အဝါရောင်အိပ်မက် (completed)

By Chamomile_2

181K 12.5K 899

(zawgyi & unicode) အိပ္မက္ေတြမွာ အေရာင္ေတြ႐ွိတတ္လား? ခင္ဗ်ားတို႔ျမင္မက္ေနက် အိပ္မက္ေတြဟာ အေရာင္အဆင္းမ႐ွိတာလည္... More

A/N
အခန္း-၁
အခန္း-၂
အခန္း-၃
အခန္း-၄
အခန္း-၅
အခန္း-၆
---
အခန္း-၇
အခန္း-၈
အခန္း-၉
အခန္း-၁၀
အခန္း-၁၁
အခန္း-၁၂
အခန္း-၁၃
အခန္း-၁၄
အခန္း-၁၅
အခန္း-၁၆
အခန္း-၁၇
အခန္း-၁၈
အခန္း-၁၉
အခန္း-၂၀
အခန္း-၂၁
အခန္း-၂၂
အခန္း-၂၃
အခန္း-၂၄
အခန္း-၂၅
အခန္း-၂၆
အခန္း-၂၇
အခန္း-၂၈
အခန္း-၂၉
အခန္း-၃၀
အခန္း-၃၁
အခန္း-၃၂
အခန္း-၃၃
အခန္း-၃၄
အခန္း-၃၅
အခန္း-၃၆
အခန္း-၃၇
အခန္း-၃၈
အခန္း-၃၉
အခန္း-၄၀
အခန္း-၄၁
အခန္း-၄၂
အခန္း-၄၃
အခန္း-၄၄
အခန္း-၄၅
အခန္း-၄၆
အခန္း-၄၇
အခန္း-၄၈
အခန္း-၅၀
အခန္း-၅၁
အခန္း-၅၂
အခန္း-၅၃
အခန္း-၅၄
အခန္း-၅၅
အခန္း-၅၆
အခန္း-၅၇
အခန္း-၅၈
အခန္း-၅၉
အခန္း-၆၀
အခန္း-၆၁
အခန္း-၆၂
အခန္း-၆၃
အခန္း-၆၄
အခန္း-၆၅
အခန္း-၆၆
အခန္း-၆၇
အခန္း-၆၈
အခန္း-၆၉
ဇာတ္သိမ္းခန္း/ဇာတ်သိမ်းခန်း
အဝါေရာင္အိပ္မက္/ အဝါရောင်အိပ်မက်
Art Gift

အခန္း-၄၉

1.8K 154 6
By Chamomile_2

[Zawgyi]

"မၿပီးေသးဘူးလားဗ်ာ"

"က်စ္! ခဏေနစမ္းပါဦးကြာ.. တအားေလာတာပဲ"

မင္းခ လက္မွနာရီကိုၾကည့္လိုက္သည္။ အခ်ိန္က ကိုးနာရီခြဲ။
စိတ္ကူးရလ်ွင္ရသလို ဘာသာတရားကိုင္း႐ႈိင္းတတ္သည့္ သူေတာ္စင္ႀကီး သြန္းအုပ္က အခုခ်ိန္ထိ ဘုရားစင္ေ႐ွ႕က ထမလာေသး။

ေရတံခြန္က ျပန္ေရာက္ၿပီး သံုး၊ေလးရက္ေလာက္ၾကာခ်ိန္၌ သြန္းအုပ္က Photography courseကို တတ္ခ်င္သည္ဟု သူ႔ဆႏၵေလးတစ္ခုကို ဖြင့္ေျပာလာသည္။ အတင္းအၾကပ္ ပူဆာတာမ်ိဳးမဟုတ္ဘဲ မ်က္ႏွာငယ္ေလးျဖင့္ ေျပာျပလာတာေၾကာင့္ လက္ထဲမွာ ေငြေၾကးမ်ားမ်ားစားစား မ႐ွိေသာ္လည္း မျငင္းရက္။

တစ္လေလာက္ ေစာင့္ေပးေနဖို႔ေျပာၿပီး ၾကားထဲမွာ
သူက ေငြရဖို႔လံုးပန္းရသည္။ တျခားေတာ့မဟုတ္။ guideလုပ္ေပးရန္အတြက္ မိဘမ်ားက လာေရာက္ေတာင္းဆိုထားသည့္ ေက်ာင္းသားႏွစ္ေယာက္ကို လက္ခံလိုက္သည္။

ညဘက္ေရာက္လ်ွင္ေတာ့ သြန္းအုပ္ကို စာသြားသင္မည္ဟု လိမ္ၿပီး ပံုရိပ္ပိုင္သည့္ Cafè shopတစ္ခုတြင္
အခ်ိန္ပိုင္းအလုပ္ဝင္သည္။ အလုပ္ဝင္ရန္ ေျပာေျပာခ်င္းအစပိုင္း၌ ပံုရိပ္က အသည္းအသန္ တားေသးေသာ္လည္း တစ္ေနရာမဟုတ္ တစ္ေနရာတြင္ အလုပ္ဝင္ရန္ ဆံုးျဖတ္ၿပီးေနၿပီျဖစ္သည့္ မင္းခေၾကာင့္ ပံုရိပ္လည္း လိုက္ေလ်ာလိုက္ပံုရသည္။

ပံုရိပ္က လက္မခံခင္ ရစ္ေနေသးသည္။
သိကၡာက်မွာစိုးတာေတြေရာ၊ ပင္ပန္းမွာ မၾကည့္ရက္တာေတြပါေျပာၿပီး မရမကတားေနခဲ့ေသး၏။ ေက်ာင္းမဖြင့္ခင္ နွစ္လေလာက္သာလုပ္ပါ့မည္ဟု
ပံုရိပ္ကိုကတိေပးၿပီး သြန္းအုပ္ကိုလည္း လံုးဝမသိေစရန္ ကတိအထပ္ထပ္ ျပန္ေတာင္းလိုက္ရသည္။

သင္တန္းေၾကး ပထမအရစ္သြင္းရန္ေငြႏွင့္
အသင့္အတင့္ ကင္မရာတစ္လံုးကိုဝယ္ရန္ ေငြပမာဏက တစ္လႏွင့္ရသည္။ သင္တန္းကိုလည္း ေသခ်ာစံုစမ္းကာ အပ္ေပးၿပီးၿပီမို႔ ဒီေန႔ဆိုလ်ွင္ ဓာတ္ပံုပညာကို
သြန္းအုပ္ စေလ့လာခြင့္ရၿပီျဖစ္သည္။

နာရီကို ေနာက္တစ္ေခါက္ထပ္ၾကည့္လိုက္ေတာ့
ကိုးနာရီ ေလးဆယ္။ သင္တန္းသို႔ ဆယ္နာရီ အေရာက္သြားရမည္။ ပထမဆံုးတတ္ရမည့္ေန႔ျဖစ္တာမို႔ ေနာက္က်ရန္မသင့္ေတာ္။

အေရးအေၾကာင္းဆိုလ်ွင္ ဘုရားကို နားပူနားဆာ
သြားလုပ္ေနေလ့႐ွိသည့္ လူက အခုထိ ဘုရားစင္ေ႐ွ႕က ထမလာေသး။

"ကိုသြန္းအုပ္စိုးပိုင္!"

"က်စ္! ၿပီးၿပီကြာ..ၿပီးၿပီ။ တအား ေလာတာပဲ မင္း"

"...."

"ငါ့ဆိုရင္ မင္း နည္းနည္းေလးမွ စိတ္မ႐ွည္ဘူး။
ဟိုျဖဴဖက္ျဖဴေလ်ာ္ေကာင္ကိုဆိုရင္ ေလသံက ညင္သာလြန္းအားၾကီးလို႔ မနည္းနားစိုက္ေထာင္ေနရတယ္"

ဘုရားစင္မွထလာၿပီး စူပြပြေျပာေနသည့္လူကို
အျပစ္ေပးခ်င္လာသျဖင့္ အနားေရာက္လာတာႏွင့္တၿပိဳင္နက္ တအားႀကီး ဆြဲဖက္ပစ္လိုက္သည္။

"ကိုကို ေနာက္က်မွာစိုးလို႔ ေျပာေနရတာေလဗ်ာ..
ေစတနာနဲ႔ေျပာတာကို ၿငိဳျငင္ခ်င္တာလား"

"ဖယ္စမ္းကြာ.. မင္းလုပ္မွ ပိုေနာက္က်ေတာ့မယ္"

"ခဏေလး.. တစ္မိနစ္ေလာက္ ဖက္ထားခ်င္လို႔"

"ကိုယ့္ခႏၶာကိုယ္ႀကီးမွ အားမနာ.. တအားခြၽဲတာပဲ မင္းး"

!!

စကားမဆံုးေသး..
ဘယ္ဘက္ပါးျပင္ေပၚသို႔ ေႁခြခ်လာသည့္
အနမ္းတစ္ပြင့္က လ်ွပ္တစ္ျပတ္။

-

ေန႔စဥ္မျပတ္ တိုက္ခြၽတ္ျပင္ဆင္ေနခဲ့သည့္ ေက်းဇူးေၾကာင့္ အိုေဟာင္းေနၿပီဟု ေျပာ၍မရေသးသည့္ တပတ္ႏြမ္းစက္ဘီးအနီေလးက သူ႔တာဝန္သူ ေက်ပြန္စြာ ထမ္းေဆာင္ရန္ အိမ္ေ႐ွ႕တြင္ အသင့္ေရာက္ႏွင့္ေနၿပီ။

အိမ္ထဲက ထြက္လာလာခ်င္း ျမင္လိုက္ရသည့္
ထိုစက္ဘီးေလးက သြန္းအုပ္ကို မ်က္ရည္ဝဲလာရေစသည္အထိ ၾကည္ႏူးမႈတို႔ ေပးစြမ္းႏိုင္သည္။ ေဘးက မင္းခကို လွည့္ၾကည့္လိုက္ေတာ့ မင္းခက အားနာေနဟန္႐ွိသည့္ မ်က္ႏွာငယ္ေလးျဖင့္..

"ဆိုင္ကယ္ေလးနဲ႔ဆိုရင္ ပိုေကာင္းမွာသိေပမယ့္
အခုရက္ပိုင္းထဲေတာ့ မဝယ္ႏိုင္ေသးဘူး ကိုကို။ ကြၽန္ေတာ္လည္း အလုပ္ဝင္တာက စာသင္ႏွစ္တစ္ႏွစ္စာပဲ ႐ွိေသးေတာ့... အဲ့ဒါ.. "

"ေက်းဇူးတင္ပါတယ္.. ေနာက္ၿပီး ေတာင္းပန္တယ္"

?

"ငါ ပူဆာမိသလို ျဖစ္သြားတာေတာင္ ငါက
အားမနာမိခဲ့ဘူးေလ။ ေက်းဇူးတင္စကားလည္း မေျပာရေသးတဲ့အျပင္ မင္းက ျပန္အားနာေနရေသးတယ္။ သင္တန္းေၾကးနဲ႔တင္ မင္းလည္း စုထားသမ်ွ အကုန္ေျပာင္သြားမယ္ထင္တယ္။ အေႂကြးေတြဘာေတြေရာ တစ္ေယာက္ေယာက္ဆီမွာ တင္သြားေသးလား"

"မတင္ပါဘူး။ သင္တန္းေၾကးက အရစ္က်ပဲဟာကို။ စုတာေတြလည္း မေျပာင္ဘူး။ လိုခ်င္တာကို
လက္ညႇိဳးထိုးျပ.. ဝယ္ေပးႏိုင္ေသးတယ္ ဟားးးး"

သြန္းအုပ္ အားမနာရေစရန္ မင္းခက
ရယ္ေမာေျပာဆိုေနေသာ္လည္း သြန္းအုပ္၏စိတ္က ေပ်ာ္မသြား။

သူက အခုခ်ိန္ထိ မင္းခအတြက္ ဝန္ထုပ္ဝန္ပိုးတစ္ခုမ်ွသာ။

-

ကိုယ္တိုင္စက္ဘီးနင္းတတ္ေသာ္လည္း မင္းခနင္းသည့္ စက္ဘီးေနာက္ကသာ အခန္႔သား ထိုင္ၿပီးလိုက္ခ်င္တာက ​ေရသာခိုခ်င္တာမ်ိဳးမဟုတ္။ မာနႀကီးေသာ္လည္း တစ္ေယာက္ေသာသူကိုေတာ့ အားကိုးခ်င္ခဲ့မိရံု။

အ​ေရာင္စံုဆိုင္ကယ္ႏွင့္ ကားမ်ားၾကား
စက္ဘီးနီနီေလးတစ္စီးက ခရီးတြင္ေႏွးေနလိမ့္မည္။
သို႔ေသာ္
လိုက္ပါလာသည့္သူအတြက္ အႏ ၱရာယ္ကင္းၿပီး
စိတ္၏ၾကည္သာခ်မ္းျမမႈကိုလည္း အျပည့္အဝ ေပးစြမ္းနိုင္ခဲ့ပါသည္။

-------------------

"အဟက္! ခ်စ္တယ္? ငါ့ကို? မင္းကခ်စ္လို႔?"

"....."

ရယ္ခ်င္ပက္က်ိမ်က္ႏွာျဖင့္ ထိုစကားကို ေလွာင္ကာေျပာင္ကာ ထပ္တလဲလဲ ျပန္ေမးေနတာေၾကာင့္ ဇာနည္ မ်က္ႏွာပူလာရၿပီ။ ျငင္းမွာက ၉၉ရာခိုင္ႏႈန္းေလာက္ က်ိန္းေသေသာ္လည္း ေမ်ွာ္လင့္ခ်က္ေသးေသးေလးကို ဆုပ္ကိုင္ရင္း ဇြတ္တိုးကာ ဖြင့္ေျပာခဲ့မိသည္။

သို႔ေသာ္ အကို႔တံု႔ျပန္ပံုက...

"ကြၽန္ေတာ္ေျပာတဲ့အထဲမွာ ရယ္စရာမပါဘူး အကို!"

ခပ္ဆက္ဆက္ျပန္ေျပာမိေတာ့ ​ေလွာင္ေနသည့္ ပံုရိပ္၏မ်က္ႏွာက ျပန္တည္သြားၿပီး..

"ဘာလို႔လဲ။ ငါ့ဆီက ဘာလိုခ်င္တာလဲ"

"•••"

"ပြင့္ပြင့္လင္းလင္း ေျပာရေအာင္။ ငါ့ဆီက
ေငြလိုခ်င္တာလား။ ခႏၶာကိုယ္ခ်င္း နွီးေနွာခြင့္လား။ မင္းလိုခ်င္တာယူ။ ၿပီးရင္ ငါျဖစ္ေစခ်င္တာ ျပန္လုပ္ေပး"

"အကို!"

"မူမေနပါနဲ႔.. ဘယ္အရာမွ အလကားမရမွန္း သိတယ္။ မင္းလည္းလိုခ်င္တာရမယ္.. ငါလည္း ငါ့ဆႏၵေတြျပည့္မယ္။ ႏွစ္ေယာက္စလံုးအတြက္ အက်ိဳး႐ွိမယ့္ကိစၥကို ဘာလို႔မူေနမွာလဲ"

အတည္ေျပာေနသည့္ ပံုရိပ္၏ အေပးအယူဆန္သည့္
စကားမ်ားေၾကာင့္ ဇာနည္ မ်က္ေမွာင္ၾကဳတ္မိ၏။

"အကိုက ဘာလုပ္ေပးေစခ်င္တာလဲ"

"လူသတ္ေပးေလ"

"•••"

"သြန္းအုပ္စိုးပိုင္ကို သတ္ေပး"

"•••"

"ကိုခ သည္းသည္းလႈပ္ေနတဲ့ သြန္းအုပ္စိုးပိုင္ကို သတ္ေပး"

"•••"

"ငါ့ဆီကေန ကိုခကိုလုသြားတဲ့ သြန္းအုပ္စိုးပိုင္ကို သတ္ေပး.. လိုခ်င္တာအကုန္လံုး ရေနတာေတာင္ ငါ့အတြက္ တစ္ခုတစ္ေလမွ ခ်န္မထားေပးတဲ့
အဲ့ဒီေလာဘႀကီးႀကီးနဲ႔လူကို သတ္ေပးး"

ျဖဴႏုႏုမ်က္ႏွာေလးက နီရဲေနၿပီ။ ေခြၽးသီးေခြၽးစတို႔စို႔ေနသည့္ ခႏၶာကိုယ္ပါးလ်လ်ေလးက တုန္ယင္လာ၏။
စိတ္ႏွင့္လူမကပ္သည့္ အကိုက ေျပာခ်င္ရာေတြေျပာၿပီးေတာ့ မ်က္ရည္မ်ား တအိအိက်ဆင္းလာကာ သနားစဖြယ္ ငိုေနျပန္သည္။

အခုေနာက္ပိုင္း သတိလက္လြတ္ျဖစ္သည့္ ကိစၥေတြ
အကို႔မွာ အေတာ္မ်ားလာသည္။ မွတ္မွတ္ရရေျပာရလ်ွင္ ဧည့္သည္တစ္ေယာက္ႏွင့္ သြားေတြ႔ၿပီး ေနာက္ပိုင္းကတည္းက...

လူေရာစိတ္ပါ အနားယူဖို႔ လိုအပ္ေနသည့္ ပံုရိပ္ကို
အလုပ္စားပြဲမွာ ဆက္ၿပီးထိုင္မေနေစခ်င္ေတာ့။ ပံုရိပ္အေ႐ွ႕က ပံုရိပ္ လုပ္လက္စ စာရင္းfileမ်ားကို ဆြဲပိတ္လိုက္သည္။ အံဆြဲထဲက စိတ္ၿငိမ္ေဆးႏွင့္ ပံုရိပ္ေသာက္ေနက် အျခားေဆးတခ်ိဳ႕ကိုယူၿပီး ပံုရိပ္ေ႐ွ႕ ေရတစ္ဖန္ခြက္ႏွင့္အတူ ခ်ေပးလိုက္ရင္း..

"ပင္ပန္းေနၿပီမလား။ နားလိုက္ေတာ့ အကို"

"....."

"အကို႔အတြက္ စိတ္အေႏွာင့္အယွက္ ျဖစ္ေစတယ္ဆိုရင္ ကြၽန္ေတာ္ ဒီေန႔ ေျပာခဲ့တဲ့စကားကို စိတ္ထဲမထားပါနဲ႔။ ေနာက္တစ္ခါ မဟုတ္တာေတြ ေလ်ွာက္မေျပာနဲ႔ေတာ့။ နားနားေနေန ေနလိုက္ဦး"

"ငါမ႐ူးေသးဘူးေနာ္..."

"...."

"ဟုတ္တယ္မလား။ ငါမ႐ူးေသးဘူး"

တိုးဖြဖြဆိုလာရင္း ေမာ့ၾကည္ေနသည့္ မ်က္ဝန္းမ်ားက ခပ္ယဲ့ယဲ့...

"အင္းး အကိုက ဘာလို႔႐ူးရမွာလဲ"

--------------------

"ဦးပိုင္"

"....."

"ဆရာ့ကို ဘယ္အခ်ိန္ကစၿပီး ဘာလို႔ခ်စ္မိသြားခဲ့တာလဲ"

ေရျပင္ကို ေတြေတြေငးေငးျဖင့္ၾကည့္ရင္း အေမး႐ွိလာသည့္ ဇာနည့္ေလယူေလသိမ္းက ခပ္ေဆြးေဆြး။

ထူးဆန္းစြာၿငိမ္ေနၿပီး အိေျႏၵေတြရေနသည့္ ဇာနည့္ကို သြန္းအုပ္ အံ့ျသစြာ မ်က္ခံုးတစ္ဖက္ပင့္ၾကည့္မိလိုက္သည္။
ဝသီအတိုင္း ေပါ႔တန္တန္စကားမ်ားေျပာရန္ ပါးစပ္ျပင္ၿပီးမွ အေလးအနက္႐ွိေနပံုရသည့္ ဇာနည့္မ်က္ႏွာထားေၾကာင့္...

"သိၿပီးရင္ ဘာလုပ္မလို႔လဲ"

"ဒီအတိုင္းပဲ သိခ်င္လို႔ေမးၾကည့္တာပါ.. ဦးပိုင္
မေျဖခ်င္ရင္လည္း ကိစၥမ႐ွိပါဘူး"

သြန္းအုပ္က စကားမေျပာခင္ တသုန္သုန္တိုက္ခက္ေနသည့္ ေလႏုေအးတခ်ိဳ႕ကို တဝႀကီး႐ႈသြင္းလိုက္သည္။ ၿပီးမွ..

"ဘယ္အခ်ိန္၊ ဘယ္အရြယ္မွာစၿပီး သူ႔ကို
ခ်စ္မိသြားတာပါဆိုတဲ့ တိတိက်က် အခ်ိန္တစ္ခုကိုေတာ့ ငါလည္းေသခ်ာမမွတ္မိဘူး။ ဒါေပမယ့္ စေတြ႔ကတည္းကေန အခုခ်ိန္ထိ သူ႔ကို မခ်စ္တဲ့ေန႔ဆိုတာမ်ိဳးေတာ့ တစ္ရက္မွ မ႐ွိခဲ႔ဖူးဘူးလို႔ထင္တယ္"

"...."

"ငယ္ငယ္တုန္းကေတာ့ ငါသူ႔ကို ေဆာ့လို႔ေကာင္းတဲ့ အ႐ုပ္ေလးတစ္ခုကို ခ်စ္သလိုမ်ိဳး ခ်စ္ခဲ့တာလည္း ျဖစ္ႏိုင္တယ္.. အဲ့လို မဟုတ္ရင္လည္း သူငယ္ခ်င္းလို၊ ညီေလးတစ္ေယာက္လို၊ငါ့ရဲ႕ heroလို သေဘာထားၿပီး ခ်စ္ခဲ့တာလည္း ျဖစ္ႏိုင္တယ္။ ေနာက္ပိုင္း ငါ့ကိုယ္ငါ သတိမထားမိလိုက္တဲ့အခ်ိန္ေတြမွာ အဲ့အခ်စ္ေတြက တျဖည္းျဖည္း အေရာင္ေျပာင္းေနခဲ့တာ။ ဒါက
မင္းေမးခြန္းရဲ႕ ပထမတစ္ပိုင္းအတြက္ ငါ့အေျဖ"

"....."

စိတ္ပါလက္ပါျဖင့္ ျပန္​ေျဖေပးေနသည့္
သြန္းအုပ္၏စကားမ်ားကို ဇာနည္က စိတ္ဝင္စားစြာျဖင့္ နားေထာင္ေန၏။

"ဘာလို႔ခ်စ္မိသြားတာလဲ ဆိုတဲ့ ေမးခြန္းအတြက္ေတာ့ ငါ့မွာျပန္ေပးစရာ အေၾကာင္းျပခ်က္ေတြအမ်ားႀကီးပဲ"

"....."

"သူ႔ကို ခ်စ္မိသြားရတဲ့ အေၾကာင္းျပခ်က္ေတြအမ်ားႀကီးထဲမွာ ေက်ာင္းသြားေက်ာင္းျပန္ ငါ့ကိုစက္ဘီးေနာက္ကတင္ၿပီး ေခၚသြားေပးတာလည္းပါတယ္။ ငါစားဖို႔
ငါးအ႐ိုးထိုင္ႏႊင္ေပးတာလည္းပါတယ္။ ငါ့ကို စာကူက်က္ေပးခဲ့တာေတြလည္းပါတယ္။ ငါ့အိမ္စာေတြကူေရးေပးတာ၊ ငါ့အခန္းကို ႐ွင္းေပးတာ၊ သူ႔မုန္႔ဖိုးေလးေတြစုၿပီး ငါ့အတြက္ ပစၥည္းေလးေတြ
ခိုးဝယ္ထားတတ္တာေတြ၊ ငါႀကိဳက္တဲ့သီခ်င္းကို ဆိုျပတာကစလို႔ ငါအႏိုင္က်င့္ၿပီး ဗိုလ္က်သမ်ွ သည္းခံေပးတာေတြ အကုန္လံုးပါတယ္"

"....."

"ဒီလိုေျပာလို႔ သူ႔ေကာင္းကြက္ေတြေၾကာင့္နဲ႔တင္ ငါ့သူ႔ကို ခ်စ္ခဲ့တာရယ္လည္း မဟုတ္ဘူးေပါ့။ ငါ့စိတ္ကို မခန္႔မွန္းတတ္တာ၊ ငါေျပာခ်င္တဲ့ စကားရဲ႕အဓိပါၸယ္ကို နားမလည္တာ၊ အူေၾကာင္ေၾကာင္ႏိုင္ၿပီး မ်က္ရည္လြယ္တာေတြကလည္း ငါ့သူ႔ကိုခ်စ္ရတဲ့
အေၾကာင္းျပခ်က္ေတြထဲ ပါတာပဲ"

"....."

"သူ႔ရဲ႕ ရင့္က်က္တဲ့ပံုစံကိုလည္း ခ်စ္သလို
ကေလးဆန္တဲ့ အမူအရာေတြကိုလည္း ခ်စ္တယ္။ အခုေနာက္ပိုင္းမွ သတိထားမိလာတဲ့ သူ႔ကိုခ်စ္ရျခင္း အေၾကာင္းျပခ်က္ေတြထဲမွာဆိုရင္ သူအသက္႐ႈတာကစလို႔ ထမင္းစား၊ေရေသာက္တာေတြပါ ပါ​ေနေတာ့တာပဲ"

သူ ျပံဳးလိုက္မိသည္။ ကန္ေရျပင္ကိုၾကည့္ရင္း
ေအးေအးေဆးေဆး ေျပာျပေနသည့္ ဦးပိုင္၏ မ်က္ႏွာထက္က နူးညံ့လြန္းသည့္ အျပံဳးမ်ားက သူ႔ဆီကိုပါ ကူးစက္လာျခင္း ျဖစ္လိမ့္မည္။ ဦးပိုင္ အခုေလာက္ ႏူးႏူးညံ့ည့ံကေလး ျပံဳးတတ္လိမ့္မည္ဟု မထင္ခဲ့။

အခ်စ္ကိုခံစားေနခ်ိန္မွာ လူေတြရဲ႕စိတ္ႏွလံုးနဲ႔
အျပဳအမူေတြက ႏူးညံ့သြားတတ္တယ္လို႔ မွတ္ယူနိုင္သလား။

"မင္းသိလား။ အေၾကာင္းျပခ်က္မ႐ွိဘဲ
ခ်စ္တယ္ဆိုတာမ်ိဳးက တကယ္ေတာ့မ႐ွိဘူး။ မင္း တစ္ေယာက္ေယာက္ကို ခ်စ္မိသြားၿပီဆိုတာမွာ ေသခ်ာေပါက္ မင္းသူ႔ကို ခ်စ္မိသြားေစေလာက္မယ့္ အရာတစ္ခုခု သူ႔မွာ႐ွိေနလို႔"

"....."

"အဲ့ဒါက မင္းကို အရမ္းခ်စ္ေပးေနလို႔ မင္းသူ႔ကို
ျပန္ခ်စ္မိသြားတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။ တစ္ခါတစ္​ေလ မင္းကိုမုန္းေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေအာက္မွာလည္း အဲ့ဒီ တစ္စံုတစ္ေယာက္ကို ခ်စ္မိသြားဖို႔ ျဖစ္ႏိုင္တာပဲ"

ဇာနည္က သြန္းအုပ္ဘက္သို႔ ေသခ်ာလွည့္ၾကည့္လိုက္သည္။ သူ အရမ္းသိလိုသည့္ ေမးခြန္းတစ္ခုကို ေလးနက္စြာျဖင့္...

"အဲ့ဒါဆို ဆရာက ေျပာင္းလဲသြားရင္ေရာ။
ဦးပိုင္ ခ်စ္ခဲ့တဲ့လူမ်ိဳး မဟုတ္ေတာ့တဲ့ အခ်ိန္က်ရင္ေရာ"

"ငါေျပာတာ မၿပီးေသးဘူးေလ"

"...."

"ငါ သူ႔ကို အေၾကာင္းျပခ်က္အမ်ားႀကီးေၾကာင့္
ခ်စ္သြားမိခဲ့ပါတယ္ဆိုတာက အဲ့ဒါေတြ သူ႔မွာမ႐ွိေတာ့ရင္ ငါမခ်စ္ေတာ့ဘူးလို႔ မဆိုလိုျပန္ဘူး။ ငါ ေတြးၾကည့္ဖူးတယ္.. မင္းေမးခဲ့တဲ့ ေမးခြန္းအတိုင္းပဲ။ သူငါ့ကို ဂ႐ုမစိုက္ေတာ့ခ်ိန္က်ရင္ဆိုုၿပီး.. အဲ့အခ်ိန္ျဖစ္ေနႏိုင္တဲ့ ငါ့စိတ္ကို ငါလွမ္းၾကည့္တယ္"

သြန္းအုပ္က ခပ္ဟဟရယ္လိုက္ရင္း..

"ထူးဆန္းတယ္ကြ။ သူ အဲ့လိုေျပာင္းလဲသြားခဲ့ရင္ေတာင္ ငါမစြန္႔လႊတ္ႏိုင္ဘူး။ မုန္းလည္းမမုန္းရက္ဘူး။ ဘာလို႔လဲ သိလား"

"...."

"သူ႔ကိုခ်စ္မိသြားေစခဲ့တဲ့ အေၾကာင္းျပခ်က္အားလံုးက ငါ့မွတ္ဥာဏ္ေတြထဲမွာ၊ ငါ့ရင္ထဲမွာ ေသရာပါစြဲေနၿပီေလ။ အဲ့ဒါေတြက မေပ်ာက္ကြယ္နိုင္ေတာ့ဘူး။ သူငါ့ကို မုန္းသြားတဲ့ အခ်ိန္ေရာက္လာခဲ့ရင္ေတာင္၊ ငါ့ကို ရက္ရက္စက္စက္ ဆက္ဆံမယ့္ တစ္ခ်ိန္ဆိုတာမ်ိဳး ၾကံဳလာခဲ့ရင္ေတာင္ ငါ ဝမ္းနည္းမိရံုကလြဲၿပီး မုန္းဖို႔ႀကိဳးစားမွာမဟုတ္ဘူး"

"....."

"အဲ့ဒီ ေထာင္ေသာင္းမက ႐ွိခဲ့ဖူးတဲ့ အေၾကာင္းျပခ်က္ေတြက ငါ့တစ္သက္စာလံုး သူ႔ကို ဆက္ခ်စ္ေနဖို႔အတြက္ လံုေလာက္ေနခဲ့ၿပီေလ"

တစ္ခါမွ မျမင္ဖူးေသးသည့္ပံုစံႏွင့္ ကဗ်ာဆန္ေနသည့္ သြန္းအုပ္၏ စကားမ်ားေၾကာင့္ ဇာနည္ သြန္းအုပ္အား အံ့ျသၾကည္ႏူးစြာ ၾကည့္ေနမိသည္။

"ဦးပိုင္ ဆရာ့ကို အရမ္းခ်စ္တာပဲေနာ္"

"....."

သြန္းအုပ္ ျပန္မေျဖ။ ဇာနည္ သေဘာက်စြာ ျပံဳးမိသည္။

ထိုေမးခြန္းက ေမးေနစရာပင္မလို။ ထို႔ေၾကာင့္လည္း ဦးပိုင္က ဆိတ္ဆိတ္ေနၿပီး အေျဖေပးလိုက္ျခင္းပင္။

"ဆရာက အရမ္းကံေကာင္းတာပဲ"

"....."

"ကြၽန္ေတာ္လည္း ဆရာ့လို အခ်စ္ခံရတဲ့လူ ျဖစ္ခ်င္တယ္"

"အင္း.. မင္းလည္း အခ်စ္ခံရမွာပါ"

"ဦးပိုင္ လိမ္တယ္"

"•••"

"ကြၽန္ေတာ္ခ်စ္တဲ့သူက ကြၽန္ေတာ့္ကို ျပန္ခ်စ္လာဖို႔
အ​ေဝးႀကီး။ ကြၽန္ေတာ့္အခ်စ္ေတြကိုေတာင္ သူမျမင္ဘူး။ ျမင္ႏိုင္ေအာင္လည္း သူ ဘယ္ေတာ့မွ ႀကိဳးစားမွာမဟုတ္ဘူး"

"အဲ႔ဒီ'သူ'ဆိုတဲ့လူက မ်က္လံုးမျမင္လို႔လား"

သြန္းအုပ္ စေနာက္၍ေမးလိုက္ေသာ္လည္း ဇာနည္က မလႈပ္မယွက္။

"ဦးပိုင္ သိတယ္မလား။ သူဘယ္သူလဲဆိုတာ?"

"...."

"သူ ကြၽန္ေတာ့္ကိုမခ်စ္မွန္း ဦးပိုင္လည္းသိမွာပါ။
ကြၽန္ေတာ္ စိတ္ေက်နပ္ေအာင္ ဦးပိုင္က အားေပးေပမယ့္ တကယ္ေတာ့ အတိုင္းသားျမင္ေနရတဲ့ အမွန္တရားကို ဦးပိုင္က ကြၽန္ေတာ္စိတ္ခ်မ္းသာေအာင္ လိမ္ေပးလိုက္ရံုပဲေလ"

"...."

"သူ ကြၽန္ေတာ့္ကို ျပန္မခ်စ္မွာက ပို​ေသခ်ာတယ္မလား"

"ငါမသိဘူး"

ဇာနည္က သူ႔ကိုယ္သူေလွာင္ရယ္လိုက္ရင္း..

"စြမ္းထက္ေ႐ွ႕ ကြၽန္ေတာ့္ရဲ႕ခံစားခ်က္ေတြကို ရင္ဖြင့္တုန္းက စြမ္းထက္ ဘာေျပာခဲ့လဲသိလား ဦးပိုင္"

"....."

"သူက gayဆိုရင္ေတာင္ သူႀကိဳက္မယ့္ေယာက်္ားက မင္းေတာ့ ဘယ္ေတာ့မွျဖစ္လာမွာ မဟုတ္ဘူးတဲ့"

"....."

"အဟက္! အဲ့တုန္းက စြမ္းထက္က ကြၽန္ေတာ့္ကို စေနခဲ့တာဗ်။ အဲ့ေကာင္က ဘာမွသိတဲ့သူမဟုတ္ဘူး။
သူ အေပ်ာ္တမ္းေနာက္လိုက္တဲ့စကားက တကယ္မွန္ေနခဲ့တာ"

ဇာနည့္ကိုၾကည့္ရင္း သြန္းအုပ္ သက္ျပင္းတစ္ခ်က္
တိုးဖြဖြခ်မိသည္။ ျမင္ေနက်ဇာနည္ႏွင့္ လံုးဝမတူသည့္ ဇာနည့္ပံုစံက တကယ့္ဝါရင့္အသည္းကြဲသမားႀကီးလိုမ်ိဳး။

"ဇာနည္"

"အင္း.. ေျပာေလ ဦးပိုင္"

"မင္းအရမ္းငယ္ေသးတယ္။ အခုလိုကိစၥေတြအတြက္ အရမ္းႀကီး ခံစားမေနနဲ႔"

"ကိုယ္ခ်င္းစာစိတ္မ႐ွိလိုက္တာ"

"•••"

"ဦးပိုင္က ကိုယ္ခ်င္းမစာဘူး"

"....."

"ဦးပိုင္တို႔လည္း ကြၽန္ေတာ့္အရြယ္မွာကတည္းက ခ်စ္ေနခဲ့ၾကတာပဲမလား"

"အဲ့ဒါေၾကာင့္ ေျပာေနတာ"

"....."

"ငါတို႔ ေပ်ာ္ခဲ့ရလို႔လား"

"....."

"ငါ ေထာင္ထဲေရာက္တုန္းက ငါ့အသက္ႏွစ္ဆယ္။
ဘာအမႈနဲ႔ေထာင္က်ခဲ့လဲဆိုတာေတာ့ မင္းသိၿပီးသားပါ။ ငါထပ္ေျပာျပဖို႔ လိုမယ္မထင္ဘူး"

"...."

"အဲ့ဒီမတိုင္ခင္ ငါဘာေတြျဖစ္ေနခဲ့လဲသိလား။ မင္းလိုပဲ အက်ိဳးမ႐ွိ တစ္ေယာက္တည္း အေတြးထိုင္မ်ားေနတာ။
ငါ့ကို သူ ထားသြားမွာလည္း အရမ္းစိုးရိမ္။ ငါ့ရဲ႕မ႐ိုးမသား
ခံစားခ်က္ေတြ သူသိသြားမွာလည္းေၾကာက္။ စိတ္က
လံုးဝ မတည္ၿငိမ္ႏိုင္ခဲ့တာ.. သူမ်ားလာၿပီး မေကာင္းၾကံေနတာကိုပါ ငါသိရဲ႕သားနဲ႔ ဘာမွမလုပ္ႏိုင္ခဲ့တဲ့အထိပဲ။ မင္းလို စိတ္ဓာတ္က်ေနေလာက္စရာ ဆက္ဆံေရးမ်ိဳး မဟုတ္ခဲ့တာေတာင္မွ ငါေတာ္ေတာ္အေတြးလြန္ေနခဲ့တာ"

"....."

"တကယ္ဆို မိုးသားဆိုတဲ့ေကာင္ ဘာလို႔ငါ့ကို
လာေႏွာင့္ယွက္လဲဆိုတာကို သိေအာင္ ႀကိဳးစားခဲ့သင့္တာေလ"

"မိုးသားဆိုတာ?"

"ငါ့ဖေအတူ မေအကြဲညီ"

"ဦးပိုင္မွာ ညီ႐ွိေသးတာလား"

"....."

"ဦးပိုင္"

"...."

"ဘာလို႔ အဲ့လိုလုပ္ခဲ့မိတာလဲ။ မူးယစ္ေဆးေၾကာင့္လား။ တျခားအေၾကာင္းရင္းတစ္ခုခု ႐ွိေသးလား။"

ဇာနည့္ေမးခြန္းက တစ္ခုခုကိုသိေနသလိုလို...

"မင္းဆရာက ဘာေတြေျပာျပထားလို႔လဲ"

"ဟင့္အင္း... ဆရာက ဘာမွေျပာမျပဘူး။
သူ႔အေၾကာင္း၊ ဦးပိုင္အေၾကာင္း ဘာဆိုဘာမွ ​ေျပာဖူးတာမဟုတ္ဘူး။ အခုလိုေမးတယ္ဆိုတာက ကြၽန္ေတာ့္အေတြးနဲ႔ကြၽန္ေတာ္။ ဆရာက ေဆးလိပ္၊
အရက္ ​ေနာက္ၿပီး မူးယစ္ေဆးဝါးေတြနဲ႔ ပတ္သက္ရင္ ခါးခါးသီးသီးေလ။ မေကာင္းတဲ့အရာေတြမလို႔ တားျမစ္ေနတာမ်ိဳးမဟုတ္ဘဲ အဲ့ဒါေတြက သူ႔အတြက္ စိတ္ဒဏ္ရာႀကီးတစ္ခုလို ျဖစ္ေနတဲ့ပံုမ်ိဳး"

"ေျသာ္....."

သြန္းအုပ္ ေခါင္းတဆက္ဆက္ညိတ္ရင္း
သက္ျပင္းခ်လိုက္သည္။ မင္းခေနရာမွာဝင္ၿပီး မင္းခအေတြးႏွင့္ ေတြးၾကည့္လိုက္ျပန္ေတာ့ ရင္ထဲမွာေအာင့္သက္သက္ႏွင့္။

သြန္းအုပ္က ဇာနည္ႏွင့္ အၾကည့္ခ်င္းဆံုေအာင္
ေသခ်ာစိုက္ၾကည့္လိုက္ရင္း...

"ငါမလုပ္ခဲ့ဘူးလို႔ေျပာရင္ မင္းယံုမလား"

"ယံုတယ္"

"••••"

"ဦးပိုင္တို႔ရဲ႕ ျပႆနာေတြကို ဂဃနဏမသိဘူးဆိုေပမယ့္ ဦးပိုင္မလိမ္ဘူးဆိုတာကို ကြၽန္ေတာ္ယံုတယ္"

ေနာက္ေနတာလားဟု ေမးဖို႔ရန္ျပင္ၿပီးမွ ေလးနက္ေနသည့္ ဇာနည့္မ်က္ႏွာထားေၾကာင့္ သြန္းအုပ္ ခ်က္ခ်င္းျပန္ေျပာရမည့္ စကားမ်ားက ဆြံ႔အေနခဲ့သည္။

အတန္ၾကာမွ အေ႐ွ႕တည့္တည့္က ေရျပင္ဆီ
အၾကည့္လႊဲလိုက္ရင္း...

"မင္းလိုယံုုၾကည္မႈမ်ိဳး သူ႔မွာ႐ွိေစခ်င္လိုက္တာ..."

ထိုစကားက ၾကားရသည္ဆိုရံု တိုးသဲ့သဲ့။

စကားစျပတ္ကာ အခ်ိန္ခဏမ်ွ တိတ္ဆိတ္သြားျပန္သည္။
သြန္းအုပ္ကလည္း ကန္ေရျပင္ကိုသာ ေငးၾကည့္ရင္း
အေတြးထဲေမ်ာေနပံုရသည္။ ဇာနည္လည္း သူ႔အေတြးႏွင့္သူ...

ခဏၾကာမွ ဇာနည္က..

"ကြၽန္ေတာ္ နားမလည္တာကေလ.. ကြၽန္ေတာ္ ဦးပိုင္ကို ယံုတယ္ဆိုတာထက္ အျမဲတမ္းအနီးကပ္ေနခဲ့ရတဲ့ ဆရာက ပိုၿပီးေတာ့ေတာင္ ယံုၾကည္ႏိုင္ရမယ္မလား"

"မင္းရဲ႕ဆရာက သူျမင္တာနဲ႔ၾကားတာကိုပဲ တန္းယံုတာ။ သူ႔အေတြးေတြက ႐ိုးစင္းလြန္းတယ္.. သူ႔လိုပဲ"

ဇာနည္က စိတ္ပ်က္လက္ပ်က္ျဖင့္...

"က်စ္! ဆရာက အရမ္းေတာ္ၿပီး ဥာဏ္လည္းေကာင္းရဲ႕သားနဲ႔ ဘာလို႔ တခ်ိဳ႕ေနရာေတြမွာက် အရမ္းတံုးရတာလဲ။ ရင့္က်က္လြန္ေနတာလား၊ မရင့္က်က္တာလို႔ ေျပာရမလား။ ေနရာတကာမွာ စာအုပ္ႀကီးအတိုင္း က်ိဳးေၾကာင္းဆက္စပ္ၿပီး ေတြးေတာဆံုးျဖတ္ေနတာက အခန္႔မသင့္ရင္ ပိုၿပီး
အမွားေတြ႔တတ္တယ္ေလ။ ဒါကို ဆရာက သတိမထားမိသလိုပဲ"

"...."

"ဦးပိုင္ေျပာျပတာေတြ နားေထာင္ၿပီး
ျပန္ေတြးၾကည့္လိုက္ေတာ့မွ ဆရာ့ကိုေရာ ဦးပိုင္ကိုပါ
အရမ္းအူယားတာပဲ။ ႏွစ္ေယာက္စလံုး အူေၾကာင္ေၾကာင္ေတြနဲ႔"

"...."

တံု႔ျပန္သံမၾကားရ၍ သြန္းအုပ္ဘက္လွည့္ၾကည့္လိုက္ေတာ့ အၾကည့္စိမ္းစိမ္းတစ္ခုႏွင့္ ရင္ဆိုင္လိုက္ရသည္။ စိတ္ဆိုးသြားသလို သြန္းအုပ္၏ပံုစံကို ဇာနည္
သေဘာက်စြာ ခပ္ဟဟရယ္မိရင္း...

"အမွန္ေတြေျပာတာကို မႀကိဳက္ၾကဘူးပဲ"

"...."

"ဒါနဲ႔ေလ..စကားမစပ္ ဦးပိုင္ ခုေနာက္ပိုင္း နည္းနည္း ေျပာင္းလဲလာသလိုပဲ။ အရင္ကဆို ကြၽန္ေတာ့္ဆိုရင္လည္း စိတ္မ႐ွည္ဘူး။ ကြၽန္ေတာ့္ကိုတင္ မဟုတ္ဘူး..ဘယ္သူ႔မွ စိတ္မ႐ွည္။ စကားကလည္းနည္းတယ္ေလ။ ေနာက္ၿပီး ႐ုပ္တည္ႀကီးနဲ႔ ေၾကာက္စရာႀကီး"

"အင္း... တကယ္ေတာ့ ငါလည္း တစ္ေယာက္ေယာက္နဲ႔ အခုလိုမ်ိဳး စကားေတြ ေျပာခ်င္ေနတာ"

"....."

"အထဲမေရာက္ခင္တုန္းက ငါဘယ္သူ႔ေ႐ွ႕မွ ရင္ဖြင့္တာမ်ိဳး မလုပ္ခဲ့ဖူးဘူး။ မင္းခေ႐ွ႕လည္း ဒီလိုပဲ။ အဲ့ဒါေၾကာင့္ ငါ့ကို သူ ​ေသခ်ာနားမလည္ႏိုင္ခဲ့တာထင္တယ္"

ဇာနည္က ေတြးဆဆဟန္ျဖင့္...

"ဟုတ္မယ္ေနာ္"

"အထဲမွာ ငါမိတ္ေဆြတစ္ေယာက္ရခဲ့တယ္။ သူကေလ အရမ္းေႏြးေထြးတဲ့လူ..အစ္ကိုႀကီးတစ္ေယာက္ရဲ႕ ေမတၱာစိတ္ေတြ သူ႔မွာအျပည့္ပဲ။ သူနဲ႔ခင္ၿပီးေတာ့မွ
ဘဝမွာ ပထမဦးဆံုးအႀကိမ္အျဖစ္ ငါ့အေၾကာင္းေတြကို သူမ်ားေ႐ွ႕ေျပာျပဖူးခဲ့တာ။ ငါ့ျပႆနာေတြကို သူ မေျဖ႐ွင္းေပးႏိုင္မွန္းသိတယ္။ ဒါေပမယ့္ တစ္ေယာက္တည္းခံစားေနရတာ ၾကာလာလို႔
ေပါက္ကြဲသြားမွာထက္စာရင္ သူ႔ေ႐ွ႕မွာ စကားအမ်ားႀကီးေျပာၿပီး ရင္ဖြင့္ခဲ့မိတာက အမ်ားႀကီး စိတ္သက္သာရာရတယ္။ အနည္းဆံုးေတာ့ သူကႏွစ္သိမ့္အားေပးခဲ့တယ္။ အၾကံေပးခဲ့တယ္"

"....."

"သူက အရမ္းခင္ခ်င္စရာ ေကာင္းတဲ့လူမ်ိဳး။
စိတ္ရင္းလည္းေကာင္းတယ္။ သူ႔မွာ
စိတ္ညစ္စရာေတြနဲ႔ ျပည့္ေနတာေတာင္ သူမ်ားကိုဘယ္လိုေပ်ာ္ေအာင္လုပ္ေပးရမလဲ ေတြးေနတဲ့သူ။ သူ႔နားကလူေတြကို စိတ္ေပါ့ပါးေစတဲ့ ခံစားမႈမ်ိဳးေပးတယ္။ ေျပာလို႔ေျပာတာမဟုတ္ဘူး.. တစ္ခါတစ္ေလ မင္းကိုျမင္ရင္ သူ႔ကိုသတိရသြားမိတယ္"

"ဟုတ္လား"

-

-

-

ထိုတစ္ညေနလံုး သြန္းအုပ္ႏွင့္ဇာနည္တို႔ စကားေတြအမ်ားႀကီး ေျပာျဖစ္ခဲ့ၾကသည္။

ခံစားခ်က္တို႔အား ဖံုးကြယ္မေနၾကဘဲ အျပန္အလွန္
ပြင့္လင္းရင္းႏွီးစြာျဖင့္ ပထမဆံုးႏွင့္ ​ေနာက္ဆံုးအႀကိမ္အျဖစ္ ရင္ဖြင့္ျဖစ္ခဲ့ၾကသည့္ စကားဝိုင္းတစ္ခုက ႏွစ္ဦးစလံုး၏ရင္ထဲ တသက္စာ အမွတ္တရျဖစ္ေနေတာ့မည္ထင္။

-----------------

"ကိုကို"

"....."

ကင္​မရာကိုထိုင္သေနသည့္ သြန္းအုပ္ကို အျပင္ကျပန္ေရာက္,ေရာက္ခ်င္း မင္းခက
အေနာက္ဘက္မွ သိုင္းဖက္လာသည္။

"ညေနက ဇာနည္နဲ႔ ဘယ္ေတြေလ်ွာက္သြားၾကလဲ"

"ဟိုနားဒီနား"

"ေနာက္ဆို ကြၽန္ေတာ္ပါမွသြားေတာ့ေနာ္။ ဒီေန႔က ကြၽန္ေတာ္ ဘယ္လိုမွမအားလို႔ ခြင့္ျပဳလိုက္တာ"

"ဆရာႀကီးလား"

ဘုကလန္႔ျပန္ေျပာေနသည့္ လူႀကီးေပါက္စ၏
ပါးျပင္တစ္ဖက္ကို ဖ်က္ခနဲနမ္းလိုက္ရင္း...

"ဆရာႀကီးမဟုတ္ဘူး။ ကိုကို႔ရဲ႕ အသည္းတံုးႀကီး"

"အ႐ူးေကာင္"

-

-

-

"သင္တန္းက အဆင္ေျပရဲ႕လား"

"အင္း"

"ဓာတ္ပံု႐ိုက္ေလ့က်င့္ဖို႔ ေမာ္ဒယ္လိုေသးလား"

"လိုတယ္.. ရင္သားေရာတင္ပါးပါထြားၿပီး
ဆံပင္႐ွည္႐ွည္၊ အသားျဖဴျဖဴနဲ႔ ႐ုပ္လည္းေခ်ာတဲ့ အသက္ငယ္ငယ္ေကာင္မေလးတစ္ေယာက္"

"အဟြတ္! အဟြတ္!"

သြန္းအုပ္၏စကားေၾကာင့္ မင္းခ ေသာက္လက္စေရပင္ သီးသြားရသည္။

"ကိုကို မေကာင္းဘူးဗ်ာ။ ကြၽန္ေတာ္တစ္ေယာက္လံုး အနားမွာ အဆင္သင့္႐ွိေနတာကို တျခားေမာ္ဒယ္ေကာင္မေလးေတြ လိုေသးလို႔လား"

"မင္းက ႏို႔မွမႀကီးတာ"

"ကိုသြန္းအုပ္စိုးပိုင္!"

"ဘာလဲ။ ေလသံကို ခုခ်က္ခ်င္းျပင္လိုက္!"

မင္းခက မႈန္ကုပ္ကုပ္ျဖင့္...

"မိန္းကေလးေတြကိုႀကိဳက္ရင္ ကြၽန္ေတာ့္ကိုဘာလို႔
လာၿပီးျဖားေယာင္းေသြးေဆာင္ခဲ့ေသးလဲ။ ေတာ္ၿပီ..
ခင္ဗ်ားနဲ႔ မေနေတာ့ဘူး"

စိတ္ဆိုးခ်င္ေယာင္ေဆာင္ေနသည့္ မင္းခ၏
ရႊတ္ေနာက္ေနာက္စကားမ်ားကို သြန္းအုပ္မရယ္ျဖစ္။ စိတ္ထဲတြင္ မတင္မက် ျဖစ္ေနသည့္အရာကိုသာ ေမးၾကည့္ခ်င္ေနသည္။ ခ်ဳပ္တည္းထားေသာ္လည္း မရ။

"သင္တန္းေၾကးေတြက မင္းပိုက္ဆံနဲ႔ေရာဟုတ္လား"

အဆက္အစပ္မ႐ွိ ေမးလာသည့္စကားေၾကာင့္ မင္းခရဲ႕မ်က္ႏွာ သုန္မႈန္သြားၿပီး...

"ကြၽန္ေတာ့္ပိုက္ဆံမဟုတ္လို႔ ခင္ဗ်ားႀကီးကို ဘယ္သူကမ်ား စပြန္ဆာလာေပးမယ္ ထင္ေနလို႔လဲ"

"စကားလမ္းေၾကာင္းလႊဲမေနနဲ႔။ ေမလြန္း ဒီကိုလာသြားတာ ငါ့ကို ဘာလို႔မေျပာတာလဲ?"

!

"ဟို.. အဲ့ဒါက.."

"ငါ့ကို အမွန္အတိုင္းေျဖ။ သူက ဘာလာလုပ္တာလဲ"

"ေဒၚေလးက ကိုကို႔အေပၚ ေကာင္းပါတယ္။
ကိုကို ေဒၚေလးကို အထင္လြဲေနတာေတြ ေလ်ွာ့ဖို႔ေကာင္းတယ္"

"သူ႔ေ႐ွ႕ေနလား မင္းက။ သူၫႊန္ၾကားတာေတြကို
မင္းလိုက္လုပ္ေနတာလား။ သူကေတာ့
ေစတနာ႐ွင္ႀကီးလုပ္၊ မင္းက အလႉ႕လက္ဖက္နဲ႔ ငါ့ေ႐ွ႕မ်က္ႏွာလုပ္၊ ငါ့ကိုက် ဝိုင္းလိမ္ၿပီး အ႐ူးလုပ္ခ်င္ၾကတာလား"

"မဟုတ္ပါဘူးဆို။ မရစ္စမ္းနဲ႔.. ကိုကိုရာ"

"ဒီသင္တန္းအတြက္ေငြေတြက သူေပးသြားတာမလား။ မဟုတ္ရင္ တစ္လေက်ာ္တည္းနဲ႔မင္း"

"ကိုသြန္းအုပ္စိုးပိုင္!"

"•••"

"ေဒၚေလး ကိုကို႔အတြက္လိုအပ္တာေတြမွာ သံုးဖို႔
ကြၽန္ေတာ့္ဆီ chequeတစ္ေစာင္ လာေပးတာမွန္တယ္။ ကြၽန္ေတာ္ လံုးဝလက္မခံခဲ့ဘူး။ သူလာသြားတာကို မေျပာျပခဲ့ဘူးဆိုတာကလည္း သူကမသိေစခ်င္ဘူးဆိုလို႔"

"....."

"ကြၽန္ေတာ္ ဘယ္သူ႔ဆီကမွ ေခ်းလာတာလည္းမဟုတ္ဘူး ကိုကို။ မခ်မ္းသာေပမယ့္ ကိုကို႔တစ္ေယာက္ကိုေတာ့
မ်က္ႏွာမငယ္ရေအာင္ ထားေပးႏိုင္တယ္။ ကြၽန္ေတာ္ ေယာက်္ားပါ။ သူမ်ားအကူအညီယူမွ ရပ္တည္ႏိုင္မယ္ဆိုရင္ လြန္ခဲ့တဲ့ ​ခုနစ္ႏွစ္ေလာက္ကတည္းက ကြၽန္ေတာ့္ဘဝပ်က္ေနၿပီ"

"....."

"ကြၽန္ေတာ့္ကို အထင္ေသးေနတုန္းပဲလား"

"...."

"ဒါမွမဟုတ္ ကြၽန္ေတာ့္အရည္အခ်င္းကို မယံုၾကည္တာလား"

သြန္းအုပ္ သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး..

"မဟုတ္ဘူး။ မင္းကို ယံုတယ္။ ေမလြန္းကို မယံုတာ"

"ေဒၚေလးက ကိုကိုထင္သေလာက္လည္း မဆိုးပါဘူး။ ကိုကိုက နားလည္မႈလြဲေနတာ။ တစ္ခါေလာက္ ယံုၾကည္ၿပီး ခြင့္လႊတ္ေပးဖို႔ ႀကိဳးစားၾကည့္ပါလား"

ေဒၚသီရိႏွင့္သူ႔ၾကား နားလည္မႈယူရန္
ဝင္ေရာက္ေဖ်ာင္းဖ်ေပးေနသည့္ မင္းခကို သြန္းအုပ္ ေသခ်ာစိုက္ၾကည့္လိုက္မိရင္း..

"မင္းကက်ေတာ့ေရာ? ငါေျပာတာကိုယံုဖို႔ ဘာလို႔
မႀကိဳးစားၾကည့္တာလဲ။ မင္းကိုယ္တိုင္ေတာင္ ငါ့အေပၚ သံသယမ႐ွင္းႏိုင္ပဲနဲ႔ ဘာလို႔ ငါ့ကို ေရႊျပည္ေအးတရားေတြ
လာေဟာေနတာလဲ"

"•••"

"ငါေျပာတာေတြကိုက် ဘယ္ေတာ့မွ မယံုၾကည္ေပးဘဲနဲ႔ တျခားသူေတြေျပာသမ်ွကို မင္းအကုန္ယံုတယ္။
ဘယ္ကိစၥမဆို ငါကပဲ အျမဲတမ္းလူဆိုးႀကီးး။
အရက္သမား! ေဆးသမား! အေဒၚကို အျမင္ေစာင္းၿပီး ပုန္ကန္ေနတဲ့ေကာင္! မုဒိမ္းေကာင္! လူသတ္သမား! ေထာင္ထြက္! တျခားဘာေတြ႐ွိေသးလဲ မင္း ငါ့ကို ေခါင္းစဥ္တပ္ဖို႔။ ငါမွားတာေတြေရာ.. ငါမွန္တာေတြေရာ ဘယ္ကိစၥကိုမဆို ဘာေျဖ႐ွင္းခြင့္မွမေပးဘဲ တစ္ဖက္ပိတ္အျမင္ေတြနဲ႔ပဲ ငါ့ကို မင္း အျမဲတမ္းစြပ္စြဲတယ္။ တျခားတစ္ဖက္ကပဲ အျမဲပါတယ္"

"က်စ္္! အခု ကြၽန္ေတာ္ေျပာတာထဲမွာ အဲ့ေလာက္စိတ္တိုစရာ မပါဘူးေလဗ်ာ။ ကြၽန္ေတာ္က ေဒၚေလးနဲ႔ကိုကို႔ၾကား ေျပလည္ေစခ်င္တာ။ ေဒၚေလးလည္း
သနားဖို႔ေကာင္းပါတယ္။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္က"

"ေမလြန္းနဲ႔ငါနဲ႔ၾကားဝင္ၿပီး တရားျပေနမယ့္အစား ငါ့ကို အရင္ယံုၾကည္ႏိုင္ေအာင္ ႀကိဳးစားသင့္တယ္။ ငါက
အျမဲတမ္း မွားတဲ့ဘက္ကမဟုတ္ဘူး။ ေမလြန္းကိုလည္း အသားလြတ္ မုန္းေနတာမဟုတ္သလို ခင္ေထြးကိုလည္း မယုတ္မာခဲ့ဘူး။ ေဆးေၾကာင္,ေၾကာင္စရာအေၾကာင္းလည္း မ႐ွိဘူး။ အဓိက သိေစခ်င္တာက မင္းဦးေလးကိုလည္း ငါမသတ္ဘူး"

"•••"

"တျခားသူေတြ ဘယ္လိုပဲ ငါ့ကိုျမင္ျမင္ ဂ႐ုမစိုက္ေပမယ့္ မင္းအျမင္မွာေတာ့ ငါက လူေကာင္းတစ္ေယာက္လို႔ပဲ အျမင္ခံခ်င္တယ္"

"ေတာ္ပါေတာ့! ၿပီးၿပီးသားေတြကို ဘာလို႔ထည့္ေျပာေနတာလဲ။ အကုန္လံုးကို ေမ့ပစ္ေပးထားတယ္ေလ။ ဘယ္သူေတြပဲ ဘာေတြလာေျပာေျပာ ကြၽန္ေတာ္ ကိုကို႔ကို အျပစ္မျမင္ပဲ ေနေနတာေလ။ ေလးသက္မ်က္ႏွာကိုေတာင္မေထာက္ဘဲ အခုထိ ကို္ကိုလိုသမ်ွကို ကြၽန္ေတာ့္ဘက္က
ျဖည့္ဆည္းေပးႏိုင္ေအာင္ ႀကိဳးစားေနတယ္ေလ။
ဘာေတြလိုအပ္ေသးလို႔လဲ။ ဘာျဖစ္လို႔ အဲ့ဒါေတြကို အစျပန္ဆြဲထုတ္ေနရတာလဲ"

"•••"

"ဘာေတြထပ္လိုခ်င္ေနေသးတာလဲ။ ေလးသက္ကိစၥကိုလည္း ေက်နပ္ပါတယ္.. ဝမ္းသာပါတယ္လို႔ ကြၽန္ေတာ္က ေျပာေပးရဦးမွာလား။  ကြၽန္ေတာ္ အတတ္ႏိုင္ဆံုး အေကာင္းဆံုးျဖစ္လာေအာင္ ႀကိဳးစားေနတာကိုေတာင္ ေရာင့္ရဲေပးလို႔မရဘူးလား။ တဆိတ္ေလာက္ ကိုကို႔ဘက္က ေလာဘႀကီးလြန္း မေနဘူးလား"

"•••"

"အခုလည္း ကြၽန္ေတာ္ ကိုကို႔ကို အျပစ္တင္စကားတစ္ခြန္းမွ မေျပာမိဘဲ ကိုကို႔ဘာသာ ေဒါသေတြႀကီးေနတာ"

"•••"

-

-

"ထားလိုက္ပါေတာ့။ ငါမွားသြားတာ။ ငါ့ကို မင္း  ဘယ္တုန္းကမွ နားမလည္ခဲ႔ဘူးဆိုတာကို ငါေမ့သြားတာ..."

******************tbc

6.June.22

[Unicode]

"မပြီးသေးဘူးလားဗျာ"

"ကျစ်! ခဏနေစမ်းပါဦးကွာ.. တအားလောတာပဲ"

မင်းခ လက်မှနာရီကိုကြည့်လိုက်သည်။ အချိန်က ကိုးနာရီခွဲ။
စိတ်ကူးရလျှင်ရသလို ဘာသာတရားကိုင်းရှိုင်းတတ်သည့် သူတော်စင်ကြီး သွန်းအုပ်က အခုချိန်ထိ ဘုရားစင်ရှေ့က ထမလာသေး။

ရေတံခွန်က ပြန်ရောက်ပြီး သုံး၊လေးရက်လောက်ကြာချိန်၌ သွန်းအုပ်က Photography courseကို တတ်ချင်သည်ဟု သူ့ဆန္ဒလေးတစ်ခုကို ဖွင့်ပြောလာသည်။ အတင်းအကြပ် ပူဆာတာမျိုးမဟုတ်ဘဲ မျက်နှာငယ်လေးဖြင့် ပြောပြလာတာကြောင့် လက်ထဲမှာ ငွေကြေးများများစားစား မရှိသော်လည်း မငြင်းရက်။

တစ်လလောက် စောင့်ပေးနေဖို့ပြောပြီး ကြားထဲမှာ
သူက ငွေရဖို့လုံးပန်းရသည်။ တခြားတော့မဟုတ်။ guideလုပ်ပေးရန်အတွက် မိဘများက လာရောက်တောင်းဆိုထားသည့် ကျောင်းသားနှစ်ယောက်ကို လက်ခံလိုက်သည်။

ညဘက်ရောက်လျှင်တော့ သွန်းအုပ်ကို စာသွားသင်မည်ဟု လိမ်ပြီး ပုံရိပ်ပိုင်သည့် Cafè shopတစ်ခုတွင်
အချိန်ပိုင်းအလုပ်ဝင်သည်။ အလုပ်ဝင်ရန် ပြောပြောချင်းအစပိုင်း၌ ပုံရိပ်က အသည်းအသန် တားသေးသော်လည်း တစ်နေရာမဟုတ် တစ်နေရာတွင် အလုပ်ဝင်ရန် ဆုံးဖြတ်ပြီးနေပြီဖြစ်သည့် မင်းခကြောင့် ပုံရိပ်လည်း လိုက်လျောလိုက်ပုံရသည်။

ပုံရိပ်က လက်မခံခင် ရစ်နေသေးသည်။
သိက္ခာကျမှာစိုးတာတွေရော၊ ပင်ပန်းမှာ မကြည့်ရက်တာတွေပါပြောပြီး မရမကတားနေခဲ့သေး၏။ ကျောင်းမဖွင့်ခင် နှစ်လလောက်သာလုပ်ပါ့မည်ဟု
ပုံရိပ်ကိုကတိပေးပြီး သွန်းအုပ်ကိုလည်း လုံးဝမသိစေရန် ကတိအထပ်ထပ် ပြန်တောင်းလိုက်ရသည်။

သင်တန်းကြေး ပထမအရစ်သွင်းရန်ငွေနှင့်
အသင့်အတင့် ကင်မရာတစ်လုံးကိုဝယ်ရန် ငွေပမာဏက တစ်လနှင့်ရသည်။ သင်တန်းကိုလည်း သေချာစုံစမ်းကာ အပ်ပေးပြီးပြီမို့ ဒီနေ့ဆိုလျှင် ဓာတ်ပုံပညာကို
သွန်းအုပ် စလေ့လာခွင့်ရပြီဖြစ်သည်။

နာရီကို နောက်တစ်ခေါက်ထပ်ကြည့်လိုက်တော့
ကိုးနာရီ လေးဆယ်။ သင်တန်းသို့ ဆယ်နာရီ အရောက်သွားရမည်။ ပထမဆုံးတတ်ရမည့်နေ့ဖြစ်တာမို့ နောက်ကျရန်မသင့်တော်။

အရေးအကြောင်းဆိုလျှင် ဘုရားကို နားပူနားဆာ
သွားလုပ်နေလေ့ရှိသည့် လူက အခုထိ ဘုရားစင်ရှေ့က ထမလာသေး။

"ကိုသွန်းအုပ်စိုးပိုင်!"

"ကျစ်! ပြီးပြီကွာ..ပြီးပြီ။ တအား လောတာပဲ မင်း"

"...."

"ငါ့ဆိုရင် မင်း နည်းနည်းလေးမှ စိတ်မရှည်ဘူး။
ဟိုဖြူဖက်ဖြူလျော်ကောင်ကိုဆိုရင် လေသံက ညင်သာလွန်းအားကြီးလို့ မနည်းနားစိုက်ထောင်နေရတယ်"

ဘုရားစင်မှထလာပြီး စူပွပွပြောနေသည့်လူကို
အပြစ်ပေးချင်လာသဖြင့် အနားရောက်လာတာနှင့်တပြိုင်နက် တအားကြီး ဆွဲဖက်ပစ်လိုက်သည်။

"ကိုကို နောက်ကျမှာစိုးလို့ ပြောနေရတာလေဗျာ..
စေတနာနဲ့ပြောတာကို ငြိုငြင်ချင်တာလား"

"ဖယ်စမ်းကွာ.. မင်းလုပ်မှ ပိုနောက်ကျတော့မယ်"

"ခဏလေး.. တစ်မိနစ်လောက် ဖက်ထားချင်လို့"

"ကိုယ့်ခန္ဓာကိုယ်ကြီးမှ အားမနာ.. တအားချွဲတာပဲ မင်းး"

!!

စကားမဆုံးသေး..
ဘယ်ဘက်ပါးပြင်ပေါ်သို့ ခြွေချလာသည့်
အနမ်းတစ်ပွင့်က လျှပ်တစ်ပြတ်။

-

နေ့စဉ်မပြတ် တိုက်ချွတ်ပြင်ဆင်နေခဲ့သည့် ကျေးဇူးကြောင့် အိုဟောင်းနေပြီဟု ပြော၍မရသေးသည့် တပတ်နွမ်းစက်ဘီးအနီလေးက သူ့တာဝန်သူ ကျေပွန်စွာ ထမ်းဆောင်ရန် အိမ်ရှေ့တွင် အသင့်ရောက်နှင့်နေပြီ။

အိမ်ထဲက ထွက်လာလာချင်း မြင်လိုက်ရသည့်
ထိုစက်ဘီးလေးက သွန်းအုပ်ကို မျက်ရည်ဝဲလာရစေသည်အထိ ကြည်နူးမှုတို့ ပေးစွမ်းနိုင်သည်။ ဘေးက မင်းခကို လှည့်ကြည့်လိုက်တော့ မင်းခက အားနာနေဟန်ရှိသည့် မျက်နှာငယ်လေးဖြင့်..

"ဆိုင်ကယ်လေးနဲ့ဆိုရင် ပိုကောင်းမှာသိပေမယ့်
အခုရက်ပိုင်းထဲတော့ မဝယ်နိုင်သေးဘူး ကိုကို။ ကျွန်တော်လည်း အလုပ်ဝင်တာက စာသင်နှစ်တစ်နှစ်စာပဲ ရှိသေးတော့... အဲ့ဒါ.. "

"ကျေးဇူးတင်ပါတယ်.. နောက်ပြီး တောင်းပန်တယ်"

?

"ငါ ပူဆာမိသလို ဖြစ်သွားတာတောင် ငါက
အားမနာမိခဲ့ဘူးလေ။ ကျေးဇူးတင်စကားလည်း မပြောရသေးတဲ့အပြင် မင်းက ပြန်အားနာနေရသေးတယ်။ သင်တန်းကြေးနဲ့တင် မင်းလည်း စုထားသမျှ အကုန်ပြောင်သွားမယ်ထင်တယ်။ အကြွေးတွေဘာတွေရော တစ်ယောက်ယောက်ဆီမှာ တင်သွားသေးလား"

"မတင်ပါဘူး။ သင်တန်းကြေးက အရစ်ကျပဲဟာကို။ စုတာတွေလည်း မပြောင်ဘူး။ လိုချင်တာကို
လက်ညှိုးထိုးပြ.. ဝယ်ပေးနိုင်သေးတယ် ဟားးးး"

သွန်းအုပ် အားမနာရစေရန် မင်းခက
ရယ်မောပြောဆိုနေသော်လည်း သွန်းအုပ်၏စိတ်က ပျော်မသွား။

သူက အခုချိန်ထိ မင်းခအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုမျှသာ။

-

ကိုယ်တိုင်စက်ဘီးနင်းတတ်သော်လည်း မင်းခနင်းသည့် စက်ဘီးနောက်ကသာ အခန့်သား ထိုင်ပြီးလိုက်ချင်တာက ရေသာခိုချင်တာမျိုးမဟုတ်။ မာနကြီးသော်လည်း တစ်ယောက်သောသူကိုတော့ အားကိုးချင်ခဲ့မိရုံ။

အရောင်စုံဆိုင်ကယ်နှင့် ကားများကြား
စက်ဘီးနီနီလေးတစ်စီးက ခရီးတွင်နှေးနေလိမ့်မည်။
သို့သော်
လိုက်ပါလာသည့်သူအတွက် အန ္တရာယ်ကင်းပြီး
စိတ်၏ကြည်သာချမ်းမြမှုကိုလည်း အပြည့်အဝ ပေးစွမ်းနိုင်ခဲ့ပါသည်။

-------------------

"အဟက်! ချစ်တယ်? ငါ့ကို? မင်းကချစ်လို့?"

"....."

ရယ်ချင်ပက်ကျိမျက်နှာဖြင့် ထိုစကားကို လှောင်ကာပြောင်ကာ ထပ်တလဲလဲ ပြန်မေးနေတာကြောင့် ဇာနည် မျက်နှာပူလာရပြီ။ ငြင်းမှာက ၉၉ရာခိုင်နှုန်းလောက် ကျိန်းသေသော်လည်း မျှော်လင့်ချက်သေးသေးလေးကို ဆုပ်ကိုင်ရင်း ဇွတ်တိုးကာ ဖွင့်ပြောခဲ့မိသည်။

သို့သော် အကို့တုံ့ပြန်ပုံက...

"ကျွန်တော်ပြောတဲ့အထဲမှာ ရယ်စရာမပါဘူး အကို!"

ခပ်ဆက်ဆက်ပြန်ပြောမိတော့ လှောင်နေသည့် ပုံရိပ်၏မျက်နှာက ပြန်တည်သွားပြီး..

"ဘာလို့လဲ။ ငါ့ဆီက ဘာလိုချင်တာလဲ"

"•••"

"ပွင့်ပွင့်လင်းလင်း ပြောရအောင်။ ငါ့ဆီက
ငွေလိုချင်တာလား။ ခန္ဓာကိုယ်ချင်း နှီးနှောခွင့်လား။ မင်းလိုချင်တာယူ။ ပြီးရင် ငါဖြစ်စေချင်တာ ပြန်လုပ်ပေး"

"အကို!"

"မူမနေပါနဲ့.. ဘယ်အရာမှ အလကားမရမှန်း သိတယ်။ မင်းလည်းလိုချင်တာရမယ်.. ငါလည်း ငါ့ဆန္ဒတွေပြည့်မယ်။ နှစ်ယောက်စလုံးအတွက် အကျိုးရှိမယ့်ကိစ္စကို ဘာလို့မူနေမှာလဲ"

အတည်ပြောနေသည့် ပုံရိပ်၏ အပေးအယူဆန်သည့်
စကားများကြောင့် ဇာနည် မျက်မှောင်ကြုတ်မိ၏။

"အကိုက ဘာလုပ်ပေးစေချင်တာလဲ"

"လူသတ်ပေးလေ.. "

"•••"

"သွန်းအုပ်စိုးပိုင်ကို သတ်ပေး"

"•••"

"ကိုခ သည်းသည်းလှုပ်နေတဲ့ သွန်းအုပ်စိုးပိုင်ကို သတ်ပေး"

"•••"

"ငါ့ဆီကနေ ကိုခကိုလုသွားတဲ့ သွန်းအုပ်စိုးပိုင်ကို သတ်ပေး.. လိုချင်တာအကုန်လုံး ရနေတာတောင် ငါ့အတွက် တစ်ခုတစ်လေမှ ချန်မထားပေးတဲ့
အဲ့ဒီလောဘကြီးကြီးနဲ့လူကို သတ်ပေးး"

ဖြူနုနုမျက်နှာလေးက နီရဲနေပြီ။ ချွေးသီးချွေးစတို့စို့နေသည့် ခန္ဓာကိုယ်ပါးလျလျလေးက တုန်ယင်လာ၏။
စိတ်နှင့်လူမကပ်သည့် အကိုက ပြောချင်ရာတွေပြောပြီးတော့ မျက်ရည်များ တအိအိကျဆင်းလာကာ သနားစဖွယ် ငိုနေပြန်သည်။

အခုနောက်ပိုင်း သတိလက်လွတ်ဖြစ်သည့် ကိစ္စတွေ
အကို့မှာ အတော်များလာသည်။ မှတ်မှတ်ရရပြောရလျှင် ဧည့်သည်တစ်ယောက်နှင့် သွားတွေ့ပြီး နောက်ပိုင်းကတည်းက...

လူရောစိတ်ပါ အနားယူဖို့ လိုအပ်နေသည့် ပုံရိပ်ကို
အလုပ်စားပွဲမှာ ဆက်ပြီးထိုင်မနေစေချင်တော့။ ပုံရိပ်အရှေ့က ပုံရိပ် လုပ်လက်စ စာရင်းfileများကို ဆွဲပိတ်လိုက်သည်။ အံဆွဲထဲက စိတ်ငြိမ်ဆေးနှင့် ပုံရိပ်သောက်နေကျ အခြားဆေးတချို့ကိုယူပြီး ပုံရိပ်ရှေ့ ရေတစ်ဖန်ခွက်နှင့်အတူ ချပေးလိုက်ရင်း..

"ပင်ပန်းနေပြီမလား။ နားလိုက်တော့ အကို"

"....."

"အကို့အတွက် စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် ကျွန်တော် ဒီနေ့ ပြောခဲ့တဲ့စကားကို စိတ်ထဲမထားပါနဲ့။ နောက်တစ်ခါ မဟုတ်တာတွေ လျှောက်မပြောနဲ့တော့။ နားနားနေနေ နေလိုက်ဦး"

"ငါမရူးသေးဘူးနော်..."

"...."

"ဟုတ်တယ်မလား။ ငါမရူးသေးဘူး"

တိုးဖွဖွဆိုလာရင်း မော့ကြည်နေသည့် မျက်ဝန်းများက ခပ်ယဲ့ယဲ့...

"အင်းး အကိုက ဘာလို့ရူးရမှာလဲ"

--------------------

"ဦးပိုင်"

"....."

"ဆရာ့ကို ဘယ်အချိန်ကစပြီး ဘာလို့ချစ်မိသွားခဲ့တာလဲ"

ရေပြင်ကို တွေတွေငေးငေးဖြင့်ကြည့်ရင်း အမေးရှိလာသည့် ဇာနည့်လေယူလေသိမ်းက ခပ်ဆွေးဆွေး။

ထူးဆန်းစွာငြိမ်နေပြီး အိန္ဒြေတွေရနေသည့် ဇာနည့်ကို သွန်းအုပ် အံ့သြစွာ မျက်ခုံးတစ်ဖက်ပင့်ကြည့်မိလိုက်သည်။
ဝသီအတိုင်း ပေါ့တန်တန်စကားများပြောရန် ပါးစပ်ပြင်ပြီးမှ အလေးအနက်ရှိနေပုံရသည့် ဇာနည့်မျက်နှာထားကြောင့်...

"သိပြီးရင် ဘာလုပ်မလို့လဲ"

"ဒီအတိုင်းပဲ သိချင်လို့မေးကြည့်တာပါ.. ဦးပိုင်
မဖြေချင်ရင်လည်း ကိစ္စမရှိပါဘူး"

သွန်းအုပ်က စကားမပြောခင် တသုန်သုန်တိုက်ခက်နေသည့် လေနုအေးတချို့ကို တဝကြီးရှုသွင်းလိုက်သည်။ ပြီးမှ..

"ဘယ်အချိန်၊ ဘယ်အရွယ်မှာစပြီး သူ့ကို
ချစ်မိသွားတာပါဆိုတဲ့ တိတိကျကျ အချိန်တစ်ခုကိုတော့ ငါလည်းသေချာမမှတ်မိဘူး။ ဒါပေမယ့် စတွေ့ကတည်းကနေ အခုချိန်ထိ သူ့ကို မချစ်တဲ့နေ့ဆိုတာမျိုးတော့ တစ်ရက်မှ မရှိခဲ့ဖူးဘူးလို့ထင်တယ်"

"...."

"ငယ်ငယ်တုန်းကတော့ ငါသူ့ကို ဆော့လို့ကောင်းတဲ့ အရုပ်လေးတစ်ခုကို ချစ်သလိုမျိုး ချစ်ခဲ့တာလည်း ဖြစ်နိုင်တယ်.. အဲ့လို မဟုတ်ရင်လည်း သူငယ်ချင်းလို၊ ညီလေးတစ်ယောက်လို၊ငါ့ရဲ့ heroလို သဘောထားပြီး ချစ်ခဲ့တာလည်း ဖြစ်နိုင်တယ်။ နောက်ပိုင်း ငါ့ကိုယ်ငါ သတိမထားမိလိုက်တဲ့အချိန်တွေမှာ အဲ့အချစ်တွေက တဖြည်းဖြည်း အရောင်ပြောင်းနေခဲ့တာ။ ဒါက
မင်းမေးခွန်းရဲ့ ပထမတစ်ပိုင်းအတွက် ငါ့အဖြေ"

"....."

စိတ်ပါလက်ပါဖြင့် ပြန်ဖြေပေးနေသည့်
သွန်းအုပ်၏စကားများကို ဇာနည်က စိတ်ဝင်စားစွာဖြင့် နားထောင်နေ၏။

"ဘာလို့ချစ်မိသွားတာလဲ ဆိုတဲ့ မေးခွန်းအတွက်တော့ ငါ့မှာပြန်ပေးစရာ အကြောင်းပြချက်တွေအများကြီးပဲ"

"....."

"သူ့ကို ချစ်မိသွားရတဲ့ အကြောင်းပြချက်တွေအများကြီးထဲမှာ ကျောင်းသွားကျောင်းပြန် ငါ့ကိုစက်ဘီးနောက်ကတင်ပြီး ခေါ်သွားပေးတာလည်းပါတယ်။ ငါစားဖို့
ငါးအရိုးထိုင်နွှင်ပေးတာလည်းပါတယ်။ ငါ့ကို စာကူကျက်ပေးခဲ့တာတွေလည်းပါတယ်။ ငါ့အိမ်စာတွေကူရေးပေးတာ၊ ငါ့အခန်းကို ရှင်းပေးတာ၊ သူ့မုန့်ဖိုးလေးတွေစုပြီး ငါ့အတွက် ပစ္စည်းလေးတွေ
ခိုးဝယ်ထားတတ်တာတွေ၊ ငါကြိုက်တဲ့သီချင်းကို ဆိုပြတာကစလို့ ငါအနိုင်ကျင့်ပြီး ဗိုလ်ကျသမျှ သည်းခံပေးတာတွေ အကုန်လုံးပါတယ်"

"....."

"ဒီလိုပြောလို့ သူ့ကောင်းကွက်တွေကြောင့်နဲ့တင် ငါ့သူ့ကို ချစ်ခဲ့တာရယ်လည်း မဟုတ်ဘူးပေါ့။ ငါ့စိတ်ကို မခန့်မှန်းတတ်တာ၊ ငါပြောချင်တဲ့ စကားရဲ့အဓိပါ္ပယ်ကို နားမလည်တာ၊ အူကြောင်ကြောင်နိုင်ပြီး မျက်ရည်လွယ်တာတွေကလည်း ငါ့သူ့ကိုချစ်ရတဲ့
အကြောင်းပြချက်တွေထဲ ပါတာပဲ"

"....."

"သူ့ရဲ့ ရင့်ကျက်တဲ့ပုံစံကိုလည်း ချစ်သလို
ကလေးဆန်တဲ့ အမူအရာတွေကိုလည်း ချစ်တယ်။ အခုနောက်ပိုင်းမှ သတိထားမိလာတဲ့ သူ့ကိုချစ်ရခြင်း အကြောင်းပြချက်တွေထဲမှာဆိုရင် သူအသက်ရှုတာကစလို့ ထမင်းစား၊ရေသောက်တာတွေပါ ပါနေတော့တာပဲ"

သူ ပြုံးလိုက်မိသည်။ ကန်ရေပြင်ကိုကြည့်ရင်း
အေးအေးဆေးဆေး ပြောပြနေသည့် ဦးပိုင်၏ မျက်နှာထက်က နူးညံ့လွန်းသည့် အပြုံးများက သူ့ဆီကိုပါ ကူးစက်လာခြင်း ဖြစ်လိမ့်မည်။ ဦးပိုင် အခုလောက် နူးနူးညံ့ညံ့ကလေး ပြုံးတတ်လိမ့်မည်ဟု မထင်ခဲ့။

အချစ်ကိုခံစားနေချိန်မှာ လူတွေရဲ့စိတ်နှလုံးနဲ့
အပြုအမူတွေက နူးညံ့သွားတတ်တယ်လို့ မှတ်ယူနိုင်သလား။

"မင်းသိလား။ အကြောင်းပြချက်မရှိဘဲ
ချစ်တယ်ဆိုတာမျိုးက တကယ်တော့မရှိဘူး။ မင်း တစ်ယောက်ယောက်ကို ချစ်မိသွားပြီဆိုတာမှာ သေချာပေါက် မင်းသူ့ကို ချစ်မိသွားစေလောက်မယ့် အရာတစ်ခုခု သူ့မှာရှိနေလို့"

"....."

"အဲ့ဒါက မင်းကို အရမ်းချစ်ပေးနေလို့ မင်းသူ့ကို
ပြန်ချစ်မိသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ တစ်ခါတစ်လေ မင်းကိုမုန်းနေတယ်ဆိုတဲ့ အကြောင်းပြချက်အောက်မှာလည်း အဲ့ဒီ တစ်စုံတစ်ယောက်ကို ချစ်မိသွားဖို့ ဖြစ်နိုင်တာပဲ"

ဇာနည်က သွန်းအုပ်ဘက်သို့ သေချာလှည့်ကြည့်လိုက်သည်။ သူ အရမ်းသိလိုသည့် မေးခွန်းတစ်ခုကို လေးနက်စွာဖြင့်...

"အဲ့ဒါဆို ဆရာက ပြောင်းလဲသွားရင်ရော။
ဦးပိုင် ချစ်ခဲ့တဲ့လူမျိုး မဟုတ်တော့တဲ့ အချိန်ကျရင်ရော"

"ငါပြောတာ မပြီးသေးဘူးလေ"

"...."

"ငါ သူ့ကို အကြောင်းပြချက်အများကြီးကြောင့်
ချစ်သွားမိခဲ့ပါတယ်ဆိုတာက အဲ့ဒါတွေ သူ့မှာမရှိတော့ရင် ငါမချစ်တော့ဘူးလို့ မဆိုလိုပြန်ဘူး။ ငါ တွေးကြည့်ဖူးတယ်.. မင်းမေးခဲ့တဲ့ မေးခွန်းအတိုင်းပဲ။ သူငါ့ကို ဂရုမစိုက်တော့ချိန်ကျရင်ဆိုပြီး.. အဲ့အချိန်ဖြစ်နေနိုင်တဲ့ ငါ့စိတ်ကို ငါလှမ်းကြည့်တယ်"

သွန်းအုပ်က ခပ်ဟဟရယ်လိုက်ရင်း..

"ထူးဆန်းတယ်ကွ။ သူ အဲ့လိုပြောင်းလဲသွားခဲ့ရင်တောင် ငါမစွန့်လွှတ်နိုင်ဘူး။ မုန်းလည်းမမုန်းရက်ဘူး။ ဘာလို့လဲ သိလား"

"...."

"သူ့ကိုချစ်မိသွားစေခဲ့တဲ့ အကြောင်းပြချက်အားလုံးက ငါ့မှတ်ဉာဏ်တွေထဲမှာ၊ ငါ့ရင်ထဲမှာ သေရာပါစွဲနေပြီလေ။ အဲ့ဒါတွေက မပျောက်ကွယ်နိုင်တော့ဘူး။ သူငါ့ကို မုန်းသွားတဲ့ အချိန်ရောက်လာခဲ့ရင်တောင်၊ ငါ့ကို ရက်ရက်စက်စက် ဆက်ဆံမယ့် တစ်ချိန်ဆိုတာမျိုး ကြုံလာခဲ့ရင်တောင် ငါ ဝမ်းနည်းမိရုံကလွဲပြီး မုန်းဖို့ကြိုးစားမှာမဟုတ်ဘူး"

"....."

"အဲ့ဒီ ထောင်သောင်းမက ရှိခဲ့ဖူးတဲ့ အကြောင်းပြချက်တွေက ငါ့တစ်သက်စာလုံး သူ့ကို ဆက်ချစ်နေဖို့အတွက် လုံလောက်နေခဲ့ပြီလေ"

တစ်ခါမှ မမြင်ဖူးသေးသည့်ပုံစံနှင့် ကဗျာဆန်နေသည့် သွန်းအုပ်၏ စကားများကြောင့် ဇာနည် သွန်းအုပ်အား အံ့သြကြည်နူးစွာ ကြည့်နေမိသည်။

"ဦးပိုင် ဆရာ့ကို အရမ်းချစ်တာပဲနော်"

"....."

သွန်းအုပ် ပြန်မဖြေ။ ဇာနည် သဘောကျစွာ ပြုံးမိသည်။

ထိုမေးခွန်းက မေးနေစရာပင်မလို။ ထို့ကြောင့်လည်း ဦးပိုင်က ဆိတ်ဆိတ်နေပြီး အဖြေပေးလိုက်ခြင်းပင်။

"ဆရာက အရမ်းကံကောင်းတာပဲ"

"....."

"ကျွန်တော်လည်း ဆရာ့လို အချစ်ခံရတဲ့လူ ဖြစ်ချင်တယ်"

"အင်း.. မင်းလည်း အချစ်ခံရမှာပါ"

"ဦးပိုင် လိမ်တယ်"

"•••"

"ကျွန်တော်ချစ်တဲ့သူက ကျွန်တော့်ကို ပြန်ချစ်လာဖို့
အဝေးကြီး။ ကျွန်တော့်အချစ်တွေကိုတောင် သူမမြင်ဘူး။ မြင်နိုင်အောင်လည်း သူ ဘယ်တော့မှ ကြိုးစားမှာမဟုတ်ဘူး"

"အဲ့ဒီ'သူ'ဆိုတဲ့လူက မျက်လုံးမမြင်လို့လား"

သွန်းအုပ် စနောက်၍မေးလိုက်သော်လည်း ဇာနည်က မလှုပ်မယှက်။

"ဦးပိုင် သိတယ်မလား။ သူဘယ်သူလဲဆိုတာ?"

"...."

"သူ ကျွန်တော့်ကိုမချစ်မှန်း ဦးပိုင်လည်းသိမှာပါ။
ကျွန်တော် စိတ်ကျေနပ်အောင် ဦးပိုင်က အားပေးပေမယ့် တကယ်တော့ အတိုင်းသားမြင်နေရတဲ့ အမှန်တရားကို ဦးပိုင်က ကျွန်တော်စိတ်ချမ်းသာအောင် လိမ်ပေးလိုက်ရုံပဲလေ"

"...."

"သူ ကျွန်တော့်ကို ပြန်မချစ်မှာက ပိုသေချာတယ်မလား"

"ငါမသိဘူး"

ဇာနည်က သူ့ကိုယ်သူလှောင်ရယ်လိုက်ရင်း..

"စွမ်းထက်ရှေ့ ကျွန်တော့်ရဲ့ခံစားချက်တွေကို ရင်ဖွင့်တုန်းက စွမ်းထက် ဘာပြောခဲ့လဲသိလား ဦးပိုင်"

"....."

"သူက gayဆိုရင်တောင် သူကြိုက်မယ့်ယောကျ်ားက မင်းတော့ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူးတဲ့"

"....."

"အဟက်! အဲ့တုန်းက စွမ်းထက်က ကျွန်တော့်ကို စနေခဲ့တာဗျ။ အဲ့ကောင်က ဘာမှသိတဲ့သူမဟုတ်ဘူး။
သူ အပျော်တမ်းနောက်လိုက်တဲ့စကားက တကယ်မှန်နေခဲ့တာ"

ဇာနည့်ကိုကြည့်ရင်း သွန်းအုပ် သက်ပြင်းတစ်ချက်
တိုးဖွဖွချမိသည်။ မြင်နေကျဇာနည်နှင့် လုံးဝမတူသည့် ဇာနည့်ပုံစံက တကယ့်ဝါရင့်အသည်းကွဲသမားကြီးလိုမျိုး။

"ဇာနည်"

"အင်း.. ပြောလေ ဦးပိုင်"

"မင်းအရမ်းငယ်သေးတယ်။ အခုလိုကိစ္စတွေအတွက် အရမ်းကြီး ခံစားမနေနဲ့"

"ကိုယ်ချင်းစာစိတ်မရှိလိုက်တာ"

"•••"

"ဦးပိုင်က ကိုယ်ချင်းမစာဘူး"

"....."

"ဦးပိုင်တို့လည်း ကျွန်တော့်အရွယ်မှာကတည်းက ချစ်နေခဲ့ကြတာပဲမလား"

"အဲ့ဒါကြောင့် ပြောနေတာ"

"....."

"ငါတို့ ပျော်ခဲ့ရလို့လား"

"....."

"ငါ ထောင်ထဲရောက်တုန်းက ငါ့အသက်နှစ်ဆယ်။
ဘာအမှုနဲ့ထောင်ကျခဲ့လဲဆိုတာတော့ မင်းသိပြီးသားပါ။ ငါထပ်ပြောပြဖို့ လိုမယ်မထင်ဘူး"

"...."

"အဲ့ဒီမတိုင်ခင် ငါဘာတွေဖြစ်နေခဲ့လဲသိလား။ မင်းလိုပဲ အကျိုးမရှိ တစ်ယောက်တည်း အတွေးထိုင်များနေတာ။
ငါ့ကို သူ ထားသွားမှာလည်း အရမ်းစိုးရိမ်။ ငါ့ရဲ့မရိုးမသား
ခံစားချက်တွေ သူသိသွားမှာလည်းကြောက်။ စိတ်က
လုံးဝ မတည်ငြိမ်နိုင်ခဲ့တာ.. သူများလာပြီး မကောင်းကြံနေတာကိုပါ ငါသိရဲ့သားနဲ့ ဘာမှမလုပ်နိုင်ခဲ့တဲ့အထိပဲ။ မင်းလို စိတ်ဓာတ်ကျနေလောက်စရာ ဆက်ဆံရေးမျိုး မဟုတ်ခဲ့တာတောင်မှ ငါတော်တော်အတွေးလွန်နေခဲ့တာ"

"....."

"တကယ်ဆို မိုးသားဆိုတဲ့ကောင် ဘာလို့ငါ့ကို
လာနှောင့်ယှက်လဲဆိုတာကို သိအောင် ကြိုးစားခဲ့သင့်တာလေ"

"မိုးသားဆိုတာ?"

"ငါ့ဖအေတူ မအေကွဲညီ"

"ဦးပိုင်မှာ ညီရှိသေးတာလား"

"....."

"ဦးပိုင်"

"...."

"ဘာလို့ အဲ့လိုလုပ်ခဲ့မိတာလဲ။ မူးယစ်ဆေးကြောင့်လား။ တခြားအကြောင်းရင်းတစ်ခုခု ရှိသေးလား။"

ဇာနည့်မေးခွန်းက တစ်ခုခုကိုသိနေသလိုလို...

"မင်းဆရာက ဘာတွေပြောပြထားလို့လဲ"

"ဟင့်အင်း... ဆရာက ဘာမှပြောမပြဘူး။
သူ့အကြောင်း၊ ဦးပိုင်အကြောင်း ဘာဆိုဘာမှ ပြောဖူးတာမဟုတ်ဘူး။ အခုလိုမေးတယ်ဆိုတာက ကျွန်တော့်အတွေးနဲ့ကျွန်တော်။ ဆရာက ဆေးလိပ်၊
အရက် နောက်ပြီး မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ရင် ခါးခါးသီးသီးလေ။ မကောင်းတဲ့အရာတွေမလို့ တားမြစ်နေတာမျိုးမဟုတ်ဘဲ အဲ့ဒါတွေက သူ့အတွက် စိတ်ဒဏ်ရာကြီးတစ်ခုလို ဖြစ်နေတဲ့ပုံမျိုး"

"သြော်....."

သွန်းအုပ် ခေါင်းတဆက်ဆက်ညိတ်ရင်း
သက်ပြင်းချလိုက်သည်။ မင်းခနေရာမှာဝင်ပြီး မင်းခအတွေးနှင့် တွေးကြည့်လိုက်ပြန်တော့ ရင်ထဲမှာအောင့်သက်သက်နှင့်။

သွန်းအုပ်က ဇာနည်နှင့် အကြည့်ချင်းဆုံအောင်
သေချာစိုက်ကြည့်လိုက်ရင်း...

"ငါမလုပ်ခဲ့ဘူးလို့ပြောရင် မင်းယုံမလား"

"ယုံတယ်"

"••••"

"ဦးပိုင်တို့ရဲ့ ပြဿနာတွေကို ဂဃနဏမသိဘူးဆိုပေမယ့် ဦးပိုင်မလိမ်ဘူးဆိုတာကို ကျွန်တော်ယုံတယ်"

နောက်နေတာလားဟု မေးဖို့ရန်ပြင်ပြီးမှ လေးနက်နေသည့် ဇာနည့်မျက်နှာထားကြောင့် သွန်းအုပ် ချက်ချင်းပြန်ပြောရမည့် စကားများက ဆွံ့အနေခဲ့သည်။

အတန်ကြာမှ အရှေ့တည့်တည့်က ရေပြင်ဆီ
အကြည့်လွှဲလိုက်ရင်း...

"မင်းလိုယုံကြည်မှုမျိုး သူ့မှာရှိစေချင်လိုက်တာ..."

ထိုစကားက ကြားရသည်ဆိုရုံ တိုးသဲ့သဲ့။

စကားစပြတ်ကာ အချိန်ခဏမျှ တိတ်ဆိတ်သွားပြန်သည်။
သွန်းအုပ်ကလည်း ကန်ရေပြင်ကိုသာ ငေးကြည့်ရင်း
အတွေးထဲမျောနေပုံရသည်။ ဇာနည်လည်း သူ့အတွေးနှင့်သူ...

ခဏကြာမှ ဇာနည်က..

"ကျွန်တော် နားမလည်တာကလေ.. ကျွန်တော် ဦးပိုင်ကို ယုံတယ်ဆိုတာထက် အမြဲတမ်းအနီးကပ်နေခဲ့ရတဲ့ ဆရာက ပိုပြီးတော့တောင် ယုံကြည်နိုင်ရမယ်မလား"

"မင်းရဲ့ဆရာက သူမြင်တာနဲ့ကြားတာကိုပဲ တန်းယုံတာ။ သူ့အတွေးတွေက ရိုးစင်းလွန်းတယ်.. သူ့လိုပဲ"

ဇာနည်က စိတ်ပျက်လက်ပျက်ဖြင့်...

"ကျစ်! ဆရာက အရမ်းတော်ပြီး ဉာဏ်လည်းကောင်းရဲ့သားနဲ့ ဘာလို့ တချို့နေရာတွေမှာကျ အရမ်းတုံးရတာလဲ။ ရင့်ကျက်လွန်နေတာလား၊ မရင့်ကျက်တာလို့ ပြောရမလား။ နေရာတကာမှာ စာအုပ်ကြီးအတိုင်း ကျိုးကြောင်းဆက်စပ်ပြီး တွေးတောဆုံးဖြတ်နေတာက အခန့်မသင့်ရင် ပိုပြီး
အမှားတွေ့တတ်တယ်လေ။ ဒါကို ဆရာက သတိမထားမိသလိုပဲ"

"...."

"ဦးပိုင်ပြောပြတာတွေ နားထောင်ပြီး
ပြန်တွေးကြည့်လိုက်တော့မှ ဆရာ့ကိုရော ဦးပိုင်ကိုပါ
အရမ်းအူယားတာပဲ။ နှစ်ယောက်စလုံး အူကြောင်ကြောင်တွေနဲ့"

"...."

တုံ့ပြန်သံမကြားရ၍ သွန်းအုပ်ဘက်လှည့်ကြည့်လိုက်တော့ အကြည့်စိမ်းစိမ်းတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ စိတ်ဆိုးသွားသလို သွန်းအုပ်၏ပုံစံကို ဇာနည်
သဘောကျစွာ ခပ်ဟဟရယ်မိရင်း...

"အမှန်တွေပြောတာကို မကြိုက်ကြဘူးပဲ"

"...."

"ဒါနဲ့လေ..စကားမစပ် ဦးပိုင် ခုနောက်ပိုင်း နည်းနည်း ပြောင်းလဲလာသလိုပဲ။ အရင်ကဆို ကျွန်တော့်ဆိုရင်လည်း စိတ်မရှည်ဘူး။ ကျွန်တော့်ကိုတင် မဟုတ်ဘူး..ဘယ်သူ့မှ စိတ်မရှည်။ စကားကလည်းနည်းတယ်လေ။ နောက်ပြီး ရုပ်တည်ကြီးနဲ့ ကြောက်စရာကြီး"

"အင်း... တကယ်တော့ ငါလည်း တစ်ယောက်ယောက်နဲ့ အခုလိုမျိုး စကားတွေ ပြောချင်နေတာ"

"....."

"အထဲမရောက်ခင်တုန်းက ငါဘယ်သူ့ရှေ့မှ ရင်ဖွင့်တာမျိုး မလုပ်ခဲ့ဖူးဘူး။ မင်းခရှေ့လည်း ဒီလိုပဲ။ အဲ့ဒါကြောင့် ငါ့ကို သူ သေချာနားမလည်နိုင်ခဲ့တာထင်တယ်"

ဇာနည်က တွေးဆဆဟန်ဖြင့်...

"ဟုတ်မယ်နော်"

"အထဲမှာ ငါမိတ်ဆွေတစ်ယောက်ရခဲ့တယ်။ သူကလေ အရမ်းနွေးထွေးတဲ့လူ..အစ်ကိုကြီးတစ်ယောက်ရဲ့ မေတ္တာစိတ်တွေ သူ့မှာအပြည့်ပဲ။ သူနဲ့ခင်ပြီးတော့မှ
ဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ် ငါ့အကြောင်းတွေကို သူများရှေ့ပြောပြဖူးခဲ့တာ။ ငါ့ပြဿနာတွေကို သူ မဖြေရှင်းပေးနိုင်မှန်းသိတယ်။ ဒါပေမယ့် တစ်ယောက်တည်းခံစားနေရတာ ကြာလာလို့
ပေါက်ကွဲသွားမှာထက်စာရင် သူ့ရှေ့မှာ စကားအများကြီးပြောပြီး ရင်ဖွင့်ခဲ့မိတာက အများကြီး စိတ်သက်သာရာရတယ်။ အနည်းဆုံးတော့ သူကနှစ်သိမ့်အားပေးခဲ့တယ်။ အကြံပေးခဲ့တယ်"

"....."

"သူက အရမ်းခင်ချင်စရာ ကောင်းတဲ့လူမျိုး။
စိတ်ရင်းလည်းကောင်းတယ်။ သူ့မှာ
စိတ်ညစ်စရာတွေနဲ့ ပြည့်နေတာတောင် သူများကိုဘယ်လိုပျော်အောင်လုပ်ပေးရမလဲ တွေးနေတဲ့သူ။ သူ့နားကလူတွေကို စိတ်ပေါ့ပါးစေတဲ့ ခံစားမှုမျိုးပေးတယ်။ ပြောလို့ပြောတာမဟုတ်ဘူး.. တစ်ခါတစ်လေ မင်းကိုမြင်ရင် သူ့ကိုသတိရသွားမိတယ်"

"ဟုတ်လား"

-

-

-

ထိုတစ်ညနေလုံး သွန်းအုပ်နှင့်ဇာနည်တို့ စကားတွေအများကြီး ပြောဖြစ်ခဲ့ကြသည်။

ခံစားချက်တို့အား ဖုံးကွယ်မနေကြဘဲ အပြန်အလှန်
ပွင့်လင်းရင်းနှီးစွာဖြင့် ပထမဆုံးနှင့် နောက်ဆုံးအကြိမ်အဖြစ် ရင်ဖွင့်ဖြစ်ခဲ့ကြသည့် စကားဝိုင်းတစ်ခုက နှစ်ဦးစလုံး၏ရင်ထဲ တသက်စာ အမှတ်တရဖြစ်နေတော့မည်ထင်။

-----------------

"ကိုကို"

"....."

ကင်မရာကိုထိုင်သနေသည့် သွန်းအုပ်ကို အပြင်ကပြန်ရောက်,ရောက်ချင်း မင်းခက
အနောက်ဘက်မှ သိုင်းဖက်လာသည်။

"ညနေက ဇာနည်နဲ့ ဘယ်တွေလျှောက်သွားကြလဲ"

"ဟိုနားဒီနား"

"နောက်ဆို ကျွန်တော်ပါမှသွားတော့နော်။ ဒီနေ့က ကျွန်တော် ဘယ်လိုမှမအားလို့ ခွင့်ပြုလိုက်တာ"

"ဆရာကြီးလား"

ဘုကလန့်ပြန်ပြောနေသည့် လူကြီးပေါက်စ၏
ပါးပြင်တစ်ဖက်ကို ဖျက်ခနဲနမ်းလိုက်ရင်း...

"ဆရာကြီးမဟုတ်ဘူး။ ကိုကို့ရဲ့ အသည်းတုံးကြီး"

"အရူးကောင်"

-

-

-

"သင်တန်းက အဆင်ပြေရဲ့လား"

"အင်း"

"ဓာတ်ပုံရိုက်လေ့ကျင့်ဖို့ မော်ဒယ်လိုသေးလား"

"လိုတယ်.. ရင်သားရောတင်ပါးပါထွားပြီး
ဆံပင်ရှည်ရှည်၊ အသားဖြူဖြူနဲ့ ရုပ်လည်းချောတဲ့ အသက်ငယ်ငယ်ကောင်မလေးတစ်ယောက်"

"အဟွတ်! အဟွတ်!"

သွန်းအုပ်၏စကားကြောင့် မင်းခ သောက်လက်စရေပင် သီးသွားရသည်။

"ကိုကို မကောင်းဘူးဗျာ။ ကျွန်တော်တစ်ယောက်လုံး အနားမှာ အဆင်သင့်ရှိနေတာကို တခြားမော်ဒယ်ကောင်မလေးတွေ လိုသေးလို့လား"

"မင်းက နို့မှမကြီးတာ"

"ကိုသွန်းအုပ်စိုးပိုင်!"

"ဘာလဲ။ လေသံကို ခုချက်ချင်းပြင်လိုက်!"

မင်းခက မှုန်ကုပ်ကုပ်ဖြင့်...

"မိန်းကလေးတွေကိုကြိုက်ရင် ကျွန်တော့်ကိုဘာလို့
လာပြီးဖြားယောင်းသွေးဆောင်ခဲ့သေးလဲ။ တော်ပြီ..
ခင်ဗျားနဲ့ မနေတော့ဘူး"

စိတ်ဆိုးချင်ယောင်ဆောင်နေသည့် မင်းခ၏
ရွှတ်နောက်နောက်စကားများကို သွန်းအုပ်မရယ်ဖြစ်။ စိတ်ထဲတွင် မတင်မကျ ဖြစ်နေသည့်အရာကိုသာ မေးကြည့်ချင်နေသည်။ ချုပ်တည်းထားသော်လည်း မရ။

"သင်တန်းကြေးတွေက မင်းပိုက်ဆံနဲ့ရောဟုတ်လား"

အဆက်အစပ်မရှိ မေးလာသည့်စကားကြောင့် မင်းခရဲ့မျက်နှာ သုန်မှုန်သွားပြီး...

"ကျွန်တော့်ပိုက်ဆံမဟုတ်လို့ ခင်ဗျားကြီးကို ဘယ်သူကများ စပွန်ဆာလာပေးမယ် ထင်နေလို့လဲ"

"စကားလမ်းကြောင်းလွှဲမနေနဲ့။ မေလွန်း ဒီကိုလာသွားတာ ငါ့ကို ဘာလို့မပြောတာလဲ?"

!

"ဟို.. အဲ့ဒါက.."

"ငါ့ကို အမှန်အတိုင်းဖြေ။ သူက ဘာလာလုပ်တာလဲ"

"ဒေါ်လေးက ကိုကို့အပေါ် ကောင်းပါတယ်။
ကိုကို ဒေါ်လေးကို အထင်လွဲနေတာတွေ လျှော့ဖို့ကောင်းတယ်"

"သူ့ရှေ့နေလား မင်းက။ သူညွှန်ကြားတာတွေကို
မင်းလိုက်လုပ်နေတာလား။ သူကတော့
စေတနာရှင်ကြီးလုပ်၊ မင်းက အလှူ့လက်ဖက်နဲ့ ငါ့ရှေ့မျက်နှာလုပ်၊ ငါ့ကိုကျ ဝိုင်းလိမ်ပြီး အရူးလုပ်ချင်ကြတာလား"

"မဟုတ်ပါဘူးဆို။ မရစ်စမ်းနဲ့.. ကိုကိုရာ"

"ဒီသင်တန်းအတွက်ငွေတွေက သူပေးသွားတာမလား။ မဟုတ်ရင် တစ်လကျော်တည်းနဲ့မင်း"

"ကိုသွန်းအုပ်စိုးပိုင်!"

"•••"

"ဒေါ်လေး ကိုကို့အတွက်လိုအပ်တာတွေမှာ သုံးဖို့
ကျွန်တော့်ဆီ chequeတစ်စောင် လာပေးတာမှန်တယ်။ ကျွန်တော် လုံးဝလက်မခံခဲ့ဘူး။ သူလာသွားတာကို မပြောပြခဲ့ဘူးဆိုတာကလည်း သူကမသိစေချင်ဘူးဆိုလို့"

"....."

"ကျွန်တော် ဘယ်သူ့ဆီကမှ ချေးလာတာလည်းမဟုတ်ဘူး ကိုကို။ မချမ်းသာပေမယ့် ကိုကို့တစ်ယောက်ကိုတော့
မျက်နှာမငယ်ရအောင် ထားပေးနိုင်တယ်။ ကျွန်တော် ယောကျ်ားပါ။ သူများအကူအညီယူမှ ရပ်တည်နိုင်မယ်ဆိုရင် လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်ကတည်းက ကျွန်တော့်ဘဝပျက်နေပြီ"

"....."

"ကျွန်တော့်ကို အထင်သေးနေတုန်းပဲလား"

"...."

"ဒါမှမဟုတ် ကျွန်တော့်အရည်အချင်းကို မယုံကြည်တာလား"

သွန်းအုပ် သက်ပြင်းတစ်ချက်ချလိုက်ပြီး..

"မဟုတ်ဘူး။ မင်းကို ယုံတယ်။ မေလွန်းကို မယုံတာ"

"ဒေါ်လေးက ကိုကိုထင်သလောက်လည်း မဆိုးပါဘူး။ ကိုကိုက နားလည်မှုလွဲနေတာ။ တစ်ခါလောက် ယုံကြည်ပြီး ခွင့်လွှတ်ပေးဖို့ ကြိုးစားကြည့်ပါလား"

ဒေါ်သီရိနှင့်သူ့ကြား နားလည်မှုယူရန်
ဝင်ရောက်ဖျောင်းဖျပေးနေသည့် မင်းခကို သွန်းအုပ် သေချာစိုက်ကြည့်လိုက်မိရင်း..

"မင်းကကျတော့ရော? ငါပြောတာကိုယုံဖို့ ဘာလို့
မကြိုးစားကြည့်တာလဲ။ မင်းကိုယ်တိုင်တောင် ငါ့အပေါ် သံသယမရှင်းနိုင်ပဲနဲ့ ဘာလို့ ငါ့ကို ရွှေပြည်အေးတရားတွေ
လာဟောနေတာလဲ"

"•••"

"ငါပြောတာတွေကိုကျ ဘယ်တော့မှ မယုံကြည်ပေးဘဲနဲ့ တခြားသူတွေပြောသမျှကို မင်းအကုန်ယုံတယ်။
ဘယ်ကိစ္စမဆို ငါကပဲ အမြဲတမ်းလူဆိုးကြီးး။
အရက်သမား! ဆေးသမား! အဒေါ်ကို အမြင်စောင်းပြီး ပုန်ကန်နေတဲ့ကောင်! မုဒိမ်းကောင်! လူသတ်သမား! ထောင်ထွက်! တခြားဘာတွေရှိသေးလဲ မင်း ငါ့ကို ခေါင်းစဉ်တပ်ဖို့။ ငါမှားတာတွေရော.. ငါမှန်တာတွေရော ဘယ်ကိစ္စကိုမဆို ဘာဖြေရှင်းခွင့်မှမပေးဘဲ တစ်ဖက်ပိတ်အမြင်တွေနဲ့ပဲ ငါ့ကို မင်း အမြဲတမ်းစွပ်စွဲတယ်။ တခြားတစ်ဖက်ကပဲ အမြဲပါတယ်"

"ကျစ်! အခု ကျွန်တော်ပြောတာထဲမှာ အဲ့လောက်စိတ်တိုစရာ မပါဘူးလေဗျာ။ ကျွန်တော်က ဒေါ်လေးနဲ့ကိုကို့ကြား ပြေလည်စေချင်တာ။ ဒေါ်လေးလည်း
သနားဖို့ကောင်းပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်က"

"မေလွန်းနဲ့ငါနဲ့ကြားဝင်ပြီး တရားပြနေမယ့်အစား ငါ့ကို အရင်ယုံကြည်နိုင်အောင် ကြိုးစားသင့်တယ်။ ငါက
အမြဲတမ်း မှားတဲ့ဘက်ကမဟုတ်ဘူး။ မေလွန်းကိုလည်း အသားလွတ် မုန်းနေတာမဟုတ်သလို ခင်ထွေးကိုလည်း မယုတ်မာခဲ့ဘူး။ ဆေးကြောင်,ကြောင်စရာအကြောင်းလည်း မရှိဘူး။ အဓိက သိစေချင်တာက မင်းဦးလေးကိုလည်း ငါမသတ်ဘူး"

"•••"

"တခြားသူတွေ ဘယ်လိုပဲ ငါ့ကိုမြင်မြင် ဂရုမစိုက်ပေမယ့် မင်းအမြင်မှာတော့ ငါက လူကောင်းတစ်ယောက်လို့ပဲ အမြင်ခံချင်တယ်"

"တော်ပါတော့! ပြီးပြီးသားတွေကို ဘာလို့ထည့်ပြောနေတာလဲ။ အကုန်လုံးကို မေ့ပစ်ပေးထားတယ်လေ။ ဘယ်သူတွေပဲ ဘာတွေလာပြောပြော ကျွန်တော် ကိုကို့ကို အပြစ်မမြင်ပဲ နေနေတာလေ။ လေးသက်မျက်နှာကိုတောင်မထောက်ဘဲ အခုထိ ကိုကိုလိုသမျှကို ကျွန်တော့်ဘက်က
ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားနေတယ်လေ။
ဘာတွေလိုအပ်သေးလို့လဲ။ ဘာဖြစ်လို့ အဲ့ဒါတွေကို အစပြန်ဆွဲထုတ်နေရတာလဲ"

"•••"

"ဘာတွေထပ်လိုချင်နေသေးတာလဲ။ လေးသက်ကိစ္စကိုလည်း ကျေနပ်ပါတယ်.. ဝမ်းသာပါတယ်လို့ ကျွန်တော်က ပြောပေးရဦးမှာလား။  ကျွန်တော် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်လာအောင် ကြိုးစားနေတာကိုတောင် ရောင့်ရဲပေးလို့မရဘူးလား။ တဆိတ်လောက် ကိုကို့ဘက်က လောဘကြီးလွန်း မနေဘူးလား"

"•••"

"အခုလည်း ကျွန်တော် ကိုကို့ကို အပြစ်တင်စကားတစ်ခွန်းမှ မပြောမိဘဲ ကိုကို့ဘာသာ ဒေါသတွေကြီးနေတာ"

"•••"

-

-

"ထားလိုက်ပါတော့။ ငါမှားသွားတာ။ ငါ့ကို မင်း  ဘယ်တုန်းကမှ နားမလည်ခဲ့ဘူးဆိုတာကို ငါမေ့သွားတာ..."

******************tbc

6.June.22

Continue Reading

You'll Also Like

39.8K 2.3K 33
အချစ်နှင့်သိက္ခာ မာနနဲ့သစ္စာ တရားသဖြင့် ယှဥ္ပြိုင်ကြရအောင်
40K 3.6K 13
Sebaek Sehun*Baekhyun
3.1K 157 14
ကိုယ့္အေပၚ မသိလိုက္မသိဖာသာ တစ္ပါးသူရဲ့ ဂရုစိုက္မႈေသးေသးေလးေတြကို သေဘာတက်ရိွေနခဲ့ၿပီး တြယ္ၿငိခဲ့တဲ့သံေယာဇဉ္ေလး။ ေနာင္တစ္ခ်ိန္ျပန္ေတြ့တဲ့အခါ ပိုလို႔တင္...
294K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...