အဝါရောင်အိပ်မက် (completed)

נכתב על ידי Chamomile_2

181K 12.5K 899

(zawgyi & unicode) အိပ္မက္ေတြမွာ အေရာင္ေတြ႐ွိတတ္လား? ခင္ဗ်ားတို႔ျမင္မက္ေနက် အိပ္မက္ေတြဟာ အေရာင္အဆင္းမ႐ွိတာလည္... עוד

A/N
အခန္း-၁
အခန္း-၂
အခန္း-၃
အခန္း-၄
အခန္း-၅
အခန္း-၆
---
အခန္း-၇
အခန္း-၈
အခန္း-၉
အခန္း-၁၀
အခန္း-၁၁
အခန္း-၁၂
အခန္း-၁၃
အခန္း-၁၄
အခန္း-၁၅
အခန္း-၁၆
အခန္း-၁၇
အခန္း-၁၈
အခန္း-၁၉
အခန္း-၂၀
အခန္း-၂၁
အခန္း-၂၂
အခန္း-၂၃
အခန္း-၂၄
အခန္း-၂၅
အခန္း-၂၆
အခန္း-၂၇
အခန္း-၂၈
အခန္း-၂၉
အခန္း-၃၀
အခန္း-၃၁
အခန္း-၃၂
အခန္း-၃၃
အခန္း-၃၄
အခန္း-၃၅
အခန္း-၃၆
အခန္း-၃၇
အခန္း-၃၈
အခန္း-၃၉
အခန္း-၄၀
အခန္း-၄၁
အခန္း-၄၂
အခန္း-၄၃
အခန္း-၄၅
အခန္း-၄၆
အခန္း-၄၇
အခန္း-၄၈
အခန္း-၄၉
အခန္း-၅၀
အခန္း-၅၁
အခန္း-၅၂
အခန္း-၅၃
အခန္း-၅၄
အခန္း-၅၅
အခန္း-၅၆
အခန္း-၅၇
အခန္း-၅၈
အခန္း-၅၉
အခန္း-၆၀
အခန္း-၆၁
အခန္း-၆၂
အခန္း-၆၃
အခန္း-၆၄
အခန္း-၆၅
အခန္း-၆၆
အခန္း-၆၇
အခန္း-၆၈
အခန္း-၆၉
ဇာတ္သိမ္းခန္း/ဇာတ်သိမ်းခန်း
အဝါေရာင္အိပ္မက္/ အဝါရောင်အိပ်မက်
Art Gift

အခန္း-၄၄

1.8K 150 7
נכתב על ידי Chamomile_2

[Zawgyi]

"အိမ္ကိုတန္းျပန္မွာလား ပံုရိပ္ေလး"

"ဟင့္အင္း ကိုခဆီ အရင္ဝင္ခ်င္တယ္"

"မနားေတာ့ဘူးလား"

ပံုရိပ္က ေခါင္းခါျပသည္။ ခရီးပန္းၿပီး လူကသာ
ခပ္ႏြမ္းႏြမ္းျဖစ္ေနေသာ္လည္း စိတ္ကေဆာင္ထား၍ ထင္သည္။ မ်က္ႏွာကေတာ့ ျပံဳးရႊင္ေန၏။

ဒ႐ိုင္ဘာဦးေလးက ဘာမွဆက္မေမးေတာ့ဘဲ
ပံုရိပ္ဆႏၵအတိုင္း မင္းခအိမ္ဘက္သို႔သာ ဦးတည္ၿပီး ေမာင္းေပးလိုက္သည္။

ကေလာျပန္ေရာက္ေရာက္ခ်င္း ကဗ်ာဦးတည္းခိုရန္အတြက္ ႀကိဳတင္bookingလုပ္ထားေသာhotelသို႔
ကဗ်ာဦးကို ဝင္ပို႔ေပးခဲ့ရသည္။ တကယ္ဆို ပံုရိပ္လို ​ေပ်ာ့တိေပ်ာ့ဖက္ေလးက ခရီးေဝးႀကီးကေန ျပန္လာၿပီးခ်ိန္တြင္ အိမ္ကိုတန္းျပန္ကာ အနားယူလိုက္သင့္သည္။ သို႔ေသာ္လည္း
လူေပ်ာ့သေလာက္ ေခါင္းမာသည့္ပံုရိပ္က မင္းခအိမ္အရင္ဝင္ကာ မင္းခမ်က္ႏွာကို အေျပးေမာ္ဖူးခ်င္ေနေသးသည္။

ကားျပတင္းေပါက္မွ အျပင္ဘက္ကိုေငးလ်က္
ကိုယ့္အေတြးႏွင့္ကိုယ္ ျပံဳးလာလိုက္၊ တည္သြားလိုက္ျဖင့္ ပတ္ဝန္းက်င္ကိုလည္း ေမ့ေနပံုရသည့္ ပံုရိပ္ကို ကားေနာက္ခန္းၾကည့္မွန္က လွမ္းၾကည့္လိုက္ရင္း  ဒ႐ိုင္ဘာဦးေလးက သက္ျပင္းခ်၏။

ပံုရိပ္ကေတာ့ ဘာကိုမွမသိ။
သူ႔အေတြးထဲတြင္႐ွိေနတာက
မင္းခရယ္..မင္းခရယ္.. ေနာက္ၿပီးေတာ့ မင္းခရယ္။

------------------

မႈန္ကုပ္ကုပ္မ်က္ႏွာျဖင့္ ဧည့္ခန္းထဲ
မိန္႔မိန္႔ႀကီးထိုင္ေနသူက သူ႔ကိုယ္သူ အိမ္ႀကီး႐ွင္လုိမ်ိဳး။ခပ္လွမ္းလွမ္းတြင္ထိုင္ေနသည့္ မင္းခကို မ်က္ႏွာတင္မက၊ တစ္ကိုယ္လံုးပါေစာင္းၿပီး မျမင္သလို ဥေပကၡာျပဳထား၏။

ဟုတ္သည္.. သြန္းအုပ္ မင္းခကို စိတ္ဆိုးေနပါသည္။ မဟုတ္ေသး.. စိတ္ဆိုးခ်င္ဟန္ေဆာင္ေနပါသည္။

အခုေလးတင္ အိပ္ခ်င္ဟန္ေဆာင္ကာ
အနမ္းခံေနသူႏွင့္ အိပ္ေပ်ာ္ေနသည့္သူကို ခိုးနမ္းသည့္သူက သူတို႔မဟုတ္သလုိ ႏွစ္ေယာက္စလံုး၏ မ်က္ႏွာထားမ်ားက ရန္သူေတြလို ျဖစ္ေနၾက၏။

အေၾကာင္းရင္းကေတာ့ ဇာနည္တစ္ေယာက္ အိမ္ထဲသို႔ အသံမျပဳဘဲဝင္လာရာက စပါသည္။

-

-

ဇာနည္ အိမ္ထဲသို႔ဝင္လာခ်ိန္တြင္ မင္းခက
သြန္းအုပ္အနားမွထသြားၿပီး ေနာက္ေဖးသို႔ ဘာသြားလုပ္ေနသည္မသိ။

အေနာက္ဘက္ထဲသို႔ ေရာက္ေနသျဖင့္ ဇာနည္
အိမ္ထဲဝင္လာတာကို မင္းခက မသိလိုက္ေပ။
မ်က္စိနွစ္လံုးစံုမွိတ္ကာ ျပံဳးၿဖီးၿဖီးမ်က္ႏွာကို
အတင္းဖံုးဖိရင္း အိပ္ဟန္ေဆာင္ေကာင္းေနဆဲျဖစ္သည့္ သြန္းအုပ္ကလည္း ဇာနည့္ကိုမျမင္ရ။

စပ္စပ္စုစုႏိုင္လြန္းသည့္ ဇာနည္ကလည္း သူ႔ဆရာ
အေနာက္ဘက္မွာ႐ွိေနတာကို မသိဘဲ အိမ္ျပန္မေရာက္ေသးဟုသာထင္ၿပီး အိပ္ေနသည့္ သြန္းအုပ္အား စူးစူးစမ္းစမ္း ထိုင္ၾကည့္ေနလိုက္သည္။

အိပ္ေနသည္ဆိုေသာ္ျငား ဦးပိုင္၏မ်က္ႏွာက
ျပံဳးစိျပံဳးစိျဖစ္ေနသည္။ အိပ္မက္ထဲတြင္ ခ်စ္သူႏွင့္ ပလီပလာ၊တီတီတာတာ ခ်စ္စကားေလးမ်ားေျပာရင္း အေတာ္ေလး သာယာေနပံုရ၏။ ဒါမွမဟုတ္ တကယ္အိပ္ေပ်ာ္ေနတာေရာ ဟုတ္ရဲ႕လား?

သူအိပ္ေနသည့္ ေဘးနားတြင္ ၿငိမ္ၿငိမ္ကေလးထိုင္ေနရင္းက ႐ုတ္တရက္ လႈပ္လႈပ္ယြယြျဖစ္လာသည့္ မင္းခေၾကာင့္ သြန္းအုပ္ အိပ္ခ်င္ေယာင္ေဆာင္ေနရင္းက
မ်က္လံုးတစ္ဖက္ကို ေျခာက္ပံုတစ္ပံုေလာက္ဖြင့္၍ ေခ်ာင္းၾကည့္ရန္ စဥ္းစားမိသည္။ သို႔ေသာ္ မဖြင့္ရဲ။

ဇာနည္ စိတ္ဝင္တစားႏွင့္ သြန္းအုပ္၏မ်က္နွာကုိ
အနီးကပ္ၿပီး ေသေသခ်ာခ်ာ စူးစမ္းၾကည့္႐ႈေနမိစဥ္...

"ဟိုေကာင္! ဘာလုပ္ေနတာလဲ အဲ့ဒါ!"

ဟိန္းခနဲထြက္ေပၚလာသည့္ မင္းခ၏အသံက်ယ္က်ယ္။

ဇာနည္ထိုင္ေနရင္းက အလန္႔တၾကား မတ္တပ္ထရပ္လိုက္မိသလို အိပ္ခ်င္ေယာင္ေဆာင္ေနသည့္ သြန္းအုပ္ကလည္း ေငါက္ခနဲ ထထိုင္မိသည္အထိ။

ခပ္လွမ္းလွမ္းတြင္ မ်က္ႏွာ႐ွစ္ေခါက္ခ်ိဳးရံုမက
တြန္႔ေၾကေနၿပီျဖစ္သည့္ မ်က္ႏွာမ်ိဳးျဖင့္ ခါးေထာက္ကာ မားမားႀကီးရပ္ၾကည့္ေနေသာ မင္းခကိုၾကည့္ရင္း ဇာနည္ အသက္ပင္ရဲရဲမ႐ႈရဲ။

မင္းခ၏ မ်က္ႏွာက နီရဲေနသည္။ တင္းခနဲ၊ တင္းခနဲ
ျဖစ္သြားသည့္ ေမး႐ိုးႏွစ္ဖက္က ေဒါသကို မနည္းထိန္းေနရေၾကာင္း တစ္ဖက္လူ႐ူးေနလ်ွင္ေတာင္ နားလည္သြားေစနိုင္သည္။ သြန္းအုပ္ကိုလည္း မေက်မနပ္ႏွင့္ လွမ္းၾကည့္ေနသည့္ မင္းခက ေတာ္ေတာ္ေလးကို လန္႔စရာေကာင္းေန၏။

ခ်ီးးး!
ဆရာက ဒီေန႔က်မွ ဘာလို႔အဲ့ေလာက္ေၾကာက္စရာ ေကာင္းေနတာလဲ။

ငုတ္တုပ္ကေလး ထထိုင္ေနသည့္ သြန္းအုပ္က
မင္းခကိုတစ္လွည့္၊ ဇာနည့္ကိုတစ္လွည့္ အူတူတူျဖင့္ ၾကည့္ေနမိသည္။

ခုနက သူ႔နဖူးကို သူခိုးနမ္း,နမ္းသြားသည့္ မင္းခက
သူႏွင့္ခပ္လွမ္းလွမ္းတြင္ ရပ္ေနသည္။ အက်ႌအျဖဴလည္ကတံုးႏွင့္ ေက်ာင္းစိမ္းပုဆိုးအစိမ္းကို ဝတ္ထားသည့္ ေထာင္ေထာင္ေမာင္းေမာင္း ေက်ာင္းဆရာႀကီး၏မ်က္ႏွာက တည္ၿငိမ္ရင့္က်က္ေနဖို႔ ေဝလာေဝး... မုန္႔လုစားခံရသည့္ ကေလးတစ္ေယာက္လိုမ်ိဳး တ႐ႈး႐ႈးတ႐ွဲ႐ွဲျဖစ္ေန၏။

ဘယ္အခ်ိန္က သူ႔အနားေရာက္လာသလဲမသိရသည့္
ဇာနည္ကေတာ့ မ်က္လံုးေလးကလယ္ကလယ္ျဖင့္ မင္းခ၏ အၾကည့္စိမ္းစိမ္းေအာက္ ေက်ာခ်မ္းေအာင္ ေၾကာက္ေနပံုရသည္။

သြန္းအုပ္ ရယ္ခ်င္သြားသည္။
ထိုခ်ာတိတ္က အေၾကာင္းမသိရင္သာ Fighterဟု
ထင္ရေသာ္လည္း တကယ့္,တကယ္တမ္းမွာေတာ့ ငေၾကာက္ေလးျဖစ္၏။ တျခားသူမ်ားကေတာ့ ဘယ္လိုျမင္မည္မသိ။ သြန္းအုပ္အျမင္မွာေတာ့ ဇာနည္က ေပါေတာေတာ ငေၾကာက္ေလးတစ္ေကာင္သာ။

ဇာနည့္ကို ခပ္ေလွာင္ေလွာင္ၾကည့္မိေနရင္းက
အမွတ္တမဲ့ မင္းခဘက္ ျပန္လွည့္ၾကည့္မိေတာ့....
ရက္လြန္ေနသည့္ ခရမ္းခ်ဥ္သီးမွည့္လို နီရဲ႐ႈံ့တြေနသည့္ မ်က္ႏွာထားမ်ိဳးျဖင့္ သူ႔ကို စိုက္ၾကည့္ေနသည့္ မင္းခကို ထိတ္လန္႔ဖြယ္ရာ ျမင္ရသည္။

တစ္ဖက္နွင့္တစ္ဖက္ ထိလုေတာ့မတက္ တြန္႔ခ်ိဳးထားသည့္ မ်က္ခံုးထူထူႏွစ္ဖက္က ဘာေတြကို အလိုမက်၍
ဒီေလာက္ျဖစ္ပ်က္ေနရသလဲ နားမလည္။ သဝန္တိုေနသည္ဟု မွတ္ယူၿပီး ေက်နပ္ပီတိျဖစ္ရေအာင္ကလည္း သူႏွင့္ခ်ာတိတ္က ဘာမွလုပ္ေနတာလဲမဟုတ္။ ဒါမွမဟုတ္ တကယ္ႀကီး
သဝန္တိုေနတာမ်ားလား။

ခုနတုန္းက မင္းခ သူ႔အနားက ထသြားတာကို သိလိုက္သည္။ သို႔ေသာ္ ေနာက္တစ္ႀကိမ္ အနားတြင္လာထိုင္သူကိုေတာ့ ဇာနည္မွန္းပင္မသိလိုက္။ မင္းခဟုသာတထစ္ခ်ထင္ၿပီး မ်က္လံုးေတာင္ဖြင့္မၾကည့္ရဲခဲ့။

လူကိုမျမင္ရဘဲ ကိုယ္သင္းနံ႔ကို႐ႈ႐ႈိက္ၿပီး
မွတ္မိခဲ့ႏိုင္ဖို႔ကလည္း သူက ကိုယ္သင္းနံ႔ကို ခြဲျခမ္းစိတ္ျဖာေလ့လာေနသည့္ အနံ႔အသက္အထူးျပဳပါရဂူလည္းမဟုတ္။ ထို႔ေၾကာင့္ သူ႔အနားတြင္ ဒုတိယအႀကိမ္လာထိုင္ေနသူကိုလည္း တျခားလူဟုပင္ မထင္မိခဲ့ေပ။

ေနာက္ဆိုလ်ွင္ေတာ့ မင္းခကိုယ္သင္းနံ႔ကို ေသေသခ်ာခ်ာ မွတ္ထားမွျဖစ္မည္။ ကိုယ္သင္းနံ႔မ႐ွိရင္လည္း ေခြၽးနံ႔ေပါ့။ မတတ္ႏိုင္.. မ႐ွိ,႐ွိရာေတာ့ ေသခ်ာခြဲမွတ္ထားလိုက္ပါ့မည္။

"မင္းကိုငါ အိမ္ထဲဝင္လာရင္ အသံေပးလို႔
ဘယ္ေလာက္ေျပာေျပာ မမွတ္မိဘူးလားး!"

မင္းခ၏ ေလယူေလသိမ္းႏူးညံ့ညင္သာေနမႈေၾကာင့္ ႐ုတ္တရက္ ဇာနည့္ေက်ာထဲ စိမ့္ခနဲပင္ျဖစ္သြားသည္။

"ဟို...ဟိုေလ"

"ေရာက္ရင္လည္း ကိုယ္ထိုင္ေနက်ေနရာမွာ
ၿငိမ္ၿငိမ္ဝင္ထိုင္ေနေလ! ငါ့ပစၥည္းေတြကို ထိတာ၊ကိုင္တာ၊ စပ္စုတာ မႀကိဳက္ဘူးလို႔ ေျပာမထားဘူးလား။ ငါကမင္းကို ဆရာတပည့္လိုထက္ ညီအစ္ကိုလိုဆက္ဆံေပးေနလို႔ မခန္႔ေတာ့တာလားး"

"•••"

ဘာမဟုတ္သည့္ကိစၥ (တကယ္ေတာ့ ဘာမွန္းကိုမသိေသးသည့္ကိစၥ)ႏွင့္ အခုေလာက္ႀကီး အေကာခံေနရတာကို ဇာနည္ မေက်နပ္ေတာ့။
စာေမးပြဲရက္အတြင္းမို႔ ကံႀကီးထိုက္မွာစိုး၍
ၿမိဳသိပ္ထိန္းခ်ဳပ္ထားခဲ့သည့္ ဂ်စ္ကန္ကန္စကားလံုးမ်ားက လ်ွာေပၚတြင္ တယားယားျဖစ္လာသည္။ သို႔ေသာ္ျငား အတတ္ႏိုင္ဆံုး မ်က္ႏွာခ်ိဳေသြးကာ ရယ္က်ဲက်ဲလုပ္လိုက္ရင္း..

"စိတ္ေလ်ွာ့ပါ ဆရာရယ္.. ကြၽန္ေတာ္ အခု
ဆရာ့ကိုဘာေတြမ်ား မေလးမစားလုပ္မိလုိက္လို႔လဲ။
ဦးပိုင္ အိပ္ေပ်ာ္ေနတာလား/အိပ္ခ်င္ေယာင္ေဆာင္ေနတာလားဆိုတာကို ေသခ်ာ သိခ်င္လို႔ ၾကည့္ေနရံုေလးဟာကို။ ေနာက္ၿပီး ဦးပိုင္က ဆရာ့အိမ္က ပစၥည္းမွမဟုတ္တာ။ ဆရာပိုင္တဲ့
ပစၥည္းလည္းမဟုတ္ပါဘူး။ လူေလ လူ..လူ.. ပိုင္႐ွင္မ႐ွိေသးတဲ့..."

"တိတ္စမ္း! မေခ်ရာတဲ့စကားေတြ ဆက္ေျပာမေနနဲ႔ေတာ့!မင္းစာလုပ္ဖို႔လာတာမလား။ စာသြားက်က္ေတာ့ သြား..!"

"ဟုတ္ၿပီ..အာစရိ!"

"ခဏေနပါဦး.. မင္းကို ေမးစရာ႐ွိေသးတယ္။ ငါ မနက္က မင္းအေမကို ေက်ာင္းေ႐ွ႕မွာ မွာလိုက္တဲ့ကိစၥ မင္းအေမ ဘာမွျပန္မေျပာဘူးလား"

"ေျပာတယ္"

မင္းခ စိတ္ပ်က္ကာ သက္ျပင္းတစ္ခ်က္ မႈတ္ထုတ္လိုက္သည္။ ဇာနည့္အေမကို မနက္က ေက်ာင္းေ႐ွ႕မွာေတြ႔တုန္း ေသခ်ာမွာလိုက္သည္။
သူ႔အိမ္မွာ ဧည့္သည္ေရာက္ေနတာေၾကာင့္ ဇာနည္စာက်က္ရ ပိုအဆင္ေျပေစရန္ အိမ္မွာသာေနခိုင္းဖို႔။

ထိုသို႔မွာလိုက္ေသာ္လည္း ဆရာကို အေတာ္ခ်စ္ေနပံုရသည့္ ဇာနည္က ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္ခ်လာျပန္သည္။ သြန္းအုပ္လည္း သူႏွင့္အတူ အိမ္မွာေနေတာ့မည္ျဖစ္တာမို႔
သူ႔အိမ္တြင္ လူ႐ုတ္႐ုတ္၊႐ုတ္႐ုတ္ျဖစ္ေနမွာကို မႀကိဳက္။

မင္းခက လူႏွစ္ေယာက္မွသံုးေယာက္ အတူမေနခ်င္ရံုသာ။
သြန္းအုပ္ႏွင့္ ႏွစ္ေယာက္တည္းေနလိုျခင္း၊ သြန္းအုပ္  မ်က္စိေနာက္မွာ၊စိတ္႐ႈပ္မွာကို ထည့္ေတြးေနမိျခင္းမ်ိဳးေတြ လံုးဝ(လံုးဝ)မဟုတ္ပါ။

မင္းခက စကားသံျပတ္ျပတ္ျဖင့္ ျပန္ေျဖသည့္ ဇာနည့္ကို သိပ္မေက်နပ္ေသးဘဲ ဆက္ေျပာျပန္သည္။

"ေျပာတာကို ဘာလို႔ေရာက္လာရျပန္တာလဲ။
မနက္ျဖန္နဲ႔သဘက္ခါ ႏွစ္ရက္ေတာင္ ၾကားထဲမွာ ပိတ္ထားတာေလ။ ေနာက္ဆံုးတစ္ဘာသာေလးကို ကိုယ့္အိမ္မွာကိုယ္က်က္ဖို႔ မစဥ္းစားမိဘူးလား"

"ဟင့္အင္း...ဆရာ့အိမ္မွာစာက်က္ရင္ စာပိုရလို႔"

"•••"

ေအာ့ေၾကာလန္ တပည့္အလိမၼာတံုးေလး ဇာနည္ကို
မင္းခ ဘာမွဆက္မေျပာေတာ့။ ကိုယ့္တပည့္ အရင္းေခါက္ေခါက္ႏွင့္တြဲၿပီး အူတိုေနရတာကမဟုတ္ေသး။ ဆရာျဖစ္ၿပီး သေဘာထားမရင့္က်က္ဘဲ ကေလးဆန္သည္ဟု အထင္ခံရမွာေၾကာက္သည့္ မင္းခက ကိုယ့္စိတ္ကိုယ္သာ ျပန္ထိန္းလိုက္သည္။

ဇာနည္က ခပ္တည္တည္ပင္... စိတ္ထဲရွိရာ ေျပာအၿပီး က်က္ရမည့္စာအုပ္နွင့္ ေက်ာမီွခံုတစ္လံုးကိုယူကာ
ျခံထဲသို႔ ဆင္းသြားၿပီျဖစ္၏။

ရင့္က်က္တည္ၿငိမ္လြန္းသည့္ မင္းခက တပည့္ျဖစ္သူအား ဆက္မဆူေတာ့ဘဲ သေဘာထားႀကီးႀကီးျဖင့္
မ်က္ႏွာလႊဲလိုက္သည္။ သို႔ေသာ္ျငား ထိုင္ရာကမထေသးသည့္ သြန္းအုပ္ကိုေတာ့ အၾကည့္စူးစူးမ်ားျဖင့္ ၾကည့္လိုက္ရင္း..

"သြန္းအုပ္စိုးပိုင္! ခင္ဗ်ားလည္း အဝတ္ကေလး
ေလး၊ငါး၊ေျခာက္ထည္ မီးပူတိုက္ၿပီး ေတာ္ေတာ္ပင္ပန္းေနတယ္ ဟုတ္လား! အိမ္ထဲ လူတစ္ေယာက္လံုးဝင္လာၿပီး ခင္ဗ်ားကိုယ္ထဲ ဝင္ေတာ့မတက္ ကပ္ထိုင္ေနတာေတာင္ မသိဘူးလား"

"•••"

"ခင္ဗ်ား ေတာ္ေတာ္ေလး ေပါ့တီးေပါ့ဆႏိုင္တာပဲ!
သူခိုးဝင္လာလည္းမသိလို႔ ႐ွိသမ်ွပစၥည္း အကုန္ေျပာင္မယ္။ လူသတ္သမားဝင္လာလည္း သတိထားမိမွာမဟုတ္လို႔ ေသဦးမယ္"

"....."

"ကုလားေသကုလားေမာနဲ႔ အဲ့လိုသာ အိပ္,အိပ္ေနမယ္ဆိုရင္ ခင္ဗ်ားကိုတစ္ေယာက္တည္း အိမ္မွာဘယ္လိုထားခဲ့ရမလဲ။
စိတ္ခ်စရာက တစ္ကြက္မွမ႐ွိဘူး။ ေနာက္ဆံမတင္းစရာေတြ စလာၿပီ။ ေနာက္ၿပီး.."

"ေတာ္ေတာ့ကြာ! နားၿငီးလာၿပီ! အဲ့ေလာက္ ျဖစ္ေနရင္ ငါအိမ္ေပၚကဆင္းေတာ့မယ္"

"ခင္ဗ်ားး"

ဇိုးဇိုးဇက္ဇက္ႏွင့္ သူ႔အဝတ္အစားမ်ားထည့္ထားသည့္ ေက်ာပိုးအိတ္ကို ေကာက္ကိုင္ဟန္ျပင္ေတာ့ မင္းခက ထိုေက်ာပိုးအိတ္အား အျမန္လိုက္ဆြဲလုသည္။

"ဘာလုပ္တာလဲ။ ငါ့အိတ္ ျပန္ေပး!"

"ခင္ဗ်ား လာခ်င္တဲ့အခ်ိန္လာၿပီး ျပန္ထြက္ခ်င္တဲ့အခ်ိန္ ျပန္ထြက္ခြင့္ေပးရေအာင္ ကြၽန္ေတာ့္အိမ္က
သာလာယံဇရပ္မဟုတ္ဘူး"

"ေနမင္းခ!"

"....."

"ငါ့အိတ္ကိုေပး!"

"မနက္က အဲ့ေလသံနဲ႔ေျပာတာမဟုတ္ဘူး"

"က်စ္! ရစ္မေနနဲ႔.. ငါ့အိတ္ကိုသာေပး။ အိမ္႐ွင္မၾကည္ျဖဴဘဲ ငါမေနဘူး။ မင္းလည္း ငါ့ကိုျမင္ရတာ ပူေလာင္ေနတယ္မလား"

"......"

"ထြက္သြားတာပဲ ေကာင္းတယ္။ ကိုဗလႀကီးဆိုင္မွာပဲ ေတာင္းပန္ၿပီး အလုပ္ျပန္ဝင္ေတာ့မယ္"

"ခင္ဗ်ားး!"

အံတႀကိတ္ႀကိတ္ႏွင့္ စိတ္ေတြဆိုးေနသည့္
မင္းခကိုၾကည့္ရင္း သြန္းအုပ္ ရယ္ခ်င္စိတ္ကို မနည္းထိန္းေနရသည္။ ေသခ်ာေပါက္ ဒါသဝန္တိုေနတာမဟုတ္လား?

သြန္းအုပ္တို႔က အခြင့္အေရးကို အမိအရ
ဆုပ္ကိုင္တတ္လာၿပီ။ မနက္ကအထိ ႐ွိေနခဲ့သည့္အေတြးတို႔ သူ႔မွာမ႐ွိေတာ့။

သူ႔နဖူးေပၚက အနမ္းႏုႏုတစ္ခုအားကိုးျဖင့္ မင္းခကို
အက်ပ္ကိုင္ရဲလာသည္။ မင္းခ၏ လ်ိဳ႕ဝွက္ခန္းလိုလို၊စတိုခန္းလိုလို အခန္းထဲက အမွတ္တရမ်ားအားကိုးႏွင့္ အရင္တုန္းကလို ျပန္ဆိုးခ်င္လာ၏။

မင္းခႏွင့္ျပန္မေတြ႔ရေသးခင္၊ မင္းခ၏ စိတ္ရင္းကို
ေသခ်ာမသိရေသးခင္ကအထိ မင္းခေ႐ွ႕တြင္ လိမၼာရန္၊ ျပဳျပင္ရန္ေတြးထားခဲ့ေသာ္လည္း အခုမင္းခပံုစံကို ျမင္ၿပီး၊ သိၿပီးကတည္းက မင္းခကို အၾကပ္ကိုင္၊အႏိုင္က်င့္ခ်င္စိတ္မ်ားသာ ေပၚလာ၏။

မလိမၼာဘူးပဲဆိုဆို...
မရင့္က်က္ဘူးပဲေျပာေျပာ
အသက္ေတြႀကီးလာတာေတာင္
ကိုကိုက မင္းနဲ႔ဆိုရင္
ကေလးဗိုလ္ပဲ လုပ္ခ်င္ေနေတာ့လည္းး။

"ေပးေလ.. ငါ့အိတ္! ငါက မ်က္ႏွာငယ္ေလးနဲ႔ မင္းအိမ္မွာ ကပ္ေနရတာကို မင္းက လာၿပီးဆူေဟာက္ေနတယ္။
မေနေတာ့ဘူးကြာ။ ငါ့ဘာသာ ကိုဗလႀကီးနဲ႔ပဲသြားေနၿပီး အလုပ္လုပ္ေတာ့မယ္"

"ခင္ဗ်ား သြားခ်င္တိုင္းသြားခြင့္ေပးရမွာလား!"

"ငါ့ကိုမေအာ္နဲ႔!!"

"...."

အတည္ႀကီးစိတ္ဆိုးသလို ေအာ္လိုက္ေတာ့
ငယ္ငယ္ကတည္းက အက်င့္ပါေန၍ ထင္သည္..
ဘာမွ ဆက္မေျပာေတာ့ဘဲ ၿငိမ္က်သြား၏။ အခုလို အေျခအေနမ်ိဳးမွာေတာင္ မင္းခ၏မသိစိတ္ထဲတြင္ သူ႔စကားဆိုလ်ွင္ အမိန္႔တစ္ခုလို မွတ္ယူမိေနဆဲလား မေျပာတတ္။

အသံတိတ္ကာ ၿငိမ္သြားၿပီျဖစ္ေသာ္လည္း မေက်မနပ္ ျဖစ္ေနေသးသူက တစ္ခုခုေျပာခ်င္ေနဟန္
ႀကိတ္မႏိုင္ခဲမရျဖင့္ ပါးစပ္တျပင္ျပင္။

သြန္းအုပ္က မင္းခအား စိတ္ဆိုးသလို အၾကည့္စူးစူးျဖင့္ တစ္ခ်က္ၾကည့္လိုက္ၿပီး ဘာမွဆက္မေျပာေတာ့ဘဲ
ဧည့္ခန္းထဲက ဆက္တီခံုေပၚသြားထိုင္ေနလိုက္သည္။ သူ႔ပံုစံက ရည္းစားေခ်ာ့တာခံခ်င္၍ မူေနသလို။

မင္းခက သြန္းအုပ္ကို မ်က္ႏွာလႊဲကာ ေက်ာခိုင္းလိုက္သည္။ လက္ထဲမွာကိုင္ထားဆဲျဖစ္သည့္ သြန္းအုပ္၏ ေက်ာပိုးအိတ္ကိုေတာ့ျပန္မေပးဘဲ သူ႔အိပ္ခန္းထဲယူသြားရန္ ျပင္သည္။

သူ႔အဝတ္အိတ္ကို အခန္းထဲယူသြားၿပီး လူကိုလည္း
သြားခြင့္ျပဳမွာမဟုတ္သည့္ မင္းခ၏စိတ္ကို ခန္႔မွန္းမိ၍ သြန္းအုပ္ ႀကိတ္ျပံဳးလိုက္သည္။

မင္းခက သူ႔အိပ္ခန္းရွိရာကို မသြားေသးခင္ ေက်ာခိုင္းလ်က္ သားက သြန္းအုပ္ၾကားသာရံု ေအးစက္စက္ေလသံျဖင့္...

"ခင္ဗ်ားး အရမ္းမုန္းဖို႔ေကာင္းတယ္"

"••••"

ေအးစက္စက္ေျပာအၿပီး အနားကထြက္သြားသည့္သူ၏ စကားက မနက္ကအထိ စိတ္မ်ိဳးႏွင့္သာဆိုလ်ွင္ သြန္းအုပ္ ကိုယ့္ကိုယ္ကို ပိုသနားမိမည္ထင္သည္။ အခုခ်ိန္မွာေတာ့ တစ္စံုတစ္ေယာက္အတြက္သာ သနားစိတ္ကပိုေနမိသည္။

မိနစ္အနည္းငယ္ၾကာမွ မင္းခက အခန္းထဲကျပန္ထြက္လာၿပီး ျခံထဲသို႔ဆင္းသြားသည္။ ျခံထဲတြင္ စာထိုင္က်က္ေနသည့္ ဇာနည့္ကို စာႏွင့္ပတ္သက္၍ တစ္ခုုခုသြားေျပာေနပံုရ၏။

ထို႔ေနာက္ အိမ္ထဲသို႔ျပန္ဝင္လာၿပီး သြန္းအုပ္
ထိုင္ေနသည့္ေနရာႏွင့္ မလွမ္းမကမ္း႐ွိ စာၾကည့္စားပြဲတြင္ ဝင္ထိုင္လိုက္သည္။ တမင္တကာမ်က္ႏွာလႊဲၿပီး ထိုင္ေနသည့္သူ႔ကို ခဏခဏလွမ္းၾကည့္ေနျခင္းအား မ်က္လံုးေထာင့္မွ ျမင္ေနရေသာ္လည္း သြန္းအုပ္ေသခ်ာ လွည့္မၾကည့္ျဖစ္။

အခုလို စိတ္ဆိုးခ်င္ဟန္ေဆာင္ၿပီး မင္းခကို စိတ္ဆိုးေအာင္ စေနရတာကိုေပ်ာ္ေနသည္။ ငယ္ငယ္က ဘာျဖစ္လို႔မ်ား ခုလိုမ်ိဳးမေနျဖစ္ခဲ့ၾကပါလိမ့္။

အရင္က
သူဘာပဲလုပ္လုပ္.. ဘာပဲေျပာေျပာ မင္းခက စိတ္ဆိုးခဲသည္။ ေဒါသေၾကာင့္ အႏိုင္က်င့္သလိုျဖစ္သြားလည္း ေခါင္းငံု႔၍ ၿငိမ္ခံသည္။ လူႀကီးေလးတစ္ေယာက္လို သူႏွင့္ပတ္သက္သမ်ွ အရာခပ္သိမ္းအား တာဝန္ယူ၊ကာကြယ္၊ေျဖ႐ွင္းသည္။

ဟန္မေဆာင္တတ္သည့္ မင္းခက ကေလးစိတ္မကုန္ေသးမွန္း ထိုအခ်ိန္ကတည္းက သိခဲ့ေသာ္လည္း ကေလးဆန္ဆန္ အျပဳအမူမ်ိဳးေတာ့ မင္းခဆီမွာ သိပ္မေတြ႔ဖူးခဲ့။ သူ႔ဦးေလးကို ခြၽဲသည္။ ဝမ္းနည္းစရာကိစၥ႐ွိလ်ွင္ ငိုမည္.. ဒီေလာက္သာ။

မ်ားေသာအားျဖင့္ မင္းခပံုစံက ရင့္က်က္တည္ၿငိမ္သလို ထင္ရတာေၾကာင့္ အမွန္အတိုင္းဝန္ခံရလ်ွင္ မင္းခကို အခုေလာက္ထိ သဝန္ေၾကာင္အူတိုတက္လိမ့္မည္ဟုလည္း ထင္မထားး။ အရင္ကဆိုလ်ွင္ သူ႔ဘက္ကခ်ည္း မင္းခကို သဝန္တိုေနခဲ့ရသည္သာ။

ဘာပဲေျပာေျပာ အခုလို သူ႔ကိုမုန္းခ်င္ေယာင္ေဆာင္ၿပီး သဝန္တိုေနသည့္ မင္းခ၏ပံုစံေလးကို ပိုသေဘာက်သည္။ အလိုလိုက္ၿပီး ဂ႐ုစိုက္ေပးေနတုန္းကလည္း တစ္မ်ိဳးခ်စ္သည္။ ႐ုပ္တည္ႀကီးႏွင့္ ဂ႐ုမစိုက္သလိုေနၿပီးမွ သူခိုးက်င့္သူခိုးၾကံႏွင့္ ခိုးေၾကာင္ခိုးဝွက္ခ်စ္ေနတာကိုလည္း တစ္မ်ိဳးခ်စ္ရျပန္သည္။

မွင္ေသေသျဖင့္ စိတ္ဆိုးေနသလိုသာ ဆက္ေနလိုက္သည္။ အခု မင္းခ ထေအာ္သည့္ကိစၥက ဘာမွလည္းမဟုတ္တာမို႔ သူတကယ္စိတ္ဆိုးမည္ဆိုလည္း ဆိုးလို႔ရသည့္ အေနအထားမွာ႐ွိသျဖင့္ ခပ္တည္တည္ပင္ စိတ္ဆိုးေနလိုက္သည္။

မင္းခ၏စိတ္ထဲမွာေတာ့ ကလိကလိျဖစ္ေနသည္။ မနက္ကေတာ့ အခ်ိဳးကတစ္မ်ိဳး၊ အခုက်ေတာ့...

သြန္းအုပ္ကို လွမ္းၾကည့္လိုက္ေတာ့ တကယ္စိတ္ဆိုးေနသည္ထင္သည္။ မူပိုင္စတိုင္ျဖစ္ေသာ မ်က္ႏွာထားအတည္လြန္ၿပီး မႈန္ကုပ္ကုပ္ျဖစ္ေနသည့္ ႐ုပ္မ်ိဳးျဖင့္ ႏႈတ္ခမ္းစူလ်က္ ထိုင္ေနသည္။

သူဆူလိုက္တာက လြန္မ်ားသြားၿပီလား။
ဟိုေကာင္ ဇာနည္ကလည္း သြန္းအုပ္ကို ဘာေၾကာင့္ အဲ့ေလာက္အနီးကပ္ႀကီး ထိုင္ၾကည့္ေနရသည္မသိ။ သြန္းအုပ္ကလည္း တေမ့တေမာ အိပ္ေမာက်ေနသည္။ သူမဟုတ္သည့္ တျခားတစ္ေယာက္ေယာက္ ခိုးနမ္းး
မွားလို႔* အိမ္ထဲဝင္ခိုးသြားလည္း ထိုလူသိလိုက္မွာမဟုတ္။

အခုလိုအေျခအေနမ်ိဳးမွာ သြန္းအုပ္၏စိတ္ထဲ အနည္းႏွင့္အမ်ားေတာ့ အားငယ္ေနလိမ့္မည္။ အိမ္႐ွင္တစ္ေယာက္အေနႏွင့္ သူ မဆူမေဟာက္သင့္မွန္းသိသည္။ သို႔ေသာ္ ေလေျပထိုး၍ ဆံုးမနားခ်ေနဖို႔အထိလည္း သူ႔ကိုယ္သူခြင့္မျပဳႏိုင္။

ေလးသက္ကို အားနာသည္။ သူ႔လုပ္ရပ္မ်ားကိုသာ တမလြန္ကေန ေလးသက္လွမ္းျမင္လ်ွင္ ေကြၽးေမြးေစာင့္ေ႐ွာက္ရက်ိဳးမနပ္၍ ရင္နာၿပီး ေသြးပြက္ပြက္အန္သြားႏိုင္သည္။

စိတ္ဆိုးဝမ္းနည္းေနမည့္ သြန္းအုပ္ကိုလွမ္းၾကည့္ၿပီး သက္ျပင္းခ်မိသည္။ အခုေလာေလာဆယ္
ဘာစကားစေျပာရမည္ကို သူတကယ္မေဝခြဲႏိုင္ေသး။

-

-

ကြၽီ..

ျခံတံခါးတြန္းဖြင့္သံေၾကာင့္ ဝင္လာသည့္သူကို ဇာနည္ ေမာ့ၾကည့္လိုက္သည္။ မီးခိုေရာင္ခပ္ေဖ်ာ့ေဖ်ာ့ ဆြယ္တာအပြေလးႏွင့္ သူ႔ကိုလိုလိုလားလား ျပံဳးျပလိုက္သည့္သူကိုျမင္ေတာ့ ဝင္သက္၊ထြက္သက္မ်ားပင္ မွားကုန္ရသည္။

အကို..

ပံုရိပ္က ျခံထဲတြင္ စာထိုင္က်က္ေနသည့္ ဇာနည့္အား
ျပံဳးျပလိုက္သည္။ ၾကည့္ရတာ ကိုခက
စာေမးပြဲေျဖေနသည့္ သူ႔တပည့္ႏွစ္ေယာက္ကို အိမ္မွာ စာေခၚက်က္ခိုင္းေနပံုရသည္။ ဖိနပ္ခြၽတ္သည့္ေနရာမွာ လွမ္းျမင္ေနရသည့္ မင္းခsizeမဟုတ္ေသာ ဖိနပ္တစ္ရံက မင္းခတပည့္ထဲတြင္ စာအေတာ္ဆံုးဆိုသည့္ ေကာင္ေလး၏ဖိနပ္ျဖစ္ရမည္။

"အကို.. ဘယ္တုန္းကျပန္ေရာက္.."

ဇာနည့္စကားက အဆံုးသတ္ခြင့္မရလိုက္။

႐ုတ္တရက္ ပါးစပ္ကိုလာအုပ္သည့္
လက္ဖဝါးႏုႏုေလးတစ္ဖက္က သူ႔လည္ေခ်ာင္းထဲက အသံမ်ားကို ေပ်ာက္႐ွသြားေစသည္။ ညာဘက္လက္ညႇိဳးေလးကို ႏႈတ္ခမ္းမွာကပ္ၿပီး ေခါင္းကိုခါျပလ်က္ '႐ႈး..တိုးတိုး'ဟူသည့္သေဘာမ်ိဳး လုပ္ျပေနသည့္ ပံုရိပ္၏မ်က္ႏွာေလးကို ဇာနည္
မ်က္ေတာင္မခတ္တမ္းၾကည့္ေနမိ၏။

မိနစ္ဝက္ေလာက္ေတာင္ မ႐ွိႏိုင္သည့္ ထိုစကၠန္႔ပိုင္းအခ်ိဳ႕တြင္ ဇာနည့္အသိစိတ္က ဗလာျဖစ္သြားသည္။

သတိရေနတုန္းမွာမွ တိုက္တိုက္ဆိုင္ဆိုင္။

"ကိုခ အထဲမွာမလား"

"...."

ခပ္တိုးတိုးေလးေမးလာသည့္ အေမးစကားအား ေခါင္းညိတ္ျပၿပီး ျပန္ေျဖေပးလိုက္ေတာ့ အကိုက
ခ်က္ခ်င္းပင္ အိမ္ထဲကို ကြက္ၾကည့္ကြက္ၾကည့္လုပ္ရင္း ဝင္သြားရန္ျပင္သည္။

ျမင္ေနက် အကို႔မ်က္ႏွာေလးက ဒီေန႔ ပိုလန္းေနသည္။ ဆရာ့ေဘးမွာ ႐ွိေနရခ်ိန္တိုင္း ေတာက္ပေနသည့္
မ်က္ဝန္းေလးမ်ားကလည္း တာဝန္မျပတ္.. အစြမ္းကုန္ လင္းလက္ေနၾကသည္။

ဆရာ့မ်က္ႏွာမျမင္ရေသးဘဲနဲ႔ေတာင္ ဒီေလာက္ထိ ေပ်ာ္ေနတာလား။

!

အေတြးတစ္ခုေၾကာင့္ အိမ္ထဲသို႔ဝင္ရန္ ဖိနပ္ခြၽတ္ေနၿပီျဖစ္သည့္ ပံုရိပ္အနား အေျပးလိုက္သြားမိသည္။ ပံုရိပ္အား အိမ္ထဲသို႔ တန္းမဝင္ေစခ်င္.. သြန္းအုပ္ႏွင့္ မင္းခတို႔ႏွစ္ဦး၏ အေၾကာင္းကို ပံုရိပ္က သူ႔ထက္နားလည္မွာ ေသခ်ာသည္။

မ်က္ႏွာထက္က အျပံဳးေလး ေပ်ာက္ကြယ္သြားမွာ။
မ်က္ဝန္းထဲက အလင္းတန္းေလး ေမွးမွိန္သြားမွာ။

စိုးရိမ္တႀကီးျဖင့္ တစ္ေနရာကို ဆြဲေခၚထုတ္သြားခ်င္သည္။
မင္းခႏွင့္ သြန္းအုပ္တို႔ၾကား အပိုလူလိုျဖစ္ေနမည့္
ပံုရိပ္ဆိုသည့္ သူ႔ေ႐ွ႕ကလူသားေလးကို ဇာနည္
သနားလြန္းလို႔ မင္းခတို႔ႏွင့္ ေဝးရာအရပ္ကို ခိုးယူသြားခ်င္သည္။ သြန္းအုပ္ႏွင့္ မင္းခတို႔ အတူ႐ွိေနၾကသည့္ ျမင္ကြင္းမ်ိဳးေၾကာင့္ စိတ္မပင္ပန္းေစခ်င္။

ဖိနပ္ခြၽတ္ေနရင္း အနားတြင္လာရပ္ေနသည့္ ဇာနည့္ကို ပံုရိပ္က အံ့ျသစြာျဖင့္ ေမာ့ၾကည့္လိုက္သည္။ တစ္ခုခုေျပာဖို႔ အ႐ွိန္ယူေနပံုရသည့္ ဇာနည့္ကို ခဏသာၾကည့္ၿပီး
အိမ္ထဲကိုသာ ဟိုၾကည့္ဒီၾကည့္ လွမ္းၾကည့္ရင္း မင္းခ႐ွိမည့္ေနရာကို ႐ွာေနလိုက္သည္။

"အရိပ္! ဘယ္တုန္းက ျပန္ေရာက္တာလဲ။ ကိုယ့္ကို ဖုန္းေတာင္မဆက္ဘူး"

"အာာ ကိုခကို surpriseလုပ္မလို႔ပါဆို။ ကိုခက
အရင္ျမင္သြားၿပီ"

"....."

မင္းခက ခပ္ဟဟရယ္လိုက္ေတာ့ တေမ့တေမာေငးၾကည့္ရင္း ျပံဳးေနျပန္သည့္ ပံုရိပ္အား ဇာနည္ပိုစိုးရိမ္လာသည္။ သြန္းအုပ္ကို အိမ္ထဲက ထြက္မလာဖို႔သာ ဆုေတာင္းရေတာ့မည္။

"ျပန္ေတြ႔ရတာဝမ္းသာပါတယ္ ပံုရိပ္သြင္"

"•••"

ျသကာသကန္ေတာ့ခ်ိဳးပင္ တစ္ႏွစ္ၾကာလို႔
တစ္ေခါက္မဆိုျဖစ္သည့္ ဇာနည္ရဲ႕ဆုေတာင္းကမျပည့္ခဲ့ပါ။

ပါးစပ္အေဟာင္းသားေလးျဖင့္ သြန္းအုပ္ကို
ေငးၾကည့္ေနသည့္ ပံုရိပ္၏ မ်က္ႏွာက မေကာင္းဆိုးဝါးတစ္ေကာင္ကို ေတြ႔လိုက္ရသလို
ခ်က္ခ်င္းပင္ ျဖဴဆုတ္လာသည္။

"အဟမ္းး ဟို..ဟိုေလ.. ဆရာတို႔ အိမ္ထဲက်မွ
စကားေျပာေလဗ်ာ။ အိမ္ဝမွာ မတ္တပ္ႀကီးေတြ"

"ဟုတ္သားပဲ.. အရိပ္ လာ"

ပံုရိပ္ကိုသာ အေရးတယူဟန္ျပဳၿပီး အိမ္ထဲေခၚသြားသည့္ မင္းခေၾကာင့္ အခုမွ သြန္းအုပ္ တကယ္ စိတ္ဆိုးခ်င္လာသည္။ ပံုရိပ္ထိုင္သည့္ေဘးတြင္ ဝင္လိုက္ထိုင္ၿပီး ပံုရိပ္ကို ျပံဳးျပလိုက္ရင္း

"မေတြ႔တာၾကာေတာ့ မင္းက ပိုေခ်ာလာတယ္ေနာ္။
တစ္ခုပဲ.. အသားကျဖဴလြန္းေတာ့ ေသြးမ႐ွိတဲ့ ေသြးစုပ္ဖုတ္ေကာင္ႀကီးနဲ႔ တူေနတာ.. အဲ့ဒါေလးသာ"

"ကိုသြန္းအုပ္စိုးပိုင္"

မင္းခ၏ သတိေပးသည့္သေဘာျဖင့္ ေခၚသံကို
မၾကားသလို ဥေပကၡာျပဳလ်က္ သြန္းအုပ္ကဆက္၍
ေပါက္ေပါက္ေဖာက္သည္။

"ထင္တာေျပာရရင္ ပံုရိပ္သြင္က
က်န္းမာေရးခ်ဴခ်ာပံုရတယ္ေနာ္။ ဘာလို႔ဆို ပံုမွန္ထက္ ႏုရြေနေတာ့ေလ။ ၾကည့္ပါဦး လက္ေခ်ာင္းေလးေတြအစ အားမ႐ွိသလိုပဲ"

"...."

"အၾကံေပးတာေနာ္... အနီးကပ္ျပဳစုေစာင့္ေ႐ွာက္မယ့္ ေဆးေပးမီးယူ မိန္းမတစ္ေယာက္ေလာက္ေတာ့
မင္း ႐ွာၿပီးယူသင့္ေနၿပီ"

"....."

ပံုရိပ္က စကားတစ္လံုးမွ ျပန္မေျပာေသး။
သူ႔ကိုလည္းမၾကည့္.. မင္းခကိုလည္း မၾကည့္ဘဲ အသက္႐ႈသံပင္ မၾကားရေလာက္ေအာင္ တိတ္ဆိတ္ေနသည္။

"ပံုရိပ္သြင္က မင္းခကို တအားခင္တာပဲေနာ္။
မိုးလင္းကမိုးခ်ဳပ္ မင္းခေဘးမွာခ်ည္းပဲျမင္ေနရသလိုပဲ.. အလုပ္ေလးဘာေလးေရာ မလုပ္ဘူးလား"

သြန္းအုပ္က စိတ္ထဲကမပါသည့္ လုပ္ျပံဳးႀကီးျဖင့္ ဆက္တိုက္ေမးေနေတာ့ မင္းခ ၾကားထဲက မ်က္ႏွာပ်က္ခ်င္လာသည္။ တဆက္တည္းမွာပဲ
သြန္းအုပ္၏ ျဗဳန္းခနဲျပန္ေပၚလာသည့္ အက်င့္ေဟာင္းမ်ားေၾကာင့္ ရယ္ရခက္၊ငိုရခက္။

အရင္ကလည္း ကဗ်ာဦးႏွင့္သာမက ပံုရိပ္ႏွင့္ပါ အူတိုခဲ့ဖူးတာပဲ မဟုတ္လား။

ပံုရိပ္က ပ်က္ယြင္းေနသည့္မ်က္ႏွာကို
ပံုမွန္ျပန္ျဖစ္ေအာင္ ထိန္းလိုက္သည္။ နဂိုကအတိုင္း ​ေတာက္ပစြာျပန္ျပံဳးလိုက္ရင္း...

"မေတြ႔ရတာ ၾကာၿပီေနာ္ ကိုသြန္း။ ကိုသြန္းက
ထူးထူးဆန္းဆန္း စကားေတြအမ်ားႀကီးစေျပာေနေတာ့ ဘာကိုအရင္ျပန္ေျပာရမယ္မွန္းေတာင္ မသိဘူး"

"အဆင္ေျပတဲ့ေနရာက ျပန္ေျပာေလ.. ရပါတယ္။
ေျဖရက်ပ္ေနတဲ့ ေမးခြန္းေတြပါရင္လည္း မေျဖလို႔ရတယ္... ဥပမာ အလုပ္မလုပ္တာကို ဘာလို႔မလုပ္လဲဆိုတာမ်ိဳးက် ေျဖရက်ပ္ေနရင္ မေျဖနဲ႔ေလ"

သြန္းအုပ္က ခပ္ညစ္ညစ္ခနဲ႔ေတာ့ ပံုရိပ္ကျပံဳးသည္။ မင္းခကေတာ့ အေမးအျမန္း အစပ္အစုထူေနသည့္
သြန္းအုပ္ကို နားရြက္လိမ္ဆြဲၿပီး ေနရာက ေခၚထုတ္သြားခ်င္စိတ္ ​ေပၚေနၿပီ။

"အလုပ္ကေတာ့ အေမြရထားတဲ့ လုပ္ငန္းေတြကိုပဲ ဆက္လုပ္ေနတာပါ။ ကိုသြန္းခန္႔မွန္႔သလိုပဲ ကြၽန္ေတာ္က ခ်ဴခ်ာတယ္ေလ။ အဲ့ဒါေၾကာင့္ အိမ္ကေနလွမ္းၿပီး ႀကီးၾကပ္ေပးရံုေလာက္ပဲ လုပ္ျဖစ္တာ။ မိန္းမကေတာ့ ယူဖို႔အစီအစဥ္ မ႐ွိေသးပါဘူး။ ကိုသြန္းတို႔ ျမင္ေနရတာထက္ေတာင္ ကြၽန္ေတာ္က ကိုခအေပၚမွာ သံေယာဇဥ္႐ွိတာမလို႔ ျဖစ္ႏိုင္ရင္၂၄နာရီပတ္လံုး ကိုခအနားမွာပဲေနၿပီး ေစာင့္ေ႐ွာက္ေပးခ်င္ေနတာပါ။ စိုးရိမ္ေပးတဲ့အတြက္ေရာ၊ အၾကံေပးတဲ့အတြက္ပါ
ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ကိုသြန္း"

"•••"

ျဖည္းျဖည္းခ်င္း ေအးေအးေဆးေဆးျပန္ေျပာလိုက္သည့္ စကားမ်ားက အထစ္အေငါ့မ႐ွိ။ သြန္းအုပ္
မ်က္ႏွာပ်က္သြားသည္။ မင္းခလည္း သြန္းအုပ္ကိုၾကည့္ရင္း သက္ျပင္းခ်လိုက္၏။

သြန္းအုပ္စကားမ်ားက ေဘာင္ေက်ာ္ေနခဲ့ေသာ္လည္း ပံုရိပ္၏တံု႔ျပန္မႈကေတာ့ ေအးေဆးလြန္းေနခဲ့သည္။ မင္းခအတြက္က မထူးဆန္း။ ပံုရိပ္ဆိုသည့္ေကာင္ေလးက သူ႔ကို ဘယ္သူကပဲ ဘယ္ေလာက္ စိတ္ဆိုးေအာင္ေျပာေျပာ လံုးဝအျပံဳးမပ်က္ဘဲ တံု႔ျပန္ေျပာဆိုနိုင္တာကို
ေကာင္းေကာင္းႀကီးသိသည္။

ဇာနည္ကေတာ့ စကားဝိုင္းထဲတြင္ လံုးဝမပါသည့္
ေဘးလူသက္သက္သာ။ ကိုယ္ႏွင့္လံုးဝမသက္ဆိုင္သည့္ စကားဝိုင္းျဖစ္၍ ဝင္မေျပာရဲေသာ္လည္း ပံုရိပ္ကိုေတာ့ အရိပ္တၾကည့္ၾကည့္ျဖင့္ စိုးရိမ္ေနခဲ့မိသည္။

သို႔ေသာ္ ပံုရိပ္ထံမွ မထင္မွတ္ထားသည့္ ေသြးေအးစြာ တံု႔ျပန္မႈႏွင့္ ထိန္းခ်ဳပ္ႏိုင္စြမ္းတို႔ေၾကာင့္ ဇာနည့္မွာ တအံ့တျသ။

ပံုရိပ္က သြန္းအုပ္ကို စူးစူးစိုက္စိုက္ၾကည့္ကာ ေလွာင္ရိပ္သန္းသည့္ အျပံဳးတစ္ခုကို ျပံဳးျပလိုက္သည္။
ထိုအျပံဳးေၾကာင့္ သြန္းအုပ္ စိတ္ထဲမွာ ဖ်ဥ္းခနဲ။

"ကိုသြန္းကို ဒီမွာေတြ႔ရေတာ့ အရမ္းအံ့ျသသြားတာ။
ကိုေခရာ၊ ကိုသြန္းေရာ ေတာ္ေတာ္ေလး အံ့ျသဖို႔ေကာင္းတယ္ေနာ္။ ကြၽန္ေတာ္ေတာ့ေလ ကိုခကို အရင္ကထက္ အမ်ားႀကီးပိုၿပီး ေလးစားသြားၿပီ။ ကြၽန္ေတာ့္ကိုခကေလ သေဘာလည္း ေကာင္းတယ္။ ရင့္လည္းရင့္က်က္တယ္။ ကိုသြန္းကိုေတာင္ အခင္အမင္မပ်က္ အိမ္လည္ေခၚထားတာပဲၾကည့္။ ေလးသက္ကလည္း ဂုဏ္ယူေနမွာပါ။ သူ႔တူေလးက အရြယ္နဲ႔မလိုက္ေအာင္ တည္ၿငိမ္ရင့္က်က္လို႔"

"••••"

"ကိုခလိုမ်ိဳး လူတိုင္းအေပၚ ခြင့္လႊတ္ႏိုင္ေအာင္ ကြၽန္ေတာ္ကေတာ့ အမ်ားႀကီးႀကိဳးစားရဦးမွာ"

"•••"

"စကားကလည္းေကာင္းတယ္။ ကြၽန္ေတာ္လည္း
ခရီးေဝးကျပန္လာရေတာ့ အိမ္ျပန္ၿပီး နားသင့္ေနၿပီေလ။ ကိုခ မနက္ျဖန္က်မွ ကြၽန္ေတာ္လာခဲ့ေတာ့မယ္ေနာ္"

"အင္း"

"ကိုသြန္းေရာ.. ဘယ္ကိုျပန္ရမွာလဲ။ ကြၽန္ေတာ္နဲ႔ တစ္ခါတည္းလိုက္ခဲ့ပါလား.. လမ္းမၾကံဳလည္း
လိုက္ပို႔ေပးပါ့မယ္ဗ်ာ။ လမ္းမွာ စကားေတြေျပာလို႔ရတာေပါ့"

"မလိုဘူး ဒါငါေနတဲ့အိမ္"

"ေျသာ္.. ဟုတ္ကဲ့"

"....."

"ကြၽန္ေတာ္ ျပန္လိုက္ဦးမယ္ေနာ္ ကိုခ။ ကိုသြန္း ခြင့္ျပဳပါဦး"

"....."

-

-

တိတ္ဆိတ္ျခင္းတို႔ႀကီးစိုးသြားသည့္ အိမ္၏ဧည့္ခန္းေလးထဲတြင္ လူႏွစ္ဦးက
အေတြးကိုယ္စီျဖင့္ ခဏတာ ၿငိမ္သက္သြားသည္။

"ဟို..ဟိုေလ... မင္းခ..ငါ"

စိမ္းသက္သက္ေလထုကို ၿဖိဳခြင္းရန္ သြန္းအုပ္ဘက္က ႀကိဳးစားခဲ့ေသာ္လည္း..

ထိုင္ရာမွထကာ အိမ္ေနာက္ဘက္သို႔ ထြက္သြားသည့္သူထံမွ စကားျပန္မရခဲ့။ လက္ခနဲျမင္လိုက္ရသည့္ မ်က္ရည္စတို႔အား သုတ္ဖယ္ေပးခြင့္မ႐ွိခဲ့။ အျပစ္မက်ဴးလြန္ခဲ့သည့္
အျပစ္သားမွာ အယူခံဝင္ေျဖ႐ွင္းခ်က္ေပးခြင့္ မရ႐ွိခဲ့ေပ။

--------------

ခ်စ္လ်က္နဲ႔ မုန္းဖို႔ႀကိဳးစားတယ္။
နီးေနရက္နဲ႔ ေဝးေအာင္ေ႐ွာင္တယ္။
တကယ္ပါပဲ
မင္းက ေဘးစကားေတြနဲ႔
ကိုယ့္ကိုယ္ကို ျပန္ညႇင္းဆဲတယ္။

*****************tbc

4.June.22


[Unicode]

"အိမ်ကိုတန်းပြန်မှာလား ပုံရိပ်လေး"

"ဟင့်အင်း ကိုခဆီ အရင်ဝင်ချင်တယ်"

"မနားတော့ဘူးလား"

ပုံရိပ်က ခေါင်းခါပြသည်။ ခရီးပန်းပြီး လူကသာ
ခပ်နွမ်းနွမ်းဖြစ်နေသော်လည်း စိတ်ကဆောင်ထား၍ ထင်သည်။ မျက်နှာကတော့ ပြုံးရွှင်နေ၏။

ဒရိုင်ဘာဦးလေးက ဘာမှဆက်မမေးတော့ဘဲ
ပုံရိပ်ဆန္ဒအတိုင်း မင်းခအိမ်ဘက်သို့သာ ဦးတည်ပြီး မောင်းပေးလိုက်သည်။

ကလောပြန်ရောက်ရောက်ချင်း ကဗျာဦးတည်းခိုရန်အတွက် ကြိုတင်bookingလုပ်ထားသောhotelသို့
ကဗျာဦးကို ဝင်ပို့ပေးခဲ့ရသည်။ တကယ်ဆို ပုံရိပ်လို ပျော့တိပျော့ဖက်လေးက ခရီးဝေးကြီးကနေ ပြန်လာပြီးချိန်တွင် အိမ်ကိုတန်းပြန်ကာ အနားယူလိုက်သင့်သည်။ သို့သော်လည်း
လူပျော့သလောက် ခေါင်းမာသည့်ပုံရိပ်က မင်းခအိမ်အရင်ဝင်ကာ မင်းခမျက်နှာကို အပြေးမော်ဖူးချင်နေသေးသည်။

ကားပြတင်းပေါက်မှ အပြင်ဘက်ကိုငေးလျက်
ကိုယ့်အတွေးနှင့်ကိုယ် ပြုံးလာလိုက်၊ တည်သွားလိုက်ဖြင့် ပတ်ဝန်းကျင်ကိုလည်း မေ့နေပုံရသည့် ပုံရိပ်ကို ကားနောက်ခန်းကြည့်မှန်က လှမ်းကြည့်လိုက်ရင်း  ဒရိုင်ဘာဦးလေးက သက်ပြင်းချ၏။

ပုံရိပ်ကတော့ ဘာကိုမှမသိ။
သူ့အတွေးထဲတွင်ရှိနေတာက
မင်းခရယ်..မင်းခရယ်.. နောက်ပြီးတော့ မင်းခရယ်။

------------------

မှုန်ကုပ်ကုပ်မျက်နှာဖြင့် ဧည့်ခန်းထဲ
မိန့်မိန့်ကြီးထိုင်နေသူက သူ့ကိုယ်သူ အိမ်ကြီးရှင်လိုမျိုး။ခပ်လှမ်းလှမ်းတွင်ထိုင်နေသည့် မင်းခကို မျက်နှာတင်မက၊ တစ်ကိုယ်လုံးပါစောင်းပြီး မမြင်သလို ဥပေက္ခာပြုထား၏။

ဟုတ်သည်.. သွန်းအုပ် မင်းခကို စိတ်ဆိုးနေပါသည်။ မဟုတ်သေး.. စိတ်ဆိုးချင်ဟန်ဆောင်နေပါသည်။

အခုလေးတင် အိပ်ချင်ဟန်ဆောင်ကာ
အနမ်းခံနေသူနှင့် အိပ်ပျော်နေသည့်သူကို ခိုးနမ်းသည့်သူက သူတို့မဟုတ်သလို နှစ်ယောက်စလုံး၏ မျက်နှာထားများက ရန်သူတွေလို ဖြစ်နေကြ၏။

အကြောင်းရင်းကတော့ ဇာနည်တစ်ယောက် အိမ်ထဲသို့ အသံမပြုဘဲဝင်လာရာက စပါသည်။

-

-

ဇာနည် အိမ်ထဲသို့ဝင်လာချိန်တွင် မင်းခက
သွန်းအုပ်အနားမှထသွားပြီး နောက်ဖေးသို့ ဘာသွားလုပ်နေသည်မသိ။

အနောက်ဘက်ထဲသို့ ရောက်နေသဖြင့် ဇာနည်
အိမ်ထဲဝင်လာတာကို မင်းခက မသိလိုက်ပေ။
မျက်စိနှစ်လုံးစုံမှိတ်ကာ ပြုံးဖြီးဖြီးမျက်နှာကို
အတင်းဖုံးဖိရင်း အိပ်ဟန်ဆောင်ကောင်းနေဆဲဖြစ်သည့် သွန်းအုပ်ကလည်း ဇာနည့်ကိုမမြင်ရ။

စပ်စပ်စုစုနိုင်လွန်းသည့် ဇာနည်ကလည်း သူ့ဆရာ
အနောက်ဘက်မှာရှိနေတာကို မသိဘဲ အိမ်ပြန်မရောက်သေးဟုသာထင်ပြီး အိပ်နေသည့် သွန်းအုပ်အား စူးစူးစမ်းစမ်း ထိုင်ကြည့်နေလိုက်သည်။

အိပ်နေသည်ဆိုသော်ငြား ဦးပိုင်၏မျက်နှာက
ပြုံးစိပြုံးစိဖြစ်နေသည်။ အိပ်မက်ထဲတွင် ချစ်သူနှင့် ပလီပလာ၊တီတီတာတာ ချစ်စကားလေးများပြောရင်း အတော်လေး သာယာနေပုံရ၏။ ဒါမှမဟုတ် တကယ်အိပ်ပျော်နေတာရော ဟုတ်ရဲ့လား?

သူအိပ်နေသည့် ဘေးနားတွင် ငြိမ်ငြိမ်ကလေးထိုင်နေရင်းက ရုတ်တရက် လှုပ်လှုပ်ယွယွဖြစ်လာသည့် မင်းခကြောင့် သွန်းအုပ် အိပ်ချင်ယောင်ဆောင်နေရင်းက
မျက်လုံးတစ်ဖက်ကို ခြောက်ပုံတစ်ပုံလောက်ဖွင့်၍ ချောင်းကြည့်ရန် စဉ်းစားမိသည်။ သို့သော် မဖွင့်ရဲ။

ဇာနည် စိတ်ဝင်တစားနှင့် သွန်းအုပ်၏မျက်နှာကို
အနီးကပ်ပြီး သေသေချာချာ စူးစမ်းကြည့်ရှုနေမိစဉ်...

"ဟိုကောင်! ဘာလုပ်နေတာလဲ အဲ့ဒါ!"

ဟိန်းခနဲထွက်ပေါ်လာသည့် မင်းခ၏အသံကျယ်ကျယ်။

ဇာနည်ထိုင်နေရင်းက အလန့်တကြား မတ်တပ်ထရပ်လိုက်မိသလို အိပ်ချင်ယောင်ဆောင်နေသည့် သွန်းအုပ်ကလည်း ငေါက်ခနဲ ထထိုင်မိသည်အထိ။

ခပ်လှမ်းလှမ်းတွင် မျက်နှာရှစ်ခေါက်ချိုးရုံမက
တွန့်ကြေနေပြီဖြစ်သည့် မျက်နှာမျိုးဖြင့် ခါးထောက်ကာ မားမားကြီးရပ်ကြည့်နေသော မင်းခကိုကြည့်ရင်း ဇာနည် အသက်ပင်ရဲရဲမရှုရဲ။

မင်းခ၏ မျက်နှာက နီရဲနေသည်။ တင်းခနဲ၊ တင်းခနဲ
ဖြစ်သွားသည့် မေးရိုးနှစ်ဖက်က ဒေါသကို မနည်းထိန်းနေရကြောင်း တစ်ဖက်လူရူးနေလျှင်တောင် နားလည်သွားစေနိုင်သည်။ သွန်းအုပ်ကိုလည်း မကျေမနပ်နှင့် လှမ်းကြည့်နေသည့် မင်းခက တော်တော်လေးကို လန့်စရာကောင်းနေ၏။

ချီးးး!
ဆရာက ဒီနေ့ကျမှ ဘာလို့အဲ့လောက်ကြောက်စရာ ကောင်းနေတာလဲ။

ငုတ်တုပ်ကလေး ထထိုင်နေသည့် သွန်းအုပ်က
မင်းခကိုတစ်လှည့်၊ ဇာနည့်ကိုတစ်လှည့် အူတူတူဖြင့် ကြည့်နေမိသည်။

ခုနက သူ့နဖူးကို သူခိုးနမ်း,နမ်းသွားသည့် မင်းခက
သူနှင့်ခပ်လှမ်းလှမ်းတွင် ရပ်နေသည်။ အင်္ကျီအဖြူလည်ကတုံးနှင့် ကျောင်းစိမ်းပုဆိုးအစိမ်းကို ဝတ်ထားသည့် ထောင်ထောင်မောင်းမောင်း ကျောင်းဆရာကြီး၏မျက်နှာက တည်ငြိမ်ရင့်ကျက်နေဖို့ ဝေလာဝေး... မုန့်လုစားခံရသည့် ကလေးတစ်ယောက်လိုမျိုး တရှုးရှုးတရှဲရှဲဖြစ်နေ၏။

ဘယ်အချိန်က သူ့အနားရောက်လာသလဲမသိရသည့်
ဇာနည်ကတော့ မျက်လုံးလေးကလယ်ကလယ်ဖြင့် မင်းခ၏ အကြည့်စိမ်းစိမ်းအောက် ကျောချမ်းအောင် ကြောက်နေပုံရသည်။

သွန်းအုပ် ရယ်ချင်သွားသည်။
ထိုချာတိတ်က အကြောင်းမသိရင်သာ Fighterဟု
ထင်ရသော်လည်း တကယ့်,တကယ်တမ်းမှာတော့ ငကြောက်လေးဖြစ်၏။ တခြားသူများကတော့ ဘယ်လိုမြင်မည်မသိ။ သွန်းအုပ်အမြင်မှာတော့ ဇာနည်က ပေါတောတော ငကြောက်လေးတစ်ကောင်သာ။

ဇာနည့်ကို ခပ်လှောင်လှောင်ကြည့်မိနေရင်းက
အမှတ်တမဲ့ မင်းခဘက် ပြန်လှည့်ကြည့်မိတော့....
ရက်လွန်နေသည့် ခရမ်းချဉ်သီးမှည့်လို နီရဲရှုံ့တွနေသည့် မျက်နှာထားမျိုးဖြင့် သူ့ကို စိုက်ကြည့်နေသည့် မင်းခကို ထိတ်လန့်ဖွယ်ရာ မြင်ရသည်။

တစ်ဖက်နှင့်တစ်ဖက် ထိလုတော့မတက် တွန့်ချိုးထားသည့် မျက်ခုံးထူထူနှစ်ဖက်က ဘာတွေကို အလိုမကျ၍
ဒီလောက်ဖြစ်ပျက်နေရသလဲ နားမလည်။ သဝန်တိုနေသည်ဟု မှတ်ယူပြီး ကျေနပ်ပီတိဖြစ်ရအောင်ကလည်း သူနှင့်ချာတိတ်က ဘာမှလုပ်နေတာလဲမဟုတ်။ ဒါမှမဟုတ် တကယ်ကြီး
သဝန်တိုနေတာများလား။

ခုနတုန်းက မင်းခ သူ့အနားက ထသွားတာကို သိလိုက်သည်။ သို့သော် နောက်တစ်ကြိမ် အနားတွင်လာထိုင်သူကိုတော့ ဇာနည်မှန်းပင်မသိလိုက်။ မင်းခဟုသာတထစ်ချထင်ပြီး မျက်လုံးတောင်ဖွင့်မကြည့်ရဲခဲ့။

လူကိုမမြင်ရဘဲ ကိုယ်သင်းနံ့ကိုရှုရှိုက်ပြီး
မှတ်မိခဲ့နိုင်ဖို့ကလည်း သူက ကိုယ်သင်းနံ့ကို ခွဲခြမ်းစိတ်ဖြာလေ့လာနေသည့် အနံ့အသက်အထူးပြုပါရဂူလည်းမဟုတ်။ ထို့ကြောင့် သူ့အနားတွင် ဒုတိယအကြိမ်လာထိုင်နေသူကိုလည်း တခြားလူဟုပင် မထင်မိခဲ့ပေ။

နောက်ဆိုလျှင်တော့ မင်းခကိုယ်သင်းနံ့ကို သေသေချာချာ မှတ်ထားမှဖြစ်မည်။ ကိုယ်သင်းနံ့မရှိရင်လည်း ချွေးနံ့ပေါ့။ မတတ်နိုင်.. မရှိ,ရှိရာတော့ သေချာခွဲမှတ်ထားလိုက်ပါ့မည်။

"မင်းကိုငါ အိမ်ထဲဝင်လာရင် အသံပေးလို့
ဘယ်လောက်ပြောပြော မမှတ်မိဘူးလားး!"

မင်းခ၏ လေယူလေသိမ်းနူးညံ့ညင်သာနေမှုကြောင့် ရုတ်တရက် ဇာနည့်ကျောထဲ စိမ့်ခနဲပင်ဖြစ်သွားသည်။

"ဟို...ဟိုလေ"

"ရောက်ရင်လည်း ကိုယ်ထိုင်နေကျနေရာမှာ
ငြိမ်ငြိမ်ဝင်ထိုင်နေလေ! ငါ့ပစ္စည်းတွေကို ထိတာ၊ကိုင်တာ၊ စပ်စုတာ မကြိုက်ဘူးလို့ ပြောမထားဘူးလား။ ငါကမင်းကို ဆရာတပည့်လိုထက် ညီအစ်ကိုလိုဆက်ဆံပေးနေလို့ မခန့်တော့တာလားး"

"•••"

ဘာမဟုတ်သည့်ကိစ္စ (တကယ်တော့ ဘာမှန်းကိုမသိသေးသည့်ကိစ္စ)နှင့် အခုလောက်ကြီး အကောခံနေရတာကို ဇာနည် မကျေနပ်တော့။
စာမေးပွဲရက်အတွင်းမို့ ကံကြီးထိုက်မှာစိုး၍
မြိုသိပ်ထိန်းချုပ်ထားခဲ့သည့် ဂျစ်ကန်ကန်စကားလုံးများက လျှာပေါ်တွင် တယားယားဖြစ်လာသည်။ သို့သော်ငြား အတတ်နိုင်ဆုံး မျက်နှာချိုသွေးကာ ရယ်ကျဲကျဲလုပ်လိုက်ရင်း..

"စိတ်လျှော့ပါ ဆရာရယ်.. ကျွန်တော် အခု
ဆရာ့ကိုဘာတွေများ မလေးမစားလုပ်မိလိုက်လို့လဲ။
ဦးပိုင် အိပ်ပျော်နေတာလား/အိပ်ချင်ယောင်ဆောင်နေတာလားဆိုတာကို သေချာ သိချင်လို့ ကြည့်နေရုံလေးဟာကို။ နောက်ပြီး ဦးပိုင်က ဆရာ့အိမ်က ပစ္စည်းမှမဟုတ်တာ။ ဆရာပိုင်တဲ့
ပစ္စည်းလည်းမဟုတ်ပါဘူး။ လူလေ လူ..လူ.. ပိုင်ရှင်မရှိသေးတဲ့..."

"တိတ်စမ်း! မချေရာတဲ့စကားတွေ ဆက်ပြောမနေနဲ့တော့!မင်းစာလုပ်ဖို့လာတာမလား။ စာသွားကျက်တော့ သွား..!"

"ဟုတ်ပြီ..အာစရိ!"

"ခဏနေပါဦး.. မင်းကို မေးစရာရှိသေးတယ်။ ငါ မနက်က မင်းအမေကို ကျောင်းရှေ့မှာ မှာလိုက်တဲ့ကိစ္စ မင်းအမေ ဘာမှပြန်မပြောဘူးလား"

"ပြောတယ်"

မင်းခ စိတ်ပျက်ကာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ဇာနည့်အမေကို မနက်က ကျောင်းရှေ့မှာတွေ့တုန်း သေချာမှာလိုက်သည်။
သူ့အိမ်မှာ ဧည့်သည်ရောက်နေတာကြောင့် ဇာနည်စာကျက်ရ ပိုအဆင်ပြေစေရန် အိမ်မှာသာနေခိုင်းဖို့။

ထိုသို့မှာလိုက်သော်လည်း ဆရာကို အတော်ချစ်နေပုံရသည့် ဇာနည်က ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာပြန်သည်။ သွန်းအုပ်လည်း သူနှင့်အတူ အိမ်မှာနေတော့မည်ဖြစ်တာမို့
သူ့အိမ်တွင် လူရုတ်ရုတ်၊ရုတ်ရုတ်ဖြစ်နေမှာကို မကြိုက်။

မင်းခက လူနှစ်ယောက်မှသုံးယောက် အတူမနေချင်ရုံသာ။
သွန်းအုပ်နှင့် နှစ်ယောက်တည်းနေလိုခြင်း၊ သွန်းအုပ်  မျက်စိနောက်မှာ၊စိတ်ရှုပ်မှာကို ထည့်တွေးနေမိခြင်းမျိုးတွေ လုံးဝ(လုံးဝ)မဟုတ်ပါ။

မင်းခက စကားသံပြတ်ပြတ်ဖြင့် ပြန်ဖြေသည့် ဇာနည့်ကို သိပ်မကျေနပ်သေးဘဲ ဆက်ပြောပြန်သည်။

"ပြောတာကို ဘာလို့ရောက်လာရပြန်တာလဲ။
မနက်ဖြန်နဲ့သဘက်ခါ နှစ်ရက်တောင် ကြားထဲမှာ ပိတ်ထားတာလေ။ နောက်ဆုံးတစ်ဘာသာလေးကို ကိုယ့်အိမ်မှာကိုယ်ကျက်ဖို့ မစဉ်းစားမိဘူးလား"

"ဟင့်အင်း...ဆရာ့အိမ်မှာစာကျက်ရင် စာပိုရလို့"

"•••"

အော့ကြောလန် တပည့်အလိမ္မာတုံးလေး ဇာနည်ကို
မင်းခ ဘာမှဆက်မပြောတော့။ ကိုယ့်တပည့် အရင်းခေါက်ခေါက်နှင့်တွဲပြီး အူတိုနေရတာကမဟုတ်သေး။ ဆရာဖြစ်ပြီး သဘောထားမရင့်ကျက်ဘဲ ကလေးဆန်သည်ဟု အထင်ခံရမှာကြောက်သည့် မင်းခက ကိုယ့်စိတ်ကိုယ်သာ ပြန်ထိန်းလိုက်သည်။

ဇာနည်က ခပ်တည်တည်ပင်... စိတ်ထဲရှိရာ ပြောအပြီး ကျက်ရမည့်စာအုပ်နှင့် ကျောမှီခုံတစ်လုံးကိုယူကာ
ခြံထဲသို့ ဆင်းသွားပြီဖြစ်၏။

ရင့်ကျက်တည်ငြိမ်လွန်းသည့် မင်းခက တပည့်ဖြစ်သူအား ဆက်မဆူတော့ဘဲ သဘောထားကြီးကြီးဖြင့်
မျက်နှာလွှဲလိုက်သည်။ သို့သော်ငြား ထိုင်ရာကမထသေးသည့် သွန်းအုပ်ကိုတော့ အကြည့်စူးစူးများဖြင့် ကြည့်လိုက်ရင်း..

"သွန်းအုပ်စိုးပိုင်! ခင်ဗျားလည်း အဝတ်ကလေး
လေး၊ငါး၊ခြောက်ထည် မီးပူတိုက်ပြီး တော်တော်ပင်ပန်းနေတယ် ဟုတ်လား! အိမ်ထဲ လူတစ်ယောက်လုံးဝင်လာပြီး ခင်ဗျားကိုယ်ထဲ ဝင်တော့မတက် ကပ်ထိုင်နေတာတောင် မသိဘူးလား"

"•••"

"ခင်ဗျား တော်တော်လေး ပေါ့တီးပေါ့ဆနိုင်တာပဲ!
သူခိုးဝင်လာလည်းမသိလို့ ရှိသမျှပစ္စည်း အကုန်ပြောင်မယ်။ လူသတ်သမားဝင်လာလည်း သတိထားမိမှာမဟုတ်လို့ သေဦးမယ်"

"....."

"ကုလားသေကုလားမောနဲ့ အဲ့လိုသာ အိပ်,အိပ်နေမယ်ဆိုရင် ခင်ဗျားကိုတစ်ယောက်တည်း အိမ်မှာဘယ်လိုထားခဲ့ရမလဲ။
စိတ်ချစရာက တစ်ကွက်မှမရှိဘူး။ နောက်ဆံမတင်းစရာတွေ စလာပြီ။ နောက်ပြီး.."

"တော်တော့ကွာ! နားငြီးလာပြီ! အဲ့လောက် ဖြစ်နေရင် ငါအိမ်ပေါ်ကဆင်းတော့မယ်"

"ခင်ဗျားး"

ဇိုးဇိုးဇက်ဇက်နှင့် သူ့အဝတ်အစားများထည့်ထားသည့် ကျောပိုးအိတ်ကို ကောက်ကိုင်ဟန်ပြင်တော့ မင်းခက ထိုကျောပိုးအိတ်အား အမြန်လိုက်ဆွဲလုသည်။

"ဘာလုပ်တာလဲ။ ငါ့အိတ် ပြန်ပေး!"

"ခင်ဗျား လာချင်တဲ့အချိန်လာပြီး ပြန်ထွက်ချင်တဲ့အချိန် ပြန်ထွက်ခွင့်ပေးရအောင် ကျွန်တော့်အိမ်က
သာလာယံဇရပ်မဟုတ်ဘူး"

"နေမင်းခ!"

"....."

"ငါ့အိတ်ကိုပေး!"

"မနက်က အဲ့လေသံနဲ့ပြောတာမဟုတ်ဘူး"

"ကျစ်! ရစ်မနေနဲ့.. ငါ့အိတ်ကိုသာပေး။ အိမ်ရှင်မကြည်ဖြူဘဲ ငါမနေဘူး။ မင်းလည်း ငါ့ကိုမြင်ရတာ ပူလောင်နေတယ်မလား"

"......"

"ထွက်သွားတာပဲ ကောင်းတယ်။ ကိုဗလကြီးဆိုင်မှာပဲ တောင်းပန်ပြီး အလုပ်ပြန်ဝင်တော့မယ်"

"ခင်ဗျားး!"

အံတကြိတ်ကြိတ်နှင့် စိတ်တွေဆိုးနေသည့်
မင်းခကိုကြည့်ရင်း သွန်းအုပ် ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်။ သေချာပေါက် ဒါသဝန်တိုနေတာမဟုတ်လား?

သွန်းအုပ်တို့က အခွင့်အရေးကို အမိအရ
ဆုပ်ကိုင်တတ်လာပြီ။ မနက်ကအထိ ရှိနေခဲ့သည့်အတွေးတို့ သူ့မှာမရှိတော့။

သူ့နဖူးပေါ်က အနမ်းနုနုတစ်ခုအားကိုးဖြင့် မင်းခကို
အကျပ်ကိုင်ရဲလာသည်။ မင်းခ၏ လျို့ဝှက်ခန်းလိုလို၊စတိုခန်းလိုလို အခန်းထဲက အမှတ်တရများအားကိုးနှင့် အရင်တုန်းကလို ပြန်ဆိုးချင်လာ၏။

မင်းခနှင့်ပြန်မတွေ့ရသေးခင်၊ မင်းခ၏ စိတ်ရင်းကို
သေချာမသိရသေးခင်ကအထိ မင်းခရှေ့တွင် လိမ္မာရန်၊ ပြုပြင်ရန်တွေးထားခဲ့သော်လည်း အခုမင်းခပုံစံကို မြင်ပြီး၊ သိပြီးကတည်းက မင်းခကို အကြပ်ကိုင်၊အနိုင်ကျင့်ချင်စိတ်များသာ ပေါ်လာ၏။

မလိမ္မာဘူးပဲဆိုဆို...
မရင့်ကျက်ဘူးပဲပြောပြော
အသက်တွေကြီးလာတာတောင်
ကိုကိုက မင်းနဲ့ဆိုရင်
ကလေးဗိုလ်ပဲ လုပ်ချင်နေတော့လည်းး။

"ပေးလေ.. ငါ့အိတ်! ငါက မျက်နှာငယ်လေးနဲ့ မင်းအိမ်မှာ ကပ်နေရတာကို မင်းက လာပြီးဆူဟောက်နေတယ်။
မနေတော့ဘူးကွာ။ ငါ့ဘာသာ ကိုဗလကြီးနဲ့ပဲသွားနေပြီး အလုပ်လုပ်တော့မယ်"

"ခင်ဗျား သွားချင်တိုင်းသွားခွင့်ပေးရမှာလား!"

"ငါ့ကိုမအော်နဲ့!!"

"...."

အတည်ကြီးစိတ်ဆိုးသလို အော်လိုက်တော့
ငယ်ငယ်ကတည်းက အကျင့်ပါနေ၍ ထင်သည်..
ဘာမှ ဆက်မပြောတော့ဘဲ ငြိမ်ကျသွား၏။ အခုလို အခြေအနေမျိုးမှာတောင် မင်းခ၏မသိစိတ်ထဲတွင် သူ့စကားဆိုလျှင် အမိန့်တစ်ခုလို မှတ်ယူမိနေဆဲလား မပြောတတ်။

အသံတိတ်ကာ ငြိမ်သွားပြီဖြစ်သော်လည်း မကျေမနပ် ဖြစ်နေသေးသူက တစ်ခုခုပြောချင်နေဟန်
ကြိတ်မနိုင်ခဲမရဖြင့် ပါးစပ်တပြင်ပြင်။

သွန်းအုပ်က မင်းခအား စိတ်ဆိုးသလို အကြည့်စူးစူးဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဘာမှဆက်မပြောတော့ဘဲ
ဧည့်ခန်းထဲက ဆက်တီခုံပေါ်သွားထိုင်နေလိုက်သည်။ သူ့ပုံစံက ရည်းစားချော့တာခံချင်၍ မူနေသလို။

မင်းခက သွန်းအုပ်ကို မျက်နှာလွှဲကာ ကျောခိုင်းလိုက်သည်။ လက်ထဲမှာကိုင်ထားဆဲဖြစ်သည့် သွန်းအုပ်၏ ကျောပိုးအိတ်ကိုတော့ပြန်မပေးဘဲ သူ့အိပ်ခန်းထဲယူသွားရန် ပြင်သည်။

သူ့အဝတ်အိတ်ကို အခန်းထဲယူသွားပြီး လူကိုလည်း
သွားခွင့်ပြုမှာမဟုတ်သည့် မင်းခ၏စိတ်ကို ခန့်မှန်းမိ၍ သွန်းအုပ် ကြိတ်ပြုံးလိုက်သည်။

မင်းခက သူ့အိပ်ခန်းရှိရာကို မသွားသေးခင် ကျောခိုင်းလျက် သားက သွန်းအုပ်ကြားသာရုံ အေးစက်စက်လေသံဖြင့်...

"ခင်ဗျားး အရမ်းမုန်းဖို့ကောင်းတယ်"

"••••"

အေးစက်စက်ပြောအပြီး အနားကထွက်သွားသည့်သူ၏ စကားက မနက်ကအထိ စိတ်မျိုးနှင့်သာဆိုလျှင် သွန်းအုပ် ကိုယ့်ကိုယ်ကို ပိုသနားမိမည်ထင်သည်။ အခုချိန်မှာတော့ တစ်စုံတစ်ယောက်အတွက်သာ သနားစိတ်ကပိုနေမိသည်။

မိနစ်အနည်းငယ်ကြာမှ မင်းခက အခန်းထဲကပြန်ထွက်လာပြီး ခြံထဲသို့ဆင်းသွားသည်။ ခြံထဲတွင် စာထိုင်ကျက်နေသည့် ဇာနည့်ကို စာနှင့်ပတ်သက်၍ တစ်ခုခုသွားပြောနေပုံရ၏။

ထို့နောက် အိမ်ထဲသို့ပြန်ဝင်လာပြီး သွန်းအုပ်
ထိုင်နေသည့်နေရာနှင့် မလှမ်းမကမ်းရှိ စာကြည့်စားပွဲတွင် ဝင်ထိုင်လိုက်သည်။ တမင်တကာမျက်နှာလွှဲပြီး ထိုင်နေသည့်သူ့ကို ခဏခဏလှမ်းကြည့်နေခြင်းအား မျက်လုံးထောင့်မှ မြင်နေရသော်လည်း သွန်းအုပ်သေချာ လှည့်မကြည့်ဖြစ်။

အခုလို စိတ်ဆိုးချင်ဟန်ဆောင်ပြီး မင်းခကို စိတ်ဆိုးအောင် စနေရတာကိုပျော်နေသည်။ ငယ်ငယ်က ဘာဖြစ်လို့များ ခုလိုမျိုးမနေဖြစ်ခဲ့ကြပါလိမ့်။

အရင်က
သူဘာပဲလုပ်လုပ်.. ဘာပဲပြောပြော မင်းခက စိတ်ဆိုးခဲသည်။ ဒေါသကြောင့် အနိုင်ကျင့်သလိုဖြစ်သွားလည်း ခေါင်းငုံ့၍ ငြိမ်ခံသည်။ လူကြီးလေးတစ်ယောက်လို သူနှင့်ပတ်သက်သမျှ အရာခပ်သိမ်းအား တာဝန်ယူ၊ကာကွယ်၊ဖြေရှင်းသည်။

ဟန်မဆောင်တတ်သည့် မင်းခက ကလေးစိတ်မကုန်သေးမှန်း ထိုအချိန်ကတည်းက သိခဲ့သော်လည်း ကလေးဆန်ဆန် အပြုအမူမျိုးတော့ မင်းခဆီမှာ သိပ်မတွေ့ဖူးခဲ့။ သူ့ဦးလေးကို ချွဲသည်။ ဝမ်းနည်းစရာကိစ္စရှိလျှင် ငိုမည်.. ဒီလောက်သာ။

များသောအားဖြင့် မင်းခပုံစံက ရင့်ကျက်တည်ငြိမ်သလို ထင်ရတာကြောင့် အမှန်အတိုင်းဝန်ခံရလျှင် မင်းခကို အခုလောက်ထိ သဝန်ကြောင်အူတိုတက်လိမ့်မည်ဟုလည်း ထင်မထားး။ အရင်ကဆိုလျှင် သူ့ဘက်ကချည်း မင်းခကို သဝန်တိုနေခဲ့ရသည်သာ။

ဘာပဲပြောပြော အခုလို သူ့ကိုမုန်းချင်ယောင်ဆောင်ပြီး သဝန်တိုနေသည့် မင်းခ၏ပုံစံလေးကို ပိုသဘောကျသည်။ အလိုလိုက်ပြီး ဂရုစိုက်ပေးနေတုန်းကလည်း တစ်မျိုးချစ်သည်။ ရုပ်တည်ကြီးနှင့် ဂရုမစိုက်သလိုနေပြီးမှ သူခိုးကျင့်သူခိုးကြံနှင့် ခိုးကြောင်ခိုးဝှက်ချစ်နေတာကိုလည်း တစ်မျိုးချစ်ရပြန်သည်။

မှင်သေသေဖြင့် စိတ်ဆိုးနေသလိုသာ ဆက်နေလိုက်သည်။ အခု မင်းခ ထအော်သည့်ကိစ္စက ဘာမှလည်းမဟုတ်တာမို့ သူတကယ်စိတ်ဆိုးမည်ဆိုလည်း ဆိုးလို့ရသည့် အနေအထားမှာရှိသဖြင့် ခပ်တည်တည်ပင် စိတ်ဆိုးနေလိုက်သည်။

မင်းခ၏စိတ်ထဲမှာတော့ ကလိကလိဖြစ်နေသည်။ မနက်ကတော့ အချိုးကတစ်မျိုး၊ အခုကျတော့...

သွန်းအုပ်ကို လှမ်းကြည့်လိုက်တော့ တကယ်စိတ်ဆိုးနေသည်ထင်သည်။ မူပိုင်စတိုင်ဖြစ်သော မျက်နှာထားအတည်လွန်ပြီး မှုန်ကုပ်ကုပ်ဖြစ်နေသည့် ရုပ်မျိုးဖြင့် နှုတ်ခမ်းစူလျက် ထိုင်နေသည်။

သူဆူလိုက်တာက လွန်များသွားပြီလား။
ဟိုကောင် ဇာနည်ကလည်း သွန်းအုပ်ကို ဘာကြောင့် အဲ့လောက်အနီးကပ်ကြီး ထိုင်ကြည့်နေရသည်မသိ။ သွန်းအုပ်ကလည်း တမေ့တမော အိပ်မောကျနေသည်။ သူမဟုတ်သည့် တခြားတစ်ယောက်ယောက် ခိုးနမ်းး
မှားလို့* အိမ်ထဲဝင်ခိုးသွားလည်း ထိုလူသိလိုက်မှာမဟုတ်။

အခုလိုအခြေအနေမျိုးမှာ သွန်းအုပ်၏စိတ်ထဲ အနည်းနှင့်အများတော့ အားငယ်နေလိမ့်မည်။ အိမ်ရှင်တစ်ယောက်အနေနှင့် သူ မဆူမဟောက်သင့်မှန်းသိသည်။ သို့သော် လေပြေထိုး၍ ဆုံးမနားချနေဖို့အထိလည်း သူ့ကိုယ်သူခွင့်မပြုနိုင်။

လေးသက်ကို အားနာသည်။ သူ့လုပ်ရပ်များကိုသာ တမလွန်ကနေ လေးသက်လှမ်းမြင်လျှင် ကျွေးမွေးစောင့်ရှောက်ရကျိုးမနပ်၍ ရင်နာပြီး သွေးပွက်ပွက်အန်သွားနိုင်သည်။

စိတ်ဆိုးဝမ်းနည်းနေမည့် သွန်းအုပ်ကိုလှမ်းကြည့်ပြီး သက်ပြင်းချမိသည်။ အခုလောလောဆယ်
ဘာစကားစပြောရမည်ကို သူတကယ်မဝေခွဲနိုင်သေး။

-

-

ကျွီ..

ခြံတံခါးတွန်းဖွင့်သံကြောင့် ဝင်လာသည့်သူကို ဇာနည် မော့ကြည့်လိုက်သည်။ မီးခိုရောင်ခပ်ဖျော့ဖျော့ ဆွယ်တာအပွလေးနှင့် သူ့ကိုလိုလိုလားလား ပြုံးပြလိုက်သည့်သူကိုမြင်တော့ ဝင်သက်၊ထွက်သက်များပင် မှားကုန်ရသည်။

အကို..

ပုံရိပ်က ခြံထဲတွင် စာထိုင်ကျက်နေသည့် ဇာနည့်အား
ပြုံးပြလိုက်သည်။ ကြည့်ရတာ ကိုခက
စာမေးပွဲဖြေနေသည့် သူ့တပည့်နှစ်ယောက်ကို အိမ်မှာ စာခေါ်ကျက်ခိုင်းနေပုံရသည်။ ဖိနပ်ချွတ်သည့်နေရာမှာ လှမ်းမြင်နေရသည့် မင်းခsizeမဟုတ်သော ဖိနပ်တစ်ရံက မင်းခတပည့်ထဲတွင် စာအတော်ဆုံးဆိုသည့် ကောင်လေး၏ဖိနပ်ဖြစ်ရမည်။

"အကို.. ဘယ်တုန်းကပြန်ရောက်.."

ဇာနည့်စကားက အဆုံးသတ်ခွင့်မရလိုက်။

ရုတ်တရက် ပါးစပ်ကိုလာအုပ်သည့်
လက်ဖဝါးနုနုလေးတစ်ဖက်က သူ့လည်ချောင်းထဲက အသံများကို ပျောက်ရှသွားစေသည်။ ညာဘက်လက်ညှိုးလေးကို နှုတ်ခမ်းမှာကပ်ပြီး ခေါင်းကိုခါပြလျက် 'ရှုး..တိုးတိုး'ဟူသည့်သဘောမျိုး လုပ်ပြနေသည့် ပုံရိပ်၏မျက်နှာလေးကို ဇာနည်
မျက်တောင်မခတ်တမ်းကြည့်နေမိ၏။

မိနစ်ဝက်လောက်တောင် မရှိနိုင်သည့် ထိုစက္ကန့်ပိုင်းအချို့တွင် ဇာနည့်အသိစိတ်က ဗလာဖြစ်သွားသည်။

သတိရနေတုန်းမှာမှ တိုက်တိုက်ဆိုင်ဆိုင်။

"ကိုခ အထဲမှာမလား"

"...."

ခပ်တိုးတိုးလေးမေးလာသည့် အမေးစကားအား ခေါင်းညိတ်ပြပြီး ပြန်ဖြေပေးလိုက်တော့ အကိုက
ချက်ချင်းပင် အိမ်ထဲကို ကွက်ကြည့်ကွက်ကြည့်လုပ်ရင်း ဝင်သွားရန်ပြင်သည်။

မြင်နေကျ အကို့မျက်နှာလေးက ဒီနေ့ ပိုလန်းနေသည်။ ဆရာ့ဘေးမှာ ရှိနေရချိန်တိုင်း တောက်ပနေသည့်
မျက်ဝန်းလေးများကလည်း တာဝန်မပြတ်.. အစွမ်းကုန် လင်းလက်နေကြသည်။

ဆရာ့မျက်နှာမမြင်ရသေးဘဲနဲ့တောင် ဒီလောက်ထိ ပျော်နေတာလား။

!

အတွေးတစ်ခုကြောင့် အိမ်ထဲသို့ဝင်ရန် ဖိနပ်ချွတ်နေပြီဖြစ်သည့် ပုံရိပ်အနား အပြေးလိုက်သွားမိသည်။ ပုံရိပ်အား အိမ်ထဲသို့ တန်းမဝင်စေချင်.. သွန်းအုပ်နှင့် မင်းခတို့နှစ်ဦး၏ အကြောင်းကို ပုံရိပ်က သူ့ထက်နားလည်မှာ သေချာသည်။

မျက်နှာထက်က အပြုံးလေး ပျောက်ကွယ်သွားမှာ။
မျက်ဝန်းထဲက အလင်းတန်းလေး မှေးမှိန်သွားမှာ။

စိုးရိမ်တကြီးဖြင့် တစ်နေရာကို ဆွဲခေါ်ထုတ်သွားချင်သည်။
မင်းခနှင့် သွန်းအုပ်တို့ကြား အပိုလူလိုဖြစ်နေမည့်
ပုံရိပ်ဆိုသည့် သူ့ရှေ့ကလူသားလေးကို ဇာနည်
သနားလွန်းလို့ မင်းခတို့နှင့် ဝေးရာအရပ်ကို ခိုးယူသွားချင်သည်။ သွန်းအုပ်နှင့် မင်းခတို့ အတူရှိနေကြသည့် မြင်ကွင်းမျိုးကြောင့် စိတ်မပင်ပန်းစေချင်။

ဖိနပ်ချွတ်နေရင်း အနားတွင်လာရပ်နေသည့် ဇာနည့်ကို ပုံရိပ်က အံ့သြစွာဖြင့် မော့ကြည့်လိုက်သည်။ တစ်ခုခုပြောဖို့ အရှိန်ယူနေပုံရသည့် ဇာနည့်ကို ခဏသာကြည့်ပြီး
အိမ်ထဲကိုသာ ဟိုကြည့်ဒီကြည့် လှမ်းကြည့်ရင်း မင်းခရှိမည့်နေရာကို ရှာနေလိုက်သည်။

"အရိပ်! ဘယ်တုန်းက ပြန်ရောက်တာလဲ။ ကိုယ့်ကို ဖုန်းတောင်မဆက်ဘူး"

"အာာ ကိုခကို surpriseလုပ်မလို့ပါဆို။ ကိုခက
အရင်မြင်သွားပြီ"

"....."

မင်းခက ခပ်ဟဟရယ်လိုက်တော့ တမေ့တမောငေးကြည့်ရင်း ပြုံးနေပြန်သည့် ပုံရိပ်အား ဇာနည်ပိုစိုးရိမ်လာသည်။ သွန်းအုပ်ကို အိမ်ထဲက ထွက်မလာဖို့သာ ဆုတောင်းရတော့မည်။

"ပြန်တွေ့ရတာဝမ်းသာပါတယ် ပုံရိပ်သွင်"

"•••"

သြကာသကန်တော့ချိုးပင် တစ်နှစ်ကြာလို့
တစ်ခေါက်မဆိုဖြစ်သည့် ဇာနည်ရဲ့ဆုတောင်းကမပြည့်ခဲ့ပါ။

ပါးစပ်အဟောင်းသားလေးဖြင့် သွန်းအုပ်ကို
ငေးကြည့်နေသည့် ပုံရိပ်၏ မျက်နှာက မကောင်းဆိုးဝါးတစ်ကောင်ကို တွေ့လိုက်ရသလို
ချက်ချင်းပင် ဖြူဆုတ်လာသည်။

"အဟမ်းး ဟို..ဟိုလေ.. ဆရာတို့ အိမ်ထဲကျမှ
စကားပြောလေဗျာ။ အိမ်ဝမှာ မတ်တပ်ကြီးတွေ"

"ဟုတ်သားပဲ.. အရိပ် လာ"

ပုံရိပ်ကိုသာ အရေးတယူဟန်ပြုပြီး အိမ်ထဲခေါ်သွားသည့် မင်းခကြောင့် အခုမှ သွန်းအုပ် တကယ် စိတ်ဆိုးချင်လာသည်။ ပုံရိပ်ထိုင်သည့်ဘေးတွင် ဝင်လိုက်ထိုင်ပြီး ပုံရိပ်ကို ပြုံးပြလိုက်ရင်း

"မတွေ့တာကြာတော့ မင်းက ပိုချောလာတယ်နော်။
တစ်ခုပဲ.. အသားကဖြူလွန်းတော့ သွေးမရှိတဲ့ သွေးစုပ်ဖုတ်ကောင်ကြီးနဲ့ တူနေတာ.. အဲ့ဒါလေးသာ"

"ကိုသွန်းအုပ်စိုးပိုင်"

မင်းခ၏ သတိပေးသည့်သဘောဖြင့် ခေါ်သံကို
မကြားသလို ဥပေက္ခာပြုလျက် သွန်းအုပ်ကဆက်၍
ပေါက်ပေါက်ဖောက်သည်။

"ထင်တာပြောရရင် ပုံရိပ်သွင်က
ကျန်းမာရေးချူချာပုံရတယ်နော်။ ဘာလို့ဆို ပုံမှန်ထက် နုရွနေတော့လေ။ ကြည့်ပါဦး လက်ချောင်းလေးတွေအစ အားမရှိသလိုပဲ"

"...."

"အကြံပေးတာနော်... အနီးကပ်ပြုစုစောင့်ရှောက်မယ့် ဆေးပေးမီးယူ မိန်းမတစ်ယောက်လောက်တော့
မင်း ရှာပြီးယူသင့်နေပြီ"

"....."

ပုံရိပ်က စကားတစ်လုံးမှ ပြန်မပြောသေး။
သူ့ကိုလည်းမကြည့်.. မင်းခကိုလည်း မကြည့်ဘဲ အသက်ရှုသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေသည်။

"ပုံရိပ်သွင်က မင်းခကို တအားခင်တာပဲနော်။
မိုးလင်းကမိုးချုပ် မင်းခဘေးမှာချည်းပဲမြင်နေရသလိုပဲ.. အလုပ်လေးဘာလေးရော မလုပ်ဘူးလား"

သွန်းအုပ်က စိတ်ထဲကမပါသည့် လုပ်ပြုံးကြီးဖြင့် ဆက်တိုက်မေးနေတော့ မင်းခ ကြားထဲက မျက်နှာပျက်ချင်လာသည်။ တဆက်တည်းမှာပဲ
သွန်းအုပ်၏ ဗြုန်းခနဲပြန်ပေါ်လာသည့် အကျင့်ဟောင်းများကြောင့် ရယ်ရခက်၊ငိုရခက်။

အရင်ကလည်း ကဗျာဦးနှင့်သာမက ပုံရိပ်နှင့်ပါ အူတိုခဲ့ဖူးတာပဲ မဟုတ်လား။

ပုံရိပ်က ပျက်ယွင်းနေသည့်မျက်နှာကို
ပုံမှန်ပြန်ဖြစ်အောင် ထိန်းလိုက်သည်။ နဂိုကအတိုင်း တောက်ပစွာပြန်ပြုံးလိုက်ရင်း...

"မတွေ့ရတာ ကြာပြီနော် ကိုသွန်း။ ကိုသွန်းက
ထူးထူးဆန်းဆန်း စကားတွေအများကြီးစပြောနေတော့ ဘာကိုအရင်ပြန်ပြောရမယ်မှန်းတောင် မသိဘူး"

"အဆင်ပြေတဲ့နေရာက ပြန်ပြောလေ.. ရပါတယ်။
ဖြေရကျပ်နေတဲ့ မေးခွန်းတွေပါရင်လည်း မဖြေလို့ရတယ်... ဥပမာ အလုပ်မလုပ်တာကို ဘာလို့မလုပ်လဲဆိုတာမျိုးကျ ဖြေရကျပ်နေရင် မဖြေနဲ့လေ"

သွန်းအုပ်က ခပ်ညစ်ညစ်ခနဲ့တော့ ပုံရိပ်ကပြုံးသည်။ မင်းခကတော့ အမေးအမြန်း အစပ်အစုထူနေသည့်
သွန်းအုပ်ကို နားရွက်လိမ်ဆွဲပြီး နေရာက ခေါ်ထုတ်သွားချင်စိတ် ပေါ်နေပြီ။

"အလုပ်ကတော့ အမွေရထားတဲ့ လုပ်ငန်းတွေကိုပဲ ဆက်လုပ်နေတာပါ။ ကိုသွန်းခန့်မှန့်သလိုပဲ ကျွန်တော်က ချူချာတယ်လေ။ အဲ့ဒါကြောင့် အိမ်ကနေလှမ်းပြီး ကြီးကြပ်ပေးရုံလောက်ပဲ လုပ်ဖြစ်တာ။ မိန်းမကတော့ ယူဖို့အစီအစဉ် မရှိသေးပါဘူး။ ကိုသွန်းတို့ မြင်နေရတာထက်တောင် ကျွန်တော်က ကိုခအပေါ်မှာ သံယောဇဉ်ရှိတာမလို့ ဖြစ်နိုင်ရင်၂၄နာရီပတ်လုံး ကိုခအနားမှာပဲနေပြီး စောင့်ရှောက်ပေးချင်နေတာပါ။ စိုးရိမ်ပေးတဲ့အတွက်ရော၊ အကြံပေးတဲ့အတွက်ပါ
ကျေးဇူးအများကြီးတင်ပါတယ် ကိုသွန်း"

"•••"

ဖြည်းဖြည်းချင်း အေးအေးဆေးဆေးပြန်ပြောလိုက်သည့် စကားများက အထစ်အငေါ့မရှိ။ သွန်းအုပ်
မျက်နှာပျက်သွားသည်။ မင်းခလည်း သွန်းအုပ်ကိုကြည့်ရင်း သက်ပြင်းချလိုက်၏။

သွန်းအုပ်စကားများက ဘောင်ကျော်နေခဲ့သော်လည်း ပုံရိပ်၏တုံ့ပြန်မှုကတော့ အေးဆေးလွန်းနေခဲ့သည်။ မင်းခအတွက်က မထူးဆန်း။ ပုံရိပ်ဆိုသည့်ကောင်လေးက သူ့ကို ဘယ်သူကပဲ ဘယ်လောက် စိတ်ဆိုးအောင်ပြောပြော လုံးဝအပြုံးမပျက်ဘဲ တုံ့ပြန်ပြောဆိုနိုင်တာကို
ကောင်းကောင်းကြီးသိသည်။

ဇာနည်ကတော့ စကားဝိုင်းထဲတွင် လုံးဝမပါသည့်
ဘေးလူသက်သက်သာ။ ကိုယ်နှင့်လုံးဝမသက်ဆိုင်သည့် စကားဝိုင်းဖြစ်၍ ဝင်မပြောရဲသော်လည်း ပုံရိပ်ကိုတော့ အရိပ်တကြည့်ကြည့်ဖြင့် စိုးရိမ်နေခဲ့မိသည်။

သို့သော် ပုံရိပ်ထံမှ မထင်မှတ်ထားသည့် သွေးအေးစွာ တုံ့ပြန်မှုနှင့် ထိန်းချုပ်နိုင်စွမ်းတို့ကြောင့် ဇာနည့်မှာ တအံ့တသြ။

ပုံရိပ်က သွန်းအုပ်ကို စူးစူးစိုက်စိုက်ကြည့်ကာ လှောင်ရိပ်သန်းသည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
ထိုအပြုံးကြောင့် သွန်းအုပ် စိတ်ထဲမှာ ဖျဉ်းခနဲ။

"ကိုသွန်းကို ဒီမှာတွေ့ရတော့ အရမ်းအံ့သြသွားတာ။
ကိုခေရာ၊ ကိုသွန်းရော တော်တော်လေး အံ့သြဖို့ကောင်းတယ်နော်။ ကျွန်တော်တော့လေ ကိုခကို အရင်ကထက် အများကြီးပိုပြီး လေးစားသွားပြီ။ ကျွန်တော့်ကိုခကလေ သဘောလည်း ကောင်းတယ်။ ရင့်လည်းရင့်ကျက်တယ်။ ကိုသွန်းကိုတောင် အခင်အမင်မပျက် အိမ်လည်ခေါ်ထားတာပဲကြည့်။ လေးသက်ကလည်း ဂုဏ်ယူနေမှာပါ။ သူ့တူလေးက အရွယ်နဲ့မလိုက်အောင် တည်ငြိမ်ရင့်ကျက်လို့"

"••••"

"ကိုခလိုမျိုး လူတိုင်းအပေါ် ခွင့်လွှတ်နိုင်အောင် ကျွန်တော်ကတော့ အများကြီးကြိုးစားရဦးမှာ"

"•••"

"စကားကလည်းကောင်းတယ်။ ကျွန်တော်လည်း
ခရီးဝေးကပြန်လာရတော့ အိမ်ပြန်ပြီး နားသင့်နေပြီလေ။ ကိုခ မနက်ဖြန်ကျမှ ကျွန်တော်လာခဲ့တော့မယ်နော်"

"အင်း"

"ကိုသွန်းရော.. ဘယ်ကိုပြန်ရမှာလဲ။ ကျွန်တော်နဲ့ တစ်ခါတည်းလိုက်ခဲ့ပါလား.. လမ်းမကြုံလည်း
လိုက်ပို့ပေးပါ့မယ်ဗျာ။ လမ်းမှာ စကားတွေပြောလို့ရတာပေါ့"

"မလိုဘူး ဒါငါနေတဲ့အိမ်"

"သြော်.. ဟုတ်ကဲ့"

"....."

"ကျွန်တော် ပြန်လိုက်ဦးမယ်နော် ကိုခ။ ကိုသွန်း ခွင့်ပြုပါဦး"

"....."

-

-

တိတ်ဆိတ်ခြင်းတို့ကြီးစိုးသွားသည့် အိမ်၏ဧည့်ခန်းလေးထဲတွင် လူနှစ်ဦးက
အတွေးကိုယ်စီဖြင့် ခဏတာ ငြိမ်သက်သွားသည်။

"ဟို..ဟိုလေ... မင်းခ..ငါ"

စိမ်းသက်သက်လေထုကို ဖြိုခွင်းရန် သွန်းအုပ်ဘက်က ကြိုးစားခဲ့သော်လည်း..

ထိုင်ရာမှထကာ အိမ်နောက်ဘက်သို့ ထွက်သွားသည့်သူထံမှ စကားပြန်မရခဲ့။ လက်ခနဲမြင်လိုက်ရသည့် မျက်ရည်စတို့အား သုတ်ဖယ်ပေးခွင့်မရှိခဲ့။ အပြစ်မကျူးလွန်ခဲ့သည့်
အပြစ်သားမှာ အယူခံဝင်ဖြေရှင်းချက်ပေးခွင့် မရရှိခဲ့ပေ။

--------------

ချစ်လျက်နဲ့ မုန်းဖို့ကြိုးစားတယ်။
နီးနေရက်နဲ့ ဝေးအောင်ရှောင်တယ်။
တကယ်ပါပဲ
မင်းက ဘေးစကားတွေနဲ့
ကိုယ့်ကိုယ်ကို ပြန်ညှင်းဆဲတယ်။

*****************tbc

4.June.22
   

המשך קריאה

You'll Also Like

831 74 13
You,My Dearest ကျွန်မဘဝသာ စာအုပ်တစ်အုပ်ဆိုရင် စာမျက်နှာတိုင်းက 'မာန်'ဆိုတဲ့နာမည်နဲ့ပဲ ပြည့်နေလောက်တယ်။
1.4K 102 13
Zawgyi ေက်းဇူးျပဳ၍ ထပ္ဆံုးအပိုင္းက 'ဖတ္ျဖစ္ေအာင္ဖတ္ေပးပါ'ဆိုတဲ့ စာကို ဖတ္ေပးပါရွင္...❤️ Startdate_6.11.2021 __________________________________ Unicod...
294K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
459K 11K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."