[Zawgyi]
"လူႀကီးမင္းေခၚဆိုေသာ ဖုန္းနံပါတ္မွာ ဆက္သြယ္မႈဧရိယာျပင္ပသို႔ ေရာက္႐ွိေနပါသျဖင့္......"
ဖုန္းေခၚတိုင္း ဆက္သြယ္မႈဧရိယာျပင္ပခ်ည္း ေအာ္ေနေတာ့ သြန္းအုပ္ စိတ္ညစ္လာသည္။ အခ်ိန္ကလည္း ညကိုးနာရီခြဲေနၿပီ။
မင္းခက ျပန္မေရာက္ေသး။ ဘယ္ကိုသြားေနမွန္းလဲမသိ။
ေနာက္နာရီဝက္ေနလို႔မွ ျပန္မေရာက္လာေသးရင္ေတာ့ သူတစ္ခုခုလုပ္မွျဖစ္ေတာ့မည္။ အခုလည္း စိုးရိမ္မႈေၾကာင့္ ထမရ၊ထိုင္မရျဖစ္ေနၿပီ။ ဒီကေလးဟာ ငယ္ငယ္ကတည္းက သူစိတ္ပူရေအာင္ လုပ္တတ္လြန္းသည္။
အခ်ိန္မခါလည္းမဟုတ္ပါဘဲ သည္းထန္စြာရြာေနသည့္ မိုးတို႔ေၾကာင့္ သြားေရးလာေရး၌ ေႏွာင့္ေႏွးေနပံုရသည္။ ထီးမပါသြား၍ တစ္ေနရာရာမွာ မိုးဝင္ခိုေနရတာမ်ားလား။
အျပင္ဘက္ကို လွမ္းၾကည့္လိုက္ေတာ့ အိမ္အနီးအနား ပတ္ဝန္းက်င္တစ္ခုလံုးက ေမွာင္မိုက္လို႔ေနသည္။ မိုးသည္းၿပီး ေလျပင္းမ်ားလည္း တိုက္ခတ္ေနတာေၾကာင့္ မီးကလည္းပ်က္ေနေသး၏။ ဒါ့ေၾကာင့္မ်ား တစ္ေနရာမွာ ခဏေန,ေနရသလားရယ္ေတာ့မသိ။
ဟိုေတြးဒီေတြးရင္း အိမ္ေ႐ွ႕ကို ႐ုတ္တရက္ ထပ္ၿပီးအၾကည့္ေရာက္သြားမိသည္။ လင္းခနဲျဖစ္သြားသည့္ လ်ွပ္စီးတစ္ခုေၾကာင့္ ဖ်က္ခနဲျမင္လိုက္ရတာက အိမ္ေ႐ွ႕တြင္ ငုတ္တုတ္ေလးထိုင္ေနသည့္ မင္းခမ်က္ႏွာ။
ေသခ်ာေအာင္ ဓာတ္မီးတစ္လက္ယူ၍
ထပ္ထိုးၾကည့္လိုက္သည္။ မင္းခမွ မင္းခအစစ္။
မိုးေရထဲမွာ ဘာထိုင္လုပ္ေနတာလဲ?
ေက်ာင္းဆရာလုပ္ေနၿပီး မိုးမိရင္ဖ်ားတတ္တာကို နားမလည္ဘူးလားမသိ။ ေတာ္ၾကာ ေနမေကာင္းျဖစ္ရင္ ကိုယ္ကပဲ အလုပ္႐ႈပ္ဦးမည္။ ႐ွိသည့္ ေမတၱာေသးေသးေလး ပ်က္သြားေလာက္ေအာင္အထိ တစ္ခါတစ္ခါ ေနမင္းခက ေတာ္ေတာ္ေလး အူေၾကာင္ေၾကာင္ႏိုင္လြန္းပါသည္။
ထီးတစ္ေခ်ာင္းကိုဆြဲၿပီး အျမန္ေျပးသြားလိုက္သည္။ အေရးထဲ ျခံတံခါးက ဖြင့္ရခက္ေနေသး၏။ အလ်င္စလို လုပ္ေနမိတာေၾကာင့္ နည္းနည္းေတာင္ ပိုုၾကာသြားရသည္။
"ေသခ်င္လို႔လား! မိုးထဲေရထဲမွာထိုင္ၿပီး မင္းအေမလင္ကို ေစာင့္ေနတာလား! ႐ူးေၾကာင္ေၾကာင္နဲ႔ ဘာေတြလုပ္.. ဟမ္?"
စကားဆံုးေအာင္ မဆူလိုက္ရ။
ေမာ့ၾကည့္လာသည့္ မင္းခ၏မ်က္ႏွာက ပံုမွန္မဟုတ္တာမို႔...
"ဘာေတြျဖစ္လာတာလဲ"
"....."
"ေျပာေလ... ဘာေတြျဖစ္လာလို႔လဲ။ မင္းကို
ဘယ္သူက ဘာေျပာလိုက္လို႔လဲ။ ဟမ္? ကိုကို႔ကိုေျပာေလ"
"....."
တံုးအၿပီး အသိဥာဏ္မ႐ွိလြန္းသည့္ သူ႔အား ကိုကိုက စိုးရိမ္ေပးေနရျပန္ၿပီ။ အျပစ္မ႐ွိသည့္ ကိုကိုက သူ႔ကို ဘာလို႔မုန္းမသြားေသးတာလဲ။ တကယ္ဆို စဥ္းစားဆင္ျခင္ႏိုင္စြမ္းေတြ ကင္းမဲ့ေနသည့္ သူ႔ကို စိတ္နာသင့္ေနၿပီ။
"မင္းခ.. ကိုကိုကို႔ေျပာေလ။ ဘာေတြျဖစ္လာလို႔လဲ"
"...."
"ၾကည့္ဦး.. တစ္ကိုယ္လံုးလည္း စိုရႊဲေနၿပီ။
ေရၾကာၾကာထိလို႔ရတာလည္း မဟုတ္ဘဲနဲ႔။ မင္းက ကိုယ့္အေၾကာင္းကိုယ္ မသိဘူး"
စိုးရိမ္တႀကီးႏွင့္ ပူပန္ေပးေနျပန္သည့္သူ။
အသက္႐ႈရခက္လာသည္အထိ ရင္ထဲမွာ တင္းၾကပ္လာသည္။ ကိုကိုက ပ်ာယာေတြခပ္ၿပီး စိုးရိမ္ေနေလေလ... သူ႔နွလံုးသားထဲမွာက ပိုၿပီးနာက်င္လာရေလေလ။
ေတာင္းပန္ပါတယ္ ကိုကို...
ယံုၾကည္မႈေတြ မေပးခဲ့မိလို႔။
ကာကြယ္တယ္လို႔ ေခါင္းစဥ္တပ္ေနၿပီး
တကယ္တမ္းက်
ကြၽန္ေတာ္ကိုယ္တိုင္က ဒုကၡေရာက္ေစခဲ့သူ ျဖစ္ေနလို႔။
ကြၽန္ေတာ္သာ စဥ္းစားဥာဏ္႐ွိခဲ့ရင္...
ကြၽန္ေတာ္သာ မစြပ္စြဲခဲ့ရင္...
ကြၽန္ေတာ္သာ ယံုၾကည္ေပးခဲ့မယ္ဆိုရင္ေလ.....။
-
-
"ေတာင္း ပန္ ပါ တယ္"
အခ်ိန္အေတာ္ၾကာသည္အထိ အသက္မ႐ွိသူလို ၿငိမ္သက္ေနၿပီးမွ တုန္ယင္ခ်ိနဲ႔စြာျဖင့္ ေျပာလာသည့္ မင္းခ၏စကား။
သြန္းအုပ္ အံ့အားသင့္သြားရသည္။ ၿပီးမွ သက္ျပင္းသဲ့သဲ့ခ်ကာ မ်က္ေမွာင္ၾကဳတ္လိုက္မိရင္း..
"ဘာျဖစ္လို႔လဲ။ မင္းက ဘာအမွားလုပ္လုို႔ ငါ့ကို ေတာင္းပန္ေနရတာလဲ"
"က်... ကြၽန္ေတာ္"
မင္းခက စကားေျပာဖို႔ကိုပင္ မဝံ့မရဲျဖစ္ေနသည္။ အမူအရာေတြက ဝမ္းနည္းတုန္လႈပ္ေနမွန္း သိသာေနေသာ္လည္း မငိုဘဲတင္းခံထား၏။
ဒီေကာင္ေလး ဘာေတြျဖစ္ေနသလဲ စဥ္းစားမရေတာ့။
မင္းခ၏ မ်က္ႏွာေလးအား ခပ္ဖြဖြထိကိုင္လိုက္ရင္း...
"ေလာေလာဆယ္ အိမ္ထဲအရင္ဝင္ရေအာင္။ ေတာ္ၾကာ
မင္း ဖ်ားေနလိမ့္မယ္"
"....."
လက္တစ္ဖက္ကထီးကိုကိုင္၍ မိုးေပးကာ က်န္လက္တစ္ဖက္က မင္းခ၏လက္ကိုဆြဲ၍ သြန္းအုပ္က အိမ္ထဲသို႔ျပန္ဝင္ရန္ ျပင္လိုက္သည္။ သို႔ေသာ္လည္း မင္းခက သူဆြဲေခၚရာေနာက္သို႔ပါမလာဘဲ မလႈပ္မယွက္ ရပ္ေနဆဲသာ။
"မင္းခ.. လာေလ"
"ကိုကို~"
မင္းခ၏ ေခၚသံက တိုးေဖ်ာ့ေဖ်ာ့။
"ကြၽန္ေတာ့္ကို စိတ္မနာဘူးလား"
သြန္းအုပ္က သက္ျပင္းတစ္ခ်က္ခ်လိုက္ရင္း...
"ဘာကိုစိတ္နာရမွာလဲ? ဘာေတြ ေလ်ွာက္ေမးေနမွန္းလည္း မသိဘူး။ မဟုတ္တ႐ုတ္ေတြ ေလ်ွာက္ေျပာမေနနဲ႔။ ဖ်ားလိမ့္မယ္.. အိမ္ထဲကိုဝင္"
မင္းခက သြန္းအုပ္စကားေျပာေနတာကို ဆံုးေအာင္ နားမေထာင္။ ရုတ္တရက္ႀကီး သြန္းအုပ္၏တစ္ကိုယ္လံုးကို
သူ႔လက္ေတြၾကားထဲ နစ္ျမဳပ္သြားေတာ့မလား
ထင္ရေလာက္ေအာင္ တင္းတင္းၾကပ္ၾကပ္ ဖက္လိုက္သည္။
သြန္းအုပ္ရဲ႕လက္ထဲကထီးေလးက ေျမျပင္ေပၚ
ဖ႐ိုဖရဲလြတ္က်သြားသည္။ ထူးဆန္းေနသည့္ မင္းခ၏အျပဳအမူေၾကာင့္ သြန္းအုပ္၏ ရင္ထဲမွာတဒိတ္ဒိတ္။
မင္းခ ဘာေတြျဖစ္ေနတာလဲ။
မင္းခက သြန္းအုပ္အား လြတ္ထြက္သြားမွာစိုးသည့္အလား တင္းၾကပ္စြာ ဖက္ထားရင္းကပင္ တုန္ယင္ခ်င္ေနသည့္ အက္ကြဲကြဲအသံတို႔ျဖင့္...
"ေတာင္းပန္ပါတယ္.. အျမဲတမ္း ကိုကို႔ကို မေကာင္းထင္ေနခဲ့လို႔ ေတာင္းပန္ပါတယ္။ ကြၽန္ေတာ့္အမွားေတြပါ.. ကြၽန္ေတာ္မွားတာပါ။
ကိုကိုက ဘာအျပစ္မွလည္းမလုပ္ဘဲ ကြၽန္ေတာ့္ေၾကာင့္.. ကြၽန္ေတာ့္ေၾကာင့္ ေထာင္က်ခဲ့ရတာ။ ေနာက္ၿပီး ေလးသက္.. ေလးသက္ကေလ.. ကြၽန္ေတာ္အသံုးမက်လို႔ အခုထိ တရားမႈလည္းမရေသးဘူး။ ကိုကိုလည္း ႏွစ္ေတြ အမ်ားႀကီး... ကြၽန္ေတာ္မေကာင္းလို႔ေလ.. ကြၽန္ေတာ္"
"ေတာ္ပါေတာ့!"
အတင္းေပြ႔ဖက္ေနသည့္ မင္းခ၏ လက္ေမာင္းႏွစ္ဖက္ၾကားက ဇြတ္ထြက္ၿပီး သြန္းအုပ္ ခပ္ဆက္ဆက္ေလး ေအာ္ေပးလိုက္သည္။ သူ႔ေ႐ွ႕က မင္းခဆိုသည့္ ငတံုးေလးကေတာ့ သူစိတ္ဆိုးသြားၿပီအထင္ႏွင့္ တစ္လံုးမွဆက္မေျပာရဲေတာ့ဘဲ အေၾကာင္သားေလး ျပန္ၾကည့္ေန႐ွာ၏။
မသဲမကြဲျဖင့္ ျမင္ေနရသည့္ မင္းခ၏မ်က္ဝန္းတို႔၌ က်ိန္းေသ႐ွိေနခဲ့တာက မ်က္ရည္မ်ား...
စကားဆက္မေျပာခင္ သြန္းအုပ္ သက္ျပင္းေမာတစ္ခ်က္ ႐ႈိက္မိသည္။
မင္းခ ဘာေတြသိလာၿပီလဲ။ ဘယ္အထိသိသြားတာလဲ။ စိတ္သေဘာထားႏူးညံ့သည့္သူမို႔ အမွန္တရားအားလံုးကို လက္ခံရင္ဆိုင္ႏိုင္ဖို႔ မလြယ္ကူတာကို နားလည္သည္။ သို႔ေသာ္လည္း သူ႔အတြက္ေတာ့ အဆိုးထဲကအေကာင္းမို႔ စိတ္ထဲမွာ တမ်ိဳးတမည္ေသာ ေပ်ာ္ရႊင္မႈကို ခံစားရသည္ဟုဆိုပါလ်ွင္ နည္းနည္းေတာ့ အတၱႀကီးေနလိမ့္မည္လား။
မ်က္ရည္တို႔တသြင္သြင္ စီးက်ေနသည့္ မင္းခ၏ပါးနွစ္ဖက္ကို သူ႔လက္ႏွစ္ဖက္ျဖင့္ ဖြဖြေလးအုပ္မိုးကာကိုင္လိုက္သည္။ ထို႔ေနာက္ အေႏြးေထြးဆံုးျဖစ္မည့္ ေလသံျဖင့္ ဝမ္းနည္းေနသည့္ မင္းခအား...
"မင္းမွာအျပစ္မ႐ွိပါဘူး။ အဲ့ဒါေၾကာင့္ ကိုယ့္ကိုယ္ကို အျပစ္တင္ေနတာေတြ ရပ္လိုက္ပါေတာ့"
"....."
"အခု ဘာေတြသိလာလို႔လဲ။ ဘာလိုု႔ အခုလိုမ်ိဳး ကိုယ့္ကိုယ္ကို အျပစ္ေတြတင္ေနရတာလဲ"
"......"
"စိတ္ေအးေအးထားေနာ္.. မဟုတ္တာေတြ ေလ်ွာက္ေတြးမေနနဲ႔။ ကိုကိုက မင္းကို အျပစ္မတင္ဖူးတာမို႔..."
အခ်ိန္ျပည့္ ဘုကလန္႔စကားေတြကိုသာ ေျပာတတ္သူက ဝမ္းနည္းေနသည့္ ကေလးတစ္ေယာက္ကို ေခ်ာ့ျမႇဴေနသလိုမ်ိဳး သူ႔အား ေခ်ာ့ေမာ့ႏွစ္သိမ့္ေပးေနသည္။ တစ္ခ်က္တစ္ခ်က္ လက္ခနဲျဖစ္သြားတတ္သည့္
လ်ွပ္စီးတို႔၏အလင္းေရာင္ျဖင့္ ျမင္ေနရသည့္ သူေ႐ွ႕႐ွိအျပံဳးက သူ႔ဘဝတစ္ခုလံုးကို ႏွစ္ျမဳပ္ပစ္လိုက္ဖို႔ရန္အတြက္ ေတြေဝမွူဆိုတာမ်ိဳး လံုးဝမ႐ွိေစေတာ့ေအာင္အထိ ခ်ိဳျမလြန္းေနခဲ့၏။
တေလ်ွာက္လံုးမက်ႏိုင္ခဲ့သည့္ မ်က္ရည္မ်ားက အခုမွပဲ အားပါးတရ ၿပိဳက်လို႔လာသည္။
မထင္ထားေလာက္ေအာင္ ကိုကိုက သေဘာထားႀကီးခဲ့သလို မေမ်ွာ္လင့္ရဲခဲ့သည့္ အတိုင္းအဆမဲ့ေမတၱာမ်ားႏွင့္ သူ႔ကို ခ်စ္ေပးခဲ့သည္။ ဘာထပ္လိုဦးမည္နည္း။ သူ႔သံသရာတစ္ခုလံုး ကိုကို႔ရပ္ဝန္းမွာပဲက်င္လည္ဖို႔ လံုေလာက္ေနခဲ့ၿပီ။
သူ႔ပါးႏွစ္ဖက္ေပၚက လက္ကေလးႏွစ္ဖက္အား ျပန္လည္ဆုပ္ကိုင္လိုက္မိရင္း...
"ကိုကို.. က်.. ကြၽန္ေတာ္ေလ"
"အင္း..."
"ကို႔ကိုကို အရမ္းခ်စ္တယ္"
"••••"
မထင္မွတ္ထားသည့္အခ်ိန္ ရုတ္တရက္ၾကားလိုက္ရေသာ ထိုစကားအား တကယ္ၾကားလိုက္ရတာေရာ
ဟုတ္ရဲ႕လားဟု ဇေဝဇဝါျဖစ္သြားရသည္အထိ။
တဒိတ္ဒိတ္ခုန္လႈပ္ေနသည့္ ႏွလံုးခုန္သံတို႔က မိုးသံေလသံမ်ားႏွင့္အၿပိဳင္ ဆူညံလာသည္။
မ်က္ဝန္းထဲ၌စိုစြတ္လာသည့္ အရည္မ်ားက
မိုးေရမ်ားေတာ့ မျဖစ္ႏိုင္ရာ။
ေပ်ာ္လြန္းလို႔ ငိုမိေနျပန္ၿပီ။ မင္းခႏႈတ္ကေန ဖြင့္ေျပာလာမယ့္ ဒီစကားကို ၾကားခြင့္ရဖို႔အတြက္ သူဘယ္ေလာက္ေတာင္ ေမ်ွာ္လင့္ခဲ့ရလဲ သူသာအသိ။
တစ္ခါၾကားရရံုႏွင့္ မတင္းတိမ္ႏိုင္တာမို႔...
"ဘာေျပာလိုက္တာလဲ ေသခ်ာမၾကားရဘူး"
"ကိုကို႔ကိုခ်စ္တယ္"
"ဟမ္? ေသခ်ာမၾကားရေသးဘူး"
"ကိုကို႔ကို ခ်စ္တယ္"
႐ႈိက္ကာ႐ႈိက္ကာျဖင့္ေျပာေနသည့္ ေက်ာင္းဆရာႀကီးက သူ႔မ်က္လံုးထဲမွာေတာ့ အငိုသန္လြန္းပါသည့္ ေလးတန္းေက်ာင္းသားေလးတစ္ေယာက္သာ။
မင္းခ၏ပါးႏွစ္ဖက္ကို ကိုင္ထားဆဲမို႔ ပါးျပင္ေပၚ စီးကာက်ေနသည့္ မင္းခ၏မ်က္ရည္ပူေႏြးေႏြးတို႔က သူ႔လက္ဖဝါးမ်ားကိုပါ စိုစြတ္လာေစသည္။ မင္းခကလည္း သူ႔ပါးေပၚက သြန္းအုပ္၏လက္ေလးႏွစ္ဖက္ကို အုပ္မိုး၍ ကိုင္ထားဆဲ...
"ေနာက္တစ္ေခါက္ ထပ္ေျပာေပး"
"ကိုကို႔ကို ခ်စ္တယ္"
"ထပ္ၿပီး နားေထာင္ခ်င္ေသးတယ္"
"ကိုကို႔ကို ခ်စ္တယ္။ အရမ္းခ်စ္တယ္"
သြန္းအုပ္က မ်က္ရည္မ်ားက်ေနရင္းမွ လႈိက္လႈိက္လွဲလွဲ ရယ္ေမာျဖစ္သည္။ ေပ်ာ္ေနတာကို ဖံုးဖိလို႔မရေတာ့...
"ဘယ္လိုလုပ္မလဲ? နားေထာင္လို႔ မဝေသးဘူး"
ျပံဳးျပံဳးေလးၾကည့္ၿပီး ေျပာေနသည့္ ကိုကို႔စကားသံက သာယာလြန္းေနသည္။ ငိုရင္းနဲ႔ျပံဳးျပတတ္သည့္ ကိုကို႔အျပံဳးေတြက ျမင္ရခဲတာမို႔ မ်က္ေတာင္ခက္လိုက္ဖို႔အခ်ိန္ေတြကိုပင္ ႏွေျမာတသစြာျဖင့္ တစိုက္မက္မက္ ေငးစိုက္ၾကည့္ေနမိသည္။
သူခ်စ္ရတဲ့ ကိုကိုကေလ တကယ့္ကို....။
မ်က္ရည္ေတြေတြစီးက်ၿပီး သူ႔မ်က္ႏွာကို
အၾကည့္မလႊဲစတမ္း ၾကည့္ေနသည့္ အငိုသန္သန္ေကာင္ေလးအား
အျမတ္တႏုိုး ျပန္လည္ေငးၾကည့္မိေနသည့္ သြန္းအုပ္ကိုယ္တိုုင္သည္လည္း မ်က္ရည္လည္ရြဲနွင့္။
အတူတူငိုဖူးၾကေသာ္လည္း အခုတစ္ေခါက္က အရင္အႀကိမ္မ်ားႏွင့္မတူ။ ႏွစ္ဦးသားၾကား
ဖံုးကြယ္ထားသည့္ ခံစားခ်က္တို႔မ႐ွိေတာ့။ အထင္လြဲမွားမႈတို႔က ဆိတ္သုဥ္းလို႔ေပ်ာက္ကြယ္သြားခဲ့ၿပီ။
ေနာင္တေတြနဲ႔ ဝမ္းနည္းေနဆဲျဖစ္သည့္ မင္းခအား
သြန္းအုပ္ အားေပးသလိုျပံဳးျပရင္း..
"မင္းခ.. ခုနကလိုမ်ိဳး ထပ္ေျပာေပးပါလား။ ငါနားေထာင္ရတာ မဝေသးလို႔"
"အရမ္းခ်စ္တယ္။ ကိုကို႔ကိုအရမ္းခ်စ္တယ္။ ကိုကို႔ကို အရမ္းခ်စ္တယ္။ ကိုကို႔ကို.. အြတ္"
ကေလးငယ္တစ္ေယာက္လိုမ်ိဳး ငိုသံ႐ႈိက္သံမ်ားႏွင့္ ထိုစကားတစ္ခြန္းကိုသာ ထပ္တလဲလဲေျပာေပးေနသည့္ မင္းခအား သြန္းအုပ္ ဇြတ္တရြက္နမ္းပစ္လိုက္သည္။
ေရစိုဝေနသည့္ ႏႈတ္ခမ္းသားတို႔က ေအးစက္စက္။ အနမ္းတို႔အား အလိုက္သင့္ ျပန္လည္တံု႔ျပန္ဖို႔ကို ေမ့ေလ်ာ့ေနပံုရသည့္ ေကာင္ေလးက ဝမ္းနည္းလို႔ မၿပီးေသးဘူးထင္သည္။ မမီတမီႏွင့္ ေျခဖ်ားေထာက္ၿပီး နမ္းေပးေနရသည့္လူမို႔ တစ္ဖက္ကမတံု႔ျပန္သည့္အခါ နည္းနည္းေတာ့ ႐ွက္သြားရသည္။
"ဝမ္းနည္းမေနနဲ႔ေတာ့ေလ.. ငါက အရမ္းေပ်ာ္ေနတဲ့အခ်ိန္မွာ မင္းက ဝမ္းနည္းေနရင္ ငါဘယ္လိုလုပ္ၿပီး ေသခ်ာေပ်ာ္ႏိုင္ေတာ့မွာလဲ။ မေတြးနဲ႔ေတာ့ေလ။ မငိုနဲ႔ေတာ့ေနာ္"
မင္းခက ေခါင္းကိုတဆက္ဆက္ညိတ္ျပရင္း ဆက္မငိုမိေအာင္ ထိန္းလိုက္သည္။ သို႔ေသာ္လည္း ႏႈတ္ခမ္းသားတို႔ကေတာ့ တုန္ယင္ေနေသးသည္။
ထို႔ေနာက္...
!!
မေျပာမဆိုႏွင့္ ႐ုတ္တရက္ႀကီး မင္းခက သြန္းအုပ္ကို ေကာက္ခ်ီလိုက္သည္။ အထဲကျပန္ထြက္လာၿပီးကတည္းက မင္းခ၏လုပ္စာကိုင္စာမ်ားကို မဟားတရား
စားေသာက္ထားသည့္ သြန္းအုပ္ကိုယ္က ေလးတစ္တစ္။ အနည္းငယ္ယိုင္သြားမလို ျဖစ္တာေၾကာင့္ သြန္းအုပ္ကလန္႔ၿပီး မ်က္လံုးအျပဴးသားေလးျဖင့္ ျပန္ၾကည့္မိေတာ့....
"ခ်ီႏိုင္တယ္.. မစိုးရိမ္နဲ႔"
"ေအးပါ.. ဘာေျပာလို႔လဲ"
သြန္းအုပ္ လွစ္ခနဲ ခိုးျပံဳးမိသည္။ အငိုတိတ္ခါစ
သူ႔ခ်စ္သူေက်ာင္းဆရာႀကီးရဲ႕မ်က္နွာက စူပုပ္ပုပ္ ျဖစ္ေနသလိုလို။
တကယ့္ကေလးက သူ ့ကို ကေလးလိုျပန္ျမင္ၿပီး ခ်ီခ်င္ေနတာမို ့ဘာေစာဒကမွ တက္မေနေတာ့ဘဲ
ၿငိမ္ၿငိမ္ကေလးေနျပီး အိမ္ထဲထိ ဇိမ္နွင့္သာ လိုက္သြားလိုက္သည္။
အိမ္ထဲေရာက္သည္အထိ မင္းခကလည္း စကားတစ္ခြန္းမွ ထပ္မေျပာေသးသလို သူကလည္း မေျပာျဖစ္ေသး။ အိမ္ေရွ႕ဧည့္ခန္းထဲက ထိုင္ခံုေပၚ ခ်ေပးခဲ႔ၿပီးေတာ့ အိမ္ခန္းထဲဝင္သြားသည္။
သြန္းအုပ္လည္း ဘာမွမေမးျဖစ္။ အျဖစ္မွန္ေတြကို ဘယ္အတိုင္းအတာေလာက္ထိ မင္းခက သိလာခဲ႔ၿပီမွန္း မသိရတာေၾကာင့္လည္း ေလာေလာဆယ္ခဏ ႏွုတ္ဆိတ္ေနျဖစ္သည္။
ဘာပဲျဖစ္ျဖစ္ မင္းခ စိတ္အေျခအေနက လြယ္လြယ္နွင့္ ျပန္လန္းလာဖို႔ မလြယ္တာကို နားလည္တာမို႔
အတင္းအၾကပ္လည္း ဖိအားမေပးခ်င္။ မင္းခ ေသြးေအးသည္အထိ အခ်ိန္ယူကာေစာင့္ၿပီးမွ သူေမးသင့္သည္ထင္သည္။
သိပ္မၾကာ။ မင္းခက သူ႔အတြက္ အက်ႌ/ပုဆိုးတစ္စံုယူျပီး ျပန္ထြက္လာသည္။ ကိုယ္တိုင္ကေတာ့ ေရစိုဝတ္ေတြကို လဲမလာေသး။
သြန္းအုပ္အနားလာရပ္ၿပီး ဘာမေျပာညာမေျပာႏွင့္ အက်ႋလဲေပးရန္လုပ္ေတာ့မွ သြန္းအုပ္ခမ်ာ ပ်ာပ်ာသလဲႏွင့္...
"ရတယ္ ရတယ္။ ကိုကို႔ဘာသာ လဲမွာ။ မင္းဖ်ားေတာ့မယ္။ သြားလဲေတာ့"
"ဟုတ္"
ထိုစကားတစ္လံုးကိုသာေျပာၿပီးေတာ့ အိမ္ခန္းထဲ ျပန္ဝင္သြားသည္။ လ်ွပ္စစ္မီးအိမ္မွ ခပ္မွိန္မွိန္အလင္းေရာင္ႏွင့္ လွမ္းျမင္ေနရသည့္
မင္းခ၏ပံုစံက မွုိင္ေတြေငးငိုင္ေနၿပီး ေအးစက္စက္။
သြန္းအုပ္ စိတ္ထဲမေကာင္းေသာ္လည္း
ဘာေျပာေပးသင့္မွန္း တကယ္မသိ။ ခဏေလာက္ တစ္ေယာက္တည္းလႊတ္ေပးထားတာက အေကာင္းဆံုးဟု ေတြးမိၿပီး အားေပးျပံဳးတစ္ခုျဖင့္သာ ႏွစ္သိမ့္ေပးလိုက္သည္။
-
-
သြန္းအုပ္ေ႐ွ႕မို႔ ထိန္းထားလိုက္ရသည့္ မ်က္ရည္တို႔အား အခန္းထဲေရာက္သည္ႏွင့္ မင္းခ သြန္ခ်မိသည္။
ဝမ္းသာဝမ္းနည္းျဖစ္ေနပံုရသည့္ ကိုကို႔ကို သူ႔ငိုသံၾကားလ်ွင္ စိတ္ညစ္သြားမွာ စိုးမိတာမို႔ အသံတစမွမထြက္ေအာင္ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ထားရသည္။ မြေၾကေနခဲ့သည့္ စိတ္၏အပိုင္းအစမ်ားကို ေပါက္ကြဲလို႔ထြက္မသြားေစရန္ လက္သီးႏွစ္ဖက္ကို က်စ္က်စ္ပါေအာင္ဆုပ္၍ ထိန္းခ်ဳပ္ထား၏။
ထိုသို႔ တင္းခံထားေလေလ... သူ႔ရင္ဝဆီက
တဆစ္ဆစ္နဲ႔ ထိုးေအာင့္လာေလေလ။ လည္ပင္းဝဆီမွာ တစ္ဆို႔ေနသည့္အရာက သူ႔ခံစားခ်က္ေတြမ်ားလား။
ကိုကို႔ကို မ်က္ႏွာျပဖို႔ စိတ္မရဲျဖစ္ေနသည္။ အားနာသည္။ ႐ွက္သည္။ အမွားမွားအယြင္းယြင္းျဖင့္ စြပ္စြဲမိခဲ့တာေတြ အရမ္းမ်ားလြန္းသည္။ ေနာက္ၿပီး မုန္းပစ္လိုက္ဖို႔လည္း ၾကံဖူးေသးသည္။ ရက္ရက္စက္စက္ စကားေတြကိုလည္း ပစ္ပစ္ခါခါေျပာခဲ့ဖူးသည္။
မေမ်ွာ္လင့္ရဲေလာက္သည္အထိ သူ႔အေပၚ ခ်စ္ေပးခဲ့သည့္ ကိုကို႔အေပၚ သူ လံုးဝမတရား။ ဘာအျပစ္မွလည္း မလုပ္ခဲ့သည့္ ကိုကို႔အား သူ႔စြပ္စြဲခ်က္ေတြက ျပင္းထန္လြန္းခဲ့သည္။
ကိုကို ဘယ္ေလာက္ေတာင္ ဝမ္းနည္းခဲ့ရမလဲ။
ေတြးၾကည့္ၿပီး ကိုကို႔အစား ရင္ေတြနာလိုက္တာ။
တစ္ခ်ိန္လံုး သူကသာ ဇာတ္အနာဆံုးလူလို အခ်ိဳးခ်ိဳးၿပီး ကိုကို႔ကို ဒုကၡေတြေရာက္ေအာင္ လုပ္ခဲ့မိတာ။
ကိုကို႐ွင္းျပမယ့္ စကားေတြကိုလည္း ဘယ္တုန္းကမွ နားမေထာင္ခဲ့ဘဲ ထင္ရာျမင္ရာေတြ ေလ်ွာက္စြပ္စြဲခဲ့တာ။
တကယ္ဆို သူက ကိုကို႔အခ်စ္ေတြနဲ႔ လံုးဝမထိုက္တန္ပါ။
ေနာက္ၿပီး ေလးသက္အတြက္လည္း တာဝန္မေက်ခဲ့။ ေလးသက္ အသတ္ခံရတာကိုလည္း မကာကြယ္ေပးႏိုင္ခဲ့သလို ကိုကိုေခ်ာက္ခ်ခံရတာကိုလည္း မတားဆီးေပးႏိုင္ခဲ့။ ဘယ္ေနရာမွ ဘာတစ္ခုမွအသံုးမက်ပဲ ခ်စ္တဲ့သူေတြကိုလည္း ကာကြယ္ေစာင့္ေ႐ွာက္မေပးႏိုင္ခဲ့။
အသံုးမက်လြန္းတဲ့ ကြၽန္ေတာ့္ေၾကာင့္......
-
-
အခန္းထဲက ေတာ္ေတာ္ႏွင့္ ျပန္ထြက္မလာသည့္ မင္းခအား စိတ္ပူ၍ သြန္းအုပ္ လိုက္သြားၿပီး ၾကည့္လိုက္သည္။
အခန္းထဲေရာက္တာႏွင့္ ျမင္လိုက္ရတာက...
"မင္းခ~"
သူ႔ေခၚသံၾကားေတာ့ မင္းခက ေမာ့ၾကည့္လာသည္။ ဘယ္ေလာက္ေတာင္ ငိုေနသည္မသိ။ မ်က္လံုးႏွစ္ဖက္က နီရဲ၍မို႔အစ္ေနၿပီ။ ကိုယ္ေပၚက ေရစိုဝတ္ေတြကိုလည္း အခုထိ မလဲဖယ္ရေသး။
အခန္းထဲကိုဝင္သြားစဥ္ကအတိုင္းသာ ေရစက္လက္ႏွင့္ ႐ွိေနေသးသည္။ တဆက္ဆက္တုန္ယင္စ ျပဳေနၿပီျဖစ္သည့္ ခႏၶာကိုယ္ကိုၾကည့္ရင္း ကိုယ္ပါခ်မ္းခ်င္လာသည္။
သြန္းအုပ္ စိတ္ေမာစြာ သက္ျပင္းတစ္ခ်က္ခ်မိရင္း...
က်စ္! ဖ်ားေတာ့မွာပဲကြာ...
"ဘာလုပ္ေနတာလဲ။ အဲ့အတိုင္း ငုတ္တုတ္ႀကီးထိုင္ၿပီး ေရာဂါ႐ွာေနတာလား"
"...."
"အရမ္းေျပာရတာပဲ ေနမင္းခ။ ကေလးေလးလို လုပ္မေနစမ္းနဲ႔"
မင္းခ၏ လက္႐ွိစိတ္အေျခအေနကိုသိတာမို႔ စကားေကာင္းေတြခ်ည္းေျပာေပးဖို႔ ေတြးထားခဲ့ေသာ္လည္း ေရာဂါေမြးေနသည့္ မင္းခကို စိတ္လည္းပူ၊
စိတ္လည္းတိုသြားတာမို႔ ဂ႐ုဏာေဒါသျဖင့္ ဆူပစ္လိုက္သည္။ မင္းခက ငိုသည့္ပံုမေပၚေအာင္ ျပန္ထိန္းေနေသာ္လည္း မညာတတ္သည့္သူမို႔ ပိရိစြာ ဟန္ေဆာင္ျပလို႔မရ။ သြန္းအုပ္အား မ်က္ႏွာငယ္ျဖင့္သာ ျပန္ၾကည့္ေနသည္။
သြန္းအုပ္က အဝတ္ဗီ႐ိုထဲ႐ွိ မင္းခ၏ အဝတ္တစ္စံုကို ထုတ္ယူလိုက္သည္။ ထို႔ေနာက္ မင္းခေ႐ွ႕တည့္တည့္၌ သြားရပ္၍...
"မင္းဘာသာမင္း လဲမွာလား။ ငါကိုယ္တိုင္ခြၽတ္ၿပီး လဲေပးရမွာလား"
"•••"
႐ုပ္တည္ႏွင့္ေျပာေပးလိုက္ေတာ့မွ ႐ွက္ဖို႔
သတိကပ္သြားပံုရသည့္ မင္းခက တံေတြးေတြဘာေတြၿမိဳခ်ၿပီး မ်က္ေတာင္ေလးပုတ္ခက္ပုတ္ခက္ ျဖစ္သြားသည္။
မ်က္ႏွာကိုလႊဲထားရက္သားႏွင့္ပင္ သြန္းအုပ္လက္ထဲက သူ႔အဝတ္အစားမ်ားကို လွမ္းယူလိုက္ၿပီး...
"ကိုကိုက အခန္းထဲက ထြက္ေပးေလ"
"မထြက္ဘူး။ မင္းထပ္ငိုေနရင္ ဘယ္လိုလုပ္မလဲ"
မင္းခက သက္ျပင္းဖြဖြခ်ရင္း...
"အဲ့ဒါဆိုလည္း ဟိုဘက္လွည့္ေန"
"႐ွက္ေနရေသးတယ္။ အပ်ိဳျဖန္းေလးလည္း မဟုတ္ပဲနဲ႔"
သြန္းအုပ္က ႐ုပ္တည္ႏွင့္ပင္ ခပ္တိုးတိုးစေနာက္ၿပီး တစ္ဖက္လွည့္ေပးလိုက္ေသာ္လည္း မင္းခဆီမွ ဘာသံမွထြက္မလာ။
အဝတ္အစားလဲၿပီးသြားေတာ့လည္း ဘာစကားမွမေျပာ။ ေခါင္းငိုက္စိုက္ခ်၍ ထိုင္ေနဆဲမို႔ သြန္းအုပ္ မေနႏိုင္ေတာ့။ ခုနကအတိုင္း ထိုင္ေနသည့္မင္းခေ႐ွ႕ သြားရပ္လိုက္ၿပီး...
"ငိုခ်လိုက္"
"ဗ်ာ"
မင္းခက အူေၾကာင္ေၾကာင္ေလး ျပန္ေမာ့ၾကည့္လာသည္။
"ငိုခ်င္ေနတယ္မလား။ ငိုလို႔မဝေသးရင္ ငိုခ်လိုက္။ ကိုကိုမတားေတာ့ဘူး။ ဒါေပမယ့္ ဒီေန႔ညငိုလို႔ၿပီးတာနဲ႔ မင္းခဏခဏေျပာဖူးသလို ၿပီးခဲ့တဲ့ကိစၥအားလံုးကို ေမ့လိုက္ေတာ့"
"•••"
သြန္းအုပ္စကားဆံုးတာႏွင့္ မင္းခက သြန္းအုပ္ခါးေလးကို လွမ္းဖက္လိုက္ရင္း သြန္းအုပ္ရင္ခြင္ထဲ ေခါင္းဝင္ကာ တအီအီႏွင့္ ငိုေတာ့သည္။ ဘာမွေတာ့မေျပာ။
မေထြးႏိုင္မအန္ႏိုင္ျဖစ္ေနသည့္ ရင္ထဲက ခံစားခ်က္ေတြကို မ်က္ရည္ေတြအျဖစ္ ေျပာင္းလဲသြန္ခ်ေနသည့္ ေကာင္ေလးအား သြန္းအုပ္ ခပ္ဖြဖြေလးျပန္ဖက္ထားရင္း၊ ေခါင္းေလးအား ပြတ္သပ္ေပးရင္းသာ အသံတိတ္ ႏွစ္သိမ့္ေပးေနလိုက္ေတာ့သည္။
------------------
ထိုေန႔ညဆယ့္တစ္နာရီ...
"ကိုကို ဘာေျပာေျပာ ကြၽန္ေတာ္ယံုမယ္ေနာ္"
"အင္း"
"ေနာက္ဆို ကိုကိုတစ္ေယာက္တည္းရဲ႕ စကားကိုပဲ နားေထာင္မွာ"
"အင္း..ဟုတ္ၿပီ"
"ကြၽန္ေတာ့္ကို ခ်စ္တယ္မလား"
"ဒါေပါ့.. ေမးစရာလိုလို႔လား"
"ကိုကို႔ကို ကြၽန္ေတာ့္နားကေန ဘယ္ကိုမွသြားဖို႔ ခြင့္မျပဳေတာ့ဘူး"
"အင္း.. မသြားဘူး"
"ကြၽန္ေတာ္ေလ.."
"အင္း.. ဆက္ေျပာ"
"ကြၽန္ေတာ္က ကိုကို႔ကို အရမ္းခ်စ္တာ"
"ေသခ်ာမၾကားရဘူး။ ေနာက္တစ္ေခါက္ ျပန္ေျပာေပး"
"ကိုကို္႔ကို အရမ္းခ်စ္တယ္"
"ေနာက္တစ္ေခါက္"
"ကိုကို႔ကို အရမ္းခ်စ္တယ္"
"ေနာက္ထပ္တစ္ေခါက္"
"ကိုကို႔ကို ခ်စ္တယ္"
-
-
Zzzzzz
သူ႔ကိုေပြ႔ပိုက္ထားရင္းႏွင့္ပင္ မင္းခက အိပ္ေပ်ာ္သြားၿပီ။ ေတာ္ေတာ္ေလးငိုထားတာေၾကာင့္ အိပ္ေနရင္းႏွင့္ေတာင္ တစ္ခ်က္တစ္ခ်က္ ႐ႈိက္ေနေသး၏။
မင္းခက သူ႔အား ကေလးေလးတစ္ေယာက္လို လက္ေမာင္းတစ္ဖက္ေပၚ ေခါင္းအံုးခိုင္းထားရင္း
အတင္းကို အားႀကီးႏွင့္ဖက္ထားသည္။ သူေခါင္းအံုးထားသည့္အ႐ွိန္ေၾကာင့္ မင္းခ လက္ေတြနာသြားမွာကိုစိုးရိမ္မိ၍ သြန္းအုပ္
အသာေလးထၿပီး ေနရာနည္းနည္းေရႊ႔ရန္ ႀကိဳးစားမိေတာ့...
"ကိုကိုက ဘယ္သြားမလို႔လဲ"
နည္းနည္းေလးလႈပ္လိုက္တာႏွင့္ ျပန္ႏိုးသြားသည့္မင္းခ။ သြန္းအုပ္၏ကိုယ္ကိုလည္း သူ႔ခႏၶာကိုယ္ထဲထိ ဆြဲသြင္းထားေတာ့မတက္။
ထားခဲ့ခံရမွာကို စိုးရိမ္ထိတ္လန္႔ေနမႈတို႔က မ်က္ဝန္းေတြထဲ အထင္အ႐ွား။
သြန္းအုပ္က သက္ျပင္းခပ္ဖြဖြေလး တစ္ခ်က္ခ်ရင္း...
"ဘယ္ကိုမွ မသြားဘူး။ သြားလို႔လည္း မရဘူးေလ။
မင္းပဲ အသက္႐ႈက်ပ္ေလာက္ေအာင္ အတင္းဖက္ထားၿပီးေတာ့"
"....."
"ဖက္ေခါင္းအံုးနဲ႔ မွားေနတာလား"
မင္းခက မ်က္လံုးအဝိုင္းသားေလးျဖင့္ အားနာသြားသလို ျပန္ၾကည့္လာရင္း...
"ေတာင္းပန္ပါတယ္.. က်..ကြၽန္ေတာ္"
မၾကာခင္ အိပ္ယာထဲ ငိုပြဲဆင္ေတာ့မည့္
အရိပ္အေယာင္ေတြ ျမင္လာရတာမို႔...
"ဟာ...စတာ စတာ။ ဖက္.. ဖက္။ ဖက္လို႔ရတယ္။
ကိုကိုက မင္းလက္ေမာင္းေတြနာမွာစိုးလို႔ ေျပာတာ"
"ဟုတ္.. အဲ့ဒါဆို နည္းနည္းေလးပဲဖက္ေတာ့မယ္ေနာ္"
"ေအးေအးး"
သြန္းအုပ္၏ဘဝကေတာ့ ဒံုရင္းအတိုင္း မင္းခ၏ဖက္ေခါင္းအံုး ျပန္ျဖစ္သြားသည္။ အ႐ွင္လက္လက္ႏွင့္ ဖက္ေခါင္းအံုးဘဝ ေရာက္ေနရတာက ေတာ္ေတာ္ေလးေညာင္းၿပီး ေနရခက္ေသာ္လည္း ဖက္ထားသည့္လူက မင္းခမို႔ ခ်စ္သည့္စိတ္နဲ႔ သည္းခံေပးလိုက္ပါသည္။
ေနာက္ၿပီး ဒီေန႔အဖို႔ မင္းခ၏စိတ္အေျခအေနက ေတာ္ေတာ္ေလး မေကာင္းျဖစ္ေနသည္။ ကေလာၿမိဳ႕ႀကီးအား မင္းခ၏မ်က္ရည္မ်ားလႊမ္းၿပီး မ်က္ရည္ေဘးဒုကၡသည္မ်ား ျဖစ္မသြားရေလေအာင္ ေနမင္းခ၏ သက္ဆိုင္သူျဖစ္သည့္ သြန္းအုပ္စိုးပိုင္က မင္းခ,မငိုေအာင္ အလိုလိုက္ေပးမွျဖစ္မည္။
ျပန္အိပ္ေပ်ာ္သြားၿပီျဖစ္သည့္ မင္းခ၏မ်က္ႏွာေလးကိုၾကည့္ရင္း သြန္းအုပ္ စိတ္ခ်မ္းခ်မ္းသာသာျဖင့္ ျပံဳးမိသည္။
ဒီေကာင္ေလးဟာ သိပ္ကံေကာင္းသည္။
သူ႔သက္ဆိုင္သူက သူ႔အေပၚ အရမ္းကို ခ်စ္ေပးနိုင္လြန္းသည္။ အေမြေတြအမ်ားႀကီးရဖို႔႐ွိသည့္ သူေဌးသား၏ႏွလံုးသားကိုရထားတာမို႔ ေနာက္ဆို ေငြေရးေၾကးေရးအတြက္လည္း ပူပန္ရမွာမဟုတ္။
ကံအေကာင္းဆံုးအခ်က္ကေတာ့ ဒီေကာင္ေလးက ကိုယ္တိုင္ကသာ ေတာသားညိဳထြားထြားျဖစ္ေနေသာ္လည္း သူ႔ကိုကိုဆိုသူကေတာ့ အင္မတန္မွ ေခ်ာေမာခန္႔ညားသူတစ္ဦး ျဖစ္ေနခဲ့ေလသည္။
******************tbc
9.June.22
ကိုသြန္းအုပ္စိုးပိုင္ရဲ႕ အေတြးတစ္ေပါက္!😉
[Unicode]
"လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်......"
ဖုန်းခေါ်တိုင်း ဆက်သွယ်မှုဧရိယာပြင်ပချည်း အော်နေတော့ သွန်းအုပ် စိတ်ညစ်လာသည်။ အချိန်ကလည်း ညကိုးနာရီခွဲနေပြီ။
မင်းခက ပြန်မရောက်သေး။ ဘယ်ကိုသွားနေမှန်းလဲမသိ။
နောက်နာရီဝက်နေလို့မှ ပြန်မရောက်လာသေးရင်တော့ သူတစ်ခုခုလုပ်မှဖြစ်တော့မည်။ အခုလည်း စိုးရိမ်မှုကြောင့် ထမရ၊ထိုင်မရဖြစ်နေပြီ။ ဒီကလေးဟာ ငယ်ငယ်ကတည်းက သူစိတ်ပူရအောင် လုပ်တတ်လွန်းသည်။
အချိန်မခါလည်းမဟုတ်ပါဘဲ သည်းထန်စွာရွာနေသည့် မိုးတို့ကြောင့် သွားရေးလာရေး၌ နှောင့်နှေးနေပုံရသည်။ ထီးမပါသွား၍ တစ်နေရာရာမှာ မိုးဝင်ခိုနေရတာများလား။
အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ အိမ်အနီးအနား ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မိုက်လို့နေသည်။ မိုးသည်းပြီး လေပြင်းများလည်း တိုက်ခတ်နေတာကြောင့် မီးကလည်းပျက်နေသေး၏။ ဒါ့ကြောင့်များ တစ်နေရာမှာ ခဏနေ,နေရသလားရယ်တော့မသိ။
ဟိုတွေးဒီတွေးရင်း အိမ်ရှေ့ကို ရုတ်တရက် ထပ်ပြီးအကြည့်ရောက်သွားမိသည်။ လင်းခနဲဖြစ်သွားသည့် လျှပ်စီးတစ်ခုကြောင့် ဖျက်ခနဲမြင်လိုက်ရတာက အိမ်ရှေ့တွင် ငုတ်တုတ်လေးထိုင်နေသည့် မင်းခမျက်နှာ။
သေချာအောင် ဓာတ်မီးတစ်လက်ယူ၍
ထပ်ထိုးကြည့်လိုက်သည်။ မင်းခမှ မင်းခအစစ်။
မိုးရေထဲမှာ ဘာထိုင်လုပ်နေတာလဲ?
ကျောင်းဆရာလုပ်နေပြီး မိုးမိရင်ဖျားတတ်တာကို နားမလည်ဘူးလားမသိ။ တော်ကြာ နေမကောင်းဖြစ်ရင် ကိုယ်ကပဲ အလုပ်ရှုပ်ဦးမည်။ ရှိသည့် မေတ္တာသေးသေးလေး ပျက်သွားလောက်အောင်အထိ တစ်ခါတစ်ခါ နေမင်းခက တော်တော်လေး အူကြောင်ကြောင်နိုင်လွန်းပါသည်။
ထီးတစ်ချောင်းကိုဆွဲပြီး အမြန်ပြေးသွားလိုက်သည်။ အရေးထဲ ခြံတံခါးက ဖွင့်ရခက်နေသေး၏။ အလျင်စလို လုပ်နေမိတာကြောင့် နည်းနည်းတောင် ပိုကြာသွားရသည်။
"သေချင်လို့လား! မိုးထဲရေထဲမှာထိုင်ပြီး မင်းအမေလင်ကို စောင့်နေတာလား! ရူးကြောင်ကြောင်နဲ့ ဘာတွေလုပ်.. ဟမ်?"
စကားဆုံးအောင် မဆူလိုက်ရ။
မော့ကြည့်လာသည့် မင်းခ၏မျက်နှာက ပုံမှန်မဟုတ်တာမို့...
"ဘာတွေဖြစ်လာတာလဲ"
"....."
"ပြောလေ... ဘာတွေဖြစ်လာလို့လဲ။ မင်းကို
ဘယ်သူက ဘာပြောလိုက်လို့လဲ။ ဟမ်? ကိုကို့ကိုပြောလေ"
"....."
တုံးအပြီး အသိဉာဏ်မရှိလွန်းသည့် သူ့အား ကိုကိုက စိုးရိမ်ပေးနေရပြန်ပြီ။ အပြစ်မရှိသည့် ကိုကိုက သူ့ကို ဘာလို့မုန်းမသွားသေးတာလဲ။ တကယ်ဆို စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ ကင်းမဲ့နေသည့် သူ့ကို စိတ်နာသင့်နေပြီ။
"မင်းခ.. ကိုကိုကို့ပြောလေ။ ဘာတွေဖြစ်လာလို့လဲ"
"...."
"ကြည့်ဦး.. တစ်ကိုယ်လုံးလည်း စိုရွှဲနေပြီ။
ရေကြာကြာထိလို့ရတာလည်း မဟုတ်ဘဲနဲ့။ မင်းက ကိုယ့်အကြောင်းကိုယ် မသိဘူး"
စိုးရိမ်တကြီးနှင့် ပူပန်ပေးနေပြန်သည့်သူ။
အသက်ရှုရခက်လာသည်အထိ ရင်ထဲမှာ တင်းကြပ်လာသည်။ ကိုကိုက ပျာယာတွေခပ်ပြီး စိုးရိမ်နေလေလေ... သူ့နှလုံးသားထဲမှာက ပိုပြီးနာကျင်လာရလေလေ။
တောင်းပန်ပါတယ် ကိုကို...
ယုံကြည်မှုတွေ မပေးခဲ့မိလို့။
ကာကွယ်တယ်လို့ ခေါင်းစဉ်တပ်နေပြီး
တကယ်တမ်းကျ
ကျွန်တော်ကိုယ်တိုင်က ဒုက္ခရောက်စေခဲ့သူ ဖြစ်နေလို့။
ကျွန်တော်သာ စဉ်းစားဉာဏ်ရှိခဲ့ရင်...
ကျွန်တော်သာ မစွပ်စွဲခဲ့ရင်...
ကျွန်တော်သာ ယုံကြည်ပေးခဲ့မယ်ဆိုရင်လေ.....။
-
-
"တောင်း ပန် ပါ တယ်"
အချိန်အတော်ကြာသည်အထိ အသက်မရှိသူလို ငြိမ်သက်နေပြီးမှ တုန်ယင်ချိနဲ့စွာဖြင့် ပြောလာသည့် မင်းခ၏စကား။
သွန်းအုပ် အံ့အားသင့်သွားရသည်။ ပြီးမှ သက်ပြင်းသဲ့သဲ့ချကာ မျက်မှောင်ကြုတ်လိုက်မိရင်း..
"ဘာဖြစ်လို့လဲ။ မင်းက ဘာအမှားလုပ်လို့ ငါ့ကို တောင်းပန်နေရတာလဲ"
"ကျ... ကျွန်တော်"
မင်းခက စကားပြောဖို့ကိုပင် မဝံ့မရဲဖြစ်နေသည်။ အမူအရာတွေက ဝမ်းနည်းတုန်လှုပ်နေမှန်း သိသာနေသော်လည်း မငိုဘဲတင်းခံထား၏။
ဒီကောင်လေး ဘာတွေဖြစ်နေသလဲ စဉ်းစားမရတော့။
မင်းခ၏ မျက်နှာလေးအား ခပ်ဖွဖွထိကိုင်လိုက်ရင်း...
"လောလောဆယ် အိမ်ထဲအရင်ဝင်ရအောင်။ တော်ကြာ
မင်း ဖျားနေလိမ့်မယ်"
"....."
လက်တစ်ဖက်ကထီးကိုကိုင်၍ မိုးပေးကာ ကျန်လက်တစ်ဖက်က မင်းခ၏လက်ကိုဆွဲ၍ သွန်းအုပ်က အိမ်ထဲသို့ပြန်ဝင်ရန် ပြင်လိုက်သည်။ သို့သော်လည်း မင်းခက သူဆွဲခေါ်ရာနောက်သို့ပါမလာဘဲ မလှုပ်မယှက် ရပ်နေဆဲသာ။
"မင်းခ.. လာလေ"
"ကိုကို~"
မင်းခ၏ ခေါ်သံက တိုးဖျော့ဖျော့။
"ကျွန်တော့်ကို စိတ်မနာဘူးလား"
သွန်းအုပ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း...
"ဘာကိုစိတ်နာရမှာလဲ? ဘာတွေ လျှောက်မေးနေမှန်းလည်း မသိဘူး။ မဟုတ်တရုတ်တွေ လျှောက်ပြောမနေနဲ့။ ဖျားလိမ့်မယ်.. အိမ်ထဲကိုဝင်"
မင်းခက သွန်းအုပ်စကားပြောနေတာကို ဆုံးအောင် နားမထောင်။ ရုတ်တရက်ကြီး သွန်းအုပ်၏တစ်ကိုယ်လုံးကို
သူ့လက်တွေကြားထဲ နစ်မြုပ်သွားတော့မလား
ထင်ရလောက်အောင် တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။
သွန်းအုပ်ရဲ့လက်ထဲကထီးလေးက မြေပြင်ပေါ်
ဖရိုဖရဲလွတ်ကျသွားသည်။ ထူးဆန်းနေသည့် မင်းခ၏အပြုအမူကြောင့် သွန်းအုပ်၏ ရင်ထဲမှာတဒိတ်ဒိတ်။
မင်းခ ဘာတွေဖြစ်နေတာလဲ။
မင်းခက သွန်းအုပ်အား လွတ်ထွက်သွားမှာစိုးသည့်အလား တင်းကြပ်စွာ ဖက်ထားရင်းကပင် တုန်ယင်ချင်နေသည့် အက်ကွဲကွဲအသံတို့ဖြင့်...
"တောင်းပန်ပါတယ်.. အမြဲတမ်း ကိုကို့ကို မကောင်းထင်နေခဲ့လို့ တောင်းပန်ပါတယ်။ ကျွန်တော့်အမှားတွေပါ.. ကျွန်တော်မှားတာပါ။
ကိုကိုက ဘာအပြစ်မှလည်းမလုပ်ဘဲ ကျွန်တော့်ကြောင့်.. ကျွန်တော့်ကြောင့် ထောင်ကျခဲ့ရတာ။ နောက်ပြီး လေးသက်.. လေးသက်ကလေ.. ကျွန်တော်အသုံးမကျလို့ အခုထိ တရားမှုလည်းမရသေးဘူး။ ကိုကိုလည်း နှစ်တွေ အများကြီး... ကျွန်တော်မကောင်းလို့လေ.. ကျွန်တော်"
"တော်ပါတော့!"
အတင်းပွေ့ဖက်နေသည့် မင်းခ၏ လက်မောင်းနှစ်ဖက်ကြားက ဇွတ်ထွက်ပြီး သွန်းအုပ် ခပ်ဆက်ဆက်လေး အော်ပေးလိုက်သည်။ သူ့ရှေ့က မင်းခဆိုသည့် ငတုံးလေးကတော့ သူစိတ်ဆိုးသွားပြီအထင်နှင့် တစ်လုံးမှဆက်မပြောရဲတော့ဘဲ အကြောင်သားလေး ပြန်ကြည့်နေရှာ၏။
မသဲမကွဲဖြင့် မြင်နေရသည့် မင်းခ၏မျက်ဝန်းတို့၌ ကျိန်းသေရှိနေခဲ့တာက မျက်ရည်များ...
စကားဆက်မပြောခင် သွန်းအုပ် သက်ပြင်းမောတစ်ချက် ရှိုက်မိသည်။
မင်းခ ဘာတွေသိလာပြီလဲ။ ဘယ်အထိသိသွားတာလဲ။ စိတ်သဘောထားနူးညံ့သည့်သူမို့ အမှန်တရားအားလုံးကို လက်ခံရင်ဆိုင်နိုင်ဖို့ မလွယ်ကူတာကို နားလည်သည်။ သို့သော်လည်း သူ့အတွက်တော့ အဆိုးထဲကအကောင်းမို့ စိတ်ထဲမှာ တမျိုးတမည်သော ပျော်ရွှင်မှုကို ခံစားရသည်ဟုဆိုပါလျှင် နည်းနည်းတော့ အတ္တကြီးနေလိမ့်မည်လား။
မျက်ရည်တို့တသွင်သွင် စီးကျနေသည့် မင်းခ၏ပါးနှစ်ဖက်ကို သူ့လက်နှစ်ဖက်ဖြင့် ဖွဖွလေးအုပ်မိုးကာကိုင်လိုက်သည်။ ထို့နောက် အနွေးထွေးဆုံးဖြစ်မည့် လေသံဖြင့် ဝမ်းနည်းနေသည့် မင်းခအား...
"မင်းမှာအပြစ်မရှိပါဘူး။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်နေတာတွေ ရပ်လိုက်ပါတော့"
"....."
"အခု ဘာတွေသိလာလို့လဲ။ ဘာလို့ အခုလိုမျိုး ကိုယ့်ကိုယ်ကို အပြစ်တွေတင်နေရတာလဲ"
"......"
"စိတ်အေးအေးထားနော်.. မဟုတ်တာတွေ လျှောက်တွေးမနေနဲ့။ ကိုကိုက မင်းကို အပြစ်မတင်ဖူးတာမို့..."
အချိန်ပြည့် ဘုကလန့်စကားတွေကိုသာ ပြောတတ်သူက ဝမ်းနည်းနေသည့် ကလေးတစ်ယောက်ကို ချော့မြှူနေသလိုမျိုး သူ့အား ချော့မော့နှစ်သိမ့်ပေးနေသည်။ တစ်ချက်တစ်ချက် လက်ခနဲဖြစ်သွားတတ်သည့်
လျှပ်စီးတို့၏အလင်းရောင်ဖြင့် မြင်နေရသည့် သူရှေ့ရှိအပြုံးက သူ့ဘဝတစ်ခုလုံးကို နှစ်မြုပ်ပစ်လိုက်ဖို့ရန်အတွက် တွေဝေမှူဆိုတာမျိုး လုံးဝမရှိစေတော့အောင်အထိ ချိုမြလွန်းနေခဲ့၏။
တလျှောက်လုံးမကျနိုင်ခဲ့သည့် မျက်ရည်များက အခုမှပဲ အားပါးတရ ပြိုကျလို့လာသည်။
မထင်ထားလောက်အောင် ကိုကိုက သဘောထားကြီးခဲ့သလို မမျှော်လင့်ရဲခဲ့သည့် အတိုင်းအဆမဲ့မေတ္တာများနှင့် သူ့ကို ချစ်ပေးခဲ့သည်။ ဘာထပ်လိုဦးမည်နည်း။ သူ့သံသရာတစ်ခုလုံး ကိုကို့ရပ်ဝန်းမှာပဲကျင်လည်ဖို့ လုံလောက်နေခဲ့ပြီ။
သူ့ပါးနှစ်ဖက်ပေါ်က လက်ကလေးနှစ်ဖက်အား ပြန်လည်ဆုပ်ကိုင်လိုက်မိရင်း...
"ကိုကို.. ကျ.. ကျွန်တော်လေ"
"အင်း..."
"ကို့ကိုကို အရမ်းချစ်တယ်"
"••••"
မထင်မှတ်ထားသည့်အချိန် ရုတ်တရက်ကြားလိုက်ရသော ထိုစကားအား တကယ်ကြားလိုက်ရတာရော
ဟုတ်ရဲ့လားဟု ဇဝေဇဝါဖြစ်သွားရသည်အထိ။
တဒိတ်ဒိတ်ခုန်လှုပ်နေသည့် နှလုံးခုန်သံတို့က မိုးသံလေသံများနှင့်အပြိုင် ဆူညံလာသည်။
မျက်ဝန်းထဲ၌စိုစွတ်လာသည့် အရည်များက
မိုးရေများတော့ မဖြစ်နိုင်ရာ။
ပျော်လွန်းလို့ ငိုမိနေပြန်ပြီ။ မင်းခနှုတ်ကနေ ဖွင့်ပြောလာမယ့် ဒီစကားကို ကြားခွင့်ရဖို့အတွက် သူဘယ်လောက်တောင် မျှော်လင့်ခဲ့ရလဲ သူသာအသိ။
တစ်ခါကြားရရုံနှင့် မတင်းတိမ်နိုင်တာမို့...
"ဘာပြောလိုက်တာလဲ သေချာမကြားရဘူး"
"ကိုကို့ကိုချစ်တယ်"
"ဟမ်? သေချာမကြားရသေးဘူး"
"ကိုကို့ကို ချစ်တယ်"
ရှိုက်ကာရှိုက်ကာဖြင့်ပြောနေသည့် ကျောင်းဆရာကြီးက သူ့မျက်လုံးထဲမှာတော့ အငိုသန်လွန်းပါသည့် လေးတန်းကျောင်းသားလေးတစ်ယောက်သာ။
မင်းခ၏ပါးနှစ်ဖက်ကို ကိုင်ထားဆဲမို့ ပါးပြင်ပေါ် စီးကာကျနေသည့် မင်းခ၏မျက်ရည်ပူနွေးနွေးတို့က သူ့လက်ဖဝါးများကိုပါ စိုစွတ်လာစေသည်။ မင်းခကလည်း သူ့ပါးပေါ်က သွန်းအုပ်၏လက်လေးနှစ်ဖက်ကို အုပ်မိုး၍ ကိုင်ထားဆဲ...
"နောက်တစ်ခေါက် ထပ်ပြောပေး"
"ကိုကို့ကို ချစ်တယ်"
"ထပ်ပြီး နားထောင်ချင်သေးတယ်"
"ကိုကို့ကို ချစ်တယ်။ အရမ်းချစ်တယ်"
သွန်းအုပ်က မျက်ရည်များကျနေရင်းမှ လှိုက်လှိုက်လှဲလှဲ ရယ်မောဖြစ်သည်။ ပျော်နေတာကို ဖုံးဖိလို့မရတော့...
"ဘယ်လိုလုပ်မလဲ? နားထောင်လို့ မဝသေးဘူး"
ပြုံးပြုံးလေးကြည့်ပြီး ပြောနေသည့် ကိုကို့စကားသံက သာယာလွန်းနေသည်။ ငိုရင်းနဲ့ပြုံးပြတတ်သည့် ကိုကို့အပြုံးတွေက မြင်ရခဲတာမို့ မျက်တောင်ခက်လိုက်ဖို့အချိန်တွေကိုပင် နှမြောတသစွာဖြင့် တစိုက်မက်မက် ငေးစိုက်ကြည့်နေမိသည်။
သူချစ်ရတဲ့ ကိုကိုကလေ တကယ့်ကို....။
မျက်ရည်တွေတွေစီးကျပြီး သူ့မျက်နှာကို
အကြည့်မလွှဲစတမ်း ကြည့်နေသည့် အငိုသန်သန်ကောင်လေးအား
အမြတ်တနိုး ပြန်လည်ငေးကြည့်မိနေသည့် သွန်းအုပ်ကိုယ်တိုင်သည်လည်း မျက်ရည်လည်ရွဲနှင့်။
အတူတူငိုဖူးကြသော်လည်း အခုတစ်ခေါက်က အရင်အကြိမ်များနှင့်မတူ။ နှစ်ဦးသားကြား
ဖုံးကွယ်ထားသည့် ခံစားချက်တို့မရှိတော့။ အထင်လွဲမှားမှုတို့က ဆိတ်သုဉ်းလို့ပျောက်ကွယ်သွားခဲ့ပြီ။
နောင်တတွေနဲ့ ဝမ်းနည်းနေဆဲဖြစ်သည့် မင်းခအား
သွန်းအုပ် အားပေးသလိုပြုံးပြရင်း..
"မင်းခ.. ခုနကလိုမျိုး ထပ်ပြောပေးပါလား။ ငါနားထောင်ရတာ မဝသေးလို့"
"အရမ်းချစ်တယ်။ ကိုကို့ကိုအရမ်းချစ်တယ်။ ကိုကို့ကို အရမ်းချစ်တယ်။ ကိုကို့ကို.. အွတ်"
ကလေးငယ်တစ်ယောက်လိုမျိုး ငိုသံရှိုက်သံများနှင့် ထိုစကားတစ်ခွန်းကိုသာ ထပ်တလဲလဲပြောပေးနေသည့် မင်းခအား သွန်းအုပ် ဇွတ်တရွက်နမ်းပစ်လိုက်သည်။
ရေစိုဝနေသည့် နှုတ်ခမ်းသားတို့က အေးစက်စက်။ အနမ်းတို့အား အလိုက်သင့် ပြန်လည်တုံ့ပြန်ဖို့ကို မေ့လျော့နေပုံရသည့် ကောင်လေးက ဝမ်းနည်းလို့ မပြီးသေးဘူးထင်သည်။ မမီတမီနှင့် ခြေဖျားထောက်ပြီး နမ်းပေးနေရသည့်လူမို့ တစ်ဖက်ကမတုံ့ပြန်သည့်အခါ နည်းနည်းတော့ ရှက်သွားရသည်။
"ဝမ်းနည်းမနေနဲ့တော့လေ.. ငါက အရမ်းပျော်နေတဲ့အချိန်မှာ မင်းက ဝမ်းနည်းနေရင် ငါဘယ်လိုလုပ်ပြီး သေချာပျော်နိုင်တော့မှာလဲ။ မတွေးနဲ့တော့လေ။ မငိုနဲ့တော့နော်"
မင်းခက ခေါင်းကိုတဆက်ဆက်ညိတ်ပြရင်း ဆက်မငိုမိအောင် ထိန်းလိုက်သည်။ သို့သော်လည်း နှုတ်ခမ်းသားတို့ကတော့ တုန်ယင်နေသေးသည်။
ထို့နောက်...
!!
မပြောမဆိုနှင့် ရုတ်တရက်ကြီး မင်းခက သွန်းအုပ်ကို ကောက်ချီလိုက်သည်။ အထဲကပြန်ထွက်လာပြီးကတည်းက မင်းခ၏လုပ်စာကိုင်စာများကို မဟားတရား
စားသောက်ထားသည့် သွန်းအုပ်ကိုယ်က လေးတစ်တစ်။ အနည်းငယ်ယိုင်သွားမလို ဖြစ်တာကြောင့် သွန်းအုပ်ကလန့်ပြီး မျက်လုံးအပြူးသားလေးဖြင့် ပြန်ကြည့်မိတော့....
"ချီနိုင်တယ်.. မစိုးရိမ်နဲ့"
"အေးပါ.. ဘာပြောလို့လဲ"
သွန်းအုပ် လှစ်ခနဲ ခိုးပြုံးမိသည်။ အငိုတိတ်ခါစ
သူ့ချစ်သူကျောင်းဆရာကြီးရဲ့မျက်နှာက စူပုပ်ပုပ် ဖြစ်နေသလိုလို။
တကယ့်ကလေးက သူ့ကို ကလေးလိုပြန်မြင်ပြီး ချီချင်နေတာမို့ဘာစောဒကမှ တက်မနေတော့ဘဲ
ငြိမ်ငြိမ်ကလေးနေပြီး အိမ်ထဲထိ ဇိမ်နှင့်သာ လိုက်သွားလိုက်သည်။
အိမ်ထဲရောက်သည်အထိ မင်းခကလည်း စကားတစ်ခွန်းမှ ထပ်မပြောသေးသလို သူကလည်း မပြောဖြစ်သေး။ အိမ်ရှေ့ဧည့်ခန်းထဲက ထိုင်ခုံပေါ် ချပေးခဲ့ပြီးတော့ အိမ်ခန်းထဲဝင်သွားသည်။
သွန်းအုပ်လည်း ဘာမှမမေးဖြစ်။ အဖြစ်မှန်တွေကို ဘယ်အတိုင်းအတာလောက်ထိ မင်းခက သိလာခဲ့ပြီမှန်း မသိရတာကြောင့်လည်း လောလောဆယ်ခဏ နှုတ်ဆိတ်နေဖြစ်သည်။
ဘာပဲဖြစ်ဖြစ် မင်းခ စိတ်အခြေအနေက လွယ်လွယ်နှင့် ပြန်လန်းလာဖို့ မလွယ်တာကို နားလည်တာမို့
အတင်းအကြပ်လည်း ဖိအားမပေးချင်။ မင်းခ သွေးအေးသည်အထိ အချိန်ယူကာစောင့်ပြီးမှ သူမေးသင့်သည်ထင်သည်။
သိပ်မကြာ။ မင်းခက သူ့အတွက် အင်္ကျီ/ပုဆိုးတစ်စုံယူပြီး ပြန်ထွက်လာသည်။ ကိုယ်တိုင်ကတော့ ရေစိုဝတ်တွေကို လဲမလာသေး။
သွန်းအုပ်အနားလာရပ်ပြီး ဘာမပြောညာမပြောနှင့် အင်္ကျိလဲပေးရန်လုပ်တော့မှ သွန်းအုပ်ခမျာ ပျာပျာသလဲနှင့်...
"ရတယ် ရတယ်။ ကိုကို့ဘာသာ လဲမှာ။ မင်းဖျားတော့မယ်။ သွားလဲတော့"
"ဟုတ်"
ထိုစကားတစ်လုံးကိုသာပြောပြီးတော့ အိမ်ခန်းထဲ ပြန်ဝင်သွားသည်။ လျှပ်စစ်မီးအိမ်မှ ခပ်မှိန်မှိန်အလင်းရောင်နှင့် လှမ်းမြင်နေရသည့်
မင်းခ၏ပုံစံက မှိုင်တွေငေးငိုင်နေပြီး အေးစက်စက်။
သွန်းအုပ် စိတ်ထဲမကောင်းသော်လည်း
ဘာပြောပေးသင့်မှန်း တကယ်မသိ။ ခဏလောက် တစ်ယောက်တည်းလွှတ်ပေးထားတာက အကောင်းဆုံးဟု တွေးမိပြီး အားပေးပြုံးတစ်ခုဖြင့်သာ နှစ်သိမ့်ပေးလိုက်သည်။
-
-
သွန်းအုပ်ရှေ့မို့ ထိန်းထားလိုက်ရသည့် မျက်ရည်တို့အား အခန်းထဲရောက်သည်နှင့် မင်းခ သွန်ချမိသည်။
ဝမ်းသာဝမ်းနည်းဖြစ်နေပုံရသည့် ကိုကို့ကို သူ့ငိုသံကြားလျှင် စိတ်ညစ်သွားမှာ စိုးမိတာမို့ အသံတစမှမထွက်အောင် အောက်နှုတ်ခမ်းကို ဖိကိုက်ထားရသည်။ မွကြေနေခဲ့သည့် စိတ်၏အပိုင်းအစများကို ပေါက်ကွဲလို့ထွက်မသွားစေရန် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ထိန်းချုပ်ထား၏။
ထိုသို့ တင်းခံထားလေလေ... သူ့ရင်ဝဆီက
တဆစ်ဆစ်နဲ့ ထိုးအောင့်လာလေလေ။ လည်ပင်းဝဆီမှာ တစ်ဆို့နေသည့်အရာက သူ့ခံစားချက်တွေများလား။
ကိုကို့ကို မျက်နှာပြဖို့ စိတ်မရဲဖြစ်နေသည်။ အားနာသည်။ ရှက်သည်။ အမှားမှားအယွင်းယွင်းဖြင့် စွပ်စွဲမိခဲ့တာတွေ အရမ်းများလွန်းသည်။ နောက်ပြီး မုန်းပစ်လိုက်ဖို့လည်း ကြံဖူးသေးသည်။ ရက်ရက်စက်စက် စကားတွေကိုလည်း ပစ်ပစ်ခါခါပြောခဲ့ဖူးသည်။
မမျှော်လင့်ရဲလောက်သည်အထိ သူ့အပေါ် ချစ်ပေးခဲ့သည့် ကိုကို့အပေါ် သူ လုံးဝမတရား။ ဘာအပြစ်မှလည်း မလုပ်ခဲ့သည့် ကိုကို့အား သူ့စွပ်စွဲချက်တွေက ပြင်းထန်လွန်းခဲ့သည်။
ကိုကို ဘယ်လောက်တောင် ဝမ်းနည်းခဲ့ရမလဲ။
တွေးကြည့်ပြီး ကိုကို့အစား ရင်တွေနာလိုက်တာ။
တစ်ချိန်လုံး သူကသာ ဇာတ်အနာဆုံးလူလို အချိုးချိုးပြီး ကိုကို့ကို ဒုက္ခတွေရောက်အောင် လုပ်ခဲ့မိတာ။
ကိုကိုရှင်းပြမယ့် စကားတွေကိုလည်း ဘယ်တုန်းကမှ နားမထောင်ခဲ့ဘဲ ထင်ရာမြင်ရာတွေ လျှောက်စွပ်စွဲခဲ့တာ။
တကယ်ဆို သူက ကိုကို့အချစ်တွေနဲ့ လုံးဝမထိုက်တန်ပါ။
နောက်ပြီး လေးသက်အတွက်လည်း တာဝန်မကျေခဲ့။ လေးသက် အသတ်ခံရတာကိုလည်း မကာကွယ်ပေးနိုင်ခဲ့သလို ကိုကိုချောက်ချခံရတာကိုလည်း မတားဆီးပေးနိုင်ခဲ့။ ဘယ်နေရာမှ ဘာတစ်ခုမှအသုံးမကျပဲ ချစ်တဲ့သူတွေကိုလည်း ကာကွယ်စောင့်ရှောက်မပေးနိုင်ခဲ့။
အသုံးမကျလွန်းတဲ့ ကျွန်တော့်ကြောင့်......
-
-
အခန်းထဲက တော်တော်နှင့် ပြန်ထွက်မလာသည့် မင်းခအား စိတ်ပူ၍ သွန်းအုပ် လိုက်သွားပြီး ကြည့်လိုက်သည်။
အခန်းထဲရောက်တာနှင့် မြင်လိုက်ရတာက...
"မင်းခ~"
သူ့ခေါ်သံကြားတော့ မင်းခက မော့ကြည့်လာသည်။ ဘယ်လောက်တောင် ငိုနေသည်မသိ။ မျက်လုံးနှစ်ဖက်က နီရဲ၍မို့အစ်နေပြီ။ ကိုယ်ပေါ်က ရေစိုဝတ်တွေကိုလည်း အခုထိ မလဲဖယ်ရသေး။
အခန်းထဲကိုဝင်သွားစဉ်ကအတိုင်းသာ ရေစက်လက်နှင့် ရှိနေသေးသည်။ တဆက်ဆက်တုန်ယင်စ ပြုနေပြီဖြစ်သည့် ခန္ဓာကိုယ်ကိုကြည့်ရင်း ကိုယ်ပါချမ်းချင်လာသည်။
သွန်းအုပ် စိတ်မောစွာ သက်ပြင်းတစ်ချက်ချမိရင်း...
ကျစ်! ဖျားတော့မှာပဲကွာ...
"ဘာလုပ်နေတာလဲ။ အဲ့အတိုင်း ငုတ်တုတ်ကြီးထိုင်ပြီး ရောဂါရှာနေတာလား"
"...."
"အရမ်းပြောရတာပဲ နေမင်းခ။ ကလေးလေးလို လုပ်မနေစမ်းနဲ့"
မင်းခ၏ လက်ရှိစိတ်အခြေအနေကိုသိတာမို့ စကားကောင်းတွေချည်းပြောပေးဖို့ တွေးထားခဲ့သော်လည်း ရောဂါမွေးနေသည့် မင်းခကို စိတ်လည်းပူ၊
စိတ်လည်းတိုသွားတာမို့ ဂရုဏာဒေါသဖြင့် ဆူပစ်လိုက်သည်။ မင်းခက ငိုသည့်ပုံမပေါ်အောင် ပြန်ထိန်းနေသော်လည်း မညာတတ်သည့်သူမို့ ပိရိစွာ ဟန်ဆောင်ပြလို့မရ။ သွန်းအုပ်အား မျက်နှာငယ်ဖြင့်သာ ပြန်ကြည့်နေသည်။
သွန်းအုပ်က အဝတ်ဗီရိုထဲရှိ မင်းခ၏ အဝတ်တစ်စုံကို ထုတ်ယူလိုက်သည်။ ထို့နောက် မင်းခရှေ့တည့်တည့်၌ သွားရပ်၍...
"မင်းဘာသာမင်း လဲမှာလား။ ငါကိုယ်တိုင်ချွတ်ပြီး လဲပေးရမှာလား"
"•••"
ရုပ်တည်နှင့်ပြောပေးလိုက်တော့မှ ရှက်ဖို့
သတိကပ်သွားပုံရသည့် မင်းခက တံတွေးတွေဘာတွေမြိုချပြီး မျက်တောင်လေးပုတ်ခက်ပုတ်ခက် ဖြစ်သွားသည်။
မျက်နှာကိုလွှဲထားရက်သားနှင့်ပင် သွန်းအုပ်လက်ထဲက သူ့အဝတ်အစားများကို လှမ်းယူလိုက်ပြီး...
"ကိုကိုက အခန်းထဲက ထွက်ပေးလေ"
"မထွက်ဘူး။ မင်းထပ်ငိုနေရင် ဘယ်လိုလုပ်မလဲ"
မင်းခက သက်ပြင်းဖွဖွချရင်း...
"အဲ့ဒါဆိုလည်း ဟိုဘက်လှည့်နေ"
"ရှက်နေရသေးတယ်။ အပျိုဖြန်းလေးလည်း မဟုတ်ပဲနဲ့"
သွန်းအုပ်က ရုပ်တည်နှင့်ပင် ခပ်တိုးတိုးစနောက်ပြီး တစ်ဖက်လှည့်ပေးလိုက်သော်လည်း မင်းခဆီမှ ဘာသံမှထွက်မလာ။
အဝတ်အစားလဲပြီးသွားတော့လည်း ဘာစကားမှမပြော။ ခေါင်းငိုက်စိုက်ချ၍ ထိုင်နေဆဲမို့ သွန်းအုပ် မနေနိုင်တော့။ ခုနကအတိုင်း ထိုင်နေသည့်မင်းခရှေ့ သွားရပ်လိုက်ပြီး...
"ငိုချလိုက်"
"ဗျာ"
မင်းခက အူကြောင်ကြောင်လေး ပြန်မော့ကြည့်လာသည်။
"ငိုချင်နေတယ်မလား။ ငိုလို့မဝသေးရင် ငိုချလိုက်။ ကိုကိုမတားတော့ဘူး။ ဒါပေမယ့် ဒီနေ့ညငိုလို့ပြီးတာနဲ့ မင်းခဏခဏပြောဖူးသလို ပြီးခဲ့တဲ့ကိစ္စအားလုံးကို မေ့လိုက်တော့"
"•••"
သွန်းအုပ်စကားဆုံးတာနှင့် မင်းခက သွန်းအုပ်ခါးလေးကို လှမ်းဖက်လိုက်ရင်း သွန်းအုပ်ရင်ခွင်ထဲ ခေါင်းဝင်ကာ တအီအီနှင့် ငိုတော့သည်။ ဘာမှတော့မပြော။
မထွေးနိုင်မအန်နိုင်ဖြစ်နေသည့် ရင်ထဲက ခံစားချက်တွေကို မျက်ရည်တွေအဖြစ် ပြောင်းလဲသွန်ချနေသည့် ကောင်လေးအား သွန်းအုပ် ခပ်ဖွဖွလေးပြန်ဖက်ထားရင်း၊ ခေါင်းလေးအား ပွတ်သပ်ပေးရင်းသာ အသံတိတ် နှစ်သိမ့်ပေးနေလိုက်တော့သည်။
------------------
ထိုနေ့ညဆယ့်တစ်နာရီ...
"ကိုကို ဘာပြောပြော ကျွန်တော်ယုံမယ်နော်"
"အင်း"
"နောက်ဆို ကိုကိုတစ်ယောက်တည်းရဲ့ စကားကိုပဲ နားထောင်မှာ"
"အင်း..ဟုတ်ပြီ"
"ကျွန်တော့်ကို ချစ်တယ်မလား"
"ဒါပေါ့.. မေးစရာလိုလို့လား"
"ကိုကို့ကို ကျွန်တော့်နားကနေ ဘယ်ကိုမှသွားဖို့ ခွင့်မပြုတော့ဘူး"
"အင်း.. မသွားဘူး"
"ကျွန်တော်လေ.."
"အင်း.. ဆက်ပြော"
"ကျွန်တော်က ကိုကို့ကို အရမ်းချစ်တာ"
"သေချာမကြားရဘူး။ နောက်တစ်ခေါက် ပြန်ပြောပေး"
"ကိုကို့်ကို အရမ်းချစ်တယ်"
"နောက်တစ်ခေါက်"
"ကိုကို့ကို အရမ်းချစ်တယ်"
"နောက်ထပ်တစ်ခေါက်"
"ကိုကို့ကို ချစ်တယ်"
-
-
Zzzzzz
သူ့ကိုပွေ့ပိုက်ထားရင်းနှင့်ပင် မင်းခက အိပ်ပျော်သွားပြီ။ တော်တော်လေးငိုထားတာကြောင့် အိပ်နေရင်းနှင့်တောင် တစ်ချက်တစ်ချက် ရှိုက်နေသေး၏။
မင်းခက သူ့အား ကလေးလေးတစ်ယောက်လို လက်မောင်းတစ်ဖက်ပေါ် ခေါင်းအုံးခိုင်းထားရင်း
အတင်းကို အားကြီးနှင့်ဖက်ထားသည်။ သူခေါင်းအုံးထားသည့်အရှိန်ကြောင့် မင်းခ လက်တွေနာသွားမှာကိုစိုးရိမ်မိ၍ သွန်းအုပ်
အသာလေးထပြီး နေရာနည်းနည်းရွှေ့ရန် ကြိုးစားမိတော့...
"ကိုကိုက ဘယ်သွားမလို့လဲ"
နည်းနည်းလေးလှုပ်လိုက်တာနှင့် ပြန်နိုးသွားသည့်မင်းခ။ သွန်းအုပ်၏ကိုယ်ကိုလည်း သူ့ခန္ဓာကိုယ်ထဲထိ ဆွဲသွင်းထားတော့မတက်။
ထားခဲ့ခံရမှာကို စိုးရိမ်ထိတ်လန့်နေမှုတို့က မျက်ဝန်းတွေထဲ အထင်အရှား။
သွန်းအုပ်က သက်ပြင်းခပ်ဖွဖွလေး တစ်ချက်ချရင်း...
"ဘယ်ကိုမှ မသွားဘူး။ သွားလို့လည်း မရဘူးလေ။
မင်းပဲ အသက်ရှုကျပ်လောက်အောင် အတင်းဖက်ထားပြီးတော့"
"....."
"ဖက်ခေါင်းအုံးနဲ့ မှားနေတာလား"
မင်းခက မျက်လုံးအဝိုင်းသားလေးဖြင့် အားနာသွားသလို ပြန်ကြည့်လာရင်း...
"တောင်းပန်ပါတယ်.. ကျ..ကျွန်တော်"
မကြာခင် အိပ်ယာထဲ ငိုပွဲဆင်တော့မည့်
အရိပ်အယောင်တွေ မြင်လာရတာမို့...
"ဟာ...စတာ စတာ။ ဖက်.. ဖက်။ ဖက်လို့ရတယ်။
ကိုကိုက မင်းလက်မောင်းတွေနာမှာစိုးလို့ ပြောတာ"
"ဟုတ်.. အဲ့ဒါဆို နည်းနည်းလေးပဲဖက်တော့မယ်နော်"
"အေးအေးး"
သွန်းအုပ်၏ဘဝကတော့ ဒုံရင်းအတိုင်း မင်းခ၏ဖက်ခေါင်းအုံး ပြန်ဖြစ်သွားသည်။ အရှင်လက်လက်နှင့် ဖက်ခေါင်းအုံးဘဝ ရောက်နေရတာက တော်တော်လေးညောင်းပြီး နေရခက်သော်လည်း ဖက်ထားသည့်လူက မင်းခမို့ ချစ်သည့်စိတ်နဲ့ သည်းခံပေးလိုက်ပါသည်။
နောက်ပြီး ဒီနေ့အဖို့ မင်းခ၏စိတ်အခြေအနေက တော်တော်လေး မကောင်းဖြစ်နေသည်။ ကလောမြို့ကြီးအား မင်းခ၏မျက်ရည်များလွှမ်းပြီး မျက်ရည်ဘေးဒုက္ခသည်များ ဖြစ်မသွားရလေအောင် နေမင်းခ၏ သက်ဆိုင်သူဖြစ်သည့် သွန်းအုပ်စိုးပိုင်က မင်းခ,မငိုအောင် အလိုလိုက်ပေးမှဖြစ်မည်။
ပြန်အိပ်ပျော်သွားပြီဖြစ်သည့် မင်းခ၏မျက်နှာလေးကိုကြည့်ရင်း သွန်းအုပ် စိတ်ချမ်းချမ်းသာသာဖြင့် ပြုံးမိသည်။
ဒီကောင်လေးဟာ သိပ်ကံကောင်းသည်။
သူ့သက်ဆိုင်သူက သူ့အပေါ် အရမ်းကို ချစ်ပေးနိုင်လွန်းသည်။ အမွေတွေအများကြီးရဖို့ရှိသည့် သူဌေးသား၏နှလုံးသားကိုရထားတာမို့ နောက်ဆို ငွေရေးကြေးရေးအတွက်လည်း ပူပန်ရမှာမဟုတ်။
ကံအကောင်းဆုံးအချက်ကတော့ ဒီကောင်လေးက ကိုယ်တိုင်ကသာ တောသားညိုထွားထွားဖြစ်နေသော်လည်း သူ့ကိုကိုဆိုသူကတော့ အင်မတန်မှ ချောမောခန့်ညားသူတစ်ဦး ဖြစ်နေခဲ့လေသည်။
******************tbc
9.June.22
ကိုသွန်းအုပ်စိုးပိုင်ရဲ့ အတွေးတစ်ပေါက်!😉