အဲ့အေသးေလးကို သူ႔ညီမိုးသားမွန္း အဲ့တုန္းက
ကိုကိုမသိခဲ့။ အခုေနာက္ပိုင္းမွာလည္း မိုးသားနဲ႔ ထပ္ဆံုဖူးတာမဟုတ္ပါပဲ ဘာေၾကာင့္မ်ား အရမ္းမုန္းေနရသည္မသိ။ ဒါမွမဟုတ္
သူမသိလိုက္ခင္အခ်ိန္မွာ ကိုကိုနဲ႔ ထပ္ဆံုဖူးေသးတာလား။
သိခ်င္ေနသည့္ စိတ္တို႔ကို ထိန္းမရေတာ့တာေၾကာင့္...
"ကိုကို"
"အြန္း"
"ကိုကို႔"
"ေျပာကြာ.. ဒီမွာဂိမ္းရႈံးေနရတဲ့အထဲ"
မင္းခ၏ေပါင္ေပၚတြင္ ေခါင္းအုံးၿပီးလွဲေနသည့္ သြန္းအုပ္က အလုပ္ႀကီးအကိုင္ႀကီး လုပ္ေနတာေတာ့မဟုတ္။ ကေလးေတြေဆာ့သည့္ Fruit Ninjaဂိမ္းကို သည္းႀကီးမည္းႀကီး ေဆာ့ေနျခင္းသာ။
စကားအတည္ေျပာဖို႔ၾကံခါမွ ကိုကိုက ေပါ့ပ်က္ပ်က္လုပ္ေနသည္။ မင္းခ စိတ္မရွည္ခ်င္ေတာ့။ လက္ထဲကဖုန္းကိုဆြဲယူၿပီး ပိတ္ခ်လိုက္ေတာ့ သြန္းအုပ္က မင္းခအား မ်က္လုံးလွန္ၿပီး ေမာ့ၾကည့္လာသည္။
"ေနမင္းခ"
"ေျပာ"
"ဒါက ဘာအခ်ိဳးလဲ။ မင္းဝယ္ေပးထားတယ္ဆိုၿပီး ငါ့ကို အနိုင္က်င့္လိုက္တာလား"
"......"
ေၾကာက္သြားမလားေတြးၿပီး ဖိေဟာက္လိုက္ေသာ္လည္း မင္းခကျပန္မေျဖဘဲ ႐ႈတည္တည္မ်က္ႏွာေပးျဖင့္သာ ၾကည့္ေနသည္။
သြန္းအုပ္လည္း ႏွာေခါင္းတစ္ခ်က္ရႈံ ့ရင္း မ်က္လႊာေလးသာ ျပန္ခ်သြားလိုက္သည္။ ၿပီးမွ ဝမ္းနည္းခ်င္ေယာင္ေဆာင္သည့္ ေလသံေလးႏွင့္...
"ရပါတယ္။ မင္းပစၥည္းဆိုေတာ့လဲ မင္းအနိုင္က်င့္တာ ခံရေတာ့မွာေပါ့။ ငါက ဘာေျပာလို႔ရမွာလဲ"
"....."
မင္းခလည္း ပါးစပ္အေဟာင္းသား၊
ေခါင္းေလးတညိတ္ညိတ္ျဖင့္သာ ဆက္ၿပီးနားေထာင္ေပးေနလိုက္သည္။ ခ်က္ခ်င္းႀကီး အားငယ္သလိုအမူအယာေတြ ပိုသြားသည့္သူကိုေတာ့ စိတ္ထဲက ရယ္ခ်င္ခ်င္။
မင္းသားလုပ္စားဖို႔ သ႐ုပ္ေဆာင္ေလ့က်င့္ေနတာမ်ားလား။
moodအရမ္းဝင္ေနသည္ထင္၏။ အိုက္တင္ေတြကေတာ့ လက္ဖ်ားခါေလာက္သည္။
သြန္းအုပ္က ဝင္လက္စmoodကို မျဖဳတ္ဘဲ မ်က္ႏွာေသေလးျဖင့္...
"ငါ့လက္ရွိဘဝက မင္းထားရာေန၊ မင္းေစရာသြား၊
မင္းေကြၽးတာစားၿပီး မင္းဆင္တဲ့ မေကာင္းမကန္းေတြပဲ ဝတ္ေနရတဲ့ အႏုတ္စုတ္၊ဂုတ္စုတ္ဘဝ ျဖစ္ေနၿပီေလ။ အဲ့ေတာ့ ငါက မင္းသြန္လိုသြန္ ေမွာက္လိုေမွာက္ မင္းစိတ္တိုင္းက် ခ်ယ္လွယ္လို႔ရတဲ့ မင္းရဲ႕လက္ခုပ္ထဲက ေရသန႔္ေလးပဲ မဟုတ္လား"
သြန္းအုပ္ကစကားဆုံးေတာ့ သက္ျပင္းေလးတစ္ခ်က္ေတာင္ ခ်ျပသြားလိုက္ေသးသည္။
႐ုပ္တည္ႀကီးႏွင့္ ေပါက္ကရေတြေျပာၿပီး မူယာမာယာမ်ား ျပေနသည့္ သြန္းအုပ္ကိုၾကည့္ရင္း မင္းခကေတာ့ အသည္းယားလြန္းေနၿပီ။ ညႀကီးသန္းေခါင္ျဖစ္ေနၿပီမို႔ ေအာ္မရယ္မိဖို႔ကိုလည္း မနည္းထိန္းထားရသည္။
သူခ်စ္တဲ့ကိုကိုက မထင္ရေလာက္ေအာင္ပင္
တစ္ခါတေလဆို ႐ုပ္တည္ႀကီးႏွင့္ ေပါေတာေတာနိုင္လြန္းၿပီး စကားကလည္း တအားတတ္ေသး၏။
ၾကည့္ရင္းၾကည့္ရင္း အရမ္းအသည္းယားလာၿပီ။
စိတ္မထိန္းနိုင္ေတာ့တာမို႔ မင္းခက သြန္းအုပ္မ်က္ႏွာႏွင့္ အနီးကပ္ဆုံးျဖစ္သည္အထိ ေခါင္းကိုငုံ႕ခ်လိုက္ရင္း...
"အဲ့ဒါဆို ကြၽန္ေတာ့္လက္ခုပ္ထဲက ေရသန႔္ေလးျဖစ္ေနတဲ့ ကိုကို႔ကို ဘာလုပ္ပစ္ရင္ေကာင္းမလဲဟမ္။ သြန္ပစ္၊ ေမွာက္ပစ္ရမလား။ ဒါမွမဟုတ္........"
မင္းခက စကားကို တဆက္တည္းမေျပာ။ သံရွည္ဆြဲကာ ခဏရပ္ထားၿပီး ၿပဳံးၿပဳံးႀကီး အနီးကပ္
လာစိုက္ၾကည့္ေနေသးသည္။ သြန္းအုပ္လည္း ရယ္ခ်င္ေနၿပီဆိုေပမယ့္ မင္းခဆက္ေျပာမည့္စကားကို နားေထာင္ၿပီး သူ႕ကိုလာစေနသည့္ မင္းခအား ဆက္စခ်င္ေသးတာမို႔...
ေနာက္ဆက္တြဲ စကားကိုမေျပာခင္ မင္းခက အနီးကပ္ျမင္ေနရသည့္ သြန္းအုပ္၏နဖူးေလးအား
႐ႊတ္ခနဲတစ္ခ်က္နမ္းလိုက္ၿပီးမွ..
"အဲ့ေရသန႔္ေလးကို ၿမိဳခ်ပစ္လိုက္ရင္ေကာင္းမလား ကိုကို"
"ဘာာ!"
မင္းခက ႐ႊတ္ေနာက္ေနာက္ေျပာၿပီး စလိုက္ေသာ္လည္း သြန္းအုပ္က အသံၿပဲႀကီးႏွင့္ အာေမဋိတ္ျပဳေတာ့
မင္းခ,ခမ်ာ အူေၾကာင္ေၾကာင္ ျဖစ္သြားရသည္။
"မင္း ၿမိဳခ်ပစ္လိုက္ရင္ ငါက ေရမဟုတ္ေတာ့ဘဲ ေသးျဖစ္သြားမွာေပါ့ကြ။ ဘာလဲ။ မင္းက ငါ့ကို ေပါ့ေပါ့တန္တန္နဲ႕ စြန႔္ပစ္ခ်င္ေနၿပီေပါ့"
ခီြးးး
မ်က္ေမွာင္ၾကဳတ္လ်က္ စူပြစူပြျဖင့္ ရန္ျပန္ေတြ႕ေနပုံက သူ႕ကိုယ္သူ ကေလးေလးဟု ထင္ေနသည့္ပုံ။ တကယ္လည္း သူ႕ေပါင္ကို ေခါင္းအုံးလုပ္၍ အိပ္ေနသည့္ကိုကိုက အသက္ႀကီးလာလည္း ႐ုပ္ကရင့္မလာပါ။ သူ႕ထက္ေတာင္ ငယ္သည့္ပုံေပၚေနေသးသည္။
မ်က္လုံးလွန္ၾကည့္ၿပီး ရန္လိုသည့္ဟန္ျပဳေနေသာ ကိုကိုက သူ႕မ်က္လုံးထဲမွာေတာ့ ခပ္စြာစြာ ကေလးေလးတစ္ေယာက္၊ အပ်င္းႀကီးၿပီး ဂ်ီးအရမ္းမ်ားတဲ့ ဂ်စ္ကန္ကန္ သခင္ေလးတစ္ေယာက္။
ေပေစာင္းေစာင္းျပန္ၾကည့္ေနသည့္ ကေလး႐ုပ္ႏွင့္လူႀကီး ကိုကို႔အား အသည္းယားလြန္းေနၿပီ။ မ်က္ႏွာတစ္ခုလုံးထက္ ေနရာလပ္မက်န္ရေအာင္ ေပြ႕ဖက္နမ္းရႈံ႔လိုက္ေတာ့ ကိုကိုက ျမင္ရသည့္သူတိုင္း ခ်စ္စိတ္ဝင္သြားေလာက္ေအာင္အထိ ခ်စ္စရာေကာင္းစြာ တဟားဟားေအာ္ရယ္ေလ၏။
မ်က္ႏွာတစ္ခုလုံးအႏွံ႕ နမ္းလို႔ၿပီးသြားေတာ့ အနမ္းခံထားရသည့္ မ်က္ႏွာေလးကို ျပန္ၾကည့္ရေသးသည္။
ၿပဳံးစိစိလုပ္ေနသည့္သူက နမ္းမဝေသးသည့္ဒီေကာင္ကို ထပ္ၿပီးနမ္းခ်င္လာေအာင္ စိန္ေခၚေနသလိုလို။
တဝႀကီး အနမ္းမိုးေတြ႐ြာပစ္ဖို႔ ၾကံရြယ္ကာ ဟန္ျပင္လိုက္စဥ္မွာပင္...
!!!
အနားတိုးကပ္သြားသည့္ သူ႔မ်က္ႏွာကို လ်ွပ္တျပတ္ေလး လွစ္ခနဲခိုးနမ္းသည့္ကိုကို။
"ခ်စ္တယ္..ကိုကို႔ကေလးေလး"
"•••"
မင္းခ,ခမ်ာ ရုတ္တရက္ ေဆးမိသြားသလို ေတာင့္ေတာင့္ႀကီး။ ခဏၾကာကာမွ အသိျပန္ကပ္ၿပီး တနင့္တပိုးပီတိတို႔ျဖင့္ ႐ွက္ဖို႔ကိုသတိရသြားရင္း...
"တကယ္ဗ်ာ.. ဒီကိုကိုကေတာ့"
ပုပ္သိုးသိုးမ်က္ႏွာထားႀကီးကိုေတာင္ ခ်စ္လို႔မဝျဖစ္ေနသည့္လူကို အခုလို အနုနည္းနဲ႔ အခ်စ္ေတြတိုးေအာင္ ျပဳစားေနေလေတာ့
အသည္းမမာသည့္ မင္းခ,ခမ်ာ.....။
----------------------
"မာမားတို႔ လံုးဝမမိုက္ဘူး!"
"ဇာနည္! မင္းရဲ႕ေလသံကို ခုခ်က္ခ်င္းျပင္လိုက္"
"ကြၽန္ေတာ္မွားေနတာမဟုတ္လို႔ မျပင္ႏိုင္ဘူး ပါပါး။
မာမား ဘာေတြေလ်ွာက္လုပ္ေနတာလဲဆိုတာကို ပါပါးကိုယ္တိုင္ ေမးၾကည့္လိုက္ဦး။ တကယ္ ကေလးကလားနဲ႔။ လံုးဝကို အဓိပါၸယ္မ႐ွိဘူး"
အေဖျဖစ္သူေ႐ွ႕ ေရာက္ေနတာေတာင္ ဂ႐ုမစိုက္ႏိုင္ေတာ့...
ဇာနည့္စိတ္ေတြ တကယ္ေပါက္ကြဲေနၿပီ။
"ငါသိတယ္.. ငါကိုယ္တိုင္ အဲ့CDကိုထုတ္ေပးလိုက္တာ။ အဲ့videoပါတဲ့ memory stickကိုလည္း ငါကိုယ္တိုင္ပဲ ရလာတာ"
"ပါပါး!!"
"မင္းကိုငါ သတိေပးၿပီးသားပဲ။ မင္းက မိဘေတြရဲ႕စကားကို ဂ႐ုမွမစိုက္တာ။ အဲ့ဒါေၾကာင့္ မင္းျမင္မယ္ဆိုတာသိလို႔ကို အစမ္းပို႔ေပးလိုက္တာ။ ဘယ္လိုလဲ? မင္းေကာင္ သူ႔အ႐ႈပ္ထုပ္ေတြသူ ျပန္ျမင္ၿပီး ေတာ္ေတာ္ေသြးပ်က္သြား တယ္မလား။ ေအး! မင္းကိုယ္မင္း မဆင္ျခင္ရင္
မင္းေကာင္ဘက္က ဆင္ျခင္သြားေအာင္ လုပ္ေပးေနမယ္"
ဇာနည္က အံတင္းတင္းႀကိတ္ရင္း...
"ပါပါးတို႔ သူ႔ကိုထပ္ၿပီး တစ္ခုခုေႏွာင့္ယွက္တာနဲ႔
သားအဆိုး မဆိုပါနဲ႔!"
"ေတာက္!! မင္းကမ်ား လူပါးဝလို႔!"
ႀကိမ္းဝါးသံႏွင့္အတူ မ်က္ႏွာေပၚ
အဆက္မျပတ္က်ေရာက္လာသည့္ ခပ္ျပင္းျပင္း လက္သီးခ်က္မ်ား...
"ကို႔.. မလုပ္နဲ႔! လက္လြန္ကုန္မယ္! ကို႔သားစိတ္က ပံုမွန္မဟုတ္ေတာ့ဘူး။ အဲ့ဒါ ျပဳစားခံေနရတာ"
"ေ-ာက္အဓိပါၸယ္မ႐ွိတာေတြ ဝင္ေျပာၿပီး
မင့္သားေ႐ွ႕ကေန ကာေပးမေနနဲ႔!"
"...."
"အဲ့ေကာင္က ျပဳစားခံေနရတာ မဟုတ္ဘူးကြ! မႊန္ေနတာ! အေျခာက္ကိုႀကိဳက္ၿပီး အေျခာက္စိတ္ေပါက္ေနတဲ့ ေကာင္ကြ! "
ေျပာလည္းေျပာ၊ ဇာနည့္ကို ထိုးဖို႔အတြက္လည္း
လက္က အသင့္ရြယ္ထားရင္း....
"ဟိတ္ေကာင္! မင္းအခုခ်က္ခ်င္း ငါ့ကိုေရာ၊ မင္းအေမကိုေရာ ေတာင္းပန္ၿပီး ကတိေပးစမ္း။
အဲ့ေကာင္နဲ႔ ေနာက္ထပ္လံုးဝ မပတ္သက္ဘူးလို႔"
"ကြၽန္ေတာ္မမွားလို႔ မေတာင္းပန္ႏိုင္ဘူး ပါပါး"
"ဟာကြာ..ဒီေခြးေကာင္!!"
"ကို႔... မလုပ္နဲ႔..ေတာ္ေတာ့!
သားငယ္.. မင္းကလည္း ဘယ္လိုျဖစ္ေနတာလဲ။ ကိုယ့္အေဖစိတ္တိုေနတာကိုေတာင္ မေၾကာက္မလန္႔နဲ႔"
"မင္းး မင္း ငါ့အိမ္ေပၚကေန ခုခ်က္ခ်င္းဆင္းေတာ့!
မင္းလို ေ-ာက္ေျခာက္ကို ငါ့အိမ္မွာဆက္မထားႏိုင္ဘူး!"
"ကို႔!!!"
အံတင္းတင္းႀကိတ္လ်က္ လွည့္ထြက္လာလိုက္သည္။ လိုအပ္သည့္ပစၥည္းမ်ားကို အိတ္ထဲသို႔စုထည့္ေနေတာ့ မာမားက အနားလာ၍...
"သားငယ္ အဲ့လိုစိတ္လိုက္မာန္ပါ မလုပ္ရဘူးေလ။ ကိုယ့္အေဖက ေကာင္းေစခ်င္လို႔ ေျပာတာပဲ။
နားေထာင္ပါ သားငယ္ရယ္.. ေနာ္..မာမားကို မသနားဘူးလား"
"မာမားတို႔သာ သူ႔ဟာသူေနေနတဲ့အကို႔ကိုသြားၿပီး မေႏွာင့္ယွက္ခဲ့ရင္ အခုလိုေတြျဖစ္လာစရာ အေၾကာင္းမ႐ွိဘူး"
ဇာနည့္အေမက ႐ႈိက္ငိုရင္း...
"မာမားကို အမွန္အတိုင္းေျပာစမ္း! မင္းအခုလို ျဖစ္သြားတာ မင္းဆရာဆီက အက်င့္ေကာင္းေတြကူးကုန္တာမလား။ ဟိုေကာင္ကလည္း အဲ့ဆရာအိမ္ဝင္ထြက္ေနတဲ့ အဲ့ဆရာနဲ႔ ဘာလိုလိုေတြေလ။ သူတို႔ဘာသာ စာရိတၱေဖာက္ျပားရတာ အားမရလို႔ သားကိုပါ သူတို႔လိုဇာတ္သြင္းေနတာလား။ ဟင္ ေျပာေလ သားငယ္"
"မာမား!!"
ခံျပင္းမႈမ်ားေၾကာင့္ ဇာနည့္ ခႏၶာကိုယ္တစ္ခုလံုး ယိမ္းခါေနၿပီ။ 'တပည့္မေကာင္း ဆရာ့ေခါင္း'ဆိုတာ သူမွသူအစစ္။ ကိုယ့္အေမက ကိုယ့္အခ်စ္ဆံုးဆရာကို ေစာ္ကားေနသည္။ ဘာမွလည္း မဆိုင္ဘဲႏွင့္..
ဆရာတို႔က ၾကားထဲကေနသက္သက္မဲ့။
"မာမားစကားေတြက အကုန္လံုးရဲ႕ သိကၡာေတြကို ေစာ္ကားေနၿပီဆိုတာ စဥ္းစားမိေသးရဲ႕လား!"
"....."
"ကြၽန္ေတာ္ အပြင့္လင္းဆံုးပဲေျပာမယ္။ ကြၽန္ေတာ္ အကို႔ကို ခ်စ္သြားတာ ဘယ္သူ႔တိုက္တြန္းခ်က္မွလည္း မပါဘူး။ ေနာက္ၿပီး ဘယ္သူမွလည္း လာတားလို႔ရမွာမဟုတ္ဘူး။ အကိုကိုယ္တိုင္လည္း တားလို႔မရဘူး။ မာမားတို႔ေျပာလည္း ကြၽန္ေတာ္က ဂရုစိုက္ေနမွာမဟုတ္ဘူး။ အကိုနဲ႔ပတ္သက္တဲ့ ကြၽန္ေတာ့္လုပ္ရပ္ေတြမွာ မွားေနတာ တစ္ခုမွမ႐ွိေသးလို႔ ကြၽန္ေတာ့္ကိုလာၿပီး ထိန္းခ်ဳပ္ဖို႔မႀကိဳးစားၾကပါနဲ႔"
"သားငယ္ရယ္... မင္းေတာ္ေတာ္ဆိုးေနပါလားဟမ္! အဲ့ေကာင္က ဘယ္လိုေတြေတာင္..."
"ေတာ္ေတာ့..မာမား! ေတာ္ေလာက္ၿပီ.. ထစ္ခနဲဆိုတာနဲ႔ အကို႔ကိုပဲ အျပစ္တင္ေနတာေတြ ရပ္လိုက္ပါေတာ့။ ကြၽန္ေတာ္ကသာ အ႐ွက္မ႐ွိ အတင္းလိုက္ၿပီး တြယ္ကပ္ေနတာ။ အကိုက ကြၽန္ေတာ့္ကို
လွည့္ေတာင္မၾကည့္ဘူးဗ်။ အဲ့ဒါမာမားတို႔ သိရဲ႕လား!"
!!
ျဖန္းခနဲ အ႐ိုက္ခံလိုက္ရသည့္ ပါးတစ္ဖက္က သိပ္ေတာ့ မနာေသာ္လည္း ရင္ထဲမွာေတာ့ ေအာင့္တက္သြားသည္။ အခုခ်ိန္ထိ မာမားက သူ႔ကို လက္နဲ႔ေတာင္
မရြယ္ဖူးခဲ့ဘူးမလား။
"နင္.. နင့္ကို ငါတို႔လက္လႊတ္ေပးလိုက္ၿပီ ဇာနည္။ နင့္စိတ္နဲ႔နင္ အသိတရားဝင္လာတဲ့ အခ်ိန္က်မွ မိဘေတြကို ေျခသလံုးဖက္ေတာင္းပန္ၿပီး ဒီအိမ္ထဲကို ျပန္ဝင္လာခဲ့။ နင္အခုလိုေတြ ဆက္လုပ္ေနသ၍ အိမ္ကို
လံုးဝေျခဦးျပန္လွည့္မလာနဲ႔။ ငါတို႔ကေတာ့ အသိစိတ္ေပ်ာက္ေလာက္ေအာင္ မႊန္ေနတဲ့ နင့္ကို အိမ္မွာမထားႏိုင္ေတာ့ဘူး"
"....."
ဒီေလာက္ထိ အေျပာအဆိုခံေနရတာကိုေတာင္ ဇာနည္က ေတာင္းပန္ရန္ဆႏၵ႐ွိပံုမရ။ ဇာနည့္အေမက ရင္နာနာျဖင့္ တစ္ဖက္သို႔ မ်က္ႏွာလႊဲသြားရင္း...
"နင့္ကိုအလိုလိုက္ခဲ့မိတာ မာမားတို႔အရမ္းမွားသြားၿပီ သားငယ္"
ေတြေဝတံု႔ဆိုင္းျခင္းမ႐ွိဘဲ အေမကိုေက်ာခိုင္း၍ ထြက္လာခဲ့စဥ္ ႏွလံုးသားကေတာ့နာသည္။ မိဘေတြက သားဆိုးလို႔ သတ္မွတ္ရင္လည္း သတ္မွတ္ပါေစေတာ့။ အခုခ်ိန္မွာ သူ႔အတြက္အေရးအႀကီးဆံုးက အကိုျဖစ္ေနတာမို႔။
--------------------
အကို႔အတြက္နဲ႔
အရမ္းခ်စ္တဲ့ မိဘေတြကိုေတာင္
ေက်ာခိုင္းၿပီး ထားရက္ခဲ့တဲ့
ခပ္ဆိုးဆိုးသားမိုက္ဟာ ကြၽန္ေတာ္ပါပဲ။
အဲ့ဒီလို
ကြၽန္ေတာ့္ခ်စ္ျခင္းေတြကို
အကို႔ဘက္က နည္းနည္းေလာက္ျဖစ္ျဖစ္
အသိအမွတ္ျပဳေပးခဲ့မယ္ဆိုရင္ေလ.....
--------------------
လြန္ခဲ့ေသာခုနစ္ႏွစ္ေက်ာ္ဝန္းက်င္....
"အေဖ့ကို ကူညီေပးပါ။ ေတာင္းပန္ပါတယ္။ မဟုတ္ရင္ အေဖ့သိကၡာေတြအကုန္လုံး ေျမာင္းထဲေရာက္သြားမွာ။ ဒါ...ဒါပထမဆုံးနဲ႕ေနာက္ဆုံးပါ။ ထပ္ၿပီး အဲ့လိုမျဖစ္ေစရဘူး။ အေဖ့ကိုကူညီေပးပါ။ ကူညီေပးပါ"
"ဟားးဟားးးး... ဟားးးးးဟားးးးဟားးးးး"
ေျခသလုံးဖက္ၿပီး ေတာင္းပန္ေတာ့မတက္ျဖစ္ေနသည့္ ဦးၿငိမ္းခ်မ္းကိုၾကည့္ရင္း ပုံရိပ္ အူလွိုက္အသည္းလွိုက္ ရယ္ပစ္လိုက္သည္။
ရယ္လိုက္ရတာ...
ဦးၿငိမ္းက ေတာ္ေတာ့ကို ရယ္စရာေကာင္းတာ။
သူရွက္ဖို႔ေတာင္ နည္းနည္းေလးမွ ခ်န္မထားဘဲ
မရွိတဲ့သိကၡာတရားေတြကို တန္ဖိုးထားျပေနတဲ့ပံုကေလ။
"ကူညီေပးပါကြာ။ သူနဲ႔.. သူနဲ႔ တစ္ခါေလးပဲေနေပးလိုက္ရင္ အဲ့videoကို ျပန္ေပးမွာ။ မဟုတ္ပဲ ျပန႔္သြားရင္ အေဖေရာ၊ မင္းေရာ"
"အေဖေရာ၊ မင္းေရာ?"
"......"
"အဟက္! အေဖတဲ့လား?"
"...."
"အေစာႀကီးကတည္းက ဦးၿငိမ္းကိုယ္ဦးၿငိမ္း ကြၽန္ေတာ့္ရဲ႕အေဖလို႔ တကယ္သေဘာထားေပးခဲ့ရင္ အခုလိုမ်ိဳး အက်ပ္ကိုင္ၿပီး ၿခိမ္းေျခာက္ခံရတဲ့ေန႔ေတာင္ ရွိလာမွာမဟုတ္ဘူးေလ"
တစ္လံုးခ်င္း ခပ္ေအးေအးေျပာေနသည့္ ပံုရိပ္၏စကားမ်ားေၾကာင့္ ႐ွက္စိတ္မႊန္သြားသည့္ ဦးျငိမ္းခ်မ္း၏ မ်က္ႏွာကရဲခနဲ။ စကားလံုးတို႔က အ႐ႈိက္တည့္တည့္ကို လာထိတာမို႔ စိတ္ထဲ၌
စပ္ဖ်ဥ္းဖ်ဥ္း ခံစားလိုက္ရသည္။
"အဲ့ကိစၥေတြအတြက္ ငါေတာင္းပန္ပါတယ္ကြာ"
"ပထမဆုံးအႀကိမ္မွာကတည္းက ဦးၿငိမ္း
ေတာင္းပန္ခဲ့တာပဲေလ။ ၿပီးေတာ့လည္းး အဟက္!"
"ငါ..မွားပါတယ္ ပုံရိပ္ရာ။ ဒီတစ္ခါကိစၥေလးကို ကူညီေပးၿပီးရင္ မင္းေတာင္းဆိုတာမွန္သမ်ွ အေဖ လိုက္ေလ်ာေပးမွာပါ"
"တကယ္လား"
ပံုရိပ္က မ်က္ခံုးတစ္ဖက္ပင့္ၿပီး ခႏိုးခနဲ႔ေမးေတာ့ ဦးၿငိမ္းခ်မ္းက ေခါင္းတဆက္ဆက္ညိတ္ရင္း...
"ေအးပါကြာ.. မင္းျဖစ္ေစခ်င္တာမွန္သမ်ွ ျဖစ္ေစရမွာပါ"
"ဦးၿငိမ္းရဲ႕ ပိုင္ဆိုင္မႈမွန္သမ်ွကို အခုခ်က္ခ်င္းလႊဲေပးတာ လိုခ်င္တယ္ဆိုရင္ေရာ"
ဦးၿငိမ္းခ်မ္းက လက္မခံခ်င္မွန္း သိသိသာသာ အမူအရာပ်က္ယြင္းသြားသည္။ ပံုရိပ္ကေတာ့ မဲ့ျပံဳးတစ္ခ်က္သာျပံဳးရင္း ဦးၿငိမ္းခ်မ္း၏အေျဖကို
ေစာင့္ေနလိုက္၏။
ဦးၿငိမ္းခ်မ္းက ဆံုးျဖတ္ရခက္ေနသည္။ သူ ပံုရိပ္ကို
ေမြးစားဖို႔ေခၚလာတုန္းက ပံုရိပ္အား သားသမီးအျဖစ္ ေထာက္ပံ့ေစာင့္ေ႐ွာက္ေပးမည္ ဆိုတာကလြဲ၍ သူပိုင္ဆိုင္သမ်ွကိုဆက္ခံရမည့္ အေမြစားအေမြခံဆိုတာမ်ိဳး မပါခဲ့။
ဇနီးျဖစ္သူ၏ သားသမီးလိုခ်င္သည့္ ဆႏၵကို
သူမရဲ႕ေနာက္ဆံုးအခ်ိန္မတိုင္ခင္ေလး ျဖည့္ဆည္းေပးဖို႔ ႀကိဳးစားခဲ့ရံုသာမို႔ အခုေလာက္ႀကီးလည္း စဥ္းစားမေနခဲ့။
သူေမြးစားမိသည့္ ဒီေကာင္ေလးက ၿဂိဳဟ္ဆိုးေလးသာျဖစ္သည္။ သူ႔ကိုေမြးစားဖို႔ အိမ္ေခၚလာသည့္ေန႔မွာပင္ ဇနီးျဖစ္သူဆံုး၏။
ေမြးစားသား ပံုရိပ္ကိုေတာင္ စကားေျပာႏႈတ္ဆက္သြားခ်ိန္မရလိုက္။
ေနာက္ၿပီး ဒီေကာင္ေလးက ခဏေလာက္
ေကာင္းေကာင္းမြန္မြန္ ေနလိုက္တာႏွင့္ ေပစုတ္စုတ္ေလးကေန ေဒါင္းေလးလိုေျပာင္းလဲသြားၿပီး သူ႔စိတ္ေတြကို ေဖာက္ျပားလာေအာင္ ဆြဲေဆာင္ခဲ့သည္။
သူ ပံုရိပ္သြင္အေပၚ က်ဴးလြန္ခဲ့သည့္အမွားမ်ားေၾကာင့္
သူ႔ကိုရက္စက္သည္ဟု တစ္စံုတစ္ေယာက္က စြပ္စြဲလာလ်ွင္ သူျငင္းမည္။ သားအရင္းမဟုတ္တာကိုပင္ သံုးခ်င္သလိုသံုး၊ ျဖဳန္းခ်င္သလိုျဖဳန္းႏိုင္ဖို႔ လိုေလေသးမ႐ွိ ျပည့္ျပည့္စံုစံု ထားေပးေနတာကိုေတာင္ ပံုရိပ္သြင္က နစ္နာအံ့ထင္ၿပီး
သူ႔ကိုလာမုန္းေနေသးသည္။
အဆိပ္မ႐ွိဟုထင္ခဲ့မိေပမယ့္ အခြင့္အေရးလည္းေပၚလာေရာ သူ႔ကို ျပန္အက်ပ္ကိုင္လာၿပီ။
ေတာင္းဆိုတာကလည္း ပိုင္ဆိုင္သမ်ွအားလံုးကိုတဲ့လား။
ေသရင္လည္းထားခဲ့ရမွာဆိုေပမယ့္ သူ႔မွာက တရားမ႐ွိ။
-
-
ေနာက္ဆံုး၌ ဆံုးျဖတ္ခ်က္တစ္ခုအား ခက္ခဲစြာခ်လိုက္ရင္း...
"ေကာင္းၿပီ.. မင္းကို ငါပိုင္သမ်ွအားလံုးလႊဲေပးမယ္။ အဲ့ဒီဘုဏ္းခန္႔ဆိုတဲ့လူယုတ္မာဆီကေန အဲ့videoပါတဲ့ memory stickကို က်ိန္းေသယူလာခဲ့"
-------------------
"အဟက္! ဂုဏ္သေရရွိသူေဌးႀကီး ဦးၿငိမ္းခ်မ္းကေတာ့ ထင္ထားတဲ့အတိုင္း သူ႕ဂုဏ္သိကၡာကို
သူ႕ေမြးစားသားေလးထက္ တန္ဖိုးထားတာပဲ။
က်စ္္! ခက္တာက မင္းအေဖက မင္းကိုတင္မဟုတ္ဘူး။ သူ႕သိကၡာသူပါ မေလးစားလို႔ ဒီလိုေတြျဖစ္လာတာ"
Birthday Partyမွာကတည္းက ဒီလူႀကီးကို
ပံုရိပ္ ရြံသည္။ မုန္းသည္။ ဒီလိုလူမ်ိဳးႏွင့္မွ လာၿပီး ပတ္သက္ေနရတာမို႔ အေၾကာင္းအရင္းျဖစ္သည့္ ဦးၿငိမ္းခ်မ္းကိုလည္း အရိုးထိစြဲေနေအာင္ကိုမုန္းသည္။
"စကားေတြမ်ားမေနဘဲ ခင္ဗ်ားလိုခ်င္တာယူၿပီးတာနဲ႔ ဟိုMemory stickကိုသာ ျမန္ျမန္ထုတ္ေပးပါ"
"ေအးေဆးေပါ့ကြာ... စိတ္မ႐ွည္တဲ့ပံုစံနဲ႔
လာမဆက္ဆံစမ္းပါနဲ႔။ မင္းအေဖရဲ႕ေက်းဇူးကို ဆပ္ေပးလိုက္ႏိုင္တာမလို႔ မင္းကေပ်ာ္ေတာင္ေနရဦးမွာ.. ဟားးဟားးးးဟားးးးး"
ဦးဘုဏ္းခန္႔က ဟားတိုက္ရယ္ေမာၿပီးသည့္ေနာက္ ေသာက္လက္စအရက္ခြက္ကို ခ်လိုက္ရင္း ပံုရိပ္၏အနားသို႔ ေလးတြဲ႔တြဲ႔ေလ်ွာက္လာသည္။ ပံုရိပ္၏ေမးဖ်ားေလးကိုကိုင္ၿပီး ငံု႔ေနသည့္ေခါင္းေလးအား ေမာ့လာေစသည္။ ထို႔ေနာက္ ရမၼက္လႊမ္းသည့္မ်က္လံုးမ်ားျဖင့္ ပံုရိပ္အား ရီေဝေဝၾကည့္ရင္း...
"ကေလးက လက္မလႊတ္ခ်င္ရက္စရာမရွိေလာက္ေအာင္ ဆြဲေဆာင္မႈျပင္းလြန္းတဲ့ တကယ့္အလွေလး။ ကေလးကို စျမင္ဖူးတဲ့ေန႔ထဲက ဒီလိုအခြင့္အေရးမ်ိဳးကို ဦးက လိုခ်င္ေနတာ"
ေျပာၿပီး ခဏၾကာသည္အထိ တစိမ့္စိမ့္ၾကည့္ေနေသးသည္။ ၿပီးမွ ႐ုတ္တရက္ဆိုသလို...
"ခင္ဗ်ား!!"
ဝတ္ထားသည့္ ႐ွပ္အက်ႌကၾကယ္သီးေတြ ျဗဳန္းခနဲ ျပဳတ္ထြက္ကုန္သည္အထိ အၾကမ္းပတမ္း ခြၽတ္ပစ္တာမို႔...
အေနာက္သို႔ တျဖည္းျဖည္းခ်င္း ဆုတ္သြားေနမိသည္။ ဦးဘုဏ္းခန္႔၏ အဆီေတြျပန္ေနသည့္ မ်က္ႏွာနီနီႀကီးက အနားသို႔ပို,ပိုၿပီး တိုးကပ္လို႔လာေနေတာ့ ေၾကာက္စိတ္တို႔က ႀကီးစိုးလာသည္။
ခပ္ေပါ့ေပါ့ေလးသာရွိသည့္ ပံုရိပ္အား ကုတင္ေပၚသို႔ အားျဖင့္ဖိ၍ တြန္းလွဲခ်ခံလိုက္ရေတာ့ ထိတ္လန္႔မႈေၾကာင့္ ပံုရိပ္၏တစ္ကိုယ္လံုးက တုန္ယင္လာ၏။
ဦးဘုဏ္းခန္႔က သတိထားမိသြားေတာ့ နား,နားသို႔ကပ္ရင္း...
"ကေလးကလည္း...အရမ္းမေၾကာက္ေနနဲ႕ေလကြာ။ အေတြ႕အႀကဳံရွိၿပီးသားပဲကို"
"•••"
"ကိုယ္ကာယေလ့က်င့္ခန္းေပါ့ကြာ။ မင္းအေဖနဲ႔လည္း လူေတြမသိေအာင္ တိတ္တိတ္ေလး ခိုးခိုးၿပီး ေဆာ့ေနက်မလား"
ေျပာရင္းႏွင့္ သူ႔ကိုယ္အတြင္းသားေတြကို ပြတ္သပ္လာေနတဲ့ လက္ေခ်ာင္းေတြ။ အသံမထြက္မိေအာင္ ႏႈတ္ခမ္းသားကိုသာ နာနာဖိကိုက္ထားလိုက္သည္။ ေပါက္သြားသည့္
ႏႈတ္ခမ္းသားေပၚကဒဏ္ရာက ရင္ထဲက အနာတရေတြေလာက္ေတာ့ ဒဏ္မျပင္း။
ဦးဘုဏ္းခန္႔က ပံုရိပ္၏ nipplesအား ျဖစ္ညႇစ္ရင္း...
"ကေလး... ဦးနာမည္ကို ေသခ်ာမွတ္ထားေနာ္။ ဘုဏ္းခန္႔တဲ့။ ၿပီးရင္ လိုလာေတာ့မွာ။ ဦးနာမည္ကို ညည္းေပးတာပဲ ၾကားခ်င္တယ္"
-
-
နာနာဖိကိုက္ထားသည့္ ႏႈတ္ခမ္းသားတို႔ဆီက စိမ့္ထြက္လာသည့္ ငံက်ိက်ိေသြးအရသာကိုပင္
ပံုရိပ္ ခံစားေနရၿပီ။ အိပ္ရာခင္းေပၚမွာ ေပက်ံေနသည့္ ရြံရွာစက္ဆုပ္စရာ အရည္မ်ားႏွင့္ နာနာက်င္က်င္ က်ေနရသည့္ သူ႔မ်က္ရည္ေတြက ေရာယွက္သြားခဲ့ၿပီလား။
တစ္စံုတစ္ေယာက္၏ဆႏၵကေတာ့ အထေျမာက္သြားၿပီ။ သူလည္း သိပ္ကိုပင္ပန္းေနၿပီ။ သူရဲ႕ကိုယ္က လက္ေခ်ာင္းေလးမ်ား လႈပ္ဖို႔ရာအတြက္ကိုပင္ သိပ္ကိုႏြမ္းလ်ေနခဲ့ၿပီျဖစ္ၿပီး သူ႔ရဲ႕ႏွလံုးသားကလည္း အစိတ္စိတ္အမႊာမႊာ ဆြဲျဖဲခံထားရသလို တစ္စဆီေၾကမြေနခဲ့ၿပီ။
"ကိုၿငိမ္းခ်မ္းႀကီးက နာမည္ကလည္း ၿငိမ္းခ်မ္း.. ဘဝႀကီးကလည္း သာယာလိုက္တာ။ ဒုကၡမေရာက္ေအာင္ ကယ္တင္ေပးမယ့္ သားလွလွေလးကလည္း တကယ္ေမြးရက်ိဳးနပ္... ေ႐ွ႕ေရးကို ႀကိဳေတြးတတ္လိုက္တာမ်ား ဟားးးးဟားးးး "
--------------------
တစ္ေနကုန္ အခန္းထဲမွာေနၿပီး တိတ္တိတ္ဆိတ္ဆိတ္ႏွင့္ ၿငိမ္ၿငိမ္သက္သက္ေလး ထိုင္ေနသည့္ပံုရိပ္က ဦးေနွာက္ထဲမွာေတာ့ ရက္ရက္စက္စက္လုပ္ရပ္ေတြ လုပ္ဖို႔ကိုသာ ေယာက္ယက္ခပ္ေအာင္ ေတြးေနခဲ့တာျဖစ္သည္။
ဦးၿငိမ္းက ကတိအတိုင္း အေမြေတြအကုန္လံုးကို သူ႔ဆီ လူသိ႐ွင္ၾကားလႊဲေပးၿပီးၿပီ။ သို႔ေပမယ့္ ဘာလို႔မ်ား သူမေပ်ာ္ႏိုင္ေသးတာပါလိမ့္?
ေတြးၾကည့္ေတာ့ ဦးၿငိမ္းရဲ႕မ်က္ႏွာကို ျမင္ေနရသမ်ွ သူစိတ္ဆင္းရဲေနမွာပဲျဖစ္သည္။
အေၾကာင္းရင္းကို ေသခ်ာသိသြားၿပီမို႔ ထိုင္ေနရာမွထကာ ဦးၿငိမ္းခ်မ္း႐ွိေနမည့္ အခန္းထဲသို႔ သြားရန္ျပင္လိုက္သည္။ မသြားခင္ သူ႔ဆီမွာ႐ွိတာ ၾကာေနၿပီျဖစ္ေသာ္လည္း ထုတ္မသံုးရက္ခဲ့သည့္ ေဆးခဲေလးေတြကိုပါ အမႈန္႔ျဖစ္ေအာင္ႀကိတ္ၿပီး မေမ့မေလ်ာ့ ယူလာခဲ့လိုက္သည္။
-
-
ဦးၿငိမ္းခ်မ္းေသာက္ေနသည့္ အရက္ခြက္ထဲကို သူယူလာသည့္ ေဆးမႈန္႔ေတြ ထည့္ေပးထားသည္။ ဇိမ္ယူကာေသာက္ေနသည့္ ဦးၿငိမ္းကိုေတာ့ ပံုရိပ္ ၿငိမ္ၿငိမ္ေလးထိုင္ရင္းသာ ျပံဳး၍ၾကည့္ေနျဖစ္၏။
ဦးၿငိမ္းကို သနားသည္။
မၾကာခင္အခ်ိန္အတြင္း ႏွလံုးခုန္ႏႈန္းေတြ တျဖည္းျဖည္း ေႏွးေကြးလာေတာ့မည္။ ၿပီးရင္ေတာ့ အသက္ပါ ပါသြားလိမ့္မည္။ ဦးၿငိမ္းကိုယ္တိုင္လည္း သူ႔ကို မနာက်င္ေစႏိုင္ေတာ့သလို ဦးၿငိမ္းရဲ႕မိတ္ေဆြႀကီးကလည္း ၿခိမ္းေျခာက္အက်ပ္ကိုင္တာေတြ ေနာက္တစ္ႀကိမ္ ထပ္လုပ္နိုင္ေတာ့မွာမဟုတ္။
အေ႐ွ႕တည့္တည့္ကေန ျပံဳးၿပီးစိုက္ၾကည့္ေနသည့္
ပံုရိပ္အား ဦးၿငိမ္းခ်မ္းက မသကၤာျဖစ္လာရင္း...
"ဘာလို႔ ငါ့ကို အဲ့လိုလာၾကည့္ေနတာလဲ"
"ဦးၿငိမ္းမေသခင္ေလး ထိုင္ၾကည့္ေနခ်င္စိတ္ေပၚလာလို႔"
"မင္းဘာေျပာလိုက္တာ?"
ပံုရိပ္က ထီမထင္ဟန္ ပုခံုးတြန္႔ျပသည္။
႐ုတ္တရက္ ေမာၿပီးအသက္႐ႈမဝျဖစ္လာတာမို႔ ပံုရိပ္ေျပာသည့္စကားကို သံသယဝင္လာသည္။ အ့ံျသထိတ္လန္႔ျခင္း၊ တုန္လႈပ္ေျခာက္ျခားျခင္းႏွင့္အတူ ေဒါသစိတ္မ်ားေၾကာင့္ ပို၍ဆိုးလာ၏။ ရင္ဘက္ထဲက ေအာင့္မ်က္လာမႈက ျပင္းျပင္းထန္ထန္။
ပံုရိပ္က စားပြဲေပၚမွာတင္ထားသည့္ ဝိုင္ပုလင္းထဲက ဝိုင္အနည္းငယ္ကိုငွဲ႔ကာ ေသာက္လိုက္ရင္း...
"အရမ္းစိုးရိမ္မေနနဲ႔ ဦးၿငိမ္း။ ခဏပဲ.. ၿပီးရင္
အဲ့ေဝဒနာေတြ အကုန္လံုးေပ်ာက္သြားမွာ"
"......"
"ဦးၿငိမ္းရဲ႕အသက္ေရာပဲ"
ေဝဒနာ၏ဖိစီးမႈေၾကာင့္ေရာ၊ စိတ္ထဲကခံျပင္းမႈမ်ားေၾကာင့္ပါ ဦးၿငိမ္းခ်မ္း၏ မ်က္လံုးမ်ားက ရဲရဲနီေနခဲ့သည္။ ခက္ခက္ခဲခဲ အသက္ကိုလု႐ႈေနရင္းႏွင့္ စကားတစ္ခြန္းကိုေတာ့ ေျပာျဖစ္ေအာင္ေျပာသြားခဲ့၏။
"မင္းး မင္းက ေကြၽးတဲ့လက္ကို ျပန္ကိုက္တဲ့ေကာင္"
-
-
ၿငိမ္သက္စြာ တသက္စာ အိပ္ေပ်ာ္သြားသည့္ ထိုလူႀကီးအား ပထမေတာ့ အားရစြာ ျပံဳး၍ ၾကည့္ေနလိုက္သည္။
ၾကည့္ေနရင္းၾကာလာေတာ့ ေျခာက္ျခားလာ၏။ အေလာင္းနဲ႔ေဝးေအာင္ အခန္းေထာင့္ေလးတြင္ က်ံဳ႕က်ံဳ႕ေလးေျပးထိုင္ၿပီး ပုန္းေနသည့္
ပံုရိပ္၏ကိုယ္ေလးက တဆက္ဆက္တုန္ယင္လို႔ေနသည္။
"ငါ...ငါမမွားဘူး။ ငါက.. ငါက သည္းမခံႏိုင္ေတာ့လို႔။ သူတို႔ကအရင္ စမွားတာ။ ငါဘာမွမမွားဘူး။ ငါက လံုးဝ မမွားဘူးေနာ္... ငါကxxxxxxxxxx"
တစ္ညလံုး ဦးၿငိမ္းခ်မ္း၏ အေလာင္းကိုၾကည့္ရင္း အသိစိတ္လြတ္ေနသည့္သူလို ကေယာင္ေျခာက္ျခားျဖင့္ စကားေတြ တဖြဖြေျပာေနခဲ့မိပါသည္။
-------------------
ပံုရိပ္က အခန္းေထာင့္မွာ က်ံဳ႕က်ံဳ႕ေလးထိုင္ေနသည္။ အၾကည့္တို႔ကေတာ့ ပိတ္ထားသည့္ျပတင္းတံခါးဆီမွာျဖစ္၏။ ၾကည့္ခ်င္စရာ ႐ွိေနတာေၾကာင့္ေတာ့မဟုတ္။
မၾကည့္ခ်င္သည့္လူက အနားမွာ႐ွိေန၍ မ်က္ႏွာလႊဲထားျခင္းသာ။
ထိုလူက စကားေတြေျပာေနသည္။
သူ႔အတိတ္အေၾကာင္းေတြကို ျပန္ေျပာေနျခင္းျဖစ္၏။ အခုရက္ပိုင္း ခဏခဏ ေပၚလာတတ္သလို သူႏွင့္လည္း ႐ုပ္ခ်င္းကခြၽတ္စြတ္တူသည္။ တစ္ခါတေလ ထိုလူကို သူကိုယ္တိုင္လို႔ပဲ ထင္ေနမိသလို တကယ္ေတာ့
သူအစစ္လည္းဟုတ္မေန။
ထိုပံုရိပ္က သူေျပာခ်င္ရာေတြ ေျပာၿပီးေတာ့ စိတ္ပ်က္သလို သက္ျပင္းခ်ေနေသးသည္။ အႀကိမ္တိုင္း သူလာတိုင္းလည္း ထိုအတိုင္းသာ ပံုရိပ္ကို စိတ္ပ်က္သလို ျပဳမူ၏။
"မင္းက ဘာလုပ္လုပ္ ေနာင္ရတရရင္ရ၊ မဟုတ္ရင္လည္း မလုပ္ခင္ကတည္းက ေတြေဝေနလို႔ အခုလိုျဖစ္ေနတာ။ မင္းမုန္းတဲ့သူေတြအကုန္လံုးကို ဦးၿငိမ္းခ်မ္းကို
သတ္ခဲ့တုန္းကလိုမ်ိဳးပဲ ေသြးေအးေအးနဲ႔ ႐ွင္းပစ္လိုက္ေတာ့ေလ"
"......"
"မင္းက ဘာလို႔ေတြေဝေနတာလဲ။ မင္းသာ သူတို႔ကို ႐ွင္းထုတ္ပစ္လိုက္ရင္ ကိုခက မင္းအပိုင္ျဖစ္လာမွာကို"
"ေတာ္ပါေတာ့!! မင္းပါးစပ္ေပါက္ကို ပိတ္ထားပါေတာ့!!"
ပံုရိပ္မဟုတ္သည့္ ပံုရိပ္အား ပံုရိပ္ျပန္ေအာ္ထုတ္လိုက္သည္။ ပံုရိပ္ တကယ္ပင္ပန္းေနၿပီ။ သူမၾကားခ်င္သည့္ ကိစၥေတြကို အဖန္တလဲလဲနားေထာင္ေနရသည္။ သူမဟုတ္သည့္ သူ႔ကိုယ္သူလည္း ျပန္ျမင္ေနရၿပီး သူ႔ကိုယ္သူ ျပန္ေႏွာင့္ယွက္တာကိုလည္း ၿငိမ္ခံေနရသည္။
ဒီလို စိတ္ညစ္စရာအေျခအေနေတြကေန သူ႔ကိုလြတ္ေျမာက္ႏိုင္ေစဖို႔ တစ္စံုတစ္ေယာက္၏ ကယ္တင္မႈကို မျဖစ္မေန သူလိုအပ္ေနၿပီ။
ထိုလူက ကိုခ ျဖစ္ပါသည္။
******************tbc
9.June.22
[Unicode]
သွန်းအုပ်တို့စကားဝိုင်းက ခေတ္တမျှတိတ်ဆိတ်သွားသည်။ ကိစ္စအမှန်ကိုသိလိုက်ရပြီးနောက်မှာတောင် သွန်းအုပ်
ဘာလို့ခုလောက်ထိ တည်ငြိမ်နေနိုင်ရသလဲ မင်းခ နားမလည်နိုင်။
တကယ်ဆို ဒေါ်လေးသီရိကိုခွင့်လွှတ်ပြီး
တူဝရီးနှစ်ယောက် ဖက်ငိုကြတာပဲဖြစ်ဖြစ်၊
ကြည်ကြည်နူးနူး ပြုံးရယ်သွားကြတာပဲဖြစ်ဖြစ်
တစ်ခုခုတော့ ဖြစ်သင့်သည်မလား။
ဒေါ်သီရိကတော့ စိတ်ဓာတ်ကျသွားပြီ။
သားလေးတင်မက သွန်းလေးကပါ သူမကို ခွင့်မလွှတ်ပေးနိုင်ကြတော့ဘူးလား။ ဖြစ်ခဲ့သမျှ အရာအားလုံးတို့အတွက် မြသားကိုလည်း အပြစ်မတင်ရက်တာမို့ တခြားဘယ်သူ့ကို အပြစ်ဖို့ရမလဲ မသိတော့။
သွန်းအုပ်ကတော့ မလှုပ်မယှက်သာ။
ထူးထူးခြားခြားကြီး တုန်လှုပ်သွားပုံလည်းမရသလို ဒေါ်သီရိကိုလည်း စိတ်ဝင်စားပုံပင်မပြ။ နှစ်ဆယ့်သုံးနှစ်လုံးလုံး ဒီအဒေါ်ကို စိတ်နာနေခဲ့တာမို့
အခုအချိန်မှာတော့ ပျောက်ဖို့မလွယ်သည့် စိတ်အမာရွတ်ကြီးတစ်ခုလို ဖြစ်သွားပြီထင်သည်။
ဘာပဲဖြစ်ဖြစ် မထူးတော့။ ပြောသည့်အတူတူ
ပြောပြစရာ ဘာမှမကျန်တော့အောင် ပြောပြလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ ဒီတူလေးနှစ်ယောက်စလုံးကို စိတ်မချတာမို့ သူမ၏ နောက်ဆုံးအချိန်မတိုင်ခင် မှာစရာရှိတာတွေ မှာခဲ့ရမည်။ သူတို့လေးတွေအချင်းချင်း အဆင်ပြေပြေရှိနေတာသာ မြင်ခွင့်ရခဲ့လျှင်တော့ သူမ သေပျော်ပါပြီ။
"သွန်းလေး"
"......"
"လူကြီးတွေကို မုန်းနေရင်တောင် သွန်းလေးရဲ့
ညီလေးကိုတော့ မမုန်းလိုက်နဲ့နော်"
"ဟားးးဟားးး ဘာလဲ မေလွန်း? ကျွန်တော်က အဲ့ဒီမျိုးမစစ်ကောင်နဲ့ ပြန်ဆုံတဲ့အခါကျရင် ညီလေးဆိုပြီး ပြေးဖက်ပေးတာမျိုးကို မေလွန်းကမြင်ချင်တာလား"
"....."
"sorry!မေလွန်း။ ကျွန်တော့်ဘဝမှာ အဲ့ကောင်ကိုအမုန်းဆုံး"
"သွန်းလေး"
"အဲ့ကောင်အကြောင်းကို မေလွန်းတို့အားလုံးသိတာထက် ကျွန်တော်က ပိုသိတာမလို့ ကျွန်တော့်ကို လာဖြောင်းဖျမနေပါနဲ့!"
ဒေါ်သီရိက သက်ပြင်းတစ်ချက်ရှိုက်ရင်း...
"သားလေးက သနားဖို့ကောင်းပါတယ် သွန်းလေးရယ်။ မေလွန်း သူ့ကို ခြံရှေ့ကနေ နှင်ထုတ်ခဲ့တုန်းကဆို ငယ်ငယ်လေးပဲရှိခဲ့သေးတာ.. နောက်ပြီး"
"မေလွန်းတို့ကိစ္စတွေ ကျွန်တော်စိတ်မဝင်စားဘူး။
အဲ့ကောင် ဘယ်လောက်ဇာတ်နာခဲ့ပါတယ်ဆိုတဲ့
သူ့နောက်ကြောင်းတွေကိုလည်း ကျွန်တော်မသိချင်ဘူး"
"ဘယ်သူမှန်းတောင်မသိဘဲ ဘာလို့အဲ့လောက်ထိ မုန်းနေရတာလဲ သွန်းလေး"
သွန်းအုပ်က ဒေါ်သီရိအား ခပ်စိမ်းစိမ်းကြည့်လိုက်ရင်း...
"မေလွန်းသိနေတယ်ဆိုရင်လည်း အနားခေါ်ထားပြီး ကိုယ်ဖိရင်ဖိ စောင့်ရှောက်ပေးနေလိုက်လေ။ ဒီမှာတော့ သူ့အကြောင်းတွေကို စာလာဖွဲ့ပြမနေပါနဲ့။ အဲ့ကောင်က ဘယ်သူဘယ်ဝါဖြစ်ကြောင်းတွေကိုပါ မေလွန်း ဆက်ပြီးစကားရှည်နေမယ်ဆိုရင် ကျွန်တော်
မေလွန်းကို ပိုမုန်းမိလိမ့်မယ်"
"သွန်းလေး~" "ကိုကို့"
ဒေါ်သီရိ ဘာမှပင် ဆက်မပြောနိုင်တော့။
ကိုယ့်မျက်နှာကို သေချာစေ့စေ့ကြည့်ပြီး စိမ်းကားစွာပြောနေသည့် သွန်းအုပ်၏ စကားလုံးများကို ခံနိုင်ရည်မရှိစွာ ခေါင်းကိုငုံ့ချလိုက်ရသည်။
မျက်ရည်များက အတားအဆီးမဲ့ စီးကျလာ၏။
မင်းခကတော့ တော်တော်မျက်နှာပူနေပြီ။
ကိုကိုက စိတ်ကြီးလွန်းသည်။ ဒေါ်လေးလည်း
တော်တော်စိတ်မကောင်းဖြစ်နေရပြီ။ သို့သော်လည်း ဝင်မပြောရဲ။ ဒေါ်လေးသီရိနှင့် မြသားဆိုသည့် အမျိုးသမီးကြီးက ကိုကိုမုန်းမယ်ဆိုလည်း မုန်းချင်စရာပဲမို့ အခုလို ကိုကိုစိတ်နာနေတာက ကိုကို့အပြစ်တော့မဟုတ်။
တစ်ခုတော့ ကိုကိုလွန်သည်။ ဘာအပြစ်မှမရှိသည့် မိုးသားအား ဘာကြောင့်များ ခါးခါးသီးသီး မုန်းတီးနေရပါသနည်း။ တကယ်ဆို မိုးသားက တော်တော်သနားဖို့ ကောင်းခဲ့သည်။ အခုတော့ အဆင်ပြေနေပြီထင်ပါသည်။ ဒေါ်လေးကလည်း စောင့်ရှောက်ပေးနေပုံရ၏။
ဒေါ်သီရိက မျက်ရည်များကိုပြန်ထိန်းပြီး
သက်ပြင်းတစ်ချက် ရှိုက်လိုက်ကာ စကားပြောရန် အားယူလိုက်သည်။ ထို့နောက်...
"ချက်ချင်းကြီးတော့ သွန်းလေးလည်း မေလွန်းကို နားလည်မပေးနိုင်ဘူးထင်တယ်"
"....."
သွန်းအုပ်က စကားမပြန်။
ဒေါ်သီရိ ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ရင်း...
"အင်းပါ။ သွန်းလေးလည်း အချိန်ယူရဦးမှာပေါ့။ မေလွန်းတောင်းဆိုတာတွေ များသွားပြီထင်တယ်"
"....."
"မင်းခ.. ဒေါ်လေးပြန်လိုက်ဦးမယ်နော်"
"စားသောက်ပြီးမှ ပြန်ပါလား ဒေါ်လေး။
ဒေါ်လေးလာမယ်ဆိုလို့ ခွင့်တောင်ယူထားလိုက်တာ"
"နေပါစေ.. ဒေါ်လေးလည်း သွန်းလေးနဲ့တွေ့ရပြီးပြီပဲ"
ဒေါ်သီရိက သွန်းအုပ်ကိုပြန်ကြည့်ရင်း....
"သွန်းလေး... မေလွန်းပြန်တော့မယ်"
သွန်းအုပ်က အကြည့်လွှဲထားရင်းနှင့်ပင်...
"ဂရုစိုက်ဦး.. မေလွန်း တအားပိန်သွားတယ်"
ရင်ထဲထိလှုပ်ခက်သွားသည့် ကြည်နူးစိတ်ကြောင့်
ဒေါ်သီရိ ငိုချမိတော့မတတ်။ တကယ်ဆို သွန်းလေးက သူမကို ချစ်ရှာပါသည်။
------------------
လက်ထဲတွင်စာအုပ်ကိုင်၍ စာဖတ်နေသော်လည်း
မင်းခ၏အတွေးများက မနက်က ဒေါ်သီရိနှင့်သွန်းအုပ်တို့ ပြောကြသည့် မိုးသားဆီသို့သာ ရောက်နေမိသည်။
အဲ့အသေးလေးကို သူ့ညီမိုးသားမှန်း အဲ့တုန်းက
ကိုကိုမသိခဲ့။ အခုနောက်ပိုင်းမှာလည်း မိုးသားနဲ့ ထပ်ဆုံဖူးတာမဟုတ်ပါပဲ ဘာကြောင့်များ အရမ်းမုန်းနေရသည်မသိ။ ဒါမှမဟုတ်
သူမသိလိုက်ခင်အချိန်မှာ ကိုကိုနဲ့ ထပ်ဆုံဖူးသေးတာလား။
သိချင်နေသည့် စိတ်တို့ကို ထိန်းမရတော့တာကြောင့်...
"ကိုကို"
"အွန်း"
"ကိုကို့"
"ပြောကွာ.. ဒီမှာဂိမ်းရှုံးနေရတဲ့အထဲ"
မင်းခ၏ပေါင်ပေါ်တွင် ခေါင်းအုံးပြီးလှဲနေသည့် သွန်းအုပ်က အလုပ်ကြီးအကိုင်ကြီး လုပ်နေတာတော့မဟုတ်။ ကလေးတွေဆော့သည့် Fruit Ninjaဂိမ်းကို သည်းကြီးမည်းကြီး ဆော့နေခြင်းသာ။
စကားအတည်ပြောဖို့ကြံခါမှ ကိုကိုက ပေါ့ပျက်ပျက်လုပ်နေသည်။ မင်းခ စိတ်မရှည်ချင်တော့။ လက်ထဲကဖုန်းကိုဆွဲယူပြီး ပိတ်ချလိုက်တော့ သွန်းအုပ်က မင်းခအား မျက်လုံးလှန်ပြီး မော့ကြည့်လာသည်။
"နေမင်းခ"
"ပြော"
"ဒါက ဘာအချိုးလဲ။ မင်းဝယ်ပေးထားတယ်ဆိုပြီး ငါ့ကို အနိုင်ကျင့်လိုက်တာလား"
"......"
ကြောက်သွားမလားတွေးပြီး ဖိဟောက်လိုက်သော်လည်း မင်းခကပြန်မဖြေဘဲ ရှုတည်တည်မျက်နှာပေးဖြင့်သာ ကြည့်နေသည်။
သွန်းအုပ်လည်း နှာခေါင်းတစ်ချက်ရှုံ့ရင်း မျက်လွှာလေးသာ ပြန်ချသွားလိုက်သည်။ ပြီးမှ ဝမ်းနည်းချင်ယောင်ဆောင်သည့် လေသံလေးနှင့်...
"ရပါတယ်။ မင်းပစ္စည်းဆိုတော့လဲ မင်းအနိုင်ကျင့်တာ ခံရတော့မှာပေါ့။ ငါက ဘာပြောလို့ရမှာလဲ"
"....."
မင်းခလည်း ပါးစပ်အဟောင်းသား၊
ခေါင်းလေးတညိတ်ညိတ်ဖြင့်သာ ဆက်ပြီးနားထောင်ပေးနေလိုက်သည်။ ချက်ချင်းကြီး အားငယ်သလိုအမူအယာတွေ ပိုသွားသည့်သူကိုတော့ စိတ်ထဲက ရယ်ချင်ချင်။
မင်းသားလုပ်စားဖို့ သရုပ်ဆောင်လေ့ကျင့်နေတာများလား။
moodအရမ်းဝင်နေသည်ထင်၏။ အိုက်တင်တွေကတော့ လက်ဖျားခါလောက်သည်။
သွန်းအုပ်က ဝင်လက်စmoodကို မဖြုတ်ဘဲ မျက်နှာသေလေးဖြင့်...
"ငါ့လက်ရှိဘဝက မင်းထားရာနေ၊ မင်းစေရာသွား၊
မင်းကျွေးတာစားပြီး မင်းဆင်တဲ့ မကောင်းမကန်းတွေပဲ ဝတ်နေရတဲ့ အနုတ်စုတ်၊ဂုတ်စုတ်ဘဝ ဖြစ်နေပြီလေ။ အဲ့တော့ ငါက မင်းသွန်လိုသွန် မှောက်လိုမှောက် မင်းစိတ်တိုင်းကျ ချယ်လှယ်လို့ရတဲ့ မင်းရဲ့လက်ခုပ်ထဲက ရေသန့်လေးပဲ မဟုတ်လား"
သွန်းအုပ်ကစကားဆုံးတော့ သက်ပြင်းလေးတစ်ချက်တောင် ချပြသွားလိုက်သေးသည်။
ရုပ်တည်ကြီးနှင့် ပေါက်ကရတွေပြောပြီး မူယာမာယာများ ပြနေသည့် သွန်းအုပ်ကိုကြည့်ရင်း မင်းခကတော့ အသည်းယားလွန်းနေပြီ။ ညကြီးသန်းခေါင်ဖြစ်နေပြီမို့ အော်မရယ်မိဖို့ကိုလည်း မနည်းထိန်းထားရသည်။
သူချစ်တဲ့ကိုကိုက မထင်ရလောက်အောင်ပင်
တစ်ခါတလေဆို ရုပ်တည်ကြီးနှင့် ပေါတောတောနိုင်လွန်းပြီး စကားကလည်း တအားတတ်သေး၏။
ကြည့်ရင်းကြည့်ရင်း အရမ်းအသည်းယားလာပြီ။
စိတ်မထိန်းနိုင်တော့တာမို့ မင်းခက သွန်းအုပ်မျက်နှာနှင့် အနီးကပ်ဆုံးဖြစ်သည်အထိ ခေါင်းကိုငုံ့ချလိုက်ရင်း...
"အဲ့ဒါဆို ကျွန်တော့်လက်ခုပ်ထဲက ရေသန့်လေးဖြစ်နေတဲ့ ကိုကို့ကို ဘာလုပ်ပစ်ရင်ကောင်းမလဲဟမ်။ သွန်ပစ်၊ မှောက်ပစ်ရမလား။ ဒါမှမဟုတ်........"
မင်းခက စကားကို တဆက်တည်းမပြော။ သံရှည်ဆွဲကာ ခဏရပ်ထားပြီး ပြုံးပြုံးကြီး အနီးကပ်
လာစိုက်ကြည့်နေသေးသည်။ သွန်းအုပ်လည်း ရယ်ချင်နေပြီဆိုပေမယ့် မင်းခဆက်ပြောမည့်စကားကို နားထောင်ပြီး သူ့ကိုလာစနေသည့် မင်းခအား ဆက်စချင်သေးတာမို့...
နောက်ဆက်တွဲ စကားကိုမပြောခင် မင်းခက အနီးကပ်မြင်နေရသည့် သွန်းအုပ်၏နဖူးလေးအား
ရွှတ်ခနဲတစ်ချက်နမ်းလိုက်ပြီးမှ..
"အဲ့ရေသန့်လေးကို မြိုချပစ်လိုက်ရင်ကောင်းမလား ကိုကို"
"ဘာာ!"
မင်းခက ရွှတ်နောက်နောက်ပြောပြီး စလိုက်သော်လည်း သွန်းအုပ်က အသံပြဲကြီးနှင့် အာမေဋိတ်ပြုတော့
မင်းခ,ခမျာ အူကြောင်ကြောင် ဖြစ်သွားရသည်။
"မင်း မြိုချပစ်လိုက်ရင် ငါက ရေမဟုတ်တော့ဘဲ သေးဖြစ်သွားမှာပေါ့ကွ။ ဘာလဲ။ မင်းက ငါ့ကို ပေါ့ပေါ့တန်တန်နဲ့ စွန့်ပစ်ချင်နေပြီပေါ့"
ခွီးးး
မျက်မှောင်ကြုတ်လျက် စူပွစူပွဖြင့် ရန်ပြန်တွေ့နေပုံက သူ့ကိုယ်သူ ကလေးလေးဟု ထင်နေသည့်ပုံ။ တကယ်လည်း သူ့ပေါင်ကို ခေါင်းအုံးလုပ်၍ အိပ်နေသည့်ကိုကိုက အသက်ကြီးလာလည်း ရုပ်ကရင့်မလာပါ။ သူ့ထက်တောင် ငယ်သည့်ပုံပေါ်နေသေးသည်။
မျက်လုံးလှန်ကြည့်ပြီး ရန်လိုသည့်ဟန်ပြုနေသော ကိုကိုက သူ့မျက်လုံးထဲမှာတော့ ခပ်စွာစွာ ကလေးလေးတစ်ယောက်၊ အပျင်းကြီးပြီး ဂျီးအရမ်းများတဲ့ ဂျစ်ကန်ကန် သခင်လေးတစ်ယောက်။
ပေစောင်းစောင်းပြန်ကြည့်နေသည့် ကလေးရုပ်နှင့်လူကြီး ကိုကို့အား အသည်းယားလွန်းနေပြီ။ မျက်နှာတစ်ခုလုံးထက် နေရာလပ်မကျန်ရအောင် ပွေ့ဖက်နမ်းရှုံ့လိုက်တော့ ကိုကိုက မြင်ရသည့်သူတိုင်း ချစ်စိတ်ဝင်သွားလောက်အောင်အထိ ချစ်စရာကောင်းစွာ တဟားဟားအော်ရယ်လေ၏။
မျက်နှာတစ်ခုလုံးအနှံ့ နမ်းလို့ပြီးသွားတော့ အနမ်းခံထားရသည့် မျက်နှာလေးကို ပြန်ကြည့်ရသေးသည်။
ပြုံးစိစိလုပ်နေသည့်သူက နမ်းမဝသေးသည့်ဒီကောင်ကို ထပ်ပြီးနမ်းချင်လာအောင် စိန်ခေါ်နေသလိုလို။
တဝကြီး အနမ်းမိုးတွေရွာပစ်ဖို့ ကြံရွယ်ကာ ဟန်ပြင်လိုက်စဉ်မှာပင်...
!!!
အနားတိုးကပ်သွားသည့် သူ့မျက်နှာကို လျှပ်တပြတ်လေး လှစ်ခနဲခိုးနမ်းသည့်ကိုကို။
"ချစ်တယ်..ကိုကို့ကလေးလေး"
"•••"
မင်းခ,ခမျာ ရုတ်တရက် ဆေးမိသွားသလို တောင့်တောင့်ကြီး။ ခဏကြာကာမှ အသိပြန်ကပ်ပြီး တနင့်တပိုးပီတိတို့ဖြင့် ရှက်ဖို့ကိုသတိရသွားရင်း...
"တကယ်ဗျာ.. ဒီကိုကိုကတော့"
ပုပ်သိုးသိုးမျက်နှာထားကြီးကိုတောင် ချစ်လို့မဝဖြစ်နေသည့်လူကို အခုလို အနုနည်းနဲ့ အချစ်တွေတိုးအောင် ပြုစားနေလေတော့
အသည်းမမာသည့် မင်းခ,ခမျာ.....။
----------------------
"မာမားတို့ လုံးဝမမိုက်ဘူး!"
"ဇာနည်! မင်းရဲ့လေသံကို ခုချက်ချင်းပြင်လိုက်"
"ကျွန်တော်မှားနေတာမဟုတ်လို့ မပြင်နိုင်ဘူး ပါပါး။
မာမား ဘာတွေလျှောက်လုပ်နေတာလဲဆိုတာကို ပါပါးကိုယ်တိုင် မေးကြည့်လိုက်ဦး။ တကယ် ကလေးကလားနဲ့။ လုံးဝကို အဓိပါ္ပယ်မရှိဘူး"
အဖေဖြစ်သူရှေ့ ရောက်နေတာတောင် ဂရုမစိုက်နိုင်တော့...
ဇာနည့်စိတ်တွေ တကယ်ပေါက်ကွဲနေပြီ။
"ငါသိတယ်.. ငါကိုယ်တိုင် အဲ့CDကိုထုတ်ပေးလိုက်တာ။ အဲ့videoပါတဲ့ memory stickကိုလည်း ငါကိုယ်တိုင်ပဲ ရလာတာ"
"ပါပါး!!"
"မင်းကိုငါ သတိပေးပြီးသားပဲ။ မင်းက မိဘတွေရဲ့စကားကို ဂရုမှမစိုက်တာ။ အဲ့ဒါကြောင့် မင်းမြင်မယ်ဆိုတာသိလို့ကို အစမ်းပို့ပေးလိုက်တာ။ ဘယ်လိုလဲ? မင်းကောင် သူ့အရှုပ်ထုပ်တွေသူ ပြန်မြင်ပြီး တော်တော်သွေးပျက်သွား တယ်မလား။ အေး! မင်းကိုယ်မင်း မဆင်ခြင်ရင်
မင်းကောင်ဘက်က ဆင်ခြင်သွားအောင် လုပ်ပေးနေမယ်"
ဇာနည်က အံတင်းတင်းကြိတ်ရင်း...
"ပါပါးတို့ သူ့ကိုထပ်ပြီး တစ်ခုခုနှောင့်ယှက်တာနဲ့
သားအဆိုး မဆိုပါနဲ့!"
"တောက်!! မင်းကများ လူပါးဝလို့!"
ကြိမ်းဝါးသံနှင့်အတူ မျက်နှာပေါ်
အဆက်မပြတ်ကျရောက်လာသည့် ခပ်ပြင်းပြင်း လက်သီးချက်များ...
"ကို့.. မလုပ်နဲ့! လက်လွန်ကုန်မယ်! ကို့သားစိတ်က ပုံမှန်မဟုတ်တော့ဘူး။ အဲ့ဒါ ပြုစားခံနေရတာ"
"ေ-ာက်အဓိပါ္ပယ်မရှိတာတွေ ဝင်ပြောပြီး
မင့်သားရှေ့ကနေ ကာပေးမနေနဲ့!"
"...."
"အဲ့ကောင်က ပြုစားခံနေရတာ မဟုတ်ဘူးကွ! မွှန်နေတာ! အခြောက်ကိုကြိုက်ပြီး အခြောက်စိတ်ပေါက်နေတဲ့ ကောင်ကွ! "
ပြောလည်းပြော၊ ဇာနည့်ကို ထိုးဖို့အတွက်လည်း
လက်က အသင့်ရွယ်ထားရင်း....
"ဟိတ်ကောင်! မင်းအခုချက်ချင်း ငါ့ကိုရော၊ မင်းအမေကိုရော တောင်းပန်ပြီး ကတိပေးစမ်း။
အဲ့ကောင်နဲ့ နောက်ထပ်လုံးဝ မပတ်သက်ဘူးလို့"
"ကျွန်တော်မမှားလို့ မတောင်းပန်နိုင်ဘူး ပါပါး"
"ဟာကွာ..ဒီခွေးကောင်!!"
"ကို့... မလုပ်နဲ့..တော်တော့!
သားငယ်.. မင်းကလည်း ဘယ်လိုဖြစ်နေတာလဲ။ ကိုယ့်အဖေစိတ်တိုနေတာကိုတောင် မကြောက်မလန့်နဲ့"
"မင်းး မင်း ငါ့အိမ်ပေါ်ကနေ ခုချက်ချင်းဆင်းတော့!
မင်းလို ေ-ာက်ခြောက်ကို ငါ့အိမ်မှာဆက်မထားနိုင်ဘူး!"
"ကို့!!!"
အံတင်းတင်းကြိတ်လျက် လှည့်ထွက်လာလိုက်သည်။ လိုအပ်သည့်ပစ္စည်းများကို အိတ်ထဲသို့စုထည့်နေတော့ မာမားက အနားလာ၍...
"သားငယ် အဲ့လိုစိတ်လိုက်မာန်ပါ မလုပ်ရဘူးလေ။ ကိုယ့်အဖေက ကောင်းစေချင်လို့ ပြောတာပဲ။
နားထောင်ပါ သားငယ်ရယ်.. နော်..မာမားကို မသနားဘူးလား"
"မာမားတို့သာ သူ့ဟာသူနေနေတဲ့အကို့ကိုသွားပြီး မနှောင့်ယှက်ခဲ့ရင် အခုလိုတွေဖြစ်လာစရာ အကြောင်းမရှိဘူး"
ဇာနည့်အမေက ရှိုက်ငိုရင်း...
"မာမားကို အမှန်အတိုင်းပြောစမ်း! မင်းအခုလို ဖြစ်သွားတာ မင်းဆရာဆီက အကျင့်ကောင်းတွေကူးကုန်တာမလား။ ဟိုကောင်ကလည်း အဲ့ဆရာအိမ်ဝင်ထွက်နေတဲ့ အဲ့ဆရာနဲ့ ဘာလိုလိုတွေလေ။ သူတို့ဘာသာ စာရိတ္တဖောက်ပြားရတာ အားမရလို့ သားကိုပါ သူတို့လိုဇာတ်သွင်းနေတာလား။ ဟင် ပြောလေ သားငယ်"
"မာမား!!"
ခံပြင်းမှုများကြောင့် ဇာနည့် ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းခါနေပြီ။ 'တပည့်မကောင်း ဆရာ့ခေါင်း'ဆိုတာ သူမှသူအစစ်။ ကိုယ့်အမေက ကိုယ့်အချစ်ဆုံးဆရာကို စော်ကားနေသည်။ ဘာမှလည်း မဆိုင်ဘဲနှင့်..
ဆရာတို့က ကြားထဲကနေသက်သက်မဲ့။
"မာမားစကားတွေက အကုန်လုံးရဲ့ သိက္ခာတွေကို စော်ကားနေပြီဆိုတာ စဉ်းစားမိသေးရဲ့လား!"
"....."
"ကျွန်တော် အပွင့်လင်းဆုံးပဲပြောမယ်။ ကျွန်တော် အကို့ကို ချစ်သွားတာ ဘယ်သူ့တိုက်တွန်းချက်မှလည်း မပါဘူး။ နောက်ပြီး ဘယ်သူမှလည်း လာတားလို့ရမှာမဟုတ်ဘူး။ အကိုကိုယ်တိုင်လည်း တားလို့မရဘူး။ မာမားတို့ပြောလည်း ကျွန်တော်က ဂရုစိုက်နေမှာမဟုတ်ဘူး။ အကိုနဲ့ပတ်သက်တဲ့ ကျွန်တော့်လုပ်ရပ်တွေမှာ မှားနေတာ တစ်ခုမှမရှိသေးလို့ ကျွန်တော့်ကိုလာပြီး ထိန်းချုပ်ဖို့မကြိုးစားကြပါနဲ့"
"သားငယ်ရယ်... မင်းတော်တော်ဆိုးနေပါလားဟမ်! အဲ့ကောင်က ဘယ်လိုတွေတောင်..."
"တော်တော့..မာမား! တော်လောက်ပြီ.. ထစ်ခနဲဆိုတာနဲ့ အကို့ကိုပဲ အပြစ်တင်နေတာတွေ ရပ်လိုက်ပါတော့။ ကျွန်တော်ကသာ အရှက်မရှိ အတင်းလိုက်ပြီး တွယ်ကပ်နေတာ။ အကိုက ကျွန်တော့်ကို
လှည့်တောင်မကြည့်ဘူးဗျ။ အဲ့ဒါမာမားတို့ သိရဲ့လား!"
!!
ဖြန်းခနဲ အရိုက်ခံလိုက်ရသည့် ပါးတစ်ဖက်က သိပ်တော့ မနာသော်လည်း ရင်ထဲမှာတော့ အောင့်တက်သွားသည်။ အခုချိန်ထိ မာမားက သူ့ကို လက်နဲ့တောင်
မရွယ်ဖူးခဲ့ဘူးမလား။
"နင်.. နင့်ကို ငါတို့လက်လွှတ်ပေးလိုက်ပြီ ဇာနည်။ နင့်စိတ်နဲ့နင် အသိတရားဝင်လာတဲ့ အချိန်ကျမှ မိဘတွေကို ခြေသလုံးဖက်တောင်းပန်ပြီး ဒီအိမ်ထဲကို ပြန်ဝင်လာခဲ့။ နင်အခုလိုတွေ ဆက်လုပ်နေသ၍ အိမ်ကို
လုံးဝခြေဦးပြန်လှည့်မလာနဲ့။ ငါတို့ကတော့ အသိစိတ်ပျောက်လောက်အောင် မွှန်နေတဲ့ နင့်ကို အိမ်မှာမထားနိုင်တော့ဘူး"
"....."
ဒီလောက်ထိ အပြောအဆိုခံနေရတာကိုတောင် ဇာနည်က တောင်းပန်ရန်ဆန္ဒရှိပုံမရ။ ဇာနည့်အမေက ရင်နာနာဖြင့် တစ်ဖက်သို့ မျက်နှာလွှဲသွားရင်း...
"နင့်ကိုအလိုလိုက်ခဲ့မိတာ မာမားတို့အရမ်းမှားသွားပြီ သားငယ်"
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အမေကိုကျောခိုင်း၍ ထွက်လာခဲ့စဉ် နှလုံးသားကတော့နာသည်။ မိဘတွေက သားဆိုးလို့ သတ်မှတ်ရင်လည်း သတ်မှတ်ပါစေတော့။ အခုချိန်မှာ သူ့အတွက်အရေးအကြီးဆုံးက အကိုဖြစ်နေတာမို့။
--------------------
အကို့အတွက်နဲ့
အရမ်းချစ်တဲ့ မိဘတွေကိုတောင်
ကျောခိုင်းပြီး ထားရက်ခဲ့တဲ့
ခပ်ဆိုးဆိုးသားမိုက်ဟာ ကျွန်တော်ပါပဲ။
အဲ့ဒီလို
ကျွန်တော့်ချစ်ခြင်းတွေကို
အကို့ဘက်က နည်းနည်းလောက်ဖြစ်ဖြစ်
အသိအမှတ်ပြုပေးခဲ့မယ်ဆိုရင်လေ.....
--------------------
လွန်ခဲ့သောခုနစ်နှစ်ကျော်ဝန်းကျင်....
"အဖေ့ကို ကူညီပေးပါ။ တောင်းပန်ပါတယ်။ မဟုတ်ရင် အဖေ့သိက္ခာတွေအကုန်လုံး မြောင်းထဲရောက်သွားမှာ။ ဒါ...ဒါပထမဆုံးနဲ့နောက်ဆုံးပါ။ ထပ်ပြီး အဲ့လိုမဖြစ်စေရဘူး။ အဖေ့ကိုကူညီပေးပါ။ ကူညီပေးပါ"
"ဟားးဟားးးး... ဟားးးးးဟားးးးဟားးးးး"
ခြေသလုံးဖက်ပြီး တောင်းပန်တော့မတက်ဖြစ်နေသည့် ဦးငြိမ်းချမ်းကိုကြည့်ရင်း ပုံရိပ် အူလှိုက်အသည်းလှိုက် ရယ်ပစ်လိုက်သည်။
ရယ်လိုက်ရတာ...
ဦးငြိမ်းက တော်တော့ကို ရယ်စရာကောင်းတာ။
သူရှက်ဖို့တောင် နည်းနည်းလေးမှ ချန်မထားဘဲ
မရှိတဲ့သိက္ခာတရားတွေကို တန်ဖိုးထားပြနေတဲ့ပုံကလေ။
"ကူညီပေးပါကွာ။ သူနဲ့.. သူနဲ့ တစ်ခါလေးပဲနေပေးလိုက်ရင် အဲ့videoကို ပြန်ပေးမှာ။ မဟုတ်ပဲ ပြန့်သွားရင် အဖေရော၊ မင်းရော"
"အဖေရော၊ မင်းရော?"
"......"
"အဟက်! အဖေတဲ့လား?"
"...."
"အစောကြီးကတည်းက ဦးငြိမ်းကိုယ်ဦးငြိမ်း ကျွန်တော့်ရဲ့အဖေလို့ တကယ်သဘောထားပေးခဲ့ရင် အခုလိုမျိုး အကျပ်ကိုင်ပြီး ခြိမ်းခြောက်ခံရတဲ့နေ့တောင် ရှိလာမှာမဟုတ်ဘူးလေ"
တစ်လုံးချင်း ခပ်အေးအေးပြောနေသည့် ပုံရိပ်၏စကားများကြောင့် ရှက်စိတ်မွှန်သွားသည့် ဦးငြိမ်းချမ်း၏ မျက်နှာကရဲခနဲ။ စကားလုံးတို့က အရှိုက်တည့်တည့်ကို လာထိတာမို့ စိတ်ထဲ၌
စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည်။
"အဲ့ကိစ္စတွေအတွက် ငါတောင်းပန်ပါတယ်ကွာ"
"ပထမဆုံးအကြိမ်မှာကတည်းက ဦးငြိမ်း
တောင်းပန်ခဲ့တာပဲလေ။ ပြီးတော့လည်းး အဟက်!"
"ငါ..မှားပါတယ် ပုံရိပ်ရာ။ ဒီတစ်ခါကိစ္စလေးကို ကူညီပေးပြီးရင် မင်းတောင်းဆိုတာမှန်သမျှ အဖေ လိုက်လျောပေးမှာပါ"
"တကယ်လား"
ပုံရိပ်က မျက်ခုံးတစ်ဖက်ပင့်ပြီး ခနိုးခနဲ့မေးတော့ ဦးငြိမ်းချမ်းက ခေါင်းတဆက်ဆက်ညိတ်ရင်း...
"အေးပါကွာ.. မင်းဖြစ်စေချင်တာမှန်သမျှ ဖြစ်စေရမှာပါ"
"ဦးငြိမ်းရဲ့ ပိုင်ဆိုင်မှုမှန်သမျှကို အခုချက်ချင်းလွှဲပေးတာ လိုချင်တယ်ဆိုရင်ရော"
ဦးငြိမ်းချမ်းက လက်မခံချင်မှန်း သိသိသာသာ အမူအရာပျက်ယွင်းသွားသည်။ ပုံရိပ်ကတော့ မဲ့ပြုံးတစ်ချက်သာပြုံးရင်း ဦးငြိမ်းချမ်း၏အဖြေကို
စောင့်နေလိုက်၏။
ဦးငြိမ်းချမ်းက ဆုံးဖြတ်ရခက်နေသည်။ သူ ပုံရိပ်ကို
မွေးစားဖို့ခေါ်လာတုန်းက ပုံရိပ်အား သားသမီးအဖြစ် ထောက်ပံ့စောင့်ရှောက်ပေးမည် ဆိုတာကလွဲ၍ သူပိုင်ဆိုင်သမျှကိုဆက်ခံရမည့် အမွေစားအမွေခံဆိုတာမျိုး မပါခဲ့။
ဇနီးဖြစ်သူ၏ သားသမီးလိုချင်သည့် ဆန္ဒကို
သူမရဲ့နောက်ဆုံးအချိန်မတိုင်ခင်လေး ဖြည့်ဆည်းပေးဖို့ ကြိုးစားခဲ့ရုံသာမို့ အခုလောက်ကြီးလည်း စဉ်းစားမနေခဲ့။
သူမွေးစားမိသည့် ဒီကောင်လေးက ဂြိုဟ်ဆိုးလေးသာဖြစ်သည်။ သူ့ကိုမွေးစားဖို့ အိမ်ခေါ်လာသည့်နေ့မှာပင် ဇနီးဖြစ်သူဆုံး၏။
မွေးစားသား ပုံရိပ်ကိုတောင် စကားပြောနှုတ်ဆက်သွားချိန်မရလိုက်။
နောက်ပြီး ဒီကောင်လေးက ခဏလောက်
ကောင်းကောင်းမွန်မွန် နေလိုက်တာနှင့် ပေစုတ်စုတ်လေးကနေ ဒေါင်းလေးလိုပြောင်းလဲသွားပြီး သူ့စိတ်တွေကို ဖောက်ပြားလာအောင် ဆွဲဆောင်ခဲ့သည်။
သူ ပုံရိပ်သွင်အပေါ် ကျူးလွန်ခဲ့သည့်အမှားများကြောင့်
သူ့ကိုရက်စက်သည်ဟု တစ်စုံတစ်ယောက်က စွပ်စွဲလာလျှင် သူငြင်းမည်။ သားအရင်းမဟုတ်တာကိုပင် သုံးချင်သလိုသုံး၊ ဖြုန်းချင်သလိုဖြုန်းနိုင်ဖို့ လိုလေသေးမရှိ ပြည့်ပြည့်စုံစုံ ထားပေးနေတာကိုတောင် ပုံရိပ်သွင်က နစ်နာအံ့ထင်ပြီး
သူ့ကိုလာမုန်းနေသေးသည်။
အဆိပ်မရှိဟုထင်ခဲ့မိပေမယ့် အခွင့်အရေးလည်းပေါ်လာရော သူ့ကို ပြန်အကျပ်ကိုင်လာပြီ။
တောင်းဆိုတာကလည်း ပိုင်ဆိုင်သမျှအားလုံးကိုတဲ့လား။
သေရင်လည်းထားခဲ့ရမှာဆိုပေမယ့် သူ့မှာက တရားမရှိ။
-
-
နောက်ဆုံး၌ ဆုံးဖြတ်ချက်တစ်ခုအား ခက်ခဲစွာချလိုက်ရင်း...
"ကောင်းပြီ.. မင်းကို ငါပိုင်သမျှအားလုံးလွှဲပေးမယ်။ အဲ့ဒီဘုဏ်းခန့်ဆိုတဲ့လူယုတ်မာဆီကနေ အဲ့videoပါတဲ့ memory stickကို ကျိန်းသေယူလာခဲ့"
-------------------
"အဟက်! ဂုဏ်သရေရှိသူဌေးကြီး ဦးငြိမ်းချမ်းကတော့ ထင်ထားတဲ့အတိုင်း သူ့ဂုဏ်သိက္ခာကို
သူ့မွေးစားသားလေးထက် တန်ဖိုးထားတာပဲ။
ကျစ်! ခက်တာက မင်းအဖေက မင်းကိုတင်မဟုတ်ဘူး။ သူ့သိက္ခာသူပါ မလေးစားလို့ ဒီလိုတွေဖြစ်လာတာ"
Birthday Partyမှာကတည်းက ဒီလူကြီးကို
ပုံရိပ် ရွံသည်။ မုန်းသည်။ ဒီလိုလူမျိုးနှင့်မှ လာပြီး ပတ်သက်နေရတာမို့ အကြောင်းအရင်းဖြစ်သည့် ဦးငြိမ်းချမ်းကိုလည်း အရိုးထိစွဲနေအောင်ကိုမုန်းသည်။
"စကားတွေများမနေဘဲ ခင်ဗျားလိုချင်တာယူပြီးတာနဲ့ ဟိုMemory stickကိုသာ မြန်မြန်ထုတ်ပေးပါ"
"အေးဆေးပေါ့ကွာ... စိတ်မရှည်တဲ့ပုံစံနဲ့
လာမဆက်ဆံစမ်းပါနဲ့။ မင်းအဖေရဲ့ကျေးဇူးကို ဆပ်ပေးလိုက်နိုင်တာမလို့ မင်းကပျော်တောင်နေရဦးမှာ.. ဟားးဟားးးးဟားးးးး"
ဦးဘုဏ်းခန့်က ဟားတိုက်ရယ်မောပြီးသည့်နောက် သောက်လက်စအရက်ခွက်ကို ချလိုက်ရင်း ပုံရိပ်၏အနားသို့ လေးတွဲ့တွဲ့လျှောက်လာသည်။ ပုံရိပ်၏မေးဖျားလေးကိုကိုင်ပြီး ငုံ့နေသည့်ခေါင်းလေးအား မော့လာစေသည်။ ထို့နောက် ရမ္မက်လွှမ်းသည့်မျက်လုံးများဖြင့် ပုံရိပ်အား ရီဝေဝေကြည့်ရင်း...
"ကလေးက လက်မလွှတ်ချင်ရက်စရာမရှိလောက်အောင် ဆွဲဆောင်မှုပြင်းလွန်းတဲ့ တကယ့်အလှလေး။ ကလေးကို စမြင်ဖူးတဲ့နေ့ထဲက ဒီလိုအခွင့်အရေးမျိုးကို ဦးက လိုချင်နေတာ"
ပြောပြီး ခဏကြာသည်အထိ တစိမ့်စိမ့်ကြည့်နေသေးသည်။ ပြီးမှ ရုတ်တရက်ဆိုသလို...
"ခင်ဗျား!!"
ဝတ်ထားသည့် ရှပ်အင်္ကျီကကြယ်သီးတွေ ဗြုန်းခနဲ ပြုတ်ထွက်ကုန်သည်အထိ အကြမ်းပတမ်း ချွတ်ပစ်တာမို့...
အနောက်သို့ တဖြည်းဖြည်းချင်း ဆုတ်သွားနေမိသည်။ ဦးဘုဏ်းခန့်၏ အဆီတွေပြန်နေသည့် မျက်နှာနီနီကြီးက အနားသို့ပို,ပိုပြီး တိုးကပ်လို့လာနေတော့ ကြောက်စိတ်တို့က ကြီးစိုးလာသည်။
ခပ်ပေါ့ပေါ့လေးသာရှိသည့် ပုံရိပ်အား ကုတင်ပေါ်သို့ အားဖြင့်ဖိ၍ တွန်းလှဲချခံလိုက်ရတော့ ထိတ်လန့်မှုကြောင့် ပုံရိပ်၏တစ်ကိုယ်လုံးက တုန်ယင်လာ၏။
ဦးဘုဏ်းခန့်က သတိထားမိသွားတော့ နား,နားသို့ကပ်ရင်း...
"ကလေးကလည်း...အရမ်းမကြောက်နေနဲ့လေကွာ။ အတွေ့အကြုံရှိပြီးသားပဲကို"
"•••"
"ကိုယ်ကာယလေ့ကျင့်ခန်းပေါ့ကွာ။ မင်းအဖေနဲ့လည်း လူတွေမသိအောင် တိတ်တိတ်လေး ခိုးခိုးပြီး ဆော့နေကျမလား"
ပြောရင်းနှင့် သူ့ကိုယ်အတွင်းသားတွေကို ပွတ်သပ်လာနေတဲ့ လက်ချောင်းတွေ။ အသံမထွက်မိအောင် နှုတ်ခမ်းသားကိုသာ နာနာဖိကိုက်ထားလိုက်သည်။ ပေါက်သွားသည့်
နှုတ်ခမ်းသားပေါ်ကဒဏ်ရာက ရင်ထဲက အနာတရတွေလောက်တော့ ဒဏ်မပြင်း။
ဦးဘုဏ်းခန့်က ပုံရိပ်၏ nipplesအား ဖြစ်ညှစ်ရင်း...
"ကလေး... ဦးနာမည်ကို သေချာမှတ်ထားနော်။ ဘုဏ်းခန့်တဲ့။ ပြီးရင် လိုလာတော့မှာ။ ဦးနာမည်ကို ညည်းပေးတာပဲ ကြားချင်တယ်"
-
-
နာနာဖိကိုက်ထားသည့် နှုတ်ခမ်းသားတို့ဆီက စိမ့်ထွက်လာသည့် ငံကျိကျိသွေးအရသာကိုပင်
ပုံရိပ် ခံစားနေရပြီ။ အိပ်ရာခင်းပေါ်မှာ ပေကျံနေသည့် ရွံရှာစက်ဆုပ်စရာ အရည်များနှင့် နာနာကျင်ကျင် ကျနေရသည့် သူ့မျက်ရည်တွေက ရောယှက်သွားခဲ့ပြီလား။
တစ်စုံတစ်ယောက်၏ဆန္ဒကတော့ အထမြောက်သွားပြီ။ သူလည်း သိပ်ကိုပင်ပန်းနေပြီ။ သူရဲ့ကိုယ်က လက်ချောင်းလေးများ လှုပ်ဖို့ရာအတွက်ကိုပင် သိပ်ကိုနွမ်းလျနေခဲ့ပြီဖြစ်ပြီး သူ့ရဲ့နှလုံးသားကလည်း အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲခံထားရသလို တစ်စဆီကြေမွနေခဲ့ပြီ။
"ကိုငြိမ်းချမ်းကြီးက နာမည်ကလည်း ငြိမ်းချမ်း.. ဘဝကြီးကလည်း သာယာလိုက်တာ။ ဒုက္ခမရောက်အောင် ကယ်တင်ပေးမယ့် သားလှလှလေးကလည်း တကယ်မွေးရကျိုးနပ်... ရှေ့ရေးကို ကြိုတွေးတတ်လိုက်တာများ ဟားးးးဟားးးး "
--------------------
တစ်နေကုန် အခန်းထဲမှာနေပြီး တိတ်တိတ်ဆိတ်ဆိတ်နှင့် ငြိမ်ငြိမ်သက်သက်လေး ထိုင်နေသည့်ပုံရိပ်က ဦးနှောက်ထဲမှာတော့ ရက်ရက်စက်စက်လုပ်ရပ်တွေ လုပ်ဖို့ကိုသာ ယောက်ယက်ခပ်အောင် တွေးနေခဲ့တာဖြစ်သည်။
ဦးငြိမ်းက ကတိအတိုင်း အမွေတွေအကုန်လုံးကို သူ့ဆီ လူသိရှင်ကြားလွှဲပေးပြီးပြီ။ သို့ပေမယ့် ဘာလို့များ သူမပျော်နိုင်သေးတာပါလိမ့်?
တွေးကြည့်တော့ ဦးငြိမ်းရဲ့မျက်နှာကို မြင်နေရသမျှ သူစိတ်ဆင်းရဲနေမှာပဲဖြစ်သည်။
အကြောင်းရင်းကို သေချာသိသွားပြီမို့ ထိုင်နေရာမှထကာ ဦးငြိမ်းချမ်းရှိနေမည့် အခန်းထဲသို့ သွားရန်ပြင်လိုက်သည်။ မသွားခင် သူ့ဆီမှာရှိတာ ကြာနေပြီဖြစ်သော်လည်း ထုတ်မသုံးရက်ခဲ့သည့် ဆေးခဲလေးတွေကိုပါ အမှုန့်ဖြစ်အောင်ကြိတ်ပြီး မမေ့မလျော့ ယူလာခဲ့လိုက်သည်။
-
-
ဦးငြိမ်းချမ်းသောက်နေသည့် အရက်ခွက်ထဲကို သူယူလာသည့် ဆေးမှုန့်တွေ ထည့်ပေးထားသည်။ ဇိမ်ယူကာသောက်နေသည့် ဦးငြိမ်းကိုတော့ ပုံရိပ် ငြိမ်ငြိမ်လေးထိုင်ရင်းသာ ပြုံး၍ကြည့်နေဖြစ်၏။
ဦးငြိမ်းကို သနားသည်။
မကြာခင်အချိန်အတွင်း နှလုံးခုန်နှုန်းတွေ တဖြည်းဖြည်း နှေးကွေးလာတော့မည်။ ပြီးရင်တော့ အသက်ပါ ပါသွားလိမ့်မည်။ ဦးငြိမ်းကိုယ်တိုင်လည်း သူ့ကို မနာကျင်စေနိုင်တော့သလို ဦးငြိမ်းရဲ့မိတ်ဆွေကြီးကလည်း ခြိမ်းခြောက်အကျပ်ကိုင်တာတွေ နောက်တစ်ကြိမ် ထပ်လုပ်နိုင်တော့မှာမဟုတ်။
အရှေ့တည့်တည့်ကနေ ပြုံးပြီးစိုက်ကြည့်နေသည့်
ပုံရိပ်အား ဦးငြိမ်းချမ်းက မသင်္ကာဖြစ်လာရင်း...
"ဘာလို့ ငါ့ကို အဲ့လိုလာကြည့်နေတာလဲ"
"ဦးငြိမ်းမသေခင်လေး ထိုင်ကြည့်နေချင်စိတ်ပေါ်လာလို့"
"မင်းဘာပြောလိုက်တာ?"
ပုံရိပ်က ထီမထင်ဟန် ပုခုံးတွန့်ပြသည်။
ရုတ်တရက် မောပြီးအသက်ရှုမဝဖြစ်လာတာမို့ ပုံရိပ်ပြောသည့်စကားကို သံသယဝင်လာသည်။ အံ့သြထိတ်လန့်ခြင်း၊ တုန်လှုပ်ခြောက်ခြားခြင်းနှင့်အတူ ဒေါသစိတ်များကြောင့် ပို၍ဆိုးလာ၏။ ရင်ဘက်ထဲက အောင့်မျက်လာမှုက ပြင်းပြင်းထန်ထန်။
ပုံရိပ်က စားပွဲပေါ်မှာတင်ထားသည့် ဝိုင်ပုလင်းထဲက ဝိုင်အနည်းငယ်ကိုငှဲ့ကာ သောက်လိုက်ရင်း...
"အရမ်းစိုးရိမ်မနေနဲ့ ဦးငြိမ်း။ ခဏပဲ.. ပြီးရင်
အဲ့ဝေဒနာတွေ အကုန်လုံးပျောက်သွားမှာ"
"......"
"ဦးငြိမ်းရဲ့အသက်ရောပဲ"
ဝေဒနာ၏ဖိစီးမှုကြောင့်ရော၊ စိတ်ထဲကခံပြင်းမှုများကြောင့်ပါ ဦးငြိမ်းချမ်း၏ မျက်လုံးများက ရဲရဲနီနေခဲ့သည်။ ခက်ခက်ခဲခဲ အသက်ကိုလုရှုနေရင်းနှင့် စကားတစ်ခွန်းကိုတော့ ပြောဖြစ်အောင်ပြောသွားခဲ့၏။
"မင်းး မင်းက ကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ကောင်"
-
-
ငြိမ်သက်စွာ တသက်စာ အိပ်ပျော်သွားသည့် ထိုလူကြီးအား ပထမတော့ အားရစွာ ပြုံး၍ ကြည့်နေလိုက်သည်။
ကြည့်နေရင်းကြာလာတော့ ခြောက်ခြားလာ၏။ အလောင်းနဲ့ဝေးအောင် အခန်းထောင့်လေးတွင် ကျုံ့ကျုံ့လေးပြေးထိုင်ပြီး ပုန်းနေသည့်
ပုံရိပ်၏ကိုယ်လေးက တဆက်ဆက်တုန်ယင်လို့နေသည်။
"ငါ...ငါမမှားဘူး။ ငါက.. ငါက သည်းမခံနိုင်တော့လို့။ သူတို့ကအရင် စမှားတာ။ ငါဘာမှမမှားဘူး။ ငါက လုံးဝ မမှားဘူးနော်... ငါကxxxxxxxxxx"
တစ်ညလုံး ဦးငြိမ်းချမ်း၏ အလောင်းကိုကြည့်ရင်း အသိစိတ်လွတ်နေသည့်သူလို ကယောင်ခြောက်ခြားဖြင့် စကားတွေ တဖွဖွပြောနေခဲ့မိပါသည်။
-------------------
ပုံရိပ်က အခန်းထောင့်မှာ ကျုံ့ကျုံ့လေးထိုင်နေသည်။ အကြည့်တို့ကတော့ ပိတ်ထားသည့်ပြတင်းတံခါးဆီမှာဖြစ်၏။ ကြည့်ချင်စရာ ရှိနေတာကြောင့်တော့မဟုတ်။
မကြည့်ချင်သည့်လူက အနားမှာရှိနေ၍ မျက်နှာလွှဲထားခြင်းသာ။
ထိုလူက စကားတွေပြောနေသည်။
သူ့အတိတ်အကြောင်းတွေကို ပြန်ပြောနေခြင်းဖြစ်၏။ အခုရက်ပိုင်း ခဏခဏ ပေါ်လာတတ်သလို သူနှင့်လည်း ရုပ်ချင်းကချွတ်စွတ်တူသည်။ တစ်ခါတလေ ထိုလူကို သူကိုယ်တိုင်လို့ပဲ ထင်နေမိသလို တကယ်တော့
သူအစစ်လည်းဟုတ်မနေ။
ထိုပုံရိပ်က သူပြောချင်ရာတွေ ပြောပြီးတော့ စိတ်ပျက်သလို သက်ပြင်းချနေသေးသည်။ အကြိမ်တိုင်း သူလာတိုင်းလည်း ထိုအတိုင်းသာ ပုံရိပ်ကို စိတ်ပျက်သလို ပြုမူ၏။
"မင်းက ဘာလုပ်လုပ် နောင်ရတရရင်ရ၊ မဟုတ်ရင်လည်း မလုပ်ခင်ကတည်းက တွေဝေနေလို့ အခုလိုဖြစ်နေတာ။ မင်းမုန်းတဲ့သူတွေအကုန်လုံးကို ဦးငြိမ်းချမ်းကို
သတ်ခဲ့တုန်းကလိုမျိုးပဲ သွေးအေးအေးနဲ့ ရှင်းပစ်လိုက်တော့လေ"
"......"
"မင်းက ဘာလို့တွေဝေနေတာလဲ။ မင်းသာ သူတို့ကို ရှင်းထုတ်ပစ်လိုက်ရင် ကိုခက မင်းအပိုင်ဖြစ်လာမှာကို"
"တော်ပါတော့!! မင်းပါးစပ်ပေါက်ကို ပိတ်ထားပါတော့!!"
ပုံရိပ်မဟုတ်သည့် ပုံရိပ်အား ပုံရိပ်ပြန်အော်ထုတ်လိုက်သည်။ ပုံရိပ် တကယ်ပင်ပန်းနေပြီ။ သူမကြားချင်သည့် ကိစ္စတွေကို အဖန်တလဲလဲနားထောင်နေရသည်။ သူမဟုတ်သည့် သူ့ကိုယ်သူလည်း ပြန်မြင်နေရပြီး သူ့ကိုယ်သူ ပြန်နှောင့်ယှက်တာကိုလည်း ငြိမ်ခံနေရသည်။
ဒီလို စိတ်ညစ်စရာအခြေအနေတွေကနေ သူ့ကိုလွတ်မြောက်နိုင်စေဖို့ တစ်စုံတစ်ယောက်၏ ကယ်တင်မှုကို မဖြစ်မနေ သူလိုအပ်နေပြီ။
ထိုလူက ကိုခ ဖြစ်ပါသည်။
******************tbc
9.June.22