[Zawgyi]
ကင္မရာတစ္လံုးကိုင္ၿပီး ေနရာအမ်ိဳးမ်ိဳး၊ အပင္အမ်ိဳးမ်ိဳးကို ႐ႈေထာင့္ေပါင္းစံုကေန ဓာတ္ပံု႐ိုက္ေနသည့္ သြန္းအုပ္က ေလာေလာဆယ္အခ်ိန္တြင္ မလွမ္းမကမ္းက မင္းခကို အေရးမလုပ္ႏိုင္အားေသး။
သစ္ပင္ႀကီးမ်ားေပၚကေန တန္းလန္းက်ေနသည့္
ႏြယ္ပင္မ်ားကမက်န္ လွလွပပဖူးပြင့္ေနသည့္ အေရာင္စံုသစ္ခြမ်ားအဆံုး အကုန္လံုးကို အေသးစိတ္မွတ္တမ္းတင္ေနသည္။
လက္ထဲကင္မရာေရာက္လာေတာ့မွ သူ႔ဝါသနာက ဓာတ္ပံု႐ိုက္ျခင္းလိုလို ဘာလိုလို ခံစားရသည္။
ေအးေအးေဆးေဆးပင္ အခ်ိန္ယူ၍ ဓာတ္ပံု႐ိုက္ေနလိုက္သည္။ စိတ္မခ်၍
လိုက္လာမွန္းသိတာမို႔ ပိုၿပီးအခ်ိန္ဆြဲေနလိုက္၏။ မင္းခက သူဘယ္ေလာက္ပဲၾကာေအာင္ေနေန စိတ္မ႐ွည္ဘဲ ထားခဲ့မယ့္သူမွမဟုတ္ပဲေလ။
"အဟမ္းး အဟမ္းး"
မလွမ္းမကမ္းမွေန၍ ေခ်ာင္းဟန္႔သံေပးေနသည့္
မင္းခက သူ႔ကို သတိထားမိေစခ်င္ေနတာလားမသိ။
မသိက်ိဳးကြၽံျပဳ၍ အေ႐ွ႕ကိုသာ ဆက္သြားလိုက္ေတာ့ ရပ္က်န္မေနခဲ့ပဲ မ်က္ေမွာင္ႀကီးၾကဳတ္လ်က္ လိုက္လာျပန္သည္။
ေတာလမ္းမ်ားျဖစ္ေန၍ ေျမသားမ်ားက မညီမညာျဖင့္
သြားရလာရ အနည္းငယ္ခက္ခဲသည္။ ေရအိုင္ေနသည့္ ေနရာအခ်ိဳ႕တြင္ သြားလာရလြယ္ကူေစရန္ ဝါးတံတားႏွင့္ သစ္သားတံတားအေသးစားေလးတခ်ိဳ႕ကို ျပဳလုပ္ေပးထားသည္။ အေလာတႀကီးျဖင့္ ျမန္ျမန္ေတာ့ မနင္းရဲ။ ေျခေခ်ာ္ၿပီး ေရထဲျပဳတ္က်မွာကို စိုးရိမ္ရသည္။
ေက်ာက္တံုးေက်ာက္စိုင္မ်ားကိုလည္း သတိထား၍ နင္းျဖတ္ရေသးသည္။ မေတာ္တဆ ေျခေခ်ာ္သြားပါက မလြယ္။ ကင္မရာကို လည္တိုင္တြင္ ခ်ိတ္ဆြဲထားလိုက္သည္။ ခပ္လွမ္းလွမ္းတြင္႐ွိသည့္ ေက်ာက္စိုင္ေပၚသို႔သြားရန္ ျပင္ေနသည္မို႔ ေရညႇိတို႔ျဖင့္ ေခ်ာ္ေနသည့္ လမ္းက်ဥ္းက်ဥ္းကို ထိန္းေလ်ွာက္၍ ျဖတ္သြားေနရသည္။
ေရတံခြန္ အဆင့္ဆင့္အထပ္ထပ္တို႔တြင္ ေတာင္က်ေရမ်ားက လွပစြာစီးျဖာက်ေနသည္။ ေရတံခြန္ႀကီးကို ထိုေက်ာက္စိုင္ေပၚမွရပ္၍ ဓာတ္ပံု႐ိုက္လ်ွင္ ေတာ္ေတာ္ေလးလွမွာပဲဟု ေတြးမိသည္။
သစ္သားကို ဟိုဖက္ဒီဖက္ကူးရန္ ကန္႔လန္႔ျဖတ္၍
ခင္းထားသည့္ တံတားမမည္ေသာ တံတားေလးေပၚမွ ခပ္ျမင့္ျမင့္ ထိုေက်ာက္စိုင္ေလးေပၚသို႔ ေျခလွမ္းမိစဥ္...
"အေမ့!"
အသံၾကားရာ အေနာက္ဘက္သို႔ လွမ္းၾကည့္လိုက္ေတာ့ ဖင္ထိုင္လ်က္သားေခ်ာ္လဲေနသည့္ မင္းခကို ေတြ႔ရသည္။
က်စ္!
ဒီကေလးဟာ တကယ့္ကိုနေမာ္နမဲ့။
ခါးနာသြားၿပီထင္သည္။ တန္းထႏိုင္ပံုမေပၚတာေၾကာင့္
အနားသြားၿပီး ထူရန္ျပင္လိုက္သည္။ လက္တစ္ဖက္ကို ပုခံုးေပၚဆြဲတင္၍ ခႏၶာကိုယ္ကိုကူထိန္းေပးကာ ရပ္ေစေတာ့ အလိုက္သင့္ပင္ သြန္းအုပ္၏အကူအညီကို မင္းခကယူသည္။
"ေရညႇိေတြ အမ်ားႀကီး႐ွိေနတာကို မျမင္ဘူးလား။
မႀကီးမငယ္နဲ႔ ေခ်ာ္လဲေနတယ္။ အဲ့လိုနေမာ္နမဲ့နဲ႔ပံုစံကို မင္းတပည့္ေတြျမင္ရင္ကေတာ့ ဝိုင္းရယ္ၾကမွာပဲ"
"....."
မင္းခ ဘာမွျပန္မေျပာ။ ႐ႈံ ့မဲ့ေနသည့္မ်က္ႏွာက
ဟန္မေဆာင္ႏိုင္ေအာင္ ပ်က္ယြင္းေနတာမို႔ ေခ်ာ္လဲသည့္အ႐ွိန္က နည္းမွာေတာ့မဟုတ္ေပ။
သြန္းအုပ္ ဆက္မဆူေတာ့။ အနီးဆံုးေနရာ႐ွိ ေက်ာက္သားတစ္ခုေပၚတြင္ မင္းခကို ထိုင္ေစလိုက္သည္။
"ရတယ္.. နားေနေဆာင္ကိုပဲ တန္းျပန္လိုက္မယ္"
"လ်ွာမ႐ွည္နဲ႔။ ဒီမွာ ခဏထိုင္ၿပီး သက္သာမွျပန္"
"....."
စူပုပ္ပုပ္ျဖစ္ေနသည့္ မင္းခ၏မ်က္ႏွာက အထက္တန္းျပ ေက်ာင္းဆရာဆိုသည့္ ဂုဏ္ပုပ္ႏွင့္မွ မလိုက္မဖက္ ျဖစ္ေနသည္။ သြန္းအုပ္ေ႐ွ႕ေခ်ာ္လဲထားတာေၾကာင့္ ႐ွက္႐ွက္ႏွင့္ မ်က္ႏွာကို သုန္မႈန္ထားပံုရ၏။
"ဘယ္ေနရာ နာသြားတာလဲ"
"......"
"ပဲမ်ားမေနနဲ႔။ ေျဖေလ"
"ဒီေနရာက"
"မင္းချပသည့္ ေနရာက ၿမီးေညႇာင့္႐ိုးအေပၚဘက္။
အ႐ွိန္ႏွင့္ ဖင္ထိုင္လ်က္သား ေခ်ာ္လဲထားတာမို႔ ေတာ္ေတာ္နာေနပံုရသည္။ နာေနသည့္ေနရာကို
ႏွိပ္ေပးရန္ထိလိုက္ေတာ့ တြန္႔ခနဲျဖစ္သြား၏။
ယားတတ္တာလား။
အက်င့္မေကာင္းသည့္ သြန္းအုပ္က မင္းခ၏ေပ်ာ့ကြက္ကို ႐ွာခ်င္သြားသည္။ ႏွိပ္ေနသည့္လက္ႏွင့္ ခါးကို
ထပ္ထိၾကည့္လိုက္ေတာ့ မင္းခ၏ကိုယ္က တြန္႔လိမ္သြား၏။
"မထိနဲ႔!!"
မင္းခက ရန္လိုသည့္အသံျဖင့္ မေက်မနပ္ထေဟာက္သည္။
သြန္းအုပ္က အသံထြက္၍ မရယ္မိေအာင္ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္လိုက္သည္။
ေနာက္တစ္ခ်က္ ခါးကိုထပ္တို႔ၾကည့္လိုက္ေတာ့..
"မထိနဲ႔လို႔ေျပာေနတာ မၾကားဘူးလား!"
ခြီးး
စိတ္တိုေနသည့္ မင္းခကိုၾကည့္ၿပီး သြန္းအုပ္ ထိန္းလို႔မရေတာ့။ ခြီးခနဲရယ္ခ်လိုက္ေတာ့ ႐ွက္ရမ္းရမ္းၿပီး မတ္တပ္ထရပ္ရန္ျပင္သည္။
"ခ်က္ခ်င္းႀကီး မတ္တပ္မရပ္ရဘူးေလ။ ခါးေရာ..ၿမီးေညႇာင့္႐ိုးေရာ ေအာင့္သြားတယ္မလား။ ဒဏ္ျဖစ္ေနလိမ့္မယ္.. လာ ျပန္ထိုင္"
သြန္းအုပ္က မင္းခ မတ္တပ္ရပ္လို႔မရေအာင္
လက္ေမာင္းကို အတင္းဆြဲခ်ထားသည္။ သူေလွာင္ေနတာေၾကာင့္ အ႐ွက္သည္းၿပီး စိတ္ေတြတိုေနသည့္ မင္းခကိုသနား၍ မ်က္ႏွာကို ျပန္တည္ၾကည့္သည္.. မရ။ ထပ္မရယ္မိေအာင္
ႏႈတ္ခမ္းကိုသာ ဖိကိုက္ထားလိုက္သည္။
မ်က္ႏွာကေတာ့ျဖင့္ ရယ္က်ဲက်ဲ။
အခု မင္းချဖစ္ေနသည့္ပံုစံက မူႀကိဳေက်ာင္းသားအရြယ္ ကေလးတစ္ေယာက္က လူႀကီးမ်ားလာစတာကိုမႀကိဳက္၍ ျပန္ၿပီးရန္ေတြ႔ခ်င္ေနသည့္ပံု။ လူေ႐ွ႕သူေ႐ွ႕ေရာက္လ်ွင္ ဟိတ္ႀကီးဟန္ႀကီးျဖင့္ အိေျႏၵသိကၡာေတြ
ႀကီးမားျပေနသေလာက္ အခုက်ေတာ့။
ျပံဳးစိစိျဖစ္ေနေသာသူ႔ကို မ်က္ေမွာင္ႀကီးၾကဳတ္လ်က္ မၾကည္မလင္စိုက္ၾကည့္ေနသည့္ မင္းခအား...
"ဘာလဲ။ သူနာေနလို႔လည္း လုပ္ေပးရေသးတယ္။ ကေလးေလးက်ေနတာပဲ.. ကိုယ့္ထက္အႀကီးကစတာကို စိတ္ေကာက္ေနတယ္"
"ဘယ္သူက စိတ္ေကာက္လို႔လဲ!
စိတ္ေကာက္တယ္ေျပာရေအာင္ ကြၽန္ေတာ္က ကေလးလည္းမဟုတ္ဘူး"
"အဲ့ဒါဆို စိတ္မေကာက္ဘူးေပါ့"
"....."
မင္းခက ျပန္မေျဖ။ သြန္းအုပ္ ဆက္စမေတာ့ေနဘဲ
မင္းခ နာသြားသည့္ေနရာကို ေသခ်ာေလးႏွိပ္ေပးေနလိုက္သည္။
မင္းခက သြန္းအုပ္ကိုၾကည့္မေနမိေတာ့ေအာင္ တျခားဘက္သို႔ပဲ မ်က္ႏွာလႊဲထားလိုက္ေတာ့သည္။
စိတ္မခ်၍လိုက္လာသူက ျပန္အျပဳစုခံေနရတာေၾကာင့္ ေတာ္ေတာ္ေလးေတာ့ မ်က္ႏွာပူမိသည္။ ဒီၾကားထဲ
ကေလးမ်ားကို ကလူသလိုျမႇဴသလို လာစေနသည့္သူေၾကာင့္ ပို၍ပင္႐ွက္ေနမိ၏။
႐ွက္႐ွက္ျဖင့္ မ်က္ႏွာကို ႐ွစ္ေခါက္ခ်ိဳးထားၿပီး
ေနျပေနရေသာ္လည္း ရင္ထဲမွာက သံစံုျမည္ေနၿပီ။ မရတာၾကာၿပီျဖစ္သည့္ ဒီလိုခံစားမႈမ်ိဳး၊ ဒီလိုယုယမႈမ်ိဳးႏွင့္ ဒီလိုဂ႐ုစိုက္ေပးမႈမ်ားကို ႐ုတ္တရက္ႀကီးျပန္ရလိုက္ေတာ့ လူက႐ွိန္းတိန္းဖိန္းတိမ္းႀကီး ခံစားလာရ၏။
မၾကာခဏရဖူးခဲ့တာမဟုတ္သည့္ ထိုကဲ့သို႔ ႐ွား႐ွားပါးပါး ဂ႐ုစိုက္မႈေလးမ်ားကို ဘယ္တုန္းကမွ ေမ့မရခဲ့ေပမယ့္ အခုလို ျပန္ရသည့္ေန႔ရွိလာလိမ့္မည္လို႔လည္း မေမ်ွာ္လင့္ခဲ့။ မေမ်ွာ္လင့္သင့္တာေၾကာင့္လည္း ေမ့ခ်င္ေယာင္ ေဆာင္ထားခဲ့ရျခင္းဆိုလ်ွင္ ပိုမွန္လိမ့္မည္။
သြန္းအုပ္ႏွင့္ျပန္မေတြ႔မီ မၾကာေသးခင္ကာလေလးကမွ ဇာနည့္ေျခေထာက္ကို ေဆးလိမ္းေပးဖို႔လုပ္ရင္းႏွင့္
ေတြးမိေနေသးသည္။ သြန္းအုပ္လည္း သူ႔အေပၚ
ထိုကဲ့သို႔ ဂ႐ုစိုက္ေပးဖူးသည္ဟု။ ထိုေန႔က ဒီလူအေပၚ သတိရစိတ္ေၾကာင့္ အာရံုကမႈိင္းထိုင္းသြားသည့္အျပင္ ဇာနည္ကလည္း ျငင္းေနခဲ႔တာမို႔ သူမလုပ္ေပးျဖစ္လိုက္။
မေလ်ာ့လြန္း၊ မျပင္းလြန္းသည့္ အေနေတာ္အားထည့္ၿပီး စိတ္႐ွည္လက္႐ွည္ ႏွိပ္နယ္ေပးေနေတာ့ အားနာစိတ္က ဝင္လာသည္။ တစ္ခ်က္တစ္ခ်က္ သူ႔မ်က္ႏွာကိုၾကည့္ၿပီး ျပံဳးစိစိလည္း လုပ္ေနေသးတာေၾကာင့္ အသည္းလည္းယားရ၏။
ခါးနားကို လက္ေရာက္လာစဥ္ ႐ွစ္ေခါက္ခ်ိဳးမ်က္ႏွာျဖင့္ ဘုၾကည့္ၾကည္ေပးလိုက္ေတာ့ ရယ္က်ဲက်ဲ႐ုပ္ျဖင့္
အေၾကာက္အလန္႔မ႐ွိ သူ႔ကိုျပန္ၾကည့္ေနသည္။
သူ႔အၾကည့္တို႔ကို သြန္းအုပ္မ်က္ႏွာမွ မလႊဲဖယ္မိ။ အျပစ္ကင္းစင္ဟန္ ၾကည္ၾကည္လင္လက္
မ်က္ဝန္းေလးမ်ားကိုၾကည့္ရင္း မင္းခ ေတြေဝလာသည္။
ျဖဴစင္တယ္...
သိပ္ကို ျဖဴစင္ေနလြန္းလို႔
ဘာအျပစ္မွကို မလုပ္ခဲ့ဖူးသလိုပဲ။
အခ်ိန္တစ္ခုထိ အၾကည့္မလႊဲျဖစ္ၾက။ ေတြေဝအံ့ျသၿပီး ၾကည့္ေနမိသည့္သူ႔ကို ထိုလူက ဘယ္လိုသတၱိမ်ိဳးျဖင့္ အခုလို မ်က္ေတာင္မခတ္တမ္း ျပံဳးၿပီးျပန္ၾကည့္ေနရဲသည္ကို သူမသိ။ တကယ္ဆို သူ႔အေပၚ အားနာၿပီး မ်က္ႏွာပင္မျပရဲေလာက္ေအာင္ ျဖစ္ေနသင့္သည္။ အခုေတာ့...
စိတ္ထဲမွာ ႐ႈပ္ေထြးမြန္းၾကပ္လာတာေၾကာင့္ မင္းခဘက္ကပင္စ၍ အၾကည့္လႊဲလိုက္ရသည္။
"ရၿပီ.. မနာေတာ့ဘူး"
"ဟုတ္လို႔လား။ ခဏေလး႐ွိေသးတာကို"
"တကယ္ရၿပီ"
"ရရင္လည္း ခဏေတာ့ထိုင္ေနလိုက္ဦး"
သြန္းအုပ္ေျပာလိုက္ေတာ့ မင္းခက ထမသြားေတာ့ဘဲ ဆက္၍ ထိုင္ေနလိုက္သည္။ သြန္းအုပ္က ေက်နပ္သြားကာ ျပံဳးစိစိျဖင့္
"လိမၼာတယ္ ကေလးေလးက"
"•••"
မင္းခက အၾကည့္စိမ္းစိမ္းႀကီးျဖင့္
ေက်ာခ်မ္းသြားေလာက္ေအာင္ ၾကည့္လိုက္တာေၾကာင့္ သြန္းအုပ္ မ်က္ႏွာလႊဲလိုက္သည္။ မ်က္ႏွာပိုးကိုေတာ့ မသတ္ႏိုင္ေသး။
စိတ္ပါလက္ပါေပ်ာ္ေနပံုရသည့္ သြန္းအုပ္ကိုၾကည့္ရင္း ထိန္းထားသည့္ၾကားက ျပံဳးမိသြားသည္။
လူကိုမ်ား ကေလးေလးတဲ့..
အခုခ်ိန္ထိ ကေလး႐ုပ္မေပ်ာက္တာ သူမဟုတ္ဘူးလား။
ေနာက္ထပ္ ဆယ္မိနစ္ဝန္းက်င္ေလာက္
ဘာမွမေျပာျဖစ္ၾကေတာ့။ သြန္းအုပ္ကလည္း
မင္းခေဘးတြင္ ထိုင္ေနရင္းသားက လက္ထဲ႐ွိကင္မရာျဖင့္ အေဝးျမင္ကြင္းမ်ားကို ႐ိုက္ေနသည္။ မင္းခကလည္း မသိမသာခိုးၾကည့္ေနရင္းက ေနာက္ရက္မ်ားက်လ်ွင္ ပိုက္ဆံစုၿပီး ကင္မရာတစ္လံုးေလာက္ ဝယ္ေပးဖို႔ စဥ္းစားမိလိုက္ေသးသည္။
သြန္းအုပ္ကိုၾကည့္ရင္း အေတြးစတို႔က
ဟိုေရာက္ဒီေရာက္ျဖစ္သြားခ်ိန္ ေတြးေနမိတာက... မဟုတ္ေသး ေဝခြဲရခက္ေနတာတစ္ခုက...။
-
-
"ဘာလို႔လဲ။ ဘာလို႔ အဲ့လိုလုပ္ခဲ့ရတာလဲ"
အခ်ိန္တစ္ခုၾကာေအာင္ တိတ္ဆိတ္ေနၿပီးမွ
ေမးလာသည့္စကားက အဆက္အစပ္မ႐ွိ။
"ဘာကိုလဲ"
"ေလးသက္ကို"
ခုနကထိ ေပ်ာ္ေနခဲ့သည့္ သြန္းအုပ္၏စိတ္တို႔
လြင့္ပါးသြားရသည္။ ေခါင္းငိုက္စိုက္ခ်ထားၿပီး ေမးေနပံုက အားရခ်င္စရာမ႐ွိ။ ဦးတည္ရာမ႐ွိၾကည့္ေနသည့္ မ်က္ဝန္းထဲတြင္ မ်က္ရည္စမ်ားက ခိုတြဲေနၾကသည္။
မင္းခကိုၾကည့္ရင္း ခ်က္ခ်င္းျပန္ေျဖရမည့္ စကားတို႔က လည္ေခ်ာင္းဝထဲ တစ္ဆို႔ေနသည္။ ကိုယ့္အတြက္ကိုယ္ ရင္နာ၍မဟုတ္ဘဲ မ်က္စိေ႐ွ႕က ေကာင္ေလးကို သနားလြန္း၍ျဖစ္သည္။
ခုနကအထိ မင္းခက အဆင္ေျပေျပႏွင့္ ေပ်ာ္ေနခဲ့သည္။ ႐ုပ္တည္ႀကီးျဖင့္ မၾကည္သလို ျပဳမူေနေသာ္လည္း
မင္းခ၏ စိတ္အတြင္း၌ က်ိန္းေသေပ်ာ္ေနခဲ့တာကိုသိသည္။
အခုေတာ့ ဘယ္လိုကေနဘယ္လို အရင္အတိတ္ကကိစၥေတြဆီ အေတြးေရာက္သြားျပန္သည္မသိ။ ခ်က္ခ်င္းဆိုသလို မ်က္ႏွာေလးညႇိဳးငယ္သြားသည့္သူကိုၾကည့္ရင္း
သြန္းအုပ္ရဲ႕ႏွလံုးသားက နာက်င္လာရသည္။
အခုလိုအထင္မွားေနတာက ႏွစ္ဦးစလံုးအတြက္
ဘာအက်ိဳးမွမ႐ွိရံုသာမက မင္းခလည္း ဒီထက္ၾကာၾကာ ခံစားေနရလ်ွင္ ႐ူးသြားနိုင္သည္။ တြယ္တာစရာ တျခားမိသားစုဝင္မ႐ွိသည့္ မင္းခက ေလးသက္ကို ဘယ္ေလာက္ခ်စ္ၿပီး သံေယာဇဥ္ႀကီးခဲ့လဲဆိုတာ သူအသိဆံုး။
အခ်စ္ရဆံုး ေနာက္တစ္ေယာက္... ကိုယ့္ဦးေလးကိုသတ္ခဲ့သည့္ တရားခံအျဖစ္ႏွင့္ပဲ
သိထားရင္းကေနေတာင္ သူ႔အေပၚ မမုန္းႏိုင္ေသးသည့္ မင္းခအျဖစ္က ေတြးၾကည့္လ်ွင္ ရင္နာစရာ ေကာင္းလြန္းေနသည္။
ဘယ္ေလာက္ေတာင္ ခံစားေနရမွာလဲ။
သူမေတြးရဲ... မေတြးရက္...။
ေအးေအးေဆးေဆး စကားေျပာႏိုင္မည့္ အခြင့္အေရးေရာ၊ မင္းခဘက္ကစ၍ ထိုကိစၥမ်ားႏွင့္ပတ္သက္၍
ပထမဆံုးအႀကိမ္အျဖစ္ ေမးလာသည့္ အခြင့္ေကာင္းႏွင့္ပါ ၾကံဳေနတာေၾကာင့္ အရဲစြန္႔၍ ေျပာျပခ်င္လာသည္။
စကားမေျပာေသးခင္ သဘာဝေတာထဲက
သန္႔႐ွင္းေနသည့္ေလကို တဝႀကီး ႐ႈိက္သြင္းကာ အားယူလိုက္သည္။ ေခါင္းငိုက္စိုက္ခ်ထားသည့္ မင္းခ၏မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္အုပ္၍ကိုင္ကာ သူႏွင့္အၾကည့္ခ်င္း ဆံုေစလိုက္ေတာ့ မင္းခက
အံ့ျသနားမလည္စြာျဖင့္ ေမာ့ၾကည့္သည္။
အႏွစ္ႏွစ္အလလက ေျပာခ်င္ခဲ့သည့္ စကားလံုးမ်ားကို
ေျပာဖို႔ဆံုးျဖတ္လိုက္ေတာ့...
"ခ်စ္တယ္"
"••••"
မင္းခ ရင္ထဲဒိတ္ခနဲ။ ပံုမွန္လည္ပတ္ေနသည့္
ေသြးေၾကာမ်ားက ေျပာင္းျပန္ေတြ စီးဆင္းကုန္သလို ခံစားခ်က္။
"ကိုကို မင္းကို ခ်စ္တယ္"
"•••"
"ကိုကိုက မင္းကို အရမ္းကိုခ်စ္တာမလို႔ မင္းရင္ကိုခြဲတဲ့လုပ္ရပ္မ်ိဳး ဘယ္လိုလုပ္ရက္မွာလဲ"
"•••"
"ကိုကို ေျပာတာေလးကို တစ္ခါေလးပဲျဖစ္ျဖစ္ ယံုေပးပါ။ ကိုကိုက မလိမၼာေပမယ့္ မယုတ္မာခ့ဲဖူးဘူးဆိုတာကိုေရာ၊
ဆိုးေပမယ့္ မရက္စက္တတ္ဘူးဆိုတာေလးကိုေရာ.."
"•••"
မ်က္ဝန္းထဲအျပည့္အိုင္လာသည့္ မ်က္ရည္မ်ားေၾကာင့္
မင္းခ မ်က္စိေ႐ွ႕ကလူကို ေသခ်ာမျမင္ရေတာ့။ အခုေလာေလာဆယ္ ဘာေတြျဖစ္ၿပီး ဘာေတြၾကားေနသည္ကိုလဲ မသိေတာ့။
ကိုကိုတဲ့၊ ခ်စ္တယ္တဲ့။
ေနာက္ၿပီး......
အိပ္မက္မက္ေနတာလား။ ဒါမွမဟုတ္ သူ႔စိတ္ေတြ
ပင္ပန္းလြန္းလို႔ ကေယာင္ေျခာက္ခ်ားျဖစ္ၿပီး ျမင္ခ်င္ၾကားခ်င္ရာေတြကို ျမင္ေနၾကားေနမိတာလား။
ဘာမွလည္း မပင္ပန္းရပါဘဲ ထိုင္ေနရင္းကပင္ ေမာဟိုက္လာသည္။ အာေစးမိေနသူတစ္ဦးလို ဘာအသံမွပင္မထြက္ႏိုင္။
ေပ်ာ္ေနတာလား၊ ဝမ္းနည္းေနတာလား။ သူ႔ခံစားခ်က္ေတြကိုေတာင္ သူမေဝခြဲနိုင္ေတာ့။
"မင္းထင္သလို ေဆးစြဲေနခဲ့တာလည္းမ႐ွိခဲ့ဘူး။
ေနာက္ၿပီးေလ အခန္းထဲမွာ ေတြ႔တာေတြကလည္း ကိုကို႔ဟာမဟုတ္ဘူး"
"....."
"ေက်းဇူးျပဳၿပီး ယံုေပးပါ။ အခုခ်က္ခ်င္း
မယံုႏိုင္ေသးရင္ေတာင္ ေက်းဇူးျပဳၿပီး အခြင့္အေရးေပးပါ။ ယံုရခက္ေနမယ္ဆိုတာ သိပါတယ္။ တစ္ခါေလာက္ မင္းျမင္ခဲ့၊ၾကားခဲ့တာေတြေမ့ထားၿပီး ယံုေပးဖို႔ ျကိဳးစားၾကည့္ေပးပါ။"
"•••"
"ငါ့ကို ဝိုင္းၿပီးအထင္ေသးခံေနရတာထက္ အခုလို
မင္းခံစားေနရတာကို ကိုကိုက ပိုၿပီးမၾကည့္ရက္တာမလို႔... ေက်း..ဇူး..ျပဳ..ၿပီး"
႐ွင္းျပေနသည့္ သြန္းအုပ္၏အသံတို႔က
တိမ္ဝင္သြားသည္။ မ်က္ရည္တို႔က်လာမွာစိုး၍ ႏႈတ္ခမ္းကို
ခပ္တင္းတင္းဖိကိုက္ထား၏။
!!!!!
႐ုတ္တရက္ တစ္ကိုယ္လံုးကို သိမ္းၾကံဳး၍ အဖက္ခံလိုက္ရတာေၾကာင့္ အခ်ိန္ခဏပိုင္းေလာက္ သြန္းအုပ္ အသက္႐ႈဖို႔ပင္ ေမ့သြားမိသည္။
"ယံုခ်င္တယ္.. ကြၽန္ေတာ္ ကိုကိုေျပာတာေတြကို ယံုခ်င္တယ္ ယံုခ်င္တယ္.. တကယ္ယံုခ်င္တယ္.. တကယ္ယံုပစ္ခ်င္တယ္ တစ္လံုးမက်န္ ယံုခ်င္တယ္.. ယံုခ်င္တယ္"
တင္းၾကပ္စြာဖက္ထားရင္းက ထိုစကားကိုသာ
ထပ္တလဲလဲေျပာေနတာေၾကာင့္ သြန္းအုပ္ ရင္ထဲဆို႔နစ္ေနသည္။ မင္းခ၏ စကားသံတို႔က တုန္ယင္ကာ အစီအစဥ္မက်။ အနာေဖးဆြဲခါြခံလိုက္ရသလို မင္းခရဲ႕ရင္ထဲ ဘယ္ေလာက္ေတာင္ နာက်င္ဗေလာင္ဆူေနမွာပါလိမ့္။
မတရားလိုက္တာ။
ဒီကေလးေလးက
အခုေလာက္ ခံစားေနရဖို႔မွ မတန္တာ။
"ယံုခ်င္တယ္.. ကိုကိုေျပာတဲ့အတိုင္းပဲ ယံုခ်င္တယ္။ ကိုကို ေျပာတာကို ယံုခ်င္တယ္။ အဲ့အတိုင္းပဲ ယံုခ်င္တယ္။ အဲ့အတိုင္းပဲ..."
------------------
ခဏခဏ ေျပာခဲ့ဖူးသလိုပါပဲ။
ေက်းဇူးပါ...
ႏွလံုးသားနဲ႔တျပည့္ႀကီး ခ်စ္ေပးခဲ့လို႔။
ေက်းဇူးပါ..
နာက်င္ေနရဲ႕နဲ႔ေတာင္
လႊတ္မခ်ဘဲ ဆြဲထားေပးခဲ့လို႔။
ေက်းဇူးပါ..
အရာရာတိုင္းအတြက္။
----------------
ေရတံခြန္မွစီးက်လာသည့္ ေတာင္က်ေရစိမ့္ေအးေအးတို႔က ရင္ထဲထိ ခ်မ္းျမလာေစသည္။ ၾကည္လင္ရံုမက
အျပာေရာင္ဘက္သို႔ပင္ သန္းေနသည့္ ေရကန္ထဲ၌ မင္းခတို႔အုပ္စု ေရစိမ္သူကစိမ္၊ ေရကူးသူကကူးျဖင့္ ဇိမ္ယူေနၾကသည္။ တျခားဧည့္သည္မ်ား သိပ္မ႐ွိ။
စြမ္းထက္က ေရကူးေနသည္။ ပံုရိပ္ကေတာ့ ေရထဲမဆင္း။ ထို႔ေၾကာင့္ ပံုရိပ္ကိုလိုသည့္ ေရႊစြန္ညိဳဇာနည္ကလည္းေရဆင္းမေဆာ့ေတာ့ဘဲ ပံုရိပ္အနားမွာသာ တဝဲလည္လည္လုပ္ေနသည္။
မင္းခႏွင့္ သြန္းအုပ္တို႔က ေရစိမ္ေနသည္။
ေရကူးျခင္းမဟုတ္ဘဲ ေရစိမ္ေနျခင္းျဖစ္သည္။ ေက်ာက္သားတစ္ခုတည္းေပၚတြင္ ခပ္ခြာခြာထိုင္ေနၾကသည္။ ႏွစ္ေယာက္တည္း႐ွိေနခ်ိန္တုန္းက ဖက္ၿပီးငိုေနခဲ့ၾကသည့္ ႏွစ္ေယာက္က အခုက် သူတို႔မဟုတ္သလို
မ်က္ႏွာခ်င္းပင္ဆိုင္မေနၾက။
အနားတြင္ လူေတြ႐ွိေနတာေၾကာင့္ထင္သည္။ ခ်စ္သူမ်ားဟူ၍ သတ္မွတ္၍မရေသးလ်ွင္ေတာင္ ႐ိုးသားၾကသည့္သူမ်ားလည္း မဟုတ္ၾကတာမို႔ လူေတြေ႐ွ႕၌ အေနရခက္ေန၏။
ထို႔အျပင္ ႐ုတ္ခ်ည္းေျပာင္းလဲသြားသည့္
ဤအေျခအေနႀကီးအား ႏွစ္ေယာက္စလံုးအသားမက်။ ေျပာစရာစကားမ်ားက ရင္ထဲအျပည့္ ႐ွိေနၾကေသာ္လည္း ႏႈတ္ကမူ တစ္ခြန္းမွ ထြက္အံက်မလာနိုင္ေပ။
ေရတံခြန္မွတေဝါေဝါေရက်သံႏွင့္ ေရေဆာ့ေနသူအခ်ိဳ႕၏ ေပ်ာ္ရႊင္စြာ ေအာ္ဟစ္ဆူညံေနသံတို႔က ႏွစ္ဦးသား၏ တဒိတ္ဒိတ္ခုန္လႈပ္ေနသည့္ ႏွလံုးသားဆီမွအသံတို႔ကို မီႏိုင္မည္မထင္။ သို႔ေသာ္ ဆယ္ေက်ာ္သက္ေလးမ်ားလို တစ္ဦးႏွင့္တစ္ဦး ႐ွက္ရြံ႔ေနၾကတာမို႔ စကားသံမ်ားကေတာ့ တိတ္ဆိတ္လို႔ေနသည္။
အခ်ိန္အေတာ္ၾကာ ေျပာစရာစကားမ်ားမ႐ွိသလို
တိတ္ဆိတ္ေနရာမွ...
"ကြၽန္ေတာ္ ကိုကိုလို႔ေခၚခ်င္မွန္း ဘယ္လိုသိခဲ့တာလဲ"
"စာေၾကာင့္.. မင္းေရးခဲ့ဖူးတဲ့စာေၾကာင့္"
"အဲ့စာက.."
အဲ့ဒီေန႔ကစာက ဦးေက်ာ္ဦး၏လက္ထဲကို
ထည့္ေပးခဲ့ျခင္းျဖစ္သည္။ ေနာက္ၿပီး သူကိုယ္တိုင္ပဲ ျပန္ေတာင္းယူကာ လက္စေဖ်ာက္ပစ္ခဲ့ျခင္း။ ဒါကို ဘယ္လိုကေန ဘယ္လို?
"ဟို..အဲ့စာကေလ"
"ေနာက္ၿပီး ငယ္ငယ္ကတည္းက အဲ့လိုအေခၚခံခ်င္တာ"
သြန္းအုပ္ ျဖတ္ေျပာလိုက္သည့္ စကားေၾကာင့္ ေျပာဖို႔ျပင္ေနသည့္စကားကို မင္းခေမ့သြားရသည္။
မင္းခက တအံ့တျသျဖင့္ ျပန္ၾကည့္ေနတာေၾကာင့္
သြန္းအုပ္ မ်က္ႏွာပူလာသည္။ ဘယ္လို ဆက္ေျပာျပရမည္ကိုမသိ။
"ဟို.. အဲ့တုန္းကေလ မင္းက ကိုကိုသြန္းေလးဆိုေတာ့ နာမည္ႀကီးပါေနလို႔ မႀကိဳက္ခဲ့တာ။ အဲ့ဒါေျပာဖို႔က်လည္း မေျပာခ်င္တာနဲ႔"
"တ..တကယ္? အဲ့ဒါဆိုရင္ အဲ့အရြယ္ကတည္းက ကြၽန္ေတာ့္ကို"
"ဟာာ မေခ်ရာတာေတြ။ ငါက ဒီတိုင္း အေခၚခံခ်င္ခဲ့တာကိုေျပာတာ"
"...."
"ငယ္ငယ္တုန္းက ညီေလးတစ္ေယာက္ေလာက္
အရမ္းလိုခ်င္ခဲ့ဖူးတယ္။ အဲ့ေတာ့.. မင္းကိုျမင္တဲ့အခ်ိန္
အဲ့လိုအေခၚခံခ်င္သြားတာ ျဖစ္မယ္ထင္တာပဲ"
"...."
စကားေျပာေနရင္းက တိတ္ဆိတ္သြားၾကျပန္သည္။
မၾကာေသးခင္ကမွ သြန္းအုပ္အား လြတ္ထြက္သြားမွာကို အလြန္အမင္း စိုးရိမ္ေနသည့္အလား တင္းတင္းၾကပ္ၾကပ္ ေပြ႔ဖက္ေနခဲ့သည့္ မင္းခက အခုက်ေတာ့ သြန္းအုပ္ႏွင့္ ႏွစ္ေပေလာက္အကြာက ထိုင္ေနျပန္သည္။
'ကိုကို'ဆိုသည့္နာမ္စားကိုေတာ့ ေျပာင္းလဲေခၚေဝၚေနၿပီ။ စိမ္းကားသည့္ေလယူေလသိမ္းတို႔ မ႐ွိေတာ့။ သို႔ေသာ္ျငား သြန္းအုပ္ ၾကားခ်င္ေနသည့္ စကားတစ္ခြန္းက မင္းခ၏ႏႈတ္မွ အခုထိေျပာမလာေသး။
ေမးၾကည့္ခ်င္သည္။ သို႔ေပမယ့္ ေမးဖို႔လည္း ႏႈတ္မရဲ။ ေျပာခ်င္တာေတြေျပာလိုက္မိၿပီးမွ ႐ွက္ေနတာလည္းပါသည္။ မင္းခ၏ စိတ္ထဲမွာလည္း သံသယမ်ားက ႐ွင္း႐ွင္းလင္းလင္း မျဖစ္သြားေသးတာေၾကာင့္ အေလာတႀကီး မေမးရက္တာလည္းပါသည္။
အခုေလာက္ အေနအထားဆိုလ်ွင္ေတာင္
သူ႔အေပၚထားသည့္ မင္းခ၏ခံစားခ်က္က ေတာ္ေတာ္ေလးကို... တကယ့္ကို အေျခအေန ေကာင္းလြန္းေနၿပီျဖစ္သည္။
သို႔ေသာ္ ရေလလိုေလဥာဥ္ဆိုးေလးေၾကာင့္ ထိုစကားကိုေတာ့ ၾကားခ်င္ေနေသး၏။ ေနာက္ဆံုး၌ ေမးမယ္၊ မေမးဘူးႏွင့္ ဒြိဟစိတ္မ်ားကို လ်စ္လ်ဴ႐ႈရင္း အရဲစြန္႔ကာ ေမးၾကည့္မည္ဟု ဆံုးျဖတ္လိုက္သည္။ သို႔ေသာ္လည္း...
"ဟို..ဟိုေလ"
စကားက ထိုေနရာမွာတင္ ရပ္သြားၿပီး ဆက္ထြက္မလာေတာ့။ မင္းခက သူ႔စကားတစ္ဝက္တစ္ပ်က္ကို ဆက္ေျပာမလားဟူ၍ ၾကည့္ေနသည့္ပံု။
"အ.. အခု ငါတို႔က ဘာေတြလဲ"
"....."
ဒီအေနအထားကို ဘယ္လိုေခါင္းစဥ္တပ္ရမလဲ
သြန္းအုပ္ မသိ။ ေမးခ်င္ေနသည့္ စကားတစ္ခြန္းကို တဲ့တိုးေမးလိုက္ဖို႔အတြက္ သြန္းအုပ္ ႐ွက္ရြံ႔ေနမိသည္။
ခ်စ္တယ္ ဆိုတာေလးကို ၾကားခ်င္တာ။
ခ်စ္မွန္းသိေပမယ့္ ႏႈတ္ကဖြင့္ေျပာမွာကို
အရမ္းၾကားခ်င္ခဲ့တာ။
မင္းခေပးမည့္ သတ္မွတ္ခ်က္တစ္ခုခု/ သို႔မဟုတ္လ်ွင္ ခံစားခ်က္တစ္ခုခုကို သြန္းအုပ္ ေမ်ွာ္လင့္ေနခဲ့မိေသာ္လည္း မင္းခႏႈတ္က စကားတစ္ခြန္းမွ ပြင့္အံက်လာျခင္း မ႐ွိခဲ့ေပ။
ေျပာဖို႔ရန္ အသင့္ျဖစ္ေသးပံုမရတာေၾကာင့္ သြန္းအုပ္ ဆက္မေမးေတာ့။ မင္းခအတြက္ အခုအေျခအေနကို လက္ခံရန္ မလြယ္ကူေနမွန္းလည္း နားလည္ေနသည္။
သူ႔အေပၚ ဘယ္ေလာက္ခ်စ္သည္ဆိုပါေစဦး...
မင္းခ၏စိတ္ထဲ နွစ္အေတာ္ၾကာေအာင္ စြဲေနသည့္အရာတစ္ခုက ခ်က္ခ်င္းႀကီးေတာ့
ယူပစ္သလို ေပ်ာက္ကြယ္သြားမွာမဟုတ္။
မင္းခေျပာလာမည့္ ထိုစကားတစ္ခြန္းကိုၾကားရဖို႔၊
ထိုစကားကို မင္းခ စိတ္႐ွင္း႐ွင္းျဖင့္ေျပာႏိုင္မည့္ တစ္ေန႔ကိုေရာက္ဖို႔ ေနာက္ထပ္ အခ်ိန္ေတြအမ်ားႀကီး ေစာင့္ရဦးမည္ထင္ပါသည္၊
-----------------
စိတ္မ႐ွည္တတ္ေပမယ့္
မင္းနဲ႔ပတ္သက္လာရင္ေတာ့
ေစာင့္ဆိုင္းျခင္းေတြမွာလည္း
ကိုကိုဟာ ေနသားတက်။
--------------------
ဓာတ္ပံု႐ိုက္ထြက္သြားရာက ျပန္လာခ်ိန္ကတည္းက
ဆရာတို႔ႏွစ္ေယာက္ပံုစံက တစ္မ်ိဳးျဖစ္ေနသည္။ အခုေရတံခြန္ကို အုပ္စုလိုက္ အတူထြက္လာခ်ိန္ၾကျပန္ေတာ့လည္း တစ္ေယာက္ႏွင့္တစ္ေယာက္က ႐ွက္ေနတာလိုလို..
ရြံ ့ေနတာလိုလို။
ႏႈတ္မွစကားေျပာတာမျမင္.. သို႔ေသာ္ျငား
မ်က္လံုးခ်င္း စကားေျပာေနၾကတာကိုေတာ့ သတိထားမိသည္။ ဆရာသမားျဖစ္သူကလည္း မ်က္ႏွာကိုအတင္းတည္ထားရသည့္ပံု။
သို႔ေသာ္ျငား သရုပ္ေဆာင္က မပီျပင္တာေၾကာင့္ ၾကည္ႏူးေနမႈတို႔က မ်က္ႏွာေပၚမွာ ဖံုးမႏိုင္ဖိမရ။
အခုလည္း ႏွစ္ေယာက္သားက ခပ္ခြာခြာထိုင္ရင္းႏွင့္
စကားေျပာေနၾကျပန္သည္။ ဘာေတြေျပာေနၾကသည္ေတာ့မသိ။ ဦးပိုင္ကို ၾကည့္ရသေလာက္ကေတာ့ ႐ွက္ေနသည့္ဟန္။
အထိုက္အေလ်ာက္ အဆင္ေျပသြားၾကၿပီထင္သည္။
ခန္႔မွန္းထားသည့္ကာလထက္ အမ်ားႀကီးေစာ၍ အဆင္ေျပသြားတာကိုျမင္ရေတာ့ သူလည္း ဝမ္းသာမိသည္။ ေနာက္ၿပီး ဦးပိုင္ႏွင့္ စကားအမ်ားႀကီးမေျပာဖူးေသာ္လည္း စိတ္ထဲက ယံုုၾကည္ေနမိသည္။
ဦးပိုင္က အမ်ားေျပာသေလာက္ ဆိုးသြမ္းရမ္းကားေနသူ မဟုတ္။ ဆရာ့ဦးေလး၏ ကိစၥမွာလည္း ခိုင္မာသည့္အေၾကာင္းရင္း တစ္စံုတစ္ရာမ႐ွိဘဲႏွင့္ အခုလိုလုပ္ခဲ့တာေတာ့ မျဖစ္ႏိုင္ေပ။
သြန္းအုပ္ႏွင့္ မင္းခတို႔ကို လွမ္းၾကည့္ၿပီး ဇာနည္
စိတ္ခ်မ္းသာေနမိသည္။ ႐ုတ္တရက္ အကို႔ကိုသတိရလာ၍ လွမ္းၾကည့္မိေတာ့ အကိုကအေတြးထဲေမ်ာေနပံုရ၏။
ဆရာကလည္း ဦးပိုင္ႏွင့္သာယာေနတာမို႔
အကို႔ကို သတိမရမိေလာက္ေတာ့ေပ။ ေတြေတြေလးေငးရင္း အေတြးလြန္ေနသည့္ အကို႔၏ပံုစံက အထီးက်န္လြန္းသည္။
ေပ်ာ္ေအာင္လုပ္ေပးခ်င္သည္။ ေရတံခြန္လို ေနရာမ်ိဳးေရာက္ေနတာေတာင္ အကို႔ပံုစံက ရႊင္လန္းမေန။ ခဏေလာက္ပဲျဖစ္ျဖစ္ အရာအားလံုးကို ေမ့ထားၿပီးေတာ့ လြတ္လြတ္လပ္လပ္ ေပ်ာ္ပစ္ေစခ်င္သည္။
ေတာင္က်ေရေအးတို႔က စိတ္ကိုေရာ၊ လူကိုပါ လန္းဆန္းသြားေစမည္ထင္သည္။ အကိုက ေရမစိုေသး။ ေရထဲဆင္းေဆာ့ရင္းႏွင့္ ခဏတျဖဳတ္ေတာ့ စိတ္ေပ်ာ္သြားမည္ထင္၏။
ထိုသို႔ေတြးမိေတာ့ ပံုရိပ္ထိုင္ေနသည့္အနားသို႔ ေရငုပ္ျပီး တိုးကပ္သြားလိုက္သည္။ ေရထဲသို႔ တြဲေလာင္းခ်ထားသည့္ ေျခသလံုးေဖြးေဖြးေလးႏွစ္ဖက္ကိုကိုင္ၿပီး ေရထဲသို႔ဆြဲခ်လိုက္ေတာ့သည္။
ဗြမ္းးး
ပံုရိပ္၏တစ္ကိုယ္လံုး ေရထဲသို႔ ျပဳတ္က်သြားသည္။
ေရထဲမွ တစ္စံုတစ္ခုက သူ႔ေျခေထာက္ႏွစ္ဖက္ကို
ထိထိမိမိလာကိုင္ၿပီး အားႏွင့္ဆြဲခ်လိုက္ျခင္းပင္။
သူေရမကူးတတ္။ ေရထဲတြင္ တစ္ကိုယ္လံုးနစ္ျမဳပ္ေနသည္။ ေနာက္ၿပီး တစ္စံုတစ္ေယာက္က သူ႔ခႏၶာကိုယ္ကို လႈပ္႐ွား၍မရေအာင္ အတင္းဆြဲခ်ဳပ္ထားေသးသည္။
အခု... အခု သူ အသတ္ခံေနရတာလား။
အလန္႔တၾကားႏွင့္ မင္းခကို ေအာ္ေခၚရန္ႀကိဳးစားမိေတာ့ ပါးစပ္ထဲသို႔ ေရမ်ားဝင္လာသည္။ အသက္႐ႈလို႔လည္း မရေတာ့တာေၾကာင့္ ေသရေတာ့မည္ဟုပင္ ထင္မိသည္။
အတင္းႀကိဳးစား၍ ႐ုန္းကန္ၾကည့္သည္။ တစ္ဖက္လူ၏အားကို မယွဥ္သာ။ သူ႔အျဖစ္က
ေရႏွစ္၍အသတ္ခံေနရျခင္းမို႔ ကုန္းေပၚကလူေတြကလည္း ျမင္ႏိုင္မွာမဟုတ္။
သူေသရေတာ့မွာလား။
ဒါက သူ႔ဘဝရဲ႕ အဆံုးသတ္တဲ့လား။
မတရားလိုက္တာ.... ေလာကႀကီးက သူ႔အေပၚ..
နဂိုကတည္းက အစအေနာက္သန္သည့္ ဇာနည္က
ပံုရိပ္အား ေရစိုေစခ်င္သည့္စိတ္ျဖင့္ ေရထဲသို႔ ဆြဲခ်လိုက္ေပမယ့္ ေရမကူးတတ္သည့္ ပံုရိပ္က
ေရထဲတြင္ မ်က္လံုးစံုမွိတ္၍ အတင္း႐ုန္းကန္ေနသည္။ ဘယ္သူဘယ္ဝါဆိုတာကိုပင္ သိမည့္ပံုမရ။
မ်က္ႏွာေလးက႐ႈံ့မဲ့ေနၿပီး မ်က္လံုးမ်ားကိုလည္း
တအားမွိတ္ထားသည္။ မ်က္လံုးထဲေရဝင္မွာကိုလည္း ေၾကာက္ေနပံုရ၏။ အတင္း႐ုန္းကန္ေနသည့္ ပံုစံေလးကိုၾကည့္ရင္းႏွင့္ စိတ္ကမထိန္းႏိုင္ေတာ့...
နီေထြးေနသည့္ ႏႈတ္ခမ္းသားရဲရဲေလးကို
ဆြဲငံုပစ္မိေတာ့ ထင္ထားတာထက္ အမ်ားႀကီးပို၍ ႏူးညံ့ေနသည္။ အတင္းအၾကပ္ဖန္တီး၍ ရယူေနမိသည့္ အနမ္းတို႔က သူ႔အတြက္ေတာ့ ခ်ိဳၿမိန္လြန္းေန၏။
အခုခ်ိန္မွာ သူ႔ေခါင္းထဲဘာမွမ႐ွိ။ အရင္က မစားဖူးခဲ့သည့္ အစားေကာင္းတစ္ခုကို စားလိုက္ရသလို။ အာသာမေျပနုိင္စြာ ထိုႏႈတ္ခမ္း၏ခ်ိဳၿမိန္မႈေလးကို တ႐ႈိက္မက္မက္ ထပ္တလဲလဲ စားသံုးခ်င္မိလာသည္။
ထပ္တိုး၍ ပိုနက္႐ႈိင္းေသာ အနမ္းတို႔ကို ဖန္တီးယူမိသည္။ မလိုလားသည့္သူက အစပိုင္း၌ ႐ုန္းသည္၊ ကန္သည္။ တစ္စံုတစ္ဦးကေတာ့ တစ္ဖက္သက္ဆန္သည့္
အနမ္းတို႔အား ႐ူး႐ူးမိုက္မိုက္ျဖင့္ ေ႐ွ႕ဆက္တိုးသည္။
ေရေအာက္ထဲတြင္ တစ္မိနစ္ေလာက္႐ွိၿပီမို႔
ပံုရိပ္မ႐ုန္းကန္ႏိုင္ေတာ့။ စိတ္ကိုလႊတ္ခ်မိစဥ္
သတိကပါ လြတ္သြားသည္။ ကိုခႏွင့္ အၿပီးတိုင္ ေဝးရေတာ့မည္ထင္သည္။
႐ွိသမ်ွအားေလးႏွင့္ ႐ုန္းကန္ေနသည့္ ကိုယ္ေသးေသးေလးက လႈပ္႐ွားမႈမ်ားရပ္တန္႔သြားတာကို သတိထားမိေတာ့ စိုးရိမ္ျခင္းအမွတ္က ငယ္ထိပ္ထိ တက္ေဆာင့္လာသည္။ ထိတ္လန္႔တၾကားျဖင့္ ေပြ႔ခ်ီကာ ေရထဲက အျမန္ျပန္တတ္လိုက္သည္။ သို႔ေသာ္လည္း သတိလစ္ေမ့ေမ်ာသြားသူ၏ မ်က္လံုးေလးမ်ားက ျပန္ဖြင့္မလာ။
"ေဟ့ေကာင္... ဇာနည္! အစ္ကိုပံုရိပ္က ဘာျဖစ္သြားတာလဲ။ ေရနစ္တာလား!"
အနားသို႔အေျပးလာၿပီး စြမ္းထက္က စိုးရိမ္တႀကီးေမးသည္။ ဇာနည္ ျပန္မေျဖႏိုင္။ တတ္သမ်ွ၊ မွတ္သမ်ွ
ေ႐ွးဦးသူနာျပဳစုနည္းမ်ားသံုး၍ ပံုရိပ္ကို သတိျပန္ရလာေအာင္ ႀကိဳးစားေနဆဲ။
"ဆရာ! အကိုပံုရိပ္ ေရနစ္လို႔!"
စြမ္းထက္၏ ခပ္က်ယ္က်ယ္ေအာ္ေခၚသံေၾကာင့္
မင္းခေရာ၊ အနီး႐ွိလူတခ်ိဳ႕ပါ ဝိုင္းလာၾကသည္။ မ်ားေသာအားျဖင့္ ေရထဲဆင္းၾကသည့္သူအမ်ားစုက အသက္ကယ္အက်ႌမ်ားကို ဝတ္ၾကသည္။ ေရကူးကြၽမ္းက်င္သည့္သူမ်ားႏွင့္ ေရထဲမဆင္းသည့္ သူေတြကသာ မဝတ္ၾကတာမ်ားသည္မို႔ အခုလို ေရနစ္သည့္အျဖစ္မ်ိဳးက မ႐ွိသေလာက္႐ွားသည္။
"အရိပ္! အရိပ္!"
"...."
"ဇာနည္.. အရိပ္က ေရထဲ ဘယ္လိုနစ္သြားတာလဲ။
ေရထဲမဆင္းေတာ့ဘူးလို႔ ေျပာတယ္မဟုတ္ဘူးလား"
"...."
မင္းခႏွင့္သြန္းအုပ္တို႔ပါ အနားေရာက္လာသည္။
မင္းခက စိုးရိမ္စိတ္ပူစြာျဖင့္ ေမးေနေသာ္လည္း ဇာနည္
ျပန္မေျဖႏိုင္ေသး။ သိသမ်ွနည္းလမ္းကုန္ထုတ္သံုး၍
ပံုရိပ္ကို အျမန္ဆံုးသတိျပန္ရလာေအာင္ လုပ္ေနမိသည္။
"အရိပ္! အရိပ္!"
"အစ္ကိုပံုရိပ္"
"က်စ္.. ဟိုကေလး! ဒီနားမွာ ေဆးခန္းေတြဘာေတြ မ႐ွိဘူးလား"
"ဟာ.. ကိုႀကီးပိုင္ကလည္း ေတာထဲလာၿပီး"
တစ္ေယာက္တစ္ေပါက္ႏွင့္ စိုးရိမ္စြာ ေျပာေနၾကသည့္
အသံမ်ားကို ဇာနည္ အာရံုစိုက္၍မရ။
အကယ္၍ သူ႔ေၾကာင့္သာ တစ္ခုခုျဖစ္သြားခဲ့လ်ွင္...
သူ႔ရဲ႕ ဇြတ္တရြတ္ဆန္သည့္ အျပဳအမူတစ္ခုေၾကာင့္ အကိုသာ သတိျပန္မရလာခဲ့လ်ွင္...
"အဟြတ္!.... အဟြတ္!"
အသက္႐ႈလမ္းေၾကာင္းထဲသို႔ ဝင္ေနသည့္ ေရမ်ားက
အရင္ျပန္ထြက္လာသည္။ သိပ္မၾကာ... အသက္႐ႈသံေလးက ပံုမွန္လို ျပန္ျဖစ္လာၿပီးသည့္ေနာက္ မ်က္လံုးေလးမ်ားက အားနည္းစြာျဖင့္ ျပန္ဖြင့္လာသည္။
ဇာနည္ အ႐ူးတစ္ေယာက္လို ရယ္ရင္းႏွင့္ ငိုမိသည္။ အခုမွပင္ သူကိုယ္တိုင္လည္း အသက္ဝဝ႐ႈႏိုင္လာသည္။
သတိရလာသည့္ ပံုရိပ္အား ေပြ႔ခ်ီလိုက္ၿပီး...
"အျမန္ျပန္ၾကတာ ေကာင္းမယ္ထင္တယ္ ဆရာ"
မင္းခအပါအဝင္ အားလံုးကလည္း လိုလိုလားလားပင္ လက္ခံၾကသည္။ ေရကန္၏အထက္ဘက္႐ွိ ေရတံခြန္မ်ားႏွင့္ ေတာအုပ္မ်ားဆီသို႔ သြားၾကဦးမည္ဟူသည့္ အစီအစဥ္လည္း မျဖစ္ေျမာက္ေတာ့။
-
ေရတံခြန္ကေန နားေနေဆာင္အထိ၊ နားေနေဆာင္ကေန ေလွဆိပ္အထိ၊ စက္ေလွစီးေနစဥ္တေလ်ွာက္လံုး၊
ကားစီးေနသည့္တစ္ခ်ိန္လံုး ျဖဴေဖ်ာ့ေနသည့္ ပံုရိပ္အား လက္ထဲကေနလံုးဝမခ်သည့္ ဇာနည့္ကို အားလံုးက အထူးတဆန္းသဖြယ္ ၾကည့္ေနၾကၿပီ။
ဇာနည္ရင္ဖြင့္ဖူးတာမို႔ သိေနၿပီးျဖစ္သည့္ စြမ္းထက္ကေတာ့ သူငယ္ခ်င္းျဖစ္သူကိုၾကည့္ရင္း သက္ျပင္းမ်ားသာ
အႀကိမ္ႀကိမ္ခ်မိသည္။ ဇာနည္ေျပာတုန္းက အေလးအနက္
မထားျဖစ္ခဲ့။ မ်က္ျမင္ကိုယ္ေတြ႔ ေတြ႔ရေတာ့မွ ဇာနည့္ကို ဂ႐ုဏာသက္မိသြားသည္။ သူ႔သူငယ္ခ်င္း ဂ်စ္ကန္ကန္ ေကာင္ေလးက မထင္ရေလာက္ေအာင္ပင္ ခ်စ္တတ္ျပန္သည္။
တစ္လမ္းလံုးမွိန္းေနသည့္ ပံုရိပ္က ကားစီးခ်ိန္
တစ္နာရီေလာက္ၾကာေတာ့ ေသခ်ာႏိုးလာသည္။ ေလးလံေနသည့္ မ်က္ခြံမ်ားကို အားယူၿပီး ဖြင့္ၾကည့္လိုက္ေတာ့ တစ္စံုတစ္ေယာက္က သူ႔အား ကေလးတစ္ေယာက္လိုမ်ိဳး ေပြ႔ပိုက္ထားသည္။
ေဝဝါးေနသည့္ အျမင္အာရံုတို႔ေၾကာင့္ ဘယ္သူဘယ္ဝါမွန္း
ေသခ်ာမျမင္ရ။
ကိုခမ်ားလား။
အားယူၿပီး ေသေသခ်ာခ်ာ ၾကည့္ၾကည့္လိုက္သည္။
ေမ်ွာ္လင့္ထားသည့္သူ မဟုတ္တာေၾကာင့္ ရင္ထဲက ခံစားမႈတို႔က ဟာလာဟင္းလင္း ျဖစ္သြား၏။
သူစိမ္းတစ္ေယာက္ႏွင့္ ဒီလိုအေနအထားမ်ိဳးက
အျမင္မသင့္။ ကေလးလည္းမဟုတ္သည့္အျပင္ မိန္းကေလးလည္း မဟုတ္တာေၾကာင့္ လူေတြေ႐ွ႕ အားနည္းမျပခ်င္။
ေဘးဘီဝဲယာကို ၾကည့္ၾကည့္လိုက္ေတာ့ ကားတစ္စီးေပၚမွာ ေရာက္ေနတာျဖစ္သည္။ သူဘာေတြျဖစ္ခဲ့လို႔ ဘယ္ေတြကို သြားေနရတာလဲ ေသခ်ာမမွတ္မိ။
"အကို ႏိုးၿပီလား"
"....."
"အရိပ္ သက္သာရဲ႕လား"
အေ႐ွ႕ဘက္ခံုမွ လွည့္ၾကည့္ရင္း ေမးလာသည့္သူကို ျမင္ေတာ့မွ ပံုရိပ္ျပံဳးႏိုင္သည္။
ကိုခလည္း ပါတယ္ေပါ့...
ပိန္ပိန္ပါးပါး သူ႔ခႏၶာကိုယ္အား ေပါင္ေပၚတြင္တင္ကာ သန္သန္မာမာလက္ေမာင္းႏွစ္ဖက္ႏွွင့္ ေပြ႔ပိုက္ေပးထားသည့္ လူ၏ ရင္ခြင္ထဲမွထြက္ရန္ အားယူလိုက္သည္။
စိုးရိမ္စြာ ခ်က္ခ်င္းတန္းထခြင့္ မေပးတာေၾကာင့္..
"ရတယ္.. ကိုယ့္ဘာသာထိုင္လိုက္ပါ့မယ္ဗ်"
"မဟုတ္ေသးဘူးေလ.. အကို နားေနမွျဖစ္မွာ"
"အရိပ္ ထိုင္ႏိုင္ရင္ ထိုင္ပါေစ။ အိပ္ေပ်ာ္ေနရင္
ေတာ္ေသးတယ္.. ႏိုးေနတဲ့အခ်ိန္ မင္းက အဲ့လိုႀကီး အခ်ိန္ျပည့္ေပြ႔ထားေတာ့ သူလည္းဘယ္ေနတတ္မလဲ။ မင္းလက္ေမာင္းလည္း ျပဳတ္ထြက္ကုန္ဦးမယ္"
"....."
"အရိပ္ေရာ ေနသာရဲ႕လား။ ေရဆင္းေဆာ့ခ်င္ရင္လည္း အေဖာ္ေခၚေရာေပါ့။ ကိုယ္တိုင္ ေရကူးတတ္တာလည္း မဟုတ္ဘဲနဲ႔"
?
"ကဲ... အရိပ္။ ေျပာပါဦး။ ဘယ္လိုကေန ဘယ္လို
ေရကနစ္ရတာလဲ"
ပံုရိပ္က အံ့ျသသလို မ်က္လံုးအဝိုင္းသားေလးျဖင့္...
"ကြၽန္ေတာ္က ဘာျဖစ္သြားလို႔လဲ"
?
ေဘးက ဇာနည့္ကိုလည္း ျပန္ၾကည့္မိလိုက္သည္။
ဇာနည္ကလည္း သူ႔အား ပါးစပ္အေဟာင္းသားျဖင့္ ၾကည့္ေနတာေၾကာင့္
"ဟို... က်..ကြၽန္ေတာ္က ဘယ္တုန္းက ေရနစ္လိုက္လို႔လဲ"
"....."
သြန္းအုပ္ကအစ စူးစူးစမ္းစမ္းျဖင့္ ၾကည့္ေနၿပီ။
ပံုရိပ္ေသခ်ာျပန္စဥ္းစားလိုက္ေတာ့မွ..
"အာ... ေမ့သြားတာ။ ကြၽန္ေတာ္တို႔ ေရတံခြန္သြားေနၾကတာပဲ။ အဲ့မွာ ျဖစ္တာလား"
ေလသံတိုးတိုးေလးျဖင့္ ဘာမွမမွတ္မိေတာ့သလို
ျပန္ေမးေနသူကိုၾကည့္ရင္း ဇာနည္ဘာမွဝင္မေျပာႏိုင္။
အကို တကယ္ မမွတ္မိေတာ့တာလား။
အံ့ျသေနသည့္ မ်က္ႏွာမ်ားျဖင့္ သူ႔အား ဝိုင္းၾကည့္ေနၾကသည့္ ကားေပၚ႐ွိ လူမ်ားအား
ပံုရိပ္က အားတံု႔အားနာျဖင့္ ျပန္ျပံဳးျပေနသည္။
အံ့အားသင့္စြာ ၾကည့္ေနမိသည့္ သူ႔ဘက္ကို
လွည့္လာျပန္ေတာ့ ဇာနည္ အသက္႐ႈေအာင့္ထားမိလိုက္၏။
"••••"
ျပံဳးျပသည္။ ဘာမွမျဖစ္ခဲ့သလို..
ေမ်ွာ္လင့္ေနမိသလို သူ႔ကို စိတ္တို၊စိတ္ဆိုးေနသည့္
အၾကည့္မ်ိဳးျဖင့္ ၾကည့္မလာခဲ့။ သူမွန္းမသိခဲ့၍မဟုတ္.. တကယ္ကို ထိုအျဖစ္အပ်က္အား အကိုက မမွတ္မိေတာ့ျခင္းပင္။
****************tbc
6.June.22
(1) ပံုမွန္ဆို အစ္ကိုလို႔ေရးၿပီး ဇာနည္ ပံုရိပ္ကိုေခၚတာကိုေတာ့ 'အကို'လို႔တမင္ေရးထားပါတယ္။
(2) ပံုရိပ္နဲ႔စကားေျပာရင္ မင္းခက သူ႔ကိုယ္သူအစ္ကိုလို႔
သံုးခဲ့တာပါ။ ေနာက္ပိုင္းမွေျပာရင္း ကိုယ္ျဖစ္သြားပါတယ္။
(3) စာေရးသူက ေရမေရာတဲ့ ေတာသားစစ္စစ္ေလးပါ။ ဘယ္မွလည္းမေရာက္ဖူးပါဘူး။ ဇာတ္လမ္းပါေနရာေတြကို သူမ်ားေျပာတာေရးတာေတြ မွတ္ထားၿပီးေတာ့ပဲ ျပန္ေရးျဖစ္ခဲ့ပါတယ္။ (ငယ္ရြယ္စဥ္အတိတ္တုန္းက ၿဖီးျဖန္းခဲ့မႈေလးတစ္ျဖတ္ပါ:3)
ဆိုေတာ့ အျပင္က႐ႈခင္းနဲ႔ လြဲေနတာေလးေတြ႐ွိခဲ့ရင္လည္း ခြင့္လႊတ္နားလည္ေပးၾကပါလို႔^^
[Unicode]
ကင်မရာတစ်လုံးကိုင်ပြီး နေရာအမျိုးမျိုး၊ အပင်အမျိုးမျိုးကို ရှုထောင့်ပေါင်းစုံကနေ ဓာတ်ပုံရိုက်နေသည့် သွန်းအုပ်က လောလောဆယ်အချိန်တွင် မလှမ်းမကမ်းက မင်းခကို အရေးမလုပ်နိုင်အားသေး။
သစ်ပင်ကြီးများပေါ်ကနေ တန်းလန်းကျနေသည့်
နွယ်ပင်များကမကျန် လှလှပပဖူးပွင့်နေသည့် အရောင်စုံသစ်ခွများအဆုံး အကုန်လုံးကို အသေးစိတ်မှတ်တမ်းတင်နေသည်။
လက်ထဲကင်မရာရောက်လာတော့မှ သူ့ဝါသနာက ဓာတ်ပုံရိုက်ခြင်းလိုလို ဘာလိုလို ခံစားရသည်။
အေးအေးဆေးဆေးပင် အချိန်ယူ၍ ဓာတ်ပုံရိုက်နေလိုက်သည်။ စိတ်မချ၍
လိုက်လာမှန်းသိတာမို့ ပိုပြီးအချိန်ဆွဲနေလိုက်၏။ မင်းခက သူဘယ်လောက်ပဲကြာအောင်နေနေ စိတ်မရှည်ဘဲ ထားခဲ့မယ့်သူမှမဟုတ်ပဲလေ။
"အဟမ်းး အဟမ်းး"
မလှမ်းမကမ်းမှနေ၍ ချောင်းဟန့်သံပေးနေသည့်
မင်းခက သူ့ကို သတိထားမိစေချင်နေတာလားမသိ။
မသိကျိုးကျွံပြု၍ အရှေ့ကိုသာ ဆက်သွားလိုက်တော့ ရပ်ကျန်မနေခဲ့ပဲ မျက်မှောင်ကြီးကြုတ်လျက် လိုက်လာပြန်သည်။
တောလမ်းများဖြစ်နေ၍ မြေသားများက မညီမညာဖြင့်
သွားရလာရ အနည်းငယ်ခက်ခဲသည်။ ရေအိုင်နေသည့် နေရာအချို့တွင် သွားလာရလွယ်ကူစေရန် ဝါးတံတားနှင့် သစ်သားတံတားအသေးစားလေးတချို့ကို ပြုလုပ်ပေးထားသည်။ အလောတကြီးဖြင့် မြန်မြန်တော့ မနင်းရဲ။ ခြေချော်ပြီး ရေထဲပြုတ်ကျမှာကို စိုးရိမ်ရသည်။
ကျောက်တုံးကျောက်စိုင်များကိုလည်း သတိထား၍ နင်းဖြတ်ရသေးသည်။ မတော်တဆ ခြေချော်သွားပါက မလွယ်။ ကင်မရာကို လည်တိုင်တွင် ချိတ်ဆွဲထားလိုက်သည်။ ခပ်လှမ်းလှမ်းတွင်ရှိသည့် ကျောက်စိုင်ပေါ်သို့သွားရန် ပြင်နေသည်မို့ ရေညှိတို့ဖြင့် ချော်နေသည့် လမ်းကျဉ်းကျဉ်းကို ထိန်းလျှောက်၍ ဖြတ်သွားနေရသည်။
ရေတံခွန် အဆင့်ဆင့်အထပ်ထပ်တို့တွင် တောင်ကျရေများက လှပစွာစီးဖြာကျနေသည်။ ရေတံခွန်ကြီးကို ထိုကျောက်စိုင်ပေါ်မှရပ်၍ ဓာတ်ပုံရိုက်လျှင် တော်တော်လေးလှမှာပဲဟု တွေးမိသည်။
သစ်သားကို ဟိုဖက်ဒီဖက်ကူးရန် ကန့်လန့်ဖြတ်၍
ခင်းထားသည့် တံတားမမည်သော တံတားလေးပေါ်မှ ခပ်မြင့်မြင့် ထိုကျောက်စိုင်လေးပေါ်သို့ ခြေလှမ်းမိစဉ်...
"အမေ့!"
အသံကြားရာ အနောက်ဘက်သို့ လှမ်းကြည့်လိုက်တော့ ဖင်ထိုင်လျက်သားချော်လဲနေသည့် မင်းခကို တွေ့ရသည်။
ကျစ်!
ဒီကလေးဟာ တကယ့်ကိုနမော်နမဲ့။
ခါးနာသွားပြီထင်သည်။ တန်းထနိုင်ပုံမပေါ်တာကြောင့်
အနားသွားပြီး ထူရန်ပြင်လိုက်သည်။ လက်တစ်ဖက်ကို ပုခုံးပေါ်ဆွဲတင်၍ ခန္ဓာကိုယ်ကိုကူထိန်းပေးကာ ရပ်စေတော့ အလိုက်သင့်ပင် သွန်းအုပ်၏အကူအညီကို မင်းခကယူသည်။
"ရေညှိတွေ အများကြီးရှိနေတာကို မမြင်ဘူးလား။
မကြီးမငယ်နဲ့ ချော်လဲနေတယ်။ အဲ့လိုနမော်နမဲ့နဲ့ပုံစံကို မင်းတပည့်တွေမြင်ရင်ကတော့ ဝိုင်းရယ်ကြမှာပဲ"
"....."
မင်းခ ဘာမှပြန်မပြော။ ရှုံ့မဲ့နေသည့်မျက်နှာက
ဟန်မဆောင်နိုင်အောင် ပျက်ယွင်းနေတာမို့ ချော်လဲသည့်အရှိန်က နည်းမှာတော့မဟုတ်ပေ။
သွန်းအုပ် ဆက်မဆူတော့။ အနီးဆုံးနေရာရှိ ကျောက်သားတစ်ခုပေါ်တွင် မင်းခကို ထိုင်စေလိုက်သည်။
"ရတယ်.. နားနေဆောင်ကိုပဲ တန်းပြန်လိုက်မယ်"
"လျှာမရှည်နဲ့။ ဒီမှာ ခဏထိုင်ပြီး သက်သာမှပြန်"
"....."
စူပုပ်ပုပ်ဖြစ်နေသည့် မင်းခ၏မျက်နှာက အထက်တန်းပြ ကျောင်းဆရာဆိုသည့် ဂုဏ်ပုပ်နှင့်မှ မလိုက်မဖက် ဖြစ်နေသည်။ သွန်းအုပ်ရှေ့ချော်လဲထားတာကြောင့် ရှက်ရှက်နှင့် မျက်နှာကို သုန်မှုန်ထားပုံရ၏။
"ဘယ်နေရာ နာသွားတာလဲ"
"......"
"ပဲများမနေနဲ့။ ဖြေလေ"
"ဒီနေရာက"
"မင်းခပြသည့် နေရာက မြီးညှောင့်ရိုးအပေါ်ဘက်။
အရှိန်နှင့် ဖင်ထိုင်လျက်သား ချော်လဲထားတာမို့ တော်တော်နာနေပုံရသည်။ နာနေသည့်နေရာကို
နှိပ်ပေးရန်ထိလိုက်တော့ တွန့်ခနဲဖြစ်သွား၏။
ယားတတ်တာလား။
အကျင့်မကောင်းသည့် သွန်းအုပ်က မင်းခ၏ပျော့ကွက်ကို ရှာချင်သွားသည်။ နှိပ်နေသည့်လက်နှင့် ခါးကို
ထပ်ထိကြည့်လိုက်တော့ မင်းခ၏ကိုယ်က တွန့်လိမ်သွား၏။
"မထိနဲ့!!"
မင်းခက ရန်လိုသည့်အသံဖြင့် မကျေမနပ်ထဟောက်သည်။
သွန်းအုပ်က အသံထွက်၍ မရယ်မိအောင် အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။
နောက်တစ်ချက် ခါးကိုထပ်တို့ကြည့်လိုက်တော့..
"မထိနဲ့လို့ပြောနေတာ မကြားဘူးလား!"
ခွီးး
စိတ်တိုနေသည့် မင်းခကိုကြည့်ပြီး သွန်းအုပ် ထိန်းလို့မရတော့။ ခွီးခနဲရယ်ချလိုက်တော့ ရှက်ရမ်းရမ်းပြီး မတ်တပ်ထရပ်ရန်ပြင်သည်။
"ချက်ချင်းကြီး မတ်တပ်မရပ်ရဘူးလေ။ ခါးရော..မြီးညှောင့်ရိုးရော အောင့်သွားတယ်မလား။ ဒဏ်ဖြစ်နေလိမ့်မယ်.. လာ ပြန်ထိုင်"
သွန်းအုပ်က မင်းခ မတ်တပ်ရပ်လို့မရအောင်
လက်မောင်းကို အတင်းဆွဲချထားသည်။ သူလှောင်နေတာကြောင့် အရှက်သည်းပြီး စိတ်တွေတိုနေသည့် မင်းခကိုသနား၍ မျက်နှာကို ပြန်တည်ကြည့်သည်.. မရ။ ထပ်မရယ်မိအောင်
နှုတ်ခမ်းကိုသာ ဖိကိုက်ထားလိုက်သည်။
မျက်နှာကတော့ဖြင့် ရယ်ကျဲကျဲ။
အခု မင်းခဖြစ်နေသည့်ပုံစံက မူကြိုကျောင်းသားအရွယ် ကလေးတစ်ယောက်က လူကြီးများလာစတာကိုမကြိုက်၍ ပြန်ပြီးရန်တွေ့ချင်နေသည့်ပုံ။ လူရှေ့သူရှေ့ရောက်လျှင် ဟိတ်ကြီးဟန်ကြီးဖြင့် အိန္ဒြေသိက္ခာတွေ
ကြီးမားပြနေသလောက် အခုကျတော့။
ပြုံးစိစိဖြစ်နေသောသူ့ကို မျက်မှောင်ကြီးကြုတ်လျက် မကြည်မလင်စိုက်ကြည့်နေသည့် မင်းခအား...
"ဘာလဲ။ သူနာနေလို့လည်း လုပ်ပေးရသေးတယ်။ ကလေးလေးကျနေတာပဲ.. ကိုယ့်ထက်အကြီးကစတာကို စိတ်ကောက်နေတယ်"
"ဘယ်သူက စိတ်ကောက်လို့လဲ!
စိတ်ကောက်တယ်ပြောရအောင် ကျွန်တော်က ကလေးလည်းမဟုတ်ဘူး"
"အဲ့ဒါဆို စိတ်မကောက်ဘူးပေါ့"
"....."
မင်းခက ပြန်မဖြေ။ သွန်းအုပ် ဆက်စမတော့နေဘဲ
မင်းခ နာသွားသည့်နေရာကို သေချာလေးနှိပ်ပေးနေလိုက်သည်။
မင်းခက သွန်းအုပ်ကိုကြည့်မနေမိတော့အောင် တခြားဘက်သို့ပဲ မျက်နှာလွှဲထားလိုက်တော့သည်။
စိတ်မချ၍လိုက်လာသူက ပြန်အပြုစုခံနေရတာကြောင့် တော်တော်လေးတော့ မျက်နှာပူမိသည်။ ဒီကြားထဲ
ကလေးများကို ကလူသလိုမြှူသလို လာစနေသည့်သူကြောင့် ပို၍ပင်ရှက်နေမိ၏။
ရှက်ရှက်ဖြင့် မျက်နှာကို ရှစ်ခေါက်ချိုးထားပြီး
နေပြနေရသော်လည်း ရင်ထဲမှာက သံစုံမြည်နေပြီ။ မရတာကြာပြီဖြစ်သည့် ဒီလိုခံစားမှုမျိုး၊ ဒီလိုယုယမှုမျိုးနှင့် ဒီလိုဂရုစိုက်ပေးမှုများကို ရုတ်တရက်ကြီးပြန်ရလိုက်တော့ လူကရှိန်းတိန်းဖိန်းတိမ်းကြီး ခံစားလာရ၏။
မကြာခဏရဖူးခဲ့တာမဟုတ်သည့် ထိုကဲ့သို့ ရှားရှားပါးပါး ဂရုစိုက်မှုလေးများကို ဘယ်တုန်းကမှ မေ့မရခဲ့ပေမယ့် အခုလို ပြန်ရသည့်နေ့ရှိလာလိမ့်မည်လို့လည်း မမျှော်လင့်ခဲ့။ မမျှော်လင့်သင့်တာကြောင့်လည်း မေ့ချင်ယောင် ဆောင်ထားခဲ့ရခြင်းဆိုလျှင် ပိုမှန်လိမ့်မည်။
သွန်းအုပ်နှင့်ပြန်မတွေ့မီ မကြာသေးခင်ကာလလေးကမှ ဇာနည့်ခြေထောက်ကို ဆေးလိမ်းပေးဖို့လုပ်ရင်းနှင့်
တွေးမိနေသေးသည်။ သွန်းအုပ်လည်း သူ့အပေါ်
ထိုကဲ့သို့ ဂရုစိုက်ပေးဖူးသည်ဟု။ ထိုနေ့က ဒီလူအပေါ် သတိရစိတ်ကြောင့် အာရုံကမှိုင်းထိုင်းသွားသည့်အပြင် ဇာနည်ကလည်း ငြင်းနေခဲ့တာမို့ သူမလုပ်ပေးဖြစ်လိုက်။
မလျော့လွန်း၊ မပြင်းလွန်းသည့် အနေတော်အားထည့်ပြီး စိတ်ရှည်လက်ရှည် နှိပ်နယ်ပေးနေတော့ အားနာစိတ်က ဝင်လာသည်။ တစ်ချက်တစ်ချက် သူ့မျက်နှာကိုကြည့်ပြီး ပြုံးစိစိလည်း လုပ်နေသေးတာကြောင့် အသည်းလည်းယားရ၏။
ခါးနားကို လက်ရောက်လာစဉ် ရှစ်ခေါက်ချိုးမျက်နှာဖြင့် ဘုကြည့်ကြည်ပေးလိုက်တော့ ရယ်ကျဲကျဲရုပ်ဖြင့်
အကြောက်အလန့်မရှိ သူ့ကိုပြန်ကြည့်နေသည်။
သူ့အကြည့်တို့ကို သွန်းအုပ်မျက်နှာမှ မလွှဲဖယ်မိ။ အပြစ်ကင်းစင်ဟန် ကြည်ကြည်လင်လက်
မျက်ဝန်းလေးများကိုကြည့်ရင်း မင်းခ တွေဝေလာသည်။
ဖြူစင်တယ်...
သိပ်ကို ဖြူစင်နေလွန်းလို့
ဘာအပြစ်မှကို မလုပ်ခဲ့ဖူးသလိုပဲ။
အချိန်တစ်ခုထိ အကြည့်မလွှဲဖြစ်ကြ။ တွေဝေအံ့သြပြီး ကြည့်နေမိသည့်သူ့ကို ထိုလူက ဘယ်လိုသတ္တိမျိုးဖြင့် အခုလို မျက်တောင်မခတ်တမ်း ပြုံးပြီးပြန်ကြည့်နေရဲသည်ကို သူမသိ။ တကယ်ဆို သူ့အပေါ် အားနာပြီး မျက်နှာပင်မပြရဲလောက်အောင် ဖြစ်နေသင့်သည်။ အခုတော့...
စိတ်ထဲမှာ ရှုပ်ထွေးမွန်းကြပ်လာတာကြောင့် မင်းခဘက်ကပင်စ၍ အကြည့်လွှဲလိုက်ရသည်။
"ရပြီ.. မနာတော့ဘူး"
"ဟုတ်လို့လား။ ခဏလေးရှိသေးတာကို"
"တကယ်ရပြီ"
"ရရင်လည်း ခဏတော့ထိုင်နေလိုက်ဦး"
သွန်းအုပ်ပြောလိုက်တော့ မင်းခက ထမသွားတော့ဘဲ ဆက်၍ ထိုင်နေလိုက်သည်။ သွန်းအုပ်က ကျေနပ်သွားကာ ပြုံးစိစိဖြင့်
"လိမ္မာတယ် ကလေးလေးက"
"•••"
မင်းခက အကြည့်စိမ်းစိမ်းကြီးဖြင့်
ကျောချမ်းသွားလောက်အောင် ကြည့်လိုက်တာကြောင့် သွန်းအုပ် မျက်နှာလွှဲလိုက်သည်။ မျက်နှာပိုးကိုတော့ မသတ်နိုင်သေး။
စိတ်ပါလက်ပါပျော်နေပုံရသည့် သွန်းအုပ်ကိုကြည့်ရင်း ထိန်းထားသည့်ကြားက ပြုံးမိသွားသည်။
လူကိုများ ကလေးလေးတဲ့..
အခုချိန်ထိ ကလေးရုပ်မပျောက်တာ သူမဟုတ်ဘူးလား။
နောက်ထပ် ဆယ်မိနစ်ဝန်းကျင်လောက်
ဘာမှမပြောဖြစ်ကြတော့။ သွန်းအုပ်ကလည်း
မင်းခဘေးတွင် ထိုင်နေရင်းသားက လက်ထဲရှိကင်မရာဖြင့် အဝေးမြင်ကွင်းများကို ရိုက်နေသည်။ မင်းခကလည်း မသိမသာခိုးကြည့်နေရင်းက နောက်ရက်များကျလျှင် ပိုက်ဆံစုပြီး ကင်မရာတစ်လုံးလောက် ဝယ်ပေးဖို့ စဉ်းစားမိလိုက်သေးသည်။
သွန်းအုပ်ကိုကြည့်ရင်း အတွေးစတို့က
ဟိုရောက်ဒီရောက်ဖြစ်သွားချိန် တွေးနေမိတာက... မဟုတ်သေး ဝေခွဲရခက်နေတာတစ်ခုက...။
-
-
"ဘာလို့လဲ။ ဘာလို့ အဲ့လိုလုပ်ခဲ့ရတာလဲ"
အချိန်တစ်ခုကြာအောင် တိတ်ဆိတ်နေပြီးမှ
မေးလာသည့်စကားက အဆက်အစပ်မရှိ။
"ဘာကိုလဲ"
"လေးသက်ကို"
ခုနကထိ ပျော်နေခဲ့သည့် သွန်းအုပ်၏စိတ်တို့
လွင့်ပါးသွားရသည်။ ခေါင်းငိုက်စိုက်ချထားပြီး မေးနေပုံက အားရချင်စရာမရှိ။ ဦးတည်ရာမရှိကြည့်နေသည့် မျက်ဝန်းထဲတွင် မျက်ရည်စများက ခိုတွဲနေကြသည်။
မင်းခကိုကြည့်ရင်း ချက်ချင်းပြန်ဖြေရမည့် စကားတို့က လည်ချောင်းဝထဲ တစ်ဆို့နေသည်။ ကိုယ့်အတွက်ကိုယ် ရင်နာ၍မဟုတ်ဘဲ မျက်စိရှေ့က ကောင်လေးကို သနားလွန်း၍ဖြစ်သည်။
ခုနကအထိ မင်းခက အဆင်ပြေပြေနှင့် ပျော်နေခဲ့သည်။ ရုပ်တည်ကြီးဖြင့် မကြည်သလို ပြုမူနေသော်လည်း
မင်းခ၏ စိတ်အတွင်း၌ ကျိန်းသေပျော်နေခဲ့တာကိုသိသည်။
အခုတော့ ဘယ်လိုကနေဘယ်လို အရင်အတိတ်ကကိစ္စတွေဆီ အတွေးရောက်သွားပြန်သည်မသိ။ ချက်ချင်းဆိုသလို မျက်နှာလေးညှိုးငယ်သွားသည့်သူကိုကြည့်ရင်း
သွန်းအုပ်ရဲ့နှလုံးသားက နာကျင်လာရသည်။
အခုလိုအထင်မှားနေတာက နှစ်ဦးစလုံးအတွက်
ဘာအကျိုးမှမရှိရုံသာမက မင်းခလည်း ဒီထက်ကြာကြာ ခံစားနေရလျှင် ရူးသွားနိုင်သည်။ တွယ်တာစရာ တခြားမိသားစုဝင်မရှိသည့် မင်းခက လေးသက်ကို ဘယ်လောက်ချစ်ပြီး သံယောဇဉ်ကြီးခဲ့လဲဆိုတာ သူအသိဆုံး။
အချစ်ရဆုံး နောက်တစ်ယောက်... ကိုယ့်ဦးလေးကိုသတ်ခဲ့သည့် တရားခံအဖြစ်နှင့်ပဲ
သိထားရင်းကနေတောင် သူ့အပေါ် မမုန်းနိုင်သေးသည့် မင်းခအဖြစ်က တွေးကြည့်လျှင် ရင်နာစရာ ကောင်းလွန်းနေသည်။
ဘယ်လောက်တောင် ခံစားနေရမှာလဲ။
သူမတွေးရဲ... မတွေးရက်...။
အေးအေးဆေးဆေး စကားပြောနိုင်မည့် အခွင့်အရေးရော၊ မင်းခဘက်ကစ၍ ထိုကိစ္စများနှင့်ပတ်သက်၍
ပထမဆုံးအကြိမ်အဖြစ် မေးလာသည့် အခွင့်ကောင်းနှင့်ပါ ကြုံနေတာကြောင့် အရဲစွန့်၍ ပြောပြချင်လာသည်။
စကားမပြောသေးခင် သဘာဝတောထဲက
သန့်ရှင်းနေသည့်လေကို တဝကြီး ရှိုက်သွင်းကာ အားယူလိုက်သည်။ ခေါင်းငိုက်စိုက်ချထားသည့် မင်းခ၏မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်၍ကိုင်ကာ သူနှင့်အကြည့်ချင်း ဆုံစေလိုက်တော့ မင်းခက
အံ့သြနားမလည်စွာဖြင့် မော့ကြည့်သည်။
အနှစ်နှစ်အလလက ပြောချင်ခဲ့သည့် စကားလုံးများကို
ပြောဖို့ဆုံးဖြတ်လိုက်တော့...
"ချစ်တယ်"
"••••"
မင်းခ ရင်ထဲဒိတ်ခနဲ။ ပုံမှန်လည်ပတ်နေသည့်
သွေးကြောများက ပြောင်းပြန်တွေ စီးဆင်းကုန်သလို ခံစားချက်။
"ကိုကို မင်းကို ချစ်တယ်"
"•••"
"ကိုကိုက မင်းကို အရမ်းကိုချစ်တာမလို့ မင်းရင်ကိုခွဲတဲ့လုပ်ရပ်မျိုး ဘယ်လိုလုပ်ရက်မှာလဲ"
"•••"
"ကိုကို ပြောတာလေးကို တစ်ခါလေးပဲဖြစ်ဖြစ် ယုံပေးပါ။ ကိုကိုက မလိမ္မာပေမယ့် မယုတ်မာခဲ့ဖူးဘူးဆိုတာကိုရော၊
ဆိုးပေမယ့် မရက်စက်တတ်ဘူးဆိုတာလေးကိုရော.."
"•••"
မျက်ဝန်းထဲအပြည့်အိုင်လာသည့် မျက်ရည်များကြောင့်
မင်းခ မျက်စိရှေ့ကလူကို သေချာမမြင်ရတော့။ အခုလောလောဆယ် ဘာတွေဖြစ်ပြီး ဘာတွေကြားနေသည်ကိုလဲ မသိတော့။
ကိုကိုတဲ့၊ ချစ်တယ်တဲ့။
နောက်ပြီး......
အိပ်မက်မက်နေတာလား။ ဒါမှမဟုတ် သူ့စိတ်တွေ
ပင်ပန်းလွန်းလို့ ကယောင်ခြောက်ချားဖြစ်ပြီး မြင်ချင်ကြားချင်ရာတွေကို မြင်နေကြားနေမိတာလား။
ဘာမှလည်း မပင်ပန်းရပါဘဲ ထိုင်နေရင်းကပင် မောဟိုက်လာသည်။ အာစေးမိနေသူတစ်ဦးလို ဘာအသံမှပင်မထွက်နိုင်။
ပျော်နေတာလား၊ ဝမ်းနည်းနေတာလား။ သူ့ခံစားချက်တွေကိုတောင် သူမဝေခွဲနိုင်တော့။
"မင်းထင်သလို ဆေးစွဲနေခဲ့တာလည်းမရှိခဲ့ဘူး။
နောက်ပြီးလေ အခန်းထဲမှာ တွေ့တာတွေကလည်း ကိုကို့ဟာမဟုတ်ဘူး"
"....."
"ကျေးဇူးပြုပြီး ယုံပေးပါ။ အခုချက်ချင်း
မယုံနိုင်သေးရင်တောင် ကျေးဇူးပြုပြီး အခွင့်အရေးပေးပါ။ ယုံရခက်နေမယ်ဆိုတာ သိပါတယ်။ တစ်ခါလောက် မင်းမြင်ခဲ့၊ကြားခဲ့တာတွေမေ့ထားပြီး ယုံပေးဖို့ ကြိုးစားကြည့်ပေးပါ။"
"•••"
"ငါ့ကို ဝိုင်းပြီးအထင်သေးခံနေရတာထက် အခုလို
မင်းခံစားနေရတာကို ကိုကိုက ပိုပြီးမကြည့်ရက်တာမလို့... ကျေး..ဇူး..ပြု..ပြီး"
ရှင်းပြနေသည့် သွန်းအုပ်၏အသံတို့က
တိမ်ဝင်သွားသည်။ မျက်ရည်တို့ကျလာမှာစိုး၍ နှုတ်ခမ်းကို
ခပ်တင်းတင်းဖိကိုက်ထား၏။
!!!!!
ရုတ်တရက် တစ်ကိုယ်လုံးကို သိမ်းကြုံး၍ အဖက်ခံလိုက်ရတာကြောင့် အချိန်ခဏပိုင်းလောက် သွန်းအုပ် အသက်ရှုဖို့ပင် မေ့သွားမိသည်။
"ယုံချင်တယ်.. ကျွန်တော် ကိုကိုပြောတာတွေကို ယုံချင်တယ် ယုံချင်တယ်.. တကယ်ယုံချင်တယ်.. တကယ်ယုံပစ်ချင်တယ် တစ်လုံးမကျန် ယုံချင်တယ်.. ယုံချင်တယ်"
တင်းကြပ်စွာဖက်ထားရင်းက ထိုစကားကိုသာ
ထပ်တလဲလဲပြောနေတာကြောင့် သွန်းအုပ် ရင်ထဲဆို့နစ်နေသည်။ မင်းခ၏ စကားသံတို့က တုန်ယင်ကာ အစီအစဉ်မကျ။ အနာဖေးဆွဲခါွခံလိုက်ရသလို မင်းခရဲ့ရင်ထဲ ဘယ်လောက်တောင် နာကျင်ဗလောင်ဆူနေမှာပါလိမ့်။
မတရားလိုက်တာ။
ဒီကလေးလေးက
အခုလောက် ခံစားနေရဖို့မှ မတန်တာ။
"ယုံချင်တယ်.. ကိုကိုပြောတဲ့အတိုင်းပဲ ယုံချင်တယ်။ ကိုကို ပြောတာကို ယုံချင်တယ်။ အဲ့အတိုင်းပဲ ယုံချင်တယ်။ အဲ့အတိုင်းပဲ..."
------------------
ခဏခဏ ပြောခဲ့ဖူးသလိုပါပဲ။
ကျေးဇူးပါ...
နှလုံးသားနဲ့တပြည့်ကြီး ချစ်ပေးခဲ့လို့။
ကျေးဇူးပါ..
နာကျင်နေရဲ့နဲ့တောင်
လွှတ်မချဘဲ ဆွဲထားပေးခဲ့လို့။
ကျေးဇူးပါ..
အရာရာတိုင်းအတွက်။
----------------
ရေတံခွန်မှစီးကျလာသည့် တောင်ကျရေစိမ့်အေးအေးတို့က ရင်ထဲထိ ချမ်းမြလာစေသည်။ ကြည်လင်ရုံမက
အပြာရောင်ဘက်သို့ပင် သန်းနေသည့် ရေကန်ထဲ၌ မင်းခတို့အုပ်စု ရေစိမ်သူကစိမ်၊ ရေကူးသူကကူးဖြင့် ဇိမ်ယူနေကြသည်။ တခြားဧည့်သည်များ သိပ်မရှိ။
စွမ်းထက်က ရေကူးနေသည်။ ပုံရိပ်ကတော့ ရေထဲမဆင်း။ ထို့ကြောင့် ပုံရိပ်ကိုလိုသည့် ရွှေစွန်ညိုဇာနည်ကလည်းရေဆင်းမဆော့တော့ဘဲ ပုံရိပ်အနားမှာသာ တဝဲလည်လည်လုပ်နေသည်။
မင်းခနှင့် သွန်းအုပ်တို့က ရေစိမ်နေသည်။
ရေကူးခြင်းမဟုတ်ဘဲ ရေစိမ်နေခြင်းဖြစ်သည်။ ကျောက်သားတစ်ခုတည်းပေါ်တွင် ခပ်ခွာခွာထိုင်နေကြသည်။ နှစ်ယောက်တည်းရှိနေချိန်တုန်းက ဖက်ပြီးငိုနေခဲ့ကြသည့် နှစ်ယောက်က အခုကျ သူတို့မဟုတ်သလို
မျက်နှာချင်းပင်ဆိုင်မနေကြ။
အနားတွင် လူတွေရှိနေတာကြောင့်ထင်သည်။ ချစ်သူများဟူ၍ သတ်မှတ်၍မရသေးလျှင်တောင် ရိုးသားကြသည့်သူများလည်း မဟုတ်ကြတာမို့ လူတွေရှေ့၌ အနေရခက်နေ၏။
ထို့အပြင် ရုတ်ချည်းပြောင်းလဲသွားသည့်
ဤအခြေအနေကြီးအား နှစ်ယောက်စလုံးအသားမကျ။ ပြောစရာစကားများက ရင်ထဲအပြည့် ရှိနေကြသော်လည်း နှုတ်ကမူ တစ်ခွန်းမှ ထွက်အံကျမလာနိုင်ပေ။
ရေတံခွန်မှတဝေါဝေါရေကျသံနှင့် ရေဆော့နေသူအချို့၏ ပျော်ရွှင်စွာ အော်ဟစ်ဆူညံနေသံတို့က နှစ်ဦးသား၏ တဒိတ်ဒိတ်ခုန်လှုပ်နေသည့် နှလုံးသားဆီမှအသံတို့ကို မီနိုင်မည်မထင်။ သို့သော် ဆယ်ကျော်သက်လေးများလို တစ်ဦးနှင့်တစ်ဦး ရှက်ရွံ့နေကြတာမို့ စကားသံများကတော့ တိတ်ဆိတ်လို့နေသည်။
အချိန်အတော်ကြာ ပြောစရာစကားများမရှိသလို
တိတ်ဆိတ်နေရာမှ...
"ကျွန်တော် ကိုကိုလို့ခေါ်ချင်မှန်း ဘယ်လိုသိခဲ့တာလဲ"
"စာကြောင့်.. မင်းရေးခဲ့ဖူးတဲ့စာကြောင့်"
"အဲ့စာက.."
အဲ့ဒီနေ့ကစာက ဦးကျော်ဦး၏လက်ထဲကို
ထည့်ပေးခဲ့ခြင်းဖြစ်သည်။ နောက်ပြီး သူကိုယ်တိုင်ပဲ ပြန်တောင်းယူကာ လက်စဖျောက်ပစ်ခဲ့ခြင်း။ ဒါကို ဘယ်လိုကနေ ဘယ်လို?
"ဟို..အဲ့စာကလေ"
"နောက်ပြီး ငယ်ငယ်ကတည်းက အဲ့လိုအခေါ်ခံချင်တာ"
သွန်းအုပ် ဖြတ်ပြောလိုက်သည့် စကားကြောင့် ပြောဖို့ပြင်နေသည့်စကားကို မင်းခမေ့သွားရသည်။
မင်းခက တအံ့တသြဖြင့် ပြန်ကြည့်နေတာကြောင့်
သွန်းအုပ် မျက်နှာပူလာသည်။ ဘယ်လို ဆက်ပြောပြရမည်ကိုမသိ။
"ဟို.. အဲ့တုန်းကလေ မင်းက ကိုကိုသွန်းလေးဆိုတော့ နာမည်ကြီးပါနေလို့ မကြိုက်ခဲ့တာ။ အဲ့ဒါပြောဖို့ကျလည်း မပြောချင်တာနဲ့"
"တ..တကယ်? အဲ့ဒါဆိုရင် အဲ့အရွယ်ကတည်းက ကျွန်တော့်ကို"
"ဟာာ မချေရာတာတွေ။ ငါက ဒီတိုင်း အခေါ်ခံချင်ခဲ့တာကိုပြောတာ"
"...."
"ငယ်ငယ်တုန်းက ညီလေးတစ်ယောက်လောက်
အရမ်းလိုချင်ခဲ့ဖူးတယ်။ အဲ့တော့.. မင်းကိုမြင်တဲ့အချိန်
အဲ့လိုအခေါ်ခံချင်သွားတာ ဖြစ်မယ်ထင်တာပဲ"
"...."
စကားပြောနေရင်းက တိတ်ဆိတ်သွားကြပြန်သည်။
မကြာသေးခင်ကမှ သွန်းအုပ်အား လွတ်ထွက်သွားမှာကို အလွန်အမင်း စိုးရိမ်နေသည့်အလား တင်းတင်းကြပ်ကြပ် ပွေ့ဖက်နေခဲ့သည့် မင်းခက အခုကျတော့ သွန်းအုပ်နှင့် နှစ်ပေလောက်အကွာက ထိုင်နေပြန်သည်။
'ကိုကို'ဆိုသည့်နာမ်စားကိုတော့ ပြောင်းလဲခေါ်ဝေါ်နေပြီ။ စိမ်းကားသည့်လေယူလေသိမ်းတို့ မရှိတော့။ သို့သော်ငြား သွန်းအုပ် ကြားချင်နေသည့် စကားတစ်ခွန်းက မင်းခ၏နှုတ်မှ အခုထိပြောမလာသေး။
မေးကြည့်ချင်သည်။ သို့ပေမယ့် မေးဖို့လည်း နှုတ်မရဲ။ ပြောချင်တာတွေပြောလိုက်မိပြီးမှ ရှက်နေတာလည်းပါသည်။ မင်းခ၏ စိတ်ထဲမှာလည်း သံသယများက ရှင်းရှင်းလင်းလင်း မဖြစ်သွားသေးတာကြောင့် အလောတကြီး မမေးရက်တာလည်းပါသည်။
အခုလောက် အနေအထားဆိုလျှင်တောင်
သူ့အပေါ်ထားသည့် မင်းခ၏ခံစားချက်က တော်တော်လေးကို... တကယ့်ကို အခြေအနေ ကောင်းလွန်းနေပြီဖြစ်သည်။
သို့သော် ရလေလိုလေဉာဉ်ဆိုးလေးကြောင့် ထိုစကားကိုတော့ ကြားချင်နေသေး၏။ နောက်ဆုံး၌ မေးမယ်၊ မမေးဘူးနှင့် ဒွိဟစိတ်များကို လျစ်လျူရှုရင်း အရဲစွန့်ကာ မေးကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း...
"ဟို..ဟိုလေ"
စကားက ထိုနေရာမှာတင် ရပ်သွားပြီး ဆက်ထွက်မလာတော့။ မင်းခက သူ့စကားတစ်ဝက်တစ်ပျက်ကို ဆက်ပြောမလားဟူ၍ ကြည့်နေသည့်ပုံ။
"အ.. အခု ငါတို့က ဘာတွေလဲ"
"....."
ဒီအနေအထားကို ဘယ်လိုခေါင်းစဉ်တပ်ရမလဲ
သွန်းအုပ် မသိ။ မေးချင်နေသည့် စကားတစ်ခွန်းကို တဲ့တိုးမေးလိုက်ဖို့အတွက် သွန်းအုပ် ရှက်ရွံ့နေမိသည်။
ချစ်တယ် ဆိုတာလေးကို ကြားချင်တာ။
ချစ်မှန်းသိပေမယ့် နှုတ်ကဖွင့်ပြောမှာကို
အရမ်းကြားချင်ခဲ့တာ။
မင်းခပေးမည့် သတ်မှတ်ချက်တစ်ခုခု/ သို့မဟုတ်လျှင် ခံစားချက်တစ်ခုခုကို သွန်းအုပ် မျှော်လင့်နေခဲ့မိသော်လည်း မင်းခနှုတ်က စကားတစ်ခွန်းမှ ပွင့်အံကျလာခြင်း မရှိခဲ့ပေ။
ပြောဖို့ရန် အသင့်ဖြစ်သေးပုံမရတာကြောင့် သွန်းအုပ် ဆက်မမေးတော့။ မင်းခအတွက် အခုအခြေအနေကို လက်ခံရန် မလွယ်ကူနေမှန်းလည်း နားလည်နေသည်။
သူ့အပေါ် ဘယ်လောက်ချစ်သည်ဆိုပါစေဦး...
မင်းခ၏စိတ်ထဲ နှစ်အတော်ကြာအောင် စွဲနေသည့်အရာတစ်ခုက ချက်ချင်းကြီးတော့
ယူပစ်သလို ပျောက်ကွယ်သွားမှာမဟုတ်။
မင်းခပြောလာမည့် ထိုစကားတစ်ခွန်းကိုကြားရဖို့၊
ထိုစကားကို မင်းခ စိတ်ရှင်းရှင်းဖြင့်ပြောနိုင်မည့် တစ်နေ့ကိုရောက်ဖို့ နောက်ထပ် အချိန်တွေအများကြီး စောင့်ရဦးမည်ထင်ပါသည်၊
-----------------
စိတ်မရှည်တတ်ပေမယ့်
မင်းနဲ့ပတ်သက်လာရင်တော့
စောင့်ဆိုင်းခြင်းတွေမှာလည်း
ကိုကိုဟာ နေသားတကျ။
--------------------
ဓာတ်ပုံရိုက်ထွက်သွားရာက ပြန်လာချိန်ကတည်းက
ဆရာတို့နှစ်ယောက်ပုံစံက တစ်မျိုးဖြစ်နေသည်။ အခုရေတံခွန်ကို အုပ်စုလိုက် အတူထွက်လာချိန်ကြပြန်တော့လည်း တစ်ယောက်နှင့်တစ်ယောက်က ရှက်နေတာလိုလို..
ရွံ့နေတာလိုလို။
နှုတ်မှစကားပြောတာမမြင်.. သို့သော်ငြား
မျက်လုံးချင်း စကားပြောနေကြတာကိုတော့ သတိထားမိသည်။ ဆရာသမားဖြစ်သူကလည်း မျက်နှာကိုအတင်းတည်ထားရသည့်ပုံ။
သို့သော်ငြား သရုပ်ဆောင်က မပီပြင်တာကြောင့် ကြည်နူးနေမှုတို့က မျက်နှာပေါ်မှာ ဖုံးမနိုင်ဖိမရ။
အခုလည်း နှစ်ယောက်သားက ခပ်ခွာခွာထိုင်ရင်းနှင့်
စကားပြောနေကြပြန်သည်။ ဘာတွေပြောနေကြသည်တော့မသိ။ ဦးပိုင်ကို ကြည့်ရသလောက်ကတော့ ရှက်နေသည့်ဟန်။
အထိုက်အလျောက် အဆင်ပြေသွားကြပြီထင်သည်။
ခန့်မှန်းထားသည့်ကာလထက် အများကြီးစော၍ အဆင်ပြေသွားတာကိုမြင်ရတော့ သူလည်း ဝမ်းသာမိသည်။ နောက်ပြီး ဦးပိုင်နှင့် စကားအများကြီးမပြောဖူးသော်လည်း စိတ်ထဲက ယုံကြည်နေမိသည်။
ဦးပိုင်က အများပြောသလောက် ဆိုးသွမ်းရမ်းကားနေသူ မဟုတ်။ ဆရာ့ဦးလေး၏ ကိစ္စမှာလည်း ခိုင်မာသည့်အကြောင်းရင်း တစ်စုံတစ်ရာမရှိဘဲနှင့် အခုလိုလုပ်ခဲ့တာတော့ မဖြစ်နိုင်ပေ။
သွန်းအုပ်နှင့် မင်းခတို့ကို လှမ်းကြည့်ပြီး ဇာနည်
စိတ်ချမ်းသာနေမိသည်။ ရုတ်တရက် အကို့ကိုသတိရလာ၍ လှမ်းကြည့်မိတော့ အကိုကအတွေးထဲမျောနေပုံရ၏။
ဆရာကလည်း ဦးပိုင်နှင့်သာယာနေတာမို့
အကို့ကို သတိမရမိလောက်တော့ပေ။ တွေတွေလေးငေးရင်း အတွေးလွန်နေသည့် အကို့၏ပုံစံက အထီးကျန်လွန်းသည်။
ပျော်အောင်လုပ်ပေးချင်သည်။ ရေတံခွန်လို နေရာမျိုးရောက်နေတာတောင် အကို့ပုံစံက ရွှင်လန်းမနေ။ ခဏလောက်ပဲဖြစ်ဖြစ် အရာအားလုံးကို မေ့ထားပြီးတော့ လွတ်လွတ်လပ်လပ် ပျော်ပစ်စေချင်သည်။
တောင်ကျရေအေးတို့က စိတ်ကိုရော၊ လူကိုပါ လန်းဆန်းသွားစေမည်ထင်သည်။ အကိုက ရေမစိုသေး။ ရေထဲဆင်းဆော့ရင်းနှင့် ခဏတဖြုတ်တော့ စိတ်ပျော်သွားမည်ထင်၏။
ထိုသို့တွေးမိတော့ ပုံရိပ်ထိုင်နေသည့်အနားသို့ ရေငုပ်ပြီး တိုးကပ်သွားလိုက်သည်။ ရေထဲသို့ တွဲလောင်းချထားသည့် ခြေသလုံးဖွေးဖွေးလေးနှစ်ဖက်ကိုကိုင်ပြီး ရေထဲသို့ဆွဲချလိုက်တော့သည်။
ဗွမ်းးး
ပုံရိပ်၏တစ်ကိုယ်လုံး ရေထဲသို့ ပြုတ်ကျသွားသည်။
ရေထဲမှ တစ်စုံတစ်ခုက သူ့ခြေထောက်နှစ်ဖက်ကို
ထိထိမိမိလာကိုင်ပြီး အားနှင့်ဆွဲချလိုက်ခြင်းပင်။
သူရေမကူးတတ်။ ရေထဲတွင် တစ်ကိုယ်လုံးနစ်မြုပ်နေသည်။ နောက်ပြီး တစ်စုံတစ်ယောက်က သူ့ခန္ဓာကိုယ်ကို လှုပ်ရှား၍မရအောင် အတင်းဆွဲချုပ်ထားသေးသည်။
အခု... အခု သူ အသတ်ခံနေရတာလား။
အလန့်တကြားနှင့် မင်းခကို အော်ခေါ်ရန်ကြိုးစားမိတော့ ပါးစပ်ထဲသို့ ရေများဝင်လာသည်။ အသက်ရှုလို့လည်း မရတော့တာကြောင့် သေရတော့မည်ဟုပင် ထင်မိသည်။
အတင်းကြိုးစား၍ ရုန်းကန်ကြည့်သည်။ တစ်ဖက်လူ၏အားကို မယှဉ်သာ။ သူ့အဖြစ်က
ရေနှစ်၍အသတ်ခံနေရခြင်းမို့ ကုန်းပေါ်ကလူတွေကလည်း မြင်နိုင်မှာမဟုတ်။
သူသေရတော့မှာလား။
ဒါက သူ့ဘဝရဲ့ အဆုံးသတ်တဲ့လား။
မတရားလိုက်တာ.... လောကကြီးက သူ့အပေါ်..
နဂိုကတည်းက အစအနောက်သန်သည့် ဇာနည်က
ပုံရိပ်အား ရေစိုစေချင်သည့်စိတ်ဖြင့် ရေထဲသို့ ဆွဲချလိုက်ပေမယ့် ရေမကူးတတ်သည့် ပုံရိပ်က
ရေထဲတွင် မျက်လုံးစုံမှိတ်၍ အတင်းရုန်းကန်နေသည်။ ဘယ်သူဘယ်ဝါဆိုတာကိုပင် သိမည့်ပုံမရ။
မျက်နှာလေးကရှုံ့မဲ့နေပြီး မျက်လုံးများကိုလည်း
တအားမှိတ်ထားသည်။ မျက်လုံးထဲရေဝင်မှာကိုလည်း ကြောက်နေပုံရ၏။ အတင်းရုန်းကန်နေသည့် ပုံစံလေးကိုကြည့်ရင်းနှင့် စိတ်ကမထိန်းနိုင်တော့...
နီထွေးနေသည့် နှုတ်ခမ်းသားရဲရဲလေးကို
ဆွဲငုံပစ်မိတော့ ထင်ထားတာထက် အများကြီးပို၍ နူးညံ့နေသည်။ အတင်းအကြပ်ဖန်တီး၍ ရယူနေမိသည့် အနမ်းတို့က သူ့အတွက်တော့ ချိုမြိန်လွန်းနေ၏။
အခုချိန်မှာ သူ့ခေါင်းထဲဘာမှမရှိ။ အရင်က မစားဖူးခဲ့သည့် အစားကောင်းတစ်ခုကို စားလိုက်ရသလို။ အာသာမပြေနိုင်စွာ ထိုနှုတ်ခမ်း၏ချိုမြိန်မှုလေးကို တရှိုက်မက်မက် ထပ်တလဲလဲ စားသုံးချင်မိလာသည်။
ထပ်တိုး၍ ပိုနက်ရှိုင်းသော အနမ်းတို့ကို ဖန်တီးယူမိသည်။ မလိုလားသည့်သူက အစပိုင်း၌ ရုန်းသည်၊ ကန်သည်။ တစ်စုံတစ်ဦးကတော့ တစ်ဖက်သက်ဆန်သည့်
အနမ်းတို့အား ရူးရူးမိုက်မိုက်ဖြင့် ရှေ့ဆက်တိုးသည်။
ရေအောက်ထဲတွင် တစ်မိနစ်လောက်ရှိပြီမို့
ပုံရိပ်မရုန်းကန်နိုင်တော့။ စိတ်ကိုလွှတ်ချမိစဉ်
သတိကပါ လွတ်သွားသည်။ ကိုခနှင့် အပြီးတိုင် ဝေးရတော့မည်ထင်သည်။
ရှိသမျှအားလေးနှင့် ရုန်းကန်နေသည့် ကိုယ်သေးသေးလေးက လှုပ်ရှားမှုများရပ်တန့်သွားတာကို သတိထားမိတော့ စိုးရိမ်ခြင်းအမှတ်က ငယ်ထိပ်ထိ တက်ဆောင့်လာသည်။ ထိတ်လန့်တကြားဖြင့် ပွေ့ချီကာ ရေထဲက အမြန်ပြန်တတ်လိုက်သည်။ သို့သော်လည်း သတိလစ်မေ့မျောသွားသူ၏ မျက်လုံးလေးများက ပြန်ဖွင့်မလာ။
"ဟေ့ကောင်... ဇာနည်! အစ်ကိုပုံရိပ်က ဘာဖြစ်သွားတာလဲ။ ရေနစ်တာလား!"
အနားသို့အပြေးလာပြီး စွမ်းထက်က စိုးရိမ်တကြီးမေးသည်။ ဇာနည် ပြန်မဖြေနိုင်။ တတ်သမျှ၊ မှတ်သမျှ
ရှေးဦးသူနာပြုစုနည်းများသုံး၍ ပုံရိပ်ကို သတိပြန်ရလာအောင် ကြိုးစားနေဆဲ။
"ဆရာ! အကိုပုံရိပ် ရေနစ်လို့!"
စွမ်းထက်၏ ခပ်ကျယ်ကျယ်အော်ခေါ်သံကြောင့်
မင်းခရော၊ အနီးရှိလူတချို့ပါ ဝိုင်းလာကြသည်။ များသောအားဖြင့် ရေထဲဆင်းကြသည့်သူအများစုက အသက်ကယ်အင်္ကျီများကို ဝတ်ကြသည်။ ရေကူးကျွမ်းကျင်သည့်သူများနှင့် ရေထဲမဆင်းသည့် သူတွေကသာ မဝတ်ကြတာများသည်မို့ အခုလို ရေနစ်သည့်အဖြစ်မျိုးက မရှိသလောက်ရှားသည်။
"အရိပ်! အရိပ်!"
"...."
"ဇာနည်.. အရိပ်က ရေထဲ ဘယ်လိုနစ်သွားတာလဲ။
ရေထဲမဆင်းတော့ဘူးလို့ ပြောတယ်မဟုတ်ဘူးလား"
"...."
မင်းခနှင့်သွန်းအုပ်တို့ပါ အနားရောက်လာသည်။
မင်းခက စိုးရိမ်စိတ်ပူစွာဖြင့် မေးနေသော်လည်း ဇာနည်
ပြန်မဖြေနိုင်သေး။ သိသမျှနည်းလမ်းကုန်ထုတ်သုံး၍
ပုံရိပ်ကို အမြန်ဆုံးသတိပြန်ရလာအောင် လုပ်နေမိသည်။
"အရိပ်! အရိပ်!"
"အစ်ကိုပုံရိပ်"
"ကျစ်.. ဟိုကလေး! ဒီနားမှာ ဆေးခန်းတွေဘာတွေ မရှိဘူးလား"
"ဟာ.. ကိုကြီးပိုင်ကလည်း တောထဲလာပြီး"
တစ်ယောက်တစ်ပေါက်နှင့် စိုးရိမ်စွာ ပြောနေကြသည့်
အသံများကို ဇာနည် အာရုံစိုက်၍မရ။
အကယ်၍ သူ့ကြောင့်သာ တစ်ခုခုဖြစ်သွားခဲ့လျှင်...
သူ့ရဲ့ ဇွတ်တရွတ်ဆန်သည့် အပြုအမူတစ်ခုကြောင့် အကိုသာ သတိပြန်မရလာခဲ့လျှင်...
"အဟွတ်!.... အဟွတ်!"
အသက်ရှုလမ်းကြောင်းထဲသို့ ဝင်နေသည့် ရေများက
အရင်ပြန်ထွက်လာသည်။ သိပ်မကြာ... အသက်ရှုသံလေးက ပုံမှန်လို ပြန်ဖြစ်လာပြီးသည့်နောက် မျက်လုံးလေးများက အားနည်းစွာဖြင့် ပြန်ဖွင့်လာသည်။
ဇာနည် အရူးတစ်ယောက်လို ရယ်ရင်းနှင့် ငိုမိသည်။ အခုမှပင် သူကိုယ်တိုင်လည်း အသက်ဝဝရှုနိုင်လာသည်။
သတိရလာသည့် ပုံရိပ်အား ပွေ့ချီလိုက်ပြီး...
"အမြန်ပြန်ကြတာ ကောင်းမယ်ထင်တယ် ဆရာ"
မင်းခအပါအဝင် အားလုံးကလည်း လိုလိုလားလားပင် လက်ခံကြသည်။ ရေကန်၏အထက်ဘက်ရှိ ရေတံခွန်များနှင့် တောအုပ်များဆီသို့ သွားကြဦးမည်ဟူသည့် အစီအစဉ်လည်း မဖြစ်မြောက်တော့။
-
ရေတံခွန်ကနေ နားနေဆောင်အထိ၊ နားနေဆောင်ကနေ လှေဆိပ်အထိ၊ စက်လှေစီးနေစဉ်တလျှောက်လုံး၊
ကားစီးနေသည့်တစ်ချိန်လုံး ဖြူဖျော့နေသည့် ပုံရိပ်အား လက်ထဲကနေလုံးဝမချသည့် ဇာနည့်ကို အားလုံးက အထူးတဆန်းသဖွယ် ကြည့်နေကြပြီ။
ဇာနည်ရင်ဖွင့်ဖူးတာမို့ သိနေပြီးဖြစ်သည့် စွမ်းထက်ကတော့ သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း သက်ပြင်းများသာ
အကြိမ်ကြိမ်ချမိသည်။ ဇာနည်ပြောတုန်းက အလေးအနက်
မထားဖြစ်ခဲ့။ မျက်မြင်ကိုယ်တွေ့ တွေ့ရတော့မှ ဇာနည့်ကို ဂရုဏာသက်မိသွားသည်။ သူ့သူငယ်ချင်း ဂျစ်ကန်ကန် ကောင်လေးက မထင်ရလောက်အောင်ပင် ချစ်တတ်ပြန်သည်။
တစ်လမ်းလုံးမှိန်းနေသည့် ပုံရိပ်က ကားစီးချိန်
တစ်နာရီလောက်ကြာတော့ သေချာနိုးလာသည်။ လေးလံနေသည့် မျက်ခွံများကို အားယူပြီး ဖွင့်ကြည့်လိုက်တော့ တစ်စုံတစ်ယောက်က သူ့အား ကလေးတစ်ယောက်လိုမျိုး ပွေ့ပိုက်ထားသည်။
ဝေဝါးနေသည့် အမြင်အာရုံတို့ကြောင့် ဘယ်သူဘယ်ဝါမှန်း
သေချာမမြင်ရ။
ကိုခများလား။
အားယူပြီး သေသေချာချာ ကြည့်ကြည့်လိုက်သည်။
မျှော်လင့်ထားသည့်သူ မဟုတ်တာကြောင့် ရင်ထဲက ခံစားမှုတို့က ဟာလာဟင်းလင်း ဖြစ်သွား၏။
သူစိမ်းတစ်ယောက်နှင့် ဒီလိုအနေအထားမျိုးက
အမြင်မသင့်။ ကလေးလည်းမဟုတ်သည့်အပြင် မိန်းကလေးလည်း မဟုတ်တာကြောင့် လူတွေရှေ့ အားနည်းမပြချင်။
ဘေးဘီဝဲယာကို ကြည့်ကြည့်လိုက်တော့ ကားတစ်စီးပေါ်မှာ ရောက်နေတာဖြစ်သည်။ သူဘာတွေဖြစ်ခဲ့လို့ ဘယ်တွေကို သွားနေရတာလဲ သေချာမမှတ်မိ။
"အကို နိုးပြီလား"
"....."
"အရိပ် သက်သာရဲ့လား"
အရှေ့ဘက်ခုံမှ လှည့်ကြည့်ရင်း မေးလာသည့်သူကို မြင်တော့မှ ပုံရိပ်ပြုံးနိုင်သည်။
ကိုခလည်း ပါတယ်ပေါ့...
ပိန်ပိန်ပါးပါး သူ့ခန္ဓာကိုယ်အား ပေါင်ပေါ်တွင်တင်ကာ သန်သန်မာမာလက်မောင်းနှစ်ဖက်နှင့် ပွေ့ပိုက်ပေးထားသည့် လူ၏ ရင်ခွင်ထဲမှထွက်ရန် အားယူလိုက်သည်။
စိုးရိမ်စွာ ချက်ချင်းတန်းထခွင့် မပေးတာကြောင့်..
"ရတယ်.. ကိုယ့်ဘာသာထိုင်လိုက်ပါ့မယ်ဗျ"
"မဟုတ်သေးဘူးလေ.. အကို နားနေမှဖြစ်မှာ"
"အရိပ် ထိုင်နိုင်ရင် ထိုင်ပါစေ။ အိပ်ပျော်နေရင်
တော်သေးတယ်.. နိုးနေတဲ့အချိန် မင်းက အဲ့လိုကြီး အချိန်ပြည့်ပွေ့ထားတော့ သူလည်းဘယ်နေတတ်မလဲ။ မင်းလက်မောင်းလည်း ပြုတ်ထွက်ကုန်ဦးမယ်"
"....."
"အရိပ်ရော နေသာရဲ့လား။ ရေဆင်းဆော့ချင်ရင်လည်း အဖော်ခေါ်ရောပေါ့။ ကိုယ်တိုင် ရေကူးတတ်တာလည်း မဟုတ်ဘဲနဲ့"
?
"ကဲ... အရိပ်။ ပြောပါဦး။ ဘယ်လိုကနေ ဘယ်လို
ရေကနစ်ရတာလဲ"
ပုံရိပ်က အံ့သြသလို မျက်လုံးအဝိုင်းသားလေးဖြင့်...
"ကျွန်တော်က ဘာဖြစ်သွားလို့လဲ"
?
ဘေးက ဇာနည့်ကိုလည်း ပြန်ကြည့်မိလိုက်သည်။
ဇာနည်ကလည်း သူ့အား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေတာကြောင့်
"ဟို... ကျ..ကျွန်တော်က ဘယ်တုန်းက ရေနစ်လိုက်လို့လဲ"
"....."
သွန်းအုပ်ကအစ စူးစူးစမ်းစမ်းဖြင့် ကြည့်နေပြီ။
ပုံရိပ်သေချာပြန်စဉ်းစားလိုက်တော့မှ..
"အာ... မေ့သွားတာ။ ကျွန်တော်တို့ ရေတံခွန်သွားနေကြတာပဲ။ အဲ့မှာ ဖြစ်တာလား"
လေသံတိုးတိုးလေးဖြင့် ဘာမှမမှတ်မိတော့သလို
ပြန်မေးနေသူကိုကြည့်ရင်း ဇာနည်ဘာမှဝင်မပြောနိုင်။
အကို တကယ် မမှတ်မိတော့တာလား။
အံ့သြနေသည့် မျက်နှာများဖြင့် သူ့အား ဝိုင်းကြည့်နေကြသည့် ကားပေါ်ရှိ လူများအား
ပုံရိပ်က အားတုံ့အားနာဖြင့် ပြန်ပြုံးပြနေသည်။
အံ့အားသင့်စွာ ကြည့်နေမိသည့် သူ့ဘက်ကို
လှည့်လာပြန်တော့ ဇာနည် အသက်ရှုအောင့်ထားမိလိုက်၏။
"••••"
ပြုံးပြသည်။ ဘာမှမဖြစ်ခဲ့သလို..
မျှော်လင့်နေမိသလို သူ့ကို စိတ်တို၊စိတ်ဆိုးနေသည့်
အကြည့်မျိုးဖြင့် ကြည့်မလာခဲ့။ သူမှန်းမသိခဲ့၍မဟုတ်.. တကယ်ကို ထိုအဖြစ်အပျက်အား အကိုက မမှတ်မိတော့ခြင်းပင်။
****************tbc
6.June.22
(1) ပုံမှန်ဆို အစ်ကိုလို့ရေးပြီး ဇာနည် ပုံရိပ်ကိုခေါ်တာကိုတော့ 'အကို'လို့တမင်ရေးထားပါတယ်။
(2) ပုံရိပ်နဲ့စကားပြောရင် မင်းခက သူ့ကိုယ်သူအစ်ကိုလို့
သုံးခဲ့တာပါ။ နောက်ပိုင်းမှပြောရင်း ကိုယ်ဖြစ်သွားပါတယ်။
(3) စာရေးသူက ရေမရောတဲ့ တောသားစစ်စစ်လေးပါ။ ဘယ်မှလည်းမရောက်ဖူးပါဘူး။ ဇာတ်လမ်းပါနေရာတွေကို သူများပြောတာရေးတာတွေ မှတ်ထားပြီးတော့ပဲ ပြန်ရေးဖြစ်ခဲ့ပါတယ်။ (ငယ်ရွယ်စဉ်အတိတ်တုန်းက ဖြီးဖြန်းခဲ့မှုလေးတစ်ဖြတ်ပါ:3)
ဆိုတော့ အပြင်ကရှုခင်းနဲ့ လွဲနေတာလေးတွေရှိခဲ့ရင်လည်း ခွင့်လွှတ်နားလည်ပေးကြပါလို့^^