အဝါရောင်အိပ်မက် (completed)

By Chamomile_2

190K 12.9K 923

(zawgyi & unicode) အိပ္မက္ေတြမွာ အေရာင္ေတြ႐ွိတတ္လား? ခင္ဗ်ားတို႔ျမင္မက္ေနက် အိပ္မက္ေတြဟာ အေရာင္အဆင္းမ႐ွိတာလည္... More

A/N
အခန္း-၁
အခန္း-၂
အခန္း-၃
အခန္း-၄
အခန္း-၅
အခန္း-၆
---
အခန္း-၇
အခန္း-၈
အခန္း-၉
အခန္း-၁၀
အခန္း-၁၁
အခန္း-၁၂
အခန္း-၁၃
အခန္း-၁၄
အခန္း-၁၅
အခန္း-၁၆
အခန္း-၁၇
အခန္း-၁၈
အခန္း-၁၉
အခန္း-၂၀
အခန္း-၂၁
အခန္း-၂၂
အခန္း-၂၃
အခန္း-၂၄
အခန္း-၂၅
အခန္း-၂၆
အခန္း-၂၇
အခန္း-၂၈
အခန္း-၂၉
အခန္း-၃၀
အခန္း-၃၁
အခန္း-၃၂
အခန္း-၃၃
အခန္း-၃၄
အခန္း-၃၅
အခန္း-၃၆
အခန္း-၃၇
အခန္း-၃၈
အခန္း-၃၉
အခန္း-၄၀
အခန္း-၄၁
အခန္း-၄၂
အခန္း-၄၃
အခန္း-၄၄
အခန္း-၄၅
အခန္း-၄၆
အခန္း-၄၇
အခန္း-၄၈
အခန္း-၄၉
အခန္း-၅၀
အခန္း-၅၁
အခန္း-၅၂
အခန္း-၅၃
အခန္း-၅၄
အခန္း-၅၅
အခန္း-၅၆
အခန္း-၅၇
အခန္း-၅၈
အခန္း-၆၀
အခန္း-၆၁
အခန္း-၆၂
အခန္း-၆၃
အခန္း-၆၄
အခန္း-၆၅
အခန္း-၆၆
အခန္း-၆၇
အခန္း-၆၈
အခန္း-၆၉
ဇာတ္သိမ္းခန္း/ဇာတ်သိမ်းခန်း
အဝါေရာင္အိပ္မက္/ အဝါရောင်အိပ်မက်
Art Gift

အခန္း-၅၉

1.8K 133 7
By Chamomile_2

[Zawgyi]

"သားအစ္ကို အခုျဖစ္ေနတဲ့ အေျခအေနမ်ိဳးက ေယဘုယ်အားျဖင့္ေတာ့ စိတ္ကစဥ့္ကလ်ားေရာဂါလို႔ သတ္မွတ္လို႔ရတယ္။ ဖြားေလးတို႔ အေခၚေတာ့ စကီဇိုဖရန္းနီးယား(Schizophrenia)ေပါ့။ စိတ္ကစဥ့္ကလ်ားျဖစ္တာ... အျပင္မွာ တကယ္မ႐ွိတဲ့ အသံေတြကိုၾကားေနရတာ၊ မ႐ွိတာေတြကို အ႐ွိလို႔ ခံစားေနရတတ္တာ၊ ေနာက္ၿပီး အစိုးရိမ္လြန္ၿပီး ေၾကာက္လန္႔ေနတတ္တာမ်ိဳးက စကီဇိုဖရန္းနီးယားရဲ႕ လကၡဏာေတြေလ။ တျခားလကၡဏာေတြလည္း အမ်ားႀကီး ႐ွိေသးတယ္။ ဒါေတြက လူနာတစ္ေယာက္နဲ႔
တစ္ေယာက္ေတာ့ မတူၾကဘူးေပါ့။ တခ်ိဳ႕လူနာေတြမွာဆိုရင္ လူတစ္ကိုယ္ထဲနဲ႔ စိတ္ႏွစ္မ်ိဳး/သံုးမ်ိဳးျဖစ္ေနတာမ်ိဳးေတာင္ ႐ွိတတ္တယ္"

"....."

"ဒီေရာဂါျဖစ္ရတဲ့ အေၾကာင္းရင္း​ေတြကေတာ့ အမ်ားႀကီးပဲ။
ဦးေႏွာက္ရဲ႕ တခ်ိဳ႕အစိတ္အပိုင္းေတြ ခ်ိဳ႕ယြင္းမႈေၾကာင့္လည္း ျဖစ္ႏိုင္တယ္။ Neurotransmittersဆိုတဲ့ ဦးေႏွာက္လုပ္ငန္းေတြမွာ အေရးႀကီးတဲ့ အာရံုေၾကာဓာတ္ကူးပစၥည္းေတြ မူမမွန္တာေၾကာင့္လည္း ျဖစ္တတ္တယ္။ ေနာက္ၿပီး မ်ိဳး႐ိုးလိုက္တာေၾကာင့္လည္း ဒီလိုစိတ္ေရာဂါက ျဖစ္ေလ့႐ွိတယ္။ အေတြ႔ရမ်ားတဲ့ အေၾကာင္းရင္းကေတာ့ ကေလးဘဝကတည္းက စိတ္ဒဏ္ရာမ်ားခဲ့တာေတြေၾကာင့္ေပါ့"

စြမ္းထက္၏ဖြားေလးျဖစ္သည့္ စိတ္ေရာဂါအထူးကု ဆရာဝန္မႀကီးေျပာသမ်ွကို ေသေသခ်ာခ်ာ နားေထာင္ရင္း စြမ္းထက္ သက္ျပင္းေမာမ်ားကိုသာ ႐ႈိက္မိေနသည္။ ဇာနည့္မ်က္ႏွာကေတာ့ ၿပိဳေတာ့မည့္မိုးႏွယ္။

အကို႔အျပဳအမူတခ်ိဳ႕က ပံုမွန္မဟုတ္တာမို႔
ဆရာေရာ.. သူပါ အကို႔စိတ္အေျခအေနကို အရင္ကတည္းက သံသယ႐ွိခဲ့ဖူးသည္။ သို႔ေသာ္လည္း အခုလိုမ်ိဳး ​ေသခ်ာမွန္ကန္ေနသည့္ အတည္ျပဳခ်က္တစ္ခုကို နားနဲ႔ဆက္ဆက္ၾကားလိုက္ရေသာအခါ၌ သူ႔ႏွလံုးသားက ခံႏိုင္ရည္မ႐ွိ။

"ေရာဂါျပင္းထန္လာတဲ့ အေျခအေနမ်ိဳးက်ရင္ေတာ့ suicideဖို႔ ႀကိဳးစားတာမ်ိဳး၊ ေနာက္ၿပီး ေဘးလူေတြကို အႏၱရာယ္ျပဳဖို႔ ေတြးမိလာတာမ်ိဳးေတြထိ ျဖစ္တတ္ေတာ့ အခ်ိန္မလြန္ခင္မွာ ကုသမႈခံယူလိုက္ရင္ေတာ့ အေကာင္းဆံုးေပါ့"

ခ်ဳပ္တည္းထားသည့္ၾကားက မ်က္ရည္တစ္စက္က ေပါက္ခနဲက်မိသြားေတာ့ ဆရာဝန္မႀကီးက အားေပးျပံဳးတစ္ခု ျပံဳးျပလာရင္း...

"အရမ္းေတာ့ စိတ္ပူမသြားပါနဲ႔။ သားအစ္ကိုရဲ႕ အေျခအေနကိုသိၿပီဆိုေတာ့ အခုကစၿပီး လိုအပ္တဲ့ကုထံုးနဲ႔
ေဆးဝါးကုသမႈေတြ ေပးလိုက္မယ္ဆုိရင္ေတာ့ အဆင္ေျပသြားမွာပါ။ ေနာက္ျပီး ဒီလိုလူနာမ်ိဳး​ေတြအတြက္ အဓိကလိုတာက ေဘးပတ္ဝန္းက်င္နဲ႔ မိသားစုရဲ႕ ေႏြးေထြးမႈဆိုေတာ့ သားတို႔ကသာ ေဘးကေန
ေသခ်ာေလးဂ႐ုစိုက္ၾကင္နာေပးမယ္ဆိုရင္ ကုသရလြယ္မွာ"

"ဟုတ္ကဲ့.. ေက်းဇူးတင္ပါတယ္ ဖြားေလး။ အကို႔ကို အျမန္ဆံုးေနေကာင္းေအာင္ ကူညီေပးပါေနာ္။ တကယ္ အားကိုးပါတယ္"

ဇာနည့္ကိုၾကည့္ရင္း စြမ္းထက္ သက္ျပင္းတခ်ခ်။ အကိုပံုရိပ္အတြက္ႏွင့္ သူ႔သူငယ္ခ်င္းက အမ်ားႀကီး ေျပာင္းလဲသြားရၿပီ။ အရင္ကလို သြက္သြက္လက္လက္ႏွင့္ ေပ်ာ္ေပ်ာ္ေနတတ္သည့္ ပံုစံမ်ိဳးမ႐ွိေတာ့။ သူ႔တစ္ေန႔တာအခ်ိန္ေတြကို ရန္ပြဲေတြအစား စိုးရိမ္ပူပန္မႈေတြနဲ႔သာ လည္ပတ္ေနတာၾကာၿပီ။

အခ်စ္ဆံုးသူငယ္ခ်င္းမို႔ သူကူညီႏိုင္သည့္ ကိစၥမ်ိဳးဆိုလ်ွင္ အစြမ္းကုန္ ကူညီေပးမွာျဖစ္ေသာ္လည္း အခုကေတာ့
ဘာမွမတတ္ႏိုင္။ အရာအားလံုးအဆင္ေျပသြားဖို႔ကို ဆုေတာင္းေပးေနရံုကလြဲ တျခားနည္းလမ္းမ်ားလည္း မစဥ္းစားတတ္​ေတာ့တာမို႔။

-

-

အိမ္အျပန္လမ္း၌ သူငယ္ခ်င္းႏွစ္ေယာက္သား အေတြးကိုယ္စီ။ အရင္ကဆိုလ်ွင္ ႏွစ္ေယာက္အတူ တစ္ေနရာရာသို႔သြားတိုင္း ထိုလမ္းတစ္ေလ်ွာက္က ဆဲသံဆူသံမ်ားျဖင့္ ဆူညံေနက်။ အခုေတာ့
တိတ္ဆိတ္လို႔ေနသည္။ ခပ္တိုးတိုး စကားသံမ်ားပင္မ႐ွိ။

လမ္းတစ္ဝက္ေလာက္ေရာက္မွ စြမ္းထက္က...

"မင္းအိမ္က မင္းကို S'poreမွာ ေက်ာင္းသြားတတ္ခိုင္းမလို႔ဆို"

"အင္း.. ဒါေပမယ့္ ငါကေတာ့မသြားဘူး"

စြမ္းထက္က သက္ျပင္းဖြဖြခ်ရင္း...

"အစ္ကိုပံုရိပ္ေၾကာင့္ပဲမလား"

"ငါ အကို႔ကို စိတ္မခ်ဘူး။ မခြဲႏိုင္တာမဟုတ္ဘဲ တစ္ေယာက္တည္း လႊတ္မထားရက္တာ"

"ဦးေလးတို႔က လံုးဝလက္ခံမွာမဟုတ္ဘူးေလ။ ဘယ္သူကမွလည္း ေယာက်္ားေလးႏွစ္ေယာက္ကို ၾကည္ျဖဴေပးမွာမဟုတ္ဘူး"

"ငါသိတယ္။ ဒါေပမယ့္ ပါပါးတို႔ဆႏၵကို မလိုက္ေလ်ာႏိုင္ဘူး။
ေလာေလာဆယ္ ငါ့အတြက္ အေရးႀကီးဆံုးအလုပ္က အကို႔ကို ေစာင့္ေရွာက္ေပးဖို႔ပဲ"

"ဇာနည္"

"အြန္းး"

စြမ္းထက္က စကားမေျပာခင္ သက္ျပင္းတစ္ခ်က္ ႐ႈိက္လိုက္ရင္း...

"မင္းကသာ အ႐ူးလိုျဖစ္ေနတာ။ ဟိုက မင္းကို​ေရာ ခ်စ္လို႔လား"

"အကိုကငါ့ကို မခ်စ္​ေပမယ့္ ငါက အကို႔ကိုခ်စ္တယ္ေလ။ ၿပီးၿပီေပါ့။ တျခားဘာလိုေသးလို႔လဲ"

"......"

စြမ္းထက္ အံ့ျသစြာျဖင့္ ဇာနည့္အားၾကည့္မိသည္။ ဇာနည့္မ်က္ႏွာက ေလးနက္ေနသည္။ ပံုရိပ္၏ စိတ္ကိုလည္း အကုန္သိေနၿပီးသားမွန္းသိသာသည္။ ဇာနည့္မ်က္ဝန္းတို႔က ေဆြးေျမ့ရီေဝေန၏။

သူငယ္ခ်င္း ႏွစ္ေယာက္သားၾကား စကားသံတို႔က ေခတၱတိတ္ဆိတ္သြားသည္။ ခဏၾကာမွ....

"မင္း သူ႔ကို တကယ္ႀကီးခ်စ္မိသြားတာပဲ"

စြမ္းထက္ ေလးေလးနက္နက္ေျပာေတာ့ ဇာနည္ ခပ္ေဖ်ာ့ေဖ်ာ့သာျပံဳးမိသည္။

ခ်စ္တာေပါ့...
အကို႔ကို ငါ့ကိုယ္ငါထက္ေတာင္ ပိုခ်စ္မိသြားခဲ့တာ။

--------------------

မနက္ျဖန္ေတြမွာ အသက္ဆက္႐ွင္ဖို႔
အကို႔ကိုခ်စ္တဲ့စိတ္နဲ႔ အားယူျဖစ္တယ္။
အကို ခ်စ္တဲ့သူကေတာ့ ကြၽန္ေတာ္မဟုတ္ေပမယ့္...

ခံစားရလြန္းလို႔ ကြၽန္ေတာ့္ႏွလံုးသားေလး နာက်င္လာတိုင္းမွာ
ကြၽန္ေတာ့္အတြက္ေျဖေဆးက အကို႔စကားသံေတြပါပဲ။
ဖုန္းrecoderထဲက အကို႔အသံေလးက
ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ရႊင္ျမဴးလို႔ေနေတာ့
နားေထာင္လိုက္တိုင္းမွာ
ကြၽန္ေတာ္ျပံဳးမိေစဖို႔ ကူညီေပးတယ္။
ကြၽန္ေတာ့္ကို ေျပာခဲ့တဲ့ စကားေတြမဟုတ္ေပမယ့္...

ကြၽန္ေတာ့္ကို ျပံဳးျပတာမဟုတ္လည္း
ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္
အကို အျမဲတမ္းေပ်ာ္ေနတာကို ျမင္ခြင့္ရခ်င္တာက
ကြၽန္ေတာ့္ေလာဘပါပဲ။

ဒါေတြကို ေခါင္းစဥ္တပ္လိုက္ေတာ့
ေမ်ွာ္လင့္ခ်က္မဲ့တဲ့ ခ်စ္ျခင္းေတြေပါ့ အကိုရယ္...

ရင္နာစရာပါပဲ
အကို႔ကိုခ်စ္တဲ့စိတ္နဲ႔ ကြၽန္ေတာ္....

က်ဴးလစ္ဝါတစ္ခင္းကို ပ်ိဳးထားမိခဲ့ပါတယ္။

----------------------

"ကိုကို"

"....."

လက္ထဲကကင္မရာကိုသာ အာရံုစိုက္ၿပီး ရွယ္သေနသည့္ သြန္းအုပ္အား မင္းခဘက္က အေခၚ႐ွိလာေသာ္လည္း သြန္းအုပ္ကေတာ့ အဖက္လုပ္ၿပီးျပန္မထူး။
သူလုပ္စရာ႐ွိတာကိုသာ စိတ္ႏွစ္၍လုပ္ေနသည္။

"ကိုကို႔"

"....."

"ကိုကိုလို႔.."

"က်စ္! ဘာလဲကြာ"

သြန္းအုပ္က ၿပီးၿပီးေရာ ျပန္ထူးေတာ့ မင္းခက
မ်က္ႏွာေလး ငယ္သြားရင္း...

"ေတာင္းပန္ပါတယ္"

သြန္းအုပ္ခမ်ာ ေၾကာင္အအ။

ေနပါဦး။ အေကာင္းႀကီးကေန ဘာထျဖစ္ရျပန္ၿပီလဲ။

"ဘာေတြကို လာေတာင္းပန္ေနရျပန္တာလဲ"

"ကြၽန္ေတာ္ ခဏခဏေခၚေနလို႔ ကြၽန္ေတာ့္ကို စိတ္ဆိုးသြားတယ္ မဟုတ္ဘူးလား။ ခုနက
ကိုကိုျပန္ထူးတာ စိတ္မ႐ွည္တဲ့ေလသံႀကီးနဲ႔ေလ"

"•••"

ခံစားခ်က္ေတြႏုရြေနသည့္ မင္းခကို သြန္းအုပ္
ေျဖ႐ွင္းမေနေတာ့။ စိတ္ပ်က္လက္ပ်က္ျဖင့္ တစ္ခ်က္ၾကည့္လိုက္ၿပီး ကိုယ္လုပ္စရာ႐ွိသည့္ကိစၥကိုသာ ဆက္လုပ္ေနလိုက္သည္။

မင္းခက မႈိင္သြားသည္။ ဘာမွလည္း ဆက္မေျပာရဲေတာ့ဘဲ
စားပြဲေပၚေမးေထာက္၍သာ သြန္းအုပ္၏ မႈန္ကုပ္ကုပ္မ်က္ႏွာကို ထိုင္ၿပီး႐ႈစားေနသည္။

အသံတိတ္ၿပီး ၿငိမ္က်သြားသည့္ မင္းခအား အေရးမစိုက္သလို လ်စ္လ်ဴ႐ႈထားေသာ္လည္း ခဏၾကာေတာ့ သြန္းအုပ္ မေနႏိုင္ျပန္။

ကိုေအးထြန္းႏွင့္ေတြ႔လာၿပီး အရင္ကကိစၥမ်ားကို
သိထားတာ မၾကာေသးတာမို႔ အခုထိ မင္းခ၏စိတ္က သိပ္မလန္းႏိုင္ေသးတာကိုသိသည္။ အလိုလိုမွ ကိုယ့္ျမင္တိုင္းအားနာၿပီး ေတာင္းပန္ေနတတ္တာမို႔ အခုလိုမ်ိဳး ပစ္ထားလိုက္လ်ွင္ ပိုၿပီးဝမ္းနည္းေနမွာကို စိုးရျပန္သည္။

လက္ထဲက ကင္မရာကိုခ်လိုက္ရင္း....

"ခုနက ဘာေျပာမလို႔ ေခၚေနတာလဲ"

"ဟို.."

သြန္းအုပ္​ေမးတာကို ျပန္​ေျဖဖို႔အေရး မင္းခက
ေျပာရခက္ေန​ေသးသည္။ ​ေျပာစရာ႐ွိသည့္စကားကို မေျပာဘဲ သက္ျပင္းခ်လိုက္၊ ျပန္စဥ္းစားလိုက္ လုပ္ေနတာမို႔...

"ေျပာစရာမ႐ွိလည္း ေနေတာ့။ ငါအျပင္ကို သြားဖို႔႐ွိတယ္"

"ေဒၚေလးသီရိ ေရာက္ေနတယ္"

"ဘာ!!"

"ေဒၚေလးသီရိ ကေလာကို ေရာက္ေနတယ္လို႔ေျပာတာ။ ကိုကို႔ကိုလည္း အရမ္းေတြ႔ခ်င္ေနတယ္"

"ငါကေတာ့ မေတြ႔ခ်င္ဘူး"

မင္းခက သက္ျပင္းတစ္ခ်က္ခ်ရင္း...

"ေဒၚေလး ေနမေကာင္းဘူး ကိုကို။ ေနာက္ၿပီး
ဦးေက်ာ္ဦးက သူ႔ကိုမေက်နပ္လို႔ လက္စားေခ်ခ်င္တာနဲ႔ပဲ ကိုကိုက ၾကားထဲက ဒုကၡေရာက္ရတယ္ဆိုၿပီး သူ႔ကိုယ္သူ အျပစ္ေတြတင္ေနတာ"

"....."

"ကိုကို"

သြန္းအုပ္က ျပန္မထူး။ မၾကားခ်င္သလို တစ္ဖက္သို႔ မ်က္ႏွာလႊဲထားသည္။

"ေဒၚေလး ႐ွင္းျပခ်င္ေနတဲ့ အရာေလးေတြကို နားေထာင္ေပးလိုက္ပါလား။ နားလည္မႈလြဲၿပီး မုန္းေနရတာ ပင္ပန္းတယ္ေလ။ တစ္ခါေလာက္ပဲ ေဒၚေလးေျပာတာေလးကို နားေထာင္ေပးၾကည့္ပါလား"

"....."

"ကိုကို႔ကို ကြၽန္ေတာ့္လိုမ်ိဳး ေနာင္တေတြမရေစခ်င္ဘူး"

အဆံုးသတ္၌ တိမ္ဝင္သြားသည့္ မင္းခ၏စကားေၾကာင့္ သြန္းအုပ္ေတြေဝသြားရသည္။

မင္းခလည္း သူ႔အေပၚ နားလည္မႈေတြလြဲခဲ့ဖူးတာပဲမလား။
ေနာက္ၿပီး မင္းခတုန္းကလည္း သူ႔႐ွင္းျပခ်က္ေတြကို နားမေထာင္ခဲ့။ ဘာအမွားမွမ႐ွိဘဲ အထင္လြဲခံေနရသည့္ ခံစားခ်က္ကို သြန္းအုပ္ ေကာင္းေကာင္းနားလည္သည္။

ေမလြန္းကို မုန္းေပမယ့္လည္း တစ္ခါေလာက္ေတာ့ ေမလြန္းရဲ႕ ေျဖ႐ွင္းခ်က္ေတြကို နားေထာင္ေပးသင့္သည္လို႔ ေတြးမိလာသည္။ ေနာက္ၿပီး သူ႔မွာလည္း
ေမလြန္းကိုေမးခ်င္သည့္ ေမးခြန္းေတြ တစ္ခုမက႐ွိေနသည္။

ဘာလို႔ အဲ့လိုလုပ္ခဲ့ရတာလဲ။
ဘယ္လိုစိတ္မ်ိဳးနဲ႔ လုပ္ရက္ခဲ့တာလဲ။
ဘာေၾကာင့္မ်ား.......?

-

"ေကာင္းၿပီေလ.. မင္းလည္း တိုက္တြန္းေနမွေတာ့ ေတြ႔မယ္လို႔ေျပာလိုက္ေပါ့"

------------------

ကားရပ္ၿပီး ျခံတံခါးက လူေခၚဘဲလ္ကိုနွိပ္ဖို႔ လက္ရြယ္လိုက္တာႏွင့္ ျမင္လိုက္ရတာက ျခံတံခါးမွာ တစ္စံုတစ္ေယာက္ လာခ်ိတ္ထားသည့္ စာတစ္ေစာင္ႏွင့္ CDတစ္ခ်ပ္။

ဇာနည္ မ်က္ေမွာင္က်ံဳ႕မိသည္။ အကို႔ဆီ ဒီလိုပစၥည္းႏွစ္ခုကို ဘယ္သူကမ်ား ပို႔လိုက္ေလသလဲမသိ? စိတ္ထဲ ထင့္သြားတာမို႔ ျခံတံခါးကေနျဖဳတ္ယူၿပီး ေဖာက္ဖတ္ၾကည့္ရန္ ျပင္လိုက္စဥ္မွာပဲ ထမင္းခ်က္အေဒၚႀကီးက ထြက္လာၿပီး တံခါးဖြင့္ေပးသည္။

ျခံထဲဝင္လာေတာ့ ဒ႐ိုင္ဘာဦးေလးႀကီးကိုလည္း မေတြ႔။
အကို အျပင္ကိုမ်ား သြားေနသလား။ ဘယ္သြားေနလဲမသိ။

ေတြးေနရံု႐ွိေသး။ ျခံထဲသို႔ ပံုရိပ္တို႔ကားက ဝင္လာသည္။ ကားကအိမ္ေ႐ွ႕ထိုးရပ္လိုက္သည္ႏွင့္ ဇာနည္
အံ့အားသင့္ရေတာ့သည္။ ဇာနည္ အံ့ျသလ်ွင္လည္း အံ့ျသေလာက္စရာ.. ကားေမာင္းလာသည့္သူက ေမာင္းေနက် ဒ႐ိုင္ဘာဦးေလးႀကီးမဟုတ္ဘဲ ပံုရိပ္ကိုယ္တိုင္ ျဖစ္ေနသည္။

ပံုရိပ္က ကားေပၚကေန ဆင္းလာၿပီး ဇာနည့္ကိုျမင္သည္ႏွင့္ မ်က္ခံုးတစ္ဖက္ ပင့္ျပလိုက္ရင္း...

"ဘယ္လိုလဲ။ ငါေတာ္တယ္မလား"

"ေတာ္တယ္..တကယ္ေတာ္တာ။ အကိုက ဘယ္တုန္းက
ကားေမာင္းသင္လိုက္တာလဲ"

"တစ္ပတ္"

"ဟင္?"

"တစ္ပတ္႐ွိၿပီ။ ေနာက္ေလးငါးရက္ေလာက္
ဆက္ၿပီးေလ့က်င့္လိုက္ရင္ ငါေသခ်ာေမာင္းလို႔ရၿပီ"

ဇာနည္ သေဘာက်စြာ ရယ္လိုက္သည္။

ဆရာ့အတြက္မဟုတ္သည့္ အျခားတစ္ခုခုအား အားႀကိဳးမာန္တက္ျဖင့္ ႀကိဳးစားၿပီးလုပ္ေနတာကို ျမင္ရတာ ဒါကပထမဆံုး။ ထို႔ျပင္ အကို႔ပံုစံက လိုခ်င္တာရထားသည့္ ကေလးေလးတစ္ေယာက္လိုမ်ိဳး တက္ႂကြရႊင္လန္းေနတာမို႔ ဇာနည့္ရင္ထဲမွာလည္း တစိမ့္စိမ့္ၾကည္ႏူးရသည္။

"ကြၽန္ေတာ့္ကို ေျပာျပပါလား။ ဘာလို႔ ကားေမာင္းဖို႔ကို အဲ့ေလာက္တက္ႂကြေနရတာလဲဆိုတာ"

ပံုရိပ္က ခဏ ေတြေဝသလို ေၾကာင္အသြားသည္။ ၿပီးမွ အားပါးတရျပံဳးျပလာသည္။ ထို႔ေနာက္ နား,နားသို႔ ကပ္လာၿပီး ခပ္တိုးတိုးေလသံျဖင့္...

"လူတစ္ေယာက္ကို ကားနဲ႔တိုက္သတ္ခ်င္လို႔"

"•••"

ဇာနည့္ရင္ထဲ ထိတ္ခနဲ။ အံ့ျသထိတ္လန္႔စြာ ျပန္ၾကည့္မိေတာ့ ပံုရိပ္က မဲ့ျပံဳးတစ္ခ်က္ ျပံဳးျပသည္။

တစ္ခုခုေျပာရန္ အားယူလိုက္စဥ္... ပံုရိပ္က ဂ႐ုမစိုက္ဘဲ လက္ထဲက CDခ်ပ္ႏွင့္စာကို ဖ်က္ခနဲဆြဲယူသြားရင္း...

"ျခံေ႐ွ႕ကေတြ႔တာမလား။ ငါအျပင္မထြက္ခင္ကတည္းက ျမင္ထားၿပီးသား"

"ဟို.."

ဇာနည္ေျပာမည့္ စကားကိုလည္း နားေထာင္မေပး။
ပံုရိပ္က အိမ္ထဲသို႔ ဝင္သြားႏွင့္ၿပီ။ ဇာနည့္ကိုေတာ့ ျပန္ပါဟူ၍လည္း ႏွင္မထုတ္ခဲ့သလို ဝင္ပါဟူ၍လည္း ဖိတ္ေခၚမသြား။ မညႇာတာပဲ ေျပာရလ်ွင္ ဇာနည့္ကို ႐ွိသည္ဟုပင္ သေဘာထားပံုမရခဲ့။

ဇာနည္သက္ျပင္းတစ္ခ်က္သာ ႐ႈိက္မိရင္း...

-

-

စာကိုေရာCDခ်ပ္ကိုပါ ပံုရိပ္က ဆက္တီစားပြဲေပၚ ခ်ထားသည္။ ဖြင့္ၾကည့္ဖို႔ စိတ္ကူး႐ွိပံုမရ။ ထိုပစၥည္းမ်ားကို စိတ္ဝင္စားေနသည့္ ဇာနည္ကေတာ့ အသည္းတယားယား ျဖစ္ေနၿပီမို႔...

"အကို႔.. ဒါေတြ ကြၽန္ေတာ္ဖြင့္ၾကည့္လို႔ရလား"

"....."

ပံုရိပ္က ဘာမွျပန္မေျပာဘဲ သူ႔ဖုန္းသူသာ ဆက္ၾကည့္ေနတာမို႔...

စာကိုအရင္ဖြင့္ဖတ္ၾကည့္သည္။

!!!

ေရးပို႔သူက သူ႔အေမ။ လက္ေရးက မာမားလက္ေရးအစစ္။ ေရးထားသည့္ အေၾကာင္းအရာက တျခားေတာ့မဟုတ္။

"မင္းအ႐ွက္မကြဲခ်င္ရင္ ငါ့သားကို
ျမႇဴစြယ္သိမ္းသြင္းေနတာေတြကို ရပ္တန္းကရပ္ပါ။ ဘာမွမသိနားမလည္ေသးတဲ့ကေလးကို​ ​ေအာက္တန္းက်က်နည္းေတြသံုးၿပီး မဖ်က္ဆီးပါနဲ႔"

ဇာနည့္ရင္ထဲ ဟာခနဲ။ ဒီစာကို အကိုသာ ဖတ္မိသြားရင္...

က်စ္!
မာမားတို႔က ကေလးကလားနဲ႔ ဘာေတြေလ်ွာက္လုပ္ေနၾကတာလဲ။ စြပ္စြဲမႈတို႔က အဓိပါၸယ္တစက္မွမ႐ွိ။

ထိုစာအား ပံုရိပ္အာရံုစိုက္မလာေသးခင္ လံုးေခ်ၿပီး
ဇာနည္ ဖ်က္ဆီးပစ္လိုက္သည္။ ထို႔ေနာက္...

"အကို႔Laptop ခဏသံုးလို႔ရမလား"

ပံုရိပ္က ေခါင္းညိတ္ျပတာေၾကာင့္ laptopကိုအသာယူၿပီး ေအာက္ထပ္သို႔ ျပန္ဆင္းလာခဲ့လိုက္သည္။

-

-

screenေပၚ ေပၚလာသည့္ ျမင္ကြင္းတို႔ေၾကာင့္
ဇာနည္ အသက္႐ႈဖို႔ကိုပင္ ေမ့သြားမိသည္။

ဒါေတြက!

အသက္ေလး၊ငါးဆယ္ဝန္းက်င္လူတစ္ဦးႏွင့္ အကိုတို႔ ကိုယ္လက္ႏွီးေႏွာေနၾကသည့္ မဖြယ္မရာျမင္ကြင္းေတြ။
ဒီvdကို ပါပါးတို႔က ဘယ္ကေနဘယ္လို?

"ပိတ္ပစ္လိုက္! အဲ့ဒါႀကီးကို ပိတ္ပစ္လိုက္စမ္း!"

အေနာက္ဘက္ကေန ေဒါသတႀကီးျဖင့္ ပံုရိပ္၏ေအာ္သံကိုု ၾကားလိုက္ရတာႏွင့္ ဇာနည္ ခ်က္ခ်င္းပိတ္ပစ္လိုက္သည္။ သူကိုယ္တိုင္လည္း ဆက္ၾကည့္ႏိုင္ဖို႔ ခြန္အားတို႔မ႐ွိ။

အရမ္းေၾကာက္သည့္အရာတစ္ခုကို ေတြ႔ျမင္လိုက္ရသလို အလြန္အမင္းေျခာက္ျခားသြားပံုရသည့္ အကိုက
တစ္ဖက္သို႔မ်က္ႏွာလႊဲထားၿပီး တစ္ကိုယ္လံုးက တုန္ယင္ေနသည္။

စိုးရိမ္သြားမိ၍ ပုခံုးသားေလးကိုလႈပ္ၿပီး ေခၚၾကည့္ရန္ျပင္ေတာ့...

"အကို႔"

"မထိနဲ႔! ငါ့အသားကို လာမထိနဲ႔! မင္း..မင္းအဲ့ဒါကို ဘယ္ကေန ရလာတာလဲ။ အဲ့... အဲ့ဒါႀကီးက ပ်က္သြားၿပီ မဟုတ္ဘူးလား။ ဖ်က္မယ္ဆိုၿပီး ငါ့ကို ကတိေပးၿပီးသားေလ။ ငါ..ငါ"

ေခါင္းကိုအတင္းငံု႔ထားရင္း ဗလံုးဗေထြး ေျပာေနသည့္စကားတို႔က အစီအစဥ္မက်။ စိတ္လႈပ္႐ွားေနလြန္၍ထင္... အသက္႐ႈသံမ်ားပင္ မမွန္ေတာ့ဘဲ အကို႔ပံုစံက ကတုန္ကယင္ျဖစ္ေနသည္။

"အကို႔... အကို ဘာမွမစိုးရိမ္နဲ႔ေနာ္။ ကြၽန္ေတာ္ ထပ္မဖြင့္ေတာ့ဘူး"

"....."

"ကြၽန္ေတာ္ပိတ္လိုက္ၿပီေလ။ လံုးဝမဖြင့္ဘူး"

ဇာနည္က ထိုအေခြအား laptopထဲကထုတ္ကာ ခ်ိဳးျပလိုက္ၿပီး...

"အကို...ဒီမွာၾကည့္။ ေနာက္တစ္ခါ ဘယ္သူမွ ထပ္ဖြင့္လို႔မရေအာင္ ကြၽန္ေတာ္ခ်ိဳးပစ္လိုက္ၿပီေတြ႔လား"

ထိုအခါမွ သူ႔ဖက္သို႔ မရဲတရဲေလး ျပန္လွည့္လာသည္။ ျဖဴႏုႏုမ်က္ႏွာထက္ ခဏေလးႏွင့္ ေခြၽးစေတြသီးသြားတဲ့အထိ စိတ္လႈပ္႐ွားသြားသည့္ အကိုက ေတာ္ေတာ္ေလး ပင္ပန္းသြားၿပီ။

"ငါ.. ငါကေလ အဲ့တုန္းက.. အဲ့တုန္းကေလ"

"......"

"ငါမမွားဘူးေနာ္။ မွားတာ ငါမဟုတ္ဘူး"

"အင္းပါ"

"ငါက..."

"....."

"ငါ မွားတာမဟုတ္ဘူးေနာ္။ ငါဘာမွလည္း မသိဘူး"

႐ွက္တာေတြေရာ၊ ေၾကာက္တာေတြေရာ
မေကာင္းသည့္ ခံစားခ်က္ေတြေပါင္းစံုၿပီး ပံုရိပ္စိတ္ေတြ ​ေယာက္ယက္ခပ္လာသလို ေခါင္းေတြလည္းထူပူလာၿပီ။

ဘာလို႔လဲ?
ဘာလို႔ အဲ့videoႀကီးက အခုထိ ႐ွိေနေသးတာလဲ။
ဖ်က္မယ္ဆိုၿပီးေတာ့! အၾကာႀကီးၾကာကာမွ...!

"အေဖ့ကို ကူညီေပးပါ။ ေတာင္းပန္ပါတယ္။ မဟုတ္ရင္ အေဖ့သိကၡာေတြအကုန္လံုး ေျမာင္းထဲေရာက္သြားမွာ။ ဒါ...ဒါပထမဆံုးနဲ႔ေနာက္ဆံုးပါ။ ထပ္ၿပီး အဲ့လိုမျဖစ္ေစရဘူး။ အေဖ့ကိုကူညီေပးပါ။ ကူညီေပးပါ"

"အဟက္! ဂုဏ္သေရ႐ွိသူေဌးႀကီး ဦးၿငိမ္းခ်မ္းကေတာ့ ထင္ထားတဲ့အတိုင္း သူ႔ဂုဏ္သိကၡာကို သူ႔ေမြးစားသားေလး ထက္ တန္ဖိုးထားတာပဲ။ က်စ္စ္! ခက္တာက မင္းအေဖက မင္းကိုတင္မဟုတ္ဘူး။ သူ႔သိကၡာသူပါ မေလးစားလို႔ ဒီလိုေတြျဖစ္လာတာ"

"ကေလးကလည္း...အရမ္းမေၾကာက္ေနနဲ႔ေလကြာ။ အေတြ႔အၾကံဳ႐ွိၿပီးသားပဲကို"

"မင္းအေဖရဲ႕ ေက်းဇူးကိုဆပ္ေပးလိုက္ႏိုင္တာမလို႔ မင္းက ေပ်ာ္ေတာင္ေနရဦးမွာ။ ဟားးးဟားးးးးဟားးးးးး"

အဲ့အသံေတြကို ၾကားေနရျပန္ၿပီ။ အဲ့ဒါေတြက ၿပီးသြားၿပီမဟုတ္ဘူးလား။ မၿပီးေသးဘူးလား။
အဲ့ဒါဆို သူတို႔မျမင္ေအာင္ ဘယ္မွာပုန္းေနရမွာလဲ။ ဘယ္မွာပုန္းေနရင္ သူတို႔လိုက္မေႏွာင့္ယွက္ႏိူင္မွာလဲ။

-

-

အကို႔မ်က္ဝန္းေတြကဂနာမၿငိမ္။ ခႏၶာကိုယ္တစ္ခုလံုးက တဆက္ဆက္ တုန္ယင္ေနသည္။ ထို႔ေနာက္ နားႏွစ္ဖက္ကိုပိတ္ၿပီး ေခါင္းကိုအဆက္အျပတ္ခါသည္။  ႐ႈိက္သံမ်ားေရာေထြးလ်က္ တတြတ္တြတ္ေရရြတ္ေနသည့္ စကားမ်ားက...

"ငါ..ငါက အသံုးခ်ခံရတာပါ။ ငါမမွားဘူး။ ငါ သူ႔ကိုသတ္မိတာ မမွားဘူး။ ငါသည္းမခံႏိုင္ေတာ့လို႔။ ငါမခံစားႏိုင္ေတာ့လို႔"

"•••"

"ငါေၾကာက္တယ္။ ငါအဲ့လူေတြကို ေၾကာက္တယ္။ ငါ..ငါ"

တုန္ယင္ေန႐ွာသည့္ ကိုယ္ေလးအား ေပြ႔ဖက္ကာ ေက်ာျပင္ငယ္ေလးကို ပြတ္သပ္ေပးမိသည္။ ဘယ္လိုကိစၥေတြႏွင့္ ၾကံဳေတြ႔ခဲ့ရမွန္းမသိသည့္ အကို႔အား
ဘယ္လိုႏွစ္သိမ့္ေပးရမည္ကိုမသိ။

စိတ္ေမာစြာ သက္ျပင္းတစ္ခ်က္ခ်မိရင္း...

ဘာေတြျဖစ္ခဲ့လို႔လဲ အကိုရယ္။

----------------------

မနက္ကိုးနာရီ....

ေဒၚသီရိလာမွာမို႔ မင္းခက ေဒၚသီရိလာလ်ွင္ ဧည့္ခံဖို႔အတြက္ ျပင္ဆင္စရာ႐ွိတာမ်ားကို မနက္ေစာေစာကတည္းက ျပင္ဆင္ေနသည္။ သြန္းအုပ္ကေတာ့ အိမ္ခန္းထဲက ထြက္မလာေသး။

သူ႔တစ္သက္လံုး ေမလြန္းကို မုန္းသည့္စိတ္ႏွင့္ ႐ွင္သန္လာခဲ့တာမို႔ အခုလို ေမလြန္းႏွင့္ ​ေျပလည္ဖို႔
ႀကိဳးစားသည့္ အစီအစဥ္ႀကီးႏွင့္ စိတ္ကေနသားမက်။

အိပ္ရာထဲလူးလိုက္၊လွိမ့္လိုက္ႏွင့္ ဒီအေျခအေနကို ေခါင္းေ႐ွာင္ဖို႔ ႀကိဳးစားၾကည့္လိုက္သည္။ ေမလြန္းႏွင့္ စကားေကာင္းေကာင္း ထိုင္ေျပာႏိုင္ဖို႔ သူ႔ဘက္က အဆင္သင့္မျဖစ္ေသး။

တီ....

ျခံေ႐ွ႕၌ကားရပ္သံကို ၾကားလိုက္ရသည္ႏွင့္ မရည္ရြယ္ဘဲ ေစာင္ေခါင္းၿမီးျခံဳၿပီးလ်က္သား ျဖစ္သြားသည္။ ထို႔ေနာက္ မင္းခ၏ခရီးဦးႀကိဳျပဳသံ၊ အျပန္အလွန္ႏႈတ္ဆက္သံတို႔ကို နားထဲမွာ ပြစိပြစိၾကားလာရသည္။

သိပ္မၾကာ။ အိပ္ခန္းထဲသို႔ မင္းခကဝင္လာၿပီး...

"ကိုကို"

"ဘာလဲ"

"ေဒၚေလးေရာက္ေနၿပီေလ"

"အဲ့ေတာ့ ငါကဘာထလုပ္ရမွာလဲ"

မင္းခက သက္ျပင္းတစ္ခ်က္ခ်ရင္း....

"မဆိုးနဲ႔ေလဗ်ာ။ ကိုကိုပဲ ေတြ႔မယ္လို႔ေျပာထားၿပီးေတာ့"

သြန္းအုပ္က ေစာင္ျခံဳထဲကေန ျဗဳန္းဒိုင္းထြက္လာၿပီး ထံုးစံမပ်က္ မႈန္ကုပ္ကုပ္မ်က္ႏွာေပးျဖင့္...

"ငါ့ကိုအျပစ္တင္ေနတာလား"

"မဟုတ္ပါဘူး"

"ဆူခ်င္ေနတယ္ေပါ့"

"ဟာဗ်ာ..မဟုတ္တာေတြ"

"ငါ့ဘာသာငါ ထြက္ေတြ႔ခ်င္ေတြ႔မယ္။ မေတြ႔ခ်င္မေတြ႔ဘူး။ ဘာလဲ။ မင္းက ဆရာႀကီးလား အ့"

!!

ဂ်စ္တိုက္ၿပီးရစ္ေနသည့္ သြန္းအုပ္၏ ႏႈတ္ခမ္းစြာစြာေလးအား မင္းခက ဖိကိုက္ပစ္လိုက္ေတာ့ လူဆိုးႀကီး သြန္းအုပ္ခမ်ာက မ်က္ႏွာတစ္ခုလံုးရဲလ်က္ မနက္ေစာေစာစီးစီး ႐ွက္သြားရသည္။

"မွတ္ထား.. ေနာက္တစ္ခါဆို ကိုကိုဆုိးတိုင္း အဲ့လိုမ်ိဳး ႏႈတ္ခမ္းေပါက္ေအာင္ အျပစ္ေပးပစ္မွာ"

"ေ-ာက္ကေလးး လူပါးအရမ္းဝတာပဲ"

-

-

"သြန္းေလး"

"....."

"သြန္းေလးကို ေမလြန္း အရမ္းသတိရေနခဲ့တာ"

"....."

သြန္းအုပ္ဘက္က တန္ျပန္ႏႈတ္ဆက္ျခင္းမျပဳ။
ႏႈတ္ခမ္းတို႔ကို တင္းတင္းေစ့ပိတ္လ်က္ အၾကည့္တို႔ကို တစ္ေနရာဆီသို႔ လႊဲထားသည္။

ေဒၚသီရိ ရင္ထဲနင့္ခနဲ။
သူမခ်စ္ရသည့္ တူေလးႏွစ္ေယာက္စလံုးက သူမကို ပံုစံတစ္ေယာက္တစ္မ်ိဳးဆီျဖင့္ ျငင္းဆန္ေနၾကသည္။ သားေလးကလည္း သားေလးမို႔တစ္မ်ိဳး/ သြန္းေလးကလည္း သြန္းေလး၏ပံုစံႏွင့္တစ္မ်ိဳး။

"အဲ့ဒီ လူယုတ္မာေက်ာ္ဦးကို အလုပ္ေပးခဲ့တာ ေမလြန္းမွားသြားတယ္"

"....."

"ေမလြန္း ေတာင္းပန္ပါတယ္ သြန္းေလးရယ္"

"....."

"သြန္းေလး"

"....."

"ေမလြန္းကို တစ္ခ်က္ေလးၾကည့္ေပးပါဦးလား"

ထိန္းထားသည့္ၾကားက မ်က္ရည္တို႔က
က်ဖို႔ဟန္ျပင္သည္။ ေန႔တိုင္းေန႔တိုင္း တရားေတြထိုင္/ ပုတီးေတြစိပ္ေနေသာ္လည္း သူမမွာ တရားမ႐ွိေသး။ ပုထုစဥ္မို႔ သံေယာဇဥ္ေလးမ်ားႏွင့္ ျပန္ဆံုလိုက္တိုင္း တြယ္ၿငိသြားစျမဲ၊ ပူေလာင္လာစျမဲပင္။

မင္းခ,ခမ်ာလည္း ၾကားထဲက ဘာလုပ္လို႔ဘာကိုင္ေပးရမည္မသိ။ သြန္းအုပ္၏ေဘးနား ဝင္ထိုင္၍ ခပ္တိုးတိုးျဖင့္..

"ကိုကို႔.. ေဒၚေလးကို တစ္ခုခုျပန္ေျပာလိုက္ဦးေလ"

"....."

သြန္းအုပ္က မင္းခအား မ်က္လံုးတစ္ခ်က္ ေစြၾကည့္လိုက္သည္။ ၿပီးမွ စိတ္မ႐ွည္စြာျဖင့္...

"ေျပာစရာ႐ွိတာ ေမလြန္းမဟုတ္ဘူးလား။ ေျပာဖို႔႐ွိတာ ေျပာေလ။ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္ေနဖို႔မွ မလိုတာ"

"အဲ့ေလာက္ေတာင္ပဲလား သြန္းေလးရယ္"

ေဒၚသီရိ ခပ္တိုးတိုး ေရရြတ္ရင္း ႀကိတ္ငိုမိသည္။
သူမ အသံုးမက်တိုင္း ကေလးေတြမွာ အနာတရကိုယ္စီ...

"ေမလြန္းေျပာစရာမ႐ွိရင္ ျပန္ေတာ့ေလ။ ကြၽန္ေတာ္ေရာ မင္းခေရာ အျပင္သြားစရာေတြ႐ွိတယ္"

"သြန္းေလး"

"....."

သြန္းအုပ္ကေျပာၿပီးၿပီးခ်င္း ထရပ္ရန္ျပင္ေတာ့ ေဒၚသီရိက တားလိုက္သည္။

သြန္းေလး၏အမုန္းကိုခံၿပီး အျမဲတမ္း ဖံုးကြယ္ေပးထားသည့္ အေၾကာင္းအရာတစ္ခုကို ဖြင့္ေျပာရန္ျပင္လိုက္သည္။ သူမ ခ်စ္ရသည့္ ကေလးေတြက သူမကိုဝိုင္းၿပီး မုန္းေနၾကတာကို ဆက္ၿပီး မခံစားႏိုင္ေတာ့တာမို႔...

"အဲ့တုန္းက မင္းကိုထားခဲ့တာ ေမလြန္းမဟုတ္ဘူး"

အဟက္!

"ဟုတ္တယ္ေလ.. ေမလြန္းမဟုတ္ဘဲ ဒ႐ိုင္ဘာက ေငြလိုခ်င္လို႔ ျပန္ေပးဆြဲရံုပဲကို"

"သြန္းေလး~"

သြန္းအုပ္က မဲ့ျပံဳးတစ္ခ်က္ျပံဳးရင္း ထြက္သြားရန္ ထပ္ျပင္လိုက္ေတာ့...

"ျမသားလုပ္ခဲ့တာ"

!!!!

"အိပ္ေပ်ာ္ေနတဲ့မင္းကို ျမသားက ေခၚသြားခဲ့တာ။
ေမလြန္း.. ေမလြန္း​ေလ အဲ့ဒီတုန္းက သူ႔ကိုေတာ္ေတာ္ေလး အျပစ္တင္ခဲ့တာပါ။ သူလည္း ​ေမလြန္းကို...."

"....."

"ေမလြန္းနဲ႔ အတူေနခ်င္တဲ့စိတ္တစ္ခုေၾကာင့္နဲ႔ လုပ္မိလုပ္ရာ လုပ္ခဲ့မိရံုပါ။ သူကိုယ့္သူလည္း မွားမွန္းသိၿပီး အဲ့ေန႔ညက တစ္ညလံုးငိုေနခဲ့တာ"

"....."

"ဒါ​ေပမယ့္ ​ေမလြန္းအျပစ္​ေပးခဲ့တာပဲ​ေလ။ သြန္းေလးလည္း သိတယ္မလား။ အဲ့ေနာက္ပိုင္းကစၿပီး ေမလြန္း ျမသားတို႔ကို လံုးဝအေတြ႔မခံေတာ့ဘဲ ေ႐ွာင္လိုက္တာက​ို​ေလ"

"....."

"ေမလြန္းကို နားလည္ေပးပါ သြန္းေလးရယ္။ အဲ့လိုလုပ္ခဲ့တဲ့ သူက ျမသားဆိုတာကိုသာ သိသြားၾကရင္​ေလ ျမသားေရာ၊ ေနာက္ၿပီး ေမြးခါစပဲ႐ွိေသးတဲ့ သားေလးပါ
ဒုကၡ​ေရာက္သြားမွာကို ေမလြန္းစိုးရိမ္လို႔ ဒ႐ိုင္ဘာကိုပိုက္ဆံေပးၿပီး အျပစ္ဝန္ခံခိုင္းလိုက္မိတာ"

"....."

"ေမလြန္းေတာင္းပန္ပါတယ္။ ေမလြန္း..."

"ရၿပီ ေမလြန္း။ ကြၽန္ေတာ္ အားလံုးကို နားလည္သြားၿပီမလို႔ ေမလြန္းျပန္လို႔ရၿပီ"

!

သြန္းအုပ္က အထူးတလည္ စိတ္လႈပ္႐ွားသြားျခင္းမ႐ွိဘဲ ေအးစက္စက္ေျပာလိုက္တာမို႔ မင္းခေရာ ေဒၚသီရိပါ အံ့အားသင့္သြားရသည္။

"မထူးဆန္းေတာ့ပါဘူး။ အဲ့လိုအေမမ်ိဳးကေမြးလာေတာ့လဲ အဲ့လိုသားပဲ ျဖစ္လာတာေပါ့"

"•••"

အဟက္!
ေမလြန္းရဲ႕သားေလးက သူ႔အေမထက္ေတာင္ ပိုၿပီးယုတ္မာရက္စက္တာကို ေမလြန္းသိသြားမယ့္ အခ်ိန္က်ရင္ ကြၽန္ေတာ့္ကို ​ေတာင္းပန္စရာစကားလံုးေတာင္ ႐ွာေတြ႔မွာမဟုတ္ေတာ့ဘူး။

-----------------------tbc

9.June.22

[Unicode]

"သားအစ်ကို အခုဖြစ်နေတဲ့ အခြေအနေမျိုးက ယေဘုယျအားဖြင့်တော့ စိတ်ကစဉ့်ကလျားရောဂါလို့ သတ်မှတ်လို့ရတယ်။ ဖွားလေးတို့ အခေါ်တော့ စကီဇိုဖရန်းနီးယား(Schizophrenia)ပေါ့။ စိတ်ကစဉ့်ကလျားဖြစ်တာ... အပြင်မှာ တကယ်မရှိတဲ့ အသံတွေကိုကြားနေရတာ၊ မရှိတာတွေကို အရှိလို့ ခံစားနေရတတ်တာ၊ နောက်ပြီး အစိုးရိမ်လွန်ပြီး ကြောက်လန့်နေတတ်တာမျိုးက စကီဇိုဖရန်းနီးယားရဲ့ လက္ခဏာတွေလေ။ တခြားလက္ခဏာတွေလည်း အများကြီး ရှိသေးတယ်။ ဒါတွေက လူနာတစ်ယောက်နဲ့
တစ်ယောက်တော့ မတူကြဘူးပေါ့။ တချို့လူနာတွေမှာဆိုရင် လူတစ်ကိုယ်ထဲနဲ့ စိတ်နှစ်မျိုး/သုံးမျိုးဖြစ်နေတာမျိုးတောင် ရှိတတ်တယ်"

"....."

"ဒီရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အများကြီးပဲ။
ဦးနှောက်ရဲ့ တချို့အစိတ်အပိုင်းတွေ ချို့ယွင်းမှုကြောင့်လည်း ဖြစ်နိုင်တယ်။ Neurotransmittersဆိုတဲ့ ဦးနှောက်လုပ်ငန်းတွေမှာ အရေးကြီးတဲ့ အာရုံကြောဓာတ်ကူးပစ္စည်းတွေ မူမမှန်တာကြောင့်လည်း ဖြစ်တတ်တယ်။ နောက်ပြီး မျိုးရိုးလိုက်တာကြောင့်လည်း ဒီလိုစိတ်ရောဂါက ဖြစ်လေ့ရှိတယ်။ အတွေ့ရများတဲ့ အကြောင်းရင်းကတော့ ကလေးဘဝကတည်းက စိတ်ဒဏ်ရာများခဲ့တာတွေကြောင့်ပေါ့"

စွမ်းထက်၏ဖွားလေးဖြစ်သည့် စိတ်ရောဂါအထူးကု ဆရာဝန်မကြီးပြောသမျှကို သေသေချာချာ နားထောင်ရင်း စွမ်းထက် သက်ပြင်းမောများကိုသာ ရှိုက်မိနေသည်။ ဇာနည့်မျက်နှာကတော့ ပြိုတော့မည့်မိုးနှယ်။

အကို့အပြုအမူတချို့က ပုံမှန်မဟုတ်တာမို့
ဆရာရော.. သူပါ အကို့စိတ်အခြေအနေကို အရင်ကတည်းက သံသယရှိခဲ့ဖူးသည်။ သို့သော်လည်း အခုလိုမျိုး သေချာမှန်ကန်နေသည့် အတည်ပြုချက်တစ်ခုကို နားနဲ့ဆက်ဆက်ကြားလိုက်ရသောအခါ၌ သူ့နှလုံးသားက ခံနိုင်ရည်မရှိ။

"ရောဂါပြင်းထန်လာတဲ့ အခြေအနေမျိုးကျရင်တော့ suicideဖို့ ကြိုးစားတာမျိုး၊ နောက်ပြီး ဘေးလူတွေကို အန္တရာယ်ပြုဖို့ တွေးမိလာတာမျိုးတွေထိ ဖြစ်တတ်တော့ အချိန်မလွန်ခင်မှာ ကုသမှုခံယူလိုက်ရင်တော့ အကောင်းဆုံးပေါ့"

ချုပ်တည်းထားသည့်ကြားက မျက်ရည်တစ်စက်က ပေါက်ခနဲကျမိသွားတော့ ဆရာဝန်မကြီးက အားပေးပြုံးတစ်ခု ပြုံးပြလာရင်း...

"အရမ်းတော့ စိတ်ပူမသွားပါနဲ့။ သားအစ်ကိုရဲ့ အခြေအနေကိုသိပြီဆိုတော့ အခုကစပြီး လိုအပ်တဲ့ကုထုံးနဲ့
ဆေးဝါးကုသမှုတွေ ပေးလိုက်မယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ။ နောက်ပြီး ဒီလိုလူနာမျိုးတွေအတွက် အဓိကလိုတာက ဘေးပတ်ဝန်းကျင်နဲ့ မိသားစုရဲ့ နွေးထွေးမှုဆိုတော့ သားတို့ကသာ ဘေးကနေ
သေချာလေးဂရုစိုက်ကြင်နာပေးမယ်ဆိုရင် ကုသရလွယ်မှာ"

"ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ် ဖွားလေး။ အကို့ကို အမြန်ဆုံးနေကောင်းအောင် ကူညီပေးပါနော်။ တကယ် အားကိုးပါတယ်"

ဇာနည့်ကိုကြည့်ရင်း စွမ်းထက် သက်ပြင်းတချချ။ အကိုပုံရိပ်အတွက်နှင့် သူ့သူငယ်ချင်းက အများကြီး ပြောင်းလဲသွားရပြီ။ အရင်ကလို သွက်သွက်လက်လက်နှင့် ပျော်ပျော်နေတတ်သည့် ပုံစံမျိုးမရှိတော့။ သူ့တစ်နေ့တာအချိန်တွေကို ရန်ပွဲတွေအစား စိုးရိမ်ပူပန်မှုတွေနဲ့သာ လည်ပတ်နေတာကြာပြီ။

အချစ်ဆုံးသူငယ်ချင်းမို့ သူကူညီနိုင်သည့် ကိစ္စမျိုးဆိုလျှင် အစွမ်းကုန် ကူညီပေးမှာဖြစ်သော်လည်း အခုကတော့
ဘာမှမတတ်နိုင်။ အရာအားလုံးအဆင်ပြေသွားဖို့ကို ဆုတောင်းပေးနေရုံကလွဲ တခြားနည်းလမ်းများလည်း မစဉ်းစားတတ်တော့တာမို့။

-

-

အိမ်အပြန်လမ်း၌ သူငယ်ချင်းနှစ်ယောက်သား အတွေးကိုယ်စီ။ အရင်ကဆိုလျှင် နှစ်ယောက်အတူ တစ်နေရာရာသို့သွားတိုင်း ထိုလမ်းတစ်လျှောက်က ဆဲသံဆူသံများဖြင့် ဆူညံနေကျ။ အခုတော့
တိတ်ဆိတ်လို့နေသည်။ ခပ်တိုးတိုး စကားသံများပင်မရှိ။

လမ်းတစ်ဝက်လောက်ရောက်မှ စွမ်းထက်က...

"မင်းအိမ်က မင်းကို S'poreမှာ ကျောင်းသွားတတ်ခိုင်းမလို့ဆို"

"အင်း.. ဒါပေမယ့် ငါကတော့မသွားဘူး"

စွမ်းထက်က သက်ပြင်းဖွဖွချရင်း...

"အစ်ကိုပုံရိပ်ကြောင့်ပဲမလား"

"ငါ အကို့ကို စိတ်မချဘူး။ မခွဲနိုင်တာမဟုတ်ဘဲ တစ်ယောက်တည်း လွှတ်မထားရက်တာ"

"ဦးလေးတို့က လုံးဝလက်ခံမှာမဟုတ်ဘူးလေ။ ဘယ်သူကမှလည်း ယောကျ်ားလေးနှစ်ယောက်ကို ကြည်ဖြူပေးမှာမဟုတ်ဘူး"

"ငါသိတယ်။ ဒါပေမယ့် ပါပါးတို့ဆန္ဒကို မလိုက်လျောနိုင်ဘူး။
လောလောဆယ် ငါ့အတွက် အရေးကြီးဆုံးအလုပ်က အကို့ကို စောင့်ရှောက်ပေးဖို့ပဲ"

"ဇာနည်"

"အွန်းး"

စွမ်းထက်က စကားမပြောခင် သက်ပြင်းတစ်ချက် ရှိုက်လိုက်ရင်း...

"မင်းကသာ အရူးလိုဖြစ်နေတာ။ ဟိုက မင်းကိုရော ချစ်လို့လား"

"အကိုကငါ့ကို မချစ်ပေမယ့် ငါက အကို့ကိုချစ်တယ်လေ။ ပြီးပြီပေါ့။ တခြားဘာလိုသေးလို့လဲ"

"......"

စွမ်းထက် အံ့သြစွာဖြင့် ဇာနည့်အားကြည့်မိသည်။ ဇာနည့်မျက်နှာက လေးနက်နေသည်။ ပုံရိပ်၏ စိတ်ကိုလည်း အကုန်သိနေပြီးသားမှန်းသိသာသည်။ ဇာနည့်မျက်ဝန်းတို့က ဆွေးမြေ့ရီဝေနေ၏။

သူငယ်ချင်း နှစ်ယောက်သားကြား စကားသံတို့က ခေတ္တတိတ်ဆိတ်သွားသည်။ ခဏကြာမှ....

"မင်း သူ့ကို တကယ်ကြီးချစ်မိသွားတာပဲ"

စွမ်းထက် လေးလေးနက်နက်ပြောတော့ ဇာနည် ခပ်ဖျော့ဖျော့သာပြုံးမိသည်။

ချစ်တာပေါ့...
အကို့ကို ငါ့ကိုယ်ငါထက်တောင် ပိုချစ်မိသွားခဲ့တာ။

--------------------

မနက်ဖြန်တွေမှာ အသက်ဆက်ရှင်ဖို့
အကို့ကိုချစ်တဲ့စိတ်နဲ့ အားယူဖြစ်တယ်။
အကို ချစ်တဲ့သူကတော့ ကျွန်တော်မဟုတ်ပေမယ့်...

ခံစားရလွန်းလို့ ကျွန်တော့်နှလုံးသားလေး နာကျင်လာတိုင်းမှာ
ကျွန်တော့်အတွက်ဖြေဆေးက အကို့စကားသံတွေပါပဲ။
ဖုန်းrecoderထဲက အကို့အသံလေးက
ဘယ်အချိန်ပဲဖြစ်ဖြစ် ရွှင်မြူးလို့နေတော့
နားထောင်လိုက်တိုင်းမှာ
ကျွန်တော်ပြုံးမိစေဖို့ ကူညီပေးတယ်။
ကျွန်တော့်ကို ပြောခဲ့တဲ့ စကားတွေမဟုတ်ပေမယ့်...

ကျွန်တော့်ကို ပြုံးပြတာမဟုတ်လည်း
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်
အကို အမြဲတမ်းပျော်နေတာကို မြင်ခွင့်ရချင်တာက
ကျွန်တော့်လောဘပါပဲ။

ဒါတွေကို ခေါင်းစဉ်တပ်လိုက်တော့
မျှော်လင့်ချက်မဲ့တဲ့ ချစ်ခြင်းတွေပေါ့ အကိုရယ်...

ရင်နာစရာပါပဲ
အကို့ကိုချစ်တဲ့စိတ်နဲ့ ကျွန်တော်....

ကျူးလစ်ဝါတစ်ခင်းကို ပျိုးထားမိခဲ့ပါတယ်။

----------------------

"ကိုကို"

"....."

လက်ထဲကကင်မရာကိုသာ အာရုံစိုက်ပြီး ရှယ်သနေသည့် သွန်းအုပ်အား မင်းခဘက်က အခေါ်ရှိလာသော်လည်း သွန်းအုပ်ကတော့ အဖက်လုပ်ပြီးပြန်မထူး။
သူလုပ်စရာရှိတာကိုသာ စိတ်နှစ်၍လုပ်နေသည်။

"ကိုကို့"

"....."

"ကိုကိုလို့.."

"ကျစ်! ဘာလဲကွာ"

သွန်းအုပ်က ပြီးပြီးရော ပြန်ထူးတော့ မင်းခက
မျက်နှာလေး ငယ်သွားရင်း...

"တောင်းပန်ပါတယ်"

သွန်းအုပ်ခမျာ ကြောင်အအ။

နေပါဦး။ အကောင်းကြီးကနေ ဘာထဖြစ်ရပြန်ပြီလဲ။

"ဘာတွေကို လာတောင်းပန်နေရပြန်တာလဲ"

"ကျွန်တော် ခဏခဏခေါ်နေလို့ ကျွန်တော့်ကို စိတ်ဆိုးသွားတယ် မဟုတ်ဘူးလား။ ခုနက
ကိုကိုပြန်ထူးတာ စိတ်မရှည်တဲ့လေသံကြီးနဲ့လေ"

"•••"

ခံစားချက်တွေနုရွနေသည့် မင်းခကို သွန်းအုပ်
ဖြေရှင်းမနေတော့။ စိတ်ပျက်လက်ပျက်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ကိုယ်လုပ်စရာရှိသည့်ကိစ္စကိုသာ ဆက်လုပ်နေလိုက်သည်။

မင်းခက မှိုင်သွားသည်။ ဘာမှလည်း ဆက်မပြောရဲတော့ဘဲ
စားပွဲပေါ်မေးထောက်၍သာ သွန်းအုပ်၏ မှုန်ကုပ်ကုပ်မျက်နှာကို ထိုင်ပြီးရှုစားနေသည်။

အသံတိတ်ပြီး ငြိမ်ကျသွားသည့် မင်းခအား အရေးမစိုက်သလို လျစ်လျူရှုထားသော်လည်း ခဏကြာတော့ သွန်းအုပ် မနေနိုင်ပြန်။

ကိုအေးထွန်းနှင့်တွေ့လာပြီး အရင်ကကိစ္စများကို
သိထားတာ မကြာသေးတာမို့ အခုထိ မင်းခ၏စိတ်က သိပ်မလန်းနိုင်သေးတာကိုသိသည်။ အလိုလိုမှ ကိုယ့်မြင်တိုင်းအားနာပြီး တောင်းပန်နေတတ်တာမို့ အခုလိုမျိုး ပစ်ထားလိုက်လျှင် ပိုပြီးဝမ်းနည်းနေမှာကို စိုးရပြန်သည်။

လက်ထဲက ကင်မရာကိုချလိုက်ရင်း....

"ခုနက ဘာပြောမလို့ ခေါ်နေတာလဲ"

"ဟို.."

သွန်းအုပ်မေးတာကို ပြန်ဖြေဖို့အရေး မင်းခက
ပြောရခက်နေသေးသည်။ ပြောစရာရှိသည့်စကားကို မပြောဘဲ သက်ပြင်းချလိုက်၊ ပြန်စဉ်းစားလိုက် လုပ်နေတာမို့...

"ပြောစရာမရှိလည်း နေတော့။ ငါအပြင်ကို သွားဖို့ရှိတယ်"

"ဒေါ်လေးသီရိ ရောက်နေတယ်"

"ဘာ!!"

"ဒေါ်လေးသီရိ ကလောကို ရောက်နေတယ်လို့ပြောတာ။ ကိုကို့ကိုလည်း အရမ်းတွေ့ချင်နေတယ်"

"ငါကတော့ မတွေ့ချင်ဘူး"

မင်းခက သက်ပြင်းတစ်ချက်ချရင်း...

"ဒေါ်လေး နေမကောင်းဘူး ကိုကို။ နောက်ပြီး
ဦးကျော်ဦးက သူ့ကိုမကျေနပ်လို့ လက်စားချေချင်တာနဲ့ပဲ ကိုကိုက ကြားထဲက ဒုက္ခရောက်ရတယ်ဆိုပြီး သူ့ကိုယ်သူ အပြစ်တွေတင်နေတာ"

"....."

"ကိုကို"

သွန်းအုပ်က ပြန်မထူး။ မကြားချင်သလို တစ်ဖက်သို့ မျက်နှာလွှဲထားသည်။

"ဒေါ်လေး ရှင်းပြချင်နေတဲ့ အရာလေးတွေကို နားထောင်ပေးလိုက်ပါလား။ နားလည်မှုလွဲပြီး မုန်းနေရတာ ပင်ပန်းတယ်လေ။ တစ်ခါလောက်ပဲ ဒေါ်လေးပြောတာလေးကို နားထောင်ပေးကြည့်ပါလား"

"....."

"ကိုကို့ကို ကျွန်တော့်လိုမျိုး နောင်တတွေမရစေချင်ဘူး"

အဆုံးသတ်၌ တိမ်ဝင်သွားသည့် မင်းခ၏စကားကြောင့် သွန်းအုပ်တွေဝေသွားရသည်။

မင်းခလည်း သူ့အပေါ် နားလည်မှုတွေလွဲခဲ့ဖူးတာပဲမလား။
နောက်ပြီး မင်းခတုန်းကလည်း သူ့ရှင်းပြချက်တွေကို နားမထောင်ခဲ့။ ဘာအမှားမှမရှိဘဲ အထင်လွဲခံနေရသည့် ခံစားချက်ကို သွန်းအုပ် ကောင်းကောင်းနားလည်သည်။

မေလွန်းကို မုန်းပေမယ့်လည်း တစ်ခါလောက်တော့ မေလွန်းရဲ့ ဖြေရှင်းချက်တွေကို နားထောင်ပေးသင့်သည်လို့ တွေးမိလာသည်။ နောက်ပြီး သူ့မှာလည်း
မေလွန်းကိုမေးချင်သည့် မေးခွန်းတွေ တစ်ခုမကရှိနေသည်။

ဘာလို့ အဲ့လိုလုပ်ခဲ့ရတာလဲ။
ဘယ်လိုစိတ်မျိုးနဲ့ လုပ်ရက်ခဲ့တာလဲ။
ဘာကြောင့်များ.......?

-

"ကောင်းပြီလေ.. မင်းလည်း တိုက်တွန်းနေမှတော့ တွေ့မယ်လို့ပြောလိုက်ပေါ့"

------------------

ကားရပ်ပြီး ခြံတံခါးက လူခေါ်ဘဲလ်ကိုနှိပ်ဖို့ လက်ရွယ်လိုက်တာနှင့် မြင်လိုက်ရတာက ခြံတံခါးမှာ တစ်စုံတစ်ယောက် လာချိတ်ထားသည့် စာတစ်စောင်နှင့် CDတစ်ချပ်။

ဇာနည် မျက်မှောင်ကျုံ့မိသည်။ အကို့ဆီ ဒီလိုပစ္စည်းနှစ်ခုကို ဘယ်သူကများ ပို့လိုက်လေသလဲမသိ? စိတ်ထဲ ထင့်သွားတာမို့ ခြံတံခါးကနေဖြုတ်ယူပြီး ဖောက်ဖတ်ကြည့်ရန် ပြင်လိုက်စဉ်မှာပဲ ထမင်းချက်အဒေါ်ကြီးက ထွက်လာပြီး တံခါးဖွင့်ပေးသည်။

ခြံထဲဝင်လာတော့ ဒရိုင်ဘာဦးလေးကြီးကိုလည်း မတွေ့။
အကို အပြင်ကိုများ သွားနေသလား။ ဘယ်သွားနေလဲမသိ။

တွေးနေရုံရှိသေး။ ခြံထဲသို့ ပုံရိပ်တို့ကားက ဝင်လာသည်။ ကားကအိမ်ရှေ့ထိုးရပ်လိုက်သည်နှင့် ဇာနည်
အံ့အားသင့်ရတော့သည်။ ဇာနည် အံ့သြလျှင်လည်း အံ့သြလောက်စရာ.. ကားမောင်းလာသည့်သူက မောင်းနေကျ ဒရိုင်ဘာဦးလေးကြီးမဟုတ်ဘဲ ပုံရိပ်ကိုယ်တိုင် ဖြစ်နေသည်။

ပုံရိပ်က ကားပေါ်ကနေ ဆင်းလာပြီး ဇာနည့်ကိုမြင်သည်နှင့် မျက်ခုံးတစ်ဖက် ပင့်ပြလိုက်ရင်း...

"ဘယ်လိုလဲ။ ငါတော်တယ်မလား"

"တော်တယ်..တကယ်တော်တာ။ အကိုက ဘယ်တုန်းက
ကားမောင်းသင်လိုက်တာလဲ"

"တစ်ပတ်"

"ဟင်?"

"တစ်ပတ်ရှိပြီ။ နောက်လေးငါးရက်လောက်
ဆက်ပြီးလေ့ကျင့်လိုက်ရင် ငါသေချာမောင်းလို့ရပြီ"

ဇာနည် သဘောကျစွာ ရယ်လိုက်သည်။

ဆရာ့အတွက်မဟုတ်သည့် အခြားတစ်ခုခုအား အားကြိုးမာန်တက်ဖြင့် ကြိုးစားပြီးလုပ်နေတာကို မြင်ရတာ ဒါကပထမဆုံး။ ထို့ပြင် အကို့ပုံစံက လိုချင်တာရထားသည့် ကလေးလေးတစ်ယောက်လိုမျိုး တက်ကြွရွှင်လန်းနေတာမို့ ဇာနည့်ရင်ထဲမှာလည်း တစိမ့်စိမ့်ကြည်နူးရသည်။

"ကျွန်တော့်ကို ပြောပြပါလား။ ဘာလို့ ကားမောင်းဖို့ကို အဲ့လောက်တက်ကြွနေရတာလဲဆိုတာ"

ပုံရိပ်က ခဏ တွေဝေသလို ကြောင်အသွားသည်။ ပြီးမှ အားပါးတရပြုံးပြလာသည်။ ထို့နောက် နား,နားသို့ ကပ်လာပြီး ခပ်တိုးတိုးလေသံဖြင့်...

"လူတစ်ယောက်ကို ကားနဲ့တိုက်သတ်ချင်လို့"

"•••"

ဇာနည့်ရင်ထဲ ထိတ်ခနဲ။ အံ့သြထိတ်လန့်စွာ ပြန်ကြည့်မိတော့ ပုံရိပ်က မဲ့ပြုံးတစ်ချက် ပြုံးပြသည်။

တစ်ခုခုပြောရန် အားယူလိုက်စဉ်... ပုံရိပ်က ဂရုမစိုက်ဘဲ လက်ထဲက CDချပ်နှင့်စာကို ဖျက်ခနဲဆွဲယူသွားရင်း...

"ခြံရှေ့ကတွေ့တာမလား။ ငါအပြင်မထွက်ခင်ကတည်းက မြင်ထားပြီးသား"

"ဟို.."

ဇာနည်ပြောမည့် စကားကိုလည်း နားထောင်မပေး။
ပုံရိပ်က အိမ်ထဲသို့ ဝင်သွားနှင့်ပြီ။ ဇာနည့်ကိုတော့ ပြန်ပါဟူ၍လည်း နှင်မထုတ်ခဲ့သလို ဝင်ပါဟူ၍လည်း ဖိတ်ခေါ်မသွား။ မညှာတာပဲ ပြောရလျှင် ဇာနည့်ကို ရှိသည်ဟုပင် သဘောထားပုံမရခဲ့။

ဇာနည်သက်ပြင်းတစ်ချက်သာ ရှိုက်မိရင်း...

-

-

စာကိုရောCDချပ်ကိုပါ ပုံရိပ်က ဆက်တီစားပွဲပေါ် ချထားသည်။ ဖွင့်ကြည့်ဖို့ စိတ်ကူးရှိပုံမရ။ ထိုပစ္စည်းများကို စိတ်ဝင်စားနေသည့် ဇာနည်ကတော့ အသည်းတယားယား ဖြစ်နေပြီမို့...

"အကို့.. ဒါတွေ ကျွန်တော်ဖွင့်ကြည့်လို့ရလား"

"....."

ပုံရိပ်က ဘာမှပြန်မပြောဘဲ သူ့ဖုန်းသူသာ ဆက်ကြည့်နေတာမို့...

စာကိုအရင်ဖွင့်ဖတ်ကြည့်သည်။

!!!

ရေးပို့သူက သူ့အမေ။ လက်ရေးက မာမားလက်ရေးအစစ်။ ရေးထားသည့် အကြောင်းအရာက တခြားတော့မဟုတ်။

"မင်းအရှက်မကွဲချင်ရင် ငါ့သားကို
မြှူစွယ်သိမ်းသွင်းနေတာတွေကို ရပ်တန်းကရပ်ပါ။ ဘာမှမသိနားမလည်သေးတဲ့ကလေးကို အောက်တန်းကျကျနည်းတွေသုံးပြီး မဖျက်ဆီးပါနဲ့"

ဇာနည့်ရင်ထဲ ဟာခနဲ။ ဒီစာကို အကိုသာ ဖတ်မိသွားရင်...

ကျစ်!
မာမားတို့က ကလေးကလားနဲ့ ဘာတွေလျှောက်လုပ်နေကြတာလဲ။ စွပ်စွဲမှုတို့က အဓိပါ္ပယ်တစက်မှမရှိ။

ထိုစာအား ပုံရိပ်အာရုံစိုက်မလာသေးခင် လုံးချေပြီး
ဇာနည် ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက်...

"အကို့Laptop ခဏသုံးလို့ရမလား"

ပုံရိပ်က ခေါင်းညိတ်ပြတာကြောင့် laptopကိုအသာယူပြီး အောက်ထပ်သို့ ပြန်ဆင်းလာခဲ့လိုက်သည်။

-

-

screenပေါ် ပေါ်လာသည့် မြင်ကွင်းတို့ကြောင့်
ဇာနည် အသက်ရှုဖို့ကိုပင် မေ့သွားမိသည်။

ဒါတွေက!

အသက်လေး၊ငါးဆယ်ဝန်းကျင်လူတစ်ဦးနှင့် အကိုတို့ ကိုယ်လက်နှီးနှောနေကြသည့် မဖွယ်မရာမြင်ကွင်းတွေ။
ဒီvdကို ပါပါးတို့က ဘယ်ကနေဘယ်လို?

"ပိတ်ပစ်လိုက်! အဲ့ဒါကြီးကို ပိတ်ပစ်လိုက်စမ်း!"

အနောက်ဘက်ကနေ ဒေါသတကြီးဖြင့် ပုံရိပ်၏အော်သံကို ကြားလိုက်ရတာနှင့် ဇာနည် ချက်ချင်းပိတ်ပစ်လိုက်သည်။ သူကိုယ်တိုင်လည်း ဆက်ကြည့်နိုင်ဖို့ ခွန်အားတို့မရှိ။

အရမ်းကြောက်သည့်အရာတစ်ခုကို တွေ့မြင်လိုက်ရသလို အလွန်အမင်းခြောက်ခြားသွားပုံရသည့် အကိုက
တစ်ဖက်သို့မျက်နှာလွှဲထားပြီး တစ်ကိုယ်လုံးက တုန်ယင်နေသည်။

စိုးရိမ်သွားမိ၍ ပုခုံးသားလေးကိုလှုပ်ပြီး ခေါ်ကြည့်ရန်ပြင်တော့...

"အကို့"

"မထိနဲ့! ငါ့အသားကို လာမထိနဲ့! မင်း..မင်းအဲ့ဒါကို ဘယ်ကနေ ရလာတာလဲ။ အဲ့... အဲ့ဒါကြီးက ပျက်သွားပြီ မဟုတ်ဘူးလား။ ဖျက်မယ်ဆိုပြီး ငါ့ကို ကတိပေးပြီးသားလေ။ ငါ..ငါ"

ခေါင်းကိုအတင်းငုံ့ထားရင်း ဗလုံးဗထွေး ပြောနေသည့်စကားတို့က အစီအစဉ်မကျ။ စိတ်လှုပ်ရှားနေလွန်၍ထင်... အသက်ရှုသံများပင် မမှန်တော့ဘဲ အကို့ပုံစံက ကတုန်ကယင်ဖြစ်နေသည်။

"အကို့... အကို ဘာမှမစိုးရိမ်နဲ့နော်။ ကျွန်တော် ထပ်မဖွင့်တော့ဘူး"

"....."

"ကျွန်တော်ပိတ်လိုက်ပြီလေ။ လုံးဝမဖွင့်ဘူး"

ဇာနည်က ထိုအခွေအား laptopထဲကထုတ်ကာ ချိုးပြလိုက်ပြီး...

"အကို...ဒီမှာကြည့်။ နောက်တစ်ခါ ဘယ်သူမှ ထပ်ဖွင့်လို့မရအောင် ကျွန်တော်ချိုးပစ်လိုက်ပြီတွေ့လား"

ထိုအခါမှ သူ့ဖက်သို့ မရဲတရဲလေး ပြန်လှည့်လာသည်။ ဖြူနုနုမျက်နှာထက် ခဏလေးနှင့် ချွေးစတွေသီးသွားတဲ့အထိ စိတ်လှုပ်ရှားသွားသည့် အကိုက တော်တော်လေး ပင်ပန်းသွားပြီ။

"ငါ.. ငါကလေ အဲ့တုန်းက.. အဲ့တုန်းကလေ"

"......"

"ငါမမှားဘူးနော်။ မှားတာ ငါမဟုတ်ဘူး"

"အင်းပါ"

"ငါက..."

"....."

"ငါ မှားတာမဟုတ်ဘူးနော်။ ငါဘာမှလည်း မသိဘူး"

ရှက်တာတွေရော၊ ကြောက်တာတွေရော
မကောင်းသည့် ခံစားချက်တွေပေါင်းစုံပြီး ပုံရိပ်စိတ်တွေ ယောက်ယက်ခပ်လာသလို ခေါင်းတွေလည်းထူပူလာပြီ။

ဘာလို့လဲ?
ဘာလို့ အဲ့videoကြီးက အခုထိ ရှိနေသေးတာလဲ။
ဖျက်မယ်ဆိုပြီးတော့! အကြာကြီးကြာကာမှ...!

"အဖေ့ကို ကူညီပေးပါ။ တောင်းပန်ပါတယ်။ မဟုတ်ရင် အဖေ့သိက္ခာတွေအကုန်လုံး မြောင်းထဲရောက်သွားမှာ။ ဒါ...ဒါပထမဆုံးနဲ့နောက်ဆုံးပါ။ ထပ်ပြီး အဲ့လိုမဖြစ်စေရဘူး။ အဖေ့ကိုကူညီပေးပါ။ ကူညီပေးပါ"

"အဟက်! ဂုဏ်သရေရှိသူဌေးကြီး ဦးငြိမ်းချမ်းကတော့ ထင်ထားတဲ့အတိုင်း သူ့ဂုဏ်သိက္ခာကို သူ့မွေးစားသားလေး ထက် တန်ဖိုးထားတာပဲ။ ကျစ်စ်! ခက်တာက မင်းအဖေက မင်းကိုတင်မဟုတ်ဘူး။ သူ့သိက္ခာသူပါ မလေးစားလို့ ဒီလိုတွေဖြစ်လာတာ"

"ကလေးကလည်း...အရမ်းမကြောက်နေနဲ့လေကွာ။ အတွေ့အကြုံရှိပြီးသားပဲကို"

"မင်းအဖေရဲ့ ကျေးဇူးကိုဆပ်ပေးလိုက်နိုင်တာမလို့ မင်းက ပျော်တောင်နေရဦးမှာ။ ဟားးးဟားးးးးဟားးးးးး"

အဲ့အသံတွေကို ကြားနေရပြန်ပြီ။ အဲ့ဒါတွေက ပြီးသွားပြီမဟုတ်ဘူးလား။ မပြီးသေးဘူးလား။
အဲ့ဒါဆို သူတို့မမြင်အောင် ဘယ်မှာပုန်းနေရမှာလဲ။ ဘယ်မှာပုန်းနေရင် သူတို့လိုက်မနှောင့်ယှက်နိူင်မှာလဲ။

-

-

အကို့မျက်ဝန်းတွေကဂနာမငြိမ်။ ခန္ဓာကိုယ်တစ်ခုလုံးက တဆက်ဆက် တုန်ယင်နေသည်။ ထို့နောက် နားနှစ်ဖက်ကိုပိတ်ပြီး ခေါင်းကိုအဆက်အပြတ်ခါသည်။  ရှိုက်သံများရောထွေးလျက် တတွတ်တွတ်ရေရွတ်နေသည့် စကားများက...

"ငါ..ငါက အသုံးချခံရတာပါ။ ငါမမှားဘူး။ ငါ သူ့ကိုသတ်မိတာ မမှားဘူး။ ငါသည်းမခံနိုင်တော့လို့။ ငါမခံစားနိုင်တော့လို့"

"•••"

"ငါကြောက်တယ်။ ငါအဲ့လူတွေကို ကြောက်တယ်။ ငါ..ငါ"

တုန်ယင်နေရှာသည့် ကိုယ်လေးအား ပွေ့ဖက်ကာ ကျောပြင်ငယ်လေးကို ပွတ်သပ်ပေးမိသည်။ ဘယ်လိုကိစ္စတွေနှင့် ကြုံတွေ့ခဲ့ရမှန်းမသိသည့် အကို့အား
ဘယ်လိုနှစ်သိမ့်ပေးရမည်ကိုမသိ။

စိတ်မောစွာ သက်ပြင်းတစ်ချက်ချမိရင်း...

ဘာတွေဖြစ်ခဲ့လို့လဲ အကိုရယ်။

----------------------

မနက်ကိုးနာရီ....

ဒေါ်သီရိလာမှာမို့ မင်းခက ဒေါ်သီရိလာလျှင် ဧည့်ခံဖို့အတွက် ပြင်ဆင်စရာရှိတာများကို မနက်စောစောကတည်းက ပြင်ဆင်နေသည်။ သွန်းအုပ်ကတော့ အိမ်ခန်းထဲက ထွက်မလာသေး။

သူ့တစ်သက်လုံး မေလွန်းကို မုန်းသည့်စိတ်နှင့် ရှင်သန်လာခဲ့တာမို့ အခုလို မေလွန်းနှင့် ပြေလည်ဖို့
ကြိုးစားသည့် အစီအစဉ်ကြီးနှင့် စိတ်ကနေသားမကျ။

အိပ်ရာထဲလူးလိုက်၊လှိမ့်လိုက်နှင့် ဒီအခြေအနေကို ခေါင်းရှောင်ဖို့ ကြိုးစားကြည့်လိုက်သည်။ မေလွန်းနှင့် စကားကောင်းကောင်း ထိုင်ပြောနိုင်ဖို့ သူ့ဘက်က အဆင်သင့်မဖြစ်သေး။

တီ....

ခြံရှေ့၌ကားရပ်သံကို ကြားလိုက်ရသည်နှင့် မရည်ရွယ်ဘဲ စောင်ခေါင်းမြီးခြုံပြီးလျက်သား ဖြစ်သွားသည်။ ထို့နောက် မင်းခ၏ခရီးဦးကြိုပြုသံ၊ အပြန်အလှန်နှုတ်ဆက်သံတို့ကို နားထဲမှာ ပွစိပွစိကြားလာရသည်။

သိပ်မကြာ။ အိပ်ခန်းထဲသို့ မင်းခကဝင်လာပြီး...

"ကိုကို"

"ဘာလဲ"

"ဒေါ်လေးရောက်နေပြီလေ"

"အဲ့တော့ ငါကဘာထလုပ်ရမှာလဲ"

မင်းခက သက်ပြင်းတစ်ချက်ချရင်း....

"မဆိုးနဲ့လေဗျာ။ ကိုကိုပဲ တွေ့မယ်လို့ပြောထားပြီးတော့"

သွန်းအုပ်က စောင်ခြုံထဲကနေ ဗြုန်းဒိုင်းထွက်လာပြီး ထုံးစံမပျက် မှုန်ကုပ်ကုပ်မျက်နှာပေးဖြင့်...

"ငါ့ကိုအပြစ်တင်နေတာလား"

"မဟုတ်ပါဘူး"

"ဆူချင်နေတယ်ပေါ့"

"ဟာဗျာ..မဟုတ်တာတွေ"

"ငါ့ဘာသာငါ ထွက်တွေ့ချင်တွေ့မယ်။ မတွေ့ချင်မတွေ့ဘူး။ ဘာလဲ။ မင်းက ဆရာကြီးလား အ့"

!!

ဂျစ်တိုက်ပြီးရစ်နေသည့် သွန်းအုပ်၏ နှုတ်ခမ်းစွာစွာလေးအား မင်းခက ဖိကိုက်ပစ်လိုက်တော့ လူဆိုးကြီး သွန်းအုပ်ခမျာက မျက်နှာတစ်ခုလုံးရဲလျက် မနက်စောစောစီးစီး ရှက်သွားရသည်။

"မှတ်ထား.. နောက်တစ်ခါဆို ကိုကိုဆိုးတိုင်း အဲ့လိုမျိုး နှုတ်ခမ်းပေါက်အောင် အပြစ်ပေးပစ်မှာ"

"ေ-ာက်ကလေးး လူပါးအရမ်းဝတာပဲ"

-

-

"သွန်းလေး"

"....."

"သွန်းလေးကို မေလွန်း အရမ်းသတိရနေခဲ့တာ"

"....."

သွန်းအုပ်ဘက်က တန်ပြန်နှုတ်ဆက်ခြင်းမပြု။
နှုတ်ခမ်းတို့ကို တင်းတင်းစေ့ပိတ်လျက် အကြည့်တို့ကို တစ်နေရာဆီသို့ လွှဲထားသည်။

ဒေါ်သီရိ ရင်ထဲနင့်ခနဲ။
သူမချစ်ရသည့် တူလေးနှစ်ယောက်စလုံးက သူမကို ပုံစံတစ်ယောက်တစ်မျိုးဆီဖြင့် ငြင်းဆန်နေကြသည်။ သားလေးကလည်း သားလေးမို့တစ်မျိုး/ သွန်းလေးကလည်း သွန်းလေး၏ပုံစံနှင့်တစ်မျိုး။

"အဲ့ဒီ လူယုတ်မာကျော်ဦးကို အလုပ်ပေးခဲ့တာ မေလွန်းမှားသွားတယ်"

"....."

"မေလွန်း တောင်းပန်ပါတယ် သွန်းလေးရယ်"

"....."

"သွန်းလေး"

"....."

"မေလွန်းကို တစ်ချက်လေးကြည့်ပေးပါဦးလား"

ထိန်းထားသည့်ကြားက မျက်ရည်တို့က
ကျဖို့ဟန်ပြင်သည်။ နေ့တိုင်းနေ့တိုင်း တရားတွေထိုင်/ ပုတီးတွေစိပ်နေသော်လည်း သူမမှာ တရားမရှိသေး။ ပုထုစဉ်မို့ သံယောဇဉ်လေးများနှင့် ပြန်ဆုံလိုက်တိုင်း တွယ်ငြိသွားစမြဲ၊ ပူလောင်လာစမြဲပင်။

မင်းခ,ခမျာလည်း ကြားထဲက ဘာလုပ်လို့ဘာကိုင်ပေးရမည်မသိ။ သွန်းအုပ်၏ဘေးနား ဝင်ထိုင်၍ ခပ်တိုးတိုးဖြင့်..

"ကိုကို့.. ဒေါ်လေးကို တစ်ခုခုပြန်ပြောလိုက်ဦးလေ"

"....."

သွန်းအုပ်က မင်းခအား မျက်လုံးတစ်ချက် စွေကြည့်လိုက်သည်။ ပြီးမှ စိတ်မရှည်စွာဖြင့်...

"ပြောစရာရှိတာ မေလွန်းမဟုတ်ဘူးလား။ ပြောဖို့ရှိတာ ပြောလေ။ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေဖို့မှ မလိုတာ"

"အဲ့လောက်တောင်ပဲလား သွန်းလေးရယ်"

ဒေါ်သီရိ ခပ်တိုးတိုး ရေရွတ်ရင်း ကြိတ်ငိုမိသည်။
သူမ အသုံးမကျတိုင်း ကလေးတွေမှာ အနာတရကိုယ်စီ...

"မေလွန်းပြောစရာမရှိရင် ပြန်တော့လေ။ ကျွန်တော်ရော မင်းခရော အပြင်သွားစရာတွေရှိတယ်"

"သွန်းလေး"

"....."

သွန်းအုပ်ကပြောပြီးပြီးချင်း ထရပ်ရန်ပြင်တော့ ဒေါ်သီရိက တားလိုက်သည်။

သွန်းလေး၏အမုန်းကိုခံပြီး အမြဲတမ်း ဖုံးကွယ်ပေးထားသည့် အကြောင်းအရာတစ်ခုကို ဖွင့်ပြောရန်ပြင်လိုက်သည်။ သူမ ချစ်ရသည့် ကလေးတွေက သူမကိုဝိုင်းပြီး မုန်းနေကြတာကို ဆက်ပြီး မခံစားနိုင်တော့တာမို့...

"အဲ့တုန်းက မင်းကိုထားခဲ့တာ မေလွန်းမဟုတ်ဘူး"

အဟက်!

"ဟုတ်တယ်လေ.. မေလွန်းမဟုတ်ဘဲ ဒရိုင်ဘာက ငွေလိုချင်လို့ ပြန်ပေးဆွဲရုံပဲကို"

"သွန်းလေး~"

သွန်းအုပ်က မဲ့ပြုံးတစ်ချက်ပြုံးရင်း ထွက်သွားရန် ထပ်ပြင်လိုက်တော့...

"မြသားလုပ်ခဲ့တာ"

!!!!

"အိပ်ပျော်နေတဲ့မင်းကို မြသားက ခေါ်သွားခဲ့တာ။
မေလွန်း.. မေလွန်းလေ အဲ့ဒီတုန်းက သူ့ကိုတော်တော်လေး အပြစ်တင်ခဲ့တာပါ။ သူလည်း မေလွန်းကို...."

"....."

"မေလွန်းနဲ့ အတူနေချင်တဲ့စိတ်တစ်ခုကြောင့်နဲ့ လုပ်မိလုပ်ရာ လုပ်ခဲ့မိရုံပါ။ သူကိုယ့်သူလည်း မှားမှန်းသိပြီး အဲ့နေ့ညက တစ်ညလုံးငိုနေခဲ့တာ"

"....."

"ဒါပေမယ့် မေလွန်းအပြစ်ပေးခဲ့တာပဲလေ။ သွန်းလေးလည်း သိတယ်မလား။ အဲ့နောက်ပိုင်းကစပြီး မေလွန်း မြသားတို့ကို လုံးဝအတွေ့မခံတော့ဘဲ ရှောင်လိုက်တာကိုလေ"

"....."

"မေလွန်းကို နားလည်ပေးပါ သွန်းလေးရယ်။ အဲ့လိုလုပ်ခဲ့တဲ့ သူက မြသားဆိုတာကိုသာ သိသွားကြရင်လေ မြသားရော၊ နောက်ပြီး မွေးခါစပဲရှိသေးတဲ့ သားလေးပါ
ဒုက္ခရောက်သွားမှာကို မေလွန်းစိုးရိမ်လို့ ဒရိုင်ဘာကိုပိုက်ဆံပေးပြီး အပြစ်ဝန်ခံခိုင်းလိုက်မိတာ"

"....."

"မေလွန်းတောင်းပန်ပါတယ်။ မေလွန်း..."

"ရပြီ မေလွန်း။ ကျွန်တော် အားလုံးကို နားလည်သွားပြီမလို့ မေလွန်းပြန်လို့ရပြီ"

!

သွန်းအုပ်က အထူးတလည် စိတ်လှုပ်ရှားသွားခြင်းမရှိဘဲ အေးစက်စက်ပြောလိုက်တာမို့ မင်းခရော ဒေါ်သီရိပါ အံ့အားသင့်သွားရသည်။

"မထူးဆန်းတော့ပါဘူး။ အဲ့လိုအမေမျိုးကမွေးလာတော့လဲ အဲ့လိုသားပဲ ဖြစ်လာတာပေါ့"

"•••"

အဟက်!
မေလွန်းရဲ့သားလေးက သူ့အမေထက်တောင် ပိုပြီးယုတ်မာရက်စက်တာကို မေလွန်းသိသွားမယ့် အချိန်ကျရင် ကျွန်တော့်ကို တောင်းပန်စရာစကားလုံးတောင် ရှာတွေ့မှာမဟုတ်တော့ဘူး။

-----------------------tbc

9.June.22

Continue Reading

You'll Also Like

8.6K 503 40
အရောင်တွေကင်းမဲ့တဲ့ ဖယောင်းတိုင်လေးမှာ တစ်သက်တာထာဝရ ကိုယ့်အချစ်မီးစာလေး ထွန်းညှိလို့ထားချင်သည်... Main character-ပိုင်စိုးသူ❤ဖယောင်းဖြူ A/N:Ukeအလှလေး...
533K 47.9K 143
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
734K 27.9K 90
ခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချ...
43.5K 2.1K 34
ခ်စ္​ျခင္​းတရား​ေတြက အျမဲျပည္​့စံု​ေနတာပဲ တစံုတရာကို မသိခင္​အခ်ိန္​ထိ​ေပါ့ ချစ်​ခြင်းတရား​တွေက အမြဲပြည့်စုံ​နေတာပဲ တစုံတရာကို မသိခင်​အချိန်​ထိ​ပေါ့