[Zawgyi]
စိတ္ေထာင္းရင္ ကိုယ္ေၾကတတ္သည္ဟု ၾကားဖူးခဲ့သည္။ ကိုယ္တိုင္ ထိုအျဖစ္မ်ိဳးၾကံဳရလိမ့္မည္ဟု မဟာစိုး ဘယ္တုန္းကမွ မေတြးဖူးခဲ့။ ခင္ပြန္းျဖစ္သူ ဆံုးပါးၿပီးေနာက္ပိုင္း သူမကပါ က်န္းမာေရးခ်ိဳ႕ယြင္းလာသည္။ အရင္ကတည္းကလည္း ေရာဂါအခံမ်ား႐ွိတာမို႔ စိတ္ဓာတ္က်သည္ႏွင့္ လူကပါ ခ်ံဳးခ်ံဳးက်၏။
သြန္းေလး႐ွိေန၍သာ အခုခ်ိန္ထိ ေတာင့္ခံထားႏိုင္ျခင္း။ သြန္းေလးကလည္း အေမျဖစ္သူနားက မခါြေတာ့ေပ။
အေဒၚကလည္း အရင္လို ဂ႐ုတစိုက္မ႐ွိေပးေတာ့တာေၾကာင့္လည္း ေနမေကာင္းသည့္ အေမကိုသာ အရင္ကထက္ ပိုကပ္ေနေလေတာ့သည္။
"ေမႀကီး"
"အင္း..ေျပာေလ သြန္းေလး"
"ေမႀကီး ျမန္ျမန္ေနေကာင္းရမယ္ေနာ္"
"အင္း"
မ်က္ရည္ဝိုင္းေနသည့္ မ်က္လံုးၾကည္ၾကည္ေလးမ်ားက သူမအား ေသခ်ာၾကည့္ေနသည္။ လူႀကီးဆန္သည္ဟု ေျပာရမလား၊ စိတ္မာသည္ဟုပင္ သတ္မွတ္ရေလမလား၊ သြန္းေလးက ေတာ္ရံုငိုခဲသည္။ သူ႔အေဖဆံုးတုန္းကလည္း ၿငိမ္ၿငိမ္ကေလးေခ်ာင္ကပ္ရင္းသာ လူမျမင္ကြယ္ရာ၌ ငို႐ွာသည္။
"သြန္းေလး"
"ဟုတ္..ေမႀကီး"
"ေမႀကီးမ႐ွိေတာ့ရင္လည္း အခုလိုပဲ သန္မာေနရမယ္ေနာ္"
"ေမႀကီးက ဘယ္သြားမွာမို႔လို႔လဲ"
"ေမလြန္းရဲ႕စကားကိုနားေထာင္ၿပီး လိမ္လိမ္မာမာေနရမယ္ေနာ္"
"ေမႀကီးးး"
ခပ္ခြၽဲခြၽဲေခၚကာ အေမ့ရင္ခြင္ထဲ အတင္းတိုးဝင္လာသည့္ သြန္းေလး၏မ်က္ႏွာေလးက ငိုမဲ့မဲ့။
"သားသားကို မထားခဲ့ရဘူးေနာ္။ ဘယ္မွမသြားရဘူး။ ေသလည္းမေသရဘူးေနာ္"
ကိုယ့္က်န္းမာေရးအေျခအေန ကိုယ္သာအသိဆံုးျဖစ္၍ မဟာစိုး ခပ္ယဲ့ယဲ့သာျပံဳးမိသည္။
"ေမႀကီး..သားသားကို ကတိေပး"
"ေျပာေလ..ေမႀကီးက ဘာကတိေပးရမလဲ"
"ျမန္ျမန္ေနေကာင္းလာမယ္လို႔ ကတိေပး"
"မဟာစိုး ျဖည္းညင္းစြာေခါင္းၿငိမ့္ျပလိုက္သည္။
သြန္းေလး ေတာင္းဆိုသည့္ကတိအား တိတ္ဆိတ္စြာေနျပျခင္းျဖင့္ ကတိေပးသလိုေနလိုက္၏။
ေက်နပ္သြားသည့္ သြန္းေလးကေတာ့ အေမျဖစ္သူအား တိုး၍သာ ခပ္တင္းတင္းဖက္တြယ္လိုက္ရင္း
ၿငိမ္ၿငိမ္ေလးေနေနသည္။ ဘာစကားမွ ထပ္မေမးေတာ့။
-
-
ေမႀကီးသိလား
ေမလြန္းက သားသားကို အရင္လိုမခ်စ္ေတာ့ဘူး။
ေမႀကီးသာမ႐ွိေတာ့ရင္ သားသားကိုခ်စ္ေပးမယ့္လူ တစ္ေယာက္မွေတာင္ မ႐ွိေလာက္ေတာ့ဘူးထင္တယ္။
အခုေတာင္ေလ သားသားကို ဘယ္သူမွ ဂ႐ုမစိုက္ၾကေတာ့ဘူး။
ေမႀကီးနဲ႔ေဖႀကီးကိုယ္တိုင္ေတာင္ သားသားေမြးေန႔ကို
ေမ့ေနခဲ့ၾကတာေလ။ ေမလြန္းကေတာ့ ပိုျပီးေမ့သြားမွာေပါ့။
ေမြးေန႔ေမ့လည္း သားသားကစိတ္မေကာင္းမျဖစ္ပါဘူး။ ေမႀကီးတို႔ စိတ္ညစ္ေနလို႔ေမ့သြားတာမလား။ ေနာက္က်ရင္ ေမလြန္းမမွတ္မိရင္ေတာင္ ေမႀကီးက သတိရၿပီးလုပ္ေပးမွာ သားသားသိတယ္။
အဲ့ဒါေၾကာင့္ ေမႀကီးက ျမန္ျမန္ေနေကာင္းေအာင္လုပ္ၿပီးေတာ့ ဘယ္ကိုမွထြက္မသြားဘဲ သားသားနဲ႔ အၾကာႀကီးေနေပးပါ။
ေမႀကီးကို အရမ္းခ်စ္တယ္။
-
ငယ္ငယ္ကတည္းက ၿမိဳသိပ္တတ္လြန္းသည့္
ထိုေကာင္ေလးသည္ ထိုစကားမ်ားကို အေမျဖစ္သူေ႐ွ႕ ထုတ္မေျပာျဖစ္ခဲ့ပါေပ။
-------------------
စာခ်ဳပ္ကိုကိုင္ထားသည့္ လြန္းသီရိ၏လက္တို႔က
တုန္ယင္ေနသည္။ စာရြက္၏အေလးခ်ိန္ ေပါ့႐ွပ္႐ွပ္ေလးေၾကာင့္ေတာ့မဟုတ္။ စာခ်ဳပ္ပါ စည္းကမ္းခ်က္မ်ားေၾကာင့္ျဖစ္၏။ စိတ္တို႔ကတုန္လႈပ္လာ၍ နွလံုးခုန္သံနွင့္ ခႏၶာကိုယ္အစိတ္အပိုင္းတို႔ကပါ မတည္ၿငိမ္ႏိုင္ေတာ့ျခင္းပင္။
ပိုင္ဆိုင္မႈလႊဲေျပာင္းျခင္းစာခ်ဳပ္ဟူ၍ ေခါင္းစဥ္တပ္ထားသည့္ စာရြက္ပါးလႊာလႊာေလးတစ္ရြက္က သူမအတြက္ ဝန္အမ်ားႀကီး ပိေစသည့္အရာတစ္ခု...
"မမစိုး.."
"ေက်းဇူးျပဳၿပီး မျငင္းပါနဲ႔လား သီရိရယ္။ အခု မမရဲ႕ က်န္းမာေရးအေျခအေနကိုလည္း သီရိသိရဲ႕သားနဲ႔"
မဟာစိုးက လက္ခံရခက္ေနပံုရသည့္ လြန္းသီရိအား ေတာင္းပန္တိုးလ်ိဳးေသာအၾကည့္ျဖင့္ၾကည့္ရင္း လြန္းသီရိ၏ လက္ႏွစ္ဖက္အား အားကိုးတႀကီးျဖင့္ ဆုပ္ကိုင္လာသည္။
"သြန္းေလးကို သီရိလက္ထဲမွာ စိတ္ခ်လက္ခ်ထားခဲ့ခ်င္တာ"
"....."
"သြန္းေလးကို လိမ္လိမ္မာမာနဲ႔ ေကာင္းေကာင္းမြန္မြန္ ႀကီးျပင္းလာေအာင္ သီရိေစာင့္ေ႐ွာက္ေပးမယ္မဟုတ္လား"
"ညီမေလး ေစာင့္ေ႐ွာက္ေပးႏိုင္ပါတယ္။ ဒါေပမယ့္ အခုမမေရးထားတဲ့ အခ်က္ေတြက...."
လြန္းသီရိက ဆက္မေျပာ။ ျငင္းဆိုရေအာင္ကလည္း ခိုင္လံုေသာအေၾကာင္းျပခ်က္ သူမမွာမ႐ွိ။
"မမစိုး ေတာင္းဆိုထားတဲ့အခ်က္ေတြထဲမွာ ဘယ္အခ်က္ေတြကိုမ်ား သီရိကလက္မခံေပးခ်င္ရတာလဲ"
"......"
"ျမသားတို႔နဲ႔ ပတ္သက္ခ်င္ေသးလို႔လား"
ျမသားအေၾကာင္းေျပာခ်ိန္၌ မဟာစိုး၏စကားသံက ေအးစက္မာေျကာသြားသည္။
"ကိုယ့္အစ္ကိုကို သတ္ခဲ့တဲ့မိသားစု၊ ကိုယ့္မိသားစုကို တစ္စဆီ ၿပိဳကြဲေအာင္လုပ္ခဲ့တဲ့မိသားစုနဲ႔ လံုးဝမပတ္သက္ဖို႔ မမစိုး ေျပာေနစရာကို မလိုဘူးေလ။ သီရိရဲ႕အသိစိတ္နဲ႔ သီရိကိုယ္တိုင္ ဆံုးျဖတ္ၿပီးသားေတာင္ျဖစ္ေနရမွာ။"
"ဒါေပမယ့္ မမရယ္.. သြန္းေလးအေမြေတြ
လႊဲမၿပီးခင္အခ်ိန္အထိဆိုတာကေတာ့...."
လြန္းသီရိက စကားစအား ခဏျဖတ္လိုက္ၿပီး
သက္ျပင္းတစ္ခ်က္အား ခိုး႐ႈိက္လိုက္သည္။
"ညီမေလးကိုယ္တိုင္လည္း ျမသားတို႔ေမာင္ႏွမကို
ခြင့္လႊတ္ႏိုင္သလား၊ ခြင့္မလႊတ္ႏိုင္ဘူးလားဆိုတာကို မေသခ်ာပါဘူး။ ဒါေပမယ့္ ၾကားထဲက သားေလးကေတာ့ ဘာအျပစ္မွမ႐ွိတဲ့ ကေလးေလးေလ။ ညီမေလးကမွ ေထာက္ပံ့ေစာင့္ေ႐ွာက္တာေတြမလုပ္ရင္..."
"အဲ့ေတာ့ သြန္းေလးကို မေစာင့္ေ႐ွာက္ေပးႏိုင္ဘူးဆိုတဲ့ သေဘာလား သီရိ"
"မဟုတ္ေသးဘူးေလ။ အခုဟာက သြန္းေလးကိုေစာင့္ေ႐ွာက္ခ်င္ရင္ သားေလးတို႔ကို ပစ္ထားရမယ္.. သားေလးတို႔ကို ေရြးခ်ယ္ျပန္ရင္လည္း သြန္းေလးကိုပစ္ထားရမယ္ဆိုတဲ့ သေဘာမ်ိဳးမလို႔"
"ဟုတ္တယ္.. အဲ့သေဘာပဲ။ သြန္းေလးကို သီရိရဲ႕လက္ထဲမွာ စိတ္ခ်လက္ခ်အပ္ခဲ့ႏိုင္ဖို႔ဆိုရင္ သီရိကလည္း မမယံုၾကည္ရေလာက္ေအာင္ စိတ္ျပတ္သားႏိုင္ေနမွျဖစ္မွာေပါ့။ သြန္းေလးရဲ႕အေမအေနနဲ႔ မမမွာ အတၱႀကီးခြင့္႐ွိတယ္လို႔ထင္တယ္ေလ။ သြန္းေလးကိုေရာ၊ သီရိကိုေရာ သူတို႔နဲ႔လံုးဝပတ္သတ္ခြင့္ မျပဳႏိုင္ဘူး။ ေက်းဇူးျပဳၿပီး သြန္းေလးရဲ႕လက္ထဲ အေမြေတြလႊဲေပးျပီးတဲ့အခ်ိန္အထိပဲ သီရိ သူတို႔ကို ေမ့ထားေပးလို႔မရဘူးလား"
"....."
"အေစာႀကီးကတည္းက သီရိသာ အဲ့မိန္းမကို အိမ္ေပၚေခၚတင္မလာရင္ ဒီလိုေတြျဖစ္လာစရာမွမ႐ွိတာ။ အျပစ္တင္တာေတာ့မဟုတ္ေပမယ့္ သီရိရဲ႕ အမွားမကင္းခဲ့တာေတာ႔ သီရိလက္ခံရမွာပဲ။ အဲ့ဒါေၾကာင့္ အခု မမစိုး ေတာင္းဆိုေနတာေတြကို မျငင္းဆန္ရင္ သိပ္ေကာင္းမွာပဲ။ သီရိလည္း အရင္က ကတိေပးဖူးခဲ့တယ္ေလ"
"••••"
အမိန္႔ေပးျခင္းမမည္သည့္ ထိုေတာင္းဆိုမႈအား
လက္ခံခဲ့ရေပမယ့္ လြန္းသီရိ၏စိတ္က မျပတ္သားႏိုင္ခဲ့။
-------------------
ring! ring!
အဆက္မျပတ္ေခၚေနသည့္ ဖုန္းသံေၾကာင့္ လြန္းသီရိ စိတ္႐ႈပ္ေနေသာ္လည္း ဖုန္းျပန္ေျဖရန္ ျပင္လိုက္သည္။
"ဟယ္လို"
"လြန္း..ငါပါ။"
"အင္းး"
စိတ္႐ႈပ္ေန၍ ဖုန္းနံပါတ္ကိုပါ ေျပာင္းထားမိသည္။
ျမသားတို႔ကို မစြန္႔လႊတ္ႏိုင္တာ ေသခ်ာေသာ္လည္း
ျမသားရဲ႕ေမာင္လုပ္ရပ္ေၾကာင့္ ေမာင္ႏွမႏွစ္ေယာက္စလံုးကို ရာႏႈန္းျပည့္ခြင့္လႊတ္ေနနိုင္တာမ်ိဳးေတာ့မဟုတ္။ ပစ္ထားတာေတာ့မဟုတ္ေပမယ့္ ခုရက္ပိုင္းအတြင္း မဆက္သြယ္ခ်င္တာမို႔ တမင္ေ႐ွာင္ေနခဲ့သည္။
ဒါကိုပင္ သူမ၏ ဖုန္းနံပါတ္အသစ္အား
ဘယ္လိုရသြားသည္မသိ။ အသံၾကားရျပန္ေတာ့လည္း မနည္းပင္တင္းခံထားရသည့္ စိတ္တို႔က အရည္ေပ်ာ္က်ျပန္သည္။
"ဘာေျပာမလို႔လဲ"
"ငါနင္နဲ႔ေတြ႔ခ်င္လို႔။ အခု ငါ..ငါနဲ႔သားေလး ႏွစ္ေယာက္တည္းရယ္။ ဘာဆက္လုပ္ရမယ္မွန္းလဲ မသိေတာ့ဘူး။ ခဏေလးပဲျဖစ္ျဖစ္ ငါ့ကိုမ်က္ႏွာလာျပေပးရင္ ငါအား႐ွိသြားမွာ"
"ငါအလုပ္ေတြ႐ႈပ္ေနတယ္ ျမသား"
"ငါ့ကို စိတ္အရမ္းနာေနတာလားဟင္"
"...."
"ငါ..ငါေတာင္းပန္ပါတယ္"
"နင့္အျပစ္မွ မဟုတ္တာ"
"ဒါေပမယ့္ ငါသာ အေစာႀကီးကတည္းက ဘာအမွားမွမလုပ္ခဲ့ရင္....."
ေျပာရင္းႏွင့္ ခပ္သဲ့သဲ့ငိုေနျပန္သည့္ ျမသားေၾကာင့္
လြန္းသီရိ သက္ျပင္းခ်မိသည္။
"ျမသား... နင္အရမ္းဆိုးခဲ့တယ္"
"....."
"ဒါေပမယ့္ ဘယ္လိုလုပ္မလဲ။ နင္မေတာင္းပန္ရင္ေတာင္ ငါကအရမ္းခြင့္လႊတ္ခ်င္ေနတာေလ.. နင္သာ
ငါ့ကိုတန္ဖိုးထားခဲ့ၿပီး သစၥာ႐ွိေပးခဲ့ရင္ အခုလိုေတြ ျဖစ္လာစရာမ႐ွိဘူးဆိုတာ သိတယ္မလား။ ငါတို႔ အရမ္းေပ်ာ္ေနရမွာ"
လြန္းသီရိ၏စကားမ်ားတြင္ အျပစ္တင္သည့္ အရိပ္အေယာင္မ်ားလည္းပါသလို တစ္ဆက္တည္းမွာပဲ ခြင့္လႊတ္သည့္ဆႏၵတို႔ကိုလည္း ျမင္ေနရတာမို႔ ျမသား ဝမ္းသာမိသည္။
"ငါနင့္ကို စိတ္နာပစ္ခ်င္တယ္။ အရမ္းမုန္းပစ္ခ်င္တယ္။ ဒါေပမယ့္ ဘယ္လိုလုပ္ရမလဲ။ ငါ့မိသားစုထက္ေတာင္ နင့္ကိုပဲ အေလးသာေနမိတာ"
"......."
"ငါနင့္ဆီ အရင္လို ခဏခဏလာဖို႔မလြယ္ေတာ့ဘူး။
မမစိုးရဲ႕ က်န္းမာေရးကလည္း တစ္ေန႔တစ္ျခားပိုဆိုးလာလို႔ အခ်ိန္ျပည့္ဂ႐ုစိုက္ေပးေနရတယ္။ ေနာက္ၿပီး သြန္းေလးရဲ႕ အုပ္ထိန္းသူက ငါျဖစ္သြားၿပီ။ အဲ့အတြက္ မမစိုး ေတာင္းဆိုထားတဲ့အတိုင္းေနၿပီး သြန္းေလးကို ငါေစာင့္ေ႐ွာက္ေပးရလိမ့္မယ္။ "
"......"
"အဲ့ဒီေတာင္းဆိုခ်က္ေတြထဲက တစ္ခုက ဘာလဲသိလား"
"ေျပာေလ"
"နင္တို႔....."
"မမေလးကို ေခၚေနတယ္"
ဖုန္းေျပာေနစဥ္အခ်ိန္၌ အလိုက္မသိစြာျဖင့္ မဟာစိုးဆီမွ အမွာစကားအား လာေရာက္အေၾကာင္းၾကားေပးသည့္ ထမင္းခ်က္ေကာင္မေလးအား လြန္းသီရိ စိတ္ထဲမွ ၿငိဳျငင္သြားသည္။
"လာခဲ့မယ္လို႔ေျပာလိုက္ဟာ! ဒီမွာ ဖုန္းေျပာေနတာ နင္မျမင္ဘူးလား"
ထိုထမင္းခ်က္ေကာင္မေလးက ဇက္ကေလးပုသြားကာ
ဘာမွဆျပန္မေျပာရဲ။
"ငါဖုန္းခ်လိုက္ေတာ့မယ္ ျမသား။ ငါနင့္ကိုေတြ႔ဖို႔
အဆင္သင့္ျဖစ္တဲ့ေန႔က်ရင္ေတာ့ ငါလာေတြ႔မွာပါ။
အခုေတာ့ ငါ့စိတ္ေတြ ႐ႈပ္ေထြးေနလို႔ ငါ့ဘက္က မဆက္သြယ္မခ်င္း ငါ့ကိုထပ္ၿပီး မဆက္သြယ္ပါနဲ႔"
"လြန္း...ခဏေလးပါ။ ခဏေလးပဲေတြ႔ျပီးရင္ ငါ့ကို တစ္သက္လံုးမျမင္ခ်င္ေတာ့ဘူးဆိုရင္လည္း ငါ
ငါထြက္သြားေပးပါ့မယ္"
"ငါ့စိတ္ေတြအရမ္း႐ႈပ္ေနတယ္ ျမသား"
"......"
"ငါ့ေနရာက ခံစားခ်က္ေတြကိုလည္း ငဲ့ေပးပါဦး"
"ခဏေလးပဲျဖစ္ျဖစ္.... "
"ငါမလာႏိုင္ဘူး"
"နင္ တအားရက္စက္တယ္ လြန္း"
လိုင္းက်သြားျပီျဖစ္သည့္ ဖုန္းသံကိုနားေထာင္ရင္း လြန္းသီရိစိတ္တို႔ ပို၍႐ႈပ္ေထြးလာရသည္။
ရက္စက္တယ္တဲ့လား။
သစၥာေဖာက္ခဲ့တာ သူမ မဟုတ္ပါဘဲ၊ မိသားစုဘဝေတြ
ၿပိဳလဲပ်က္စီးသြားေအာင္လုပ္ခဲ့တာ သူမ မဟုတ္ပါဘဲႏွင့္ သူမကိုသာ စြပ္စြဲခ်က္အမ်ိဳးမ်ိဳးႏွင့္ ႏွစ္ဖက္လံုးက ဖိအားေပးေနသည္။
ေလာေလာဆယ္ သူမကိုယ္တိုင္လည္း စိတ္အာရံုတို႔က ႐ႈပ္ေထြးေနာက္က်ိေနတာမို႔ ဘာေတြဆက္လုပ္ရမယ္မွန္း တကယ္မသိေသး။
----------------
"ျမသားတို႔ကို ေမာင္းထုတ္ပစ္လိုက္ၿပီ? ဟုတ္လား ဦးေလး"
"....."
ျမသားတို႔၏အိမ္႐ွင္ဦးေလးႀကီးက ႏႈတ္ဆိတ္ေနသည္။
"ဦးေလးကို ကြၽန္မ သူတို႔သားအမိေနဖို႔အတြက္
အိမ္လခတစ္ႏွစ္စာ ႀကိဳေပးၿပီးသားေလ။ အခုလို
ဦးေလးတို႔ သြန္လိုသြန္၊ေမွာက္လိုေမွာက္ လုပ္ခ်င္တိုင္းလုပ္လို႔ရမလား"
"ဦးေလးတို႔လည္း ဘယ္လိုမွမတတ္သာလို႔ပါ တူမႀကီးရယ္။ တူမႀကီးရဲ႕အစ္မက အဲ့လိုမွမလုပ္ရင္ ဦးေလးတို႔ကိုပါ
ဒုကၡေရာက္ေအာင္ လုပ္မွာမလို႔ပါ"
"•••"
လြန္ခဲ့သည့္ ဆယ္ရက္ဝန္းက်င္ ျမသားဖုန္းဆက္ကတည္းက သူမခ်က္ခ်င္းမလာခဲ့မိတာ မွားသြားၿပီလား။ မမစိုးကို ေနမေကာင္းသည့္ၾကားက ခုလိုမ်ိဳး ျမသားတို႔သားအမိႏွစ္ေယာက္ကို ဒုကၡေရာက္ေစရန္ လုပ္ေနလိမ့္မည္ဟု မထင္မိခဲ့။
"ျမသားက တူမႀကီးလာရင္ေပးဖို႔ ဦးေလးဆီမွာ စာတစ္ေစာင္ေပးထားခဲ့တယ္"
အိမ္႐ွင္ဦးေလးႀကီးက အသင့္ေဆာင္ထားပံုရသည့္ စာေလးတစ္ေစာင္အား အက်ႌအိတ္ကပ္ထဲမွ ထုတ္ေပးလိုက္ရင္း...
"ဒီမွာ"
လြန္းသီရိ ထုိစာရြက္အေခါက္ေလးအား
ျမန္ျမန္ဆြဲယူလိုက္သည္။
"လြန္း.....
ျဖစ္ပ်က္ခဲ့သမ်ွ အရာရာတိုင္းအတြက္
ငါအႏူးအၫြတ္ေတာင္းပန္ပါတယ္။ နင္က ငါ့ကိုအျမဲဆူေနတတ္ေပမယ့္ အခ်ိန္တန္ရင္ ခြင့္လႊတ္တာပဲမလား။ နင္မ႐ွိလည္း ငါ႔ဘာသာ ရပ္တည္ႏိုင္မယ္လို႔ ထင္ထားခဲ့ဖူးတယ္။ တကယ္ေတာ့ ေတြးၾကည့္ရံုနဲ႔တင္ နင္မပါတဲ့လမ္းကို ငါတစ္ေယာက္တည္း ေလ်ွာက္ဖို႔ဆိုတာ ငါ့အတြက္ ခက္ခဲလြန္းပါတယ္။
အတၱႀကီးတယ္လို႔ စြပ္စြဲခ်င္လည္း စြပ္စြဲပါ လြန္းရယ္။
သြန္းေလးက နင္မေစာင့္ေ႐ွာက္ေပးလည္း သူ႔ကို
ဖူးဖူးမႈတ္ေနမယ့္သူေတြ အမ်ားႀကီး႐ွိတယ္ေလ။
ဒါေပမယ့္ သားေလးမွာေတာ့ နင္နဲ႔ငါကလြဲၿပီး တျခားမွီတြယ္စရာလူမ႐ွိဘူး။ အခုလည္း သားေလး အရမ္းေနမေကာင္းျဖစ္ေနတယ္။ ငါ့ကိုမုန္းေနရင္ေတာင္ အရင္ကသံေယာဇဥ္ေလးကို ေထာက္ထားၿပီးေတာ့ပဲျဖစ္ျဖစ္ ငါ့ဆီလာခဲ့ေပးမယ္မလားဟင္။ ငါ(.............)မွာ ခဏေနေနတယ္။ နင့္ရဲ႕ေစာင့္ေ႐ွာက္ေပးမႈကို ငါေရာသားေလးပါ အရမ္းလိုအပ္ေနတာမလို႔ ေက်းဇူးျပဳၿပီး ငါတို႔ကို မရက္စက္ပါနဲ႔ လြန္းရယ္။
ခ်စ္တဲ့ ျမသား"
စာဆံုးသြားေတာ့ လြန္းသီရိလက္ထဲက စာရြက္ကို
လံုးေခ်မိသည္။
အခုက သူမကိုဝိုင္း၍ ဖိအားေပးေနၾကျခင္း။
မဟာစိုးႏွင့္ သြန္းေလးကတစ္ဖက္၊ ျမသားႏွင့္
မိုးသားေလးကတစ္ဖက္ ဘယ္သူ႔ကိုေရြးခ်ယ္ရမလဲ သူမမွာ ဆံုးျဖတ္ရခက္ခက္။ စိတ္ခံစားမႈအရဆိုရင္ေတာ့ ျမသားတို႔ကိုပဲ မ်က္လံုးစံုမွိတ္၍ ေရြးခ်ယ္မိမည္သာ။
အခုက မဟာစိုးစီစဥ္သည့္ စာခ်ဳပ္ေပၚ၌
သေဘာတူေၾကာင္းျပသည့္ ကိုယ့္လက္မွတ္က ထင္းေနေအာင္ ထိုးထားၿပီးၿပီမို႔။
-
-
အခ်စ္စိတ္တို႔က အင္အားႀကီးမားလာလ်ွင္ ႏွလံုးသားက ဦးေႏွာက္အသိကို လႊမ္းမိုးသြားတတ္သည္လား။
သြန္းေလးကိုလည္း ေစာင့္ေရွာက္ေပးမည္။
ျမသားတို႔ကိုလည္း လက္မလႊတ္ဟူသည့္ ဆံုးျဖတ္ခ်က္ကိုပဲ ႐ူးမိုက္စြာခ်မိခဲ့သည္။ ျဖစ္လာႏိုင္သည့္ ေနာက္ဆက္တြဲ ျပႆနာမ်ားအား ဘာဆိုဘာမွမစဥ္းစားခဲ့။
--------------------
ရႊံ ့၊ႏြံ၊ ဗြက္အိုင္တို႔က လမ္းတစ္ေလ်ွာက္ျပည့္ႏွက္ေနလ်က္ ျခင္၊ယင္တို႔လႈိင္လႈိင္ေပါေသာ လက္လုပ္လက္စား
ဆင္းရဲသားမ်ားေနထုိင္ရာရပ္ကြက္႐ွိ ခပ္စုတ္စုတ္အိမ္ေလးတစ္လံုးထဲသို႔ လြန္းသီရိဝင္လာခဲ့သည္။
"လြန္း!"
အားကိုးတႀကီးေခၚမိသည့္ ျမသား၏အသံတို႔က
တုန္ယင္ေနသည္။
"နင္ငါ့ဆီ တကယ္လာတယ္"
"အ႐ူးမ.. စကားမ်ားမေနနဲ႔! ငါ့ကို ဖုန္းဆက္ကတည္းက ဘာလို႔ ပြင့္ပြင့္လင္းလင္းမေျပာျပခဲ့တာလဲ"
"....."
ျ္မသားက ေခါင္းေလးငံု႔သြားသည္။ ဘာမွမေျပာ။
"သားေလးေရာ"
ခပ္က်ဥ္းက်ဥ္းအိမ္ေလးထဲ ကေလးႏွင့္တူသည့္အရာဟူ၍ ကေလးအ႐ုပ္ေတာင္ မျမင္မိတာမို႔ လြန္းသီရိ ျမသားအား ေမးလိုက္သည္။
"သား..သားေလးက ေဆးရံုမွာ"
"ဟမ္! ဘယ္လိုျဖစ္တာလဲ။ နင္က ကေလးနားမွာမေနဘဲ ဘာလုပ္ေနတာလဲ အဲ့ဒါဆို"
"ငါ..ငါ.."
ဦးေႏွာက္မ႐ွိ လုပ္ခ်င္တာလုပ္ၿပီးတိုင္း
မ်က္ရည္က်ျပဖို႔သာတတ္သည့္ ျမသားကိုလည္း စိတ္႐ွိလက္႐ွိသာ ဆြဲကိုင္ေဆာင့္ပစ္လိုက္ခ်င္ေတာ့သည္။
"ဘာလဲ။ ပိုက္ဆံျပန္လာ႐ွာတာမလား"
"....."
ျမသားက မ်က္ရည္လည္ရြဲျဖင့္ ေခါင္းညိမ့္ျပသည္။
"ကေလးက ဘာျဖစ္တာလဲ"
"ေသြးလြန္တုပ္ေကြး"
"က်စ္စ္! ျဖစ္မွာေပါ့။ နင္ကေလးကို ထားတဲ့ေနရာကိုလည္း ၾကည့္ဦး။ ဒီထက္ဆိုးဝါးစုတ္ျပတ္တဲ့ေနရာမ်ိဳး
တစ္ၿမိဳ႕လံုးအႏွံ႔လိုက္႐ွာရင္ေတာင္ ေတြ႔မွာမဟုတ္ဘူး။"
-
လူနာကုတင္ေပၚတြင္မွိန္းေနသည့္ မိုးသားေလး၏ကိုယ္၌ အရြယ္ေလးနွင့္မမ်ွစြာ ေဆးပိုက္မ်ားစြာက တို႔လို႔တန္းလန္းႏွင့္...
လြန္းသီရိ ၾကည့္ရင္း စိတ္မေကာင္း။
ကိုယ့္တူႏွစ္ေယာက္တြင္ တစ္ေယာက္ကေတာ့ ေရႊမ႐ွားေငြမ႐ွားဘဝမ်ိဳး၌ အပူအပင္ကင္းကင္းေနေနရၿပီး ေဘးကေနလည္း လိုသမ်ွ ျဖည့္စည္းေပးမည့္ အေႁခြအရံတို႔ကအသင့္။ တစ္ေယာက္ကေတာ့ လူ႔ေလာကသို႔ ေရာက္မလာခင္ကတည္းက ဒုကၡမ်ားစြာကို ခါးသီးစြာ ရင္ဆိုင္ေနရသည္။
"ျမသား"
"အင္း..ေျပာေလ"
"ငါ သြန္းေလးကိုေခၚလာၿပီး သားေလးနဲ႔ေတြ႔ေပးမယ္။ သြန္းေလးက တအားလူႀကီးျဖစ္ခ်င္တဲ့ကေလး။
ညီေလးတစ္ေယာက္ေလာက္ အျမဲတမ္းလိုခ်င္ေနခဲ့တာ"
"ဒါေပမယ့္..."
"မမစိုး မသိေအာင္ ေခၚလာမွာပါ။ သူကလည္း
အိပ္ရာထဲမွာပဲလွဲေနရတဲ့သူေလ။ သြန္းေလးကို အျပင္ခဏေခၚလာတာေလာက္ကေတာ့ ကိစၥမ႐ွိပါဘူး။"
"....."
"နင္သိလား ျမသား။ သြန္းေလးကိုယ္တိုင္ကသာ သူ႔ညီေလးကိုလက္ခံေပးႏိုင္ရင္ မမစိုးေတာင္းဆိုထားသလို ငါတို႔ေတြ႔ဖို႔ ခဲယဥ္းမေနေလာက္ေတာ့ဘူးထင္တယ္။ ေ႐ွ႕ေနကလည္း သြန္းေလးကိုယ္တိုင္ကသာ
ၾကည္ၾကည္ျဖဴျဖဴ လက္ခံေပးေနတာျမင္ရင္ ဘာေစာဒကမွ မတက္ရဲေလာက္ဘူး"
"နင္ ဘာလို႔ အဲ့စာခ်ဳပ္ကို အရမ္းဂ႐ုစိုက္ေနရတာလဲ လြန္း"
"မမစိုးက အဲ့စာခ်ဳပ္ထဲမွာ အခ်က္ေတြ
အမ်ားႀကီးပဲေရးထားခဲ့တယ္။ ငါနင္တို႔နဲ႔ ပတ္သက္မိတာနဲ႔ နင္ေရာ၊ ငါေရာ၊ သြန္းေလးပါ နစ္နာစရာေတြခ်ည္း ျဖစ္လာမွာမို႔လို႔ေလ"
"သြန္းေလးက ကေလးမလို႔ လက္ခံတယ္ထားပါဦး။
အဲ့ဒါကို သူသိသြားရင္ေရာ"
လြန္းသီရိက စိတ္မေကာင္းစြာ
သက္ျပင္း႐ွည္တစ္ခုကိုခ်မိရင္း...
"မမစိုးမွာ ေနရမယ့္အခ်ိန္သိပ္မ႐ွိေတာ့ဘူး။
ဆရာဝန္ႀကီးကိုယ္တိုင္က ေသာက္ေနက်ေဆးေတြ ရပ္ခိုင္းလိုက္ၿပီ"
"•••"
ႏွစ္ေယာက္သားၾကား ေျပာစရာစကားမ်ားမ႐ွိေတာ့သလို ေခတၱမ်ွ တိတ္ဆိတ္သြားသည္။
"ဒါနဲ႔ ငါနားမလည္တာ တစ္ခု႐ွိေသးတယ္ လြန္း။
ေမးလို႔ရမလား"
"....."
လြန္းသီရိက ေခါင္းညိမ့္ျပတာမို႔ ျမသား အရဲစြန္႔၍ ေမးၾကည့္မိသည္။
"အခု မ,မဟာစိုးက သူပိုင္ဆိုင္သမ်ွ အေမြပစၥည္းအားလံုးကို နင့္နာမည္နဲ႔ လႊဲေပးခဲ့တာလား"
"လႊဲေပးတယ္ဆိုတာထက္ ခဏထိန္းသိမ္းေပးရံုပါပဲ။ အခ်ိန္တန္ရင္ သြန္းေလးလက္ထဲကိုပဲ ျပန္လႊဲေပးရမွာေပါ့။"
"....."
"ငါလည္း စိတ္႐ႈပ္ေနလို႔ သြန္းေလးကို
ဂ႐ုမစိုက္ျဖစ္တာၾကာၿပီ။ ၂၅ႏွစ္မျပည့္ခင္မွာ သြန္းေလးသာ လိမ္လိမ္မာမာမေနဘဲ ပ်က္စီးသြားမယ္ဆိုရင္ သြန္းေလးလည္း အဲ့အေမြေတြ ရေတာ့မွာမဟုတ္ဘူး။ သြန္းေလးကို မမစိုးျဖစ္ေစခ်င္တဲ့ ပံုစံျဖစ္တဲ့အထိ ငါက အဲ့အေမြေတြကို ထိန္းသိမ္းထားရမွာ။"
"....."
"သြန္းေလးလက္ထဲကို အေမြလႊဲမၿပီးမခ်င္း ဘယ္အရာကိုမွ ငါ့ဆံုးျဖတ္ခ်က္နဲ႔ငါ လုပ္လို႔ရမွာမဟုတ္ဘူး။ မမစိုးက သူ႔သားေလးကို အရမ္းလိမၼာတဲ့ ကေလးျဖစ္ေစခ်င္တာ။ အဲ့ဒါေၾကာင့္ အေမြရဖို႔ကိုေတာင္ လြယ္လြယ္နဲ႔
အသက္ဘယ္ေလာက္ျပည့္ရင္ အေမြေပးလိုက္ဆိုတာမ်ိဳး မလုပ္ခဲ့တာ။ အုပ္ထိန္းသူျဖစ္မယ့္ ငါ့ကိုပါ စည္းကမ္းေတြ တသီတတန္းနဲ႔ ခ်ည္ၿပီးတုပ္ၿပီး လုပ္ထားတာပဲၾကည့္"
"နင္သူ႔ကို စိတ္မဆိုးဘူးလား။ တကယ္ဆို သူနဲ႔နင္နဲ႔က သမီးေယာက္မအဆင့္ပဲ႐ွိတာေလ။ ဒီေလာက္ႀကီးထိ တင္းက်ပ္ဖို႔မွမလိုတာ"
"......"
ျမသားက တစ္ခုခုအား ဆက္ေမးခ်င္ေသာ္လည္း မဝံ့မရဲျဖစ္ေနသည့္ဟန္...
"ဘာေျပာခ်င္လို႔လဲ ျမသား"
"ဟို..ဟိုေလ"
"အင္း..ေျပာေလ။ ဘာျဖစ္လို႔လဲ"
"ငါစဥ္းစားမိတာေလ... အကယ္၍ သြန္းေလးသာ မ႐ွိေတာ့ဘူးဆိုရင္ အဲ့ပိုင္ဆိုင္မႈေတြအကုန္လံုးက နင့္ရဲ႕"
"တိတ္စမ္း ျမသား! နမိတ္မ႐ွိတဲ့စကားေတြ ေနာက္တစ္ခါ မေျပာမိေစနဲ႔!"
"ေတာင္းပန္ပါတယ္ လြန္းရယ္..ငါက ဒီအတိုင္း"
"သြန္းေလးမိဘရဲ႕ပိုင္ဆိုင္မႈေတြက သြန္းေလးအတြက္ပဲ ျဖစ္ရမွာေပါ့။ အခုနင့္စကားက ဘယ္လိုသေဘာမ်ိဳးကို ေရာက္သြားလဲသိလား"
ျမသား၏ပါးျပင္ေပၚသို႔ မ်က္ရည္စမ်ား
ပိုးပိုးေပါက္ေပါက္က်လာၿပီး...
"ငါ ေတာင္းပန္ပါတယ္။ ငါက ဒီအတိုင္း ေမးမိတာပါ။
နင္ သြန္းေလးကို အရမ္းခ်စ္တာသိပါတယ္။ အဲ့ကေလးအတြက္နဲ႔ ငါ့ကို မေအာ္ပါနဲ႔။ ရပါတယ္.. သြန္းေလးအေမရဲ႕စကားကိုပဲ နားေထာင္ၿပီး ငါတို႔သားအမိကို ပစ္ထားရင္လဲ။ ဒီလိုပဲ.. အဆင္ေျပသလို ေနရမွာေပါ့"
"ျမသား! ငါ့ကို စိတ္တိုလာေအာင္ အမ်ိဳးမ်ိဳးေျပာမေနစမ္းနဲ႔!
နင္ကေလ... က်စ္စ္! သြန္းေလးကိုသာ ပိုခ်စ္ရင္
ငါနင့္ေ႐ွ႕မွာ အခုလို လာထိုင္ေနစရာအေၾကာင္းမ႐ွိဘူး။ ကေလးတစ္ေယာက္အေမျဖစ္ေနၿပီ.. ခုခ်ိန္ထိ
ကေလးကို လိုက္သဝန္ေၾကာင္တုန္း"
ျမသား၏ ႐ွက္မ်က္ေစာင္းတစ္ခ်က္က ဝဲခနဲ...
-------------------
"သြန္းေလးရဲ႕ ညီေလးကို သြားမၾကည့္ခ်င္ဘူးလား။
အသားျဖဴျဖဴ၊ ဝဝကစ္ကစ္ေလးတဲ့။ ေမလြန္းနဲ႔ သြားၾကည့္ၾကမယ္ေနာ္"
ေမလြန္းစကားကိုယံုၿပီး ေမႀကီးမသိေအာင္
ေမလြန္းေခၚလာသည့္ေနာက္သို႔ တိတ္တိတ္ေလး လိုက္လာခဲ့သည္။ ထိုညီေလးဆိုသည့္ ကေလးေလးက ဘယ္သူမွန္းလဲသူမသိသလို၊ ဘယ္ကမွန္းလဲသူမသိရေသး။
မလုပ္ျဖစ္လိုက္သည့္ သူ႔ရဲ႕ငါးႏွစ္ျပည့္ေမြးေန႔အတြက္ လက္ေဆာင္ေပးျခင္းမ်ားလား။
ထိုသို႔ေတြးမိရင္း ဘာတစ္ခုမွအေမးအျမန္းမထူျဖစ္ခဲ့။ သူတတ္ေနသည့္ ပုဂၢလိကမူႀကိဳေက်ာင္း႐ွိ အဂၤလိပ္လူမ်ိဳး ဆရာမႀကီးေျပာေလ့႐ွိသည့္ surprise ဆိုတာမ်ိဳးကို ေမလြန္းက သူ႔ကိုေပးခ်င္၍ လက္ေဆာင္အျဖစ္ေပးမည့္ ညီေလးအေၾကာင္း ေသခ်ာေျပာမျပျခင္းျဖစ္ရမည္ဟုသာ ယူဆထားလိုက္သည္။
-
-
လြန္းသီရိက အထပ္ျမင့္တိုက္ခန္းမ်ားစြာ႐ွိသည့္ လမ္းသြယ္ တစ္ခု၏ထိပ္၌ ကားကိုရပ္ခိုင္းလိုက္သည္။
"သြန္းေလး ကားေပၚမွာ ဒီဦးေလးနဲ႔ခဏက်န္ခဲ့ဦးေနာ္။ ေဆးရံုကေန သားရဲ႕ညီေလးကိုျပန္ေခၚလာတာနဲ႔
အဆင္သင့္ေနလို႔ရေအာင္ စီစဥ္ခိုင္းထားတာေလး
ၿပီး၊မၿပီး ေမလြန္းသြားၾကည့္ခ်င္လို႔"
"ဟုတ္ကဲ့ ေမလြန္း"
သို႔သည္တိုင္ နာရီဝက္ေက်ာ္ၾကာသည္အထိ လြန္းသီရိက ကား႐ွိရာေနရာသို႔ျပန္မလာေသး။ သြန္းေလးကေတာ့ အေဒၚျဖစ္သူကိုေစာင့္ရင္း ကေလးပီပီ အိပ္ေပ်ာ္သြားသည္။ ႏိုးတဝက္၊ အိပ္တဝက္ ကာလတစ္ခု၌ သူ႔နဖူးအား ခပ္ဖြဖြလာနမ္းသည္ကိုေတာ့ သိလိုက္၏။
-တစ္နာရီ
-ႏွစ္နာရီ
အိပ္ေပ်ာ္ေနရာမွ သြန္းေလးႏိုးလာသည္။
ေမလြန္း ျပန္ေရာက္ေနၿပီလားဟူသည့္အေတြးျဖင့္ ေဘးဘီဝဲယာကိုၾကည့္လိုက္ေတာ့ သူက ကားထဲမွာမဟုတ္။
ဇရပ္တစ္ခုေပၚ၌ ေရာက္ေနျခင္းပင္။
တိတိက်က်ေျပာရလ်ွင္ သက္႐ွိဟူ၍ ေခြးေလေခြးလြင့္တခ်ိဳ႕ႏွင့္ အင္းစက္ပိုးမႊားတို႔သာ႐ွိေသာ သခ်ႋဳင္းတစ္ခု။ ေနဝင္ရီတေရာအခ်ိန္ျဖစ္၍ ေနလံုးနီနီ၏ အလင္းေရာင္ခပ္ရဲရဲတို႔က သခ်ႋဳင္းေျမေပၚသို႔ ခပ္ဝဲဝဲျဖာက်လ်က္...
!!
သြန္းေလး အသက္ပင္မ႐ႈမိ။ အသံတစ္စမွမထြက္ရဲ၊ မ်က္ေတာင္တစ္ခ်က္မွ မခပ္ရဲ။ ေ႐ွ႕တည့္တည့္မွ
ျမင္ကြင္းကိုသာ ထိတ္လန္႔စြာၾကည့္ေနရင္းက အံႀကိတ္ငိုမိသည္။
အခုခ်ိန္ထိ သူဘာအတြက္ေၾကာင့္ ဒီလိုေနရာမ်ိဳး၌ ေရာက္ေနရသည္ကို မစဥ္းစားမိေသး။ ေလာေလာဆယ္တြင္ သူ႔မ်က္စိေ႐ွ႕ျမင္ကြင္းထဲက အေရာင္စံုအုတ္ဂူ
အသစ္၊အေဟာင္းမ်ားစြာတို႔ကိုၾကည့္ရင္း စိတ္တုိ႔က တစ္စတစ္စ ပို၍ေျခာက္ျခားလာသည္။
ေမလြန္း သားသားေၾကာက္တယ္!
ေမႀကီး သားသားေၾကာက္တယ္!
အသံထြက္ၿပီး မငိုရဲသည့္ ကေလးငယ္သည္
ထိုစကားတို႔ကို စိတ္ထဲ၌သာ အႀကိမ္ႀကိမ္ေအာ္ဟစ္ေနမိခဲ့၏။
-
-
အလင္းေရာင္တစ္စမ်ွပင္ မ႐ွိေတာ့သည့္အခ်ိန္
သခ်ႋဳင္းေျမ႐ွိဇရပ္တစ္ခုေပၚ၌ ဒူးကေလးပိုက္ကာ ေက်ာက္႐ုပ္ေလးတစ္႐ုပ္ လိုၿငိမ္သက္ေနသည့္
အသက္ေလး၊ငါး၊ေျခာက္နွစ္အရြယ္ ေကာင္ေလးတစ္ေယာက္၏ အေတြးတို႔က ခပ္နက္နက္။ ကေလးပီပီ သရဲ၊ တေစ ၦတို႔ကို ေၾကာက္ေနရမည္ဆိုေသာ္လည္း သူကေတာ့ လူေတြဆီျပန္သြားရမွာကို ပိုေၾကာက္ေနခဲ့သည္။
အေမျဖစ္သူ ေျပာခဲ့သည့္စကားမ်ားအား နားထဲ၌
အထပ္ထပ္ၾကားေယာင္မိသည္။
"ေမႀကီးကလြဲၿပီး ဘယ္သူ႔ကိုမွ အရမ္းမယံုရဘူးေနာ္ သြန္းေလး။ မင္းရဲ႕ေမလြန္းအပါအဝင္ ဘယ္သူ႔ကိုမွ အေရာမဝင္ရဘူး။ ေမႀကီးရဲ႕သြန္းေလးက ဘယ္သူ႔ကိုမွ အားကိုးစရာမလိုတဲ့ သူရဲေကာင္းေလးျဖစ္ေနရမယ္ေနာ္"
"သြန္းေလး! လိမ္လိမ္မာမာ ေနရမယ္ေနာ္... မဟုတ္ရင္ မင္းရဲ႕ေမလြန္းက မင္းကိုပစ္သြားၿပီး မင္းအေဖကိုသတ္တဲ့ မိသားစုဆီလိုက္သြားလိမ့္မယ္"
ေမလြန္းက သားသားလိမၼာရဲ႕သားနဲ႔
ညာၿပီးထားသြားခဲ့တာ ေမႀကီး။
-
-
အရာအားလံုးသည္ ထိုအခ်ိန္မွစ၍ ေျပာင္းလဲသြားခဲ့ေလသည္။
-----------------
"ကြၽန္ေတာ္မွားလား ကိုညိဳႀကီး! ကြၽန္ေတာ္ ေမလြန္းကို မုန္းတာ ျဖစ္သင့္တယ္မလား"
အလင္းညိဳက သက္ျပင္းတစ္ခ်က္ခ်လိုက္ရင္း...
"ဆက္ေျပာပါဦး.. အဲ့ေနာက္ပိုင္း ဘာေတြဆက္ျဖစ္ၾကလဲ။ ေနာက္ၿပီး မင္းကို အဲ့ဒီမွာထားခဲ့တာ သူဆိုတာေရာ ဝန္ခံလား"
"အဲ့ေန႔ညပဲ ကြၽန္ေတာ့္အေမဆံုးတယ္။
ကြၽန္ေတာ့္စိတ္လည္း ပါသြားတာေပါ့။ ကြၽန္ေတာ့္ကိုေတာ့
ေနာက္ေန႔မနက္ေရာက္ေတာ့ ရဲေတြလာ႐ွာၿပီး အိမ္ကိုျပန္ေခၚသြားၾကတယ္။"
"ၿပီးေတာ့?"
အလင္းညိဳက သြန္းအုပ္၏စကား အ႐ွိန္ပ်က္မသြားေစရန္ စကားေထာက္လိုက္သည္။
သြန္းအုပ္က ဟက္ခနဲတစ္ခ်က္ရယ္လိုက္ရင္း...
"အဟက္! ေမလြန္းကေတာ့ သူ႔အျပစ္ကို ဖံုးခ်င္လို႔
ဒ႐ိုင္ဘာကိုအျပစ္ပံုခ်ခဲ့တာ.. ေငြလိုခ်င္လို႔ ကြၽန္ေတာ့္ကို ျပန္ေပးဆြဲခဲ့တာပါဆိုၿပီး အဲ့လူကလည္း ဝန္ခံခဲ့တယ္ေလ"
"သူတကယ္ မခိုင္းခဲ့တာေရာ မျဖစ္ႏိုင္ဘူးလား ငါ့ညီ"
သြန္းအုပ္က မဲ့ျပံဳးတစ္ခ်က္ျပံဳးရင္း...
"ကြၽန္ေတာ့္ကိုျပန္ေပးဆြဲတဲ့သူစိမ္းက ကြၽန္ေတာ္အိပ္ေနတုန္း ခိုးနမ္းသြားစရာအေၾကာင္းမွမ႐ွိဘဲ"
အလင္းညိဳက ေလပူမ်ားအားမႈတ္ထုတ္လိုက္ရင္း...
"ဟူးး မင္းတို႔ မိသားစုကိစၥေတြကလည္း ႐ႈပ္လိုက္တာကြာ"
ခပ္ညည္းညည္းေျပာလာသည့္ အလင္းညိဳ၏စကားအား သြန္းအုပ္ တံု႔ျပန္စကားတစ္ခြန္းမွ မဆိုမိ..
"မင္း အဲ့ေန႔ညက အရမ္းေၾကာက္ေနခဲ့ရမွာပဲ"
"အဲ့ေန႔ညကထက္ ေၾကာက္စရာေကာင္းတဲ့ ေန႔ေတြကိုေတာင္ ျဖတ္သန္းေနရတာပဲ ကိုညိဳႀကီးရာ..."
ခပ္ေဆြးေဆြးေျပာလာသည့္ သြန္းအုပ္၏စကားအဆံုး၌ အလင္းညိဳ သက္ျပင္းတစ္ခ်က္ကိုသာ တိုးဖြဖြခ်မိေလသည္။
------------------
"အဖ ဦးသြန္းခန္႔ပိုင္၏သား ေမာင္သြန္းအုပ္စိုးပိုင္ အသက္(၂၀)သည္ ရာဇသတ္ႀကီး ပုဒ္မ(၃၀၂)အရ လူသတ္မႈထင္႐ွားေၾကာင္း ေတြ႔႐ွိရသျဖင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ခုနစ္ႏွစ္××××××××"
ထိုေန႔က မက်ဴးလြန္ခဲ့ဘဲက်ခံရမည့္ျပစ္ဒဏ္ထက္
မင္းခႏွင့္ ေဝးရေတာ့မွာကို ပိုေၾကာက္ခဲ့မိသည္။
လူေ႐ွ႕မေ႐ွာင္က်ေနမိသည့္ မ်က္ရည္တို႔အား
တစ္ေယာက္သူက တရားရံုးကခ်မွတ္လိုက္သည့္ အမိန္႔ေၾကာင့္ဟူ၍မ်ား ထင္ေနခဲ့ေလမည္လား။
ေထာင္ထဲသို႔ဝင္ရလုဆဲဆဲ အခ်ိန္မွာပင္လ်ွင္
တျခားအရာအားလံုးထက္ ထိုသူ၏
သူ႐ွိရာအရပ္သို႔ ေစာင္းငဲ့၍ၾကည့္လာမည့္ မ်က္ဝန္းတစ္စံုကိုသာ ေမ်ွာ္လင့္မိခဲ့ဖူးသည္။
"ငါ့ကို ဘာမွေျပာစရာမ႐ွိဘူးလား ေနမင္းခ"
ေနာက္ဆံုးအႀကိမ္အထိ ထိုေမးခြန္းတစ္ခုတည္းကိုသာ ထိုသူ႔ကို ေမးျဖစ္သည္။ သူဘာကို ေမ်ွာ္လင့္၍ေမးခဲ့သည္ကို ထိုသူတကယ္မသိခဲ့တာလား။ မသိခ်င္ေယာင္ေဆာင္ လ်စ္လ်ဴ႐ႈခဲ့သည္လား။ သူမေဝခြဲတတ္ပါ။
ေအးစက္စက္မ်က္ဝန္းေသမ်ားက ကိုယ္ကလြဲလ်ွင္ တျခားဘာကိုပဲျမင္ျမင္ဟု စိတ္ပိုင္းျဖတ္ၿပီး
ဦးတည္ရာမ႐ွိ ၾကည့္ေနၾကပံုရသည္။
"ငါ့ကို ေျပာစရာစကားတစ္ခြန္းမွ မ႐ွိဘူးလား"
!!
ကိုယ္ေမးသည့္အေမးစကားအား အေျဖတစ္လံုးတစ္ပါဒမွ မေပးဘဲ လွည့္ထြက္ရန္ေက်ာခိုင္းလိုက္သည့္
ေက်ာျပင္က်ယ္က်ယ္ကိုၾကည့္ရင္း ေနာက္ဆံုးေမ်ွာ္လင့္ခ်က္ေလးကပါ တစ္စဆီက်ကြဲလုနီးနီး ျဖစ္ခဲ့ရသည္။
"ကိုယ့္ ကိုယ္ ကို ဂ ႐ု စိုက္ ပါ"
ဘယ္သူဘယ္ဝါဟူ၍ နာမည္ေခၚမေျပာခဲ့ေသာ္ျငား ၾကားရသည္ဆိုသာရံုေလးမ်ွ ခပ္တိုးတိုးၾကားလိုက္ရသည့္ အသံခပ္အက္အက္က ကိုယ့္ကိုရည္ၫႊန္းေၾကာင္းကိုေတာ့ အႂကြင္းမဲ့ယံုၾကည္ခဲ့ရပါသည္။
------------------
လူတစ္ေယာက္ကို ႏွစ္ႏွစ္ကာကာခ်စ္ရတာ
သိပ္ပင္ပန္းတာပဲလို႔ ခံစားရဖူးလား။
တကယ္ေတာ့
တစ္ေယာက္ေယာက္အေပၚ
နင့္နင့္သည္းသည္းမုန္းေနရတာက ပိုပင္ပန္းတယ္။
အထူးသျဖင့္
ကိုယ္ႏွလံုးသားတစ္ခုလံုးနဲ႔အျပည့္ ခ်စ္ရတဲ့သူကို
ဇြတ္အတင္းမုန္းပစ္ဖို႔ ႀကိဳးစားေနရခ်ိန္မ်ိဳးမွာေပါ့..။
-
-
ပင္ပန္းေန႐ွာၿပီထင္ပါရဲ႕ ကေလးငယ္။
********************tbc
1.June.22
[Unicode]
စိတ်ထောင်းရင် ကိုယ်ကြေတတ်သည်ဟု ကြားဖူးခဲ့သည်။ ကိုယ်တိုင် ထိုအဖြစ်မျိုးကြုံရလိမ့်မည်ဟု မဟာစိုး ဘယ်တုန်းကမှ မတွေးဖူးခဲ့။ ခင်ပွန်းဖြစ်သူ ဆုံးပါးပြီးနောက်ပိုင်း သူမကပါ ကျန်းမာရေးချို့ယွင်းလာသည်။ အရင်ကတည်းကလည်း ရောဂါအခံများရှိတာမို့ စိတ်ဓာတ်ကျသည်နှင့် လူကပါ ချုံးချုံးကျ၏။
သွန်းလေးရှိနေ၍သာ အခုချိန်ထိ တောင့်ခံထားနိုင်ခြင်း။ သွန်းလေးကလည်း အမေဖြစ်သူနားက မခါွတော့ပေ။
အဒေါ်ကလည်း အရင်လို ဂရုတစိုက်မရှိပေးတော့တာကြောင့်လည်း နေမကောင်းသည့် အမေကိုသာ အရင်ကထက် ပိုကပ်နေလေတော့သည်။
"မေကြီး"
"အင်း..ပြောလေ သွန်းလေး"
"မေကြီး မြန်မြန်နေကောင်းရမယ်နော်"
"အင်း"
မျက်ရည်ဝိုင်းနေသည့် မျက်လုံးကြည်ကြည်လေးများက သူမအား သေချာကြည့်နေသည်။ လူကြီးဆန်သည်ဟု ပြောရမလား၊ စိတ်မာသည်ဟုပင် သတ်မှတ်ရလေမလား၊ သွန်းလေးက တော်ရုံငိုခဲသည်။ သူ့အဖေဆုံးတုန်းကလည်း ငြိမ်ငြိမ်ကလေးချောင်ကပ်ရင်းသာ လူမမြင်ကွယ်ရာ၌ ငိုရှာသည်။
"သွန်းလေး"
"ဟုတ်..မေကြီး"
"မေကြီးမရှိတော့ရင်လည်း အခုလိုပဲ သန်မာနေရမယ်နော်"
"မေကြီးက ဘယ်သွားမှာမို့လို့လဲ"
"မေလွန်းရဲ့စကားကိုနားထောင်ပြီး လိမ်လိမ်မာမာနေရမယ်နော်"
"မေကြီးးး"
ခပ်ချွဲချွဲခေါ်ကာ အမေ့ရင်ခွင်ထဲ အတင်းတိုးဝင်လာသည့် သွန်းလေး၏မျက်နှာလေးက ငိုမဲ့မဲ့။
"သားသားကို မထားခဲ့ရဘူးနော်။ ဘယ်မှမသွားရဘူး။ သေလည်းမသေရဘူးနော်"
ကိုယ့်ကျန်းမာရေးအခြေအနေ ကိုယ်သာအသိဆုံးဖြစ်၍ မဟာစိုး ခပ်ယဲ့ယဲ့သာပြုံးမိသည်။
"မေကြီး..သားသားကို ကတိပေး"
"ပြောလေ..မေကြီးက ဘာကတိပေးရမလဲ"
"မြန်မြန်နေကောင်းလာမယ်လို့ ကတိပေး"
"မဟာစိုး ဖြည်းညင်းစွာခေါင်းငြိမ့်ပြလိုက်သည်။
သွန်းလေး တောင်းဆိုသည့်ကတိအား တိတ်ဆိတ်စွာနေပြခြင်းဖြင့် ကတိပေးသလိုနေလိုက်၏။
ကျေနပ်သွားသည့် သွန်းလေးကတော့ အမေဖြစ်သူအား တိုး၍သာ ခပ်တင်းတင်းဖက်တွယ်လိုက်ရင်း
ငြိမ်ငြိမ်လေးနေနေသည်။ ဘာစကားမှ ထပ်မမေးတော့။
-
-
မေကြီးသိလား
မေလွန်းက သားသားကို အရင်လိုမချစ်တော့ဘူး။
မေကြီးသာမရှိတော့ရင် သားသားကိုချစ်ပေးမယ့်လူ တစ်ယောက်မှတောင် မရှိလောက်တော့ဘူးထင်တယ်။
အခုတောင်လေ သားသားကို ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူး။
မေကြီးနဲ့ဖေကြီးကိုယ်တိုင်တောင် သားသားမွေးနေ့ကို
မေ့နေခဲ့ကြတာလေ။ မေလွန်းကတော့ ပိုပြီးမေ့သွားမှာပေါ့။
မွေးနေ့မေ့လည်း သားသားကစိတ်မကောင်းမဖြစ်ပါဘူး။ မေကြီးတို့ စိတ်ညစ်နေလို့မေ့သွားတာမလား။ နောက်ကျရင် မေလွန်းမမှတ်မိရင်တောင် မေကြီးက သတိရပြီးလုပ်ပေးမှာ သားသားသိတယ်။
အဲ့ဒါကြောင့် မေကြီးက မြန်မြန်နေကောင်းအောင်လုပ်ပြီးတော့ ဘယ်ကိုမှထွက်မသွားဘဲ သားသားနဲ့ အကြာကြီးနေပေးပါ။
မေကြီးကို အရမ်းချစ်တယ်။
-
ငယ်ငယ်ကတည်းက မြိုသိပ်တတ်လွန်းသည့်
ထိုကောင်လေးသည် ထိုစကားများကို အမေဖြစ်သူရှေ့ ထုတ်မပြောဖြစ်ခဲ့ပါပေ။
-------------------
စာချုပ်ကိုကိုင်ထားသည့် လွန်းသီရိ၏လက်တို့က
တုန်ယင်နေသည်။ စာရွက်၏အလေးချိန် ပေါ့ရှပ်ရှပ်လေးကြောင့်တော့မဟုတ်။ စာချုပ်ပါ စည်းကမ်းချက်များကြောင့်ဖြစ်၏။ စိတ်တို့ကတုန်လှုပ်လာ၍ နှလုံးခုန်သံနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းတို့ကပါ မတည်ငြိမ်နိုင်တော့ခြင်းပင်။
ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းစာချုပ်ဟူ၍ ခေါင်းစဉ်တပ်ထားသည့် စာရွက်ပါးလွှာလွှာလေးတစ်ရွက်က သူမအတွက် ဝန်အများကြီး ပိစေသည့်အရာတစ်ခု...
"မမစိုး.."
"ကျေးဇူးပြုပြီး မငြင်းပါနဲ့လား သီရိရယ်။ အခု မမရဲ့ ကျန်းမာရေးအခြေအနေကိုလည်း သီရိသိရဲ့သားနဲ့"
မဟာစိုးက လက်ခံရခက်နေပုံရသည့် လွန်းသီရိအား တောင်းပန်တိုးလျိုးသောအကြည့်ဖြင့်ကြည့်ရင်း လွန်းသီရိ၏ လက်နှစ်ဖက်အား အားကိုးတကြီးဖြင့် ဆုပ်ကိုင်လာသည်။
"သွန်းလေးကို သီရိလက်ထဲမှာ စိတ်ချလက်ချထားခဲ့ချင်တာ"
"....."
"သွန်းလေးကို လိမ်လိမ်မာမာနဲ့ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာအောင် သီရိစောင့်ရှောက်ပေးမယ်မဟုတ်လား"
"ညီမလေး စောင့်ရှောက်ပေးနိုင်ပါတယ်။ ဒါပေမယ့် အခုမမရေးထားတဲ့ အချက်တွေက...."
လွန်းသီရိက ဆက်မပြော။ ငြင်းဆိုရအောင်ကလည်း ခိုင်လုံသောအကြောင်းပြချက် သူမမှာမရှိ။
"မမစိုး တောင်းဆိုထားတဲ့အချက်တွေထဲမှာ ဘယ်အချက်တွေကိုများ သီရိကလက်မခံပေးချင်ရတာလဲ"
"......"
"မြသားတို့နဲ့ ပတ်သက်ချင်သေးလို့လား"
မြသားအကြောင်းပြောချိန်၌ မဟာစိုး၏စကားသံက အေးစက်မာကြောသွားသည်။
"ကိုယ့်အစ်ကိုကို သတ်ခဲ့တဲ့မိသားစု၊ ကိုယ့်မိသားစုကို တစ်စဆီ ပြိုကွဲအောင်လုပ်ခဲ့တဲ့မိသားစုနဲ့ လုံးဝမပတ်သက်ဖို့ မမစိုး ပြောနေစရာကို မလိုဘူးလေ။ သီရိရဲ့အသိစိတ်နဲ့ သီရိကိုယ်တိုင် ဆုံးဖြတ်ပြီးသားတောင်ဖြစ်နေရမှာ။"
"ဒါပေမယ့် မမရယ်.. သွန်းလေးအမွေတွေ
လွှဲမပြီးခင်အချိန်အထိဆိုတာကတော့...."
လွန်းသီရိက စကားစအား ခဏဖြတ်လိုက်ပြီး
သက်ပြင်းတစ်ချက်အား ခိုးရှိုက်လိုက်သည်။
"ညီမလေးကိုယ်တိုင်လည်း မြသားတို့မောင်နှမကို
ခွင့်လွှတ်နိုင်သလား၊ ခွင့်မလွှတ်နိုင်ဘူးလားဆိုတာကို မသေချာပါဘူး။ ဒါပေမယ့် ကြားထဲက သားလေးကတော့ ဘာအပြစ်မှမရှိတဲ့ ကလေးလေးလေ။ ညီမလေးကမှ ထောက်ပံ့စောင့်ရှောက်တာတွေမလုပ်ရင်..."
"အဲ့တော့ သွန်းလေးကို မစောင့်ရှောက်ပေးနိုင်ဘူးဆိုတဲ့ သဘောလား သီရိ"
"မဟုတ်သေးဘူးလေ။ အခုဟာက သွန်းလေးကိုစောင့်ရှောက်ချင်ရင် သားလေးတို့ကို ပစ်ထားရမယ်.. သားလေးတို့ကို ရွေးချယ်ပြန်ရင်လည်း သွန်းလေးကိုပစ်ထားရမယ်ဆိုတဲ့ သဘောမျိုးမလို့"
"ဟုတ်တယ်.. အဲ့သဘောပဲ။ သွန်းလေးကို သီရိရဲ့လက်ထဲမှာ စိတ်ချလက်ချအပ်ခဲ့နိုင်ဖို့ဆိုရင် သီရိကလည်း မမယုံကြည်ရလောက်အောင် စိတ်ပြတ်သားနိုင်နေမှဖြစ်မှာပေါ့။ သွန်းလေးရဲ့အမေအနေနဲ့ မမမှာ အတ္တကြီးခွင့်ရှိတယ်လို့ထင်တယ်လေ။ သွန်းလေးကိုရော၊ သီရိကိုရော သူတို့နဲ့လုံးဝပတ်သတ်ခွင့် မပြုနိုင်ဘူး။ ကျေးဇူးပြုပြီး သွန်းလေးရဲ့လက်ထဲ အမွေတွေလွှဲပေးပြီးတဲ့အချိန်အထိပဲ သီရိ သူတို့ကို မေ့ထားပေးလို့မရဘူးလား"
"....."
"အစောကြီးကတည်းက သီရိသာ အဲ့မိန်းမကို အိမ်ပေါ်ခေါ်တင်မလာရင် ဒီလိုတွေဖြစ်လာစရာမှမရှိတာ။ အပြစ်တင်တာတော့မဟုတ်ပေမယ့် သီရိရဲ့ အမှားမကင်းခဲ့တာတော့ သီရိလက်ခံရမှာပဲ။ အဲ့ဒါကြောင့် အခု မမစိုး တောင်းဆိုနေတာတွေကို မငြင်းဆန်ရင် သိပ်ကောင်းမှာပဲ။ သီရိလည်း အရင်က ကတိပေးဖူးခဲ့တယ်လေ"
"••••"
အမိန့်ပေးခြင်းမမည်သည့် ထိုတောင်းဆိုမှုအား
လက်ခံခဲ့ရပေမယ့် လွန်းသီရိ၏စိတ်က မပြတ်သားနိုင်ခဲ့။
-------------------
ring! ring!
အဆက်မပြတ်ခေါ်နေသည့် ဖုန်းသံကြောင့် လွန်းသီရိ စိတ်ရှုပ်နေသော်လည်း ဖုန်းပြန်ဖြေရန် ပြင်လိုက်သည်။
"ဟယ်လို"
"လွန်း..ငါပါ။"
"အင်းး"
စိတ်ရှုပ်နေ၍ ဖုန်းနံပါတ်ကိုပါ ပြောင်းထားမိသည်။
မြသားတို့ကို မစွန့်လွှတ်နိုင်တာ သေချာသော်လည်း
မြသားရဲ့မောင်လုပ်ရပ်ကြောင့် မောင်နှမနှစ်ယောက်စလုံးကို ရာနှုန်းပြည့်ခွင့်လွှတ်နေနိုင်တာမျိုးတော့မဟုတ်။ ပစ်ထားတာတော့မဟုတ်ပေမယ့် ခုရက်ပိုင်းအတွင်း မဆက်သွယ်ချင်တာမို့ တမင်ရှောင်နေခဲ့သည်။
ဒါကိုပင် သူမ၏ ဖုန်းနံပါတ်အသစ်အား
ဘယ်လိုရသွားသည်မသိ။ အသံကြားရပြန်တော့လည်း မနည်းပင်တင်းခံထားရသည့် စိတ်တို့က အရည်ပျော်ကျပြန်သည်။
"ဘာပြောမလို့လဲ"
"ငါနင်နဲ့တွေ့ချင်လို့။ အခု ငါ..ငါနဲ့သားလေး နှစ်ယောက်တည်းရယ်။ ဘာဆက်လုပ်ရမယ်မှန်းလဲ မသိတော့ဘူး။ ခဏလေးပဲဖြစ်ဖြစ် ငါ့ကိုမျက်နှာလာပြပေးရင် ငါအားရှိသွားမှာ"
"ငါအလုပ်တွေရှုပ်နေတယ် မြသား"
"ငါ့ကို စိတ်အရမ်းနာနေတာလားဟင်"
"...."
"ငါ..ငါတောင်းပန်ပါတယ်"
"နင့်အပြစ်မှ မဟုတ်တာ"
"ဒါပေမယ့် ငါသာ အစောကြီးကတည်းက ဘာအမှားမှမလုပ်ခဲ့ရင်....."
ပြောရင်းနှင့် ခပ်သဲ့သဲ့ငိုနေပြန်သည့် မြသားကြောင့်
လွန်းသီရိ သက်ပြင်းချမိသည်။
"မြသား... နင်အရမ်းဆိုးခဲ့တယ်"
"....."
"ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ နင်မတောင်းပန်ရင်တောင် ငါကအရမ်းခွင့်လွှတ်ချင်နေတာလေ.. နင်သာ
ငါ့ကိုတန်ဖိုးထားခဲ့ပြီး သစ္စာရှိပေးခဲ့ရင် အခုလိုတွေ ဖြစ်လာစရာမရှိဘူးဆိုတာ သိတယ်မလား။ ငါတို့ အရမ်းပျော်နေရမှာ"
လွန်းသီရိ၏စကားများတွင် အပြစ်တင်သည့် အရိပ်အယောင်များလည်းပါသလို တစ်ဆက်တည်းမှာပဲ ခွင့်လွှတ်သည့်ဆန္ဒတို့ကိုလည်း မြင်နေရတာမို့ မြသား ဝမ်းသာမိသည်။
"ငါနင့်ကို စိတ်နာပစ်ချင်တယ်။ အရမ်းမုန်းပစ်ချင်တယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ။ ငါ့မိသားစုထက်တောင် နင့်ကိုပဲ အလေးသာနေမိတာ"
"......."
"ငါနင့်ဆီ အရင်လို ခဏခဏလာဖို့မလွယ်တော့ဘူး။
မမစိုးရဲ့ ကျန်းမာရေးကလည်း တစ်နေ့တစ်ခြားပိုဆိုးလာလို့ အချိန်ပြည့်ဂရုစိုက်ပေးနေရတယ်။ နောက်ပြီး သွန်းလေးရဲ့ အုပ်ထိန်းသူက ငါဖြစ်သွားပြီ။ အဲ့အတွက် မမစိုး တောင်းဆိုထားတဲ့အတိုင်းနေပြီး သွန်းလေးကို ငါစောင့်ရှောက်ပေးရလိမ့်မယ်။ "
"......"
"အဲ့ဒီတောင်းဆိုချက်တွေထဲက တစ်ခုက ဘာလဲသိလား"
"ပြောလေ"
"နင်တို့....."
"မမလေးကို ခေါ်နေတယ်"
ဖုန်းပြောနေစဉ်အချိန်၌ အလိုက်မသိစွာဖြင့် မဟာစိုးဆီမှ အမှာစကားအား လာရောက်အကြောင်းကြားပေးသည့် ထမင်းချက်ကောင်မလေးအား လွန်းသီရိ စိတ်ထဲမှ ငြိုငြင်သွားသည်။
"လာခဲ့မယ်လို့ပြောလိုက်ဟာ! ဒီမှာ ဖုန်းပြောနေတာ နင်မမြင်ဘူးလား"
ထိုထမင်းချက်ကောင်မလေးက ဇက်ကလေးပုသွားကာ
ဘာမှဆပြန်မပြောရဲ။
"ငါဖုန်းချလိုက်တော့မယ် မြသား။ ငါနင့်ကိုတွေ့ဖို့
အဆင်သင့်ဖြစ်တဲ့နေ့ကျရင်တော့ ငါလာတွေ့မှာပါ။
အခုတော့ ငါ့စိတ်တွေ ရှုပ်ထွေးနေလို့ ငါ့ဘက်က မဆက်သွယ်မချင်း ငါ့ကိုထပ်ပြီး မဆက်သွယ်ပါနဲ့"
"လွန်း...ခဏလေးပါ။ ခဏလေးပဲတွေ့ပြီးရင် ငါ့ကို တစ်သက်လုံးမမြင်ချင်တော့ဘူးဆိုရင်လည်း ငါ
ငါထွက်သွားပေးပါ့မယ်"
"ငါ့စိတ်တွေအရမ်းရှုပ်နေတယ် မြသား"
"......"
"ငါ့နေရာက ခံစားချက်တွေကိုလည်း ငဲ့ပေးပါဦး"
"ခဏလေးပဲဖြစ်ဖြစ်.... "
"ငါမလာနိုင်ဘူး"
"နင် တအားရက်စက်တယ် လွန်း"
လိုင်းကျသွားပြီဖြစ်သည့် ဖုန်းသံကိုနားထောင်ရင်း လွန်းသီရိစိတ်တို့ ပို၍ရှုပ်ထွေးလာရသည်။
ရက်စက်တယ်တဲ့လား။
သစ္စာဖောက်ခဲ့တာ သူမ မဟုတ်ပါဘဲ၊ မိသားစုဘဝတွေ
ပြိုလဲပျက်စီးသွားအောင်လုပ်ခဲ့တာ သူမ မဟုတ်ပါဘဲနှင့် သူမကိုသာ စွပ်စွဲချက်အမျိုးမျိုးနှင့် နှစ်ဖက်လုံးက ဖိအားပေးနေသည်။
လောလောဆယ် သူမကိုယ်တိုင်လည်း စိတ်အာရုံတို့က ရှုပ်ထွေးနောက်ကျိနေတာမို့ ဘာတွေဆက်လုပ်ရမယ်မှန်း တကယ်မသိသေး။
----------------
"မြသားတို့ကို မောင်းထုတ်ပစ်လိုက်ပြီ? ဟုတ်လား ဦးလေး"
"....."
မြသားတို့၏အိမ်ရှင်ဦးလေးကြီးက နှုတ်ဆိတ်နေသည်။
"ဦးလေးကို ကျွန်မ သူတို့သားအမိနေဖို့အတွက်
အိမ်လခတစ်နှစ်စာ ကြိုပေးပြီးသားလေ။ အခုလို
ဦးလေးတို့ သွန်လိုသွန်၊မှောက်လိုမှောက် လုပ်ချင်တိုင်းလုပ်လို့ရမလား"
"ဦးလေးတို့လည်း ဘယ်လိုမှမတတ်သာလို့ပါ တူမကြီးရယ်။ တူမကြီးရဲ့အစ်မက အဲ့လိုမှမလုပ်ရင် ဦးလေးတို့ကိုပါ
ဒုက္ခရောက်အောင် လုပ်မှာမလို့ပါ"
"•••"
လွန်ခဲ့သည့် ဆယ်ရက်ဝန်းကျင် မြသားဖုန်းဆက်ကတည်းက သူမချက်ချင်းမလာခဲ့မိတာ မှားသွားပြီလား။ မမစိုးကို နေမကောင်းသည့်ကြားက ခုလိုမျိုး မြသားတို့သားအမိနှစ်ယောက်ကို ဒုက္ခရောက်စေရန် လုပ်နေလိမ့်မည်ဟု မထင်မိခဲ့။
"မြသားက တူမကြီးလာရင်ပေးဖို့ ဦးလေးဆီမှာ စာတစ်စောင်ပေးထားခဲ့တယ်"
အိမ်ရှင်ဦးလေးကြီးက အသင့်ဆောင်ထားပုံရသည့် စာလေးတစ်စောင်အား အင်္ကျီအိတ်ကပ်ထဲမှ ထုတ်ပေးလိုက်ရင်း...
"ဒီမှာ"
လွန်းသီရိ ထိုစာရွက်အခေါက်လေးအား
မြန်မြန်ဆွဲယူလိုက်သည်။
"လွန်း.....
ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းအတွက်
ငါအနူးအညွတ်တောင်းပန်ပါတယ်။ နင်က ငါ့ကိုအမြဲဆူနေတတ်ပေမယ့် အချိန်တန်ရင် ခွင့်လွှတ်တာပဲမလား။ နင်မရှိလည်း ငါ့ဘာသာ ရပ်တည်နိုင်မယ်လို့ ထင်ထားခဲ့ဖူးတယ်။ တကယ်တော့ တွေးကြည့်ရုံနဲ့တင် နင်မပါတဲ့လမ်းကို ငါတစ်ယောက်တည်း လျှောက်ဖို့ဆိုတာ ငါ့အတွက် ခက်ခဲလွန်းပါတယ်။
အတ္တကြီးတယ်လို့ စွပ်စွဲချင်လည်း စွပ်စွဲပါ လွန်းရယ်။
သွန်းလေးက နင်မစောင့်ရှောက်ပေးလည်း သူ့ကို
ဖူးဖူးမှုတ်နေမယ့်သူတွေ အများကြီးရှိတယ်လေ။
ဒါပေမယ့် သားလေးမှာတော့ နင်နဲ့ငါကလွဲပြီး တခြားမှီတွယ်စရာလူမရှိဘူး။ အခုလည်း သားလေး အရမ်းနေမကောင်းဖြစ်နေတယ်။ ငါ့ကိုမုန်းနေရင်တောင် အရင်ကသံယောဇဉ်လေးကို ထောက်ထားပြီးတော့ပဲဖြစ်ဖြစ် ငါ့ဆီလာခဲ့ပေးမယ်မလားဟင်။ ငါ(.............)မှာ ခဏနေနေတယ်။ နင့်ရဲ့စောင့်ရှောက်ပေးမှုကို ငါရောသားလေးပါ အရမ်းလိုအပ်နေတာမလို့ ကျေးဇူးပြုပြီး ငါတို့ကို မရက်စက်ပါနဲ့ လွန်းရယ်။
ချစ်တဲ့ မြသား"
စာဆုံးသွားတော့ လွန်းသီရိလက်ထဲက စာရွက်ကို
လုံးချေမိသည်။
အခုက သူမကိုဝိုင်း၍ ဖိအားပေးနေကြခြင်း။
မဟာစိုးနှင့် သွန်းလေးကတစ်ဖက်၊ မြသားနှင့်
မိုးသားလေးကတစ်ဖက် ဘယ်သူ့ကိုရွေးချယ်ရမလဲ သူမမှာ ဆုံးဖြတ်ရခက်ခက်။ စိတ်ခံစားမှုအရဆိုရင်တော့ မြသားတို့ကိုပဲ မျက်လုံးစုံမှိတ်၍ ရွေးချယ်မိမည်သာ။
အခုက မဟာစိုးစီစဉ်သည့် စာချုပ်ပေါ်၌
သဘောတူကြောင်းပြသည့် ကိုယ့်လက်မှတ်က ထင်းနေအောင် ထိုးထားပြီးပြီမို့။
-
-
အချစ်စိတ်တို့က အင်အားကြီးမားလာလျှင် နှလုံးသားက ဦးနှောက်အသိကို လွှမ်းမိုးသွားတတ်သည်လား။
သွန်းလေးကိုလည်း စောင့်ရှောက်ပေးမည်။
မြသားတို့ကိုလည်း လက်မလွှတ်ဟူသည့် ဆုံးဖြတ်ချက်ကိုပဲ ရူးမိုက်စွာချမိခဲ့သည်။ ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများအား ဘာဆိုဘာမှမစဉ်းစားခဲ့။
--------------------
ရွှံ့၊နွံ၊ ဗွက်အိုင်တို့က လမ်းတစ်လျှောက်ပြည့်နှက်နေလျက် ခြင်၊ယင်တို့လှိုင်လှိုင်ပေါသော လက်လုပ်လက်စား
ဆင်းရဲသားများနေထိုင်ရာရပ်ကွက်ရှိ ခပ်စုတ်စုတ်အိမ်လေးတစ်လုံးထဲသို့ လွန်းသီရိဝင်လာခဲ့သည်။
"လွန်း!"
အားကိုးတကြီးခေါ်မိသည့် မြသား၏အသံတို့က
တုန်ယင်နေသည်။
"နင်ငါ့ဆီ တကယ်လာတယ်"
"အရူးမ.. စကားများမနေနဲ့! ငါ့ကို ဖုန်းဆက်ကတည်းက ဘာလို့ ပွင့်ပွင့်လင်းလင်းမပြောပြခဲ့တာလဲ"
"....."
ြ်မသားက ခေါင်းလေးငုံ့သွားသည်။ ဘာမှမပြော။
"သားလေးရော"
ခပ်ကျဉ်းကျဉ်းအိမ်လေးထဲ ကလေးနှင့်တူသည့်အရာဟူ၍ ကလေးအရုပ်တောင် မမြင်မိတာမို့ လွန်းသီရိ မြသားအား မေးလိုက်သည်။
"သား..သားလေးက ဆေးရုံမှာ"
"ဟမ်! ဘယ်လိုဖြစ်တာလဲ။ နင်က ကလေးနားမှာမနေဘဲ ဘာလုပ်နေတာလဲ အဲ့ဒါဆို"
"ငါ..ငါ.."
ဦးနှောက်မရှိ လုပ်ချင်တာလုပ်ပြီးတိုင်း
မျက်ရည်ကျပြဖို့သာတတ်သည့် မြသားကိုလည်း စိတ်ရှိလက်ရှိသာ ဆွဲကိုင်ဆောင့်ပစ်လိုက်ချင်တော့သည်။
"ဘာလဲ။ ပိုက်ဆံပြန်လာရှာတာမလား"
"....."
မြသားက မျက်ရည်လည်ရွဲဖြင့် ခေါင်းညိမ့်ပြသည်။
"ကလေးက ဘာဖြစ်တာလဲ"
"သွေးလွန်တုပ်ကွေး"
"ကျစ်စ်! ဖြစ်မှာပေါ့။ နင်ကလေးကို ထားတဲ့နေရာကိုလည်း ကြည့်ဦး။ ဒီထက်ဆိုးဝါးစုတ်ပြတ်တဲ့နေရာမျိုး
တစ်မြို့လုံးအနှံ့လိုက်ရှာရင်တောင် တွေ့မှာမဟုတ်ဘူး။"
-
လူနာကုတင်ပေါ်တွင်မှိန်းနေသည့် မိုးသားလေး၏ကိုယ်၌ အရွယ်လေးနှင့်မမျှစွာ ဆေးပိုက်များစွာက တို့လို့တန်းလန်းနှင့်...
လွန်းသီရိ ကြည့်ရင်း စိတ်မကောင်း။
ကိုယ့်တူနှစ်ယောက်တွင် တစ်ယောက်ကတော့ ရွှေမရှားငွေမရှားဘဝမျိုး၌ အပူအပင်ကင်းကင်းနေနေရပြီး ဘေးကနေလည်း လိုသမျှ ဖြည့်စည်းပေးမည့် အခြွေအရံတို့ကအသင့်။ တစ်ယောက်ကတော့ လူ့လောကသို့ ရောက်မလာခင်ကတည်းက ဒုက္ခများစွာကို ခါးသီးစွာ ရင်ဆိုင်နေရသည်။
"မြသား"
"အင်း..ပြောလေ"
"ငါ သွန်းလေးကိုခေါ်လာပြီး သားလေးနဲ့တွေ့ပေးမယ်။ သွန်းလေးက တအားလူကြီးဖြစ်ချင်တဲ့ကလေး။
ညီလေးတစ်ယောက်လောက် အမြဲတမ်းလိုချင်နေခဲ့တာ"
"ဒါပေမယ့်..."
"မမစိုး မသိအောင် ခေါ်လာမှာပါ။ သူကလည်း
အိပ်ရာထဲမှာပဲလှဲနေရတဲ့သူလေ။ သွန်းလေးကို အပြင်ခဏခေါ်လာတာလောက်ကတော့ ကိစ္စမရှိပါဘူး။"
"....."
"နင်သိလား မြသား။ သွန်းလေးကိုယ်တိုင်ကသာ သူ့ညီလေးကိုလက်ခံပေးနိုင်ရင် မမစိုးတောင်းဆိုထားသလို ငါတို့တွေ့ဖို့ ခဲယဉ်းမနေလောက်တော့ဘူးထင်တယ်။ ရှေ့နေကလည်း သွန်းလေးကိုယ်တိုင်ကသာ
ကြည်ကြည်ဖြူဖြူ လက်ခံပေးနေတာမြင်ရင် ဘာစောဒကမှ မတက်ရဲလောက်ဘူး"
"နင် ဘာလို့ အဲ့စာချုပ်ကို အရမ်းဂရုစိုက်နေရတာလဲ လွန်း"
"မမစိုးက အဲ့စာချုပ်ထဲမှာ အချက်တွေ
အများကြီးပဲရေးထားခဲ့တယ်။ ငါနင်တို့နဲ့ ပတ်သက်မိတာနဲ့ နင်ရော၊ ငါရော၊ သွန်းလေးပါ နစ်နာစရာတွေချည်း ဖြစ်လာမှာမို့လို့လေ"
"သွန်းလေးက ကလေးမလို့ လက်ခံတယ်ထားပါဦး။
အဲ့ဒါကို သူသိသွားရင်ရော"
လွန်းသီရိက စိတ်မကောင်းစွာ
သက်ပြင်းရှည်တစ်ခုကိုချမိရင်း...
"မမစိုးမှာ နေရမယ့်အချိန်သိပ်မရှိတော့ဘူး။
ဆရာဝန်ကြီးကိုယ်တိုင်က သောက်နေကျဆေးတွေ ရပ်ခိုင်းလိုက်ပြီ"
"•••"
နှစ်ယောက်သားကြား ပြောစရာစကားများမရှိတော့သလို ခေတ္တမျှ တိတ်ဆိတ်သွားသည်။
"ဒါနဲ့ ငါနားမလည်တာ တစ်ခုရှိသေးတယ် လွန်း။
မေးလို့ရမလား"
"....."
လွန်းသီရိက ခေါင်းညိမ့်ပြတာမို့ မြသား အရဲစွန့်၍ မေးကြည့်မိသည်။
"အခု မ,မဟာစိုးက သူပိုင်ဆိုင်သမျှ အမွေပစ္စည်းအားလုံးကို နင့်နာမည်နဲ့ လွှဲပေးခဲ့တာလား"
"လွှဲပေးတယ်ဆိုတာထက် ခဏထိန်းသိမ်းပေးရုံပါပဲ။ အချိန်တန်ရင် သွန်းလေးလက်ထဲကိုပဲ ပြန်လွှဲပေးရမှာပေါ့။"
"....."
"ငါလည်း စိတ်ရှုပ်နေလို့ သွန်းလေးကို
ဂရုမစိုက်ဖြစ်တာကြာပြီ။ ၂၅နှစ်မပြည့်ခင်မှာ သွန်းလေးသာ လိမ်လိမ်မာမာမနေဘဲ ပျက်စီးသွားမယ်ဆိုရင် သွန်းလေးလည်း အဲ့အမွေတွေ ရတော့မှာမဟုတ်ဘူး။ သွန်းလေးကို မမစိုးဖြစ်စေချင်တဲ့ ပုံစံဖြစ်တဲ့အထိ ငါက အဲ့အမွေတွေကို ထိန်းသိမ်းထားရမှာ။"
"....."
"သွန်းလေးလက်ထဲကို အမွေလွှဲမပြီးမချင်း ဘယ်အရာကိုမှ ငါ့ဆုံးဖြတ်ချက်နဲ့ငါ လုပ်လို့ရမှာမဟုတ်ဘူး။ မမစိုးက သူ့သားလေးကို အရမ်းလိမ္မာတဲ့ ကလေးဖြစ်စေချင်တာ။ အဲ့ဒါကြောင့် အမွေရဖို့ကိုတောင် လွယ်လွယ်နဲ့
အသက်ဘယ်လောက်ပြည့်ရင် အမွေပေးလိုက်ဆိုတာမျိုး မလုပ်ခဲ့တာ။ အုပ်ထိန်းသူဖြစ်မယ့် ငါ့ကိုပါ စည်းကမ်းတွေ တသီတတန်းနဲ့ ချည်ပြီးတုပ်ပြီး လုပ်ထားတာပဲကြည့်"
"နင်သူ့ကို စိတ်မဆိုးဘူးလား။ တကယ်ဆို သူနဲ့နင်နဲ့က သမီးယောက်မအဆင့်ပဲရှိတာလေ။ ဒီလောက်ကြီးထိ တင်းကျပ်ဖို့မှမလိုတာ"
"......"
မြသားက တစ်ခုခုအား ဆက်မေးချင်သော်လည်း မဝံ့မရဲဖြစ်နေသည့်ဟန်...
"ဘာပြောချင်လို့လဲ မြသား"
"ဟို..ဟိုလေ"
"အင်း..ပြောလေ။ ဘာဖြစ်လို့လဲ"
"ငါစဉ်းစားမိတာလေ... အကယ်၍ သွန်းလေးသာ မရှိတော့ဘူးဆိုရင် အဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးက နင့်ရဲ့"
"တိတ်စမ်း မြသား! နမိတ်မရှိတဲ့စကားတွေ နောက်တစ်ခါ မပြောမိစေနဲ့!"
"တောင်းပန်ပါတယ် လွန်းရယ်..ငါက ဒီအတိုင်း"
"သွန်းလေးမိဘရဲ့ပိုင်ဆိုင်မှုတွေက သွန်းလေးအတွက်ပဲ ဖြစ်ရမှာပေါ့။ အခုနင့်စကားက ဘယ်လိုသဘောမျိုးကို ရောက်သွားလဲသိလား"
မြသား၏ပါးပြင်ပေါ်သို့ မျက်ရည်စများ
ပိုးပိုးပေါက်ပေါက်ကျလာပြီး...
"ငါ တောင်းပန်ပါတယ်။ ငါက ဒီအတိုင်း မေးမိတာပါ။
နင် သွန်းလေးကို အရမ်းချစ်တာသိပါတယ်။ အဲ့ကလေးအတွက်နဲ့ ငါ့ကို မအော်ပါနဲ့။ ရပါတယ်.. သွန်းလေးအမေရဲ့စကားကိုပဲ နားထောင်ပြီး ငါတို့သားအမိကို ပစ်ထားရင်လဲ။ ဒီလိုပဲ.. အဆင်ပြေသလို နေရမှာပေါ့"
"မြသား! ငါ့ကို စိတ်တိုလာအောင် အမျိုးမျိုးပြောမနေစမ်းနဲ့!
နင်ကလေ... ကျစ်စ်! သွန်းလေးကိုသာ ပိုချစ်ရင်
ငါနင့်ရှေ့မှာ အခုလို လာထိုင်နေစရာအကြောင်းမရှိဘူး။ ကလေးတစ်ယောက်အမေဖြစ်နေပြီ.. ခုချိန်ထိ
ကလေးကို လိုက်သဝန်ကြောင်တုန်း"
မြသား၏ ရှက်မျက်စောင်းတစ်ချက်က ဝဲခနဲ...
-------------------
"သွန်းလေးရဲ့ ညီလေးကို သွားမကြည့်ချင်ဘူးလား။
အသားဖြူဖြူ၊ ဝဝကစ်ကစ်လေးတဲ့။ မေလွန်းနဲ့ သွားကြည့်ကြမယ်နော်"
မေလွန်းစကားကိုယုံပြီး မေကြီးမသိအောင်
မေလွန်းခေါ်လာသည့်နောက်သို့ တိတ်တိတ်လေး လိုက်လာခဲ့သည်။ ထိုညီလေးဆိုသည့် ကလေးလေးက ဘယ်သူမှန်းလဲသူမသိသလို၊ ဘယ်ကမှန်းလဲသူမသိရသေး။
မလုပ်ဖြစ်လိုက်သည့် သူ့ရဲ့ငါးနှစ်ပြည့်မွေးနေ့အတွက် လက်ဆောင်ပေးခြင်းများလား။
ထိုသို့တွေးမိရင်း ဘာတစ်ခုမှအမေးအမြန်းမထူဖြစ်ခဲ့။ သူတတ်နေသည့် ပုဂ္ဂလိကမူကြိုကျောင်းရှိ အင်္ဂလိပ်လူမျိုး ဆရာမကြီးပြောလေ့ရှိသည့် surprise ဆိုတာမျိုးကို မေလွန်းက သူ့ကိုပေးချင်၍ လက်ဆောင်အဖြစ်ပေးမည့် ညီလေးအကြောင်း သေချာပြောမပြခြင်းဖြစ်ရမည်ဟုသာ ယူဆထားလိုက်သည်။
-
-
လွန်းသီရိက အထပ်မြင့်တိုက်ခန်းများစွာရှိသည့်
လမ်းသွယ်တစ်ခု၏ထိပ်၌ ကားကိုရပ်ခိုင်းလိုက်သည်။
"သွန်းလေး ကားပေါ်မှာ ဒီဦးလေးနဲ့ခဏကျန်ခဲ့ဦးနော်။ ဆေးရုံကနေ သားရဲ့ညီလေးကိုပြန်ခေါ်လာတာနဲ့
အဆင်သင့်နေလို့ရအောင် စီစဉ်ခိုင်းထားတာလေး
ပြီး၊မပြီး မေလွန်းသွားကြည့်ချင်လို့"
"ဟုတ်ကဲ့ မေလွန်း"
သို့သည်တိုင် နာရီဝက်ကျော်ကြာသည်အထိ လွန်းသီရိက ကားရှိရာနေရာသို့ပြန်မလာသေး။ သွန်းလေးကတော့ အဒေါ်ဖြစ်သူကိုစောင့်ရင်း ကလေးပီပီ အိပ်ပျော်သွားသည်။ နိုးတဝက်၊ အိပ်တဝက် ကာလတစ်ခု၌ သူ့နဖူးအား ခပ်ဖွဖွလာနမ်းသည်ကိုတော့ သိလိုက်၏။
-တစ်နာရီ
-နှစ်နာရီ
အိပ်ပျော်နေရာမှ သွန်းလေးနိုးလာသည်။
မေလွန်း ပြန်ရောက်နေပြီလားဟူသည့်အတွေးဖြင့် ဘေးဘီဝဲယာကိုကြည့်လိုက်တော့ သူက ကားထဲမှာမဟုတ်။
ဇရပ်တစ်ခုပေါ်၌ ရောက်နေခြင်းပင်။
တိတိကျကျပြောရလျှင် သက်ရှိဟူ၍ ခွေးလေခွေးလွင့်တချို့နှင့် အင်းစက်ပိုးမွှားတို့သာရှိသော သင်္ချိုင်းတစ်ခု။ နေဝင်ရီတရောအချိန်ဖြစ်၍ နေလုံးနီနီ၏ အလင်းရောင်ခပ်ရဲရဲတို့က သင်္ချိုင်းမြေပေါ်သို့ ခပ်ဝဲဝဲဖြာကျလျက်...
!!
သွန်းလေး အသက်ပင်မရှုမိ။ အသံတစ်စမှမထွက်ရဲ၊ မျက်တောင်တစ်ချက်မှ မခပ်ရဲ။ ရှေ့တည့်တည့်မှ
မြင်ကွင်းကိုသာ ထိတ်လန့်စွာကြည့်နေရင်းက အံကြိတ်ငိုမိသည်။
အခုချိန်ထိ သူဘာအတွက်ကြောင့် ဒီလိုနေရာမျိုး၌ ရောက်နေရသည်ကို မစဉ်းစားမိသေး။ လောလောဆယ်တွင် သူ့မျက်စိရှေ့မြင်ကွင်းထဲက အရောင်စုံအုတ်ဂူ
အသစ်၊အဟောင်းများစွာတို့ကိုကြည့်ရင်း စိတ်တို့က တစ်စတစ်စ ပို၍ခြောက်ခြားလာသည်။
မေလွန်း သားသားကြောက်တယ်!
မေကြီး သားသားကြောက်တယ်!
အသံထွက်ပြီး မငိုရဲသည့် ကလေးငယ်သည်
ထိုစကားတို့ကို စိတ်ထဲ၌သာ အကြိမ်ကြိမ်အော်ဟစ်နေမိခဲ့၏။
-
-
အလင်းရောင်တစ်စမျှပင် မရှိတော့သည့်အချိန်
သင်္ချိုင်းမြေရှိဇရပ်တစ်ခုပေါ်၌ ဒူးကလေးပိုက်ကာ ကျောက်ရုပ်လေးတစ်ရုပ် လိုငြိမ်သက်နေသည့်
အသက်လေး၊ငါး၊ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်၏ အတွေးတို့က ခပ်နက်နက်။ ကလေးပီပီ သရဲ၊ တစေ ္ဆတို့ကို ကြောက်နေရမည်ဆိုသော်လည်း သူကတော့ လူတွေဆီပြန်သွားရမှာကို ပိုကြောက်နေခဲ့သည်။
အမေဖြစ်သူ ပြောခဲ့သည့်စကားများအား နားထဲ၌
အထပ်ထပ်ကြားယောင်မိသည်။
"မေကြီးကလွဲပြီး ဘယ်သူ့ကိုမှ အရမ်းမယုံရဘူးနော် သွန်းလေး။ မင်းရဲ့မေလွန်းအပါအဝင် ဘယ်သူ့ကိုမှ အရောမဝင်ရဘူး။ မေကြီးရဲ့သွန်းလေးက ဘယ်သူ့ကိုမှ အားကိုးစရာမလိုတဲ့ သူရဲကောင်းလေးဖြစ်နေရမယ်နော်"
"သွန်းလေး! လိမ်လိမ်မာမာ နေရမယ်နော်... မဟုတ်ရင် မင်းရဲ့မေလွန်းက မင်းကိုပစ်သွားပြီး မင်းအဖေကိုသတ်တဲ့ မိသားစုဆီလိုက်သွားလိမ့်မယ်"
မေလွန်းက သားသားလိမ္မာရဲ့သားနဲ့
ညာပြီးထားသွားခဲ့တာ မေကြီး။
-
-
အရာအားလုံးသည် ထိုအချိန်မှစ၍ ပြောင်းလဲသွားခဲ့လေသည်။
-----------------
"ကျွန်တော်မှားလား ကိုညိုကြီး! ကျွန်တော် မေလွန်းကို မုန်းတာ ဖြစ်သင့်တယ်မလား"
အလင်းညိုက သက်ပြင်းတစ်ချက်ချလိုက်ရင်း...
"ဆက်ပြောပါဦး.. အဲ့နောက်ပိုင်း ဘာတွေဆက်ဖြစ်ကြလဲ။ နောက်ပြီး မင်းကို အဲ့ဒီမှာထားခဲ့တာ သူဆိုတာရော ဝန်ခံလား"
"အဲ့နေ့ညပဲ ကျွန်တော့်အမေဆုံးတယ်။
ကျွန်တော့်စိတ်လည်း ပါသွားတာပေါ့။ ကျွန်တော့်ကိုတော့
နောက်နေ့မနက်ရောက်တော့ ရဲတွေလာရှာပြီး အိမ်ကိုပြန်ခေါ်သွားကြတယ်။"
"ပြီးတော့?"
အလင်းညိုက သွန်းအုပ်၏စကား အရှိန်ပျက်မသွားစေရန် စကားထောက်လိုက်သည်။
သွန်းအုပ်က ဟက်ခနဲတစ်ချက်ရယ်လိုက်ရင်း...
"အဟက်! မေလွန်းကတော့ သူ့အပြစ်ကို ဖုံးချင်လို့
ဒရိုင်ဘာကိုအပြစ်ပုံချခဲ့တာ.. ငွေလိုချင်လို့ ကျွန်တော့်ကို ပြန်ပေးဆွဲခဲ့တာပါဆိုပြီး အဲ့လူကလည်း ဝန်ခံခဲ့တယ်လေ"
"သူတကယ် မခိုင်းခဲ့တာရော မဖြစ်နိုင်ဘူးလား ငါ့ညီ"
သွန်းအုပ်က မဲ့ပြုံးတစ်ချက်ပြုံးရင်း...
"ကျွန်တော့်ကိုပြန်ပေးဆွဲတဲ့သူစိမ်းက ကျွန်တော်အိပ်နေတုန်း ခိုးနမ်းသွားစရာအကြောင်းမှမရှိဘဲ"
အလင်းညိုက လေပူများအားမှုတ်ထုတ်လိုက်ရင်း...
"ဟူးး မင်းတို့ မိသားစုကိစ္စတွေကလည်း ရှုပ်လိုက်တာကွာ"
ခပ်ညည်းညည်းပြောလာသည့် အလင်းညို၏စကားအား သွန်းအုပ် တုံ့ပြန်စကားတစ်ခွန်းမှ မဆိုမိ..
"မင်း အဲ့နေ့ညက အရမ်းကြောက်နေခဲ့ရမှာပဲ"
"အဲ့နေ့ညကထက် ကြောက်စရာကောင်းတဲ့ နေ့တွေကိုတောင် ဖြတ်သန်းနေရတာပဲ ကိုညိုကြီးရာ..."
ခပ်ဆွေးဆွေးပြောလာသည့် သွန်းအုပ်၏စကားအဆုံး၌ အလင်းညို သက်ပြင်းတစ်ချက်ကိုသာ တိုးဖွဖွချမိလေသည်။
------------------
"အဖ ဦးသွန်းခန့်ပိုင်၏သား မောင်သွန်းအုပ်စိုးပိုင် အသက်(၂၀)သည် ရာဇသတ်ကြီး ပုဒ်မ(၃၀၂)အရ လူသတ်မှုထင်ရှားကြောင်း တွေ့ရှိရသဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခုနစ်နှစ်×××××××"
ထိုနေ့က မကျူးလွန်ခဲ့ဘဲကျခံရမည့်ပြစ်ဒဏ်ထက်
မင်းခနှင့် ဝေးရတော့မှာကို ပိုကြောက်ခဲ့မိသည်။
လူရှေ့မရှောင်ကျနေမိသည့် မျက်ရည်တို့အား
တစ်ယောက်သူက တရားရုံးကချမှတ်လိုက်သည့် အမိန့်ကြောင့်ဟူ၍များ ထင်နေခဲ့လေမည်လား။
ထောင်ထဲသို့ဝင်ရလုဆဲဆဲ အချိန်မှာပင်လျှင်
တခြားအရာအားလုံးထက် ထိုသူ၏
သူရှိရာအရပ်သို့ စောင်းငဲ့၍ကြည့်လာမည့် မျက်ဝန်းတစ်စုံကိုသာ မျှော်လင့်မိခဲ့ဖူးသည်။
"ငါ့ကို ဘာမှပြောစရာမရှိဘူးလား နေမင်းခ"
နောက်ဆုံးအကြိမ်အထိ ထိုမေးခွန်းတစ်ခုတည်းကိုသာ ထိုသူ့ကို မေးဖြစ်သည်။ သူဘာကို မျှော်လင့်၍မေးခဲ့သည်ကို ထိုသူတကယ်မသိခဲ့တာလား။ မသိချင်ယောင်ဆောင် လျစ်လျူရှုခဲ့သည်လား။ သူမဝေခွဲတတ်ပါ။
အေးစက်စက်မျက်ဝန်းသေများက ကိုယ်ကလွဲလျှင် တခြားဘာကိုပဲမြင်မြင်ဟု စိတ်ပိုင်းဖြတ်ပြီး
ဦးတည်ရာမရှိ ကြည့်နေကြပုံရသည်။
"ငါ့ကို ပြောစရာစကားတစ်ခွန်းမှ မရှိဘူးလား"
!!
ကိုယ်မေးသည့်အမေးစကားအား အဖြေတစ်လုံးတစ်ပါဒမှ မပေးဘဲ လှည့်ထွက်ရန်ကျောခိုင်းလိုက်သည့်
ကျောပြင်ကျယ်ကျယ်ကိုကြည့်ရင်း နောက်ဆုံးမျှော်လင့်ချက်လေးကပါ တစ်စဆီကျကွဲလုနီးနီး ဖြစ်ခဲ့ရသည်။
"ကိုယ့် ကိုယ် ကို ဂ ရု စိုက် ပါ"
ဘယ်သူဘယ်ဝါဟူ၍ နာမည်ခေါ်မပြောခဲ့သော်ငြား ကြားရသည်ဆိုသာရုံလေးမျှ ခပ်တိုးတိုးကြားလိုက်ရသည့် အသံခပ်အက်အက်က ကိုယ့်ကိုရည်ညွှန်းကြောင်းကိုတော့ အကြွင်းမဲ့ယုံကြည်ခဲ့ရပါသည်။
------------------
လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်ရတာ
သိပ်ပင်ပန်းတာပဲလို့ ခံစားရဖူးလား။
တကယ်တော့
တစ်ယောက်ယောက်အပေါ်
နင့်နင့်သည်းသည်းမုန်းနေရတာက ပိုပင်ပန်းတယ်။
အထူးသဖြင့်
ကိုယ်နှလုံးသားတစ်ခုလုံးနဲ့အပြည့် ချစ်ရတဲ့သူကို
ဇွတ်အတင်းမုန်းပစ်ဖို့ ကြိုးစားနေရချိန်မျိုးမှာပေါ့..။
-
-
ပင်ပန်းနေရှာပြီထင်ပါရဲ့ ကလေးငယ်။
********************tbc
1.June.22