အဝါရောင်အိပ်မက် (completed)

By Chamomile_2

190K 12.9K 923

(zawgyi & unicode) အိပ္မက္ေတြမွာ အေရာင္ေတြ႐ွိတတ္လား? ခင္ဗ်ားတို႔ျမင္မက္ေနက် အိပ္မက္ေတြဟာ အေရာင္အဆင္းမ႐ွိတာလည္... More

A/N
အခန္း-၁
အခန္း-၂
အခန္း-၃
အခန္း-၄
အခန္း-၅
အခန္း-၆
---
အခန္း-၇
အခန္း-၈
အခန္း-၉
အခန္း-၁၀
အခန္း-၁၁
အခန္း-၁၂
အခန္း-၁၃
အခန္း-၁၄
အခန္း-၁၅
အခန္း-၁၆
အခန္း-၁၇
အခန္း-၁၈
အခန္း-၁၉
အခန္း-၂၀
အခန္း-၂၁
အခန္း-၂၂
အခန္း-၂၃
အခန္း-၂၄
အခန္း-၂၅
အခန္း-၂၆
အခန္း-၂၇
အခန္း-၂၈
အခန္း-၂၉
အခန္း-၃၀
အခန္း-၃၁
အခန္း-၃၂
အခန္း-၃၃
အခန္း-၃၄
အခန္း-၃၅
အခန္း-၃၆
အခန္း-၃၇
အခန္း-၃၈
အခန္း-၄၀
အခန္း-၄၁
အခန္း-၄၂
အခန္း-၄၃
အခန္း-၄၄
အခန္း-၄၅
အခန္း-၄၆
အခန္း-၄၇
အခန္း-၄၈
အခန္း-၄၉
အခန္း-၅၀
အခန္း-၅၁
အခန္း-၅၂
အခန္း-၅၃
အခန္း-၅၄
အခန္း-၅၅
အခန္း-၅၆
အခန္း-၅၇
အခန္း-၅၈
အခန္း-၅၉
အခန္း-၆၀
အခန္း-၆၁
အခန္း-၆၂
အခန္း-၆၃
အခန္း-၆၄
အခန္း-၆၅
အခန္း-၆၆
အခန္း-၆၇
အခန္း-၆၈
အခန္း-၆၉
ဇာတ္သိမ္းခန္း/ဇာတ်သိမ်းခန်း
အဝါေရာင္အိပ္မက္/ အဝါရောင်အိပ်မက်
Art Gift

အခန္း-၃၉

1.7K 158 13
By Chamomile_2

[Zawgyi]

သြန္းအုပ္ ကေလာကိုေရာက္တာ ဒီေန႔နဲ႔ဆိုလ်ွင္
တစ္ပတ္တိတိ႐ွိၿပီျဖစ္သည္။ မင္းခစာသင္သည့္ ေက်ာင္းကိုလည္း သိသည္။ မင္းခေနသည့္အိမ္ကိုလည္း သိသည္။ သို႔ေသာ္ မင္းခႏွင့္ေတြ႔ရန္အတြက္ သူ႔မွာသတၱိမ႐ွိ။

သြန္းအုပ္လုပ္ႏိုင္တာက ခပ္လွမ္းလွမ္းမွ သြားေငးၾကည့္ရံုသာ။ တစ္ခ်ိန္လံုးအားခဲထားခဲ့သမ်ွက တကယ္တမ္းရင္ဆိုင္ရမည့္အခ်ိန္ေရာက္ေတာ့ မ်က္ႏွာခ်င္းေတာင္မဆိုင္ရဲ။ အမုန္းတရားတို႔ျပည့္ေနမည့္ မ်က္ဝန္းတို႔ျဖင့္ အၾကည့္ခံရမည္ကိုေတာ့ သူတကယ္ကို ေၾကာက္ပါသည္။

ကေလာသို႔ေရာက္ၿပီး ေနာက္တစ္ေန႔မွစ၍
ေက်ာင္းေ႐ွ႕ခပ္လွမ္းလွမ္းက ထမင္းဆိုင္သို႔ မနက္တစ္ေခါက္၊ ေန႔ခင္းတစ္ေခါက္ အခ်ိန္မွန္သြားျဖစ္သည္။ အျဖဴအစိမ္း​ေက်ာင္းဝတ္စံုႏွင့္ ႐ွင္းသန္႔ခန္႔ညားေနသည့္ အထက္တန္းျပ ေက်ာင္းဆရာေလးကိုျမင္တိုင္း မ်က္ရည္ေတြဝဲလာသည္အထိ သြန္းအုပ္ျပံဳးမိပါ၏။

မ်က္ႏွာထားတည္တည္၊ ခႏၶာကိုယ္ေတာင့္ေတာင့္တင္းတင္း ႏွင့္ ခန္႔ခန္႔ညားညား ထိုေက်ာင္းဆရာႀကီးက အရင္တုန္းကလို ေက်ာပိုးအိတ္ႏွစ္လံုးလြယ္ၿပီး သူ႔ကိုစက္ဘီးေနာက္ကတင္ကာ ေက်ာင္းတတ္ေနက် ဆယ္ေက်ာ္သက္ကေလးေလးမဟုတ္ေတာ့။

အမ်ားႀကီးေျပာင္းလဲသြားတယ္။
အဲ့ေျပာင္းလဲမႈေတြထဲမွာ
ကိုကို႔ရင္ကြဲေစမယ့္
ေျပာင္းလဲမႈေတြေရာ ပါေနမွာလား?

---------------

"ကိုခ ဒီဘူးအျဖဴထဲမွာ တို႔စရာေလးေတြပါတယ္ေနာ္"

မင္းခလက္ထဲသို႔ ထမင္းခ်ိဳင့္ႏွင့္တျခားတိုလီမိုလီမ်ား ထည့္ထားသည့္ ေယာက်္ားေလးကိုင္လက္ဆြဲအိတ္ကို ေပးေနရင္းက ပံုရိပ္ေျပာလိုက္သည္။

"အကုန္လံုးကုန္ေအာင္ စားရမယ္ေနာ္ ကိုခ။
ထမင္းစားၿပီးရင္ အခ်ိဳတည္းဖို႔လို႔ ေက်ာက္ေက်ာလည္းပါတယ္ေနာ္။ ကြၽန္ေတာ္ ေသခ်ာမလုပ္တတ္ေသးလို႔ အိမ္က ႀကီးႀကီး​တို္႔ကို
ေဘးကေန ေသေသခ်ာခ်ာေျပာၿပီး ေကာင္းေအာင္လုပ္ခိုင္းထားတာ။ ေကာင္းတယ္.. စားျဖစ္ေအာင္ စားလိုက္ေနာ္။"

"ဟုတ္ပါၿပီ အရိပ္ရာ။ ကိုယ္က ကေလးေလးလည္း မဟုတ္ပါဘူး။ အကုန္ေျပာင္ေနေအာင္ စားခဲ့မယ္။ ဟုတ္ၿပီလား"

"ဟုတ္ကဲ့"

မင္းခက စိတ္ေက်နပ္ေအာင္ေျပာေပးလိုက္ေတာ့မွ
ပံုရိပ္၏ မွာတမ္းေႁခြေနမႈက အနည္းငယ္ရပ္စဲသြားသည္။ သို႔ေသာ္ျငား အၿပီးသတ္ဖို႔က က်န္ေနေသးပံုရသည္။

"ေျသာ္..ကိုခ။ ေဆးေလးလည္းေသာက္လိုက္ဦးေနာ္။ ေန႔လည္က်ရင္ ဗိုက္ေလးၿပီး အိပ္ငိုက္ေနမွာစိုးလို႔"

"ကဲ..အရိပ္! ကိုယ္က ေဒါင္ေဒါင္ျမည္လြန္းလို႔ေတာင္
ခက္ေနတာ။ အိပ္ေရးလည္းဝလို႔ ဘယ္အခ်ိန္ျဖစ္ျဖစ္ မအိပ္ငိုက္ဘူး။ ကိုယ့္ကိုခ်ည္း စိတ္ပူမေနနဲ႔။ ကိုယ့္ကိုယ္ကိုလည္း ဂ႐ုစိုက္ဦး။ ေတာ္ၾကာ အိပ္ရာထဲျပန္ေခြေနရဦးမယ္။ လူက အခုမွ ေနေကာင္းကာစကို။ ခုလိုေတြမလုပ္ပါနဲ႔ ေျပာလည္းမရဘူး။"

"ကိုခကို လိုက္မပို႔ရတာ တစ္ပတ္ေက်ာ္ေလာက္
ၾကာေနၿပီကို"

"ကိုယ္က အရိပ္လိုက္ပို႔မွ ေက်ာင္းကိုေရာက္မယ့္ ကေလးမဟုတ္ဘူးေလ။"

"••••"

ေျပာၿပီးမွ ပံုရိပ္က စိတ္မေကာင္းျဖစ္သြားမွန္းသိေတာ့
မင္းခ သက္ျပင္းတစ္ပ်ခ်မိၿပီး ပံုရိပ္ပုခံုးေလးအား ခပ္ဖြဖြပုတ္လိုက္သည္။

"ကိုယ္က အရိပ္ေနမေကာင္းထပ္ျဖစ္မွာစိုးလို႔ ေျပာတာပါ။ အရိပ္ကို အိမ္ကကား လာေခၚမွာမလား။ ကိုယ္ေက်ာင္းထဲ ဝင္ေတာ့မယ္ေနာ္"

"ဟုတ္ကဲ့"

-

ခပ္လွမ္းလွမ္းတြင္ ျမင္ေနရသည့္ လူႏွစ္ေယာက္ကို
စိတ္႐ွိလက္႐ွိ အမႈန္႔ႀကိတ္ပစ္ခ်င္စိတ္မ်ား သြန္းအုပ္ထံ၌ တဖြားဖြားေပၚလာေနသည္။ ေဒါသထြက္တာေရာ၊ ဝမ္းနည္းတာေရာေပါင္းၿပီး မ်က္ရည္မ်ားလည္း အိုင္လာ၏။

အရင္ရက္ေတြက မင္းခတစ္ေယာက္တည္း
ေက်ာင္းလာတာကိုသာ ျမင္ခဲ့ရတာမို႔ ပံုရိပ္ပါ
ကေလာမွာ႐ွိေနတာကိုမသိခဲ့။ သူမ႐ွိသည့္ႏွစ္မ်ားအတြင္း အေတာ္ေလးရင္းႏွီးသြားပံုရသည္။

ပံုရိပ္က အရင္ကထက္ အမ်ားႀကီးပို၍ ၾကည့္ေကာင္းလာတာကိုေတာ့ ၾကည့္မရသည့္ၾကားက အသိအမွတ္ျပဳေပးလိုက္ရသည္။ အရင္တုန္းကထက္လည္း မင္းခအနား ပိုကပ္လာသည္။ မင္းခကလည္း တစ္ေယာက္တည္း႐ွိလ်ွင္ မ်က္နွာထားက မႈန္သုန္တင္းမာေနတတ္ေသာ္ျငား ပံုရိပ္ႏွင့္တြဲ႐ွိေနခ်ိန္က်ေတာ့ အျပံဳးပန္းမ်ားက
ေဖာေဖာသီသီ ပြင့္အာေန၏။

ေတာက္္!

Waiterကိုလွမ္းေခၚၿပီး က်သင့္ေငြကို႐ွင္းကာ
ဆိုင္ထဲမွထြက္ရန္ျပင္လိုက္သည္။ ဒီလိုျမင္ကြင္းမ်ိဳးကိုေတာ့ သူၾကာၾကာၾကည့္မေနခ်င္။ အရင္လို ထိုႏွစ္ေယာက္အနားသြားၿပီး ဝုန္းဒိုင္းၾကဲလုပ္လို႔ရသည့္ အေျခအေနလည္းမဟုတ္မို႔ ကိုယ့္ေဒါသကုိယ္သာ အသာျပန္ထိန္းရင္း တည္းခိုခန္းသို႔ျပန္ရန္သာ ျပင္လိုက္သည္။ တျခားဘယ္ေနရာကိုမွလည္း
သြားခ်င္စိတ္တို႔ သူ႔မွာမ႐ွိ။

ဆိုင္ထဲကထြက္လာသည္ႏွင့္ အနက္ေရာင္maskတစ္ခုကို တပ္လိုက္သည္။ ဦးထုပ္တစ္လံုးကိုပါ ခပ္ငိုက္ငိုက္ေဆာင္း လိုက္ၿပီးသည့္ေနာက္ သြန္းအုပ္က သူ႔ကိုဘယ္သူမွာ
မွတ္မိလိမ့္မွာမဟုတ္ဟု ယံုၾကည္သြားသည္။
ကားလမ္းတစ္ဖက္သို႔ကူးၿပီး တည္းခိုခန္း႐ွိသည့္ဘက္ကို ေျခဦးလွည့္လိုက္၏။

-

-

မင္းခေက်ာင္းထဲသို႔ဝင္သြားတာကို မ်က္စိတဆံုးလိုက္ေငးၿပီးမွ အိမ္ကကားဒ႐ိုင္ဘာကို ပံုရိပ္ ဖုန္းလွမ္းဆက္လိုက္သည္။ မင္းခ၏ေက်ာင္းႏွင့္ ပံုရိပ္၏အိမ္က သိပ္မေဝးတာမို႔ ငါးမိနစ္ဝန္းက်င္အတြင္းပင္ ပံုရိပ္ အိမ္ကကားက ေရာက္လာသည္။

လူက နလန္ထခါစမို႔ လမ္းၾကာၾကာေလ်ွာက္ၿပီးခ်ိန္၌ ႏံုးေခြ႔ေနသည္။ ပံုရိပ္က အဆင္ေျပပံုမေပၚတာမို႔ ကားေနာက္ခန္းထဲတြင္ အဆင္သင့္ဝင္ထိုင္ႏိုင္ရန္ ဒ႐ိုင္ဘာဦးေလးက ကားေပၚမွဆင္း၍
ကားတံခါးအဖြင့္၊အပိတ္ လုပ္ေပးေလသည္။

ပံုရိပ္ကလည္း အဆင္သင့္ဖြင့္ေပးသည့္ ကားေနာက္ခန္းထဲ၌ ဝင္ထိုင္လိုက္သည္။ ကားတံခါးဖြင့္ေပးသည့္သူကိုပင္
စကားတစ္ခြန္းမွမဆိုႏိုင္ဘဲ ကားထဲသို႔ေရာက္ေရာက္ခ်င္း ေက်ာမွီကာ မ်က္ခြံမ်ားကိုမွိတ္ခ်လိုက္သည့္ပံုရိပ္က ဟိတ္ႀကီးဟန္ႀကီး ထုတ္ေနျခင္းမ်ိဳးမဟုတ္။
တကယ္ကို ပင္ပန္းေနၿပီျဖစ္၍ အလိုက္သိသည့္ ဒ႐ိုင္ဘာဦးေလးလုပ္ေပးသည္ကို မျငင္းမိ္ျခင္းရယ္သာ။

ကားထဲသို႔ေရာက္သည္ႏွင့္ မွိန္းရန္ျပင္ေနသည့္
ပံုရိပ္၏ပံုစံႏြမ္းဖက္ဖက္ကိုၾကည့္ရင္း ဒ႐ိုင္ဘာဦးေလးႀကီးက သက္ျပင္းခ်လိုက္သည္။ တစ္ပတ္လံုးလံုး ေနမေကာင္း၍ အိပ္ရာထဲလွဲေနရသည့္သူက နည္းနည္းေလး ထူထူေထာင္ေထာင္ျဖစ္တာႏွင့္ ပံုမွန္အတိုင္း မနက္အေစာႀကီးထကာ ကိုယ့္ဒုကၡကိုယ္႐ွာယူျပန္သည္။

ပံုမွန္ေနေကာင္းေနသည့္ရက္ေတြမွာေတာင္
အိမ္ျပန္ေရာက္တာႏွင့္ ေျခကုန္လက္ပန္းက်ေနတတ္သူက အခုလိုနာလန္ထစအခ်ိန္မ်ိဳးမွာေတာ့ အိမ္ျပန္ေရာက္တဲ့အထိပင္ မ်က္လံုးဖြင့္မထားႏိုင္ေတာ့။

ရန္ကုန္က ပံုရိပ္ေလး၏မိတ္ေဆြ ဆရာဝန္က
လြန္ခဲ့သည့္လကတည္းက ရန္ကုန္သို႔ျပန္လာၿပီး ေဆးကုသမႈမ်ားခံယူရန္ ေျပာေနခဲ့ေသာ္လည္း ပံုရိပ္ေလးက ေပကပ္၍သာေနေန၏။ ဆရာမင္းခကိုလည္း အသိမေပး။ အျခားသူမ်ားေျပာျပမွာကိုပင္ စိုးရိမ္ကာ  လိုက္၍ပိတ္ပင္ေနလိုက္ေသးသည္။

"ပံုရိပ္ေလး.. ဦးေလး ေဆးခန္းဝင္ပို႔ေပးရမလား။
မဟုတ္လည္း အိမ္လာေနက်ဆရာဝန္ကိုပဲ ဖုန္းလွမ္းဆက္ထားလိုက္ရမလား"

ပံုရိပ္က ျဖည္းျဖည္းခ်င္းေခါင္းခါရင္း..

"ေနပါေစ.. ခဏနားလိုက္ရင္ သက္သာသြားမွာပါ"

"အင္းပါ.. ဦးေလး ကားမွန္ေတြခ်ေပးရဦးမလား"

ပံုရိပ္က ေခါင္းညိတ္ျပတာေၾကာင့္ ဒရိုင္ဘာဦးေလးက ကားျပတင္းမွန္မ်ားကို ခ်ေပးလိုက္သည္။ ပံုရိပ္က အမွတ္တမဲ့ျဖင့္ မွန္ခ်ထားသည့္ ကားျပတင္းေပါက္မွတဆင့္ အျပင္ကိုလွမ္းၾကည့္မိေတာ့...

!!

အမွတ္တမဲ့ျမင္လိုက္ရသည့္ လူတစ္ဦးအား ပံုရိပ္ ​ေသခ်ာလိုက္ၾကည့္မိသည္။ စိတ္လႈပ္႐ွားမႈေၾကာင့္
ရင္ထဲမွာတဒိန္းဒိန္း။ maskအနက္ေရာင္ကိုတပ္ထားၿပီး လ်ွာထိုးဦးထုပ္တစ္လံုးကို ခပ္ငိုက္ငိုက္ေဆာင္းထားသူက သြန္းအုပ္စိုးပိုင္ေတာ့ မျဖစ္တန္ရာ။

႐ုတ္တရက္ အသက္႐ႈရပိုခက္လာတာမို႔
မ်က္လံုးမ်ားကိုျပန္မွိတ္ကာ အသက္ကို ျဖည္းျဖည္းမွန္မွန္႐ႈရင္း ၿငိမ္သက္ေနလိုက္သည္။

မျဖစ္ႏိုင္ပါဘူးး။ လူမွားေနတာပဲျဖစ္မွာ။

------------------

ဆယ္တန္းစာေမးပြဲရက္နီးေနၿပီမို႔ ဇာနည္တို႔အား
home studyလုပ္ႏိုင္ရန္အတြက္ ေက်ာင္းမ်ား ပိတ္ေပးထားသည္။ သို႔ေသာ္ မိဘအိမ္မကပ္သည့္ ဇာနည္ကေတာ့ မင္းခအိမ္ကို သူ႔အိမ္လိုသေဘာပိုက္ကာ ၂၄နာရီအခ်ိန္ျပည့္ လာေရာက္မင္းမူေနေလေတာ့၏။

ဒီေန႔ေတာ့ မင္းခ၏အိမ္တြင္ ဇာနည္တင္မဟုတ္ဘဲ
စြမ္းထက္ပါ စာလာက်က္ေနသည္။
ေနာက္ႏွစ္ရက္ဆိုလ်ွင္ စာေမးပြဲေျဖရေတာ့မွာမို႔ ဇာနည္ႏွင့္စြမ္းထက္တို႔ႏွစ္ေယာက္သား စကားမ်ားခ်ိန္ပင္မ႐ွိဘဲ ေမးခြန္းေဟာင္းမ်ား၊
ဥာဏ္စမ္းပုစာၦမ်ားကိုသာ အၿပိဳင္အဆိုင္ အသည္းအသန္ေျဖေနၾက၏။

ေန႔လည္ထမင္းစားခ်ိန္ေရာက္လ်ွင္ မင္းခက
စာႀကိဳးစားေနသည့္ တပည့္ႏွစ္ေကာင္အား ဆိုင္တစ္ဆိုင္သို႔သြား၍ ေန႔လည္စာတည္ခင္းဧည့္ခံရန္ စဥ္းစားမိသည္။

တီ! တီ!

အိမ္ေ႐ွ႕မွ ကားဟြန္းတီးသံေၾကာင့္ မင္းခေရာ
စြမ္းထက္ႏွင့္ဇာနည္တို႔ပါ အိမ္ေ႐ွ႕သို႔လွမ္းၾကည့္လိုက္သည္။ ကားေပၚမွ ျခင္းႀကီးျခင္းငယ္အသြယ္သြယ္ျဖင့္ ဆင္းလာသူမွာ ပံုရိပ္အျပင္ အျခားနွစ္ေယာက္မ႐ွိ။ ဒ႐ိုင္ဘာဦးေလးကိုေတာ့ ကားေပၚတြင္ ေနက်န္ခိုင္းထားပံုရသည္။ အိမ္ထဲသို႔
ပစၥည္းကူသယ္ၿပီး လိုက္မပို႔။

မင္းခက ပံုရိပ္လက္ထဲမွျခင္းမ်ားအား လက္လႊဲယူလိုက္သည္။ပ​ံုရိပ္၏မ်က္ႏွာက ျပံဳးရႊင္ေနေသာ္လည္း အေရာင္ကေတာ့ ျဖဴေဖ်ာ့ေန၏။ အခုမွ Airconကားထဲက ဆင္းလာသည့္သူက ေခြၽးေတြလည္းစို႔ေနေသးသည္။ ေနမေကာင္းျဖစ္ေနျပန္ၿပီထင္သည္။

မင္းခက လက္ထဲ႐ွိျခင္းမ်ားအား စားပြဲေပၚသို႔ခ်လိုက္သည္။ ထို႔ေနာက္ စိုးရိမ္စြာျဖင့္ ပံုရိပ္၏နဖူးေပၚလက္တင္ၿပီး
ကိုယ္အပူ႐ွိန္ကို ခံစားၾကည့္၏။

"ကိုယ္ေတြေႏြးေနတယ္.. ေနမေကာင္းဘဲ
ဘာလို႔လာတာလဲ အရိပ္။ မလာပါနဲ႔ ေျပာထားတာကို ကိုယ့္စကားနားမေထာင္ဘူး"

ပံုရိပ္က မ်က္ႏွာေလးငယ္သြားရင္း...

"ကြၽန္ေတာ္ ရန္ကုန္ကို ခဏသြားရမွာမလို႔။ ဟိုေလ.. ေက်ာင္းကိစၥေတြအတြက္ လိုအပ္လို႔သြားရမွာ။ အဲ့ဒါ ကြၽန္ေတာ္မ႐ွိခင္ ၾကားထဲမွာ ကိုခ အစားအေသာက္ အခက္အခဲျဖစ္ေနမွာစိုးလို႔"

"အရိပ္ ေနမေကာင္းလို႔ သြားရတာမလား"

"ဟို.."

"ကိုယ့္ကို မလ်ိွဳ႕ဝွက္ခ်င္စမ္းပါနဲ႔ အရိပ္ရာ။ ဒီညီအစ္ကို ႏွစ္ေယာက္ပဲ႐ွိတာ။ ကိုယ့္ညီတစ္ေယာက္လံုး​ေနမေကာင္းလို႔ ေဆးသြားကုတာကိုေတာင္ မသိလိုက္ရဘူးဆိုရင္ အစ္ကိုျဖစ္သူက စိတ္မေကာင္းပိုျဖစ္ရမယ္ မဟုတ္ဘူးလား။ ေျပာ! ခုနက ဘာလို႔လိမ္လိုက္တာလဲ"

"ပံုရိပ္က ေခါင္းေလးကိုအသာငံု႔ရင္း မင္းခ ႐ုပ္တည္ႀကီးႏွင့္ ဆူသမ်ွကို ၿငိမ္နားေထာင္ေနသည္။ ခြန္းတံု႔ျပန္စကားမဆို။ ေျဖ႐ွင္းခ်က္လည္းမေပး။

"ကိုယ္ေမးတာေျဖဦးေလ အရိပ္"

"ဟို.. ကိုခ သက္သက္မဲ့ စိတ္႐ႈပ္ေနရမွာစိုးလို႔"

က်စ္!

ပံုရိပ္၏ ေျဖ႐ွင္းခ်က္ကိုၾကားလိုက္ရၿပီးေနာက္ မင္းခ စုတ္သပ္မိသည္။ ပံုရိပ္က အဲ့လိုခ်ည္း... အရာရာ သူ႔ဘက္ကိုခ်ည္း ဦးစားေပးေတြးေနတာကို မင္းခက လံုးဝမႀကိဳက္။ အျမဲတမ္းေသးေသးမႊားမႊားကိစၥေလးကအစ လိုက္ေတြးေပးေနေတာ့ တခ်ိဳ႕အရာမ်ားတြင္ အားနာရသလို တခ်ိဳ႕ကိစၥမ်ားမွာေတာ့ စိတ္႐ႈပ္လာရသည္။
ေစတနာေစာ္ကားတာေတာ့မဟုတ္ေပမယ့္ တကယ္ဆို မင္းခက သူအရာရာလိုက္လုပ္ေပးေနမွ အဆင္ေျပႏိုင္မယ့္ လူေဘာ္ေၾကာ့လည္းမဟုတ္။

"အရိပ္"

"....."

"အရိပ္ အခုလိုေတြလုပ္ေနရင္ ကိုယ္ပိုၿပီးစိတ္ညစ္ရတာကို မသိတာလား"

"••••"

အရိပ္က အံ့ျသသြားသလို မ်က္လံုးေလးမ်ားဝိုင္းသြားသည္။ ခ်က္ခ်င္းဆိုသလို အရည္ၾကည္မ်ားရစ္သိုင္းလာသည့္ အၾကည့္တို႔က မင္းခစကားအား နားလည္မႈလြဲသြားၿပီထင္၏။

"ကိုယ့္အတြက္ခ်ည္း လိုက္ပူပန္မေနနဲ႔။ ဒီကို အနားယူဖို႔ ျပန္လာတာဆိုရင္ အနားပဲယူေနေလ။ ကိုယ္က
ကိုယ့္ေဝယ်ာဝစၥေတာင္ ကိုယ္မလုပ္ႏိုင္တဲ့ ကေလးေလးလည္းမဟုတ္ဘူး။ အရိပ္ ကိုယ့္ဒုကၡကိုယ္႐ွာၿပီး  အလုပ္႐ႈပ္ခံအပင္ပန္းခံေနတာေတြ ေလ်ွာ့သင့္တယ္။"

"....."

"အခုပဲၾကည့္! ေနမေကာင္းေတာ့ ဟိုကိုမျပန္ခ်င္ဘဲနဲ႔ ျပန္ရဦးမယ္မလား။ လူတစ္ေယာက္မွာ က်န္းမာေရးက အေရးအႀကီးဆံုးပဲေလ။ ကိုယ့္အေျခအေနကိုယ္သိမွေပါ့။ ကိုယ္ကက်န္းမာေနမွ ကိုယ္ခ်စ္တဲ့သူေတြအနားမွာလည္း အခ်ိန္အၾကာႀကီးေနႏိုင္မယ္။ ကိုယ့္ကိုခ်စ္တဲ့သူေတြလည္း စိတ္ခ်မ္းသာရမယ္။ မဟုတ္ဘူးလား အရိပ္"

"ဟုတ္ကဲ့.. ျပန္လာရင္ မလုပ္ေတာ့ဘူး"

"ၿပီးတာပဲ။ ရန္ကုန္ကို ဘယ္ေတာ့သြားမွာလဲ"

"ညေနက်ရင္သြားမွာ ကိုခ"

"အခု အိမ္ျပန္ၿပီး အနားယူလိုက္ေတာ့။ ဒါေတြလည္း
အရိပ္ကိုယ္တိုင္လုပ္လာတာေတြပဲမလား။ တကယ္... အရိပ္က ကိုယ့္ကိုယ္ကို အရမ္းဒုကၡေပးတယ္"

တစ္ေယာက္က ပြစိပြစိႏွင့္ဆူေနသမ်ွ က်န္တစ္ေယာက္က မ်က္ႏွာငယ္ေလးႏွင့္ ၿငိမ္ခံေနသည္။ ထိုႏွစ္ေယာက္အား ဇာနည္ၾကည့္မရေတာ့။ ဇာနည့္ေဘးက စြမ္းထက္ကလည္း ဇာနည့္ မ်က္ႏွာရိပ္မ်က္ႏွာကဲၾကည့္ရံုႏွင့္ ထိုေကာင္တစ္ခုခု ထေျပာေတာ့မွာကိုသိတာမို႔ ဇာနည့္ေျခေထာက္အား
အားႏွင့္ဖိနင္းကာ သတိေပးလိုက္မိစဥ္...

"အားးးးး!  နာတယ္လဒရ...  -ီးျဖစ္ေနတာလား!"

!!

ပီယဝါစာျဖစ္လွသည့္ ဇာနည့္စကားသံကိုၾကားလိုက္ရစဥ္ အိမ္ထဲ႐ွိ အျခားလူသံုးေယာက္စလံုးက ဇာနည့္အား
အလန္႔တၾကား ဝိုင္းၾကည့္ၾကသည္။ အနည္းငယ္ရဲေနသည့္ ေျခေထာက္တစ္ဖက္ကို ဆုပ္နယ္လ်က္ ႐ႈံ ့မဲ့ေနေသာ မ်က္ႏွာထားအရ ေျခေထာက္တကယ္နာသြားသည့္ပံု။

"ဘာျဖစ္တာလဲ"

ဇာနည့္ေဘးသို႔ဝင္ထိုင္ၿပီး ေျခေထာက္ကိုၾကည့္ကာ ေမးလိုက္သည့္ မင္းခ၏ေလသံမာမာတြင္ စိုးရိမ္မႈမ်ားလည္း ေပ်ာ္ဝင္ေနသည္ကိုသိ၍ ဇာနည္ နည္းနည္းေတာ့ ေက်နပ္သြားသည္။

"ဟိုေကာင္ လာတတ္နင္းတာ ဆရာ.. အားႀကီးနဲ႔
ေ-ာက္ရမ္းေတြ လာနင္းပစ္တာ"

"မင္း!"

စြမ္းထက္က ျပန္ေျပာခ်င္ေသာ္လည္း အေၾကာင္းကိစၥ မခိုင္လံုတာမို႔ ေဒါသအလိပ္လိုက္သာ ႀကိတ္ထြက္ေနရသည္။ ေနပါေစဦး.. ေနာက္တစ္ခါက် အဆူခံရမည့္
အရိပ္အေယာင္ေတြ႔လ်ွင္လည္း ဒီေကာင့္ကို လႊတ္ေပးထားရမည္။ ေစတနာနားမလည္ဘဲ အျပစ္လႊဲခ်ခ်င္ေနေသးသည့္ ဒီလိုေကာင္မ်ိဳးကို
ျဖစ္ခ်င္ရာျဖစ္ လ်စ္လ်ဴ႐ႈလိုက္ေတာ့မည္။

"မေတာ္တဆပါဆရာ"

လိမၼာသည့္စြမ္းထက္၏စကားကို မင္းခကယံုတာေၾကာင့္ စြမ္းထက္ကိုမဆူျဖစ္။ ဇာနည့္ကိုသာၾကည့္ရင္း...

"အသက္န႔ဲအေဝးႀကီးပါ.. အရမ္းအျဖစ္သည္းမေနနဲ႔! စကားကိုလည္း အဲ့ထက္ယဥ္ေက်းေအာင္ အမ်ားႀကီးႀကိဳးစားဦး"

မင္းခက အနားကထသြားကာ သူ႔အိပ္ခန္းထဲဝင္သြားခ်ိန္၌ ပံုရိပ္ေရာ၊ ဇာနည္တို႔ေက်ာင္းသားႏွစ္ေယာက္ပါ
နားမလည္သလို ျဖစ္သြားသည္။

႐ုတ္တရက္ႀကီး ဘာသြားလုပ္ပါလိမ့္။

ဇာနည္က မင္းခအားလိုက္ၾကည့္ေနရင္းမွ အမွတ္တမဲ့ တစ္ဖက္ျပန္လွည့္လိုက္စဥ္ အျမင္အာရံုတစ္ခုလံုးကို
မင္းခဆီမွာသာ စုပံုထားသည့္ ပံုရိပ္အား ေငးခနဲၾကည့္မိသြား၏။

ၾကည္ျပာေရာင္ခပ္ပါးပါးဆြယ္တာတစ္ထည္ႏွင့္ ခဲရင့္ေရာင္​ေဘာင္းဘီ႐ွည္ပြပြေလးကို ဝတ္ထားသည့္သူက အခုလိုအားနည္းေနခ်ိန္မ်ိဳးမွာေတာင္ ေဖ်ာ့ေတာ့စြာျဖင့္ ဆြဲေဆာင္မႈ႐ွိေနျပန္သည္။

္ေယာက်္ားေလးခ်င္းပင္ ေငးရေလာက္သည့္
သိမ္ေမြ႔စြာလွပမႈမ်ိဳးႏွင့္ အလိုက္လည္းသိတတ္လြန္းလွသည့္ ထိုသူအေပၚ သူသာဆရာ့ေနရာမွာဆိုလ်ွင္
ညီအစ္ကိုလိုစိတ္မ်ိဳး ေမြးႏိုင္လိမ့္မည္မထင္။

ဇာနည္အေတြးမ်ားေနခ်ိန္မွာပင္ မင္းခက
ဒဏ္ေၾကလိမ္းေဆးတစ္ဘူးကို လက္ထဲကကိုင္လာျပီး အနားသို႔ ျပန္ေရာက္လာသည္။ မင္းခက ေဆးဘူးထဲမွ ေဆးအနည္းငယ္ကိုယူၿပီး ေဆးလိမ္းေပးမည့္ဟန္ျပင္ေတာ့ ဇာနည္က သူ႔ေျခေထာက္သူ အျမန္ျပန္႐ုတ္လိုက္ရင္း...

"ရတယ္ ဆရာ.. ေပးေပး ကြၽန္ေတာ့္ဘာသာလိမ္းလိုက္မယ္။ စာေမးပြဲေျဖခါနီး ငရဲေတြမေပးပါနဲ႔ဗ်ာ"

"အဲ့လိုဆိုလည္း ေသခ်ာလူး"

မင္းခက ဇာနည့္လက္ထဲသို႔ ေဆးဘူးထည့္ေပးလိုက္သည္။ ဇာနည္ကျပံဳးစိစိလုပ္ရင္း စြမ္းထက္ကို လ်ွာထုတ္ေျပာင္ျပ၏၊ စြမ္းထက္ကလည္း သူ႔လာေျပာင္ေနသည့္ ဇာနည္အား မင္းခမျမင္ခင္ လက္ခလယ္တစ္ေခ်ာင္း ျပန္ေထာင္ျပလိုက္သည္။ သူသာမတားလ်ွင္ ပရမ္းပတာစကားတစ္ခုခုေၾကာင့္ အခုခ်ိန္ ဆရာ့ေဒါသကိုသာရေနမည့္ ဇာနည္က
သူ႔တားျမစ္မႈကိုအေၾကာင္းျပဳ၍ ဆရာ့၏ဂ႐ုစိုက္မႈကို မ်က္ခြက္အေျပာင္သားျဖင့္ ခံယူေနလိုက္ေသးသည္။

မနာလိုျဖစ္ေနပံုရသည့္ စြမ္းထက္အား ေျပာင္ျပလိုက္ရ၍ ဇာနည္ပိုေပ်ာ္သြားသည္။ စြမ္းထက္ကလည္း ဆရာ့ကို သူ႔နည္းတူခင္ရံုခ်စ္ရံုမက ကေလးဆန္ဆန္ သဝန္တိုစိတ္ကလည္း႐ွိတာမို႔ အခုလိုမ်ိဳး သူ႔ကိုဆရာက ဂ႐ုစိုက္ေပးတာကိုျမင္ၿပီးေတာ့ မ်က္ေစာင္းႀကီးတကဲကဲသာ လုပ္ေနေတာ့သည္။

"ခဏေနရင္ (××)မွာ ေန႔လည္စာလိုက္ေကြၽးမယ္။
အခု စာလုပ္တာခဏရပ္ၿပီး နားၾကေတာ့"

"ေက်းဇူး အႀကီးႀကီးနဲ႔အမ်ားႀကီး၊ အားႀကီးတင္႐ွိေၾကာင္းပါ အာစရိ!"

မင္းခ၏ စကားၾကားသည္ႏွင့္ ဇာနည့္အသံက်ယ္ႀကီး
ထြက္လာသလို စြမ္းထက္၏ မ်က္လံုးမ်ားလည္း ဝင္းခနဲျဖစ္သြားသည္။ သူတို႔ဆရာ ေရခဲသာလိကာႀကီးကို ဒီလိုသိတတ္မႈေလးေတြေၾကာင့္ပင္ တျခားဆရာ/​ယဆရာမမ်ားထက္ ပိုခင္၊ပိုေလးစားၿပီး၊ပိုခ်စ္ေနရျခင္းျဖစ္သည္။

#ဤေနရာတြင္ 'ေရခဲသာလိကာ'၏ အနက္အဓိပါၸယ္ကို ဖြင့္ဆိုရေသာ္ ထိုစကားလံုးမွာ ဇာနည္ႏွွင့္စြမ္းထက္က
သူတို႔ဆရာျဖစ္သူအတြက္ သီးသန္႔တီထြင္ကာ ဆရာ့ကြယ္ရာတြင္ ေခၚဆိုအတင္းတုပ္ၾကေသာ အမည္နာမတစ္ခုျဖစ္ၿပီး "ေရခဲတံုးလို ေအးစက္စက္ဟန္ပန္ႏွင့္ သာလိကာလိုစကား အလြန္ပြားႏိုင္ေသာသူ"ဟု အဓိပါၸယ္ရေလသည္။#

"အဲ့ဒါဆို ကြၽန္ေတာ္လည္း ျပန္ေတာ့မယ္ေလ။ ကိုခတို႔ ဆရာတပည့္ေတြ အျပင္သြားၾကဦးမွာဆိုေတာ့"

"အင္း... ဟုတ္ၿပီ အရိပ္။ ညေနက်မွ အရိပ္မသြားခင္ ကိုယ္ခဏလာခဲ့ေတာ့မယ္။ အိမ္ေရာက္တာနဲ႔ နားလိုက္ဦး"

"ဟုတ္ကဲ့"

မင္းခအား ျပံဳးျပေနရင္းက စြမ္းထက္ႏွင့္ဇာနည့္ဘက္ကိုပါ ပံုရိပ္ ျပံဳးျပ၍ ႏႈတ္ဆက္လိုက္သည္။ ထို႔ေနာက္ အိမ္ျပန္ေတာ့မည့္ပံုရိပ္အား မင္းခက ျခံေ႐ွ႕ထိလိုက္ပို႔ေပးသည္။

အေႏွာင့္အယွက္မျဖစ္ေစခ်င္၍သာ ျပန္ရမည္။
တကယ္ဆို အေဝးသို႔သြားရခါနီးအခ်ိန္မို႔ အတိုးခ်ကာ မင္းခအနားေနခ်င္ခဲ့သည္။ သူေနေကာင္းဖို႔အတြက္ တကူးတကေဆးကုသမႈခံယူမေနခ်င္။ သူ႔အတြက္ အသက္ဆက္ေဆးျဖစ္သည့္ မင္းခအနားမွာ အခ်ိန္ျပည့္႐ွိေနႏိုင္ခြင့္တစ္ခုသာလိုအပ္ပါသည္။

---------------------

လက္ထဲမွာ သံုးစရာေငြတစ္ျပားမွ မ႐ွိေတာ့၍သာ အတင္းႀကိတ္မွိတ္သည္းခံၿပီး အခုလိုလုပ္ေနရသည္။ စိတ္ကလံုးဝမ႐ွည္ ခ်င္ေတာ့။

Menuကို ဖင္တစ္ျပန္၊ေခါင္းတစ္ျပန္ၾကည့္ၿပီး
ဟိုဟာမွာရႏိုး၊ ဒီဟာစားရႏိုးျဖင့္ ဇေဝဇဝါျဖစ္ကာ ေဝခြဲရခက္ေနသည့္ customerကလည္း စဥ္းစားခန္းဖြင့္ေနသည္မွာ ဆယ့္ငါးမိနစ္မကေတာ့ေပ။ မနည္းသည္းခံၿပီး စိတ္႐ွည္ခ်င္ေယာင္ေဆာင္ကာ တာဝန္အရအတင္းလုပ္ယူျပံဳးထားရသည့္ လုပ္ျပံဳးႀကီးႏွင့္ waiterသြန္းအုပ္ကိုလည္း လံုးဝအားနာဟန္မတူ။

အခ်ိန္ေတာ္ေတာ္ၾကာ စဥ္းစားခန္းဖြင့္ၿပီးမွ
ထမင္းေပါင္းတစ္ပြဲကိုမွာသည္။ ထို႔ေနာက္ ဘီယာတစ္ဗူးကိုပါေဘးခ်ရင္း မွာထားသည့္ထမင္းေပါင္းအား သြန္းအုပ္ျပန္ယူလာမည့္အခ်ိန္ကို ေစာင့္၏။
အသားနီစပ္စပ္၊ ဆံပင္က်ိဳးတိက်ဲတဲႏွင့္ ဗိုက္ရႊဲရႊဲထိုလူက ႐ွက္ကီဘဲႀကီးျဖစ္ပံုရသည္။

ငါးမိနစ္စြန္းစြန္းမွာပင္ ထိုcustomerလူႀကီး
ထိုင္ေနသည့္ဝိုင္းသို႔ သြန္းအုပ္က ပူေႏြးကာ စားခ်င္စဖြယ္႐ွိလွသည့္ ထမင္းေပါင္းတစ္ပြဲႏွင့္
ဟင္းခ်ိဳ၊အခ်ဥ္စသည့္ အရံစားေသာက္စရာမ်ားကိုပါ လွတပတလင္ဗန္းအျဖဴေလးထဲထည့္သယ္ၿပီး လာခ်ေပးသည္။

ထိုလူက သြန္းအုပ္ခ်ေပးလာသည့္ ထမင္းေပါင္းအား တစ္ဇြန္းခပ္စားၾကည့္ၿပီးေနာက္ မႀကိဳက္ဟုဆိုကာ ေၾကးအိုးတစ္ပြဲ ထပ္လုပ္ေပးရန္ သြန္းအုပ္အား ေျပာလိုက္သည္။ အလုပ္စဝင္ဝင္ခ်င္း ပထမဆံုးေန႔ျဖစ္၍ သည္းခံႏိုင္တာထက္ပို၍ စိတ္႐ွည္ေပးလိုက္ကာ Customerစိတ္တိုင္းက် ေၾကးအိုးတစ္ပြဲထပ္မွာၿပီး လာခ်ေပးလိုက္၏။

!!!

သြန္းအုပ္က ထိုလူ႔ဝိုင္းကို မွာထားတာေတြခ်ေပးၿပီးေနာက္ တျခားဝိုင္းမ်ားသို႔သြားရန္ ျပင္လိုက္စဥ္မွာပင္ ေျခေထာက္ေပၚသို႔ အပက္ခံလိုက္ရသည့္ ဟင္းရည္ပူပူမ်ား။ ေဒါသစိတ္ကေထာင္းခနဲမို႔ တရားခံျဖစ္သည့္ထိုလူအား
စူးခနဲ ျပန္လွည့္ၾကည့္လိုက္သည္။

"ေျသာ္.. sorry!"

ထိုလူက တမင္သက္သက္လုပ္ၿပီးမွ ခပ္ေက်ာေက်ာဟန္ျဖင့္ sorryတစ္ခ်က္ေျပာကာ သူ႔လက္ထဲ႐ွိဘီယာဗူးအား
ေမာ့ေသာက္လိုက္သည္။

သြန္းအုပ္က ထိုလူအား ဘာမွျပန္မေျပာ။
စားပြဲေပၚသို႔ အခုေလးတင္မွ ခ်ေပးထားသည့္ ပူပူေႏြးေႏြးေၾကးအိုးပန္းကန္ကိုယူကာ ထိုလူ၏ေပါင္ေပၚသို႔ သြန္ခ်ပစ္လိုက္၏။

"အားးးးး!!"

"sorry!"

သြန္းအုပ္၏စကားသံကလည္း ေပါ့ပ်က္ပ်က္။

ထိုလူ၏ ေအာ္သံေၾကာင့္ ဆိုင္ထဲတြင္႐ွိေနသည့္
မ်က္လံုးေပါင္းမ်ားစြာက သူတို႔ႏွစ္ေယာက္ဆီသို႔ စုျပံဳက်ေရာက္လာသည္။

"မင္းဘာလုပ္တာလဲ ေဟ့ေကာင္!!"

ထိုလူက ဝုန္းခနဲထရပ္ၿပီး သြန္းအုပ္၏ ႐ွပ္အက်ႌေကာ္လံအား ေဆာင့္ဆြဲလိုက္သည္။ ဆိုင္အတြင္း၌ ႐ုတ္တရက္ဆိုသလို အလြန္တင္းမာသည့္ အေျခအေနေတြျဖစ္လာတာေၾကာင့္ ဆိုင္မန္ေနဂ်ာအမ်ိဳးသမီးကပါ သူတို႔အနားသို႔ေရာက္လာ၏။

ေၾကးအိုးထဲ႐ွိ ဟင္းရြက္ဖက္မ်ား၊ၾကာဇံဖက္မ်ားႏွင့္
ေပပြေနသည့္ customerကို ျမင္လိုက္ရၿပီးသည့္ေနာက္...

!!!

သြန္းအုပ္၏ပါးျပင္႐ွိရာသို႔ ရြယ္လိုက္သည့္ ထိုအမ်ိဳးသမီး၏ လက္တစ္ဖက္အား တစ္စံုတစ္ေယာက္က ဖမ္းခ်ဳပ္ေပးထားလိုက္သည္။

"ကိစၥတစ္ခုကို အစအဆံုးမသိဘဲ ကိုယ့္ဝန္ထမ္းကိုယ္ ကိုယ္ထိလက္ေရာက္ အျပစ္ေပးမေစာပါနဲ႔။
ေသခ်ာေမးဦးမွေပါ့"

မ်က္ခံုးႏွစ္ဖက္အားတြန္႔ခ်ိဳးထားလ်က္
တည္ၿငိမ္ျပီးျပတ္သာ ေသာေလသံျဖင့္ ေအးစက္စြာ စကားေျပာေနသူ၏ မ်က္ႏွာကို သြန္းအုပ္ ေသခ်ာေမာ႔မၾကည့္ရဲ။ အေစာပိုင္းက စိတ္တိုေဒါသမ်ားထြက္ကာ တစ္ေလာကလံုးအား ဂ႐ုမစိုက္ေလဟန္ သတၱိေတြေကာင္းေနခဲ့သည့္သူက မင္းခကို ထိပ္တိုက္ဆံုေတြ႔ လိုက္ရသည္ႏွင့္ အေၾကာက္လြန္ေနသည့္ယုန္ျဖဴေလးလို ေျပာင္းလဲသြားသည္။

ဘယ္အခ်ိန္ကတည္းက ဒီဆိုင္ထဲမွာ သူက႐ွိေနခဲ့တာလဲ?

အထက္တန္းျပေက်ာင္းဆရာႀကီးကို မ်က္ႏွာခ်င္းဆိုင္ဖို႔ စားေသာက္ဆိုင္တစ္ခုမွာ စားပြဲထိုးဝင္လုပ္ေနရသည့္ သူ႔မွာ မဝံ့မရဲျဖစ္ေနရသည္။ ႐ုတ္တရက္ဆိုသလို ထိပ္တိုက္ႀကီး ျပန္ေတြ႔ခ်ိန္က်မွ သူ႔မွာေထာင္ထြက္အျဖစ္ႏွင့္တင္မကဘဲ လက္ထဲ၌ျခဴးတစ္ျပားမွပင္မ႐ွိသည့္ စားပြဲထိုးေပါက္စဘဝပါ ေရာက္ေနလိုက္ေသး၏။

ဆိုင္မန္ေနဂ်ာအမ်ိဳးသမီး၊ မင္းခႏွင့္ ျပႆနာစ႐ွာသည့္လူတို႔ သံုးေယာက္၏ တစ္ေယာက္တစ္ခြန္း ေျဖ႐ွင္းေနသည့္
စကားသံမ်ားကို ၾကားေနရေသာ္လည္း ဘာကိုမွ သြန္းအုပ္မသိေတာ့။

အေနရခက္စြာျဖင့္ အေတြးေတြကလည္း အၿငိမ္မေန... ေယာက္ယက္ခပ္ေနသည္။ ပုခံုးတစ္ဖက္သို႔
လာျဖစ္ညႇစ္လိုက္သည့္ အထိအေတြ႔ကို ခံစားမိေတာ့မွ ေဘးကိုလွည့္ၾကည့္ျဖစ္သည္။

သူ ကေလာသို႔ စေရာက္လာသည့္ေန႔က
သူ႔အားကူညီေပးခဲ့သည့္ ခ်ာတိတ္ေလး။ မင္းခႏွင့္အတူ ပါလာဟန္႐ွိသည္။

မင္းခရဲ႕ တပည့္မ်ားလား။

မင္းခတို႔သံုးေယာက္ အခ်င္းခ်င္း ညိွႏႈိင္း၍ ၿပီးသြားသည္ထင္သည္။ ဆိုင္မန္ေနဂ်ာအမ်ိဳးသမီးက သြန္းအုပ္ဘက္သို႔ လွည့္ လာၿပီး...

"Customerကို ေတာင္းပန္လိုက္ပါ"

"ဘာ!"

သြန္းအုပ္က ေၾကာင္အစြာ...

"ခင္ဗ်ားအမွားကို ေတာင္းပန္ခိုင္းေနတာေလ။
ဒီလိုဘဝေရာက္ေနတာေတာင္ မာနႀကီးတစ္ခြဲသားနဲ႔ေနၿပီး ေထာင္ထဲျပန္သြားခ်င္ေသးလို႔လား"

"••••"

မင္းခ၏ ​ေအးတိေအးစက္စကားသံအဆံုး သြန္းအုပ္ အံတစ္ခ်က္ႀကိတ္ၿပီး အားတင္းလိုက္သည္။

ဒီလိုမ်ိဳးဆက္ဆံခံရမယ္ဆိုတာ
ႀကိဳၿပီးသိေနခဲ့တယ္မလား?
အားတင္းထားမွရမွာေပါ့
ဒီထက္ေတာင္ ပိုမုန္းေနႏိုင္​ေသးတာကို....

"ေတာင္းပန္ပါတယ္"

customerလူႀကီးအား သြန္းအုပ္ ဦးၫႊတ္ျပီး ေတာင္းပန္ စကားေျပာလိုက္သည္။

ထိုလူက အခဲေၾကပံုမရေသာ္လည္း
ဘာမွဆက္မေျပာေတာ့ပဲ ဆိုင္ထဲမွထြက္သြားသည္။ ဆိုင္မန္ေနဂ်ာကေတာ့ သြန္းအုပ္အား ဆိုင္အေနာက္ဘက္႐ွိ ရံုးခန္းထဲသို႔လိုက္လာရန္ေျပာၿပီး သြန္းအုပ္အေ႐ွ႕မွ ​ေျခလွမ္းက်ဲမ်ားျဖင့္ ဝင္သြားႏွင့္သည္။

မင္းခက မ်က္လံုးခ်င္းဆံုေလာက္ေအာင္ တစ္ခ်က္မွမၾကည့္။ သာမန္ကာလ်ွံကာ သြန္းအုပ္၏ ေခါင္းအစေျခအဆံုးပံုပန္း သ႑ာန္အား ၾကည့္လိုက္ရင္း...

"တအား စိတ္ပ်က္ဖို႔ေကာင္းတယ္"

သြန္းအုပ္ရင္ထဲ နင့္ခနဲ... မ်က္ရည္မလြယ္ေသာ္ျငား မ်က္ရည္စတို႔က မ်က္လံုးထဲေဝ့ခနဲ။

ေဘးကတပည့္ႏွစ္ေယာက္ကိုေခၚၿပီး ဆိုင္ထဲမွထြက္သြားသည့္ မင္းခရဲ႕ေနာက္ေက်ာကိုၾကည့္ရင္း တင္းထားသည့္စိတ္တို႔က ၿပိဳလဲခ်င္လာသည္။

ေက်နပ္တယ္မလား?
မင္း အရမ္းမုန္းေနတဲ့သူကို
အရံႈးေတြ တေပြ႔တပိုက္နဲ႔
ျပန္ေတြ႔လိုက္ရလို႔....

******************tbc

2.June.22

[Unicode]

သွန်းအုပ် ကလောကိုရောက်တာ ဒီနေ့နဲ့ဆိုလျှင်
တစ်ပတ်တိတိရှိပြီဖြစ်သည်။ မင်းခစာသင်သည့် ကျောင်းကိုလည်း သိသည်။ မင်းခနေသည့်အိမ်ကိုလည်း သိသည်။ သို့သော် မင်းခနှင့်တွေ့ရန်အတွက် သူ့မှာသတ္တိမရှိ။

သွန်းအုပ်လုပ်နိုင်တာက ခပ်လှမ်းလှမ်းမှ သွားငေးကြည့်ရုံသာ။ တစ်ချိန်လုံးအားခဲထားခဲ့သမျှက တကယ်တမ်းရင်ဆိုင်ရမည့်အချိန်ရောက်တော့ မျက်နှာချင်းတောင်မဆိုင်ရဲ။ အမုန်းတရားတို့ပြည့်နေမည့် မျက်ဝန်းတို့ဖြင့် အကြည့်ခံရမည်ကိုတော့ သူတကယ်ကို ကြောက်ပါသည်။

ကလောသို့ရောက်ပြီး နောက်တစ်နေ့မှစ၍
ကျောင်းရှေ့ခပ်လှမ်းလှမ်းက ထမင်းဆိုင်သို့ မနက်တစ်ခေါက်၊ နေ့ခင်းတစ်ခေါက် အချိန်မှန်သွားဖြစ်သည်။ အဖြူအစိမ်းကျောင်းဝတ်စုံနှင့် ရှင်းသန့်ခန့်ညားနေသည့် အထက်တန်းပြ ကျောင်းဆရာလေးကိုမြင်တိုင်း မျက်ရည်တွေဝဲလာသည်အထိ သွန်းအုပ်ပြုံးမိပါ၏။

မျက်နှာထားတည်တည်၊ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်း နှင့် ခန့်ခန့်ညားညား ထိုကျောင်းဆရာကြီးက အရင်တုန်းကလို ကျောပိုးအိတ်နှစ်လုံးလွယ်ပြီး သူ့ကိုစက်ဘီးနောက်ကတင်ကာ ကျောင်းတတ်နေကျ ဆယ်ကျော်သက်ကလေးလေးမဟုတ်တော့။

အများကြီးပြောင်းလဲသွားတယ်။
အဲ့ပြောင်းလဲမှုတွေထဲမှာ
ကိုကို့ရင်ကွဲစေမယ့်
ပြောင်းလဲမှုတွေရော ပါနေမှာလား?

---------------

"ကိုခ ဒီဘူးအဖြူထဲမှာ တို့စရာလေးတွေပါတယ်နော်"

မင်းခလက်ထဲသို့ ထမင်းချိုင့်နှင့်တခြားတိုလီမိုလီများ ထည့်ထားသည့် ယောကျ်ားလေးကိုင်လက်ဆွဲအိတ်ကို ပေးနေရင်းက ပုံရိပ်ပြောလိုက်သည်။

"အကုန်လုံးကုန်အောင် စားရမယ်နော် ကိုခ။
ထမင်းစားပြီးရင် အချိုတည်းဖို့လို့ ကျောက်ကျောလည်းပါတယ်နော်။ ကျွန်တော် သေချာမလုပ်တတ်သေးလို့ အိမ်က ကြီးကြီးတို့်ကို
ဘေးကနေ သေသေချာချာပြောပြီး ကောင်းအောင်လုပ်ခိုင်းထားတာ။ ကောင်းတယ်.. စားဖြစ်အောင် စားလိုက်နော်။"

"ဟုတ်ပါပြီ အရိပ်ရာ။ ကိုယ်က ကလေးလေးလည်း မဟုတ်ပါဘူး။ အကုန်ပြောင်နေအောင် စားခဲ့မယ်။ ဟုတ်ပြီလား"

"ဟုတ်ကဲ့"

မင်းခက စိတ်ကျေနပ်အောင်ပြောပေးလိုက်တော့မှ
ပုံရိပ်၏ မှာတမ်းခြွေနေမှုက အနည်းငယ်ရပ်စဲသွားသည်။ သို့သော်ငြား အပြီးသတ်ဖို့က ကျန်နေသေးပုံရသည်။

"သြော်..ကိုခ။ ဆေးလေးလည်းသောက်လိုက်ဦးနော်။ နေ့လည်ကျရင် ဗိုက်လေးပြီး အိပ်ငိုက်နေမှာစိုးလို့"

"ကဲ..အရိပ်! ကိုယ်က ဒေါင်ဒေါင်မြည်လွန်းလို့တောင်
ခက်နေတာ။ အိပ်ရေးလည်းဝလို့ ဘယ်အချိန်ဖြစ်ဖြစ် မအိပ်ငိုက်ဘူး။ ကိုယ့်ကိုချည်း စိတ်ပူမနေနဲ့။ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဦး။ တော်ကြာ အိပ်ရာထဲပြန်ခွေနေရဦးမယ်။ လူက အခုမှ နေကောင်းကာစကို။ ခုလိုတွေမလုပ်ပါနဲ့ ပြောလည်းမရဘူး။"

"ကိုခကို လိုက်မပို့ရတာ တစ်ပတ်ကျော်လောက်
ကြာနေပြီကို"

"ကိုယ်က အရိပ်လိုက်ပို့မှ ကျောင်းကိုရောက်မယ့် ကလေးမဟုတ်ဘူးလေ။"

"••••"

ပြောပြီးမှ ပုံရိပ်က စိတ်မကောင်းဖြစ်သွားမှန်းသိတော့
မင်းခ သက်ပြင်းတစ်ပျချမိပြီး ပုံရိပ်ပုခုံးလေးအား ခပ်ဖွဖွပုတ်လိုက်သည်။

"ကိုယ်က အရိပ်နေမကောင်းထပ်ဖြစ်မှာစိုးလို့ ပြောတာပါ။ အရိပ်ကို အိမ်ကကား လာခေါ်မှာမလား။ ကိုယ်ကျောင်းထဲ ဝင်တော့မယ်နော်"

"ဟုတ်ကဲ့"

-

ခပ်လှမ်းလှမ်းတွင် မြင်နေရသည့် လူနှစ်ယောက်ကို
စိတ်ရှိလက်ရှိ အမှုန့်ကြိတ်ပစ်ချင်စိတ်များ သွန်းအုပ်ထံ၌ တဖွားဖွားပေါ်လာနေသည်။ ဒေါသထွက်တာရော၊ ဝမ်းနည်းတာရောပေါင်းပြီး မျက်ရည်များလည်း အိုင်လာ၏။

အရင်ရက်တွေက မင်းခတစ်ယောက်တည်း
ကျောင်းလာတာကိုသာ မြင်ခဲ့ရတာမို့ ပုံရိပ်ပါ
ကလောမှာရှိနေတာကိုမသိခဲ့။ သူမရှိသည့်နှစ်များအတွင်း အတော်လေးရင်းနှီးသွားပုံရသည်။

ပုံရိပ်က အရင်ကထက် အများကြီးပို၍ ကြည့်ကောင်းလာတာကိုတော့ ကြည့်မရသည့်ကြားက အသိအမှတ်ပြုပေးလိုက်ရသည်။ အရင်တုန်းကထက်လည်း မင်းခအနား ပိုကပ်လာသည်။ မင်းခကလည်း တစ်ယောက်တည်းရှိလျှင် မျက်နှာထားက မှုန်သုန်တင်းမာနေတတ်သော်ငြား ပုံရိပ်နှင့်တွဲရှိနေချိန်ကျတော့ အပြုံးပန်းများက
ဖောဖောသီသီ ပွင့်အာနေ၏။

တောက်!

Waiterကိုလှမ်းခေါ်ပြီး ကျသင့်ငွေကိုရှင်းကာ
ဆိုင်ထဲမှထွက်ရန်ပြင်လိုက်သည်။ ဒီလိုမြင်ကွင်းမျိုးကိုတော့ သူကြာကြာကြည့်မနေချင်။ အရင်လို ထိုနှစ်ယောက်အနားသွားပြီး ဝုန်းဒိုင်းကြဲလုပ်လို့ရသည့် အခြေအနေလည်းမဟုတ်မို့ ကိုယ့်ဒေါသကိုယ်သာ အသာပြန်ထိန်းရင်း တည်းခိုခန်းသို့ပြန်ရန်သာ ပြင်လိုက်သည်။ တခြားဘယ်နေရာကိုမှလည်း
သွားချင်စိတ်တို့ သူ့မှာမရှိ။

ဆိုင်ထဲကထွက်လာသည်နှင့် အနက်ရောင်maskတစ်ခုကို တပ်လိုက်သည်။ ဦးထုပ်တစ်လုံးကိုပါ ခပ်ငိုက်ငိုက်ဆောင်း လိုက်ပြီးသည့်နောက် သွန်းအုပ်က သူ့ကိုဘယ်သူမှာ
မှတ်မိလိမ့်မှာမဟုတ်ဟု ယုံကြည်သွားသည်။
ကားလမ်းတစ်ဖက်သို့ကူးပြီး တည်းခိုခန်းရှိသည့်ဘက်ကို ခြေဦးလှည့်လိုက်၏။

-

-

မင်းခကျောင်းထဲသို့ဝင်သွားတာကို မျက်စိတဆုံးလိုက်ငေးပြီးမှ အိမ်ကကားဒရိုင်ဘာကို ပုံရိပ် ဖုန်းလှမ်းဆက်လိုက်သည်။ မင်းခ၏ကျောင်းနှင့် ပုံရိပ်၏အိမ်က သိပ်မဝေးတာမို့ ငါးမိနစ်ဝန်းကျင်အတွင်းပင် ပုံရိပ် အိမ်ကကားက ရောက်လာသည်။

လူက နလန်ထခါစမို့ လမ်းကြာကြာလျှောက်ပြီးချိန်၌ နုံးခွေ့နေသည်။ ပုံရိပ်က အဆင်ပြေပုံမပေါ်တာမို့ ကားနောက်ခန်းထဲတွင် အဆင်သင့်ဝင်ထိုင်နိုင်ရန် ဒရိုင်ဘာဦးလေးက ကားပေါ်မှဆင်း၍
ကားတံခါးအဖွင့်၊အပိတ် လုပ်ပေးလေသည်။

ပုံရိပ်ကလည်း အဆင်သင့်ဖွင့်ပေးသည့် ကားနောက်ခန်းထဲ၌ ဝင်ထိုင်လိုက်သည်။ ကားတံခါးဖွင့်ပေးသည့်သူကိုပင်
စကားတစ်ခွန်းမှမဆိုနိုင်ဘဲ ကားထဲသို့ရောက်ရောက်ချင်း ကျောမှီကာ မျက်ခွံများကိုမှိတ်ချလိုက်သည့်ပုံရိပ်က ဟိတ်ကြီးဟန်ကြီး ထုတ်နေခြင်းမျိုးမဟုတ်။
တကယ်ကို ပင်ပန်းနေပြီဖြစ်၍ အလိုက်သိသည့် ဒရိုင်ဘာဦးလေးလုပ်ပေးသည်ကို မငြင်းမိခြင်းရယ်သာ။

ကားထဲသို့ရောက်သည်နှင့် မှိန်းရန်ပြင်နေသည့်
ပုံရိပ်၏ပုံစံနွမ်းဖက်ဖက်ကိုကြည့်ရင်း ဒရိုင်ဘာဦးလေးကြီးက သက်ပြင်းချလိုက်သည်။ တစ်ပတ်လုံးလုံး နေမကောင်း၍ အိပ်ရာထဲလှဲနေရသည့်သူက နည်းနည်းလေး ထူထူထောင်ထောင်ဖြစ်တာနှင့် ပုံမှန်အတိုင်း မနက်အစောကြီးထကာ ကိုယ့်ဒုက္ခကိုယ်ရှာယူပြန်သည်။

ပုံမှန်နေကောင်းနေသည့်ရက်တွေမှာတောင်
အိမ်ပြန်ရောက်တာနှင့် ခြေကုန်လက်ပန်းကျနေတတ်သူက အခုလိုနာလန်ထစအချိန်မျိုးမှာတော့ အိမ်ပြန်ရောက်တဲ့အထိပင် မျက်လုံးဖွင့်မထားနိုင်တော့။

ရန်ကုန်က ပုံရိပ်လေး၏မိတ်ဆွေ ဆရာဝန်က
လွန်ခဲ့သည့်လကတည်းက ရန်ကုန်သို့ပြန်လာပြီး ဆေးကုသမှုများခံယူရန် ပြောနေခဲ့သော်လည်း ပုံရိပ်လေးက ပေကပ်၍သာနေနေ၏။ ဆရာမင်းခကိုလည်း အသိမပေး။ အခြားသူများပြောပြမှာကိုပင် စိုးရိမ်ကာ  လိုက်၍ပိတ်ပင်နေလိုက်သေးသည်။

"ပုံရိပ်လေး.. ဦးလေး ဆေးခန်းဝင်ပို့ပေးရမလား။
မဟုတ်လည်း အိမ်လာနေကျဆရာဝန်ကိုပဲ ဖုန်းလှမ်းဆက်ထားလိုက်ရမလား"

ပုံရိပ်က ဖြည်းဖြည်းချင်းခေါင်းခါရင်း..

"နေပါစေ.. ခဏနားလိုက်ရင် သက်သာသွားမှာပါ"

"အင်းပါ.. ဦးလေး ကားမှန်တွေချပေးရဦးမလား"

ပုံရိပ်က ခေါင်းညိတ်ပြတာကြောင့် ဒရိုင်ဘာဦးလေးက ကားပြတင်းမှန်များကို ချပေးလိုက်သည်။ ပုံရိပ်က အမှတ်တမဲ့ဖြင့် မှန်ချထားသည့် ကားပြတင်းပေါက်မှတဆင့် အပြင်ကိုလှမ်းကြည့်မိတော့...

!!

အမှတ်တမဲ့မြင်လိုက်ရသည့် လူတစ်ဦးအား ပုံရိပ် သေချာလိုက်ကြည့်မိသည်။ စိတ်လှုပ်ရှားမှုကြောင့်
ရင်ထဲမှာတဒိန်းဒိန်း။ maskအနက်ရောင်ကိုတပ်ထားပြီး လျှာထိုးဦးထုပ်တစ်လုံးကို ခပ်ငိုက်ငိုက်ဆောင်းထားသူက သွန်းအုပ်စိုးပိုင်တော့ မဖြစ်တန်ရာ။

ရုတ်တရက် အသက်ရှုရပိုခက်လာတာမို့
မျက်လုံးများကိုပြန်မှိတ်ကာ အသက်ကို ဖြည်းဖြည်းမှန်မှန်ရှုရင်း ငြိမ်သက်နေလိုက်သည်။

မဖြစ်နိုင်ပါဘူးး။ လူမှားနေတာပဲဖြစ်မှာ။

------------------

ဆယ်တန်းစာမေးပွဲရက်နီးနေပြီမို့ ဇာနည်တို့အား
home studyလုပ်နိုင်ရန်အတွက် ကျောင်းများ ပိတ်ပေးထားသည်။ သို့သော် မိဘအိမ်မကပ်သည့် ဇာနည်ကတော့ မင်းခအိမ်ကို သူ့အိမ်လိုသဘောပိုက်ကာ ၂၄နာရီအချိန်ပြည့် လာရောက်မင်းမူနေလေတော့၏။

ဒီနေ့တော့ မင်းခ၏အိမ်တွင် ဇာနည်တင်မဟုတ်ဘဲ
စွမ်းထက်ပါ စာလာကျက်နေသည်။
နောက်နှစ်ရက်ဆိုလျှင် စာမေးပွဲဖြေရတော့မှာမို့ ဇာနည်နှင့်စွမ်းထက်တို့နှစ်ယောက်သား စကားများချိန်ပင်မရှိဘဲ မေးခွန်းဟောင်းများ၊
ဉာဏ်စမ်းပုစ္ဆာများကိုသာ အပြိုင်အဆိုင် အသည်းအသန်ဖြေနေကြ၏။

နေ့လည်ထမင်းစားချိန်ရောက်လျှင် မင်းခက
စာကြိုးစားနေသည့် တပည့်နှစ်ကောင်အား ဆိုင်တစ်ဆိုင်သို့သွား၍ နေ့လည်စာတည်ခင်းဧည့်ခံရန် စဉ်းစားမိသည်။

တီ! တီ!

အိမ်ရှေ့မှ ကားဟွန်းတီးသံကြောင့် မင်းခရော
စွမ်းထက်နှင့်ဇာနည်တို့ပါ အိမ်ရှေ့သို့လှမ်းကြည့်လိုက်သည်။ ကားပေါ်မှ ခြင်းကြီးခြင်းငယ်အသွယ်သွယ်ဖြင့် ဆင်းလာသူမှာ ပုံရိပ်အပြင် အခြားနှစ်ယောက်မရှိ။ ဒရိုင်ဘာဦးလေးကိုတော့ ကားပေါ်တွင် နေကျန်ခိုင်းထားပုံရသည်။ အိမ်ထဲသို့
ပစ္စည်းကူသယ်ပြီး လိုက်မပို့။

မင်းခက ပုံရိပ်လက်ထဲမှခြင်းများအား လက်လွှဲယူလိုက်သည်။ပုံရိပ်၏မျက်နှာက ပြုံးရွှင်နေသော်လည်း အရောင်ကတော့ ဖြူဖျော့နေ၏။ အခုမှ Airconကားထဲက ဆင်းလာသည့်သူက ချွေးတွေလည်းစို့နေသေးသည်။ နေမကောင်းဖြစ်နေပြန်ပြီထင်သည်။

မင်းခက လက်ထဲရှိခြင်းများအား စားပွဲပေါ်သို့ချလိုက်သည်။ ထို့နောက် စိုးရိမ်စွာဖြင့် ပုံရိပ်၏နဖူးပေါ်လက်တင်ပြီး
ကိုယ်အပူရှိန်ကို ခံစားကြည့်၏။

"ကိုယ်တွေနွေးနေတယ်.. နေမကောင်းဘဲ
ဘာလို့လာတာလဲ အရိပ်။ မလာပါနဲ့ ပြောထားတာကို ကိုယ့်စကားနားမထောင်ဘူး"

ပုံရိပ်က မျက်နှာလေးငယ်သွားရင်း...

"ကျွန်တော် ရန်ကုန်ကို ခဏသွားရမှာမလို့။ ဟိုလေ.. ကျောင်းကိစ္စတွေအတွက် လိုအပ်လို့သွားရမှာ။ အဲ့ဒါ ကျွန်တော်မရှိခင် ကြားထဲမှာ ကိုခ အစားအသောက် အခက်အခဲဖြစ်နေမှာစိုးလို့"

"အရိပ် နေမကောင်းလို့ သွားရတာမလား"

"ဟို.."

"ကိုယ့်ကို မလျှို့ဝှက်ချင်စမ်းပါနဲ့ အရိပ်ရာ။ ဒီညီအစ်ကို နှစ်ယောက်ပဲရှိတာ။ ကိုယ့်ညီတစ်ယောက်လုံးနေမကောင်းလို့ ဆေးသွားကုတာကိုတောင် မသိလိုက်ရဘူးဆိုရင် အစ်ကိုဖြစ်သူက စိတ်မကောင်းပိုဖြစ်ရမယ် မဟုတ်ဘူးလား။ ပြော! ခုနက ဘာလို့လိမ်လိုက်တာလဲ"

"ပုံရိပ်က ခေါင်းလေးကိုအသာငုံ့ရင်း မင်းခ ရုပ်တည်ကြီးနှင့် ဆူသမျှကို ငြိမ်နားထောင်နေသည်။ ခွန်းတုံ့ပြန်စကားမဆို။ ဖြေရှင်းချက်လည်းမပေး။

"ကိုယ်မေးတာဖြေဦးလေ အရိပ်"

"ဟို.. ကိုခ သက်သက်မဲ့ စိတ်ရှုပ်နေရမှာစိုးလို့"

ကျစ်!

ပုံရိပ်၏ ဖြေရှင်းချက်ကိုကြားလိုက်ရပြီးနောက် မင်းခ စုတ်သပ်မိသည်။ ပုံရိပ်က အဲ့လိုချည်း... အရာရာ သူ့ဘက်ကိုချည်း ဦးစားပေးတွေးနေတာကို မင်းခက လုံးဝမကြိုက်။ အမြဲတမ်းသေးသေးမွှားမွှားကိစ္စလေးကအစ လိုက်တွေးပေးနေတော့ တချို့အရာများတွင် အားနာရသလို တချို့ကိစ္စများမှာတော့ စိတ်ရှုပ်လာရသည်။
စေတနာစော်ကားတာတော့မဟုတ်ပေမယ့် တကယ်ဆို မင်းခက သူအရာရာလိုက်လုပ်ပေးနေမှ အဆင်ပြေနိုင်မယ့် လူဘော်ကြော့လည်းမဟုတ်။

"အရိပ်"

"....."

"အရိပ် အခုလိုတွေလုပ်နေရင် ကိုယ်ပိုပြီးစိတ်ညစ်ရတာကို မသိတာလား"

"••••"

အရိပ်က အံ့သြသွားသလို မျက်လုံးလေးများဝိုင်းသွားသည်။ ချက်ချင်းဆိုသလို အရည်ကြည်များရစ်သိုင်းလာသည့် အကြည့်တို့က မင်းခစကားအား နားလည်မှုလွဲသွားပြီထင်၏။

"ကိုယ့်အတွက်ချည်း လိုက်ပူပန်မနေနဲ့။ ဒီကို အနားယူဖို့ ပြန်လာတာဆိုရင် အနားပဲယူနေလေ။ ကိုယ်က
ကိုယ့်ဝေယျာဝစ္စတောင် ကိုယ်မလုပ်နိုင်တဲ့ ကလေးလေးလည်းမဟုတ်ဘူး။ အရိပ် ကိုယ့်ဒုက္ခကိုယ်ရှာပြီး  အလုပ်ရှုပ်ခံအပင်ပန်းခံနေတာတွေ လျှော့သင့်တယ်။"

"....."

"အခုပဲကြည့်! နေမကောင်းတော့ ဟိုကိုမပြန်ချင်ဘဲနဲ့ ပြန်ရဦးမယ်မလား။ လူတစ်ယောက်မှာ ကျန်းမာရေးက အရေးအကြီးဆုံးပဲလေ။ ကိုယ့်အခြေအနေကိုယ်သိမှပေါ့။ ကိုယ်ကကျန်းမာနေမှ ကိုယ်ချစ်တဲ့သူတွေအနားမှာလည်း အချိန်အကြာကြီးနေနိုင်မယ်။ ကိုယ့်ကိုချစ်တဲ့သူတွေလည်း စိတ်ချမ်းသာရမယ်။ မဟုတ်ဘူးလား အရိပ်"

"ဟုတ်ကဲ့.. ပြန်လာရင် မလုပ်တော့ဘူး"

"ပြီးတာပဲ။ ရန်ကုန်ကို ဘယ်တော့သွားမှာလဲ"

"ညနေကျရင်သွားမှာ ကိုခ"

"အခု အိမ်ပြန်ပြီး အနားယူလိုက်တော့။ ဒါတွေလည်း
အရိပ်ကိုယ်တိုင်လုပ်လာတာတွေပဲမလား။ တကယ်... အရိပ်က ကိုယ့်ကိုယ်ကို အရမ်းဒုက္ခပေးတယ်"

တစ်ယောက်က ပွစိပွစိနှင့်ဆူနေသမျှ ကျန်တစ်ယောက်က မျက်နှာငယ်လေးနှင့် ငြိမ်ခံနေသည်။ ထိုနှစ်ယောက်အား ဇာနည်ကြည့်မရတော့။ ဇာနည့်ဘေးက စွမ်းထက်ကလည်း ဇာနည့် မျက်နှာရိပ်မျက်နှာကဲကြည့်ရုံနှင့် ထိုကောင်တစ်ခုခု ထပြောတော့မှာကိုသိတာမို့ ဇာနည့်ခြေထောက်အား
အားနှင့်ဖိနင်းကာ သတိပေးလိုက်မိစဉ်...

"အားးးးး!  နာတယ်လဒရ...  -ီးဖြစ်နေတာလား!"

!!

ပီယဝါစာဖြစ်လှသည့် ဇာနည့်စကားသံကိုကြားလိုက်ရစဉ် အိမ်ထဲရှိ အခြားလူသုံးယောက်စလုံးက ဇာနည့်အား
အလန့်တကြား ဝိုင်းကြည့်ကြသည်။ အနည်းငယ်ရဲနေသည့် ခြေထောက်တစ်ဖက်ကို ဆုပ်နယ်လျက် ရှုံ့မဲ့နေသော မျက်နှာထားအရ ခြေထောက်တကယ်နာသွားသည့်ပုံ။

"ဘာဖြစ်တာလဲ"

ဇာနည့်ဘေးသို့ဝင်ထိုင်ပြီး ခြေထောက်ကိုကြည့်ကာ မေးလိုက်သည့် မင်းခ၏လေသံမာမာတွင် စိုးရိမ်မှုများလည်း ပျော်ဝင်နေသည်ကိုသိ၍ ဇာနည် နည်းနည်းတော့ ကျေနပ်သွားသည်။

"ဟိုကောင် လာတတ်နင်းတာ ဆရာ.. အားကြီးနဲ့
ေ-ာက်ရမ်းတွေ လာနင်းပစ်တာ"

"မင်း!"

စွမ်းထက်က ပြန်ပြောချင်သော်လည်း အကြောင်းကိစ္စ မခိုင်လုံတာမို့ ဒေါသအလိပ်လိုက်သာ ကြိတ်ထွက်နေရသည်။ နေပါစေဦး.. နောက်တစ်ခါကျ အဆူခံရမည့်
အရိပ်အယောင်တွေ့လျှင်လည်း ဒီကောင့်ကို လွှတ်ပေးထားရမည်။ စေတနာနားမလည်ဘဲ အပြစ်လွှဲချချင်နေသေးသည့် ဒီလိုကောင်မျိုးကို
ဖြစ်ချင်ရာဖြစ် လျစ်လျူရှုလိုက်တော့မည်။

"မတော်တဆပါဆရာ"

လိမ္မာသည့်စွမ်းထက်၏စကားကို မင်းခကယုံတာကြောင့် စွမ်းထက်ကိုမဆူဖြစ်။ ဇာနည့်ကိုသာကြည့်ရင်း...

"အသက်နဲ့အဝေးကြီးပါ.. အရမ်းအဖြစ်သည်းမနေနဲ့! စကားကိုလည်း အဲ့ထက်ယဉ်ကျေးအောင် အများကြီးကြိုးစားဦး"

မင်းခက အနားကထသွားကာ သူ့အိပ်ခန်းထဲဝင်သွားချိန်၌ ပုံရိပ်ရော၊ ဇာနည်တို့ကျောင်းသားနှစ်ယောက်ပါ
နားမလည်သလို ဖြစ်သွားသည်။

ရုတ်တရက်ကြီး ဘာသွားလုပ်ပါလိမ့်။

ဇာနည်က မင်းခအားလိုက်ကြည့်နေရင်းမှ အမှတ်တမဲ့ တစ်ဖက်ပြန်လှည့်လိုက်စဉ် အမြင်အာရုံတစ်ခုလုံးကို
မင်းခဆီမှာသာ စုပုံထားသည့် ပုံရိပ်အား ငေးခနဲကြည့်မိသွား၏။

ကြည်ပြာရောင်ခပ်ပါးပါးဆွယ်တာတစ်ထည်နှင့် ခဲရင့်ရောင်ဘောင်းဘီရှည်ပွပွလေးကို ဝတ်ထားသည့်သူက အခုလိုအားနည်းနေချိန်မျိုးမှာတောင် ဖျော့တော့စွာဖြင့် ဆွဲဆောင်မှုရှိနေပြန်သည်။

်ယောကျ်ားလေးချင်းပင် ငေးရလောက်သည့်
သိမ်မွေ့စွာလှပမှုမျိုးနှင့် အလိုက်လည်းသိတတ်လွန်းလှသည့် ထိုသူအပေါ် သူသာဆရာ့နေရာမှာဆိုလျှင်
ညီအစ်ကိုလိုစိတ်မျိုး မွေးနိုင်လိမ့်မည်မထင်။

ဇာနည်အတွေးများနေချိန်မှာပင် မင်းခက
ဒဏ်ကြေလိမ်းဆေးတစ်ဘူးကို လက်ထဲကကိုင်လာပြီး အနားသို့ ပြန်ရောက်လာသည်။ မင်းခက ဆေးဘူးထဲမှ ဆေးအနည်းငယ်ကိုယူပြီး ဆေးလိမ်းပေးမည့်ဟန်ပြင်တော့ ဇာနည်က သူ့ခြေထောက်သူ အမြန်ပြန်ရုတ်လိုက်ရင်း...

"ရတယ် ဆရာ.. ပေးပေး ကျွန်တော့်ဘာသာလိမ်းလိုက်မယ်။ စာမေးပွဲဖြေခါနီး ငရဲတွေမပေးပါနဲ့ဗျာ"

"အဲ့လိုဆိုလည်း သေချာလူး"

မင်းခက ဇာနည့်လက်ထဲသို့ ဆေးဘူးထည့်ပေးလိုက်သည်။ ဇာနည်ကပြုံးစိစိလုပ်ရင်း စွမ်းထက်ကို လျှာထုတ်ပြောင်ပြ၏၊ စွမ်းထက်ကလည်း သူ့လာပြောင်နေသည့် ဇာနည်အား မင်းခမမြင်ခင် လက်ခလယ်တစ်ချောင်း ပြန်ထောင်ပြလိုက်သည်။ သူသာမတားလျှင် ပရမ်းပတာစကားတစ်ခုခုကြောင့် အခုချိန် ဆရာ့ဒေါသကိုသာရနေမည့် ဇာနည်က
သူ့တားမြစ်မှုကိုအကြောင်းပြု၍ ဆရာ့၏ဂရုစိုက်မှုကို မျက်ခွက်အပြောင်သားဖြင့် ခံယူနေလိုက်သေးသည်။

မနာလိုဖြစ်နေပုံရသည့် စွမ်းထက်အား ပြောင်ပြလိုက်ရ၍ ဇာနည်ပိုပျော်သွားသည်။ စွမ်းထက်ကလည်း ဆရာ့ကို သူ့နည်းတူခင်ရုံချစ်ရုံမက ကလေးဆန်ဆန် သဝန်တိုစိတ်ကလည်းရှိတာမို့ အခုလိုမျိုး သူ့ကိုဆရာက ဂရုစိုက်ပေးတာကိုမြင်ပြီးတော့ မျက်စောင်းကြီးတကဲကဲသာ လုပ်နေတော့သည်။

"ခဏနေရင် (××)မှာ နေ့လည်စာလိုက်ကျွေးမယ်။
အခု စာလုပ်တာခဏရပ်ပြီး နားကြတော့"

"ကျေးဇူး အကြီးကြီးနဲ့အများကြီး၊ အားကြီးတင်ရှိကြောင်းပါ အာစရိ!"

မင်းခ၏ စကားကြားသည်နှင့် ဇာနည့်အသံကျယ်ကြီး
ထွက်လာသလို စွမ်းထက်၏ မျက်လုံးများလည်း ဝင်းခနဲဖြစ်သွားသည်။ သူတို့ဆရာ ရေခဲသာလိကာကြီးကို ဒီလိုသိတတ်မှုလေးတွေကြောင့်ပင် တခြားဆရာ/ယဆရာမများထက် ပိုခင်၊ပိုလေးစားပြီး၊ပိုချစ်နေရခြင်းဖြစ်သည်။

#ဤနေရာတွင် 'ရေခဲသာလိကာ'၏ အနက်အဓိပါ္ပယ်ကို ဖွင့်ဆိုရသော် ထိုစကားလုံးမှာ ဇာနည်နှင့်စွမ်းထက်က
သူတို့ဆရာဖြစ်သူအတွက် သီးသန့်တီထွင်ကာ ဆရာ့ကွယ်ရာတွင် ခေါ်ဆိုအတင်းတုပ်ကြသော အမည်နာမတစ်ခုဖြစ်ပြီး "ရေခဲတုံးလို အေးစက်စက်ဟန်ပန်နှင့် သာလိကာလိုစကား အလွန်ပွားနိုင်သောသူ"ဟု အဓိပါ္ပယ်ရလေသည်။#

"အဲ့ဒါဆို ကျွန်တော်လည်း ပြန်တော့မယ်လေ။ ကိုခတို့ ဆရာတပည့်တွေ အပြင်သွားကြဦးမှာဆိုတော့"

"အင်း... ဟုတ်ပြီ အရိပ်။ ညနေကျမှ အရိပ်မသွားခင် ကိုယ်ခဏလာခဲ့တော့မယ်။ အိမ်ရောက်တာနဲ့ နားလိုက်ဦး"

"ဟုတ်ကဲ့"

မင်းခအား ပြုံးပြနေရင်းက စွမ်းထက်နှင့်ဇာနည့်ဘက်ကိုပါ ပုံရိပ် ပြုံးပြ၍ နှုတ်ဆက်လိုက်သည်။ ထို့နောက် အိမ်ပြန်တော့မည့်ပုံရိပ်အား မင်းခက ခြံရှေ့ထိလိုက်ပို့ပေးသည်။

အနှောင့်အယှက်မဖြစ်စေချင်၍သာ ပြန်ရမည်။
တကယ်ဆို အဝေးသို့သွားရခါနီးအချိန်မို့ အတိုးချကာ မင်းခအနားနေချင်ခဲ့သည်။ သူနေကောင်းဖို့အတွက် တကူးတကဆေးကုသမှုခံယူမနေချင်။ သူ့အတွက် အသက်ဆက်ဆေးဖြစ်သည့် မင်းခအနားမှာ အချိန်ပြည့်ရှိနေနိုင်ခွင့်တစ်ခုသာလိုအပ်ပါသည်။

---------------------

လက်ထဲမှာ သုံးစရာငွေတစ်ပြားမှ မရှိတော့၍သာ အတင်းကြိတ်မှိတ်သည်းခံပြီး အခုလိုလုပ်နေရသည်။ စိတ်ကလုံးဝမရှည် ချင်တော့။

Menuကို ဖင်တစ်ပြန်၊ခေါင်းတစ်ပြန်ကြည့်ပြီး
ဟိုဟာမှာရနိုး၊ ဒီဟာစားရနိုးဖြင့် ဇဝေဇဝါဖြစ်ကာ ဝေခွဲရခက်နေသည့် customerကလည်း စဉ်းစားခန်းဖွင့်နေသည်မှာ ဆယ့်ငါးမိနစ်မကတော့ပေ။ မနည်းသည်းခံပြီး စိတ်ရှည်ချင်ယောင်ဆောင်ကာ တာဝန်အရအတင်းလုပ်ယူပြုံးထားရသည့် လုပ်ပြုံးကြီးနှင့် waiterသွန်းအုပ်ကိုလည်း လုံးဝအားနာဟန်မတူ။

အချိန်တော်တော်ကြာ စဉ်းစားခန်းဖွင့်ပြီးမှ
ထမင်းပေါင်းတစ်ပွဲကိုမှာသည်။ ထို့နောက် ဘီယာတစ်ဗူးကိုပါဘေးချရင်း မှာထားသည့်ထမင်းပေါင်းအား သွန်းအုပ်ပြန်ယူလာမည့်အချိန်ကို စောင့်၏။
အသားနီစပ်စပ်၊ ဆံပင်ကျိုးတိကျဲတဲနှင့် ဗိုက်ရွှဲရွှဲထိုလူက ရှက်ကီဘဲကြီးဖြစ်ပုံရသည်။

ငါးမိနစ်စွန်းစွန်းမှာပင် ထိုcustomerလူကြီး
ထိုင်နေသည့်ဝိုင်းသို့ သွန်းအုပ်က ပူနွေးကာ စားချင်စဖွယ်ရှိလှသည့် ထမင်းပေါင်းတစ်ပွဲနှင့်
ဟင်းချို၊အချဉ်စသည့် အရံစားသောက်စရာများကိုပါ လှတပတလင်ဗန်းအဖြူလေးထဲထည့်သယ်ပြီး လာချပေးသည်။

ထိုလူက သွန်းအုပ်ချပေးလာသည့် ထမင်းပေါင်းအား တစ်ဇွန်းခပ်စားကြည့်ပြီးနောက် မကြိုက်ဟုဆိုကာ ကြေးအိုးတစ်ပွဲ ထပ်လုပ်ပေးရန် သွန်းအုပ်အား ပြောလိုက်သည်။ အလုပ်စဝင်ဝင်ချင်း ပထမဆုံးနေ့ဖြစ်၍ သည်းခံနိုင်တာထက်ပို၍ စိတ်ရှည်ပေးလိုက်ကာ Customerစိတ်တိုင်းကျ ကြေးအိုးတစ်ပွဲထပ်မှာပြီး လာချပေးလိုက်၏။

!!!

သွန်းအုပ်က ထိုလူ့ဝိုင်းကို မှာထားတာတွေချပေးပြီးနောက် တခြားဝိုင်းများသို့သွားရန် ပြင်လိုက်စဉ်မှာပင် ခြေထောက်ပေါ်သို့ အပက်ခံလိုက်ရသည့် ဟင်းရည်ပူပူများ။ ဒေါသစိတ်ကထောင်းခနဲမို့ တရားခံဖြစ်သည့်ထိုလူအား
စူးခနဲ ပြန်လှည့်ကြည့်လိုက်သည်။

"သြော်.. sorry!"

ထိုလူက တမင်သက်သက်လုပ်ပြီးမှ ခပ်ကျောကျောဟန်ဖြင့် sorryတစ်ချက်ပြောကာ သူ့လက်ထဲရှိဘီယာဗူးအား
မော့သောက်လိုက်သည်။

သွန်းအုပ်က ထိုလူအား ဘာမှပြန်မပြော။
စားပွဲပေါ်သို့ အခုလေးတင်မှ ချပေးထားသည့် ပူပူနွေးနွေးကြေးအိုးပန်းကန်ကိုယူကာ ထိုလူ၏ပေါင်ပေါ်သို့ သွန်ချပစ်လိုက်၏။

"အားးးးး!!"

"sorry!"

သွန်းအုပ်၏စကားသံကလည်း ပေါ့ပျက်ပျက်။

ထိုလူ၏ အော်သံကြောင့် ဆိုင်ထဲတွင်ရှိနေသည့်
မျက်လုံးပေါင်းများစွာက သူတို့နှစ်ယောက်ဆီသို့ စုပြုံကျရောက်လာသည်။

"မင်းဘာလုပ်တာလဲ ဟေ့ကောင်!!"

ထိုလူက ဝုန်းခနဲထရပ်ပြီး သွန်းအုပ်၏ ရှပ်အင်္ကျီကော်လံအား ဆောင့်ဆွဲလိုက်သည်။ ဆိုင်အတွင်း၌ ရုတ်တရက်ဆိုသလို အလွန်တင်းမာသည့် အခြေအနေတွေဖြစ်လာတာကြောင့် ဆိုင်မန်နေဂျာအမျိုးသမီးကပါ သူတို့အနားသို့ရောက်လာ၏။

ကြေးအိုးထဲရှိ ဟင်းရွက်ဖက်များ၊ကြာဇံဖက်များနှင့်
ပေပွနေသည့် customerကို မြင်လိုက်ရပြီးသည့်နောက်...

!!!

သွန်းအုပ်၏ပါးပြင်ရှိရာသို့ ရွယ်လိုက်သည့် ထိုအမျိုးသမီး၏ လက်တစ်ဖက်အား တစ်စုံတစ်ယောက်က ဖမ်းချုပ်ပေးထားလိုက်သည်။

"ကိစ္စတစ်ခုကို အစအဆုံးမသိဘဲ ကိုယ့်ဝန်ထမ်းကိုယ် ကိုယ်ထိလက်ရောက် အပြစ်ပေးမစောပါနဲ့။
သေချာမေးဦးမှပေါ့"

မျက်ခုံးနှစ်ဖက်အားတွန့်ချိုးထားလျက်
တည်ငြိမ်ပြီးပြတ်သာ သောလေသံဖြင့် အေးစက်စွာ စကားပြောနေသူ၏ မျက်နှာကို သွန်းအုပ် သေချာမော့မကြည့်ရဲ။ အစောပိုင်းက စိတ်တိုဒေါသများထွက်ကာ တစ်လောကလုံးအား ဂရုမစိုက်လေဟန် သတ္တိတွေကောင်းနေခဲ့သည့်သူက မင်းခကို ထိပ်တိုက်ဆုံတွေ့ လိုက်ရသည်နှင့် အကြောက်လွန်နေသည့်ယုန်ဖြူလေးလို ပြောင်းလဲသွားသည်။

ဘယ်အချိန်ကတည်းက ဒီဆိုင်ထဲမှာ သူကရှိနေခဲ့တာလဲ?

အထက်တန်းပြကျောင်းဆရာကြီးကို မျက်နှာချင်းဆိုင်ဖို့ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးဝင်လုပ်နေရသည့် သူ့မှာ မဝံ့မရဲဖြစ်နေရသည်။ ရုတ်တရက်ဆိုသလို ထိပ်တိုက်ကြီး ပြန်တွေ့ချိန်ကျမှ သူ့မှာထောင်ထွက်အဖြစ်နှင့်တင်မကဘဲ လက်ထဲ၌ခြူးတစ်ပြားမှပင်မရှိသည့် စားပွဲထိုးပေါက်စဘဝပါ ရောက်နေလိုက်သေး၏။

ဆိုင်မန်နေဂျာအမျိုးသမီး၊ မင်းခနှင့် ပြဿနာစရှာသည့်လူတို့ သုံးယောက်၏ တစ်ယောက်တစ်ခွန်း ဖြေရှင်းနေသည့်
စကားသံများကို ကြားနေရသော်လည်း ဘာကိုမှ သွန်းအုပ်မသိတော့။

အနေရခက်စွာဖြင့် အတွေးတွေကလည်း အငြိမ်မနေ... ယောက်ယက်ခပ်နေသည်။ ပုခုံးတစ်ဖက်သို့
လာဖြစ်ညှစ်လိုက်သည့် အထိအတွေ့ကို ခံစားမိတော့မှ ဘေးကိုလှည့်ကြည့်ဖြစ်သည်။

သူ ကလောသို့ စရောက်လာသည့်နေ့က
သူ့အားကူညီပေးခဲ့သည့် ချာတိတ်လေး။ မင်းခနှင့်အတူ ပါလာဟန်ရှိသည်။

မင်းခရဲ့ တပည့်များလား။

မင်းခတို့သုံးယောက် အချင်းချင်း ညှိနှိုင်း၍ ပြီးသွားသည်ထင်သည်။ ဆိုင်မန်နေဂျာအမျိုးသမီးက သွန်းအုပ်ဘက်သို့ လှည့် လာပြီး...

"Customerကို တောင်းပန်လိုက်ပါ"

"ဘာ!"

သွန်းအုပ်က ကြောင်အစွာ...

"ခင်ဗျားအမှားကို တောင်းပန်ခိုင်းနေတာလေ။
ဒီလိုဘဝရောက်နေတာတောင် မာနကြီးတစ်ခွဲသားနဲ့နေပြီး ထောင်ထဲပြန်သွားချင်သေးလို့လား"

"••••"

မင်းခ၏ အေးတိအေးစက်စကားသံအဆုံး သွန်းအုပ် အံတစ်ချက်ကြိတ်ပြီး အားတင်းလိုက်သည်။

ဒီလိုမျိုးဆက်ဆံခံရမယ်ဆိုတာ
ကြိုပြီးသိနေခဲ့တယ်မလား?
အားတင်းထားမှရမှာပေါ့
ဒီထက်တောင် ပိုမုန်းနေနိုင်သေးတာကို....

"တောင်းပန်ပါတယ်"

customerလူကြီးအား သွန်းအုပ် ဦးညွှတ်ပြီး တောင်းပန် စကားပြောလိုက်သည်။

ထိုလူက အခဲကြေပုံမရသော်လည်း
ဘာမှဆက်မပြောတော့ပဲ ဆိုင်ထဲမှထွက်သွားသည်။ ဆိုင်မန်နေဂျာကတော့ သွန်းအုပ်အား ဆိုင်အနောက်ဘက်ရှိ ရုံးခန်းထဲသို့လိုက်လာရန်ပြောပြီး သွန်းအုပ်အရှေ့မှ ခြေလှမ်းကျဲများဖြင့် ဝင်သွားနှင့်သည်။

မင်းခက မျက်လုံးချင်းဆုံလောက်အောင် တစ်ချက်မှမကြည့်။ သာမန်ကာလျှံကာ သွန်းအုပ်၏ ခေါင်းအစခြေအဆုံးပုံပန်း သဏ္ဍာန်အား ကြည့်လိုက်ရင်း...

"တအားစိတ်ပျက်ဖို့ကောင်းတယ်"

သွန်းအုပ်ရင်ထဲ နင့်ခနဲ... မျက်ရည်မလွယ်သော်ငြား မျက်ရည်စတို့က မျက်လုံးထဲဝေ့ခနဲ။

ဘေးကတပည့်နှစ်ယောက်ကိုခေါ်ပြီး ဆိုင်ထဲမှထွက်သွားသည့် မင်းခရဲ့နောက်ကျောကိုကြည့်ရင်း တင်းထားသည့်စိတ်တို့က ပြိုလဲချင်လာသည်။

ကျေနပ်တယ်မလား?
မင်း အရမ်းမုန်းနေတဲ့သူကို
အရှုံးတွေ တပွေ့တပိုက်နဲ့
ပြန်တွေ့လိုက်ရလို့....

******************tbc

2.June.22

Continue Reading

You'll Also Like

401K 16.2K 46
ကြယ်ကလေးတွေလည်း လင်းလက်နေပါသေးသည်။ လမင်းကြီးလည်း ထိန်ထိန်လင်းနေပါသေးသည်။ ငှက်ကလေးတွေလည်း ပျံဝဲနေပါသေးသည်။ လေကလေးတွေလည်း တိုက်နေဆဲသာ။ ချစ်သေးရဲ့လားတဲ့...
1.9M 90.9K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
194M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
43.5K 2.1K 34
ခ်စ္​ျခင္​းတရား​ေတြက အျမဲျပည္​့စံု​ေနတာပဲ တစံုတရာကို မသိခင္​အခ်ိန္​ထိ​ေပါ့ ချစ်​ခြင်းတရား​တွေက အမြဲပြည့်စုံ​နေတာပဲ တစုံတရာကို မသိခင်​အချိန်​ထိ​ပေါ့